← Chapters

အခန်း (၃၂၀)

Vol. 22 Ch. 320

အခန်း (၃၂၀)

Vol. 22 Ch. 320

စကား ပြော၍မပြီးခင်မှာပဲ သူသည် ဖန်းဟန်ကို လှမ်းကာ ကြည့်ရှုပြီး မေးမြန်းလိုက်သည်။ “ဖန်းဟန်... မင်း တန်ဖိုးကြီးတဲ့ ရတနာတွေ ပိုင်ဆိုင်တယ် မဟုတ်လား။ စောဏတုန်းက အင်ပါယာတစ်ယောက်ကိုတောင် သတ်ဖြတ်ခဲ့သေးတယ်လေ။ ဒီတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ပစ္စည်းကောင်း တွေ ရှိနေမှာပဲ။ မင်း ငါတို့နဲ့ ပူးပေါင်းလိုက်လေ။ မင်းရဲ့ဘိုးဘေး ချန်ခဲ့တဲ့ အမွေအနှစ်တွေကို အပြင်လူတွေလက်ထဲ ရောက်သွားတာမျိုး မဖြစ်စေချင်ဘူး မဟုတ်လား။

ဒီလို လုပ်ရအောင်။ မင်းခုဏတုန်းက ယူခဲ့တဲ့ အရာအားလုံးကို ပြန်ပြီး ထုတ်ပေးလိုက်။ မင်းရဲ့ ဘိုးဘေး ချန်ခဲ့တဲ့ အမွေအနှစ် နေရာကို နန်းဆောင်သခင်ဆီကနေ ဝယ်ယူပြီးပြီ ဆိုတာနဲ့ ငါမင်းကို ကျိန်းသေပေါက် ကူညီပေးမယ်။ ပြီးတော့ အစစ်အမှန် အင်မော်တယ် အမွေအနှစ်တွေကို မျက်စိကျနေတဲ့လူတွေ အားလုံးကိုလည်း ငါကူညီပြီးတော့ ဖြေရှင်းပေးမယ်”

ဖန်းဟန် “...”

အခွင့်အရေးတစ်ခုကို ဝယ်ယူရန်အတွက် တစ်ဖက်လူသည် သူ့ကဲ့သို့သော ဂျူနီယာတစ်ယောက်နှင့်ပင် တွက်ကပ်လျက် ရှိ၏။

အနီးအနားတွင် ရှိနေသည့် အောင်းရွှမ်သည် ဒေါသထွက်သည့် အမူအရာဖြင့် လှမ်းကာ ကြည့်ရှုနေမိသည်။

“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက နှစ်သန်းချီ သမိုင်းကို ပိုင်ဆိုင်ခဲ့တဲ့ ဂိုဏ်းတစ်ခုလေ။ ဘာတစ်ခုမှ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ နဂါးကလန် အနေနဲ့ အစစ်အမှန် အင်မော်တယ်ရဲ့ အမွေအနှစ်ကို ဝယ်ယူနိုင်တယ်ဆိုရင် ဘာကိစ္စ ခင်ဗျားတို့နှစ်ယောက်ကို ခေါ်သွားရမှာလဲ” အောင်းရွှမ်သည် ထူးမခြားနားသလို ပြောဆိုလိုက်၏။

“အဟမ့် အဟမ့်”

မုန့်ရှင်းကျီသည် ထပ်မံကာ ချောင်းဟမ့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်က အကြင်နာတရား ကင်းမဲ့တာမျိုး မဟုတ်ပါဘူး။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းတိတိ ကျုပ်ပေးမယ်။ ဘယ်လိုလဲ”

“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်း ဟုတ်လား။ အင်း... ခင်ဗျားက သူတောင်းစား သာသာပဲ” အောင်းရွှမ်က နှာခေါင်းရှုံ့လိုက်၏။

အစစ်အမှန် အင်မော်တယ် အမွေအနှစ်ဆိုသည်မှာ တကယ့်ကို တန်ဖိုးကြီးမားလွန်းလှ၏။ မုန့်ရှင်းကျီ၏ စကားသည် မှန်ကန်လွန်းလှသည်။ နန်းဆောင်သခင်ဆီမှ အခွင့်အရေးကို ဝယ်ယူသည့်အချိန်တွင် အနည်းဆုံး အဆင့်တူပစ္စည်းတစ်ခုကို ပေးအပ်ရန် လိုအပ်နေ၏။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကို ပေးအပ်ခြင်းဆိုသည်မှာ ဘာမှ မဟုတ်ချေ။

