ပန်းတွေပို့ခြင်း
Vol. 21 Ch. 354
ရှောင်လင်းယွင်နဲ့ သူ့သမီးတွေရဲ့ ပြန်ရောက်လာမှုက ထောင်ယွမ်ရွာကလူတွေကိုတော့ မအံ့ဩစေခဲ့ပေ။
ရှောင်လင်းယဲ့က Imperial တက္ကသိုလ်ကိုဝင်ခွင့်ရခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာ ဘွဲ့နှင်းသဘင်စားသောက်ပွဲနဲ့ ဆရာများဂုဏ်ပြုစားသောက်ပွဲတစ်ခု ရှိလိမ့်မည်။
ဒါပေမယ့်လည်း လူတိုင်းက ရှောင်လင်းယွင်ရဲ့ လက်ရှိပုံစံနဲ့ ပိန်လှီနေတဲ့ကလေးနှစ်ယောက်ကိုမြင်ကြတော့ သူတို့တကယ် အံ့ဩသွားခဲ့ကြသည်။ ရှောင်လင်းယွင်က ငယ်ရွယ်စဉ်က ရွာရဲ့ အချောအလှလေးဖြစ်သည်။ သူမမှာ ရှောင်မိသားစုရဲ့ ဗီဇကောင်းကောင်းရှိသည်။ သူမနဲ့ ရှောင်လင်းယွီတို့က လှပကြသည်။
ဒါပေမယ့်လည်း ရှောင်လင်းယွီက သူမရဲ့မျက်နှာကိုဖုံးထားတဲ့ မျက်မှန်တစ်လက်ကို ဝတ်ဆင်ခဲ့သည်။ ဒါကြောင့်ပဲ လူအများစုက ရှောင်လင်းယွီရဲ့ပုံစံကို မှတ်မိပုံမပေါ်ကြပေ။ တစ်ဖက်မှာလည်း ရှောင်လင်းယွင်က ရှောင်မိသားစုမှာ မှတ်ကျောက်တင်စရာဖြစ်ခဲ့သည်။ သူမငယ်ရွယ်စဉ်က သွက်လက်ပြီး ချစ်စရာကောင်းသည်။ သူမက သီချင်းဆိုတာနဲ့ ကတာမှာတော်ပြီး ဘယ်လိုယဉ်ကျေးရည်မွန်ရမလဲဆိုတာကိုလည်း သိသည်။
သူမရဲ့ပုံစံက ထူးခြားနေသည်။ သူမက ရွာထဲက လူအားလုံးရဲ့ သဘောကျခြင်းကိုခံရသည်။ သူမ အလယ်တန်းကနေအောင်ပြီးတော့ အထက်တန်းကျောင်းကို သွားခဲ့သည်။ သူမကို ရွာထဲမှာတောင် တွေ့ရခဲသည်။
သူမက Lunarနှစ်သစ်ကူးမှာပဲ နှစ်စဉ်ပြန်လာတတ်သည်။ အဲ့ဒါပြီးတော့ သူမသိပ်ပြီး ပြန်မလာတော့ပေ။ နှစ်သစ်ကူးအတွင်းမှာ ဘိုးဘိုးရှောင်နဲ့ဘွားဘွားရှောင်ဖြစ်စေ ရှောင်ကျင်းယန်နဲ့သူ့မိန်းမဖြစ်စေ အလှည့်ကျပြန်လာကြသည်။ ရှောင်လင်းယွင်က သူတို့နဲ့အတူ ဘယ်တော့မှမရှိခဲ့ပေ။
ရှောင်လင်းယွင်က မိသားစုကောင်းကောင်းတစ်ခုကို အိမ်ထောင်ပြုပြီး သူမရဲ့ယောက္ခမတွေက ရွာကိုဆက်ပြီးပြန်လာဖို့ ခွင့်မပြုတော့တာလို့ ရွာသားတွေခန့်မှန်းခဲ့ကြသည်။
အဲ့ဒါပြီးတော့ နှစ်အနည်းငယ်ကြာတဲ့အခါ ထောင်ယွမ်ရွာက သူမအကြောင်း ဖြည်းဖြည်းချင်း မေ့သွားကြသည်။ သူတို့ ရှောင်လင်းယွင်ကို ထပ်တွေ့လိုက်ရတော့ သူမက ပိန်လှီနေရုံမကဘဲ ရင့်ရော်နေပြီး မျက်တွင်းတွေပါကျနေသည်။ သူမက လယ်သမားတော်တော်များများရဲ့မိန်းမတွေထက်တောင် ပိုကြည့်ရဆိုးနေပြီး သူမက နှစ်ဆယ်ဝန်းကျင်သာရှိသေးသည်။
သူမ ဘယ်လိုလုပ်ဒီလိုဖြစ်သွားတာလဲ?
