← Chapters

အခန်း (၄၈၁-၄၈၄)

Vol. 31 Ch. 481-484

အခန်း (၄၈၁-၄၈၄)

Vol. 31 Ch. 481-484

အခန်း ၄၈၁ ငှက်နတ်ဘုရား ပိဖန်၊ နဂါးနိုင်နတ်ဘုရားမ

ဆည်းဆာမီးတောက်များက တော၏တခြားတဖက်တွင် ကောင်းကင်သို့ ထိုးတတ်နေပြီး ရွက်စိမ်းများကို ကြက်သွေးရောင်သန်းသွားစေသည်။ မနက်ခင်းမြူများက အလင်းတန်းများအဖြစ် ပျော်ဝင်သွားပြီး တိမ်တိုက် များကြားတွင် ပျောက်ကွယ်သွားကြသည်။

တောတစ်ခုလုံးတွင် စူးရှသည့်အော်သံက ပဲ့တင်ထက်နေသည်။ ဝါးပင်များလောင်ကျွမ်းနေသကဲ့သို့ တဖျစ်ဖျစ် အက်ကွဲသံက လေထဲတွင် မျောလွင့်နေသည်။

အနီရောင် ခြေတစ်ဖက် နတ်ဘုရားငှက်က သစ်တောထဲတွင်ပေါ်လာသည်။ မီးလျှံများက တောက်ပလာပြီး သူ့အနီးတွင် ပျောက်ကွယ်သွားကြသည်။

[သားရဲအမည်] - သွေးရော ပိဖန်

[သားရဲအဆင့်] - အဆင့် ၄၉

[သားရဲစွမ်းရည်] - ဒဏ္ဍာရီလာအဆင့်

[သားရဲအမျိုးအစား] - မီး

[သားရဲစွမ်းအင်] - မီးကျွမ်းကျင်မှုအဆင့် ၄၊ သစ်သားနှလုံးသားမီးတောက် အဆင့် ၃၊ မီးတောက်ငှက်မွှေး အဆင့် ၃

[ထူးခြား ဝိသေသလက္ခဏာ] - မီးအတောင်ပံများ (ဖယ်ထုတ်ထား)

ဝိဥာဥ်နှင်ခြင်း (ပိဖန်ဟုအမည်ရသော ရှေးဟောင်းငှက်နတ်ဘုရားဖြစ်သည်။ တစ်ခါက ဧကရာဇ်ဟွမ်းဟာ ကောက်ကျစ်သော မျိုးနွယ်စုခေါင်းဆောင် ချီယွီ၏ဝိဥာဥ်ကြောင့် ကျိန်စာတိုက်ခြင်းကိုခံခဲ့ရပြီး ထို့နောက်တွင် ထိုဝိဉာဉ်မှာ ပိဖန်၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။)

သက်ရောက်မှု ၁ - ဝိဥာဥ်အမျိူးအစားသားရဲများအပေါ်တွင် တိုက်ခိုက်မှုစွမ်းရည် ပိုသက်ရောက်စေသည်။

သက်ရောက်မှု ၂ - ပိဖန်တွင် ဝိဥာဥ်အမျိုးအစားသားရဲများကို အားလျှော့စေသော သဘာဝသက်ရောက်မှု ရှိသည်။ သူ့ကိုမြင်တာနဲ့ သူတို့ ကြောက်လန့်သွားကြလိမ့်မည်။

သက်ရောက်မှု ၁ - သူ၏စူးရှသော အော်သံက ဝိဥာဥ်များကို နှင်ထုတ်နိုင်စွမ်းရှိပြီး မည်သည့်ကျိန်စာကိုမဆို ပယ်ဖျက်နိုင်သည်။ တချိန်တည်းတွင်ပင် ရန်သူ၏ ဝိဥာဥ်ကို ဖျက်စီးမှုဖြစ်စေသည်။

[သားရဲ ဖော်ပြချက်] - ပိဖန်၏သွေးနှောကို ပိုင်ဆိုင်ထားသော သားရဲဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ပိဖန်၏သွေးကို ဆက်ခံထားသည်။ သူ့တွင် မူလပိဖန်ကဲ့သို့ပင် မီးတောက်ကဲ့သို့ စွမ်းရည်တချို့ကိုလည်း ပိုင်ဆိုင်ထားသည်။ သူက မကောင်းဆိုဝါးကိုလည်း နှင်ထုတ်နိုင်သည်။

ဖလိန်မီက ကျက်သရေရှိသော ပုံသဏ္ဍာန်ဖြစ်သည်။ သူ့တွင် သွယ်လျသောလည်တိုင်နဲ့ ခန္ဓာကိုယ်ရှိပြီး ချောမွေ့ပျော့ပြောင်းသော အမွှေးများက ဆည်းဆာ၏အလင်းရောင်ထဲတွင် တောက်ပနေသည်။ သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ အလှတရားကို ဖျက်နေတဲ့တစ်ခုတည်းသော ပြစ်ချက်ကတော့ သူရဲ့ လုံးဝန်းနေသေော ဝမ်းဗိုက်ပဲဖြစ်သည်။

ဂိုဒီက ဖလိန်မီ ၏ဗိုက်ကို ထိုးပြပြီး ထိတ်လန့်စွာပြောလိုက်သည် “မင်း ကိုယ်ဝန်ရှိနေတာလား”

ဖလိန်မီက ဒေါသအမျက်ချောင်းချောင်းနဲ့ ကြည့်လိုက်ရင်း “အမွှေးတုံးနေတဲ့ ငတုံးကောင် စကားကို ချိုချိုသာသာ မပြောတတ်ရင် ပါးစပ်ပိတ်ထားလိုက်”

“ဒါပေမယ့် မင်းဗိုက်က ဘာလို့အရမ်းလုံးဝိုင်းနေရတာလဲ” ဂိုဒီ စဥ်းစားမရဖြစ်နေသည်။

ဖလိန်မီ၏ အမူအရာ အနည်းငယ်ပြောင်းသွားသည်။ သူက လွမ်းဆွတ်တမ်းတနေဟန်ဖြင့် “တကယ်တော့ ပိဖန်က ငါ့လိုပဲ” ဟု ပြောလိုက်သည်။

“ဟမ် တကယ်လား” ဂိုဒီ မသေချာသလိုခံစားရသည်။

“ဒါပေါ့” ဖလိန်မီက အလေးအနက်ဟန်ဖြင့် ခေါင်းညိမ့်သည်။ “တကယ်တော့ ပိဖန်နဲ့ သူ့မျိုးဆက်တွေအကုန်လုံးက ငါ့လို ဗိုက်မျိုးရှိကြတယ်… ငါတို့ဗိုက်တွေက သဘာဝအတိုင်းကို ပိုကြီးကြတာ… ငါတို့တွေက အရင်ခေတ်တွေတုန်းက နတ်ဘုရားငှက်တွေအဖြစ် လေးစားချစ်ခင်တာခံ့ခဲ့ရတယ်… ငါတို့လို မီးနတ်ဘုရားရဲ့ ဒဏ္ဍာရီလာအိမ်မွေးတိရိစ္ဆာန်အဖြစ် သိထားကြတဲ့အတွက် လူတွေကို ပျော်ရွှင်ခြင်းတွေ ယူလာပေးမယ့် ကျက်သရေရှိခြင်းရဲ့ သင်္ကေတအဖြစ် ယုံကြည်ကြတယ်… ဒီအချက်အရ လုံးဝန်းပြည့်ဖောင်းနေတဲ့ဝမ်းဗိုက်တွေက ဂုဏ်ကျက်သရေးကို ကိုယ်စားပြုတယ်ဆိုတာ မင်းလည်း သိတယ်မလား… အဲဒါကြောင့် တကယ်တော့ ငါတို့က လူတွေကို ကောင်းချီးတွေ ဆောင်ယူပေးဖို့အတွက် ဗိုက်တွေကို လုံးနေအောင် လုပ်ထားရတာ… မင်းတွေ့ပြီလား ငါတို့က ကောင်းမှုလုပ်ဖို့ ထူးခြားတဲ့ အလှတရားကို ပေးဆပ်အနစ်နာ ခံထားကြတာ”

ဂိုဒီက ဒီဖြောင့်မတ်ပြီး မြင့်မြတ်သောစကားများကို နားထောင်ပြီး ကြောင်တောင်တောင်ဖြစ်သွားရသည်။ ဖလိန်မီတောင် သူ့စကားတွေ သူပြန်ယုံမိတော့မလိုဖြစ်သွားသည်။ တုံးအတဲ့ ဂိုဒီ အံ့သြတကြီးဖြစ်နေတာကို တွေ့ရတော့ ဖလိန်မီ ခိုးကြောင်ခိုးဝှက်နဲ့ ရီပြီး ပျံထွက်သွားတော့သည်။

တဖက်တွင်လည်း ရတနာအနံ့ခံကြွက်က အာရုံလွင့်နေတာ နောက်ဆုံးတော့ ရပ်သွားပြီး ခေါင်းကို ကြည်သွားအောင် ခါယမ်းလိုက်ကာ ကောင်းဖန်၏ရှေ့သို့ ပြေးသွားသည်။

[သားရဲအမည်] - ရတနာအနံ့ခံကြွက်

[သားရဲအဆင့်] - အဆင့် ၄၁

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲအမျိုးအစား] - စိတ်စွမ်းအင်

[သားရဲစွမ်းအင်] - ရတနာအနံ့ခံအဆင့် ၃၊ လှုပ်ရှားမှုနှုန်း အဆင့် ၂

[ထူးခြားဝိသေသလက္ခဏာ] - အကောင်းဆုံး ရတနာ အာရုံခံနိုင်စွမ်း (သရဲမှာ သရဲအနံ့ရှိတယ်၊ လူသားမှာ လူသား အနံ့ရှိတယ်၊ ရတနာမှာ ရတနာအနံ့ရှိတယ်)

သက်ရောက်မှု ၁ - အချိန်တိုအတွင်း ရတနာများ၏ အာရုံခံနိုင်စွမ်းကို တိုးတက်စေသည်။ လေထဲက ရတနာနံ့ဖျော့ဖျော့လေးကနေ ဧရိယာအတွင်းက တန်ဖိုးအကြီးဆုံး ရတနာကို ရွေးထုတ်နိုင်သည်။ သူ့ရဲ့စွမ်းရည်ကို နိုးထအောင်လုပ်ပြီးပါက အချိန်တစ်ခုအတွင်း ဧရိယာတွင်းက တန်ဖိုးအရှိဆုံး ရှေးဟောင်းပစ္စည်းကို ရှာဖွေနိုင်သည်။

