← Chapters

အခန်း (၄၉၃-၄၉၆)

Vol. 31 Ch. 493-496

အခန်း (၄၉၃-၄၉၆)

Vol. 31 Ch. 493-496

အခန်း ၄၉၃ သတင်းပျံ့ခြင်း

နဂါးသတ်ခြင်းအခန်းသည် နိုးထလာပြီးနောက် ငြိမ်ငြိမ်လေး နေနေပြီး ကောင်းဖန်ကို မတုံ့ပြန်ပဲ နေနေသည်။ ကောင်းဖန်သည် သူ့ကို ကိုယ်ပိုင်သားရဲအဖြစ် လုပ်ချင်သော်လည်း သူသည် သွေးစာချုပ်ချုပ်ဖို့ ငြင်းဆန်နေခြင်း ဖြစ်သည်။

သူသည် ကောင်းဖန်နှင့် တစ်ပွဲတစ်လမ်းနွှဲချင်နေပုံရသည်။

အရင်ကတော့ ကောင်းဖန်သည် သူ့အပေါ် မကျေမနပ် မဖြစ်ခဲ့ပေ။ နဂါးသတ်ခြင်းအခန်းသည် သားရဲအမျိုးအစားကောင်းမွန်ပြီး အဆင့်လည်း မဆိုးသော်လည်း ကောင်းဖန်တွင် သူ့ထက်ကောင်းသော ကိုယ်ပိုင်သားရဲများ များစွာရှိနေပြီဖြစ်ရာ သူ့ကို ကိုယ်ပိုင်သားရဲမလုပ်ရလည်း သိပ်တော့ ကိစ္စမရှိခဲ့ချေ။

“ကောင်းဖန် ဟိုအဖြူရောင်စာအုပ်က နင်နဲ့ စကားပြောချင်လို့တဲ့” ဆီလီသည် အချိုရည်ဘူးတစ်ခုကို လက်ကကိုင်ထားကာ ကောင်းဖန်နားသို့ ဖြည်းဖြည်းချင်း ရွေ့လာပြီး ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ဆီလီသည် ဖြည်းဖြည်းချင်း အဝေးသို့ ပြန်ရွေ့သွားပြန်သည်။

ကောင်းဖန်သည် အိမ်မှာရှိနေပြီး နောက်ထပ်ရင်ဆိုင်ရမည့် ကိစ္စကြီးများအတွက် လိုအပ်သည်များကို ပြင်ဆင်နေခြင်း ဖြစ်သည်။ သူသည် ဆီလီပြောတာကို ကြားသောအခါ ခဏကြောင်သွားသည်။ ထို့နောက် သူသည် ကုတ်အင်္ကျီကို ယူပြီး ပစ္စည်းများကို ထုတ်ပိုးကာ အိမ်မှ ထွက်လာလိုက်သည်။

ကောင်းဖန်သည် နဂါးသတ်ခြင်းအခန်းနှင့် နတ်ဘုရားမကျောက်တုံးတို့ကို မယူလာခဲ့လျှင် ရေနက်အိပ်မက်ဆိုးနဂါးက ထွက်လာပါ့မလားဟု တွေးနေမိသည်။

အစကတော့ ကောင်းဖန်သည် ထိုအကြောင်းကို သိပ်ပြီး စိတ်ထဲမထားခဲ့ချေ။ အခုတော့ သူသည် စိတ်ထဲစွဲပြီး စနိုးစနောင့် ဖြစ်နေပြီ ဖြစ်သည်။

အထူးတည်ဆောက်ထားသော မြေအောက်ခန်းထဲတွင် ကောင်းဖန်သည် နဂါးသတ်ခြင်းအခန်းကို သွားတွေ့လိုက်သည်။

နဂါးသတ်ခြင်းအခန်းသည် လေထဲတွင် တိတ်ဆိတ်စွာမျောနေပြီး သူ၏ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ “ငါ နဂါးနက်ရဲ့ အငွေ့အသက်ကို ရတယ်.. အဲဒီနဂါးက နတ်ဆိုးနဂါးပဲ.. သူ့ကို အတတ်နိုင်ဆုံး ရှောင်တာကောင်းမယ်”

ကောင်းဖန်က သူ့ကိုစိုက်ကြည့်လိုက်သည်။ “ငါမင်းကို မေးစရာရှိတယ်.. မင်းတို့ ဝူချောက်မှာ ရှိနေခဲ့တုန်းက ဘာထူးဆန်းတာ ဖြစ်ခဲ့လဲ”

နဂါးသတ်ခြင်းအခန်းသည် ပဟေဠိဖြစ်နေပုံရသည်။ သူသည် စာရွက်များကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေသည်။ “မင်းက နဂါးနက်ကို ရင်ဆိုင်မလို့လား.. ဒါဆိုရင်တော့လက်လျှော့လိုက်တော့.. မင်းရဲ့ လက်ရှိခွန်အားနဲ့ သူ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး.. နဂါးနက်က ပျံသန်းနိုင်တဲ့အတွက် မင်းရဲ့ သားရဲတွေကလည်း သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး.. မင်းက သူ့ကိုမသတ်နိုင်ရင်လည်း သူက လူတွေကို စားလိမ့်မယ်”

“မဟုတ်ဘူး ငါသိချင်တာက ငါမင်းတို့ကို ဝူချောက်ကနေ ခေါ်လာလို့ နဂါးနက်က ပေါ်လာတာလားလို့ပါ” ကောင်းဖန်သည် ပြောနေရင်း အသံများပင် တုန်သွားသည်။ သူသည် အသက်ကို သေချာရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။

နဂါးသတ်ခြင်းအခန်းသည် တစ်ခုခုကို နားလည်သွားဟန်ဖြင့် တစ်ချက်တိတ်ဆိတ်သွားသည်။ “နဂါးနက်က သူနိုးထလာဖို့ အရိပ်အယောင်တွေ ပြနေတာတော့ ကြာပြီ.. အဲဒီတုန်းက လူတစ်ယောက်က နဂါးနက်ကို ဒဏ်ရာအပြင်းအထန်ရအောင်ပဲ လုပ်နိုင်ခဲ့ပေမယ့် သတ်တော့ မသတ်နိုင်ခဲ့ဘူး.. ငါ့ကို မခေါ်လာလည်း သူကတော့ နိုးထလာဦးမှာပဲ.. အနှေးနဲ့ အမြန်ပဲ”

“အဲဒီတုန်းက နဂါးသတ်ကို သတ်ဖို့ ကြိုးစားတုန်းက ငါက အထောက်အပံ့နည်းနည်းပဲ ပေးခဲ့ရတာ.. နဂါးနက်ကို အဓိကတိုက်ခိုက်ခဲ့တာက နောက်ထပ်ကိုယ်ပိုင်သားရဲတစ်ကောင်ပဲ.. ဒါကြောင့် ငါ့ဆီလာတာ သူ့ကိုသတ်ဖို့ အကူအညီ လာတောင်းတာဆိုရင်တော့ မင်းဘာသာပဲ သွားလိုက်တော့” နဂါးသတ်ခြင်း အခန်းက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ “မဟုတ်ရင်တော့ မင်းကို နဂါးနက်နဲ့ ဝေးဝေးမှာနေဖို့ အကြံပေးချင်တယ်.. ငါတို့သူ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ အချိန်တုန်းက သူက လူတွေ အများကြီးကို စားခဲ့ပြီး ရေကြီးအောင်တောင် လုပ်ခဲ့တယ်.. သူက တကယ် ရက်စက်တဲ့သားရဲပဲ”

“သူသေသွားပါပြီ”

“???”

“ငါ့ကိုယ်ပိုင်သားရဲတွေက သူ့ကို သတ်လိုက်ပြီ.. အပြင်ဘက်မှာ သူ့အလောင်းရှိတယ်”

နဂါးသတ်ခြင်း အခန်းသည် စိတ်လှုပ်ရှားစွာဖြင့် စာရွက်များကို ရှေ့ပြန်နောက်ပြန် လှန်နေသည်။

“မင်းတို့တွေ အဲဒီတုန်းက နဂါးနက်ကို မသတ်နိုင်ခဲ့ဘူးပေါ့.. သူကအဲလောက်လည်း စွမ်းအားမကြီးပါဘူး”

ကောင်းဖန်၏ သံသယသံကို ကြားလိုက်ရသောအခါ နဂါးသတ်ခြင်းအခန်းက ချက်ချင်း ပြန်ပြောလိုက်သည်။ “သတ်နိုင်တာပေါ့ ဘာလို့ မသတ်နိုင်ရမှာလဲ.. သူ့ကို ခေါင်းတောင် ဖြတ်ပြီးပြီ.. သူ့ရဲ့ ဝိဉာဉ်ကို ခွဲခြမ်းပြီး သတ်ဖို့ပဲ ကျန်တော့တာ.. အဲဒီလူက နဂါးကို တောင်အောက်မှာ ပိတ်ထားပြီး တိုင်းပြည်ကောင်းကျိုးအတွက် အသုံးပြုမယ်ဆိုပြ လုပ်ခဲ့လို့လေ.. အဲဒါကြောင့်လည်း နဂါးက အရမ်းနိုးထချင်နေတာပေါ့”

ထို့နောက် နဂါးသတ်ခြင်း အခန်းသည် သည်းမခံနိုင်တော့ဟန်ဖြင့် မေးလိုက်သည်။ “မင်းတို့သူ့ကို ဘယ်လို သတ်ခဲ့တာလဲ”

ကောင်းဖန်က ရုတ်တရတ် လေသံပြောင်း၍ မေးလိုက်သည်။ “မင်းကိတ်မုန့်စားပြီးပြီလား.. ဇွန်းကို ယူပြီး အသာလေး ထိုးကလော်လိုက်.. ပြီးတော့ သူ့ဦးနှောက်ထဲက ဝိဉာဉ်ကို ကလော်ပြီး စားလိုက်”

နဂါးသတ်ခြင်း အခန်းသည် ကြောင်အသွားသည်။ သူသည် ကိတ်မုန့်ဆိုသော စကားလုံးကို မကြားဖူးသော်လည်း ကောင်းသော အရာမဟုတ်မှန်းတော့ သိလိုက်သည်။

