← Chapters

အခန်း (၅၀၅-၅၀၈)

Vol. 32 Ch. 505-508

အခန်း (၅၀၅-၅၀၈)

Vol. 32 Ch. 505-508

အခန်း ၅၀၅ နဂါးပုရွက်ဆိတ်

ကောင်ဖန်သိလိုက်တာကတော့ သူ့စွမ်းအင်သည် အလွန်အသုံးဝင်သည်ဆိုသည့် အချက်ဖြစ်သည်။ သူ့စွမ်းအင်အရ အခြားသောသားရဲများ၏ အရည်အချင်း စွမ်းရည်များကိုဖတ်ခွင့် ရနေပြီး တိုက်ပွဲတွင် သူ့အတွက် အကျိုးကျေးဇူးရရှိနေပြီး သားရဲဖော်ပြချက်များကလည်း အလွန်အသုံးဝင်လာခဲ့သည်။

ထိုစွမ်းအင်သည် တစ်ခါတစ်ရံ အပေးအယူလုပ်ရန် သားရဲများ၏ အရေးကြီးသော သတင်းအချက်အလက်များကိုလည်း ပေးတက်သည်။

သတင်းအချက်အလက်များကိုဖော်ပြပေးခြင်းက အဲဒီသတ္တဝါတွေကို နှိမ်နှင်းရာတွင် အသုံးဝင်ကြောင်း သက်သေပြနေသည်။

လောလောဆယ်တော့ အရာဝတ္ထုတွေကိုပြောင်းပေးနိုင်တဲ့ ယစ်ပလ္လင်ကို တွေ့ရတာ လက်ဗလာနဲ့ ပြန်သွားတာထက်စာရင် ကောင်းနေပြီ ဖြစ်သည်။ ကောင်းဖန်းသည် ယဇ်ပလ္လင်ကို မည်မျှအထင်အမြင်သေးစေကာမူ၊ ယဇ်ပလ္လင်သည် မည်သို့မျှတန်ဖိုးမရှိသည်ကို အဆက်မပြတ်ပြောနေစေကာမူ ကောင်းဖန်၏စကားများသည် အမှန်ဖြစ်ကြောင်း ယဇ်ပလ္လင်က စတင်သံသယရှိလာသည့်အထိ အဖြစ်မှန်သည် အမှန်တရားနှင့် ဝေးကွာ၍မရနိုင်ပေ။ ပလ္လင်သည် သူထင်တာထက် ပိုတန်ဖိုးရှိကြောင်း ကောင်းဖန် ထင်သည်။

ဒီအသီးတွေက သူ့သားရဲတွေအပေါ် အကျိုးသက်ရောက်မှုရှိမရှိ မသေချာပါက မကြာသေးမီက ပြန်လည်အားပြည့်လာတဲ့ အနက်ရောင် လျှပ်စစ်သိမ်းငှက် အရိုးစုကို ကမ္ဘာမြေခုခံနိုင်မှု အသီးကို ပေးလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

သိမ်းငှက်က အသီးကိုမြိုချလိုက်တဲ့ အခါ ဘာမှမဖြစ်သွားချေ။ သို့သော် မကြာမီ ၎င်း၏အရိုးများသည် အဝါရောင်အလင်းတန်းဖျော့ဖျော့များ ဖြာထွက်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

နောက်ဆုံး အဝါရောင်အလင်းများမှိန်ဖျော့သွားသောအခါတွင် သိမ်းငှက်ရဲ့ ဖော်ပြချက်တွင် အသစ်တစ်ခုထက်တိုးလာသည်။

(သားရဲ စွမ်းအင်) - ကမ္ဘာမြေခုခံနိုင်မှု အဆင့် ၂ (အဆင့်မြှင့်၍မရတော့ပါ)

နောက် နှစ်ရက်ကြာအောင် သိမ်းငှက်မှာဘေးထွက်ဆိုးကျိုးများကို ကောင်းဖန်လေ့လာနေခဲ့သည်။ နောက်တော့ အသီးများကိုစားသုံးရန်စိတ်ချရမှသာ သူ့ သားရဲများကို စားသုံးစေလိုက်သည်။

ကောင်းဖန်သည် လမ်းတစ်လျှောက်က တွေ့ရတဲ့ သားရဲတွေအားလုံးကို သတ်ပြီး သားရဲအလောင်းတွေကို ပလ္လင်ကို ပေးနေလိုက်သည်။ ဂိုဒီရဲ့ ပျော်ပျော်ရွှင်ရွှင်သတ်ဖြတ်နေတာကိုကြည့်ပြီး ကောင်းဖန် သဘောတွေ့နေသည်။ သူသည် စိတ်ကျေနပ်အောင်ရိုက်နှက်ပြီး လည်ပင်းကို လက်ဗလာနဲ့ ချိုးပြီး ပလ္လင်ဆီကို ပြန်ယူလာနေသည်။ ပလ္လင်ဘေးမှာထိုင်နေတဲ့အချိန် ဂိုဒီက မျက်တောင်တစ်ချက်မခတ်ပဲစိုက်ကြည့်နေသည်။

“အစ်ကိုကြီးက ဘာလို့တစ်ခုခုကို ဒီလောက်ကြာအောင်တောင် စိုက်ကြည့်နေနိုင်တာလဲ..” ဟု ပဲ့ကျီက မေးလိုက်သည်။ အစ်ကိုကြီး ဂိုဒီကမအိပ်ပဲ တစ်ခုခုကို အကြာကြီးစိုက်ကြည့်နေနိုင်တာ အရမ်းမိုက်တာပဲ.. တကယ်ကို လူမိုက်ကျနေတာပဲ.. ခဏကြာတော့ ပဲ့ကျီမျက်လုံးမဖွင့်နိုင်တော့ချေ။ အစင်းလေးကတော့ နောက်ဘက်မှာလိ‌မ္မော်သီးတွေ ရေတွက်ရင်းဖြစ်နေတာတွေကို စိတ်ဝင်တစားကြည့်နေသည်။

ဂိုဒီကမတ်တက်ရပ်ပြီးခေါင်းကိုခါလိုက်သည်။ “ဒါတွေက အတွေ့အကြုံနဲ့ ဆိုင်တယ် ကလေးလေး...” အမှန်တော့ သူကိုယ်တိုင်လည်း ဘာကိုကြည့်နေတာလဲ သူ့ကိုယ်သူမသိချေ။ ဒီလိုပြန်ဖြေရတာမိုက်လို့ဖြေလိုက်တာ ဖြစ်သည်။ ပဲ့ကျီကတော့ ထပ်မမေးတော့ဘဲ ခြေလှမ်းကျဲတွေနဲ့ ထွက်ပြေးသွားသည်။

ကောင်းဖန် ဒီရက်ထဲမှာ ရှာလို့ရထားတဲ့ သားရဲတွေအားလုံးကို အနားမယူပဲ ပြောင်းလဲပစ်ဖို့ ပလ္လင်ကဖိအားပေးခံနေရသည်။ သူထုတ်ပေးလိုက်တဲ့ အသီးတွေအားလုံးကတော့ ဆီလီ၏သိုလှောင်ခန်းထဲကိုရောက်သွားသည်။ ယဇ်ပလ္လင်သည် အများအားဖြင့် အသားအနှစ်ကို ထုတ်ပေးသည်။ သားရဲစွမ်းအင်အသီးများသည် ယဇ်ပလ္လင်ပေါ်တွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ပေါ်လာတတ်သည်။ တစ်ခါတစ်ရံတော့ လတ်ဆက်သော အလောင်း ဝိဉာဉ်အဆီအနှစ်ကို ထုတ်ပေးသည်။

သားရဲအလောင်းတွေမှ ထွက်လာသောစွမ်းအင်အားလုံးသည် အဆင့်တစ်ဆင့်နိမ့်သွားတတ်သည်။ ဒါက ပလ္လင်၏ လက်ရှိထိခိုက်နေသောအခြေအနေကြောင့်ဖြစ်နိုင်သည်။ အဆင့် ၃ အထက်သားရဲ စွမ်းအင်များကိုတော့ မလုပ်ဆောင်နိုင်သေးပေ။

ကောင်းဖန်အဖွဲ့၏ စွမ်းအင်များကို ပိုမိုသိလာလေလေ ပလ္လင်သည်သူ့ ရပ်တည်မှုပျောက်လာလေလေဖြစ်နေသည်။

သူတို့သည် အနောက်တောင်ဘက်ကို ၃ရက်တိတိခရီးပြင်းနှင်လာကြသည်။ မကြာခင် အထင်ကြီးစရာကောင်းလောက်သော ဝင်္ကဘာရှေ့ကို သူတို့ရောက်လာကြသည်။ ဒါကကျောက်တုံးနှင့်ပြုလုပ်ထားသည်။ သို့သော်လဲ သူ့နံရံတွေက ပေ ၁၆၀ လောက်မြင့်ပြီး ကောင်းဖန်ရောက်ခဲ့တဲ့ အရင်ဝင်္ကဘာနှင့် မတူပဲ တစ်ခုခုကွဲပြားနေသည်။

ထူးဆန်းသောစွမ်းအင်တစ်မျိုးက ဝင်္ကဘာကနေဖြာထွက်နေသည်။ အစင်းလေးသည်သူတို့အားလုံးကိုဦးဆောင်သွားသည်။ ဒါပေမဲ့ ဝင်ပေါက်တစ်ခုကိုဖြတ်သွားတိုင်း ထူးဆန်းတဲ့အားတစ်ခုက ဝင်္ကဘာမြင့်သလောက်ကို တဖြည်းဖြည်းကျုံ့ဝင်သွာနေသလိုခံစားနေရသည်။

