← Chapters

အခန်း (၅၁၃-၅၁၆)

Vol. 33 Ch. 513-516

အခန်း (၅၁၃-၅၁၆)

Vol. 33 Ch. 513-516

အခန်း ၅၁၃ မြေဖြင့်ပြုလုပ်ထားသော မယ်ဒူဆာ၊ ပိဖန် ငှက်

ကောင်းကင်မှာ ဒီနဂါးပုရွက်ဆိတ်က သူ့နောက်ကို အမြဲလိုက်နေရတာကို သဘောကျနေသည်။ အမြင့်သို့ ပျံသန်းသည့်အခါတိုင်း နဂါးပုရွက်ဆိတ်လေးက လူကဲ့သို့ မတ်တတ်ရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်နေတတ်သည်။ အိမ်မှာ စွန့်ပစ်ခံထားရတဲ့ ကလေးလေးတစ်ယောက်လို သနားစရာပင်။

“ငါပျံသန်းနိုင်တယ်....တစ်နေ့ကျရင် ငါကောင်းကင်ပေါ်ကို ပျံတက်မှာပါ..” ဟု ခုနှစ်လေးက ဖလိန်မီကို လေးနက်တဲ့လေသံနဲ့ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် အမူအရာက အသက်ကြီးလာသည်သကဲ့သို အလွန်လေးနက်နေသည်။

ခုနှစ်ကလေး၏ မျက်လုံးများကို ကြည့်လိုက်တော့ဖလိန်မီက သူ့ကို လှောင်ပြောင်ဖို့ရန်မလုပ်နိုင်တော့ပေ။ နောက်ဆုံးတော့ အိပ်မက်တွေရှိတာကောင်းပါတယ်လေ.. “ကံကောင်းပါစေ” ဖလိန်မီက ဆုကောင်းကောင်းတောင်းပေးလိုက်သည်။ ကောင်းဖန်သည် မြေပုံကိုကြည့်ကာ တောင်ဘက်သို့ ဦးတည်သွားသည်။ မြေပုံကိုဖွင့်ကြည့်သောအခါ တောင်ပိုင်းလွင်ပြင်ရှိ ထင်ရှားသောအထင်ကရနေရာများကို မြင်နိုင်ရန်ခက်ခဲသည်။ ဝင်္ကဘာက မျက်လုံးထဲမှာစွဲမက်ဖွယ်ကောင်းသော အမှတ်အသားအဖြစ်ရှိနေသည်။ ဤတစ်ကြိမ်တွင် သူ့မျက်စိရှေ့မှာ ဝင်္ကပါ ပေါ်မလာခင်အထိ ဆယ့်သုံးရက်ပတ်လုံး လမ်းပေါ်တွင် ရှိနေခဲ့သည်။

“ဒီမှာ..... မြေပုံပေါ်က ဝင်္ကပါပဲ ” ကောင်းဖန်က သူ့ကိုယ်သူပြောလိုက်တယ်။ ထိုအရာသည် သာမန်ကျောက်တုံးကြီးတစ်ခုဖြစ်ပြီး သိပ်မကြီးပေ။ မြေပုံပေါ်တွင် အနည်းငယ်ပိုချွန်ပြီး ဆံပင်အနည်းငယ်ပိုရှည်လာကာ အမြီးပါသော ရေသူမတစ်ကောင်ပုံ ရှိနေသည်။

ကောင်းဖန်က အတွေးနက်နေပုံရသည်။ “ဒါက ငါတစ်ခါမှမမြင်ဖူးပေမယ့် ရေသူမတစ်ကောင်ပဲဖြစ်ရမယ်... “

အရွယ်အစားနှင့် ဝင်္ကပါ၏အမျိုးအစားကို ထည့်သွင်းစဉ်းစားပါက ထိုနေရာရှိ သားရဲများ၏ အဆင့်ကို ပြောပြနိုင်သည်။ ဤရေသူမ၏အဆင့်သည် ဧကရာဇ်အဆင့်ထက် မမြင့်သင့်ပေ။ ထို့အပြင် ရေသူမများသည် လှပပြီး ကြင်နာတတ်သည်ဟု ဒဏ္ဍာရီတွင် ဆိုထားသည်။ သူတို့သည် လူသားများ၏ အချစ်ခင်ဆုံးသူငယ်ချင်းများဖြစ်ကြသည်။

ဝင်္ကဘာသည် အပြင်ဘက်မှ ကြည့်ရသည်မှာ အိုဟောင်းနေသည်။

စိမ်းလန်းနေသောအရှေ့တံခါးကို ကြေးဝါဖြင့်ပြုလုပ်ထားပြီး ညာဘက်နှင့်ဘယ်ဘက်တွင် ကြေးကွင်းနှစ်ကွင်းတွဲဆွဲထားသည်။

“အလင်းလှိုင်း....သွား... တံခါးသွားခေါက် “ ဟုကောင်းဖန်က အမိန့်ပေးလိုက်သည်။ အလင်းလှိုင်း၏ အရှိန်ဖြင့်ဆိုလျှင် အန္တရာယ်တစ်စုံတစ်ရာရှိလျှင်ပင် ၎င်းသည် လွတ်မြောက်နိုင်သည်။

အလင်းလှိုင်းသည် မငြင်းဆိုပေ။ သူက ရှေ့တိုးလာပြီး တံခါးဘောင်ကို သူ့ဓားနဲ့ ခေါက်လိုက်သည်။

ဝင်္ကဘာပိုင်ရှင်သည် လန့်သွားသည်။ တံခါးအနောက်ကနေ ကြမ်းပြင်ပေါ်မှာ တစ်စုံတစ်ခု ဖြတ်သန်းလာသောအသံကဲ့သို့ သဲတွေရဲ့တရှဲရှဲ မြည်သံတွေကိုကြားနေရသည်။

အထူးဆန်းဆုံးကတော့ ဒီရေသူမလေး ဘယ်လို အသက်ရှင်ကျန်ခဲ့လဲ ဆိုတာပင်။ ဒဏ္ဍာရီလာ ရေသူမများ အားလုံးသည် ပင်လယ်ထဲတွင် သို့မဟုတ် အနည်းဆုံးတော့ မြစ်များနှင့် ရေကန်များတွင် နေထိုင်ကြသည်။ ပြီးနောက်တွင် သူတို့မှာ ငါးရဲ့အမြီးနဲ့ လူရဲ့ကိုယ်ခန္ဓာရှိသည်။

ဝင်္ကဘာထဲမှာ ရေကူးကန်ရှိလို့ ဖြစ်နိုင်မလား.. ကောင်းဖန် ရုတ်တရက် သိချင်လာသည်။

ကြေးစိမ်းရောင်တံခါးသည် ဖြည်းညှင်းစွာပွင့်လာသည်။ ကောင်းဖန်သည် သူတို့အပေါ်တွင် အန္တရာယ်ကျရောက်လာနေပြီဟု ခံစားနေရသည်။ “ဒါမကောင်းတော့ဘူး....ပုန်းကြ” ကောင်းဖန်သည် အလင်းလှိုင်းနှင့် အခြားသားရဲများကို ဆုတ်ခွာရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ ဤအန္တရာယ်ခံစားချက်က ကောင်းဖန်၏သွေးကိုအေးခဲသွားစေသည်။

အလင်းလှိုင်း၏ကိုယ်ထည်သည် ချက်ချင်းဆုတ်သွားပြီး အလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ အခြားသော သားရဲများ အားလုံးသည်လည်း သတိအနေအထားရှိနေကြပြီး စိမ်းစိုနေသော ကြေးဝါတံခါးကြီး စပွင့်ကတည်းက သတိဖြင့် စိုက်ကြည့်နေကြသည်။

ချစ်စရာကောင်းပြီး သွယ်လျသော အသွင်အပြင်နှင့်ပုံသဏ္ဍာန်သည် ဖွင့်ထားသော ကြေးနန်းတံခါးအရှေ့တွင် ငြိမ်သက်စွာ ရပ်နေသည်။ အဲဒီမျက်လုံးတွေက ဘာတွေလဲ.. နူးညံ့သော်လည်း ဆွဲဆောင်မှုရှိသည့် မတူညီသော အမူအရာနှစ်ခု ရောယှက်နေသည်။

ထူထဲနက်မှောင်သော အစိမ်းရောင်ဆံပင်များသည် ကျစ်ဆံမြီးချောင်းများကဲ့သို့ ချိတ်ဆွဲထားပြီး ထို ကျစ်ဆံမြီးချောင်းများ၏ ထိပ်တွင် မျက်လုံးမှိတ်ထားသော မြွေသေးသေးလေးများရှိသည်။ ၎င်း၏အရေပြားသည် ပုံမှန်မဟုတ်သော အစိမ်းဖျော့ဖျော့ဖြစ်နေသည်။

၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို သစ်သားနှင့် သစ်ရွက်များဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ဝမ်းဗိုက်မှအောက်ပိုင်းတစ်လျှောက်လုံးသည် မြွေ၏အမြီးဖြစ်နေပြီး ၎င်း၏အမြီးများသည် လှပနေပြီး စက်ဝိုင်းပုံစံများရှိသည်။

သူ့အကြည့်တွေနဲ့ မျက်လုံးချင်းဆုံလိုက်တဲ့အခါ ကောင်းဖန်၏နှလုံးသားသည် ခုန်ပေါက်သွားပြီး နားမလည်နိုင်သော စွမ်းအင်တွေက သူ့စိတ်ဝိညာဉ်ထဲကို ဝင်ရောက်လာသည်။

မြွေဆံပင်နဲ့ မြွေအမြီး.....ဒါက မယ်ဒူဆာပဲ.. မယ်ဒူဆာ၏ဒဏ္ဍာရီကို ကျယ်ကျယ်ပြန့်ပြန့် သိကြပြီးဖြစ်သည်။ အထူးသဖြင့် သူမသည် သားကောင်များကို ဖမ်းစားရန် သူမ၏ ထူးဆန်းပြီး ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသော စွမ်းအားရှိသည်။

ကောင်းဖန်က သူ့မျက်လုံးတွေကို အမြန်မှိတ်ထားပေမယ့် အရမ်းနောက်ကျသွားပြီ ဖြစ်သည်။ စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို ဝင်နေပြီပင်။ ဤစွမ်းအင်သည် သူ၏သွေးလမ်းကြောင်းတစ်ဝိုက်သို့ အကြိမ်အနည်းငယ် စီးဆင်းပြီးနောက် သူ့အနားရှိ ဒန်ဘီဆီသို့ လွှဲပြောင်းပေးလိုက်သည်။