“မင်းငါ့ရဲ့ ကိုယ်ပိုင်သားရဲ လုပ်မလား” ကောင်းဖန်က ကမ်းလှမ်းလိုက်သည်။

ကောင်းဖန်က နဂါးကို သတ်ပြီးသွားမှန်း သိလိုက်သည့်နောက်တွင် နဂါးသတ်ခြင်းအခန်းသည် အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် သူသည် ကောင်းဖန်၏ ဖိတ်ခေါ်မှုကို ချက်ချင်းတော့ လက်မခံသေးပေ။ “ငါစဉ်းစားလိုက်ဦးမယ်”

“လောကမှာ ၀မ်းနည်းစရာ အကောင်းဆုံးက မင်းမှာ နဂါးသတ်ခြင်း စွမ်းရည်တွေ အများကြီး ရှိနေပေမယ့် သတ်စရာ နဂါးတော့ ရှိမနေတာပဲ” ကောင်းဖန်က ပြောလိုက်သည်။

“ဒါပေမယ့် မင်းက သားရဲတွေကို စနောက်ရတာ ကြိုက်တယ်ဆို” နဂါးသတ်ခြင်းအခန်းက သံသယစိတ်ဖြင့် မေးလိုက်သည်။

ကောင်းဖန်က မယုံနိုင်စွာ ပြန်စိုက်ကြည့်လိုက်သည်။ “ငါက ဘယ်တုန်းကအဲဒီလိုလုပ်မိလို့်လဲ”

နဂါးသတ်ခြင်းအခန်းသည် တစ်ချက် လင်းသွားသည်။ “မင်းတစ်ခါက သားရဲတစ်ကောင်ကို အရပ်ရှည်အောင် လုပ်ပေးမယ်လို့ ကတိပေးပြီးတော့ နောက်ဆုံးကျ ပုသွားအောင်ပဲ လုပ်လိုက်တယ်ဆို”

“???”

ကောင်းဖန်သည် အံ့ဩမိနေသည်။ ဘယ်သကောင့်သားက လုပ်ကြံပြီး သတင်းဖြန့်ထားတာလဲ..

သို့သော် ကောင်းဖန်သည် တစ်ချက်ချောင်းဆိုးလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ “မတော်တဆဖြစ်တာပါ.. အဆင့်မြှင့်ပြီး ပိုပုသွားလိမ့်မယ်လို့ ငါလည်း ဘယ်ထင်ပါ့မလဲ.. ဒါပေမယ့် သူက အဲဒီနောက်ပိုင်း ပိုသန်မာလာတယ်လေ..သူက ပိုပြီးတောင် သန်မာလာတဲ့ သားရဲတစ်ကောင် ဖြစ်လာတာ မဟုတ်ဘူးလား.. ငါသာမင်းကို ဒဏ္ဍာရီစွမ်းရည်အဆင့်ထိ တိုးမြင့်ပေးလိုက်ရင် မင်း ၁၀ စင်တီမီတာလောက်တော့ လျော့သွားမယ်ထင်တယ်.. လုပ်ရောလုပ်ချင်ရဲ့လား”

နဂါးသတ်ခြင်းအခန်းသည် ပျော်ရွှင်သွားတာ သိသာလှသည်။ “မင်းဘယ်တော့ ငါ့ကို အဆင့်မြှင့်ပေးမှာလဲ”

ကောင်းဖန်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ “အခွင့်အရေး ရှိလာရင်ပေါ့”

နဂါးကျောကုန်းပေါ်တွင် ရှိနေသော အလင်းလှိုင်းသည် အသားကို မြန်ဆန်စွာ လှီးဖြတ်နေသည်။ သူသည် ဓားသွားကို တစ်ချက်ရမ်းလိုက်ရုံဖြင့်ပင် သူ့လက်ထဲမှ အသား ၅ ကီလိုသည် ၈ ကီလိုလောက်ထိ တိုးလာသည်။

ကမ်းခြေဘောင်းဘီတိုလေး၀တ်ထားသော ဦးလေးလျူသည် လက်ဆေးကန်လေးကို သယ်လာသည်။ “အလင်းလှိုင်းလေးပါလား.. နောက်မှ မင်း ကြီးထွားပြီး အရပ်ရှည်လာအောင် စားကောင်းတာလေးတွေ ၀ယ်ပေးမယ်နော်”

သွေးစာချုပ်ချုပ်ပြီးနောက် အဖြူရောင်စာအုပ်သည် ကောင်းဖန်နောက်တွင် မျောပါလာပြီး မြေအောက်ခန်းထဲမှ ထွက်လာကြသည်။

“မင်းက အဖြူရောင်အဖုံးနဲ့ စာအုပ်ဆိုတော့ မင်းကို စာရွက်ဖြူလို့ ခေါ်ရမယ်” ကောင်းဖန်က နဂါးသတ်ခြင်း အခန်းကို နာမည်ပေးလိုက်သည်။

နဂါးသတ်ခြင်းအခန်းသည် တစ်ခါမှ ကျောင်းမတက်ဖူးသောကြောင့် နာမည်က သိပ်မဆိုးဘူးဟု တွေးလိုက်မိသည်။

တစ်ချိန်တည်းမှာပင် ဝူချောက်အခြေစိုက်မြို့၏ ပျက်ဆီးမှုများနှင့် ဆက်စပ်နေသော သတင်းများသည် ချက်ချင်း ပျံ့နှံ့သွားသည်။

သတင်းများသည် တောမီးလိုပင် အလွန်ကူးစက်မြန်လှသည်။

နာရီပိုင်းအတွင်းမှာပင် ထိုသတင်းများသည် ဟွာရှားဒေသတစ်ခုလုံးသာမက တခြားအပြင်ဖက်ဒေသများထိပါ ဟိုးလေးတကြော် ဖြစ်သွားသည်။

သတင်းဆိုသည်မှာ တစ်စတစ်စ အကျယ်ချဲ့ကြသည် မဟုတ်ပါလား..

အခြေစိုက်မြို့၏ ပျက်ဆီးခြင်းသည် အထူးအဆန်း ကိစ္စတော့မဟုတ်ပေ။ ဝူချောက်မြို့သည် အလယ်အလတ်အဆင့် အခြေစိုက်မြို့ဖြစ်ပြီး ဟွာရှားဒေသတစ်ခွင်တွင် လူဦးရေသိပ်သည်းသော မြို့တစ်မြို့သာဖြစ်သည်။

ဟိုးလေးတစ်ကျော် ဖြစ်သွားရသည့် အချက်မှာ တစ်ယောက်မှ အသက်ရှင် လွတ်မြောက်သွားခြင်း မရှိပဲ အကုန်သေဆုံးသွားကြသည့် အချက်ဖြစ်သည်။

နဂါးနက်၏ စွမ်းအင်ကြောင့် လူပေါင်းများစွာ ချက်ချင်းသေသွားရသည့် အချက်သည် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ ဝိဉာဉ်အမျိုးအစား တိုက်ခိုက်မှုသည် မတရားသော အမျိုးအစားလိုတောင် ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော ဝိဉာဉ်တိုက်ခိုက်မှုကို တန်ပြန်မကာကွယ်နိုင်သော အားနည်းသည့် သက်ရှိတိုင်း ထိုတိုက်ခိုက်မှုကို မည်သို့မှ လုပ်နိုင်မည် မဟုတ်ပေ။ ထို့‌ကြောင့် ရွေးချယ်စရာမရှိပဲ သေလိုက်ဖို့သာ ရှိတော့သည်။

မည်သို့ပင်ဖြစ်စေ ဖြစ်ပြီးတာတွေကိုတော့ ဘာမှလုပ်၍ မရတော့ပေ။

ဝူချောက်မြို့သတင်းသည် အလွန်ကြီးမားစွာ ပျံ့နှံ့နေလေရာ ထိုဒေသအနီးတွင် နေသူများအားလုံး သွေးပျက်နေကြတော့သည်။

အချို့ကတော့ ထိုဘေးအန္တရာယ်က နောက်‌တစ်ခေါက် သူတို့ဆီ ကျရောက်လာမည်ကို စိုးရိမ်နေကြသည်။ ကမ္ဘာကြီးသည် ပိုအန္တရာယ်များလာပြီ ဖြစ်သည်။ ဒီနေ့တွင် ဝူချောက် အခြေစိုက်မြို့ဖြစ်ပြီး နောက်နေ့ဆိုရင်ရော ဟူသည့် အတွေးများ ဖြစ်လာကြသည်။

အွန်လိုင်းဖိုရမ်များနှင့် ဆိုရှယ်မီဒီယာများတွင်လည်း လူများ၏ ပို့စ်များ စာများနှင့် ပြည့်နှက်နေတော့သည်။

လမ်းမများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ လူနေထူထပ်သော နေရာများ နေရာတိုင်းတွင် လူများသည် သွေးပျက်ခြောက်ခြားနေကြသည်။ တချို့က ကျယ်လောင်စွာ ငြင်းခုံနေကြပြီး အချို့ကတော့ တိတ်ဆိတ်စွာ ဆွေးနွေးနေကြသည်။ သူတို့အားလုံးသည် အကြောက်တရားကို ပြေပျောက်ဖို့ တစ်နည်းတစ်ဖုံနှင့် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။

သတင်းများကို ကြားသိရပြီးနောက် ကမ္ဘာသစ် အစိုးရသည် ချက်ချင်းတုံ့ပြန်လိုက်ပြီး အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် မလိုအပ်သောအရာများကို ပိတ်ချလိုက်သည်။

ထိုသို့ဖြင့် ကမ္ဘာတစ်ဝှမ်းလုံး ရုတ်ရုတ်သဲသဲများ ဖြစ်နေတော့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၉၄ ပျက်စီးနေသော ကမ္ဘာ

ထိုအရာသည် အတိတ်မှာသာ ဖြစ်ပျက်ခဲ့ပါကလည်း ထိုကဲ့သို့ပင် ဟိုးလေးတကျော် ဖြစ်မည်ဖြစ်သည်။ အထက်ပိုင်းက မည်သို့ပင် မပေါ်အောင် အုပ်ထားပါစေ.. ထိုသို့လုပ်လေ ပြည်သူများက ဒေါသထွက်လေသာ ရှိတော့မည်ပင်။