[သားရဲဖော်ပြချက်] - ရတနာများကို ရှာဖွေရတာကြိုက်သော လောဘကြီးသည့်ကြွက်ဖြစ်သည်၊ လျှင်မြန်ပြီး သွက်သွက်လက်လက်လှုပ်ရှားနိုင်သည်။

သူ့ရဲ့ အသစ်စက်စက် ဖွံဖြိုးသွားသော သားရဲသုံးကောင်ကိုကြည့်ပြီး ကောင်းဖန် ပြီးပြည့်စုံသွားသလို ခံစားလိုက်ရသည်။ ဖော်ပြ၍မရနိုင်သော ဆန္ဒပြည့်မှုက ကောင်းဖန်၏ နှလုံးသားထဲတွင် ပြည့်သွားသည်။ သူ့သားရဲ တွေ တစ်ဆင့်ခြင်း ကြီးထွားလာတာကို သူ့မျက်စိနဲ့ကိုယ်တိုင်မြင်ရတဲ့ ခံစားချက်က အရမ်းကောင်းလွန်းသည်။

သို့သော်လည်း ဖလိန်မီကို သွေးနှော ပိဖန်အဖြစ် တိုးတက်စေဖို့က ကောင်းဖန်၏ ရွေးချယ်မှုဖြစ်သည်။ တကယ်တော့ သူ ဖလိန်မီကို နောက်ထပ် ခြေတစ်ဖက် မီးငှက် ပိဖန်အဖြစ်သို့ တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ထားတာ ကြာပြီဖြစ်သည်။ အမှန်ပြောရရင် ဒီ စာလုံး ၃သုံးလုံးကို ပြောထဲက သူ့စိတ်ထဲမှာ ပထမဆုံး ပေါ်လာတဲ့ သားရဲက ပိဖန်ဖြစ်သည်။

အဲဒါအပေါ်သူ ခံစားချက်တချို့ တွယ်ငြိနေတာဆိုတာကို ကောင်းဖန်သေချာပေါက် ငြင်းမည် မဟုတ်ပေ။ သို့သော် သူက ဟွာရှား၏ ငှက်နတ်ဘုရားဖြစ်နေတာကြောင့် သူ ဒီလမ်းကြောင်းအတိုင်း တတ်နိုင်သလောက် ဆက်သွားဖို့ သူ အားပေးမည်ဖြစ်သည်။

“အော် ဟုတ်သားပဲ အကျဥ်းသား ၂ ယောက်ကို အောက်ကို ခေါ်သွားပြီး အကောင်းဆုံးစားသောက်စရာတွေ ကျွေးလိုက်.. ဒါမှ ငါတို့ ဟွာရှားကလူတွေက အကျဥ်းသားတွေအတွက် စားစရာတောင် မကျွေးနိုင်ဘူးဆိုတာမျိုး မပြောလာအောင်” ကောင်းဖန်က သူ့ငယ်သားများကို အမိန့်ပေးလိုက်ပြီး အကျဥ်းသား ၂ ယောက်ကို ထောင်ထဲသို့ ထည့်ပြီး စောင့်ကြည့်ခိုင်းထားလိုက်သည်။

ဟွာရှားကို ရောက်လာတည်းက တုံရှန်း တိတ်ဆိတ်နေခဲ့သည်။ တစ်ချိန်ထဲတွင်ပဲ သူအနီးပတ်ဝန်းကျင်ကို လျို့ဝှက်စွာ လေ့လာအကဲခတ်နေခဲ့သည် သို့သော် အရမ်းသိသိသာသာကြီးလည်း မလုပ်ဝံ့ပေ။

သူအတွက် ထူးခြားတယ်လို့ ခံစားနေရတာတစ်ခုပဲရှိသည်။ ဒီဘိုးဘေးနယ်မြေမှာ ဘာလို့ မြင့်မြတ်တဲ့သူတွေ အရမ်းများနေရတာလဲ…လမ်းတစ်လျှောက်တွင် သားရဲ ၂ ကောင်ကို တစ်ပြိုက်နက်တည်း အမိန့်ပေးနေသော သားရဲလေ့ကျင့်သူအများအပြားကို သူတွေ့ခဲ့ရသည်။ တချို့ဆို သားရဲ သုံး လေးကောင်တောင် ပိုင်ကြသေးသည်။

ဒီကမ္ဘာတွင် မြင့်မြတ်သူများအများအပြားရှိနေသောကြောင့် တုန်ရှန်း အနည်းငယ်တော့ စိတ်လှုပ်ရှားနေသည်။ ဒါ့အပြင် ဒီမှာ လူတွေလည်းအလွန်များသည်။ ဒါဇင်ချီသောမြို့များနဲ့ မြို့သူမြို့သားပေါင်း သန်းချီရှိနေတာကို လမ်းတွင် ဖြတ်သန်းသွားရင်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ သူလာခဲ့သောကမ္ဘာတွင် အကြီးမားဆုံး လူမျိုးစု အနည်းငယ်လေးတွင်သာ ဒီလိုကြီးမားသော လူဦးရေကို ထိန်းသိမ်းနိုင်ပေသည်။

…

သူ့သားရဲများ၏ တိုးတက်မှုကို သုံးသပ်ပြီးနောက် သေးငယ်မှောင်မိုက်သော အခန်းလေးထဲတွင် သူပိတ်လှောင် ထားခဲ့သော နတ်ဘုရာမတောင်ထိပ်က အရှင်ဖမ်းလာခဲ့တဲ့ သားရဲသုံးကောင်ကို ကောင်းဖန် သတိရသွားသည်။

သူတို့ကို သူ အချိန်တစ်ခုထိ အငတ်ထားခဲ့သည်။ သို့သော် ခဏပဲဆိုတော့ သူတို့ မြန်မြန်တော့ ငတ်မသေလောက်ဘူးဟု သူတွေးခဲ့သည်။ သူ တံခါးကို ကျယ်လောင်စွာ ဆွဲဖွင့်လိုက်သည်။ လက်သီးအရွယ် သဲအိတ်တစ်ခု အမှောင်ထဲကနေ ပစ်ဝင်လာသည်။

ကောင်းဖန် သူ့ကိုယ်သူကာကွယ်ဖို့ ဘာမှမတုံ့ပြန်နိုင်လိုက်ခင်ပဲ ထိုးချက်တစ်ခုကြောင့် လွင့်ပျံသွားရသည်။ စံအိမ်၏ဘေးတွင် အိပ်နေသော အစင်းလေးက ထလာပြီး သူ့နောက်ကျောကို ခါယမ်းလိုက်သည်။ အမှိုက်နဲ့ ကျောက်တုံးအပိုင်းအစများ မြေပေါ်သို့ကျလာသည်။ သူ မျက်လုံးကိုဖွင့်လိုက်သည်။

တိမ်မည်းများ စတင်လိပ်တတ်လာသည်ကို တွေ့ရသည်။ ပျက်စီးခြင်း ကပ်ဆိုးတိမ်များက စတင်ဆူပွက်လာကြပြီး တိမ်မည်းများကြားက ကြက်သွေးရောင် လောင်ကျွမ်းနေ မီးတောက်များ ထွက်ကျလာသည်။

တာ့ဇီက အလျှင်မြန်ဆုံး တုံ့ပြန်နိုင်လိုက်သူဖြစ်သည်။ သူ့ရဲ့အတောင် ၆ ခုကို ခတ်လိုက်ပြီး ပြင်းထန်သည့် လေထွက်လာသည်နဲ့ လျှပ်စီးလက်သွားပြီး မိုးကြိုးတစ်ခု ဖြစ်ပေါ်လာသည်။ တာ့ဇီက ကောင်းဖန်အား တိုက်ခိုက်ခဲ့သော သားရဲဆီ ဦးတည်လိုက်သည်။

နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်ပေါ်လာသည်။

လျှပ်စီးများတစ်ဖျက်ဖျက်လက်နေပြီး နေရာတိုင်းကို ပစ်ချနေသည်။ မြက်ခင်းပေါ်တွင် လျှပ်စီးကြောင့် လောင်ကျွမ်းသွားသော အကွက်များ ဖြစ်နေသည်။

ကြမ်းတမ်းသော ကျောက်လက်များက သေးသွယ်သော်လည်း သန်မာသည်။ သူလက်သီးကို ဆုပ်လိုက်ပြီး ကိုယ်အပေါ်ပိုင်းတွင် သန်မာသော ကြွက်သားများက ကျောက်ရုပ်ထုကို အရှိန်အဝါကြီးမားစေသည်။ မော့ကြည့်လိုက်တော့ ကျောက်နဲ့ထွင်းထားသော ဝတ်စုံကို ဝတ်ဆင်ထားတာ တွေ့ရသည်။ လည်ပင်းတွင် ပိုးကြိုးဖြင့် ပြုလုပ်ထားသော ကွင်းများ ပတ်ထားသည်။ ကြည့်ကောင်းသော မျက်နှာ နောက်တွင် ရွှေရောင်အလင်းကွင်းက တောက်ပနေသည်။ အလင်းကွင်း၏အလယ်တွင် သက်တံ့အလင်း ရောင်ပြန်ဟပ်နေသော ရွှေရောင် ရေတံခွန်တစ်ခုစီးဆင်းနေသည်။

သူ၏ဘယ်လက်တွင် လူအရပ် ၂ ပြန်လောက်မြင့်သော အဖြူရောင်ဖျော့ဖျေ့စာအုပ်ကို ကိုင်ထားသည်။ ကျောက်ရုပ်ထုကတော့ လူအရပ် သုံးပြန်နီးပါးမြင့်ပြီး သူ့လက်ထဲက စာအုပ်က လက်နက်တစ်ခုနဲ့ ပိုတူနေသည်။

ထိုလှပသော ကျောက်တုံးဘီလူးကြီးကို တွေ့ပြီး ကောင်းဖန် အံ့အားသင့်သွားသည်။ သူ့မျက်လုံးများကို ပွတ်လိုက်မိသည်။

[သားရဲအမည်] - နတ်ဘုရားမကျောက်တုံး

[သားရဲအဆင့်] - အဆင့် ၅၆ (ဘုရင်အဆင့်)

[သားရဲစွမ်းရည်] : ဒဏ္ဍာရီလာအဆင့်

[သားရဲအမျိးအစား] : ကျောက်/စိတ်စွမ်းအင်

[သားရဲစွမ်းအင်] : ခန္ဓာကိုယ်မာကျောမှုအဆင့် ၅၊ ခန္ဓာကိုယ် ပြန်လည်ကုသနိုင်စွမ်း တိုးမြင့်မှု အဆင့် ၄၊ ခွန်အားတိုးမြင့်မှုအဆင့် ၄

