← Chapters

နတ်ဆိုးဝိဥာဥ်နန်းတော်၏ ' သေမင်း စာရင်း '

Vol. 19 Ch. 259

နတ်ဆိုးဝိဥာဥ်နန်းတော်၏ ' သေမင်း စာရင်း '

Vol. 19 Ch. 259

သို့သော် သူမ မည်သို့မှ မပြောဘဲ ခေါင်းကိုသာ အသာယမ်းလိုက်သည်။

" ထျန်းပိုင် ၊ ရှင့်ကို ပြောပြဦးမယ် ။ ချီရှောင်က ကျွန်မထက် အများကြီး ပိုပြီး အစွမ်းထက်တယ်ရှင့် ။ ကျွန်မတို့ ကလေးဘဝကတည်းက ခုအရွယ်ရောက်တဲ့အထိ ကျွန်မ သူ့ကို တစ်ခါမှ အနိုင်မရဖူးသေးဘူး။ အခု သူက ထုံရွှယ်အဆင့် ၇ ရောက်နေပြီ "

ဟွမ်ယင်က ပျံသန်းနေစဥ်တလျှောက်တွင် လောထျန်းအား ပြောပြလိုက်သည်။

မျှော်လင့်မထားစွာပင် သူတို့ရှေ့မှ ချီရှောင်က နောက်ပင်လှည့်မကြည့်ဘဲ ပြောလာ၏။

" မဟုတ်ဘူး ၊ အခု ထုံရွှယ်အဆင့် ၈ ကို ရောက်နေပြီ "

" ဘယ်လို .. "

ဟွမ်ယင်၏ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။

" နင်က အဲ့လောက်မြန်မြန်ကြီး အဆင့်တက်သွားတာလား .. ချီး .. "

သူမ မျက်နှာတွင် ဒေါသအရိပ်အငွေ့လည်း ပေါ်လာ၏။

သူမသည် သူမ၏ အချစ်ဆုံးသူငယ်ချင်းထက် ပိုပို၍ နောက်ကျကျန်နေခဲ့ပြီဟု ခံစားသွားရ၍ ထိုသို့ ဒေါသထွက်သွားခြင်း ဖြစ်ပါသည်။

ချီရှောင်က သူမကို လှည့်ကြည့်လာကာ ပြော၏။

" နင်က ပါရမီနဲ့ ပတ်သက်ရင် ငါ့ထက်ပို မနိမ့်ဘူးလို့ ငါ အရင်တည်းက ပြောခဲ့တယ်လေ။ တကယ်လို့ နင်သာ ကြောင်တောင်တောင် သိုင်းပညာတွေ မဖန်တီးဘဲ ကျင့်ကြံခြင်းကိုပဲ သေချာ အာရုံစိုက်လို့ ရှိရင် ခုလိုအဆင့်မျိုး ဖြစ်နေမှာ မဟုတ်ဘူး "

ထိုစကားကို ကြားသည်နှင့် ဟွမ်ယင်က သူမအား ချက်ချင်း မျက်စောင်းထိုးကြည့်ကာ ပြန်ပြောသည်။

" နင် ဘာသိလို့လဲ ၊ အဲ့ဒါက ငါ့ဘဝ ရဲ့ အိမ်မက်ကြီးတစ်ခုပဲဟ။ ထျန်းပိုင်တစ်ယောက်ကလွဲပြီး နင်တို့အားလုံး ငါ့ကို နားမလည်ကြဘူး "

" အမ် .. "

ချီရှောင် အံ့အားသင့်သွားသည်။

ဟွမ်ယင်က အပြုံးဖြင့် ​ဆက်ပြော၏။

" ဟုတ်သားပဲ ၊ နင့်ကို မပြောရသေးဘူး။ ထျန်းပိုင်က ငါ့ကို နားလည်ပြီးတော့ ငါ့ရဲ့ သိုင်းပညာစာအုပ်ကို အများကြီး ကူညီပေးခဲ့တာ "