သို့သော်ဒန်ဘီ၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သော စွမ်းအင်က ခြေရာလက်ရာမကျန်ရှိဘဲ ပျောက်ကွယ်သွားသည်။

[သားရဲ အမည်] - မြေဖြင့်ပြုလုပ်ထားသော မယ်ဒူဆာ

[သားရဲအဆင့်] - အဆင့် ၆၂ (ဧကရာဇ်အဆင့်)

[သားရဲ စွမ်းရည်]- မော်ကွန်းတင်/ မော်ကွန်းတင်စွမ်းရည်အဆင့်

[သားရဲ အမျိုးအစား] - ကျောက်သား/ ထူးခြားဆန်းပြားမှု

[သားရဲ အားနည်းချက်] - အဆင့်တူသတ္တဝါများကြားတွင် အနီးကပ်တိုက်ခိုက်နိုင်စွမ်း အားနည်းသည်။

[သားရဲ စွမ်းအင်]- ခိုင်ခံ့သောအကြေးခွံအဆင့် ၄၊ အဆိပ်ရှိသောမြွေဆံပင်အဆင့် ၅၊ ချွန်ထက်သောခြေသည်းများနှင့် သွားများအဆင့် ၃၊ မြွေဆံပင်ပြန်လည်ထုတ်လုပ်ခြင်းအဆင့် ၃၊ မြွေဆံပင်အကြမ်းခံနိုင်မှုအဆင့် ၃၊ မြွေဆံပင်ဆန့်ထုတ်နိုင်မှုအဆင့် ၃

[အထူးသွင်ပြင်လက္ခဏာများ] - မယ်ဒူဆာ၏ မျက်လုံးများ (မယ်ဒူဆာ ပိုင်ဆိုင်ထားသော စွမ်းအားတိုင်းသည် ၎င်းတို့၏ ထူးခြားသော စွမ်းရည်များပင် ဖြစ်သည်)

သက်ရောက်မှု ၁ - မယ်ဒူဆာ၏ မျက်လုံးများနှင့် ထိတွေ့သော ဒြပ်စင်တိုင်းသည် ကျောက်ရုပ်အဖြစ်ပြောင်းလဲသွားစေသော စမ်းသပ်မှုတစ်ခုကို စမ်းသပ်ခံရမည်ဖြစ်သည်။ ထို့နောက်ကျောက်ရုပ်အဖြစ်ပြောင်းလဲသွားစေသော စမ်းသပ်မှုတစ်ခုကို မကျော်ဖြတ်နိုင်သော အရာများသည် ကျောက်ရုပ်ဖြစ်သွားလိမ့်မည်။ ဒီစွမ်းအားကို ကာကွယ်၍ မရနိုင်ပေ။

သက်ရောက်မှု ၂ - ကျောက်ရုပ်အဖြစ်ပြောင်းလဲသွားစေသော အလင်းတန်းများကို ထုတ်လွှတ်နိုင်သည်၊ အလင်းထိမိသော မည်သည့်ဒြပ်စင်မဆို မယ်ဒူဆာ၏ မျက်လုံးများနှင့် မဆုံတွေဘဲ ကျောက်ရုပ်အဖြစ်ပြောင်းလဲသွားစေသော စမ်းသပ်မှုကို ခံရလိမ့်မည်။ စမ်းသပ်မှုမအောင်မြင်သော ဒြပ်စင်များသည် ကျောက်ရုပ်ဖြစ်သွားလိမ့်မည်။

မှတ်ချက်- မြေကြီးဒြပ်စင်များသည် မယ်ဒူဆာ၏မျက်လုံးများကို ခုခံနိုင်စွမ်း မြင့်မားသည်။

မှတ်ချက် - မယ်ဒူဆာ၏မြွေဆံပင်သည် ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားစေသောအကျိုးသက်ရောက်မှုကို မြှင့်တင်ပေးနိုင်သည်။

မှတ်ချက်- ကျန်းမာရေးအခြေအနေသည် ကျောက်ရုပ်အဖြစ်ပြောင်းလဲသွားစေသော အကျိုးသက်ရောက်မှုကိုဆန့်ကျင်သည့် ဒြပ်စင်၏ခံနိုင်ရည်အားကို အကျိုးသက်ရောက်မှုရှိလိမ့်မည်။

မှတ်ချက် - မယ်ဒူဆာ၏ မျက်လုံးများသည် ဒဏ္ဍာရီစွမ်းရည် အဆင့်နှင့် ပိုမြင့်သော သားရဲများကို ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားစေသော စမ်းသပ်မှု အကျိုးသက်ရောက်မှုကို မစွမ်းဆောင်နိုင်ပါ။

[သားရဲ ဖော်ပြချက်] - ကုန်းပေါ်တွင်နေထိုင်သော မယ်ဒူဆာသည် တိတ်ဆိတ်ငြိမ်သက်ပြီး တစ်ယောက်တည်းနေရတာကို နှစ်သက်သည်။ ၎င်း၏ ကျောက်ရုပ်အဖြစ်ပြောင်းလဲသွားစေသော အကျိုးသက်ရောက်မှုကို စွမ်းရည်ကြောင့် သူ့တွင် သူငယ်ချင်းအနည်းငယ်သာ ရှိသည်၊ ထို့ကြောင့် မယ်ဒူဆာသည် ပေါင်းသင်းရန် မလွယ်ကူဘဲ အချိန်အတော်ကြာပြီးနောက်တွင် ထူးဆန်းသော လက္ခဏာများ ပြသလာမည်ဖြစ်သည်။

ထိုအချိန်တွင် ကောင်းဖန်၏လက်အောက်ရှိ သားရဲအားလုံးနီးပါးသည် မယ်ဒူဆာဆီသို့ လှမ်းကြည့်ကြသည်။ ဆီလီ၊ နဂါးပုရွက်ဆိတ် ခုနစ်ကောင်၊ အလင်းလှိုင်း၊ ဖလိန်မီ နှင့် ဂိုဒီတို့သည် မတူညီသောအဆင့်များဖြင့် ကျောက်ရုပ်ဖြစ်နေကြသည်။

၎င်းတို့အနက် အနိမ့်ဆုံးအဆင့်ရှိသည် နဂါးပုရွက်ဆိတ် ခုနစ်ကောင်သည် လုံးဝကို ကျောက်ရုပ်ဖြစ်သွားသည်။

လွတ်မြောက်နိုင်သူမှာ ခြင်္သေ့ဖြူသာ ဖြစ်သည်။ ခြင်္သေ့ဖြူကို ကောင်းဖန်က သတိပေးလိုက်တာနဲ့ ချက်ချင်းပဲ ခေါင်းကို လှည့်လိုက်သည်။ ဤအမှောင်ကမ္ဘာတွင် အချိန်အတော်ကြာ ရှင်သန်ပြီးနောက်တွင် သတိလက်လွတ်ဖြစ်လျှင် အလွယ်တကူ ကျဆုံးသွားနိုင်သည့် သားရဲအချို့၏ ထူးဆန်းသော စွမ်းအားများကို နားလည်လာသည်။

မြေနှင့်ပြုလုပ်ထားသောမယ်ဒူဆာသည် ကောင်းဖန်နှင့် အခြားသူများကို ခေါင်းစောင်းပြီး ကြည့်လိုက်သည်။ မျက်စိရှေ့မှာ ကြက်သေသေသွားသော သားရဲအချို့ကို ကြည့်လိုက်တော့ သူတို့အတွက် အနည်းငယ် သနားသွားမိသည်။ မြွေဆံပင်ဆယ်ကြိုးကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း သူ့လက်များက သူ့ဆံပင်များကို ဖြတ်လိုက်သည်။

မြွေဆံပင်ကို ကောင်းဖန်ဆီသို့ ပစ်ပေးလိုက်ပြီး “ဆံပင်တွေကို သူတို့ခန္ဓာကိုယ်ပေါ် တင်လိုက်ပါ” ဟု အေးစက်စွာပြောလိုက်သည်။

ဖြတ်ထားသော မြွေဆံပင်အစွန်းများသည် ဆက်လက်ကြီးထွားလာသည်။ ဆံချည်မျှင်အသစ်များသည် ဒဏ်ရာမှ ပေါက်ထွက်လာကာ အချိန်တိုအတွင်း ဆံပင်အသစ်များ ထွက်ပေါ်လာသည်။

ကောင်းဖန်သည် ဆံပင်ကို ယူလိုက်သည်။ ဆံပင်သည် မြွေအစစ်နှင့်တူသောကြောင့် ၎င်းကိုထိလိုက်ခြင်းဖြင့် အေးမြသော အေးမြမှု၊ စိုစွတ်မှု၊ ချောမွေ့မှုကို ခံစားရပြီး ၎င်းရှိ အကြေးခွံများပင် အသက်ရှိသည်နှင့်တူသည်။

မြွေဆံပင်တွေကိုတွေကို နဂါးပုရွက်ဆိတ်တွေရဲ့ ကျောက်ရုပ်ဖြစ်နေတဲ့ ခန္ဓာကိုယ်ပေါ်တင်လိုက်တဲ့အခါ မျက်လုံးမှိတ်ထားတဲ့ မြွေတွေဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး ဂျယ်လီကို စုပ်လိုက်သလိုမျိုး ကျောက်ရုပ်ဖြစ်နေတဲ့ ခန္ဓာကိုယ်တွေကို ကိုက်လိုက်ကြပြီး သေးငယ်တဲ့ အဖြူရောင် အမှုန်အမွှားတွေကို မျိုချလိုက်ကြသည်။

ဖြူဖွေးနေသောအခိုးအငွေ့များ ပျောက်ကွယ်သွားသည်နှင့်အမျှ နဂါးပုရွက်ဆိတ်များ၏ ကျောက်တုံးနှင့်တူသော ခန္ဓာကိုယ်များသည်

၎င်းတို့၏မူလဖြစ်သောရွှေရောင်ဖျော့ဖျော့အရောင်သို့ ပြန်လည်ရောက်ရှိသွားသည်။ မြူခိုးများအားလုံးကို စုပ်ယူလိုက်သောအခါတွင် မြွေဆံပင်များသည် ညှိုးနွမ်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ပြီး မြေဆီလွှာများဖြစ်ကုန်သည်။

