← Chapters

မြို့စားကြီး၏ ဖိတ်ခေါ်မှု

Vol. 19 Ch. 261

မြို့စားကြီး၏ ဖိတ်ခေါ်မှု

Vol. 19 Ch. 261

ချီရှောင်မှာ ကြားလိုက်ရသည့် စကားကြောင့် မိမိနားကိုပင် မယုံနိုင်ဘဲ ဖြစ်သွားသည်။

နတ်ဘုရားမြို့တော်တွင် ရှိသည့် နတ်ဘုရားသားတော် နှင့် နတ်ဘုရားမ ဆယ်ပါးတို့အနက် ဟန်မင်မှာ စိတ်သဘောထား အဖြောင့်မတ်ဆုံး လူဟုသာ အားလုံးက ထင်ထားခဲ့ကြပါသည်။

သူသည် အမြဲတစေ အကြမ်းမဖက်ရန် ၊ လမ်းမှန်ကိုသာ ရွေးချယ်ရန် နှင့် ဖြောင့်မတ်သောစိတ်ထားမျိုး ရှိရန် ပြောနေတတ်သူ ဖြစ်၏။

သိုင်းပညာကို စိတ်ဝင်စားသည့် လူငယ်လေးများကိုလည်း သူ များစွာပင် သင်ကြားပို့ချခဲ့ပါသေးသည်။

သို့သော် ..ယနေ့တွင်မူ သူက ထိုသို့ အရှက်ကင်းမဲ့သော စကားမျိုး အမှန်တကယ် ပြောနေသတဲ့လား ။

" ရှင့်အမေ ရှင်ပဲ ပြန် &%$#$ "

ချီရှောင်မှာ ဒေါသမထိန်းနိုင်တော့ဘဲ ဆဲရေးလိုက်သည်။

ဝုန်း ..

ချက်ချင်းမှာပင် သူမကိုယ်မှ နတ်မီးငှက်  မီးတောက်ကလည်း စတင်တောက်လောင်လာ၏။

သို့သော် ...

ဝုန်း ..

စက္ကန့်ပိုင်းအတွင်းမှာပင် သူမ ၏ ဘေးပတ်လည်မှ လေထုက ပြိုကွဲသွားပြီး သူမ၏ မီးတောက်များလည်း ငြိမ်းသွား၏။

" ညီမလေး ချီရှောင် ၊ မင်းရဲ့ ထူခြားတဲ့ စိတ်စွမ်းအင်ပင်လယ်က ငါ့အတွက်တော့  အသုံးမဝင်ဘူးဆိုတာ မင်း သိသင့်တာပေါ့ "

ဟန်မင်က အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

" မျိုးမစ်ကောင် .. "

ချီရှောင် ဒေါသတကြီး ထပ်မံဆဲရေးလိုက်ပြန်သည်။

ထိုစဥ် လိုင်ထင်၏ အခြားနောက်လိုက်များက လောထျန်းဆီသို့ ပြေးသွားကြ၏။

၎င်းကို မြင်သောအခါ လောထျန်း သက်ပြင်းချ၍ ခေါင်းယမ်းကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" တခြားသူအဖြစ် ဟန်ဆောင်တာ မအောင်မြင်ပါလားကွာ ။ ထင်ထားတဲ့အတိုင်းပဲ ၊ ငါနဲ့ အဲ့လိုအလုပ်မျိုးနဲ့ လိုက်ကို မလိုက်ဘူး "

သူက ပြောပြောဆိုဆိုပင် လူသတ်ရန် အသင့်ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ...

ဝုန်း ..

အစွမ်းထက်သော အရောင်အဝါတစ်ခုက စားသောက်ဆိုင် တစ်ခုလုံးပေါ်သို့ ရုတ်တရက် ကျလာ၏။

လိုင်ထင်၏ နောက်လိုက်များ အားလုံးလည်း တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကုန်သည်။

လိုင်ထင် ကိုယ်တိုင်သည်ပင် ဒယီးဒယိုင်ဖြင့် ကြမ်းပြင်သို့ လဲကျသွား၏။

ဟန်မင်မှာလည်း အံ့သြမှင်သက်နေသည်။

ထိုအချိန်မှာပင် ..

ဖြောင်း ..

