← Chapters

အခန်း (၃၂၈)

Vol. 22 Ch. 328

အခန်း (၃၂၈)

Vol. 22 Ch. 328

“ဟမ်”

မုန့်ရှင်းကျီ၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွား၏။ သူသည် ဖြည်းညှင်းစွာဖြင့်‌ ခေါင်းကို အသာလှည့်ပြီးနောက် အောင်းရွှမ်ကို အကူအညီမဲ့စွာဖြင့် လှမ်းကြည့်လိုက်၏။ သတင်းအချက်အလက် မေးမြန်းနိုင်မှုသည် ကုန်ဆုံး သွားခဲ့ပြီဖြစ်၏။ သူ့၌ ရွေးချယ်ခွင့် မရှိတော့ချေ။ တစ်ဖက်လူကိုသာ အားကိုးရတော့မည် ဆိုသည့် အကြည့်နှင့် ကြည့်ရှုနေမိသည်။

အောင်းရွှမ်သည် နားလည်၏။ ထို့ကြောင့် တွန့်ဆုတ်မနေတော့ဘဲ လက်ဝါးကို ဖြန့်လိုက်၏။ ရှေးအော်ရာများ ထွက်ပေါ်နေသည့် ရိုးရှင်းလှသော စာအုပ်တစ်အုပ်သည် လီယွင်၏ အရှေ့ဆီသို့ ရောက်ရှိသွား၏။ အောင်းရွှမ်သည် လေးလေးနက်နက် မေးလိုက်၏။ “စီနီယာ.. ပြီးရင် ထွက်လာမယ့် လူတွေအကြောင်းကို ကျုပ်ကို သတင်ပေးပါအုံး”

“ကောင်းပြီ”

လီယွင်သည် ရှေးစာအုပ်ကို လှမ်းယူပြီးသည့်နောက် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုလိုက်၏။ အင်ပါရီယာကျမ်းစာ တစ်ခုဖြစ်ပြီး အင်ပါရီယာတစ်ယောက်၏ အတွေးအမြင်များ ပါဝင်လျက် ရှိနေ၏။ များပြားလှသည့် အဆင့်များအကြောင်း နားလည်သလို ရေးသားထားသည့် အရာဖြစ်၏။ တန်ဖိုးအရ ပြောရမည်ဆိုလျှင် ပြည့်စုံလှသည့် အင်ပါရီယာ ကျမ်းစာတစ်ခုထက်ပင် သာလွန်လျက် ရှိနေလေသည်။

သူသည် လက်ဝါးကို အသာမြှောက်ပြီးသည့်နောက် အလင်းတန်းတစ်ခုသည် ပျံသန်းသွားခဲ့၏။ ထိုအရာသည် အောင်းရွှမ်၏ လက်ထဲသို့ ကျရောက်သွားခဲ့၏။ အင်မော်တယ် အမွေအနှစ်ထဲမှ အစဉ်လိုက် ထွက်လာမည့် လူများ ၏ သတင်းသည် ထိုအထဲတွင် ပါဝင်လျက် ရှိနေ၏။

“အစစ်အမှန် အင်မော်တယ် အမွေအနှစ်ထဲက ထွက်လာမယ့်လူတွေက ဒီလူတွေပဲ။ တချို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီး တချို့ကတော့ ကောင်းကောင်းမွန်မွန် ပြန်လာလိမ့်မယ်။ ခင်ဗျား ဘာလုပ်မလဲဆိုတာ ကိုယ်ဘာကိုယ် ဆုံးဖြတ်ပေါ့” လီယွင်သည် အမှတ်မထင် ပြောဆိုလိုက်သည်။

“ကျေးဇူးပါပဲ စီနီယာ”

အောင်းရွှမ်သည် ပါဝင်သည့် အကြောင်းအရာများကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ပျော်ရွှင်သွားမိ၏။ အသေးစိတ် အချက်အလက်များကို အကြမ်းဖျင်း ဖတ်ရှုပြီးသည့်နောက် သူသည် မုန့်ရှင်းကျီကို ကျောက်စိမ်းပြားအား လှမ်းပေးလိုက်၏။

