← Chapters

ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲ ၁

Vol. 21 Ch. 356

ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲ ၁

Vol. 21 Ch. 356

ထောင်ယွမ်ရွာက လှုပ်ရှားမှုတွေနဲ့ ပျာယာခတ်ကြသည်။ ကားတွေ ထောင်ယွမ်ရွာထဲ မောင်းသွားကြသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် မသိကြလောက်ပေမယ့် သူတို့ရဲ့တူညီတဲ့ပန်းတိုင်ကတော့ ထောင်ယွမ်ရွာက တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲကို တက်ရောက်ဖို့ဖြစ်သည်။

Zမြို့ရဲ့သိပ္ပံမှာ ထိပ်တန်းကျောင်းသားက Imperial တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့သည်။ အဖိတ်ခံရလို့ လူတွေဂုဏ်ပြုခံခဲ့ရသည်။

စားသောက်ပွဲမှာ စားပွဲသုံးဆယ်လုံးရှိပြီး စားပွဲတစ်လုံးစီက လူဆယ်ယောက်နေရာရှိသည်။ ထောင်ယွမ်ရွာမှာ လူနှစ်ရာဝန်းကျင်ရှိသည်။ သူတို့မှာ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေလည်းရှိသေးသည်။ ဒါကြောင့် စားပွဲသုံးဆယ်က သေချာပေါက် အရမ်းကြီးမများလှပေ။ စားပွဲတွေနဲ့ ထိုင်ခုံတွေကို ရွာရဲ့ဘိုးဘေးပိုင်ခန်းမကနေ ယူလာခဲ့သည်။

ထောင်ယွမ်ရွာမှာ

မိသားစုတစ်ခုလျှင် ကလေးတစ်ယောက်ရှိတိုင်း ဘိုးဘေးပိုင်ခန်းမကို တစ်ခုခုထောက်ပံ့ပေးရသည့် ရိုးရာတစ်ခုရှိသည်။ ၎င်းက စားပွဲအသစ်တစ်လုံး၊ ဇွန်းခက်ရင်းတစ်စုံ၊ ဒါမှမဟုတ်ရင် တခြားဟာတွေလည်းဖြစ်နိုင်သည်။ ရွာသားတိုင်း ဖြည့်ဆည်းပေးကြသည်။ ဒီနည်းနဲ့ ရွာထဲမှာ ဘယ်အချိန်ပဲစုဝေးပွဲတစ်ခုခုရှိရှိ ဘိုးဘေးပိုင်ခန်းမမှာ ရွာသားတွေကို ဧည့်ခံဖို့ အမြဲလုံလုံလောက်လောက်ရှိသည်။

ဒါကြောင့် စားသောက်ပွဲကကြီးမားတဲ့အခါကျရင် ထောက်ပံ့ရေးပစ္စည်းတွေလုံလုံလောက်လောက်ရှိသည်။

အကျိုးသင့်အကြောင်းသင့်ပြောရရင် ဒီနေ့က ရှောင်မိသားစုရဲ့ စားသောက်ပွဲဖြစ်တဲ့အတွက် မေမေရှောင်က ဧည့်သည်တွေကို ဧည့်ခံဖို့ပဲလိုသည်။ ဒါပေမယ့်လည်း မေမေရှောင်ရဲ့ အချက်အပြုတ်စွမ်းရည်ကို ထောင်ယွမ်ရွာမှာ အကောင်းဆုံးအနေနဲ့ လက်ခံကြသည်။ ဒါ့ပြင် ရွာသားတွေက စတော်ဘယ်ရီစိုက်ခင်းပြင်ဆင်တာကို ကူညီပေးရင် မေမေရှောင်က ပွဲတော်ကြီးတစ်ခု ချက်ပြုတ်ပေးမယ်လို့ ကတိပေးထားခဲ့သည်။ ၎င်းက အကောင်းဆုံးအခွင့်အရေးပဲဖြစ်သည်။

ဒါကြောင့် မေမေရှောင်က ဒီစားသောက်ပွဲရဲ့ ခေါင်းကိုင်ပဲဖြစ်သည်။ အလိုလိုပင် သူမမှာ အကူအညီပေးသူတွေ အများကြီးရှိနေသည်။