ညအမှောင်ထဲတွင် တောင်ပိုင်းကောင်းကင်မျှော်စင်ကတော့ မီးအလင်းရောင်များဖြင့် ထိန်လင်းနေသည်း

သူတို့ရရှိထားသော နဂါးအလောင်းကို ညီတူမျှတူ ခွဲခြမ်းပေးနေရသည် ဖြစ်ရာ တောင်ပိုင်းကောင်းကင် ဝန်ထမ်းများအားလုံး အလုပ်ရှုပ်နေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ အချိန်ပိုဆင်းရသော ဝန်ထမ်းများအားလုံးကိုလည်း ဘုရင်အဆင့် နဂါးအသားတုံး ၂ ပေါင်ကို ပေးမည်ဖြစ်သည်။

စက်ရုံကတော့ ပုံမှန်ပင်လည်ပတ်နေသည်။ စက်ပစ္စည်းများ၏ အသံများသည် ညအမှောင်ထဲတွင် ပဲ့တင်ထပ်နေသည်။ အခြားသော ဒေသခွဲများ၏ စက်ရုံများတွင်လည်း ထိုကဲ့သို့ ပင် ဖြစ်ပေမည်။ ကောင်းဖန်လိုအပ်သော ပစ္စည်းများနှင့် သက်ရှိသားရဲများကို နေရာပေါင်းစုံမှ ရောက်ရှိနေကြသည်။

“ကိစ္စတွေကတော့ ရှုပ်ကုန်တော့မှာပဲ” ကောင်းဖန်သည် မျက်ခုံးများကိုပင့်ကာ ရေရွတ်လိုက်သည်။

အဖိုးကတော့ ပြန်မရောက်သေးပေ။ ထို့ကြောင့် သူသည် တောင်ပိုင်းကောင်းကင်တွင် နေပြီး ကြီးကြပ်ပေးရမည် ဖြစ်သည်။ ကောင်းဖန်ကို အခြားသော အဖွဲ့အစည်းများက လာရောက်ပူးပေါင်းဖို့ ဖုန်းများစွာဖြင့် ဆက်သွယ်နေကြသည်။ ကောင်းဖန်ကလည်း အားလုံးကို ကျေးဇူးတင်စွာဖြင့် ငြင်းပယ်နေလိုက်သည်။ ကောင်းဖန်သည် လူကိုယ်တိုင်နှင့် အပြင်မှာ မတွေ့ရပါက ဘယ်သူ့ကိုမှ ယုံလေ့ရှိသူမဟုတ်ပေ။ သို့သော် တစ်ခါတစ်ရံတွင်တော့ ဖုန်းထဲမှ နေပြီး လေသံကိုနားထောင်ကာ ယုံရမယုံရကို ခန့်မှန်းကြည့်တတ်လေသည်။

“ဒါတွေအားလုံး ဘယ်လိုတောင် ဖြစ်လာတာလဲ” ကောင်းဖန်က စိတ်ညစ်လက်ညစ် ညီးညူလိုက်သည်။ အချိန်နှင့် ဒီရေသည် လူကိုမစောင့်ဆိုသလို အခြေအနေများသည် မြန်မြန်ဆန်ဆန်ပင် ဖြစ်ပျက်သွားခဲ့သည်။ ကောင်းဖန်သည် သူ့ကိုယ်သူ တိုးတက်ဖို့ အချိန်လိုသေးသည်ဟု ထင်သော်လည်း ယခုတော့ဒီလိုအခြေအနေကိုပင် ရောက်လာပြီဖြစ်သည်။

အရင်နှစ်များက သူတောင်ပိုင်းကောင်းကင်ကို ပြန်လာတိုင်း ကောင်းဖန်သည် စွန့်စားသူတို့ အဖွဲ့အစည်းမှ သစ္စာခံအဖွဲ့ဝင်များ၊ အထက်ပိုင်းအရာရှိများ၏ သားရဲများကို အဆင့်မြှင့်ပေးခြင်းဖြင့်သာ အချိန်ကုန်လေ့ရှိသည်။ ထိုသို့မဟုတ်ရင်လည်း ရှားပါးသားရဲများကို လေ့ကျင့်ပြီး ပြန်လည်မွေးမြူသားဖောက်ခြင်းကို လုပ်လေ့ရှိသည်။

သူသည် ထိုကဲ့သို့ လုပ်ပေးခြင်း သားရဲစစ်တပ်များကိုပင် ထူထောင်ခဲ့သေးသည်။ အချို့ကို စစ်ဆင်ရေးများအတွက် လွှတ်ထားပြီး အချို့ကိုတော့ တောင်တန်းဒေသများတွင် လေ့ကျင့်ရေးများ ဆင်းခိုင်းထားသည်။

“ငါသာ အချိန်နည်းနည်း ထပ်ရသေးရင် နတ်ဘုရားအဆင့်သားရဲတွေချည်းပဲ ရှိတဲ့ သားရဲစစ်တပ်တစ်ခု ထူထောင်ချင်မိတယ်”

ထိုစဉ်တံခါးဝမှ တံခါးခေါက်သံတစ်ခု ထွက်လာသည်။

ကောင်းဖန်က ဝင်ခဲ့ပါဟု ပြောလိုက်သည်။

“သခင်လေး.. ဒါက သခင်လေးဖိတ်ခေါ်ခိုင်းထားတဲ့ ပညာရှင်ပါ.. သူတို့ကတော့ ဟွာရှားဒေသရဲ့ ရှေးဟောင်း သုတေသန ပါမောက္ခတွေပါ” ကောင်းဖန်၏ သုတေသန လက်ထောက်ဖြစ်သူ ရှုချင်းကျီသည် ယခုတော့ ကောင်းဖန်၏ ယာယီအတွင်းရေးမှူး ဖြစ်နေသည်။

တံခါးဖွင့်လိုက်သောအခါ လူ ၇ ယောက် ၈ ယောက်ခန့် ဝင်လာသည်။ သူတို့သည် နယ်ပယ်အသီးသီးများ ပညာရှင်များ ပါမောက္ခများ ဖြစ်ကြသည်။

“ကျွန်တော်ကောင်းဖန်မှ အခုလို ပညာရှင်များနဲ့ တွေ့ဆုံရတာဂုဏ်ယူမိပါတယ်” ကောင်းဖန်က သူတို့ဖက်ကို လှည့်လိုက်ကာ ပြုံးရင်း ဦးညွတ် အရိုအသေပြုလိုက်သည်။

ကောင်းဖန်၏ အပြုအမူကြောင့် အတင်းအကျပ် ခေါ်လာခံလိုက်ရသည့် ပညာရှင်များ အနည်းငယ် စိတ်ပြေသွားကြသည်။

“ကျုပ်တို့ကို သုတေသနလုပ်ခိုင်းဖို့ ရှေးဟောင်းစာပေတွေ ရှိတယ်လို့ကြားမိတယ်” ပါးနီနီ၊ ဆံပင်ဖြူဖြူနှင့် လူကြီးတစ်ယောက်က ခပ်ကျယ်ကျယ် ပြောလိုက်သည်။ “ကျုပ်ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်.. ကျုပ်တို့ရှာဖွေဖို့ ဘာရှေးဟောင်းစာပေမှ ရှိမနေဘူးဆိုရင် အခုချက်ချင်း ပြန်ဖို့လေယာဉ်စီစဉ်ပေးပါ.. ကျုပ်မနက်ဖြန် သင်ပြဖို့ အတန်းရှိသေးတယ်”

ကောင်းဖန်က ပြုံးလိုက်သည်။ “ကျွန်တော်က မလှည့်စားရဲပေမယ့် နည်းနည်းလိမ်မိတယ်ဆိုတာတော့ ဝန်ခံပါတယ်.. ကျွန်တော့်မှာ ရေးသားထားတဲ့ ရှေးဟောင်းစာပေ အထောက်အထားတွေတော့ ရှိမနေပါဘူး.. ဒါပေမယ့် ရှေးဟောင်းလူမျိုး ၂ ယောက်တော့ ကျွန်တော်နဲ့အတူ ရှိနေပါတယ်.. အဲဒါကြောင့် သူတို့ကို ခွဲခြမ်းစိတ်ဖြာပေးနိုင်မလားလို့ပါ”

“ဘာကိုပြောချင်တာလဲ” ထိုပါမောက္ခက အံ့ဩတကြီးမေးလိုက်သည်။

…

အခန်းထဲတွင် ထို ၇ ယောက် ၈ ယောက်ခန့်သည် တုံရှန်း၊ တုံလင်းတို့ကို ဝိုင်းထားကာ စိုက်ကြည့်နေကြသည်။

တုံရှန်းသည် အညိုရောင် ညအိပ်၀တ်စုံကို ၀တ်ထားပြီး ကြီးမားသော ဖရဲသီးကြီးကို ကိုင်ထားကာ မသက်မသာ ထိုင်နေသည်။ ဆိုဖာသည် ကောင်းမွန်ပြီး နူးညံ့သော်လည်း သူကတော့ မနေတတ်ဖြစ်နေသည်။

“မင်းငါတို့ကို နောက်နေတာတော့ မဟုတ်ဘူးမလား” ပါမောက္ခ၀မ်က ဇဝေဇဝါ မေးလိုက်သည်။

“ဒီလူ့ကို မဟုတ်တဲ့ မျှော်လင့်တဲ့ ပေးပြီးတော့ မဆွသင့်ဘူးနော်” နောက်ပါမောက္ခတစ်ယောက်က ထပ်ပြောလိုက်သည်။

“စိတ်မပူပါနဲ့ တကယ်နောက်နေတာ မဟုတ်ပါဘူး” ကောင်းဖန်က ပါမောက္ခများကို ပြန်ပြောလိုက်သည်။ ကောင်းဖန်သည် ထိုပါမောက္ခများထံမှ ရှေးဟောင်းအရေးအသားများကို သင်ယူလိုခြင်းကြောင့် ခေါ်ထားခြင်း ဖြစ်သည်။

ထိုသူများသည် ရှေးဟောင်းလူသားများ ဖြစ်သောကြောင့် ဆန်းကြယ်ထူးခြားသည့် သားရဲသားဖောက် နည်းစနစ်များကို သူတို့ဆီမှ ပြန်သင်ယူကာ သူ့ကိုယ်သူ အဆင့်မြှင့်တင်လိုခြင်း ဖြစ်သည်။

