အခန်း (၄၈၅-၄၈၈)
Vol. 31 Ch. 485-488
အခန်း ၄၈၅ ပြင်းထန်သောလေ့ကျင့်မှု
ကောင်းဖန် ထျန်းကော သင်တန်းကျောင်းမှ ပြန်ရောက်လာသောအခါ သူ့သားရဲများကို စံအိမ် အနောက်ဖက်တွင် အပြင်းအထန်လေ့ကျင့်နေကြသည်ကို တွေ့လိုက်ရသည်။
“ဒန်ဘီ.. ဘာတွေဖြစ်နေတာလဲ” ကောင်းဖန်ကမေးလိုက်သည်။
ဒန်ဘီက လျှို့ဝှက်ထားဖို့အသည်းအသန် ကြိုးစားနေသော တာ့ဇီကို လစ်လျူရှုပြီး လက်ထဲမှ သားရဲစုစည်းမှုလမ်းညွှန် စာအုပ်ကိုအောက်ချလိုက်သည်။
“သခင်ထွက်သွားပြီးနောက် တာ့ဇီက အခြားသားရဲတွေကို အားပေးအားမြောက်လုပ်ပြီး သူတို့ ဒီလိုဖြစ်သွားတာပဲ”
တာ့ဇီက ဒန်ဘီကိုစိုက်ကြည့်နေပြီး ကောင်းဖန်က သူတို့နားကိုလျှောက်လာကာ “မင်းဘယ်သူ့ကို အရူးလုပ်ဖို့ ကြံနေတာလဲ အရှုပ်ထုပ်လေး” ဟု မေးလိုက်သည်။
တာ့ဇီက “အရူးမလုပ်ပါဘူး သူတို့ကို ကြိုးစားစေချင်တာပါ” ဟု ပြန်ဖြေလိုက်သည်။
“ဘာကြောင့် ကြိုးစားဖို့လိုတာလဲ.. မင်းတို့လုံလောက်အောင် အမြဲတမ်းကြိုးစားနေကြတယ်မဟုတ်လား” ကောင်းဖန်ကပြုံးပြီးမေးလိုက်သည်။
“ငါတို့ မကြိုးစားရင် နင်က ငါတို့ကို မလိုချင်တော့ဘူးမလား” တာ့ဇီက ကောင်းဖန်ကို အလေးအနက်ထားမေးလိုက်သည်။
ကောင်းဖန်က တွေဝေသွားပြီး အနီးအနားမှာ ထိုင်ထလုပ်နေသော ရတနာအနံခံကြွက်ကို ဖျတ်ခနဲကြည့်လိုက်သည်။
ရှောင်ကော၊ ဆီလီ… အားလုံးက သူ့ကိုချောင်းကြည့်နေကြသည်။ ကောင်းဖန် ဘာတွေမှားနေလဲ စဉ်းစားမရ ဖြစ်သွားသည်။
“ဘာကြောင့်မင်းတို့ကို မလိုချင်တော့ဘူးလို့ထင်နေတာလဲ” ကောင်းဖန်က ခေါင်းကို ခါလိုက်သည်။ ကောင်းဖန်က တာ့ဇီရဲ့ မကျေမနပ် အကြည့်ကိုခံစားလိုက်ရသည်။
“နင်မေးရဲသေးတာလား.. နင့်မှာသားရဲတွေအများကြီးရှိတာ တော်တော်တောင် ကြာနေပြီ.. အခုတော့နင်က အဖြူရောင်အဖုံးနဲ့စာအုပ်ကို ကြိုက်နေပြီလေ” မပြောလိုက်ရင်ကောင်းသားဟု ပြောပြီးပြီးချင်း တာ့ဇီ နောင်တရသွားသည်။
“တကယ်တော့ နင်က ကိုယ်ပိုင်သားရဲတွေကို မလိုချင်တော့ဘူးထင်လို့ သူတို့ကို ပိုသန်မာလာဖို့ ကြိုးစားခိုင်းနေတာပါ” ကောင်းဖန်စိတ်ဆိုးမှာ ကြောက်နေသည့်အတွက် တာ့ဇီသည် ပြောပြီးပြီချင်း ကောင်းဖန်ကို ခိုးကြည့်လိုက်သည်။
ကောင်းဖန်ဆွံအသွားသည်။
“ဟုတ်ပြီလေ.. နောက်ပိုင်းမှာ နည်းနည်းတော့ ပျင်းစရာကောင်းလာတာတော့ အမှန်ပဲ.. သူတို့ကောင်းကောင်း လေ့ကျင့်နိုင်အောင် ဆက်ကူညီပေးလိုက်ဦး”
ကောင်းဖန်စကားကိုနါ်ထောင်ပြီးနောက် စံအိမ်တစ်ခုလုံးမှာရှိသော သားရဲများ အလုပ်ရှုပ်သွားကြသည်။ သူတို့သည် ပုံမှန်ထက်ပြင်းထန်တဲ့ လေ့ကျင့်ခန်းများနှင့် ပြန်ပြီးအသက်ဝင် နေကြသည်။ တောင်ကုန်းနောက်က တောင်ကြာတွင်တော့ ခရမ်းရောင်မိုးကြိုးကို စွဲဆောင်သော ဝါပင်ကိုစိုက်ထားပြီး ပတ်ပတ်လည်တွင် မိုးကြိုးကျောက်တုံးများကို စိုက်ထူထားသည်။
တောင်ကြားက မိုးကြိုးတောင်ကြား အဖြစ်ပြောင်းလဲသွားပြီး လေထဲတွင် မိုးကြိုးဒြပ်စင်များ ပါဝင်အားဖြည့်နေသည်။ ထိုအချင်းအရာသည် သားရဲတွေရှင်သန်ဖို့နှင့် လျှပ်စစ်ကို ဆွဲဆွဲဆောင်ဖို့ အလွန်သင့်တော်သည်။
တောင်ကြားကို တည်ဆောက်ပြီးနောက် တာ့ဇီသည် စံအိမ်မှာထက် လေ့ကျင့်ရေး တောင်ကြားတွင် ပိုပြီး အချိန်ဖြုန်းလာသည်။
တစ်ချိန်ထဲမှာပင် အစင်းလေး အကူအညီနှင့် တောင်အနီအနားမှာ ရှိသော မြေအောက် လမ်းကြောင်းများကို ရှင်းလင်းနိုင်ခဲ့သည်။ ထို့ကြောင့် မြေအောက်အနက်မှာရှိသော ကျောက်ရည်ပူများကို မီးပွင့်စေခဲ့ပြီး တပြိုက်နက်တည်း
ဖလိန်မီအမွှေးသစ်ပင်ကို တောင်ထိပ်ကို ပြောင်းရွှေ့ စိုက်ပျိုးနိုင်ခဲ့သည်။ အခြားသော မီးသတ္တိပစ္စည်းများကိုလည်းတောင်ဘေးကို ရွှေ့ပြောင်းနိုင်ခဲ့သည်။
တောင်ရဲ့အပူချိန်က ဖြည်းဖြည်းချင်းမြင့်တက်လာခဲ့ပြီး ပထမတော့ တခြားအသိုက်လိုဖြစ်နေသည့်အတွက် ဖလိန်မီက မကြိုက်ခဲ့ပေ။ နောက်ပိုင်းတော့ အပူပေးစက်ဖွင့်ထားသလို အသိုက်က နွေးထွေးပြီး အပူချိန်က အံကိုက်ဖြစ်လာသည်။
သို့သော် တစ်ညလောက်နေပြီးနောက် ဖလိန်မီသည် အသိုက်ထဲမှာရှိသော ပစ္စည်းများကို စံအိမ်ဆီ ခိုးပြောင်းသွားသည်။
…..