ဘယ်လောက်တောင်ကြီးတဲ့ ဝင်္ကဘာပါလိမ့်.. ဒီအထဲမှာ အသက်ရှိတဲ့ အရာကြီးတစ်ခုခု ရှိနေသလိုခံစားနေရသည်။

“ကောင်းဖန် ရှေ့မှာ သားရဲတစ်ကောင်ရှိတယ်.. ဝင်္ကဘာရဲ့ ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်နေတယ်လို့ ငါထင်တယ်” ဟု ခြ‌င်္သေ့ဖြူက ဆိုလိုက်သည်။ သူ့ဒဏ်ရာတွေက လုံးဝ သက်သာသွားပြီ ဖြစ်သော်လည်း ၎င်း၏ ပြန်လည်ကောင်းမွန်လာမှုသည် နှေးနေသေးသည်။ အစင်းလေးနောက်ကျောပေါ်မှာတော့ သက်တောင့်သက်သာရှိလှသည်။

မြေပြင်ပေါ်တွင်ရှိနေသော ကောင်းဖန်သည် ဝင်္ကပါအပြင်ဘက်ရှိ ကြီးမားသော အရာတစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏ အပြင်ဘက်ကိုယ်က နေရောင်အောက်တွင် ရွှေညိုရောင်တလက်လက်တောက်ပနေသည်။ နှစ်ဖက်လုံးတွင် သွယ်လျသော ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်းဆယ့်နှစ်ခုကို မြေပြင်ပေါ်တွင် ဖြန့်ကျက်ထားသည်။

အထင်ရှားဆုံးအပိုင်းက ခေါင်းဖြစ်ပြီး ၎င်း၏အကြည့်မှာပြင်းထန်လှသည်။ သတ္တဝါကြီး၏ မြစိမ်းရောင်မျက်လုံးများက အေးစက်တောက်ပနေသည်။ ဒါက ပိုးကောင်မျိုးအစား သာရဲနှင့်တူသည်။

အနက်ရောင်မြူခိုးကမ္ဘာသို့ ကောင်းဖန်ဝင်ရောက်ပြီးသည့်နောက် ပိုးကောင်အမျိုးအစားသားရဲကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ မျက်နှာပြင်က အစပေါင်းများစွာချဲ့ထားသော ထူးဆန်းသည့်ပိုတောင်မာနှင့်တူသည်။

အနီးကပ်ကြည့်လိုက်ရင် ငရဲကထွက်လာတဲ့လမ်းမှာကုတ်ခြစ်ခံထားရတဲ့ မကောင်းဆိုးဝါးနဂါးတစ်ကောင်နဲ့ ဆင်တူနေသည်။ သူ့မျက်နှာသည် အက်ကွဲကြောင်းများ အစက်အပြောက်များဖြင့် ပုံပျက်နေသည်။

[သားရဲ အမည်] - နဂါးပုရွက်ဆိတ်

[သားရဲ အဆင့်] - အဆင့် ၆၇ (ဧကရာဇ်အဆင့်)

[သားရဲ စွမ်းရည်] - မော်ကွန်းတင်အဆင့်

[သားရဲ အမျိုးအစား] - လေ

[သားရဲ စွမ်းအင်] - မာကျောသော အခွံ အဆင့် ၆၊ လေပေါက်ကွဲမှု အဆင့် ၅၊ ကြီးမားသောကိုယ်ထည်အဆင့် ၃၊ လေအားကျွမ်းကျင်မှုအဆင့် ၄ ၊ အရှိန်မြှင့်သော အစာချေမှုအဆင့်၄

[သားရဲလက္ခဏာ] - ပျက်စီးနေသောနဂါးခေါင်း (ပျက်စီးခြင်း၏နဂါးသွေးမှ ပေါက်ဖွားလာသော နဂါးဦးခေါင်းဖြစ်သည်။

သက်ရောက်မှု ၁ - ပုရွက်ဆိတ်နဂါးခေါင်း၏ အဖျက်စွမ်းအားသည် ၎င်း၏အရင်းအမြစ်ဖြစ်သည်။ အဆင့် ၆ ချွန်ထက်သော နဂါးအစွယ်များလည်း ရှိသည်။ ၎င်းရရှိသောဒဏ်ရာ မှန်သမျှ ကုသရန် အချိန်ကြာသည်။

သက်ရောက်မှု ၂ - ၎င်း၏အာခံတွင်းမှ ပျက်စီးခြင်းရောင်ခြည်များကို ထုတ်လွှတ်သည်။ နဂါးတစ်ကောင်၏ မှော်ဆန်သောခုခံမှုကို ၎င်း၏အဖျက်စွမ်းအားဖြင့် ကျော်လွှားနိုင်သည်။

[သားရဲဖော်ပြချက်] - မူလက ကျဆုံးနဂါးတောင်ကြားမှ သူခိုးနဂါးပုရွက်ဆိတ်တစ်ကောင်ဖြစ်ပြီး ၎င်းသည် ၎င်း၏သွေးကြောများမှတစ်ဆင့် နဂါးသွေးများစီးဆင်းနေသည်ကို နိုးကြားစေခြင်းဖြင့် ပြည့်စုံသောနဂါးပုရွက်ဆိတ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲလာသည်။ ၎င်းသည် စွမ်းအားနှင့် နဂါးသွေးကို ဆွဲထုတ်ထားသည့် နဂါးရုပ်အလောင်းများစားရခြင်းကို နှစ်သက်သည်။ ၎င်းသည် ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း မှန်သမျှကို ပိုမို ပြင်းထန်သော အသွင်အပြင်ကို ရရှိစေရန် နောက်ဆုံးတွင် အသုံးပြုသည်။)

နဂါးပုရွက်ဆိတ်၏ဖော်ပြချက်ကိုကြည့်ပြီး ကောင်းဖန်မျက်ခုံးမြင့်သွားသည်။

အဖြူရောင်သားရေဖြင့်ချည်ထားသောစာအုပ်သည် ယခုအချိန်တွင်ကောင်းဖန်၏ အနားတွင် လွင့်မျောနေပြီး ၎င်း၏စာမျက်နှာများကို အားတက်သရောဖွင့်ကာ လှန်လိုက်သည်။ “ဒီလို နဂါးမျိုး တစ်ခါမှ မတွေ့ဖူးဘူး.. မင်းနောက်ကိုလိုက်လာဖို့ ဆုံးဖြတ်လိုက်တာ ငါဆုံးဖြတ်ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ”

နဂါးပုရွက်ဆိတ်ကကောင်းဖန်နှင့်တခြားသူတွေကို သတိမထားမိသေးပေ။

ဝင်္ကဘာဝင်ပေါက် မရောက်မီ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ကျယ်လောင်သော ဟောက်သံ ထွက်လာသည်။

“နဂါးပုရွက်ဆိတ်က ဝင်္ကဘာကိုထိန်းချုပ်ချင်နေတယ်” ဟု ခြင်္သေ့ဖြူက ပြောသည်။ ခဏကြာပြီးနောက် ဝင်္ကဘာထဲမှလေးလံသော ခြေသံများပဲ့တင်ထပ်လာသည်။

ဒီခြေသံက ကြီးမာတဲ့ခြေထောက်ကိုပိုင်ဆိုင်ထားတဲ့ သတ္တဝါဆိုတာကို ကောင်းဖန်ပြောနိုင်တယ်။ ဝင်္ကဘာ၏ အနက်ရောင်တံခါးပွင့်သွားပြီးနောက်မှာ ပေ ၁၃၀ လောက်ရှည်တဲ့ဘီလူးတစ်ကောင်တံခါးခုံမှာရပ်နေသည်။ ၎င်း၏ဦးရေပြာပေါ်တွင် အပြာရောင်အရေးအကြောင်းများနှင့်ဖုံးအုပ်ထားသည်။ နေရောင်အောက်တွင် သတ္တုအလင်းများဖြင့် တောက်ပနေသော ၎င်း၏ကြွက်သားများတစ်လျှောက် မယုံနိုင်လောက်အောင် ပေါက်ကွဲထွက်နိုင်သော စွမ်းအားတစ်ခု တသိမ့်သိမ့်တုန်နေသည်။

“ဂိုဒီ ဒါမင်းရဲ့ဝမ်းကွဲလား” ဆံပင်မရှိတဲ့ ဘီလူးကိုမြင်လိုက်သောအခါ ဖလိန်မီက အော်ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၀၆ အလင်းလှိုင်း၏ စိတ်လှုပ်ရှားမှု

ဂိုဒီ၏မျက်နှာအမူအရာပြောင်းသွားပြီး “ဒီလောက်တောင်ရုပ်ဆိုးတဲ့ အမျိုး ငါ့မှာရှိလို့လား” ဟု တွေးလိုက်သည်။ ထို့နောက် ဖလိန်မီကိုစိုက်ကြည့်ပြီး ဂိုဒီကတိုးတိုးလေးပြောလိုက်သည်။ “ငါ့မှာဆွေမျိုးမရှိဘူး.. ငါ့အမေငယ်ငယ်တုန်းက တောင်ကြောင်တစ်ကောင်ကိုတော့ စားဖူးတယ်..”