"လင်းယွင် မင်း..."
တစ်ယောက်က ရှောင်လင်းယွင်ရဲ့ အခြေအနေကို မေးမြန်းချင်ပေမယ့် ၎င်းကို ဘယ်လိုပြောရမယ်မှန်းမသိချေ။
ရှောင်လင်းယွင်က ရွာအနားပတ်လည်ကိုကြည့်ဖို့ ကလေးနှစ်ယောက်ကို ခေါ်သွားခဲ့သည်။
ဒါ့ပြင် နောင်ကျရင် သူတို့ဒီမှာ နေရနိုင်တယ်လေ။
ရှောင်လင်းယွင်က သူတို့ရဲ့သင်္ကာမကင်းမှုတွေကို သိခဲ့ပြီးတော့ သဘောထားကြီးတဲ့အပြုံးနဲ့
"ကျွန်မ ဆိုးရွားတဲ့လူတစ်ယောက်ကိုတွေ့ခဲ့ပြီး ငတုံးတစ်ယောက်လို လက်ထပ်ခဲ့မိတာ
ကိစ္စတွေအများကြီး ဖြစ်သွားခဲ့တယ်"
ရှောင်လင်းယွင်က အသေးစိတ် ရှင်းမပြခဲ့ပေ။
ချန်ဖေပင်းက ဘယ်လောက်ပဲ ဆိုးရွားနေနေ သူက ကလေးနှစ်ယောက်ရဲ့ အဖေအရင်းဖြစ်နေတုန်းပဲဖြစ်သည်။ သူမက ကလေးနှစ်ယောက်ရဲ့ရှေ့မှာ သူတို့ရဲ့အဖေရင်းအကြောင်း မကောင်းတဲ့ကိစ္စတွေမပြောချင်ပေ။ ဒါကိုကြားပြီးတော့ ရွာသားတွေက သူမဘေးမှာရပ်နေတဲ့ ပိန်လှီနေတဲ့ကလေးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ကြပြီး ဘာမေးခွန်းမှ ထပ်မမေးတော့ပေ။
ဒါပေမယ့်လည်း ရှောင်လင်းယွင်က အရင်နှစ်တွေမှာ ကောင်းမွန်တဲ့ဘဝတစ်ခုမရှိခဲ့မှန်း စိတ်ကူးကြည့်နိုင်သည်။
သူတို့က
"မင်းအခုပြန်လာတာကောင်းတာပဲ။ အဲ့ဒီကိစ္စတွေက အရင်တုန်းကပဲလေ။ မင်းလွှတ်ချလိုက်သင့်ပြီ!"
ရှောင်လင်းယွင်က ခေါင်းညိတ်လိုက်သည်။
ချန်လုလုက
"အမေ သမီးတို့ အခုကစပြီး ဒီမှာနေကြတော့မှာလား?"
သူမကြည့်ရတာ အနည်းငယ်ကြောက်ရွံ့နေပြီး မသက်မသာဖြစ်ပုံပေါ်နေသည်။ သူမက ခန်လင်းမြို့မှာ မွေးဖွားခဲ့သည်။ ဒီနှစ်တွေအတွင်း သူတို့က ရှောင်လင်းယွင်နဲ့ ကပ်နေခဲ့သည်။
ရှောင်မိသားစုက တစ်ခါတစ်လေလောက်သာ သူတို့ကို လမ်းတိုလျှောက်ခွင့်ပြုသည်။ ကျေးလက်မှာ ထောင်ယွမ်ရွာလိုနေရာမျိုးကို သူတို့ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သူတို့အတွက် အရာအားလုံးက အသစ်အဆန်းဖြစ်နေသည်။ အရင်တုန်းက သူတို့အမေ သူတို့ကိုခေါ်လာရင် အမြဲတမ်း ဂရုစိုက်ရသည်။ သူတို့က အပြင်မှာ ကြာကြာမနေဘဲ အိမ်ကိုမြန်မြန်ပြန်လာကြသည်။
ဘာပျော်စရာမှမရှိပေ။
ဒါပေမယ့်လည်း ဒီမှာတော့ မတူပေ။
မြက်စိမ်းစိမ်းတွေ၊ စိမ်းလန်းတဲ့သစ်ပင်တွေနဲ့ ပန်းမန်တွေရှိသည်။
လယ်သမားတွေအလုပ်လုပ်နေကြတဲ့အသံနဲ့ လယ်ကွင်းထဲက ကလေးတွေရဲ့ရယ်သံတွေလည်းရှိသည်။
သူတို့က စိုးရိမ်ပြီး စူးစမ်းချင်နေတဲ့စိတ်နဲ့ ဒီနေရာကအရာအားလုံးကို လေ့လာကြည့်ကြသည်။
ရှောင်လင်းယွင်က
"ကလေးတို့ ဒီနေရာကိုကြိုက်လား?"
