← Chapters

အခန်း (၅၀၉-၅၁၂)

Vol. 32 Ch. 509-512

အခန်း (၅၀၉-၅၁၂)

Vol. 32 Ch. 509-512

အခန်း ၅၀၉ ခန္ဓာကိုယ်အလွန်ကြီးမာသောအသီး၏ပိုင်ရှင် (၂/၃)

ကောင်းဖန်သည် အလွန်ကြီးမားသော ခန္ဓာကိုယ်ကိုစွမ်းအင်လုံးကို လှည့်ကြည့်လိုက်သည်။

ထို့နောက် မီးခိုးရောင် အညိုရောင် အဝိုင်းပုံ သလင်းကျောက်ကို ယဇ်ပလ္လင်မှ ကောက်ယူလိုက်သည်။ အဲဒါကို ထိလိုက်တာနဲ့ ကြည်လင်နေသလို ခံစားရသည်။ အထဲတွင်သွေးရောင်လွှမ်းနေသော အနီရောင် ချည်မျှင်လေးတွေ ရှိသည်။

ချည်မျှင်များသည် ခုန်နေသောသွေးကြောကဲ့သို့ ပျစ်ခဲပြီး ထူထည်းသည်။ သန်မာပြီး အားကောင်းပုံရသည်။

[ပစ္စည်းအမည်] - ကြီးမားသော ခန္ဓာကိုယ်အဆင့် ၂ သစ်သီး

[ပစ္စည်း ဖော်ပြချက်] - ပစ်မှတ်ထားသော သားရဲသည် ထိုစွမ်းအင်ကိုရရှိလိမ့်မည်။

သုံးစွဲပြီးနောက် ခန္ဓာကိုယ်အလွန်ကြီးမားစေသော အဆင့် ၂ ကျွမ်းကျင်မှုကို အဆင့်မြင့် ပိုင်ဆိုင်ရမည်ဖြစ်သည်။ အလွန်ကြီးမာစေးသောခန္ဓာကိုယ်သစ်သီးသည် ပစ်မှတ်ထားသော သားရဲကို ၈ ဆအထိကြီးစေနိုင်သည်။

ကောင်းဖန်သည် ခန္ဓာကိုယ်ကို ရှစ်ဆတိုးစေရန်အတွက် နဂါးတစ်ကောင်၏ စုစုပေါင်းအလျား၊ အနံနှင့် အမြင့်ကို နှစ်နှင့်မြှောက်ရမည်ဖြစ်သည်။

ကောင်းဖန်၏ ပထမဆုံးအတွေးမှာ အလင်းလှိုင်းဖြစ်သည်။ အလင်းလှိုင်းသည် ၎င်း၏ အမြင့်ကို အလွန်သတိရှိသူဖြစ်ကြောင်း သူသိသည်။ ဒီတစ်ခါတော့ ဒီကောင်က အရမ်းပျော်နေတော့မည်။

အခြားလေဒြပ်စင်ထိန်းချုပ်မှု အဆင့် ၃ ကတော့ အတော်လေး သံသယဖြစ်ဖွယ်ရှိသည်။ နတ်ဘုရားအဆင့်တွေရဲ့ အဓိက ကျွမ်းကျင်မှုကအဆင့် ၃ ပဲ ဖြစ်သည်။ ဘုရင်အဆင့်များ၏ အဓိက ကျွမ်းကျင်မှုမှာ အနည်းဆုံး အဆင့် ၄ ဖြစ်သည်။

ဤလေဒြပ်စင်ထိန်းချုပ်မှု၏ အဆင့်သည် နိမ့်လွန်းသဖြင့် ၎င်းသည် အခြားနည်းလမ်းများဖြင့် မကြီးထွားနိုင်ပေ။ ၎င်းသည် သားရဲ၏ သဘာဝစွမ်းရည်မဟုတ်သောကြောင့် သူတို့၏ ခန္ဓာကိုယ်တွင် ချိတ်ဆွဲထားသော အပိုပစ္စည်းတစ်ခုသာဖြစ်သည်။

နောက်ပြီး ဒါကသိပ်ပြီး အင်အားမကြီးပေ။ အကယ်၍ ၎င်းတွင် တိုက်ပွဲအနံ့အသက် သို့မဟုတ် သွေးစွန်းနေသောရောင်ဝါ ကဲ့သို့ အကျိုးသက်ရောက်စေသောကျွမ်းကျင်မှုမရှိလျှင် ဒါကိုကောင်းတယ်လို့စဉ်းစားနိုင်ပေမဲ့ ဒြပ်စင်ထိမ်းချုပ်မှုအတွက်တော့ အသုံးမဝင်ပေ။

လေဒြပ်စင်က သားရဲများကိုပျံသန်းစေနိုင်သော်လည်း အဆင့် ၃ က အရမ်းမမြင့်သလို့ အရမ်းလဲ မနိမ့်ပေ။ ဒါကြောင့် အစင်းလေးကိုပျံသန်းခွင့်ပြုရန် အဆင့် ၃ ကလုံလောက်‌ပေမဲ့ အနည်းဆုံးအဆင့် ၇ လောက်ဖြစ်သင့်သည်။

နောက်ဆုံးတစ်ခုက ဖျက်စီးခြင်းနဂါး၏သွေးဖြစ်သည်။ အထူးသဖြင့် ၎င်းကို ပါးလွှာသည် ဟုသတ်မှတ်သည်။

ကောင်းဖန်သည် ပါးလွှာသော သွေးအမျိုးအနွယ်ကို စိတ်အားထက်သန်လွန်းသူ မဟုတ်ပေ။

ကောင်းဖန်လိုချင်တာက ပြီးပြည့်စုံမှုတစ်ခုပင်။ သနားစရာ ကောင်းပေမယ့် ပြီးပြည့်စုံတဲ့သွေးအမျိုးအနွယ်ဖြစ်ရင်တောင် ရရှိဖို့က ပိုခက်ခဲမှာ သေချာသည်။ များများရရှိရန် ပိုမိုကြိုးစားအားထုတ်ရပေမည်။

ဒါပေမယ့် ဘီလူးကြီးရဲ့ ဦးခေါင်းကို ထိုးဖောက်လုနီးပါး ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးထိခိုက်မှုတွေနှင့် မှော်ကာကွယ်ရေးကို လျစ်လျူရှုနိုင်တဲ့ နဂါးပုရွက်ဆိတ်၏ ဖျက်ဆီးခြင်းအလင်းရဲ့ အဖျက်စွမ်းအားကတော့ အတော်အင်အားကြီးသည်။

ဘီလူးက တော်တော်ကောင်းတဲ့ မှော်ကာကွယ်ရေးဖြစ်ခဲ့သည်။

ဂိုဒီ၏ ဒြပ်စင်ခုခံမှုကိုလည်း ဤအလင်း၏ဖျက်ဆီးမှုက ထိန်းထားနိုင်သည်။ ထိုဖျက်ဆီးမှုကို ပေါင်းစပ်ပြီးနောက် ပျက်စီးခြင်း၏အလင်းကို နိုးထနိုင်လျှင်တော့ အကောင်းဆုံးဖြစ်မည်ဖြစ်သော်လည်း သွေးပေါင်းစပ်ပါက ဘာဖြစ်နိုင်သည်ကို မည်သူမျှ မသိနိုင်ပေ။ ကောင်းဖန်က ပေါင်းစပ်မှုတစ်ခုခု ချို့ယွင်းခဲ့ရင် အကြောင်းပြချက်ကို တောင်းမှာကို သိနေသကဲ့သို့ လူပုလေးကပြောလိုက်သည်။ “ပေါင်းစပ်ပြီးရင် မင်း ဒီသွေးမျိုးနွယ်ကနေ ဘာရနိုင်မလဲဆိုတာ ငါ အာမမခံနိုင်ဘူး... ဒါက ပါးလွှာတဲ့ သွေးမျိုးနွယ်ပဲ... မင်းရဲ့ကံကြမ္မာကို အလောင်းအစားလုပ်မလို့လား..”

“ဒါဆို မင်းငါ့ကို ပြီးပြည့်စုံတဲ့ သွေးမျိုးနွယ်ကို ရစေနိုင်မလား”

“အကယ်၍မင်းမှာတူညီတဲ့သားရဲတွေဆီက သွေးမျိုးနွယ် ဆယ်စုံလောက်ရှိရင် ငါကြိုးစားပေးနိုင်တယ်.... ဒါပေမဲ့ အောင်မြင်မယ်လို့ ငါ အာမမခံနိုင်ဘူး”

နောက်ပြီး သွေးမျိုးနွယ်ကို ရိုးရိုးပေါင်းစည်းဖို့ ငါတိုက်တွန်းတာမဟုတ်ဘူး... ဒီသားရဲတွေရဲ့ သွေးမျိုးနွယ် အရည်အသွေးက မညံ့ဖျင်းတာကို ငါ သိတယ်... ဘာလို့ အခြားသားရဲတွေရဲ့ သွေးမျိုးနွယ်ကို ပေါင်းစပ်ဖို့ တောင်းဆိုနေတာလဲ...သွေးမျိုနွယ်တွေ ပိုအားကောင်းလာရင် ပဋိပက္ခတွေ ပိုကြီးလာတတ်တယ်... တစ်ခါကကောင်းကင်ဘုံအစိမ်းရောင် နွားသိုးအတွက် ဟေးဒီးရဲ့ ဇာမဏီငှက်ရဲ့ သွေးမျိုးနွယ်ကို ငါသန့်စင်ခဲ့တယ်... ဟေးဒီးဇာမဏီငှက် အတောင်ပံတွေ ငါရရှိချင်ခဲ့လို့ပဲ ဒါပေမယ့်.. .သွေးပေါင်းစပ်ပြီး ငရဲမီးတောင်လို ပေါက်ကွဲသွားခဲ့တယ်” လူပုလေးက ခပ်တည်တည်ပင် ပြောနေသည်။

