အခန်း (၄၉၇-၅၀၀)
Vol. 32 Ch. 497-500
အခန်း ၄၉၇ နဂါးဖြူမျိုးနွယ်
ရေနဂါး၏ကျောပေါ်ကလူမှာ ကြောက်လန့်မှုကြောင့် တွန့်သွားပြီး မျက်လုံးများကို ပွတ်လိုက်သည်။
အစက ဆွေးနွေးနေကြသော လူအုပ်မှာ အစင်းလေးကို လှည့်ကြည့်ပြီး တဖြည်းဖြည်း အသံတိတ်သွားတော့သည်။
“ဒါက ကျုပ်မြေးရဲ့ သားရဲ အစင်းလေးတဲ့… ချစ်ဖို့ကောင်းပြီး အရမ်းလိမ္မာတယ်” ကျီဟန့်ဝူက လူအုပ်ကို မိတ်ဆက်ပေးလိုက်သည်။
ချစ်ဖို့ကောင်းတယ်တဲ့လား… လူစုက ဒေါသကြောင့် အော်ဟစ်ပစ်လိုက်ချင်နေသည်။ သို့သော် သူတို့မှာ အသံတောင် မထွက်ရဲကြပေ။ ဘိုးဘေးနယ်မြေမှာ ဘုရင်အဆင့်သားရဲတွေကိုပဲ ခွင့်ပြုမယ်လို့ သဘောတူထားတာမဟုတ်ဘူးလား.. ဒါကဘာတုန်း… ဒါကဘာကောင်ကြီးတုန်းလို့…
“အဖိုး ပြန်လာပြီလား” ကောင်းဖန်ဘေးတွင် ခြင်္သေ့၊ ဒန်ဘီ၊ နဂါးသတ်ခြင်းအခန်းနဲ့ ဘုရင်အဆင့်ဖုတ်ကောင်၏ လက်အောက်ငယ်သားများပါလာကြသည်။ သူတို့တွေက အဖိုးအား မြက်ခင်းပေါ်တွင် ကြိုဆိုနေကြသည်။
ကောင်းဖန်က အညိုရောင် ကော်လာပါ ချည်ထိုးအင်္ကျီနဲ့ အဖြူရောင်လေကာအင်္ကျီကို အပေါ်ထပ် ဝတ်ထားသည်။ အောက်တွင်တော့ နက်ပြာရောင် ဂျင်းတစ်ထည်ဝတ်ထားသည်။ မျက်နှာပေါ်တွင် နူးညံ့သောအပြုံးနဲ့ သန့်ရှင်း သန့်ရပ်သည့်ပုံပေါ်နေသည်။
ပိုင်ယင်းက ရေနဂါးကိုယ်ပေါ်ကခုန်ဆင်းလိုက်သည်။ သူက မယုံကြည်နိုင်စွာဘဲ ကောင်းဖန်၏အလှကို အံ့အားသင့်နေသည်။
ရေနဂါးက သတိပေးဟန် ဟိန်းဟောက်လိုက်ပြီး ဒန်ဘီအား မနှစ်မြို့စွာ ကြည့်နေသည်။ တချိန်ထဲတွင်ပဲ သွေးစာချုပ်ကတဆင့် သူ့သခင်ကို သတိပေးလိုက်သည် “သခင် အဲဒီအရိုးခြောက်က အရမ်းအန္တရာယ်များတယ်”
ရေနဂါးက မျက်လုံးများကို မှေးကြည့်လိုက်ပြီး သူ့ သူငယ်အိမ်က အပ်ကဲ့သို့ ကျဥ်းမြောင်းသွားသည်။ ခန္ဓာကိုယ်ပေါ်က အကြေးခွံများက အကြားအလပ်မရှိအောင် ကပ်နေသည်။ သူ့ရဲ့ ချွန်ထက်သော လက်သည်းများက မြေကြီးကို ကုပ်ခြစ်နေသည်။
ပိုင်ယင်းက သူ့သားရဲပြောတာကို ကြားပြီးနောက် ဒန်ဘီကို အေးခဲနေသော အပြုံးဖြင့်ကြည့်လိုက်သည်။
သူက အနက်ရောင် ဝတ်ရုံကို ဝတ်ထားသည်။ ခေါင်းစွပ်က ပုခုံးပေါ်တွင် တွဲလဲကျနေပြီး သူ့ရဲ့ ရွှေအိုရောင် အရိုးစုခေါင်းက ပေါ်နေသည်။ ခေါင်းအနောက်တွင် ချွန်ထက်သော အရိုးက ဆန့်ထွက်နေပြီး သရဖူပုံစံကဲ့သို့ ဖြစ်နေသည်။ သူ့မျက်လုံးအိမ်ထဲတွင် ဆန်းကြယ်သော အဖြူရောင်မီးတောက် တောက်ပနေပြီး သူ့ရဲ့ ရက်စက်မှုကို ဖော်ပြနေသည်။ ဒီသားရဲ၏ အဆင့်နဲ့ အရည်အသွေးကို အတိအကျမသိရသော်လည်း ပုံပန်းသွင်ပြင်နဲ့ပင် သူ၏ သန်မာမှုကို အလွယ်တကူသိနိုင်သည်။
“ဘိုးဘေးနယ်မြေကလူတွေက အးလုံးမြင့်မြတ်သူတွေဖြစ်ပြီးတော့ ဘာကန်သန့်ချက်မှမရှိဘဲ သားရဲတွေကို ထိန်းသိမ်းထားနိုင်တယ်လို့ကြားဖူးတယ်… အဲဒါ တကယ်ပဲပေါ့…” လူတစ်ယောက်က အားကျစွာ ပြောသည်။
“ငါတို့ကျတော့ ဘာလို့ မတရား ဆက်ဆံခံရတာလဲ… ငါတို့ကိုတော့ လူတစ်ယောက်ကို သာ;ရဲတစ်ကောင်ပဲ ထိန်းသိမ်းခွင့်ရှိပြီး တစ်ကောင်သေသွားမှ နောက်အသစ်တစ်ကောင် မွေးခွင့်ပေးထားတယ်”
“ဟုတ်တယ် တကယ် မတရားဘူး… သူတို့ သားရဲတွေအများကြီး လေ့ကျင့်ပေးနိုင်တာကို အရမ်း အားကျတယ်”
“ဘိုးဘေးတွေ ဘိုးဘေးနယ်မြေကို အမြဲပြန်ချင်နေတဲ့အကြောင်းရင်းက ဒါကြောင့်ဖြစ်မယ်လို့ မင်းထင်လား… ဒီမှာဆို သားရဲတွေပိုမွေးလို့ရလို့လေ” တခြားတစ်ယောက်က ရုတ်တရတ် ထမေးလိုက်သည်။
ကျီဟန့်ဝူက သူတို့ ဘာသာစကားကို နားမလည်ဘူးဆိုတာ သိသောကြောင့် သူတို့က မစဥ်းစားဘဲ ကျယ်လောင်စွာပြောနေကြသည်။
သူတို့ ကျီဟန့်ဝူကို သူတို့၏သားရဲတွေဆီက တဆင့်သာ ဆက်သွယ်ပြောဆိုသည်။ လူသားတွေနဲ့မတူဘဲ သားရဲတွေကြားက ဆက်သွယ်မှုက ပိုပြီး ရိုးရှင်းသည်။ သူတို့ ဘာသာစကားတွင် ကွာခြားချက် များများစားစား မရှိပေ။ အဆင့်မြင့်လာတာနဲ့ အမျှ သားရဲတွေက အခြားသားရဲတွေကို နားလည်နိုင်လာသည်။ ဒါက သူတို့၏ ရှင်သန်မှုအတွက် ပင်ကိုယ်ဗီဇဖြစ်ဟန်တူသည်။
ကောင်းဖန်က မလှုပ်မယှက်ရှိနေသည်။ စကားဝိုင်း၏အဓိကအပိုင်းကို သူနားမလည်သော်လည်း သားရဲ၊ အားကျတယ်၊ သေတယ် စတဲ့ တချို့ စာလုံးများကိုတော့ သူသိလိုက်သည်။
သူ့ရဲ့ဝိဥာဥ်က တုံ့ပြန်ချက်တွေကို ပိုပို လက်ခံရလေလေ သူရဲ့ မှတ်ဥာဏ်နဲ့ သင်ယူနိုင်စွမ်းက ပိုတိုးလာလေဆိုတာ ကောင်းဖန် သတိပြုမိသည်။ သူက အမြဲလိုလို ဥာဏ်ကောင်းတဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး ရှေးဟောင်းဘာသာစကားကို သင်ဖို့က သူ့အတွက် ခက်ခဲတဲ့ ကိစ္စမဟုတ်ပေ။ အခုဆို သူ အခြေခံ စာလုံး ၂၀၀ လောက်ကို သိနေပြီဖြစ်သည်။
ကောင်းဖန်က ဝေခွဲမရဟန်ဖြင့် သူ့အဖို့နောက်ကလူစုကို ကြည့်ပြီး မေးလိုက်သည် “အဖိုး သူတို့တွေက…”
“သူတို့က ရှေးဟောင်းမျိူးနွယ်စုကလူတွေပါ” ကျီဟန့်ဝူကဖြေသည်။ “သူတို့က စိတ္တဇအရူးကောင်တွေလို လုပ်နေကြပြီး ငါ့ကို အလွတ်မပေးကြဘူး” ကျီဟန့်ဝူက ထပ်ပြောချင်တာ ရှိသေးပုံပေါ်သော်လည်း ခဏစဥ်းစားပြီးနောက် မပြောဖြစ်လိုက်တော့ပေ။