“နဂါးကလန်ထဲမှာ အစစ်အမှန် အင်မော်တယ်ပစ္စည်းဆိုတာ ဘာတစ်ခုမှ မရှိဘူး။ ဒီအခွင့်အရေးကို ကျုပ်တို့ ဝယ်ချင်တယ်ဆိုရင် နဂါးကလန် အနေနဲ့ တကယ့်ကို ကြီးကြီးမားမား ထိခိုက်မှာပဲ။ ပြီးတော့ ဒီလောကထဲမှာ အဲအမွေအနှစ်က ရှိလား၊ မရှိဘူးလား။ ပေါ်လာလား၊ မပေါ်လာဘူးလားဆိုတာ ဘယ်သူမှ အာမခံနိုင်တာ မဟုတ်ဘူး။ တခြားသူတွေက အကျိုးအမြတ်တွေ ရသွားမယ်ဆိုရင်... အထူးသဖြင့် ခင်ဗျား မုန့်ရှင်းကျီ။ ခင်ဗျားက ကပ်စေးကုတ်ပဲ။ ခင်ဗျားကို ကျုပ်က ယုံကြည်ဖို့ခက်တယ်” အောင်းရွှမ်သည် ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုလိုက်၏။

“ကျုပ်... ကျုပ်ဆီမှာ ဘာမှ မရှိလို့ပါ”

မုန့်ရှင်းကျီ၏ မျက်နှာတစ်ခုလုံးသည် နာကျင်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်လျက် ရှိ၏။ သို့ပေမဲ့ သူသည် စကားကို ဆုံးအောင် မပြောဆိုလိုက်ရချေ။ ဖန်းဟန်သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

“စီနီယာကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လွင့်မျောတိမ်တောင်ရဲ့ အင်ပါယာကို စီနီယာ သတ်ဖြတ်ပစ်လိုက်တဲ့အချိန်မှာ အင်ပါရီယာလက်နက်တစ်ခုနဲ့ အင်ပါယာတစ်ယောက်ရဲ့ နတ်ဘုရားဝိညာဉ်ကို သိမ်းဆည်းထားသေးတယ် မဟုတ်လား”

ဤစကားစုများ ထွက်ပေါ်လာသည့် အချိန်မှာတော့ အခန်းတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်ကြ၏။

မုန့်ရှင်းကျီသည် အံကို ကြိတ်လျက်ရှိ၏။ သူသည် ဒေါသထွက်မိနေ၏။ သို့ပေမဲ့ အကူအညီမဲ့သလို ခံစားနေမိသည်။

ဤအရာသည် နန်းဆောင်သခင်ဆီမှ နတ်ဘုရားရွှေ မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်းကို ဝယ်ယူရန် စီစဉ်ထားသည့် အရာပင် ဖြစ်၏။ ယခု ဖန်းဟန်ကြောင့် ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဖန်းဟန်သည်သာ ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသည် မဟုတ်ပါက သူသည် ချက်ချင်းပဲ ဖန်းဟန်ကို ဝင်ရောက်ကာ တိုက်ခိုက်မိမှာ သေချာ၏။

တခြားဘေးတစ်ဖက်တွင် ရှိနေသည့် ဖန်းဟန်သည်လည်း အကူအညီမဲ့သလို ခံစားနေမိ၏။ သူသည် သူ၏ဘိုးဘေး ချန်ထားခဲ့သည့် အမွေအနှစ်များကို တခြားသောသူများနှင့် မမျှဝေချင်သော်လည်း ထိုအမွေအနှစ်များသည် သူတစ်ယောက်တည်း ယူဆောင်နိုင်သည့် အရာများ မဟုတ်ချေ။ သူ့အတွက် ရွေးချယ်ခွင့် မရှိပေ။ ကျောက်စိမ်းပြား ၏ အကူအညီကို ရယူနိုင်သည်ဆိုသော်လည်း ထိုအရာသည် တော်ဝင်အင်ပါယာတစ်ယောက်၏ ထိပ်ဆုံးအဆင့် အားအင်ကို ခဏတာ ရရှိခြင်းပင် ဖြစ်၏။ အင်ပါယာအဖွဲ့လိုက်ကြီးကို တိုက်ခိုက်ဖို့ ဆိုသည်မှာ သူအတွက် မည်သို့မှ မဖြစ်နိုင်သည့် အရာပင် ဖြစ်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းတွင်တော့ အပြာရောင်မြင်ကွင်း တစ်ခုသည် လီယွင်၏ အရှေ့တွင် တည်ရှိလို့ နေခဲ့၏။ ထိုအပေါ်တွင် စာရင်းနှစ်ခု တည်ရှိ၏။ ထိုနှစ်ခုလုံးတွင် နာမည်တစ်ခုတည်းသာလျှင် ဖြစ်၏။ ထိုအရာသည် ပြိုင်ဘက်ကင်း အလှအပစာရင်းသာလျှင် ဖြစ်၏။