လူများသည် ရန်သူအကြောင်း ကောင်းကောင်းသိထားပါက ဘယ်တော့မှ ရှူံးမည်မဟုတ်ဟူသော စကားလည်း ရှိသည် မဟုတ်ပါလား။

ထို့ကြောင့် ဆက်သွယ်စကားပြောရာတွင် ဖြစ်စေ၊ ဖတ်ရှုရာတွင်ဖြစ်စေ သူတို့ဘာသာစကားကို သိထားဖို့က အလွန်အရေးကြီးသည်။ အနည်းဆုံးတော့ ဖမ်းထားသူ ၂ ယောက် သူ့ကိုကျော်ပြီး ဘာမှပြောလို့မရအောင် စောင့်ကြည့်နိုင်မည် ဖြစ်သည်။

ကောင်းဖန်သည် ထိုဘာသာစကားကို သင်ပြီးပါက တောင်ပိုင်းကောင်းကင်၏ အထက်အရာရှိတစ်ယောက်နှင့် ‌သစ္စာတော်ခံအချို့ကို ထိုဘာသာစကားအား ဆက်သင်ပေးထားမည်ဟု စဉ်းစားထားသည်။

သို့သော် ကောင်းဖန်သည် တုံရှန်းနှင့် တုံလင်းတို့ဆီကတော့ မသင်ချင်ပေ။ သူတို့သည် တစ်ချိန်က ရန်သူများ ဖြစ်ခဲ့သည် မဟုတ်ပါလား။ မည်သို့ပင် ဖြစ်စေ ကောင်းဖန်သည် ယခုသူ့နယ်ပယ်ထဲမှာ ရှိနေခြင်း ဖြစ်သည်။ ပါမောက္ခများကိုလည်း ခေါ်ထားပြီး ဖြစ်သည်။ သူတို့၏ ကျွမ်းကျင်မှုကို ရှေးဟောင်းလူသားများ၏ အကူအညီဖြင့် ပေါင်းစပ်လိုက်ပါက သူသည် အချိန်တိုအတွင်း ရှေးဟောင်းဘာသာစကားကို သင်ယူတတ်မြောက်နိုင်မည် ဖြစ်သည်။

“သခင်လေး.. ယွိကျိုးမြို့တော်၀န်က ဖုန်းခေါ်ပါတယ်” ရှုချင်းကျီက ဖုန်းတစ်လုံးကို ကိုင်ကာ အပြေး၀င်လာသည်။

ကောင်းဖန်သည် ပါမောက္ခများအား “ဖုန်းခဏ ကိုင်ခွင့်ပြုပါ” ဟု ပြောလိုက်သည်။

ကောင်းဖန်သည် အခန်းထဲမှ ထွက်ကာ ဖုန်းကိုင်လိုက်သည်။ တစ်ဖက်တွင် ယွိကျိုးမြို့တော်၀န်၏ အသံသည် ပင်ပန်းနွမ်းနယ်နေသလို ဖြစ်နေသည်။ သူသည် ဝူချောက်တွင် ဖြစ်ခဲ့သမျှ အကြောင်းအရာ အသေးစိတ်ကိုု ကောင်းဖန်ဆီမှာ ကြားချင်နေခြင်း ဖြစ်သည်။

သူတို့သည် ဂြိုလ်တုကင်မရာများမှ တဆင့် အကြမ်းဖျင်းတော့ သိထားပြီး ဖြစ်သော်လည်း ဖြစ်ပျက်သမျှသည် များပြားလွန်းလှရာ အသေးစိတ်သိရဖို့ လိုအပ်သည်ပင်။

ကောင်းဖန်သည် သူ့သားရဲများ၏ စွမ်းအင်အကြောင်းများမှ လွဲ၍အားလုံးကို မကွယ်မဝှက် ပြောပြလိုက်သည်။ နဂါးအကြောင်းကိုတော့ ဘာမှပင် မချန်ပဲ အသေးစိတ် ပြောပြလိုက်သည်။

ဖုန်းတစ်ဖက်တွင် ခဏတိတ်ဆိတ်သွားပြီးနောက် “ကျေးဇူးပါ” ဟု ပြန်ပြောလိုက်သည်။

နောက်တစ်နေ့တွင် အင်္ဂလန်နိုင်ငံသည် မဟာမိတ်အစိုးရအဖွဲ့အစည်းမှ ထွက်သွားပြီး အထွတ်အမြတ်နေ့ မဟာမိတ်ကို ဖွဲ့စည်းလိုက်သည်ဆိုသည့် သတင်းများ ထွက်လာသည်။

ထိုနေ့ နေ့လည်ပိုင်းတွင် အရှေ့တောင်အာရှဒေသနှင့်တကွ ဟွာရှားဒေသရှိ ကျန်းနန် အခြေစိုက်မြို့၊ ကျင်းလင်အခြေစိုက်မြို့၊ မို့တူအခြေစိုက်မြို့တို့သည်လည်း သီးခြားအုပ်ချုပ်ရေးကို ကြေညာလိုက်ကြပြီး ရေနတ်ဘုရားမဟာမိတ်၊ လွတ်လပ်ရေးမဟာမိတ်စသည်ဖြင့် အသီးသီး ဖွဲ့စည်း လိုက်ကြသည်။

ထို့ကြောင့် ကမ္ဘာသစ်အစိုးရ အဖွဲ့အစည်း၏ အာဏာသက်ရောက်မှုသည် မှေးမှိန်လာသည်။ ကမ္ဘာတစ်ဝှမ်းရှိ အခြေစိုက်မြို့များ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ကျွမ်းကျင် လေ့ကျင့်သူများကို သူတို့သည် လစာမြင့်မြင့်များဖြင့် မက်လောက်စရာရာထူးများကို ကမ်းလှမ်းနေကြသည်။

ရုတ်တရတ်သီးခြားအဖွဲ့အစည်းများ၏ ဈေးကွက်တန်ဖိုးများလည်း မြင့်တက်သွားကြသည်။ အွန်လိုင်းဖိုရမ်များတွင် တူညီသော ဗီဒီယိုများသည် ထိပ်ဆုံးက‌တက်နေသည်။

ဗြိတိန်ဒေသတွင် ကြီးမားသော အနီရောင်နဂါးကြီးသည် ကောင်းဖန်တွင် ပျံသန်းနေကာ မီးတောက်များ ထုတ်လွှတ်နေပြီး ကောင်းကင်တခွင် လောင်ကျွမ်းနေသည်။

Stonehenge ရှိရာ‌တွင် ပေ ၁၆၀ ရှိသော ကျောက်ရုပ်တုကြီးသည် ကောင်းကင်ကို ကြည့်ကာ အော်ဟစ်နေသည်။

မော်လဒိုက်ကမ်းခြေတွင် ကျွန်းကြီးတစ်ခုလောက် ကြီးမားသော လိပ်ကြီးသည် အမည်းရောင် အခွံကြီးနှင့်ရောက်လာပြီး ဒီရေများတက်နေသည်။

ကျန်းနန်အခြေစိုက်မြို့ကောင်းကင်တွင် အစိမ်းရောင်ငှက်ကြီးသည် အစိမ်းရောင်တောင်ကြီးကို ပတ်ကာ ပျံသန်းနေသည်။ ထိုအခါ တောင်ထိပ်တွင် လေဆင်နှာမောင်းကြီး ဖြစ်လာပြီး ကောင်းကင်သို့ ထိုးတက်နေသော ဥမင်ကြီးလို ဖြစ်နေသည်။

ထိုဗီဒီယိုများတွင် တူညီတာ တစ်ခုရှိသည်။ ထိုသားရဲများ၏ ခေါင်းပေါ် သို့မဟုတ် ကျောပေါ်တွင် လူပုံစံတစ်ခုစီ ရှိနေခြင်း ဖြစ်သည်။ ထိုအရာသည် သေးငယ်သော်လည်း မမြင်ရလောက်အောင်တော့ မဟုတ်ပေ။ ထို့ကြောင့် ထိုသားရဲများသည် ပိုင်ရှင်ရှိသော ကိုယ်ပိုင်သားရဲများ ဖြစ်ကြသည်။

ထိုဗီဒီယိုများသည် နေရာတိုင်းတွင် တက်‌လာနေသည်။ နတ်ဘုရားအဆင့်သားရဲ လေ့ကျင့်သူတစ်ယောက်က ထိုသားရဲများကို ဘုရင်အဆင့်ဟု မှတ်ချက်၀င်ရေးလိုက်သည်။

တစ်ညတွင်းချင်းပင် ကမ္ဘာကြီး၏ အခြေအနေသည် ပြောင်းလဲသွားခဲ့ပြီး မုန်တိုင်းတစ်ခုတော့ လာနေပြီ ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း၄၉၅ တာ့ဇီ၏ စွန့်စားခန်းများ

အရင်က ကမ္ဘာပေါ်တွင် နာမည်ကြီး ဘုရင်အဆင့် သားရဲလေ့ကျင့်သူများမှာ ဟွာရှားဒေသမှ ကျီဟန့်ဝူနှင့် ကောင်းဖန်၊ ကူရှန်ဒေသမှ ဟွာလွန်းတို့သာ ဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် ဘုရင်အဆင့်သားရဲများ များစွာရှိသော်လည်း ဘုရင်အဆင့်သားရဲ လေ့ကျင့်သူက ၃ ယောက်သာ ရှိသောကြောင့် အလွန်ရှားပါးသည်ဟု ဆိုနိုင်သည်။

သို့သော် တစ်ညတည်းမှာပင် ဘုရင်အဆင့်သားရဲ လေ့ကျင့်သူ အသစ် ၄ ယောက် ထွက်ပေါ်လာသည်။ ထိုကဲ့သို့ ထွက်ပေါ်လာသော အချိန်ကလည်း အခြေစိုက်မြို့ကြီးများ မဟာမိတ်အစိုးရမှ ထွက်ကြသည့် အချိန်နှင့် ကိုက်ညီစွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လူများသည် သွေးပျက်ခြောက်ခြားနေကြသည်။