“မင်း ရှေးဟောင်းလူမျိုးစုအကြောင်းကို မသိလောက်ဘူး… တကယ်တော့ သူတို့က ကမ္ဘာကြယ်ရဲ့ အစိတ်အပိုင်းပဲ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကမ္ဘာကနေ ထွက်ခွာသွားခဲ့ကြတာ..အခုသူတို့က ကမ္ဘာကြယ်ကို ပြန်လာဖို့ ရည်ရွယ်နေတယ်… သူတို့က သန်မာတဲ့ မျိုးနွယ်စုပဲ… အခု ကမ္ဘာကြယ်ကို လာလည်တာက အားနည်းတဲ့ အုပ်စု”
“ကျွန်တော်သိတယ်… သူတို့မျိုးနွယ်က လူ ၄ ယောက်ကို တစ်ခါတွေ့ဖူးတယ်” ကောင်းဖန် ညင်သာစွာ ပြောသည်။
ကျီဟန့်ဝူက မျက်ခုံးပင့်သွားပြီး သူ့မြေးနဲ့ အကြည့်ချင်း ဖလှယ်လိုက်သည်။
တူညီသော အမူအရာနဲ့ပဲ ကောင်းဖန်ဆက်ပြောသည် “သူတို့ထဲက ၂ ယောက်ကို သတ်လိုက်ပြီး ၂ ယောက်ကတော့ အသက်ရှင်နေသေးတယ်… သူတို့ဆီက ရှေးဟောင်းဘာသာစကားကို လေ့လာဖို့ ကျွမ်းကျင်သူတစ်ယောက်ကိုလည်း ခန့်ထားတယ်”
ကျီဟန့်ဝူက အသိအမှတ်ပြုဟန် ခေါင်းညိမ့်လိုက်သည်။ သူ့မြေးလေးက တကယ်ပဲ ရင့်ကျက်နေပြီပဲ…”ကောင်းပြီး ကျွမ်းကျင်သူ လေ့လာနေတုန်း သူတို့ ၂ ယောက်ကို ခွဲထားသင့်တယ်… လေ့လာတဲ့ တိုးတက်မှုကိုလည်း အမြဲစစ်ဆေးနေ… အဲဒါမှ သူတို့တွေ စာကြောင်းအမှားတွေ တမင်သင်ပေးတာမျိုး မလုပ်နိုင်မှာ… သူတို့ ပြောတာတွေ မတူရင် အပြစ်ပေးလိုက်” ကျီဟန်ဝူ့က ဆုံးမနေသည်။
ကောင်းဖန်က ရိုကျိုးစွာခေါင်းညိမ့်လိုက်သည်။ “အဖိုး ကျွန်တော် ဒီဘာသာစကားကို အပြည့်အစုံသင်ပြီးရင် အနက်ရောင်မြူခိုးကမ္ဘာကို သွားဖို့ စဥ်းစားထားတယ်”
ကျီဟန့်ဝူ စဥ်းစားလိုက်သည်။ “အနက်ရောင်မြူခိုးကမ္ဘာကို သွားမယ်လား… အဲဒီမှာ မလုံခြုံဘူး… ကောလဟာလတွေအရဆို ဝင်ပေါက်နားမှာ အင်ပါယာအဆင့် သားရဲတွေရှိတယ်လို့ ပြောကြတယ်… သူတို့ ထွက်သွားပြီလား မသွားသေးဘူးလား ဘယ်သူမှ မသိနိုင်ဘူး”
ကောင်းဖန်က ခေါင်းကို ယမ်းလိုက်သည်။ “အဲဒါက အရေးမကြီးပါဘူး.. အခုဒန်ဘီက ဘုရင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ.. သူက အနက်ရောင်မြူခိုးကမ္ဘာကို ရောက်တာနဲ့ ဧကရာဇ်အဆင့်ကို တန်းရောက်သွားတော့မှာ”
ခဏရပ်ပြီးနောက် ကောင်းဖန်က ဆက်ပြောလိုက်သည်။ “ပြီးတော့ အနက်ရောင်မြူခိုးကမ္ဘာမှာဆိုရင် တိုက်ခိုက်တာတွေလည်း မရှိပဲ ခဏလောက် ခိုနားခွင့်လည်း ရနိုင်မလားလို့ပါ”
***
သားရဲလေ့ကျင့်သူ
အခန်း ၄၉၈ ညဘက်တွင် ထွက်ခွာခြင်း
“စွမ်းအားအကြီးဆုံး မျိုးနွယ်စု ၃ ခု ပြီးရင် နောက်ထပ် မျိုးနွယ်စု ၇ ခုက ဒုတိယ စွမ်းအားအကြီးဆုံးတွေပဲ” တုံရှန်းက သတိကြီးစွာ ရှင်းပြလိုက်သည်။ သူသည် ပြောနေရင်းဖြင့် ကောင်းဖန်၏ မျက်နှာ အနေအထားကိုလည်း သတိထားကြည့်နေသည်။ သူသည် ကောင်းဖန်ကို သူတို့မျိုးနွယ်စု စကားကို ပြောတတ်ရန် ၃ ရက်သာ အချိန်ယူခဲ့သည့်အတွက် အလွန်အံ့ဩအထင်ကြီးနေသည်။
ကောင်းဖန်သည် အရမ်းကြီး မကျွမ်းကျင်သေးသော်လည်း ရိုးရှင်းသော စာကြောင်းများကိုတော့ ပြောနိုင်နေပြီဖြစ်သည်။ တုံရှန်းသည် ကောင်းဖန်၏ မယုံနိုင်စရာ အောင်မြင်မှုကို အလွန်အံ့ဩနေတော့သည်။ ဒါက အတုမရှိ စွမ်းအားရှင်ရဲ့ သူမတူတဲ့ ဆုလာဘ်ပေလား..
တုံရှင်းသည် ထိုအချိန်များ အတောအတွင်း အပြင်ကမ္ဘာနှင့် ပတ်သက်၍ ဘာဆိုဘာမှ မသိချေ။ သူသည် သူ့ကို ဖမ်းမိခဲ့သော ကောင်းဖန်ကိုသာ အတုမရှိ တန်ခိုးရှင်ဟု ထင်နေလေသည်။
“ဒါဆိုရင် မင်းတို့ရဲ့ မျိုးနွယ်စုက အဲဒီ ဒုတိယမြောက် အင်အာအကြီးဆုံး မျိုးနွယ် ၇ ခုထဲက တစ်ခုလား” ကောင်းဖန်က မေးလိုက်သည်။
တုံရှန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး “မဟုတ်ဘူး” ဟု ပြန်ဖြေလိုက်သည်။ ထို့နောက် အသံကို မြှင့်ကာ ဆက်ပြောလိုက်သည်။ “ငါတို့မျိုးနွယ်စုက သူတို့နဲ့ ယှဉ်လို့တောင် မရဘူး.. ငါတို့ စံတုံမျိုးနွယ်စုက လူဦးရေးတွေ အများကြီးနဲ့ စည်းလုံးတဲ့ မျိုးနွယ်စုပဲ”
ကောင်းဖန်ကတော့ “ဟုတ်လား” ဟု အလိုက်သင့် ပြန်ပြောလိုက်သည်။ အစပိုင်းကတော့ ကောင်းဖန်သည် စံတုံမျိုးနွယ်စုမှာ မျိုးနွယ်စု ၇ ခုထဲတွင်တောင် မပါသည့်အတွက် သိပ်ပြီး အင်အားမကြဟု ထင်ခဲ့မိသည်။ အခုတော့ တုံရှန်း၏ လေသံအရ စံတုံမျိူးနွယ်စုသည် ပေါ့သေးသေးတော့ မဟုတ်နိုင်ပေ။
“ဒါဆိုရင် နဂါးဖြူမျိုးနွယ်စုရဲ့ ကိုယ်ပိုင်သားရဲက နဂါးဖြူတွေပေါ့”
“ဟုတ်တယ် သူတို့က နဂါးဖြူတွေကို အုပ်စုလိုက် ပိုင်ဆိုင်ထားကြတယ်.. မျိုးနွယ်စုရဲ့ လက်ရွေးစင်အဖွဲ့၀င်က သူတို့ကြီးလာတဲ့အခါ သူတို့ရဲ့ အရည်အချင်းပေါ်မူတည်ပြီး ကိုယ်ပိုင်သားရဲတွေကို ရွေးချယ်ကြရတယ်.. အတော်ဆုံးအဖွဲ့၀င်ကတော့ နဂါးဖြူကို ပိုင်ဆိုင်ရတာပေါ့” တုံရှန်းက မနာလိုဖြစ်နေသည့် ခံစားချက်ကို ဖုံးကွယ်ကာ ပြောလိုက်သည်။
ကောင်းဖန်ကတော့ ဘာမှ မဖြစ်ဟန်ဖြင့် ဆက်ပြောလိုက်သည်။ “အင်း.. တကယ်လည်း မနာလို ဖြစ်ချင်စရာပဲ”
ခြင်္သေ့ဖြူလေးသည် ရက်အနည်းငယ်ကြာ အနားယူလိုက်ပြီးနောက် ဒဏ်ရာများ အတော်အတန် သက်သာလာခဲ့သည်။ သူသည် ပြင်းထန်သော တိုက်ပွဲများကိုတော့ မတိုက်နိုင်သေးသော်လည်း ပုံမှန်လုပ်ငန်းဆောင်တာများကိုတော့ လုပ်နိုင်နေပြီ ဖြစ်သည်။ သူသည် ပြေးလွှားလို့လည်း ရနေပြီပင်။
