အခန်း (၃၂၃)
Vol. 22 Ch. 323
"ဘာကိုဆိုလိုတာလဲ စီနီယာ"
ရန်ကျန့် က မေးမြန်းလိုက်၏။ သူသည် ကျောက်စိမ်းပြားကို ကြည့်ရှုပြီးသည့်နောက် အပေါ်တွင် ကန့်သတ်ချက်တစ်ချို့ရှိကြောင်း သိလိုက်မိ၏။ သူ၏ သိချင်စိတ်များအား မည်သို့မှ မဖိနှိပ်နိုင်တော့ချေ။
"ဒါက ပူပေါင်းဆောင်ရွက်ရမဲ့ အရာပဲ"
လီယွင်သည် ရန်ကျန့်ကို ကြည့်ရှုပြီးနောက် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။ "ကျောက်စိမ်းလေဟာနယ်နန်းတော်က အစစ်အမှန်အင်မော်တယ် နန်းတော်ရဲ့ အမွေအနှစ်တွေကို အပြည့်အဝ တတ်နိုင်မှာ မဟုတ်ဘူးလေ။ မင်းတခြားသူတွေနဲ့ ပူးပေါင်းသင့်တာကို နားလည်တယ်မလား"
"တခြားသူတွေနဲ့ ပူပေါင်းရမယ် ဟုတ်လား"
ရန်ကျန့်သည် တွန့်ခနဲ ဖြစ်သွားမိ၏။ သူသည် စီနီယာ၏ ရည်ရွယ်ချက်ကို နားလည်လာမိ၏။ အခွင့်အရေးအတွက် တခြားသူများနှင့် ပူးပေါင်းရန် ပြောဆိုနေခြင်းပင်။
အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်သည် ကျောက်စိမ်းလေဟာနယ် နန်းတော်မှ ပိုင်ဆိုင်သည့် အရာမဟုတ်သောကြောင့် အောက်နယ်မြေသို့ ဆင်းသက်မလာခင်ကတည်းက ကြမ်းတမ်းလှသည့် တိုက်ပွဲများကို တိုက်ခိုက်ရလိမ့်မည် ဖြစ်ကြောင်း နားလည်ပြီးဖြစ်သည်။ ထို့အပြင် အစစ်အမှန်အင်မော်တယ်၏ အမွေအနှစ်တစ်ခု ပေါ်ပေါက်လာခြင်းမှာ ကိစ္စသေးလေးတစ်ခု မဟုတ်ပေ။ တိုက်ပွဲတွင် အင်ပါယာများပင် ပါဝင်လာနိုင်သည်။
သို့ပေမဲ့ တခြားသောသူများနှင့် သတင်းအချက်အလက်ကို ပေါင်း၍ ဝယ်ယူရမည်ဆိုလျှင် မည်သို့ဖြစ်မည်မှန်း သေချာမသိချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူပြီးနောက် တဖက်လူများသည် သူ့အား အသာစီး ရယူလျှင် မည်သို့လုပ်မည်နည်း။ ဆုံးရှုံးမှုကြီး ဖြစ်ပေါ်စေနိုင်၏။
ထို့အပြင် မည်သူမှ သတင်းအချက်အလက်ကို မဝယ်ယူပါက အစစ်အမှန်အင်မော်တယ်၏ အမွေအနှစ်သည် ထွက်ပေါ်မလာတော့ဘူးလား။ လက်ရှိအချိန်မှာတော့ ရန်ကျန့်သည် ထိုအရာကို အဖြေရှာမရနိုင်ခဲ့ချေ။
ဤအမွေအနှစ်သည် ဖန်းဟန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း မဟုတ်ချေ။ သူ၏ရှေ့တွင် ရှိနေသော စီနီယာခန်းဆောင်သခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။ တစ်ဖက်လူမှ ထွက်ပေါ်လာစမ်းဟု ပြောလိုက်လျှင် အမွေအနှစ်သည် ထွက်ပေါ်လာရမည့် သဘောပင် ဖြစ်နေ၏။ သူ့အနေဖြင့် ပိုက်ဆံများကို အသုံးပြုပြီး အမွေအနှစ် ထွက်ပေါ်မလာပါက မည်သို့လုပ်ရမည်နည်း။
"စိတ်ချထား"
လီယွင်သည် လက်ကို ယမ်းခါလိုက်၏။ ပြီးနောက် လေဟာနယ်ထဲကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ခိုတွဲလာခဲ့၏။ သူက မှတ်ချက်ပေးလိုက်သည်။
"အစစ်အမှန် အင်မော်တယ်ရဲ့ အမွေအနှစ်တွေက မကြာခင် ပေါ်လာလိမ့်မယ်"
အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်နှင့် ပတ်သက်သော သတင်းသည် ကောင်းကင်မူလလောကကြီးထဲတွင် ပြန့်နှံ့ခြင်း မရှိသေးလျှင်တောင်မှ ခရမ်းရောင် နက်နဲလောကကြီးထဲမှ လူတော်တော်များများကတော့ သိရှိပြီးသား ဖြစ်၏။
