ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲ ၃
Vol. 21 Ch. 358
ပုံမှန်ဘွဲ့နှင်းသဘင်စားသောက်ပွဲတွေကတော့ ခရိုင်ခေါင်းဆောင်တွေကို ခေါ်လာတတ်သည်။
ရှောင်မိသားစုက တကယ့်ကိုဝမ်းသာသွားသည်။ ခေါင်းဆောင်တွေမှာ အချိန်မရှိလောက်ဘူးလို့ ထင်တဲ့အတွက် သူတို့က ခေါင်းဆောင်တွေကို ဖိတ်မထားခဲ့ပေ။
ဒါဆိုရင် ဘာလို့ခေါင်းဆောင်တွေက စားသောက်ပွဲကို ရုတ်တရက် ရောက်လာကြတာလဲ?
ရှောင်လင်းယွီက ခေါင်းဆောင်တွေကိုကြည့်လိုက်ပြီး အနည်းငယ်မျက်မှောင်ကျုံ့လိုက်သည်။
ပြီးနောက်မှာ သူမက ကုန်းထျန်းဟောက်ကို ကြည့်ကာ ၎င်းကို မေးသလိုလိုဖြင့်
"ရှင် ဒီလူတွေကို ဖိတ်ထားတာလား?"
ကုန်းထျန်းဟောက်က သူမမျက်လုံးထဲက အမေးတွေကို နားလည်လိုက်ပြီး မျက်ခုံးအနည်းငယ်ပင့်ပြလိုက်သည်။
"ယွီအာ ကိုယ် သူတို့ကို ဖိတ်မထားဘူး။ ထောင်ယွမ်ရွာရဲ့ဖြိုချရေးအဖွဲ့နဲ့ မင်းမိသားစုနဲ့ တစ်ခုခုရှိတာကို သိဖို့ထိတော့ သူတို့ကောင်းကောင်းကြီးလည်မှာပေါ့။ ဒါကြောင့် တချို့အချိတ်အဆက်တွေလုပ်ဖို့ ဒီမှာရောက်နေကြတာ"
ဒါ့ပြင် ဖြိုချရေးဖြစ်ရပ်က Z မြို့တစ်ခုလုံးနဲ့ ရှင်းယင် ခရိုင်အစိုးရကို လှုပ်ခါစေခဲ့တယ်လေ။
အရာအားလုံးကို စီမံနေတဲ့ ဩဇာကောင်းပြီး မမြင်ရတဲ့လက်တစ်ခုရှိမှန်း လည်ဝယ်တဲ့သူတွေက နားလည်ကြသည်။ မဟုတ်ရင် ကိစ္စတွေက အရမ်းလွယ်လွယ်ကူကူ လှည့်ပြောင်းသွားမှာမဟုတ်ပေ။
ကုန်းထျန်းဟောက်ရဲ့အဖြေကို ရှောင်လင်းယွီကြားတော့ နှုတ်ခမ်းကွေးလိုက်ကာ
"ဒါဆို ကျွန်မတို့ အခုဘာလုပ်သင့်လဲ? ကျွန်မတို့ သွားပြီး ဧည့်ခံသင့်လား?"
ကုန်းထျန်းဟောက်က သူမလက်ကိုကိုင်ထားလိုက်ပြီး ပြုံးကာ
"ကိုယ်တော့မထင်ဘူး။ မင်းနေခဲ့ပြီး အနားယူဖို့လိုတယ်။ မင်းအဖေနဲ့ ဦးလေးတွေက အကုန်လုံးကို ကိုင်တွယ်သွားပါလိမ့်မယ်။ ခေါင်းဆောင်တွေက မင်းမောင်လေးကို ဂုဏ်ပြုဖို့ ဒီမှာရှိနေကြတာ။ သူတို့ သိပ်ကြာကြာမနေဘူး"
ကုန်းထျန်းဟောက် မျှော်မှန်းထားတဲ့အတိုင်းပဲ ရှောင်မိသားစုရဲ့ယောက်ျားတွေက လှုပ်ရှားနေကြပြီ။ ပြီးတော့ ဒီလူတွေက အရမ်းအရေးကြီးမှန်းလည်း သူတို့သိတယ်လေ။ သူတို့ကို လေးစားသမှုနဲ့ ဆက်ဆံရမည်။
"ခေါင်းဆောင်ချန် ဘာလို့ခင်ဗျားတို့အားလုံး ဒီမှာရောက်နေတာလဲ?"
