← Chapters

အခန်း (၈၆၂-၈၆၄)

Vol. 58 Ch. 862-864

အခန်း (၈၆၂-၈၆၄)

Vol. 58 Ch. 862-864

အခန်း(၈၆၂)

အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် ဓားစိတ်ဆန္ဒ တတိယအဆင့်၏ နယ်ပယ်ကိုပင် နားလည်ထားခဲ့သည်။

ဤကဲ့သို့သော လူမျိုးသည် ကြယ်သုံးပွင့် အင်အားစု သို့မဟုတ် ကြယ်လေးပွင့် အင်အားစုများမှာပင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်၏။

မိုချွမ်၏ အဖွဲ့ထဲတွင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူ တစ်ဦး လိုက်ပါလာလိမ့်မည်ဟု ဟန်လီ ဘယ်လိုမှ မထင်ထားခဲ့ပေ။

"ဒီညီငယ်လေးကို ကြည့်ရတာ မိုမိသားစုက မဟုတ်လောက်ဘူး.. ဒါက ငါတို့ ဟန်မိသားစုနဲ့ မိုမိသားစုကြားက ပြဿနာပါ.. ညီငယ်လေး ဝင်မပါဖို့ မျှော်လင့်ပါတယ်"

ဟန်လီက သက်ပြင်းချလိုက်ပြီး ကျန်းချန်ကို ဂါရဝပြုကာ ပြောလိုက်သည်။

သူရှေ့မှ ကောင်လေးသည် အင်ပါယာအဆင့် ပါရမီရှင် တစ်ယောက် ဖြစ်နိုင်ပြီး ကျင့်ကြံခြင်း အဆင့်ထက်ပင် များစွာသာလွန်သည့် ကြောက်မက်ဖွယ် တိုက်ပွဲဝင်စွမ်းအားကို ဖော်ထုတ်နိုင်သောသူ ဖြစ်သည်။

ထိုလူငယ်က တစ်ကွက်ထဲဖြင့်ပင် ဟန်ယင်နှင့် ဟန်ပမ်တို့ကို သွေးအန်အောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။

သူ၏ အတွေအကြုံအရ ထိုကဲ့သို့သော မွန်းစတား၏ နောက်ခံသည် သာမန် မဟုတ်လောက်ပေ။

ဤကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရလျှင် အနည်းငယ်မျှ ဂရုမစိုက်မိသည်နှင့် ပျားအုံကို တုတ်ဖြင့် သွားထိုးသကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး သူတို့ ဟန်မိသားစုကို ကပ်ဘေးများသယ်ဆောင်မိမည်ကိုပင် သူစိုးရိမ်မိသည်။

ထိုကြောင့် ဟန်လီက သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သောလူငယ်နှင့် ပြဿနာ မတက်ချင်ခဲ့ပေ။

"ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားစမ်း.. မင်းနဲ့အချိန်ဖြုန်းဖို့ ငါစိတ်မဝင်စားဘူး.. အသက်သုံးရှိုက်စာ အချိန်အတွင်း ထွက်မသွားခဲ့ရင် မင်းငါ့လက်ချက်နဲ့ သေရမယ်"

ကျန်းချန်က စိတ်မရှည်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မင်းက တကယ်ပဲ ငါတို့ ဟန်မိသားစုရဲ့ရန်သူ ဖြစ်ချင်တာလား"

ကျန်းချန်က သူ့ကို မျက်နှာသာမပေးသောကြောင့် ဟန်လီ၏ အမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

သူတို့ ဟန်မိသားစုနှင့် မိုမိသားစုသည် နှစ်ပေါင်း ရာနှင့်ချီ ရန်ငြိုးဖွဲ့ခဲ့ကြသည်။

ဤတစ်ကြိမ်တွင်မူ သူတို့ ဟန်မိသားစုသည် မိုမိသားစုကို ကြီးကြီးမားမား ထိုးနှက်နိုင်ခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် သူတို့သည် မိုမိသားစုဝင် အားလုံးကို သတ်ပစ်မည် ဖြစ်ပြီး မိုမိသားစုကို ဘယ်သောအခါမှ ပြန်လည် နလန်ထူနိုင်စွမ်း မရှိအောင် လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားခဲ့၏။

