← Chapters

ပစ်မှတ်အထားခံရခြင်း

Vol. 19 Ch. 255

ပစ်မှတ်အထားခံရခြင်း

Vol. 19 Ch. 255

ဝီ ...

မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်က ချက်ချင်း အသက်ဝင်သွားကာ မိန်းမပျို၏ ကိုယ်ပေါ်တွင် လျှပ်စီးများ တဖျတ်ဖျတ် လင်းလက်လာသည်။

လောထျန်းကမူ အောက်မှ သားရဲကြီးကို ငုံ့ကြည့်ကာ အရောင်တောက်နေသော မျက်လုံးများဖြင့် တအံ့တသြ ရေရွတ်၏။

" ဝိုး .. အဲ့လိုကိုး .. "

သို့သော် .. ထိုအချိန်မှာပင် ..

ဝီ ...

လှေပျံကြီးပေါ်မှ  တိုက်ခိုက်ရေးလက်နက်ဖြစ်သည့် လှံကြီးက အလင်းတန်းတစ်ခုအဖြစ် စုစည်းသွားသည်။

ထို့နောက်တွင်မူ ..

ဘုန်း ..

လှံကြီးက သားရဲကြီးဆီသို့ ချက်ချင်း တိုးဝင်သွား၏။ ၎င်းမှာ အော်သံကျယ်ကြီး ပေးကာ လွင့်စင်ထွက်သွားတော့သည်။ ထို့နောက်တွင်မူ မည်သည့် လှုပ်ရှားမှုကိုမှ  ထပ်မမြင်ရတော့ပေ။

" ဟင် .. ဒီသားရဲကြီးက ချက်ချင်း အသတ်ခံလိုက်ရတာလား "

လှေကုန်းပတ်၏ လက်ရန်းကို ကိုင်ကာ အောက်သို့ ငုံ့ကြည့်နေသော လောထျန်းက ရေရွတ်လိုက်သည်။

" အန္တရာယ်ကို ရှင်းထုတ်ပြီးသွားပြီမို့ အားလုံး မူလအတိုင်း ပြန်သွားလာလို့ ရပါပြီဗျာ "

ယွိဖုန်းဂိုဏ်းမှ လူတစ်ယောက်က အပြုံးဖြင့် ဆိုလိုက်သည်။

အားလုံးမှာ ထိုအချိန်မှသာ စိတ်သက်သာရာ ရပြီး သက်ပြင်း ချနိုင်သွားကြ၏။

တဖက်မှ လောထျန်းကမူစိတ်ပျက်နေသည့် မျက်နှာထားဖြင့် ရှိနေသည်။

စိတ်လှုပ်ရှားစရာ တစ်စုံတစ်ခုကို မြင်ရတော့မည်ဟု သူ တွေးထားခဲ့သော်လည်း မည်သည့်အရာမှ ဖြစ်မလာသဖြင့် သူ အနည်းငယ် စိတ်ပျက်နေသည်မှာ မဆန်းချေ။

ထို့နောက် .. သူ နောက်လှည့်၍ ထွက်သွားရန် ပြင်လိုက်စဥ်မှာပင် .. တစ်ယောက်ယောက်က သူ့အား ကြည့်နေသလို ရုတ်တရက် ခံစားလိုက်ရ၏။

သူ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သော အခါတွင်မူ မိုးကြိုးနတ်ဘုရားခန္ဓာကိုယ်နှင့် မိန်းမပျိုက သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

သို့သော် ..လောထျန်း လှည့်ကြည့်လာသည်ကို မြင်သည်နှင့် မိန်းမပျိုက မျက်နှာလွှဲသွားကာ သူ့အား လျစ်လျူရှူထားတော့၏။

လောထျန်းမှာလည်း ထိုကိစ္စကို သိပ်ဂရုမစိုက်လှသဖြင့် သူ့အခန်းသို့သာ အေးအေးလူလူ ပြန်သွားလိုက်သည်။

" ဧည့်သည်လေး ၊ ခုနက ဘာလို့ အပြင်ထွက်သွားတာလဲဗျ "

ယွိဖုန်းဂိုဏ်းမှ လူက လောထျန်း ပြန်လာသည်ကို မြင်သောအခါ စိုးရိမ်ဟန်ဖြင့် မေးလာ၏။

" သြော် .. ဒီတိုင်း အပန်းဖြေရအောင်ပါ "

