ကိုယ့်ကိုကိုယ်အပြစ်တင်ခြင်း
Vol. 21 Ch. 355
ရှောင်လင်းယွင်ပြန်ရောက်လာပြီး ရက်အနည်းငယ်ကြာတော့ ရှောင်လင်းယဲ့ရဲ့ကျောင်းပြီးဆုံးတဲ့စားသောက်ပွဲနဲ့ ဆရာများဂုဏ်ပြုပွဲစားသောက်ပွဲတို့ ရှိခဲ့သည်။
တတိယဦးလေးရှောင်က သူ့မိန်းမနဲ့ ကလေးတွေကိုတောင် ထောင်ယွမ်ရွာကို ပြန်ခေါ်လာခဲ့သည်။ သူ့မိသားစုက မြို့ကြီးတစ်မြို့ကို ပြောင်းသွားခဲ့ပြီး သူ့ကလေးတွေက ပညာသင်ယူဖို့ အဝေးကိုသွားခဲ့ကြသည်။
ဒါပေမယ့်လည်း သူ့တူအကြီးဆုံးက Imperial တက္ကသိုလ်ကို သိပ္ပံမှာ ထိပ်တန်းကျောင်းသားအနေနဲ့ ဝင်ခွင့်ရခဲ့တဲ့သတင်းက သတင်းကြီးဖြစ်သည်။ ဒါက ရှောင်မိသားစုတစ်ခုလုံးအတွက် ကောင်းမွန်တဲ့အရာဖြစ်သည်။ ၎င်းကအရမ်းခမ်းနားကြီးကျယ်တဲ့ကိစ္စတစ်ခုပဲ ဖြစ်သည်။
ဘာတွေပဲဖြစ်နေဖြစ်နေ ဂုဏ်ပြုကြဖို့ သူတို့သေချာပေါက် ပြန်လာကြလိမ့်မည်။
ဒါပေမယ့်လည်း သူတို့ဒုတိယတူမရဲ့ဖြစ်ရပ်ကိုကြားတော့ မျက်နှာပေါ်မှာ ဒေါသတွေပေါ်လာပြီး လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ထားလိုက်ကြသည်။
တတိယဦးလေးရှောင်က အံတွေကြိတ်ထားပြီးတော့
"ချန်ဖေပင်း အဲ့ဒီခွေးကောင်က မင်းကိုတကယ်ပဲ ဒီလိုမျိုးဆက်ဆံရဲတယ်။ ဘာလို့ ငါတို့ကို အစောကြီးတည်းက မပြောတာလဲ?"
သူဒါကိုပြောလိုက်တော့ ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်ကိုလည်း ကြည့်လိုက်သည်။
နှစ်ပေါင်းများစွာ သူတို့က ခန်လင်းမြို့မှာ နှိပ်စက်ခံခဲ့ရပေမယ့် ဘာစကားမှမပြောခဲ့ပေ။ သူတို့သာ တခုခုပြောခဲ့ရင် သူတို့မှာအင်အားသိပ်မရှိဘူးဆိုရင်တောင် အရေအတွက်နဲ့တော့ အကျိုးရှိအောင်လုပ်လို့ရသေးသည်။ ဖြေရှင်းချက်တစ်ခုနဲ့လာဖို့ ခေါင်းချင်းဆိုင်လိုက်လို့ရသည်။
မဟုတ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ချန်မိသားစုက သူတို့ကို အရမ်းရက်ရက်စက်စက်အနိုင်ကျင့်တာကနေ များပြားတဲ့လူဦးရေက တားနိုင်လိမ့်ဦးမည်။
ရှောင်လဲ့ယန်က သူ့မိဘတွေကိုကြည့်လိုက်ပြီး မှောင်မိုက်နေတဲ့မျက်နှာနဲ့
"အဖေ အမေ၊ ဒါက ပြီးခဲ့တဲ့ငါးနှစ်မှာ အမေတို့တွေ ချန်မိသားစုဆီကနေ နှိပ်စက်ခံနေရတယ်လို့ ဆိုလိုတာလား?