ဖလိန်မီသည် ဂိုဒီကို ဆက်လက်လှောင်နေတော့မည်ဖြစ်သော်လည်း ဂိုဒီသည် စကားဆုံးပြီးနောက် ဖလိန်မီကို လျစ်လျူရှုကာ လှည့်ထွက်သွားလိုက်သည်။ သူတို့ စကားစမြည်ပြောနေစဉ် အဝေးမှာ သားရဲနှစ်ကောင် ရန်ဖြစ်နေကြသည်။

[သားရဲ အမည်] - လက်နက် ခြောက်ခုကိုင်သော ဘီလူး

[သားရဲ အဆင့်] - အဆင့် ၆၉ (ဧကရာဇ်အဆင့်)

[သားရဲ စွမ်းရည်] - မော်ကွန်းတင်အဆင့်

[သားရဲအမျိုးအစား] - မြေ/ ကျောက်ခဲ

[သားရဲ စွမ်းအင်] - ဒြပ်စင်ခုခံမှု အဆင့် ၄၊ မြေဒြပ်စင်ထိန်းချုပ်နိုင်မှု အဆင့်၅၊ မြှင့်တင်ထားသော ခွန်အား အဆင့် ၅၊ မြေ ကိုကာကွယ်ခြင်း အဆင့် ၅

[အထူးဝိသေသလက္ခဏာ] - ဆူပွက်နေသောအင်အား (ထူးဆန်းပြီး ယှဉ်၍မရသော စွမ်းအားသည် ၎င်းတို့၏ သွေးမှ ဆင်းသက်လာသည်။)

သက်ရောက်မှု ၁ - အင်အားအမျိုးအစား စွမ်းရည်များ အဆင့် + ၁

သက်ရောက်မှု ၂ - ခန္ဓာကိုယ်အတွင်းရှိ မြေဒြပ်စင်ကို လောင်ကျွမ်းစေပြီး ၎င်းခွန်အားကို ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပေးသည်။

[သားရဲ အားနည်းချက်] - ခြေဖဝါးမှ မြေကြီးမှ ထွက်သွားသောအခါ အားနည်းသွားသည်၊ မြေဒြပ်စင်ထိန်းချုပ်နိုင်မှု ပျောက်ကွယ်သွားသည်။

[သားရဲ ဖော်ပြချက်] - ဘီလူးကြီးများသည် ကမ္ဘာမြေကြီး၏ နှစ်သက်ဖွယ် သားသမီးများဖြစ်သည်။ လက်နက်ခြောက်ခုကိုင်သော ဘီလူးသည် ကမ္ဘာ၏အနှစ်သက်ဆုံး တရားမ၀င်သော ကလေးများထဲမှ တဦးဖြစ်သည်။

သူတို့ဟာ ပြတ်သားသည်။ သတ္တိရှိသည်။ သူတို့သည် မြေကြီးပေါ်သို့ ခြေချသောအခါ မြေကြီးမှ အဆုံးမရှိသော အာဟာရကို ရရှိကြသည်။ မြေကြီးနှင့် မထိသောအခါတွင်တော့ သူတို့၏ ခွန်အားသည် အလွန်ချို့ယွင်းသွားလိမ့်မည်။

လက်နက်ခြောက်ခုကိုင်ထားသော နောက်တွင်လက်မောင်းခြောက်ခုရှိပြီး တစ်ခုချင်းစီကကွန်ကရစ်များလောင်းထားသကဲ့သို့ သန်မာသည်။ ကြွက်သားတွေကနေေရာင်အောက်မှာလှုပ်ရှားနေသည်။

လက်ဖဝါးနှစ်ဖက်ဆုံလိုက်သောအခါ ကြီးမာသောပေါက်ကွဲမှုဖြစ်လာသည်။ လက်ကောက်ဝတ်နေရာမှာ တိမ်ဖြူများကဲ့သို့ လေကတွန့်သွားသည်။

သန်မာသောခြေထောက်များနင်းချလိုက်သောအခါတောင်တစ်တောင်တုန်သွားသကဲ့သို့ ခြေထောက်ချထားတဲ့နေရာမှာ မြေကြီးတွေအက်ကွဲကုန်တာမြင်ရသည်။

“ဒါကကြောက်စရာကောင်းတယ်” လို့ ဂိုဒီကပြေလိုက်ာသည်။

နဂါးပုရွက်ဆိတ်ကတော့ မကြောက်ပဲ ခေါင်းကိုငုံ့ထားပြီး တည်ငြိမ်နေသည်။ ၎င်း၏ထက်မြက်သော ရွှေရောင်ခြေသည်း ၁၂ ချောင်းကို မြေကြီးထဲထိုးစိုက်ထားပြီး မြေကြီးကဘယ်လောက်ပဲလှုပ်လှုပ် ကြံ့ကြံ့ခံထားသည်။

နောက်ဆက်တွဲငလျင်က ဘေးကရပ်ကြည့်နေသူများကို တုန်ခါသွားစေသည်။

နဂါးပုရွက်ဆိတ်က ၎င်း၏နောက်ကျောခွံမှလျှောဆင်းလာသောအခါ ရွှေအိုရောင် အခွံကို နဂါးခေါင်းကိုပတ်လိုက်ပြီး ခေါင်းဆောင်းကဲ့သို့ အသုံးပြုလိုက်သည်။ နဂါးပုရွက်ဆိတ်သည် ဘီးလူဆီသို့ ဦးတည်သွားပြီး တိုက်ခိုက်ဖို့ အခွင့်အရေးကိုရှာနေသသည်။

အော်သံနှင့်အတူ မြေကြီးက ပြင်းထန်စွာတုန်သွားသည်။ ဘီလူးက ရှေ့သို့ တိုးလာပြီး ၎င်း၏လက်များ ကောင်းကင်မှ ဆင်းသက်လာကာ မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်စေပြီး တုန်လှုပ်ခြောက်ခြားဖွယ် အသံများ ထွက်ပေါ်နေသည်။

ဒေါသကြီးသော လက်သီးများသည် နဂါးပုရွက်ဆိတ်၏ အခွံပေါ်သို့ မိုးရွာချသကဲ့သို ပြင်းပြင်းထန်ထန် ရိုက်နှက်သံများ ထွက်လာသည်။ ကောင်းကင်နှင့် မြေကြီးကြားမှ အသံသည် ဆက်လက် ပဲ့တင်ထပ်နေသည်။ ဤသည်မှာ ခွန်အားနှင့် မာကျောမှုတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်သည်။

ကားအရွယ်အစားနှင့် ညီမျှသော လက်သီးကို ဆုပ်ကိုင်လိုက်ရာ လက်ကောက်ဝတ်နှင့် လက်သီးကိုအကာအကွယ်ပေးသော အဝါရောင်အလင်းတန်းသည် လက်အိတ်ကဲ့သိုဖြစ်လာသည်။ ထိုအချိန်တွင် ကောင်းကင်ယံမှ လေချွန်သံသည် လေသံနှင့် ရောထွေးနေသည်။

ဧရာမသားရဲကြီးနှစ်ကောင်၏ တိုက်ခိုက်မှုသည် မရေမတွက်နိုင်သော ဗုံးများဖြင့် ဗုံးကြဲခံရသကဲ့သို့ မြေကြီးသည် ခြေထောက်အောက်တွင် နစ်မြုပ်သွားသည်။

အစမှာခံစစ်အနေနှင့်နေခဲ့သော နဂါးပုရွက်ဆိတ်သည်မရွေ့လျားပဲ သူ့ခေါင်းကို ရိုက်သည့်ရိုက်ချက်များကို သူ့ခေါင်းဆောင်းနှင့်သာ ကာကွယ်ထားသည်။

ထို့နောက် နဂါးပုရွက်ဆိတ်၏ဝမ်းဗိုက်မှ ပြင်းထန်လောင်ကျွမ်းနေသော မီးတောက်များထွက်လာပြီး ဘီလူ၏နောက်ခြေထောက်ကို ဝါးမျိုသွားသည်။

ဘီလူး၏ခြေထောက်သည် အလွန်ပူသွားပြီး နဂါးပုရွက်ဆိတ်၏ ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ကန်လိုက်သည်။

ထွက်လာသော မီးတောက်သည် ရုတ်တရက် ရပ်တန့်သွားပြီး၊ နဂါးပုရွက်ဆိတ်သည် ရုတ်တရက် လောင်ကျွမ်းသွားသည်။

အဘယ်ကြောင့် ပေါက်ကွဲသည်ကို နားလည်ရန် အချိန်မရလိုက်ဘဲ နဂါးပုရွက်ဆိတ်သည် ကောင်းကင်သို့ ပျံတက်သွားသလို ခံစားလိုက်ရသည်။

ဘီလူးသည် ၎င်း၏အားနည်းချက်မှာ မြေကြီးမှ မခွာနိုင်သည်ကို သိထားသောကြောင့် တိုက်ပွဲဝင်သည့်အခါတွင်၊ နေ့စဉ်ဘဝတွင်၊ ၎င်း၏ခြေဖဝါးကို မြေကြီးမှ လွတ်သွားခြင်းမပြုဘဲ သတိရှိရှိ ရှောင်ရှားရမည်ဖြစ်သည်။

၎င်း၏ကိုယ်ပိုင်အားနည်းချက်ကြောင့် အခြားသားရဲကြီးများသည်လည်း ကမ္ဘာမြေမှ ထွက်ခွာ၍မရနိုင်သော တူညီသော အားနည်းချက်ရှိနေသည်ဟု ထင်ရသည်။

လူသားတစ်ဦးသည် ၎င်းတို့၏ ဦးနှောက်ကို ဆုံးရှုံးသည့်အခါ သေဆုံးရသကဲ့သို့ အခြားသော သက်ရှိများ ဦးနှောက်ဆုံးရှုံးပြီးနောက် သေဆုံးမည်ဟု ယူဆခြင်းသည် သဘာဝကျပါသည်။ ဤသည်မှာ အသိဥာဏ်ရှိသော သက်ရှိအများစု၏ အလေ့အထဖြစ်သည်။