လောထျန်းက မထူးခြားဟန်ဖြင့် ပြန်ပြောသည်။

တဖက်လူက ခေါင်းယမ်းကာ ပြော၏။

" ဧည့်သည်လေးကို ကျုပ် ပြောသားပဲဗျာ ။ အပြင်မှာက အန္တရာယ်များလွန်းတယ်ဗျ ။ နောက်တစ်ခေါက် အပြင်ထပ်မထွက်ပါနဲ့တော့ဗျာ ။ အထူးသဖြင့် ဒီည အခန်းထဲမှာပဲ နေပါ "

" ဒီည .. ဟုတ်လား ၊ ဒီညက ဘာဖြစ်မှာမို့လဲ "

လောထျန်းက တဖက်လူအား ကြည့်လိုက်သည်။

" အင်း .. ဒီညမှာ ကျုပ်တို့တွေ အန္တရာယ်များတဲ့နေရာတွေကို ဖြတ်သွားရမှာဗျ ။ ဒီတော့ ဧည့်သည်လေး ဘေးကင်းလုံခြုံဖို့အတွက် အခန်းထဲမှာပဲ မဖြစ်မနေ နေရမယ် "

ထိုလူက အလေးနက် ပြောလိုက်သည်။

လောထျန်းက သူ့ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှသာ ခေါင်းညိတ်လိုက်၏။

" ကောင်းပါပြီ၊ ကျုပ် သဘောပေါက်ပြီ "

ထိုသို့ ပြောပြီးကြသည်နှင့် တဖက်လူက လှည့်ထွက်သွားလိုက်သည်။ သို့သော် ..လောထျန်းကမူ သူ့စကားကို ဤမျှ အလေးနက် မထားဘဲ အေအေးလူလူသာ ရှိနေပြီး မုန်တိုင်းဓားသိုင်းကွက်ကိုသာ ဆက်လေ့ကျင့်နေ၏။

" အင်း .. ကိုယ့်ကိုကိုယ် ပိုအစွမ်းနိမ့်သွားအောင် ဘယ်လို လုပ်ရပါ့ "

သူ့မျက်နှာ တည်သွားကာ အလေးအနက် စဥ်းစားလိုက်သည်။

“ငါ့မှာလည်း သောက်ကြမ်းကြီးဖြစ်နေရတဲ့ ဒုက္ခကလည်း မသေးလိုက်တာ”

အခြားသူများက ပိုအစွမ်းထက်လာအောင် ကြိုးစား လေ့လာနေကြချိန်တွင် အစွမ်းနိမ့်လာအောင် လုပ်ရန် ဦးနှောက်ခြောက်ခံပြီး စဥ်းစားနေသူဆို၍ သူတစ်ယောက်တည်းသာ ရှိနိုင်ပါသည်။

ဤသို့ဖြင့် မကြာမီမှာပင် နေရောင်လုံးဝ ပျောက်ကွယ်သွားပြီး အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာ၏။

ယွိဖုန်းဂိုဏ်းမှ လူက လောထျန်းအား စားသောက်ဖွယ်ရာများ ယူလာပေးသည်။ထိုစားစရာများကို တစ်ကိုက် ကိုက်လိုက်ရုံဖြင့် လောထျန်း မျက်မှောင်ကြုံ့သွား၏။

အဘယ့်ကြောင့်ဆိုသော် ထိုအစားအသောက်များထဲတွင် အဆိပ်ခတ်ထားသောကြောင့်ပင် ။

" တစ်ယောက်ယောက်က ငါ့ကို အဆိပ်ခတ်ထားပါလား ။ ငါ ဘယ်သူဆိုတာများ ပေါ်သွားလို့လား ။ မဟုတ်သေးဘူး ၊အဲ့လိုဆိုရင် ဒီလောက် အားပျော့တဲ့ အဆိပ်မျိုးကိုတော့ သုံးမှာ မဟုတ်ဘူး ။ ယွိဖုန်းဂိုဏ်းက တစ်ယောက်ယောက်များလား ... "

မည်သို့ ဖြစ်ပျက်နေသည်ကို လောထျန်း အနည်းငယ် ရိပ်မိသွားကု မျက်မှောင်ပိုကြုံ့သွားသည်။

" အင်း .. ကြည့်ရတာ ငါက ပိုက်ဆံတွေအများကြီး သုံးပြီး အခန်းကောင်းကို ယူလိုက်လို့ ငါ့ကို အာရုံစိုက်မိသွားကြတာနဲ့ တူတယ် "

" ဟား ဟား ... ငါ့ကို သေကြောင်းကြံတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့ကွာ "