ခြင်္သေ့ဖြူလေးသည် ကောင်းဖန်ကို လှည့်ပြောလိုက်သည်။ “အနက်ရောင်မြူခိုးကမ္ဘာက အကြီးကြီးပဲ.. စွမ်းအားကြီးတဲ့ သားရဲတွေလည်း အများကြီးပဲ”
“ဒါပေမယ့် အဲဒီကိုပဲ သွားမှဖြစ်မှာ.. ရွေးချယ်စရာ မရှိဘူး” ကောင်းဖန်က ခေါင်းကိုရမ်း၍ ပြောလိုက်သည်။
“ဘာလို့ပြုံးနေတာလဲ” ခြင်္သေ့ဖြူလေးက နားမလည်စွာ မေးလိုက်သည်။
“မဟုတ်ပါဘူး” ကောင်းဖန်က ခပ်တည်တည် ပြောလိုက်သည်။
“နင်ပြုံးလိုက်ပါတယ်” ခြင်္သေ့ဖြူက မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။
“မင်းအခုအတော်လေး သက်သာလာပြီပဲ.. အခုဆို ဒန်ဘီကိုတောင် လေ့ကျင့်ပေးလို့ ရနေလောက်ပြီ”
“ကောင်းဖန်နင်က မကောင်းဆိုးဝါးလား”
…
ကောင်းဖန်သည် ခြင်္သေ့ဖြူမှ တဆင့် အနက်ရောင်မြူခိုးကမ္ဘာ၏ အချက်အလက်သစ်တစ်ခုကို သိလိုက်ရသည်။ အနက်ရောင် မြူခိုးကမ္ဘာသည် ကြီးမားပြီး နယ်နိမိတ်ဘောင် မရှိသော ကမ္ဘာတစ်ခု ဖြစ်သည်။ အချို့လူများသည် အနက်ရောင် မြုခိုးကမ္ဘာသို့ စေလွှတ်ခံခဲ့ရပြီး သားရဲများနှင့် တွေ့ကာ ထွက်ပြေးကြရင်း အခြားကမ္ဘာများသို့ ရောက်သွားကြသည်လည်း ရှိသည်။
ဒဏ္ဍာရီများအရ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အချင်းချင်း တိုက်ခိုက်လေ့ရှိကြသည့် နတ်ဘုရား ၂ ပါး ရှိခဲ့ဖူးသည်။ ထိုတုန်းက ရှူံးနိမ့်ခဲ့သော နတ်ဘုရားသည် ကောင်းကင်ဘုံမှ ပြုတ်ကျပြီး အနက်ရောင်မြူခိုး ကမ္ဘာသို့ ဆင်းသက်ခဲ့သည်ဟု ဆိုသည်။ အနက်ရောင်မြူခိုးကမ္ဘာ၏ အနောက်ဖက်ခြမ်းသည် နှစ်ပေါင်းများစွာ မြူခိုးနက်များနှင့် ပြည့်နေခဲ့သောကြောင့် ထိုအမည်တွင်သွားခဲ့ခြင်း ဖြစ်သည်။
အဖော်မဲ့ ၀င်္ကဘာနှင့် အနက်ရောင် မီးငှက် တောင်တန်းတို့သည် အနက်ရောင် မြူခိုးကမ္ဘာ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသ နယ်စပ်များတွင် တည်ရှိကြသည်။
အနက်ရောင်မြုခိုးကမ္ဘာ၏ အလယ်တွင်တော့ တောင်ပေါင်း သန်းချီရှိသည်။ ထိုတောင်များသည် ကြီးမားပြီး မတ်စောက်လှကာ အများစုမှာ မီးတောင်များ ဖြစ်သည်။ ကောလဂာလများအရ ထိုတောင်များတွင် အလွန်စွမ်းအားကြီးသော သားရဲများ နေထိုင်ကြသည်ဟု ဆိုသည်။
အနက်ရောင်မြူခိုးကမ္ဘာ၏ တောင်ပိုင်းဒေသတွင်တော့ လွင်ပြင်များသာ ရှိပြီး ဒေသ ၅ ခုတွင် အကြီးဆုံး အပိုင်းကို ပိုင်ဆိုင်ထားသည်။ ထိုတောင်ပိုင်းဒေသတွင် ၀င်္ကဘာပေါင်း များစွာရှိပြီး ထို၀င်္ကဘာများ၏ မူလရင်းမြစ်များကို နေရာတိုင်းတွင် တွေ့နိုင်သည်။ မြေပြင်ပေါ်၊ ရေကန်အောက်ခြေ၊ တောင်ထိပ် စသည်ဖြင့် နေရာတိုင်းတွင် ရှိနေကြသည်။
၀င်္ကဘာအများစုသည် အခြားသော ၀င်္ကဘာများကဲ့သို့ ကျောက်တုံး ကျောက်သားများဖြင့် ပြုလုပ်ထားကြသည်။ ကောလဟာလများရ ကျောက်သား ၀င်္ကပါများအပြင် ရွှေနှင့် ကျောက်စိမ်း ၀င်္ကာဘာများလည်း ရှိသည်ဟု ဆိုသည်။ ထိုထူးခြားသော ၀င်္ကဘာများသည် သားရဲများကြားတွင် နာမည်ကြီးလှသည်။
ခြင်္သေ့ဖြူသည် ၀င်္ကာဘာများအကြောင်းကို စိတ်ပျက်ငြီးငွေ့စွာ ပြောနေသည်။ သူသည် ထိုရှားပါး ၀င်္ကပါများကို နှစ်ပေါင်းများစွာ ရှာနေခဲ့ခြင်း ဖြစ်သည်။
တောင်ပိုင်းဒေသတွင် ၀င်္ကဘာများမှ လွဲ၍ ဘာဆိုဘာမှ မရှိချေ။ တောအုပ်များပင် မရှိသလောက် ရှားသည်။ ထိုနေရာထဲတွင် ၀င်္ကဘာများနှင့်သာ ပြည့်နှက်နေသည်။
အရှေ့ဘက်ဒေသတွင်တော့ ပင်လယ်ရှိသည်။ များပြားလှသော ကျွန်းများသည် ပင်လယ်တစ်လျှောက် ဖြန့်ကျက်တည်ရှိနေကြသည်။
မြောက်ဘက်ကတော့.. အတော်ကို ဝေးသည်။
ခြင်္သေ့ဖြူသည် မြောက်ဘက်ဒေသအကြောင်းတော့ မသိသလောက် ဖြစ်နေသည်။ အနက်ရောင် မြူခိုးကမ္ဘာ၏ ဒေသတိုင်းသည် အလွန်ပင် ကြီးမားလှသည်။
“ကျွန်တော့်သခင်ရဲ့ သခင်.. ကျွန်တော် လိမ္မော်သီးတစ်လုံး ခွာလာပါတယ်” အဝါရောင် ၀တ်ရုံခြုံထားသည့် အလွန်ရုပ်ဆိုးလှသော နမ်ကျူးသည် သူ၏ လက်သည်းများကို အသုံးပြုကာ လိမ္မော်သီးကို အခွံခွာပြီး ကမ်းပေးနေသည်။ လိမ္မော်သီး အခွံတွင် ထွင်းဖောက်မြင်နေရသော အနီရောင် အသားများ ရှိနေသောကြောင့် လိမ္မော်သီးသည် လှပသော ပန်းတစ်ပွင့်နှင့်ပင် တူနေသည်။
“စိတ်မပူပဲ ငါ့ကို ကာကွယ်စောင့်ရှောက်ခသာပေး.. ငါ ဂိုဒီက မင်းတို့ကို အနက်ရောင်မြူခိုးကမ္ဘာထဲမှာ ကာကွယ်စောင့်ရှောက်ပေးမယ်” ဂိုဒီက ပဲ့ကျီကို ပြောလိုက်သည်။
ပဲ့ကျီကတော့ ဘာမှခွန်းတုံ့မပြန်ပဲ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။ သူသည် တကယ်လည်း ဘာမှပြန်မပြောရဲပါချေ။
“တစ်ယောက်ယောက်ကို ကျေနပ်အောင် လုပ်ပေးဖို့အတွက် လိမ္မော်သီးက လိုအပ်တယ်” ဂိုဒီက သူ့ခေါင်း ပြောင်ပြောင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ဟေး.. တာ့ဇီ မင်းဘယ်လိုတောင် အဲဒီလို သွားနိုင်တာလဲ.. ငါတို့သခင်က ငါတို့ကို အနက်ရောင် မြူခိုးကမ္ဘာကို ခေါ်လာနေတာလေ.. ငါတို့တွေ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး” ဖလိန်မီက ၀မ်းနည်းပက်လက် ပြောလိုက်ရင်း မျက်ရည်များကိုပင် တစ်ရှူးစနှင့် သုတ်လိုက်သေးသည်။