ဤအကြံအစည်သည် မုန့်ရှင်းကျီ၏ အကြံအစည်ပင် ဖြစ်၏။ ထို့ကြောင့် အစီအရင်များကို ချမှတ်ရာတွင် ကျွမ်းကျင်လှသည့် မုန့်ရှင်းကျီသည် လှုပ်ရှားတိုက်ခိုက်ရာတွင် လိုအပ်မည့် လူမျိုးပင် ဖြစ်ပေ၏။ ဟုတ်ပေသည် သူ့အနေနှင့် ယခင်တုန်းက ပြုလုပ်ခဲ့သည့် ယန်ရှို၏ နည်းလမ်းကိုတော့ လက်လျော့ပေးလိမ့်မည် မဟုတ်ချေ။

ထို့အပြင် စီနီယာ ပြောဆိုသလိုပင် နောက်ထပ် တစ်နာရီ ကြာမြင့်ပြီးသည့်နောက် အစစ်အမှန် အင်မော်တယ် အမွေအနှစ်၏ တည်နေရာသည် ပေါ်ပေါက်လာတော့မည် ဖြစ်၏။ ် လက်ရှိ နဂါးကလန်၏ ခေါင်းဆောင်သည် မကြာခင် ရောက်ရှိလာပေလိမ့်မည်။ ရောက်ရှိလာသည်နှင့် တပြိုင်နက် အောင်းရွှမ်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ ဝင်စေပြီး အခွင့်အရေးများ ဝယ်ယူရန် စေခိုင်းရပေမည်။

စီနီယာ၏ လမ်းညွှန်ချက်ကို ရရှိသည်ဆိုပါက ကျိန်းသေပေါက် ကံကောင်းခြင်းတရားကို ပိုင်ဆိုင်နိုင်မှာ သေချာ၏။ မုန့်ရှင်းကျီနှင့် ပူးပေါင်းလိုက်မည်ဆိုပါက ဖန်းဟန် မတိုင်မီပင် ထွက်လာနိုင်စွမ်း ရှိပေလိမ့်မည်။ ၎င်းတို့နှစ်ယောက် ပူးပေါင်းပြီး လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားမှ အကြောင်းအရာများအတိုင်း စီမံဆောင်ရွက်နိုင်မည်ဆိုပါက နောက်ဆုံး အသက်ရှင်လျက် ထွက်လာနိုင်မည့်လူသည် အောင်းရွှမ်ဆိုသည့် နာမည်နှင့်လူ ဖြစ်ပေလိမ့်မည်။

“စီနီယာ... စီနီယာကို လမ်းညွှန်ပြသပေးဖို့အတွက် အကူအညီတောင်းချင်တဲ့ အကြောင်းအရာလည်း ရှိပါသေးတယ်”

တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် ဖန်းဟန်သည် အရှေ့ဆီသို့ လှမ်းတက်လာ၏။ သူ၏ မျက်လုံးများသည် ဘေးတစ်ဖက်တွင် ရှိနေသည့် အင်ပါယာနှစ်ယောက်ကို ဝှေ့ကြည့်လိုက်၏။

“ကောင်းပြီ”

လီယွင်သည် ခေါင်းညိတ်ပြီး လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့ သည် မတုံ့ပြန်နိုင်သေးခင်မှာပဲ နန်းဆောင်၏အပြင်သို့ ရောက်ရှိသွားသည်။

“စီနီယာ”

“သူငယ်ချင်းလေးဖန်း”

မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့၏ အမူအရာများသည် ပျက်ယွင်းသွားခဲ့တော့သည်။ ဘာတွေ ဖြစ်နေသနည်း။ ဖန်းဟန်သည် သူတို့နှစ်ယောက် မသိအောင် မည်သည့် သတင်းအချက်အလက်ကို ဝယ်ယူချင်နေသနည်း။