ရှောင်ကျန်းယန်က ချန်ကောရှင်းနဲ့တခြားသူတွေကို ပျူငှာစွာ နှုတ်ဆက်လိုက်သည်။
"မြန်မြန် အရင်ဝင်လာပြီး ရေသောက်ကြပါဦး! အကြာကြီးခရီးထွက်လာရတော့ အရမ်းရေဆာနေကြလောက်ပြီ"
ရှောင်ကျန်းယန်က ချန်ကောရှင်း နဲ့ တခြားသူတွေကို အဓိကအိမ်ထဲကို ဝင်ခွင့်ပြုခဲ့သည်။
ဒီလူတွေက ခရိုင်ခေါင်းဆောင်တွေမှန်း ရွာသားတွေကြားတော့ ကြောက်ရွံ့ပြီး စိုးရိမ်လာကြသည်။ သူတို့တွေကို တွန့်ဆုတ်နေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ကြသည်။
ရွာသားတွေက ခရိုင်ခေါင်းဆောင်တွေရဲ့ ရောက်ရှိလာမှုနဲ့ပက်သက်ပြီး စူးစမ်းလိုပြီး စိုးရိမ်နေကြသည်။ သူ့ကို မချဉ်းကပ်ရဲကြပေ။
သူက ခရိုင်ခေါင်းဆောင်လေ!
သူက စားသောက်ပွဲကို တက်ရောက်ခဲ့သည်။
ဒါက ရှောင်လင်းယဲ့ရဲ့ ကောင်းမွန်တဲ့ရလဒ်တွေကို သူဘယ်လောက်တန်ဖိုးထားမှန်း ပြသနေသည်။
ချန်ကောရှင်း ထိုင်လိုက်ပြီးတော့ အနားပတ်လည်ကိုကြည့်လိုက်ပြီး ပြုံးကာ
"ဂုဏ်ယူဖွယ်ရာကောင်လေး ဘယ်မှာမှန်း ကျွန်တော်သိလို့ရမလား?"
ရှောင်ကျန်းယန်က နည်းနည်းအံ့ဩသွားပေမယ့်လည်း ပြုံးလိုက်ကာ
"ခေါင်းဆောင်ချန် ခေါင်းဆောင်အရမ်းယဉ်ကျေးလွန်းနေပါပြီ"
"ခနလောက် စောင့်ပါဦး။ ခေါင်းဆောင်ကိုတွေ့ဖို့ ကျွန်တော့်သားကို ခေါ်ဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ပါ့မယ်"
သူဒါကိုပြောနေရင်းပဲ ရှောင်လင်းယဲ့နဲ့ အတန်းဖော်တချို့က သူတို့ အခန်းထဲကနေ ထွက်လာကြသည်။ သူတို့အပြင်က ဆူပူတာတွေကို ကြားသွားတာဖြစ်ရမည်။ သူ့ဂုဏ်ပြုစားသောက်ပွဲကိုတက်ဖို့ ခရိုင်ခေါင်းဆောင်လာမှန်း ကြားလိုက်တော့ ရှောင်လင်းယဲ့က အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ သူထွက်လာပြီး ဖေဖေရှောင်ကို ခေါ်လိုက်သည်။
"အဖေ"
ဖေဖေရှောင်က ခေါင်းညိတ်ပြီးတော့
"ယဲ့အာ ဒါကခေါင်းဆောင်ချန်လေ။ မင်းကိုတွေ့ဖို့နဲ့ အဖေတို့ကိုဂုဏ်ပြုဖို့ သူကအထူးလာခဲ့တာ"
ရှောင်လင်းယဲ့က သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်ပြီး လူတွေကို နှုတ်ဆက်လိုက်သည်။
"ခေါင်းဆောင်ချန် ခေါင်းဆောင်..."
သူတခြားခေါင်းဆောင်တွေကိုလည်း နှုတ်ဆက်ခဲ့သည်။
ချန်ကောရှင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "မင်းသားက တကယ်လူချောလေးပဲ။ အဆင့်ကောင်းကောင်းတွေလည်းရတယ်။ Imperial တက္ကသိုလ်ကိုလည်း ဝင်ခွင့်ရခဲ့တယ်။ ပြီးတော့ Zမြို့က သိပ္ပံမှာတောင် ထိပ်တန်းကျောင်းသား ဖြစ်လာသေးတယ်။ သူက ရှင်းယင် ခရိုင်တစ်ခုလုံးကို ဂုဏ်ယူရအောင် လုပ်လိုက်တာပဲ"
ရှောင်လင်းယဲ့က ဒါကိုကြားလိုက်တော့ ရှက်ရှက်နဲ့
"ခေါင်းဆောင်ချန်၊ ကျွန်တော်က ပုံမှန်ထက် နည်းနည်းပဲပိုပြီး ကောင်းကောင်းဆောင်ရွက်ခဲ့တာပါ။ ခေါင်းဆောင်ရဲ့ချီးမွမ်းမှုနဲ့ မထိုက်တန်ပါဘူး"
"ဟားဟား သူကအရမ်းလည်း ယဉ်ကျေးတာပွဲကွ!"