ထို့ကြောင့် ဟန်မိသားစုက သူတို့ သုံးယောက်ကို မိုယောင်တို့အဖွဲ့အား လိုက်လံရှင်းလင်းရန် စေလွှတ်ခဲ့ခြင်း ဆိုလည်းမမှားပေ။

အဆုံးသတ်ပြောရလျှင် မိုမိသားစုသည် ပိုင်မင်မြို့ရှိ ကြယ်နှစ်ပွင့်မိသားစု ဖြစ်သော တုံမိသားစုနှင့် ဆွေမျိုးတော်စပ်သည်။

မိုယောင်သာ ပိုင်မင်မြို့ကို ထွက်ပြေးပြီး တုံမိသားစုမှ လူများကို အကူအညီ တောင်းလိုက်လျှင် သူတို့ ဟန်မိသားစုကို အကြီးအကျယ် ဒုက္ခတွေ့စေလိမ့်မည်မှာ သေချာသလောက် ဖြစ်၏။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ၊ သူက မိုယောင်တို့ အဖွဲ့ကို ပိုင်မင်မြို့သို့ အသက်ရှင်လျက် သွားခွင့်ပေးနိုင်မည် မဟုတ်ပေ။

ကျန်းချန်က ဟန်လီကို နောက်တစ်ကြိမ် လှမ်းမကြည့်တောာ့ဘဲ နံပါတ်တစ်ခုကို အေးစက်စက် ရေရွတ်လိုက်သည်။

"သုံး"

"အကို.. ဒီကောင်လေးက အကောင်းအဆိုးကို နားမလည်ဘူး ဆိုမှ​တော့ သူနဲ့အပိုစကားတွေ ဘာလို့ ဒုက္ခခံပြီး ပြောနေဦးမှာလဲ.. အရေးမပါတဲ့ သိုင်းသခင်နယ်ပယ် ပထမအဆင့်က ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်မှာ မို့လို့လား.. ကျွန်တော်နဲ့ ဟန်ပမ် သူ့ကို အချိန်ဆွဲထားမယ်.. အကိုက မိုချွမ်ကို အရင်ရှင်းပစ်လိုက်.. သူက နို့နံ့တောင်မစင်သေးတဲ့ ကောင်လေးတစ်ယောက်ပဲ.. ကျွန်တော်တို့က ဘာလို့ ကြောက်နေရမှာလဲ "

ကျန်းချန်၏ မာနတစ်ခွဲသား အမူအရာကြောင့် ဟန်ယင်က ချက်ချင်းဆိုသလို ဒေါသထွက်သွားပြီး ကျန်းချန်ဆီသို့ ပြေးဝင်သွားခဲ့သည်။

အစောပိုင်းက သူနဲ့ဟန်ပမ်သည် သတိလက်လွတ် ဖြစ်ကာ ဒဏ်ရာ ရရှိခဲ့သည်။

ဤကောင်လေးက သူနှင့် ဟန်ပမ် တို့နှစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟုသူလုံးဝမယုံပေ။

ထိုမြင်ကွင်းကို မြင်လျှင် ဟန်ပမ်က ချက်ချင်းဆိုသလို ဟန်ယင်နှင့် ပူးပေါင်းသည့်အနေဖြင့် ကျန်းချန်ကို တိုက်ခိုက်ရန်ပြေးဝင်သွားခဲ့သည်။

"ဒီလောက်တောင် သေချင်နေမှတော့ သွားသေလိုက်ကြတော့"