“မင်းဘာလို့ငါ့ကိုဒီအကြောင်းပြောပြရတာလဲ” ဟု ကောင်းဖန်က မေးလိုက်သည်။

လူပုကလေးက “ငါက ဒီလောက်သေးငယ်တဲ့ ယဇ်ပလ္လင်မဟုတ်ဘူး... အတိတ်မှာတုန်းကတော့ အရမ်းစွမ်းအားကြီးတဲ့ သားရဲတွေ နတ်ဘုရားတွေတောင်မှ ငါ့ကို ပိုင်ဆိုင်ထားကြတယ်... အစပိုင်းမှာတော့ ငါကံမကောင်းဘူးလို့ ထင်ပြီး ငါ့ကို ဖျက်ဆီးပစ်ချင်ကြပေမယ့်ကြာတော့ သူတို့ ငါ့ကို မပစ်နိုင်တော့ဘူး.. ဒါပေမယ့်လည်း နောက်ဆုံးတော့ ငါက တူရိယာတစ်ခုလိုပါပဲ... ဘယ်သူက ငါ့ကိုသုံးတယ်ဆိုတာက အရေးမကြီးတော့ပါဘူး”

“မင်းပြောတဲ့ပုံအရတော့ မင်းက အန္တရာယ်ရှိပုံပါပဲ... မင်းအောင်မြင်တဲ့ကိစ္စတစ်ခုမှ မရှိခဲ့ဘူးလား” ကောင်းဖန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဒါပေါ့ သိပ်ရှိတာပေ့ါ... တစ်ခါက အနက်ရောင်ညနတ်ဆိုးဝံပုလွေ သွေးမျိုးနွယ် နဲ့ ပေါင်းစပ်ထားတဲ့ နေ့အလင်းရောင်ခြည်ဝံပုလွေ တစ်ကောင်ရှိခဲ့တယ်.. နောက်တော့ အလင်းနဲ့ အမှောင်ရောနှောထားတဲ့ ဝံပုလွေဖြစ်လာပြီး အမှောင်နဲ့ အလင်း ဂုဏ်ရည်နှစ်ရပ်က အရမ်းကြီးမားလာခဲ့တယ်..

နောက်ဆက်တွဲ သက်ရောက်မှုလည်း ရှိခဲ့တယ်.. အမှောင်နဲ့ အလင်း နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားတာ ဆိုတော့ အဲဒီ ၂ ခု ရောနှောထားတဲ့ ဝံပုလွေက အတော်လေး စိတ်အားထက်သန်ခဲ့တယ်...စိတ်မြန်ပြီး အရမ်းကိုတက်ကြွပြီး ကိုက်ဖြတ်ရတာကိုလည်း အတော်လေး ကြိုက်တာပေါ့”

“အဲဒီဝံပုလွေဘာဖြစ်သွားလဲ”

“အဲဒီ ကိုက်တတ်တဲ့အကျင့်ဆိုးကြောင့် နောက်ပိုင်းမှာ ချောက်ထဲမှာရှိတဲ့ ရေခဲကျောက်သလင်းတွေကို ဖြိုခွင်းရာမှာ အသုံးပြုတဲ့ ကောင်းကင်မီးတိုင်ကို ကိုက်ခဲ့မိတယ်.. အဲဒါနဲ့ ဒေါသကြီးတဲ့ အဘိုးအိုဖြစ်တဲ့ မီးနတ်ဘုရားက သတ်လိုက်လို့ သေဆုံးသွားခဲ့တယ်”

“ဒါက အောင်မြင်တဲ့ ဥပမာတစ်ခုလို့တော့ မထင်ဘူးနော်”

ကောင်းဖန်သည် ပြောစရာစကားမဲ့သွားသည်။ အစမှာတော့ ဒါကတော့ ဒါကကောင်းတဲ့ အရာတစ်ခုလို့ သူစဉ်းစားမိပေမဲ့ နားထောင်ပြီးသွားတဲ့အချိန် သွေးပြဿနာက ထောင်ချောက်တစ်ခုဆိုတာ သူသိလိုက်ပြီ ဖြစ်သည်။

ငုတ်တုတ်ထိုင်ကာ ထင်းရှူးပင်အချို့ကို ကိုက်နေသော အလင်းလှိုင်း၏ အေးမြသော မျက်လုံးများသည် သန်မာခြင်း၏ နောက်ကွယ်မှ ခွန်အား အစစ်အမှန်သည် ၎င်း၏ ပြယုဂ်ဖြစ်ပြီး ရုပ်ခန္ဓာ မဟုတ်သည်ကို သူကောင်းကောင်း သဘောပေါက်နေသည်။

လူတစ်ဦး၏ ရုပ်ခန္ဓာအရွယ်အစားကို မိဘများက အဆုံးအဖြတ်ပေးသော်လည်း စိတ်ဝိညာဉ်၏ မြင့်မြတ်မှုကို သူကိုယ်တိုင် ဆုံးဖြတ်သည်။ သူသည် ပညာရှိတစ်ယောက်လို အကြီးကြီးတွေ တွေးနေသည်။

“အလင်းလှိုင်း... အလင်းလှိုင်း.... ဒီကို မြန်မြန်လာ”ကောင်းဖန်က သိပ်မဝေးလှသော နေရာတွင် ရှိနေသည့် အလင်းလှိုင်းကို ကျယ်လောင်စွာအော်လိုက်သည်။

ပညာရှိမုဒ်တွင်ရှိနေသော အလင်းလှိုင်းသည် ကောင်းဖန်ခေါ်သံကိုကြားသောအခါ လှည့်လိုက်ပြီး သူ့ကိုဗလာအကြည့်နှင့် ကြည့်နေလိုက်သည်။

“အလင်းလှိုင်း ဒါဘာလဲဆိုတာ မင်းသိလား... ဒီအသီးက စားပြီးရင် အရွယ်အစားကို ကြီးစေမယ့် အသီးပဲ”

“…”

စားလက်စ ထင်းရှူးစေ့များသည် မြေပေါ်သို့ ပြုတ်ကျသွားကုန်သည်။

အလင်းလှိုင်းရဲ့ အတွေးတွေ ပြောင်းသွားသည်... အခုလေးတင် ငါဘာကို တွေးနေတာပါလိမ့်..

“မင်းမလိုချင်ရင် ငါဒါကို ဆီလီကို ပေးလိုက်မယ်”

ဝှစ်ခနဲ အသံတစ်ခုနှင့်အတူ လျင်မြန်သော အရိပ်တစ်ခု ဖြတ်သွားပြီး ခန္ဓာကိုယ်အလွန်ကြီးမားစေသော သစ်သီးများသည် ကောင်းဖန်၏ လက်ချောင်းထိပ်များမှ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

အလင်းလှိုင်းသည် အသီးကို အမြန်မျိုချလိုက်သည်။

ထို့နောက် အသီး၏အကျိုးသက်ရောက်မှုထွက်လာမည့်အချိန်ကို ပျော်ရွှင်စွာ စောင့်ဆိုင်းနေလိုက်သည်။

ဤအသီးသည် အရွယ်အစား တစ်ဆကိုသာ တိုးစေနိုင်သည်။ အရွယ်အစားသည် ခွန်အား၊ တာရှည်ခံမှုနှင့် ကာကွယ်ရေးစသည့် ဂုဏ်သတ္တိများဖြင့် ကြီးထွားလာသောအခါ ကြီးထွားမှုသည် ဂိုဒီ၏ ဆက်လက်ချဲ့ထွင်နိုင်သည့် အရာနှင့် မတူဘဲ ပုံမှန်နယ်ပယ်တွင်သာ ကြီးထွားလာမည်ဖြစ်သည်။

ထို့ကြောင့် ဂိုဒီအား ပေးလျှင် ၎င်း၏ အရွယ်အစားနှင့် ခွန်အားကအချိုးအစားမကျတော့ဘဲ အပိုဖြစ်လာနိုင်သောကြောင့် ၎င်းကို ပေးလျှင် တန်ဖိုးရှိမည်မဟုတ်ပေ။ ဆူဖြိုးမှုသာဖြစ်လာလိမ့်မည်။

ကောင်းဖန်သည် ပြောင်းဖူးဝက်သားရဲဟူသော ဆူဖြိုးသည့်အမျိုးအစား သားရဲကိုမြင်ဖူးသည်။ ၎င်းသည် ပြောင်းဖူးကို စားရသည်ကို နှစ်သက်သည်။ အလွန်ကြီးမားပြီး ရေသောက်ရုံဖြင့် ကိုယ်အလေးချိန် တိုးလာသော သားရဲမျိုးနွယ်ဖြစ်သည်။ သူတို့သည် ပိန်တဲ့အသားသာ ကြီးထွားလာပြီး အဆီများတဲ့ အသားတွေ မကြီးထွားလာကြပေ။ ထို့နောက် အရွယ်ရောက်သောအခါတွင် ၎င်းတို့၏ပျမ်းမျှအရွယ်အစားမှာ အရပ်ငါးမီတာနှင့် အရှည်ဆယ်မီတာရှိသည်။ သူတို့သည် နောက်ပိုင်းတွင် ကြွက်သားတွေ သန်မာသော်လည်း အသုံးမဝင်တော့ပဲ ကွန်မန်ဒါအဆင့်သားရဲကိုပင် မတိုက်နိုင်ကြတော့ပေ။

ဒီလိုနဲ့ သူတို့ဟာ လယ်ကွင်းထဲက ကြယ်ငယ်သားရဲလေးတွေ ဖြစ်လာခဲ့ကြသည်။

မွေးမြူရေးခြံတော်တော်များများကတော့ ပြောင်းဝက်ကို မွေးမြူရတာကို နှစ်သက်ကြသည်။

ဆယ်မိနစ်အကြာတွင် အလင်းလှိုင်းသည် ၎င်း၏ခန္ဓာကိုယ်ကြီးထွားမှု၊ နွေးထွေးမှုအာရုံများသည် ကျောရိုးမှ ဦးနှောက်အာရုံကြောအထိ ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်ကြီးထွားလာသည်ကို တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်နေတော့သည်။

နာရီဝက်ကြာသွားသောအခါ အလင်းလှိုင်းသည် ၎င်း၏အရပ်အမြင့်ကို တိုးလာသည်ကို သိလိုက်ရသည်။

ဤအချိန်တွင် ၎င်း၏စိတ်ထဲတွင် သိမ်းဆည်းထားခဲ့သော သူရဲကောင်းဆန်သောသဘောထား၊ မြင့်မြတ်သောစိတ်ထားကဲ့သို့သော စကားစုများ အားလုံးသည် ထောင့်စွန်းသို့ ရောက်သွားကြသည်။

အလင်းလှိုင်း၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ ကောင်းဖန်က ငါ့ကို မလိမ်ပါဘူး၊ ငါ တကယ်ကို အရပ်မြင့်လာတယ်...