တခြားသားရဲတွေလည်း ဒီလိုပင်။ မကြာခင်မှာပဲ အရာအားလုံးကို သူတို့ဆီကနေ ဖယ်ရှားပစ်လိုက်သည်။

ဒန်ဘီနှင့် အစင်းလေးတို့သည် မယ်ဒူဆာ၏ မျက်လုံးကို မမြင်နိုင်သောသူများဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ၎င်း၏စွမ်းရည်ဆင့်မြင့်သောကြောင့် ခုခံအားအပြည့်ရှိပြီး ကျန်တစ်ခုမှာ ကမ္ဘာမြေဒြပ်စင်များကို ခုခံနိုင်မှု အလွန်မြင့်မားသည်။

ဂိုဒီသည် ၎င်း၏ ခြေဖဝါးများကို စိုက်ကြည့်နေသည်။ မျက်စိထဲတောင် မကြည့်နိုင်လို့ အရမ်းသန်မာတဲ့ သားရဲဖြစ်ရမည်။ ဒါက သန်မာတဲ့ သားရဲတွေရဲ့ အဆင့်ပဲလား။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၁၄ မြေဖြင့်ပြုလုပ်ထားသော မယ်ဒူဆာ၏ အတိတ်

ဒန်ဘီနှင့် အစင်းလေးမှလွဲ၍ ကောင်းဖန်သည် ၎င်း၏ထိခိုက်မှုကို ဒန်ဘီထံလွှဲပြောင်းထားသောကြောင့် မယ်ဒူဆာ၏ မျက်လုံးများကို ကြည့်နိုင်သည်။

ဒါပေမယ့် ဒီမယ်ဒူဆာဟာ ဒဏ္ဍာရီထဲကလို ပြင်းထန်သော မယ်ဒူဆာနှင့် လုံးဝမတူတဲ့ ကောင်းမွန်တဲ့စိတ်ထားရှိတယ်လို့ ယူဆနိုင်သည်။

မယ်ဒူဆာနှင့်ကောင်းဖန်တို့သည် အကြည့်ချင်းဖလှယ်ကာ တိုးတိုးလေးပြောလိုက်သည်။ “မျက်လုံးချင်းတည့်တည့်ကြည့်ရင်းနဲ့ စကားပြောနိုင်တဲ့ သားရဲတွေ တော်တော်နည်းပါတယ်.....ငါမင်းကိုခဏလောက်စကားပြောလို့ရမလား”

“ဝမ်းသာစွာဖြင့်ပါပဲ...” ကောင်းဖန်ကပြုံးပြလိုက်သည်။

မယ်ဒူဆာကလည်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

ဒန်ဘီက ကောင်းဖန်၏ သက်တော်စောင့်အဖြစ် လိုက်နေသည်။ ပုံမှန်မဟုတ်တဲ့ အပြုအမူ လက္ခဏာတွေ ပြတာနဲ့ မယ်ဒူဆာရဲ့ လည်ပါပင်းကို ချိုးပစ်ဖို့ ရှိနေသည်။

ကောင်းဖန်နှင့်မယ်ဒူဆာက အချိန်အတော်ကြာ စကားပြောနေခဲ့သည်။ ဒီမယ်ဒူဆာသည် ဤနေရာနှင့် ဝေးသော အခြား ဝင်္ကပါမှ ဆင်းသက်လာခြင်းဖြစ်သည်။ သူ့ကို ထိုနေရာတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဧရာမ ဝင်္ကပါကြီးသည် ဤတစ်ခုထက် အဆပေါင်းများစွာ ပို၍ကြီးမားသည်။

မယ်ဒူဆာသည် အရွယ်ရောက်ပြီးသည့်နောက်တွင် အုပ်စုဖွဲ့နေထိုင်ရန် မကြိုက်သောကြောင့် ၎င်း၏မိခင်က ဝင်္ကပါမှ မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။

မျိုးပွားသည့်ကာလမှလွဲ၍ အခြားမျိုးစိတ်များနှင့် အတူယှဉ်တွဲနေထိုင်ရန် ၎င်းတို့၏ သီးသန့်စရိုက်လက္ခဏာများသည် ခက်ခဲစေသည်။ ကိုယ့်အမျိုးအနွယ်ကိုတောင် ဒီလိုပဲ ဆက်ဆံသည်။

သို့သော်မယ်ဒူဆာတို့တွင် သီးခြားကျားမ မရှိပေ။ ၎င်းတို့သည်အမှန်တကယ်ပင် အနည်းဆုံးတော့ အနက်ရောင်မြူခိုးကမ္ဘာတွင်ရှိသော သားရဲများဖြစ်နေသောကြောင့်ပင်။

၎င်းတို့ မိတ်လိုက်သည့် လုပ်ငန်းစဉ်သည် မြွေများနှင့် ဆင်တူပြီး သန်မာသူသည်။ “မိခင်” ဖြစ်လာကာ အားနည်းသူသည် “ဖခင်” အဖြစ် ပြုမူနေချိန်တွင် မြွေများနှင့် ဆင်တူသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်ကသည် ဖခင်ဖြစ်စေ မိခင်ဖြစ်စေ ဖြစ်နိုင်သည်။

ကောင်းဖန်က ဤအရာများသည် သူတစ်ခါမှ မကြားဖူးသော အဖြစ်မှန်များဖြစ်သောကြောင့် စိတ်အားထက်သန်စွာ နားထောင်နေသည်။

“မင်းငါနဲ့လိုက်ခဲ့ချင်လား... ငါက လှည့်လည်သွားလာနေတဲ့ သားရဲလေ့ကျင့်သူပါ…..ဒါတွေက ငါ့ရဲ့

သားရဲတွေပါ……အတူတူစွန့်စားကြရအောင်.......မင်းနောက်ထပ်မယ်ဒူဆာတွေနဲ့တွေ့ရလိမ့်မယ်” ကောင်းဖန်က မယ်ဒူဆာကို သွေးဆောင်နေသည်။

သို့သော် မယ်ဒူဆာက သူ့ကို ငြင်းပယ်သည်။ ဒီလိုသွေးဆောင်မှုတွေက သူ့အပေါ်မှာ သက်ရောက်မှုမရှိပေ။ သူက အခြား မယ်ဒူဆာတို့နှင့် ထိတွေ့ရတာကို မကြိုက်သလို သက်ဝင်လှုပ်ရှားနေသော ပတ်ဝန်းကျင်ကိုလည်း မကြိုက်ပေ။ ဝင်္ကပါအတွင်းထဲမှာ တစ်ယောက်တည်းနေရတာ၊ ရာသီတွေပြောင်းလဲတာကိုကြည့်ရတာ၊ ကြီးကျယ်ခမ်းနားတဲ့ပင်လယ်ကိုကြည့်ရတာ ဒီလိုအရာတွေကို ကမ္ဘာပေါ်မှာ အလှပဆုံးရှုခင်းအဖြစ်မြင်ရတာကို သဘောကျသည်။

ကောင်းဖန်သည် ၎င်း၏ အတွေးအမြင်များကို နားမလည်သော်လည်း အလိုဆန္ဒမရှိပါက သူ့နောက်လိုက်ရန် မည်သူကိုမှ အတင်းအကျပ် ဖိအားပေးမည်မဟုတ်ပေ။ မယ်ဒူဆာသည်ကောင်းဖန်နှင့် အခြားသူများ ဝင်္ကပါသို့ မပြန်မီအထိ စောင့်နေသည်။

နက်ရှိုင်းသော ဝင်္ကဘာအတွင်း သေးငယ်ပြီး လက်ရာမြောက်သော ကျောက်တုံးအိမ်ကြီးများရှိသည်။ ကျောက်တုံးအိမ်ရှေ့ရှိ မြေကွက်လပ်များတွင် ကျောက်ဆစ်ရုပ်လှလှလေးတွေရှိသည်။

ကျောက်ပန်းပုရုပ်များသည် အကြီးနှင့်အသေး နှစ်မျိုးလုံးရှိပြီး အမျိုးအစားများကွဲပြားတယ်လို့ယူဆနိုင်သည်။ အငယ်ဆုံးမှာ အတောင်များသိမ်းထားသော လက်သီးဆုပ်အရွယ် ကျောက်ရုပ် စာကလေးငှက်ဖြစ်သည်။ ၎င်းသည်

သိမ်မွေ့ညင်သာပုံပေါ်ပြီး အိပ်ပျော်သွားသလိုမျိုး သူ့မျက်ခွံများက ငိုက်စိုက်ကျနေသည်။ ကြီးမားသော ကျောက်ရုပ်ထုများတွင် သားရဲမျိုးစုံ ပါဝင်သည်။

မြေဖြင့်လုပ်ထားသော မယ်ဒူဆာသည် ကျောက်တုံးကြီးပေါ်တွင် ထိုင်ကာ ပန်းပုရုပ်တုများကို ကြည့်ရင်း မေးစေ့အောက်ကို လက်ဖြင့် ပွတ်နေပြီး မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

လွန်ခဲ့သည့် နှစ်တစ်ရာခန့်က အရပ်နှစ်ပေသာမြင့်သော မယ်ဒူဆာသည် ပထမဦးဆုံးအကြိမ် ဝင်္ကပါမှ ထွက်ခွာခဲ့ပြီး အပြင်သို့ ခြေချခဲ့သည်။ ဘာမှမရှိတဲ့တောအုပ်ထဲမှာ သေးငယ်တဲ့ စာကလေးငှက်အုပ်က ပြန်သန်းနေသည်။ သူမသည် စာကလေးကို တစ်ခါမှ မတွေ့ဖူးတဲ့အတွက် သိချင်ခဲ့သည်။

ထိုအချိန်တွင် မယ်ဒူဆာ၏မျက်လုံးစွမ်းအင်များ မနိုးထသေးပေ။ ကြင်နာမှုဖြင့် ၎င်းသည် မကြာမီ စာကလေး ငှက်များနှင့် မိတ်ဆွေဖြစ်လာခဲ့သည်။