ကျန်းချန်က သူဆီသို့ ပြေးဝင်လာသော ဟန်ညီနောင် နှစ်ယောက်ကို အသာအယာ လှမ်းကြည့်လိုက်ကာ မထီမဲ့မြင် အမူအရာဖြင့် အေးစက်စက် ရေရွတ်လိုက်သည်။

မကြာခင်မှာပင် ကြောက်မက်ဖွယ် ကောင်းသော ဓားဆန္ဒတတိယအဆင့်၏ အင်အားသည် ဟန်ညီနောင် နှစ်ယောက်ကို လုံးဝ ဖိနှိပ်လိုက်သည်။

ကျန်းချန်က သူ၏ သိုင်းသခင်နယ်ပယ် အဆင့် လက်ရှိအင်အားဖြင့် ဓားဆန္ဒ တတိယအဆင့်၏ ခွန်အားကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။

ထိုအခါ ဟန်ညီနောင် နှစ်ယောက်သည် တုန်လှုပ်သွားခဲ့ပြီးလှုပ်ရှားဖို့ပင် ခက်ခဲလာခဲ့သည်။

"သွားသေလိုက်တော့"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး လက်ချောင်းဖြင့် ထိုနှစ်ယောက်ကို ညွှန်ပြလိုက်ရာ တစ်ခဏ အတွင်းမှာပင် မမြင်နိုင်သော ဓားအလင်းနှစ်ခုသည် လေထုကို ထိုးဖောက်သွားပြီး ဟန်ညီနောင် နှစ်ယောက်၏ လည်ပင်းကို ချက်ချင်းဆိုသလို ဖြတ်သန်းသွားခဲ့သည်။

အခန်း(၈၆၂)ပြီး၏။

အခန်း(၈၆၃)

ဟန်ညီနောင် နှစ်ယောက်၏ အလောင်းက မြေပြင်ထက်တွင် လဲကျနေသည်ကို မြင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝတိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းက ကျန်းချန်ကို ကြည့်ကာ မှင်တက်နေကြပြီး အချိန်အတော်ကြာမှသာ ပြန်လည် အသိဝင်ခဲ့ကြသည်။

သူတို့ရှေ့မှ ကောင်လေးသည် အစောပိုင်းကပင် ဓားစိတ်ဆန္ဒဖြင့် ဟန်ညီနောင်နှစ်ယောက်ကို သွေးအန်အောင် ပြုလုပ်ခဲ့ပြီးပြီး ဖြစ်သည်။

သို့သော်လည်း ဤမျှအထိ အင်အားကြီးမားလိမ့်မည်ဟုတော့ သူတို့ မမျှော်လင့်ထားကြပေ။

ထိုလူငယ်က တစ်ကွက်ထဲဖြင့်ပင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်သည်။

"ဒါ.. ဒါက အရမ်းကို ကြောက်စရာကောင်းတဲ့ ဓားစိတ်ဆန္ဒပဲ.. ဒီကောင်လေးရဲ့ ဓားစိတ်ဆန္ဒက တကယ်ကို ကြောက်ဖို့ကောင်းတဲ့ အဆင့်ကို ရောက်နေပြီ"

လေထဲတွင် မိုချွမ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ဟန်လီက တုန်လှုန်ခြောက်ခြားမှုကနေ ပြန်လည်သက်သာလာရန်အတွက် အချိန်အနည်းငယ် ယူခဲ့ရသည်။

သူက အောက်ဘက်ရှိ ကျန်းချန်ကို လှမ်းကြည့်ကာ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့၏။

အသက်သုံးဆယ် အရွယ်တွင်သိုင်းသခင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့၍ ဟန်လီသည် မိသားစု၏ ထူးချွန်သော ပါရမီရှင် အနည်းငယ်ထဲမှ တစ်ယောက် ဆိုလည်းမမှားပေ။

သူက ဓားဆန္ဒတတိယအဆင့်၏ အဓိပ္ပာယ်ကို နားလည်ထားသည့် အင်ပါယာအဆင့် ပါရမီရှင်၏ လှုပ်ရှားမှုကို မြင်ဖူးခဲ့သည်။