ချီရှောင်ကို ချုပ်နှောင်ထားသည့် လေထုက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွား၏။

" ဘယ်ကောင်လဲ  .. ငါ့ကို ထိရဲတာ ဘယ်ကောင်လဲ ထွက်လာခဲ့စမ်း "

လိုင်ထင်က ဘေးပတ်လည်သို့ ခေါင်းမော့ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။

ထိုအချိန်တွင် အေးစက်စက် အသံတစ်သံက ပြောလာ၏။

" လိုင် မိသားစုက ကောင်လေး ၊ မင်းက တော်တော်တော့ သတ္တိရှိတာပဲကွ ။ ဒီစားသောက်ဆိုင်က ငါပိုင်တဲ့နေရာဆိုတာ မင်း မသိဘူးလား "

အသံနှင့် မရှေးမနှောင်းမှာပင် လူတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။

ဝီ ..

ထိုလူ ပေါ်လာသည်နှင့် ပြောပြ၍ မရနိုင်သော ဖိအားများကလည်း အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက်လာ၏။

" နံပါတ် ၃ မြို့စားကြီး "

ထိုလူကို မြင်သည်နှင့် ခပ်လှမ်းလှမ်းမှ ချီရှောင်က အံ့သြတကြီး ပြောလိုက်သည်။

မှန်ပါသည် ။ ယခု ရောက်လာသူမှာ နတ်ဘုရားမြို့တော်၏ တတိယမြို့စားကြီး  ချူကျင်းထောင်ပင် ။

လိုင်ထင်သည် ချူကျင်းထောင်ကို မြင်မြင်ချင်း လန့်သွားသေးသော်လည်း ဒေါသတကြီး ​ပြောလာ၏။

" အဘိုးကြီး ၊ ခင်ဗျားက ကျုပ်လူတွေကို တိုက်ခိုက်ရဲတယ်ပေါ့လေ ။ ခင်ဗျားကြီး အသက် ဆက်မရှင်ချင်တော့ဘူးနဲ့ တူတယ်။ ခင်ဗျားကြီးကို သတ်ပေးဖို့ ကျုပ် အဖိုးကို ပြောလိုက်ရမလား "

" သခင်ကြီး လိုင် ၊ ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့ဗျာ "

အခြေအနေမဟန်တော့သည်ကို မြင်သော ဘေးမှ ဟန်မင်က တီးတိုးဝင်ပြော၏။

သို့သော် .. လိုင်ထင်က မထူးခြားဟန်ဖြင့် ထပ်ပြောသည်။

" ခင်ဗျားကြီးက ဘာဖြစ်လို့ ဘာမှ ပြန်မပြောရတာလဲ ။ ကျုပ်ကို ဘာလို့ ထိရဲတာ.... "

သို့သော် သူစကားဆုံးအောင် မပြောနိုင်ခင်မှာပင်   ......

ဖြောင်း ..

ချုကျင်းထောင်က သူ့ကို ရိုက်လိုက်ရာ သူ နောက်သို့ လွင့်ထွက်သွားတော့၏။

သူ့သွား တစ်ဝက်မှာလည်း မရှိတော့ပေ ။

" သခင်ကြီး လိုင်ထင် "

ဟန်မင်က သူ့ဆီသို့ အပြေးသွားရန် ပြင်လိုက်သည်။

သို့သော် ...

" မင်း ရွှေ့ရဲရင် ရွှေ့ကြည့်လိုက်စမ်း ၊ မင်းကိုပါ သတ်ပစ်မှာ "

ချူကျင်းထောင်က သူ့အား အထင်သေးရွံရှာနေသည့် မျက်လုံးများဖြင့် ကြည့်လာ၏။

ချက်ချင်းဆိုသလိုပင် .. အရိုးထဲထိတိုင် အေးသည့် အစွမ်းတစ်ခုက ဟန်မင်၏ တစ်ကိုယ်လုံးကို ရုတ်တရက် လွှမ်းခြုံလာသဖြင့် သူ နေရာမရွှေ့နိုင် ဖြစ်သွားသည်။

ထိုအချိန်တွင် ချူကျင်းထောင်က လိုင်ထင်အား ခွေးသေတစ်ကောင်ကဲ့သို့ ကောက်ကိုင်ကာ ပြောလိုက်သည်။