ခန္ဓာကိုယ်ကြီးထွားမှုရပ်တန့်သွားသောအခါ အလင်းလှိုင်း၏အမြင့်သည် ၈၀ စင်တီမီတာဖြစ်သွားသည်။ တစ်မီတာသို့မရောက်သော်လည်း ၄၀ မှ ၈၀ အထိတိုးလာသည်မှာ သူ့အတွက်တော့ အမှန်တကယ်ပင်များလေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၁၀ နဂါးပုရွက်ဆိတ်ငယ်လေး (၃/၃)

ကောင်းဖန်သည် လေဒြပ်စင်ထိန်းချုပ်မှုအသီးကိုတော့ အလင်းလှိုင်းဆီ မပေးပေ။ အဘယ်ကြောင့်ဆိုသော် အလင်းလှိုင်းသည် လေဒြပ်စင်ထိန်းချိုပ်မှု အဆင့်၄ ကိုပိုင်ဆိုင်ပြီးဖြစ်သောကြောင့် ဖြစ်သည်။

“ဆီလီ..မင်းစားချင်လား..” ကောင်းဖန်က စစ်လီကိုခေါ်လိုက်သည်။

ဆီလီကခေါင်းညှိမ့်လိုက်ပြီး ကောင်းဖန်ကိုကြည့်လိုက်သည်။ အတိအကျပြောရလျှင်တော့ သူ့လက်ထဲမှ အသီးကို ကြည့်ခြင်းဖြစ်သည်။

“ဒါကဘာလဲ..”

ဆီလီကတွန့်ဆုတ်ပြီးသူ့အသီးဖျော်ရည်ကိုဆုပ်ကိုင်ထားသည်။

“ဒါက ငါးမန်းကြီး” ဖလိန်မီက ဆီလီကိုခြောက်လိုက်သည်။ ဆီလီက ငှက်တွေနဲ့ ငါးတွေကို ကြောက်မှန်း သူသိလိုက်ရကတည်းက ဒါကပျော်စရာကောင်းသည်ဟုတွေးကာ အမြဲစတတ်သည်။ ပြီးတော့ရေခူလေးများကို တုန်တုန်တုန်ယင်ယင်နှင့် ကြောက်ရွံ့တုန်လှုပ်နေသည့် ဆီလီ ကို မြင်ရသောအခါတိုင်းလည်း ကြည်နူးဖွယ်ကောင်းလှသည်။

“ငါးမန်းကဒီလိုပုံမဟုတ်ပါဘူး” ဆီလီက မကျေနပ်တဲ့လေသံနဲ့ ပြန်ဖြေလိုက်သည်။

“ဒါက အရသာရှိတဲ့ ရေခဲသကြားလုံး အသီးပါ.. ဖျော်ရည်ထဲမှာ အကောင်းဆုံးအရသာပဲ”

အစကတော့ ဆီလီက စိတ်မဝင်စားပေမယ့် ဖျော်ရည်ထဲမှာ အရသာကောင်းတယ်လို့ ကြားလိုက်တာနှင့် ခဏတာတုံဆိုင်းသွာသည်။

နောက်ဆုံးတွင် လေဒြပ်စင်ပါရှိသော အသီးကို ထိလိုက်မိသည်။ လေဒြပ်စင်အသီးသည် ဖောက်ထွင်းမြင်ရသည့် သကြားလုံးနှင့်တူပြီး အတွင်းတွင် အထဲမှာ ရေလှိုင်းပုံစံရှိသည်။

ကောင်းဖန်၏ စကားကို နားထောင်ပြီး သူသည် အသီးကို ဖျော်ရည်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ဖျော်ရည်ကို စိတ်ပူစွာ ကြည့်လိုက်သည်။

သူသည်အတန်ကြာအောင်ကြည့်ပြီးနောက် အကုန်လုံးကိုသောက်လိုက်သည် ။

ဆယ်မိနစ်အကြာမှာတော့ ဆီလီ၏အနီးပတ်ဝန်းကျင်တွင် လေလှိုင်းလေးတစ်ခု မွေးဖွားလာသည်။

ဝေ့ဝဲသေးငယ်တဲ့ လေဆင်နှာမောင်းတိုက်ခတ်လာတဲ့ လေက ကောင်းဖန်၏မျက်နှာကို ရိုက်ခတ်သွားသည်။

ကောင်းဖန်၏ ခေါင်းပေါ်သို့ နောက်ထပ် လေဆင်နှာမောင်းနှစ်ခု ကျဆင်းလာပြန်သည်။ ထို့နောက် ဘေးတစ်ဖက်တစ်ချက်စီတွင် လေပြင်းများကကောင်းဖန်၏ဆံပင်များကို လှိမ့်လိုက်ကြသည်။

လေဆင်နှာမောင်းတိုက်ခတ်မှု ပျောက်ကွယ်သွားချိန်တွင် ကောင်းဖန်၏ ခေါင်းဘယ်ဘက်နှင့် ညာဘက်တွင် ဆိတ်ချိုကဲ့သို့ ကျစ်ဆံမြီးနှစ်ချောင်း ပေါ်လာသည်။

နောက်ဆုံးတွင် ကောင်းဖန်သည် ပါးလွှာသော နဂါးသွေးအနွယ်ကို မည်သူ့ကိုမျှ မပေးတော့ပေ။ သူသည် လူပုလေး၏စကားကြောင့် ကြောက်လန့်ကာ စမ်းသပ်မှုအတွက် ရူးသွပ်စွာမသုံးစွဲချင်ပေ။

သူတို့ခန္ဓာကိုယ်က မတော်တဆ ပေါက်ကွဲပြီး သေဆုံးသွားရင် ယူကြုံးမရဖြစ်ရနိုင်သည်ပင်။

ကောင်းဖန်သည် ဝင်္ကပါထဲသို့ အလျင်စလိုမ၀င်ဘဲ အနီးနားရှိ သားရဲများကို အမဲလိုက်ရန်အတွက် ဝင်္ကပါကို ဗဟိုအဖြစ် အသုံးပြုလိုက်သည်။

ဝင်္ကပါသည်သားရဲများကို အမဲလိုက်ရန် ထင်ရှားတဲ့နေရာတစ်ခုဖြစ်သော်လည်း မြောက်မြားစွာသော သားရဲများသည် ဝင်္ကပါအပြင်ဘက်ရှိ တောင်ဘက်ခြမ်းတွင် နေထိုင်ကြသည်။

ထို့ထက်ပို၍ တောင်ဘက်တွင် နေထိုင်သော သားရဲများ၏ သိပ်သည်းဆသည် ပိုများသည်။ ငုပ်လျှိုနေသာသားရဲများစွာသည် ဆင့်ကဲပြောင်းလဲလာပြီး မြေဆီလွှာကို စားသုံးနိုင်စွမ်းရှိကြသည်။

အစာကွင်းဆက်၏အမြင့်တွင်ရှိသော သားရဲများသည် ဤမြေကြီးစားသော သားရဲများကို အစာအဖြစ် စားသုံးကြသည်။

ကောင်းဖန်၏စိတ်ဝင်စားမှုကို နှိုးဆွပေးသည့်အရာမှာ နဂါးမရဏတောင်ကြား (နဂါးသေခြင်းတရား တောင်ကြား) ဖြစ်သည်။

တောင်ကြားတွင် နဂါးပုရွက်ဆိတ်တစ်ကောင် မွေးဖွားခဲ့မည်ဆိုလျှင် ဒုတိယတစ်ကောင်ရှိနိုင်ချေရှိသည်။

“ရတနာအနံ့ခံကြွက် ဒီကိုလာ” ကောင်းဖန်က ရတနာအနံခံကြွက်ကို အော်ပြောပြီး နဂါးပုရွက်ဆိတ်နံ့ကို လေထဲမှာ အနံ့ခံခိုင်းလိုက်သည်။

“ဒါကို မှတ်မိလား”

ရတနာအနံခံကြွက်က ခေါင်းညိတ်ပြသည်။

“ကောင်းပြီ မင်း လိုက်ပြီးရှာလိုက်”

ကောင်းဖန်သည် လေထုထဲတွင် နဂါးပုရွက်ဆိတ်အနံ့များမှတစ်ဆင့် တောင်ကြားကို ရှာတွေ့ရန် မျှော်လင့်နေသည်။

ဒီနည်းလမ်းက အလုပ်ဖြစ်မှာလား မသေချာပေမယ့် အနည်းဆုံးတော့ ဒီနည်းလမ်းက စမ်းသပ်အသုံးပြုကြည့်နိုင်သည်။

ရတနာအနံ့ခံကြွက်သည် မြေကြီးနှင့် နီးကပ်စွာ ကပ်လျက် လေကို အဆက်မပြတ် ရှူရှိုက်ရင်း ငွေအမြီးကို အလွန်လျင်မြန်စွာ လှုပ်ယမ်းလိုက်သည်။