ထို့ပြင် မြေအင်မော်တယ်လောကမှ ရောက်ရှိလာသူတိုင်းသည် သူ့ကဲ့သို့ ကွာစီအင်ပါယာအဆင့် နောက်လိုက် ခေါ်လာနိုင်သည် မဟုတ်ချေ။ နိမ့်ပါးသည့် ကျင့်ကြံခြင်း အဆင့်နှင့် ကျင့်ကြံသူများလည်း ပါဝင်လျက် ရှိသည်။
အစစ်အမှန် အမွေအနှစ်သည် ခရမ်းရောင် နက်နဲလောကကြီး တစ်ခုလုံးကိုပင် မွေနှောက်သွားခဲ့သည်။ မြေအင်မော်တယ် လောကမှ လူများ ကောင်းကင်မူလလောကသို့ ဦးတည်ကာ ရောက်ရှိလာသည်ကို ကြည့်ရှုလိုက်သည်နှင့် ခရမ်းရောင် နက်နဲလောကမှ အင်ပါယာများသည် ငြိမ်ငြိမ်သက်သက် ထိုင်နေကြမည် မဟုတ်ကြချေ။
၎င်းတို့သည် ရန်ကျန့်နှင့် တခြားသူများအတိုင်း လိုက်ပါလိုပါက ကျိန်းသေပါက် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ လာရမှာ သေချာ၏။ ထိုသို့ဆိုလျှင် အစစ်အမှန် အင်မော်တယ် အမွေအနှစ်အတွက် အားလုံးသော သူတို့သည် လိုလိုချင်ချင်နှင့် ငွေကြေးများကို ပေးအပ်မှာ သေချာ၏။
လီယွင်သည် သူ၏ သိစိတ်ကို ဖြန့်ကျက်ကာဖြင့် နယ်မြေနှစ်ခု၏ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ များပြားလှသော ဂိုဏ်းအသီးသီး နှင့် စွမ်းအားမြင့် ကျင့်ကြံသူတို့သည် တည်နေရာကို ဖြတ်သန်းကာဖြင့် ရောက်ရှိလာကြပြီ ဖြစ်၏။ ထိုသူများကြားထဲတွင် အင်ပါယာတိုင်ကဲ့သို့သော ခရမ်းရောင် နက်နဲနယ်မြေ၏ အင်ပါယာလည်း ပါဝင်လျက် ရှိနေ၏။ ၎င်းသည် ကောင်းကင်မူလလောကကြီး၏ အလယ်ဗဟိုသို့ ရောက်အောင် ဦးတည်လာနေသည်။
ခရမ်းရောင် နက်နဲနယ်မြေမှ တချို့သော မွန်းစတားအိုကြီးများသည် အခြေအနေကို ကြည့်ရှုပြီးသည့်နောက် စွမ်းအားမြင့် ကျင့်ကြံသူများနှင့်အတူ လိုက်ပါလာခဲ့၏။
လီယွင်သည် သူ၏ အသိစိတ်ကို ပြန်လည်ကာ ရုတ်သိမ်းပြီးသည့်နောက် သူ့ဆီသို့ ကောင်းကင်လျှို့ဝှက်အမှတ်များ ရောက်ရှိလာတော့မည်ကို သိရှိပြီး ဖြစ်၏။ သူ၏ စိတ်သည် ပိုမိုကာ ပေါ့ပါးလာခဲ့၏။ လက်တစ်ချက်ကို ဝေ့ယမ်းပြီးသည့်နောက် ရန်ကျန့်၏ လက်ထဲတွင် ရှိနေသော ကျောက်စိမ်းပြားကို လက်ညိုးညွှန်ကာ ပြောလိုက်သည်။
"လျှို့ဝှက်ချက်တွေက ဒီမှာပဲ။ အမွေအနှစ် ပေါ်လာတာနဲ့ ဒီကျောက်စိမ်းပြားပေါ်က စည်းကန့်သတ်ချက်တွေက သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မယ်။ ဒါပေမဲ့ ရနိုင်တဲ့ သတင်းအချက်တွေကတော့ ဘယ်လောက်ပေးမလဲ ဆိုတာအပေါ် မူတည်လိမ့်မယ်"
ထိုစကားစုကို ကြားလိုက်ရသည့် အချိန်မှာတော့ ရန်ကျန့်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူသည် စိတ်ပူပန်မိနေ၏။ သတင်းအချက်အလက်များ ဝယ်ယူပြီးသည့်နောက် အမွေအနှစ်များ ထွက်ပေါ်မလာမည်ကို စိုးရိမ်မိခြင်းပင်။
နှစ်ပေါင်းတစ်သိန်းကျော်သည်အထိ အမွေအနှစ် တည်နေရာ ပေါ်မလာခဲ့ပါက သူဝယ်ခဲ့သည့် ကျောက်စိမ်းပြားကို အသုံးပြုရလိမ့်မည် မဟုတ်ချေ။ သူ၏ မျိုးဆက်သစ်များ အတွက်သာ ချန်ထားနိုင်ပေလိမ့်မည်။
"စီနီယာ သင့်တော်တဲ့ တန်ဖိုးကို ပေးအပ်နိုင်ရင် သတင်းအချက်အလက်ကို ရရှိနိုင်တာပေါ့။ တကယ်လို့ အဲဒီ သတင်းအချက်အလက်က ဂျူနီယာလိုချင်တဲ့ အရာမဟုတ်ဘူးဆိုရင်ရော …."
