← Chapters

ကောင်းကင်နီ နတ်ဘုရားမ

Vol. 19 Ch. 258

ကောင်းကင်နီ နတ်ဘုရားမ

Vol. 19 Ch. 258

ဟွမ်ယင်က စိတ်လှုပ်ရှားစွာ ဆိုသည်။

" ရှင်က ကျွန်မကို တကယ်နားလည်တာပဲ ။ ကျွန်မလဲ အဲ့လိုပဲ တွေးတာ ။ ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်ရင် သူ့အငိုက်ကို အမိဖမ်းနိုင်ဖို့က အဓိကပဲလေ ။ အရင်ဆုံး ကျွန်မကိုယ်ကျွန်မ ပြန်ချလိုက်ရင် ရန်သုက အံ့သြပြီး ခဏလောက် ကြောင်သွားမှာပဲ ။ အဲ့ကျရင် ကျွန်မဘက်က သူ့ကို အသာစီးကနေ တိုက်ခိုက်လို့ ရသွားပြီပေါ့ "

လောထျန်း ချက်ချင်း မျက်နှာအိုသွားသည်။

အမှန်တွင်မူ သူသည် သူမကို ချီးကျူးနိုင်မည့် ရှုထောင့်ကို အတင်းရှာ၍ ပြောခဲ့ရခြင်း ဖြစ်ပါသည်။

သို့သော် သူက သူမကို နားလည်နိုင်သူဟု ဆိုနေ၏။

" ငါးကွက်မြောက်လဲ ရှိသေးတယ် .. အဲ့သိုင်းကွက်ကို ဖော်ဆောင်တဲ့နည်းကလဲ ... တော်တော်ထူးခြားတယ် "

" ပြီးတော့ ဆယ်ကွက်မြောက် .... ပြီးတော့ ဆယ့်ငါးကွက်မြောက် .. "

လောထျန်းက ပုံမှန်မဟုတ်သည့် ရှုထောင့်များကို ရှာကာ မိန်းမပျို၏ သိုင်းကွက်များအား ချီးကျူးလိုက်သည်။

သို့သော် ထိုသို့ ချီးကျူးနေရင်းတွင်လည်း သူကိုယ်ပိုင် နားလည်ထားသည့် အကြောင်းရာများကို မသိမသာ ထည့်သွင်းပြောကာ သူမ၏ သိုင်းကွက်များထဲမှ လိုအပ်ချက်များကို ညွှန်ပြလိုက်သေး၏။ ထို့နောက် ၎င်းသိုင်းကွက်များအား မည်သို့ပြင်ဆင်သွားသင့်သည်ကိုလည်း ပြောလိုက်သည်။

သူ့စကားကို နားထောင်ပြီးနောက် ဟွမ်ယင်ကလည်း လက်သင့်ခံကာ နေရာတွင်ပင် ချက်ချင်း ပြင်ဆင်ရှာ၏။ ထို့နောက် အသစ်ပြင်ထားပြီးသည့် သိုင်းကွက်အသစ်များအား လောထျန်းကို ထပ်ကြည့်ခိုင်းလိုက်သည်။

ပြင်ဆင်ပြီးသွားသည့် နောက်တွင်မူ သူမစာအုပ်ထဲမှ သိုင်းကွက်များ၏ အစွမ်းမှာ ယခင်ကထက် များစွာ ပိုအစွမ်းထက်လာပြီး ပို၍လည်း အဆင်ပြောချောမွေ့လာ၏။

လောထျန်းမှာလည်း ဤရက်များအတွင်း လုပ်စရာမရှိ၍ အလွန်ပျင်းနေသဖြင့် အပျင်းပြေသည်ဟု ယူဆကာ သိုင်းကွက်များအား စိတ်ဝင်တစားပင် ပြင်ဆင်ပေးသည်။

ဤသို့ဖြင့် အချိန်အတန်ကြာသည်အထိ သူတို့နှစ်ဦး စကားတပြောပြောဖြင့် ဆွေးနွေးရင်း ပြင်ဆင်သင့်သည်များကို ပြင်ဆင်နေခဲ့ကြ၏။

ထိုတလျှောက်လုံးတွင် လောထျန်းမှာ အကြံသာပေးပြီး အမှန်တကယ် ပြင်ဆင်မှုကိုမူ ဟွမ်ယင်မှ လုပ်ခြင်းဖြစ်သည်။