နဂါးပုရွက်ဆိတ်သည် သေးငယ်သည်မဟုတ်ပါ၊ ၎င်း၏အရှည်မှာ မီတာ ၂၀ ခန့်ရှိသည်။ ၎င်း၏ ရွှေအိုရောင်အခွံသည် အတော်လေး ဖောင်းနေပုံရသည်၊ ထို့ကြောင့် ၎င်းသည် ပိုးတောင်မာအကောင်နှင့် ပိုတူသည်။

ထိုအချိန်တွင်ပင် နဂါးပုရွက်ဆိတ်ကို အလွယ်တကူ မြှောက်ထားလိုက်သည်။ ၎င်း၏ ခြေသည်း ၁၂ ချောင်းသည် ရိုင်းစိုင်းစွာ လှုပ်ရှားနေသော်လည်း လေထဲတွင် တွန်းလှန်ရန် ဘာမျှမရှိနေပေ။

နဂါးပုရွက်ဆိတ်ကို ဘီလူးကမြှောက်ထားသည်။ သူသည် ဒေါသတကြီး အော်ဟစ်မြည်တမ်းရင်း၊ အဝါရောင် မြေကြီး၏ စွမ်းအားသည် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။

လေထုကတောင်လှုပ်ခတ်နေသည်။ သိသာထင်ရှားသောလှိုင်းဂယက်များသည် ဦးတည်ရာအားလုံးသို့ ပျံနှံသွားသည်။

“ဒီစွမ်းအားကအဆင့် ၇ နီးပါးရှိရမယ်” ကောင်းဖန် အနည်းငယ်တော့ ထိတ်လန့်သွားသည်။

ဘီလူးက နဂါးပုရွက်ဆိတ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အပြင်ဘက်ကနေ ရူးသွပ်စွာ စုတ်ဖြဲပစ်နေသည်။ သူ၏ပုံမှန်မဟုတ်သောစွမ်းအားဖြင့် ရန်သူအများအပြားကို ဖယ်ရှားပစ်လိုက်ပြီး ၎င်း၏မျက်လုံးများက ရက်စက်ကြမ်းတမ်းသော စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ပြနေသည်၊ “ဒီသားရဲလည်းတစ်စစီ နုပ်နုပ်စင်းခံရလိမ့်မယ်”

အလင်းလှိုင်းသည် ဤမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေမိသည်။ ၎င်း၏ တောက်ပသော မျက်လုံးအိမ်သည် ဧရာမ သားရဲကြီးနှစ်ကောင်၏ ကောက်ကြောင်းများကို ထင်ဟပ်စေသည်။ ဒါကအားကျစိတ်ကိုမခံစားရပေ။

အလင်းလှိုင်း၏ မြင်ကွင်းထဲမှာ သားရဲကြီး နှစ်ကောင်၏ ပြင်ပကိုယ်ထည်မှ အနီရောင်ဖျော့ဖျော့မျဉ်းကြောင်းများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ၎င်းမျဉ်းကြောင်းများ၏ အရောင်သည် တဖြည်းဖြည်း နက်မှောင်လာသည်။

အလင်းလှိုင်းသည် သူ့လက်ဖဝါးရှိ ဓား၏ဓားသွားကို ကြည့်လိုက်ရာ သွေးစွန်းနေသော ဓားသွားသည် အံအေားဖွယ်ရာကောင်းသော ရောင်လျှံစက်ဝန်း တစ်ခု၏ အနုစိတ် မွမ်းမံမှု တစ်ခုထဲကို ပေါင်းစပ်သွာသည်။

သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း အလင်းလှိုင်းစိတ်ကူးယဉ်လိုက်သည်။ သူ့ဓါးသွားက တစ်နေ့နေ့မှာ ဒီလိုအကောင်ကြီးကို ခုတ်ထစ်နိုင်မယ့်နေ့ကို တောင့်တလိုက်သည်။

နဂါးပုရွက်ဆိတ်သည် နာကျင်နေပြီး ၎င်း၏ခန္ဓာကိုယ်သည် အလွန်ဆိုးရွားသော စုပ်ဖြဲမှုအောက်တွင် အလွန်ကြောက်စရာကောင်းသည်ဟု ခံစားနေရသည်၊ ၎င်း၏ခြေထောက်နှင့် အခြားချိတ်ဆက်ထားသောအစိတ်အပိုင်းများ ကျိုးတော့မလိုသည်ကိုပင် ခံစားရသည်။

သူ့ရဲ့ ခေါင်းက ရုတ်တရက် ရက်ရက်စက်စက်ပေါက်ကွဲသွားသည်။ ချွန်ထက်သော နဂါးသွားများသည် ၎င်းနှင့်အနီးဆုံးရှိ ဘီလူး၏လက်ကောက်ဝတ်ကို ကိုက်လိုက်သည်။

ဤအခိုက်အတန့်တွင် နဂါးဦးခေါင်း၏မျက်ခုံးသည် အက်ကွဲသွားပြီး ထို့နောက်တွင် အနက်ရောင်အဖျက်မီးအလင်းတန်းတစ်ခုသည် ဘီလူး၏ ဧရာမဦးခေါင်းပေါ်သို့ ပေါက်ကွဲလာသည်။

ဒီအကွာအဝေးလောက်တွင် အဖျက်မီးအလင်းတန်းကို ဘီလူးသည် သတိထားမိသော်လည်း ရှောင်ရှားရန်အလွန်နောက်ကျသွားပြီဖြစ်သည်။

ထိုအလင်းတန်းသည်ညာဖက်မျက်လုံးထဲသို့ ဝင်သွားပြီး သွေးတွေစီးကျလာသည်။

အပြင်းအထန်နာကျင်မှုနဲ့အတူ ဘီလူးက အော်လိုက်သည်။ သို့သော် ၎င်းကိုလွှတ်ပေးရမည့် အစား ၎င်း၏ အစွမ်းများက ပြင်းပြင်းထန်ထန်တိုးလာသည်။

အော်ဟစ်အော်ငိုသံများကြားတွင် နဂါးပုရွက်ဆိတ်သည် အပိုင်းပိုင်းပြတ်သွားခဲ့သည်။

ကျန်နေသည့် နဂါးခေါင်းသည် ဘယ်ဘက်လက်ကောက်ဝတ်ကို ကိုက်ထားဆဲဖြစ်ပြီး ကိုက်ဖြတ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ဘီလူးကအသက်ပြင်းပြင်းရှူလိုက်သည်။ တခြားလက် သုံးဖက်က နဂါးပုရွက်ဆိတ်ခေါင်းကို ကိုင်ထားပြီး ဆွဲဖြဲလိုက်ချင်နေသည်။ အလင်းလှိုင်းသည် ရပ်နေရာမှ ပျောက်သွားသည်။

“အလင်းလှိုင်း” လက်နက် ခြောက်ခုကိုင်သော ဘီလူး ထံသို့ပြေးသွားခြင်းကို ကောင်းဖန်မတားလိုက်နိုင်ပေ။

ရှေ့ရက်အနည်းငယ်ကမှ အလင်းလှိုင်းသည် ၎င်း၏ အဆင့်ကို ဘုရင်အဆင့်သို့ မြှင့်တင်ထားခြင်းဖြစ်သည်။ သို့သော် ၎င်းအရည်အချင်းသည် မော်ကွန်းတင်စွမ်းရည် အဆင့်ကနေ့ ပြီးပြည်စုံစွမ်းရည်အဆင့်ကို အဆင့်တင်ပြီးနောက် ယာယီကျသွားခဲ့သည်။

“ကျွန်တော် သွားလိုက်မယ်” ဒန်ဘီ က နောက်က ချက်ချင်းလိုက်သွားသည်။

ဒီအဆင့်မှာ ဒန်ဘီက အင်ပါယာအဆင့်ကို ရင်ဆိုင်နိုင်တဲ့ တစ်ဦးတည်းသောသူဖြစ်သည်။

အလင်းလှိုင်း၏ ခန္ဓာကိုယ်သည် တောက်ပနေသော မျက်လုံးများဖြင့် ရှိနေသည်။

ဤအချိန်တွင် နှလုံးခုန်သံများ ပြင်းထန်စွာ ခုန်နေပြီး ၎င်း၏ ရင်သည် အနည်းငယ် တုန်လှုပ်နေကာ အလွန်စိတ်လှုပ်ရှားနေသော်လည်း အလင်းလှိုင်းသည် ယခင်ကဒီလိုစိတ်လှုပ်ရှားမှု မရှိခဲ့ပေ။

“တကယ်လို့ သားရဲတစကောင်ကိုတောင် မသတ်ရင် ငါမကြာခင် အသုံးမကျဖြစ်တော့မယ်”

“ငါမနိုင်ရင်တောင် ဧကရာဇ်အဆင့် ၄ သားရဲဖြစ်နေရင်တောင် အနည်းဆုံးတော့ ငါဒီပထမဆုံးခုတ်ချက်ကို ငါရရမယ်”

အလင်းလှိုင်း၏ကိုယ်ခန္ဓာသည် ၎င်း၏နာမည်ကဲ့သို့ပင် ပေါက်ကွဲစပြုလာပြီး၊ ၎င်းသည် အမှန်တကယ် အလင်းတန်းတစ်ခု ဖြစ်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၀၇ ကျားပါးစပ်မှ အစာကို လုယူခြင်း