လောထျန်းက ထိုသို့တွေးကာ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ ထို့နောက် အဆိပ်ခတ်ထားသည့် အစားအသောက်များကို ကုန်သွားသည်အထိ ဆက်စားနေလိုက်၏။

ထိုအဆိပ်များမှာ  သူ့အစာအိမ်ထဲသို့ ဝင်သွားပြီးသည်နှင့် ကောင်းကင်ဘုံကျင့်စဥ်၏ အစွမ်းကြောင့် ချက်ချင်း အငွေ့ပျံသွားသဖြင့် သူ့ကို မည်သို့သော အန္တရာယ်မှ မပေးနိုင်ပါချေ။

ဤသို့ဖြင့် တခဏအတွင်းမှာပင် ညသန်းခေါင်ယံအချိန်သို့ ရောက်လာခဲ့သည်။

ရုတ်တရက် .. တံခါးအပြင်ဘက်မှ လူသံ တရှပ်ရှပ်ကို လောထျန်း ကြားလိုက်ရ၏။

" ဟေ့ .. မြန်မြန်လုပ်ကွ ၊ အချိန်ဆွဲမနေနဲ့ "

တစ်ယောက်က ပြောလိုက်သည်။

" ရှူး ..... မင်းအသံကို တိုးထားစမ်းပါ ။ တခြားသူတွေ နိုးသွားမယ်ကွ "

အခြားတစ်ယောက်က ပြန်ပြော၏။

" ဟေ့ကောင် .. ဒီ နံပါတ် ၃ အခန်းက တခြားအခန်းတွေနဲ့ အဝေးဆုံးမှာ သီးသန့် ရှိနေတာကွ ။ ဘယ်သူက ကြားမှာလဲ "

ပထမလူက မကျေမနပ် ပြန်ပြောသည်။

" အထဲက သိုးဝကြီး ရှိသေးတယ်လေကွာ ၊ သူ ကြားသွားရင် ဘယ်လိုလုပ်မလဲ "

တဖက်လူကလည်း ပြန်ရန်တွေ့၏။

သူ့စကား ဆုံးသည်နှင့် ပထမလူ၏ ရယ်သံကျယ်ကြီး ထွက်လာသည်။

" သူလား ကြားမှာ .. ဟား ဟား ..အဲ့ကောင်လေးက ခုချိန်လောက်ဆို သေတောင် သေနေလောက်ပြီကွ "

" ဟင် ... ဘယ်လို .. "

" ငါ သူ့ရဲ့ ညစာထဲမှာ သေစေလောက်တဲ့ အဆိပ် ခပ်ထားတာကွ ။ ငါ ပြန်ထွက်မလာခင် သူ စားနေတာကိုလဲ ငါ့မျက်လုံးနဲ့ သေချာ မြင်ခဲ့တာ။ ခုချိန်လောက်ဆို အဲ့အဆိပ်ကြောင့် သေနေလောက်ရောပေါ့ "

ပထမလူက ပြောလိုက်သည်။

" မင်းက တော်တော်တော့ ဉာဏ်ပြေးသားပဲ "

ရယ်သံကျယ်ကြီး တစ်သံ ထပ်ထွက်လာပြန်၏။

လောထျန်းကမူ ထိုအချိန်တွင် နိုးနေပြီ ဖြစ်ပါသည်။ ညဘက်ဖြစ်သည့်အတွက် အပြင်ဆူညံသံများလည်း သိပ်မရှိလှရာ သူတို့နှစ်ယောက်ကြားမှ စကားဝိုင်းကို သူ သေချာရှင်းရှင်းလင်းလင်းပင် ကြားနေရ၏။

" သူတို့တွေပဲ "

လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။

ထိုအချိန်မှာပင် ..

ကျွီ ...

တံခါးပွင့်သွားပြီး လူနှစ်ယောက် ဝင်လာ၏။

ထိုနှစ်ယောက်မှာ အခန်းထဲသို့ ရောက်သည်နှင့် လောထျန်းအား တွေ့သွားပြီး ထိတ်လန့် တုန်လှုပ်သွားကြသည်။

" ဟင် .. ဘယ်လိုလုပ်ပြီး .. မင်း .. မင်း ဘာမှ မဖြစ်ဘူးပေါ့ "

