← Chapters

ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲ ၄

Vol. 21 Ch. 359

ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲ ၄

Vol. 21 Ch. 359

အမှတ် ၁ အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး လီရွှမ်ချွမ် နဲ့ တခြားဆရာတွေက ခရိုင်ခေါင်းဆောင် တော်တော်များများက ရှောင်လင်းယဲ့ရဲ့ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲကို တက်ရောက်ဖို့ လာခဲ့ကြတာကို သိသွားကြတော့ စိတ်လှုပ်ရှားကြသလို အားကိုးရာမဲ့ဖြစ်သွားကြသည်။ သူတို့ကို ရှောင်မိသားစု ဆရာဂုဏ်ပြုစားသောက်ပွဲ လုပ်ပေးတာကိုစောင့်ဖို့ ပြောခဲ့ကြသည်။ ဒါကြောင့် သူတို့က ကျောင်းပြီးဆုံးတဲ့စားသောက်ပွဲကို မတက်ရောက်ခဲ့ကြပေ။

ဒါပေမယ့်လည်း အခု ခရိုင်ခေါင်းဆောင်တွေက ထောင်ယွမ်ရွာမှာ ရောက်နေကြသည်။ သူတို့လည်းသွားသင့်တယ်လို့ ခံစားလိုက်ရသည်။

"ကျောင်းအုပ်ကြီး ကျွန်တော်တို့ ဒီနေ့ဘာလို့သွားမှာလဲ? မနက်မန်ကျင်းပမယ့် ရှောင်မိသားစုရဲ့ ဆရာဂုဏ်ပြုစားသောက်ပွဲလုပ်ပေးတာကို ကျွန်တော်တို့ စောင့်နေတာမဟုတ်ဘူးလား?"

ဒုကျောင်းအုပ်လျိုကမေးလိုက်သည်။

"အခုပဲသွားကြရအောင်။ ခရိုင်ခေါင်းဆောင်တချို့တောင် အဲ့ဒီမှာ ရောက်နေကြပြီ။ ငါတို့သွားပြီး သူတို့နဲ့ အတူရှိဖို့လိုတယ်"

ပြီးတော့ ခရိုင်ခေါင်းဆောင်တွေက မနက်ဖြန်ဆရာဂုဏ်ပြုစားသောက်ပွဲကို တက်ရောက်မှာမဟုတ်ဘူးလေ။

ကျောင်းအုပ်ကြီးလီက စိတ်ဆုံးဖြတ်ပြီးမှတော့ တခြားဝန်ထမ်းတွေလည်း လိုက်ခဲ့ကြသည်။

ဒါပေါ့ ဆရာတွေအကုန်လုံးတော့ မသွားခဲ့ဘူးလေ။ သူတို့ထဲက တချို့တွေက မနက်ဖြန်စားသောက်ပွဲအတွက် စောင့်ကြသည်။ ဒါ့ပြင် ရှောင်မိသားစုကလည်း သူတို့ကို မနက်ဖြန်စားသောက်ပွဲအတွက် ဖိတ်ကြားပြီးပြီလေ။

ဒါကြောင့် ကုကျီယဲ့နဲ့ တခြားသူတွေ ထောင်ယွမ်ရွာကို ရောက်လာတော့ ခရိုင်ခေါင်းဆောင်တွေနဲ့အတူ အမှတ် ၁ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီးနဲ့ ဝန်ထမ်းတွေကိုလည်း မြင်လိုက်ကြသည်။

"ချီး ဆရာဂုဏ်ပြုစားသောက်ပွဲက မနက်ဖြန်မှလို့ သူတို့ပြောတာမဟုတ်ဘူးလား? ဘာလို့ ဒီနေ့အကုန်ဒီမှာရှိနေကြတာလဲ?"

ချန်းယီဖန်းက မထိန်းချုပ်နိုင်ဘဲ ကွန်ပလိန်းတက်လိုက်သည်။

"ပြီးတော့ ဒီလူတွေက မနက်ဖြန်ဆရာဂုဏ်ပြုစားသောက်ပွဲကိုရော တက်ကြဦးမှာပဲလား?"