ကောင်းဖန် လက်ရှိရရှိထားသော သတင်းများအရ ထိူအခြေစိုက်မြို့များသည် ကမ္ဘာသစ်အစိုးရ မဟာမိတ်အဖွဲ့နှင့် အနည်းငယ် ပဋိပက္ခများ ဖြစ်ကြဖူးသည့် မြို့များ ဖြစ်ကြသည်။

ခေတ်အဆက်ဆက် အစဉ်အလာ သဘောတရားများလိုပင် အာမခံသူများကတော့ မျက်နှာသာပေးခံကြရစမြဲ ဖြစ်သည်။ အချို့မြို့များကတော့ တော်လှန်ပုန်ကန်မှုများ လုပ်နေကြသည်။

ထို့ကြောင့် မဟာမိတ်အစိုးရအဖွဲ့သည် ပြိုကွဲတော့မလို ဖြစ်နေလေသည်။

ထို့အပြင် ကောင်းဖန်သည် အတွင်းရေးအတော်များများကို သိထားသူ ဖြစ်လေရာ ထိုလေ့ကျင့်သူများသည် ကမ္ဘာဂြိုလ်မှ မဖြစ်နိုင်ချေ။ ရှေးဟောင်းလူသား မျိုးနွယ်စုမှ အဖွဲ့၀င်များသာ ဖြစ်နိုင်သည်။

စံတုံလူမျိုးစုတစ်ခုတည်းကသာ ထိုကဲ့သို့ ဘုရင်အဆင့် အင်အားကြီးသော သားရဲများကို စေလွှတ်နိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် ထိုလူမျိုးစုသည် ထင်ထားတာထက် အင်အားကြီးနိုင်ပေသည်။

လက်ရှိတွင် သူတို့သည် ကမ္ဘာဂြိုလ်ကို လာခြင်း ဖြစ်သောကြောင့် အဆင့်ကန့်သတ်ချက်အရ ဘုရင်အဆင့်လေ့ကျင့်သူကိုသာ လွှတ်ရခြင်း ဖြစ်သည်။

မဟုတ်ပါက ဧကရာဇ်အဆင့်၊ အရှင်သခင်အဆင့်သားရဲ လေ့ကျင့်သူများပင် ရောက်လာနိုင်ချေ ရှိသည်။ ထို့ကြောင့် သူတို့၏ တည်ရှိမှုသည် ကမ္ဘာကို ခြိမ်းခြောက်နေသည်ဟု ဆိုရမည်ပင်။ ကမ္ဘာ၏ ကန့်သတ်ချက်များသာ တိုးသွားပါက သူတို့သည် အဆင့်ကိုက်ညီသော အင်အားကြီးသည့် လေ့ကျင့်သူများကို စေလွှတ်နိုင်လောက်သည်။

အခုထွက်ပေါ်လာသူများကပင် လူနည်းစု ဖြစ်နေရာ နောက်ကွယ်တွင် ဘယ်လောက်တောင် များနေမလဲ မသိနိုင်ချေ။

ကောင်းဖန်သည် ပင့်သက်ရှိုက်လိုက်မိသည်။

သူသည် ထိုကဲ့သို့ ဆက်မဖြစ်စေချင်ပါချေ။ သူ၏ အမည်သည် လူသိများ ထင်ရှားနေပြီ ဖြစ်ရာ သူ့ကို စိန်ခေါ်လိုသူများလည်း ရှိလာနိုင်ပေသည်။

သူသည် စိန်ခေါ်ခံရတာကို မကြောက်သော်လည်း စိန်ခေါ်သူများလာလျှင်တော့ အခက်တွေပေမည်။

သူသည် ကမ္ဘာဂြိုလ်တွင် နေနေသရွေ့ အန္တရာယ်များနေမည် ဖြစ်သည်။ ကောင်းဖန်သည် အားလုံးရဲ့ ပစ်မှတ်တော့ မဖြစ်လိုပါချေ။ သူသည် လွတ်လပ်ချင်သူ ဖြစ်သည်။

သူသည် ထိုသို့နေနိုင်ရန် ကမ္ဘာမှ ထွက်သွားမှသာ ဖြစ်တော့မည်။ ကမ္ဘာဂြိုလ်တွင် သားရဲအဆင့် ကန့်သတ်ချက်များ ရှိနေသည်။ ထိုအရာသည် ကာကွယ်ရေး ဖြစ်သလို ထောင်တစ်ခုလည်း ဖြစ်နေသည်။

ယမန်နေ့က ကျန်းနန်မြို့တော်၀န် ဟဲ့ဝေက သူ့ကို ဖုန်းခေါ်ခဲ့စဉ်က ကောင်းဖန်နှင့် သူ့အဖိုးတို့ကို ကျန်းနန် အခြေစိုက်မြို့နှင့် ပူးပေါင်းစေချင်ကြောင်း ပြောခဲ့သည်။ သူသည် ကောင်းဖန်တို့ကို အတော်လေး အထင်ကြီး တန်ဖိုးထားပုံပေါ်သည်။

ဟဲ့ဝေသည် ရိုးသားစွာ ဖိတ်ခေါ်နေခြင်း ဖြစ်သော်လည်း ကောင်းဖန်ကတော့ ငြင်းခဲ့သည်။

နောက်ထပ်ရက်များတွင်တော့ ‌သားရဲလေ့ကျင့်သူများ ဓားပြတိုက်ခြင်း၊ ရာဇ၀တ်မှုကျူးလွန်ခြင်း စသည့် သတင်းများ ထွက်ပေါ်လာသည်။

အကြပ်အတည်းများ ကြုံလာသောအခါ လူတို့၏ သဘောသဘာ၀သည် ဗူးပေါ်သလို ပေါ်လာခြင်း ဖြစ်သည်။

သို့သော် ကောင်းဖန်ဦးစီးမှုနှင့် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းရှိသည့် ယွိကျိုး အခြေစိုက်မြို့ကတော့ အခြားမြို့များထက် အခြေအနေ တည်ငြိမ်လေသည်။

ကောင်းဖန်သည် ယွိကျိုး၏အစိုးရပိုင်းကိုပင် ယွိကျိုး၏ အခြေအနေများထိန်းချုပ်ဖို့ ၀င်ကူညီလိုက်သေးသည်။

“တာ့ဇီ ပြန်မရောက်သေးဘူးလား” ကောင်းဖန်က မေးလိုက်သည်။ “အခုအပြင်ဘက်မှာ ရှိတာ အခြေအနေ မကောင်းဘူး.. သူမြန်မြန် ပြန်လာမှ ဖြစ်မယ်”

ဖလိန်မီက မျက်မှောင်ကြုတ်၍ ပြန်ဖြေလိုက်သည်။ “ကောင်းဖန်.. တာ့ဇီ ပျောက်နေတယ်”

ကောင်းဖန် ထိတ်ခနဲ ဖြစ်သွားသည်။ သူသည် သူ့ကိုယ်သူ မသိလိုက်ခင်မှာပင် အသံမြင့်ကာ ပြောလိုက်မိသည်။ “ပျောက်နေတယ် ဟုတ်လား.. မင်းပြောတော့ ကိုယ်ပိုင်သားရဲတွေကို ‌တာ့ဇီနောက် လိုက်ခိုင်းထားတယ်ဆို.. သူ့ကို ဘယ်လို ပျောက်သွားတာလဲ”

ဖလိန်မီကလည်း ပြာနေသည်။ “တာ့ဇီနောက်ကို ကိုယ်ပိုင်သားရဲတွေ လိုက်နေကြတယ် ဆိုတာ ဟုတ်တယ်.. ဒါပေမယ့် တာ့ဇီက မနေ့က ဝိဉာဉ်ဖောင်တစ်ခုထဲ ၀င်သွားတယ်.. ဒါပေမယ့် ဒီနေ့ အဲဒီဖောင် ပျောက်သွားလို့”

ကောင်းဖန်သည် ရင်ထဲ အလွန်လေးပင်သွားသည်။ သူသည် သွေးစာချုပ်မှ‌တဆင့် ‌တာ့ဇီကို ဆက်သွယ်ကြည့်ဖို့ ကြိုးစားကြည့်‌လိုက်သော်လည်း တုံ့ပြန်မှု ပြန်မလာပေ။

“ငါ့ကို တာ့ဇီပျောက်သွားတဲ့နေရာ ခေါ်သွားပေး”

ကောင်းဖန်သည် ဖလိန်မီကို စီးကာ သွားလိုက်ပြီး နာရီ၀က်အတွင်း ထိုနေရာသို့ ရောက်သွားသည်။ ထိုနေရာသည် တောင်ပိုင်းကောင်းကင်နှင့် ကီလိုမီတာ ၃၀၀ လောက်သာ ဝေးသောကြောင့် သိပ်တော့မဝေးဟု ဆိုရမည်။

တာ့ဇီသည် သိပ်တော့ ဝေးဝေး မရောက်‌ခဲ့ဘူးဟု ဆိုရမည်။

ယခုတော့ ကောင်းဖန်သည် ဘာကိုမှ မစဉ်းစားနိုင်တော့ပါချေ။

ထိုနေရာသည် တိတ်ဆိတ်သော တောင်ကြားတစ်ခု ဖြစ်သည်။ တောင်ကြားအတွင်းတွင် အပင်များသာ ရှိသည်။ အချို့အပင်များသည် ဓာတ်လိုက်ထားသလို တွန့်လိမ်နေသည်။

သူတို့ပတ်ပတ်လည်က တောအုပ်တွင်မူ လိဟွာကျားသည် ကောင်းဖန်တို့ကို တိတ်တဆိတ်အကဲခတ်နေသည်။ ဖလိန်မီက သူ့ကို ပြန်ကြည့်လိုက်သည်။ ကျားသည် လေထဲတွင် ၁၂ မီတာလောက် ခုန်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ယုန်တစ်ကောင်လို ခုန်ပေါက်ကာ တောအုပ်ထဲ ၀င်ပြေးပျောက်ကွယ်သွားသည်။

ကောင်းဖန်သည် ဒူးထောက်ထိုင်ချလိုက်ပြီး ဓာတ်လိုက်ထားသော အပင်လေးများကို ညင်သာစွာ ကိုင်ကြည့်နေသည်။ အချို့အပင်များသည် ကိုင်ရုံဖြင့်ပင် ကြွေကျသွားသည်။ ကောင်းဖန်သည် ပွတ်ချေလိုက်သောအခါ သူ့လက်သည်ပင် မည်းသွားသည်။

