← Chapters

အိမ်ပြန်ခြင်း

Vol. 21 Ch. 353

အိမ်ပြန်ခြင်း

Vol. 21 Ch. 353

တစ်နေ့တည်းမှာပဲ ခန်လင်းမြို့ရဲ့သတင်းစာမှာ ထိတ်လန့်စရာခေါင်းကြီးသတင်းပါလာသည်။ များစွာသောသတင်းမီဒီယာတွေကလည်း ၎င်းကို တင်ပြခဲ့ကြသည်။

၎င်းက လူတော်တော်များများကို ရှော့ခ်ရသွားစေခဲ့သည်။

အင်တာနက်ခေတ်က အစပြုနေတုန်းပဲဖြစ်တဲ့အတွက် နိုင်ငံထဲကလူတိုင်း ၎င်းအကြောင်းကို မသိကြပေ။ ဒါပေမယ့်လည်း သိခဲ့တဲ့လူတွေကတော့ မယုံကြည်နိုင်တာထက်ကိုပိုပြီးတော့ ရှော့ခ်ရသွားခဲ့ကြသည်။

မိသားစုဝင်လေးယောက်နဲ့မိသားစုက အမျိုးသမီးတစ်ယောက်နဲ့ သူ့သမီးငယ်နှစ်ယောက်ကို သတ်ဖို့လုပ်ခဲ့တယ်။

၎င်းက ကျောချမ်းဖွယ်ရာပင်။

မိသားစုလေးယောက်က ဘယ်လောက်အမုန်းတရားတွေ ရှိနေကြလို့လဲ?

ဒီသတင်းထွက်လာပြီးတော့ လူတွေက စတင်ပြီးတော့ ပိုမိုတူးဆွလာကြသည်။

နောက်ဆုံးမှာတော့ အမှန်တရားထွက်လာသည်။ ၎င်းက ထိတ်လန့်ဖွယ်ကောင်းပြီး ဒေါသထွက်စရာကောင်းသည်။

ချန်မိသားစုက လူတွေမဟုတ်ကြပေ။ သူတို့က တိရစ္ဆာန်သာသာပဲဖြစ်ကြသည်။

အိုး မဟုတ်သေးဘူး။ သူတို့က တိရစ္ဆာန်ထက်တောင် ပိုဆိုးကြသည်။

သူတို့ရဲ့ချွေးမလေးက ဘာသားမှမွေးမပေးတာနဲ့ပဲ သူတို့အင်အားတွေအားလုံးနဲ့ သူမကို အနိုင်ကျင့်ခဲ့ကြသည်။ သူတို့ရဲ့မြေးမနှစ်ယောက်ကိုတောင် နှိပ်စက်လိုက်ကြသေးသည်။ ခံရတဲ့သူမှာ အားကောင်းတဲ့ကြံ့ခိုင်မှုသာမရှိရင် သူမက အစောကြီးကတည်းက  ပြိုလဲသွားလောက်ပြီ။ ချန်မိသားစုက သူတို့ရဲ့မြေးမတွေကို မကြိုက်ပေ။

ဒါဆိုရင် ဘာလို့ ရှောင်လင်းယွင်ရဲ့မိသားစုကို သူတို့ကိုခေါ်သွားခွင့်မပြုလိုက်တာလဲ?

ရှောင်မိသားစုက ကလေးမလေးနှစ်ယောက်ကို စောင့်ရှောင်ချင်တာထက်တောင် ပိုနေသေးသည်။ ဒါပေမယ့်လည်း ချန်မိသားစုက ကလေးမလေးနှစ်ယောက်ကို မိဘမဲ့ဂေဟာကို ပို့ပစ်ချင်နေသည်။ ၎င်းကလည်း အရမ်းရယ်စရာကောင်းသည်။

အခုက လူတွေက မိန်းကလေးပေါက်စလေးတွေကို မြေမြှုပ်ပစ်ကြတယ့်ခေတ် မဟုတ်တော့ဘူးလေ။ ၎င်းက လူတွေအရမ်းဆင်းရဲကြတဲ့ တောဘက်လည်းမဟုတ်ပေ။