[ထူးခြား ဝိသေသလက္ခဏာ] : ပုံရိပ်ယောင် ကိုယ်ပွားများ

(သက်ရောက်မှု ၁ - စွမ်းအင်နှိုးထပြီးသည်နှင့် ကိုယ်ပွား ၂ ခုကို ဆင့်ခေါ်နိုင်သည်။ ကိုယ်ပွားများက အဓိကခန္ဓာကိုယ်၏ ခွန်အားအတိုင်း ၈၀% လုပ်ဆောင်နိုင်ပြီး သတ်မှတ်ချိန်ကျော်ပါက ပျောက်ကွယ်သွားလိမ့်မည်)

လျို့ဝှက် နဂါးနိုင်အမှတ်အသား (ဖယ်ထုတ်ထား)

[သားရဲ ဖော်ပြချက်] - ထူးခြားသော ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသော ပေါင်းစပ်သားရဲတစ်မျိုး ဖြစ်သည်။ ကြီးမားသော ရုပ်ခွန်အားကို ပိုင်ဆိုင်ပြီး ကြမ်းတမ်းသော ပင်ကိုယ်စရိုက်ရှိသည်။ နဂါးအမျိုးအစား သားရဲများကို ဖိနှိပ်နိုင်စွမ်းရှိသည်။ ဖျက်စီးခံရပြီးပါက မပေါင်းစပ်ခင်အနေအထာသို့ ပြန် ပြိုကွဲထွက်သွားသည်။ သို့သော် ယခုတွင် ပေါင်းစပ်ထားသော ပုံသဏ္ဍာန်ကို ယာယီ နှိုးထထားသည်။

ကောင်းဖန် ဆင်ခြေထောက်ထက်ပင် တုတ်ခိုင်သော လက်များနဲ့ ကိုယ်ကာယလေ့ကျင့်ပေးသူ နည်းပြများကိုပင် အရှက်ရသွားစေနိုင်သော နတ်ဘုရားမ၏ ကြွက်သားများနဲ့ ပြည့်နေသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေမိသည်။

ကောင်းဖန် ဘာပြောရမှန်း မသိဖြစ်နေသည်။ ဒီလိုပုံစံနဲ့ဆိုရင် နဂါးတစ်ကောင်တောင် မဟုတ်ဘူး ၁၀ ကောင်လောက်တောင် သတ်နိုင်မယ်ထင်…

ကောင်းဖန် ကျောက်တုံးနတ်ဘုရားမ၏ ဘယ်လက်ကို တစ်ချက်ကြည့်လိုက်သည်။ သူက နဂါးသတ်ခြင်းအခန်း (ရေ) ကို ကိုင်ထားသည်။ သူ့ရဲ့ပေါင်းစပ်ခြင်းတစ်ခုလုံးနဲ့ ဝိသေသလက္ခဏာတွေက နဂါးကို သတ်ခြင်းအခန်းအပေါ် အခြေခံထားတာကို ကြည့်ခြင်းအားဖြင့် ဒီသားရဲ၏ ပေါင်းစပ်ခြင်းအဓိကပင်မအရာက နဂါးကို သတ်ခြင်း အခန်းပင်ဖြစ်မည်ထင်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၈၂ ဖိနှိပ်ခဲ့ခြင်း

နတ်ဘုရားမကျောက်တုံးက အော်ဟစ်လိုက်ပြီး တာ့ဇီဆီ ဦးတည်လာသည်။ သူက တာ့ဇီခေါင်းကို လှမ်းကိုင်လိုက်ပြီး ကြမ်းတမ်းစွာနဲ့ မြေပေါ်အတင်း ဖိချလိုက်သည်။

ကြောက်မက်ဖွယ်အားက တာ့ဇီခေါင်းပေါ်ကို ဖိထားပြီး တာ့ဇီအား ကြောက်လန့်စွာ အော်ဟစ်စေသည်။ သူရပ်နေနိုင်အောင် သူရဲ့ ရှေ့လက်သည်းစွယ်များဖြင့် မြေကြီးကို ကုယ်ထားရသည်။ ထို့ကြောင့် သူ ပြန် မတိုက်ခိုက်နိုင်ဖြစ်နေသည်။ သူရဲ့လည်ပင်းနဲ့ ခန္ဓာကိုယ်က ပုံမှန်မဟုတ်သော အနေအထားဖြင့် ကွေးချခံထားရသည်။ သူသာ ဒဏ္ဍာရီအဆင့်မဟုတ်ရင် သူ့ဦးခေါင်းခွံက တစ်စစီဖြစ်သွားလောက်ပြီ ဖြစ်သည်။

နတ်ဘုရားမ၏ ဘယ်လက်ထဲက အဖြူရောင် သားရေစာအုပ်က မျက်စိကျိန်းလောက်စရာ အလင်းများ ဖြာထွက်နေသည်။ စာရွက်များလန်သွားပြီး တာ့ဇီ၏ ခေါင်းအား တိုက်ခိုက်ရန် ကြိုးစားတော့သည်။

တိုက်ခိုက်ချက်က တာ့ဇီခေါင်းပေါ် အညှာမဲ့စွာ ကျရောက်သွားသည်။ အဖြူရောင်အလင်း ပိုတောက်ပလာပြီး တာ့ဇီကို လုံးဝဖုံးလွှမ်းသွားတော့သည်။

‘ချီးပဲ” ကြောက်ရွံ့စွာနဲ့ပဲ တာ့ဇီ အလင်းဒြပ်စင်၏အားကို သူ မထိန်းချုပ်နိုင်တော့ဘူးဆိုတာ သဘောပေါက်သွားသည်။ လေထဲတွင် ဒြပ်စင်များ မျောလွင့်နေတာကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သို့သော် သူ မထိန်းချုပ် နိုင်ပေ။ ထိုသို့လုပ်ဖို့ သူ့ကို မမြင်ရသော အရံအတားတစ်ခုက တားဆီးထားသကဲ့သို့ ဖြစ်နေသည်။

ဖလိန်မီ သူတို့ဆီသို့ ပျံလာပြီး သူ့ရဲ့ စူးရှကျယ်လောင်သော အော်သံက နတ်ဘုရားမကျောက်တုံး၏ ခေါင်းထဲသို့ ထိုးဖောက်သွားသည်။ သူရပ်တန့်သွားပြီး ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထိုအချိန်ခဏလေးတွင် ဂိုဒီက ခုန်ပြီး သူ့နဖူးအား ခြေထောက်ဖြင့် ကန်တိုက်လိုက်သည်။

နတ်ဘုရားကျောက်တုံး၏ လှုပ်ရှားမှုများ နှေးကွေးသွားပြီး ဂိုဒီ၏ကန်ချက်ကြောင့် သူ့ခေါင်းက နောက်လန်သွားသည်။ သို့သော်လည်း သူ့ နဖူးက ချောမွတ် တောက်ပနေဆဲဖြစ်ပြီး ကန်ချက်က သိသာတဲ့ ထိခိုက်မှုမျိုး မဖြစ်သလို ထင်ရသည်။ သူက တာဇီ့ဆီကနေ လှည့်လာပြီး ဖလိန်မီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

တာ့ဇီ၏ အခြေအနေပြအချက်အလက်များတွင် (ထိန်းချုပ်ပိတ်သိမ်းခံထားရသော အခြေအနေ) ဟူသော စာလုံးများ ပေါ်လာတာကို ကောင်းဖန်သတိထားမိလိုက်သည်။

နတ်ဘုရားမကျောက်တုံး နဂါးကို သတ်ခြင်းအခန်းကနေ ဆက်ခံထားသော ခွန်အားကို မြင်ပြီးနောက် သူ ရွေးချယ်စရာမရှိဘဲ အထင်ကြီးသွားကြောင်း ဝန်ခံရပေမည်။ ဒီပြင်းထန်သောခွန်အားက လျို့ဝှက် နဂါးနိုင်အမှတ်ကြောင့် ဖြစ်နိုင်သည်။ ဒီလက္ခဏာက နတ်ဘုရားမကျောက်တုံးနဲ့ ရင်ဆိုင်သော ဘယ်နဂါးအမျိုးအစားကိုမဆို ခွန်အားလျော့သွားစေပြီး သူ့ထက်အဆင့်နိမ့်သူများကို သူတို့၏ ဒြပ်စင်စွမ်းအားထိန်းချုပ်အား ချိတ်ပိတ်လိုက်ပြီး ပိုဆိုးရွားတာဖြစ်စေလိမ့်မည်။ စွမ်းအားကို တားမြစ်ပိတ်ပင်လိုက်တာနဲ့ တူတူပဲဖြစ်သည်။

တာ့ဇီ သူ့ခေါင်းကို ဆုတ်လိုက်ပြီး နောက်ဆုတ်ဖို့ အသည်းအသန် ကြိုးစားနေသည်။ သူ့ရဲ့စွမ်းအားတွေ ပျောက်သွားတာကို သူနားလည်သွားပြီး ကြောက်လန့်နေခဲ့သည်။

ရုတ်တရတ် နတ်ဘုရားမကျောက်တုံးက ညာလက်ကို လက်သီးဆုပ်လိုက်ပြီး ထိုးချလိုက်သည်။ စစ်မြေပြင်တွင် တောင်ပြိုကျလာတာကို ကြည့်နေရသလို ကောင်းဖန် ခံစားနေရသည်။

ဒန်ဘီ ရှေ့သို့ထွက်လာပြီး သူ့ရဲ့ဘယ်လက်နဲ့ ဂိုဒီကို ကာပေးလိုက်သည်။ နက်ရှိုင်းသော တိုက်မိသံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားသည်။

“ဂိုဒီ ပြန်လာတော့” ကောင်းဖန် ဂိုဒီအား အမြန်ပြောလိုက်သည်။

ဂိုဒီသာ ထိုနေရာတွင် ဆက်ရပ်နေပါက လက်သီးတစ်ချက်တည်းနဲ့ သေသွားမည်ကို ကောင်းဖန် ကြောက်မိသည်။

ဂိုဒီနဲ့ နတ်ဘုရားမကျောက်တုံးက ဒဏ္ဍာရီအဆင့် အရည်အသွေးတူတူပဲဖြစ်သည်။ သို့သော် သားရဲအဆင့်အရဆို ဂိုဒီက ကျောက်တုံးထက် အများကြီး နောက်ကျသည်။ ဂိုဒီ၏အဆင့်က ကျောက်တုံး၏အဆင့် အောက်ရောက်နေသည်က အရေးကြီးသည်။