ညနေခင်း နေဝင်ရီတရော အချိန်တွင်မူ သူမ၏ လက်ဝါးသိုင်း စာအုပ်က တစ်အုပ်လုံးနီးပါးပင် ပြင်ဆင်၍ ပြီးသွားခဲ့လေပြီ။

ဟွမ်လင်မှာ အရောင်လက်နေသည့် မျက်လုံးများဖြင့် သူမ၏ လက်ဝါးသိုင်းအသစ်ကို ကြည့်နေ၏။

" ထျန်းပိုင် ၊ ကျွန်မ ဒီလက်ဝါးသိုင်းအသစ်ရဲ့ အစွမ်းကို စမ်းသပ်ကြည့်ချင်တယ် "

ဟွမ်ယင်က ပြောသည်။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ သူမကိုယ်သူမ ပြန်ရိုက်လိုက်၏။

၎င်းမှာ သူမ၏ လက်ဝါးသိုင်းထဲမှ ပထမဆုံး အကွက်ပင် ။

နံဘေးမှ ကြည့်နေသော လောထျန်းတစ်ယောက် မျက်မှောင်ကြုံ့သွားရသည်။

" ဟေ့ .. ဒီအကွက်ကိုတော့ လုပ်ဖို့ လိုလို့လားကွာ "

သူ ပြော၏။

" လိုတာပေါ့ ၊ သိုင်းပညာနဲ့ ဆိုင်တဲ့ ကိစ္စတွေက တိတိကျကျ လုပ်တာပဲ ကောင်းတယ် "

ဟွမ်ယင်က ပြန်ပြောသည်။

လောထျန်းမှာ မည်သို့မှ ပြန်မပြောနိုင်တော့ဘဲ ပါးစပ်ပိတ်သွား၏။

တဖက်မှ ဟွမ်ယင်က လက်ဝါးသိုင်းကွက်များကို စလေ့ကျင့်လိုက်သည်။သိုင်းကွက် ဆယ်ကွက်ကျော်ကြာ လေ့ကျင့်ပြီးနောက်တွင်မူ .. သူမ၏ မျက်နှာလေး ရုတ်ချည်း ဝင်းလက်သွားသည်။

" ငါ တကယ်ကြီးကို ပို အစွမ်းထက်လာတာပဲ ... ငါ တကယ်ကြီး အစွမ်းပိုထက်လာတယ် ။ ဟား ဟား ... ထျန်းပိုင် ၊ ရှင့်ကို ကျွန်မ ပြောသားပဲ ၊ ကျွန်မရဲ့ လက်ဝါးသိုင်းက အရမ်းအစွမ်းထက်တယ်လို့ "

ဟွမ်ယင်က ပြောလိုက်သည်။

လောထျန်းကလည်း သူမကို ကြည့်ကာ ခေါင်းအသာညိတ်၏။

အသစ်ပြင်ထားသည့် လက်ဝါးသိုင်းက အမှန်တကယ်လည်း ယခင်ကနှင့် လုံးဝ ကွဲသွားခဲ့လေပြီ။

၎င်းမှာ သူ့ကိုယ်ပိုင် ကောင်းကင်ဘုံ လက်ဝါးသိုင်းနှင့် ယှဥ်၍ မရသည့်တိုင် အစွမ်းနိမ့်သည်ဟု ပြောမရတော့ပါချေ။

" အင်း .. သိုင်းကွက်ကို အသစ်ပြောင်းထားတာဆိုတော့ စာအုပ်ရဲ့ နာမည်ကိုလဲ အသစ်ပြောင်းဖို့ လိုမယ်။ ' ရှေးခေတ်မှ ယနေ့ထိတိုင် အတုမဲ့ အကောင်းတကာ့ အကောင်းဆုံးမိုးကြိုးနတ်ဘုရား လက်ဝါး ' အဲ့လို နာမည်ပေးလိုက်ရင်ရော "

လောထျန်း၏ မျက်နှာကြီး ညိုသွားကာ မေးသည်။

" အရင်နာမည်နဲ့ ဘာကွာသွားလို့လဲ "

" အကောင်းဆုံး တစ်လုံး ပိုသွားတယ်လေ "

ဟွမ်ယင်က စိတ်လှုပ်ရှားစွာပင် ပြန်ဖြေ၏။

" ကောင်းပါပြီ ၊ မင်း သဘောပါပဲ "

လောထျန်းမှာ မည်သို့ပြန်ပြောရမည် မသိသဖြင့် အသာတကြည်သာ ထောက်ခံလိုက်သည်။

ထိုအချိန်မှာပင် ..