အစင်းလေးကတော့ ဒီတစ်ခေါက် ကောင်းဖန်နှင့် အတူလိုက်ရမှာ ဖြစ်သည့်အတွက် ခပ်အေးအေးပင် အသီးစားနေသည်။
ပိုင်ယဲ့ခရိုင်၏ အလယ်ဗဟိုတွင် ရှိနေသော အက်ကြောင်းကြီးသည် အချင်း ပေ ၁၆၀ လောက် ရှိသည်။
အစင်းလေး၏ ကိုယ်သည် တုန်လာသည်။ ခဏတွင်းချင်းပင် ကျောက်တုံးအချို့ ပြုတ်ကျလာပြီး သူ့ခေါင်းပေါ်သို့ မှန်လာသည်။ ထို့နောက် သူ့ရင်ဘတ်ဆီမှ နေ၍ ကျောက်တုံးကြီး ၁၀ တုံးကျော် ပြုတ်ကျလာသည်။ အစင်းလေးသည် မလုံလောက်သေးပုံဖြင့် သူ့ကိုယ်ကို ကုတ်ခြစ်နေလေရာ ကျောက်တုံးကြီးများသည် မိုးရွာသလို ရွာသွန်းလာတော့သည်။
သစ်ပင်တစ်ပင်၏ အကိုင်းစွန်းတစ်ခုတွင်တော့ အလင်းလှိုင်းသည် မှောက်လျက်သားလှဲကာ မေးထောက်လျက် တစ်စုံတစ်ရာကို အတွေးနက်နေသည်။
ဒန်ဘီကတော့ အနားယူနေသော သူ့သမီးကို ပုခုံးပေါ်တင်ထားသည်။ သူ့သမီးသည် ဒန်ဘီနှင့် မခွဲချင်နေပေ။ “အိမ်မှာ လိမ်လိမ်မာမာနေနော်.. ဒီနေရာက အလုံခြုံဆုံးပဲ.. ဒီမှာနေပြီး အဖေ့ကို စောင့်နေခဲ့နော်” ဒန်ဘီက နူးညံ့စွာ ပြောရင်း သူ့သမီး၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
ရှောင်ဟွာကတော့ ဒန်ဘီကို ခေါင်းဖြင့် တိုးဝှေ့လိုက်ပြီး မကျေမနပ် အသံလေးများ ထွက်ပေါ်နေသည်။
“မဆိုးပါနဲ့ကွယ်” ဒန်ဘီသည် ဆူနေသလို ဖြစ်နေသော်လည အသံကတော့ နူးညံ့နေသည်။
ရှောင်ဟွာသည် အိမ်က သူ့အတွက် အလုံခြုံဆုံး ဆိုသော်လည်း သူ့အဖေကို မခွဲချင်ပေ။ မည်မျှပင် လုံခြုံပါေး သူ့အဖေ မရှိရင်တော့ အထီးကျန်နယ်မြေသာ ဖြစ်နေမည်ပင်။
ဒန်ဘီသည်လည်း မသွားချင်ရှာပါပေ။ သူသည် အနက်ရောင်မြူခိုးကမ္ဘာသို့ သွားရမည့် ခရီးမှာ မတိုလှမှန်း ကောင်းကောင်း သိထားသည်။ ထို့ကြောင့် အတန်ကြာ စဉ်းစားလိုက်ပြီးနောက် ဒန်ဘီသည် ရှောင်ဟွာကိုပါ အတူခေါ်လာရန် ကောင်းဖန်ကို တောင်းဆိုလိုက်သည်။
ရှောင်ဟွာကတော့ ဒန်ဘီ၏ လည်ပင်းကို သိုင်းဖက်ရင်း ၀မ်းသာမျက်ရည်များ ကျနေတော့သည်။
ကောင်းဖန်ကတော့ စိတ်မသက်သာစွာ သက်ပြင်းချလိုက်ရင်း ရှောင်ဟွာ၏ ခေါင်းကို ပွတ်ပေးလိုက်ကာ “ဟုတ်ပါပြီ” ဟု ပြောလိုက်သည်။
လေ့ကျင့်မှုများ အတော်လုပ်ပြီးနောက် အစင်းလေးသည် သူ၀တ်ဆင်ထားသော မြေသားသံချပ်ကာကြီးကို အတော်ခွာနိုင်ခဲ့ပြီ ဖြစ်သည်။ သူ့အရွယ်အစားကလည်း အတော်သေးသွားသည်။
သူသည် ပေ ၂၃၀ မှ ၁၃၀ ထိ လျော့ကျသွားပြီ ဖြစ်သည်။ “ငါဘယ်လို အရပ်ပုသွားတာပါလိမ့်” အစင်းလေးသည် ထူးဆန်းစွာဖြင့် သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။
သူ့ဘေးတွင် ရှိနေသော အလင်းလှိုင်းကတော့ အစင်းလေးကို မျက်လုံး အဝိုင်းသားနှင့် ကြည့်လိုက်ပြီးနောက် ကျောခိုင်းလိုက်သည်။
သူတို့သည် ဝိဉာဉ်ဖောင်ထဲ ၀င်လိုက်ကြသည်။ ကောင်းဖန်သည် ထိုညတွင် ကမ္ဘာမှ ထွက်ပြီး အနက်ရောင်မြူခိုးကမ္ဘာထဲ၀င်ရောက်ဖို့ ပြင်ဆင်ထားသည်။
အစင်းလေး၏ ကိုယ်ကြီးသည် ထင်သာမြင်သာ ရှိလွန်းလှသည်။ သူတို့သည် ညဘက်တွင် ထွက်ခွာကြခြင်း ဖြစ်သော်လည်း သတင်းထောက်များက အနံ့ရသွားကြလေရာ နောက်တစ်နေ့တွင် အင်တာနက်ပေါ်၌ သတင်းများ ပလူပျံနေတော့သည်။
“သူကဘာလို့ ညဘက်ကြီးကျမှ ထွက်ခွာတာလဲ”
“အမည်မသိ သားရဲလေ့ကျင့်သူတစ်ယောက်က ညလယ်ခေါင်ကြီး ထွက်သွားခဲ့တယ်.. သူက နေ့အလင်းရောင်ကို ကြောက်တာလား”
“ဘယ်သူက အင်အားအကြီးဆုံး သားရဲလေ့ကျင့်သူ ဖြစ်မလဲ”
***
သားရဲလေ့ကျင့်သူ
အခန်း ၄၉၉ အရိုးထောင်ကြာဖြူ
ကောင်းဖန်သည် ထိုသတင်းများနှင့် မှတ်ချက်များကို မြင်နိုင်မည်တော့ မဟုတ်ပေ။ သူသည် မြင်ရလျှင်တောင် ဘာအနှောင့်အယှက်မှ ဖြစ်မည် မဟုတ်ပေ။
အချို့သူများကတော့ ရေပန်းစားနိုင်သည့် သတင်းများကို တင်ကာ လူများ၏ အာရုံစိုက်မှုကို ခံရအောင် လုပ်တတ်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ အွန်လိုင်းတွင် ကြည့်ရှုနှုန်းများရန်သာ ဖြစ်သည်။ ထို့ကြောင့်လည်း အလွန်အကြူး ရေးတင်လေ့ ရှိကြသည်။
အစင်းလေးသည် ဝိဉာဉ်ဖောင်ကို ဖြတ်ပြီး အဖော်မဲ့ ၀င်္ကဘာထဲ ရောက်သွားသောအခါ ထူးဆန်းသော စွမ်းအင်တစ်ခုက သူ့ကို ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။ ကောင်းဖန်လှည့်ကြည့်လိုက်သောအခါ အစင်းလေး၏ အမြင့်သည် တစ်၀က်တိတိ လျော့ကျသွားသည်ကို မြင်လိုက်ရသည်။
သူ၏ အမြင့်သည် ၆၅ ပေ တိတိဖြစ်ပြီး ပိုလည်း မပို လျော့လည်း မလျော့ပေ။ သူတို့ဘေးတွင် ရှိနေသော နံရံများနှင့် အမြင့် အတူတူပင် ဖြစ်သည်။ ကောင်းဖန်သည် အစင်းလေးရုတ်ချည်း သေးသွားသည်ကို ကြည့်ပြီး ကြက်သီးများပင် ထသွားသည်။
“ကောင်းဖန်.. ငါအဆင်ပြေပါတယ်.. နည်းနည်း အသက်ရှုကျပ်တာပဲ ရှိတာ” အစင်းလေးက ပြောလိုက်သည်။
ဒါဆို အရပ်ရှည်တာက အသက်ရှုတာကို ထိခိုက်နိုင်တာပေါ့.. အလင်းလှိုင်းသည် ထိုသို့တွေးပြီး စိတ်သက်သာရာ ရသွားသည်။ ငါအရပ်မရှည်လို့ တော်သေးတာပေါ့..