ထိုစကားကို ကြားသောအခါ ချီရှောင် မျက်မှောင်ကြုံ့သွားပြီး လောထျန်းအား ကြည့်သည်။

သူမ စိတ်ထဲတွင်လည်း လောထျန်းက ဟွမ်ယင် စိတ်ကျေနပ်အောင် ဖားနေသည်ဟုသာ မြင်နေ၏။

ထို့ကြောင့်လည်း လောထျန်းအပေါ် သူမ ပို၍ အထင်သေးရွံရှာသွားသည်။

" ယင်လေးကို တွေ့ကရာလူနဲ့ မိတ်ဆွေမဖွဲ့ဖို့ နောက်မှ အေးဆေးပြောရမယ် "

သူမ စိတ်ထဲမှ ကြိတ်ကာ ဆုံးဖြတ်လိုက်၏။

သို့သော် အပြင်ပန်းတွင်မူ သူမက ဟန်မပျက်သာ ယဥ်ယဥ်ကျေးကျေး ဆက်ရှိနေသည်။

သူမသည် နတ်ဘုရားမြို့တော်၏ နတ်ဘုရာမ တစ်ဦးဖြစ်ရာ လူများအပေါ် အကြောင်းမဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံ၍လည်း မဖြစ်ပါချေ။

မကြာမီမှာပင် သူတို့သုံးယောက်သား နတ်ဘုရားမြို့တော်သို့ ရောက်လာကြ၏။

လောထျန်းက ကြီးကျယ်ခမ်းနားလှသည့် မြို့ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ဤ​နတ်ဘုရားမြို့တော်မှာ မြောက်ပိုင်းဒေသ တခွင် နံပါတ် ၁ မြင့်မြတ်နယ်မြေဆိုသော အမည်နှင့် ထိုက်တန်ပါသည်။ မြို့အဝင် ဂိတ်ပေါက် တစ်ခုတည်းကပင်  ပျောင်ပိုင်မြို့ထက် များစွာ ကြီးကျယ် ခမ်းနားနေလေပြီ ။

" ဒီ မြို့ရိုးကြီးကိုသာ တစ်စစီ ဖျက်လိုက်ရင် ... "

လောထျန်း၏ မသိစိတ်ထဲတွင် မြို့ကြီးအား တစစီ ဖျက်ဆီးပြီး ပျောင်ပိုင်မြို့ထံသို့ ပစ္စည်းသယ်မည့် သူခိုးလုပ်ငန်းစဥ်ကိုပင် တွေးမိသွား၏။

ထိုအချိန်မှာပင် သူတို့သုံးယောက် မြေပြင်သို့ ဆင်းသက်လိုက်ကြသည်။

" မြို့ထဲမှာ ပျံသန်းတာကို တားမြစ်ထားတယ် ။ လာ .. လမ်းလျှောက်ပြီးပဲ သွားကြစို့ "

ချီရှောင်က ပြောလိုက်သည်။

" အင်း .. သွားမယ်လေ "

ဟွမ်ယင်က ပြန်ပြော၏။

သူတို့သုံးယောက်သား မြို့အဝင်ဂိတ်မှ တဆင့် မြို့ထဲ ခြေချလိုက်ကြသည်။

ပုံမှန်ဆိုလျှင် နတ်ဘုရားမြို့တော်အား အစောင့်အကြပ်များ ထူထပ်စွာ ချထားပြီး မြို့ထဲတွင်ရန် အစစ်ဆေးပေါင်းစုံကို ဖြတ်ကျော်ရ၏။

သို့သော် သူတို့နှင့်အတူ နတ်ဘုရားမ ချီရှောင် ပါနေသည့်အတွက် မည်သည့်အခက်ခဲမှ မတွေ့ခဲ့ရပါချေ။

သို့သော် .. သူတို့ နတ်ဘုရားမြို့တော်ထဲသို့ ရောက်ပြီး မကြာမီမှာပင် ဟွမ်ယင်ထံမှ တအံ့တသြ ရေရွတ်သံ ထွက်ပေါ်လာသည်။