ဘုန်း ...

လှေပျံကြီးက တုန့်ခနဲ ရပ်သွားပြီး တံခါးဝမှ ယွိဖုန်းဂိုဏ်းဝင်၏ အသံ ထွက်ပေါ်လာ၏။

" ဧည့်သည်ကြီး ၊  နတ်ဘုရားမြို့တော်ရဲ့ အပြင်ဘက်ကို ရောက်ပါပြီဗျာ "

" အဲ့လောက် မြန်တာလား "

လောထျန်း အံ့သြမှင်သက်သွားသည်။ ဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု သူ အမှန်ပင် မထင်ထားခဲ့ပါ။

" ကောင်းတယ် ၊ ထျန်းပိုင် ကျွန်မနဲ့ လိုက်ခဲ့နော် ။ ရှင့်ကို ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်။ သူက ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း ၊ ရှင်က ကျွန်မရဲ့ ဒုတိယ အချစ်ဆုံး သူငယ်ချင်းလေ "

ဟွမ်ယင်က ပျော်ရွှင်စွာ ပြောလိုက်သည်။

လောထျန်းက ခေတ္တမျှ စဥ်းစား၍ ခေါင်းညိတ်လက်ခံလိုက်၏။

​ဤနတ်ဘုရားမြို့တော်တွင် သူ့အသိလည်း တစ်ယောက်မှ မရှိပေရာ သူမနှင့် လိုက်သွားခြင်းကသာ သူ့အတွက် ပိုအဆင်ပြေပေလိမ့်မည်။

ဤသို့ဖြင့် သူတို့နှစ်ဦး ဘေးချင်းယှဥ်လျှောက်ကာ လှေပျံပေါ်မှ ဆင်းခဲ့လိုက်ကြသည်။

အောက်သို့ ရောက်ပြီး ခြေလှမ်းအနည်းငယ် အကြာတွင်မူ လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

လောထျန်းက အသံလာရာဘက် လှည့်ကြည့်လိုက်ရာ သူတို့နှင့် ခပ်လှမ်းလှမ်းမှ အနီရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက်က သူတို့ရှိရာဘက်သို့ ဖြည်းညင်းစွာ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

အနီးနားတဝိုက်မှ လူများမှာလည်း သူမ လာနေသည်ကို မြင်သည်နှင့် ချက်ချင်း ဘေးဖယ်ကာ လမ်းရှင်းပေးလိုက်ကြသည်။

" ဘုရားရေ .. ဒီ အမျိုးသမီးက အံ့သြစရာ ကောင်းလောက်အောင်ကို လှတာပါလားကွာ ။ သူ့ကို ဖမ်းပြီး ငါ့မိန်းမအဖြစ်သာ လုပ်နိုင်လို့ကတော့ ရှက်လွန်းလို့ အိပ်ယာပေါ်ကနေ တစ်နှစ်လောက်ဆင်းမှာမဟုတ်ဘူး .. သေရမယ်ဆိုရင်တောင် သေပျော်ပါပြီ "

လူအုပ်ထဲမှ ဓားပြတစ်ယောက်က ထိုမိန်းမပျိုကို ကြည့်ကာ သွားရည်တမျှားမျှား ကျနေဟန်ဖြင့် ပြောလာ၏။

သူ့စကားဆုံးသည့် အချိန်မှာပင် အနီရောင်ဝတ်စုံနှင့် မိန်းမပျို၏ အကြည့်က သူ့ပေါ်သို့ ချက်ချင်း ရောက်လာသည်။ သူမ၏ မျက်လုံးထဲတွင်လည်း အထင်သေးရွှံရှာနေဟန်က အပြည့်ပင်။

" ဟင် .. "

ဓားပြကြီး အံ့သြမှင်သက်သွား၏။ သူ့စကားကို တဖက်မှ မိန်းမပျို ကြားသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ။

သို့သော် ကြားသွားလည်း ဂရုမစိုက်လှရာ သူ အပြုံးဖြင့် ဆက်ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ မိန်းကလေး ၊ ငါ့ဇနီးအဖြစ် လိုက်ခဲ့ဖို့ ဆန္ဒရှိလို့လား "

သူတို့လို လူများမှာ နေ့စဥ်ဘဝတွင်လည်း မောက်မောက်မာမာ ရင့်ရင့်သီးသီးဖြင့် နေတတ်လေ့ရှိရာ အခြားသူများအား လူပုံလယ်တွင် စနောက် ရန်စခြင်းကို ကိစ္စကြီးတစ်ခုဟု မထင်ကြပါချေ။

သို့သော် ..ထို့နောက်တွင်မူ ..

