ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲ ၂
Vol. 21 Ch. 357
အဲ့ဒီအချိန်မှာ ကုကျီယဲ့၊ ကျန်းဟိုင်ယန်နဲ့ တခြားနှစ်ယောက်က ရှောင်လင်းယဲ့ရဲ့ ကျောင်းပြီးဆုံးတဲ့စားသောက်ပွဲကိုတက်ရောက်ဖို့ ထောင်ယွမ်ရွာကို မောင်းလာခဲ့ကြသည်။ သူတို့က သိသိသာသာပဲ ရှောင်လင်းယွီရဲ့ မိတ်ဆွေတွေအနေနဲ့ သွားမှာဖြစ်သည်။
ရှောင်လင်းယွီက ခရိုင်မြို့ကိုသွားခဲပြီး အခုသူတို့တွေ မကြာမကြာမဆက်သွယ်မိကြဘူးဆိုပေမ့်လည်း သူတို့ကြားထဲမှာ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုရှိနေသည်။
ကျန်းဟိုင်ယန်ရဲ့ ရှောင်လင်းယွီအပေါ် မရေရာတဲ့ခံစားချက်တွေက ရှောင်လင်းယွီရဲ့ဗိုက်ရောက်ရှိလာမှုနဲ့ သူမဘေးက ထူးချွန်တဲ့ယောက်ျားရဲ့ အဖော်ပြုမှုတိုနဲ့အတူ ပျောက်ကွယ်သွားခဲ့သည်။
တခြားသုံးယောက်က ဒါကိုမြင်တော့ တိတ်တဆိတ် စိတ်သက်သာစွာနဲ့ သက်ပြင်းချလိုက်ကြသည်။
ရှောင်လင်းယွီအတွက် ကျန်းဟိုင်ယန်ရဲ့ခံစားချက်တွေက ဆက်လက်ပြီး ပိုဆိုးလာမှာကို သူတို့ကြောက်ရွံ့နေခဲ့ကြသည်။ လွှတ်ပေးလိုက်ဖို့အတွက် ကျန်းဟိုင်ယန်နားလည်ခဲ့တာက အကောင်းဆုံးပဲဖြစ်သည်။
"နဉ်ဝေ့ယီနဲ့ ကလေးတွေက ထောင်ယွမ်ရွာမှာ ရောက်နေကြပြီ!"
ယွမ်ရွှမ်ဟောက်က သူ့နှုတ်ခမ်းတွေကို ကွေးလိုက်ကာ
"သူတို့ရဲ့ယာဉ်မောင်းလိုင်စင်ရကတည်းက နေ့တိုင်း မောင်းနေကြတာ။ သူတို့တော့ရူးကုန်ပြီ"
"နဉ်ဝေ့ယီ၊ ယန်ပေါင်လင်းနဲ့ ခမ်းလဲ့တို့က စာမေးပွဲမှာ ကောင်းကောင်းလုပ်ခဲ့ကြတယ်"
ချန်ယီဖန်းက ရုတ်တရက်
"သူတို့ရဲ့ ခါတိုင်းရလဒ်တွေအရတော့ ပထမအဆင့်တက္ကသိုလ်ကိုဝင်ခွင့်ရဖို့ သူတို့အတွက် သိပ်ပြဿနာမရှိလောက်ပါဘူး။ ဒါပေမယ့်လည်း သူတို့သုံးယောက်လုံးက မျှော်လင့်ထားတာထက်တောင် ပိုပြီးလုပ်ခဲ့ကြတယ်!"