" မျိုးမစစ်လေး ၊ မင်းက ငါတို့ နတ်ဘုရားမြို့တော်ထဲမှာ စိတ်ထင်ရာစိုင်းပြီး ယုတ်မာတဲ့ ကိစ္စတွေ လုပ်နေခဲ့တာ တော်တော်များနေပြီ ။ ငါက အစကတော့ မင်းကို ဘာမှ ဝင်မပြောဘဲ နေမလို့ပါပဲ ။ ဒါပေမယ့် မင်းက ငါပိုင်တဲ့ နေရာထိ လာပြီးတော့တောင် ရှုပ်တာကိုးကွ "

လိုင်ထင်မှာ ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်နေသည့်တိုင် ချူကျင်းထောင်အား မုန်းတီးစွာ ကြည့်ပြီး ပြန်ပြော၏။

" အကိုးကြီး .. ကျုပ်အဖိုးက ... "

ဖြောင်း ..

ချူကျင်းထောင်က နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။

လိုင်ထင်၏ ကျန် သွားတစ်ဝက်လုံး ကျိုးသွားပြီး သွားတစ်ချောင်းမှ မကျန်ဘဲ ဖြစ်သွား၏။

" မင်းအဘိုး .. ဟုတ်လား ၊ မင်းအဘိုးအို အားလုံးက ကြောက်ကြတယ်များ ထင်နေတာလား ။ ငါက ဘာမိသားစုမှ မရှိတဲ့ တစ်ကောင်ကြွက် အဘိုးကြီးပဲ ။ ငါက မင်းအဘိုးကို အနိုင် မတိုက်နိုင်ဘူး ဆိုပေမယ့် ငါက ကောင်းကင်ဘုံ တံခါးဝအဆင့်ကို ရောက်ထားတာ မမေ့နဲ့လေ။ ငါက မင်းအဘိုးကို မနိုင်ရင်တောင် အဆိုးဆုံး အခြေအနေဆိုလို့ မင်းကို သတ်ပြီး ပိုမြင့်တဲ့ အဆင့်ကို တက်သွားလိုက်ရုံပဲရှိတာ ။ မင်းအဘိုးက ငါနဲ့အတူ လိုက်တက်ဖို့ ဆန္ဒရှိမလား "

ချူကျင်းထောင်က ပြောလိုက်သည်။

" ခင်ဗျားကြီး .... "

ထိုအချိန်မှသာ လိုင်ထင်တစ်ယောက် ထိတ်လန့် တုန်လှုပ်သွားတော့သည်။

ချူကျင်းထောင်နှင့် သူ့လူများက အမှန်တကယ်လည်း ပြောသလို လုပ်တတ်ကြသူများပင် ။

အကယ်၍ ချူကျင်းထောင်သာ ထိုသို့ လုပ်လိုက်ပါက သူ့အဘိုး မိုးကြိုးဘုရင်မှာလည်း မည်သို့မှ တတ်နိုင်မည် မဟုတ်ပါ။

ထိုတခဏတွင် လိုင်ထင်တစ်ယောက် မည်သို့မှ ထပ်မပြောနိုင်ဘဲ ပါးစပ်ပိတ်သွားရသည်။

" ကောင်လေး ၊ ခုချိန်က စပြီးတော့ မြောက်ပိုင်းနန်းတော် မဖွင့်ခင် အချိန်ထိ မင်း အနေအထိုင် ဆင်ခြင်ပါ။ ပြဿနာ ထပ်ရှာလို့ကတော့ ငါကိုယ်တိုင် မင်းကို လာသတ်မှာကွ ။ ငါပြောတာကြားလား "

ချူကျင်းထောင်က ဒေါသတကြီး အော်လိုက်သည်။

" ကြား ... ကြားပါတယ် "

လိုင်ထင်မှာ ချက်ချင်းပင် နာခံတတ်သည့် ခွေးတစ်ကောင်အလား ဖြစ်သွား၏။

ချူကျင်းထောင်က သူ့ကို တံတွေးဖြင့် ထွေးကာ ဟန်မင်ဆီသို့ ပစ်ပေးလိုက်သည်။

" မင်းရဲ့ သခင်ကြီးကို ခေါ်ပြီး ဒီကနေ ထွက်သွားစမ်း "

သူ ဟန်မင်အား လှည့်ပင် မကြည့်လိုက်ပါချေ။

" ဟုတ်ကဲ့ပါ မြို့စားကြီး "