သို့သော် တစ်နေ့တွင် စာကလေးငှက်များနှင့် ကစားနေစဉ်တွင် သွားချွန်သော ဝံပုလွေတစ်ကောင်သည် တောထဲမှ ရုတ်တရက် ပြေးထွက်လာသည်။ ထိုအရေးကြီးသောအချိန်ကာလတွင် ဝံပုလွေကို ကျောက်ရုပ်ဖြစ်သွားစေရန် မယ်ဒူဆာ၏မျက်လုံးစွမ်းအင်များ နိုးကြားခဲ့သည်။ ကံမကောင်းစွာဖြင့် စာကလေးငှက်နှစ်ကောင်သည် ၎င်း၏မျက်လုံးရှေ့တွင် မတော်တဆပျံသန်းသွားမိကာ ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။ အခြားစာကလေးငှက်များသည် ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။ ၎င်းတို့သည် သူ့ကိုထူးဆန်းသော သားရဲတစ်ကောင်ဟု ထင်ခဲ့ကြပြီး နောက်ပိုင်းတွင် ၎င်းတို့သည် နောက်တစ်ကြိမ် ပေါ်မလာတော့ပေ။

မယ်ဒူဆာငယ်လေးသည် ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသော စာကလေးငှက်နှစ်ကောင်ကို ကိုင်ဆောင်ကာ မြေပြင်ပေါ်တွင် ချထားလိုက်ပြီး မှားယွင်းသွားသည်ဟု ခံစားခဲ့ရသည်။ ထို့နောက် စာကလေးငှက်နှစ်ကောင်လုံးကို ၎င်း၏ဆံပင်ဖြင့် ကယ်တင်ခဲ့သည်။ တစ်ကောင်က ထွက်ပြေးသွားခဲ့ပြီး ကျန်တစ်ကောင်ကတော့ သူငယ်ချင်းဖြစ်လိုစိတ်နဲ့ ဆက်နေဖို့ ဆန္ဒရှိခဲ့သည်။

သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းသည် စာကလေးငှက် ဖြစ်လာသည်။

နောက်ပိုင်းမှာ တခြားသူတွေနဲ့ အဆက်အသွယ်လုပ်တဲ့အခါ မျက်လုံးကို တတ်နိုင်သမျှ ရှောင်ဖို့ ကြိုးစားပေမယ့် သူရဲ့ စွမ်းအားက ကြောက်စရာကောင်းလွန်းတာကြောင့် မတော်တဆ ထိခိုက်မှုတွေ အမြဲရှိခဲ့သည်။ မယ်ဒူဆာနှင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မိတ်ဆွေဖွဲ့ခဲ့သော သားရဲများအားလုံးသည် ထွက်ခွာသွားကြသည်။ တစ်ဦးတည်းသော နေခဲ့သူသည် စာကလေးငှက်ဖြစ်သည်။

မတော်တဆ “ဒဏ်ရာ” ရပြီး စာကလေးငှက်ကို ခြောက်ကြိမ်တိုင်တိုင် ကျောက်ရုပ်ဖြစ်စေခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်သားထားသော်လည်း စာကလေးငှက်သည် သတိမထားမိခဲ့ပေ။ ကျောက်ရုပ်ဖြစ်စေသောကျိန်ခြင်းမှ လွတ်မြောက်ပြီးတိုင်း ၎င်းသည်မယ်ဒူဆာ၏ခေါင်းထက်တွင် စက်ဝိုင်းပုံအတိုင်းလှည့်ပတ်ပြီး ပျော်ရွှင်စွာ ပျံသန်းနေခဲ့သည်။ “ဟေး ဒါက တကယ်ကောင်းတယ်..... ငါပြန်အသက်ရှင်လာတယ်လို့ ငါထင်နေတာ မင်းရောမထင်ဘူးလား”

ဒီလိုဖြစ်တဲ့အခါတိုင်း မယ်ဒူဆာဟာ ခေါင်းငုံ့ပြီး မတော်တဆ ဒဏ်ရာရမှာကို ထပ်ရမှာကြောက်တဲ့အတွက် သူ့သူငယ်ချင်းကို မကြည့်ဝံ့ပါပေ။ “နောက်တစ်ခါ ငါပိုပြီး သတိထားပါ့မယ်”

သူသည် စာကလေးငှက်နှင့် နှစ်ပေါင်း ၃၀ ကြာ သူငယ်ချင်းဖြစ်ခဲ့ကြပြီး ရယ်စရာကောင်းသော်လည်း မယ်ဒူဆာ၏ မျက်လုံးများ နိုးထလာပြီးနောက် မျက်လုံးချင်းဆုံသည့် အချိန်အနည်းငယ်သာ ရှိခဲ့သည်။

စာကလေးငှက်များသည် များသောအားဖြင့် ဆယ်နှစ်ခန့်သာ သက်တမ်းအကန့်အသတ်ရှိသော်လည်း မယ်ဒူဆာပေးသော ဝိဉာဉ်အသီးအနှံများစွာကို စားပြီးနောက် စာကလေးငှက်သည် ၎င်း၏သက်တမ်းကို အနှစ် ၃၀ အထိ သက်တမ်းတိုးစေခဲ့သည်။ သို့သော် ဤသည်မှာ ကန့်သတ်ချက်ဖြစ်နေပြီဖြစ်သည်။

သူ့ဘဝရဲ့အဆုံးမှာ စာကလေးငှက်က မယ်ဒူဆာ ကိုပြောသည်။ “မင်းကမယ်ဒူဆာလို့မထင်ရဘူး.....မင်းလိုမယ်ဒူဆာအမျိုးအစားကို ငါ တစ်ခါမှ မကြားဖူးဘူး”

“မင်းသလား မယ်ဒူဆာ မင်းက လှည့်စားခံရဖို့ အလွယ်ဆုံးဖြစ်သလို ကြင်နာတတ်တယ်” ဟု စာကလေးငှက်က လေးလေးနက်နက် ပြောခဲ့သည်။ ထိုအချိန်တွင် စာကလေးငှက်၏မျက်တောင်များသည် ဖြူဖျော့နေပြီဖြစ်ပြီး ၎င်း၏ဦးခေါင်းနှင့် အတောင်ထိပ်ရှိ အမွေးများသည် မီးခိုးရောင်ဖြစ်လာသည်။ အသက်ကြီးလွန်းနေ၍ ပညာရှိနှင့်တူနေသည်။

“ငါတို့ မင်းကို စစချင်း တွေမိတုန်းက ငါတို့က မင်းကို ဝိညာဉ်အသီးအနှံတွေ ပေးဖို့ လှည့်စားချင်ခဲ့တာ မင်းသိရဲ့လား” စာကလေးငှက်က မေးသည်။

“စာငှက်က မယ်ဒူဆာနဲ့ မိတ်ဆွေဖွဲ့ဖို့ မလွယ်ဘူးလေ.. မင်းကမယ်ဒူဆာဆိုတော့ မင်းရဲ့အိတ်ကပ်တွေထဲမှာ ငါတို့အသက်တာရှည်ဖို့အတွက် လိုအပ်တဲ့ ဝိညာဉ်အသီးတွေ ရှိနေလို့ ငါတို့က မင်းနားကိုကပ်ခဲ့တာ”

မယ်ဒူဆာက ဒေါသမထွက်ဘဲ ပြုံးရုံသာပြုံးလိုက်ပြီး “ဒါက သိပ်တော့မဆိုးပါဘူး” ဟု ပြောလိုက်သည်။

မယ်ဒူဆာသည် အသီးအနှံများကို ဂရုမစိုက်ပေ။ မိခင်၏ခြံထဲတွင် အသီးအနှံပင်များစွာရှိ၍ ပေါ့ပေါ့ပါးပါး ကောက်စားနိုင်သည်။ အသီးအနှံတွေကို သူငယ်ချင်းတချို့နဲ့ လဲလှယ်ရနိုင်ရင် အရမ်းကောင်းသည်။

စာငှက်ကလေးက ပြုံးပြီး အပေါ်က လုံးလုံးဝိုင်းဝိုင်းအပြာရောင်လ နှစ်ခု ရှိတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး နောက်ဘက် ဥယျာဉ်က ညကောင်းကင်အောက်မှာ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

“မယ်ဒူဆာ ငါမင်းကိုတွေ့ချင်တယ်” ဟုစာကလေးငှက်က ရုတ်တရက်ပြောသည်။

“ကောင်းပြီ” မယ်ဒူဆာက ခေါင်းမော့ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ ၎င်း၏ အစိမ်းဖျော့ဖျော့ အသားအရည်ကို လရောင်ဖြင့် အပြာရောင်ချယ်ထားကာ ၎င်း၏မျက်နှာပေါ်ရှိ အသားအရည်သည် ချောမွေ့တောက်ပနေသည်။

ငါးစက္ကန့်ကြာအောင် စိုက်ကြည့်ပြီးနောက် စာကလေးငှက်သည် မျက်တောင်ခတ်လာသည်။ “မင်းမျက်လုံးကို ဖွင့်ပြီးကြည့်စေချင်တယ်။

“မင်း ကျောက်ရုပ်ဖြစ်သွားလိမ့်မယ်” မယ်ဒူဆာက မျက်လုံးမှိတ်ပြီး ပြောလိုက်သည်။

“… ငါအသက်ရှည်ရှည်နေခဲ့ပြီး ဒီညတော့ သေသွားနိုင်တယ်......ငါမသေခင် မင်းကို တကယ်ကြည့်ချင်တယ်.....ငါကျောက်ရုပ်ဖြစ်သွားတဲ့အခါ ငါ့ကိုမကယ်တင်ပါနဲ့.... မင်းနဲ့အတူနေဖို့ ကျောက်ရုပ်တစ်ရုပ်ဖြစ်သွားပါစေ” ဟု စာကလေးငှက်က ရိုးရိုးသားသားပြောသည်။

မယ်ဒူဆာသည် ၎င်း၏မျက်လုံးများကိုဖွင့်လိုက်ပြီး စာကလေးငှက်သည် သစ်ကိုင်းပေါ်ရပ်နေချိန်တွင် ၎င်းကိုကြည့်နေသည်။ “မင်းမျက်လုံးတွေက လှတယ်” ဤအရာများသည် စာကလေးငှက်၏ နောက်ဆုံးစကားများဖြစ်သည်။

မြေဖြင့်ပြုလုပ်ထားသောမယ်ဒူဆာသည် မျက်တောင်ခတ်ပြီး မှတ်ဉာဏ်များမှ နိုးလာသည်။ သူ့ရှေ့က ကျောက်ဆစ်ရုပ်မှာ အကိုင်းအခက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ ခြေသည်းနှစ်ချောင်းနဲ့ ဦးခေါင်းကို တစ်ဖက်စောင်းစောင်းထားပြီး သူ့မျက်လုံးတွေက သက်ရှိထင်ရှားရှိတုန်းလို စကားလုံးတွေကို တိတ်တဆိတ် ပြောနေခဲ့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၁၅ ငရဲမီးတောက် ဂဏန်းဘုရင်

“ကောင်းဖန်... မယ်ဒူဆာက လှည့်စားနေတာ ဖြစ်မယ်” ဂိုဒီက ပြောလိုက်သည်။ လူတွေကို ကယ်တင်ဖို့အတွက် သူ့ရဲ့ဆံပင်ကို ဖြတ်ပေးခဲ့တယ်ဆိုပေမယ့်..