ချန်မိသားစုမှာ ကောင်းမွန်တဲ့နေထိုင်မှုပုံစံရှိသည်။ သူတို့က ကလေးမလေးနှစ်ယောက်ကို လွယ်လွယ်ကူကူပဲ ပျိုးထောင်ပေးနိုင်သည်။ သူတို့ပေးတဲ့အကြောင်းပြချက်က အရမ်းရယ်စရာကောင်းလွန်းသည်။

ရှောင်လင်းယွင်က ချန်မိသားစုကို နှောင့်ယှက်ဖို့ ကလေးမလေးနှစ်ယောက်ကို အသုံးချမှာကို သူတို့က ကြောက်ရွံ့နေကြသည်။ ဒီလူတွေလုပ်ခဲ့တဲ့အရာတွေက အရမ်းစိတ်ပျက်ဖို့ကောင်းလွန်းသည်။ ကွာရှင်းပြီးရင် ချန်မိသားစုနဲ့ အနှောင်အဖွဲ့တွေအကုန်ဖြတ်ပစ်မယ်လို့ ရှောင်လင်းယွင်နဲ့ ရှောင်မိသားစုက ကတိပေးခဲ့သည်။

ချန်မိသားစုမှာ ပစ္စည်းတွေအများကြီးရှိနေတဲ့အတွက် ရှောင်မိသားစုက ကလေးမလေးနှစ်ယောက်ကို ပိုက်ဆံတောင်းဖို့ မောင်းတံအနေနဲ့ အသုံးပြုမှာကို ကြောက်နေကြတာဖြစ်နိုင်သည်။

သူတို့က ကလေးမလေးနှစ်ယောက်ကို သူတို့အမေဆီပြန်ပေးဖို့ ငြင်းဆိုခဲ့ကြသည်။

ချန်မိသားစုက ခန်လင်းမြို့မှာ ဩဇာအရှိန်အဝါတချို့ရှိသည်။ ရှောင်မိသားစုက ခန်လင်းမြို့ကို ရွှေ့ပြောင်းလာခဲ့တာဖြစ်သည်။ ဒါကြောင့် သူတို့က ချန်မိသားစုရှေ့မှာတော့ အင်အားနည်းလှသည်။ ကလေးတွေရဲ့အကျိုးအတွက် သူတို့ဒါကို အချိန်ဆွဲခဲ့ရသည်။

တစ်နေ့ကျရင်တော့ သူတို့ကလေးမလေးတွေကို ပြန်ရရင်ရနိုင်မှာပေါ့။ ချန်မိသားစုက ကလေးမလေးတွေကို လူကုန်ကူးတဲ့ဆီရောင်းလိုက်မှာစိုးတဲ့အတွက် ရှောင်မိသားစုနဲ့ ရှောင်လင်းယွီက ချန်မိသားစုကို စောင့်ကြည့်နေရသည်။

သူမသမီးတွေရဲ့ အကျိုးအတွက် ရှောင်လင်းယွီက အရှက်တကွဲဖြစ်မှုတွေနဲ့ ချန်မိသားစုက သူမကိုပေးတဲ့ နှိပ်စက်မှုတွေကို ကြံ့ကြံ့ခံချင်ခဲ့သည်။ သူမက အံကြိတ်ပြီး ချန်မိသားစုမှာပဲ ဆက်နေချင်ခဲ့သည်။ သူမ ခနလေးတောင် စိတ်မလျှော့လိုက်ရဲပေ။

အင်တာနက်သုံးစွဲသူတွေက နက်နက်ရှိုင်းရှိုင်း တူးဆွလာတာနဲ့ အမှန်တရားတွေပိုမိုပေါ်ထွက်လာပြီး ချန်မိသားစုရဲ့ အပြစ်တွေလည်း ပိုပြီးပေါ်ထွက်လာသည်။ ရှောင်မိသားစုက သူတို့မြေးမတွေကို ပြန်ခေါ်ချင်တဲ့အတွက် ထောင်ကိုအပို့ခံခဲ့ရသည်။ သူတို့ကို လူကုန်ကူးတဲ့သူတွေအနေနဲ့ အမှုဆင်ခံလိုက်ရတဲ့အတွက် အပြစ်ပေးခံရပြီး အရိုက်ခံခဲ့ရသည်။