"ကျွန်တော်တို့က အမေတို့သားတွေပဲ။ ဘာလို့ ကျွန်တော်တို့ကို မပြောပြတာလဲ? ကျွန်တော်တို့က သူတို့တွေကို အမေတို့ကို ဒီလိုမျိုးလုပ်ခွင့်ပြုမှာမဟုတ်ဘူး"
ဘွားဘွားရှောင်က
"အေးပါ"
ဒီလိုနဲ့ ဒီကိစ္စကပြီးသွားသည်။
ချန်မိသားစုက ဒဏ်ခတ်ခံလိုက်ရပြီး ဥပဒေဆီကနေ အပြစ်ဒဏ်ခံလိုက်ရသည်။
"ငါတို့ အတိတ်မှာမနေဘဲ ရှေ့ဆက်သွားသင့်ပြီ"
ဒါပေမယ့်လည်း ရှောင်လဲ့ယန်က
"ဒါပေမယ့် အမေ၊ အမေတို့က ဆိုးဆိုးရွားရွားနှိပ်စက်ခံခဲ့ရတာလေ။ ကြားရတာနဲ့တောင် ကျွန်တော်က နှလုံးနာနေပြီ"
"အမေတို့သားအနေနဲ့ ကျွန်တော်တို့က အသုံးမကျခဲ့တာ။ အမေတို့ဆီလာလည်ဖို့ ခန်လင်းမြို့ကို မသွားခဲ့မိဘူး။ အမေတို့အဲ့ဒီမှာ အဆင်ပြေပြေနေနေကြတယ်ထင်ခဲ့တာ"
ဘွားဘွားရှောင်နဲ့ တခြားသူတွေက ရှောင်လင်းယွင်ရဲ့ကိစ္စကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ အရမ်းတင်းတင်းကျပ်ကျပ်လျှို့ဝှက်ထားကြသည်။ ရှောင်လင်းယဲ့ရဲ့ ကျောင်းပြီးဆုံးတဲ့စားသောက်ပွဲကြောင့်သာမဟုတ်ရင် သူတို့ဘာမှ သိလိုက်မှာတောင်မဟုတ်ပေ။ သူတို့ရှာတွေ့သွားရင်လည်း ရှောင်လင်းယွင်နဲ့ သူ့သမီးတွေက သေချင်သေနေလောက်ပြီ။
"တတိယဦးလေး အဘိုးနဲ့ အဘွားကို ဦးလေးတို့ကိုဘာမှမပြောခိုင်းခဲ့တာ ကျွန်မပါ"
ရှောင်လင်းယွင်က မလုံမလဲနဲ့ ဝင်ပြောလာလေသည်။
"အဲ့ဒီအချိန်က သမီးနဲ့ပက်သက်ပြီး ဦးလေးတို့ကို မစိုးရိမ်စေချင်ဘူး။ ဒါပေမယ့်လည်း ဒါက အဘိုးနဲ့ အဘွားအပေါ်မှာ ဘယ်လောက်ဝန်ထုပ်ဝန်ပိုးဖြစ်စေမလဲဆိုတာ သမီးမေ့သွားခဲ့တယ်။ သမီးက သူတို့ကို ချန်မိသားစုဆီကနေတောင် အနိုင်ကျင့်ခံခွင့်ပြုလိုက်သေးတယ်။ သမီးတောင်းပန်ပါတယ် တတိယဦးလေး!"
