အခန်း (၅၀၁-၅၀၄)
Vol. 32 Ch. 501-504
အခန်း ၅၀၁ ဝင်္ကဘာ၏ အသားနီဝက်လူသား
“သဘောပေါက်ပြီ” ကောင်းဖန်က တစ်ခုခုကို တွေးမိဟန်ဖြင့် ပြောလိုက်သည်။ သူသည် သားရဲများ၏ သွေးကို သန့်စင်ပြီး နိုးထအောင်လုပ်ဖို့ နည်းလမ်းရှိသည်ဆိုတာကို ယုံကြည်ရခက်ခဲနေသည်။ သို့သော် သူသည် ထိုအခြင်းအရာကို ကြုံတွေ့ထားပြီး ဖြစ်နေသည်။
တာ့ဇီသာ ထိုအကြောင်းကို သိပါက သေချာပေါက် လိုချင်မည်ဖြစ်သည်။ ဒီလောဘကြီးတဲ့ကောင်လေး.. ကောင်းဖန်သည် တာ့ဇီအကြောင်းတွေးမိရင်း ပြုံးမိသွားသည်။
သူသည် တာ့ဇီဘယ်မှာရှိနေလည်း မသိပါချေ။ တာ့ဇီနှင့် သွေးစာချုပ်က ချိတ်ဆက်နေသေးခြင်းကြောင့်သာ သူအသက်ရှင်နေသေးတာကို သိတော့သည်။ တာ့ဇီသည် ပျာကလပ်စိန်ဖြစ်သော်လည်း ချစ်စရာကောင်းသည်ဆိုတာကိုတော့ ကောင်းဖန်ဝန်ခံရပေမည်။
ကောင်းဖန်သည် လက်တွေ့ကို ပြန်စဉ်းစားလိုက်သည်။ ကောင်းဖန်သည် ထိုမျှလောက်ထူးခြားသော အရာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။ သားရဲများ၏ အဆင့်မြင့်တင်မှု လမ်းကြောင်းတွင်လည်း ထိုအကြောင်းအရာကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထိုအရာသည် သားရဲအဆင့်မြှင့်တင်မှုများအတွက် ရှည်ရှည်ဝေးဝေး လိုက်ရှာနေစရာမလိုပဲ ဖြတ်လမ်းနည်းတစ်ခုလည်း ဖြစ်နိုင်လေသည်။
ကောင်းဖန်သည် သူ၏ စွမ်းရည်ကိုတော့ တစ်ခါမှ မှားသည်ဟု သံသယ မဝင်မိချေ။
သားရဲတိုင်းတွင် ကိုယ်ပိုင်အသက်ဓာတ်များရှိကြပြီး ကိုယ်ပိုင်အရည်အချင်းများလည်း ရှိကြသည်။ ရေနဂါးသည်ပင် သူ၏ အဆင့်မြှင့်တင်ဖို့ ဖြတ်လမ်းနည်းတစ်ခုရှိပါက ချက်ချင်း အဆင့်တက်နိုင်လောက်သည်။ သို့သော် ထိုနည်းလမ်းသည် လွယ်လွယ်တော့ ရလိမ့်မည်မဟုတ်ချေ။
ကောင်းဖန်သည် စမ်းသပ်မှုများမှ တဆင့်အဖြေရှာပြီးနောက် ဘယ်လူသား ဘယ်သားရဲမှ ကံကောင်းပြီး မွေးဖွားမလာနိုင်ကြောင်း သိလိုက်ရသည်။
ခြင်္သေ့ဖြူပြောသောပစ္စည်းသည် ပုံတူပွားမရနိုင်သော ပစ္စည်းဖြစ်နိုင်သည်။
ကောင်းဖန်သည် စတင်စိတ်လှုပ်ရှားနိုင်သည်။ “မင်းပြောတဲ့ ပစ္စည်းတွေကို ဝင်္ကဘာတိုင်းမှာ ရှာလို့ရနိုင်လား”
“မရနိုင်ဘူး.. ရှားပါးထူးခြားတဲ့ ဝင်္ကဘာတွေထဲက တစ်ခုလောက်မှာပဲ ရှာတွေ့နိုင်တယ်.. သာမာန် ကျောက်ဝင်္ကဘာတွေမှာလည်း ကံကောင်းရင်တော့ ရှိနိုင်ပါတယ်” ခြင်္သေ့ဖြူက ပြန်ဖြေလိုက်သည်။
“သေချာလား.. မင်းရောစားဖူးလား” ကောင်းဖန်က မေးလိုက်သည်။
ခြင်္သေ့ဖြူက ခေါင်းညိမ့်လိုက်သည်။ “အင်း တစ်ခါတော့ စားဖူးတယ်.. နင်ငါ့ကို ပထမဆုံးတွေ့ခဲ့တဲ့ ဝင်္ကဘာမှာတုန်းကလေ.. အဲဒီတုန်းကငါ သာမာန် ဝင်္ကဘာတွေထဲမှာလည်း ရှိနိုင်တာပဲ ဆိုတာကို သိခဲ့ရတာပေါ့”
ဒါကြောင့် ဒီကောင်က စွမ်းရည်အရမ်း မြင့်နေခဲ့တာကိုး.. ကောင်းဖန်သည် ရုတ်တရတ် တစ်ခုကိုတွေးမိလိုက်သည်။ “အဲဒီ ထူးခြားဝင်္ကဘာတွေထဲမှာ ရှိတတ်တဲ့ သားရဲတွေက ပျမ်းမျှအားဖြင့် ဘယ်အဆင့်မှာရှိကြလဲ”
“အနည်းဆုံးတော့ အရှင်သခင် အဆင့်ပဲ” ခြင်္သေဖြူက မရေရာသော လေသံဖြင့် ဖြေလိုက်သည်။ “ဒါပေမယ့် သာမာန်ဝင်္ကဘာတွေမှာရှိကြတဲ့ သားရဲတွေကတော့ တစ်ကောင်နဲ့ တစ်ကောင် မတူကြဘူး.. သူတို့ထဲမှာ အနိမ့်ဆုံးကတော့ ဘုရင်အဆင့်ပေါ့.. နည်းနည်းအင်အားပိုကြီးတဲ့ကောင်တွေကတော့ ဧကရာဇ်အဆင့်လောက်ပေါ့”
ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ ဒါဆိုရင်တော့ ငါထူးခြားဝင်္ကပါတွေကို နည်းနည်း လေ့လာဖို့ လိုသေးတယ်.. အရင်ဆုံး သာမာန်ဝင်္ကဘာတွေနဲ့ စလိုက်တာပေါ့..
ကောင်းဖန်သည် စိတ်ဆုံးဖြတ်ပြီးနောက် အိပ်ယာဝင်ဖို့ ပြင်လိုက်သည်။ သူ့သားရဲများကိုတော့ စောင့်ကြည့်ခိုင်းထားလိုက်သည်။
နောက်တစ်နေ့တွင် သူ၏ကိုယ်ပိုင်သားရဲများနှင့်အတူ ခရီးဆက်လိုက်သည်။ သူတို့နှင့် အနီးဆုံး ဝင်္ကပါသည် မိုင် ၆၀၀ ဝန်းကျင်တွင် ရှိပြီး အရှေ့တောင်ဘက်တွင် ရှိသည်။ ထိုဝင်္ကဘာသည် တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိပြီး အညိုရောင်ကျောက်များနှင့် တည်ဆောက်ထားကာ ကြည့်လို့ကောင်းလှသည်။
သူသည် ထိုဝင်္ကပါတွင် မည်သည့်သားရဲက သူ့ကို စောင့်နေမလဲ မသိချေ။ ကောင်းဖန်သည် အထဲသို့ မဝင်ခင် အနီးအနားမှ သားရဲတစ်ကောင်ကို ဖမ်းပြီး သတင်းနှိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူဖမ်းမိလိုက်သော သားရဲသည် ဝံပုလွေအရေခြုံ ကြက်တူရွေးဟု ခေါ်သော အဝါရောင် အမွှေးအတောင်များရှိသည့် ကြက်တူရွေးတစ်ကောင် ဖြစ်သည်။
ထိုကြက်တူရွေးသည် အလင်းလှိုင်း၏ဖမ်းဆီးမှုကို မခံရခင်က လေထဲတွင်ပျံသန်းကာ သူတို့ကို ချောင်းနေခြင်း ဖြစ်သည်။
[သားရဲအမည်] - ဝံပုလွေအရေခြုံ ကြက်တူရွေး
[သားရဲအဆင့်] - အဆင့် ၃၁ (ကွန်မန်ဒါအဆင့်)
[သားရဲအမျိုးအစား] - သစ်သား
[သားရဲစွမ်းအင်] - အလွန်ကောင်း
[သားရဲစွမ်းအင်] - ကောင်းမွန်သောအကြားစွမ်းရည် အဆင့် ၁
[သားရဲဖော်ပြချက်] - အနက်ရောင်မြူခိုုးကမ္ဘာ၏ မြောက်ပိုင်းလွင်ပြင်များတွင် နေသော သားရဲ ဖြစ်ပြီး သတ္တိကြောင်သော်လည်း ပါးနပ်သော သားရဲဖြစ်သည်။ အခြားသော သားရဲများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရတာ ကြိုက်ပြီး ရေကိုတော့ မုန်းသည်။
ကြက်တူရွေးသည် သူ့ကိုဝိုင်းထားသူများကို အကဲခတ်နေသည်။ ကြက်တူရွေးသည် သူ့ကိုယ်သူ သနားစရာအသွင်ဖမ်းလိုက်ကာ အတောင်ပံများကို ဖြန့်လျက် ကောင်းဖန်ကို ကို့ယို့ကားယား ကပြလိုက်သည်။ သူသည် ထိုသို့ ကပြပါက လွှတ်ပေးကြမည်ဟု ထင်နေပုံပင်။
ကောင်းဖန်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဒန်ဘီအား ကြက်တူရွေး၏ စိတ်ဝိဉာဉ်နှင့် ချိတ်ဆက်ခိုင်းလိုက်သည်။ ထိုစွမ်းအင်သည် ဒန်ဘီ၏ ဝိဉာဉ်အစွမ်းကို အဆင့် ၅ အထိ မြှင့်ပြီးနောက် ရရှိလာသည့် စွမ်းအင်သစ်ဖြစ်သည်။ ထို့အပြင် သူသည် ဧကရာဇ်အဆင့်ထိ ရောက်ထားသောကြောင့် နောက်ထပ်စွမ်းအင်တစ်ခု ဖြစ်သည့် အရိုးဆန်းကြယ်မှုဆိုသည့် စွမ်းအင်လည်း ထပ်ရထားသည်။ ထိုစွမ်းအင်သည် စရကတည်း အဆင့် ၅ အထိ မြှင့်ထားပြီး ဖြစ်သည်။