ထောင်ယွမ်ရွာက စားသောက်ပွဲတစ်ခုကျင်းပတော့ အိမ်ရှင်က အကူအညီပေးမယ့်သူတွေအများကြီး ခေါ်ခဲ့သည်။ ၎င်းက အကူအညီအခြေခံ ဒါမှမဟုတ် အလဲအလှယ်အခြေခံတဲ့ ကိစ္စပဲဖြစ်သည်။

ဒီနေ့ ငါ့မိသားစုရဲ့စားသောက်ပွဲကိုကူညီဖို့ မင်းလာခဲ့တယ်။

နောင်ကျရင် မင်းဟာကို ကူညီဖို့ ငါလာခဲ့မယ်။

ဆင်တူစွာပဲ ဒီနေ့ မင်းငါ့စားသောက်ပွဲကို တက်ရောက်ရင် နောင်ကျရင်လည်း မင်းဟာကို ငါတက်ရောက်မယ်။

ဒါက ရွာရဲ့ အပေးအယူတစ်မျိုးဖြစ်သည်။

အကောင်းဆုံးဥပမာကတော့ မြို့ကိုပြောင်းသွားတဲ့ ရွာသားတစ်ယောက်ပဲဖြစ်သည်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ သူတို့က ဖိတ်ကြားခံခဲ့ရတာတောင် ရွာရဲ့ဘာစားသောက်ပွဲကိုမှ မတက်ရောက်ခဲ့ပေ။ တစ်နေ့မှာတော့ သူတို့သားက တက္ကသိုလ်တက်ရပြီလို့‌ပြောရင်း သူတို့မိသားစုက  စားသောက်ပွဲတစ်ခုကျင်းပဖို့ ရွာကို ပြန်လာခဲ့ကြသည်။

သူတို့က ရွာထဲက သူတွေကိုဖိတ်ဖို့ မိသားစုတိုင်းဆီစိတ်အားထက်သန်စွာသွားခဲ့ကြသည်။

ရွာသားတွေကလည်း တက်ရောက်ဖို့ သဘောတူခဲ့ကြသည်။ ဒါပေမယ့်လည်း စားသောက်ပွဲနေ့မှာတော့ ဆွေမျိုးတချို့နဲ့ မိတ်ဆွေတွေကလွဲရင် တခြားဟာတွေက လွတ်နေတဲ့စားပွဲတွေပဲဖြစ်နေခဲ့သည်။ ၎င်းက မိသားစူကို အရမ်းနားမလည်နိုင်ဖြစ်သွားစေပြီး ဒေါသထွက်သွားစေခဲ့သည်။

သူက ရွာသားတစ်ယောက်ကိုတားလိုက်ပြီး ဒေါသတကြီးနဲ့

"ဘာလို့ ကျွန်တော်တို့မိသားစုရဲ့ စားသောက်ပွဲကို မတက်တာလဲ? ခင်ဗျားတို့လာမယ်လို့ ကတိပေးခဲ့တယ်လေ!"

ရွာသားက ထေ့ငေါ့လိုက်ပြီးတော့

"မင်းတို့မိသားစုကလည်း ငါတို့စားသောက်ပွဲတွေကို ဘယ်တုန်းကမှ မတက်ခဲ့ဘူးလေ။ ဒါဆို မင်းတို့မိသားစုရဲ့စားသောက်ပွဲကိုရော ငါတို့က ဘာလို့တက်ရမှာလဲ?"

"မင်းက ရွာမှာ ဆယ်စုနှစ်ပေါင်းများစွာနေခဲ့တာ။ မြို့မှာနှစ်နည်းနည်းလောက်နေပြီးတော့ ငါတို့ရွာရဲ့ စည်းကမ်းတွေကို မေ့သွားတာလား? မင်းငါတို့စားသောက်ပွဲတွေကို တက်ဖို့ငြင်းတုန်းက မင်းငါတို့ကို အထင်သေးတာ ရှင်းနေတာပဲ။ ဒါများ ဘာလို့ငါတို့က မင်းဆီ တက်ရမှာလဲ? မင်းကိုယ်မင်းဘယ်သူများ ထင်နေတာလဲ?"

၎င်းကိုပြောပြီးတော့ ထိုလူရဲ့တုံ့ပြန်ချက်ကိုမစောင့်ဘဲ ရွာသားတွေက ထွက်သွားသည်။

အခြေခံအားဖြင့်တော့ မင်းမိသားစုက မြို့ကိုပြောင်းသွားခဲ့တာလေ။ ဘာလို့ရွာမှာ စားသောက်ပွဲတစ်ခုလုပ်ဖို့ ရုတ်တရက်ကြီးပြန်လာရတာလဲ?