“မင်းလာပြီလား” သွေးမျက်လုံးမုတ်ဆိတ်လင်းတက အတောင်ပံများကိုသိမ်းထားပြီး ကမ်းပါးစွန်းပေါ်မှာ ရပ်နေသည်။ ဂိုဒီကို ကြည့်ရန် သူ့လည်ပင်းကို ၁၈၀ ဒီဂရီ လှည့်ထားသည်။ “ငါအရှုံးကိုလက်ခံတယ်.. စိတ်မပူပါနဲ့ ..မကြာခင်မင်းကိုကျော်သွားမှာ.. မင်းလုပ်နိုင်တာကို ငါလဲလုပ်နိုင်တယ်” ဂိုဒီကခေါင်းကိုမော့ပြီး အော်ပြောလိုက်သည်။
“မင်းငါ့ကိုမြေကြီးပေါ်မှာ ဖိထားနိုင်တဲ့နေ့ကို စောင့်နေမယ်.. မင်းမှာ အရည်အချင်းအများကြီး ရှိတဲ့အတွက် အခုအဆင့်က မင်းကို အချိန်ဖြုန်းနေသလို့ပဲ” သွေးမျက်လုံးမုတ်ဆိတ်လင်းတက ပြုံးပြီးပြောလိုက်သည်။
ဂိုဒီက ပါးစပ်ဖွင့်လိုက်ပေမဲ့ ဘယ်လိုငြင်းရမလဲ မသိတော့ချေ။ သွေးမျက်လုံးမုတ်ဆိတ် လင်းတရဲ့စွမ်းရည်က သူ့ထက် နှစ်ဆင့်နိမ့်ပေမဲ့ သူ့ကို အနိုင်ယူသွားခဲ့ပြီးဖြစ်သည်။
“မင်းက ပြီးပြည့်စုံအဆင့်မှာလား” ဂိုဒီက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။
“လွန်ခဲ့တဲ့နှစ်ဝက်က ငါတောင်တွေအနှံ့ ခရီးသွားပြီး ဒြပ်စင်ခုနှစ်မျိုးရဲ့ ဝင်သက်ကိုရှာတွေ့ခဲ့ပြီး ပေါင်းစပ်ခဲ့တာ” သွေးမျက်လုံးမုတ်ဆိတ် လင်းတက မျက်စိမှေးထားပြီး ပြောလိုက်သည်။ “ဒြပ်စင်ကိုးမျိုးရဲ့ ဝင်သက်ကိုပေါင်းစပ်နိုင်ရင် မော်ကွန်းတင်စွမ်းရည်အဆင့်ကို အဆင့်မြှင့်နိုင်ပြီလို့ မင်းရဲ့ သခင်ကပြောတယ်.. ဒါပေမဲ့ ငါ့တစ်ဘဝလုံးမှာ ရှေ့ဖြစ်ဟောတွေကိုမယုံကြည်ဘူး.. ငါ့အခွင့်အရေးကို ငါကိုယ်တိုင်ဖန်တီးနိုင်တယ်လို့ ငါယုံကြည်တယ်.. ဒါကြောင့်သူတို့ကိုမပေါင်းတော့ဘဲ နောက်ထက် ဒြပ်စင်တွေကို ရှာပြီးမှ ပေါင်းစပ်တော့မယ်”
“အင်း မင်းအောင်မြင်ပါစေလို့ ငါဆုတောင်းပါတယ်.. ဒါနဲ့ မင်းပုံမှန်ဘယ်လိုလေ့ကျင့်လဲ” ဂိုဒီကအရှက်မရှိမေးလိုက်သည်။ တစ်ချိန်ထဲမှာပင် ဒီငှက်ကို တစ်ချက်လောက်ရိုက်နိုင်ဖို့ သူ့နည်းလမ်းအတိုင်း လေ့ကျင့်ရမည်ဟု စိတ်ထဲကနေ ဆုံးဖြတ်လိုက်သည်။
ဖလိန်မီရှေ့မှာ ရှုံးရတာ လုံးဝမပျော်ဘူး.. အရမ်းရှက်စရာကောင်းတာပဲ..
တောင်ရဲ့တစ်ဖက်ကိုလမ်းလျှောက်ရင်း လင်းတကပြောလိုက်သည်။ “ငါ့နောက်က လိုက်ခဲ့.. ဒါကငါ့ပုံမှန် လေ့ကျင့်ရေးပစ္စည်းပဲ” တောင်ရဲ့ တစ်ဖက်တွင် နေရောင်ခြည်ကို အပြည့်အဝစုပ်ယူနိုင်သော အနက်ရောင်ကျောက်တုံး တစ်စုံရှိ ပြီး အရောင်မှိုင်းမှိုင်းနှင့် ကြမ်းတမ်းသော မျက်နှာပြင်ရှိသည်။
“ဒါတွေက အနက်ရောင်ဗဟိုချက်ကျောက်တုံးတွေ.. မြေပြင်ကနေ ခြောက်မိုင်အနက်ထိ တွင်းတူးထားပြီး ရှားပါးပေမယ့် မင်းနဲ့ ငါလေ့ကျင့်ဖို့အတွက် လုံလောက်ပါတယ်.. ဒီမှာကြည့်” လင်းတက ပြောလိုက်သည်။ ဂိုဒီက ရှေ့တိုးသွားပြီး မကြည့်တကြည့်လုပ်နေသည်။ သူသည် ဖရဲသီးအရွယ်လောက်ရှိတဲ့ အနက်ရောင် ဗဟိုကျောက်ကို မဖို့ရန် အားအများကြီးမလိုလောက်ဘူးဟု ထင်လိုက်မိသော်လည်း ကြက်သေသေသွားသည်။ နတ်ဘုရားအဆင့်ကို ရောက်ပြီးကတည်းက ကမ္ဘာပေါ်ရှိ ကျောက်တုံးတွေက ပေါ့လွန်းပြီး ၁၅ ပေအမြင့်ရှိတဲ့ သံကျောက်တုံးကို မဖို့တောင် အားစိုက်စရာမလိုပေမဲ့ ဖရဲးသီးအရွယ် အနက်ရောင်ဗဟိုကျောက်ကတော့ပိုလေးနေပြီး ဖရဲသီးအရွယ် သာမာန်ကျောက်တုံးထက် အဆတစ်ရာလောက်ပိုလေးနေသည်။
“နေ့တိုင်း ဒီအနက်ရောင်ဗဟိုကျောက်တုံးကို မဖို့ ငါ့အမွှေးတွေကို သုံးတယ်.. အနိုင်မခံ အရှုံးမပေးပဲ ငါ့အမွှေးတစ်ချောင်းချင်းစီနဲ့ အပြင်းအထန်ကြိုးစားပြီးနောက်မှာ ငါ့အမွှေးတွေကို ကြွက်သားနဲ့ အတွင်းသားတွေနဲ့ လဲအတူတကွ လေ့ကျင့်တယ်.. ဒါကြောင့် တိုက်ခိုက်တဲ့အခါ ငါ့ကြွက်သားတွေကို လိုသလိုထိန်းချုပ်နိုင်လာတယ်” လင်းတက လေးနက်တဲ့ အသံနှင့် ပြောလိုက်သည်။
ဂိုဒီသည် ဆက်ပင် နားမထောင်နိုင်တော့ပေ။ အမွှေးတစ်ချောင်းချင်းစီနဲ့လေ့ကျင်တယ်.. တစ်ချောင်းချင်းစီ.. လာနောက်နေတာလား..
ထိုသို့ဖြင့် တောင်ပေါ်တွင် ထူးဆန်းသည့် မြင်ကွင်းပေါ်လာသည်။ ဘယ်ဘက်တွင် ဘဲသားရဲက အတောင်ပံတစ်ဖက်ထောက် ဇောက်ထိုးရက်နေပြီး ဘေးမှာနောက်တောင်ပံတစ်ခုရှိနေသည်။ လက်မောင်းကို ရင်ဘက်မှာယှက်ထားပြီး အနက်ရောင်ဗဟိုကျောက်တုံးတစ်ပိုင်းကို ခြေထောက်မှာ ချိတ်ထားသည်။
တစ်ချိန်တည်းတွင် ထောက်ထားသည့် တောင်ပံတစ်ဖက်ကို ဒိုက်ထိုးနေတာကြောင့် ခန္ဓာကိုယ်ကြွက်သားတွေက ချောမွေ့လာပြီး သေးငယ်သော ကြွက်သားအုပ်စုလေးတွေက တင်းကြပ်မှုနဲ့ ဖြေလျော့မှုကို ဖြစ်စေပြီး ကန့်သန့်ချက်ကို တိုးလာစေသည်။
တစ်ဖက်မှာ သွေးမျက်လုံးမုတ်ဆိတ်လင်းတက ခြေထောက်တစ်ချောင်းထဲနဲ့ ကြိုးကြာပုံစံ ရပ်နေပြီး တောင်ပံများကိုဆန့်ကာ အမွှေးများပေါ်မှာ ဖရဲသီးအရွယ် အနက်ရောင်ဗဟိုကျောက်တွေကိုတင်ထားသည်။
အသက်ရှုလိုက်သည့် ပုံစံအတိုင်း အမွှေးတွေက စီးချက်ကျကျလှုပ်ရှားနေသည်။
ဖလိန်မီကောင်းကင်ကနေဖြတ်သွားရင်း အသက်ရှုနေတဲ့ ဂိုဒီကိုမြင်လိုက်တဲ့အခါ ခေါင်းကိုခါရမ်းလိုက်ပြီး “ဂိုဒီရူးသွားရှာပြီ” ဟု ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၈၆ ဝူချောက်အခြေစိုက်မြို့
လှိုင်းလုံးများ ကမ်းခြေကိုရိုက်ခတ်လာသောအခါ အခြေအနေမှာ မငြိမ်မသက်ပဲ ရေပြင် တွင် သွေးများရောနှောနေသည်။ အဝတ်အစားများစုတ်ပြဲနေသော လူနှစ်ယောက်သည် သောင်တင်နေတဲ့ လှေကိုမှီပြီး သတိမေ့နေသည်။
လှေကိုမှီထားပြီး တုန်လှုပ်ခြောက်ခြားနေတဲ့ လူတစ်ယောက်မှာ သူ့ရဲ့ရင်ဘတ်ကနေ သွေးတွေစီးကျနေသည်။ သွေးတိတ်အောင် ရင်ဘတ်ကိုဖိထားသော်လည်း အရမ်းကို နောက်ကျနေပြီး သွေးထွက်လွန်နေပြီ ဖြစ်သည်။