" ချီရှောင် ... ဘာတွေ ဖြစ်နေတာလဲ "

သူမ၏ အသံလေးမှာလည်း အလွန်တုန်ယင်နေ၏။

အဘယ့်ကြောင့်ဆိုသော် .. မြို့အတွင်းဘက် မြို့ရိုးပေါ်တွင် ထောင်ပေါင်းများစွာသော အလောင်းများအား လည်ပင်းကြိုးတန်းလန်းဖြင့် ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသောကြောင့်ပင် ။

ချီရှောင်က အံကြိတ်ကာ ပြန်ပြောသည်။

" ဘာများ ဖြစ်နိုင်ဦးမှာလဲ ၊ မိုးကြိုးဘုရင်ရဲ့ လက်ချက်ကြောင့်ပေါ့ "

" ဘယ်လို .. နတ်ဘုရားမြို့တော်က သူ့လက်အောက်ကို လုံးလုံး ရောက်သွားပြီလား "

ဟွမ်ယင်၏ မျက်နှာထား ချက်ချင်း ပြောင်းသွားသည်။

ချီရှောင်က သက်ပြင်းချ၍ ဆို၏။

" သူ့လက်အောက်ကို အပြည့် ရောက်သွားတာတော့ မဟုတ်ပေမယ့် တော်တော်များများကတော့ ရောက်နေပြီလို့ ပြောလို့ရတယ်။ အခုဆို မြို့ထဲမှာ နတ်ဆိုးဝိဥာဥ်နန်းတော်က သခင်ကြီးတစ်ယောက်တောင် ရောက်နေတယ်။ သူက မိုးကြိုးဘုရင်ရဲ့ မသေမျိုး အမိန့်စာ အားကိုးနဲ့ နတ်ဘုရား မြို့တော်ကို ထိန်းချုပ်နေတာပဲ "

" အဲ့လူက မိုးကြိုးဘုရင်ရဲ့ မျက်နှာသာပေးတာ ခံရအောင် မိုးကြိုးဘုရင်ထက် ပိုပြီး ရက်စက်ကြမ်းကြုတ်ပြနေတာ။ သူက မိုးကြိုးဘုရင်ရဲ့ ရန်သူတွေတင် မကဘူး မိုးကြိုးဘုရင်ကို မကျေနပ်တဲ့ပုံ ပြတဲ့သူ မှန်သမျှကိုပါ အသေသတ်ပစ်နေတာ "

" ဟင် .. "

ဟွမ်ယင်၏ မျက်နှာလေး သွေးဆုတ်ဖြူရော်သွားတော့သည်။

သူမသည် တိုက်ပွဲအတွေ့အကြုံ များစွာ ရှိထားသော်ငြား ယခုအဖြစ်ပျက်က အံ့သြတုန်လှုပ်စရာ ကောင်းလွန်းလှပေသည်။

ထိုစဥ် လောထျန်းက ရုတ်တရက် မေးလာ၏။

" သူတို့တွေ သတ်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲ "

ချီရှောင်က သူ့ကို တစ်ချက်လှမ်းကြည့်ကာ ပြောသည်။

" ရှင် သိချင်ရင် ကျွန်မနဲ့ လိုက်ခဲ့ "

သူမက ​​ထိုသို့ ပြောပြီးသည်နှင့် လောထျန်းအား မလှမ်းမကမ်းမှ ကျောက်ပြားကြီး တစ်ခုဆီသို့ ခေါ်သွားလိုက်သည်။

ထိုကျောက်ပြားကြီးပေါ်တွင်မူ နာမည်ပေါင်းများစွာကို ရေးထွင်းထား၏။

" ဒါ ...ဘာတွေလဲ "

၎င်းကို ကြည့်ကာ ဟွမ်ယင်က တအံ့တသြ မေးသည်။

" ဒါ နတ်ဆိုးဝိဥာဥ်နန်းတော် ရဲ့ သေမင်းစာအုပ်ပဲ ။ သူတို့ သတ်ချင်တဲ့ လူတွေရဲ့ စာရင်းပေါ့ ။ အခုဆို ဒီလိုအရာမျိုးကို နတ်ဘုရားမြို့တော်မှာတောင် အပြင်ထုတ် ပြထားရဲနေပြီ  "