ရှောင်မိသားစုကို ကယ်တင်ဖို့ ဘယ်သူမှမလာခဲ့ပေ။

အင်တာနက်သုံးစွဲသူတစ်ယောက်က ပြတ်ပြတ်သားသားနဲ့

"ရှောင်လင်းယွီ၊ သူ့ကလေးတွေနဲ့ ရှောင်မိသားစုကို ဒီလိုမျိုးဆက်ဆံဖို့ ဘယ်သူကချန်မိသားစုကို လုပ်ပိုင်ခွင့်ပေးလိုက်တာလဲ?"

ဟုတ်တယ် ဘယ်သူက ချန်မိသားစုကို လုပ်ပိုင်ခွင့်ပေးလိုက်တာလဲ?

၎င်းက ဥပဒေမဟုတ်ပေ။

၎င်းကို ခွင့်ပြုမထားပေ။

မီဒီယာရဲ့ဖိအားတွေနဲ့အတူ ၎င်းက ခန်လင်း မြို့က အရာရှိတွေရဲ့အာရုံကို ဆွဲဆောင်လိုက်သည်။

သူတို့မတုံ့ပြန်နိုင်သေးခင်မှာပဲ သူတို့အထက်လူကြီးက နို့တစ်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဒီကိစ္စကို ပြင်းပြင်းထန်ထန်ကိုင်တွယ်ရမည်။

ချန်မိသားစုရဲ့လူသတ်မှုမှာပါဝင်ခဲ့တဲ့ သက်ဆိုင်တဲ့ဝန်ထမ်းတွေကို တင်းတင်းကြပ်ကြပ်စုံစမ်းစစ်ဆေးမည်။

တစ်ချိန်တည်းမှာပဲ အစိုးရ အတွင်းအရေးကော်မတီတစ်ခု ဖွဲ့စည်းလိုက်သည်။ ဒေသဆိုင်ရာတွေ ကြက်သေသေသွားကြသည်။ ဒီလိုသေးငယ်တဲ့ကိစ္စမျိုးက ဘာလို့ အထက်ပိုင်းတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်ရတာလဲ?

ဘာပဲဖြစ်ဖြစ် လူတွေ စတင်ကြောက်ရွံ့လာသည်။

သူတို့ ချန်မိသားစုနဲ့အတူပြုလုပ်ခဲ့ပြီး ရှောင်မိသားစုကို နှိပ်စက်တဲ့နေရာမှာ ပါဝင်ခဲ့သလားဆိုတာတော့ သူတို့ပဲသိလိမ့်မည်။ သူတို့ရှာမတွေ့လောက်ဘူးဟု လူအများထင်ကြသည်။

ဒါပေမယ့်လည်း သုံးရက်အတွင်းမှာပဲ ခန်လင်းမြို့အစိုးရက လူအချို့ရွှေ့ပြောင်းခံလိုက်ရသည်။ ဒီကိစ္စက နောက်ဆက်တွဲအကျိုးသက်ရောက်မှုကြီးရှိလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ကြပေ။

၎င်းက ခန်လင်းမြို့အစိုးရကို အလှည့်အပြောင်းကြီး ဖြစ်စေခဲ့သည်။ သူတို့လုံးဝကျရှုံးသွားလိမ့်မယ်လို့လည်း ချန်မိသားစုက မထင်ခဲ့ကြပေ။