ဆိုင်းမဆင့်ဗုံမဆင့် နိုးထလာပြီးနောက် စက်ဆုပ်ဖွယ်လူအုပ်စုကို မြင်လိုက်ရသည့် အနက်ရောင်သတ္တဝါကြီးသည် ခေါင်းကိုရေထဲမှ ဆန့်ထုတ်လိုက်သည်။ ၎င်းရဲ့ခန္ဓာကိုယ်က မြွေကဲ့သို့ သေးသွယ်ရှည်လျားပြီး အနက်ရောင် အခိုးအငွေ့များကဝန်းရံနေသည်။ ရုတ်တရက် ၎င်းရဲ့လည်ပင်းက ကျိူးသွားပြီး ဦးခေါင်းက လေထဲသို့ မြင့်တက်လာသည်။
ခေါင်းပြတ်နေတဲ့ လည်ပင်းတွင် မီးခိုးရောင်နှင့် အနီရောင် မီးခိုးများထွက်လာပြီး အခိုးအငွေ့များက နဂါး၏ဦးခေါင်းပုံစံပေါင်းစပ်သွားပြီး ကျောရိုးဖြူဖြူများက သူ့နောက်ကျောမှ ထွက်လာသည်။
လိကန်းက စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ကြောက်လန့်ဖြူဖျော့နေပြီး အသက်ရှုရလဲ ခက်လာသည်။ ဆိုးသွမ်းစွာရယ်မောနေတဲ့ အနက်ရောင်သတ္တဝါက အသက်ပြင်းပြင်းရှူလိုက်သည်။
လိကန်းက အသက်နဲ့ခန္ဓာကွဲသွားသလို ခံစားနေရသည်။ သူ့မျက်နှာအသားအရည်က သေလူလိုဖြူဖျော့နေပြီး ရှုံ့တွနေတဲ့ သူ့အရည်ပြားက ကွဲအက်လာသည်။ ခန္ဓာကိုယ်မှ အသားများအတုံးလိုက်ကွာကျလာပြီး အရိုးများပင်ပေါ်လာသည်။ သူ့မျက်လုံးများမှာ ဗလာဖြစ်သွားကာ မျက်နှာတွင်မည်သည့် အမူအရာမှာ မရှိတော့ပေ။
ထိုကဲ့သိုခံစားရသည်မှာ လိကန်းတစ်ယောက်ထဲမဟုတ်။ ဘေးနားမှ မေ့မြောနေသော သူများသည်လဲ ထိုသို့ပင်ခံစားလိုက်ရပြီး အပျက်အစီးများကြားတွင် အရိုးစုအဖြစ်သာကျန်တော့သည်။
ထိုအချိန် နှုတ်ခမ်းမွှေးနဲ့ နဂါးတစ်ကောင်က ရုပ်ပျက်နေတဲ့ နဂါးခေါင်းရဲ့ နှာခေါင်းပေါ်ကနေ ဖြတ်သန်းသွားသည်။
နှစ်ပေါင်းများစွာကြာတာတောင် လူသားတွေရဲ့ အာဟာရတန်ဖိုးက မပြောင်းသွားသေးဘူးပဲ.. ငါ အရင်လိုတောက်ပလာရင် ဒီမုန်းစရာသတ္တဝါတွေကို ပိုပြီးစားနိုင်တော့မယ်..
ဝူချောက်နက်အခြေဆိုက်မြို့ကို တောင်တန်းတွေပေါ်မှာတည်ဆောက်ထားသည်။ ကမ္ဘာပျက်ကပ်ဆိုးကြီးပြီးကတည်းက ယွိကျိုးရဲ့ အရှေ့ဘက်မှာတည်ရှိတဲ့ ဝူချောက်နက်အခြေဆိုက်မြို့က သားရဲလေ့ကျင့်သူတွေကို အများကြီး စွဲဆောင်နိုင်ခဲ့သည်။ အခြေဆိုက်မြိုအနီးပတ်ဝန်းကျင် ဂေဟစနစ်က သားရဲအမျိုးအစားအားလုံးကို ရှင်သန်ကြီးထွားရန် သင့်တော်သော အချက်ကြောင့်ဖြစ်သည်။
ဝူချောက်နက်အခြေဆိုက်မြို့၏ ၁၈ မိုင်အကွာတွင် နတ်တောင်ရှိပြီး တောင်ပေါ်ရှိ အဆောက်အအုံ အားလုံးကို ပေ ၃၀၀ အမြင့်ဖြင့်တည်ဆောက်ထားသည်။
ရုတ်တရက် အနက်ရောင်အရာတစ်ခုက လေထဲမှာ လှစ်ခနဲဖြတ်သွားသည်။ ခဏကြာပြီးနောက် မှောင်မဲနေတဲ့ ကောင်းကင်ကနေမိုးရေတွေ ကျဆင်းလာပြီး သည်းထန်စွာ ရွာလာသည်။
ညနေခင်းဆည်းဆာကနေ ကောင်းကင်ကြီးမှောင်မဲသွားတဲ့အထိ မိုးများသည်းထန်စွာ ရွာနေသည်။
လက်ရှိ နတ်တောင်ပေါ်မှာ သားရဲလေ့ကျင်သူတွေ အုပ်စုနှစ်စုရှိနေသည်။ မျက်နှာမှာ ကန့်လန့်ဖြတ်အမာရွတ် ရှိတဲ့ အမျိုးသားက သူ့အခန်းထဲကနေမိုးရွာတာကို ကြည့်နေရင်း မိုးသည်းလွန်းတယ် မိုးတိတ်တာကိုစောင့်ရအောင်ဟု အကြံပြုလိုက်သည်။
သူတို့နဲ့အတူ မိုးကာဝတ်ရုံရှည်တွေကိုယူဆောင်လာသော်လည်း သူတို့ရဲ့ သားရဲတွေကမိုးစိုမှာဂရုစိုက်စရာမလိုရင်တောင် သူတို့တွေ မိုးရေထဲမှာ အအေးမမိတာ အကောင်းဆုံးပင်။ ဒါ့အပြင် နတ်တောင်ပေါ်က အခန်းတွေက သက်သောင့်သက်သာ ရှိတဲ့အပြင် ခြောက်သွေ့နေသည်။ ဆိုင်အချို့မှာလည်း အဆာပြေမုန့်များ ရောင်းချနေသည်။
တစ်စုံတစ်ယောက်က တံခါးခေါက်လိုက်သောကြောင့် သူတို့ထဲက တစ်ယောက်က တံခါးသွားဖွင့်ပေးလိုက်သည်။ သားရဲလေ့ကျင်သူအဖွဲ့ တစ်ခုကအပြင်မှာရပ်နေသည်။
“ဟုတ်ပြီ.. မင်းတို့စားပြီးပြီလား.. အထဲဝင်လာခဲ့လေ” ကျောက်ဆောင်ကျားသားရဲမုဆိုး အဖွဲ့ခေါင်းဆောင်ကပြောလိုက်သည်။ သူသည့် သူ့အခန်းအပြင်ဘက်မှာ အစိမ်းရောင်နွယ်ပင် သားရဲမုဆိုးအဖွဲ့ဝင်တွေကို တွေ့လိုက်ရသည့်အတွက် အံဩနေပေမဲ့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။
ဆောင်ရွက်နေတဲ့နယ်ပယ်ချင်းတူနေသည့်အတွက် တစ်ဖွဲ့ကို တစ်ဖွဲ့ အချင်းချင်း အသိအမှတ်ပြုကြခြင်းပင်။
“ကျွန်တော်တို့ရဲ့ အရေးပေါ်သတိပေးငှက်က ဒီမနက်ပြန်ရောက်လာတယ်” အခြားအဖွဲ့ ခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“အရေးပေါ်သတိပေးငှက်”
“ဟုတ်တယ်.. ကျွန်တော်တို့ရဲ့ ထောက်ပို့သားရဲတွေထဲက တစ်ကောင်ပဲ.. နေ့လည်ထဲက ခံစားချက်တွေ သိပ်မကောင်းဘူး .. အနီးအနားမှာ ပြဿနာတွေရှိနေပုံပေါ်တယ်.. နောက်တော့ ရုတ်တရက်ကြီး သတိမေ့သွားတယ်” အစိမ်းရောင်နွယ်ပင် အဖွဲ့ခေါင်းဆောင်က သူ့အဖွဲ့ဝင်တစ်ယောက်လက်ပေါ်မှာ နားနေတဲ့ အနီရောင် ကျီးကန်းကို ညွန်ပြရင်းပြောလိုက်သည်။
သူသည် ကျီးကန်းအမျိုးအစားသားရဲဖြစ်သော်လည်း ကျီးကန်းအစစ်နဲ့တော့ အနည်းငယ် ကွဲပြားမှုရှိသည်။
ထိုအချိန်တွင် အနီရောင်အမွှေးကျီးကန်းက လေ့ကျင့်သူလက်ထဲမှာထိုင်နေရင်း ခေါင်းငုံထားရာမှ မော့လာပြီး သတိ…သတိ….သတိ…. ဟု စတင် ညီးညူကာထအော်သည်။
“အန္တရာယ်ကဘယ်ကလာမယ်ဆိုတာ ကျုပ်တို့လည်း မသိဘူး.. ဒါပေမဲ့ အခုတော့ တောင်တန်းဝိဉာဉ်ပေါ် မှာရှိတဲ့ လေ့ကျင့်သူ အရေအတွက်က ခြိမ်းခြောက်မှုကို အတူတကွလက်တွဲပြီး ရင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်”
ကျောက်ဆောင်နဂါးသားရဲမုဆိုး အဖွဲ့ခေါင်းဆောင်က ကျယ်လောင်စွာ ရယ်လိုက်သည်။
“ဘယ်လိုအန္တရာယ်မျိုးပါလိမ့်..