ချီရှောင် ပြောနေရင်းမှာပင် သူမ မျက်လုံးထဲ၌ ဒေါသအရိပ်အငွေ့များ ထွက်နေ၏။

သူမသည် မိုးကြိုးဘုရင်အား အသည်းထဲမှ မုန်းတီးနေသည်မှာ သိသာပါသည်။

" မဖြစ်မနေ သတ်ရမယ့် စာရင်း ဆိုပါလား "

ဟွမ်ယင်၏ အကြည့်က ကျောက်ပြား အပေါ်နားလေးမှ စာရင်းတစ်ခုပေါ်သို့ ကျသွားသည်။

" တာအိုသိုင်းသမား ထျန်းယွမ် .. "

သူမ အသံထွက် ရွတ်လိုက်သည်။

ချီရှောင်က ရှင်းပြ၏။

" တာအိုသိုင်းသမား ထျန်းယွမ် ဆိုတာ ကောင်းကင်ဘုံ တံခါးဝအဆင့်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပဲ။ မြို့စားကြီးက ပြောတာတော့ သူ့ရဲ့အစွမ်းက မြောက်ပိုင်းဒေသ တခွင်မှာ ထိပ်ဆုံး အဆင့် ၁၀ ထဲ ဝင်တာ သေချာတယ်တဲ့။ သူနဲ့ မိုးကြိုးဘုရင်တို့က ဟိုးအရင်ကတည်းက ရန်သူတွေ ဖြစ်လာခဲ့ကြတာ။ သူတို့နှစ်ယောက် အကြိမ်ရေ အများကြီးလဲ တိုက်ခိုက်ခဲ့ကြဖူးတယ်။ ဒါပေမယ့် အမြဲတမ်း မိုးကြိုးဘုရင်ပဲ ရှုံးနိမ့်ခဲ့ရတာ "

" အခု မိုးကြိုးဘုရင်က မသေမျိုးတစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ အဲ့လူကိုပဲ အရင်ဆုံး သတ်ချင်နေတာ ။ ဒါပေမယ့် သူ အခုထိတော့ မအောင်မြင်သေးဘူး "

ဟွမ်ယင်က ခေါင်းညိတ်ကာ ဒုတိယနာမည်ကို ဆက်ဖတ်လိုက်သည်။

" ထျန်းလုံ ဂိုဏ်း "

ချီရှောင်က သက်ပြင်းချပြီး ပြောပြ၏။

" ထျန်းလုံဂိုဏ်းဆိုတာ မြောက်ပိုင်းဒေသမှာ ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခုပေါ့ ။ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီးကလဲ အမှန်တရားရဲ့ ဘက်တော်သား လူဖြောင့်ကြီးပဲ။ သူတို့က နတ်ဆိုးဝိဥာဥ်နန်းတော်ကို အမြဲတမ်း ဆန့်ကျင်လာကြတာ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ဒုက္ခကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူတို့ ဂိုဏ်းတစ်ခုလုံးကို နတ်ဆိုးဝိဥာဥ်နန်းတော်နဲ့ အစွမ်းထက် ကျင့်ကြံသူတွေ အများကြီးက အပြောင်ရှင်းပစ်ခဲ့ကြတာ။ အသက်ရှင်တဲ့သူတောင် ဘယ်သူမှ မကျန်ဘူးလို့ ကြားတယ် "

ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

သို့သော် သူ မည်သို့မှ မပြောပါချေ။

ထိုစဥ်မှာပင် သူ့အာရုံက တတိယမြောက် နာမည်ပေါ်သို့ ရောက်သွား၏။

" လောထျန်း .. "