“အဲဒီဘက်” ကြွက်က လမ်းကြောင်းတစ်ခုကို ညွှန်ပြသည်။

ကောင်းဖန်နဲ့ သူ့အဖွဲ့ဟာ အဲဒီဘက်ကို ဦးတည်သွားလိုက်သည်။

နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက်ကြွက်သည် ခုန်ဆင်းပြီး လေကို ရှူရှိုက်ကာ လူတိုင်းကို နောက်သို့အနည်းငယ် နောက်ပြန်ဆုတ်ရန် ညွှန်ကြားပြီးနောက် ဦးတည်ချက်အသစ်ဘက်ကို ဆက်လက် လမ်းလျှောက်နေသည်။

ထို့နောက် လမ်းကြောင်းကို အကြိမ်အနည်းငယ်ပြောင်းပြီးနောက် နေ့တစ်ဝက်ခန့် လမ်းလျှောက်ကြပြန်သည်။

မိုးကုပ်စက်ဝိုင်း၏ အရှေ့ဘက်တွင် နိမ့်ပြီးနှင့် ထူထပ်သော ချုံပုတ်များဖြင့် ဖုံးလွှမ်းနေသော တောင်ကုန်းများရှိသည်။

“အထဲမှာ” ကြွက်က မတ်တပ်ထရပ်ပြီး ၎င်း၏ခေါင်းကို လှည့်ကာ အတွင်းဘက်သို့ ၎င်း၏ခြေသည်းများဖြင့် ညွှန်ပြသည်။

တောင်ကုန်းအတွင်ပိုင်းတွင် သစ်တောများ ထူထပ်လာသည်။

ငှက်ကုလားအုတ်နှင့်တူသော အနီရောင် သတ္တဝါအချို့သည် ချုံပုတ်များထဲမှ ထွက်ပေါ်လာပြီး ကောင်းဖန်နှင့် သူ့အဖွဲ့ကို ခိုးကြောင်ခိုးဝှက်နှင့်လိုက်ချောင်းကြည့်ကြသည်။

[သားရဲအမည်] - အနီရောင် အကြေးခွံ ကုန်းမြေငှက်ကုလားအုတ်

[သားရဲ အဆင့်] - အဆင့် ၂၇ (ကွန်မန်ဒါ အဆင့်)

[သားရဲ စွမ်းရည်] - ပုံမှန်

[သားရဲအမျိုးအစား] - မီး

[သားရဲ အားနည်းချက်] - ရေ

[သားရဲ ဖော်ပြချက်] - နဂါးပုရွက်ဆိတ်အနွယ်၏ လက်အောက်ခံ သားရဲမျိုးနွယ်စိတ်များဖြစ်ပြီး သဘာဝအရ သတိပေးချက်များဖြစ်သည်။ ပိုးစာရွက်များကို စားသုံးကြပြီး နဂါးပုရွက်ဆိတ်များအတွက်လည်း သတိပေးချက်များကိုလုပ်ဆောင်ပေးပါသည်။ သူတို့ ကြီးပြင်းလာတဲ့အခါ နဂါးပုရွက်ဆိတ်တွေက ၎င်းတို့ကို ကာကွယ်ပေးသည်။

ချုံပုတ်များမှ ငှက်အော်သံများ ထွက်ပေါ်လာသည်။

ကောင်းဖန်က ရယ်လိုက်သည်။ အထဲမှာ နဂါးပုရွက်ဆိတ်တွေ ရှိနေပုံရသည်။

ဒါပေမယ့် အချိန်အတော်ကြာအောင် စောင့်ပြီးသည့်တိုင် နဂါးပုရွက်ဆိတ်တွေ မတွေ့ရပေ။ ဤတောင်ကုန်းသည် အရွယ်ရောက်ပြီးသော နဂါးပုရွက်ဆိတ်အရွယ်အစားကို မဖုံးကွယ်နိုင်ပေ။ သူတို့ အောက်မှလည်းာ ပုန်းအောင်းမနေနိုင်ပေ။ ဒါပေမယ့် ကောင်းဖန်က သူတို့သည် မြေကြီးဒြပ်စင်နဲ့ မသက်ဆိုင်သလို မြေကြီးနဲ့ ပတ်သက်သော ကျွမ်းကျင်မှုလည်း မရှိဘူးဆိုတာကို သတိရမိလိုက်သည်။

အစင်းလေးက ရှေ့သို့ တိုးသွားသည်။ မြေကြီးသည် လှိုင်းလုံးများကဲ့သို့ လှိမ့်ဆင်းလာကာ တောင်တန်းများ လှုပ်ခါနေပြီး မြေဆီလှိုင်းများ ထွက်လာသည်။ မြေဆီလွှာများကြားတွင် ရွှေအစက် ခုနစ်စက် ရောနှော လွင့်ပျံသွားပြီး နောက်ဆုံးတွင်‌ ကောင်းဖန်၏ ရှေ့သို့ ကျသွားသည်။

ခုနစ်မီတာခွဲရှည်သော နဂါးပုရွက်ဆိတ်ငယ်လေးများသည် လဲကျကာ မူးဝေလာသည်။ ၎င်းတို့၏ အားနည်းသော ခြေထောက် ၁၂ ချောင်းသည် လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသည်။

[သားရဲ အမည်] - နဂါးပုရွက်ဆိတ် (ကလေး)

[သားရဲ အဆင့်] - အဆင့် ၁၅ (လက်ရွေးစင်)

[သားရဲ စွမ်းရည်] - ပြီးပြည့်စုံစွမ်းရည်ဆင့်

[သားရဲ အမျိုးအစား] - သတ္တု

[သားရဲ အခြေအနေ] - ကျန်းမာ (ကြောက်နေသည်)

[မော်ကွန်းတင်အဆင့်သို့ တိုးတက်မှုလမ်းကြောင်း] - နဂါးရုပ်အလောင်းကို ဝါးမျိုစားသောက်ခြင်း

[သားရဲ ဖော်ပြချက်] - နဂါးပုရွက်ဆိတ်ငယ်

“ညီအကို ခုနှစ်ယောက်ပဲ..”ဂိုဒီသည် ရှေ့သို့ရွေ့လျားလိုက်ပြီး နဂါးပုရွက်ဆိတ်အနည်းငယ်ကို မ လိုက်သည်။ ဂိုဒီသည် ခုနှစ်မီတာရှည်သော နဂါးပုရွက်ဆိတ်များကို ကြောင်တစ်ကောင်ကိုသယ်ဆောင်သကဲ့သို့သယ်ဆောင်လာသည်။

“ကောင်းဖန် ဒီညီငယ် ခုနစ်ယောက်ကို ငါမွေးပါရစေ” ဂိုဒီက ဒီသူငယ်ချင်းလေးတွေကို အရမ်းစိတ်ဝင်စားနေသည်၊

ကောင်းဖန်က သူ့လက်ကို လှမ်းဆွဲလိုက်ပြီး “မဟုတ်ဘူး ... ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်... မင်းကိုယ်မင်း ဂရုစိုက်မှုတောင် မလုပ်နိုင်ဘူးဆိုရင် ဒါတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူဖို့ မစဉ်းစားနဲ့”

ဂိုဒီ၏ မျက်လုံးများ မှေးမှိန်သွားကာ “ဒီသနားစရာ ဘဲလေးကိုပဲ အနိုင်ကျင့်မနေနဲ့” ဟု ပြောလိုက်သည်။

ကောင်းဖန်သည်ဂိုဒီကို လျစ်လျူရှုထားလိုက်သည်။ နဂါးပုရွက်ဆိတ်ခုနစ်ကောင်သည် ပြီးပြည့်စုံစွမ်းရည်ဆင့်ဖြစ်သည်။ သူတို့၏ဖခင် သို့မဟုတ် မိခင်သည် အဆင့်နိမ့်တဲ့ အကြီးအကဲတွေလားဆိုတာကို ဘယ်သူမှ မသိကြပေ၊၊ ဒါက နဂါးရုပ်အလောင်းကို မဝါးမျိုရသေးလို့ ပြီးတော့ သွေးမသောက်ရသေးတဲ့ အကြောင်းရင်းကြောင့် ဖြစ်နိုင်သည်။

ကောင်းဖန်သည် ဤနဂါးပုရွက်ဆိတ်ခုနစ်ကောင်နှင့် မည်သည့်သွေးစာချုပ်ကိုမျှ မချုပ်ဆိုပေ။ သူတို့တွေက အရေအတွက် များပြီး ကောင်းဖန်ကလည်း သူတို့ကို သိပ်ဂရုမစိုက်ချင်ပေ။

အမှန်တော့ သူသည် မည်သည့်သွေးစာချုပ်ကိုမျှ မချုပ်ဆိုခဲ့လျှင်တောင်မှ ၎င်းတို့ကို ထိန်းချုပ်နိုင်စွမ်းမရှိဟု မဆိုလိုပါ။ သားရဲတွေမှာလည်း ဉာဏ်ရည်ဉာဏ်သွေးရှိသည်။ သူတို့ကို ကောင်းမွန်စွာ ဆက်ဆံပြီး ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာရခြင်းကလည်း သွေးစာချုပ်ချုပ်တာလောက် အဆင်ပြေပြီး ဘေးကင်းမှု မရှိတာကလွဲပြီး ရိုးရှင်းတဲ့ အမိန့်တွေကို နာခံတတ်အောင် လေ့ကျင့်ပေးနိုင်ပါသည်။

“သူတို့ကို အရင်တင်လိုက်စမ်းပါ”

ထို့ကြောင့် အစင်းလေး၏နောက်ကျောပေါ်တွင် ခွေးနှင့်တူသော နဂါးပုရွက်ဆိတ် ခုနစ်ကောင်ရှိလာသည်။

ဤနဂါးပုရွက်ဆိတ်များ သိမ်းယူသွားသည်ကိုမြင်လိုက်သောအခါ အနီရောင်အကြေးခွံ မြေပြင်ငှက်ကုလားအုတ်စုသည် အော်ဟစ်ကာ ရှေ့သို့ ပြေးသွားကြသည်။