အလင်းလှိုင်းအတွက် လက်နက် ခြောက်ခုကိုင်သော ဘီလူးသည်တောင်ကဲ့သို့ မြင့်မားသည်။

သို့သော် ၎င်း၏မျက်လုံးထဲတွင် ဘီလူး၏ကိုယ်ပေါ်ကသွေးစွန်းနေသော အနီရောင်မျဉ်းကိုးကြောင်းကိုသာမြင်နေရသည်။

ဒီသွေးလိုင်းတွေကို ထိနိုင်သရွေ့တော့ ဘီလူးကို ဒုက္ခပေးနိုင်မယ်ဆိုတာသူသိသည်။

ထိုအချက်သည် ၎င်း၏ နှလုံးသားအတွင်း နက်နက်ရှိုင်းရှိုင်းမှ ထွက်ပေါ်လာသော ယုံကြည်ချက်ဖြစ်ပြီး သူ့ကို သတ္တိရှိစေသည့်နှင့် အလားတူ ယုံကြည်ချက်ကိုလည်း ဖြစ်စေသည်။

အလင်းလှိုင်းသည်ဘီလူး ခြေကျင်းဝတ်ရှိ သွေးလိုင်းများအနက်မှ တစ်ခုကို တစ်ချက်အား စိုက်ကြည့်လိုက်သည်။ အမှန်တကယ်တွင် ၎င်း၏ဒူးအထက်တွင် အခြားသွေးလိုင်းရှစ်ကြောင်းရှိသော်လည်း အလင်းလှိုင်းက လျစ်လျူရှုထားသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် မြင့်မားလွန်းသောကြောင့် ဖြစ်သည်။

အလင်းလှိုင်းက ဒီသွေးလိုင်းတွေ အရမ်းမြင့်နေတာကြောင့် သူတို့ကို လျစ်လျူရှုထားပြီး အနိမ့်ဆုံးကတော့ သူ့အတွက် ဆွဲဆောင်မှုအရှိဆုံးပင်။

အရိပ်တွေပေါက်ကွဲထွက်လာသကဲ့သို့ လေတွေတဟူးဟူးတိုက်လာသည်။ သူသွားတဲ့လမ်းတစ်လျှောက်က လေသည် သူ့ခြေထောက်ဆီရောက်သွားသည်။

အသက်တစ်ရှိုက်စာ အခိုက်အတန့်လေးအတွင်းမှာပဲ အလင်းလှိုင်းက ဘီလူးရဲ့ ခြေထောက်ပေါ်ကို လက်နှစ်ဖက်နဲ့ ဆွဲတင်လိုက်သည်။

သူသည် အနီရောင်လိုင်းများအတွက် မည်သည့်အတားအဆီးမှမရှိဘဲ ဒဏ်ရာ၏အနီလိုင်းများအတိုင်း ဖြတ်တောက်လိုက်ရုံသာလိုသည်။

သို့သော် အလွန်ကြမ်းတမ်းသော ကျွဲအရေခွံကို ဓားအသေးဖြင့် လှီးဖြတ်သကဲ့သို့ အလွန်ခက်ခဲသည်။

အမှန်တော့ ဘီလူး၏အရွယ်အစား အချိုးအရ၊ အလင်းလှိုင်း၏ခြေလှမ်း အနေအထားကို စဉ်းစားကြည့်လျှင် ၎င်း၏ ပြင်ပကြွက်သား သို့မဟုတ် အရေပြားကို ကုတ်လိုက်သလိုသာ ဖြစ်သွားနိုင်သည်။

သို့သော် ထူးဆန်းသည်မှာ အလင်းလှိုင်းက အနီရောင်မျဉ်းများကို ဖြတ်လိုက်သောအခါ ဒဏ်ရာထဲမှ အပြင်သို့ ထင်ရှားသောအနက်ရောင် အလင်းတန်းတစ်ခု ပျံ့နှံ့သွားသည်။

ထိုအခါ ထူးဆန်းသော စွမ်းအားတစ်ခုသည် အတွင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး တစ်လျှောက်လုံးရှိ ကြွက်သားများနှင့် အရိုးအားလုံးကို ကျိုးသွားစေသည်။

ဘီလူးအတွက်ဘုရင်အဆင့်သားရဲမျှသာဖြစ်သော အလင်းလှိုင်းသည် သတိထားရလောက်အောင် ပြဿနာမရှိပေ။ သို့သော် မကြာမီ ခြေကျင်းဝတ်က ပြင်းထန်စွာ နာကျင်လာပြီး တဆတ်ဆတ်မြည်တဲ့ အသံထွက်လာသည်။

ဘီလူးကဒူးတစ်ဖက်နဲ့ ဒူးထောက်ထားရပြီး အကြီးအကျယ် ရင်သပ် ရှုမောအံ့သြနေသည်။

ဒူးထောက်ထားသော ခြေထောက်တစ်ဖက်သည် မူမမှန်ဘဲ လိမ်ကောက်နေသည်။

ကျိုးနေသည့် ခြေကျင်းဝတ်သည် အလွန်ပုံပျက်နေပုံရပြီး ကျိုးသွားသည်မှာ မှန်ကဲ့သို့ ချောမွေ့နေသည်။

ဓားခုတ်ရာကိုလုပ်ပြီးနောက် အလင်းလှိုင်းသည် မြေပေါ်မှာဒူးထောက်နေတဲ့ ဘီလူးကိုကြည့်ဖို့ ပြန်လှည့်လာသည်။ သူသည် တိုက်ခိုက်မှုတစ်ခုထဲနှင့် ထိခိုက်အောင်လုပ်နိုင်သဖြင့် ဝမ်းသာအားရခုန်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်က တိုက်ဆိုင်လိုစိတ်အပြည့်ဖြစ်လာသည်။

“ငါတကယ်လုပ်ခဲ့တာ”

“ငါ တကယ် လုပ်ပြီးသွားပြီ”

“ဒါက ဧကရာဇ်အဆင့် ဘီလူးတစ်ကောင်ဖြစ်ပေမယ့် ခြေကျင်းဝတ်ကို တစ်ချက်တည်းနဲ့ ချိုးနိုင်ခဲ့တယ်”

အလင်းလှိုင်းသည် အဆင့်မြှင့်တင်ပြီးနောက် ၎င်း၏ ခွန်အားကို ပထမဆုံးအကြိမ် သတိပြုမိလိုက်သည်။

ဒီအတောအတွင်း ဆင့်ကဲဖြစ်စဉ်ပြီးနောက် သူ့ရဲ့ အရွယ်အစားနှင့် ပတ်သက်ပြီး ကနဦးမကျေနပ်မှုများလည်း အများအပြား လျော့နည်းသွားသည်။

အမှန်တကယ်အင်းအားကြီးသူက သူတို့၏ အပြင်ပိုင်းပုံစံကို ဂရုစိုက်မည်မဟုတ်ပေ။ အတွင်းအားကြီးခြင်းကသာလျှင် အမှန်တကယ် အင်အားကြီးကြောင်း သက်သေပင်ဖြစ်သည်။

အလင်းလှိုင်း၏ စိတ်နေသဘောထားသည် ပြောင်းလဲသွားသည်။

ဘီလူးသည် အဝေးသို့လွတ်မြောက်သွားသောအလင်းလှိုင်းကိုစိတ်တိုစွာ ကြည့်နေသည်။ “ဒီစက်ဆုပ်စရာကောင်းတဲ့ ပိုးကောင်က ငါ့ကို တိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်” ၎င်း၏ဘယ်ဘက်လက်ကို မြေပြင်တွင် ဆုပ်ကိုင်လိုက်သောအခါ မီးခိုးရောင်ကျောက်တုံးသည် ၎င်း၏လက်ဖဝါးမှ စိမ့်ဝင်လာသည်။

ထိုကျောက်တုံးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအချို့ကို ဖုံးကွယ်ထားသော်လည်း ၎င်းသည် မြေကြီးဒြပ်စင်ဆိုလျှင်တောင် ဒေါသဖြစ်နိုင်သည်။

အာရုံစိုက်ပြီး ပစ်လိုက်သည်။

ကျောက်တုံးသည်အခွံထဲမှ ကျည်ဆန်တစ်ခုလို ထွက်လာသည်။

ကျောက်တုံးက မြေပြင်ကို ထိလိုက်တာနဲ့ ပေါက်ကွဲပြီး မြေတွင်းအပေါက်တစ်ခု ဖြစ်သွာသည်။

အလင်းလှိုင်းသည် ကြီးမားသော ကျောက်တုံးကို အလွယ်တကူ ရှောင်ရှားနိုင်ပြီး ဘီလူးကြီးကို ရွဲ့စောင်းကြည့်ရန်ပင် အချိန်ရလိုက်သေးသည်။

“ဒီလို ယုတ်မာတဲ့ကောင်”

ဒန်ဘီသည် ရှေ့သို့ ပြေးသွားပြီး သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် ရှပ်တိုက်လုနီးပါ ဖြစ်နေသည်။

သူသည် ညာဘက်လက် လက်ငါးချောင်းလုံးကိုဖြန့်ကားလိုက်ပြီး မြေပြင်ပေါ်တွင် ညှင်သာလျှင်မြန်စွာ ထိကပ်လိုက်ပြီး ချက်ချင်နောက်ပြန် ဆုတ်လိုက်သည်။ ထိုအခါလေဖြတ်မြေလှိုင်းများပေါက်ကွဲသွားပြီး မြေပြင်ပေါ်တွင်လက်ရာကြီးကျန်နေခဲ့သည်။ ဤကဲ့သို့ပြုလုပ်မှု အလယ်တွင် မြေလှိုင်းများသည် မြေကြီးမှ တဆင့်ဖြတ်ပြီးကြီးမာသော အရိုးကို ကျိုးသွားစေသည်။