ငါတို့ဆီက လက်ဆောင်တွေလိုချင်တဲ့ ပန်းတိုင်ကတော့ ထင်ရှားနေတာပဲ။ မင်းက ငါတို့ကို အရူးများအောက်မေ့နေလား?

အိမ်ရှင်ရဲ့မျက်နှာက နီရဲသွားသည်။ သူက ရှက်ရွံ့ပြီး စိတ်တိုသွားသည်။ အဲ့ဒီကစပြီး ရွာမှာ ဘယ်အချိန်ပဲ စားသောက်ပွဲကျင်းပကျင်းပ သူ့မိသားစုက ၎င်းကိုတက်ရောက်ဖြို လူတွေလွှတ်လိုက်သည်။ အဲ့ဒီနောက်မှပဲ ရွာသားတွေနဲ့ သူတို့ရဲ့ဆက်ဆံရေးက အရှိန်လျော့သွားသည်။

ယှဉ်ကြည့်ရင်တော့ ရှောင်မိသားစုက ထောင်ယွမ်ရွာက စည်းမျဉ်းတွေကို အမြဲတမ်းလိုက်နာခဲ့သည်။ အခုသူတို့တွေ ဘယ်လောက်ပဲချမ်းသာချမ်းသာ ရွာထဲက ဘယ်သူ့ကိုမှ အထင်မသေးခဲ့ပေ။

"ချိုးယင် မင်းဧည့်သည်တွေအဲ့လောက်အများကြီးမျှော်လင့်ထားတာလား?"

ဝင်းထဲကအိမ်မှာ စားပွဲသုံးဆယ်ကျော်ကျော်ကိုမြင်တော့ လူတော်တော်များများက မေးမြန်းခဲ့ကြသည်။

မေမေရှောင်က ပြုံးပြီးတော့

"တကယ်တော့ ဧည့်သည်တွေဘယ်လောက်ရှိမယ်မှန်းတောင် ကျွန်မမသိဘူး။ ဒါပေမယ့်လည်း ရွာသားတွေက စားပွဲနှစ်ဆယ်ဝန်းကျင်လောက်ကို ယူသွားမှာတော့သိတယ်"

တစ်ယောက်က ပြုံးပြီးတော့

"အမှန်ပဲ ငါတို့ရွာထဲက မိသားစုတိုင်းနီးပါး ဒီစားသောက်ပွဲကို တက်ရောက်မှာပဲ!"

တစ်ယောက်ကလည်း ချက်ချင်း သံယောင်လိုက်ပြီး 

"ချိုးယင် နင့်မိသားစုက လူဦးရေအများကြီးနဲ့ ဆွေမျိုးတွေအများကြီးရှိတာပဲ။ စားပွဲသုံးဆယ်ရှိတာက အများကြီးမဟုတ်ပါဘူး"

ရှောင်ကျန်းယန်နဲ့ သူ့ညီအစ်ကိုတွေက လက်ထပ်ထားကြသည်။ ဒါကြောင့် သူတို့က သူတို့ရဲ့ခမည်းခမက်တွေကိုလဲ အလိုလိုဖိတ်ရလိမ့်မည်။

"ပြီးတော့ လင်းယွီမှာလည်း မိတ်ဆွေတွေအများကြီးရှိတယ်"

တစ်ယောက်က ထပ်ပြီးတော့

"သူတို့ကလည်း အနည်းဆုံး စားပွဲနှစ်ဆယ်လောက်ယူလောက်တယ်"

ချန်ချိုးယင်းက သူမခေါင်းကို ခါလိုက်ပြီးတော့

"တကယ်တော့ သူ့မှာ မိတ်ဆွေတွေအများကြီးမရှိပါဘူး။ စားပွဲတစ်လုံးက လုံလောက်နေပြီ"

စားသောက်ပွဲရဲ့ တက်ရောက်မယ့်အရေအတွက်ကို ခန့်မှန်းဖို့ ခက်ခဲသည်။ အရေအတွက်က အပြောင်းအလဲမရှိဘဲမနေပေ။ ဒါပေမယ့်လည်း စားစရာတွေကတော့ လုံလောက်တာထက်ကို ပိုလောက်သည်။