ခြင်္သေ့ဖြူလည်း ထိတ်လန့်သွားသည်။ သူသည် ထိုအခြင်းအရာကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သားရဲအများစုတွင် ၆၅ ပေထက်ကျော်သော သားရဲက သိပ်မရှိပေ။ ၆၅ ပေအောက်သာ အများဆုံး ရှိကြပြီး ထိုထက်မြင့်တာက ရှားသည်။
“မင်းက ၀င်္ကဘာရဲ့ ပိုင်ရှင်မဟုတ်ဘူးလား.. ကြည့်ရတာတော့ မင်းက အတုထင်တယ်” ကောင်းဖန်က စနောက်လိုက်သည်။
“ငါက ၀င်္ကဘာကို လုပ်ခဲ့တာ မဟုတ်ဘူးလေ.. ငါမရှိခင်ကတည်းက ရှိနေတဲ့ ဥစ္စာ” အစင်းလေးကလည်း ခွန်းတုံ့ပြန်လိုက်သည်။
ကောင်းဖန်သည် အစင်းလေးကို ဦးဆောင်လိုက်ကာ ၀င်္ကဘာထဲသို့ ၀င်ပြီး ထွက်ပေါက်ဆီသို့ သွားလိုက်သည်။ သူတို့ ၀င်္ကဘာထဲမှ ထွက်လိုက်သော အခါတွင်တော့ အစင်းလေးသည် ပုံမှန်အရွယ်အစားကို စပရိန်တစ်ခုလို ချက်ချင်း ပြန်ရောက်သွားသည်။
“အခုဘယ်သွားမှာလဲ” ထိုကဲ့သို့ မေးလိုက်ပြီးနောက် ရုတ်တရတ် လေထုထဲတွင် ဒြပ်စင်လှိုင်းများ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ သိပ်သည်းသော သေခြင်းတရား၏ လေထုသည် မီးခိုးရောင် မြစ်တစ်စင်းလို ဖြစ်လာကာ သူတို့ဆီ လှိုင်းတစ်ခုလို ရွေ့လာသည်။
“အရမ်းမကပ်နဲ့” ကောင်းဖန်က အခြားသော ကိုယ်ပိုင်သားရဲများကို ဒန်ဘီနှင့် ဝေးဝေးနေရန် အမိန့်ပေးလိုက်သည်။
ဒန်ဘီသည် အခြားသူများ၏ ထူးဆန်းသော တုံ့ပြန်မှုကို ခံစားလိုက်ရပြီးနောက် ရှောင်ဟွာကို ဂိုဒီ၏ ပုခုံးပေါ်သို့ တင်လိုက်သည်။ ရှောင်ဟွာကတော့ ဂိုဒီ၏ လည်ပင်းကို ကိုအားလား ၀က်ဝံလေးကို သိုင်းဖက်ထားရင်း ဂိုဒီ၏ ခေါင်းပြောင်ပြောင်ကြီးကို ကြည့်နေသည်။
နေရောင်အောက်တွင် ဂိုဒီ၏ ခေါင်းသည် အရောင်တောက်သော ဆီတစ်မျိုးနှင့် လိမ်းထားသလို ဖြစ်နေကာ ကြီးမားသော မီးသီးကြီးနှင့်လည်း တူနေသည်။
ဒန်ဘီသည် လက်သီးကို ဆုပ်လိုက်ပြီး ခေါင်းကို၀ပ်လိုက်သည်။ သူ့ကိုယ်ကို ၀န်းရံထားသော သေခြင်းတရား အငွေ့အသက်သည် မုန်တိုင်းအဖြစ်သို့ပင် ကူးပြောင်းနေပြီ ဖြစ်သည်။ မီးခိုးရောင် မုန်တိုင်းသည် အလွန်မြန်သော အရှိန်နှုန်းဖြင့် လည်ပတ်နေသည်။ ထိုမုန်တိုင်းနှင့် ထိခိုက်မိသော အပင်များသည် ချက်ချင်း ကျိုးပဲ့ကုန်ကြသည်။
မိုင် ၅၀၀ အကွာတွင်တော့ တောင်ကြားချောက် တစ်ခု ရှိသည်။ ထိုတောင်ကြားသည် အနီရောင် ရှိပြီး အနီရောင် မြေကြီးများက တစ်ဖက် တစ်ချက်စီတွင် မတ်စောက်သော ဆင်ခြေလျှောများအဖြစ် တည်ရှိနေသည်။ အဝေးမှ ကြည့်လျှင် မြေကြီးသည် သွေးရောင်လွှမ်းနေသလို ဖြစ်နေသည်။
တောင်ကြားအလယ်တွင် ရေကန်တစ်ခုရှိပြီး ရေကန် မျက်နှာပြင်သည် မှန်တစ်ချပ်နှင့်တူနေသည်။ ရေကန်ဘေးတွင် ကြီးမားသော အနက်ရောင် စပါးကြီး မြွေကြီး ရှိနေပြီး သူ၏ ကိုယ်အပေါ်ပိုင်းက ရေကန်ဘေးတွင် ထွက်နေကာ နေပူစာလှုံနေသည်။ အောက်ပိုင်းကတော့ ရေကန်ထဲတွင် စိမ်ထားသည်။
အနက်ရောင်မြူခိုးကမ္ဘာ၏ ကောင်းကင်တစ်ခွင်လုံးသည် နီရဲနေသည်။ သွေးနီရောင် နေအလင်းတန်းသည် မြွေကြီး၏ အကြေးခွံများပေါ်ကို စလိုက်မီးလို ထိုးထားသည်။
ထိုအချိန်တွင် မြွေကြီးသည် တစ်ချက် အနံ့ခံသလို နှာခေါင်းရှူံ့လိုက်သည်။ သူ၏ ပိတ်ထားသော မျက်လုံးများသည် ပွင့်လာပြီး အရှေ့ဘက်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူသည် သားရဲတစ်ကောင်ကောင်က ဧကရာဇ်အဆင့်သို့ တိုးမြင့်သွားသည်ကို အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
သူ့မျက်လုံးထဲတွင် အမုန်းတရား အငွေ့အသက်များ ပျံ့နှံ့လာသည်။ ငါ့လက်အောက်ကနေတောင် အာခံရုန်းထွက်ဝံ့တဲ့သူ ရှိသေးတယ်ပေါ့.. ငါဒီနေ့အတွက် အစားကောင်းတော့ စားရချည့်သေးရဲ့..
မြွေကြီးသည် သူ၏ ကြီးမားသော ပါးစပ်ကြီးကို ဟလိုက်ပြီး လျှာကြီးထွက်လာကာ နှုတ်ခမ်းတစ်ချက် သပ်လိုက်သည်။
သူလှုပ်ရှားလိုက်သောအခါ ကျယ်လောင်သော အသံကြီးများ ထွက်လာပြီး မြေကြီးတွင် နက်ရှိုင်းသော စွတ်ကြောင်းရာကြီးများ ထင်သွားသည်။
ငရဲသစ်ပင်မှ ထွက်ခွာလာသော ဖုတ်ကောင် ၂၃ ကောင်သည် သေခြင်းတရား မုန်တိုင်း၏ အစွန်းတွင် မြဲမြံစွာ နေနေကြပြီး သေခြင်းတရား အငွေ့အသက်များတွင် သူတို့ ခန္ဓာကိုယ်တွင် စီးဆင်းနေကြသည်။
သေခြင်းတရားလေထုသည် သားရဲ အများစုကို ထိခိုက်စေနိုင်သည်။ သို့သော် ဖုတ်ကောင်များအတွက်တော့ ထိုလေထုသည် အာဟာရပြည့်၀သော အရာဖြစ်သည်။
ထို့အပြင် ဒန်ဘီ၏ အဆင့်မြှင့်မှုမှ ထွက်ပေါ်လာသော မုန်တိုင်း ဖြစ်သောကြောင့် သူတို့အတွက် ပို၍ပင် အဆင်ပြေသေးသည်။
“အင်အားကြီးတဲ့ သားရဲတစ်ကောင်လာနေတယ်” ခြင်္သေ့ဖြူက အနောက်ဘက်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ကြီးမားသော အနက်ရောင် အရိပ်ကြီးသည် သူတို့ဆီသို့ မရပ်မနား ချဉ်းကပ်လာနေသည်။ အရိပ်ကြီးနီးလာသောအခါ ကောင်းဖန်သည် မြွေကြီးမှန်း သိလိုက်သည်။ ကြီးမားသော အကောင်ကြီး ဖြစ်သောကြောင့် ကောင်းဖန်သည် အနည်းငယ်တော့ တုန်လှုပ်မိသည်။
[သားရဲအမည်] - မီးတောက်နက် ကျောက်စပါးကြီးမြွေ
[သားရဲအဆင့်] - အဆင့် ၆၄
[သားရဲစွမ်းရည်] - သာမာန်
[သားရဲအမျိုးအစား] - ကျောက်/ မီးတောက်
[သားရဲအားနည်းချက်] - ရေ
[သားရဲစွမ်းအင်] - မှော်ကျောက်ကြေးခွံ အဆင့် ၅၊ သန်မာသော ကြွက်သား အဆင့် ၅၊ မြေစွမ်းအင် အဆင့် ၃၊ ချွန်ထက်သော အစွယ် အဆင့် ၂၊ မီးဒြပ်စင်ခံနိုင်ရည် အဆင့် ၃၊ မြေဒြပ်စင် ခံနိုင်ရည် အဆင့် ၃
[သားရဲဖော်ပြချက်] - မီးတောက်နက် ကျောက်စပါးကြီးမြွေသည် အရွယ်ရောက်ပြီးနောက် ဘုရင်အဆင့်သို့ ရောက်သွားနိုင်သည်။ အချို့သော လက်ရွေးစင်များကတော့ အရွယ်ရောက်ပြီးနောက် ဧကရာဇ်အဆင့်သို့ ရောက်နိုင်သည်။ သူတို့သည် သဘာ၀အရ လောဘကြီးသော သားရဲများ ဖြစ်သည်။
သူ့ကိုယ်ကြသည် ရထားတစ်စင်းထက်ပင် ကြီးလှသည်။ သူသည် အဆင့်မြင့်သွားသော ဒန်ဘီဆီသို့ တရှိန်ထိုး လာလိုက်သည်။
သူ့ဘေးတွင် ရှိနေသော ကောင်းဖန်တို့ကိုတော့ အဖက်ပင် မလုပ်ပေ။ သူတို့သည် အခုမှ ဘုရင်အဆင့်သို့ ရောက်လာကြသော ပုရွက်ဆိတ်များ သာသာပင် ဖြစ်သောကြောင့် မြွေကြီးသည် အချိန်မရွေးစားနိုင်မည် ဖြစ်သည်။
သူသည် လောလောလတ်လတ် အဆင့်မြှင့်ထားပြီးသော သားရဲကိုသာ စားချင်နေသည်။ မြွေကြီး၏ မျက်လုံးထဲတွင် လောဘများနှင့် ပြည့်နှက်နေသည်။ သူသည် သူ့သားကောင်၏ ကာကွယ်ရေးစနစ်က လက်ရှိအချိန်တွင် အားအနည်းဆုံး ဖြစ်သည်ကို သိထားသည်။
ဖုတ်ကောင်များသည် သူ့အကြိုက်တော့ မဟုတ်ပေ။ ပိန်ပါးပြီးအရိုးများဖြငိ့ ပြည့်နေသောကြောင့် စားလို့ မကောင်းခြင်းကြောင့် ဖြစ်သည်။ သို့သော် သူသည် ဆာလောင်နေပြီ ဖြစ်သောကြောင့် စိတ်ထဲမထားတော့ ပါချေ။
အရိုးကို ဖြည့်စွက်စာလို့ပဲ သဘောထားလိုက်တာပေါ့..