သားရဲအဆင့်တူ သားရဲများကြားတွင် အဆင့်ကွာခြားမှုဖြစ်ပါက အရေးမကြီးပေ၊ သို့သော် ကွာခြားချက်က သားရဲအဆင့်ဖြစ်ပါက တိုက်ပွဲတွင် သိသာသော သက်ရောက်မှုမျိူးဖြစ်ပေလိမ့်မည်။

ဖလိန်မီ ဘေးကနေပျံလာပြီး သူ့နှုတ်သီးကနေ အစိမ်းရောင် မီးတောက်များ မှုတ်ထုတ်နေသည်။ အစိမ်းရောင် မီးတောက်များက လေထဲတွင် လောင်ကျွမ်းနေပြီး အရာအားလုံးကို ကြောက်စရာ အစိမ်းရောင်ဖြစ်သွားစေသည်။ အံ့သြစရာကောင်းစွာပဲ မီးတောက်များက ကြည့်လို့ကောင်းပြီး ပျော်ရွှင်သက်ဝင်သော ခံစားချက်ကို ပေးစွမ်းနေသည်။

သစ်သားနှလုံးသား မီးတောက်က စွမ်းအားကောင်းသော ရှင်သန်ခြင်း၏ ဓာတ်ကျခြင်းကနေ ဖြစ်ပေါ်လာသည်။ ကျောက်စိမ်းရောင် မီးတောက်က နတ်ဘုရားမကျောက်တုံးကို လောဘတကြီး လောင်ကျွမ်းနေပြီး သူ့၏ အသက်ဓာတ်ကို လောင်စာအဖြစ်ညှစ်ထုတ်ယူဖို့ ကြိုးစားနေသည်။

သို့သော် မီးတောက်များက နတ်ဘုရားမကျောက်တုံးကို ထိလိုက်တာနဲ့ ပျောက်ကွယ်သွားကြသည်။ ရုပ်ထုရဲ့ ခန္ဓာကိုယ်က ကျောက်တုံးနဲ့ လုပ်ထားခြင်းဖြစ်ပြီး သူ့ရဲ့ စွမ်းအင်များက ခုထိ ယိုစိမ့်မထွက်လာသေးပေ။ ထို့ကြောင့်ပင် မီးက သူ့အပေါ်မတောက်လောင်နိုင်ခြင်းဖြစ်သည်။

“ပိယွမ် တံတွေးထွေးလိုက် အခုချက်ချင်း” ဂိုဒီက ဖလိန်မီအားပြောသည်။

ဖလိန်မီက လေထဲတွင် ဝေ့ပျံပြီး ဂိုဒီ၏ ခေါင်းပေါ်တွင် မရပ်လိုက်ခင် သေချာအောင် ပြန်စစ်လိုက်သည်။ ”ငါ့ကို ပြောနေတာလား” သူ့အသံက မယုံကြည်နိုင်ခြင်းများနဲ့ ပြည့်နေသည်။

“ဟုတ်တယ် မင်းကို ပြောတာ ပိယွမ်” ဂိုဒီက သေချာမှုအပြည့်နဲ့ ခေါင်းညိမ့်လိုက်သည်။

“ငါက ပိဖန်ပါ” ဖလိန်မီက ဒေါသတကြီး ဂိုဒီ့ထံသို့ မီးလုံးတစ်လုံးမှုတ်ထုတ်လိုက်သည်။

မီးလုံးက ဂိုဒီ့အပေါ်တွင် ပေါက်ကွဲသွားပြီး မီးတောက်များက သူ့အား ချက်ချင်းဝါးမြိုတော့သည်။

ဂိုဒီက လက်သီး ၂ ဖက်ကို ကျစ်ကျစ်ဆုပ်ပြီး စကားတစ်ခွန်းမဆိုပဲနတ်ဘုရားမကျောက်တုံးအား စိုက်ကြည့်နေသည်။ သူ့အနီးတွင် မီးတောက်များ တောက်ပနေပြီး အဝါရောင်ဘဲကင်တစ်ကောင် မီးတောက်ထဲက နိုးထလာသလိုဖြစ်နေသည်။

အစင်းလေး ထရပ်လိုက်ပြီး သူ့အပေါ်က ကပ်ဆိုးတိမ်တိုက်မည်းများက မြေပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာသည်။ လောင်ကျွမ်းနေသော မီးတောက်များနဲ့ တိမ်များကျနေသည်မှာ ကမ္ဘာပေါ်သို့ ဥက္ခာခဲ ကြွေသကဲ့သို့ဖြစ်နေသည်။

နတ်ဘုရားမကျောက်တုံးရပ်နေသောနေရာကို မီးဥက္ကာခဲများ ရွာချလာပြီး မြေကြီးက ကွဲထွက်သွားသည်။ ဥက္ကာခဲ တစ်ခုစီတိုင်းက မြေပေါ်တွင် အပေါက်ကြီးများ ဖြစ်သွားစေသည်။

သားရဲများ အမိန့်ပေးထားသော ဒြပ်စင်စွမ်းရည်က စိတ်စွမ်းအားတစ်မျိူး ဖြစ်သည်။ သားရဲအဆင့်မြင့်လေ ဒြပ်စင်စွမ်းအား တိုးလေပင်ဖြစ်သည်။ သို့သော် စွမ်းအားတိုးခြင်းက ပတ်ဝန်းကျင်ထက် သားရဲကိုယ်တိုင် အတွက် ပိုအန္တရာယ်ရှိသည်။ ကံကောင်းစွာနဲ့ပဲ အကျဥ်းခန်းအဖြစ်လုပ်ထားသော မြေအောက်ခန်းက စံအိမ်၏ ဘေးတွင် မဟုတ်လို့ပဲဖြစ်သည်။ ထိုသို့သာမဟုတ်ရင် တိုက်ပွဲရဲ့ တုန်ခါမှုကပင် စံအိမ်ကို ပြိုကျသွားစေလိမ့်မည်။

ဒန်ဘီက နတ်ဘုရားမကျောက်တုံးနဲ့ တိုက်ပွဲတလျောက်တွင် တိုက်စစ်ပုံစံဖြင့်သာ တိုက်ခိုက်ခဲ့သည်။ သူတို့၂ ယောက်လုံး၏ တိုက်ခိုက်နည်းလမ်းများက တိုက်ပွဲကို အခြေခံသည့် ပုံစံဖြစ်သည်။ သားရဲများကြားက တိုက်ခိုက်မှုက ကြည့်ချင်စရာဖြစ်သည်။

လေထဲတွင် ထိခိုက်မိသံများအဆက်မပြတ် ပဲ့တင်နေသည်။

မြေပေါ်ကကျောက်တုံးများ အမှုန့်ဖြစ်ကုန်ပြီးလေနဲ့အတူ လွင့်သွားကြသည်။

ရုတ်တရတ် နတ်ဘုရားမကျောက်တုံးက နောက်ဆုတ်၍ ခြေထောက်တစ်ဝက်ကို ကွေးလိုက်ပြီး ရင်ဘတ်ရှေ့တွင် လက်ကို ကြတ်ခြေခတ်သဏ္ဍာန်လုပ်ရင် သူ့ကိုယ်သူကာကွယ်လိုက်သည်။ သူ့ရဲ့နောက်ကျောနဲ့ လက် ၂ ဖက်လုံး အက်ကွဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အပေါက် သေးသေးလေးများဖြစ်နေသည်။

တချို့အက်ကြောင်းများက ဒန်ဘီ၏ ထိုးချက်ကြောင့်ဖြစ်ပြီး အပေါက်များကတော့ ဒန်ဘီ၏ ချွန်ထက်သည့် လက်သည်းများကြောင့်ဖြစ်သည်။ ဒန်ဘီက ဒဏ္ဍာရီအရည်အသွေးသာဖြစ်သော်လည်း နတ်ဘုရားမ ကျောက်တုံးထက် အဆင့်လေးဆင့် ပိုမြင့်သည်။

“သွား” ရုပ်ထုက လက်သီးဆုပ်ကို ထုလိုက်ပြီး သူ့ခန္ဓာကိုယ်က ဝါးသွားသည်။ ခဏအကြာတွင် တစ်ပုံစံတည်းတူ သော ကိုယ်ပွား ၂ ကောင် သူ၏ ဘယ်နဲ့ညာတွင် ပေါ်လာသည်။ သူတို့အသွင်အပြင်တွေကို ကြည့်ချင်းဖြင့် ကိုယ်ပွားတွေနဲ့ အဓိကခန္ဓာကိုယ်က ခွဲလို့မရအောင်ပင်ဖြစ်သည်။

ဒန်ဘီ့မျက်နှာက တည်ငြိမ်နေသည်။ အရေအတွက်နဲ့အနိုင်ယူမယ်ပေါ့..

သူ့ရဲ့ ဖုတ်ကောင် လက်အောက်ငယ်သားတွေကို စစ်ကူခေါ်လိုက်ဖို့ စဥ်းစားနေတုန်းတွင်ပဲ ဘေးတွင်ရပ်နေသော စရပ်ပီက အသံတိုးတိုးနဲ့ ပြောလာသည်။ “ငါလုပ်ပါရစေ” အစင်းလေးထရပ်လိုက်ပြီး သူ့အရွယ်အစားပြန်ဖြစ်သွားပြီးနောက် ရှေ့ကို လှိမ့်ချသွားလိုက်သည်။

နောက်ဆုံးအချိန်တွင် ဒန်ဘီက ယင်ဝိဥာဥ် လွှမ်းမိုးသူအဖြစ် ပြောင်းလဲလိုက်သည်။ သူ့ရဲ့ ကြီးမားသော ဝိဥာဥ်စွမ်းအားနဲ့ နတ်ဘုရားမ ကျောက်တုံးကို အောင်မြင်စွာ လှုပ်မရအောင် ချုပ်ကိုင်ထားနိုင်လိုက်သည်။ သူ တောင့်တောင့်ကြီးဖြစ်သွားပြီး အစင်းလေး၏ တင်ပါးကြီး သူ့အပေါ်တောင်တစ်လုံးကဲ့သို့ ပြုတ်ကျလာတာကို မတတ်နိုင်ပဲ ကြည့်နေလိုက်ရတော့သည်။

အားလုံး လှုပ်ခါယမ်းသွားသည်။ အကျဥ်းချခံထားရသော တုံရှင်းနဲ့ တုံလင်း သူ့တို့ခြေဖဝါးအောက်က ပြင်းထန်တဲ့ လှုပ်ယမ်းမှုကို ခံစားလိုက်ရသည်။ စံအိမ်တစ်ခုလုံး တုန်ခါသွားသည်။ စားပွဲပေါ်တွင် ဖန်ခွက်က ရေများ မှောက်ကျသွားသည်။