ယွမ်ရွှမ်ဟောက်က ချန်းယီဖန်းကို တစ်ချက်ကြည့်လိုက်ပြီး 

"မင်းအဖေနဲ့ တခြားသူတွေဒီမှာရှိနေတာကို ဒီဆရာတွေ ကြားလိုက်တာဖြစ်ရမယ်။ အဲ့ဒါကြောင့် သူတို့လာကြတာ"

အမှတ် ၁ အထက်တန်းကျောင်းရဲ့ကျောင်းအုပ်တောင် ခရိုင်ခေါင်းဆောင်ကြီးတွေနဲ့ အဆက်အစပ်လုပ်ဖို့ အခွင့်အရေးသိပ်မရှိပေ။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ကျောင်းသားက သူတို့ကို ဂုဏ်ယူရအောင်လုပ်ခဲ့သည်။ ဒါကြောင့် သူတို့လာပြီး အားဖြည့်ပေးရမှာပေါ့။

ကျန်းဟိုင်ယန်က အနည်းငယ်စိုးရိမ်စွာနဲ့

"ဒီလူတွေက ရှောင်မိသားစုရဲ့ ဧည့်သည်စာရင်းထဲက မဟုတ်လောက်ဘူး။ သူတို့မှာ အစားအသောက် လုံလုံလောက်လောက်ရှိပါ့မလား?"

"ဟီးဟီး ငါ့‌အဖေနဲ့ တခြားသူတွေက အရမ်းအလုပ်များတာ။ ညစာအထိနေကြမှာမဟုတ်ဘူး

သူတို့ စကားပြောပြီးရင် ထွက်သွားကြလောက်တယ်"

ကျန်းဟိုင်ယန်က နှုတ်ခမ်းကွေးလိုက်ပြီး

"ဒါလုံးဝကြီးတော့ မမှန်ဘူး။ ချန်ယီဖန်း၊ ရှောင်လင်းယဲ့အမေပြင်ပေးတဲ့ အစားအသောက်တွေကို ငါတို့အားလုံး စားဖူးတာပဲ။ အန်တီသာစားဖိုမှုးဆိုရင် မင်းအဖေနဲ့ တခြားသူတွေ ညစာအတွက်နေကြလောက်တယ်"

ဒါ့ပြင် ရှောင်လင်းယဲ့ရဲ့အမေက အချက်အပြုတ်မှာ အရမ်းတော်လွန်းသည်။ သူမပြင်ပေးတဲ့အစားအသောက်တွေက တကယ့်ကို အရသာရှိသည်။ သူမအချက်အပြုတ်ရဲ့သွေးဆောင်မှုကို လူတော်တော်များများ မခုခံနိုင်ကြပေ။

ချန်ယီဖန်းက မသေချာမရေရာနဲ့

"မဖြစ်နိုင်ဘူး"

"သူတို့နေလိ့မ်မယ်လို့ မင်းနဲ့ အမဲသားနှစ်ထုပ်ကြေး လောင်းမယ်"

ကျန်းဟိုင်ယန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

ချန်ယီဖန်းက သွားကြိတ်လိုက်ပြီး 

"ကောင်းပြီ လောင်းတာပေါ့!"

သူ့အဖေက အရသာရှိတဲ့အစားအသောက်တွေဆီကနေ ဆွဲဆောင်မခံရပါစေနဲ့လို့ သူ့စိတ်ထဲက တိတ်တဆိတ်ဆုတောင်းနေသည်။

ကျန်းဟိုင်ယန်နဲ့ တခြားသူတွေရောက်လာတော့ ရွာက ခရိုင်ကခေါင်းဆောင်ကြီးတချို့ရဲ့ ရောက်ရှိလာမှုကြောင့် ရွာက လှုပ်လှုပ်ရှားရှားနဲ့ လန့်ဖျန့်နေကြသည်။ ဒါ့ပြင် ဧည့်သည်အများစုက ‌ကျေးလက်ပြည်သူတွေဖြစ်သည်။ သူတို့ဘဝမှာ ဘယ်တုန်းမှ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ အဆက်အစပ်မလုပ်ခဲ့ဘူးပေ။ ခရိုင်ခေါင်းဆောင်တွေက သူတို့ဘဝမှာ တွေ့ဖူးသမျှထဲမှာ အရေးအကြီးဆုံးလူတွေဖြစ်သည်။

သူတို့စိတ်တွေက စူးစမ်းလိုမှု၊ ထိတ်လန့်မှုတွေနဲ့ ကြောက်ရွံ့မှုတွေ ပြည့်နေကြသည်။ သူတို့ကို အဝေးကနေပဲ ကြည့်နေရဲကြသည်။ တစ်ချိန်ပြီးတစ်ချိန် သူတို့ခေါင်းတွေကို ငုံ့ပြီး သူတို့နောက်ကလူတွေဆီ တီးတိုးပြောလိုက်ကြသည်။

နောင်ကျရင် သူတို့တွေက ခရိုင်ခေါင်းဆောင်တွေနဲ့ စားသောက်ပွဲအတူတူတက်ခဲ့ရကြောင်း တခြားသူတွေကို ကြွားလုံးထုတ်နိုင်သည်။ ဒါပေါ့ သူတို့က ရှောင်ကျန်းယန်ရဲ့မိသားစုကိုတော့ မနာလိုဆုံးဖြစ်သည်။

သူတို့မှာ ဘယ်လို ဘုန်းတန်ခိုးတွေများ ရှိနေတာလဲ?