ကျွန်တော်တို့လက်အောက်မှာ နတ်ဘုရားအဆင့်လေ့ကျင့်သူတစ်ယောက်ရှိတယ် နတ်ဘုရားအဆင့်သားရဲတောင်မှ စိန်ခေါ်ရလောက်အောင် ရူးမယ်မထင်ပါဘူး”
“ခင်ဗျားပြောတာမှန်ပါစေလို့ မျှော်လင့်ပါတယ်” အစိမ်းရောင်နွယ်ပင် အဖွဲ့ခေါင်းဆောင်ကပြောလိုက်သည်။ ပထမတော့ သူလည်းအဲဒီလို တွေးမိပေမယ့် သူသည် အခုတော့ စိတ်ထင့်နေလေသည်။
“ကောင်းပြီလေ အခု အဲဒါက ခြိမ်းခြောက်နေတယ်ဆိုရင် ဒီညမှာ ငါတို့အလှည့်ကျ ကင်းစောင့်ကြမလား—” သူ့စကားမဆုံးခင်မှာ မြေပြင်က ပြင်းထန်စွာ လှုပ်ခါသွားသည်။ စူးစူးဝါးဝါးအော်ဟစ်သံရှည်က တောအုပ်ထဲမှာ ပဲ့တင်ထပ်နေသည်။
နံရံကို ထောက်ထားရင်း ကျောက်ဆောင်ကျား အဖွဲ့ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်တွင် တောင်တန်းဝိဉာဉ်၏ နာကျင်စွာ အော်ဟစ်သံကို ကြားရသည်။ ဆိုးရွားတာတစ်ခုခုများဖြစ်သွားတာလား..
အစိမ်းရောင်နွယ်ပင် သားရဲမုဆိုးအဖွဲ့ဝင် နှစ်ယောက်က ကောင်းကင်ကိုမော့ကြည့်ပြီး ကြောက်ရွံ့စွာ အော်လိုက်သည်။
ဘုရားရေ.... ဘာသတ္တဝါကြီးလဲ..
ပြေးကြ။
အစိမ်းရောင်နွယ်ပင် သားရဲမုဆိုးအဖွဲ့ပေါ်ကို အနက်ရောင်အခိုးအငွေ့တွေလွှမ်းနေပြီး အဖြူရောင်ဆူးတွေနဲ့ဖုံးအုပ်ထားတဲ့ အနက်ရောင်နဂါးခြေသည်းကြီး ပြုတ်ကျလာသည်။ ၎င်း၏ခြေသည်းကနေ သွေးတွေ တစ်စက်တစ်စက်ကျနေသည်။
ကျောက်ဆောင်ကျားအဖွဲ့ ခေါင်းဆောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ပြတင်းပေါက်မှတဆင့် မျက်လုံးစိမ်းတစ်စုံက သူကိုစိုက်ကြည့်နေမှန်း သိသွားတော့ ချွေးစေးတွေထွက်လာသည်။
တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းနောက်က တောင်ပေါ်မှာ အစင်းလေးသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့ခြေထောက်ကိုမြှင့်လိုက်သည်။ နောက်မှာ လိမ္မော်သီးများကို ရေတွက်နေတဲ့ ကလေး နှစ်ယောက်လုံး ဖင်ထိုင်ရက် လဲကျသွားသည်။ အစင်းလေးခေါင်းပေါ်မှာ တိမ်မဲတွေစုဝေးနေပြီး အနီရောင် သွေးအလင်းက တိမ်တွေကိုဖြတ်သွားသည်။
သေပြီ.. တောင်တန်းဝိဥာဉ်သည် ဒေသတွင်းတစ်နေရာ၌ သေဆုံးသွားကြောင်း အစင်းလေး သတိပြုမိလိုက်သည်။
ဒီလိုအလောသုံးဆယ် ပြင်းပြင်းထန်ထန် မခံစားဖူးဘူ။ အစင်းလေးကပြောလိုက်သည်။ တောင်တန်းဝိဉာဉ်များက သူတို့ရဲ့ သခင်အဖြစ် အစင်းလေးကိုလက်ခံရန်ဆန္ဒရှိသောကြောင့် ၎င်းရဲ့လက်ရှိအမှတ်အသားအရ ကျေးဇူးတင်ခဲ့သည်။ အခုတောင် တောင်ဝိဉာဉ်တစ်ကောင်သေသွားတာကို သူသိလိုက်သည်။
“ဘာဖြစ်လို့လဲ အစင်းလေး” တာ့ဇီက မေးလိုက်သည်။
တောင်ဝိဉာဉ် သေပြီ..
သတင်းပို့ချက်ကိုရရှိပြီးနောက် ကောင်းဖန်၏မျက်နှာမှာ မဲမှောင်သွားသည်။ တောင်ဝိဉာဉ် သေပြီ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. တောင်ဝိဉာဉ်က အနည်းဆုံး နတ်ဘုရားအဆင့် သားရဲပဲ..
သာမာန်တောင်တန်းဝိညာဉ်များထက် များစွာအားကောင်းသည့် နတ်ဘုရားအဆင့်များပင်လျှင် ၎င်းကိုသတ်ရန် ခက်ခဲသည်။ ဘုရင်အဆင့်ကသာ တောင်ဝိညာဉ်ကို ပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်သည်။
မည်သိုပင်ဆိုစေကာမူ ဒါက ပေါ့ပေါ့တန်တန် ခံယူရမည့်ကိစ္စမဟုတ်ပေ။
“ဘယ်နေရာမှာတောင်ဝိဉာဉ်သေတာလဲ မင်းတွက်ချက်နိုင်လား”
“ကိစ္စမရှိဘူး” အစင်းလေးကဖြေလိုက်သည်။
ကောင်းဖန်သည် စိတ်ပူမိနေသည်။ နတ်တောင်အပန်းဖြေစခန်းမှာ အသေအပျောက်များရင် ဒုက္ခဖြစ်မှာ သေချာသည်။ သတင်းတွေက သူ့ရဲ့ တောင်တန်းဝိညာဉ်အနားယူရာနေရာ ဘေးကင်းမှုကို သံသယဝင်စေမှာလည်း အသေအချာပင်။ ဒါက သူ့လုပ်ငန်းကို အကြီးအကျယ် ထိခိုက်လိမ့်မည်။
ဝူချောက်နက်အခြေဆိုက်မြိုကို ရောက်တဲ့အခါ တိမ်မဲတွေနဲ့ လေတွေက မိုးကုတ်စက်ဝိုင်းတွေမှာစတင်နေပြီး မြေပြင်ကိုအမှောင်ထုက တဖြေးဖြေး ရစ်ပတ်လာသည်ကို တွေ့လိုက်ရသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၈၇ အနက်ရောင်ရေလွှမ်းနဂါး
သားရဲလေ့ကျင့်သူများ၏ စိတ်ဓာတ်မြင့်တက်လာရန်ကြိုးပမ်းမှုများနဲ့ အတူ အခန်းထဲမှာ အမိန့်တွေ အဆက်မပြတ်ထွက်ပေါ်နေသည်။
“အမြှောက်တွေအားလုံးကို မီးညှိ”
“အသင့်ပြင်”
“သားရဲလေ့ကျင့်သူတွေ ပျာယာမခတ်နဲ့..အတူတကွတိုက်ကြ.. တောင့်ခံထားဦး.. အကူအညီလာနေပြီ”
ကောင်းကင်တွင် လေပြင်းမိုးထန်ပြီး အနက်ရောင်တိမ်တွေက ပေါက်ထွက်လုနီးပါး ဖြစ်နေပုံပေါ်နေသည်။ အဲဒီအချိန် မိုးရွာနေပုံက ပျံ့နှံနေတဲ့ငွေရောင်အချပ်ကြီးလိုပင်။
ကောင်းကင်းပေါ်မှာ ကြီးမားတဲ့အနက်ရောင်ပုံစံကြီးတစ်ခု အမဲရောင်တိမ်တွေကြားကပေါ်လာသည်။ လျှပ်စီးကြောင်းများပေါက်ကွဲထွက်တဲ့အချိန်တွင်တော့ ကြီးမားသည့် နဂါးကြီး ကောင်းကင်ပေါ်မှာ ပေါ်လာတာ အားလုံးမြင်လိုက်ရသည်။
နဂါး.. ဒါနဂါးပဲ.. ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့ အခါ မြေကြီးပေါ်ကသူအားလုံး ကြောက်ရွံထိတ်လန့်မှုကိုခံစားလိုက်ရသည်။