ရှောင်လင်းယဲ့ရဲ့အမူအယာကို ခေါင်းဆောင်ချန်ကမြင်တော့ အရမ်းပျော်ပြီး ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။
"မင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ငါတို့ခရိုင်မှာ Imperial တက္ကသိုလ်ကိုဝင်ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားပဲ"
"အရင်က အမှတ် ၁ အထက်တန်းကျောင်းက သိပ္ပံမှာ ထိပ်တန်းကျောင်းသားတစ်ယောက် ဘယ်တုန်းကမှ မွေးမထုတ်ဖူးဘူး။ မင်းက မှတ်တမ်းအမျိုးအစားအားလုံးကို ချိုးဖျက်လိုက်တာပဲ။ မင်းက ငါတို့အကုန် ဂုဏ်ယူရအောင် လုပ်ခဲ့တယ်။ မင်းကိုကျေးဇူးတင်ဖို့ ငါတို့လာခဲ့တာ"
သူတို့ ဘာလို့ဒီမှာ ရောက်နေရလဲဆိုတဲ့အကြောင်းရင်းကို ချန်ကောရှင်းက ကြွားဝါခဲ့သည်။ ဒါပေမယ့်လည်း လျှို့ဝှက်အကြောင်းရင်းကတော့ ချန်ကောရှင်းက ရှောင်မိသားစုနဲ့ ဆက်ဆံရေးကောင်းကောင်းတစ်ခု တည်ဆောက်ချင်လို့ ဖြစ်သည်။
ရှောင်မိသားစုက လတ်တလောက နိုင်ငံရေးငလျင်အတွက် တာဝန်ရှိတယ်လို့ ခရိုင်နိုင်ငံရေးအဝန်းဝိုင်းမှာ ကောလဟာလရှိခဲ့သည်။ ဒီမိသားစုကို ထောက်ပံ့နေတဲ့ အရမ်းအင်အားကြီးတဲ့တစ်စုံတစ်ယောက်တော့ ရှိရမည်။ ဒါကြောင့် ရှောင်မိသားစုကို သူတို့ကိုယ်တိုင် မျက်နှာချိုသွေးရမည်။
နောက်ဆုံးဖြစ်ရပ်ကတည်းက ထောင်ယွမ်ရွာကို အလွယ်တကူထိလို့မရနိုင်မှန်း ချန်ကောရှင်း က နားလည်ခဲ့သည်။ ချန်ကောရှင်းက မျက်လုံးထောင့်တွေကနေ ကြည့်လိုက်သည်။ ပြီးတော့ အဓိကအိမ်ထဲက ထောင့်ဘက်က စားပွဲသေးလေးတစ်လုံးဆီ လှည့်လိုက်သည်။
လူအိုကြီးတစ်ယောက်က အဲ့မှာထိုင်နေသည်။ သူ့နောက်မှာ ရပ်နေတဲ့လူနှစ်ယောက်က အရမ်းထူးခြားပုံပေါ်သည်။ သူတို့မှာ တိုက်ပွဲမှာ ဓားသွေးသလိုမျိုး သတ်ဖြတ်လိုတဲ့အရှိန်အဝါမျိုးရှိနေသည်။
ချန်ကောရှင်းက ပိုပြီးအသေးစိတ်မေးမြန်းဖို့တွန်းအားကို ဖိနှိပ်ထားလိုက်သည်။ သူက လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ပြုံးကာ
"ခင်ဗျားသမီးကလည်း သူ့ပညာရေးမှာ အရမ်းတော်တယ်လို့ ကျွန်တော်ကြားတယ်။ သူက ကျွန်တော်တို့ခရိုင်မှာ တခါက ထိပ်တန်းကျောင်းသူ ဖြစ်ခဲ့ဖူးတယ်မလား?"
၎င်းက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ပြီးတော့ ရှောင်ကျန်းယန်ကလည်း ၎င်းကို ဖုံးကွယ်မထားပေ။
သူက ခေါင်းညိတ်ပြီးတော့
"ကျွန်တော့်သမီးက အရင်က ခရိုင်မှာ တကယ်ပဲ ထိပ်တန်းကျောင်းသူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါတွေအကုန်လုံးက အရင်ကပါ။ ဘာမှပြောဖို့မလိုတော့ပါဘူး"
ချန်ကောရှင်းက စူးစမ်းလိုစွာနဲ့
"ဒီလို ထူးချွန်ထက်မြက်တဲ့ ကလေးနှစ်ယောက်ကို ခင်ဗျား ဘယ်လိုများ ပျိုးထောင်ခဲ့တာလဲ?"
"ဟားဟား ဒါလျှို့ဝှက်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့က သူတို့ကို လွတ်လပ်ခွင့်ပဲပေးခဲ့တာပါ။ သူတို့က ကြိုးစားလုပ်ခဲ့တယ်လေ။ ဒါပါပဲ"
ရှောင်ကျန်းယန်က အရမ်းသာမန်ကာလျှံကာ ပြောလိုက်သည်။
ဖေဖေရှောင်ကလည်း ၎င်းကိုပဲ တကယ်လုပ်ခဲ့တာဖြစ်သည်။ ဒါပေမယ့်လည်း သူ့ကိုကြားတဲ့တခြားသူတွေက မယုံနိုင်ဖြစ်နေကြသည်။
ဘာလျှို့ဝှက်ချက်မှမရှိဘူးလား?
သူတို့ကို လွတ်လွတ်လက်လပ်ပျိုးထောင်ခဲ့တယ်?
ကြိုးစားခဲ့တယ်?
သူက ကြွားဖို့ ကြိုးစားနေတာလား?
***