“ဒီအပင်တွေက လျှပ်စီးကြောင်းနဲ့ ထိထားတာပဲ” သူသည် တာ့ဇီနှင့် ဆော့လေ့ရှိသောကြောင့် အပင်များ၏ ခြေရာလက်ရာကိုကြည့်ပြီး ချက်ချင်းတန်းသိလိုက်သည်။

ဖလိန်မီပြောပုံအရ တာ့ဇီသည် ထိုဖောင်ထဲ ၀င်သွားပုံရသည်ဟု ဆိုသည်။ ကောင်းဖန်သည် “တာ့ဇီဒီမှာ ပျောက်သွားတယ်ဆိုတာ သေချာလား” ဟု မေးလိုက်သည်။

“ဒါပေါ့ ဒါပေါ့” ဖလိန်မီက ခေါင်းညိတ်လိုက်သည်။

ကောင်းဖန်သည် တခြားထူးခြားသော အစအနလည်း မတွေ့တော့သောကြောင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။

ဖလိန်မီပြောပုံအရ တာ့ဇီသည် ဖောင်၏ အစွန်းတွင် ထွက်ပေါ်နေသော ခရမ်းရောင်အလင်းတန်းတစ်ခုနှင့် အတူ ၀င်သွားသည်ဟု ဆို၏။ တာ့ဇီသည် ဖောင်၏ အနားစွန်းများကို စပ်စုနေပြီးနောက် တွား၀င်သွားသည်ဟု ပြောသည်။

“ဒီအရူးကတော့ဟာ..” ကောင်းဖန်သည် စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ထပ်တော့ ကြိုးစားကြည့်ချင်သေးသည်။

သူသည် မျက်လုံးများကို ပိတ်လိုက်ပြီး သွေးစာချုပ်မှ တဆင့် တာ့ဇီကို အော်ခေါ်လိုက်သည်။ သို့သော် ဘာတုံ့ပြန်ချက်မှ ပြန်မလာပေ။

ကောင်းဖန်ရင်ထဲ တစ်ဖန် ပြန်လေးသွားပြန်သည်။ ကောင်းဖန်သည် တောင်ကြားကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဖလိန်မီကို စီးကာ ပြန်ထွက်လာလိုက်သည်။

ဖလိန်မီကတော့ အမှားတစ်ခုခု လုပ်ထားမိသည့် ကလေးတစ်ယောက်လို အပြန်လမ်းတွင် စကားတစ်ခွန်းတောင် မဟတော့ပေ။

…

လွန်ခဲ့သော တစ်ရက်က တာ့ဇီသည် ရည်ရွယ်ချက်မရှိပဲ လျှောက်သွားနေခဲ့သည်။

သူ့ကျောပေါ်က နဂါးတောင်ပံ ၃ စုံကလည်း သူသွားသည့်နောက် လိုက်ပါနေသည်။ တာ့ဇီသည် သူရဲကောင်းပုံပြင်များထဲကလို လေ့ကျင့်ရေး ခရီးစဉ် စတင်တော့မည်ဆိုပြီး ထွက်လာခဲ့ခြင်း ဖြစ်သည်။

ငါလျှောက်သွားနေတာ ၂ ရက်နဲ့ ၅ နာရီတောင် ကြာသွားပြီ.. ကောင်းဖန်က ငါ့ကို လိုက်လည်းမရှာသေးပါလား.. ငါ့ရဲ့ မှတ်စုမှာ ငါသေချာရေးထားခဲ့ပါတယ်။

တာ့ဇီသည် အနည်းငယ် ဒေါပွနေသည်။ ကောင်းဖန်က ငါ့စာကိုများ မမြင်တာလား..

ငါထွက်သွားပြီလို့ ပြောတာကို ကောင်းဖန်က ငါ့ကို ဘာလို့ လိုက်မရှာသေးတာပါလိမ့်..

ကောင်းဖန်က ငါ့ကို မချစ်တော့လို့များလား..

သနားစရာ တာ့ဇီသည် အနားမှ ပင်စည်တစ်ခုကို ကိုက်ထုတ်လိုက်ပြီး ပလုတ်ပလောင်း ဝါးစားလိုက်သည်။

ကင်းခြေများများသည် အစုံစား သတ္တဝါများ ဖြစ်ကြသည်။ တာ့ဇီသည် ယခုတော့ နဂါးကင်းခြေများ ဖြစ်နေပြီ ဖြစ်သော်လည်း သူ၏ မူလသဘာ၀ရင်းမြစ်ကတော့ မပျောက်ကွယ်သွားပေ။

ရုတ်တရတ် သူ့ရှေ့တွင် ခရမ်းရောင်တစ်ခု ပျိုးပြက်သွားသောကြောင့် တာ့ဇီသည် မကျေမ‌နပ် ဖြစ်သွားသည်။ သူသည် ဒေါသထွက်သွားသည်။

တာ့ဇီသည် ထိုအတွေးကို တွေးနေရင်းဖြင့်ပင် ထိုအရာနောက်သို့ လိုက်မိနေပြီ ဖြစ်သည်။

ဘာကြီးလဲဟ..

တာ့ဇီရှေ့တွင် ဘဲဥပုံ အပေါက်တစ်ခုရှိနေပြီး ထိုအရာသည် ခရမ်းရောင် လင်းနေသည်။ အထဲတွင်တော့ သိပ်သည်းသော လျှပ်စစ်ဓာတ်စွမ်းအင်များ ရှိနေသည်။ ထို့ကြောင့် တာ့ဇီသည် ရှေ့တိုးသွားကြည့်လိုက်သည်။

သူသည် နဂါးလက်သည်းများဖြင့် ဝိဉာဉ်ဖောင်အစွန်း ၂ ဖက်ကို ကုပ်ထားလိုက်ပြီး အတွင်းဖက်ကို ခေါင်း၀င်စပ်စုလိုက်သည်။

သူသည် အထဲကို ခေါင်း၀င်လိုက်တာနှင့် ခရမ်းရောင်နှင့် ဆက်စပ်သော အပြာ၊ ငွေ၊ အနီစသည့် အရောင်များ ရောယှက်လှပစွာ ရှိနေသည်ကို မြင်လိုက်ရသည်။

သိပ်သည်းနေသော လျှပ်စစ်စွမ်းအင်သည် တာ့ဇီကို အထဲ၀င်အောင် ဆွဲဆောင်နေသည်။ ငါးတစ်ကောင်ကို ရေထဲ ပစ်ချလိုက်သလိုပင် တာ့ဇီသည် ထိုခံစားချက်ဖြင့် ဖောင်ထဲသို့ မျက်လုံးပြူး မျက်ဆံပြူး ပြေး၀င်သွားသည်။

အထဲတွင် သိပ်သည်းသော လျှပ်စစ်စွမ်းအင်သည် ပုံစံအမျိုးမျိုး ရှိနေကြသည်။ အချို့ကလုံး၊ အချို့ကတော့ချွန်ပုံ၊ အချို့ကတော့ မျဉ်းဖြောင့်ပုံစံဖြစ်သည်။ သို့သော် ထိုအရာများသည် အခြေခံများသာ ဖြစ်သည်။ အဝေးတစ်နေရာတွင် တာ့ဇီသည် မြွေပုံစံပေါ်နေသော ငွေရောင်လျှပ်စစ်ခုံးကြီး တစ်ခုကို မြင်လိုက်သည်။ အနီရောင် လျှပ်စစ်ဖြင့် ပြုလုပ်ထားသော ယုန်တစ်ကောင်ကလည်း ခုန်ပေါက် ပြေးလွှားနေသည်။

တာ့ဇီသည် ကြက်သေသေသွားသည်။ ဒါ‌ဘယ်နေရာကြီးတုန်း..

***

သားရဲလေ့ကျင့်သူ

အခန်း ၄၉၆ တာ့ဇီ၏ ထူးဆန်းသော တွေ့ဆုံခြင်း

ဘယ်ရောက်သွားတာတုန်း… တာ့ဇီ အံ့သြလွန်း၍ ဆွံ့အသွားသည်။ သူ နောက်ကိုပြန်လှည့်ကြည်လိုက်တော့ သူလာခဲ့တဲ့ လမ်းက ပျောက်သွားပြီဆိုတာ သိလိုက်ရသည်။

တာ့ဇီအလွန် စိတ်မကောင်းဖြစ်သွားသည်။ သူက မိုးကြိုးအစုကို ဝမ်းနည်းစွာကိုင်ထားပြီး ကိုက်ဝါးနေမိသည်။ သူပိုပြီးဝမ်းနည်းလေလေ အိမ်ပြန်လမ်းကို ရှာမတွေ့ တော့ဘူးဆိုတဲ့ နာကြင်မှုကို လက်ခံဖို့ ခဲယဥ်းလေ ဖြစ်နေသည်။ နောက်ဆုံးတော့ တာ့ဇီ ဝမ်းနည်းစွာ လေချဥ်တတ်လိုက်သည်။

ငါ ကောင်းဖန်ကို မရှာနိုင်ရင် ဘယ်လိုလုပ်မလဲ.. တာ့ဇီ ပူပန်စွာ တွေးမိသည်။

အနီရောင် ယုန်တစ်ကောင် သူ့ရှေ့သို့ ခုန်လာသည်။ တာ့ဇီဒေါသထွက်သွားသည်။ ငါ အရမ်း စိတ်တိုတယ်… ငါ ကောင်းဖန်ကို ရှာမတွေ့ဘူးဆိုတာ သိရဲ့သားနဲ့ ငါရှေ့လာပြီး ခုန်ပေါက်နေတယ်… မင်းကို စားပစ်ဦးမယ်… တာ့ဇီ ယုန်ကိုဖမ်းဖို့ နောက်က ပြေးလိုက်သွားသည်။