ဟန်မင်မှာ ခေါင်းမဖော်နိုင်ဘဲ လိုင်ထင်အား ပွေ့ချီပြီး ကျန် လူများနှင့်အတူ ချက်ချင်း ပြေးထွက်သွားကြသည်။

" တတိယမြို့စားကြီး ၊ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ "

ထိုအချိန်မှာသာ ချီရှောင်က စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

ချူကျင်းထောင်က အပြုံးဖြင့် ပြန်ပြော၏။

" ငါသာ ရောက်မလာရင် ခုလောက်ဆို လိုင်ထင် သေနေလောက်ပြီ "

" ဟင် ... "

ချီရှောင် နားမလည်နိုင် ဖြစ်သွားသည်။

နတ်ဘုရားမြို့တော်တွင် ချူကျင်းထောင်တစ်ယောက်မှ လွဲ၍ လိုင်ထင်အား ထိရဲသူ မည်သူ ရှိပါမည်နည်း။

ထိုစဥ် ချူကျင်းထောင်က လောထျန်းဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။

" မိုးကြိုးဘုရင်ရဲ့ မြေးက တကယ်လဲ သေဖို့ ထိုက်တန်တဲ့သူပါ ။ ဒါပေမယ့် သူ့ကို အခုသတ်လိုက်ရင် သူ့အဘိုး ထွက်လာနိုင်တယ်လေ ။ အဲ့ကျရင် ကျုပ်တို့အတွက် တစ်ခုတည်းသော နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးသွားရလိမ့်မယ်ဗျ။ ဒါ့ကြောင့်မို့ မိတ်ဆွေလေး လောထျန်းအနေနဲ့ ကျေးဇုးပြုပြီး ခဏလောက် ဆက် စိတ်ရှည်ပေးပါဦး "

သူ့စကားဆုံးသည်နှင့် တဖက်မှ လူသုံးယောက်လုံး အံ့သြမှင်သက်သွားကုန်ကြ၏။

" လောထျန်း ဟုတ်လား ..ဘယ်လောထျန်းလဲ "

ဟွမ်ယင်က နားမလည်နိုင်စွာ မေးသည်။

" လောထျန်း ... ဘယ်မှာလဲ လောထျန်း "

ချီရှောင်ကမူ ဘေးပတ်လည်သို့ လှည့်ကြည့်ကာ လိုက်ရှာနေ၏။

လောထျန်းကမူ ချူကျင်းထောင်အား ကြည့်ကာ ခေတ္တမျှ အံ့သြမှင်သက်နေသေးသည်။ ထို့နောက်မှသာ သူ မေးလိုက်၏။

" ကျုပ်က ဒီလောက်သိုသိုသိပ်သိပ်နေခဲ့တာကိုတောင် ကျုပ်မှန်း ဘယ်လိုလုပ်ပြီး သိသွားကြတာလဲ "

သူသည် လမ်းတလျှောက် သေချာ ဂရုတစိုက်ဖြင့် သူမည်သူဆိုသည်ကို မပေါ်ရန် ဖုံးကွယ်ထားခဲ့ပါသည်။

သို့သော် .. တဖက်လူက သိသွားခဲ့သည်တဲ့လား။

ထိုစကားကို ကြားသောအခါ ချီရှောင် တစ်ကိုယ်လုံး တုန်သွားပြီး လောထျန်းအား လှည့်ကြည့်သည်။

တဖက်မှ ထျန်းပိုင်ဆိုသည့် လူက သူမ အထင်ကြီး လေးစားရသည့် လောထျန်း ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားမိခဲ့ပါချေ။

ချူကျင်းထောင်က အပြုံးဖြင့် ပြန်ပြော၏။

" သခင်လေးကို ကျုပ် သတိထားမိတာမဟုတ်ဘူးဗျ ။ ဒုတိယမြို့စားကြီး ၊ စီမာထျန်းချန်က သတိထားမိသွားတာ "

" ဒုတိယ မြို့စားကြီး ဟုတ်လား ..သူက ဘယ်လိုလုပ်ပြီး ... "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