သူတို့အဖွဲ့ကြီးသည် ဘုရင်အဆင့်နှင့် ဧကရာဇ်အဆင့် သားရဲများဖြင့် ဖွဲ့စည်းထားသော်လည်း မကြောက်မရွံ့ ပြင်းထန်စွာ အော်ဟစ်လိုက်ကြသည်။ အရှိန်အရမ်းမြန်နေသောကြောင့် ရှေ့က မြေပြင်ပေါ်ကို ပြုတ်ကျသွားကြသည်။ သို့သော် မြေပြင်ပေါ်တွင် ဝပ်တွားကာ ရှေ့သို့ အပြေးအလွှားသွားရန် ၎င်း၏အပေါင်းအသင်းများကို အချက်ပြလိုက်ပြီး တင်ပါးပေါ်တွင် ထိုင်ချလိုက်ကာ နောက်ပြန်ဆုတ်သွားကြသည်။

ဂိုဒီသည်လည်ပင်းကို ဆန့်လိုက်ပြီး အေးစက်စွာ ဟစ်အော်လိုက်သည်။ “အဘိုးဂိုဒီက မင်းကို တစ်ခါလောက် ခွင့်လွှတ်လိုက်ပါတယ်”

ဒန်ဘီသည် ကြောင်သွားပြီး သခင်၏ထင်မြင်ချက်ကို မေးရန် ခေါင်းကို လှည့်လိုက်သည်။

ကောင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “သူတို့ကို ထားလိုက်ပါ....ဒီငှက်ကုလားအုတ်တွေက တော်တော်သစ္စာစောင့်သိတာပဲ.. ဒန်ဘီ သူတို့ကိုခြောက်လွှတ်လိုက်”

ဒန်ဘီသည် ၎င်း၏ ဧကရာဇ်အဆင့်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ငှက်ကုလားအုတ်များသည် ၎င်း၏ပြင်းထန်သောဖိအားကြောင့် ကြောက်လန့်သွားကြသည်။

ထို့နောက် မရေမတွက်နိုင်သော ငှက်ကုလားအုတ်ခေါင်းများသည် မြေဆီလွှာနက်နက်ထဲတွင်မြုပ်သွားကြတော့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၁၁ ညီအစ်ကို ခုနှစ်ယောက်

အံ့သြစရာကောင်းလောက်အောင် သစ္စာရှိသော ငှက်ကုလာအုတ်များသည် အုပ်လိုက်ကြီး ဖြစ်သွားသည်။ ဒါ့အပြင် သူတို့သည် အဆင့်နိမ့်မျှသာဖြစ်ပြီး သူ့တို့၏စွန့်လွှတ်မှုသည် အစားအစာ အဖြစ်သာအသုံးဝင်သည်။ သူတို့၏သစ္စာရှိမှုကို သဘောကျသွားသောကြောင့် ကောင်းဖန် သူတို့ကိုလွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

“ကောင်းဖန်.. ကောင်းဖန်… ဒီနဂါးပုရွတ်ဆိတ်တွေရဲ့ အမေသေသွားထဲက နင်က သူတို့ မွေးစားအဖေလေ…. အခုက လူဆိုးအဖေလုပ်မလို့လား..” ဆီလီက မဲ့ရွဲပြီး မှတ်ချက်ပြုလိုက်သည်။

ကောင်းဖန်၏ မျက်နှာကမဲသွားပြီး “ဘယ်လိုမဟုတ်တရုတ်တွေလဲ.. ငါသူတို့မိဘတွေကို တစ်ကောင်မှမသတ်ဘူး…. သူတို့လက်စားချေချင်ရင် ဘီးလူးကိုရှာသင့်တယ်…ငါတို့က သယ်ယူပို့ဆောင်သူပဲ..”

“အိုး..ငါသိပြီ” ဆီလီက လူကြီးတစ်ယောက်လိုကြိုးစားသရုပ်ဆောင်ရင်း တဖြည်းဖြည်း အဝေးသို့ ရွှေသွားသည်။ ကံမကောင်းစွားဖြင့် လက်တွေက ခြေရာခံလိုက်နေသည့် ပန်းရောင်ရေခူငါးတစ်ကောင်လို ကာတွန်းဆန်စွာ လေထဲတွင် လွင့်မြောနေသည်။ သူသည် မိမိုက်နေရမည့်အစား သုံးနှစ်သားကလေးက လူကြီးအယာင်ဆောင်ထား သကဲ့သို့ ဖြစ်နေသည်။

နဂါးပုရွက်ဆိတ်များက ကောင်းဖန်ထံသို့ သတိနှင့်ကြည့်နေကြသည်။

“မင်းတို့မိဘတွေ ဘယ်မှာလဲ” ကောင်းဖန်က မေးလိုက်သည်။

“မသိဘူး” ဟု တစ်ယောက်ကဖြေလိုက်သည်။

“သူတို့ထွက်သွားပြီိ” လို့နောက်တစ်ယောက်က ထပ်ဖြည့်လိုက်သည်။

“မင်းလိမ်နေတာ… သူတို့ မထွက်သွားဘူး” ဟု နဂါးပုရွက်ဆိတ်တစ်ကောင်က သူ့ဘေးကတစ်ကောင်ကို ရိုက်လိုက်ပြီး “ငါတို့အမေထွက်သွားတာကို လူဆိုးတွေမသိစေနဲ့” ဟု ပြောလိုက်သည်။

“ကောင်းပြီ” ကျန်တဲ့ နဂါးပုရွက်ဆိတ်တွေက တညီတညွတ်ထဲဖြေလိုက်ကြသည်။ ကောင်းဖန်ကတော့ ပြောစရာစကားမဲ့သွားပြီး “ကလေးတွေ မင်းတို့ အသက် ဘယ်လောက်ရှိပြီလဲ” ဟု မေးလိုက်သည်။

သူဘာကိုမေးနေမှန်း မသိသလို နဂါးပုရွက်ဆိတ်ခုနှစ်ကောင်က သူ့ကိုစိုက်ကြည့်နေသည်။ ဒီအသုံးအနှုန်းကို သူတို့မသိဘူးတဲ့အတွက် သူတို့ခေါင်းပေါ်မှာ အဝိုင်းတွေလည်နေပြီပင်။

“ငါဆိုလိုတာက မင်းတို့ကို ဘယ်အချိန်ကမွေးတာလဲ” နွေးထွေးတဲ့လူအိုကြီးလိုပြုံးပြပြီး ကောင်းဖန်ကမေးလိုက်သည်။

နဂါးပုရွက်ဆိတ်ခုနှစ်ကောင်က သူတို့ရဲ့ အင်တင်နာနဲ့ပြန်ချိတ်မိသွားပြီး သူတို့စတင်ဆွေးနွေးလိုက်ကြသည်။

“အာ..သူက ငါတို့အသက်ကိုမေးတာ…အမေကပြောထားတယ် တခြားသားရဲတွေကိုအထူးသဖြင့်လူတွေကို ဘယ်တော့မှ မပြောရဘူးတဲ့”

“ငါတို့ကို လွန်ခဲ့တဲ့ ခြောက်လကမွေးတာလို့ပြောလိုက်သင့်လား”

“သူ့ကိုမပြောနဲ့..သူကလူဆို”

“ဟုတ်တယ်…သူကလုံးဝကို အကျင့်ပျက်ပြားတဲ့သူ”

“ငါတင်ပါးပေါ်ကပြုတ်ကျတာ သူ့ကြောင့်….သူ့ကိုဘာမှ မပြောနဲ့”

ကြည့်ရတာသူတို့ဆွေးနွေးလို့ပြီးသွားပုံပင်။ ဒီဘက်ကိုပြန်လှည့်လာပြီး “မပြောဘူး” ဟုသံပြိုင်အော်လိုက်ကြသည်။

ကောင်းဖန်တိတ်ဆိတ်သွားပြီး ဒီကလေးတွေနဲ့အပေးအယူလုပ်ရမှာ လွယ်မယ့်ပုံပဲ ဟု တွေးလိုက်သည်။ “ဆီလီ…ဒီကိုလာဦး”

ဆီလီကသူ့နားကပ်လာပြီး “ဘာလဲ” ဟု မေးလိုက်သည်။

“ပစ္စည်းတစ်ခုရှာမလို့” ကောင်းဖန်သည် ဆီလီ၏ သိုလှောင်ခန်းထဲကို သူ့လက်နှိုက်လိုက်ပြီး ပစ္စည်းတစ်ခုကို ရှာနေသည်။

သူသည် မွှေးကြိုင်သော အနီရောင် စကျင်ကျောက်အရွယ် အသားလုံးတစ်လုံးကို ဆွဲထုတ်လိုက်သည်။ အသွေးအသားနှင့် အာဟာရရှိသော အနှစ်သာရများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အထူးသဖြင့် သားရဲတစ်ကောင်အတွက် အလွန်အာဟာရရှိသော အစားအစာအရင်းအမြစ်တစ်ခုဖြစ်သည်။

နဂါးပုရွက်ဆိတ်များသည် အသွေးအသားအနှစ်သာရကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး ကောင်းဖန်၏လက်ချောင်းထိပ်များကို စိုက်ကြည့်နေသည်။ သူတို့အားလုံး သရေမကျဖို့ ကြိုးစားမနေကြတော့ဘဲ တစ်ကောင်ဆီက တံတွေးမျိုချသံပင်ကြားလိုက်ရသည်။

“တစ်ခုလောက်လိုချင်လား” ကောင်းဖန်က ဆွဲဆောင်လိုက်သည်။

နဂါးပုရွက်တွေက သူတို့မျက်လုံးကို အသားအနှစ်မှ မခွာတော့သော်လည်း ဘာမှပြန်မဖြေကြပေ။ ခဏကြာတော့ သူတို့ထဲက တစ်ယောက်က ရှေ့တိုးဖို့ဆုံးဖြတ်လိုက်သည်။ “အရူးအလုပ်မခံနဲ့….