လောထျန်းက ကျောက်ပြားပေါ်မှ သူ့နာမည်ကို ဖြည်းဖြည်းချင်း ရွတ်လိုက်သည်။

သူက မိုးကြိုးဘုရင် သတ်ချင်သည့် ထိပ်ဆုံးစာရင်းတွင် ပါနေသည်တဲ့လား ။

ထိုလူက သူ့အား အလွန်အထင်ကြီးနေဟန်ပင် ။

ထိုအချိန်မှာပင် ချီရှောင်၏ မျက်လုံးများ အရောင်လက်သွားကာ ပြောလာ၏။

" ဖုန့်လင်းဒေသက လောထျန်းက စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက်တဲ့ ။ သူက တော်တော်လေး ငယ်သေးတယ်လို့လဲ ပြောတယ်။ ဒါပေမယ့် သူ့ရဲ့အစွမ်းကတော့ တကယ့်ကို အံ့မခမ်းပဲ။ သူက မိုးကြိုးဘုရင်ကြီးကိုတောင် ဒုက္ခရောက်အောင်  တစ်ခါ လုပ်ခဲ့သေးတယ်တဲ့ "

ထိုစကားကို ကြားသောအခါ ဟွမ်ယင်တစ်ယောက် အလွန်အံ့အားသင့်သွားသည်။

" ဘယ်လို .. မိုးကြိုးဘုရင်ကြီးကိုတောင် ဒုက္ခရောက်အောင် လုပ်နိုင်ခဲ့တယ် ... သူက အဲ့လောက် အစွမ်းထက်တာလား '

ချီရှောင်က ပြန်ပြော၏။

" ဒါပေါ့ "

ဟွမ်ယင်ကမူ အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည်။

" သူနဲ့ ပတ်သက်တဲ့ သတင်း အများစုက လုပ်ကြံပြီး လျှောက်ပြောထားတာနဲ့ တူပါတယ် "

သူမ စကားဆုံးသည်နှင့် သူတို့အနီးမှ အပူချိန်က ရုတ်တရက် မြင့်တက်လာ၏။

ဟွမ်ယင်ရော လောထျန်းပါ အံ့သြမှင်သက်သွားပြီး ချီရှောင်အား ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

ချီရှောင်၏ ကိုယ်ပေါ်တွင် မီးတောက်များ စတင်ထွက်ပေါ်နေလေပြီ ။

" ဟွမ်ယင် ၊ နင် မသိဘဲ ဘာမှ လျှောက်မပြောနဲ့။ နင် လောထျန်းနဲ့ ပတ်သက်တာ ဘာတွေ စုံစမ်းပြီးပြီလဲ ။ သူက နင် ခုလို လျှောက်ပြောချင်တိုင်း ပြောလို့ရတဲ့သူလို့ ထင်နေတာလား "

ချီရှောင်က ဟွမ်ယင်အား ဒေါသတကြီး စိုက်ကြည့်ကာ ပြောလာသည်။

ချီရှောင်၏ ယခုလိုပုံစံကို  ယခင်က တစ်ခါမှ မမြင်ဖူးသည့်အတွက် ဟွမ်ယင် လန့်သွားပြီး ပြန်မေး၏။

" ချီရှောင် .. နင် ဘာတွေ ဖြစ်နေတာလဲ "

ချီရှောင်က ဒေါသတကြီး ထပ်ပြောသည်။

" ခုချက်ချင်း လောထျန်းကို တောင်းပန်ပါ "

" ဟင် ... "ဟွမ်ယင်တစ်ယောက် လုံးဝ နားမလည်နိုင် ဖြစ်သွားရသည်။

" နင် တောင်းပန်မှာလား ၊ မတောင်းပန်ဘူးလား ။ တကယ်လို့ မတောင်းပန်ရင်တော့ ဒီတစ်ခေါက် ငါ့အိမ်မှာ နေဖို့တောင် မစဥ်းစားနဲ့ "

ချီရှောင်၏ မျက်လုံးထဲတွင် ဒေါသမီးတောက်များ စတင်တောက်လောင်လာတော့၏။

ဟွမ်ယင်က ၎င်းကို မြင်သည်နှင့် ချက်ချင်း လက်တစ်ဖက်မြှောက်၍ ပြောလိုက်သည်။

" လောထျန်း ၊ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ မှားသွားတယ် "