သူတို့ထဲမှ တစ်ယောက်က တအံ့တသြ ပြောလိုက်သည်။

ထိုလူမှာ လောထျန်းအား အပြင်မထွက်ရန်မှာပြီး စားစရာများကို ယူလာပေးသည့် တစ်ယာက်ပင် ။

လောထျန်းက သူ့ကို ပြန်စိုက်ကြည့်ကာ ပြော၏။

" ဒါဆို .. မင်းတို့ အပြင်မှာ ပြောနေခဲ့ကြတဲ့ သိုးဝကြီးက ငါပေါ့ "

" မင်းက အားလုံး ကြားလိုက်တာလား "

တဖက်လူ အလွန်ထိတ်လန့်သွားသည်။

သို့သော် ချက်ချင်း ဆိုသလိုပင် သူ တံခါးအား ကန်ပိတ်လိုက်၏။ သူ့မျက်နှာထက်တွင်လည်း ရက်စက်ယုတ်မာသည့် အပြုံးတစ်ခု ပေါ်လာသည်။

" ကောင်လေး ၊ မင်းက ဘယ်လိုကြောင့်မို့ အဆိပ်မိပြီး မသေလဲဆို လာ ငါ နားမလည်တာ အမှန်ပဲ ။ ဒါပေမယ့် ခုလိုတောင် ဖြစ်လာမှတော့ အဲ့ဒါက အရေးမကြီးတော့ဘူး "

" မင်းက စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် ပဲ ရှိတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာတောင် တော်တော်လေး မောက်မာတာပဲကွ ။ ခု လှေပျံပေါ်မှာလဲ ကောင်းကင်ဘုံအဆင့် အခန်းတောင် ယူလိုက်သေးတယ်။ ဒီတော့ မင်းကိုမှ မသတ်ရင် စိတ်စွမ်းအင် ကျောက်တုံးတွေအပေါ်ကို မတရားရာ ကျသွားမှာပေါ့ကွာ "

ထိုလူက ပြောပြီးသည်နှင့် လောထျန်း၏ ဟင်းလင်းပြင်လက်စွပ်အား လောဘတက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထိုလူများမှာ လောထျန်း လှေပေါ်သို့ စတက်လာစဥ်ကတည်းက ပစ်မှတ်ထားကြံစည်ခဲ့ကြမှန်း သိသာပါသည်။

" ယွိဖုန်းဂိုဏ်းက အဲ့လိုတွေ တကယ်ကြီး လုပ်တယ်ပေါ့ ။ မင်းတို့တွေက တော်တော်ကန်းကြတာပဲ "

လောထျန်းက အေးစက်စက် ပြောလိုက်သည်။

တဖက်လူက အပြုံးဖြင့် ပြန်ပြော၏။

" ငါ့ကို စစ်ဆေးချင် မနေပါနဲ့ကွာ ။ ဒီကိစ္စက ယွိဖုန်းဂိုဏ်းနဲ့ ဘာမှ မပတ်သက်ဘူး။ ငါတို့ ညီအကိုနှစ်ယောက်က အပြင်ဝင်ငွေလေး ရအောင်လို့ လုပ်ကြတာ "

လောထျန်းက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

" အင်း .. ငါ သဘောပေါက်ပြီ ။ မင်းတို့လုပ်ရပ်ကို တခြားသူတွေ သိသွားမှာ မကြောက်ကြဘူးလား "

ယွိဖုန်းဂိုဏ်းမှ အခြားတစ်ယောက်က ရယ်ရင်း ပြန်ပြော၏။

" ဒီ အခန်း နံပါတ် ၃ က တခြားအခန်းတွေနဲ့ အဝေးကြီးမှာ ရှိတာကွ ။ ပြီးတော့ ငါ ခုနက အခန်းထဲ ဝင်လာတဲ့အချိန် အသံလုံတဲ့ အစီအမံကိုလဲ အသက်သွင်းထားသေးတယ်။ အဲ့တော့ မင်း လည်ချောင်းကွဲအောင် အော်ရင်တောင် ဘယ်သူကမှ မင်းကို လာကယ်မှာ မဟုတ်ဘူး "

လောထျန်းက ထိုလူနှစ်ယောက်အား သေချာကြည့်လိုက်သည်။

" တခြားသူတွ ဘယ်သူမှ သတိမထားမိဘူးဆိုတာ သေချာလား "

နှစ်ယောက်လုံးက ပြိုင်တူပင် ပြန်ဖြေ၏။

" ဒါပေါ့ကွ "

သူတို့က ထိုသို့ပြောပြီးသည်နှင့် လောထျန်းအနားသို့ တိုးရန် ပြင်လိုက်ကြသည်။

ထိုအချိန်မှာပင် လောထျန်းက ရုတ်တရက် ပြုံး၍ ပြောလာ၏။

" ဒါများ စောစောက ပြောတာ မဟုတ်ဘူးကွာ "

သူက ပြောပြောဆိုဆိုပင် ထိုလူများဆီသို့ လျှောက်သွားလိုက်သည်။

" ဟင် .. မင်း ..ဘာလုပ်နေတာလဲ "

တဖက်လူနှစ်ယောက် ရုတ်ချည်း ထိတ်လန့်တုန်လှုပ်သွားကုန်၏။

ထို့နောက်တွင်မူ ...