ဒန်ဘီ၏ စွမ်းအင်သစ်သည် မရဏစွမ်းအင်၏ ယင်အရိုးစုကို တိုးမြှင့်ပေးနိုင်ပြီး တိုက်ပွဲများတွင် အားသာချက်ရစေသည်။
“အဲဒီဝင်္ကဘာမှာ ဘယ်လိုသားရဲအမျိုးအစားတွေနေလဲ? ကောင်းဖန်က ကြက်တူရွေးကို မေးလိုက်သည်။
ကြက်တူရွေးက တစ်ချက်စဉ်းစားလိုက်ပြီးနောက် “ဝက်တွေ အများကြီးနေတယ်” ဟု ပြောလိုက်သည်။
ခဏတာ မေးမြန်းပြီးနောက် ကောင်ဖန်သည် ထိုတောင်ကုန်းထိပ်မှ ဝင်္ကဘာတွင် အနီရောင်အရေပြားရှိသည့် ဝက်မျိုးနွယ်များနေထိုင်ကြောင်း သိလိုက်ရသည်။ ထိုဝက်များသည် လူများလို ခြေ ၂ ချောင်းနှင့် လမ်းလျှောက်ပြီး ချက်ပြုတ်တာတွေ အဝတ်ချုပ်တာတွေလည်း လုပ်တတ်ကြသည်ဟု သိရသည်။
ကြက်တူရွေးသည် ထိုဝက် ၂ ကောင်ကို ဝင်္ကဘာထဲမှ ထွက်လာသည်ကို တစ်ခါမြင်ဖူးသည်။ ထိုဝက်များသည် ကြက်တူရွေးပေါက် ၇ ကောင်နှင့် အခြားသားရဲအချို့ကို စွတ်ပြုတ်လုပ်သောက်ဖို့ ပြင်ဆင်နေခဲ့ကြတာ ဖြစ်သည်။
သူတို့သည် စွပ်ပြုတ်လုပ်သောက်ပြီးသောအခါ အကြွင်းအကျန်များကို တောင်ကုန်းအောက်သို့ ပစ်ချလိုက်ကြသည်ဟု ဆို၏။
“မင်းက အဲဒါတွေအားလုံးကို ဘယ်လိုလုပ်သိတာလဲ“
“စွပ်ပြုတ်ကိုတစ်ဇွန်းပဲ သောက်ခဲ့ရလို့ပေါ့” နောက်ဆုံးတော့ ကြက်တူရွေးကို လွှတ်ပေးလိုက်ကြပြီး ကောင်းဖန်တို့ကတော့ ဝင်္ကဘာဝင်ပေါက်ဆီ သွားလိုက်ကြသည်။
အဖော်မဲ့ဝင်္ကဘာနှင့် မတူစွာပင် ထိုဝင်္ကဘာတွင် ဝင်ပေါက်တစ်ခုသာရှိသည်။ ထိုဝင်္ကဘာ၏ နံရံများကတော့ အဖော်မဲ့ဝင်္ကဘာထက် ၃ ပေလောက် ပိုမြင့်သည်။
ကြီးမားသော ကြေးတံခါးကြီးက အဓိကဝင်ပေါက်ကြီးတွင် ရှိနေသည်။ တံခါးပေါ်တွင် အပေါက်သေးသေးလေးများသာ ရှိသောကြောင့် ကောင်းဖန်သည် ဘာမှမမြင်ရပေ။ ဂိုဒီသည် အပေါက်လေးများကို ခဏချောင်းလိုက်ပြီးနောက် တံခါးကိုတွန်းဖွင့်လိုက်သည်။ သူသည် အားပင်သိပ်မသုံးလိုက်ရပဲ ဖြေးညင်းစွာ ပွင့်သွားသည်။
ဝင်္ကဘာထဲတွင် ကောင်းဖန်သည် ငါးပြတိုက်ကြီးလို ကြီးမားသော ဒယ်အိုးကြီးကို ထောင့်တစ်ခုတွင် တွေ့လိုက်ရသည်။ နောက်ထပ်ထောင့်တစ်ခုတွင်တော့ သေသပ်စွာ ဖြတ်ထားသော သစ်သားချောင်းများကို တွေ့လိုက်ရကာ နွယ်ကြိုးများနှင့် စည်းနှောင်ထားသည်။
ကောင်းဖန်သည် ထိုနေရာကို ဒန်ဘီနှင့် အလင်းလှိုင်းတို့ကိုသာ ခေါ်ပြီးဝင်သွားလိုက်သည်။ အစင်းလေးက အရမ်းကြီးလွန်းသောကြောင့် ဖြစ်သည်။
လွန်ခဲ့သော ၂ ရက်က အလင်းလှိုင်းသည် ဘုရင်အဆင့်သို့ ရောက်ရှိသွားပြီး အဆင့် ၅၁ ကို တက်သွားခဲ့သည်။ သူ၏ အလုံးစုံစွမ်းအင်များလည်း တိုးမြင့်သွားခဲ့သည်။
တံခါးနောက်တွင် သားရဲအလောင်းအချို့ကို တွေ့လိုက်ရပြီး သူတို့၏ ဦးခေါင်းများကို ကြေးတံခါးကြီးတွင် သံမှိုများနှင့် ချိတ်ထားသည်။ သူတို့၏ ခေါင်းများသည် ကြေးတံခါး၏ အပေါက်ငယ်များနှင့် ကွက်တိချိတ်ထားသလို ဖြစ်နေသည်။
ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဝက်လူသားများကို နည်းနည်း မူမမှန်ဘူးလို့ ခံစားနေရသည်။ ထိုဝက်များသည် ဉာဏ်ရည်မြင့်ပုံရသည်။ သူတို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိပြီး၊ သတ္တုကိရိယာများလည်း လုပ်တတ်ကြပုံပေါ်သည်။ ထို့အပြင် ချက်ပြုတ်တာကိုလည်း သိကြသည်။
ကောင်းဖန်သည် ထူးခြားသော အငွေ့အသက်များရနေသည်။
ဒန်ဘီသည် တံခါးတွင် ချိတ်ထားသော အလောင်းများဆီသို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဖုတ်ကောင်လို အသက်ပြန်ဝင်လာသော အလောင်း ၅ ကောင်သည် တံခါးမှ သူတို့ ဦးခေါင်းများကို ဖြုတ်ယူလိုက်ကြသည်။ ထို့နောက် ဒန်ဘီဆီသို့ ဒယီးဒယိုင်လျှောက်လာကြသည်။
အသားစများကတော့ သူတို့ ခြေလှမ်းလှမ်းလိုက်တိုင်းတွင် အောက်ကို ပဲ့ကျနေကြသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၀၂ အသားနီ မျှော်လင့်ချက် ၀က်နတ်ဆိုးများ
ထိုဖုတ်ကောင်များသည် ဒယီးဒယိုင်ဖြင့် လမ်းလျှောက်နေကြကာ လက်များက ပုခုံးများဆီမှ ပြုတ်ထွက်လုနီးနီး ဖြစ်နေပြီး ပါးစပ်များကလည်း ပုံစံပျက်နေကြသည်။
သူတို့ထဲမှ ထိပ်ဆုံးက ဖုတ်ကောင်သည် ထောင့်တစ်ခုဆီသို့ ချိုးလိုက်သောအခါ ထိုထောင့်မှ လေပြင်းတစ်ခု တိုက်သွားပြီး ထိုဖုတ်ကောင်၏ ခေါင်းသည် တိတိရိရိ ပြုတ်ထွက် ပေါက်ကွဲသွားသည်။
ထို့နောက် အသားပြည့်လှသော ၀က်ခြေထောက် တစ်ခု ပေါ်လာကာ ထိုဖုတ်ကောင်၏ ပုခုံးကို သူ၏ လက်သည်းဖြင့် ထိုးယူဆွဲခေါ်သွားတော့သည်။ ကောင်းဖန်သည် ထိုအခြင်းအရာကို ကြည့်ပြီး ၀က်ခြေထောက်ကင်ကိုတောင် သတိရသွားသည်။
ဒုတိယဖုတ်ကောင်ကလည်း ပထမကောင်နောက်သို့ လိုက်နေခြင်း ဖြစ်လေရာ သူသည်လည်း ထောင့်ချိုးသို့ ရောက်ရောက်ချင်းပင် ခေါင်းပြုတ်ထွက်သွားပြီး ဆွဲခေါ်ခံလိုက်ရပြန်သည်။
ကောင်းဖန်နှင့် ဒန်ဘီသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် တတိယဖုတ်ကောင်က ဆက်သွားပြန်ပြီး ဒီတစ်ကြိန်တွင်တော့ အဖြူရောင်ဓားသွားသားရဲက နောက်ကလိုက်သွားသည်။ သူသည် သေးသေးလေး ဖြစ်သောကြောင့် ဖုတ်ကောင်နောက်က ကပ်လိုက်သွားလျှင် ဘယ်သူမှ မမြင်နိုင်ပေ။
ထိုစဉ် ရုတ်တရတ် ကောင်းဖန်နောက်စေ့ကို တစ်စုံတစ်ခုက လာပုတ်သည်။ သူခေါင်းလှည့်ကြည့်လိုက်သောအခါ ကြီးမားသော ဂျယ်လီငါးကြီးက သူ့ခေါင်းနောက်တွင် ဝဲပျံနေသည်။ ဆီလီသည် သေတ္တာထဲမှ အချိုရည်တစ်ဘူးကို ထုတ်ယူလိုက်ပြီး ကောင်းဖန်နားကို တိုးတိုးကပ်ပြောလိုက်သည်။ “ကောင်းဖန် နင်တို့ ဘာလုပ်နေကြတာလဲ”
ကောင်းဖန်သည် သူ့ပါးစပ်နားသို့ လက်ညိုးဖြင့် ပိတ်လိုက်ပြီး တိုးတိုးနေရန် ပြောလိုက်သည်။ ဆီလီသည် အချိုရည်ဘူးလေးကို တင်းတင်းဖက်ထားလိုက်ပြီး တိတ်တိတ်လေး နေလိုက်ကာ ကောင်းဖန်တို့နှင့်အတူ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်လိုက်သည်။.