ခဏကြာပြီးနောက် ဖုန်မှုန့်များငြိမ်သွားပြီး အသံပြန်တိတ်သွားသည်။

အရည်အသွေးချင်းတူတဲ့ သားရဲများတွင်တောင် ကွာခြားချက်တွေ ရှိသေးကြောင်း ကောင်းဖန် ရုတ်တရတ် သဘောပေါက်သွားသည်။ တချို့ သားရဲများက နယ်ပယ်တစ်ခုတွင် အလွန်တော်ကြပြီး တစ်ခြားနယ်ပယ်များတွင် အကန့်အသတ်ရှိသည်။

အစင်းလေးက တိုက်ခိုက်စွမ်းမြင့်ပြီး ခုခံရာတွင်တော်သည်။ သို့သော် သူ့ရဲ့အကြီးဆုံး အားသာချက်က အရွယ်အစား ဖြစ်သည်ဟု ကောင်းဖန် ယုံကြည်နေဆဲဖြစ်သည်။ သူ့သိပ်ကို ကြီးမားလွန်းသည်။ ဘာပဲဖြစ်ဖြစ် ကြီးမားသော ခန္ဓာကိုယ်ကြောင့် ခရစ်ပီသွားလာရ ခက်ခဲသော်လည်း သူ့အတွက်တော့ ထူးခြားသော စွမ်းရည်တစ်ခုကို ရထားသည်။

ဒီလိုစွမ်းရည်မျိုးက အပြည့်အဝအသုံးချနိုင်သည့် အခြေအနေမျိုးတွင် တကယ် ကြောက်စရာကောင်းသည်။ သူရဲ့ သဘာဝမကျတဲ့ ကြီးမားသည့် အရွယ်အစားကို မှီခိုပြီး သူ့ပြိုင်ဖက်များကို လက်နဲ့ ခန္ဓာကိုယ်ချည်းသက်သက်နဲ့ပင် ဖျက်စီးပစ်နိုင်သည်။

အခုဖြစ်သွားသလိုပေါ့။ နတ်ဘုရားမကျောက်တုံးက အသက်ရှင်နေသေးသော်လည်း လှုပ်ရှားမှုမရှိဘဲ အစင်းလေး၏အောက်တွင် ဖိခံထားရသည်။

ရုတ်တရတ် ကောင်းဖန် မျောက်တစ်ကောင်အား သတိရသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၈၃ လုကျီဘဲ မုန်လာဥကို အမြစ်နုတ်

ခြင်္သေ့က လည်ပင်းကို မော့လိုက်ပြီး နတ်ဘုရားမကျောက်တုန်းကို ရှုံးနိမ့်သွားအောင် လုပ်နိုင်လိုက်သည့် အစင်းလေးကို ကြည့်လိုက်သည်။ သူ့ထိတ်လန့်သွားပြီး ခပ်တိုးတိုးပြောမိသည် “ဒီထူးခြားတဲ့ သားရဲကဘာတုန်း.. အရမ်းမိုက်လွန်းတယ်”

အစင်းလေးက အခု နတ်ဘုရားမကျောက်တုန်းပေါ်ထိုင်ပြီး သူ့ကို ထိန်းထားသည့်အတွက် သူလည်း လှုပ်လို့မရပေ မဟုတ်ရင် နတ်ဘုရားမကျောက်တုန်း လွတ်သွားလိမ့်မည်။

အစင်းလေးက သူ့ကိုယ်ကိုလှည့်လိုက်ပြီး “ကောင်းဖန် ဒီကျောက်တုံးသားရဲက ငြိမ်ငြိမ်မနေပဲ ထွက်ပြေးဖို့လုပ်နေတယ်… သူအပေါက်ဖောက်နေတာ”

အပေါက်ဖောက်တယ်… အပေါက်က အပေါ်လား အောက်လား ကောင်းဖန် မသေချာပေ။

“ဒါပေမယ့် ငါ မြေဒြပ်စင်ကိုသုံးပြီး အောက်က အမှိုက်တွေကို မာအောင်လုပ်လိုက်တယ်… သူ အပေါက်ဖောက် လို့ရတော့မှာ မဟုတ်ဘူး” အစင်းလေးက ကောင်းဖန်ထံမှ ချီးကျူးမှုကို မျှော်လင့်နေသည်။

“အစင်းလေး မင်းက အရမ်းတော်တာပဲ” ကောင်းဖန် ချီးကျူးလိုက်သည်။

ဒီလိုမျိုးပဲ ဆက်သွားလို့တော့ မဖြစ်ပေ။ အစင်းလေးက နတ်ဘုရားမကျောက်တုန်းအား တစ်သက်လုံးဖိထားဖို့ မဖြစ်နိုင်။ ဒါက ငါ့ရဲ့အသန်မာဆုံးတိုက်ပွဲတပ်ဖွဲ့ကို ဓားစာခံအဖြစ် ထိန်းသိမ်းထားလိုက်သလိုပဲ…

ကောင်းဖန်က ခြင်္သေ့နဲ့ ဒန်ဘီကို ခေါ်လိုက်သည်။ ငရဲသစ်ပင်က သူ့ရဲ့အယောင်အဝါကို ဖြန့်ကျက်ထားပြီး စစ်ကူပေးဖို့ အသင့်ဖြစ်နေပုံဖြစ်သည်။

သတ်ဖြတ်လိုသော အယောင်အဝါက သားရဲအားလုံးကို လွှမ်းခြုံထားသည်။ သွေးနီရောင်ဖျော့ဖျော့က သူတို့ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် တောက်ပနေသည်။ ရက်စက်ကြမ်းတမ်းသော အယောင်အဝါက ခရမ်းဖျော့ရောင် အလွှာတသ်ချအဖြစ် ပြိုင်ဖက်သားရဲများပေါ်တွင် လွှမ်းခြုံထားသည်။

နေရာတစ်ခုလုံးတွင် အနီနဲ့ခရမ်းရောင်အလင်းများ တစ်ဖျတ်ဖျတ်ပြန့်နေသည်။

“ကောင်းဖန် ငါအခု ကြောက်တဲ့အရာမရှိတော့ဘူး” ဂိုဒီက အခု ပုံမှန်ထက် ၁၆၄ ဆ ပိုသန်မာနေပြီး ၆၅ ပေအမြင့်နဲ့ သူ့ပုံမှန်အရွယ်အစားထက် ၄ ဆကြီးနေပြီဖြစ်သည်။ “အစင်းလေး သူ့ကိုဖယ်ပေးလိုက်တော့… ငါသူနဲ့ တစ်ယောက်ချင်း မျှမျှတတ တိုက်ခိုက်ချင်တယ်”

ထိုအချိန်တွင် ကောင်းဖန်က အစင်းလေးကို နတ်ဘုရားမကျောက်တုံးအား လွှတ်လိုက်ဖို့ ပြောလိုက်သည်။ အစင်းလေးက တင်ပါးကို ကြွပြီး နောက်ဆုတ်လိုက်သည်။

ဂိုဒီက ညာလက်ကို လေထဲမြှောက်လိုက်ပြီး ကျောက်တုံးအားကြည့်လိုက်သည်။ ၂ ဖက်လုံးက ပြိုင်ဖက်ကို စိုက်ကြည့်နေပြီး တိုက်ပွဲစတင်တော့သည်။

လက်သီးချင်းဆုံသွားသောအခါ ဂိုဒီလက်က တုန်သွားပြီး ခြေ ၅ လှမ်းစာလောက် နောက်ဆုတ်သွားသည်။ နတ်ဘုရားမ ကျောက်တုံးက ပိုတောင်ဆိုးသေးသည်။ ဂိုဒီထိုးတာ ခံလိုက်ရပြီနောက် မြေကြီးထဲသို့ သံရိုက်သွင်း ခံလိုက်ရသလိုပင် သူ့ခြေထောက်ပိုင်းက မြေကြီးထဲ နစ်ဝင်သွားသည်။

သူတို့ကြားတွင် အဆင့်ကွာခြားချက်ရှိသော်လည်း ဂိုဒီ၏ ခွန်အားက ၁၆၄ ဆပိုတိုးသွားခဲ့သည်။ ထို့ကြောင့် နတ်ဘုရားမကျောက်တုန်းက ခွန်အားအရတော့ ဂိုဒီ့ကို အနိုင်မယူနိုင်ပေ။

တစ်ဖက်တွင်မူ နတ်ဘုရားမကျောက်တုံးတွင် မယုံနိုင်လောက်အောင် စွမ်းအားကြီးတယ်ဆိုတာ သက်သေပြပြီးသားဖြစ်သည်။ ဂိုဒီသာ ခွန်အားတိုးမလာခဲ့ရင် နတ်ဘုရားမကျောက်တုံး၏ အနိုင်ယူခြင်းကို လုံးဝခံလိုက်ရနိုင်သည်။

ကျောက်တုံး၏ ထိန်းချုပ်ခြင်းအောက်က တာ့ဇီ မလွတ်မြောက်နိုင်တာ အံ့သြစရာတော့ မဟုတ်ပေ။ ကြည့်ရတာ လူကြီးက ကလေးလေးကို အနိုင်ကျင့်သလို ဖြစ်နေသည်။ ထို့ကြောင့် သူ စာအုပ်ဖြင့် အနိုင်ယူခြင်း ခံလိုက်ရသည်။

ဖြစ်နိုင်ချေများတာတော့ တာ့ဇီက နတ်ဘုရားမကျောက်တုံး မုန်းတီးသော နဂါးအမျိုးအစား သားရဲဖြစ်နေလို့ဖြစ်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဒီသားရဲက နဂါးအမျိုးအစား သားရဲများကို တိုက်ခိုက်ဖို့ ဖန်တီးထားတာဖြစ်သည့်အတွက် နတ်ဘုရားမ ကျောက်တုန်းက တာ့ဇီအား စာအုပ်နဲ့ ရိုက်လိုက်ဖို့ ပင်ကိုယ်အသိစိတ်ရှိနေတာ ဖြစ်မည်။

သို့သော် ဝူချောက်ကမ်းပါးတောင်ထိပ် ၁၂ ခုထဲက မှတ်တမ်းတင်ထားသော ဒဏ္ဍာရီမှာ ယွီဘုရင်က ရေဘေးကပ်ဆိုးကို ဖြေရှင်းနိုင်လိုက်ခြင်းဖြစ်သည်။ နတ်ဘုရားမက ယွီဘုရင်အား ရေဘေးကပ်ကို ဖြေရှင်းဖို့ နည်းလမ်းအား ပြောပြခဲ့တာဖြစ်သည်။ ဒီလိုဆိုရင် သူက ရေအမျိူအစားသားရဲများကို ထိန်းချုပ်နိုင်သူ ဖြစ်သင့်သည်။ နဂါးအမျိုးအစားသားရဲများကို ပြန်တိုက်ခိုက်နိုင်သည့် သားရဲဖြစ်လာသည်က ပဟေဠိ ဖြစ်နေသည်။