ဒီလူကငါတို့ကို လှည့်စားဖို့လုပ်နေတာ…..ငါတို့ကိုချက်ပြီးစားလိမ့်မယ်” ဟု မကျေမချမ်းနှင့် ပြောလိုက်သည်။

“အစ်ကိုကြီး မှန်တယ်”

“အစ်ကိုကြီး စကားနားထောင်ရအောင်”

“သူကအတော်ဆုံးပဲ သူကငါတို့ကိုလုံးဝညာမှာမဟုတ်ဘူး”

ပုရွက်ဆိတ်က လမ်းလျှောက်သွားပြီး ကောင်းဖန်ကို ဂုဏ်ယူနေတဲ့ အကြည့်တစ်ခုပေးလိုက်ပြီး “ငါတို့ အဲဒါကိုမလိုချင်ဘူး” ဟု ပြောလိုက်သည်။

“အဲဒီလိုလုပ်မှာ မဟုတ်ပါဘူး….ဒါကိုမင်းတို့စားဖို့ ဒီတိုင်းပေးတာပါ” ကောင်းဖန်က ပြောလိုက်သည်။

နဂါးပုရွက်ဆိတ်လေးက “မင်းတောင်းဆိုရင်တော့. ”ဟု တိတ်တခိုးပြန်ဖြေလိုက်သည်။

အသားအနှစ်သာရကိုစားပြီးနောက် နဂါးပုရွက်ဆိတ်များသည် ကောင်းဖန်ကို သူတို့၏သတိထားစိတ်ကို လျှော့ချပြီးဖွင့်ပေးလိုက်သည်။

ကောင်းဖန်က သူတို့ကိုနာမည်ပေးဖို့ဆုံးဖြတ်လိုက်သည် “မင်းမှာက မျက်လုံးကြီးတွေနဲ့ မျက်ခုံးထူထူရှိတယ်….ငါမင်းကို အကြီးဆုံးကလေးလို့ခေါ်မယ်”

နဂါးပုရွက်ဆိတ်လေးက သူ့လုပ်ဆောင်ချက်တွေ ခဏရပ်သွားပြီး “ငါ့မှာနာမည်ရှိပြီးသား… ငါ့အမေပေးထားတာ ယိကျင်…..” ဟု ပြောလိုက်သည်။

“အခုကစပြီး မင်းနာမည်က အကြီးဆုံးကလေးပဲ” ဟုဂိုဒီက အမိန့်ပေးတဲ့လေသံနဲပြောလိုက်သည်။ ဂိုဒီက ပုရွက်ဆိတ်နားကိုလျှောက်သွားသည်။

နဂါးပုရွက်ဆိတ်လေးက ရပ်တန့်နေသည်။ ဘဲတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို အနိုင်ကျင့်နေတာဘယ်တုန်းကမှ မမြင်ဖူးပင်။ သူရုတ်တရက်ကြီး အမေ့ကိုလွမ်းသွားပြီဖြစ်သည်။ အမေသာဒီမှာရှိနေသေးရင် သူတို့ကိုအနိုင်ကျင့်ခွင့်ပေးမှာမဟုတ်ဘူး။

“ဒါပေမဲ့ငါ့နာမည်က…”

“မဟုတ်ဘူး ဆင်ခြေလက်မခံဘူး” ဂိုဒီက နဂါးပုရွက်ဆိတ်လေးကို ကစားစရာလေးလိုမလိုက်ပြီး “ကလေးလေး….ငါ့ကိုမင်း နာမည်ကိုမကိုက်ဘူးလို့မပြောနဲ့နော်” ဂိုဒီက အကြံပေးတဲ့လေသံနဲ့ ဖြေးဖြေးလေးပြောနေသည်။

နဂါးပုရွက်ဆိတ်လေးသည် ဘဲတစ်ကောင်ထံမှ ပါးလွှာသော ခြိမ်းချောက်သံကို ကြားလိုက်ရပြီးနောက် စကားပြန်မပြောတော့ဟု ဆုံးဖြတ်လိုက်သည်။ “ဒါဆိုလည်း မင်းဘာပဲပြောပြော..” ပုရွက်ဆိတ်ကလေးက မကျေမနပ်နှင့် ပြန်ဖြေလိုက်သည်။

“ဟုတ်ပြီ....လိမ္မာတဲ့ကောင်လေး” ဂိုဒီက ကျေနပ်စွာပြောလိုက်သည်။ မင်းတို့တွေ နာမည်ကောင်းတွေရနေတဲ့အချိန် ငါတစ်ယောက်ထဲ သာမန်နာမည်ဖြစ်လို့ဘယ်ဖြစ်မလဲ..

“ကောင်းဖန်... ငါတို့ရဲ့ အနာဂတ်အဖော်တွေကို ငါနာမည်ပေးလို့ရမလား” ဂိုဒီက စိတ်လှုပ်ရှားစွာမေးလိုက်သည်။ ဒါကပျော်စရာ ကောင်းမဲ့ပုံပဲ..

ကောင်းဖန်က သူ့ရဲ့ တောင်းဆိုချက်ကိုငြင်းပယ်လိုက်သည်။ တုံးအတဲ့ ဘဲကိုကြည့်ပြီး ကောင်းဖန် ရုတ်တရက် အပြစ်ရှိသလိုခံစားလိုက်ရသည်။ သူက ဒီအဝါရောင်ဘဲ တစ်ချိန်ကဘယ်လောက်တောင် ရိုးသားသလဲဆိုတာကို ပြန်တွေးမိသွားသည်။ ဘာကဒီလိုရိုးသားတဲ့ ဘဲကို ဒီလိုကြောက်စရာ ကောင်းအောင် ပြောင်းလဲသွားစေတာလဲ..

ကောင်းဖန်က ရုပ်ရှင်နှင့် တီဗီရှိုးတွေထဲမှာ ပျောက်ဆုံးသွားတဲ သတ္တဝါရှည်ကြီးကို ရုတ်တရက် သတိရသွားမိသည်။ ဒီမှတ်ဉာဏ်တွေက ကောင်းဖန်ကို ဝမ်းနည်းမှုတွေယူဆောင်လာပေးသည်။ “ငါတို့နောက်မှာတွေ့ရမဲ့ အပေါင်းအပါအသစ်တွေကိုတော့ နာမည်ပေးလို့မရဘူး.....ဒါပေမဲ့ ကျန်တဲ့ နဂါးပုရွက်ဆိတ်ခြောက်ကောင်ကိုတော့ ပေးလို့ရတယ်”

ဂိုဒီက ခေါင်းမော့လိုက်ပြီး “ကျေးဇူးပါ.....သခင်” ဟု ပြောလိုက်သည်။

ကြွက်က ကောက်ဖန်၏ခြေတောက်ပေါ်ကိုဖက်တက်လာပြီး “သခင် အထဲမှာ ရတနာတွေရှိနေတုန်းပဲ” ဟု နဂါးပုရွက်ဆိတ် အသိုက်ကို လက်ညိုးထိုးပြီး ပြောလိုက်သည်။

ကောင်းဖန်က အထဲမှာရှိတဲ့ ရတနာတွေရဲ့ အဆင်ကိုဖော်ပြဖို့မေးလိုက်သည်။ ကြွက်ကမပြောခင် သူ့ခေါင်းကိုဆန့်လိုက်သည် ကြွက်က နှလုံးခုန်နှုန်းစံကို သုံး၍ စံထားပြီး “နှလုံးခုန်နှုန်း” ပြီးတော့ “ထိပ်တန်းနှလုံးခုန်နှုန်း” နောက်ဆုံးက “ထိပ်တန်းထိပ်တန်း နှလုံးခုန်နှုန်း” ဖြစ်တယ်ဟု ရတနာတွေရဲ့ အဆင့်ကို ဖော်ပြလိုက်သည်။ သူ့ရဲ့ အဆင့်ဖော်ပြတဲ့စနစ်က “ထိပ်တန်း” ကိုအကြိမ်ပေါင်းများစွာဖြင့်ဖော်ပြခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် “နလုံးခုန်နှုန်း” တစ်ခုက လက်ရွေးဆင်အဆင့် သားရဲ သို့မဟုတ် သာမန်နှင့် ညီမျှသော ရတနာပစ္စည်းဖြစ်သည်။

ထိုယူဆချက်ကြောင့် သူ့ရဲ့အာရုံခံစွမ်းရည်မှာ တိုးတက်လာပုံမပေါ်သော်လည်း ကြွက်သည် အဆင့်တက်သွားသည့်အခါတွင်တော့ ယခုထက်ပို၍ အံ့အားသင့်စရာများကို ပြုလုပ်နိုင်မည်ဖြစ်သည်။ “ထိပ်တန်းနှလုံးခုန်နှုန်း” ပစ္စည်းသုံးမျိုးသည် ဘုရင်အဆင့် သားရဲများ အသုံးပြုနိုင်သည့် ရတနာ သို့မဟုတ် ပစ္စည်းဖြစ်ဖွယ်ရှိသည်။ သူ့လက်အောက်မှာရှိတဲ့သားရဲတွေ အသုံးပြုဖို့ ဖြစ်နိုင်သောကြောင့် ကောင်းဖန်သည် အသိုက်အတွင်းရှိ ပစ္စည်းများကို စုဆောင်းရန်အတွက် သားရဲအနည်းငယ်ကို ခေါ်ဆောင်လာလိုက်သည်။

ကောင်းဖန်သည် နဂါးပုရွက်ဆိတ်လေးများကို နောက်မှာချန်ထားခဲ့သည်။ သူ့တို့ရှေ့မှာတော့ သူတို့အိမ်ကို အပြောင်ရှင်း သွားဖို့ရန် မလုပ်သင့်ပေ။

“ကောင်းဖန်... ငါသူတို့ကိုနာမည်ပေးလို့ပြီးပြီ..” ဟု ဂိုဒီက ပျော်ရွှင်စွာပြောါလိုက်သည်။ သူ့နောက်သို့ လိုက်နေသော နဂါးပုရွက်ဆိတ် ခုနှစ်ကောင်သည်မျက်နှာပျက်ကာ စိတ်ပျက်လက်ပျက်နှင့် ဖြစ်နေသည်။

“ဒါက အကြီးဆုံးကလေး...ဒုတိယကလေး...တတိယကလေး....ဒါက ဆဌမကလေး ပြီးတော့ ဒါက ဘာဒီ” ဂိုဒီက ပျော်ရွှင်နေသည်။ ဒီနဂါးပုရွက်ဆိတ်လေးကို ငါ့အစား ဘာဒီလို့ခေါ်မယ်.. တော်လိုက်တာ...