ထိုစဉ် ဖုတ်ကောင်ခေါင်းက ဖြုတ်ခံရပြန်သည်။ ထိုအခါ ဖုတ်ကောင်နောက်တွင် ရှိနေသော အဖြူရောင်ဓားသွားသားရဲ ထွက်လာကာ ထောင့်တစ်ခုတွင် ချက်ချင်း ပျောက်သွားသည်။ ထို့နောက် ကြောက်လန့်တကြား စူးစူးဝါးဝါး အော်ဟစ်သံများထွက်ပေါ်လာသည်။
ဒန်ဘီသည် ထိုထောင့်ချိုးကို လျှောက်သွားလိုက်ပြီး ကောင်းဖန်က နောက်ကနေ ကပ်လိုက်လာသည်။ သူတို့ ချိုးကွေ့လိုက်သောအခါ အသားနီ ၀က်လူသားများ သွေးအလိမ်းလိမ့်ဖြင့် လဲကျနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် တစ်ကောင်နှင့်တစ်ကောင် အရွယ်အစားခြင်း မတူပဲ အချို့က အတော်ကြီးကြသည်။ သူတို့ ကိုယ်များပေါ်တွင် သားရဲအရေခွံများ ခြုံထားကြပြီး နွယ်ကြိုးများနှင့် စည်းပတ်ထားသည်။
ထို၀က်လူသားများသည် မြေပေါ်တွင် လဲကျနေကြရင်း နာကျင်စွာ အော်ဟစ်နေကြသည်။ အချို့ကောင်များကတော့ လေးဖက်ထောက်ကာ ပြေးနေကြသည်။
“ငါတို့တွေက ၀င်္ကဘာထဲမှာ ဆက်လက်ရှာဖွေ လေ့လာကြမှာဆိုတော့ သူတို့ကို တစ်ကောင်မှ အရှင်ထားလို့ မဖြစ်ဘူး” ကောင်းဖန်က ပြောလိုက်သည်။
ဒန်ဘီသည် သူ့ကိုယ်ကို နှိမ့်လိုက်က။ သူ့စွမ်းအင်များကို ထို၀က်လူသားများ၏ ကိုယ်ထဲပစ်လွှတ်လိုက်သည်။ ထိုအခါ ၀က်လူသားများ၏ လည်ပင်းများဆီမှ တဂျွတ်ဂျွတ်ကျိုးကြေသံများ တောက်လျှောက် ထွက်ပေါ်လာပြီး မကြာမီအားလုံး လဲကျသွားကြတော့သည်။
ကောင်းဖန်သည် အနီးကပ်သွားကြည့်လိုက်သောအခါ သူတို့လည်ပင်းရိုးများသည် လိမ်နေကြပြီး တချို့အရိုးများသည် လည်ပင်းမှပင် ဖောက်ထွက်နေကြသည်ကို တွေ့လိုက်ရသည်။ သွေးများက ထိုဒဏ်များဆီမှ စီးကျနေကြသည်။
လေထုထဲတွင် သွေးညှီနံ့များ ပြည့်နေသည်။ ကောင်းဖန်သည် ၀က်လူသားများ၏ အချက်အလက်များကို ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ “ဟုတ်ပြီ.. ငါတို့ လမ်းတစ်လျှောက် သတ်ဖြတ်သွားကြတာပေါ့”
[သားရဲအမည်] - အသားနီ မျှော်လင့်ချက် ၀က်နတ်ဆိုး
[သားရဲအဆင့်] - အဆင့် ၃၈ (ကွန်မန်ဒါအဆင့်)
[သားရဲအမျိုးအစား] - သွေး/ အမှောင်
[သားရဲစွမ်းရည်] - အလွန်ကောင်း
[သားရဲစွမ်းအင်] - သွေးနံ့အဆင့် ၁၊ ခွန်အားအဆင့် ၁
[သားရဲစရိုက်] - ရက်စက်ကြမ်းကြုတ်သော သားရိုင်းများဖြစ်သည်။ သူတို့သည် အရေအတွက်များလေ သန်မာကြလေ ဖြစ်သည်။
သက်ရောက်မှု ၁ - ထိုသားရဲများ ၁၀ ကောင်နှင့်အထက် စုစည်းလိုက်ပါပ တစ်ကောင်ချင်းစီတွင် အဆင့် ၁ သွေးစွမ်းအင် တိုးသွားသည်။ သူတို့အရေအတွက်များတိုးလေ အဆင့် တစ်ခုစီ တိုးလေဖြစ်သည်။ အများဆုံး အဆင့် ၆ အထိ တိုးနိုင်ကြသည်။
သတိပေးချက် - သူတို့အရေအတွက်သည် ၃၂၀ ဖြစ်လာပါက သူတို့၏ သွေးစွမ်းအင်အဆင့်သည် အမြင့်ဆုံးသို့ ရောက်သွားနိုင်သည်။
သက်ရောက်မှု ၂ - ၁၀ ကောင်နှင့်အထက် စုမိသွားလျှင် သန်မာမှုလည်း ပို၍ တိုးလာနိုင်သည်။
[သားရဲဖော်ပြချက်] - ထို၀က်များသည် တစ်ချိန်က လွင်ပြင်များတွင် နေထိုင်ကြသည့် မီးခိုးရောင်၀က်များ ဖြစ်ကြသည်။ ၀င်္ကဘာနတ်ဘုရား ထွက်ပေါ်လာပြီးနောက် သူတို့သည် သွေးဆာလာကြပြီး အရိုင်းဆန်သွားကြခြင်း ဖြစ်သည်။
ကောင်းဖန်သည် ထိုသွေးနံ့စွမ်းအင်အကြောင်း သိထားသည်။ ထိုစွမ်းအင်သည် ရန်သူ၏ သွေးနံ့ကို ရလေ ပိုအားကောင်းနိုင်လေဖြစ်သည်။ သွေးနံ့သည် သူတို့၏ တိုက်ခိုက်မှုစွမ်းရည်များကိုလည်း ကောင်းကောင်းလှုံ့ဆော်ပေးနိုင်သည်။
ထို၀က်များသည် ဖုတ်ကောင်များ၏ သွေးနံ့ကို တုံ့ပြန်မိခဲ့ကြခြင်း ဖြစ်နိုင်သည်။ ကောင်းဖန်၏ သားရဲများကတော့ ထိုစွမ်းအင်မရှိချေ။ ရှိခဲ့လျှင်တောင် သူတို့၏ အနံ့များကို ဖုံးကွယ်နိုင်စွမ်း မရှိကြချေ။
ကောင်းဖန်ကတော့ သားရဲဖော်ပြချက်ထဲတွင်ပါ၀င်သော ၀င်္ကဘာနတ်ဘုရားအကြောင်းကို စိတ်၀င်စားနေမိသည်။ ကောင်းဖန်သည် ပထမဆုံး ကြားဖူးခြင်း ဖြစ်လေသည်။
သူသည် တောင်ပိုင်းဒေသတစ်ခုလုံးတွင် ၀င်္ကဘာများက သာမာန်သာ ဖြန့်ကျက်တည်ရှိနေကြသည်ဟု ထင်ထားခြင်း ဖြစ်သည်။ ထို့နောက် ကောင်းဖန်သည် တစ်ခုခုကို တွေးလိုက်မိသည်။ ၀င်္ကဘာနတ်ဘုရားက ၀င်္ကဘာတွေ အားလုံးကိုများ ဖန်တီးခဲ့တာလား.. ဒီကမ္ဘာမှာ အဲဒီလို နတ်ဘုရား တကယ်ရှိတာလား..