ကျယ်ပြန့်သော ဟင်းလင်းပြင်ထဲတွင် ရှင်းပြ၍မရနိုင်သော ကမ္ဘာတစ်ခုရှိနေသည်။ အဲဒါက အလွန်ကို ကြီးမားသည်။ မိုးကြိုးသံဟိန်းနေပြီး လျှပ်စီးများ တဖြတ်ဖြတ်လက်နေသည်။ မြောက်လား တောင်လား ခွဲခြားရနိုင်မည်မဟုတ်သလို ရှင်းလင်းသော လမ်းညွှန်ဆိုင်းဘုတ်မျိုးလည်း မတွေ့ရပေ။

ကျယ်ပြန့်၍ဗလာဖြစ်နေသော ကောင်းကင်တွင် ထူးဆန်းသော ဆွဲငင်အား ရှိနေပြီး သက်ရှိအရာအားလုံးကို မျောလွင့်အောင်လုပ်နေသည်။ တာ့ဇီ့၏ကျောတွင် အတောင်ပံများရှိသည်။ ထို့ကြောင့် သူက ဟင်းလင်းပြင်ထဲတွင် အခက်အခဲမရှိဘဲ မြန်မြန် ခရီးဆက်နိုင်ပေသည်။

အချိန်ဘယ်လောက်ကုန်သွားသည်မသိဘဲ တာ့ဇီ နောက်ဆုံးတော့ ယုန်ကို လိုက်မှီသွားခဲ့သည်။ သူ့ရဲ့ လက်သည်းများက ယုန်၏ခန္ဓာကိုယ်ကို ဖမ်းဆုပ်ထားသည်။ သို့သော် လက်သည်းက အနီရောင်အမွှေးများကို ထိလိုက်သည်နဲ့ ချောမွေ့သော အမွှေးက ခပ်သွယ်သွယ် အနီရင့်ရောင် လျှပ်စီးအဖြစ်ပြောင်းသွားသည်။ ထိုအရာက ပေါက်ကွဲသွားပြီး ဟင်းလင်းပြင်ထဲတွင် ပြန့်သွားကာ တာ့ဇီ၏ လက်သည်းများကြားတွင် ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် တဖြည်းဖြည်း မှေးမှိန်သွားသည်။

ယုန်က ပြန်ရောက်လာပြီး သူ့ရဲ့ ရှေ့သွားကြီး ၂ ချောင်းကို ဖော်ပြရင်း တာ့ဇီအား ပြုံးပြနေသည်။

သူက အနီရောင် မိုးကြိုးသွားအဖြစ်ပြောင်းလဲပြီး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။ တာ့ဇီ နေရာမှာပဲ ကြောင်ပြီးရပ်နေသည်။ သူ လုပ်နေစဥ်တလျှောက်မှာ တစ်ခုခုအမှားများလုပ်မိတာလားဆိုတာကို ထပ်ခါ ထပ်ခါ တွေးနေမိသည်။ အသေအချာကြီးဖမ်းမိသွားတာကို ဘယ်လိုလုပ် ယုန်က လက်သည်းတွေကြားထဲကနေ လွတ်သွားရတာတုန်း…

သူ့ခန္ဓာကိုယ်ကို မိုးကြိုးအဖြစ် ပြောင်းလိုက်တာလား… မိုးကြိုးအဖြစ်လေ…

တာ့ဇီအတွေးနက်နေမိပြီး လေးလေးနက်နက် မော့ကြည့်လိုက်သည်။ ကောင်းဖန်အတွက် ငါ မင်းကို ဒီနေ့ရအောင် အမဲလိုက်မယ်… ပြီးရင် စားပစ်မယ်

သူ့အတွေးများကို ရှင်းလင်းပြီးနောက် တာ့ဇီလေးနက်သော မျက်နှာဖြစ်သွားပြီး စတင်ကာ လိုက်တော့သည်။ သူ့ရဲ့တောင်ပံ ၃ ခုက အသည်းအသန်ကို ခတ်နေပြီး အလွန်မြန်သောကြောင့် ဟင်းလင်းပြင်ထဲတွင် မှုန်ဝါးဝါးဖြစ်လာသည်။ မိုးကြိုးမုန်တိုင်း စတင်ဖြစ်ပေါ်လာသည်။

တာ့ဇီ၏အတောင်ပံများက လျှပ်စစ်ဒြပ်စင်နဲ့ ဆက်နွယ်နေပြီး လေထဲတွင်ပြန့်ကျဲနေသော မိုးကြိုးများကို သူ့တောင်ပံအတွင်းသို့ ဆွဲယူနေသည်။ သူအတောင်ပံတဝိုက်က လျှပ်စီးမုန်တိုင်းက ကောင်းကင်တစ်ခုလုံး ပြည့်နေသည်။

ကြမ်းတမ်းသော ၇ ရောင်ခြယ် လျှပ်စီးမုန်တိုင်းက တာ့ဇီ၏နောက်တွင် အရိပ်ရှည်ကြီး ပေါ်လာသည်။

“ငါ တာ့ဇီ မစားနိုင်တဲ့အရာ ဘာမှမရှိဘူး… ကေင်းဖန်တောင် ငါ့ကို မတားနိုင်ဘူး” ဘာပဲဖြစ်ဖြစ် ကောင်းဖန်လည်း ဒီမှာရှိနေတာ မဟုတ်ပေ။ တာ့ဇီက အလွန် ဆောင့်ကြွားကြွားဖြစ်နေပြီး ကင်းခြေများတစ်ကောင်ဆိုတာထက် ပိုသလို ဖြစ်နေသည်။

နောက်ဆုံးတွင် တာ့ဇီနဲ့ ယုန်ကြားက အကွားအဝေးက တစ်ဖြည်းဖြည်း သေးငယ်လာပြီး တာ့ဇီ၏ မျက်လုံးများကလည်း အရောင်တောက်နေသည်။ ဒီကောင် ပြေးစရာနေရာ မရှိတော့ဘူး…

သူ့တောင်ပံများကြောင့်ဖြစ်ပေါ်လာသော လျှပ်စီးမုန်တိုင်းက ယုန်ဆီသို့ ပြင်းပြင်းထန်ထန် ကျရောက်နေပြီး ယုန်ကို လဲကျလုနီးပါး ယိုင်ထိုးသွားစေသည်။

တာ့ဇီ၏ မျက်လုံများတောက်ပသွားသည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ချက်တွေက သူ့ကို မထိခိုက်စေဘူးပေါ့… ဒြပ်စင် တိုက်ခိုက်ဖျက်စီးရုံပဲလိုတာလား… ထိုအတွေးဖြင့် တာ့ဇီချက်ချင်း လှုပ်ရှားလိုက်သည်။ သူ့ ပါးစပ်ကို ဟလိုက်ပြီး ထူထဲသော လျှပ်စီးစုက ဖြည်းဖြည်းချင်းစုသွားသည်။

မိုးကြိုးလျှပ်စီး ပြင်းထန်စွာ ပစ်ချလိုက်ပြီး လေထဲတွင် မိုးချိမ်းသံများဖြစ်ပေါ်နေသည်။ ယုန်က ချက်ချင်းပဲ တိုက်ခိုက်ခံလိုက်ရပြီး သနားစဖွယ်အော်ဟစ်လိုက်သည်။

တာ့ဇီ၏လက်သည်းများက ခရမ်းရောင် လက်အိတ်ဝတ်ထားသကဲ့သို့ပင် ခရမ်းရောင် လျှပ်စီးများဖြင့် ဖုံးအုပ်နေသည်။ ဒီတစ်ကြိမ်တွင်လည်း ယုန်က တူညီသော လှည့်စားမှုကိုလုပ်ဖို့ ပြင်ဆင်နေသည်။ သို့သော် အနီရောင် လျှပ်စီးထွက်လာပြီး တာ့ဇီလက်သည်းနှင့် ထိလိုက်သည်နဲ့ ပြန်တွန်းကန်ပြီး ဝင်သွားသည်။

သူ့မှာ ယုန်ပုံစံအဖြစ် အတင်းအကြပ်ပြန်ပြောင်းလဲခြင်းခံလိုက်ရသည်။ သူက မျက်လုံးများပြူးပြီး တာ့ဇီအား သနားစဖွယ်မျက်ဝန်းများဖြင့် ကြည့်နေသည်။

သူ့ရဲ့မျက်လုံးဝိုင်းကြီးများက အရည်လဲ့နေပြီး မျက်ရည်များ ကျတော့မလိုဖြစ်နေသည်။

“ငါ့ ရှေ့မှာ ချစ်စရာကောင်းချင်ယောင်လာဆောင်မနေနဲ့” တာ့ဇီကပြောလိုက်သည်။ ထို့နောက် ယုန်တစ်ကောင်လုံးအား သူ့ပါးစပ်ထဲထည့်လိုက်တော့သည်။ “ဟင်း.. ငါကသာ ချစ်စရာအကောင်းဆုံးပဲ… ကောင်းဖန်က အဲလိုပြောတာ”

ယုန်ကို စားပြီးနောက် တာ့ဇီ ရုတ်တရတ် စိတ်ကျေနပ်သွားသည်။ အဲဒါက တကယ့်သတ္တဝါမဟုတ်နိုင်ဘဲ ပုံရိပ်ယောင်လား သူမသိပေမယ့် စိတ်ဝိဥာဥ်ကတော့ ကျေနပ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေအားလုံး ပျော်ရွှင် ခုန်ပေါက်နေသကဲသို့ပင်ဖြစ်သည်။

ထို့နောက် သူ့ရှေ့တွင် ငွေဖြူရောင်အလင်းတန်းတစ်ခု လက်သွားပြီး လှပသော ပုံရိပ်တစ်ခုပေါ်လာသည်။

တာ့ဇီက သူ့ရဲ့ ဗိုက်သေးသေးလေးကိုထိလိုက်သည်။ သူ့ရဲ့ နှုတ်ခမ်းကို ရိုက်လိုက်ပြီး နောက်ကနေ လိုက်သွားတော့သည်။