ချန်ချိုးယင်းနဲ့ တခြားသူတွေ စကားပြောနေကြတုန်း အပြင်ဘက်မှာ ဆူပူနေသည်။

ဘွားဘွားရှောင်ရဲ့မိသားစုနဲ့ ရှောင်ကျန်းယန်ရဲ့ညီအစ်ကိုတွေ လာကြသည်။ သူတို့ကူညီနိုင်မလားဆိုတာကြည့်ဖို့ စောစောလာကြခြင်းဖြစ်သည်။

ရှောင်လင်းယဲ့က ဒီလိုမျိုး တက္ကသိုလ်ကောင်းတစ်ခုကို ဝင်ခွင့်ရတဲ့အတွက် သူတို့ဂုဏ်ယူကြသည်။ ဒါ့ပြင် ခမည်းခမက်တွေကလည်း တကယ့်ကို အရမ်းအဆင်ပြေပြေရှိကြသည်။

ရွာသားတွေတော်တော်များများက ရှောင်မိသားစုနဲ့ သူတို့ခမည်းခမက်တွေရဲ့ဆက်ဆံရေးကို မနာလိုကြသည်။ ညီအစ်ကိုတွေက သူတို့မိန်းမတွေရဲ့မိသားစုတွေနဲ့ ကောင်းကောင်းမွန်မွန်ကို ပေါင်းစည်းခဲ့သည်။ တခြားလူတွေရဲ့ မိသားစုတွေကတော့ သူတို့ ခမည်းခမက်ဘက်နဲ့ အဆုံးမရှိအောင်ကိုရန်ဖြစ်နေကြသည်။

ဒါပေမယ့်လည်း ၎င်းက ရှောင်ပေါင်းထိုရဲ့မိသားစုမှာတော့ ဘယ်တော့မှ မဖြစ်ခဲ့ပေ။

ရှောင်ပေါင်းထိုနဲ့ သူ့မိန်းမက ဒီလိုမျိုး ပြည့်စုံတဲ့ချွေးမတွေကို ရှာဖို့ ဘယ်လိုစီမံခဲ့လဲဆိုတာတော့ ပဟေဠိပဲဖြစ်သည်။ သူတို့က လူတွေကိုအကဲခတ်တဲ့နေရာမှာ အရမ်းတော်ကြသည်။ ရှောင်မိသားစုက သဟဇာတဖြစ်ပြီး ပျော်ရွှင်ကြသည်။

"ခမည်းခမက်တို့ ဒီမှာရောက်နေပြီ။ ကျုပ်တို့တွေ ကူညီနိုင်တာများရှိလား? ကျုပ်တို့တွေ ကူညီနိုင်တာတစ်ခုခုများရှိမလားလို့ ဒီကို အထူးစောလာခဲ့ကြတာ"

"မလိုပါဘူးဗျာ ခင်ဗျားတို့တစ်လျှောက်လုံးလာခဲ့ရတာကို အနားယူကြပါဦး"

"ကျုပ်တို့တွေ ဘယ်လိုလုပ် ခင်ဗျားတို့ကို အလုပ်လုပ်စေမှာလဲ?"

"ရပါတယ် ကျုပ်တို့ကူညီနေတဲ့လူတွေ ဒီမှာ အများကြီးရှိနေတာပဲ။ ပြီးတော့ လူတိုင်းကို သူတို့အလုပ်တွေခွဲပေးပြီးပြီ"

"ဒါဆိုလည်း ကောင်းပြီဗျာ။ အိုး ဟုတ်သားပဲ။ မင်းသားလေးဘယ်မှာလဲ?"

"ဟားဟား အဲ့ဒီကလေးမှာ ဒီမှာရောက်နေတဲ့ အတန်းဖော်တချို့ရှိတယ်လေ။ အခု သူတို့ကို ဧည့်ခံနေတယ်။ သူတို့က သူ့အခန်းထဲမှာ"

"သူတို့ထဲမှာ မိန်းကလေးတွေရောပါလား? ကျုပ်တို့ နောက်ထပ်စားသောက်ပွဲတစ်ခုလုပ်ကြဦးမှာလား?"

"ဟားဟား..."

နေရာတိုင်းမှာ ရယ်သံတွေ ပျံ့လွင့်နေခဲ့သည်!

***

All Chapters