လီယွင်သည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ "အင်း မင်းလိုချင်တာ ဖန်းကလန် ဘိုးဘေးရဲ့ ကျင့်ကြံခြင်း နည်းစနစ်မလား"
လီယွင်၏ နက်နဲသည့် မျက်လုံးအကြည့်များသည် တစ်စုံတစ်ယောက်၏ စိတ်ကို ထိုးဖောက်မြင်နေရသကဲ့သို့ပင်။ တဖက်လူ၏ အတွေးများသည် လီယွင်၏ ရှေ့မှ မလွတ်မြောက်နိုင်ခဲ့ချေ။
“ဟားဟား ….”
လီယွင်သည် အသာရယ်ကာဖြင့် ထပ်ပြောလိုက်၏။ "တကယ်လို့ အမွေအနှစ် တည်နေရာထဲမှာ အစစ်အမှန် အင်မော်တယ်အဆင့်ကို ချိုးဖျက်နိုင်ဖို့ အသိအမြင်တွေ ရှိနေမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ။ "
ရန်ကျန့်၏ အမူအရာသည် အေးခဲသွားခဲ့၏။ သူသည် ဝိညာဉ်တစ်ကောင်ကို မြင်ရသကဲ့သိုပင် တုန်လှုပ်သွားမိ၏။ အစပိုင်းတုန်းက အဆင့်နိမ့်နယ်မြေသို့ ဆင်းသက်လာရခြင်းသည် သူ၏ ဘိုးဘေးအမိန့်ကြောင့်သာ ဖြစ်၏။ မထင်မှတ်ထားစွာဘဲ သူ၏ရှေ့တွင် ရှိနေသော နန်းဆောင်သခင်သည် သူဘာလုပ်ချင်သည်ကို အစမှအဆုံးအထိ သေသေချာချာ ပြောပြလျက် ရှိနေလေသည်။
"လိုချင်တဲ့ အချက်အလက်တွေကို ကျုပ်ပေးနိုင်တယ်။ ဒါပေမဲ့ လုံလောက်တဲ့ တန်ဖိုးမရှိရင်တော့ ဘာတွေကို နားလည်နိုင်မလဲ ကျုပ်မသိဘူး"
ပြောပြီးသည့်နောက် လီယွင်သည် တိတ်ဆိတ် ငြိမ်သက်သွား၏။ ထိုအစား လက်ထဲတွင် ရှိနေသော ရေနွေးခွက်ကိုသာ မော့သောက်လိုက်၏။ သူသည် ရန်ကျန့်ဆီမှ တုံ့ပြန်လာမည့် စကားကို စိတ်ရှည်ရှည်နှင့် စောင့်မျှော်နေ၏။
"နတ်သားတော်"
သတ်လတ်ပိုင်း လူတစ်ယောက်သည် ရှေ့သို့ တက်လာပြီးသည့်နောက် ရန်ကျန့်ကို ပြောလိုက်သည်။ "ကျုပ်တို့ ဘယ်လို ဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးတာ ပိုကောင်းမယ်ထင်တယ်"
ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲ၌ နန်းဆောင်သခင်၏ သတိပြုမှုအောက်မှ ဘယ်အရာမှ မလွတ်မြောက်နိုင်ချေ။ သူတို့ အသံပို့လွှတ်ကာ ပြောဆိုနေလျှင်တောင်မှ တဖက်လူသည် သေသေချာချာ သိရှိနေပေလိမ့်မည်။ ထို့အပြင် သူသည် သူ၏နတ်သားတော်နှင့် ပတ်သက်၍ တကယ်ပင် စိုးရိမ်နေမိ၏။ လက်ရှိအချိန်တွင် နန်းသားတော်သည် စိတ်အားတက်ကြွလွန်းနေသောကြောင့် မိသားစု၏ ပိုင်ဆိုင်သမျှကို ထုတ်ယူကာဖြင့် ဝယ်ယူလိုက်မည်ကို သူက စိုးရိမ်မိခြင်းပင်။ သတင်းအချက်အလက်ဆိုသည်မှာ သူ၏ မျက်လုံးထဲတွင် အချက်အလက်တစ်ခုသာ ဖြစ်၏။ ဘာမှသိပ်ပြီး အသုံးမဝင်လှချေ။