ထိုစာရင်းသည် သူ၏စိတ်ထဲတွင် ရှိနေသည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်၏။ သူသည် ကျင့်ကြံခြင်းလောက ထဲ၌ လှပလွန်းသည့် အမျိုးသမီး မည်မျှရှိသည်ကို တကယ်ပင် သိချင်လွန်းနေ၏။ တစ်စုံတစ်ယောက် အနေဖြင့် ကျင့်ကြံခြင်းလောကထဲတွင် လှပသည့် မိန်းကလေးတစ်ယောက်ကို တွေ့ရသည်ဆိုခြင်းမှာ သဘာဝပင် ဖြစ်သည် ဆိုသော်လည်း ပြစ်မျိုးမှဲ့မထင်ဆိုသော အလှအပတရားမျိုးကို မြင်ရဖို့ဆိုသည်မှာ တကယ်ပင် ရှားပါးလွန်းလှသည်။

လက်ရှိ အခြေအနေမှာတော့ လူပေါင်းများစွာတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သို့ လာရောက်ခဲ့ပြီးပြီ ဖြစ်၏။ သူသည် ထိုစာရင်းကိုသာ ထုတ်လွှင့်လိုက်သည်ဆိုပါက အားလုံးသောသူတို့သည် ဗြောင်းဆန်အောင် ဆွေးနွေးကြမှာ သေချာ၏။

ထို့အပြင် အားလုံးသောသူတို့၏ အလှအပနှင့် ပတ်သက်သော စံချိန်စံညွှန်းသည် တူညီလှသည် မဟုတ်ချေ။ လူသားမျိုးနွယ်များ၏ အလှအပ စံချိန်စံညွှန်းအား မွန်းစတားနှင့် တခြားမျိုးနွယ်များ၏ အလှအပ စံညွှန်းထဲတွင် ထည့်သွင်းတွက်ချက်ရန်ဆိုသည်မှာ ခက်ခဲလွန်းလှသည်။

အဘယ်ကြောင့်ဆိုသော် မွန်းစတားကလန်အတွင်းတွင် တချို့သော ကျင့်ကြံသူများသည် ၎င်းတို့၏ မျိုးနွယ်စုအလိုက် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြသည် ဆိုသော်လည်း လူသားတစ်ယောက်၏ အသွင်အပြင်ပုံစံမျိုးကို ပြောင်းလဲနိုင်စွမ်း ရှိနေ၏။

အထူးသဖြင့် အောင်းရွှမ်ပင် ဖြစ်သည်။ အောင်းရွှမ်သည် အင်ပါယာတစ်ယောက် ဖြစ်လာပြီးသည့်နောက် ၎င်း၏ ဦးခေါင်းထက်တွင် ကြီးမားလှသည့် နဂါးဦးခေါင်းကြီးကို အစဉ်အမြဲ တပ်ဆင်ထားခဲ့၏။ ထို့ကြောင့် သူ့အား ကြည့်ရှုရမည်ဆိုလျှင် နဂါးဦးခေါင်းနှင့် လူခန္ဓာကိုယ်ကို တွဲဖက်မြင်ရပေလိမ့်မည်။ သို့သော်ငြား ထိုနဂါးဦးခေါင်းကြီးကြောင့် နဂါးများသည် ၎င်းအား နဂါးအင်ပါယာဟု ချက်ချင်း သိရှိကာ ရိုရိုသေသေ ဆက်ဆံကြရသည်။

သို့ပေမဲ့ ထိုအရာသည် နဂါးကလန် အတွင်းမှာသာ ကြီးမားလှသည့် ဂုဏ်သိက္ခာတရားကို ဖြစ်စေ၏။ တခြားသော လူသားလောကဆီသို့ သွားသည်ဆိုပါက ကလေးများသည် ၎င်းကို မြင်လိုက်သည်နှင့် တပြိုင်နက် ချုံးပွဲချ ငိုကြွေးကျမှာ သေချာ၏။

ထို့အပြင် ပိုမိုအရေးကြီးသည့် အရာတစ်ခုကလည်း တည်ရှိ၏။ လူတော်တော်များများတို့၏ ခန္ဓာကိုယ်သည် တိကျသေချာသည့်အရာမျိုး မဟုတ်ချေ။ ကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ယောက်၏ အသွင်အပြင် အမူအရာကို ပြောင်းလဲခြင်းဆိုသည်မှာ ထမင်းစား၊ ရေသောက်သကဲ့သို့ပင် တကယ်ပင် လွယ်ကူလွန်းလှ၏။ ထို့ကြောင့် သေသေချာချာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်သည်။