သေခြင်းတရား မုန်တိုင်းမှ ကြက်သီးထဖွယ် စွမ်းအင်များထွက်နေသောကြောင့် သားရဲများအားလုံး ကြောက်လန့်နေကြသည်။
မုန်တိုင်းထဲမှ ဝေဝေဝါးဝါး သဏ္ဍာန်တစ်ခုထွက်လာသည်။ ထိုအရာကို သားရဲများသည် ဘာမှန်း သေချာမမြင်နိုင်ကြချေ။
ထိုအခိုက်တွင် ဒန်ဘီသည် မြွေကြီးခေါင်းပေါ်သို့ ရုတ်တရတ် ဆင်းသက်လိုက်ပြီး သူ့လက် ၅ ချောင်းကို မြွေကြီး ခေါင်းပေါ်စိုက်ချလိုက်သည်။ “အရိုးထောင်ကြာဖြူ”
ဒန်ဘီသည် ထို့နောက် လက်ချောင်းများကို စုစည်းလိုက်သောအခါ မြွေကြီးသည် တစ်ချက်တုန်လှုပ်သွားပြီး သူ့အရိုးများကြားထဲတွင် တစ်စုံတစ်ခု တိုးနေသလို ခံစားလိုက်ရသည်။ သူသည် သူ့ကိုယ်ထဲတွင် လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရပြီး သူထိန်းချုပ်၍လည်း မရ ဖြစ်နေသည်။
သူ့သည် ထူးဆန်းသည့် အတွေးတစ်ခုကိုလည်း တွေးမိနေသည်။ သူ့ကိုယ်ထဲမှ အရိုးများသည် သူ၏ ကျောရိုးထဲတွင်သာ ရှိပြီး အကုန်လုံးက တွဲဆက် အရွတ်များနှင့်သာ ဖွဲ့စည်းထားသောကြောင့် ကံကောင်းသည် ဆိုသည့် အတွေးဖြစ်သည်။
သို့သောိ ခဏတွင်းချင်းမှာပင် သူ့၀မ်းဗိုက်သည် အလွန်နာကျင်လာပြီး သူ့ကိုယ်အောက်မှ မြေကြီးထဲမှ တစ်စုံတစ်ရာက သူ့ကိုယ်ကို ဖောက်ထွင်းပြီး ထွက်လာနေသည်ဟု ခံစားနေရသည်။
နောက်ဆုံးတွင်တော့ သူသည် ဘာတွေ ဖြစ်နေလဲ သိသွားသည်။ သူသည် မြေကြီးကို စိုက်ကြည့်လိုက်သောအခါ ချွန်ထက်သောအရိုးများက မြေကြီး အက်ကွဲကြောင်းများမှ ထွက်လာနေသည်ကို တွေ့လိုက်ရသည်။ မတူညီသော အမြင့်ရှိသည့် အရိုးများသည် တစ်ခုနှင့် တစ်ခု နီးကပ်စွာ ထွက်ပေါ်နေကြပြ ကျပမ်း ထွက်လာနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာတစ်ခုလုံးတွင် အရိုးများဖြင့် ပြည့်သွားသည်။
မြွေကြီးသည် ၀မ်းဗိုက်ပိုင်းမှ နာကျင်မှုကို တောက်လျှောက်ခံစားနေရသည်။ သူသည် လှုပ်ရှားဖို့ ကြိုးစားသော်လည်း အရိုးများက သူ့ကို မြေကြီးနှင့် သံမှိုလို ထိုးဖောက်ထားသည်။
ဒန်ဘီသည် မြွေကြီး၏ ခေါင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ အရိုးများသည် မြွေကြီးအောက်တွင် ပေ ၃၃၀၀ လောက်ကို ပြန့်ပြီး ထွက်ပေါ်နေသည်။ အပေါ်စီးမှ ကြည့်ပါက ကြီးမားသော အဖြူရောင် အရိုးကြာပွင့်ကြီး မြေကြီးပေါ်တွင် ပွင့်နေသလို မြင်နေရသည်။
မြွေကြီးဘေးတွင် အဖြူရောင် အရိုးကြာပွင့်ကြီးက ၀န်းရံထားသည်။ ထို့နောက် ရုတ်တရတ် ကြာပွင့်ကြီး၏ ပွင့်ဖတ်အရိုးများသည် အတွင်းဘက်သို့ ပိတ်သွားကြသည်။
အရိုးများပေါ်တွင် လတ်ဆတ်သော သွေးများဖြင့် ပြည့်နှက်နေသည်။ သွေးစက်များသည် မြေပြင်ပေါ်သို့ တစ်စက်စက် ကျနေသည်။ အဖြူရောင်နှင့် အနှရောင်များရောနေသော မြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းစွာ လှပနေသည်။
ဂိုဒီသည် ပါးစပ်အဟောင်းသားဖြင့် မျက်လုံးပြူးနေသည်။ ထိုအချိန်တွင် ဂိုဒီ၏ လည်ပင်းတွင် တွဲလောင်းခိုနေသော ရှောင်ဟွာက လျှောဆင်းလိုက်သည်။ ထို့ကြောင့် ဂိုဒီသည် ရှောင်ဟွာကို ချက်ချင်းပင် တင်းကြပ်စွာ ပြေးဖက်ထားလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၀၀ ၀င်္ကဘာ၏ ဆန်းကြယ်မှု
ဂိုဒီသည် ဒန်ဘီထံသို့ ဖနောင့်နှင့်တင်ပါး တစ်သားတည်း ကျအောင် ပြေးသွားသည်။ သူသည် နမ်ကျူးခေါင်းပေါ်မှ လိမ္မော်သီး ၂ လုံးကိုပင် ခူးယူကာ လက်ထဲတွင်ကိုင်ကာ အနွေးဓာတ် ပေးထားလိုက်သေးသည်။
ဒန်ဘီသည် မြွေကြီးခေါင်းပေါ်မှ ခုန်ချလိုက်သည်။ အရိုးကြာပွင့်များသည် နေရာတိုင်းတွင် ဖြန့်ကျက်နေကြသည်။ ဒန်ဘီသည် ဂိုဒီကျောပေါ်မှ ရှောင်ဟွာကို ချီယူလိုက်ပြီး လိမ္မော်သီးများကို ယူလိုက်သည်။ ထို့နောက် လိမ္မော်သီးကို ဂရုတစိုက် အခွံခွာကာ သူ့သမီးကို ပေးလိုက်သည်။
ဂိုဒီသည် ဒန်ဘီနောက်တွင် ရစ်သီ ရစ်သီ လုပ်နေသည်။ သူသည် ခဏစဉ်းစားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး ဒန်ဘီ.. ခုနက အရမ်းမိုက်တာပဲ.. ငါ့ကိုလည်း အဲဒီအစွမ်းတွေကို သင်ပေးပါ”
ဒန်ဘီကတော့ တစ်ချက်ပြုံးပြီး ပြောလိုက်သည်။ “ဟုတ်ပါပြီ.. မင်းစိတ်ပါတဲ့ အချိန်သာလာခဲ့”
“တော်စမ်းပါ ကတုံးကောင်ရာ.. မင်းဘယ်လိုမှ သင်လို့ရမှာ မဟုတ်ပါဘူး” ဖလိန်မီက ခပ်ငေါ့ငေါ့ ပြောလိုက်သည်။ သူတို့သည် ဒန်ဘီနှင့် သိတာ ကြာပြီဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါးပင် ပြောနေကြသည်။
ဂိုဒီက ခေါင်းကို ခါရမ်းပြီး စိတ်ဆုံးဖြတ်ထားပုံဖြင့် ပြောလိုက်သည်။ “ကြိုးစားရင် ဘယ်လိုဘဲမဆို ဘဲရာ၀င်နိုင်မယ်.. ငါသာ သေချာကြိုးစားရင် တတ်သွားမှာသေချာတယ်.. ငါက အစ်ကိုကြီး ဒန်ဘီရဲ့ ၁၀၀ ရာခိုင်နှုန်းကို မမှီရင်တောင်မှ ၇၀ ၈၀ ရာခိုင်နှုန်းလောက် မှီရင်တောင် ဒီအနက်ရောင် မြူခိုးကမ္ဘာထဲမှာ အသက်ရှင်နိုင်မှာပဲ”
ဖလိန်မီက သူ့စကားများကို ကြားပြီး ရူးချင်ချင် ဖြစ်သွားသည်။ အပြောပဲ ကြီးနေတဲ့ သောက်ပေါပါလား.. မင်းလို ငပေါမျိုးကို ဘယ်သူကများ ကြိုက်ချင်မလဲ သိချင်လိုက်တာ..