သုံးရက်ကြာပြီူနောက် တာ့ဇီသူ့နောက်ကျောက အလွန်ယားယံလာသည်ဟု ခံစားရပြီး အရမ်းကုတ်ချင်လာသည်။ တစ်နေ့က အပြာရောင်ကျားသစ်နောက်ကို လိုက်ဖမ်းရင်း သူ ဒီကြီးမားသော အလင်းဘောလုံးကို ရှာတွေ့ခဲ့သည်။ ဘောလုံးက လင်းပြီး နေမင်းအသေးစားလေးကဲ့သို့ဖြစ်သည်။ သို့သော် သူ့ထဲတွင် အလွန်သိပ်သည်းသော လျှပ်စစ်ဒြင်စင်ကို တာ့ဇီခံစားမိခဲ့သည်။ အဲဒါက အစွန်းဆုံ ဖိနှိပ်ခံထားရသော လျှပ်စစ်ဒြင်စင်အမျိုးအစားဖြစ်သည်။ မျက်နှာပြင်ပေါ်တွင် အဖြူရောင်အလင်းပမာဏက တော်တော်ကြီးမားသည်။ အလင်းတန်းတစ်ခုစီက ဆံပင်တစ်ချောင်းကဲ့သို့ ပါးလွှာပြီး သိပ်သည်းသော အဖြူရောင်လျှပ်စီးကဲ့သို့ဖြစ်သည်။

တာ့ဇီ နောက်ကျောကို ကုတ်ဖို့ သူ့လက်သည်းကို နောက်ကျောထိ ဆန့်ထုတ်ရန် အတော်လေး ကြိုးစားအားထုတ်လိုက်ရသည်။ ခဏလောက်ကုတ်ပြီးတော့ အဲဒီနားက သူ့အကြေးခွံများ ကျွတ်ကုန်သည်။ သို့သော် ထိုသို့ဖြစ်အောင်လုပ်ပြီးမှ တာ့ဇီနေလို့ သက်သာသွားသည်။ ပိုပြီး သက်တောင့်သက်သာ ခံစားရသည်။

သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့ရဲ့ဒဏ်ရာရသွားသော အကြေးခွံနဲ့ အကြေးခွံကျွတ်သွားသောနေရာတွင် သေးငယ်သော ခရမ်းရောင်အစေ့လေးများပေါ်လာသည်။ နူးညံ့၍ ပန်းရောင်သန်းသော အသားသစ်က လေနဲ့ ထိတွေ့သွားသည်။ ထိုနေရာကနေ တောင်ပံများပေါက်လာသည်။ တာ့ဇီ၏ ခန္ဓာကိုယ်က တိတ်ဆိတ်စွာ ဖွံ့ဖြိုးနေသည်။

ညင်သာသော လှုပ်ခါမှုနဲ့အတူ ခရမ်းရောင် အစေ့များက ကြီးထွားလာကြပြီး ခဏတွင်းချင်းပင် ဖွံ့ဖြိုးလာသည်။ အသက်နည်းနည်း ရှုလိုက်ရုံနဲ့ သူတို့ ပိုကြီးကြီးမားမား ဖွံ့ဖြိုးလာသည်။ အတောင်ပံများ၏ အစွန်နားကတော့ အနည်းငယ် နူးညံ့နေသေးသည်။

အတောင်ပံနဲ့ ခန္ဓာကိုယ်ကို ဆက်ထားသည့်အပိုင်းက သေးသွယ်သည်။ တောင်ပံပေါက်လာပြီးနောက် သူ့ဝိဥာဥ်တွင် ပဲ့တင်နေသော ဆာလောင်ခြင်းက ပြန်နိုးထလာသည်။ တာ့ဇီ အတွေးနက်နက်တွေးနေမိသည်။ ငါ ဗိုက်ပြည့်သွားတိုင်း တောင်ပံတစ်စုံပေါက်လာနိုင်တာလား…

တာ့ဇီသူ့နောက်ကျောက အတောင်ပံကို ရွံရှာစွာ ကြည့်လိုက်သည်။ ရုပ်ဆိုးတဲ့ သားရဲတွေပဲ တောင်ပံပေါက်တာ… တောင်ပံနဲ့ ကင်းခြေများတွေ့ဖူးတဲ့သူများ ရှိလား… တော်ပါပြီ အဲဒီအကြောင်းထပ်မတွေးတော့ဘူး..

တာ့ဇီခေါင်းခါလိုက်သည်။ သူက အလင်းဘောလုံးပေါ်တွင် ထပ်မံ လှဲလိုက်ပြီး သူ့ခြေထောက်အောက်က အလင်းလုံးအား ဆက်လက် စားသုံးနေတော့သည် “အင်း အရသာရှိတယ်”

ရက်အနည်းငယ်လောက် ပျော်ရွှင်စွာ လျှောက်လုပ်ပြီးနောက် တာ့ဇီ ကောင်းဖန်ကိုပင် မေ့သွားသကဲ့သို့ထင်ရသည်။

…

“ဥက္ကဌ ပြန်ရောက်ပါပြီ” အပြင်ဖက်တွင် ပျော်ရွှင်စွာ အော်ဟစ်နေသံများကြားရသည်။

ကောင်းဖန်လည်းပဲ ရင်းနှီးနေသောနဂါး အော်သံကို ကြားလိုက်သည်။

သူ ပြတင်းပေါက်ကို ဖွင့်လိုက်တော့ အဝေးက ကောင်းကင်တွင် တိမ်မည်း မျောလွင့်နေသကဲ့သို့ သားရဲအုပ်ကြီး တစ်အုပ်ကို တွေ့လိုက်ရသည်။ နဂါးဖြူနဲ့ ငွေရောင်နဂါးတို့က ရှေ့တွင် ဦးဆောင်လာပြီး ပျံသန်းအမျိူးအစားသားရဲများက နောက်ကလိုက်လာကြသည်။

သူတို့ကြားတွင် တခြားနဂါးတစ်ကောင်ကိုပါ ကောင်းဖန်တွေ့လိုက်သည်။ နောက်ထပ် နဂါးဖြူတစ်ကောင်ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်က အဖိုး၏နဂါးဖြူနဲ့ယှဥ်ရင် ခပ်ဖောင်းဖောင်းဖြစ်နေသည်။ သူက သွယ်လျတဲ့ အမြီးရှိပြီး ခေါင်းက ခပ်ပြားပြားဖြစ်သည်။ ရေနဂါးပုံပိုပေါက်ပြီး အလွန်ကြမ်းတမ်းသော ကိုယ်ယောင်ဝါ ရှိသည်။

သူ့အပေါ်တွင်ရပ်နေသော လူပုံသဏ္ဍာန်ကို ကောင်းဖန် မြင်နေရသည်။ ကောင်းဖန် မျက်လုံးကို ကျဥ်းလိုက်ပြီး သူ့သားရဲများကို ခေါ်ကာ ဧည့်သည်ကို ဧည့်ခံခိုင်းလိုက်သည်။

“ဒါ ငါတို့ရဲ့ ဘိုဘေးနယ်မြေလား… ဒီမြို့က တော်တော်လေးကြီးတာပဲ… ဒါပေမယ့် စွမ်းအားရှိတဲ့သူ နည်းလွန်းတယ်…ဘုရင်အဆင့်သားရဲရှိတဲ့သူ ၂ ယောက် ၃ ယောက်ပဲ ရှိထားတယ်… အဖြူရောင်ရေနဂါး၏ ခေါင်းပေါ်တွင်ရပ်နေသော လူက ပြောသည်။ သူ့ခြေထောက်အောက်က နယ်မြေကို မကျေမနပ် ကြည့်လိုက်သည်။

သူ ဘိုးဘေးနယ်မြေကို ပထမဆုံး ပြန်လာကတည်းက သူ သတိထားခဲ့သည်။ သန်မာသောသူ တစ်ယောက်ယောက်နဲ့ တွေ့မလားဟု စိုးရိမ်ခဲ့သည်။ သို့သော် သူက တကမ္ဘာလုံးရဲ့ထိပ်ဆုံးတွင် ရောက်နေပြီးဖြစ်ကြောင်း သိရဖို့ လာလိုက်ရသလိုသာဖြစ်သွားသည်။

ဒီဆန့်ကျင်ဖက်ဖြစ်နေတဲ့အချက်က သူတို့ကို ယစ်မူးစေသလို အနည်းငယ် ပျော်ရွှင်စေသည်။

သူ့ဘေးတွင် ရေခဲနဂါးပေါ်တွင်ရပ်နေသည့် အပြာရောင်ဝတ်စုံနဲ့ လူက ခေါင်းကိုယမ်းပြီး ပြန်ပြောသည်။ “သူတို့က အခုမှ ဖွံ့ဖြိုးဆဲမို့လို့ပါ… နှစ်နည်းနည်းလောက်ကြာရင် အတော်ဆုံးတွေ မရေမတွက်နိုင်အောင် ပေါ်လာလိမ့်မယ်”

“လိုက်မှီဖို့ကတော့ သိပ်မလွယ်ဘူး” ရေနဂါးပေါ်ကလူက ပြန်ပြောသည်။ သူက ပိုးနဲ့လုပ်ထားပြီး ရင်ဘတ်မှာ ရွှေနဂါးပုံစံချုပ်ထားတဲ့ အဖြူရောင်ဝတ်ရုံ ဝတ်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။

အဖွဲ့က ရုတ်တရတ် သူတို့ရှေ့က ဟင်းလင်ပြင်ထဲမှာ တိမ်တိုက်ကြီးတစ်ခု မျောလွင့်လာသောကြောင့် ရပ်လိုက်ရသည်။ တိမ်မည်းများ လိပ်တတ်လာပြီး ကြားထဲက အနီရောင်လျှပ်စီးများလည်း လက်နေသည်။ တိမ်မည်းသာဖြစ်သော်လည်း အဲဒီကနေ အန္တရာယ်အငွ့အသက်ရနေသည်။

တိမ်မည်းများအောက်တွင် နက်မှောင်နေသော တောင်တစ်တောင်က တောင်များအစုလိုက်ထဲတွင် မြင့်မားစွာ ရှိနေသည်။ သူ့ကို အနီးက တခြားတောင်များနဲ့ ယှဥ်ရရင် အရွယ်အစားရော အမြင့်ရော သာတာမရှိပေ။ သို့သော်တချက်ကြည့်လိုက်တာနဲ့ မမေ့နိုင်အောင်ဖြစ်သွားစေသည်။

ရုတ်တရတ် တောင်က ကလေးဆိုးတစ်ယောက်လို မျက်တောင်ခတ်လိုက်သည်။

***

စာစဉ် ၃၁ ပြီး၏။

All Chapters