ယွီဘုရင်ကြုံခဲ့ရတာ ရေကပ်ဘေးမဟုတ်ဘဲ နဂါးကပ်ဘေးများလား… ကောင်းဖန်အတွေးထဲတွင် မြောနေဆဲဖြစ်သည်။

ဂိုဒီက ဒေါသတကြီးအော်ဟစ်လိုက်ပြီး ရှေ့သို့ပြေးသွားကာ နတ်ဘုရားမ၏ လည်ပင်းကို လုကျီရှန်း မုန်လာဥကို ဆွဲနုတ်သလို ဆုပ်ကိုင်လိုက်သည်။

ဂိုဒီက တရုတ်စာပေ၏ ဂန္တဝင် လေးခုထဲက တစ်ခုဖြစ်သည့် Water Margin ကို ကောက်ယူပြီး မြေပေါ်သို့ ပစ်ပေါက်လိုက်သည်။

ထိုအချိန်တွင် နပန်းသမားတစ်ယောက်နဲ့ ဆင်တူနေသည်ကို ကောင်းဖန် တွေ့လိုက်ရသည်။ မြေကြီးက အစင်းလေး၏ မြေဒြပ်စင်ကြောင့် ခိုင်ခံ့နေသည်။

နတ်ဘုရားမကျောက်တုန်းက မြေပေါ်သို့ ပုံစံအမျိုးမျိုးဖြင့် ပစ်ချခြင်းခံနေရသည်။ မာကျောသော မြေပြင်ပင်လျှင် သန်မာသော တိုက်ခိုက်ချက်ကြောင့် တစ်စစီဖြစ်သွားသည်။ နတ်ဘုရားမကျောက်တုံးက မြေပေါ်တွင် မလှုပ်နိုင်ဘဲ လဲကျနေသည်။

ဒန်ဘီက လက်ချောင်းကိုဆန့်ထုတ်လိုက်ပြီး ဝိဥာဥ်စွမ်းအားဖြင့် ကြိုးတစ်ချောင်းပေါ်လာပြီး နတ်ဘုရားမကျောက်တုံးအား ရစ်ပတ်လိုက်သည်။ ခြင်္သေ့က လေထဲသို့ခုန်လိုက်ပြီး ရုပ်ထုဆီသို့ ရေခဲငွေ့များ မှုတ်ထုတ်၍ ခဲသွားစေသည်။

ရေခဲက နတ်ဘုရားမကျောက်တုံးအား လျှင်မြန်စွာပဲ ခဲသွားစေသည်။ ရေခဲတွင် ထိန်းချုပ်နိုင်သော အစွမ်းတချို့ရှိသည်။ ရေခဲက နတ်ဘုရားမကျောက်တုံး၏ အားနည်းချက်ဆိုတာ ကောင်းဖန်သတိရသွားသည်။

အစင်းလေးက ခြေထောက်ကို ကြွလိုက်ပြီး မြေပေါ်သို့ နင်းချလိုက်သည်။ မြေပေါ်တွင် အက်ကွဲကြောင်းများပေါ်လာပြီး အပိုင်းပိုင်းဖြစ်သွားသည်။ သားရဲများ၏ ပူးပေါင်းမှုဖြင့် ဘုရင်အဆင့်သားရဲမှာ လုံးဝရှုံးနိမ့်သွားတော့သည်။

နတ်ဘုရားမကျောက်တုံး ကွဲထွက်သွားသောအခါ အဖြူရောင်အလင်းတန်း သုံးတန်း ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။ ပေါင်းစပ်ခြင်းမတိုင်ခင်က သားရဲသုံးမျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း ၂ ကောင်က ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေပြီး တစ်ကောင်က နေရာတွင်ပင် သေဆုံးသွားသည်။

ကျောက်တုံးပေါ်တွင် အက်ကွဲကြောင်းများပေါ်နေပြီး သူ့ခါးက တစ်ပိုင်းပြတ်လုပင်ဖြစ်နေသည်။ အက်ကွဲကြောင်းများက နက်လွန်း၍ ကြည့်ရတာပင် ကြောက်ဖို့ကောင်းနေသည်။ သူ့ရဲ့အခြေအနေပြနေရာတွင် “သေဆုံး” ဟု မီးခိုးရောင်စာလုံးဖြင့်ပြနေပြီဖြစ်သည်။

ကောင်းဖန် သက်ပြင်းချလိုက်သည်။ သူတို့ကို ငါဖမ်းလာတည်းက ဒဏ်ရာ ပြင်းပြင်းထန်ထန်ရနေပြီးသားတွေ ဘာလို့များ တစ်ကောင်တည်းအဖြစ်ပေါင်းလိုက်ပြီး ငါ တစ်လလောက် နိဟွန်းကိုသွားပြီး သူတို့ကို ဒဏ်ရာသက်သာအောင်လုပ်ခိုင်းထားတုန်း ပြသနာရှာကြရတာလဲ… အခုတော့ တစ်ကောင်သေပြီး ၂ ကောင်က ဒဏ်ရာ ဆိုးဆိုးဝါးဝါးရသွားပြီ...

အစင်းလေးက အဝါရောင်သားရဲလေး ၂ ကောင်ကို ခေါ်လာပြီး သူတို့ သူ့ကျောပေါ်ကနေ ခုန်ချသွားကြသည်။ သူတို့က နဂါးကိုသတ်ခြင်းအခန်းနဲ့ စမ်းရေဝိဥာဥ်ဆီပြေးသွားကြသည်။ ငယ်ရွယ်သော သားရဲလေး ၂ ကောင်က လိမ္မော်သီး များကို လက်ဖဝါးထဲတွင် ထည့်ထားရင်း ဆောင့်ကြောင့် ထိုင်ချလိုက်ကြသည်။ “လိမ္မော်သီး နည်းနည်းစားလိုက်… ခန္ဓာကိုယ်အတွက်ကောင်းတယ်”

ဒီသားရဲလေး ၂ ကောင်က အရမ်းကြင်နာတတ်တာကြောင့် ကောင်းဖန် ပျော်သွားသည်။

တခြားသားရဲများကလည်း သားရဲငယ်လေး ၂ ကောင်ကို ချစ်ခင်စွာကြည့်ရင်း ခေါင်းညိမ့်နေကြသည်။ ဒီ သားရဲလေး ၂ ကောင်က ချစ်စရာပဲ…

နဂါးသတ်ခြင်းအခန်းက ကောင်းဖန်နဲ့ သေချာပေါက် သွေးစာချုပ်ချုပ်ရမည်ဖြစ်သည်။ စမ်းရေဝိဥာဥ်ကိုတော့ ကောင်းဖန် စိတ်မဝင်စားပေ။

သူ့ရဲ့အစွမ်းက ပုံရိပ်ကို ပွားနိုင်တာဖြစ်သည်။ ပစ်မှတ်ကို ပုံတူကူးပြီး ပုံရိပ်ယောင် ၃ ခုထိ ထုတ်နိုင်သည်။ ထို ပုံရိပ်များက မူလ ခန္ဓာကိုယ်၏ တိုက်ခိုက်စွမ်းရည် ၉၀% ကို ပိုင်ဆိုင်သည်။

ဒီလို စွမ်းရည်မျိုးက အံ့အားသင်စရာကောင်းသည်ပင်… သို့သော်သူ့ရဲ့စွမ်းရည်ကို တဝက်လောက် လျော့သွားစေသည့် အခြေအနေ ၂ ခု ရှိနေသည်။

ပထမတစ်ခုက ဒီစွမ်းရည်နိုးထဖို့က စွမ်းအင်အများအပြားလိုသည်။ ပစ်မှတ်ကို ပြဖို့အတွက် စမ်းရေဝိဥာဥ်၏ စွမ်းအားကို သုံးရန်လိုသည်။ ဒါက စမ်းရေဝိဥာဥ်အား ပစ်မှတ်ရွေးချယ်ရာတွင် ကြီးမားသော အကန့်အသတ်ကို ဖြစ်စေလိမ့်မည်။

ဒုတိယတစ်ချက်က သားရဲက ဒဏ္ဍာရီလာအဆင့်နဲ့အထက်ဖြစ်နေရင် စမ်းရေဝိဥာဥ်က သားရဲ၏ ထူးခြား ဝိသေသလက္ခဏာကို မပြနိုင်တော့ပေ။ ဆိုလိုတာက ဂိုဒီ ဒါမှမဟုတ် တာ့ဇီကို ပစ်မှတ်အဖြစ်ရွေးလိုက်မယ်ဆိုရင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကိုသာ ပုံတူကူးနိုင်မည်ဖြစ်သည်။အစင်းလေးဆိုရင်တော့…

အစင်းလေးကို ဖြစ်အောင်လုပ်ဖိုဆို အနည်းဆုံး အဆင့် ၁၀ လောက်ရှိရမည်ဖြစ်၍ စမ်းရေဝိဥာဥ်၏စွမ်းရည်ကို ကောင်းဖန် သံသယဖြစ်မိသည်။ ထို့ကြောင့် သူ့ရဲ့စွမ်းရည်က အလွန်ကောင်းသောအဆင့်နဲ့ အဲဒီထက်နိမ့်သောအဆင့်များကိုသာ တိုက်ခိုက်နိုင်သည်ဖြစ်၍ သိပ်အသုံးမဝင်ပေ။ ဒဏ္ဍာရီလာအဆင့်သားရဲနဲ့ တွေ့သည့်အခါ လေအိတ်ကို ထိုးနေသကဲ့သို့သာဖြစ်ပေလိမ့်မည်။

ကောင်းမွန်သော သားရဲစွမ်းရည်က သားရဲ၏ တိုက်ခိုက်စွမ်းအားကို တိုးမြင့်စေသည်။ ဒဏ္ဍာရီလာအဆင့် သားရဲများဆို စွမ်းရည် အနည်းဆုံး ၂ ခုနဲ့အထက် ပိုင်ဆိုင်ကြသည်။အကယ်၍ တစ်ယောက်ယောက်ကသာ ဂိုဒီကဲ့သို့ ထူးခြားသော စွမ်းရည်ကို ပိုင်ဆိုင်လောက်အောင် ကံကောင်းမည်ဆိုရင် တခြားမျိုးစိတ်တစ်ခုအဖြစ်သို့