"သူတို့သုံးယောင်တင်မဟုတ်ဘူး။ အမှတ် ၁ အထက်တန်းကျောင်းက ကျောင်းသားအများစုက သူတို့ရဲ့ပုံမှန်အဆင့်ထက်တောင်ကျော်ပြီး လုပ်ဆောင်ခဲ့ကြတာ။ ဒီနှစ်တော့ အမှတ် ၁ အထက်တန်းကျောင်းက တက္ကသိုလ်ကျောင်းသားတွေအများကြီး မွေးထုတ်ပေးလိုက်တာပဲ"
"အမှတ် ၁ အထက်တန်းကျောင်းရဲ့ရလဒ်တွေက ငါတို့ခရိုင်ထဲမှာ အမြဲတမ်းအောက်ဆုံးမှာရှိခဲ့တာ။ ဒါပေမယ့်လည်း ဒီနှစ်တော့ သူတို့တွေ တစ်ကျော့ပြန်ခေတ်ထလာတာပဲ။ ချက်ချင်းကိုပဲ Zမြို့ရဲ့အောက်ဆုံးကနေ အရမ်းထိပ်ဆုံးကို ရောက်သွားကြတာ"
"အမှတ် ၁ အထက်တန်းကျောင်းက မြို့ကောင်စီကနေ ချီးမွမ်းမှုတွေအများကြီး ရခဲ့တယ်။ ကျောင်းအုပ်လီနဲ့ တချို့ဆရာတွေက ဗိုက်တွေအောင့်လာတဲ့ အထိအောင်ကို ရယ်မောခဲ့ကြတာ"
"ဟားဟား ခံစားရတာအရမ်းကောင်းလို့ဖြစ်ရမယ်"
"ဒါပေမယ့်လည်း အမှတ် ၁ အထက်တန်းကျောင်းက ဒီနှစ်မှာ အရမ်းကောင်းကောင်းလုပ်ခဲ့ရတဲ့ အကြောင်းရင်းက စာမေးပွဲမတိုင်ခင် ရှောင်လင်းယဲ့ရဲ့မိသားစုကပို့လိုက်တဲ့ အသီးအနှံတွေ စားသောက်ခဲ့လို့ဆိုတယ့် ကောလဟာလတွေလည်း ရှိတယ်"
"အဲ့ဒီထဲမှာ အမှန်တရားရဲ့ အခရာတော့ရှိရမယ်။ ရှောင်မိသားစုရဲ့အသီးအနှံတွေကို စားပြီးရင် ပြန်လန်းဆန်းသွားပြီး အားအင်တွေပြည့်သွားတယ်လို့ လူတွပြောကြတယ်။ သူတို့စိတ်တွေ ကြည်လင်လာပြီး ပိုကောင်းတဲ့မှတ်ဉာဏ်လည်း ရလာတယ်"
"အသီးအနှံတွေက ထ်ိတ်လန့်တုန်လှုပ်တာတွေကိုလည်း ကူညီပေးနိုင်တယ်။ အရင်တုန်းက ဝင်ခွင့်စာမေးပွဲအတွင်းမှာ ကျောင်းသားတွေတော်တော်များများကြောက်ရွံ့ကြတယ်။ လက်တွေက အေးစက်လာပြီး ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်ကြတော့ဘူး။ ဒါပေမယ့်လည်း ရှောင်မိသားစုရဲ့ ထုတ်ကုန်တွေကိုစားပြီးတော့ ဒါကရပ်တန့်သွားတယ်"
"ဒါသာအမှန်ဆိုရင် ဝင်ခွင့်စာမေးပွဲနီးလာတဲ့အချိန်တိုင်း ရှောင်မိသားစုက တဟုန်ထိုးရောင်းရတော့မှာပဲ"
"ဒါကဈေးကွက်ကြီးတစ်ခုပဲ"
ချန်ယီဖန်းက သက်ပြင်းချလိုက်သည်။
"ရှောင်လင်းယွီမှာ သေးငယ်တဲ့လယ်ခင်းလေးပဲရှိတာတော့ စိတ်မကောင်းစရာပဲ"
"စိုက်ခင်းက အခုသေးငယ်နေပေမယ့် နောင်ကျရင် ကြီးလာမှာပေါ့"
ကုကျီယဲ့က
"ရှောင်လင်းယွီက တောင်ခြောက်လုံးငှားလိုက်တာကို မင်းမေ့သွားတာလား?"
ယွမ်ရွှမ်ဟောက်က နားမလည်တဲ့ပုံနဲ့
"အဲ့ဒီတောင်တွေပေါ်မှာ သူအသီးအနှံတွေ စိုက်လို့ရတယ်လား? သူက သစ်သီးပင်တွေစိုက်ဖို့ အဲ့ဒါတွေကိုသုံးဖို့ စီစဉ်ထားတာမဟုတ်ဘူးလား?"