ကောင်းဖန်သည် ထိုအတွေးဖြင့် စိတ်လှုပ်ရှားနေမိသည်။ သူသည် နှုတ်ခမ်းတစ်ချက် သပ်လိုက်သည်။ သူသည် နတ်ဘုရား၏ တည်ရှိမှုကို တစ်ခါမှ မယုံကြည်ခဲ့ချေ။
ဒဏ္ဍာရီတွင် နာမည်ကြီးခဲ့သော နဂါးများမှစ၍ ပိဖန်ငှက်များအထိ သားရဲများသည် ယခုတော့ ကိုယ်ပိုင်သားရဲများ ဖြစ်လာကြသည်။ ကောင်းဖန်သည် ထိုနတ်ဘုရားကို မည်သို့မည်ပုံဖြစ်နေမည်ကို မမှန်းဆနိုင်တော့ချေ။
ထိုနတ်ဘုရားသည် ပိုပြီးအင်အားကြီးသော သားရဲတစ်ကောင်လည်း ဖြစ်နေနိုင်သည်။ ဘယ်သူသိနိုင်မလဲ.. ငါအဲဒီနတ်ဘုရား ၂ ကောင်လောက်ကို ငါ့ကိုယ်ပိုင်သားရဲအဖြစ် လုပ်ရင်လည်း လုပ်နိုင်မှာပဲ.. အဲဒီလိုဆိုရင်တော့ တော်တော်မိုက်မှာ..
ရုတ်တရတ် ချီတက်သံအချို့ကို ၀င်္ကဘာ၏ အတွင်းပိုင်းဆီမှ ကြားလိုက်ရသည်။ နံရံတစ်ခုပေါ်တွင် နေရောင်က တည့်တည့်ထိုးထားရာ ရှည်လျားသော အရိပ်များကို မြင်လိုက်ရသည်။
၀က်နတ်ဆိုးများသည် ရှေ့တူရူ ထောင့်ချိုးဆီမှ ထွက်ပေါ်လာကြသည်။ သူတို့သည် အရေအတွက် များပြားလှပြီး အချို့အကောင်များကို အချင်းချင်းပင် နင်းမိနေကြသည်။ သူတို့သည် ကောင်းဖန်တို့ကို တွေ့သောအခါ ရန်လိုစွာ နှာမှုတ်လိုက်ကြသည်။
ကောင်းဖန်သည် သူတို့၏ ခွာများနေရာတွင် အလင်းကွင်းများရှိနေသည်ကို သတိပြုမိလိုက်သည်။ သူတို့သည် ကြီးမားသော အနားညီတြိဂံကြီးတစ်ခုပုံ ပေါ်လာသည်ထိ တစ်ကောင်နှင့် တစ်ကောင်ထပ်လိုက်ကြသောအခါ ထိုအလင်းကွင်းများကလည်း တစ်ခုနှင့်တစ်ခု ခြေထောက်များနားတွင် ထပ်သွားကြသည်။
ထိုအရာသည် ၀က်လူသားများ၏ သွေးနံ့စွမ်းအင် အငွေ့အသက်ဖြစ်ပြီး ကြီးမားသော အဖျက်စွမ်းအင်ကို ဖန်တီးနိုင်သည်။ တိုက်ခိုက်ခြင်းကို မွေ့လျော်သောသားရဲများနှင့် ထိုစွမ်းအင်က အံကိုက်ဖြစ်သည်။
အဖြူရောင်ဓားသွားသားရဲသည် ဒန်ဘီကို မျက်လုံးထောင့်ကပ်ကာ ကြည့်လိုက်ပြီး ဒန်ဘီသည် အန္တရာယ်ရှိသော အငွေ့အသက်များ ထုတ်လွှတ်နေသည်ကို သတိပြုမိလိုက်သည်။ ဒန်ဘီသည် ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ၀က်နတ်ဆိုးများရှိရာသို့ တစ်ချက် လက်ဖျောက်တီးလိုက်သည်။ ထိုအခါ မြေကြီးဆီမှ များပြားလှသော အရိုးဆူးချွန်များ ထွက်လာတော့သည်။ သို့သော် ၀က်နတ်ဆိုးများဆီမရောက်မီပင် မမြင်ရသော နံရံတစ်ခုက တားဆီးထားသလို ဆက်သွားလို့မရတော့ပဲ ဖြစ်နေသည်။
ဒန်ဘီသည် တစ်ချက် ကြက်သေသေသွားသည်။ သူသည် ပေ ၁၀၀ အကွာတွင်ရှိနေသော ၀က်နတ်ဆိုးများကို အကြောင်သားကြည့်နေမိသည်။
ထို့နောက်သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး သူ့ကိုယ်သူ ယင်ဝိဉာဉ်လွှမ်းမိုးသူအဖြစ် ပြောင်းလိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်သောအခါ ကြီးမားသော ကိုယ်ပျောက်လက်ကြီး ထွက်ပေါ်လာပြီး ဒန်ဘီရှေ့မှ အရာအားလုံးကို ဖယ်ထုတ်ရိုက်ချလိုက်သည်။
ထိုအခါ ၀က်လူသားများ၏ ဝိဉာဉ်များသည် သဲမှုန်များလို လွင့်ပါးသွားကြတော့သည်။
လေသည် စင်္ကြံတစ်လျှောက် တိုက်ခတ်နေသည်။ ၀က်နတ်ဆိုးများအားလုံး မြေကြီးပေါ်သို့ လဲကျသွားကြသည်။ မမြင်ရသော စွမ်းအားတစ်ခုသည် သူတို့ကို လည်ပင်းမှ ချုပ်ထားသလို ဖြစ်နေသောကြောင့် သူတို့သည် ကြာကြာပင် မအော်နိုင်ကြတော့ပေ။ ၀က်နတ်ဆိုးများ ဒီလောက်ကြောက်တတ်ကြလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ..
ဒန်ဘီက အရှေ့တိုးလိုက်ပြီး သူ့ကိုယ်သူ အရိုးစုလွှမ်းမိုးသူ ပုံစံ ပြန်ပြောင်းလိုက်သည်။ ထို့နောက် လဲကျနေသော ၀က်နတ်ဆိုးများကို ကျော်ပြီး ဖြတ်လျှောက်သွားလိုက်သည်။
သူဖြတ်သွားချိန်တွင် ၀က်နတ်ဆိုးများ၏ ဝိဉာဉ်များသည် သူတို့ကိုယ်များထဲမှ အငွေ့ပျံသလို ထွက်ပေါ်လာပြီး ဒန်ဘီ၏ ကိုယ်ထဲ၀င်သွားကြသည်။
ဒန်ဘီ၏ အသံသည် ၀င်္ကဘာထဲတွင် ပဲ့တင်ထပ်နေသ ည်။ “ဒီမှာ ခဏစောင့်ပါ သခင်.. ကျွန်တော် အထဲ၀င်ကြည့်လိုက်ဦးမယ်”
***
သားရဲလေ့ကျင့်သူ
အခန်း ၅၀၃ ကြေးယဇ်ပလ္လင်
ဝက်နတ်ဆိုးနှစ်ကောင်သည် လေထဲသို့ ပျံတက်သွားပြီး မြေပြင်ကို ထိလိုက်တာနှင့် သူတို့၏ အသက်မဲ့သော ခန္ဓာကိုယ်တွေက နံရံနဲ့ မတိုက်မိသွားခင် အထိ အကြိမ်ပေါင်းများစွာ လှိမ့်ထွက်သွားသည်။
သူတို့ရဲ့ တိုက်ခိုက်ရေးသမားများသည် နေရာအနှံ့မှာ လွှဲရမ်းနေသော သန်စွမ်းတဲ့ လက်တစ်စုံ ဖြစ်ကြသည်။ ထောင့်မှ ကြီးမားသော ပုံစံနှင့် ထွက်ပေါ်လာပြီး သူတို့နှင့် အတူ အလွန်ပြင်းထန်သော သွေးညှီနံ့ကိုယူဆောင်လာသည်။ သူ့ရဲ့ အရိပ်က ဒန်ဘီ အပေါ်သို့ ကျလာပြီး အားလုံးကို အမှောင်ထုက ဖုံးလွှမ်းသွားသည်။
ကြီးမားပြီးတုတ်ခိုင်သော လက်မောင်းကို အနီရောင်အရည်ပြားပေါ်တွင် မီးခိုးရောင်အမွှေးအမျှင်များနှင့် ဖုံးအုပ်ထားပြီး ချွေးတွေနှင့် ပြောင်ချောချော ဖြစ်နေပုံပေါ်သည်။ ၎င်း၏ အောက်မေးရိုးမှ လည်ပင်အထိ မုတ်ဆိတ်မွှေးများနှင့် ဖုံးအုပ်ထားပြီး အဖြူရောင်အစွယ်တစ်စုံက မေးရိုးအောက်က ပြူးထွက်နေသည်။
သူ့ရဲ့ အသံက အသက်ရှူလိုက်တိုင်း မိုးချိမ်းသံလို ကျယ်လောင်နေပြီး ခြေလှမ်းလိုက်တိုင်း ကြမ်းပြင်က ကွဲအက်လာသည်။