သို့သော် ထိုအချိန်က သူမြင်တွေ့ခဲ့ရသည့် အင်ပါယာအဆင့်ပါရမီရှင်၏ တိုက်ပွဲဝင်စွမ်းရည်သည်ပင် ဤကောင်လေးလောက် ကြောက်မက်ဖွယ်မကောင်းပေ။

သူ့ရှေ့မှကောင်လေးသည် အထွတ်အမြတ်အဆင့် ပါရမီရှင်ဖြစ်နိုင်ပါသလော။

ထိုကဲ့သို့သော ပါရမီရှင်သည် ကျုံးကျိုးကုန်းမြေ၏ ကြယ်လေးပွင့် အထွတ်အမြတ်နေရာမှာပင် အလွန်ရှားပါးသော အဆင့်အတန်း ရှိသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူယောက်က မိုမိသားစု အဖွဲ့ထဲတွင် အဘယ်ကြောင့် ရှိနေရသလဲ ဆိုသည်ကို ဟန်လီ လုံးဝ နားမလည်နိုင်ခဲ့ပေ။

ဤကောင်လေးသည် အလွန်ပင် ပါရမီရှိပြီး ယခုလေးတင် ပြသခဲ့သည့် ဓားစိတ်ဆန္ဒသည် သူ့ကိုပင် တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

ဤနေရာတွင် ဆက်နေလျှင် သူသည်လည်း ဟန်ယင်တို့နောက်သို့ လိုက်သွားရမည်ကို စိုးရိမ်လာမိသည်။

ထို့ကြောင့် ဟန်လီက တုံ့ဆိုင်းမနေဘဲ အာကာပြင်ကို တိုက် ရိုက် ဆွဲဖြဲကာ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့သည်။

"အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးကျန်း"

မိုယောင်က သတိပြန်ဝင်လာပြီးနောက်တွင် ကျေးဇူးတင်သော အမူအရာဖြင့် ကျန်းချန်ကို ကျေးဇူးတင်လိုက်သည်။

လေထဲမှ မိုချွမ်ကလည်း မိုမိသားစုမှ ကျင့်ကြံသူများကို ဦးဆောင်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

သူတို့ သခင်မလေး ဖိတ်ခေါ်လိုက်သည် လူငယ်သည် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားမည်ဟာ မိုချွမ် မမျှော်လင့်ထားခဲ့ပေ။

ယနေ့တွင် ကျန်းချန်သာ မရှိခဲ့လျှင် သူတို့ တစ်ဖွဲ့လုံးသည် အမှန်တကယ် ချေမှုန်းခံရလိမ့်မည် ဖြစ်သည်။

"ဒါက အသေးအမွှား ကိစ္စလေးပါ.. မင်းတို့တွေ အားနာနေဖို့ မလိုပါဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ဒီမှာ အချိန်ကြာကြာနေဖို့ မသင့်တော်ဘူး.. ငါတိုတွေ ခရီးဆက်ကြစို့ "

မိုချွမ်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် လက်ကို‌ ဝှေ့ရမ်းလိုက်သည်။

"ဆက်သွားကြမယ် "

ယခုလေးတင် ကြီးမားသော တိုက်ပွဲတစ်ပွဲ ဖြစ်ပေါ်

ခဲ့ရာ ဤနေရာတွင် ဆက်နေဖို့ မသင့်တော်တော့ပေ။

ဤတစ်ခေါက်တွင် ဟန်မိသားစုမှ ကျင့်ကြံသူသုံးယောက်ကို သူတို့က တွန်းလှန်နိုင်ခဲ့သော်လည်း ဟန်မိသားစုအနေဖြင့် သူတို့ကို လိုက်လံဖမ်းဆီးရန် ပိုမို အားကောင်းသော လူများကိုစေမလွှတ်နိုင်ဟု ယတိပြတ် မပြောနိုင်‌ပေ။