တိုးတက်ပြောင်းလဲသွားနိုင်သည်။

အခုလောလောဆယ်တော့ ငါတို့ ကုန်ကြမ်းပစ္စည်းပြတ်လပ်နေတော့ စမ်းရေဝိဥာဥ်ကို စိတ်အရိပ်အဖြစ် တိုးတက်အောင် လုပ်ဖို့က တစ်သက်လောက်ကြာသွားလိမ့်မယ်… အဲဒီအစား သူ့ကို ထိန်းသိမ်းထားပြီး အဖိုးပြန်လာရင် လိုချင်လား မေးကြည့်ရမယ်… ကောင်းဖန် တွေးလိုက်သည်။ နဂါးကိုသတ်ခြင်းအခန်းကိုတော့… ဒီသားရဲက ငါ့ထိန်းချုပ်မှု အောက်မှာပဲရှိမှဖြစ်မယ်…

နဂါးကိုသတ်ခြင်းအခန်းတွင် နဂါးအမျိုးအစားသားရဲများအတွက် ကြီးမားသော ထိန်းချုပ်နိုင်စွမ်းရှိနေသည်။ ဒါ့အပြင် ဒီထိန်းချုပ်နိုင်စွမ်းက သာမာန် အခြေခံ ထိန်းချုပ်နိုင်စွမ်းပဲမဟုတ်ပေ။

အကယ်၍ သူသာ ဖလိန်မီလို ဝိဥာဥ်အမျိူးအစားသားရဲကို ထိခိုက်စေသလိုမျိုး နဂါးအမျိုးအစားသားရဲတွေကို ဖျက်စီးအားပိုကောင်းစေတယ်ဆိုတာပဲဆိုရင်က အဆင်ပြေသည်။ ဒါပေမယ့် ပြသနာက နဂါးကိုသတ်ခြင်းအခန်းတွင် ရန်သူအုပ်စုကို အားနည်းသွားစေသော သက်ရောက်မှုရှိနေသည်။ ဒါ့အပြင် သူ့အရည်အသွေးက ပိုမြင့်သည်။ သားရဲတစ်ဖွဲ့လုံး အကျိုးအမြတ်ရစေနိုင်မည့် ဗျုဟာကျကျ ကောင်းကျိူးတစ်ခုဖြစ်သည်။

အဖိုးမှာ နဂါးသားရဲ ၂ ကောင်ရှိတယ်… ငါ့မှာလည်း တစ်ကောင်ရှိတယ်… တကယ်လို့ ထိန်းချုပ်နိုင်တဲ့ သားရဲသာ ငါ့လက်ထဲမရောက်လာရင် သူ့ကို ဖျက်စီးပစ်လိုက်ရမှာပဲ..

ကောင်းဖန် အေးစက်စွာ စိုက်ကြည့်ပြီး မြေပြင်ပေါ်တွင် သတိမေ့နေသော နဂါးကို သတ်ခြင်းအခန်းနဲ့ မျက်နှာချင်း ဆိုင်လိုက်သည်။

“အားလုံးတော်တယ်” ကောင်းဖန် ချီးကျူးလိုက်သည်။

“အဲဒါသခင်က ကျွန်တော်တို့ကို ကောင်းကောင်းသင်ပေးထားလို့ပါ”

“သခင့်ရဲ့အမိန့်ပေးတာက အကောင်းဆုံးပဲ”

“သခင်က ပညာရှိတယ်”

သားရဲများက ကောင်းဖန်အား မြှောက်ပင့်ကြသည်။ ပျော်မြူးစရာအနေအထားဖြစ်သွားသည်။

အားလုံးငြိမ်သွားတော့ ကောင်းဖန်က ဒန်ဘီအားမေးသည် “ခုနက တိုက်ပွဲကို မင်း ဘယ်လိုထင်လဲ”

ဒန်ဘီက ချက်ချင်းမဖြေဘဲ စဥ်းစားပြီးမှ ပြောသည်။ “ဂိုဒီက စိတ်မရှည်ဘူး… တာ့ဇီက သခင့်ကို ရှေ့က ထားတယ်… ခြင်္သေ့က အကောင်းဆုံးမလုပ်ဘူး ပြီးတော့ အစင်းလေးက ဘာနည်းဗျူဟာမှ မရှိဘူး… အပေါ်ကလိုတွေဖြစ်တာ သူတို့ အားကောင်းတဲ့ရန်သူကို ရင်ဆိုင်နိုင်ဖို့လိုသေးတယ် ပြီးတော့ တိုက်ပွဲအတွေ့အကြုံနည်းလွန်းတယ်”

ကောင်းဖန် ဒန်ဘီ၏လက်ကို ပုတ်လိုက်ပြီး ခေါင်းညိမ့်သည်။ “မင်းတော်တယ် ရှောင်ဟွာနဲ့ သွားနေပေးလိုက်တော့”

“ကောင်းပါပြီ” ဒန်ဘီခေါင်းညိမ့်ပြီး ထွက်သွားသည်။

ကောင်းဖန် တက်ကြွနေသော သားရဲအုပ်ကြီးကို မျက်နှာချင်းဆိုင်ဖို့ ပြန်လှည့်လာပြီး ကြင်နာစွာ ပြုံးနေသည်။ သူ့ရဲ့အမှတ်အသားဖြစ်သော တောက်ပသည့် အပြုံးက ကောင်းဖန်မျက်နှာတွင် ဖြည်းဖြည်းချင်းပေါ်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၈၄ အရိုက်ခံလိုက်ရပြီ

နတ်ဆရာအသူရာချောက်၏ ရွှံရောင်ထနေတဲ့မြစ်က မြူများထူထပ်အုံးဆိုင်းစွာ ဖုံးအုပ်ထားသောကြောင့် အပေါ်စီးကကြည့်ရင် အဖြူရောင်လွင်ပြင်ကြီး ကိုသာတွေ့ရသည်။ လှိုင်းထနေတဲ့ မြစ်ပြင်ကျယ်ပေါ်မှာ အနီးအနားကဒေသခံတွေ သွားလာနေတဲ့ လှေအနည်းငယ်ကိုတွေ့နေရသည်။

လွှမ်းမိုးမှုရှိတဲ့ ဒုတိယမျိုးဆက်တွေက တောင်ပေါ်မှာရှိတဲ့ အင်အားကြီးတဲ့ သားရဲတွေကို မောင်းထုတ်လိုက်တယ်လို့ လှေပေါ်က အစိမ်းရောင်အင်္ကျီ နဲ့သက်လက်ပိုင်း အမျိုးသားက မနာလိုစွာပြောသည်။ သတင်းအချက်အလက်တွေ လဲလှယ်ပြီးနောက် လူအိုကြီးတန့် က ကိုယ်ပိုင်သားရဲ အသစ်ကိုဝယ်လိုက်သည်ဟု သတင်းတွေထွက်နေသည်။

သူ့ဘေနားကလူက ခေါင်းကိုခါလိုက်ပြီး “ငါ့ကျတော့ဘာလို့ အဲဒီလိုကံကောင်းမှုမျိုး မရှိပါလိမ့်” ဟု ပြောလိုက်သည်။

“အခွင့်အရေး ရှိပါသေးတယ်.. ငါကြားတာတော့ နတ်ဆရာအသူရာချောက်က အရင်ကလောက်ကြောက်စရာမကောင်းတော့ဘူးတဲ့.. စွမ်းအားကြီးသားရဲ အချို့ကိုဖယ်ရှားပြီးတဲ့ နောက်မှာ သားရဲချင်းချင်း နယ်မြေလုနေကြတယ်တဲ့.. နတ်ဆရာအသူရာချောက်ကို လူတွေလာတာရှားတဲ့အတွက် အဲဒီမှာ အမှန်တကယ်ကို ရှားပါရတနာတွေ အများကြီးရှိတယ်” ဆေးတံကိုင်ထားတဲ့ ဆံပင်ဖြူနဲ့ အဖိုးအိုကပြောလိုက်သည်။

အဖိုးအိုပြောတာကိုနားထောင်ပြီးနောက်မှာ သူ့ဘေးနားကလူတစ်စုက အချင်းချင်း ပြုံးပြီးကြည့်လိုက်ကြသည်။

လှေပေါ်က အချို့လူများက “လိကန်း.. မင်းတို့မိသားစုက မိုင်းတွင်းရှိတယ်မလား” ဟု ရယ်မောပြီးမေးလိုက်သည်။ “ဘာလို့ငါတို့နဲ့ ဒီနေရာကိုလိုက်လာခဲ့တာလဲ”

“မရှိတော့ဘူး” ပြောစရာစကားမရှိတဲ့ပုံဖြင့် လိကန်းက ပြန်ဖြေလိုက်သည်။ ဒီလိုမေးလာတိုင်း သူစိတ်အနှောက်အယှက်ဖြစ်ရသည်။ အစတုန်းကတော့ သူ့မိသားစုမှ မိုင်းတွင်း အသေးတစ်ခုပိုင်ပြီး ဘဝက သက်တောင့်သက်သာနှင့် အဆင်ပြေခဲ့သည်။ သူ့လုပ်အားနဲ့ ငွေတွေကို မိုင်းတွင်းလုပ်ငန်းပိုတိုးတက်လာဖို့ ရင်းနှီးထားသော်လည်း မြို့မှာမမျှော်လင့်သော ဘေးအန္တရာယ် ကျရောက်လာပြီး မိုင်းတွင်းတွင်လည်း သားရဲတွေထွက်ပေါ်လာပြီး လူများသေသွားခဲ့သည်။ ထို့ကြောင့် မိုင်းတွင်းတစ်ခုလုံးကို ပိတ်လိုက်ရပြီး တားမြစ်နယ်မြေဖြစ်လာခဲ့သည်။

ကိုယ်ပိုင်မိုင်းတွင်းက တားမြစ်နယ်မြေဖြစ်သွားတဲ့ ခံစားချက်ကိုသိကြရဲ့လား.. စိတ်ထိခိုက်စရာ မိုင်းတွင်းက ငါပိုင်ပေမဲ့ နတ်ဆိုးဘုရင်ရဲ့ အသိုက်ကို ချိုးဖောက်နေကြသလို မင်းတို့ရဲ့ သားရဲတွေကို အမြဲတမ်းခေါ်လာနေကြတယ်.. လာနောက်နေကြတာလား...