မာမေ့ရှင်း နဲ့ ချန်လီရန်ရဲ့လက်ကောက်ဝတ်တွေကို ပြန်ဆက်ထားပေမယ့် အချိန်မီပြန်မဆက်ခဲ့တဲ့အတွက် ဆာဂျရီက ဆိုးရွားခဲ့သည်။ နောင်ကျရင် သူတို့ကောင်းမွန်သွားရင်တောင် ပျော့ပျော့ပြောင်းပြောင်းရှိမှာမဟုတ်ပေ။ ချန်တာ့ဝေ့ ရဲ့ အောက်ဘက်ကျောရိုးနဲ့ မြီးညှောင့်ရိုးက လုံးဝကျိုးသွားသည်။ လက်ရှိဆေးပညာအဆင့်နဲ့ဆိုရင သူတို့ကို ပြန်ဆက်ဖို့ နည်းလမ်းမရှိပေ။ တစ်နည်းပြောရရင်တော့ သူကသွက်ချာပါဒဖြစ်သွားသည်။

ဒါပေမယ့်လည်း သူတို့ကို ပိုပြီးယူကြုံးမရ ဖြစ်စေတာက သူတို့ကစိတ်မကောင်းစရာအခြေအနေဖြစ်နေတာတောင် ဥပဒေက သူတို့ကို လွှတ်မပေးပေ။ လောလောဆယ်သူတို့ ဆေးကုသမှုခံယူရင်းစောင့်ကြည့်ခံဖြစ်နေသည်။ သူတို့ကို စောင့်မျှော်နေတာကတော့ ဥပဒေရဲ့ များစွာ‌သောအပြစ်ပေးမှုတွေပဲ ဖြစ်သည်။

သူတို့ရဲ့‌ဆိုးရွားလှတဲ့ဆောင်ရွက်ချက်တွေကြောင့် တစ်ယောက်ချင်းစီက အနည်းဆုံး ထောင်ထဲမှာ ဆယ်နှစ်နေရမည်။ တစ်မိသားစုလုံး အဖမ်းခံလိုက်ရပြီး ဘယ်သူမှ သူတို့ကို မကူညီရဲပေ။

သူတို့ရဲ့အဆက်အသွယ်တွေက အသုံးမဝင်တော့ပေ။ ချန်ဖေပင်း တစ်ယောက်တည်းကပဲ ဆေးကုသမှုမခံယူနေရတာဖြစ်သည်။ ဒါကြောင့် သူ့ခန်ဝံချက်ပြီးတာနဲ့ ထောင်ထဲကို အပို့ခံလိုက်ရသည်။

သူ့ထောင်ထဲကလူတွေက အရမ်းကြီးဆိုးရွားနေတာမျိုးတော့ မဟုတ်ပေမယ့် သူတို့မှာ ထူးခြားတဲ့လိင်နှစ်သက်မှုများရှိကြသည်။ ချန်ဖေပင်းက အသားဖြူဖြူခပ်ချောချောဖြစ်သည်။ သူ့ရဲ့ထောင်ထဲကအဆုံးသတ်ကို အသေးစိတ်သွားကြည့်စရာတောင် မလိုတော့ပေ။

ရှောင်လင်းယွင်အကယ်ခံလိုက်ရပြီးတော့ ရှောင်မိသားစုက ခန်လင်းမြို့က သူတို့ရဲ့ပစ္စည်းတွေကို သိမ်းဆည်းခဲ့သည်။ ရှောင်မိသားစုအတွက်ကတော့ ခန်လင်းမြို့က ဝမ်းနည်းစရာမှတ်ဉာဏ်တွေနဲ့နေရာဖြစ်သည်။ သူတို့ဒီနေရာမှာ ဆက်‌မနေချင်ကြတော့ပေ။

ရှောင်လင်းယွင်နဲ့ သူ့သမီးတွေကို ကယ်တင်ပြီးမှတော့ သူတို့အတူတူပြန်သွားကြတော့မည်။

ဒါ့ပြင် သူတို့က ကလေးမလေးနှစ်ယောက်အတွက်သာ ခန်လင်း မြို့မှာ နေနေကြခြင်းဖြစ်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွင်ကို အထောက်အထားတချို့ပေးဖို့ နေထိုင်ရန်ပြောခဲ့ကြသည်။ ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ ဖုန်းခေါ်ဆိုမှုကနေ ပရော်ဖက်ရှင်နယ်ရှေ့နေတစ်ယောက် ရောက်လာခဲ့သည်။ ရှေ့နေက အားလုံးကို ကိုင်တွယ်သွားသည်။