ကောင်းဖန်သည် သက်ပြင်းချလိုက်ပြီး ကြီးပြင်းလာရတဲ့ ဝေဒနာလို့ တွေးလိုက်သည်။ သူ့ကို တစ်နေ့မှာ ရက်စက်ပြီး ခံစားချက်ကင်းမဲ့တဲ့ ဘဲတစ်ကောင်ဖြစ်လာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိချေ။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၁၂ နဂါးမရဏတောင်ကြားချိုင့်ဝှမ်း

“ဘာဒီ..” ကောင်းဖန်သက်ပြင်းချလိုက်သည်။ ဘာလို့ဒီလိုထူးဆန်းတဲ့နာမည်လဲ.. ရုတ်တရက် ကောင်းဖန်စိတ်ထဲမှ အတွေးတစ်ခုပေါ်လာသည်။ ဒီမတိုင်ခင် ဘာဒီလို့ခေါ်တဲ့တစ်ယောက်က....

“အရူး...ဘဲစုတ်....မင်းဘာမင်းအမွှေးမရှိတာနဲ့ ဒီချစ်စရာကောင်းတဲ့ ပုရွက်ဆိတ်လေးတွေကို မကောင်းတဲ့နာမည်ပေးနေတယ်” ဖလိန်မီက ဂိုဒီအပေါ်ကို ပျံပြီးတံတွေးထွေးလိုက်သည်။

ဂိုဒီက ဒေါသထွက်သွားသည်။ “ဝတုတ်.... မင်းကမြွေနဲ့နာမည်တူနေတာနဲ့ ငါကမင်းကိုကြောက်မယ်လို့ထင်နေတာလား.... မင်းက မီးနဲ့ကစားနိုင်ပေမယ့် မင်းမှာ အဖိုးတောင်မရှိဘူး”။

“သူတို့မှာ အမွှေးမရှိဘူး....ပုရွက်ဆိတ်တွေမှာ အမွှေးမရှိဘူး......ပုရွက်ဆိတ်တွေမှာ အစထဲကအမွှေးရှိတယ်ဆိုမှ ထူးဆန်းတာ..” ဟုဖလိန်မီက ပြန်ပက်သည်။

ဒီချစ်စရာကောင်းတဲ့ သားရဲအိုကြီးက ပြောနေတာကြားတဲ့အခါ နောက်ပြန်လမ်းလျှောက်နေတဲ့ အငယ်ဆုံးပုရွက်ဆိတ်လေးကက ချက်ချင်းမျက်ရည်ဝဲလာပြီး အလွန်ကျေနပ်စွာဖြင့် “ဟုတ်တယ်.... ငါတို့မှာ အစထဲက အမွှေးမရှိဘူး” လို့ထပ်ခါထပ်ခါပြောနေသည်။

ထိုအချိန်မှာ အဲလိုပြောနေတာကိုကြားတဲ့ အခြားမွေးခြင်းတွေဖြစ်သော အကြီးဆုံးကလေး၊ ကလေးနှစ်၊ ကလေးသုံး စသည်ဖြင့် အခြားအကြီး ခြောက်ယောက်က ဘယ်လိုရီရမလဲဆိုတာကိုသိပြီး ဘယ်လိုခေါ်သင့်လဲ ဆိုတာကို စတင်စဉ်းစားနေသည်။ နောက်ဆုံးတွင် ကလေးခုနှစ်လို့ ခေါ်သင့်တယ်လို့ အဖြေထွက်လာသည်။

နဂါးပုရွက်ဆိတ်များသည် ဂဏန်းများကို သင်ကြားပေးထားခြင်း မရှိသော်လည်း ၎င်းတို့တွင် အလားတူရေတွက်နိုင်သည့် စနစ်ရှိသောကြောင့် ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲပေ။

သို့သော် သူ့အအလှည့်ရောက်သောအခါ ရုတ်တရက် စကားတစ်ခွန်း ကြားလိုက်ရသည်။

“ဘာဒီ”

သူသည် ခေါင်းနောက်ကို တူနဲ့ထုလိုက်သလိုခံစားလိုက်ရသည်။ ခုနစ်ယောက်မြောက်လေးသည် ကြက်သေသေသွားပြီး အံ့အားသင့်သွားသည်။ အမှားတစ်ခုခုရှိခဲ့သလား.. နံပါတ်ခြောက်ပြီးနောက် တစ်ခုကနံပါတ် ခုနစ်မဟုတ်ဘူးလား ...အမွှေးပြောင်လား။

မွေးချင်းညီအစ်ကိုခြောက်ယောက်က သူကိုအလှည့်ကျ နှစ်သိမ့်ပေးကာ နံပါတ််ခြောက်ပြီးနောက် နံပါတ်မှာ ခုနစ်ဖြစ်ပြီး ထိပ်ပြောင်ခြင်းမဟုတ်ကြောင်း အာမခံလိုက်သည်။ “အဲဒါကို သိပ်ပြီး မစဉ်းစားပါနဲ့” ဟု ဖြေသိမ့်လိုက်ကြသည်။

“ငါ ဂရုမစိုက်ပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာဆံပင်လည်း မရှိဘူး...” ဂိုဒီကရုတ်တရက် စိတ်ပူလာသည်။

“ငါမွေးကတည်းက ဆံပင်မရှိတာမဟုတ်ဘူး.....ငါ့ ဆံပင်တွေ ဖွံ့ ဖြိုးလာပြီးပြီးချင်း ပျောက်သွားတာ မင်းက ငါ့ကို ဘာဒီလို့ ဘယ်လိုတောင်ခေါ်၀ံ့ရတာလဲ”

ဘာပဲဖြစ်ဖြစ် ဂိုဒီက မကျေနပ်ပေ။ ကောင်းဖန်က သူ့ကိုနာမည်ပေးခွင့်ပြုထားပြီး ဖြစ်သည်လေ။

“ဟာ...ဘာဒီ အဟောင်း” ဟု ဖလိန်မီကလှောင်လိုက်သည်။

ကောင်းဖန်က သူ့သားအနည်းငယ်နှင့် အထဲကိုလမ်းလျှောက်ဝင်သွားပြီး ဂူရှေ့ကိုရောက်လာသည်။ ဂူက တောင်၏အောက်ခြေတွင် တည်ဆောက်ထားပြီး တောင်ခြေမှာ တင်းတင်းကြပ်ကြပ် ကပ်ထားသည်။ ထူထပ်သော ချုံပုတ်များဖြင့် ဝန်းရံထားပြီး ချုံပင်များကို ဖယ်ရှားလိုက်သောအခါ ကြီးမားလှသော လှိုဏ်ဂူကြီး ပေါ်လာသည်။ အရွယ်ရောက်ပြီးသော နဂါးပုရွက်ဆိတ်များ၏ အရွယ်အစားသည် ကြီးမားသောကြောင့် ဂူ၏အရွယ်အစားမှာ သေးငယ်သည်တော့မဟုတ်ပါချေ။

ဂူကြီး၏ဝင်ပေါက်သည် ကတ္တာစေးရောင်မဲနေပြီး အတွင်းပိုင်းကို အလင်းမှိန်မှိန်နှင့် ဝိုးတဝါးသားမြင်ရသည်။ သူတို့ခါးဆန့်ပြီး လမ်းလျှောက်ဝင်သွားလျှင်တောင် နေရာအများကြီး ရှိသောကြောင့် သူတို့ဒူးကွေးပြီး လမ်းလျှောက်စရာမလိုပေ။

နဂါးပုရွက်ဆိတ်၏အသိုက် ဖွဲ့စည်းပုံများသည်ရှုပ်ထွေးမှုမရှိဘဲ ရိုးရှင်းသည်။ အနီးနားရှိ မည်သည့်သားရဲကမှ ၎င်း၏ အသိုက်အတွင်းသို့ မဖောက်ဖျက်ဝံ့ကြောင်း ယုံကြည်နေခြင်း ဖြစ်နိုင်သည်။

အသိုက်၏ခြေရင်းတွင် ကျယ်ဝန်းသော နေရာတစ်ခုရှိသည်။ နေရာ၏အစွန်းတွင် ဂိုဒေါင်ကဲ့သို့ ပစ္စည်းအနည်းငယ် စုပုံထားသော သိုလှောင်ရုံကဲ့သို့နေရာတစ်ခုရှိသည်။ ၎င်းတို့အနက်မှ သားရဲအသေကောင်များသည် နေရာအများစုကိုယူထားပြီး ၎င်းတို့၏သွားကြိတ်ရန်အတွက် နဂါးပုရွက်ဆိတ်များမှ အသုံးပြုထားပုံရသည့် သားရဲအရိုးများစွာလည်း ရှိသည်။

ထောင့်မှာ ပစ္စည်းတချို့ရှိသည်။ တိရိစ္ဆာန်အရေခွံအလိပ်တစ်ခုသည် အခြားပစ္စည်းများစုထားသည့်ကြားထဲတွင် အလွန်ထင်ရှားပြီး ထူးခြားပုံပေါက်နေသည်။ တိရိစ္ဆာန်အရေခွံလိပ်ကို အထပ်ထပ် ခေါက်ထားသော်လည်း စားပွဲတစ်လုံးစာနီးပါ ကြီးမားသည်။ စာလိပ်က အဖြူရောင်ဖြစ်ပြီး ဖြူဖွေးတဲ့ အသားအရည်က ကိုင်လို့ကောင်းသည်။ နူးညံ့နွေးထွေးသော အသားအရေသည် ချောမွေ့လတ်ဆတ်ပြီး ညာဘက်အပေါ်ထောင့်ရှိ မျက်ရည်စက်တစ်စက်မှလွဲ၍ ပြီးပြည့်စုံစွာ ထိန်းသိမ်းထားသည်။