ထိုစကားကို ကြားမှသာ ချီရှောင်၏ ကိုယ်ပေါ်မှ မီးတောက်များ တဖြည်းဖြည်း လွင့်ပျယ်သွား၏။

ထိုအဖြစ်ပျက်ကို ဘေးမှ ရပ်ကြည့်နေသည့် လောထျန်းမှာ အံ့သြမှင်သက်လွန်း၍ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။

ထို နတ်ဘုရားမ ချီရှောင်က သူ၏ အမာခံ ပရိတ်သတ် တစ်ယောက်လား ။

" ချီရှောင် ၊ ဒီ လောထျန်း ဆိုတဲ့သူကို နင် တွေ့ဖူးလား "

ဟွမ်ယင်က နောက်ထပ် မိုင်းတစ်ခုအား ထပ်နင်းမိမည်ကို စိုးရိမ်နေဟန်ဖြင့် သတိထားမေး၏။

ချီရှောင်က ခေါင်းယမ်းပြသည်။

" ငါ သူ့ကို မမြင်ဖူးသေးပေမယ့် ၊ ငါ့ရင်ထဲမှာတော့ သူက အမြဲရှိတယ် "

ဟွမ်ယင်က ဆက်မေးလိုက်သည်။

" ဒီ လောထျန်းက ဘယ်လိုလူမျိုးလဲ ၊ ငါ့ကို သူ့အကြောင်း ပြောပြပါလား "

ချီရှောင်မှာ လောထျန်းအကြောင်းကို ပြောရတော့မည် ဖြစ်သဖြင့် မျက်လုံးများ အရောင်လက်သွား၏။

" လောထျန်းက ဖုန့်လင်းဒေသက မြို့ငယ်လေး တစ်မြို့မှာ မွေးခဲ့ပြီးတော့ ကျင့်ကြံခြင်း အရင်းအမြစ်တွေလဲ နည်းနည်းလေးပဲ ရှိခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ တမူထူးခြားတဲ့ ပါရမီနဲ့ ကြိုးစားမှုကြောင့်မို့လို့ ဖုန့်လင်းဒေသရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့တယ် "

" သူက ပိုပြီး အစွမ်းထက်လာတာနဲ့အမျှ သူ့အစွမ်းတွေကို မကောင်းမှုတွေ ကျူးလွန်တဲ့နေရာမှာ သုံးဝ မသုံးခဲ့ဘူး။ အဲ့ဒီအစား သူတို့ နိုင်ငံကို အပိုင်သိမ်းဖို့ ကြံနေတဲ့ မကောင်းတဲ့ လူယုတ်မာတွေကိုပဲ ရှင်းပစ်ခဲ့တာ။ အဲ့နောက်ပိုင်းမှာလည်း ထျန်းယွမ်အင်ပါယာကို ချောက်ထဲဆွဲချနေတဲ့ မိစ္ဆာဧကရာဇ်ကြီးကို သတ်ပြီး ထျန်းယွမ်အင်ပါယာ တစ်ခုလုံးကို သူ့တစ်ယောက်တည်းရဲ့ အစွမ်းနဲ့ ကယ်တင်ပေးခဲ့သေးတယ် "

ထိုသို့ ပြောနေစဥ်အတွင်း ချီရှောင်၏ မျက်လုံးများမှာ အရောင်များ တလက်လက် တောက်နေ၏။

" အဲ့လိုလူမျိုးကိုမှ မလေးစားရင် ဘယ်သူ့ကို သွားပြီး လေးစားရပါတော့မလဲ "

သူမက ဟွမ်ယင်ကို ကြည့်ကာ ပြောလိုက်သည်။

နံဘေးမှ အားနည်းအောင် ဟန်ဆောင်ထားသည့် ထျန်းပိုင် (လောထျန်း) : ………………………… (ဆွံ့အ)

All Chapters