ချုကျင်းထောင်က ပြန်ပြော၏။

" ကျုပ်တို့ရဲ့ ဒုတိယအကိုကြီးက အစီအမံ သခင်ကြီး တစ်ယောက်ပဲ ။ သူက အစွမ်းထက်တဲ့သူတွေ မြို့ထဲဝင်တာနဲ့ ချက်ချင်းသိအောင် မြို့ဝင်ပေါက်မှာ အစီအမံတစ်ခု လုပ်ထားတာ။ ဒါ့ကြောင့်မို့ သခင်လေး မြို့ထဲဝင်လာတာနဲ့ သူ တန်းပြီး သတိထားမိသွားတာပဲ။ သခင်လေးရဲ့ စိတ်စွမ်းအင်နဲ့ဆို ဘယ်သူမှန်း ခန့်မှန်းဖို့ သိပ်မခက်တော့ဘူးလေ "

စကာဆုံးအောင် နားထောင်ပြီးနောက် လောထျန်း အနည်းငယ် အံ့အားသင့်သွားရသည်။

" အဲ့လိုမျိုးတွေ ရှိလိမ့်မယ်လို့ ကျုပ် ထင်မထားမိခဲ့ဘူးဗျာ "

သူ မည်သို့မှ မတတ်နိုင်တော့ဘဲ မျက်နှာဖုံးကို ချွတ်လိုက်ရတော့၏။

လောထျန်း၏ ရုပ်အမှန်ကို တွေ့သည်နှင့် ဟွမ်ယင်၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်သွားသည်။

" ဟယ် .. ရှင်က တော်တော်ချောသားပဲ "

ချီရှောင်မှာလည်း မျက်နှာလေး ချက်ချင်း ရဲသွားကာ တွေးမိလိုက်သည်။

" တကယ် သူပဲ .. "

ထိုစဥ် လောထျန်းက ချူကျင်းထောင်ကို ကြည့်ကာ ပြော၏။

" တတိယမြို့စားကြီးက ကျုပ်ကို တကူးတက လာတွေ့ဆိုတော့ တခြား ဘာကိစ္စများ ရှိလို့လဲဗျ "

ချူကျင်းထောင်က အပြုံးဖြင့် ပြန်ပြောသည်။

" ကျုပ် သခင်လေးလောထျန်းကို မြို့စားအိမ်တော်ကို စကားလက်ဆုံလေး ပြောရအောင် ဖိတ်ချင်လို့ပါ။ ဒါပေမယ့် .. သခင်လေးရဲ့ မျက်နှာဖုံးကို ပြန်တပ်ထားဖို့တော့ ကျုပ် အကြံပေးချင်တယ်။ ပြီးတော့ မိန်းကလေးတို့ နှစ်ယောက်လဲ သခင်လေးလောထျန်းအတူ လိုက်ခဲ့လို့ ရပါတယ် "

လောထျန်းက စဥ်းပင် စဥ်းစားမနေဘဲ ချက်ချင်း ခေါင်းညိတ်ကာ ပြန်ပြော၏။

" ကောင်းပါပြီ "

ထို့နောက်တွင်မူ သူ မျက်နှာဖုံးကို ပြန်တပ်ကာ ချူကျင်းထောင်မှ နောက်မှ နေ၍ မြို့စားအိမ်တော်သို့ လိုက်သွားသည်။

ထိုအချိန်တွင် မြို့စားအိမ်တော်၌ ကျန်မြို့စားကြီး ၂ ယောက်လုံးက လောထျန်းအလာကို အဆင်သင့် စောင့်ဆိုင်းနေကြ၏။

လောထျန်း ရောက်လာသည်ကို မြင်သည်နှင့် မြို့စားကြီး ၂ ယောက်လုံးက ချက်ချင်း ထရပ်ကာ နှုတ်ဆက်ကြသည်။

" သခင်လေး လောထျန်းအကြောင်းကို ကျုပ် ကြားဖူးနေတာ ကြာလှပြီဗျ "

မြို့စားကြီး ရှန့်လင်ကျိုးက ဦးညွှတ်အရိုအသေပေးရင်း ဆိုသည်။

လောထျန်းကလည်း ပြန်ဦးညွှတ်လိုက်၏။

" သခင်လေး လောထျန်း ၊ တည့်တိုးကြီး ဖြစ်သွားရင်လဲ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဗျာ။ သခင်လေးက နတ်ဘုရားမြို့တော်ကို ဘယ်လိုကိစ္စနဲ့ လာခဲ့တာလဲဗျ "

စီမာထျန်းချန်က မေးသည်။

All Chapters