ဘုန်း ... ဘုန်း ...

ကြမ်းပြင်ပေါ်သို့ အလောင်းနှစ်လောင်း လဲကျသွားတော့သည်။

" ကျွတ်စ် ... ဒီလောက် အရည်အချင်းနဲ့များ မှောင်ခိုစျေးကွက်လုပ်ဖို့ စဥ်းစားနေကြသေးတယ် "

လောထျန်းက အထင်သေးသည့် အကြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူ့အင်္ကျီလက်ထဲမှ ဟင်းလင်းပြင်လက်စွပ် အလွတ်တစ်ခုကို ယူကာ  အလောင်းနှစ်လောင်းအား ထိုလက်စွပ်ထဲသို့ ထည့်လိုက်သည်။

သူသည် ထိုသို့သော အလောင်းများကို မကြာခဏ နေရာရွှေ့ရတတ်လေ့ရှိရာ ဟင်းလင်းပြင် လက်စွပ် အလွတ်များကို အမြဲတစေ အပိုဆောင်ထားလေ့ ရှိပါ၏။

" အင်း ... လူသားတွေက သားရဲတွေထက် ပိုပြီးတော့ အန္တရာယ်များတာပဲ "

လောထျန်း သက်ပြင်းချလိုက်သည်။

သို့သော် ခဏအကြာတွင်မူ ထိုအတွေးများထဲ၌ နစ်မနေချင်သဖြင့် သူ ခေါင်းယမ်းပြီး အာရုံလွှဲလိုက်၏။

" ဒီ နှစ်ယောက်ရဲ့ အလောင်းတွေကို မြန်နိုင်သမျှ အမြန်ဆုံး ရှင်းပစ်တာပဲ ကောင်းလိမ့်မယ် "

သူက ပြောပြောဆိုဆိုပင် ဟင်းလင်းပြင်လက်စွပ်ကို ယူကာ အခန်းထဲမှ ထွက်လာပြီး ကုန်းပတ်ပေါ်သို့ သွားလိုက်သည်။ ထို့နောက် လက်စွပ်အား မထူးခြားဟန်ဖြင့်ပင် လွင့်ပစ်လိုက်၏။

ဟင်းလင်းပြင်လက်စွပ်မှာ လှေပျံအောက်ဘက်သို့ ကျသွားတော့သည်။

ကိစ္စထူးထူးထွေထွေ မရှိပါက ထိုနှစ်ယောက်၏ အလောင်းများကို ဤတစ်သက်လုံး မည်သူကမှ ရှာတွေ့မည် မဟုတ်ပါချေ။

သို့သော် .. ထိုအချိန်တွင် .. တစ်ယောက်ယောက်က သူ့အား ကြည့်နေသလို လောထျန်း ခံစားလိုက်ရပြန်၏။

သူ ချက်ချင်း လှည့်ကြည့်လိုက်ရာ အဝါရောင်ဝတ်စုံနှင့် ခန္ဓာကိုယ်ကိတ်လှသည့် ထိုမိန်းမပျိုက ကုန်းပတ်တဖက်ခြမ်းမှနေ၍ သူ့အား ကြည့်နေသည်ကို မြင်လိုက်ရသည်။

" မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်နဲ့စော်ပါလား "

လောထျန်း အနည်းငယ်လည်း အံ့အားသင့်သွားရသည်။

ထိုမိန်းမပျိုက အဘယ့်ကြောင့် သူ့ကို ကြည့်နေရပါသည်း။

သူ မည်သူမှန်း သိသွားသောကြောင့်လား ...

“ဒီစော်ငါ့ကို အကဲခတ်နေတာ နှစ်ခါရှိပြီ။ ထူးဆန်းတယ်။ ငါ့ကိုသတ်ဖို့ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ငါ့ရဲ့ ချောမောခန့်ညားတဲ့ရူပါမှာ ကြွေဆင်းသွားတာပဲဖြစ်မယ်”

All Chapters