ကျောရိုးတစ်ခုကို မြေကြီး၏အနက်ထဲမှ ဆွဲထုတ်လိုက်သကဲ့သို့ ချွန်ထက်သောဓားတစ်စင်း၏ ဓားသွားထက်ထက်နှင့်တူသော အဖြူရောင်အရိုးများသည် အပေါ်သို့တက်လာသည်။

ဒန်ဘီသည် ၎င်း၏ညာဘက်ခြေထောက်ကို ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် ရှေ့ကို အပြေးအလွှား သွားနေခြင်ကိုရုတ်တရက် ရပ်တန့်လိုက်ပြီး ညာဖက်ခြေထောက်ကိုအဓိကထားပြီး ညာဘက်လက်ကို ဖြတ်ကာ ၁၈၀ ဒီဂရီလှည့်လိုက်သည်။

ဒီလိုပျံထွက်သွားမှုနှင့်အတူ မြေကြီးထဲတွင်ဖွက်ထားသော ကြာပွတ်ကြီးထွက်လာသည်။

ကြာပွတ်၏ အရိပ်သည် မြေကြီးနှင့် ကောင်းကင်ကို ပေါက်ပြဲသွားစေသည်။

အပြင်းအထန် ဓာတ်ငွေ့ပေါက်ကွဲမှုများကြားတွင် ဘီလူး၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

ချွန်ထက်သော ဆူးချွန်းများသည် ဘီလူးကြီး၏ ပါးပြင်မှ စုတ်ပြဲသွားပြီး သွားများနှင့်အတူ တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသည်။

ဘီလူးသည် နောက်သို့ တွန်းထုတ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ လဲမကျသွားအောင်လက်နှစ်ဖက်နှင့်ထောက်ထားပြီး အခြားလက်နှစ်ဖက်ကရင်ဘက်ကိုကာထားသည်။ နောက်လက်နှစ်ဖက်က လေးလံသောတူတစ်စုံကို ကိုင်ထားပြီး မိုးကြိုးကဲ့သို့အားအင်အပြည့်နှင့် ရန်သူကို ဖျက်ဆီးရန် အဆင့်ရှိနေသည်။

ဒန်ဘီသည် ၎င်း၏ရင်ဘက်ကိုကာကွယ်ရန် လက်တွေကိုကြက်ခြေခတ်အနေအထားနှင့် သွယ်လျသောအရိုးလှံတံကို လက်နှစ်ဖက်စလုံးနဲ့ ခန္ဓာကိုယ်မှတဆက်တည်းဆန့်ထုတ်လိုက်ပြီး ခုန်လိုက်သည်။

ကောင်းကင်ပေါ်မှ လှံသည်ဆင်းသက်လာပြီး ဘီလူး၏လက်မောင်းကိုပေါက်ထွက်သွားလုနီးပါ နက်နက်ထိုးလိုက်သည်။

ဘီလူးက ဒေါ်သနှင့်ဟိန်းဟောက်လိုက်ပြီး ဒန်ဘီကို ပြင်းပြင်းထန်ထန် ပစ်ချပြီးနောက် ဝင်္ကပါ၏ပင်မတံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်သွားသည်။

၎င်းကို ဒန်ဘီလိုက်ဖမ်းနေသောကြောင့် ကောင်းဖန်က ရပ်ခိုင်းလိုက်သည်။ ဒီဝင်္ကဘာက ဘီလူး၏ အိမ်ဟောင်းဖြစ်ပြီး အထဲမှာ မည်ကဲ့သိုထောင်ချောက်များရှိနေသည်ကို မသိနိုင်ပေ။ အန္တရာယ်ကင်းဖို့က ဒန်ဘီ၏အဆင့်မြင့်လာသည် အထိစောင့်တာ ပိုကောင်းလိမ့်မည်။

နဂါးပုရွက်ဆိတ်၏ခန္ဓာကိုယ်ကို ဘီလူးကတစ်စစီ ဆွဲဖြဲခဲ့သော်လည်း အလောင်းကအကောင်းအတိုင်းကျန်နေသေးသည်။

ကောင်းဖန်က သူ့ကိုသူ သားကောင်လိုက်ဖမ်းနေသောကျားသစ်ဆီကနေ သူ့သားကောင်ကို လုပြေးဖို့စောင့်နေတဲ့ မြက်ခင်းပြင်ပေါ်က တေားရိုင်းခွေးလို ခံစားနေရသည်။

“ဒါနဲ့ အဝေးမှာနေလိုက်တာပဲကောင်းပါတယ်”

ဘီလူးကသူသက်သာသွားတဲ့အခါပြန်လာမှာကို ကောင်းဖန်စိုးရိမ်နေမိသည်။

သို့သော်လည်း သူက နဂါးပုရွက်ဆိတ်အလောင်းကို စွန့်လွှတ်ဖို့ တုံ့ဆိုင်းနေသည်။

ပြီးတော့ ဒါက မော်ကွန်းတင်စွမ်းရည်နဲ့ ဧကရာဇ်အဆင့် အလောင်းဖြစ်နေသည်။ ဒါကိုစွန့်လွှတ်လိုက်ဖို့ နှမြောစရာကောင်းသည်။ တစ်ဖက်မှာလဲ ဒါကိုမစွန့်လွှတ်လိုက်ရင် ဒန်ဘီရဲ့ ပြန်လည်မြင့်တင်ခြင်းအဆင့်က မလုံလောက်သေးပေ။ ဒန်ဘီက အဆင့်တူသားရဲ ကိုသာ ပြန်လည်အသက်သွင်းဖို့ လုပ်နိုင်သည်။

သူကခေါင်းခါလိုက်ပြီး နဂါးပုရွက်ဆိတ်၏ သားရဲအမြုတေကိုထုတ်ယူလိုက်ပြီး ကြက်ဥအရွယ် ရွှေရောင်အမြုတေက ကောင်းဖန်လက်ထဲမှာ ငြိမ်သက်နေသည်။

“ဒါကို ဂိုဒီ သုံးလို့ရမလား” ကောင်းဖန်က စဉ်းစားပြီး ဂိုဒီကို နဂါးပုရွက်ဆိတ်အမြုတေကို ပေးလိုက်သည်။

ဂိုဒီက အမြုတေကို သူ့ပါးစပ်ထဲထည့်ပြီး ကြွပ်ရွနေသောအရိုးကို ဝါးရသလို မျိုချလိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်ထဲက ရောင်ဝါတွေ တဖြေးဖြေး ငြိမ်သက်သွားသည်။

“မင်းကပြိုကွဲသွားပြီ” နဂါးပုရွက်ဆိတ်၏အစိတ်အပိုင်းများကိုတော့စုပြီး ယစ်ပူဇော်ဖို့ သုံးလိုက်သည်။ လူမဲလေးက ဘောလုံးကဲ့သို့ ပလ္လင်ပေါ်မှာ လွင့်မြောနေသည်။

“ငါပြိုကွဲဖို့ ၃ ရက်ကြာလိမ့်မယ်… ဒီတစ်ခါတော့ အကောင်းဆုံးအရာတွေကို ငါလုပ်ပေးပါမယ်”

…

ယွိကျိုး အခြေစိုက်မြို့

အမည်မသိတဲ့ ဧည်သည့်တစ်စု ယွိကျိုးမြို့ကိုရောက်လာသည်။ ခေါင်းဆောင်က ပခုံးအထိဆံပင်ရှည်နှင့် အနီရောင်သားရဲဝတ်ရုံကို ခြုံထားသည်။ နဖူးပေါ်မှာ မြက်ပန်းခွေကိုဝတ်ဆင်ထားပြီး အသက်မကြီးသေးပေ။ သူ့နောက်တွင်လူဆယ်ယောက်ခန့်ပါလာသည်။

ပုံသဏ္ဍာန်နှင့် အရွယ်အစားမတူညီသေားကိုယ်ပိုင်သားရဲ့များကနောက်ကလိုက်လာသည်။

“ဒါဆို ဒါက ‘ပထမချန်ပီယံ’ လို့ ခေါ်တဲ့ မြို့ကြီးလား” လူငယ်လေးသည် ယွိကျိုးမြို့ရိုးမြင့်ကြီးကို ကြည့်ပြီး မထီမဲ့မြင် ရယ်မောလိုက်သည်။ “ငါနဲ့လိုက်ခဲ့”

“မင်းကဘာလုပ်တာပါလဲ... မင်းရဲ့ဖြတ်သန်းခွင့် လက်မှတ်ကိုပြပါ” တာဝန်ကျတဲ့ စစ်သားက ယဉ်ကျေးစွာပြောလိုက်သည်။

လူငယ်လေးက အနည်းငယ် မျက်စိလည်သွားပုံပေါ်ပြီး သူတို့ဘာပြောနေတာလဲ သူနားမလည်နိုင်ဖြစ်နေသည်။

သူကဒေါသစိတ်အနည်းငယ်နှင့် နောက်ကလူကို လက်ပြလိုက်ပြီး “သူတို့ဘာပြောနေတာလဲ... ရှင်းပြပေးပါ” ဟု ပြောလိုက်သည်။

သူနောက်ကလူကလာပြီး လူငယ်လေးရဲ့နားရွက်နားမှာတိုးတိုးလေးပြောလိုက်သည်။ နားထောင်ပြီးနောက် လူငယ်လေးက မျက်မှောင်ကြုံ့လိုက်ကာ တစ်ဖက်စစ်သားကို ရှင်းပြခိုင်းလိုက်သည်။