ထို့ကြာင့် မိုချွမ်က ချက်ချင်းပင် ခရီးဆက်ရန် အမိန့်ပေး

လိုက်ခြင်း ဖြစ်သည်။

သူတို့၏ နောက်ထပ် ခရီးစဉ်သည် သေချာပေါက် ပိုမို ချောမွေ့လာခဲ့ပြီး လမ်းတွင်လည်း မည်သည့်အတားအဆီးကိုမှ မကြုံတွေခဲ့ပေ။

လဝက်ခန့်အကြာတွင် ပိုင်မင်မြို့အဝင် ဂိတ်တံခါးသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

ပိုင်မင်မြို့သည် မြို့ရိုးကို ကျောက်တုံးပြာများဖြင့် ပြုလုပ်ထားသည်။

မြို့က အလွန်ခံညားကာ သက်တမ်းရင့်သော အရှိန်အဝါကို ထုတ်လွှင့်နေခဲ့၏။

"သခင်လေးကျန်း.. အရှေ့မှာ ပိုင်မင်မြို့ကို ရောက်ပြီ.. သခင်လေးကျန်းမှာ ဘယ်လို အစီအစဉ်တွေရှိသလဲ သိပါရစေ"

သူ့ရှေ့မှမြို့ကို ကြည့်ရင်း မိုယောင်က ကျန်းချန်ကို ရိုသေစွာ ပြောလိုက်သည်။

"အရင်ဆုံး မင်းတို့နဲ့အတူ တုံအိမ်တော်ကိုပဲ ငါလိုက်ခဲ့မယ်"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

အဖြစ်အပျက်များစွာကို ကြုံတွေ့ပြီး နောက်တွင် ကျန်းချန်သည် ယခုအခါ၌ ပို၍ပင် သတိထားလာခဲ့သည်။

သူက အခြေအနေကို စူးစမ်းပြီးမှသာ ယန်ဒီမြို့မှ ရှောင်မိသားစုနှင့် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။

အဆုံးသတ်ပြောရလျှင် ယခုအခါ၌ သူက ယန်ဒီမြို့မှ လူတွေဆီသွားပြီး ရှောင်တုလီ၏ တပည့်ဟု ပြောလျှင် မည်သူမျှယုံမည် မဟုတ်‌ပေ။

အခန့်မသင့်လျှင် ဒုက္ခပင် ရောက်သွားနိုင်သည် မဟုတ်ပါလော။

အခန်း(၈၆၃)ပြီး၏။

အခန်း(၈၆၄)

ပိုင်မင်မြို့ကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် မိုယောင်တို့နှင့် အတူ ပိုင်မင်မြို့ရှိ တုံအိမ်တော်ဆီသို့ လိုက်သွားခဲ့သည်။

သူတို့ရှေ့ရှိ ခမ်းနားထည်ဝါသော အဆောက်အဦးကို မြင်လျှင် မိုမိသားစုဝင် အားလုံး၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားသောအရိပ်အယောင်များ တောက်ပလာခဲ့သည်။

မိုချွမ်နှင့် မိုယောင် နှစ်ယောက်စလုံး၏ မျက်နှာတွင်မူ အလွန်လေးနက်သော အမူအရာများ ရှိနေခဲ့၏။

ကျန်းမိသားစုကနေ ထွက်လာခဲ့သည့် အချိန်မှစ၍ ကျန်းချန်သည် အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရပြီး ယခင်လိုအတွေ့အကြုံ မရှိသည့် ကောင်လေး တစ်ယောက် မဟုတ်တော့ပေ။

မိုယောင်တို့၏ အမူအရာကို တစ်ချက်ကြည့်လိုက်သည်နှင့် တုံမိသားစုဆီမှ အကူအညီတောင်းဆိုသည့် ကိစ္စသည် လွယ်ကူမည်မဟုတ်ဟု ကျန်းချန် ခန့်မှန်းမိလိုက်သည်။