“ဘာကြောင့်မင်းကိုယ့်ဘာသာ လိုက်ပြီး မကယ်တာလဲ” ဂိုဒီကရုတ်တရက် အတွေးတစ်ခုဝင်လာသည်။

“သူဖမ်းဖို့ ဆန္ဒမရှိလို့ပေါ့.... သစ်ပင်မှာ ကြိုးချည်ပြီး အတင်းမလုပ်ချင်လို့ပေါ့” ကောင်းဖန်က ရယ်ပြီး ဂိုဒီ၏ ခေါင်းကို ညင်သာစွာ ခေါက်လိုက်သည်။

ကြည်လင်ပြတ်သားသော အသံက ကောင်းကောင်းရိုက်လိုက်တာကို ညွှန်ပြနေသည်။ ဂိုဒီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဒါက တကယ်အလုပ်ဖြစ်နိုင်တယ်လို့ ထင်နေတုန်းပဲ..

သူတို့ကံကောင်းပါသည်။ မယ်ဒူဆာသည် မနာလိုမဖြစ်ပဲ ဖော်တောင်ဖော်ရွေသည်။ ဒါသူတို့ပထမဆုံးအကြိမ် ဖော်ရွေတဲ့သားရဲကို ကောင်းဖန်ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။ ဖော်ဖော်ရွေရွေဖြစ်ရုံမျှဖြစ်ပြီး သူနှင့်ပူးပေါင်းရန် ဆန္ဒမရှိခဲ့ခြင်းမှာတော့ ဝမ်းနည်းစရာပင်ဖြစ်သည်။

ဝင်္ကဘာကိုမြေပုံပေါ်တွင်ကြည့်ရခြင်းသည် ကလေးက တောင်ခြစ်မြောက်ခြစ်ထားတာနှင့်တူနေသည်။ ကောင်းဖန်ဘာမှမလုပ်နိုင် သော်လည်း ခံစားရတာ မသက်မသာပင်။

ငါတို့တောင်ဘက်ကို ဘယ်လိုဆက်လျှောက်ကြမလဲ။ကောင်းဖန်သည် မြေပုံပေါ်မှ နောက်ဝင်္ကဘာကိုကြည့်နေပြီး သားရဲတစ်ကောင်ခြစ်ထားသကဲ့သို့ ပြုလုပ် ထားတာတွေ့လိုက်သည်။... ဂဏန်းတစ်ကောင်လား.. ၎င်းသည် ကြီးမားပြီး တောင့်တင်းသော ပုံသဏ္ဍာန်ရှိသော ကဏန်းတစ်ကောင်ဖြစ်ပြီး ခြေသည်းနှစ်ချောင်းသည် ၎င်း၏ခန္ဓာကိုယ်၏ သုံးပုံတစ်ပုံနီးပါးကို သိမ်းပိုက်ထားသည်။

ကောင်းဖန်က ခဏလောက် စဉ်းစားကြည့်တော့ ဒါက ပင့်ကူတစ်ကောင်လို့ ထင်သွားပြန်သည်။

အစင်းလေးသည် လမ်းလျှောက်ရင်း ရွှံ့နွံများဖြင့် ပျော်ရွှင်စွာ ကစားနေသည်။ ၎င်း၏ခြေသည်းများမှ ပွတ်ဆွဲလိုက်ခြင်းဖြင့် မြေပြင်ပေါ်ရှိ ရွှံ့နွံများသည် ကောင်းကင်သို့ပျံတက်ကာ ဖုန်မှုန့်လုံးများအဖြစ် ပြုတ်ကျသွားသည်။ အချင်းကိုးပေမှ ဆယ့်နှစ်ပေအထိရှိသော ဤရွှံ့ဘောလုံးများကို အစင်းလေးက သေးငယ်သည်ဟု ယူဆသည်။ ကန်ချက်တစ်ချက်ကြောင့် ရွှံ့ဘောလုံးများ ခုန်ပေါက်သွားသည်။

၎င်း၏ မြေဒြပ်စင်ကို အသုံးပြု၍ အစင်းလေးသည် ဝေးကွာသော မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ရွှံ့ဘောလုံးများသည် အကြိမ်အနည်းငယ် လှိမ့်ကာ နောက်ဆုံးတွင် တွင်းထဲသို့ ကျသွားသည်။

ဂိုဒီကလည်း စိတ်လှုပ်ရှားလာပြီး စကန်တော့သည်။ ရွှံ့ဘောလုံးများ ပေါက်ကွဲကုန်ပြီး ရွှံ့နွံများသည် ဂိုဒီတစ်ကိုယ်လုံးကို ပေကုန်သည်။

ဒီခရီးစဉ်မှာ ဖျော်ဖြေရေးတွေ သိပ်မရှိခဲ့ပေ။ အနက်ရောင်မြူခိုးကမ္ဘာမှာ နေထိုင်နေတာဖြစ်တဲ့ ခြင်္သေ့ဖြူတွေအတွက်တော့ ခရီးက ငြီးငွေ့စရာမဟုတ်ပေမယ့် ငယ်ငယ်ကတည်းက မြို့ကြီးမှာနေထိုင်ပြီး သက်တောင့်သက်သာရှိပြီးသား ဂိုဒီလို သားရဲတွေအတွက် တော့ လူ့လောက၏ ဖျော်ဖြေရေး၊ ရုပ်ရှင်များ၊ ကာတွန်းရုပ်ရှင်များ၊ ဒရာမာများ၊ ဂိမ်းများ၊ သို့မဟုတ် ဝတ္ထုများမရှိသော ဤငြီးငွေ့ဖွယ်ဘဝ၏ အထီးကျန်မှုသည် စိတ်ကူးယဉ်မှုကို ကျော်လွန်နေပြီဖြစ်သည်။

ကံကောင်းထောက်မစွာ ဒီသားရဲများသည် နုံအသူများဖြစ်သည်။ သူတို့သည် ဤမှိုင်းမှိုင်းသောဘဝမျိုးတွင် အလွယ်တကူ လိုက်လျောညီထွေစွာ နေတတ်ကြပြီး မိမိကိုယ်ကို ဖျော်ဖြေမှုကို အပြည့်အဝတန်ဖိုးထားကြသည်။

မြို့တော်၏ ရှုပ်ယှက်ခတ်မှုများမှ ကြမ်းတမ်းသော ဆင်ခြေဖုံးရပ်ကွက်များ၏ အဝေးမှာ သူတို့သည် အချိန်မရွေး အန္တရာယ် ကျရောက်နိုင်သည်။ သို့သော် အန္တရာယ်ရှိသော်လည်း အလွန်စိတ်လှုပ်ရှားစရာကောင်းသည်။

အနက်ရောင်မြူခိုးကမ္ဘာတွင် လွတ်လွတ်လပ်လပ် သွားလာခြင်းသည် ဧကရာဇ်အဆင့် နှင့် ဘုရင်အဆင့်သားရဲများရှိသည့် ကောင်းဖန်အတွက် အဆင်မပြေဟု ယူဆနိုင်ဆဲဖြစ်ပြီး ဧကရာဇ်အဆင့်ထက် နိမ့်ကျသော သားရဲများကိုတော့ ဖော်ပြရန်ပင်မလိုပေ။

ရှေ့က မြေပြင်သည်နှစ်ခြမ်း ကွဲထွက်သွားသည်။ လမ်းကြောင်းအမျိုးမျိုးမှ မြေပြင်အလွှာများထဲမှ ခုနစ်ခု သို့မဟုတ် ရှစ်ခု ဖောက်ထွင်းကာ အရှေ့တွင် လျှောက်လှမ်းနေသော ဂိုဒီကို စတင်တိုက်ခိုက်လိုက်သည်။

ထိပ်ပိုင်းတွက်ပါးစပ်ဟထားပြီးဂန္ဓမာပုံသဏ္ဍာန်ရှိသည့် လက်တံတစ်ခုသည် ဂိုဒီအားသတ်ဖြတ်မှု၏ အန္တရာယ်ရှိသောအနံ့ဖြင့် တိုက်ခိုက်လိုက်သည်။ လက်တံပေါ်ရှိ သွားများသည် အလွန်စူးရှပြီး ဂိုဒီအပေါ်တွင် သွေးထွက်နေသော ခြစ်ရာများ ကျန်ရစ်ခဲ့သည်။

ခရမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ဂိုဒီသည် ၎င်း၏သက်ရောက်မှု စွမ်းရည်ကို အသက်သွင်းခြင်းဖြင့် ၎င်း၏ အရွယ်အစားကြီးလာသည်။ ဂိုဒီသည် ဝန်းရံထားသည့် လက်တံများကို တင်းတင်းကြပ်ကြပ် ဆန့်ထုတ်လိုက်ပြီး ၎င်း၏လက်မောင်းကို ပြင်းထန်စွာ ရိုက်လိုက်သဖြင့် ဘုရင်အဆင့် မြေပြင် သားရဲ၏လက်များသည် အရှင်ပြုတ်ထွက်သွားပြီး အဝါရောင်သွေးများ ထူထဲစွာ ထွက်ကျလာသည်။

အန္တရာယ်ရှိသောအပြုံးဖြင့် ဂိုဒီသည် ၎င်း၏ လက်သီးဖြင့်မြေပြင်ကိုထိုးကာ မြေပေါ်သို့ တစ်စုံတစ်ခုကို ဖမ်းမိသွားကာ ဖုန်မှုန့် ကြားထဲမှ ၎င်း၏လက်မောင်းကို ဆွဲထုတ်လိုက်သည်။ ကြီးမားကြမ်းကြုတ်သော တိရစ္ဆာန် စွမ်းအားကို အသုံးပြု၍ ဂိုဒီသည် အပြင်ဘက်တွင်သွားများစွာရှိပြိး ကြွက်သားတင်းမာသည့် လက်တံများကို ဆွဲထုတ်လိုက်သည်။ မြေပြင်အောက်ရှိ သားရဲတစ်ကောင်းလုံးသည် ၎င်း၏ လက်တံများနှင့်အတူ ဆွဲထုတ်ခံလိုက်ရသည်။