ချန်လုလုနဲ့ ချန်ရို့ရို့ကခေါင်းညိတ်ပြီးတော့
"ကြိုက်တယ် မေမေ။ သမီးတို့ဒီနေရာကိုကြိုက်တယ်!"
သူတို့က မြို့မှာ မွေးခဲ့ပေမယ့် အဲ့ဒီနေရာမှာ မပျော်ရွှင်ခဲ့ကြပေ။ ယှဉ်ကြည့်မယ်ဆိုရင် သူတို့က အမြဲတမ်း ကြောက်ရွံ့မှုတွေ မဝံ့မရဲမှုတွေနဲ့ နေ့တိုင်းရှင်သန်ခဲ့ရသည်။
သူတို့က အဘိုးအဘွားတွေနဲ့ အဒေါ်ဆီကနေ ခနခနအဆူခံနေရတဲ့အတွက် တစ်ခုခုမှားလုပ်မိမှာ ဒါမှမဟုတ် တစ်ခုခုမှားပြောမိမှာကို ကြောက်ရွံ့နေကြသည်။ ရှောင်လင်းယွင်က သိသိသာသာကိုပျော်ရွှင်နေကြတဲ့ ကလေးနှစ်ယောကို ကြည့်လိုက်သည်။
သူမက သူတို့ခေါင်းကို သွားထိလိုက်ပြီး ပြုံးကာ
"ဒါက အဘွားနဲ့ အဘိုးတို့ရဲ့အိမ်လေ။ ဒါကအမေလည်း နေခဲ့တဲ့နေရာပေါ့။ အမေ့ကလေးတွေ ဒီနေရာကိုကြိုက်မှတော့ အမေတို့အကုန် အခုကစပြီး ဒီမှာနေကြမယ်"
ကလေးနှစ်ယောက်ရဲ့မျက်လုံးတွေက လင်းလက်သွားပေမယ့် ပြီးနောက်မှာ လုလုရဲ့မျက်လုံးတွေက မှောင်မိုက်သွားပြန်သည်။
သူမက
"ဒါပေမယ့် မေမေ၊ အဘိုး၊ အဘွားနဲ့ အဖေတို့ ဒီကိုလာကြမှာလား? သမီး...သမီး သူတို့ဒီလာမှာကို မကြိုက်ဘူး"
သူတို့အသက်အရွယ်အရ ချန်မိသားစု အဖမ်းခံလိုက်ရတာကို မသိကြပေ။ ဒါပေမယ့်လည်း ချန်မိသားစုဆီကနေ ဆိုးဆိုးရွားရွား ဆက်ဆံခံရတာကို နားလည်တဲ့အထိတော့ သူတို့အသက်ကြီးကြသည်။ သူတို့က သူတို့ရဲ့ အဘိုးအဘွားတွေ ဒါမှမဟုတ် အဖေရင်းကိုတောင် တွေ့ဖို့ ကြောက်ရွံ့နေကြသည်။
"ကောင်းပြီလေ သူတို့ဒီကိုမလာပါဘူး။ အမေ့ကလေးတွေ ဒီမှာနေပြီး ပျော်လို့ရတယ်"
ရှောင်လင်းယွင်က ပြုံးပြီး ပြောလိုက်သည်။
ချန်လုလုရဲ့မျက်လုံးတွေက အနည်းငယ် သင်္ကာမကင်းပုံပေါ်နေသည်။ သူတို့ထင်တာကတော့ သူမအဘိုးဘွားတွေနဲ့ အဒေါ်က အရမ်းအစွမ်းအစရှိတဲ့လူတွေဖြစ်သည်။ သူတို့နဲ့ သူတို့ရဲ့အမေ ဘယ်ပဲသွားသွား ရှာတွေ့ကြမှာပဲဖြစ်သည်။
သူတို့တကယ်ပဲဒီမှာနေပြီး ချန်မိသားစုဆီကနေ ပြန်ဆွဲယူမခံရပါ့မလား?
ချန်လုလု က သင်္ကာမကင်းနဲ့
"မေမေ အဘိုး၊ အဘွားနဲ့ ဒေါ်လေးတို့က သမီးတို့ကို တကယ်ပဲဒီမှာ ရှာမတွေ့ဘူးလား?"
"မတွေ့ဘူး!"