ထိုအခါ သင့်တင့်တဲ့ အဝတ်အစားကိုဝတ်ထားတဲ့လူက လေးလေးစားစားခေါင်းညိမ့်လိုက်ပြီးနောက် စစ်သားဆီလျှောက်သွားလိုက်ကာ ပြုံးပြီးပြောလိုက်သည်။ “မင်းဘာလုပ်တာလဲ… ငါတို့က မြင့်မြတ်သောနေ့မဟာမိတ်ကပါ… ဒီမှာငါတို့ရဲ့ အထောက်အထားပါ… ယွိကျိုးမြို့ထဲကို ဝင်ရဖို့မျှော်လင့်ပါတယ်..ဒီခရီးက ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တချို့နဲ့ ပတ်သက်နေလို့ပါ”

***

သားရဲလေ့ကျင့်သူ

အခန်း ၅၀၈ ပျက်စီးခြင်းနဂါး၏သွေး (၁/၃)

တောင်ပိုင်းကောင်းကင်၏ အနောက်တောင်ဘက်အရမ်းမဝေးတဲ့နေရာမှာ ကျားလင်းမြစ်ရှိသည်။

ရှေးအချိန်ကာလကတည်းက ကျားလင်းမြစ်နှင့် ၎င်းအနီးရှိတောင်များသည် နဂါးဖြူမျိုးနွယ်စုများ၏လာလည်ရာ နေရာသစ်ဖြစ်သည်။

ကုန်တင်ယာဉ်အများအပြာသည် တောင်ဘေးကိုသွားလေ့ရှိကြပြီး တစ်ချိန်တည်းမှာပဲ အဆောက်အဦးများဆောက်လုပ်ခဲ့ကြသောကြောင့် တောင်နဲ့မြေအနေအထားက ဆက်တိုက်ပြောင်းလဲနေခဲ့သည်။

နဂါးတွေက ရေကိုကြိုက်ကြသည်။ မီးတောင်တွေမှာအသိုက်ဆောက်ရတာကြိုက်တဲ့ မီးဒြပ်စင်နဂါးတွေကလွဲပြီး နဂါးအများစုက အေးမြပြီးစိုထိုင်းတဲ့နေရာတွေကိုကြိုက်ကြသည်။

ကျားလင်းမြစ်ရေရဲ့အပူချန်က ယန့်ကျဲထက် အပူချိန် အနည်းငယ်ပိုနိမ့်သည်။

သားရဲကြီးတွေက မြစ်ထဲမှာ လူးလိမ့်နေကြသည်။ စိုစွတ်သောရေအောက်မှာ အကြေးခွံတွေက တောက်ပနေကြသည်။ ကမ်းနားတွင် ကျားမွေးတွေနဲ့ဖုံးထားတဲ့ ပိုင်ရှင်က မြစ်ထဲကို စိုက်ကြည့်နေသည်။

ပိုင်ယင်းရဲ့ ခါးကို ကိုင်ထားပြီး ခေါင်းကို သူ့ပခုံးနဲ့ မှီထားတဲ့ မိန်းကလေးတစ်ယောက်သည် သူ့အနောက်ကနေ ထွက်လာသည်။

ပိုင်ယင်းသည် ကောင်မလေး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး တိတ်ဆိတ်နေသည်။

ကောင်မလေးက သူ့ကို စာနာစိတ်နဲ့ ကြည့်လိုက်သည်။ သူမသည် ပိုင်ယင်၏ဇနီးဖြစ်သည်။ နဂါးဖြူမျိုးနွယ်စုမှ လူများသည် အများအားဖြင့် စောစောလက်ထပ်ကြသည်။ ယောက်ျားလေးအများစုသည် အသက် ၁၅ နှစ်တွင် အိမ်ထောင်ပြုကြပြီး၊ မိန်းကလေးများမှာ ၁၄ နှစ်တွင် အိမ်ထောင်သက် လေးနှစ်ရှိပြီး ဖြစ်တတ်ကြသည်။

သူမသည် ခင်ပွန်းဖြစ်သူ၏ သရုပ်မှန်ကိုသိထားပြီး၊ သူသည် နဂါးဖြူမျိုးနွယ်ဦးခေါင်း၏ ၃၇ ယောက်မြောက် သားဖြစ်ပြီး နှစ်သက်မခံရသော သားများထဲမှ တစ်ဦးဖြစ်သည်။

အမှန်တော့ နဂါးဖြူမျိုးနွယ်၏ အကြီးဆုံးသားဖြစ်သောကြောင့် သူ၏ အရည်အချင်းကို တန်ဖိုးထားသရွေ့ နဂါးဖြူသားရဲနှင့် စာချုပ်ချုပ်ဆိုရန် မခက်ခဲပေ။

သို့သော်သူမ ခင်ပွန်း၏ သားရဲမှာ ထုံးကျောက်ရေပျော်နဂါးသာဖြစ်သည်။ ရေပျော်နဂါးများထဲမှာတောင်၎င်းကို အဆင့်မြင့်လို မယူဆနိုင်ပေ။

လူများစွာအတွက် ဘိုးဘွားပိုင်မြေသို့ ပြန်သွားခြင်းသည် အန္တရာယ်ရှိသောကိစ္စဟု ယူဆသည်။ ဘိုးဘွားပိုင်မြေ မည်မျှ အန္တရာယ်ရှိမည်ကို မည်သူမျှ မသိနိုင်ပေ။ အကယ်၍ သူသည် နှစ်သက်မခံရသောအချက်ကြောင့် မဟုတ်ပါက ဤနေရာသို့ မည်သူက စေလွှတ်ခံရမည် မဟုတ်ပါ။

အခြားသော မျိုးနွယ်စုငယ်များသည် ၎င်းတို့၏ ပထမဆုံးအခွင့်အရေးကို ရယူရန် သီးနှံမုန့်ကို ဘိုးဘွားပိုင်မြေသို့ ပို့ပေးကြသည်။ ဒါပေမယ့် အမြင့်မြတ်ဆုံးဖြစ်တဲ့ နဂါးဖြူအနွယ်အတွက်ကတော့ ဘိုးဘွားပိုင်မြေကို ပြန်ဖို့ရွေးချယ်ခဲ့တဲ့အခါ သူတို့က လက်ခံစဉ်းစားရမှာက ခွန်အားဖြစ်သည်ဟု ယုံကြည်ကြသည်။

“သူက တကယ့်ဘုန်းတော်ကြီးလို့ မင်းပြောတာလား.. ဗိမာန်တော်မှာရှိတဲ့ ဘုန်းတော်ကြီးရဲ့ပုံတူကို ငါမြင်ဖူးတယ်၊ သူနဲ့တကယ်တူတယ်၊ ငါ မူးနေပြီထင်တယ်” ပိုင်ယင်းက သူကိုယ်သူမကြားတကြားရေရွတ်နေသည်။

ပိုင်လျိုကတော့ ကျီဟန့်ဝူသည် ဘုန်းတော်ကြီးတစ်ပါးဖြစ်ကြောင်း မယုံကြည်ခဲ့ပေ။ ဘုန်းကြီးပုံတူကိုလည်း သူမမြင်ဖူးပေ။ သူမအမြင်အရတော့ ကမ္ဘာပေါ်မှာ ပုံစံတူတဲ့သူတွေ အများကြီးရှိပြီး ဒါကိုတိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်ဟု ထင်သည်။ သို့သော် ခင်ပွန်းဖြစ်သူ၏ တိုးတိုးတိတ်တိတ် ညည်းတွားသံကို ကြားလိုက်ရတဲ့အခါမှာတော့ သူမ တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

သူမက သူကို အလိုလို ပိုပြီးတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

“သူကဘုန်းတော်ကြီး ဖြစ်နိုင်ပါတယ်”

“မင်းမယုံဘူးဆိုတာ ငါသိပါတယ်... ဒါပေမဲ့ အမှန်ပဲ... တူရုံပဲ မဟုတ်ဘူး တစ်ထပ်ထဲပဲတူတာ... ပန်းချီကားထဲက လမ်းလျှောက်ထွက်လာတဲ့ အတိုင်းပဲ” ပိုင်းယင် ကဆက်ပြောချင်နေသေးသည်။ ဒါပေမဲ့ ရပ်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်ကာ ခေါင်းခါလိုက်သည်။

ဟုတ်တယ်.. တကယ် လူဝင်စား ဘုန်းကြီး ဖြစ်ခဲ့ရင်တောင် ဘာမှကွာခြားမှု မရှိပါဘူး.. သူ့ကိုယ်ပိုင်သားရဲက ဘုရင်အဆင့်ဖြစ်တဲ့ သွေးစွမ်းရည်အနိမ့်ဆုံး သာမန်နဂါးဖြူတစ်ကောင်ပါပဲ..

ဘုန်းတော်ကြီးဆိုရင်တောင် ဘာအကူအညီမှ မဖြစ်ပါဘူး.. ပြီးတော့ ခွန်အားနဲ့ စွမ်းအားက အရာရာကို ဆုံးဖြတ်ပေးတဲ့ ကမ္ဘာပဲ.. သူ့မှာ စစ်မှန်တဲ့ စွမ်းအင်မရှိရင် စကားပြောဖို့တောင် မလိုတော့ဘူး...