ကြောက်စရာကောင်းတဲ့ အော်ဟစ်သံက လေထဲကိုဖြတ်သွားသည်။ မြေပြင်သားရဲ၏ အသံကြိမ်နှုန်းသည် အလွန်နိမ့်ကျသောကြောင့် သာမန်လူများ နားဖြင့်မကြားနိုင်ပေ။ သူတို့သည် မြေအောက်၌ နေထိုင်ကြပြီး သားကောင်ကို အမဲလိုက်သည့်အခါ မြေကြီးထဲတွင် ပုန်းအောင်းနေရတာကို နှစ်သက်ကြသည်။ သားကောင်များ နီးကပ်လာသည်နှင့်အမျှ ၎င်းတို့သည် အုပ်စုထဲမှ ထွက်လာကြပြီး သားကောင်များကို ချည်နှောင်ကာ စပါးအုံးမြွေက သူ့သားကောင်ကို ညှစ်သတ်လိုက်သကဲ့သို့ သားကောင်ကို ညှစ်သတ်ရန် ၎င်းတို့၏ လက်တံများကို အသုံးပြုကြသည်။

ဤလွင်ပြင်များတွင် မြေပြင်သားရဲများ အများအပြား နေထိုင်ကြသည်။ ကောင်းဖန်ကြုံတွေ့ခဲ့ရသော မြေပြင်သားရဲများသည် ကွန်မန်ဒါအဆင့် နှင့် ဘုရင်အဆင့်ကြားဖြစ်သည်။ ၎င်းတို့သည် အလွန်ရက်စက်ကြမ်းကြုတ်သော သားရဲ အမျိုးအစားဖြစ်သည်။

သူတို့က အရသာလည်း ကောင်းသည်။ ပြည်ကြီးငါးတွေလို အရသာ အလွန်ကောင်းသည်။ ကောင်းဖန်ယူဆောင်လာသော ဇီယာ၊ ငရုတ်သီးခေါက်ဆွဲ၊ အချိုမှုန့် နှင့် ငရုတ်ကောင်းတို့ အဆင်သင့်ဖြစ်နေပြီပင်။ ဆိုရိုးစကားအတိုင်း ဘာအစားအစာပဲဖြစ်ဖြစ် မီးကင်ပြီး အပေါ်ကနေ ဇီယာဖြူးပြီးရင် အနံ့က ငြင်းရက်စရာမရှိပေ။

မြေပြင်သားရဲက ရေထဲကငါးတစ်ကောင်လို လေထဲမှာ ၎င်းရဲ့လက်တံတွေကို ကြောက်မက်ဖွယ်ရာ လှုပ်ခါနေသည်။ ထို့နောက် ဂိုဒီရဲ့ လက်သီးချက်အနည်းငယ်က သူ့သင်္ချိုင်းဆီကို ခေါ်သွားသည်။ ဆယ်မိနစ်လောက်ကြာတော့ အပြင်အရေပြားကို နွှာပြီးလတ်ဆတ်သော ခရမ်းရောင် အတွင်းသားများ ပေါ်လာပြီဖြစ်သည်။

ဖလိန်မီက နံဘေးမှာ ငုတ်တုတ်ထိုင်နေပြီး အသားကင်ဖို့အတွက်ကူညီရန် မီးကို ထွေးထုတ်လိုက်သည်။

ဂိုဒီက ဖလိန်မီအား ဆရာတစ်ဦးကဲ့သို့ ပြုမူညွန်ကြားနေသည်။ “နှေးအုံး...နှေးအုံး....မင်းရဲ့မီးက ပြင်းလာပြီ... ဒီမှာ မီးကို ဒီနေရာမှာထုတ်ခိုင်းလိုက်တာ.....ထိပ်မှာမဟုတ်ဘူး...မင်းရဲ့မီးက ပစ်မှတ်ကို ပြတ်သွားပြီ”

ဖလိန်မီက စိတ်ရှုပ်သွားသည်။ “ကောင်းပြီ......မီးငြှိမ်းလိုက်ပြီး ကိုယ်တိုင်ပဲကင်ပါတော့.... ငါ့ကိုဝိုင်းမခိုင်းပါနဲ့”

ဂိုဒီကသက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ “ဝတုတ်.... ဘာလို့အရမ်းစိတ်တိုနေတာလဲ.. ငါက မင်းရဲ့အကျိုးအတွက် လုပ်နေတာ.. မင်းရဲ့မီးတောက်ကို ဒီနည်းနဲ့ လေ့ကျင့်ပေးနိုင်တယ်”

“ဂိုဒီက အသားကင်နည်းကို ဘယ်တုန်းက သင်ယူခဲ့တာလဲ” အလင်းလှိုင်းက အံ့သြသွားသည်။

ခြင်္သေ့ဖြူသည် အစင်းလေး၏ နောက်ကျောပေါ်သို့ တွားသွားပြီး “အသားကင်လုပ်နည်းကို သူသင်တာမင်းဘယ်တုန်းက မြင်ဖူးလို့လဲ” ဟုမေးလိုက်သည်။

“ဒါဆို…” အလင်းလှိုင်းကလှည့်၍ ဖလိန်မီကို လေးနက်သောလေသံဖြင့် ညွှန်ကြားနေသည့် ဂိုဒီကို ကြည့်လိုက်သည်။

နာရီဝက်အကြာတွင်ဂိုဒီသည် မီးကင်ထားသော သားရဲအသားတစ်ပိုင်းကို ကိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ဝတုတ်.... မင်းရဲ့မီးမှာ ပြဿနာရှိတယ်..... ပိုလေ့ကျင့်ဖို့လိုတယ်”

ဖလိန်မီသည် အံ့သြသွားသည်။

တောင်ဘက်သို့ ခရီးဆက်ရင်း ဤသည်မှာ သဲကန္တာရဖြစ်သောကြောင့် မြေဆီလွှာမှ အပင်ပေါက်မှု နည်းပါးသထက် နည်းပါးလာသည်။ သဲကန္တာရရဲ့ အလယ်မှာ ဝင်္ကပါတစ်ခု ရှိနေသည်။ မြေပုံအရတော့ သားရဲတွေ အများအပြား ရှိနေသည်။

အဆင့်မြှင့်တင်မှုတစ်ခုအတွင်း နိမ့်ကျသော သားရဲအဆင့်များကို ပြန်လည်ရယူရန်အတွက် သားရဲများ၏အသားအနှစ်ကို အသုံးပြုနိုင်သည်။ ယခုအချိန်အထိ ဖလိန်မီ၏အဆင့်သည် ဒဏ္ဍာရီစွမ်းရည်ဆင့်သို့ ပြန်မရောက်သေးဘဲ ခြင်္သေ့ဖြူနှင့် အလင်းလှိုင်း တို့ နှစ်ကောင်လုံး၏ အဆင့်များသည် စွမ်းရည် အဆင့်တိုးလာပြီးနောက် အဆင့်တစ်ခုသို့ လျော့ကျသွားသည်။

“အင်း ဒါက စိတ္တဇပန်းချီ မဟုတ်ဘူးလား” ကောင်းဖန်သည် သူ့ရှေ့တွင် မီးတောက်နေသော ကြီးမားသည့် ကဏန်းနီကြီးကို ကြည့်ရင်း အလွန်အံ့သြသွားသည်။ ဒါကတကယ် ကဏန်းတစ်ကောင်ပဲ..

မီးတောက်နေသော ကဏန်းနီ၏အခွံ၏ နောက်ကျောတွင် အလွန်ချွန်ထက်သော အကိုင်းအခက်များရှိပြီး ၎င်း၏နောက်ကျောတစ်ပြင်လုံးတွင် တင်းတင်းကျပ်ကျပ် ကြီးထွားလျက်ရှိသည်။ ဟိုးအဝေးကကြည့်ရင် သူ့နောက်ကျောက မီးလောင်နေသလိုပင်။ ၎င်း၏ကြီးမားသောခြေသည်းနှစ်ချောင်းသည် အလွန်အမင်း ခံနိုင်ရည်ရှိပြီး ၎င်း၏ဦးခေါင်းအပေါ်တွင်ရှိသော မျက်လုံးများသည် ကောင်းဖန်နှင့် သူ၏အဖွဲ့ကို အထင်အမြင်သေးစွာ ဘေးတိုက်စောင်းငဲ့ကြည့်နေသည်။

[သားရဲ အမည်] - ငရဲမီးတောက် ဂဏန်းဘုရင်

[သားရဲ အဆင့်] - အဆင့် ၆၈

[သားရဲ စွမ်းရည်]- ပြီးပြည့်စုံ / မော်ကွန်းတင်စွမ်းရည်အဆင့်

[သားရဲအမျိုးအစား]- မီး

[သားရဲ အားနည်းချက်] - ရေ

[သားရဲ စွမ်းအင်] - မာကျောသော အခွံ အဆင့် ၅၊ ရမ်းကားသောလက်မ အဆင့် ၆၊ စွမ်းအင်ချဲ့ထွင်မှု အဆင့် ၄၊ မီးတောက်ခံနိုင်ရည်အဆင့် ၅၊ မီးလျှံထိန်းချုပ်မှု အဆင့် ၄

[အထူးသွင်ပြင်လက္ခဏာ] - မီးကိုမျိုချခြင်း (ငရဲမီးတောက် ဂဏန်းဘုရင် သည် မီးဖိုထဲတွင် မွေးဖွားခဲ့ပြီး ငရဲမီးတောက် ဂဏန်းဘုရင် သည် မွေးရာပါ မီးတောက်များကို မျိုချနိုင်စွမ်းရှိသည်။

သက်ရောက်မှု ၁ - မီးတောက်တိုက်ခိုက်မှုအားလုံးကြောင့် အားပျော့သွားနိုင်သည်။

သက်ရောက်မှု ၂ - အချို့သော မီးတောက်အမျိုးအစားများကို မျိုချနိုင်ပြီး မီးလျှံအမျိုးအစားများကို ၎င်း၏ကိုယ်ပိုင် မီးတောက်စွမ်းအားအဖြင့် အချိန်ခဏ ပြောင်းလဲနိုင်ပြီး အချို့သောအခါ အချိန်ကာလတစ်ခုအထိ ကြာရှည်ခံနိုင်သည်။