သူတို့သားက Imperial တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပြီး သူတို့ကိုဂုဏ်ပြုဖို့ ခရိုင်ခေါင်းဆောင်တွေတောင် လာခဲ့ကြသည်။

ရှောင်ကျန်းယန်နဲ့ သူ့မိသားစုက ခေါင်းဆောင်တွေနဲ့ တက်တက်ကြွကြွ စကားပြောခဲ့ကြသည်။ ၎င်းက ရွာသားတွေနဲ့ ရှောင်မိသားစုရဲ့ခမည်းခမက်ဘက်က ရှောင်ကျန်းယန်ကို အမှားမလုပ်သင့်ကြောင်း ခံယူချက်ကို ဖြစ်ပေါ်စေခဲ့သည်။

ဒီလူက ခရိုင်ခေါင်းဆောင်တွေနဲ့ အချိတ်အဆက်ရှိတယ်လေ။ မီးဖိုချောင်ကလည်း အချိန်ပို အလုပ်လုပ်နေပေသည်။

ချန်ကောရှင်းက ရှောင်ကျန်းယန်နဲ့ သူ့သားနဲ့ စကားပြောပြီးသွားတော့ သူက ကုန်းလူကြီးမင်းကို ကြည့်လိုက်ပြီး သိချင်စိတ်နဲ့

"ရှောင်အဖေကြီး အဲ့ဒီလူကြီးက ဒေသခံနဲ့တော့မတူဘူး။ သူက ဘယ်ကလဲ?"

အဝေးကကြည့်နေတဲ့ ရှောင်လင်းယွီက မျက်ခုံးပင့်လိုက်သည်။

'နောက်ဆုံးတော့ သူ့မှာ ဒီနေရှိနေရမယ့် တကယ့်အကြောင်းရင်း ရသွားတာပဲ။'

ပြောရရင် ချန်ကောရှင်းက အတော်လေးထက်မြက်သည်။ အကြီးအကဲကုန်းက ထူးခြားတယ်ဆိုတာကို သူက အကြည့်တစ်ချက်နဲ့တင် ပြောနိုင်သည်။

ရှောင်ကျန်းယန်က အကြီးအကဲကုန်းနဲ့ ကုန်းထျန်းဟောက်တို့ရဲ့ အထောက်အထားတွေကို သေချာမရှင်းလင်းပေ။ ဒါပေမယ့် သူတို့မှာ ဩဇာတချို့နဲ့ လွှမ်းမိုးမှုရှိတာကိုတော့ သူရေးရေးပြေနိုင်သည်။

မဟုတ်ရင် သူတို့က Zမြို့ကဖွံ့ဖြိုးတိုးတက်ရေးကုမ္မဏီကို လွယ်လွယ်ကူကူခြောက်လိုက်နိုင်မှာ မဟုတ်ဘူးလေ။

ဒါပေမယ့်လည်း ရှောင်ကျန်းယန်က လယ်သမးတစ်ယောက်ပဲဖြစ်သည်။ သူက နိုင်ငံရေးအကြောင်း သိပ်မသိပေ။

ချန်ကောရှင်းက အကြီးအကဲကုန်းအကြောင်းမေးလိုက်တော့ ရှောင်ကျန်းယန်က 

"အိုး သခင်ကြီးကုန်းကိုပြောတာလား? သူက ဒီမှာ အားပြန်ဖြည့်ဖို့ရောက်နေတာ"

"အပြင်လူတစ်ယောက်က ဒီနေရာကို အားဖြည့်ဖို့လာတယ်?"