“အစ်ကိုယင်း.... ယင်ယီ မျိုးနွယ်စုက မြို့ထဲမှာရှိတယ်“ ခပ်လှမ်လှမ်းက လူငယ်လေးတစ်ယောက်က သူ့ဆီလျင်မြန်စွာပြေးလာပြီး သူ့နောက်မှာ လက်သီးဆုပ်လောက်ကြီးတဲ့ ခရမ်းရောင်ပျားအုံလိုက်ကြီး လိုက်လာသည်။

“ယင်ယီ မျိုးနွယ်စု” ပိုင်ယင်း ထိတ်လန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ယင်ယီမျိုးနွယ်က ဒီလူတွေ ဘာလုပ်နေကြတာလဲ.. ယင်ယီမျိုးနွယ်က ငါတို့နဂါးဖြူမျိုးနွယ်နဲ့ မယှဉ်နိုင်ပေမယ့် သူတို့က မျိုးနွယ်စုခုနှစ်ခုထဲမှာ နဂါးဖြူမျိုးနွယ်စုရဲ့ နောက်မှာ ရှိနေတာပဲ..

သူတို့ကဒီနေရာမှာ ငါကိုပြဿနာရှာမလို့လား..

ပိုင်ယင် ထိုကဲ့သို့ တွေးလိုက်မိသော်လည်း သူ့အတွေး ကိုပယ်ချလိုက်သည်။ သူသည် လူမျိုးစုခေါင်းဆောင်ရဲ့ အချစ်ဆုံးမဟုတ်သော်လည်း သူကသားတစ်ယောက်တော့ ဖြစ်နေတုန်းပင်။ အဆင်တူမှာရှိတဲ့ မျိုးနွယ်စု သုံးစုကလွဲပြီး ယင်ယီမျိုးနွယ်စုကလူတွေကတော့ထိုကဲ့သို့လုပ်ဖို့ သတ္တိမရှိပေ။

“လာ ငါတို့ သွားရှာရအောင်” တူညီသော ရှေးမျိုးရိုးမှ ဆင်းသက်လာခြင်းကြောင့် ပိုင်ယင်းက ပထမဆုံး တုံ့ပြန်လိုက်သည်။

ချက်ချင်းပင် အခြားမျိုးနွယ်စုဝင်များသည် ၎င်းတို့၏ သားရဲများနှင့်အတူ လိုက်ပါသွားကြသည်။

နဂါးဖြူမျိုးနွယ်စုမှ ပိုင်ယင်းနှင့်အခြားမျိုးနွယ်စုများကို သတိပြုမိပြီး ယိကျိုး အံ့ဩသွားသည်။ နဂါးဖြူလူမျိုးစုတွေက ဒီမှာဘာလာလုပ်နေတာတာလဲ..

“ဒါဘယ်သူများလဲလို့ သခင်လေး ယိကျိုးပဲ” ပိုင်ယင်းသည် ယင်ယီလူမျိုးစု၏ ရှစ်ယောက်မြောက် အငယ်ဆုံးနှင့် ယင်ယီလူမျိုးစုခေါင်းဆောင်၏ အချစ်ခံအရဆုံးသား ယိကျိုးကိုမှတ်မိလေသည်။ “မင်းဒီမှာဘာလာလုပ်တာလဲ” ပိုင်ယင်းက အတော်လေး စိတ်မချမ်းသာဖြစ်နေသည်။ မြေနေရာအားလုံးက ဒီလောက်ကျယ်ဝန်းတာ.. ဒီနေရာကို လာဖို့ ဘာလို့ ရွေးခဲ့တာလဲ ငါက အနိုင်ကျင့်ဖို့လွယ်ထင်တာလား..

ငါက မျက်နှာသာမပေးခံရသေးပေမယ့် နဂါးဖြူမျိုးနွယ်ဝင်ဖြစ်နေတုန်း တစ်ခုခုဖြစ်ခဲ့ရင် အပြစ်ပေးခံရတဲ့လူက မင်းပဲဖြစ်လိမ့်မယ်..

ယိကျိုး ပါးစပ်တွေ တွန့်သွားသည်။ “ငါမင်းကိုရှာဖို့ဒီမှာရှိနေတာမဟုတ်ဘူး.. ဘိုးဘွားနယ်မြေထဲ ကာကွယ်သူကိုရှာနေတာ၊ ကျီဟန့်ဝူက ဘိုးဘွားပိုင်မြေရဲ့ ကာကွယ်သူဆိုလို့ သူ ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ သိချင်လို့”

ပိုင်ယင်း ရဲ့ သံသယတွေ ရှင်းသွားလေပြီ.. သူ့အတွေး မှားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပိုင်ယင်းရဲ့ စိတ်တွေ လှုပ်ရှားလာပြီး ယိကျိုးကို “ဒီကိုမလာခင် သူ့သားရဲတွေအကြောင်းကို ရှာထားသေးလား” ဟုမေးလိုက်သည်။

ယိကျိုး အံ့အားသင့်သွားကာ ပိုင်ယင်းကို မော့ကြည့်လိုက်ပြီးနောက် သူသည် ကျီဟန့်ဝူ၏သားရဲက နဂါးဖြူတစ်ကောင်ဆိုတာကို သတိရသွားသည်။ ထို့နောက် ရုတ်တရက် အရာအားလုံးကို သူနားလည်သွားသည်။

“ငါ ကျူးကျော်မိသွားပုံပဲ.. အခုတော့ ငါနားလည်ပြီ.. ငါက စိတ်အနှောင့်အယှက် ဖြစ်စေသလိုဖြစ်သွားရင် နှုတ်ဆက်ပါတယ်” လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်ထားရင်း ယိကျိုး လှည့်ထွက်သွားသည်။

ပိုင်ယင်းက အူကြောင်ကြောင်နှင့် ကျန်ခဲ့သည်။

မင်းဘာကိုနားလည်သွားတာလဲ...

ယိကျိုးသည် အချို့သောအရာများကို နားလည်မှုလွဲသွားတာ ဖြစ်ကြောင်း ပိုင်ယိ သိလိုက်သော်လည်း ရှင်းပြဖို့ရန် ပျင်းလွန်းလှသည်။

…

အနက်ရောင်မြူခိုးကမ္ဘာတွင် သုံးရက်သည် တစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

ဂိုဒီသည် မြေပြင်ပေါ်တွင် ဒိုက်ထိုးနေသည်။ ယခုတစ်ကြိမ်တွင် ဂိုဒီ၏အရွယ်အစားသည် ဘုရင်အဆင့်သို့ အဆင့်မြှင့်တင်ပြီးနောက် တိုးမလာဘဲ ၎င်း၏လက်ရှိအရွယ်အစားမှာ ငါးမီတာအဖြစ်သာရှိသေးသည်။

ဒီထူးဆန်းတဲ့ အမြုတေသည် ဂိုဒီအဆင့် ၅၄ ရောက်သွားပြီးသောအခါပျောက်ကွယ်သွားသည်။

ထို့ကြောင့် ဤ အနက်ရောင်မြူခိုးကမ္ဘာသို့ လာခဲ့ခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ်သည်။ မြေကမ္ဘာကြယ်ပေါ်ရှိ သယံဇာတများသည် အလွန်ကြွယ်ဝသော်လည်း ကောင်းကင်နှင့်မြေကြီးမှ ဒြပ်စင်စွမ်းအားများကို စုပ်ယူခြင်းမှတစ်ဆင့် ဆင့်ကဲဖြစ်စဉ်သည် နှေးကွေးလွန်းသည်။ တူညီသော စွမ်းအားရှိသောသားရဲများ၏ အမြူတေကို ဝါးမြိုသည်မှာ အနက်ရောင်မြူခိုးကမ္ဘာတွင် ပိုမိုမြန်ဆန်သည်။

နောက်ဆုံးတွင် ယဇ်ပလ္လင်ပေါ်ရှိ နဂါးပုရွက်ဆိတ်၏ အလောင်း ပြိုကွဲသွားသည်။ အလောင်းသည် အပိုင်းပိုင်းကွဲသွားသော်လည်း လတ်ဆတ်ဆဲဖြစ်ပြီး ပြိုကျပျက်စီးသွားသော ပစ္စည်းများမှာ များပြားလှသည်။

ယဇ်ပလ္လင်အထက်တွင် အလင်းအလုံးကြီးကြီးငါးလုံး လွင့်နေ၏။

အထင်ရှားဆုံးမှာ အသားနှင့် ဝိညာဉ်၏ အဆီအနှစ်တို့ဖြစ်သည်။

ကောင်ဖန်သည် အသားနှင့် စိတ်ဝိဥာဉ်၏ အဆီအနှစ်အသုံးပြုပုံနည်းလမ်းအသစ်များကို ရှာဖွေတွေ့ရှိခဲ့ပြီး အလွန်ဝမ်းမြောက်နေသည်။

ဤနည်းအားဖြင့် ကောင်းဖန်၏စွမ်းအင်အများအပြားကိုစုဆောင်းနိုင်ခဲ့သည်။ တူညီသောအရည်အချင်း ဝိဉာဉ်ပစ္စည်းများကို ရှာဖွေဖို့ အချိန်အများကြီး မလိုအပ်တော့ပေ။

ကောင်းဖန်သည် ဂိုဒီကို နဂါးပုရွက်ဆိတ်၏အသားနှင့်ဝိဉာဉ်အဆီအနှစ်ကိုပေးပြီး ဂိုဒီကို ဒဏ္ဍာရီအဆင့်ကို ပြန်ရောက်စေလိုက်သည်။

ပြိုကွဲသွားသည့် နောက်ထပ်ပစ္စည်းသုံးမျိုးမှာ အလွန်ကြီးမာသောခန္ဓာကိုယ် အဆင့် ၂ ၊ လေဒြပ်စင်ထိန်းချုပ်မှု အဆင့် ၃ နှင့် ပါးလွှာသော ပျက်စီးခြင်း၏နဂါးသွေးတို့ဖြစ်သည်။

All Chapters