အနီးမှာရှိတဲ့ စောင့်ကြည့်မျှော်စင်ပေါ်က သားရဲလေ့ကျင့်သူများသည်လည်း တဖြည်းဖြည်း စိတ်ပျက်အားငယ်လာကြသည်။ ရှေးယခင်ကတည်းက ဟွာရှားဒေသကလူတွေက နဂါးကို အလေးအမြတ်ထားခဲ့ကြသည်။ နဂါးတွေကို ကြောက်ရွံမှုက သူတိုအတွက် အရိုးစွဲနေခဲ့ပြီပင်။
လူအများစုအတွက် နဂါးတွေက တည်ရှိနေတဲ့ မူရင်းဖြစ်တည်မှုဖြစ်သည်။ အခု သူတို့ရှေ့မှာ တစ်ကောင်ပေါ်လာပြီး သူတို့ဘက်မှာ ရှိနေပုံလည်း မပေါ်ချေ။ ဒါက သူတို့ရဲ့ စိတ်ပျက်ခြင်းအားလုံး၏ အကြောင်းအရင်းခံဖြစ်သည်။
“ကျွန်တော်တို့ နဂါးတစ်ကောင်နဲ့ ယှဉ်ပြိုင်ဖို့ နည်းလမ်းမရှိဘူး.. ရှေးတုန်းက တရှန်းအန်းလင်တောင်ပေါ်မှာ ရှိတဲ့ ရေလွှမ်းမိုးခြင်း နဂါးတစ်ကောင်က ဘုရင်အဆင့် ဆိုတာ ကျွန်တော်မှတ်မိတယ်.. အခုတစ်ကောင်က အဲဒီထက်ကို အဆင့်မြင့်အုံးမယ်လို သံသယ ရှိတယ်” မြိုတော်ရင်ပြင်က တစ်စုံတစ်ယောက်က ပြောလိုက်သည်။ မြို့စွန်မှာဝရုန်းသုန်းကာဖြစ်နေကြသည်။
မြို့ထဲက အမြှောက်တွေကို လေထဲကို ပစ်နေသည်။
ရက်စက်ကြမ်းကြုတ်သော နဂါးက ကောင်းကင်မှာ အခိုးအငွေ့များကဲ့သို ကင်းလွတ်စွာ ပျံသန်းနေပြီး မိုးရွာသွန်းမှုက ပိုလိုတောင် ပြင်းထန်လာသည်။ ရုတ်တရက် မြို့ပြင်ကနေ ရေစီးသံတွေထွက်ပေါ်လာသည်။
“ယန်ဇီမြစ်က ရေလျှံနေပြီ” စောင့်ကြည့်မျှော်စင်ထဲက လူတစ်ယောက်က အော်လိုက်သည်။
အဝေးမှ လှိုင်းလုံးများက ဝူချောက်နက်အခြေဆိုက်မြိုကို အရှိန်ပြင်းပြင်းနဲ့ ချဉ်းကပ်လာနေတယ်။ တဟုန်းဟုန်းရေစီးသံက အသံအားလုံးကိုဖုံးလွှမ်းသွားပြီး လမ်းကြောင်းပေါ်ရှိအရာအားလုံးကို သိမ်းယူသွားသည်။
ကောင်းကင်ထိလောက်အောင်မြင့်တဲ့လှိုင်းလုံးကြီးက အခြေဆိုက်မြို့ကိုဝင်လာပြီး ရေလွှမ်းမိုးမှုကိုခံနေရတဲ့အပြင် ရက်စက်ကြမ်းကြုတ်တဲ့ နဂါးကပါ ချိန်းခြောက်နေသည်။
“ရုတ်တရက်ကြီး ယန်ဇီမြစ်က ဘာလို့ ရေကြီးရတာလဲ” ခုံကိုလက်သီးနဲ့ထုပြီး အခန်းထဲက လူတစ်ယောက်က အော်လိုက်သည်။ “စောင့်ကြည်မျှော်စင်က အရူးတွေဘာလုပ်နေကြတာလဲ.. ဘာကြောင့် ဒီအခြေအနေတွေကို ငါတို့ သတိမပြုမိရတာလဲ”
“ဒါသဘာဝမဟုတ်ဘူးလေ.. နဂါးဆိုးက လုပ်တာဖြစ်မယ်” သူ့မှာရေလွှမ်းနိုင်တဲ့ စွမ်းရည်ရှိလိမ့်မယ်” အခန်းထဲက အခြားတစ်ယောက်က ရှင်းပြလိုက်သည်။
သူ့ထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်ပြီး သူ့မျက်နှာသည် ဆိုးရွားဖြူဖျော့နေသည်။ “ကံကြမ္မာဆိုးပဲ.. ငါတို့အားလုံးပျက်စီးပြီ”
“ဘယ်အချိန်လောက် လာနိုင်မလဲ သခင်လေးကောင်း” ကောင်းဖန်ဆီသို့ ဖုန်းတစ်ခု ရုတ်တရတ် ဝင်လာသည်။
တာ့ဇီပေါ်တွင် ရပ်နေတဲ့ ကောင်းဖန်က တခြားတစ်ဖက်မှာ ကမောက်ကမဖြစ်နေပြီ ဆိုတာ အာရုံရလိုက်သည်။ တစ်ခုခုမှားတော့မှားနေပြီ.. ဝူချောက်နက်မှာ တစ်စုံတစ်ခုဖြစ်နေတာလား..
နာကျင်နေတဲ့အသံနှင့် တစ်ဖက်လူက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ဝူချောက်နက်အခြေဆိုက်မြိုမှာ အနက်ရောင်နဂါးပေါ်လာပြီး ရေကြီးနေတယ်.. မြိုရိုးကိုချိုးဖောက်နိုင်လောက်အောင် ရေကြီးပြီး မြို့နေပြည်သူတွေ အသက်အိုးအိမ်ဆုံးရှံးမှုနဲ့ကြုံတွေ့နေရတယ်”
ကောင်းဖန် မျက်မှောင်ကြုတ်လိုက်ပြီး “ငါမကြာခင်ရောက်မယ်.. တာ့ဇီ ငါတို့ မြန်မြန်သွားဖို့လိုတယ်” ဟု ခေါင်းငုံ့ပြောလိုက်တယ်။
တာ့ဇီက ကောင်းဖန်ပြောလိုက်ထဲက အတောင်ကိုပိုပြင်းပြင်းခတ်ပြီး “ကောင်းပြီ ငါတို့ မြန်မြန်သွားတာပေါ့” ဟု ပြောလိုက်သည်။
တာ့ဇီ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ လျှပ်စစ်စွမ်းအင်တွေ ဆက်တိုက်ဖြစ်ပေါ်ဝန်းရံနေသည်။ လျှပ်စစ်ဘောလုံး ပေါက်ကွဲသွားပြီးနောက်တွင် တာ့ဇီသည် ယခင်ကထက် ပိုမိုမြန်ဆန်လာသည်။ အခြားကြည့်နေသူတွေက ဝူချောက်နက်အခြေဆိုက်မြို့ကို ဦးတည်နေတဲ့ အဝါရောင် လျှပ်စစ်ဘောလုံး ရွေ့နေတာကိုပဲ မြင်လိုက်ရသည်။
ကောင်းဖန်၏မျက်နှာတင်းမာလာပြီး ဘုရင်အဆင့်သားရဲ ကျူးကျော်တာကို အခြေဆိုက်မြို့ ခုခံနေတာဘယ်လောက်ကြာပြီလဲ ဟု တွေးလိုက်မိသည်။ သူရောက်သွားတဲ့ အချိန် ကယ်စရာဘာမှ မကျန်တော့မှာကိုလည်း ကြောက်နေမိသည်။
ဘာကြောင့် ဘုရင်အဆင့် အနက်ရောင်နဂါးက ရုတ်တရက်ပေါ်လာရတာလဲ.. ကောင်းဖန်ရဲ့ စိတ်ထဲမှာ သံသယတွေကြီးထွားလာသည်။ နဂါးသတ်ခြင်းအခန်း၏ နဂါးဆန့်ကျင်နိုင်စွမ်း၊ ရေကို ထိန်းချုပ်နိုင်သော မဟာယုရဲ့ ဒဏ္ဍာရီ နှင့် ရေလွှမ်းမိုးမှုဖြစ်စေနိုင်သော စွမ်းအားရှိသည်ဟု ထင်ရသည့် ဤနဂါးနက်က ရုတ်တရက်ထွက်ပေါ်လာသည်။
မဟာယုက သားရဲလေ့ကျင့်သူဖြစ်ခဲ့တာလား.. ဒီအနက်ရောင်နဂါးက အသက်ရှင်နေစဉ်မှာ ပျက်စီးစေခဲ့ပြီး သူ့ကိုသတ်ပစ်ရန် သို့မဟုတ် စည်းချိတ်ပိတ်ရန် အတင်းအကြပ်လုပ်ဆောင်ခဲ့တာလား..