ဝုန်း ...

မီးလုံးကြီးတစ်ခုက သူ့ကိုယ်အား ရုတ်တရက် လောင်မြိုက်လာ၏။

" အား .. အား .... ငါ .. ဘာလုပ် .. "

စူးစူးဝါးအော်သံ အကြိမ်အနည်းငယ် ထွက်လာပြီးနောက်တွင်မူ .. သူ့တစ်ကိုယ်လုံး ပြာပုံကြီးအဖြစ် ပြောင်းသွားတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူများအားလုံး အံ့သြတုန်လှုပ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကုန်၏။

" ဟား ဟား .. ဒီအရူးက သေချင်နေတာကိုး ။ ကိုယ့်ရှေ့ကလူ ဘယ်သူမှန်း သေချာမသိဘဲ သွားစလို့ ခုလို ဖြစ်ရတာ "

လူအုပ်ထဲမှ တစ်ယောက်က လှောင်သံဖြင့် ပြောလိုက်သည်။

" အကိုကြီး ၊ အဲ့ဒီ မိန်းကလေးက ဘယ်သူလဲဗျ "

သူ့ဘေးမှ လူက သတိထားမေး၏။

ပထမလူက သူ့ဘေးမှ လူကို လှည့်ကြည့်ကာ ပြောသည်။

" မင်းက နတ်ဘုရားမြို့တော်ကို ရောက်နေပြီး ဒါလေးတောင် မသိဘူးလား။ အဲ့ဒီ အမျိုးသမီးက နတ်ဘုရားမြို့တော်ရဲ့ နတ်ဘုရားမ ချီရှောင် ပဲကွ "

" ဘယ်လို .. သူက ကောင်းကင်နီ နတ်ဘုရားမလား .. ၊ နတ်မီးငှက် အမြင်ကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် ကောင်းကင်နီ နတ်ဘုရားမဆိုတာ သူလား "

" ဟိုအရူးကောင်ကို အကြည့်တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တာ မထူးဆန်းတော့ပါဘူး "

" ကျုပ် ကြားတာတော့ နတ်ဘုရားမလေးက စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်မှာ စိတ်စွမ်းအင်ပင်လယ်ကို လှုပ်နှိုးလိုက်နိုင်တဲ့အချိန် နတ်မီးငှက် နတ်ဘုရားမီးတောက်ကို သုံးပြီးတော့ ထုံရွှယ်အဆင့်က အစွမ်းထက် ကျင့်ကြံသူကိုတောင် သတ်ပစ်ခဲ့တာတဲ့ "

" စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့်က ထုံရွှယ်အဆင့်က လူကို သတ်နိုင်တယ်လား .. ၊ ကြောက်စရာ ကောင်းလိုက်တာ "

" ဒီလို လူတစ်ယောက်က ဘာဖြစ်လို့ ဒီနေရာကို လာခဲ့တာလဲ "

အားလုံးမှာ ချီရှောင်ကို ကြည့်ရင်း ပိုပိုပြီး အံ့သြနေကြ၏။

ထိုအချိန်တွင် ..

" ချီရှောင် ၊ ငါ ဒီမှာ .. "

လောထျန်းနံဘေးမှ ဟွမ်ယင်က အသံကျယ်ကြီးဖြင့် အော်ပြောလာသည်။

အားလုံး၏ ခေါင်းများက အသံလာရာဘက် လှည့်သွားကြ၏။

" မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်ပဲ ၊ သူက ကောင်းကင်နီ နတ်ဘုရားမလေးနဲ့ သိနေတာကိုး "

" အဲ့ဒီ မိုးကြိုးနတ်ဘုရားခန္ဓာကိုယ်နဲ့ မိန်းကလေးကလဲ တကယ်ကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ် "