ကုကျီယဲ့က ခေါင်းခါလိုက်ပြီးတော့
"တောင်ခြေက မြေတချို့က အသီးအနှံတွေစိုက်ဖို့ သုံးလို့ရတယ်လို့ ရှောင်လင်းယွီက ငါ့ကိုပြောတယ်။ အသုံးပြုနိုင်တဲ့မြေဂာ အနည်းဆုံး၃၀မူလောက်ရှိမယ်လို့ သူခန့်မှန်းထားတယ်"
"၃၀မူ?"
တခြားသုံးယောက်က အံ့ဩသွားသည်။
"အများကြီးပဲ!"
"တကယ်တော့အရမ်းမများဘူး!"
ကုကျီယဲ့က
"တောင်ခြောက်လုံးက မူ၁၀၀၀၀လောက် ကာဗာနိုင်တယ်။ ဒါပေမယ့် မူ၃၀လောက်ကပဲ အသီးအနှံစိုက်ခင်းအတွက် အသုံးပြုနိုင်တာ"
"ဒါပေမယ့် ရှောင်လင်းယွီက အသီးအနှံတွေအများကြီး ရောင်းရပါ့မလား? သူ့မှာ အဲ့ဒါတွေကိုရောင်းဖို့ လမ်းကြောင်းရှိလို့လား?"
ကျန်းဟိုင်ယန်က သင်္ကာမကင်းနဲ့မေးလိုက်သည်။
"ဘာလို့မရှိရမှာလဲ?"
ချန်ယီဖန်းက
"သူ့ရဲ့နောက်ထပ်အစီအစဉ်က သူ့အသီးအနှံတွေကို တစ်နိုင်ငံလုံးကိုရောင်းချဖို့လို့ ငါထင်တယ်"
"အဲ့ဒါတွေကို တစ်နိုင်ငံလုံးကိုရောင်းမယ်?"
ကျန်းဟိုင်ယန်က နားမလည်နိုင်ဖြစ်သွားသည်။
ချန်ယီဖန်းက ရှင်းပြကာ
"ဟိုင်ယန် အင်တာနက်ရဲ့တိုးတက်လာမှုနဲ့ အွန်လိုင်းရှော့ပင်းက ပိုပြီး ပျံ့နှံ့လာတယ်။ ရှောင်လင်းယွီက အွန်လိုင်းစတိုးတစ်ခု လုပ်လိုက်ဖို့ပဲလိုပြီး သူ့ထုတ်ကုန်တွေရောင်းရလိမ့်မယ်"
ချန်ယီဖန်းက ၎င်းမှာ အရမ်းယုံကြည်ချက်ရှိသည်။
"ရှောင်လင်းယွီရဲ့ သီးနှံတွေကို အရသာခံဖူးလိုက်တာနဲ့ မေ့နိုင်မှာကိုမဟုတ်တော့ဘူး။ အင်တာနက်စီးပွားရေးက အရောင်းအဝယ်ကောင်းလာမယ့်တစ်ခုပဲ"
ကျန်းဟိုင်ယန်က ဆက်သတိထားနေသေးသည်။
"ဖန်း ရှောင်လင်းယွီသီးနှံတွေရဲ့ ဈေးနှုန်းက မနိမ့်ဘူးဆိုတာကို မင်းမေ့သွားတာလား?"