ကောင်းဖန်မျက်မှောင်ကြုတ်နေမိပြီး ဒီနှစ်တွေမှာ ဒီအနက်ရောင်နဂါးက ဘာကြောင့်မသေတာလဲဟု တွေးနေမိသည်။ မျိုးဆက်တွေကို လက်ဆင့်ကမ်းလာတဲ့ နဂါးသတ်ခြင်း အခန်းအကြောင်း စဉ်းစားမိလိုက်တဲ့အခါ ဒီအနက်ရောင်နဂါး အသက်ရှင်နေတာ မထူးဆန်းတော့ပေ။
ယွိကျိုးအခြေဆိုက်မြို့က ဝူချောက်နက် အခြေဆိုက်မြို့နဲ့ မိုင် ၄၀၀ ပဲဝေးသည်။ ဒီအကွာဝေးမှာ ယန်ဇီမြစ်ရေလျှံမှုကြောင့် ဘယ်လောက်တောင် ဆိုးရွားစွာပျက်စီး နေလဲဆိုတာ ကောင်းဖန် မြင်နိုင်သည်။ ဝူချောက်နက်အခြေဆိုက်မြို့ရဲ့ အထပ်မြင့် အဆောက်အအုံ အချို့ကလွဲပြီး အများစုက ရေမြုပ်နေပြီပင်။
သို့သော်လည်း အထပ်မြင့်အဆောက်အဉီးအားလုံး ဘေးကင်းတာတော့မဟုတ်ပေ။ အချို့ကပြိုကျနေပြီး မရေတွက်နိုင်လောက်အောင် အလောင်းတွေမျောနေသည်။
ပုရွက်ဆိတ်… ပုရွက်ဆိတ်တွေကို ကောင်းဖန်ရုတ်တရက်သတိရမိလိုက်သည်။
သူငယ်ငယ်တုန်းက သူ့အိမ်နားက ကလေး ပုရွက်ဆိတ်အုံထဲကို ရေလောင်းချတာ တစ်ခါတွေ့ဖူးသည်။ အသိုက်၏အပေါက်မှ ရေများ ပြည့်လျှံသွားတဲ့အချိန် မရေမတွက်နိုင်အောင်များတဲ့ ပုရွက်ဆိတ်သေကောင်တွေပေါ်လောပေါ်လာသည်။ ဒါက အဲဒီအချိန်တုန်းက ဖြစ်ပျက်နေတာနဲ့ တူလွန်းသည်။
အားနည်းတာက ပြစ်ချက်ပဲ.. သန်မာသူတွေက သူတို့လုပ်ချင်တာလုပ်ရဖို့ အားနည်းသူတွေလုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ချနင်းခံလိုက်ရတာပဲ..
အနက်ရောင်နဂါးတစ်ကောင်သည် ဝူချောက်နက်အခြေစိုက်မြို့အထက်တွင် ပျံသန်းသွားပြီး ၎င်း၏နှာခေါင်းများမှ အနက်ရောင်အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။ အခိုးအငွေ့များကြားမှ သေဆုံးသွားသူများ၏ အော်ဟစ်သံကို ကြားရသည်။
အနက်ရောင်နဂါးသည် မြို့တွင်းမှ သေလွန်သူများ၏ ဝိညာဉ်များကို လောဘကြီးစွာ စုပ်ယူနေသည်။ မြို့ထဲကထောင်ပေါင်းများစွာသော ဝိညာဉ်များသည် ၎င်းအတွက် ပြင်ဆင်ထားသော ကြီးကျယ်လှတဲ့စားပွဲနှင့်တူနေသည်။ အတိတ်တုန်းက လူသားဝိဉာဉ်များကို စားသုံးရန် မိုင်ပေါင်များစွာသွားရပေမဲ့ အခုတော့ လူသားဦးရေ သိသိသာသာ တိုးများလာသောကြောင့် ထိုအချိန်များနှင့် မတူတော့ပေ။
[သားရဲအမည်] - အနက်ရောင်ရေလွှမ်းမိုးခြင်းနဂါး(တော်တန်ရုံ ဒဏ်ရာရ)
[သားရဲ အဆင့်] - အဆင့် ၅၉ (ဘုရင်အဆင့်)
[သားရဲစွမ်းရည်] - ဒဏ္ဍာရီအဆင့်
[သားရဲ အမျိုးအစား] - ရေ/ဝိညာဉ်
[သားရဲ စွမ်းအင်] - ရေထိန်ချုပ်နိုင်စွမ်း အဆင့် ၅၊ ဝိဉာဉ်ဝါးမျိုနိုင်စွမ်း အဆင့် ၅၊ နဂါးလက်သည်းထက်မှုအဆင့် ၃၊ ပြန်လည်ကုသနိုင်စွမ်း အဆင့် ၄
[သားရဲဝိသေသလက္ခဏာ]- ရေအုံကြွမှု (နဂါးသည် ရေအားလုံးကို ထိန်းချုပ်နိုင်သော မွေးရာပါ စွမ်းရည်ရှိပြီး ၎င်းတို့ကို အလိုရှိသလို ခြယ်လှယ်နိုင်စေသည်။)
သက်ရောက်မှု ၁ - ရေထိန်းချုပ်နိုင်စွမ်း + ၁
တိုက်ရိုက်ထိရောက်မှု ၁ - လေထုအတွင်းရှိရေအားလုံးနှင့် အနီးနားရှိရေထုကို ရုတ်တရက်ပြင်းထန်သောတုံ့ပြန်မှုဖြစ်စေသည်။ ရေ၏ ပြင်းအား မြင့်မားလေလေ၊ ဤစွမ်းရည်၏ သက်ရောက်မှုသည် ပို၍ ပျက်စီးလေလေဖြစ်သည်။
ဝိဉာဉ်ဝါးမျိုနိုင်စွမ်း (နဂါး၏ပုံသဏ္ဍာန်မမှန်သောဝိညာဉ်သည် အခြားဝိညာဉ်များကို စွမ်းအားအရင်းအမြစ်အဖြစ် စုပ်ယူနိုင်ပြီး သူ့ကိုယ်သူ အားကောင်းလာစေရန် လုပ်ဆောင်နိုင်သည်။ )
သက်ရောက်မှု ၁ - ၎င်းသည် ၎င်း၏စိတ်ဝိညာဉ်အတွင်းရှိ မည်သည့်ဒဏ်ရာကိုမဆို ကုသပေးနိုင်သည် သို့မဟုတ် အခြားဝိညာဉ်များကို စားသုံးခြင်းဖြင့် ၎င်း၏စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်နိုင်သည်။
သက်ရောက်မှု ၂ - ၎င်း၏ တိုက်ခိုက်မှုများသည် ပြိုင်ဘက်များ၏ ဝိညာဉ်များကို တိုက်ရိုက် ထိခိုက်စေနိုင်သည်။ ဤအကျိုးသက်ရောက်မှုသည် အခြားသော ဝိဉာဉ်အမျိုးအစား အားလုံးအတွက် သဘာဝအဟန့်အတား တစ်ခုလည်းဖြစ်သည်။
သက်ရောက်မှု ၁ - ၎င်းသည် ၎င်း၏အနီးတစ်ဝိုက်ရှိ အခြားသတ္တဝါများကို ခဏတာဖိနှိပ်ရန် ဤအကျိုးသက်ရောက်မှုကို အသက်သွင်းနိုင်သည်။ ၎င်းထက် သိသိသာသာ အားနည်းသူများ၏ ဝိညာဉ်ကိုလည်း တိုက်ရိုက် စားသုံးနိုင်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၈၈ မကောင်းဆိုးဝါးနဂါး
အမည်းရောင်ရေလွှမ်းနဂါးသည် သူ့အောက်တွင် ရာထောင်ချီရှိနေသော ဖုတ်ကောင်များဆီသို့ ဦးတည်ထားကာ အသက်၀၀ တစ်ချက်ရှုလိုက်သည်။ ထို့နောက် သူ့ပါးစပ်တွင်းမှ မုန်တိုင်းကြီး တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ပြန်းထန်သော မုန်တိုင်းကြီးသည် နဂါးအောက်တွင် ရှိနေသော အရာအားလုံးကို ဖုံးလွှမ်းသွားပြီး တောအုပ်တစ်ခုလုံးရှိ အရာများအားလုံးကို သတ်ဖြတ် ချေမှုန်းလိုက်သည်။ နတ်ဘုရားအဆင့်အောက် ရှိသောသားရဲများသည် နဂါးကြီး၏ ဝိဉာဉ်ချေမှုန်းစွမ်းရည်ကို ပြန်လည် တိုက်ခိုက်ရန် ခံနိုင်ရည် မရှိကြပါချေ။