ဒီအခင်းတွေက ဘာနဲ့လုပ်ထားတာလဲ မသိပေ။ ဝက်နတ်ဆိုးက ချိုင့်ဝင်သွားအောင်လုပ်နိုင်သည်။ သူ့ရှေ့တွင် ပေါ်လာသော ဝက်နတ်ဆိုးကြီးကို မြင်လိုက်ရတာ လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ ကောင်းဖန်က မြေပြင်ပေါ်ကကြမ်းခင်း၏ ခိုင်ခံ့မှုနောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုပြီး နစ်မွန်းနေပုံရသည်။
[သားရဲ အမည်] - သွေးဆာနေသော အနီရောင် ဝက်နတ်ဆိုး
[သားရဲ အဆင့်] - အဆင့် ၅၅ (ဘုရင်အဆင့်)
[သားရဲ စွမ်းရည်] - အလွန်ကောင်း
[သားရဲ စွမ်းအင်] - ကြွက်သားခန္ဓာကိုယ်အဆင့် ၄ ၊,သွေးဆာနေသောတုံပြန်မှု အဆင့်၂၊ ပေါက်ကွဲလွယ်သောဒေါသ အဆင့် ၃၊ သန်မာသော ဝက်အရေပြား အဆင့် ၃၊ ပိုမိုကောင်းမွန်သော ကြာရှည်ခံမှု အဆင့် ၃၊ ပြင်းထန်သော အကြမ်းဖက်မှု အဆင့် ၃
[သားရဲအမျိုးအစား] - သွေး/အမှောင်
[သားရဲ ဖော်ပြချက်] - ရက်စက်ကြမ်းကြုတ်သော စိတ်ထားရှိသော ဝက်နတ်ဆိုးဖြစ်သည်။ မူလတွင် မီးခိုးရောင်အရေခွံရှိသော ဝက်နတ်ဆိုးများ၏ ခေါင်းဆောင်ဖြစ်ပြီး ရှပ်ထွေးပွေလီသော ပညတ်ချက်များ၏ အပိုင်းအစများကို စားသုံးပြီးနောက် မယုံနိုင်လောက်အောင်
ခွန်အားတိုးလာခဲ့သော်လည်း ကံမကောင်းစွာပဲ ဉာဏ်ရည်တိုးတက်မှု မရှိခဲ့ပေ။
ဘုရင်အဆင့် ထူးချွန်သောဝက်နက်ဆိုး တစ်ကောင်ဖြစ်သော်လည်း ကောင်းဖန်၏ အာရုံစိုက်မှုကို ရရှိရန် မထိုက်တန်ပေ။
သို့သော် ရယ်စရာကောင်းသည်မှာ နောက်လာမယ့်တိုက်ပွဲကို အလေးအနက်ထားခြင်ပင်။ ဖျော်ရည်ဘူး ကို ခရီးဆောင် နေရာလွတ်ထဲသို့ ပြန်ထည့်လိုက်ပြီး အခြားတစ်ခုကို ထုတ်ယူလိုက်သည်။ ”ဝိုး ဒန်ဘီက အံသြစရာ.. သူက နေရာအနှံပဲ” သူသည် ဖျော်ရည်ဘူးကို ယူပြီး အများကြီးသောက်ချလိုက်သည်။
ဘုရင်အဆင့်ကို ရောက်တာ မကြာသေးတဲ့ ဒန်ဘီးက ဝက်နတ်ဆိုးကို ခုတ်ဖြတ်လိုက်သောအခါ ချွေးအနည်းငယ်ပင် ထွက်သွားသည်။ ဒါတွေအားလုံးက ဒန်ဘီရဲ့ရိုက်ချက်အနည်းငယ် ဖြစ်ပြီး ဝက်နတ်ဆိုး ကလဲကျသွားသည်။ လိုအပ်တာထက် တိုက်ပွဲအချိန်ပိုကြာသွားရတဲ့ အကြောင်းက ဒန်ဘီအပေါ် မျှော်စင်တင်ထားခြင်းကြောင့်ဖြစ်သည်။
သေသွားတဲ့ ဝက်နတ်ဆိုးက မြေပေါ်မှာလဲနေသည်။ ရိုးရှင်းတဲ့ အဝတ်ဝတ်ဆင်ထားတဲ့ ဝက်နတ်ဆိုးက နည်းနည်း ရည်ရည်မွန်မွန်ရှိတယ်လို့ ယူဆလို့ရသည်။
ဆီလီမျက်ခုံးပင့်လိုက်သည်။ နှစ်ငုံလောက်သောက်ရုံနဲ့ ဖျော်ရည်ဘူးကုန်သွားသည်။ ပြီးတော့သူ့လက်နဲ့ ပါးစပ်ကိုသုတ်လိုက်သည်။
ဆီလီ၏ အတွေးထဲတွင် ဝက်နတ်ဆိုးသေသွားတာကို တက်ကြွပျော်မြူးအားရနေတဲ့ ဒန်ဘီက သူ့ကိုယ်သူ အလွန်ကြီးထွားလာပြီး တစ်နေ့တွင် အလွန်ကြီးမားလာတော့မည်ဟု စိတ်ကူးကြည့်လိုက်သည်။
ထို့နောက် ပုံမှန်အရွယ်အစားရှိသော အစင်းလေးကို ၎င်း၏စက်ကွင်းထဲသို့ အလွယ်တကူ သယ်ဆောင်နိုင်ပြီး လေထဲကိုပင် မြှောက်ပင့် စနောက်လို့ရပြီ.. သူ့လက်ရိုက်ချက်တစ်ချက်က ချိုင့်ဝှမ်းတစ်ခုဖြစ်နိုင်တဲ့ အထိကြီးထွားလာတော့မည်ဟု တွေးမိပြီး ဆီလီ တခစ်ခစ်ရယ်လိုက်သည်။
ဒန်ဘီက ဝက်နတ်ဆိုးကိုပြန်အသက်သွင်းပြီးနောက် ကောင်းဖန်က သူ့ကို ဝင်္ကပါထဲ ပိုနက်ရှိုင်းတဲ့သူ့ရဲ့သားရဲ အဖြစ်ခွင့်ပြုခဲ့သည်။ ဝင်္ကပါရဲ့ပိုနက်တဲ့လမ်းကြောင်းထဲကို လိုက်သွားရတာ လွယ်ကူသည်။
ဝက်နတ်ဆိုးရဲ့ခြေလှမ်းကိုပြန်ခြေရာကောက်ဖို့ပဲလိုသည်။
ဝက်နတ်ဆိုး၏ရနံ့သည် လေထဲမှာကျန်နေသေးသည်။ အလင်းလှိုင်းသည် ခွေးငယ်လေးကဲ့သို့ လေကို အနံ့ခံရှူရှိုက်လိုက်သည်။
ဝင်္ကဘာအတွင်း မရေမတွက်နိုင်သော ထောင့်များကို လှည့်ပတ်ပြီးနောက် နောက်ဆုံးတွင် ၎င်းရဲ့ နှလုံးသားထဲသို့ ရောက်ရှိသွားသည်။ အနည်းဆုံး ဘောလုံးကွင်းလောက် ကြီးတဲ့ အနီရောင်စွန်းထင်းနေသည့် မြေကွက်လပ်တစ်ခုဖြစ်သည်။ လယ်ကွင်းအလယ်တွင် စနစ်တကျမရှိတဲ့ သစ်သားနှင့် ကျောက်တုံးများဖြင့်အကြမ်းထည် ပြုလုပ်ထားသောအိမ်များစွာရှိသည်။
“ရွာ” ၏အစွန်းအနီးတွင် ခြောက်သွေ့နေသော သားရဲအလောင်းများကို ချိတ်ဆွဲထားသည့် သစ်သားစင်တစ်ခုရှိပြီး ဝက်နတ်ဆိုး၏ အစာဖြစ်နိုင်သည်။
ကောင်းဖန်သည် သူ့ပတ်ဝန်းကျင်ကို စေ့စေ့ကြည့်ရှုလေ့လာပြီးနောက် သိပ်မဝေးလှသောနေရာတွင် ကြေးယဇ်ပလ္လင်တစ်ခုရှိတာကို သတိပြုမိလိုက်သည်။ ကျေးလက်နောက်ခံမြင်ကွင်းနဲ့ ကြေးယဇ်ပလ္လင်က မအပ်စပ်ဘူးဟု ခံစားမိသည်။
ထူးဆန်းသော ယဇ်ပလ္လင်သည် ရွာ၏မြောက်ဘက်တံတိုင်းနှင့် ဆန့်ကျင်စွာ ငြိမ်သက်နေသည်။ ဒန်ဘီသည် ၎င်း၏ ဝက်ဖုတ်ကောင် အမြောက်များထဲမှ တစ်ခုကို စုံစမ်းစစ်ဆေးရန် ရှေ့သို့ ပို့လိုက်သည်။
ယဇ်ပလ္လင်အစွန်းကို ဝက်အရိုးစု တက်သွားတဲ့ အခါဘာမှမဖြစ်သွားချေ။ သို့သော် ဘာမှမဖြစ်တာတောင် ကောင်းဖန်က သတိလက်လွတ်မနေဘဲ နောက်ထက် ဝက်အရိုးစု အနည်းငယ်ပို့လိုက်တာတောင် ဘာမှမဖြစ်တော့မှ ထောင်ချောက်မဟုတ်ကြောင်း ယုံကြည်လိုက်သည်။