“တောင်းပန်ပါတယ် စီနီယာနှစ်ယောက်” ဖန်းဟန်သည် တီးတိုးပြောဆိုလိုက်၏။

သူသည် အမှန်ပင် အားနည်းလွန်းလှချေသည်။ မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် သူနှင့် ပူးပေါင်းခြင်းသာ မပြုလုပ်သည်ဆိုပါက အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာထဲ၌ သူ၏ အလားအလာသည် ကောင်းလိမ့်မည် မဟုတ်ချေ။ သူ၏အသက် လုံခြုံစေရန်အတွက် သူ့အနေနှင့် သတိထား ဆောင်ရွက်ရမည့် အကြောင်းအရာများ ရှိနေသည်။

ထို့အပြင် အင်ပါယာများ၏ မျက်လုံးထဲတွင် သူသည် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ပင် သေးငယ်လွန်းလှ၏။ တစ်ဖက်လူများကို စီမံအကွက်ချထားရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် ဤအင်ပါယာ နှစ်ယောက်တို့သည် ကြင်နာသနားတတ်သည့် လူများမဟုတ်ကြပေ။ အထူးသဖြင့် မုန့်ရှင်းကျီပင် ဖြစ်၏။ သူပိုင်ဆိုင်သည့် ကောင်းမွန်သော အရာများကို အစဉ်အမြဲ မျက်စောင်းထိုးလျက် ရှိနေ၏။

“စီနီယာ... ဂျူနီယာ အနေနဲ့ ဘိုးဘေးချန်ခဲ့တဲ့ အမွေအနှစ်တွေထဲမှာ ဘယ်အမွေအနှစ်ကို ရနိုင်မလဲဆိုတာ သိချင်ပါတယ်” ဖန်းဟန်က ပြောဆိုလိုက်၏။ ပြီးနောက် တံခါးပေါက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သည် ကာကွယ်တားဆီးထားသည် ဖြစ်သောကြောင့် ပြင်ပမှလူများသည် သူ့ကို မမြင်ရချေ။ သို့ပေမဲ့ အပြင်ဘက်မှ လူများကို သူ့အနေနှင့် သေသေချာချာ ကြည့်ရှုနိုင်စွမ်းတော့ ရှိနေသည်။

တစ်ချက်လောက် ကြည့်ရှုပြီးသည့်‌နောက် သူသည် ခေါင်းကို အသာလှည့်ကာ ပြောလိုက်၏။ “ဂျူနီယာ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလား”

အစစ်အမှန် အင်မော်တယ် အမွေအနှစ်များကို မည်သူ ရရှိမည်နည်းကို သူက မမေးခဲ့ချေ။ ထိုအစား မည်ကဲ့သို့ အသက်ရှင်လျက် ထွက်ခွာလာနိုင်မည် ဆိုသည့် အကြောင်းကို မေးမြန်းမိသည်။ စီနီယာသည်သာ သူ့ကို သေသေချာချာ လမ်းညွှန်ပြသသပါက မည်သည့် အခက်အခဲမှ မရှိဘဲ အောင်မြင်မှာ သေချာသည်။

“အင်ပါရီယာ ပစ္စည်းတစ်ခု” လီယွင်က ပြောဆိုလိုက်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် ဆွံ့အလျက် ရှိနေ၏။ တော်ဝင်အင်ပါယာ နှစ်ယောက်ဖြစ်သော သူတို့သည် ဂျူနီယာတစ်ယောက်၏ အကွက်ချခြင်းကို ခံလိုက်ရ လေသည်လား။ ဤအတိုင်းဆိုပါက သူတို့၏ ဂုဏ်သိက္ခာများကို မည်သည့်နေရာတွင် သွား၍ ထားရမည်နည်း။

“ဖန်းဟန်က ဘယ်လို သတင်းအချက်အလက်တွေကို ဝယ်ချင်တာလဲ” မုန့်ရှင်းကျီက လေးလေးနက်နက် မေးမြန်းလိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ မျက်တောင်ပင် မခတ်ဘဲ ကြည့်ရှုနေမိသည်။ အထဲတွင် ရှိနေသည့် အရာများကို လှမ်းကာ ကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် ရလဒ်သည် သူ့အား စိတ်ပျက်စေခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် တခြားသော လောကဆီသို့ ရောက်ရှိနေသကဲ့သို့ပင်။ သူတို့ရှေ့တွင် ရှုပ်ထွေးလှသည့် မြင်ကွင်းကြီး တစ်ခုသာ တည်ရှိလို့နေပြီး တော်ဝင်အင်ပါယာ တစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ သူသည် အထဲသို့ မြင်နိုင်စွမ်း မရှိချေ။