ရှောင်လင်းယွင်နဲ့ သူ့သမီးတွေက သူမတို့ဇာတိဆီ မိသားစုနဲ့ လိုက်သွားခဲ့ကြသည်။

အဲ့ဒီညက ခန်လင်း မြို့ရဲ့ညကောင်းကင်မှာ ကြီးမားတဲ့ဟယ်လီကော်ပတာတစ်စင်း ပျံသန်းသွားပြီး ကောင်းကင်တည့်တည့်သွားနေခဲ့သည်။ ထောင်ယွမ်ရွာရဲ့ လယ်ကွင်းညိုညိုတွေမှာ ဟယ်လီကော်ပတာတစ်စင်း‌က ကောင်းကင်မှာရစ်ဝဲနေသည်။ ပြီးနောက်မှာ ၎င်းက ဖြည်းဖြည်းချင်းဆင်းသက်လာသည်။ ၎င်းရပ်တန့်လိုက်ပြီးတော့ ဟယ်လီကော်ပတာထဲကလူတွေ ဂရုတစိုက် ဆင်းလာကြသည်။

"ယွင်အာ လုလု ရို့ရို့၊ အိမ်ပြန်ရောက်ပြီ"

သူတို့ ဟယ်လီကော်ပတာကနေဆင်းလာပြီး ထောင်ယွမ်ရွာရဲ့မြေပေါ်  ခြေချလိုက်တာနဲ့ ပေါ့ပါးသွားကြသည်။

"ဟုတ်တယ် ကျွန်မတို့ အိမ်ပြန်ရောက်ပြီ"

ရှောင်လင်းယွင်က သူမရဲ့သမီးနှစ်ယောက်ကို လက်ထဲမှာပွေ့ထားရင်း မထိန်းချုပ်နိုင်ဘဲ မျက်နှာပေါ်ကနေ မျက်ရည်တွေစီးကျလာသည်။

ပြီးခဲ့တဲ့ငါးနှစ်မှာ နာကျင်မှုတွေ နှိပ်စက်မှုတွေ ဘယ်လောက်ပဲ သူမခံစားရခံစားရ ကလေးတွေရှေ့မှာ ဘယ်တုန်းကမှ မျက်ရည်မကျခဲ့ပေ။ ဒါပေမယ့် ဒီအချိန်မှာတော့ သူမတကယ့်ကို ငိုချင်နေသည်။ ၎င်းတို့က ပျော်ရွှင်မှုမျက်ရည်တွေဖြစ်သည်။

နောက်ဆုံးတော့ သူတို့တွေ ငရဲကနေ လွတ်လာခဲ့ပြီ။

"မေမေ ဘာလို့ငိုနေတာလဲ?"

လုလုက ရှောင်လင်းယွင်ရဲ့ မျက်လုံးအစွန်းကမျက်ရည်တွေကိုမြင်လိုက်ပြီး နားမလည်တဲ့ပုံနဲ့မေးလိုက်သည်။

သူမအမေရဲ့မျက်ရည်တွေကိုသုတ်ပစ်ဖို့ သူမရဲ့လက်သေးသေးလေးတွေကို သုံးလိုက်သည်။

ရို့ရို့က သူမအမေမျက်နှာရဲ့ တခြားဘက်ကို သုတ်ပေးခဲ့သည်။‌

"မေ‌မေ ဘာလို့ငိုနေတာလဲ? နာနေလို့လား? ရို့ရို့မေမေ့ကို ကူညီပေးမယ်!"

ရို့ရို့က လေးလေးနက်နက်နဲ့ ပြောလိုက်သည်။

ရှောင်လင်းယွင်က သူတို့ကို ဖက်လိုက်ပြီး

"မဟုတ်ဘူး ကလေးတို့၊ မေမေမနာပါဘူး။ မေမေပျော်နေလို့ပါ။ မေမေပျော်လို့ငိုနေတာ"

"ဒါပေမယ့် မေမေ၊ မေမေ‌ပျော်ရင် ပြုံးနေသင့်တာမလား? ဘာလို့ငိုနေရတာလဲ?"

***

All Chapters