လက်ရှိအချိန်မှာတော့ လီယွင်သည် ဘာတစ်ခုမှ ထပ်၍ မပြောတော့ချေ။ သူ့အနေဖြင့် တစ်ဖက်လူကို လွတ်လွတ်လပ်လပ် ဝယ်ယူခွင့် ပေးအပ်ထား၏။ ထို့အပြင် တစ်ဖက်လူများသည် ကောင်းကင်မူလလောကကြီး၏ သန္ဓေလောကသားများ မဟုတ်သောကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာ မည်မျှရှိသည်ကို မသိရှိချေ။ သိရှိချိန်မှာတော့ ၎င်းတို့၏ ဆုံးဖြတ်ချက်အတွက် နောင်တရနေပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် တန်ဖိုးသည် နှစ်ဆမြင့်တက်သွားမှာ ဖြစ်သောကြောင့်ပင်။
ရန်ကျန့်သည် လက်ကို အသာမြောက်လိုက်၏။ သူ၏ အကြည့်များသည် စိတ်ဆုံးဖြတ်ပြီးသားဖြစ်ပုံပေါ်၏။ လက်ထဲတွင် ခေါက်ယပ်တောင်ကို အသာကိုင်ပြီးသည့်နောက် တခြားလက်ဖြင့် ထိုင်ခုံလက်ရန်းကို စည်းချက်ကျကျ ခေါက်လျက် ရှိနေ၏။ အသက်ရှုချိန် အနည်းငယ် ကြာပြီးသည့်နောက် သူသည် ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်လိုက်ပုံပေါ်၏။ သူက ညွှန်ကြားလိုက်၏။ "အင်း …. စီနီယာအစ်ကိုတွေကို သွားပြီးတော့ သတင်းပို့လိုက်တော့။ သူတို့ရဲ့ အရင်းအမြစ်တွေကို ယူခဲ့။ လက်နက်တွေနဲ့ အသက်ကယ်အဆောင်တွေကလွဲလို့ ကျန်တာ ကျုပ်ဆီကို ယူခဲ့တော့"
“ဘာ …..”
သက်လတ်ပိုင်းလူသည် တုန်လှုပ်သွားမိ၏။ ကျောက်စိမ်းလေဟာနယ် နန်းတော်ထဲတွင် လူပေါင်းများစွာ တည်ရှိသည်။ ထိုသူများထဲတွင် သက်တမ်းအရ နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူများလည်း ပါဝင်လျက် ရှိသည်။
ရန်ကျန့်ပြောဆိုသည့် စီနီယာအစ်ကိုများ ဆိုသည်မှာ ကျောက်စိမ်းလေဟာနယ် နန်းတော်၏ တိုက်ရိုက်တပည့်များ မဟုတ်ကြချေ။ သို့ပေမဲ့ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် သည် တော်ဝင်သူတော်အဆင့်တွင် ရှိနေသည် ဖြစ်သောကြောင့် ၎င်းတို့၏ ချမ်းသာမှုသည် တကယ်ပင် ပေါကြွယ်ဝ၏။ ယခု နတ်သားတော်သည် အားလုံးသော သူတို့ဆီမှ ပစ္စည်းများကို ယူဆောင်လာရန် အမိန့်ပေးလျက် ရှိနေ၏။ ၎င်းတို့၏ နတ်သားတော်သည် သတင်းအချက်အလက်ကို ဝယ်ယူရန် စိတ်ဆုံးဖြတ်ချက် ချလိုက်ပြီလား။ သတင်းအချက်အလက် ဝယ်ယူခြင်းကို သူသည် ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ အမွေအနှစ်တည်နေရာ ထွက်ပေါ်လာမှ အချက်အလက်သည် ကြည့်ရုံသာ တတ်နိုင်သည့် အရာမျိုး ဖြစ်နေ၏။ အချိန်ရောက်၍ အချက်အလက်များ မှားယွင်းနေပါက မည်သို့လုပ်မည်နည်း။ သို့ပေမဲ့ သူသည် သူ၏ အတွေးများကို ထုတ်ဖော်ကာ မငြင်းရဲချေ။ ထိုသို့ဆိုလျှင်တောင်မှ သူ၏ မျက်နှာသည် သူ့အား သစ္စာဖောက်လျက် ရှိနေ၏။