“သူ ကျုပ်တို့ကို အကွက်ချချင်တာလား”

အောင်းရွှမ်၏ အမူအရာသည်လည်း ပျက်ယွင်းသွားခဲ့၏။ သူသည် နဂါးအင်ပါယာတစ်ယောက်ဖြစ်ပြီး သက်တမ်းတလျှောက် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ခဲ့သူပင်။ စီနီယာ နန်းဆောင်သခင်မှလွဲလျှင် မည်သူမှသည် သူ၏ ယှဉ်ပြိုင်ဘက်ဟု သတ်မှတ်ထားသူ မဟုတ်ချေ။ ထို့ကြောင့် သူ၏ မျက်လုံးထဲတွင် ဖန်းဟန်ကဲ့သို့ လူတစ်ယောက်ကို မည်ကဲ့သို့ ထားမည်နည်း။

သို့ပေမဲ့ ဖန်းဟန်သည် စီနီယာဆီမှ သတင်းအချက်အလက်ကို ဝယ်ယူခဲ့သည် ဖြစ်သောကြောင့် အရာအားလုံးသည် ပြောင်းလဲကောင်း ပြောင်းလဲသွားပေလိမ့်မည်။

“မဟုတ်သေးဘူး” မုန့်ရှင်းကျီက စဉ်းစားလိုက်မိ၏။ ဖန်းဟန်၏ လှည့်ကွက်ကို တခြားသောသူများ မသိရှိသော်လည်း သူက ကောင်းကောင်း သိရှိ၏။ ကျောက်စိမ်းလည်ဆွဲကို ကိုင်ဆောင်ထားသည်ဖြစ်ပြီး တစ်ကြိမ် အသုံးပြုပြီးပြီ ဖြစ်သောကြောင့် နှစ်ကြိမ် အသုံးပြုရန် ကျန်ရှိနေ၏။ သူ့အနေနှင့် ဖန်းဟန်ကို ရန်မပြုချင်ဘူး ဆိုသော်လည်း ဖန်းဟန်အနေဖြင့် သူတို့ကို စတင်ကာဖြင့် အကောက်ချလိမ့်မည် မဟုတ်ဟု ယုံကြည်နေမိ၏။ ထို့အပြင် ကျောက်စိမ်းလည်ဆွဲသည် အကြိမ်ရေ အကန့်အသတ်ဖြင့်သာ အသုံးပြု၍ ရသည်ဖြစ်၏။ ထိုအရာသာ ကုန်ဆုံးသွားမည်ဆိုပါက တစ်ဖက်လူသည် သူတို့၏ ညှာတာမှုကို တောင်းခံရမည့် လူမျိုးပင်။

“ဒါပေမဲ့ အင်မော်တယ် အမွေအနှစ် တည်နေရာထဲမှာ တစ်စုံတစ်ခု ကျိန်းသေပေါက် ပြုလုပ်လိမ့်မယ်” မုန့်ရှင်းကျီ သည် တိကျသေချာစွာဖြင့် ပြောဆိုလိုက်၏။ ဖန်းဟန်၏ တည်ရှိမှုသည် လက်ရှိ အခြေအနေ၌ တကယ့်ကို အရေးပါ အရာရောက်လို့နေသည်။

အင်မော်တယ် အမွေအနှစ် တည်နေရာထဲမှ ထွက်ခွာလာသည့် အချိန်တွင် သူတို့အား တစ်စုံတစ်ခု လှည့်ကွက် ပြုလုပ်ချင်နေပုံပေါ်၏။ ဖန်းဟန်ဆီမှတဆင့် အစစ်အမှန် အင်မော်တယ် အမွေအနှစ်၏ လျှို့ဝှက်ချက်များ အားလုံးကို ရယူနိုင်သည်ဆိုပါက သူတို့အနေနှင့် ကြီးမားသည့် အကျိုးအမြတ်ကို ရရှိပေလိမ့်မည်။