"ဈေးနှုန်းတွေက လူတော်တော်များများကိုတော့ ခြောက်နေလိမ့်မယ်။ ဒါ့ပြင် လူအများစုက သူတို့အသီးအရွက်တွေကို လတ်ဆတ်တာတွေ လိုချင်ကြတာ။ ဒါတွေကို အွန်လိုင်းကနေဝယ်တာက အသီးအနှံတွေက လတ်ဆတ်မှာမဟုတ်တော့ဘူးလို့ ဆိုလိုလိုက်တာပဲ"
၎င်းက တကယ့်ကို ပြဿနာဖြစ်သည်။
ယွမ်ရွှမ်ဟောက်က ပြုံးကာ
"ငါတို့ကြားထဲမှာ ခန့်မှန်းနေမယ့်အစား ငါတို့စောင့်ပြီးတော့ ရှောင်လင်းယွီကို သူ့အစီအစဉ်တွေ မေးကြည့်သင့်တယ်"
"သူ့မှာ အသီးအနှံတွေကို တစ်နိုင်ငံလုံးကိုရောင်းဖို့ တကယ်ပဲ ရည်ရွယ်ချက်ရှိရင် အွန်လိုင်းအရောင်းပလက်ဖောင်းထက်ပိုတဲ့ ပြဿနာတွေကိုရင်ဆိုင်ရမှာပဲ"
"ဟုတ်တယ်"
ချန်ယီဖန်းက ပြုံးကာ
"ငါတို့ ရှောင်လင်းယွီကို သိတာကြာလှနေပေမယ့်လည်း သူ့ရဲ့ဒါတွေကိုလုပ်နေတဲ့ ပုံစံကို အကဲဖြတ်ကြည့်တာအရတော့ သူ့မှာ အစောတည်းက ကိုယ်ပိုင်အစီအစဉ်တွေ ရှိပြီးလောက်ပြီ"
"နောင်ကျရင် ဘာတွေဖြစ်မလဲဆိုတာမြင်ရဖို့ ငါမစောင့်နိုင်တော့ဘူး"
ကျန်းဟိုင်ယန်က မျှော်လင့်စောင့်စားချက်နဲ့ ပြောလိုက်သည်။
ရှောင်လင်းယွီရဲ့သီးနှံတွေ နောင်ကျရင် ဘယ်လိုနာမည်ကြီးလာမယ်မှန်း သူတို့လေးယောက်မသိကြချေ။ ဒါ့ပြင် ရှောင်လင်းယွီနဲ့ ဆက်စပ်နေတဲ့အရာအားလုံးက လွန်လွန်ကဲကဲကို ရောင်းထွက်နေသည်။ ဈေးနှုန်းကမြင့်နေရင်တောင် မြန်မြန်ဆန်ဆန်ပဲ ပစ္စည်းပြတ်ကုန်သည်။
ဒါပေမယ့်လည်း ကိုယ့်ဟာကို ကျော်မတွေးကြရအောင်။
...
ထောင်ယွမ်ရွာကို မောင်းသွားကြတုန်း ကုကျီယဲ့နဲ့ သူ့သူငယ်ချင်းတွေက စကားပြောနေခဲ့ကြသည်။
ချန်ယီဖန်းရဲ့မျက်လုံးတွေက ရုတ်တရက် ပြူးသွားသည်။ သူက မျက်လုံးတွေကို ပွတ်လိုက်ပြီး ယွမ်ရွှမ်ဟောက်ကို သူ့ဘေးကို ဆွဲခေါ်ကာ၊
"ဟောက် လာပြီး တစ်ချက်ကြည့်ဦး။ အဲ့ဒါငါ့အဖေကားမဟုတ်ဘူးလား?
မိုင်ဂေါ့ဒ်
ခရိုင်က ခေါင်းဆောင်တချို့လည်း ဒီမှာ ရောက်နေတာပဲ!"
အနက်ရောင်ကားထဲက လူတချို့ဆင်းလာတာကိုမြင်ရင်း ယွမ်ရွှမ်ဟောက်ကလည်း အံ့ဩနေသည်။
"ဖန်း မင်းမြင်တာမမှားဘူး။ အဲ့ဒါတကယ် ခရိုင်ခေါင်းဆောင်တွေပဲ"
"သူတို့ဒီမှာ ဘာလုပ်နေတာလဲ? ရှောင်လင်းယဲ့ရဲ့ ကျောင်းပြီးဆုံးတဲ့စားသောက်ပွဲကိုတက်ဖို့ ဒီမှာ ရောက်နေကြတာလား?"
ချန်ယီဖန်းက မယုံကြည်နိုင်စွာနဲ့
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"ဒါပေမယ့် ရောက်လာတာတော့ အမှန်ပဲနဲ့တူတယ်"
ယွမ်ရွှမ်ဟောက်ကလည်း မယုံနိုင်စွာနဲ့
"ဖန်း မင်းအဖေ အရင်က ဒါကိုပြောလိုက်တာများ မကြားလိုက်ဘူးလား?"
"မကြားဘူး!"
ချန်ယီဖန်းက သူ့ခေါင်းကို ခါလိုက်ပြီးတော့
"ငါ့အဖေ ခရိုင်ခေါင်းဆောင်အနေနဲ့ ရာထူးတိုးသွားကတည်းက အရမ်းအလုပ်များနေတာ။ ငါနဲ့စကားပြောဖို့တောင် ထပ်အချိန်မရတော့ဘူး"
လူတိုင်းက "..."
သနားစရာကလေးပဲ...
***