“ငါက လူသားမျိုးနွယ်က။ ဒီတော့ လူသားမျိုးနွယ်ရဲ့ အလှအပ စံချိန်စံညွှန်းကို သေသေချာချာ ထည့်သွင်းစဉ်းစား နေစရာ မလိုဘူး။ သိပြီးသား အကြောင်းအရာပဲလေ” လီယွင်သည် တီးတိုးပြောဆိုလိုက်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏သခင် ဖြစ်သော်လည်း သူသည် လူသားမျိုးနွယ်ဖြစ်သည်မို့ မွန်းစတားမျိုးကလန်များ ၏ အလှအပ စံချိန်စံညွှန်းကို စဉ်းစားရသည်မှာ တကယ်ပင် ခက်ခဲနေ၏။

မွန်းစတားများသည် အပြင်ဘက်သို့ ထွက်ခွာသည့် နေရာတွင် လူသားတစ်ယောက်၏ ဟန်ပန် အသွင်သဏ္ဍာန်မျိုးကို ပြောင်းလဲတတ်ကြ၏။ ထိုကဲ့သို့သော ပြောင်းလဲတတ်သည့် အသွင်သဏ္ဍာန်များသည် တစ်ခုနှင့်တစ်ခု မတူညီကြချေ။ တူညီသည့်အရာမှာ မွန်းစတားမျိုးနွယ်များသည် မည်သို့သော ပုံပန်းသွင်ပြင်ကို ပြောင်းပြောင်း ကိုယ့်ကိုယ်ကိုယ် လှပသည်ဟု တွက်ချက်ထားခြင်းပင်။

တချို့သော မွန်းစတား မိန်းကလေးများသည် အပြင်ဘက်သို့ ထွက်သည့်နေရာတွင် လှပသည့် မိန်းကလေး တစ်ယောက်၏ အသွင်သဏ္ဍာန်မျိုး ဖန်တီးတတ်သော်လည်း ၎င်းတို့၏ ဖင်တွင် အမြီးများ တည်ရှိနေတတ်၏။ ထိုအရာသည် လူသားမျိုးနွယ်၏ စံချိန်စံညွှန်းအရဆိုလျှင် လက်သင့်မခံသင့်သည့် အရာပင် ဖြစ်လေ၏။ အမြီးရှိသော မိန်းကလေးတစ်ယောက်အား မည်သို့သော လူသားမျိုးနွယ် အမျိုးသား တစ်ယောက်က ကြိုက်နှစ်သက်မည်နည်း။

“အင်း... ပုံပန်းသွင်ပြင်ဆိုတာ အမြဲတမ်း ပြောင်းနေတာလေ”

လီယွင်သည် မေးစေ့ကို ပွတ်သပ်ကာဖြင့် စဉ်းစားလျက် ရှိနေလေ၏။ ဤနေရာတွင် ကန့်သတ်ချက် တချို့ကို ထည့်သွင်းရန် လိုအပ်နေသည်ဟု သူက ထင်မှတ်မိ၏။ အလှအပတရားဆိုသည်မှာ ထာဝရ မပြောင်းလဲနိုင်သည့် အရာပင် ဖြစ်ရပေမည်။ မဟုတ်ပါက ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် မိတ်ကပ်နံ့များ ဖုံးလွှမ်းသွားမှာ သေချာလေ၏။

“အသွင်သဏ္ဍာန်၊ အားအင်အဆင့်၊ အလားအလာ ဒီအရာသုံးခုကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လိမ့်မယ်နဲ့ တူတယ်” လီယွင်က စဉ်းစားလိုက်သည်။

ပြိုင်ဘက်ကင်း အလှအပစာရင်းတွင် အလှအပ သီးသန့်ကိုသာ ထည့်သွင်းထားသည် ဆိုပါက အားလုံးသော သူတို့၏ စိတ်ဝင်စားမှုကို ရရှိမည် မဟုတ်ပေ။ တန်ဖိုးလည်း မရှိလှပေ။ အလှအပ တစ်ခုတည်းသာ ဆိုပါက ထို လှပပါသည်ဆိုသော မိန်းကလေးများကို မိစ္ဆာကျင့်ကြံသူများက ပစ်မှတ်ထားကြပေလိမ့်မည်။

“မွန်းစတားအိုတွေနဲ့ လူငယ်ပါရမီရှင်တွေအတွက် သက်သက်ခွဲထားဖို့ လိုသေးတယ်” လီယွင်သည် တီးတိုး ရေရွတ်လိုက်မိသည်။

များပြားလှသည့် ကန့်သတ်မှုနှင့် အခြေအနေများအကြောင်းကို သူ၏စိတ်ထဲ၌ တွေးတောလျက် ရှိနေတုန်းမှာပဲ လူနှစ်ယောက်တို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်ဆီမှ အသာလှမ်းလျှောက် ဝင်ရောက်လာခဲ့၏။

All Chapters