ကောင်းဖန်သည် ယဇ်ပလ္လင်ပေါ်သို့ လှမ်းတက်ကာ အစွန်းကို လက်ညိုးဖြင့် အသာအယာ ထိလိုက်သည်။ ကြေးယဇ်ပလ္လင်သည် မရေမတွက်နိုင်သော အစွန်းအထင်းများဖြင့် စွန်းထင်းနေပြီး ပုံသဏ္ဍာန်နှင့် အရွယ်အစားအားလုံး၏ အပြန်အလှန်ချိတ်ဆက်နေသော အစိတ်အပိုင်းအားလုံး ၎င်း၏အနားသပ်ပေါ်တွင် ရှိနေသည်။
ယဇ်ပလ္လင်၏မျက်နှာပြင်သည် အထိအတွေ့အထိ ကြမ်းတမ်းသည်ဟု ခံစားရသည်။ ရုတ်တရက် သူ့လက်ချောင်းရှသွားတယ်လို့ ကောင်းဖန် ခံစားလိုက်ရပြီး သူ့လက်ကို အမြန်ပြန်ဆွဲလိုက်သည်။
ကောင်းဖန်ဒေါသထွက်သွားပြီး ဒီပလ္လင်ကသူ့ကို လာကစားနေတာပဲဟု တွေးလိုက်သည်။ ထူးဆန်းတဲ့ဝင်္ကပါထဲမှာ ထူးဆန်းတဲ့ပလ္လင်ကို သတိကြီးပြီး ကြောက်ရွံ့ထိတ်လန့်နေမည့်သူတစ်ယောက်မျှ မရှိပေ။
ဒီပလ္လင်က မကောင်းဘူးဟု ကောင်းဖန်ဆုံးဖြတ်လိုက်သည်။ “ဒန်ဘီ ဖျက်ဆီးပစ်လိုက်”
ရုတ်တရက် တောက်ပတဲ့ အနီရောင်အလင်းတန်း ယဇ်ပလ္လင်မှ ထွက်ပေါ်လာပြီး ထူးဆန်းသော အသံထွက်လာသည်။ ယဇ်ပလ္လင်ပေါ်တွင် မည်းမှောင်ပြီ လှုပ်ရမ်းနေတဲ့ပုံစံတစ်ခု ပေါ်လာသည်။ “ငါ့ကို မဖျက်ဆီးနဲ့.. မင်းဘာပဲလုပ်လုပ် ငါ့ကိုမဖျက်ဆီးပါနဲ့.. မင်းကို ပိုသန်မာလာအောင် ငါကူညီပေးနိုင်တယ်” ဟု စူးစူးရှရှ အသံထွက်ပေါ်လာသည်။
ထူးဆန်းတဲ့ ပြောစကားကိုဂရုမစိုက်ဘဲ အပြောင်းအလဲမရှိတဲ့ မျက်နှာနဲ့ ဒန်ဘီက ယဇ်ပလ္လင်ကို လက်သီးဖြင့်ထိုးလိုက်သည်။ ဒန်ဘီ၏လက်သီးသည် ၎င်းပေါ်သို့ကျရောက်သောအခါ ယဇ်ပလ္လင်သည် ပြင်းထန်စွာတုန်ခါသွားသည်။ သို့သော်လည်း ရှေးယဇ်ပလ္လင်သည် မပျက်မစီး ရှိနေဆဲဖြစ်သည်။
အသနားခံနေတဲ့လူပုလေးမျက်နှာသည် ပျော်ရွှင်စွာ ရယ်မောရင်း ရွှင်မြူးတဲ့ပုံစံချက်ချင်းပြောင်းသွားသည်။ “ဟိုး..ဟိုး..ဟိုး မင်းငါ့ကို ဖျက်စီးလို့မရဘူး အားနည်းလွန်းတယ်”
ဒန်ဘီး၏မျက်နှာအမူအရာသည် မပြောင်းလဲပဲ ပုလ္လင်ရဲ့တစ်နေရာထဲကိုပဲ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ထိုးနေသည်။
လူပုလေးရဲ့မျက်နှာမှားစိုးရိမ်တဲ့အမူအရာပေါ်လာသည်။ “မင်းလက်သီးနဲ့ငါ့ကိုမချိုးဖြတ်နိုင်တာတောင် ထိုးနေတုန်းလား.. အခု မင်းလက်မနာဘူးလား..”
အရင်ကလောက် မငယ်တော့ဘူးလို့ တွေးကြည့်လိုက်တော့ လူပုလေးက ဒန်ဘီ နောက်ထပ် ဘယ်လောက်များများ ထိုးနိုင်အုံးမလဲ ဆိုတာမသိတော့ပေ။
သူသည် သက်ပြင်းချလိုက်ပြီး ညှိနှိုင်းလို့ရလောက်တဲ့ လေသံမျိုးနဲ့ ကောင်းဖန်ကို ပြောလိုက်သည်။ “သားရဲလေ့ကျင့်သူ.. မင်းရဲ့သားရဲကငါ့ကို မချိုးနိုင်ဘူး ဆိုတာမင်းသိသင့်တယ်.. မင်းကစွမ်းဆောင်ရည်ရှိတဲ့လူပဲ.. ငါမင်းကို ငါ့သခင်အသစ်အဖြစ် အသိအမှတ် ပြုမယ်လေ.. အခုတော့မင်းရဲ့သားရဲ ကို ကျေးဇူးပြုပြီးရပ်ခိုင်းလို့ရမလား..”
ကောင်းဖန်က လူပုလေးကိုပြုံးကြည့်လိုက်ပြီး “ကောင်းပြီ ဒါကလွယ်ပါတယ်” ဟု ပြောလိုက်သည်။
လူပုလေးသည် ယဇ်ပလ္လင်၏အစွန်းတွင်ထိုင်ကာ ခေါင်းကို တစ်ဖက်သို့စောင်းပြီး ကောင်းဖန်ကို စိုက်ကြည့်နေသည်။
“မင်းရဲ့ အရည်အချင်းက ဘာလဲ.. မင်းငါ့ကို လှည်ပတ်ပျံသန်းပြနိုင်လား” ကောင်းဖန်မေးခွန်းထုတ်လိုက်သည်။
“ငါ့ရဲ့ အရွယ်ကောင်းတုန်းက သေချာပေါက်ပျံနိုင်တာပေါ့ “လို့မသေချာတဲ့လေသံနဲ့ လူပုလေးကပြေလိုက်သည်။
“အခုရော ဘယ်လိုလဲ”
“ငါ တတ်နိုင်သေးတယ်” လို့ တိုးတိုးလေး ပြောလိုက်သည်။ “ဒါပေမယ့် မင်းရဲ့သားရဲတွေကိုလည်း အားဖြည့်ပေးနိုင်တယ်” ဟု ကောင်းဖန်ကို အာမခံလိုက်သည်။
“ဘယ်လိုနည်းနဲ့လဲ” ကောင်းဖန်က စိတ်ဝင်တစားမေးလိုက်သည်။
“မင်းငါ့ကို အရင်ပေးဖို့လိုတယ်.. ပြီးရင် ငါမင်းလိုချင်တာကို ပြန်ပေးမယ်” ဟု ရှင်းပြလိုက်သည်။
ကောင်းဖန်က တခစ်ခစ်ရယ်ပြီး ကြေးပလ္လင်ကို သုံးစက္ကန့်ကြာအောင် စေ့စေ့ကြည့်လိုက်သည်။
[ပစ္စည်းအမည်] - ယဇ်ပလ္လင်ဖြတ်စက်ကြီး (ပျက်စီးနေ)
[ပစ္စည်းဖော်ပြချက်] - ၎င်းသည် ၎င်း၏အသုံးပြုသူထံမှ ကမ်းလှမ်းမှုကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက်၊ ယဇ်ပလ္လင်သည် ၎င်းကိုချိုးဖျက်ပြီး ၎င်းကိုအသုံးပြုသူ၏ ရည်ရွယ်ထားသော ပစ်မှတ်ကို အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းစိတ်ဖြာပေးမည်ဖြစ်သည်။ (သက်ရှိများအတွက်အလုပ်မလုပ်ပေ၊ ယဇ်ပလ္လင်၏ ပျက်စီးယိုယွင်းနေသော အခြေအနေကြောင့် ၎င်း၏စွမ်းဆောင်ရည်နှင့် အစိတ်အပိုင်းပြုလုပ်နိုင်စွမ်းကို သက်ရာက်မှုရှိနေသည်။)
ပစ္စည်းတွေကို အပိုင်းပိုင်းအစစ လုပ်နိုင်တယ်.. ဆွဲဆောင်မှု ရှိသားပဲ.. အများကြီးတွေးလိုက်ပြီးတဲ့နောက် ကောင်းဖန် အနီးအနားက သစ်သားတစ်ပိုင်းကို ယူပြီး ယဇ်ပလ္လင်ပေါ်မှာ တင်လိုက်သည်။
လူပုလေး အံ့ဩသွားသည်။ “ဒါ မင်းငါ့ကိုပေးတာလား” ကောင်းဖန်နဲ့ အကြည့်ချင်းဆုံသွားတဲ့အခါ ကောင်းဖန်ကအားတက်သရော ပြုံးပြပြီး “ကံကောင်းပါစေ” ဟုဆိုလိုက်သည်။
လူပုလေသည် ကောင်းဖန်၏ မျှော်လင့်နေသောမျက်နှာကိုမြင်ရသောအခါ ဒေါသထွက်စပြုလာသည်။ ကံကောင်းပါစေတဲ့လား သေနာကောင်ရဲ့.. ကျိုးနေတဲ့သစ်သားကို ရွှေအဖြစ်ပြောင်းဖို့ မင်းမျှော်လင့်နေတာလား.. မင်းက မကောင်းဆိုးဝါးလား..