ပြီးနောက်မှာ ရှောင်လင်းယွင်က ဘိုးဘိုးနဲ့ ဘွားဘွားရှောင်တို့ကို တောင်းပန်ခဲ့သည်။
"သမီး တောင်းပန်ပါတယ်အဘိုးနဲ့ အဘွား။ ဒုတိယဦးလေး စတုတ္ထဦးလေး သမီးတောင်းပန်ပါတယ်။ အဘိုးနဲ့ အဘွားကို မပါဝင်စေခဲ့သင့်ဘူး။ ဦးလေးတို့ တစ်ယောက်ယောက်ကိုအပြစ်တင်ချင်ရင် သမီးကိုပဲတင်လိုက်ပါ"
ဘွားဘွားရှောင်က ရှေင်လင်းယွင်ကိုဆွဲလိုက်ပြီး အရမ်းခံစားနေရတဲ့အမူအယာနဲ့
"ကလေး ဒိကိစ္စကမင်းအမှားမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုပြီးသွားပြီပဲဥစ္စာ။ အကြာကြီးစောင့်ပြီးတဲ့နောက်မှာ မင်းနောက်ဆုံးတော့ ချန်မိသားစုရဲ့လက်ခုပ်တွင်းကနေ လွတ်လာပြီပဲ"
အရင်တုန်းက အဘိုးကြီးလင်မယားက သူတို့ရဲ့မြေးမကို စောင့်ရှောက်ဖို့ ခန်လင်း မြို့ကို ပြောင်းရွှေ့ခဲ့ကြသည်။ ဒါပေမယ့် သူတို့မြေးမရဲ့အိမ်ထောင်ရေးက အရမ်းဝမ်းနည်းစရာကောင်းလိမ့်မယ်လို့ ဘယ်သူကများတွေးမိမှာလဲ?
သူမက နှိပ်စက်ခံရပြီး အနိုင်ကျင့်ခံခဲ့ရတာလေ။
ကံကောင်းစွာနဲ့ပဲ အရာအားလုံးကုန်လွန်လာခဲ့ပြီ။
တတိယဦးလေးစကားပြောတော့မလို့မှာပဲ ဖေဖေရှောင်က
"တတိယညီလေး မင်းမှန်တယ်။ ငါတို့ခန်လင်းမြို့ကို အလည်မသွားမိလိုက်တာ မှားသွားတာ။ ငါတို့အဲ့ဒီကို တစ်ခေါက်လောက်ပဲသွားခဲ့ရင်တောင် တစ်ခုခုမှားနေတာကိုတော့ သေချာပေါက်သတိပြုမိမှာပဲ။ ယွင်အာနဲ့ ကလေးမလေးတွေကိုကယ်ဖို့ နည်းလမ်းတစ်ခုခုတော့ တွေးမိမှာပဲ"
ဖေဖေရှောင်က ရပ်လိုက်ပြီးတော့ သူ့မျက်နှာမှာ အပြစ်ရှိစိတ်တွေပေါ်နေသည်။
ပြီးနောက်မှာ သူက
"ကံကောင်းစွာပဲ အခုကျ အကုန်လုံးကအတိတ်မှာပဲလေ။ အဖေနဲ့အမေလည်း ပြန်ရောက်လာပြီး ကလေးတွေလည်း ပြန်လာပြီပဲ"
ကြက်စွပ်ပြုတ်သောက်ဖို့ ချန်မိသားစုနဲ့ တခြားသူတွေဆီကနေ ရှောင်လင်းယွင်ဖိအားပေးခံနေရတာကိုမြင်လိုက်တဲ့ညကို ဖေဖေရှောင်က ပြန်တွေးရင်း ကြောက်ရွံ့နေဆဲဖြစ်သည်။
သူတို့ တစ်စက္ကန့်လောက်နောက်ကျသွားရင်တောင် ယွင်အာနဲ့ သူ့သမီးတွေက...