တိရိစ္ဆာန်အရေခွံလိပ်ကိုဖွင့်လိုက်ရာ ကောင်းဖန်သည် ကာတွန်းတစ်အုပ်ကိုကြည့်နေသကဲ့သို့ ထင်မှတ်လုနီးပါးပင်ဖြစ်သည်။ ပရပိုက်ပေါ်တွင် အနက်ရောင်မျဉ်းများ ရှိပြီး ချောမွေ့ပြီး ရိုးရှင်းသည်။ ရိုးရှင်းသောမျဥ်းများသည် ထူးဆန်းသော်လည်း မြေပုံတစ်ခုဖြစ်ကြောင်း ပြောဖို့ရန်လုံလောက်သည်။

မြေပုံသည် စာလိပ်၏ အောက်ခြေညာဘက်ထောင့်မှ ဘယ်ဘက်အပေါ်ထောင့်သို့ လမ်းကြောင်းတစ်ခုကိုမှတ်တမ်းတင်ထားသည်။ ပုံစံအတိုင်း ဦးတည်ရာကို ဆုံးဖြတ်နိုင်ရန် အသုံးပြုနိုင်သည့် မြှားကြမ်းများလည်း ရှိသည်။

အောက်ခြေမှညာဘက်ထောင့်တွင် အိမ်မြှောင်တစ်ကောင်၏ ခေါင်းကြီးကို ဆွဲထားသည်။ ဦးခေါင်းတစ်ခုလုံးသည် ခန္ဓာကိုယ်၏ သုံးပုံတစ်ပုံနီးပါးရှိပြီး ၎င်းတွင် အတောင်သေးသေးလေးနှစ်ခုပါရှိသည်။ ကောင်းဖန်သည် ထိုသို့သော ထူးဆန်းသော တိရိစ္ဆာန်ကို တစ်ခါမျှ မမြင်ဖူးသော်လည်း ၎င်းသည် နဂါးပုရွက်ဆိတ် ပေါက်ဖွားရာ နေရာဟု ယူဆနိုင်သည်။

ကောင်းဖန်သည် နဂါးမရဏချိုင့်ဝှမ်းဟူသော စကားလုံးသုံးလုံးကို မတွေးတောဘဲ မနေနိုင်ပေ။ ဒါက နဂါးမရဏချိုင့်ဝှမ်း ဖြစ်နိုင်လား..

နဂါးမရဏချိုင့်ဝှမ်းသို့ သွားရာ လမ်းတစ်လျှောက်တွင် မြစ်တစ်စင်းနှင့်သစ်တောကို ဖြတ်သွားရပြီး ကောင်းဖန်သည် ၎င်း၏ပုံသဏ္ဍာန်ကို ခွဲခြားပုံဖော်၍မရသော နယ်မြေတစ်ခုလည်းဖြစ်နေသည်။

လမ်းတစ်လျှောက်လုံးတွင် ဝင်္ကပါပုံစံများလည်း ရှိနေသည်။ ဘယ်ဘက်အပေါ်ထောင့်တွင် ပြသထားသည့် နောက်ဆုံးသွားမည့်နေရာ၏ဘေးတွင် တစ်ခုခုကိုဖော်ပြထားပြီး လက်ခြောက်ချောင်းပါသည့် မီးခြစ်ပုံတစ်ပုံကို ၎င်းဘေးတွင် ရေးဆွဲထားသည်။

ဒါက လက်နက် ခြောက်ခုကိုင် ဘီလူး မဟုတ်ဘူးလား..

နဂါးမရဏချိုင့်ဝှမ်းသည် ထိုနေရာမှ မည်မျှဝေးသည် ကို မည်သူမျှ မသိကြပေ။ အရင်ကတော့ကောင်းဖန်က အရမ်းဝေးတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ဒီနဂါးပုရွက်ဆိတ်လေးခုနစ်ကောင်ကို ထိန်းကျောင်းပြီး နဂါးမရဏချိုင့်ဝှမ်း မှာ လေ့ကျင့်ပေးနိုင်ရင် သူတို့ဟာ အင်အားကြီးတဲ့ ခုနစ်ယောက် တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်လာနိုင်သည်။

ဒီနဂါးပုရွက်ဆိတ် ခုနစ်ကောင်ကိုယဉ်ပါးအောင်ကြိုးစားနိုင်ပါတယ်ဟု ကောင်းဖန်က သူ့ကိုသူ့ တိတ်တိတ်လေးတွေးနေသည်။

နဂါးဖြူလူမျိုးစု၏ အတော်ဆုံး သားရဲမှာ နဂါးတစ်ကောင်ဖြစ်သည်။ ကောင်းဖန်သည် နဂါးများကို ထိန်းထားနိုင်သော သားရဲများကို ကောင်းစွာ ယဉ်ပါးအောင်လုပ်နိုင်သည်ဟု တွေးထင်ကာ ပြင်ဆင်ထားသည်။

ကောင်းဖန်သည် ပစ္စည်းများ၊ သားရဲအသေကောင်များနှင့် အရိုးများကို ဆီလီ၏သိုလှောင်ခန်းသို့ ထည့်ပြီးနောက် နဂါးပုရွက်ဆိတ်၏ အသိုက်မှ ထွက်လာသည်။

“ဒါကဘာလဲမင်းတို့သိလား” ကောင်းဖန်သည် နဂါးပုရွက်ဆိတ် ခုနစ်ကောင်ရှေ့တွင် ထိုင်ချကာ တိရစ္ဆာန်အရေခွံလိပ်ကို ပြလိုက်သည်။

“အိမ်ရဲ့ အနံ့ ရတယ်…” နဂါးပုရွက်ဆိတ်လေးများက အံ့ဩသွားကြသည်။

“ကျွန်တော်သိတယ်....ဒါက အိမ်ကိုသွားတဲ့ မြေပုံပဲလို့ အမေပြောခဲ့တယ်” ဟု ကလေးနှစ်က ကျယ်လောင်စွာ ပြောလိုက်သည်။ ပြောပြီးသည့်နောက် လှည့်ပတ်ကြည့်ရင်း “နင်တို့ထဲက တစ်ယောက်မှမသိကြဘူး ငါတစ်ယောက်တည်း သိတာကွ” ဟု ပြောလိုက်သည်။

“ဒါဆို မင်းဘယ်လိုသိတာလဲ”

“နောက်ဆုံးတွေ့ခဲ့တာက ငါသရေစာစားချိန်မှာပဲ.. ငါတစ်ကိုက်လောက် ကိုက်မိတာတောင် အမေကဆူတယ်” ဟု ကလေးနှစ်က ဂုဏ်ယူစွာ ပြန်ပြောပြလိုက်သည်။

“ငါတို့ အရမ်းမနာလိုဖြစ်တယ်.. ငါတို့နောက်ကွယ်မှာ အမေက မင်းကို အပြစ်ပေးတာကို ငါတို့ မယုံနိုင်ဘူး” ဟု အခြားနဂါးပုရွက်ဆိတ်လေးများက ငြူစူပြီးပြောဆိုကြသည်။

ကောင်းဖန်ကတော့ ပြောစရာစကားမဲ့နေပြီပင်။

နောက်ရက်အနည်းငယ်မှာတော့ နဂါးပုရွက်ဆိတ်၏အသိုက်တွင် တွေ့ရှိရသည့် ဘုရင်အဆင့် သားရဲ၏ အသွေးအသားအနှစ်သာရဖြင့် ဖလိန်မီသည် ဘုရင်အဆင့်သို့ အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။ ဒဏ္ဍာရီများတွင် ပိဖန်ငှက်တွင် အပြာရောင်အမွေးများပါရှိပြီး ဖလိန်မီ၏အမွေးများသည် အနီရောင်သာဖြစ်သည်။ သို့သော် ဘုရင်အဆင့်သို့ ဖြတ်ကျော်ပြီးနောက်၊ ၎င်း၏လည်ပင်းတစ်ဝိုက်တွင် အပြာရောင်အမွေးအဝိုင်းတစ်ခု ပေါ်လာသည်။

ပေါက်ကွဲထွက်လာသော မီးတောက်များသည် အနီရောင်စစ်စစ်မဟုတ်တော့ဘဲ အပြာနုရောင်အစက်အပြောက်များစွာရှိသော အနီရောင်မီးတောက်များသည် ပို၍အားကောင်းကြောင်းကို သတိပြုမိသော်လည်း ကောင်းဖန်သည်ဖော်ထုတ်ခြင်းမပြုပေ။ အဓိကအားဖြင့် ဖလိန်မီ၏ သားရဲစွမ်းအင်အသစ်ဖြစ်သော ဝိညာဉ်ရေးလောင်ကျွမ်းမှု အဆင့် ၃ တွင် ထင်ဟပ်နေသည်။

ဂိုဒီက နာမည်ပေးထားတာကြောင့် ခုနှစ်ကလေးမှလွဲ၍ နဂါးပုရွက်ဆိတ်ကလေးအုပ်စုက ဂိုဒီနဲ့ ဆော့ရတာကို ကြိုက်ကြသည်။

သို့သော် ခုနှစ်ကလေးသည် ယခင်က ဖလိန်မီက ၎င်း၏နာမည်အတွက် ရပ်တည်နေပေးခဲ့သောကြောင့် ဖလိန်မီနောက်ကို တစ်ချိန်လုံး လိုက်နေသည်။

“ငါ့နောက်ကိုလိုက်နေတာရပ်လိုက်ပါ........မင်းမပျံသန်းနိုင်ဘူးလို့ ဆိုနေ...” ဖလိန်မီက ရူးချင်ချင် ဖြစ်နေသည်။

***

စာစဉ် ၃၂ ပြီး၏။

All Chapters