***
သားရဲလေ့ကျင့်သူ
အခန်း ၅၀၄ ယစ်ပလ္လင်၏ စွမ်းအင်
ယဇ်ပလ္လင်ဖြတ်စက်ကြီး၏ထိပ်တွင်ရှိသော လူပုလေးနှင့်တူသော နက်မှောင်သောရုပ်သည် ကောင်းဖန်ကို ကြည့်ပြီး ဒေါသထွက်သွားသည်။ ယဇ်ပလ္လင်ပေါ်ရှိ သစ်သားအပိုင်းအစသည် တဖြည်းဖြည်း မှုန်ဝါးပြီး အရောင်မှိန်လာသည်။ နောက်ဆုံးတွင် ပေါက်ကနဲမြည်ကာ ပျောက်ကွယ်သွားပြီး အဲဒီနေရာမှာ အညိုဖျော့ဖျော့သလင်းကျောက်တစ်ခု ကျန်ရစ်ခဲ့သည်။ ကောင်းဖန် အံ့သြသွားသည်။ လူပုလေးသည် တစ်စုံတစ်ရာကို အမှန်တကယ် ထုတ်ပေးလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် အညိုရောင်သလင်းကျောက်ကို စိုက်ကြည့်နေလိုက်သည်။
[ပစ္စည်းအမည်] - ကြမ်းတမ်းသော သစ်သားပုံဆောင်ခဲ
[ပစ္စည်းအကျိုးသက်ရောက်မှု] - သစ်သားတွင်တွေ့ရလေ့ရှိသော အခြေခံအာဟာရဓာတ်များပါရှိသော ပုံဆောင်ခဲတစ်ခုဖြစ်။ အပင်စားတိရစ္ဆာန် နှင့် အစုံစားသားရဲ အစာကျွေးရန်အတွက် အသုံးပြုနိုင်သည်။
အစားအစာ ပြုပြင်ရေး ကိရိယာတစ်ခုပါလား။ ကောင်းဖန်၏ မျက်လုံးများ တောက်ပလာသည်။ ဒါက မယုံနိုင်စရာပဲ.. အခုတော့ တောထဲမှာ နောက်တစ်ခါ ငတ်နေမှာ စိတ်ပူစရာ မလိုတော့ဘူး..
အရုပ်အသစ်ကို စမ်းကြည့်ချင်တဲ့ ကလေးတစ်ယောက်လို ကောင်းဖန်က သူရှာနိုင်တဲ့ တခြားပစ္စည်းတွေကို ယဇ်ပလ္လင်ပေါ် ချက်ချင်းတင်လိုက်သည်။
အဲဒီအချိန်မှာ လူပုလေးက ဒေါသထွက်သွားသည်။ မင်းငါ့ကိုအဆင့်မြင့်ပစ္စည်းတွေနဲ့စမ်းသပ်ရင်တောင် ငါစိတ်ထဲအများကြီး မထားဘူး ဒါပေမယ့် အခုမင်းက ငါ့ရဲ့ယဇ်ပလ္လင်ပေါ်မှာ မင်းတွေ့ကရာကကောက်လာတဲ့ ကျောက်တုံးတွေ၊ သစ်သားအပိုင်းအစတွေနဲ့ သားရဲအရေခွံတွေကို လာတင်တာတော့ အကျင့်ပုတ်လွန်းတယ်..
ကောင်းဖန်သည် သာရဲအသေကောင်များ၊ သူကိုယ်တိုင်ပြုလုပ်ထားသော ဆေးဖက်ဝင်ပစ္စည်းများနှင့် သတ္တုဓာတ်မျိုးစုံကဲ့သို့သော အရည်အသွေးမြင့်ပစ္စည်းများကို စတင်အသုံးပြုလာသည်။ ကောင်းဖန်သည် ယဇ်ပလ္လင်၏ အဓိက လုပ်ဆောင်မှုမှာ ပစ္စည်းများ သန့်စင်ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။
၎င်းသည် ပစ္စည်းတစ်ခု၏ အနှစ်သာရကို ဖော်ဆောင်ပြီး နောက်မှာ ပြန်လည်ဖန်တီးလုပ်ယူနိုင်သည်။ သို့သော် လေထဲကနေတစ်ခုခုကိုဆွဲယူပြီး မျက်လှည့်ပြတာမျိုးမဟုတ်ပေ။ ဒါကကောင်းဖန်ကနဦးစိတ်ကူးထားခဲ့သော ယဇ်ပလ္လင်အမျိုးအစားမျိုး မဟုတ်ပေ။ ညီမျှသော လဲလှယ်ခြင်းဆိုင်ရာဥပဒေများကို လုံးဝဂရုမစိုက်ဘဲ အသုံးပြုသူအား
၎င်းကိုကမ်းလှမ်းထားသည်ထက်ပိုပေးဆောင်နိုင်သည့် အမျိုးအစားဖြစ်သည်။
ဒါက သက်မဲ့တွေကိုပဲလုပ်ဆောင်ပေးတဲ့ကြားခံနဲ့ပိုတူသည်။ သက်ရှိတွေကိုတော့ လိုချင်ရင်တောင်မှ လုပ်လို့မရပေ။ ၎င်းရဲ့ပျက်စီးနေတဲ့ အခြေအနေက အကျိုးသက်ရောက်မှုကို သိသိသာသာထိခိုက်စေနိုင်သည်။
လူပုလေးက မင်းငါ့ကို အဆင့်မြင့် သားရဲအသေကောင်းကိုယူလာပေးရင် ငါပိုကောင်းအောင်ပြောင်းနိုင်တယ် လို့ ပြောလိုက်သည်။
လုပုလေး၏စကားကိုကြားပြီးနောက် ကောင်းဖန်က ဘေးကိုစောင်းကြည့်ပြီး ဆီလီကို ခပ်တိုးတိုးပြောလိုက်သည်။ အနက်ရောင်မြွေကြီးကိုယူလာခဲ့ပေးပါလား..
ဆီလီက ခေါင်းညိတ်လိုက်ပြီး အနက်ရောင်ကျောက်ငရဲစပါးကြီးမြွေအလောင်းကို သိုလှောင်ခန်း ထဲကထုတ်လိုက်သည်။ စပါးကြီးမြွေက ကြီးလွန်သောကြောင့် ဆီလီ ထုတ်လိုက်တာနဲ့ ဝင်္ကပါအထဲပိုင်းတစ်ခုလုံးပြည့်သွားသည်။
ကြီးမာတဲ့မြွေရဲ့ကိုယ်ထည်က သူတိုရပ်နေတဲ့ နေရာကိုပါ အများကြီးယူထားသည်။
ငါဒါကို မင်းအတွက်ပေးတယ်ဆိုရင် ဘယ်လိုလဲ.. ပလ္လင်က မြွေခေါင်းကိုသာ ကိုင်ထားနိုင်သည်။ ဒါက ဆင်တစ်ကောင်လုံးကို ဒယ်အိုးထဲထည့်ချက်နေသလိုပင်။
ပလ္လင်ပေါ်က လူပုလေးက အနက်ရောင်ကျောက်ငရဲစပါးကြီးမြွေခေါင်းကို ဒီအပေါ်မှာ သူ့အသက်မှီတည်နေသလို ဖက်ထားသည်။ မြွေရဲ့အရိပ်ကပျောက်ကွယ်သွားပြီး လုပုလေးက စောင့်ကြည့်နေလိုက် ဟုပြောလိုက်သည်။
ခဏကြာပြီးနောက် မြွေရဲ့ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်လာရသည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း မှုန်ဝါးလာပြီး ၎င်း၏သွေး၊ အသားနှင့်အရိုးများသည် တဖြည်းဖြည်း ဖောက်ထွင်းမြင်ရလာပြီး နောက်ဆုံးတွင် လေထုထဲမှာ ပျောက်ကွယ်သွားသည်။ အနက်ရောင်မြွေပုံစံသာ ပလ္လင်ပေါ်မှာလွင့်မြောနေကြောင်း ကောင်းဖန်သတိထားမိသည်။ အနည်းဆုံးတော့ လက်မလောက်ထူသောအရာက ပလ္လင်ပေါ်မှာ လှည့်ပတ်သွားလာနေသည်။
ရုတ်တရက် လူပုလေးဗိုက်သည် မွေးခါနီးလူနာကဲ့သို ပူလာသည်။ အတော်ပြည့်သွားပြီ..