၎င်းကအရမ်း ကြောက်မက်ဖွယ်ပင်။
အဲ့ဒီအချိန်မှာပဲ ရှောင်ကျင်းယန်က အပြစ်ရှိတဲ့အကြည့်နဲ့
"ဒုတိယညီလေး တတိယညီလေး။ မင်းတို့တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အစ်ကိုကြီးကိုအပြစ်တင်လိုက်ပါ။ အမေနဲ့ အဖေကို ဒုက္ခခံခိုင်းခဲ့တာ ငါပါ"
ရှောင်မိသားစုရဲ့ညီအစ်ကိုတွေက အရမ်းအပြစ်ရှိသလို ခံစားခဲ့ရသည်။ သူတို့ ပိုပြီးဆိုးဆိုးရွားရွားတောင် မခံစားတတ်တော့ပေ။
ဘိုးဘိုးရှောင်က မျက်နှာထားတင်းတင်းနဲ့ အော်ကာ
"ကောင်းပြီ မင်းတို့ညီအစ်ကိုတွေ ဆက်ပြီး မသိုးမသန့်ဖြစ်နေစရာမလိုတော့ဘူး။ မင်းတို့အမေနဲ့ ငါက ဒီရွေးချယ်မှုကို လုပ်ခဲ့တာ။ ဒါမင်းတို့နဲ့ဘာမှမဆိုင်ဘူး။ ဒါပေမယ့် ဒါကတန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုပဲ။ နောင်ကျရင် ငါတို့မိသားစု စုပေါင်းပြီးတော့ အတူတူဖြေရှင်းနေသရွေ့ ငါတို့ အကုန်လုံးကိုဖြေရှင်းနိုင်တယ်။
ပြီးတော့ ဒါက မင်းတို့အမေနဲ့ ငါ့အတွက် အကောင်းဆုံးနှစ်သိမ့်မှုဖြစ်လာမှာပဲ"
မိသားစုထဲမှာ ဘိုးဘိုးရှောင်က အမြဲတမ်း ယုံကြည်နိုင်လောက်တဲ့ပုံရိပ်တစ်ခုရှိသည်။
"ယွင်အာနဲ့ ကလေးနှစ်ယောက် ပြန်လာမှတော့ ငါတို့ သူတို့ကိုကောင်းကောင်းကာကွယ်ရမယ်
သူတို့ကို ဘာဒုက္ခမှ ဆက်ခံခိုင်းလို့ မဖြစ်တော့ဘူး။ ကလေးမလေးတွေ မှန်မှန်ကန်ကန်ကြီးပြင်းလာတာကို ငါတို့သေချာအောင်လုပ်ရမယ်"
"ပြီးတော့ သဘက်ခါက ယဲ့အာရဲ့ ကျောင်းပြီးတဲ့စားသောက်ပွဲပဲ။ ဒီလိုမသာမယာကိစ္စတွေကို ထပ်မပြောဘဲ နေရအောင်။ ငါတို့က ဒီမှာ ယဲ့အာကို ဂုဏ်ပြုဖို့ရောက်နေတာ။ ဒါက ရှောင်မိသားစုအတွက် ကျက်သရေရှိတဲ့ဖြစ်ရပ်ပဲ။ ဧည့်သည်တွေအားလုံးကိုဖိတ်ထားတာ သေချာအောင် လုပ်လိုက်ဦး"
"ဟုတ်ကဲ့ အဖေ!"
.......