ကောင်းဖန်သည် အဖော်မဲ့ ၀င်္ကဘာထဲသို့ ပြန်သွားပြီး သူဧကရာဇ်အဆင့်သားရဲ တစ်ကောင်ကို သတ်ပြီးကြောင်း သတင်းပေးကို သူ့အဖိုးအား ပြန်ပြောခိုင်းလိုက်သည်။ ထိုမှသာ တောင်ပိုင်းကောင်းကင် အနေဖြင့် စီးပွားရေးလမ်းကြောင်းတွင် ကြီးမားသော အကျိုးအမြတ်များ ရနိုင်မည် မဟုတ်ပါလား။
ကောင်းဖန်သည် ၀င်္ကဘာထဲမှ ထွက်ပြီးနောက် သူ၏ ကိုယ်ပိုင်သားရဲများအားလုံးကို ခေါ်သွားခဲ့သည်။ သူသည် ကြီးမားသော ကိုယ်လုံးကြီးကြောင့် လှုပ်ရှားရတာ နှေးကွေးသော အစင်းလေးကိုပင် ခေါ်သွားလိုက်သေးသည်။
အစင်းလေးသည် အနက်ရောင်မြူခိုးကမ္ဘာကို ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။ အစင်းလေးသည် ထိုနေရာကို မရင်းနှီးသေးသော်လည်း အလွန်ပင် ပျော်ရွှင်နေသည်။ “ဒါဆို ဒါက သခင် လာလေ့ရှိတဲ့ အနက်ရောင် မြူခိုးကမ္ဘာပေါ့”
“သခင်..ဘယ်လမ်းကို သွားကြမလဲ.. မြောက်ဘက်လား တောင်ဘက်လား” ခြင်္သေ့ဖြူက မေးလိုက်သည်။
ကောင်းဖန်က စဉ်းစားလိုက်သည်။ မြောက်ဘက်ကို သွားလျှင် အနက်ရောင်မီးငှက် တောင်တန်းရှိပြီး ဧကရာဇ်အဆင့် သားရဲတစ်ကောင်ရှိသည်။ သူတို့သည် ထိုနေရာကိုသွားပြီး ထိုသားရဲကို သတ်ပြီးလျှင်တောင်မှ သိပ်ပြီး အသုံး၀င်တာ ရစရာ မရှိချေ။
ဒန်ဘီသည် ဧကရာဇ်အဆင့်သို့ တက်ထားပြီး ဖြစ်ရာ ဘုရင်အဆင့်နှင့် မတူတော့ပဲ အရှင်သခင် အဆင့်ဖြစ်ဖို့ တဆင့်သာလိုတော့သည်။ ကျားတစ်ကောင်သည် သူ၏ နယ်မြေတွင် သားကောင်ငယ်များကို အမဲလိုက်ခွင့်ရသောကြောင့် အခြားသော ၀က်ဝံများ၊ ဝံပုလွေများအတွက် စားကျက်မြေမရှိတော့သည့် သဘောမျိူးနှင့် ဆင်တူသည်။
အနောက်ဘက်တွင်တော့ လူကာဆာ အခြေစိုက်မြို့ရှိသည်။ သို့သော် အနက်ရောင် မြူခိုးများနှင့် ပြည့်နှက်နေသော နေရာများကို ဖြတ်သန်းသွားရမည် ဖြစ်သည်။ ကောင်းဖန်သည် ဒီကမ္ဘာ၏ ဆန်းကြယ်မှုများကိုတော့ စိန်မခေါ်ရဲပါချေ။
အရှေ့ဘက်တွင်တော့ ပင်လယ်ကြီးရှိပြီး ကျွန်းများစွာလည်း ရှိသည်။ ကောင်းဖန်တွင် ရေထဲတွင် တိုက်ခိုက်နိုင်သော ကိုယ်ပိုင်သားရဲများ မရှိသောကြောင့် ဘယ်သွားရမှန်း မသိဖြစ်နေသည်။
ကောင်းဖန်သည် သေချာစဉ်းစားပြီးနောက် တောင်ပိုင်းကိုသွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် တောင်ပိုင်းတွင် ၀င်္ကဘာများစွာ ရှိသည်ဟု ကြားထားပြီး တောင်ပိုင်းဒေသ၏ အင်အားအကြီးဆုံး သားရဲများသည် ထိုဝင်္ကဘာများထဲတွင် ရှိသည်ဟု သိထားသည်။
မြွေအသေကောင်ကြီးကို ဒန်ဘီ၏ သိုလှောင်ခန်းထဲ ထည့်ပြီးနောက် ကောင်းဖန်သည် အစင်းလေး၏ ကျောပေါ်သို့ တက်ကာ ခရီးရှည်ကြီးကို စတင်လိုက်သည်။ ကောင်းဖန်သည် ထိုခရီးမည်မျှ ကြာမည်ကိုပင် မခန့်မှန်း တတ်ချေ။ သူသည် ကြိုတင်ပြင်ဆင်မှုများ လုံလောက်အောင် လုပ်ထားပြီး၊ များပြားလှသော ဟင်းခတ် အမွှေးအကြိုင်များ နေ့စဉ်အသုံးအဆောင်များကို ယူဆောင်လာပြီး ဖြစ်သည်။ သူသည် စားစရာများကိုတော့ မယူလာချေ။ မြွေကြီးကပင် သူတို့အတွက် အချိန်အတိုင်းအတာ တစ်ခုထိ လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မည်ပင်။
ခြင်္သေ့ဖြူက လေထဲမှ ရေခိုးရေငွေ့များကို ရေခဲအဖြစ် ပြောင်းနိုင်သည်။ ဖလိန်မီက ရေခဲကို ရေအဖြစ် အရည်ပျော်အောင် လုပ်ပေးနိုင်သောကြောင့် သောက်ရေအတွက်လည်း မပူရချေ။
သူတို့ တောင်ဘက်ကို ၆ မိုင်ခန့်လမ်းလျှောက်နေရင်း လမ်းတစ်လျှောက် မြင်တွေ့ရသော မြေပြန့်များသည် အပင်များ ဖြစ်ထွန်းစိုက်ပျိုးနိုင်ပုံ မရပေ။ ထိုမြေများတွင် သားရဲများကိုလည်း မတွေ့ရသလောက် ဖြစ်သည်။ အာဟာရပြည့်စုံပုံမရသော ဝါကျင်ကျင် မြက်ပင်အချို့သာ ထိုမြေကြီးတွင် ခေါင်းမာစွာ ပေါက်ရောက်နေကြသည်။ ပျင်းရိနေသော ဂိုဒီသည် ထိုမြက်ပင်များကို လမ်းသွားရင်း လိုက်နှုတ်နေသည်။
၃ ပေမြင့်သော အပင်အချို့ကတော့ ဓားသွားမြက်ပင်များနှင့်တူပြီး အမြစ်များက မြေကြီးထဲတွင် ၂၆ ပေလောက်စွဲနေကြသည်။ ထိုအမြစ်များသည် လက်မလောက်သာ ထူပြီး ရေဓာတ်ငတ်ပြတ်နေကြပုံတော့ ရသည်။
သူတို့သည် တောင်ဘက်ကို ၁၈ မိုင်လောက် လျှောက်လိုက်ပြီးနောက်မှ သားရဲ အချို့နှင့် စတွေ့တော့သည်။ ထိုသားရဲများသည် လူပုံစံကိုယ်ရှိကာ တိရိစ္ဆာန်ခေါင်းရှိသော အနီရောင်သားရဲများ ဖြစ်ကြသည်။ သူတို့ ကျောများသည် ခုံးနေကြပြီး ရှည်လျားသော အနီရောင်ဆံပင်များ ရှိကာ အစိမ်းရင့်ရောင် မျက်လုံးများက စူးစမ်းသလို ကြည့်နေကြသည်။