ကျင့်ကြံခြင်းကမ္ဘာသည် အားကြီးသူကို လေးစားပြီး အားနည်းသူကို အားကြီးသူက စားစတမ်း ဖြစ်သည်။

ဤကမ္ဘာတွင် အကျိုးအမြတ်အတွက် ဆွေမျိုးသားချင်း အချင်းချင်း ရန်ဖြစ်ကြသည်မှာ အဆန်းမဟုတ်တော့ပေ။

အိမ်တော်နှစ်ခု လက်ထပ် ထိမ်းမြားခြင်းသည် ကျင့်ကြံခြင်းကမ္ဘာတွင် အကျိုးစီးပွား ဆက်ဆံရေးတစ်ခုသာ အမြဲလိုလို ဖြစ်လေ့ ရှိသည်။

ယခုအခါတွင် မိုမိသားစုသည် ဟန်မိသားစု၏ ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားခဲ့ရပြီး တုံမိသားစု အကျိုးစီးပွား အတွက် တန်ဖိုးမရှိသလောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ တုံမိသားစုသည် မိုမိသားစုကို ကယ်တင်စရာအကြောင်း သိပ်မရှိတော့‌ပေ။

မိုယောင်၏ အမေသည် တုံမိသားစုမှဖြစ်၍ အခွင့်အရေး ရှိကောင်းရှိနိုင်ပါသေးသည်။

သို့သော်လည်း တုံမိသားစုသည် ကြယ်နှစ်ပွင့်မိသားစု တစ်ခုဖြစ်သည်။

မိုယောင်၏အမေသာ တုံမိသားစုတွင် ထူးခြားသောအဆင့်အတန်း ရှိနေခဲ့လျှင် မိုမိသားစုလို ကြယ်တစ်ပွင့်မိသားစုနှင့် အဘယ်ကြောင့် လက်ထပ်ခဲ့ပါသနည်း။

"အခုရောက်လာတာ ဘယ်သူတွေလဲ.."

ကျန်းချန်က အတွေးထဲ နစ်မြောနေသည့် အချိန်မှာပင် တုံမိသားစု၏ အိမ်တံခါးဝကနေ အမျိုးသားနှစ်ယောက်သည် တိုက်ရိုက်ပျံသန်း၍ ထွက်လာခဲ့ပြီး ကျန်းချန်တို့ လူစုကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ကျွန်တော်တို့က လင်ချန်မြို့က မိုမိသားစုဝင်တွေပါ...မိသားစုခေါင်းဆောင်ရဲ့အမိန့်နဲ့ အကြီးအကဲချုပ် တုံဟဲကို လာတွေ့တာပါ"

မိုချွမ်က လေးနက်သော အမူအရာဖြင့် ထိုနှစ်ယောက်ကို စာတစ်စောင် ကမ်းပေးလိုက်သည်။

"လင်ချန်မြို့က မိုမိသားစုလား"

တုံမိသားစုမှ ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"ခဏလောက် စောင့်ပေးပါဦး.."

စကားဆုံးသည်နှင့် ကျင့်ကြံသူက ချက်ချင်းဆိုသလို အိမ်တော်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

ခဏအကြာတွင် ကျင့်ကြံသူက တံခါးဝသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ကျန်းချန်တို့ လူစုကို တုံအိမ်တော်၏ အတွင်းဆီသို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။

"မင်းတို့အရင် ဒီမှာ စတည်းချလိုက်ပါ.. အကြီးအကဲတုံက အရေးကြီးကိစ္စတွေ ရှိနေလို့ သူ့ကိစ္စပြီးတာနဲ့ မင်းတို့ကို ခေါ်တွေ့ပါလိမ့်မယ်.."