[သားရဲ ဖော်ပြချက်] - ငရဲမီးတောက် ဂဏန်းဘုရင် သည် မီးတောက်ထဲတွင် မွေးဖွားလာခဲ့ပြီး ငယ်ငယ်ကတည်းက မီးထဲတွင် လူးလှိမ့်ရတာကို နှစ်သက်ပြီး မီးတောက်များကို စားရန် စိတ်အားထက်သန်သူဖြစ်သည်။ ငယ်စဉ်အခါက ကဏန်းအများစု၏ မီးတောက်ခံနိုင်ရည်အစွမ်းသည် လုံလောက်မှုမရှိသောကြောင့် ငရဲမီးတောက် ဂဏန်းဘုရင် အများစုသည် ငယ်စဉ်ကပင် ငတ်မွတ်မှုကြောင့် မီးတောက်တွင် အရှင်လတ်လတ် မီးရှို့ခံရပြီး သေဆုံးခဲ့ရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၁၆ အုပ်စုဖွဲ့ခြင်း

ဂဏန်း၏ ညီအကို မောင်နှမ အချို့သည် ၎င်းတို့၏ စိတ်ကြိုက် သရေစာများကို စားသုံးမိသောကြောင့် အရှင်လတ်လတ် မီးရှို့ခံခဲ့ရသည်။ ယင်းက ၎င်းတို့၏ ထာဝရအကျိုးအမြတ်အတွက် ရှာဖွေမှုတွင် လူသားတို့၏ မိမိကိုယ်ကို ဖျက်လိုဖျက်ဆီးပြုသည့် အမူအကျင့်ကို ကောင်းဖန်အား အမှတ်ရစေသည်။

ငရဲမီးတောက် ဂဏန်းဘုရင် သည် ကောင်းဖန်နှင့် သူ့သားရဲများကို မလှုပ်မယှက် စိုက်ကြည့်နေသည်။ ခဏအကြာ စိုက်ကြည့်နေတဲ့ မျက်လုံးတွေ ပင်ပန်းလာသလို လှည့်လိုက်ပြီး ဘေးတိုက်ကို တစ်ချက်ကြည့်လိုက်သည်။

ဒီလူတွေက ဘာကြောင့် နှောက်ယှက်ဖို့ ဆုံးဖြတ်ရတာလဲ.. ဂဏန်းရဲ့မျက်နှာပေါ်တွင် တင်းမာနေသော အကြည့်များနှင့်ကြည့်နေသည်။

၄င်း၏ လက်မကြီးတစ်ဖက်ကို သဲကန္တရထဲသို့ဆောင့်ချလိုက်သောအခါပေ ၂၀ မြင့်သော သဲပြင်ကြီးတစ်လုံး မြင့်တက်လာသည်။ တွေးရခက်လွန်းတယ်.. ရိုက်ဖို့ အချိန်တန်ပြီ..

ကဏန်း၏ကိုယ်ထည်မှ မီးတောက်များသည် မီးဘောလုံးကြီးအဖြစ်သို့ လာမဆုံခင် ကောင်းဖန်ထံသို့ လေထဲမှဖြတ်သွားသည်။ ငရဲမီးကလေထဲမှာစူစူးဝါးဝါးတိုက်ခတ်နေသည်။ မီးတောက်လျှာများက မြေပြင်မှာငန်းငန်းတက်ဟတ်နေသည်။ ပြင်းထန်သော အပူရှိန်ကြောင့် မြေပြင်သည် အက်ကွဲသွားပြီး လေထုအတွင်းရှိ ရေမှုန်များသည် အငွေ့ပျံသွားသည်။

အစင်းလေးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ၎င်း၏ခြေသည်းများကို မြေကြီးထဲသို့ ထိုးထည့်လိုက်သည်။

သူသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ကာ ဂဏန်းဘုရင် ကို အံ့အားသင့်စွာ စိုက်ကြည့်မိသည်။ ဤအရာသည် သန်မာလွန်းသည်။ တကယ့တောင်ကြီးတစ်တောင်လို့ဖြစ်လာပြီးကတည်းက အစင်းလေးက ၎င်းကို ပြန်ပြီးတွန်းလှန်နိုင်တဲ့ အခြားသတ္တဝါမျိုးနဲ့ မကြုံတွေ့ရတာ ကြာပြီဖြစ်သည်။

“ဒီကဏန်းက သန်မာတယ်” ဟုကောင်းဖန်က တအံ့တသြ ပြောသည်။

“ဟုတ်တယ်....သူ့ရဲ့ ခွန်အားက မယုံနိုင်လောက်အောင်ပဲ.. အစင်းလေးကို အဲဒီလိုပြန်တွန်းထုတ်ဖို့ဆို ငါ့ရဲ့ သက်ရောက်မှု စွမ်းရည်ကို အနည်းဆုံး အကြိမ်ရာဂဏန်းလောက် အသက်သွင်းရလိမ့်မယ်” ဟုဂိုဒီက သဘောကျစွာပြောလိုက်သည်။

ဖလိန်မီက “အံ့ဩစရာတွေ ဖြစ်လာမယ်လို့ ငါထင်တယ်” ဟု ပြောလိုက်သည်။

ဒန်ဘီသည် ဂဏန်းကို သဘောကျစွာ ကြည့်နေသည်။ အဲသလို ဖြစ်နေတာ သေချာတယ်.. သူက ငါ့ရဲ့မသေနိုင်သော စစ်တပ်အတွက် ကောင်းမွန်တဲ့ ထပ်ပေါင်းမှုတစ်ခု ဖြစ်လာလိမ့်မယ်..

“အို... မင်းကအရမ်း သန်မာတာပဲ.... မရှက်ပါနဲ့.... နောက်ထပ်လှည့်ကွက်အချို့ကို ငါတို့ကို ပြပါဦး..... ဒီမှာ လိမ္မော်သီးနည်းနည်းယူပါ” ဟု ပဲ့ကျှိ နှင့် နန်ကျူး က လိမ္မော်သီးနှစ်လုံးကို အစင်းလေး၏ ခေါင်းပေါ်မှကျော်ပြီး ဂဏန်းထံသို့ ပစ်ပေးရင်း အော်ပြောလိုက်သည်။

လိမ္မော်သီးများသည် ကဏန်းခေါင်းပေါ်သို့ ကျသွားသည်။ တခဏအတွင်း ကဏန်းခွံကထုတ်လိုက်သောအပူကြောင့် သူတို့ အရည်ပျော်သွားသည်။

ထိုအချိန်တွင် ကောင်းဖန်နှင့် သူ့ သားရဲများက ကဏန်းကို ညွှန်ပြပြီး ၎င်း၏ အစွမ်းထက်လှသော အစွမ်းသတ္တိကို အံ့သြတကြီး ငုံ့ကြည့်နေကြသည်။

ဂဏန်းသည် ဒေါသထွက်သွားသည်.. မင်းငါ့ ဘာထင်နေကြတာလဲ.. ဆပ်ကပ်ပြနေတယ်ထင်လို့လား..

ကဏန်းသည် ဒေါသတကြီးဖြင့် ၎င်း၏ခန္ဓာကိုယ်နှင့်အစင်းလေးကို တိုက်လိုက်သည်။ ဒေါသတွေက ၎င်း၏လှိုင်းလုံးတွေကနေ ထွက်လာသည်။

ဤတစ်ကြိမ်တွင် အစင်းလေးပြင်ဆင်လိုက်သည်။ အပြင်ဘက်တွင် ထင်ရသကဲ့သို့ အထင်ကြီးလောက်စရာ သက်ရောက်မှုက အစင်းလေး ကို လှုပ်ခတ်မသွားစေပေ။ အစင်းလေးသည် မကြာသေးမီက အဆင့် ၅၉ သို့ရောက်ရှိခဲ့ပြီး ဧကရာဇ်အဆင့်နှင့် အနည်းငယ်သာဝေးတော့သည်။

ဒြပ်စင်ကျွမ်းကျင်မှု သို့မဟုတ် သန့်စင်သော ကာယခွန်အားအရ အခြားသော ဧကရာဇ်အဆင့် သားရဲများလောက် အစွမ်းမထက်သော်လည်း ၎င်းသည် စွမ်းအားပြည့်လာသောအခါ အစင်းလေးနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။

ဂဏန်းသည် အံ့အားသင့်သွားသည်။ ထူးဆန်းတယ်.. ငါဘာလို့ သူ့ကိုတွန်းမချနိုင်တာလဲ.. ဒါက ငါ့ထက် ပေအနည်းငယ်သာမြင့်တယ်‌လေ..ဘယ်အချိန်မှာရုတ်တရက်ကြီးသန်မာလာရတာလဲ..

အသွင်‌ပြောင်းအသီး၏အရွယ်အစားပြောင်းလဲခြင်းအကျိုးသက်ရောက်မှုကြောင့် အစင်းလေးသည် အထပ် ၃၀မြင့် အဆောက်အဦတစ်ခု ကဲ့သို့မြင့်မားနေသည်။

ဂဏန်း၏ကိုယ်ထည်သည် အနည်းဆုံး ပေ ၃၀ ရှည်လျားသည်။

နောက်ခြေထောက်တွေပေါ် မတ်တပ်ရပ်လိုက်မယ်ဆိုရင် အမြင့်ပေ ၂၀ လောက်အထိ ရှိနိုင်သည်။ သားရဲနှစ်ကောင်လုံး၏ အမြင့်သည် အနည်းဆုံးဆယ်ဂဏန်း ရှိသည်။

ကဏန်းသည် မိုက်မဲပြီး အာဏာရှင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းသည် အရူးမဟုတ်သည်မှာ သေချာသည်။ နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ၎င်း၏ လက်မကို မျက်လုံးများပေါ်တွင် ဆုပ်ကိုင်ထားသည်။ ထို့နောက် ၎င်းသည် လက်မတစ်ခုကို ဖွင့်လိုက်ပြီး ကောင်းဖန်နှင့် အခြားသူများထံကို ဖြတ်သွားလိုက်သည်။

တစ်ခုခုတော့ လွဲနေသလိုပဲ.. ဒီလူတွေဟာ ထွက်ပြေးသင့်တာ ကြာပြီလေ..