ဒါကိုကြည့်ရတာ အချိန်အတော်ယူဦးမှာပဲ.. ထိုအတွေးဖြင့် ညအတွက်ဝင်္ကပါထဲမှာ အနားယူနိုင်ဖို့ အခြားသားရဲတွေကို ခေါ်သွားရန် အဖြူရောင်သံမဏိဓားအားရဲကို ကောင်းဖန်က အမိန်ပေးလိုက်သည်။
ပြဿနာမရှိဘဲ တစ်ညကုန်ဆုံးသွားပြီး နေက်နေ့မနက် အာရုံဦးအချိန်တွင် ကောင်းဖန်သူ့တဲထဲက ထွက်လာသောအခါ ယဇ်ပလ္လင်ဖြတ်စက်ကြီး ပေါ်တွင် လွင့်မြောနေသော အလုံးသုံးလုံးကို တွေ့လိုက်ရသည်။ ထိုအလုံးများသည် နီညိုရောင်ရှိပြီး ပတ်ဝန်းကျင်မှာ အသားပြုတ်နံ့သင်းနေသည်။
[ပစ္စည်းအမည်] - အသားအနှစ် (ဧကရာဇ်အဆင့်)
[အကြောင်းအရာဖော်ပြချက်] - ဘုရင်အဆင့်သားရဲတစ်ကောင်၏ အသွေးအသားမှ ပေါင်းခံထားပြီး၊ ၎င်းကို ဖြည့်စွက်ရန်အတွက် စားသုံးနိုင်သည်။ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။
အလယ်တွင် အဝါရောင်ကမ္ဘာမြေ အလင်းတန်းတစ်ခု လွင့်ပျံနေသည်။
[ပစ္စည်းအမည်] - ကမ္ဘာမြေခံနိုင်ရည်ရှိသော အသီး
[အကြောင်းအရာဖော်ပြချက်] - အခြားနည်းလမ်းများမှတဆင့် ဤအကျိုးသက်ရောက်မှုကို ထပ်မံမြှင့်တင်ရန် မလုပ်နိုင်သော အသုံးပြုသူအား ကမ္ဘာမြေခံနိုင်ရည် အဆင့် ၂ ကိုမြှင့်တင်ပေးအပ်နိုင်မည်ဖြစ်သည်။ အသီးကို တစ်ကြိမ် အသုံးပြုပြီသည်နှင့် ပျောက်ကွယ်သွားလိမ့်မည် ။
ညာဘက်တွင် မီးတောက်နေသော အလင်းလုံးတစ်ခုရှိသည်။ ၎င်းသည် အလယ်တွင်ရှိသော ကမ္ဘာမြေအလင်းဘောလုံးကြီးနှင့် ခပ်ဆင်ဆင်တူသည်။
[ပစ္စည်းအမည်] - အဆင့် ၂ မီးခံနိုင်ရည်ရှိသောအသီး
[အကြောင်းအရာဖော်ပြချက်] - အခြားနည်းလမ်းများမှတစ်ဆင့် ဤအကျိုးသက်ရောက်မှုကို ထပ်မံမြှင့်တင်ရန် မလုပ်နိုင်သော အသုံးပြုသူအား မီးခံနိုင်ရည်အား အဆင့် ၂ ကိုမြှင့်တင် ပေးအပ်နိုင်မည်ဖြစ်သည်။ အသီးကို တစ်ကြိမ် အသုံပြုပြီးသည်နှင့် ပျောက်ကွယ်သွားလိမ့်မည် ။
“တစ်ခါသုံးအသီး” နာမည်နှင့်လိုက်တယ်လို့ ကောင်းဖန်တွေးမိသည်။ ဒီအမျိုးအစားကို ပထမဆုံးကြားဖူးတာဖြစ်ပြီး အရင်က တစ်ခါမှ မကြားဖူးချေ။
စပါးအုံးမြွေသားရဲ၏ စွမ်းရည်ထဲတွင် အဆင့် ၃ ကမ္ဘာမြေခံနိုင်ရည် နှင့် အဆင့် ၃ မီးခံနိုင်ရည် ပါရှိသည်ကို ကောင်းဖန် မှတ်မိနေသေးသည်။ ဧကရာဇ်အဆင့် သားရဲတွင် အဆင့် ၃ စွမ်းအင်ရှိသည်က ထူးထူးခြာခြားမဟုတ်ပေ။ မြွေသားရဲ၏ အဆင့် ၄ နှင့် အဆင့် ၅ စွမ်းအင်များ အသီးများအဖြစ်သို့ မပြောင်းနိုင်တာက ရှက်စရာပင်။
“မင်း သားရဲရဲ့ စွမ်းအင်တွေကိုထုတ်ယူနိုင်မယ်လို့မထင်ထားဘူး” လို့ကောင်းဖန်ကပြောလိုက်သည်။ ဒါကို သူတကယ်ပင်အံဩနေသည်။
ဒါက အစဉ်အလာတွေကို ဆန့်ကျင်နေတာပဲ…. ပြောင်းလဲမှုတွင် စွမ်းရည်များအားလုံးကို အဆင့်နှိမ့်ချထားပါက ၎င်းတို့ကို အခြားပြင်ပနည်းလမ်းများဖြင့် အဆင့်မြှင့်၍မရနိုင်ပေ။
ဆိုလိုသည်မှာ အသီးကနေ အဆင့် ၂ ကမ္ဘာမြေခံနိုင်မှုကို ကိုယ်ပိုင်သားရဲ တစ်ကောင်ကောင်က လက်ခံရရှိလိုက်တာနဲ့ စွမ်းအင်က အဆင့် ၂ မှာပဲ အမြဲတမ်းရှိနေတော့မှာ ဖြစ်သည်။
“တွဲဖက်ပစ္စည်း” ဟူသော စကားလုံးသည် ကောင်းဖန်၏ စိတ်တွင် ရုတ်တရက် ပေါ်လာသည်သည်။ ၎င်းသည်
ကျေနပ်စရာကောင်းသောတွဲဖက်ပစ္စည်းတစ်ခုကို သားရဲတွင်တပ်ဆင်ခြင်းနှင့် ဆင်တူသည်။
အသီးကနေစွမ်းအင်ကို လက်ခံလိုက်တာနဲ့ အခြားနည်းလမ်းဖြင့် အဆင့်မြင့်တင်လို့မရတော့ပေ။ သို့သော် ကောင်းဖန်အတွက် အဲဒါက အဆင်ပြေသည်။
“ဒါဆို မင်းဟာ တခြားသားရဲတွေရဲ့ စွမ်းအင်တွေကို သူတို့ရဲ့ ခန္ဓာကိုယ်ကနေ ထုတ်ယူနိုင်တယ်ပေါ့.. အဲဒီတုန်းက မင်းကိုယ့်ကိုယ်ကို သေချာသိခဲ့တာ အံ့သြစရာမဟုတ်ပါဘူး” ဟု ကောင်းဖန်က ပြောလိုက်သည်။ သူ့အတွက်ဘဝကို ပြောင်းလဲစေမယ့် လျှို့ဝှက်ချက်ကို ရုတ်တရက် တွေ့လိုက်ရတာ ဖြစ်သည်။
လူပုလေးကထိတ်လန့်သွားပြီး “မင်းဘယ်လိုသိတာလဲ” ဟု မေးလိုက်သည်။
“ငါအားလုံးကိုသိတယ် ခုနကမင်းဘယ်သူလဲဆိုတာ မသေချာသေးလို့” ဟုကောင်းဖန်က ပြန်ပြောလိုက်သည်။
လူပုလေးက ကောင်းဖန်ကိုစိုက်ကြည့်လိုက်သည်။ ငါ့စွမ်းအင်အကြောင်း သူ့ကိုမပြောပြလိုက်ပါဘူး.. အဲဒါကိုသိနိင်မဲ့ အချက်အလက်အားလုံးကိုလည်း ဒီကမ္ဘာပေါ်မှာ ခြေရာခံလို့မရအောင် ဖျက်ထားခဲ့ပြီပြီလေ..
သတင်းအချက်အလက်တွေကိုကောင်းဖန်ဘယ်လိုရနိုင်တာလဲတွေးရင်း သူသည် စတင်စိတ်အနှောက်အယှက်ဖြစ်လာသည်။ ကောင်းဖန်က ဘာမှမပြောဘဲ ပြုံးပြလိုက်သည်။ အခုတော့ လူပုလေးရဲ့နှလုံးသားက အကြောက်တရားတွေနှင့် ပြည့်နေပြီပင်။
သူတို့အသက်ရှင်နေသေးတာလား.... မဖြစ်နိုင်ဘူး. ငါအသက်ရှင်နေမှန်းသူတို့သာသိနေရင်… နှုတ်ဆိတ်နေမှာမဟုတ်ဘူး… ထူးဆန်းလိုက်တာ….
“အခုအချိန်မှာ ငါ့ပုံစံက အကောင်းဆုံးပုံစံ မဟုတ်သေးဘူး..ငါ့အရင်စွမ်းရည်တွေကို ပြန်ရလိုက်တာနဲ့ ငါ ပိုပိုပြီး သန်မာလာမှာပါ.. ပြီးတော့ ငါ့ရဲ့ စွမ်းအင်နဲ့ တခြားသားရဲစွမ်းအင်တွေကို ထုတ်ယူနိုင်စွမ်းက ပိုပြည့်စုံလာလိမ့်မယ်” လို့ လူပုလေးက အာမခံလိုက်သည်။
ခိုင်မာနေတဲ့မျက်ဝန်းတစ်စုံကို ကောင်းဖန် တွေ့လိုက်ရပြီး ခေါင်းညိမ့်ပြလိုက်သည်။ “ကောင်းပြီလေ မင်းမှာ အသုံးဝင်တာရှိသေးတာပဲ.. ငါမင်းကို စောင့်ရှောက်ပါ့မယ်” သူသည် ထွက်မပြေးနိုင်အောင် စောင့်ကြည့်ထားရန် အစင်းလေးကိုတော့ အမိန့်ပေးလိုက်သည်။
လူပုလေးက သူ့အနာဂတ်အတွက်တိတ်တိတ်လေး ပျော်နေသည်။ ဒီလူက တာဝန်ယူတက်တဲ့လူမျိုးဆိုတာ သေချာတယ်..
ကောင်းဖန်က ပလ္လင်ကို အစင်းလေးနောက်မှာ နေရာချထားပြီး ၎င်း၏ပတ်ပတ်လည်ကို ကျောက်တုံးတွေနှင့် သေချာဖိထားလိုက်သည်။
တစ်ရက်လောက်နားပြီးနောက်မှာ ကောင်းဖန်တို့သည် အဖိုးတန်သောပစ္စည်းများကို ဝင်္ကပါတစ်ခုလုံးကို ရှာဖွေလိုက်ကြသည်။ ကံမကောင်းစွာ ဝက်နတ်ဆိုးက ချမ်းသာကြွယ်ဝမှု သဘောကိုနားမလည်သောကြောင့် အဖိုးတန်သောပစ္စည်များမရှိနေပါချေ။
ကောင်းဖန်သည် ဝက်နတ်ဆိုးဖော်ပြချက်မှာပါသော ပညတ်ချက်အပိုင်းအစ တစ်ခုတစ်လေတောင်ရှာမတွေ့ချေ။ ယစ်ပလ္လင် တစ်ခုထဲကိုသာ ဒီဝင်္ကဘာထဲတွင် ရှာတွေခဲ့သည်။
ထို့ကြောင့် ဝင်္ကဘာထဲမှ ထွက်လာလိုက်ကြသည်။