တုံမိသားစုမှ ကျင့်ကြံသူက စကားဆုံးသည်နှင့် မိုချန် တို့ကိုပင် စကားပြောခွင့်မပေးဘဲ ချာခနဲ လှည့်ထွက်သွားခဲ့သည်။

"တုံမိသားစုက ငါတို့ကို အတော်လေး အထင်သေးတဲ့ပုံပဲ.."

သူတို့ ရောက်ရှိနေသည့် ဆွေးမြည့်ပြီး လူသူကင်းမဲ့နေသော ခြံဝင်းကို ကြည့်ကာ မိုမိသားစုမှ ကျင့်ကြံသူများက ဒေါသတကြီး ရေရွတ်လိုက်သည်။

သိထားရမည်မှာ မိုမိသားစု‌ခေါင်းဆောင်၏ ဇနီးသည် တုံမိသားစု၏ အကြီးအကဲချုပ် တုံဟဲ၏သမီး ဖြစ်ရာ မိုယောင်သည် အကြီးအကဲချုပ်တုံဟဲ၏ မြေးအရင်း ဖြစ်သည်။

သို့ဖြစ်ရာ တုံအိမ်တော်ကို ရောက်လာသည့်အခါတွင် ဤကဲ့သို့ဆက်ဆံခံရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့‌‌ပေ။

သူတို့ကို ထားရှိသောနေရာသည် တုံမိသားစု၏ ဧည့်သည်ထားရှိရာ နေရာထက်ပင် ပိုမို ဆွေးမြေ့ဟောင်းနွမ်းနေခဲ့သည်။

"ခရီးတစ်လျောက်လုံး အားလုံးပင်ပန်းလာခဲ့တာဆိုတော့ အရင်ဆုံး အနားယူလိုက်ကြစို့"

မိုချွမ်က သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

သူတို့မိုမိသားစုသည် ကြယ်နှစ်ပွင့် မိသားစု ဖြစ်သည့် တုံမိသားစု ရှေ့တွင် ဘာမှမဟုတ်သော မိသားစုလေးသာ ဖြစ်သည်။

ထို့အပြင် သူတို့က အကူအညီတောင်းရန် ရောက်လာခဲ့ခြင်းဖြစ်ရာ ဤကဲ့သို့ နှိမ့်ချဆက်ဆံမှုကို သည်းခံရုံသာ တတ်နိုင်ခဲ့သည်။

တကယ်တမ်းတွင် မိုချွမ်သည် တုံမိသားစုက သူတို့ မိုမိသားစုကို ကယ်တင်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သော်လည်း ဤခရီးစဉ်အတွက် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။

"သခင်လေးကျန်းချန် တောင်းပန်ပါတယ်.. ရှင့်ကို သိမ်ငယ်စေမှာ ကျွန်မ စိုးရိမ်မိတယ်.."

မိုယောင်က သူ့နံဘေးရှိ ကျန်းချန်ကို လှမ်းကြည့်ကာ အနည်းငယ် ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။

"ငါအဆင်ပြေပါတယ်.. မင်းနဲ့ တုံမိသားစုကြားမှာ ရှိတဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ ငါ့ကို ပြောပြပါဦး.."

ကျန်းချန်က လက်ကို ဝေ့ရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ခပ်ယဲ့ယဲ့ပြုံးကာ မေးလိုက်သည်။

ကျန်းချန်၏ မေးခွန်ကိုကြားလျှင် မိုယောင်က ခါးသီးစွာ ပြုံးလိုက်၏။

"ကျွန်မရဲ့အမေက တကယ်တော့ တုံမိသားစုက နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ သမီးပဲ"

"မိုယောင်ရဲ့အမေက တုံမိသားစုက နတ်ဝိညာဥ်ဘုရင် တစ်ပါးရဲ့ သမီးဖြစ်နေတာလား.."

မိုယောင်၏စကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် မယုံနိုင်လောက်သည့် အံ့သြသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

အခန်း(၈၆၄)ပြီး၏။

All Chapters