ကောင်းဖန်သည် သူ၏ရွေးချယ်ခွင့်များကို စတင်ချိန်ဆလိုက်သည်။ အဖြူရောင်ဓားသွားသားရဲ၏ သားရဲအဆင့်သည် အလွန်နိမ့်ပါးသည်။ ဂဏန်း နဲ့ တိုက်ခိုက်ဖို့ ကြိုးစားရင် အလွယ်တကူ ထိခိုက်နိုင်သည်။ ဂိုဒီသည် ကဏန်းပေါ်မတက်မီ ၎င်း၏ သက်ရောက်မှုအစွမ်းကို အကြိမ်ပေါင်းများစွာ အသက်သွင်းရမည်ဖြစ်သည်။ ခြင်္သေ့ဖြူ၏ သားရဲအဆင့်သည် ကဏန်းကို စိန်ခေါ်ရန် မလုံလောက်ပေ...

ဒန်ဘီကို စစ်မြေပြင်သို့ ဝင်ခွင့်ပေးလိုက်ခြင်းကလည်း သင့်တော်မယ်လို့ ကောင်းဖန်မထင်ပေ။ သူနှင့် သူ့သားရဲများသည် ဂဏန်၏စွမ်းရည်ကို ဆန့်ကျင်နိုင်စွမ်းမရှိပေ။ ကဏန်းများ၏ စွမ်းရည်အများစုသည် သူ့သားရဲများထက် အနည်းငယ်မြင့်မားသည်။

၎င်းသည် ၎င်း၏ပြိုင်ဘက်များကို အနိုင်ယူရန် ရိုင်းစိုင်းပြင်းထန်သော ခွန်အား ကြီးကြီးမားမားကို အားကိုးပုံရသည်။ သို့သော် ၎င်း၏ လှုပ်ရှားမှုများသည် နှေးကွေးနေသည်။ ၎င်းတွင် မည်သည့်အဆင့်မြင့်ဒြပ်စင်စွမ်းရည်များမှ ရှိပုံမပေါ်ပေ။

ကောင်းဖန်က သတိနဲ့ ဆက်လုပ်သင့်တယ်လို့ ထင်သည်။ ထို့အပြင် ၎င်းက သူ့သားရဲများ၏တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန် အခွင့်အရေးကောင်း တစ်ခုလည်းဖြစ်သည်။

“ဒန်ဘီနဲ့ အစင်းလေး မင်းတို့ နှစ်ယောက်လုံး အသင့်နေ.. ကျန်တဲ့သူတွေက ကဏန်းကို အတူတူ သွားတိုက်ကြ” ကောင်းဖန်က အမိန့်ပေးလိုက်သည်။

“ဂိုဒီမင်း ခဏလောက် နောက်ဆုတ်ပြီး ဖလိန်မီကို တိုက်ခိုက်ခွင့်ပြလိုက်.. ဖလိန်မီ တိုက်... ဂိုဒီ မင်းရဲ့အကျိုးသက်ရောက်မှုစွမ်းရည်ကို တည်ဆောက်.... ခြင်္သေ့ဖြူ ထိပ်တိုက်တိုက်ပြီး ဂဏန်းကို အာရုံပြောင်းလိုက်.....အလင်းလှိုင်…. ခြင်္သေ့ဖြူကို နောက်ပြန်ဆွဲထား....ကဏန်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ အဆစ်တွေမှာ ပေါ်လာတဲ့ အနီရောင်လိုင်းတွေမှ။ မင်းရဲ့တိုက်ခိုက်မှုကို အာရုံစိုက်..

နဂါးသတ်ခြင်းအခန်းအတွက်... အဲဒီမှာဘဲနေပြီး မင်းပျင်းနေရင် စာမျက်နှာအနည်းငယ်လှန်ကြည့်နေ.... ရှောင်ကော မင်းက ကုသရေးတာဝန်ယူ.......ဘယ်အချိန်ဘယ်သူပဲဒဏ်ရာရရ ကုပေး....ဆီလီ… မင်းရဲ့ သိုလှောင်ခန်းကနေ ဘယ်အရာမှ ထွက်မလာဘူးဆိုတာ သေချာအောင်လုပ်.....”

ဖလိန်မီ၏မီးတောက်များကို ဂဏန်းက၎င်း၏ မီးတောက်များအဖြစ်သို့ ပြောင်လဲနိုင်စွမ်းရှိကြောင်း သူသိသောကြောင့် ကောင်းဖန်သည် ဖလိန်မီကို၎င်း၏မီးတောက်လောင်နိုင်စွမ်းအားဖြင့် ဂဏန်းကိုတိုက်ခိုက်ခွင့်မပြုပေ။ ကဏန်းသည် ဖလိန်မီ၏မီးတောက်များကို ပုံတူကူးပြီး ၎င်းကိုဆန့်ကျင်ဘက်အဖြစ်အသုံးပြုပါက ထိုအရာများသည် အန္တရာယ်များသော တိုက်ခိုက်မှုဖြစ်လာလိမ့်မည်။

ဖလိန်မီ၏မီးသည် သာမန်မီးမဟုတ်ပေ။ ၎င်းသည် ပြိုင်ဘက်၏ ဝိညာဉ်ကို လောင်ကျွမ်းပျက်စီးစေနိုင်သည်။

ကောင်းဖန်သည် နောင်လာမည့်တိုက်ပွဲတွင် မည်သို့ဆက်လက်လုပ်ဆောင်ရမည်ဆိုတာကို သူ့သားရဲများကို အစီအစဉ် ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ပေးနိုင်သည်။ သူ့သားရဲများသည် လမ်းတစ်လျှောက်တွင် သီးခြားအသေးစိတ်အချက်အလက်များကို ၎င်းတို့ဘာသာ ရှာဖွေရမည်ဖြစ်သည်။

သူသည် ၎င်း၏အမဲလိုက်ခွေးကို ၎င်း၏သားကောင်ကို ချဉ်းကပ်ရန် အကောင်းဆုံးနည်းကို ယေဘူယျအကြံဥာဏ်ပေးနေသည့် မုဆိုးတစ်ယောက်နှင့်တူပြီး အန္တရာယ်များသော အရာများနဲ့တွေသေားအခါ တပ်ဆုပ်ဖို့ရန် အမိန့်ပေးသည့် မုဆိုးတစ်ယောက်နှင့်တူသည်။ သူ၏ သားရဲများ၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ် စီမံဆောင်ရွက်မှု လုပ်ဆောင်ပေးခြင်းသည် လက်တွေ့မကျပေ။

ကြွက်က ကောင်းဖန်၏ဘောင်းဘီကို ဆွဲဖက်ထားသည်။

ကျွန်တော်ကရော...ဘာအမိန့်မှလည်း မပေးဘူး..

“မင်းက သူတို့ရဲ့ အားပေးတဲ့ ခေါင်းဆောင်ပဲ..” ကောင်းဖန်က အားတက်သရော ပြောလိုက်သည်။

ခြင်္သေ့ဖြူသည်ခုန်ထွက်လိုက်ပြီး ရေခဲနှင့် ဝေ့ဝဲနေသော မြူမှုန်များ ကိုချန်ခဲ့လိုက်သည်။ ၎င်းသည် ဂဏန်း၏အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။

အလင်းလှိုင်းသည် ဂဏန်းပတ်ပတ်လည်တွင် ဝပ်သွားပြီး သဲထဲတွင် အသိုက်အမြုံရှိနေသည့် ကဏန်း၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ဂဏန်း၏အခွံမှ အနီရောင်မျဉ်းလေးတစ်ကြောင်း လွင့်ပျံလာသည်ကို တွေ့လိုက်ရသည်။

အလင်းလှိုင်းကခေါင်းယမ်းလိုက်သည်။ ဒီတစ်ခုမဟုတ်ပါဘူး.. အဆစ်နဲ့ ခြေထောက်တွေကို ထိဖို့ သခင်က ပြောတယ်..ငါနောက်တစ်ခု စောင့်နေရမယ်..

ဂိုဒီသည် မျက်လုံးများကို မှိတ်ထားပြီး ၎င်း၏လက်များကို ကျယ်ကျယ်ဖွင့်ကာ ဖလိန်မီ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်လိုက်သည်။ ချက်ခြင်းမှာပဲ ဂိုဒီမီးတောက်လောင်သွားသည်။

ဖလိန်မီ၏မီးသည် ၎င်းပတ်ပတ်လည်တွင် လောင်ကျွမ်းနေချိန်တွင် ၎င်း၏ခန္ဓာကိုယ်အနှံ့ အလင်းတန်းများပေါ်လာသည်။

ဒီတုံးအတဲ့ဘဲသားကင် အသက်ရှင်နေသေးတာလား....ဖလိန်မီတွေးမိသည်.. သူသည် ကျောရိုးတစ်လျှောက်တုန်ဆင်းသွားသည်။

ရှောင်ကောသည် အစင်းလေး၏ ခေါင်းပေါ်တွင် သူ့ကိုယ်သူ အမြစ်တွယ်ထားသည်။ ယခုအခါ လေထဲတွင် ညင်သာစွာ ရွေ့လျားနေပြီး ပွင့်ဖတ်များ ခေါင်းပေါ်မှ လွင့်ပျံလာသည်။ မကြာခင်မှာပဲ အဖြူရောင်အလင်းတန်းတွေဟာ စစ်မြေပြင် လေထုထဲမှာ ပြည့်လျှံနေသည်။

မီးနှင့်ရေခဲတို့သည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့နေ ကြသည်။ ဂဏန်းသည် ဒေါသတကြီးဖြင့် ၎င်း၏ လက်မကြီးကို သဲကန္တာရထဲသို့ ထိုးသွင်းကာ ကြီးမားသော မီးတောင်ပေါက်တစ်ခု ကျန်ရစ်စေသည်။

ပြိုကျနေသော သဲပြင်ပေါ်မှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ခြင်္သေ့ဖြူသည် ကဏန်း၏ဦးခေါင်းပေါ်သို့ မဆင်းမီ ၎င်း၏ခြေတစ်ဖက်ဖြင့် လေကို ချက်ချင်းအေးခဲစေလိုက်သည်။

၎င်း၏ အေးခဲနေသော ခြေသည်းများသည် ကဏန်း၏အခွံနှင့် ရိုက်ခတ်လာသောအခါတွင် ရေခဲတုံးများ လေထဲသို့ ပျံတက်သွားသည်။ ခြင်္သေ့၏တိုက်ခိုက်မှုသည် နောက်ပိုင်းတွင် ခြစ်ရာပင်မကျန်ခဲ့ပေ။

ဒါကတကယ့်ကိုမာတဲ့ အခွံပဲ..

All Chapters