အားလုံးက တစ်ယောက်တစ်ခွန်း ပြောလိုက်ကြပြန်သည်။

တဖက်မှ ချီရှောင်မှာ ဟွမ်ယင်ကို မြင်သည်နှင့် မျက်နှာလေး ဝင်းပသွား၏။

ထို့နောက် သူမက ​ငြင်ငြင်သာသာ ခြလှမ်းများဖြင့် ဟွမ်ယင်ရှေသို့ ပျံသန်းသွားလိုက်သည်။

" ဘယ်လိုလဲ ၊ လမ်းမှာ အခက်ခဲတွေ ကြုံခဲ့ရသေးလား  "

ချီရှောင်က အပြုံးဖြင့် မေးသည်။

ဟွမ်ယင်ကလည်း အပြုံးဖြင့်ပင် ပြန်ဖြေ၏။

" ဘာအခက်ခဲမှ မကြုံခဲ့ဘူး ။ ဒါနဲ့ .. ငါ့ သူငယ်ချင်း တစ်ယောက်နဲ့ မိတ်ဆက်ပေးရဦးမယ် "

သူမက ပြောပြောဆိုဆိုပင် လောထျန်းအား ဘေးသို့ ဆွဲခေါ်လိုက်သည်။

" သူ့နာမည်က ထျန်းပိုင်တဲ့ ၊ ငါ့သူငယ်ချင်း အသစ်ပေါ့ ။ ခုချိန်က စပြီးတော့ နင်က ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ၊ သူက ငါ့ရဲ့ ဒုတိယ အချစ်ဆုံး သူငယ်ချင်းလို့ ဆုံးဖြတ်ထားတယ် "

သူမ၏ စကားကြောင့် ချီရှောင် အံ့အားသင့်သွားပြီး လောထျန်းအား ခေါင်းစ ခြေဆုံး သေချာကြည့်လိုက်သည်။ ထို့နောက် ခေါင်းတစ်ချက်ညိတ်ကာ ပြော၏။

" တွေ့ရတာ ဝမ်းသာပါတယ် "

ထိုသို့ ပြောလိုက်သည့်တိုင် သူမအသွင်မှာ အနည်းငယ် စိမ်းနေပြီး လောထျန်းနှင့် သိပ်မရင်းနှီးလိုဟန် ပေါက်နေသည်။

လောထျန်းကမူ ထိုကိစ္စကို သိပ် ဂရုမစိုက်လှသဖြင့် ခေါင်းညိတ်၍သာ ပြောလိုက်သည်။

" တွေ့ရတာ ဝမ်းသာပါတယ် "

သူတို့ကြားမှ ဆက်ဆံရေးက သိပ်အခြေအနေ မဟန်လှသည်ကို ဟွမ်ယင် သတိထားမိသွားကာ စကားလမ်းလွှဲနေသည့်အနေဖြင့် ဝင်ပြော၏။

" ကဲ .. အဲ့ကိစ္စကို နောက်မှ ဆက်ပြောကြတာပေါ့ ။ ချီရှောင် ၊ ငါ နတ်ဘုရားမြို့တော်ကို ထပ်ရောက်လာပြီနော် .. ဆိုတော့ ငါ့ကို သေချာကြိုဆိုမယ်မလား "

ချီရှောင်၏ မျက်နှာလေး ပြန်ပြုံးသွားသည်။

" ဒါပေါ့ ၊ အားလုံး အဆင်သင့် ပြင်ထားတယ်။ လာ .. ငါ နဲ့လိုက်ခဲ့ "

သူမက ပြောပြောဆိုဆိုပင် လေထဲသို့ ပျံတက်လိုက်သည်။

တဖက်မှ မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်ကလည်း လေထဲ ပျံတက်လိုက်၏။

သူတို့ကို ကြည့်ကာ လောထျန်း အနည်းငယ် ရှက်သွားသည်။

သူ ယခုထိ မပျံသန်းနိုင်သေးပါချေ။

" အာ .. ဟုတ်သားပဲ ၊ မေ့သွားတာ ။ ထျန်းပိုင် ၊ ကျွန်မရှင့်ကို ကိုင်ထားမယ် ။ ရှင် ကျွန်မနဲ့အတူတူ လိုက်ပျံလိုက် "

ဟွမ်ယင်က အပြုံးဖြင့် ပြောကာ လောထျန်းကို ကိုင်ပြီး လေထဲသို့ ပျံတက်သွား၏။

ထိုမြင်ကွင်းကို ကြည့်ကာ ချီရှောင် မျက်မှောင်ထပ်ကြုံ့လိုက်သည်။

All Chapters