အဲ့ဒီအချိန်မှာ ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့အသံက ရှောင်လင်းယွင်ရဲ့နောက်ကနေ ထွက်လာသည်။
ပူအိုက်တဲ့နေ့တစ်နေ့မှာ အနက်ရောင်ဝတ်စုံကိုဝတ်ထားတဲ့ လူကိုမြင်တော့ ရှောင်လင်းယွင်ရဲ့မျက်လုံးတွေ လင်းလက်သွားသည်။
သူမက အံ့ဩစွာနဲ့
"ရှင်ပဲ!"
ချန်လီရန်ရဲ့လက်ကောက်ဝတ်ကို ဓားမြှောင်နဲ့ဖြတ်လိုက်တဲ့ဒီလူကို သူမမြင်ဖူးသည်။ ချန်မိသားစုရဲ့နောက်မှာနေပြီး သူမနဲ့ သူမသမီးတွေကို ကယ်တင်ခဲ့တဲ့သူက ဒီလူဖြစ်သည်။ ဒါကြောင့် ရှောင်လင်းယွင်က သူ့ကိုအရမ်း ကျေးဇူးတင်နေသည်။
ကုန်းယင်ရှုန်းက အရပ်ရှည်ပြီး သန်မာသည်။ သူက အရပ်ရှည်ပြီး သူ့ဝတ်စုံနဲ့မှာ ဖြောင့်ဖြောင့်တောင့်တောင့်ပုံပေါ်နေသည်။ သူ့မှာ မော်ဒယ်လိုအချိုးအစားရှိသည်။ သူကအရမ်းလည်း ခန့်ညားသေးသည်။ သူ့ရဲ့ မျက်နှာအင်္ဂါရပ်တွေက ထင်ရှားပြတ်သားပေမယ့် သူ့ဆီမှာ အေးစက်မှုတစ်ခုလည်း ရှိနေသည်။
ကုန်းယင်ရှုန်းက သူ့လက်ထဲမှာ တောရိုင်းပန်းတစ်စုကို ကိုင်ထားပြီး ရှောင်လင်းယွင်ဆီ လျှောက်လာသည်။ သူက ၎င်းကို သူမဆီပေးလိုက်ပြီး
"ငါအခုလေးတင် လမ်းဘေးကခူးလာတာ။ မင်းယူလိုက်!"
ရှောင်လင်းယွီက အစမှာ အံ့ဩသွားသည်။ ပြီးနောက်မှာ သူမရဲ့မျက်နှာက နီရဲလာသည်။ သူမ ၎င်းကို လက်ခံရမလား ငြင်းလိုက်ရမလး မသိပေ။
ခနလောက် အံ့ဩသွားပြီးတဲ့နောက်မှာ ပန်းတွေကို ငြင်းဆိုဖို့ပဲ ဆုံးဖြတ်လိုက်သည်။
ပြီးတော့ သူမက သူ့ကို မှားယွင်းတဲ့အထင်အမြင်မပေးလိုပေ။
သူက သူတို့တွေရဲ့ကယ်တင်ရှင်ဖြစ်ပေမယ့် သူပေးသမျှအားလုံးကိုတော့ သူမဒီတိုင်း လက်ခံလိုက်လို့မရပေ။
ရှောင်လင်းယွင် စကားပြောတော့မလို့မှာပဲ ကုန်းယင်ရှုန်းက လုလုနဲ့ ရို့ရို့တို့ဆီလှည့်လိုက်သည်။ သူ ဆောင့်ဆောင့်ထိုင်ချလိုက်ပြီး သူ့ရဲ့အေးစက်တဲ့မျက်နှာပေါ်မှာ နူးညံ့တဲ့အပြုံးတစ်ခု ပေါ်လာသည်။
သူက
"ကောင်မလေး မင်းဒီပန်းတွေကို ကြိုက်လား?"
"ဟုတ်!"
လုလုနဲ့ ရို့ရို့က ဒီလူကို အနည်းငယ်ကြောက်နေပေမယ့်လည်း အရမ်းတော့ရိုးသားကြသေးသည်။ မိန်းကလေးအများစုက ပန်းတွေကြိုက်ကြသည်။ တောရိုင်းပန်းတွေကလည်း အရမ်းလှပသည်။
ကုန်းယင်ရှုန်းက နှုတ်ခမ်းကွေးလိုက်ပြီး သူတို့ကို ပန်းတွေပေးလိုက်ကာ
"မင်းကြိုက်ရင် ဦးလေးဒါတွေကို မင်းတို့ကိုပေးမယ်!"
"ကျေးဇူးပါ ဦးလေး!"
ကလေးနှစ်ယောက်က ပန်းတွေကို ဝမ်းသာအားရ လက်ခံလိုက်ကြသည်။
***