ချန်ကောရှင်းက ထပ်ပြောလိုက်သည်။

ဒါမတိုင်ခင် ထောင်ယွမ်ရွာက နိုင်ငံထဲမှာ အဆင်းရဲဆုံးရွာဖြစ်ခဲ့သည်။ ဒီ‌နေရာမှာအ‌ခြေချဖို့ သေချာတဲ့အင်အားတချို့မရှိဘဲနဲ့တော့ အပြင်လူတစ်ယောက်က ဒီတိုင်းပြောင်းမလာနိုင်ပေ။

ရှောင်ကျန်းယန်က ခေါင်းညိတ်လိုက်ပြီးတော့

"သခင်ကြီးကုန်းက ဒေသခံမဟုတ်ပါဘူး"

သူဘယ်ကလာလဲ‌ဆိုတာကိုတော့ သူတကယ်မသိပေ။ သူ့မိသားစုက ချမ်းသာပြီး ဘော်ဒီဂတ်တွေအများကြီးရှိတယ်‌ဆိုတာကိုပဲ သူသိသည်။

ဒါပေါ့ ချန်ကောရှင်းကို မ‌ပြောလိုက်ဖို့ထိတော့ ရှောင်ကျန်းယန် လည်ဝယ်‌သေးတယ်လေ။

ရှောင်ကျန်းယန်မှာ အဘိုးကြီးကို သူနဲ့မိတ်ဆက်ပေးမယ့်ရည်ရွယ်ချက်မရှိမှန်း ချန်ကောရှင်း ကမြင်လိုက်တော့ သူဖိအားမပေးလိုက်တော့ပေ။ လူအိုကြီးက အဆင့်အတန်းတစ်ခုနဲ့ဆိုရင် လူအိုကြီးရဲ့ခွင့်ပြုချက်မပါဘဲ မိတ်ဆက်ပေးတာကိုလုပ်လိုက်ဖို့က ရှောင်ကျန်းယန်အတွက် ရိုင်းရာကျလိမ့်မည်။

ချန်ကောရှင်းက မရူးနှမ်းသေးပေ။

သူက ရှောင်လင်းယဲ့ဆီလှည့်လိုက်ပြီး

"မစ္စစတာရှောင်က Imperial တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တယ်။ အနာဂတ်မှာ မင်းအောင်မြင်လာရင် ငါတို့ဇာတိမြို့ကို မမေ့နဲ့ပေါ့ကွာ"

ရှောင်လင်းယဲ့က ပြုဲးပြီးတော့

"မမေ့ပါဘူးဗျာ! နောင်ကျရင် ကျွန်တော်တို့မြို့ကို ထောက်ပံ့ပေးဖို့ ကျွန်တော်ပြန်လာမှာပါ"

သူတို့က ဒီနေရာကို ချစ်မြတ်နိုးသည်။ ဒါကြောင့် သူတို့မှာ ၎င်းကို မြှင့်တင်နိုင်မယ့် အစွမ်းအစရှိရင် သူတို့မြှင့်တင်မှာပဲ။

"ဟုတ်ပြီ ဒါကောင်းတယ်"

ချန်ကောရှင်းက ခေါင်းညိတ်လိုက်သည်။

သူတစ်ခုခုပြောတော့မလို့မှာပဲ အမှတ် ၁ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီးက သူ့လက်အောက်ငယ်သားတွေနဲ့အတူ ရောက်လာခဲ့သည်။ ကျောင်းအုပ်ကြီးလီကို အခန်းထဲဦးဆောင်သွားကြပြီးတဲ့နောက်မှာ သူက ရှောင်လင်းယဲ့ကို မြင်လိုက်တော့ ပထမဆုံးဂုဏ်ပြုပေးလိုက်သည်။

သူက

"ကျောင်းသားရှောင်လင်းယဲ့၊ Imperial တက္ကသိုလ်ကို ဝင်ခွင့်ရပြီး Zမြို့က သိပ္ပံမှာ ထိပ်တန်းကျောင်းသားဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ဂုဏ်ပြုပါတယ်ကွာ!"

"ဒီလိုမျိုးထူးချွန်တဲ့ကလေးတစ်ယောက်ပျိုးထောင်ပေးတဲ့ ရှောင်ဖေဖေကိုလည်း ဂုဏ်ပြုပါတယ်"

"ကျေးဇူးပါ ကျောင်းအုပ်ကြီး!"

ရှောင်လင်းယဲ့က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

"ကျေးဇူးပါ ကျောင်းအုပ်ကြီး!"