သူ့ဘေးနားမှ သူများက ဖျော်ဖြေစရာတစ်ခုလို ဆွေးနွေးနေကြသည်။ လိကန်းကပြုံးဖို့ကြိုးစားလိုက်သော်လည်း အလွန်စိတ်ကုန်နေသည်။

“ဒါကမိုင်းတွင်းအသေးလေးပါပဲ” လိကန်းက လက်ကိုခါလိုက်ပြီး အရေးမပါသလိုပြောလိုက်သည်။

သို့သော် လှေအောက်ကနေ သူတို့နောက်ကို လိုက်နေတဲ့ ဧရာမအရိပ်ကြီးကိုတော့ သူတို့ သတိမထားမိကြပေ။

တောင်ပိုင်းကောင်းကင်နောက်တွင် တောင်တန်းကြီးများရှိသည်။ အမြင့်ဆုံး တောင်တန်းတစ်ခုရဲ့ တောင်ထွတ်က ကျယ်ပြန့်နေပြီး ကွင်းပြင်ကျယ်ကြီးပေါ်တွင် သားရဲနှစ်ကောင်က မျက်နှာချင်းဆိုင်ရပ်နေသည်။

ဘယ်ဘက်တွင် မျက်ခွံနီနှင့် အနက်ရောင်အမွှေးတွေ ဖုံးအုပ်ထားသည့် ကြွက်သားနှင့် လင်းတကြီး ရှိနေသည်။ သူသည် ငှက်မျိုးစိတ်အနွယ်ဖြစ်တာကြောင့် ပြူးထွက်နေတဲ့ ရင်အုပ်ကြွက်သားတွေက ရန်လိုနေပုံပေါ်ပြီး မြေပြင်က သာရဲတွေကို ကြောက်ရွံ့နေစေသည်။

“ဂိုဒီ မင်းဒီရက်ပိုင်း အပျင်းထူနေတယ်ပေါ့“သွေးဆာနေသော မျက်လုံးနှင့် လင်းတက အသံနက်ကြီးနှင့် မေးလိုက်သည်။

လည်ပင်းမှာ ပုတီးဆွဲထားသော ဂိုဒီက လင်းတနှင့် မျက်နာချင်းဆိုင်တွင် ရပ်နေပြီး “ငါ ပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်”လို့ အလေးအနက်ထားပြီး ဖြေလိုက်သည်။

“ငါပြောတဲ့ အပြင်းအထန်ဆိုတာဘာလဲ မင်းသိပါတယ်” လင်းတက ခပ်မာမာပြောလိုက်ပြီး အတောင်ပံများကို ခါလိုက်သည်။

“ငါတို့ကတူညီတဲ့ ငှက်မျိုးစိတ်ကိုပိုင်ဆိုင်ထားလို့ ငါမင်းကို သတိပေးနေတာ.. နောက်တစ်ကြိမ် ဆိုတာမရှိဘူး”

“စကြမလား” ဂိုဒီက လင်းတကို စိန်ခေါ်လိုက်သည်။

လင်းတက ဓားသွားလိုထက်တဲ့ အကြည့်နှင့် မျက်လုံးမှေးပြီး ကြည့်လိုက်သည်။

လင်းတရဲ့ အနောက်မှ တိမ်တိုက်တစ်ခုပေါက်ကွဲပြီး ကောင်းကင်ပေါ်ကို ထိုးထွက်လာသည်။ အနက်ရောင်အမွှေးအမျှင်နှင့် သန်မာသော ကြွက်သားများကြောင့် တိမ်တိုက်ကို ကွဲထွက်သွားစေသည်။

“ငါမင်းရဲ့ အရည်အချင်းကိုသိတယ်.. မင်းကတိုက်ခိုက်ရင်းပိုသန်မာလာတယ်.. မနေ့ကတင် ဘုရင်အဆင့်သားရဲကိုတောင် အဲဒီစွမ်းရည်နဲ့ အနိုင်ယူလိုက်နိုင်တယ်မလား” လင်းတက အသံအကျယ်ကြီးနှင့် ပြောလိုက်သည်။ “ဒါပေမယ့် မရှုံးနိုင်တဲ့ စွမ်းအား.. မရှုံးနိုင်တဲ့ နှလုံးသားမရှိဘူး ဆိုတာတော့ မင်းသိထားစေချင်တယ်”

ဂိုဒီက လက်သီကို ဆုပ်လိုက်သည်။ “ကောင်းဖန်က ငါ့ကိုဝေဖန်နိုင်ပေမယ့် မင်းလိုငှက်ဆီကတော့ မဟုတ်ဘူး.. ငါ့ကိုဒီလိုပြောရအောင် မင်းကဘာကောင်မို့လို့လဲ”

ကောင်းကင်ယံတွင် လင်းတက ခန္ဓာကိုယ်ကို အတောင်ပံနဲ့ ဖုံးအုပ်ထားပြီး ကျည်ဆံပုံဖော်လိုက်သည်။ သူသည် မဆုတ်မနစ်လေ့ကျင့်ပြီးနောက် စိန်ထက်မာကျောပြီး ကျည်ဆံထက်ထက်သော နှုတ်သီးကိုပိုင်ဆိုင်ထားသည်။

လင်းတက ဂိုဒီ့ စွမ်းရည်ကိုသိသည်။ တိုက်ပွဲကို ကြာရှည်အောင် ဂိုဒီလုပ်မှာ မဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိထားသည်။

ဂိုဒီက ခေါင်းကို မော့ပြီးစွေကြည့်လိုက်သောအခါ အနက်ရောက်အစက်က ချဉ်းကပ်လာသည်။ တောက်လောင်နေသည့် နေရောင်အောက်တွင် ထိုအရာသည် ပြိုးပြိုးပျက်ပျက်နှင့် မြန်ဆန်လွန်းလှသည်။

လင်းတသည် တိမ်များကိုထိုးခွဲပြီး ဆင်းလာသည်။ တိမ်တွေက လင်းတနောက်တွင် သက်တံ့ပုံကျန်ခဲ့သည်။

တိုက်ခိုက်မှုကို ရှောင်ရှားရန် ချက်ချင်းပြန်ဆုတ်လိုက်ရလောက်အောင် အန္တာရာယ်ရှိလွန်းသည်လို့ ဂိုဒီ ခံစားလိုက်ရသည်။

လင်းတက အရှိန်ပြင်းပြင်းနှင့် ထိုးဆင်းလာသော်လည်း သူ့ဉီးတည်ရာကို ချိန်ညှိနိုင်သည်။ သူသည် ကြီးမားသော ပြောင်းလဲမှုမလုပ်နိုင်ရင်တောင် လှည့်စားမှုအနည်းငယ်ကိုတော့လုပ်နိုင်သေးသည်။

အလင်းလှိုင်းက တောင်ကြားမှထိုးဆင်းလာတဲ့ ဥက္ကာပျံလို ဖြစ်နေသည်။ ဂိုဒီသည် တောင်ထိပ်မှာရပ်နေရင်း ထိုအရာကို အကြည့်မလွှဲနိုင် ဖြစ်နေသည်။

ကောင်းကင်မှာပျံသန်းနေသော ဖလိန်မီသည် မြေပြင်ပေါ်တွင် လက်သီးဆုပ်ထားသော ဂိုဒီဆီကို ထိုးဆင်းသွားသည့် လင်းတကို မြင်လိုက်သည်။ “မိုက်မဲတဲ့ ကောင်တွေပါလား”

ဂိုဒီသည် သူနှင့်နီးလာသော လင်းတကို စိုက်ကြည့်နေပြီး ခြေထောက်ကို ကွေးလိုက်သည်။

သုံး၊ နှစ်၊ တစ်.... အခုပဲ

ဂိုဒီက နောက်ဆုံးအချိန်တွင် ခုန်ပြီး အနောက်ကိုဆုတ်လိုက်သည်။ “ငါရှောင်လိုက်ပြီ”

ဂိုဒီကျိတ်ပျော်နေချိန် ရုတ်တရက်ဆွဲငင်အားကြောင့် လဲကျသွားသည်။ သူသည် သေစေလောက်သော မုန်တိုင်းထဲကို အကူအညီမဲ့စွာ ဆွဲခေါ်ခံလိုက်ရပြီး လဲကျသွားသည်။

သူ့အရှိန်ကြောင့် တောင်ထိပ်ကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေပြီး အက်ကြောင်းများပေါ်လာသည်။ အက်ကြောင်းကြီးနှစ်ခုက တောင်ကိုနှစ်ခြမ်းခွဲလုနီးပါးဖြစ်သွားသည်။

အော်ဟစ်သံတွေကြားတွင် ဖလိန်မီက အဆင်ပြေရဲ့လားဟု ပျာယာခတ်ပြီး မေးလိုက်သည်။

“ငါအဆင်ပြေပါတယ်” မီးခိုးနှင့် ပြာတွေကြားထဲမှ ဂိုဒီသည် ချောင်ဆိုးသံနှင့် ပြန်ဖြေလိုက်သည်။ “မင်းကငါ့ကို လှောင်ဖို့ဒီရောက်နေတာလား .. သစ္စာမဲ့ပြီးကောက်ကျစ်တဲ့ ကြိုးကြာရဲ့”

“စကားပြောနိုင်သေးတော့ မင်းမထိခိုက်သေးဘူးပဲ” ပြတ်သားတဲ့အသံတစ်ခုက ဂိုဒီရဲ့ အသံကို ဖုံးသွားသည်။

လင်းတရဲ့ လက်ထဲမှာ ဂိုဒီကိုတွေ့လိုက်ရသည့်အခါ ဖလိန်မီ စိတ်ပူသွားသည်။ လင်းတက ဂိုဒီကိုမြေပေါ်ချလိုက်သည်။ “အဝါရောင်ဘဲပေါက်လေး အဆင်ပြေပါတယ်.. သတိမေ့ရုံတင်ပါ”

လင်းတက ချောင်းတစ်ချက်ဟန့်ပြီး ပြောလိုက်သည်။ “ဆန္ဒရှိရင် မနက်ဖြန် ငါနဲ့အတူလာလေ့ကျင့်ဖို့ ပြောလိုက်ပါ.. ဖိအားမပေးပါဘူး” လင်းတသည် ထိုသို့ပြောပြီး ပျံထွက်သွားပြီးနောက် ချောင်းဆိုးလာကာ သူ့နှတ်သီးမှ သွေးများကျလာသည်။

ဒီစွမ်းရည်ကို သုံးရတာ ငါ့ကန့်သတ်ချက်ကို ကျော်လွန်သွားတယ်.. ငါ့အဆင့်ကမြင့်လာပြီး ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ကလည်းတိုးလာတာပဲ.. ငါ့ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တိုးလာဖို့ ငါ့အဆင့်တိုးလာဖို့လိုလို့လား” လင်းတသည် နားမလည်နိုင် ဖြစ်နေလေသည်။

All Chapters