ကောင်းကင်တွင် မရေတွက်နိုင်သော ဝိဉာဉ်များဖြင့် ပြည့်နေပြီး ထိုဝိဉာဉ်များသည် မီးခိုးရောင် အလက်းလုံးတစ်ခုအဖြစ် ပေါင်းစည်းသွားကာ နဂါး၏ ပါးစပ်တွင်းသို့ တိုး၀င်ပျောက်ကွယ်သွားသည်။ ထိုအခါ များပြားလှသော အလင်းမျှင်တန်းများသည် နဂါး၏ လည်ပင်းဆီမှ ထိုးထွက်လာကြကာ အချင်းချင်း မြန်ဆန်စွာ ပေါင်းစပ်သွားကြသည်။ ထို့နောက် နဂါးခေါင်းပုံစံတစ်ခုသည် လည်ပင်းနှင့် ဆက်လျက်ပြန်လည် ထွက်ပေါ်လာသည်။ လည်ပင်းဆီမှ ထွက်လာသော အလင်းတန်းများသည် မယုံနိုင်စရာ ကောင်းအောင် များပြားလှသည်။
ကောင်းဖန်သည် နဂါး၏ အချက်အလက်များကို ကြည့်လိုက်သောအခါ “အတော်အတန် ဒဏ်ရာရ” ဆိုသော အချက်မှ “အသင့်အတင့် ဒဏ်ရာရ” သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
ရေအမျိုးအစား နဂါး.. နဂါးသတ်ခြင်းအခန်းကို ယဉ်ပါးအောင် မလုပ်နိုင်သေးတာ ရှက်စရာပဲ.. အဲဒီလိုသာ ဆိုရင် သူ့ကို ပိုပြီး မြန်မြန်သတ်နိုင်မှာ ကောင်းဖန်က တွေးမိလိုက်သည်။
နဂါးသတ်ခြင်းအခန်းသည် သူ့ကို ရှူံးတာ ၂ ခါရှိပြီ ဖြစ်သော်လည်း အလွန်ခေါင်းမာသူ ဖြစ်ရာ ယဉ်ပါးအောင် လုပ်၍ လုံး၀မရပေ။ သွေးစာချုပ် ချုပ်ရာတွင် တစ်ဖက်ဖက်က လက်မခံနိုင်ပါက မည်သို့မျှ လုပ်၍မရပေ။
ကောင်းဖန်သည် နဂါးသတ်ခြင်းအခန်းကို တိုက်ပွဲတွင် နိုင်ခဲ့သော်လည်း သူက လက်မခံနေခြင်း ဖြစ်သည်။ ကြီးမြတ်သော ယူသည် အတိတ်က ထိုနဂါးကို အတော်လေး နားသွင်းခဲ့ဟန်တူသည်။
ကောင်းဖန်သည် ထိုနဂါးကို အလွယ်တကူ အနိုင်ယူလို့ မရနိုင်သည့် အချက်ကို စဉ်းစားနေမိသည်။ ထိုနဂါးသည် သူသာ ဆန္ဒရှိလျှင် ကပ်ဆိုးအဆင့်လောက်ရှိသော ရေကြီးမှုကြီးကိုတောင် ဖန်တီးနိုင်သော အစွမ်းရှိနေသည်။ ထိုနဂါးသည် ကပ်ဆိုး၏ ရှေ့ပြေးနမိတ်အဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။
ထိုအတွေးဖြင့် ကောင်းဖန်သည် ဒန်ဘီကို စပြီးလှုပ်ရှားဖို့ အမိန့်ပေးလိုက်သည်။ ဒန်ဘီသည် သူ၏ ယင်ဝိဉာဉ်တိုက်ခိုက်သူ အသွင်ကို ချက်ချင်း လေထဲတွင် ပြောင်းလိုက်သည်။ ယင်စွမ်းအင်သည် သူ့ကိုယ်ထဲမှ ထွက်လာပြီး သူ့ကို ၀န်းရံလိုက်သည်။ ထို့နောက် သူ့လက်ဝါးကို အောက်ကို စိုက်ချလိုက်ပြီး နဂါးစုပ်ယူထားသော ဝိဉာဉ်များကို ပျံ့နှံ့သွားစေလိုက်သည်။ ထိုအခါ ဝိဉာဉ်များသည် လေထဲတွင် တဖြည်းဖြည်း အားပျော့ပျောက်ကွယ်သွားသည်။
ဒန်ဘီသည် ကိုယ်ပိုင်သားရဲ ဖြစ်သော်လည်း ကောင်းဖန်သည် လူများ၊ မြစ်နီမျောက်ဝံများ၏ ဝိဉာဉ်တို့ကိုတော့ မစုပ်ယူရန် တားမြစ်ထားသည်။ သူသည် နောက်ဘ၀ဆိုတာ ရှိမရှိ မသိသော်လည်း ရှိခဲ့ပါက နဂါး၏ ဝါးမြိုခြင်းကို ခံရတာထက်တော့ သာဦးမည်ဟု တွေးမိသည်။
နဂါးသည် သူ့အစာစားခြင်းကို အနှောင့်အယှက် ပေးခံလိုက်ရသောကြောင့် အဝေးတွင် ရှိနေသော ကောင်းဖန်ကို တည်ငြိမ်စွာပင် တစ်ချက် လှည့်ကြည့်လိုက်သည်။
ခြင်္သေ့ဖြူသည် အမိန့်ပေးတာကိုပင် မစောင့်ပဲ နဂါးဆီသို့ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
“သတိထား.. သူက မင်းရဲ့ ဝိဉာဉ်ကို ထိခိုက်အောင် လုပ်နိုင်တယ်.. သူ့ရဲ့ တိုက်ခိုက်မှုကို တတ်နိုင်သလောက် မထိအောင် သတိထား” ကောင်းဖန်က သတိပေးလိုက်သည်။
သူသည် သူ၏ ကိုယ်ပိုင်သားရဲများကို တိုက်ပွဲများတွင် ၀င်ပါခြင်း၊ အကြံပေးခြင်းများကို လုပ်ခဲလှသည်။ သူ၏ သားရဲများသည်လည်း ရန်သူများကို ချွေးတစ်စက်ပင် မထွက်ပဲ အနိုင်ပိုင်းနိုင်ကြသူများ ဖြစ်နေသောကြောင့် သူသည် တော်ရုံ ဘာမှပြောစရာ မလိုပေ။
သို့သော် ဒီတစ်ကြိမ်ကတော့ မတူပေ။ ကောင်းဖန် ပြောတာကို ကြားသောအခါ ခြင်္သေ့ဖြူသည် တစ်ချက် တွေဝေသွားသည်။ ထို့နောက် ခေါင်းကို တစ်ချက်ခါလိုက်ကာ နဂါးဆီကို ပြန်လည် အာရုံစိုက် ဦးတည်ထားလိုက်သည်။
နဂါးသည် သူ့ထံသို့ အမြီးကြီးဖြင့် ရိုက်ချလိုက်သည်။ ထိုအခါ ခြင်္သေဖြူသည် တစ်ပတ်လှိမ့်လိုက်ကာ အမြီးကို ရှောင်လိုက်သည်။
ခြင်္သေ့ဖြူသည် စိတ်ချရသော နေရာကို ရောက်သွားသောအခါ သူ့ပါးစပ်တွင်းတွင် အဖြူရောင် စွမ်းအင်တစ်ခုကို တည်ဆောက်လိုက်သည်။ ထိုစွမ်းအင်များသည် သူ့ပါးစပ်တွင်းတွင် အလင်းလုံး တစ်ခု အဖြစ် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ရေခဲလှိုင်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ မမြင်နိုင်သော လှိုင်းများသည် နဂါး၏ ကိုယ်ကို ဖောက်ထွင်းသွားပြီး သူ့အောက်မှ တောင်တန်းများ ရေများဆီသို့ပင် ကျရောက်သွားသည်။ သူ့အောက်မှ ရေများသည် ချက်ချင်းပင် အေးခဲသွားကြသည်။
နဂါးသည် ရုတ်တရတ် ကြက်သီးထစရာ ခံစားမှုတစ်ခုကို ရရှိလိုက်သည်။ သူ၏ လှုပ်ရှားမှုများကိုလည်း တစ်ခုခုက သက်ရောက်နေသလို ခံစားနေရသည်။
ထို့နောက် ကောင်းဖန်တွင် မျက်လုံးကျိန်းလောက်အောင် တောက်ပသော အလင်းတိုင်ကြီး တစ်ခုထွက်ပေါ်လာသည်။ ထိုအရာကြီးသည် နဂါး၏ ခေါင်းပေါ်သို့ ကျရောက်နေကာ နဂါးကို ပြန်လည် ကုစားပေးနေသလို ဖြစ်နေသည်။
နဂါး၏ ခေါင်းတစ်ခြမ်းသည် လုံး၀က အေးခဲနေပြီ ဖြစ်သည်။ ဖြူပြာရောင် ရေခဲလွှာသည် သူ့ညာဘက်မျက်လုံးကို ဝန်းရံထားသည်။ အစပိုင်းမှာတင် နဂါးသည် အသာစီးမရရုံမက ခြင်္သေ့ဖြူထံမှ တိုက်ခိုက်မှုကိုပင် အနည်းငယ် ခံလိုက်ရပြီ ဖြစ်သည်။ နဂါး၏ စိတ်သည် ရာစုနှစ်ပေါင်းများစွာ အချုပ်နှောင်ခံထားရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ခြင်္သေ့ဖြူ၏ ကိုယ်ကို အေးစက်မှုများက လွှမ်းမိုးနေပြီး လေသည် နှင်းမုန်တိုင်း အသေးစားလေးလို တိုက်ခတ်လာသောကြောင့် သူသည် လေထဲတွင် ခဏပျံသန်းနေသလို ဖြစ်နေသည်။