“အင်း... ထွက်လာတဲ့ အချိန်ကျရင် ကျုပ်တို့အားလုံး နားလည်သွားမှာပဲ” အောင်းရွှမ်သည် အမှတ်မထင် ပြန်လည်ကာ ပြောဆိုလိုက်၏။

“သူက ပြောပြလိမ့်မယ်လို့ ခင်ဗျား ထင်လို့လား”

မုန့်ရှင်းကျီသည် ဘေးတစ်ဖက်ဆီသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။ “ကျုပ်ကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့။ အင်မော်တယ် အမွေအနှစ် တည်နေရာထဲမှာ ခင်ဗျားအနေနဲ့ ဖန်းဟန်ကို သွားပြီးတော့ ပြဿနာမရှာတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် ခံစားသွားရလိမ့်မယ်”

“ဟမ့်... ကျုပ်က နဂါးအင်ပါယာပါ။ လောကမှာရှိတဲ့ ရန်သူအားလုံးကို ဖိနှိပ်နိုင်တယ်။ ဘယ်လိုဖြစ်ပြီး ဂျူနီယာ တစ်ယောက်ကို ကြောက်ရမှာလဲ” အောင်းရွှမ်သည် မုန့်ရှင်းကျီ၏ စကားကို ဂရုမစိုက်လှချေ။ ခေါင်းကို အသာ လှည့်ကာဖြင့် မနီးမဝေး တည်နေရာဆီသို့ လှမ်းကာ ကြည့်လိုက်၏။

သက်လတ်ပိုင်းလူတစ်ယောက်သည် မြန်မြန်ဆန်ဆန်ဖြင့် ရောက်ရှိလာခဲ့ပြီး အလောတကြီး အမူအရာဖြင့် ဦးညွတ် ဂါရဝပြုသည်။ “အောင်းခွန်က ဘိုးဘေးကို ဂါရဝပြုပါတယ်”

အောင်းရွှမ်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ရပ်လျက် ရှိနေပြီး ထူးမခြားနားသလိုပင် ခေါင်းညိတ်ပြ လိုက်၏။ သူသည် အရှေ့တွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ “အထဲကလူ ထွက်လာပြီဆိုတာနဲ့ မင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်လိုက်။ ပြီးရင် ငါပြောသလိုလုပ် နားလည်လား”

“အောင်းခွန် နားလည်ပါတယ်” သက်လတ်ပိုင်းလူက ဦးညွတ်လိုက်သည်။

“ကောင်းပြီ” အောင်းရွှမ်သည် သူ၏ ကြီးမားလှသော နဂါးဦးခေါင်းကြီးကို သဘောတကျဖြင့် ပွတ်လျက်ရှိနေ၏။ သူ၏ စိတ်ကူးထဲတွင် ရှိနေသည့် ရေတွက်လို့ မရအောင် များပြားလှသည့် အကြံအစည်များသည် လက်ရှိ အခြေအနေတွင် အကောင်အထည်ပေါ်တော့မည်။

သူ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့တွင် မတ်မတ်ရပ်ကာ ဂုဏ်ယူဝံ့ကြွားလျက် ရှိနေတုန်းမှာပဲ ဖန်းဟန်သည် ရဲရဲတင်းတင်း လှမ်းလျှောက်ကာ ထွက်ခွာလာခဲ့တော့၏။

“ထွက်လာပြီလား” အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့၏ အမူအရာက ပြောင်းလဲသွား၏။ အချိန်သည် တိုလွန်းလှ၏။ ကြည့်ရသည်မှာ ဖန်းဟန်သည် သတင်းအချက်အလက် တော်တော်များများကို ဝယ်ယူခဲ့သည့်ပုံ မပေါ်ပေ။

တချိန်တည်းမှာပဲ လီယွင်သည် ဖန်းဟန်ကို နှုတ်ဆက်လိုက်၏။ ပြီးနောက် မတ်တပ်ကာဖြင့် စနစ်ကို လှမ်းကာ ပြောလိုက်၏။

“စနစ်... ဖန်းဟန်ရဲ့ ဘိုးဘေးချန်ခဲ့တဲ့ အမွေအနှစ်တွေကို ဝယ်ယူလိုက်”

All Chapters