သူတို့ထဲမှ တစ်ကောင်ကတော့ ဆာလောင်နေပုံရသည်။ သူသည် မြေကြီးတွင် တစ်ခုခုကို ကုန်းရှာနေသည်။ ထို့နောက် မြက်ပင်တစ်ပင်ကို အမြစ်များပါအောင် နှုတ်လိုက်ပြီး ပါးစပ်ထဲကို လိပ်ကာသွင်းလိုက်သည်။ သူ့မျက်နှာသည် ရှုံ့မဲ့နေသောကြောင့် အရသာတော့ ကောင်းပုံမရချေ။
ကောင်းဖန်သတိထားမိလိုက်သည်နှင့် သူတို့ကလည်း လွင်တီးခေါင်ပြင်ပေါ်တွင် ကောင်းဖန်တို့အုပ်စုကို ပြန်သတိထားမိလိုက်သည်။ သူတို့သည် ချက်ချင်းပင် ဦးတည်ချက်အစုံသို့ ထွက်ပြေးသွားကြသည်။
သူတို့သည် အကောင်ရေ ၃၀ ကျော်လောက်ရှိပြီး အုပ်စုငယ် ၁၀ ခုလောက်ခွဲကာ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ ကောင်းဖန်သည် သူတို့နောက်ကို အော်ဟစ် ပြေးလိုက်နေသော ဂိုဒီကို တားလိုက်သည်။ သူတို့သည် အလွန်ကောင်းစွမ်းရည်လောက်ရှိသော သားရဲများသာ ဖြစ်သောကြောင့် သိပ်ပြီး စိတ်၀င်စားစရာ မကောင်းပေ။
လမ်းတစ်လျှောက်တွင် ကောင်းဖန်သည် မြက်ခင်းပြင် မီးခိုးတိမ် ဝံပုလွေများ၊ ရွှေရောင်သိမ်းငှက်များ၊ သွေးဆာကျွဲရိုင်းများစသည့် သားရဲများကို တွေ့ခဲ့ရသည်။ ထိုသားရဲများသည် အများအားဖြင့် အုပ်စုလိုက်သာ နေလေ့ရှိကြသည်။ ကောင်းဖန်သည် တစ်ကောင်တည်း သီးခြားနေသော သားရဲများကို မတွေ့မိပေ။.
အဆင့်နိမ့်သော သားရဲအများစုသည် မြက်များကိုသာ စားကြသည်။ ကောင်းဖန်သည် ဝံပုလွေများ၊ ခြင်္သေ့လိုသားရဲများစသည်တို့ကို မြက်များစားနေသည်ကို တွေ့လိုက်ရသည်။ သူသည် ခြင်္သေ့ခေါင်းရှိသော သိမ်းငှက်တစ်ကောင် ကောင်းကင်တွင် ပျံသန်းနေသည်ကိုလည်း တွေ့လိုက်ရသည်။
သူတို့အားလုံးသည် အသက်ရှင်ရပ်တည်ဖို့အတွက် အစုံစားသတ္တဝါများ ဖြစ်လာကြသည်ပင်။ သူတို့သည် မြက်များကိုသာ စားသုံးကြသောကြောင့် ကောင်းဖန်သည် ထိုသားရဲများ၏ အရသာကိုပင် မြည်းစမ်းကြည့်ချင်သွားသည်။
“ကောင်းဖန်.. ငါတို့ မိုင် ၁၂၀၀ ကျော်လောက် သွားနေခဲ့ပြီနော်” ခြင်္သေ့ဖြူက သူ့လက်သည်းများကို လျက်ကာ ပြောလိုက်သည်။
“စိတ်ရှည်စမ်းပါ.. မကြာခင်တော့ တစ်ခုခု တွေ့ရမှာပေါ့.. မိုးကြိုးနက်သိမ်းငှက် အရိုးစုက ငါတို့ရှေ့ကနေ အရင်ဦးဆောင် ထွက်သွားခဲ့တာပဲ.. ၀င်္ကဘာတွေနဲ့ နီးလာပြီဆိုရင် သူပြန်လာတာကို တွေ့ရပါလိမ့်မယ်” ကောင်းဖန်က ခြင်္သေ့ဖြူကို နှစ်သိမ့်လိုက်သည်။
ညဘက်တွင် အနက်ရောင်မြူခိုးကမ္ဘာ၏ ကောင်းကင်သည် အပြာရင့်ရောင် ဖြစ်နေသည်။ ထိုညကောင်းငင်တွင် တောက်ပသော လ ၂ စင်းရှိနေသည်။ ထို လ ၂ စင်း၏ အလင်းရောင်သည် အနက်ရောင် မြူခိုးကမ္ဘာကို ဖြန့်ကျက်ထားပြီး ကောင်းကင်၏ မျက်လုံးကြီး ၂ လုံးလို ဖြစ်နေသည်။
အနက်ရောင် သဏ္ဍာန်တစ်ခုသည် ကောင်းကင်တွင် ပျံသန်းပြီးနောက် ကောင်းဖန်နားကို ချဉ်းကပ်လိုက်ပြီး ကောင်းဖန်ရှေ့တွင် ဆင်းသက်လိုက်သည်။ ထို့နောက် ထိုအရာသည် ဒန်ဘီထံ တစ်စုံတစ်ခုကို သတင်းပို့လိုက်သည်။
မကြာမီ ဒန်ဘီက ခေါင်းလှည့်လာပြီး ကောင်းဖန်ကို ပြောလိုက်သည်။ “သခင်.. ကျွန်တော်တို့ရှေ့မှာ ၀င်္ကဘာ ၃ ခု ရှိနေတယ်.. ၂ ခုက ကျောက်သားနဲ့ လုပ်ထားပြီး နောက်တစ်ခုက တောက်ပတဲ့ နံရံတွေနဲ့ အနီရောင်ရှိတဲ့ ၀င်္ကဘာတဲ့”
“ထူးခြားတဲ့ ၀င်္ကဘာလား..” ကောင်းဖန်သည် အနည်းငယ် စိတ်၀င်စားသွားသည်။
“ငါကတော့ အဲဒီထူးခြား ၀င်္ကဘာကို မသွားစေချင်ဘူး.. ထူးခြား၀င်္ကဘာက သားရဲတွေက အရမ်းအင်အားကြီးကြတယ်” ခြင်္သေ့ဖြူက ဖြတ်ပြောလိုက်သည်။
“ဒါဆို ဘာလို့ တောင်ပိုင်းက ၀င်္ကဘာတွေဆီလာဖို့ အကြံပေးခဲ့တာလဲ” ကောင်းဖန်က ခြင်္သေ့ဖြူကို သိချင်စွာဖြင့် ပြန်မေးလိုက်သည်။
ခြင်္သေ့ဖြူက စိတ်မသက်မသာဖြင့် ပြန်ပြုံးပြရင်း ပြောလိုက်သည်။ “နင်ဘာကို ဆိုလိုချင်တာလဲ”
“မင်း အဖြေကို သိပြီးသားပါ.. ငါလည်း အဲဒီသားရဲတွေကဘာလို့ ၀င်္ကဘာတွေအတွက် တိုက်ခိုက်နေကြတာလဲဆိုတာ သိချင်တယ်.. မင်းမေ့သွားတာလား”
“ငါမမေ့ပါဘူး.. ငါကတော့ ငါ့အတွက် အကျိုးအမြတ် မရှိရင် ဘာမှမလုပ်ချင်ဘူး.. အဓိက အကြောင်းရင်းကတော့ ၀င်္ကဘာထဲမှာဆိုရင် ငါတို့ရဲ့ ကြီးထွားနှုန်းတွေက ပုံမှန်ထက် ပိုမြန်တတ်လို့ပဲ.. ဥပမာ ငါက အရွယ်ရောက်ပြီး ခြင်္သေ့တစ်ကောင် ဖြစ်လာဖို့ အချိန် နှစ် ၁၀၀ ယူရမယ်ဆိုပါတော့.. ၀င်္ကဘာထဲမှာ ဆိုရင်တော့ အနှစ် ၅၀ ပဲ ကြာလိမ့်မယ်..
ပြီးတော့ အဲဒီ၀င်္ကပါတွေထဲက တချို့က သဘာ၀အားဖြင့် ငါတို့ကြီးထွားမှုအတွက် အကူအညီဖြစ်စေတဲ့ အရာတွေကို ပေးစွမ်းတယ်.. ငါတို့ရဲ့ စွမ်းအင်တွေကို နိုးထအောင်လုပ်တာ၊ သန့်စင်တာတွေအတွက် အရမ်းအကျိုးရှိစေတာမျိုးပေါ့” ခြင်္သေ့ဖြူက ရှင်းပြလိုက်သည်။