အေးစက်မှုသည် နဂါး၏ အရိုးထဲထိ စိမ့်၀င်လာသည်။ သူသည် ပြင်းထန်သော နာကျင်မှုကြောင့် ဒေါသများပင် ထွက်လာသည်။ သူသည် မျက်လုံးကို မှေးစင်းလိုက်ပြီး ခြင်္သေ့ဖြူကို ဒေါသတကြီး ကြည့်လိုက်သည်။ သူသည် ခြင်္သေ့ဖြူကို ချက်ချင်းပင် နုတ်နုတ်စင်းတော့မလို ဖြစ်နေသည်။
ထိုအချိန်တွင် သူ့အောက်တွင် အေးခဲနေသော ရေထဲမှ ကြီးမားသော ရေလှိုင်းကြီးတစ်ခုသည် ရေခဲလွှာကို ဖောက်ထွင်းပြီး ထွက်ပေါ်လာသည်။
၃၃ ပေအချင်းရှိသော ရေလုံးကြီးသည် လေထဲသို့ ထိုးထွက်လာသည်။ ထိုရေလုံးကြီးသည် လည်နေပြီး လွှသွားလို ချွန်ထက်နေသော အရာများလည်း ရှိနေကာ ရှိရှိသမျှ အရာအားလုံးကို ဖြတ်ပစ်နိုင်စွမ်း ရှိနေသည်။
လေထဲတွင် ကျောက်ခဲများ သစ်ပင်များ၏ အပိုင်းအစများသည် ရေလုံးကြီး ဒဏ်ဖြင့် အစိတ်စိတ် အမြွှာမြွှာဖြစ်ကာ ပြန့်ကျဲနေကြသည်။
တိုက်ပွဲမြေပြင်တွင် မိုင် ၁၀၀ မြင့်သော ရေလုံးကြီးများ ထွက်ပေါ်နေသည်။ လှိုင်းများ၏ အော်သံများသည် သွေးဆာနေသော အသံများလို လေထုထဲတွင် ပျံ့နှံ့နေသည်။
တိမ်များသည် မည်းမှောင်လာပြီး မိုးကလည်း သည်းထန်စွာ ရွာသွန်းနေသည်။
ကောင်းဖန်သည် ရုတ်တရတ် နဂါး၏ နောက်ထပ်စွမ်းရည်တစ်ခုကို သတိရသွားပြီး တစ်ခုခု ဖြစ်လာတော့မည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူသည် “တိုက်ပွဲမြေပြင်အခြေအနေကို သူမပြောင်းလိုက်နိုင်ခင် သူ့ကို တားလိုက်တော့.. လေထဲမှာ ရေဓာတ်ပိုသိပ်သည်းလာရင် ပိုပြင်းထန်တဲ့ အဖျက်စွမ်းအင် သူပိုရသွားလိမ့်မယ်” ဟု အော်လိုက်သည်။
ဒဏ္ဍာရီစွမ်းရည်သည် ဒန်ဘီရရှိထားသော အမြင့်ဆုံး စွမ်းရည်ဖြစ်သော်လည်း သူသည် ဘုရင်အဆင့်ရောက်ပြီးနောက် တစ်ဆင့် ပြန်ကျထားသည်။ ထို့ကြောင့် ဒန်ဘီသည် နဂါးကဲ့သို့ပင် ဒဏ္ဍာရီစွမ်းရည် သားရဲတစ်ကောင် ဖြစ်နေသေးသည်။ ဒန်ဘီသည် စွမ်းရည်တစ်ဆင့်မြင့်ခဲ့ဖူးတာသာ ကွာခြားမှုရှိနေသည်။
ထို့ကြောင့် ဒန်ဘီသည် သူအရင်က ရင်ဆိုင်ခဲ့သော သားရဲများလို နဂါးကို ရင်မဆိုင်နိုင်ချေ။ ထို့အပြင် ဒန်ဘီ၏ အဓိကစွမ်းရည်သည် တစ်ဦးချင်း တိုက်ပွဲတွင် ကိုက်ညီမှုမရှိချေ။ သူ၏ ယင်ဝိဉာဉ်နှလုံးသားသည်သာ တိုက်ပွဲတွင် သူ့ကို အထောက်အပံ့ပေးနိုင်သည့် တစ်ခုတည်းသေယ အရာဖြစ်သည်။ အလွန်စွမ်းရည်မမြင့်သော သားရဲများနှင့် ယှဉ်လျှင်တော့ ဒန်ဘီသည် ထိုသားရဲများ၏ စိတ်ဝိဉာဉ်ထဲ၀င်ကာ အတွေးဖြင့်ပင် အနိုင်ပိုင်းနိုင်သည်။ ကောင်းဖန်သည် ထိုနည်းလမ်းကိုတော့ တော်ရုံမသုံးပါချေ။
ပြီးတော့ နဂါးသည် ဝိဉာဉ်အမျိုးအစား သားရဲ ဖြစ်သည်။ သူသည် ဝိဉာဉ်အမျိုးအစား တိုက်ခိုက်မှုများကို အခြားသားရဲများထက် ပိုပြီး ခံနိုင်ရည် ရှိသူဖြစ်သည်။ ဒန်ဘီသည် ယင်ဝိဉာဉ်တိုက်ခိုက်သူ အသွင်ပြောင်းထားတာတောင် နဂါး၏ စိတ်ဝိဉာဉ်ထဲ၀င်ပြီး အနိုင်ပိုင်း၍ မရနိုင်ချေ။
အခြေအနေ မကောင်းပေ။ တာ့ဇီ၊ ဖလိန်မီနှင့် ဂိုဒီတို့သည် ဒဏ္ဍာရီစွမ်းရည်ရှိသည့် သားရဲများဖြစ်သော်လည်း သူတို့သည် အဆင့် ၅၀ သာရှိသေးပြီး ဘုရင်အဆင့်သို့ရောက်ရန် တစ်ဆင့် လိုနေသေးကြသည်။ ထို့ကြောင့် သူတို့ ၃ ကောင်လုံးသည် နဂါးကို တိုက်ခိုက်ဖို့ အကူအညီ ပေးနိုင်ကြမည် မဟုတ်ချေ။
ဂိုဒီ၏ ဂွီစွမ်းအင်သည် သူ၏ ကာယအားအင်ကိုသာ အထောက်အပံ့ပေးနိုင်ပြီး စိတ်ဝိဉာဉ်ကိုတော့ အထောက်အပံ့မပေးနိုင်ချေ။ ထိုအရာသည် ဂိုဒီ၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်ပြီး ဝိဉာဉ်အမျိုးအစားသားရဲများကို တိုက်ခိုက်ရာတွင် အထောက်အကူ မဖြစ်နိုင်ပေ။
တစ်ဖက်တွင် ခြင်္သေ့ဖြူကတော့ ဒဏ္ဍာရီအဆင့်၏ ထိပ်ဆုံးစွမ်းအင်သို့ ရောက်နေပြီဖြစ်သည်။ သို့သော်သူသည် နဂါးထက် အဆင့် ၄ ခုနိမ့်လေရာ အဆင့် ၅၅ သာ ရှိနေသေးသည်။
ကောင်းဖန်သည် တစ်ခါမှ ယခုလို အကျပ်အတည်း မဖြစ်ဖူးပေ။ နဂါးသတ်ခြင်းအခန်းကို မရသေးခြင်းအပေါ် သူသည် နောင်တရနေမိသည်။
သူသည် သူ့ကိုယ်ပိုင်သားရဲများနှင့် နဂါး၏ အချက်အလက်များကို နောက်တစ်ခေါက် ထပ်ဖတ်ကြည့်လိုက်သည်။ သို့သော် အခြေအနေသည် သိပ်ပြီး မျှော်လင့်လို့ မရသေးချေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ခြင်္သေ့ဖြူနှင့် ဒန်ဘီတို့ကို နဂါးအား အချိန်ဆွဲခိုင်းထားပြီး အစင်းလေး၊ ဦးနှောက်ကြီးနှင့် ဒန်ဘီ၏ ဘုရင်အဆင့် အရိုးစုကြီးတို့အလာကို စောင့်ဖို့သာ ရှိတော့သည်။ ထိုမှသာ နဂါးကို စုပေါင်းအနိုင်ယူနိုင်တော့မည် ဖြစ်သည်။
နဂါးသည် ခဏမိန်းမောသွားသော်လည်း ခြင်္သေ့ဖြူ၏ တိုက်ခိုက်မှုသည် သူ့ကို အသိစိတ်ပျောက်အောင်ထိတော့ မလုပ်နိုင်ချေ။ သူသည် ကောင်းဖန်ကို ဒီတစ်ကြိမ်တွင်တော့ အမုန်းတရားများ ပြည့်နှက်စွာဖြင့် စိုက်ကြည့်လိုက်သည်။
ဒီလူသားက ငါ့ကို ဒီလိုထိခိုက်အောင် လုပ်နိုင်တယ်ဆိုတော့ သူသေမှဖြစ်မယ်..