ရှောင်လင်းယဲ့ရဲ့ ကျောင်းပြီးဆုံးတဲ့စားသောက်ပွဲကို ရွာထဲမှာကျင်းပခဲ့သည်။ ဆရာများဂုဏ်ပြုစားသောက်ပွဲကိုတော့ ကုမိသားစုဟိုတယ်မှာ ကျင်းပခဲ့သည်။ ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲကို တက်ရောက်ဖို့များလှစွာသော ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို ဖိတ်ခဲ့ကြသည်။
ထောင်ယွမ်ရွာက မိသားစုတိုင်းလိုလို တက်ရောက်ကြသည်။
ဧည့်သည်တွေကအရမ်းများလွန်းသည်။
ဒါကြောင့် သူတို့ ၎င်းကို ရွာထဲမှာ ကျင်းပလိုက်ရခြင်းဖြစ်သည်။
ဆရာများဂုဏ်ပြုစားသောက်ပွဲက နာမည်အတိုင်းပဲ ဆရာတွေကို သူတို့ရဲ့ သင်ကြားမှုနဲ့ လေ့ကျင့်ပေးမှုအတွက် ကျေးဇူးတင်တဲ့ပွဲဖြစ်သည်။ ဒါကြောင့်ပဲ စားသောက်ပွဲနှစ်ခုက ကွဲပြားသွားခဲ့သည်။
မြို့ထဲမှာ ဒီစားသောက်ပွဲနှစ်ခုကို မကြာခန အတူတူကျင်းပကြသည်။ ဒါ့ပြင် ဘယ်စားသောက်ပွဲတစ်ခုကိုမှ တစ်ရွာလုံးကို ဖိတ်စရာမလိုပေ။
အဲ့ဒီနေ့ကတော့ ထောင်ယွမ်ရွာက အရမ်းအသက်ဝင်နေခဲ့သည်။ ထောင်ယွမ်ရွာက ဒုတိယတက္ကသိုလ်ကျောင်းသားတစ်ဦး ထုတ်လုပ်ပေးခဲ့ပြန်ပြီ။ သူက ရှောင်ကျန်းယန်ရဲ့သားဖြစ်သည်။ ဒီလိုအံ့ဩစရာကောင်းတဲ့ကဘေးနှစ်ယောက်ကို ပျိုးထောင်ပေးနိုင်တဲ့ ရှောင်ကျန်းယန်နဲ့ သူ့မိန်းမရဲ့ အစွမ်းအစက ရွာထဲက လူတိုင်းကို မနာလိုစေခဲ့သည်။
ရှောင်လင်းယဲ့ Imperial တက္ကသိုလ်ကိုဝင်ခွင့်ရမှန်း ရွာသားတွေသိပြီးသွားကြတော့ အနားနီးစပ်ရွာတွေကလူတွေတောင် မနာလိုဖြစ်ခဲ့ကြသည်။
ရှောင်ကျန်းယန်နဲ့ သူ့မိန်းမက တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ခဲ့ဖူးတဲ့ သမီးတစ်ယောက်ကို ပျိုးထောင်ပေးခဲ့သည်။ အခု သူတို့ရဲ့သားကလည်း ပထမအဆင့်တက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရခဲ့ပြန်ပြီ။ သူတို့မိသားစုရဲ့ဘဝက ပိုကောင်းပြီးရင်းကောင်းလာသည်။ သူတို့မိသားစုကလည်း ချမ်းသာပြီးရင်းချမ်းသာလာသည်။
သိပ်မကြာခင်တုန်းက ရှောင်မိသားစုက ထောင်ယွမ်ရွာက တောင်တွေကိုငှားရမ်းဖို့ ငါးသန်းကို ငွေသားထုတ်ယူခဲ့ကြသည်။
ရွာသားတိုင်းက ပျော်ရွှင်မှုတွေနဲ့ တောက်ပကုန်သည်။ ပိုက်ဆံရလိုက်တာနဲ့ လူတော်တော်များများက အိမ်အသစ်တွေဆောက်ကြသည်။ ထောင်ယွမ်ရွာရဲ့ တိုးတက်လာတဲ့ဂုဏ်သတင်းကြောင့် လာရောက်လက်ထပ်ဖို့ အနားနီးစပ်ရွာတွေဆီကနေလည်း အာရုံစိုက်ခံလိုက်ရသည်။
ဒါ့ပြင် ထောင်ယွမ်ရွာက အတိတ်ကလို ဆင်းရဲပြီး ခေတ်နောက်ပြန်ဆွဲနေတဲ့တောင်ရွာလေးတစ်ခု မဟုတ်တော့ဘူးလေ...
***