ဖေဖေရှောင်က ကျောင်းအုပ်ကြီးကိုတွေ့ဖူးတာ ဒါက ပထမဆုံးအကြိမ်မဟုတ်ပေ။

သူက

"ကျွန်တော့်သားကို စောင့်ရှောက်ပေးတဲ့အတွက် ကျောင်းအုပ်ကြီးနဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ဖို့ လိုပါသေးတယ်။ ကျောင်းအုပ်ကြီးတို့ရဲ့ကြိုးစားမှုကြောင့်သာမဟုတ်ရင် ကျွန်တော့်သားက ဒီလိုထူးချွန်တဲ့ရလဒ်မျိုးကို အောင်မြင်နိုင်ခဲ့မှာ မဟုတ်ဘူး"

ရှောင်လင်းယဲ့က တကယ့်ကိုထူးချွန်သည်။ ဒါပေမယ့် လူတစ်ယောက်က ဘယ်လောက်ပဲ ထူးချွန်ထူးချွန် သူ့ကို ပြုစုပျိုးထောင်ဖို့လည်း လိုအပ်သေးသည်။

ရှောင်လင်းယဲ့ အမှတ် ၁ အထက်တန်းကျောင်းကို ဝင်သွားတည်းက သူ့ရလဒ်တွေက အမြဲတမ်း ထိပ်ဆုံးမှာပဲ ရှိခဲ့သည်။ သဘာဝကျကျကပဲ သူက ကျောင်းကနေ မြင့်မြင့်မားမားတန်ဖိုးထားခံခဲ့ရသည်။

ဖေဖေရှောင်ရဲ့စကားတွေကိုနားထောင်ရင်း ဝန်ထမ်းတွေ အရမ်းပျော်သွားကြသည်။ ပြီးတော့ ဖေဖေရှောင်က သူတို့ရဲ့ ဆောင်ရွက်မှုတွေကိုလည်း မငြင်းဆိုခဲ့ဖူးလေ။ အခု ရှောင်လင်းယဲ့လိုမျိုး အစဉ်အလာရှိသွားတော့ သူတို့အောင်မြင်မှုက နောင်ကျဂင် ပိုပြီးတောင်မြင့်တက်လာလိမ့်ဦးမည်။ တခြားဆရာတွေကလည်း ရှောင်မိသားစုကို ဂုဏ်ပြုခဲ့ကြသည်။

ကျောင်းအုပ်ကြီးလီက ချန်ကောရှင်းကိုကြည့်လိုက်ပြီး ပြုံးကာ

"ခေါင်းဆောင်ချန် ခေါင်းဆောင်တို့တွေလာမယ်မှန်း ကျွန်တော်မသိခဲ့ဘူး။ သိခဲ့ရင် ကျွန်တော် ခေါင်းဆောင်တို့နဲ့ သေချာပေါက်လာပါတယ်"

ချန်ကောရှင်းက 

"ရှင်းယင် ခရိုင်မှာ ဒီလိုမျိုးဂုဏ်သတင်းကြီးတဲ့ကျောင်းသားတစ်ယောက်ရှိတာက သိပ်ဖြစ်လေ့မရှိဘူး။ သူတို့က ကျောင်းပြီးဆုံးတဲ့စားသောက်ပွဲတစ်ခုလုပ်နေတယ်လို့ ငါကြားလိုက်တယ်လေ။

ဒါကြောင့် မစ္စစတာရှောင်ကို ဂုဏ်ပြုပေးဖို့ ငါတို့လာခဲ့ကြတာ"

"ဟားဟား ဒါအမှန်ပဲ! ကျွန်တော်တို့က အကြောင်းရင်းတူတူနဲ့ လာကြတာပဲ"

ကျောင်းအုပ်လီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ရှောင်ကျန်းယန်က ဒီလူတွေကိ ထိုင်ခုံမှာ ထိုင်စေလိုက်ပြီး 

"ကျောင်းအုပ်ကြီးလီ ထိုင်ပါဦး"

စားပွဲတစ်လုံးမှာ ထိုင်နေတာ လူဆယ်ယောက်ရှိသည်။

ချန်ကောရှင်း ရဲ့အုပ်စုရယ်၊ ကျောင်းအုပ်လီရဲ့အုပ်စုရယ်နဲ့ ရှောင်ကျန်းယန် ဘိုးဘိုးရှောင်‌တို့တွေနဲ့ စားပွဲက ပြည့်နေပေပြီ။

ကျောင်းအုပ်ကြီးလီထိုင်လိုက်ပြီးတော့ ချန်ကောရှင်းက သူအစောက မေးချင်တာကို စဉ်းစားခဲ့သည်။ သူက

"ရှောင်အဖေ၊ ခင်ဗျားတို့မိသားစုက သိပ်မကြာခင်တုန်းက ထောင်ယွမ်ရွာရဲ့တောင်တွေကို ကြိုငှားခဲ့တယ်လို့ ကျွန်တော်ကြားတယ်"

***

All Chapters