အခန်း (၅၁၇-၅၂၀)
Vol. 33 Ch. 517-520
အခန်း ၅၁၇ ဝိဉာဉ်ဖြန့်ခွဲခြင်း နည်းပညာ
ကဏန်း၏အခွံပေါ်ရှိ ခြေသည်းဖြူ အမှတ်အသားများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ စက္ကန့်အနည်းငယ်ကြာတော့ ပုံမှန်ပြန်ဖြစ်သွားသည်။
ခြင်္သေ့ဖြူ မျက်မှောင်ကြုတ်လိုက်သည်။ ၎င်း၏လက်ရှိစွမ်းအားအဆင့်တွင် ကဏန်း၏ကာကွယ်ရေးကို ထိုးဖောက်ဝင်ရောက် နိုင်သည့် နည်းလမ်းမရှိပေ။ ကဏန်းသည် အသင့်အနေအထားသို့ ပြန်ရောက်သွားသည့်တိုင် အခက်တွေ့နေသေးသည်။ ဘုရင်အဆင့်သို့ ရောက်သော်လည်း ဧကရာဇ်အဆင့်နှင့် အလှမ်းဝေးနေသေးသည်။
စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံများ ရှိထားသော်လည်း၊ အထူးသဖြင့် တိုက်ခိုက်ရေးအနုပညာတွင် သူကိုယ်တိုင် တွေ့ကြုံဖူးသည့် ပြိုင်ဘက်ကို တိုက်ခိုက်ရန် ဤမျှလောက်သာ ခြင်္သေ့ဖြူ လုပ်နိုင်နေသည်။
ဂဏန်းသည် ယခုအခါ မီးလျှံများ ဖုံးလွှမ်းသွားသည်။ ထိုနေရာတစ်ဝိုက်တွင် ငရဲမီးများက ကန္တာရကို လောင်ကျွမ်းစေသည်။
နောက်ဆုံးတွင်ကောင်းဖန်သည် ဤသဲကန္တာရဖြစ်လာပုံကို နားလည်သွားသည်။ ဤနေရာသည် ရေနှင့်အာဟာရများ လုံးဝကင်းစင် သွားသည်အထိ သဲကန္တာရအဖြစ်သို့ ပြောင်းလဲသွားခြင်းကာ ဒေါသကြီးသော ဂဏန်းကြောင့် ကမ္ဘာမြေကြီး ခြောက်သွေ့သွားခြင်း ဖြစ်နိုင်သည်။
ကဏန်းသည် ဒေါသတကြီးဖြင့် ၎င်း၏ လက်မများကို လက်ခုပ်တီးလိုက်သည်။ မီးတောက်များသည် ၎င်းတို့ကို ပတ်ပတ်လည်တွင် လှည့်ပတ်နေကာ မီးတောက်နေသော ဆိုင်ကလုန်းမုန်တိုင်းအသွင်ဖြင့် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို လောင်ကျွမ်းစေသည်။
လက်မ၏အထဲမှ မီးတောက်နေသောလျှာရှည်ကြီးတစ်ခု ထွက်လာသည်။ ကဏန်း၏ကိုယ်ထည်မှ မီးတောက်များကြောင့် ဘက်ပေါင်းစုံကို မီးတောက်များဖြင့် လောင်ကျွမ်းသွားစေသည်။
သဲကန္တာရသည် ချက်ချင်းပင် မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အလယ်တွင်ဂဏန်းသည် အနီရောင်ပူပြင်းသော တူတစ်ချောင်းကဲ့သို့ ၎င်း၏ လက်မကို အပေါ်သို့ တင်ထားသည်။
ကဏန်းသည် ၎င်း၏ လက်မများကို အချင်းချင်း ထိေနသည်။ နှစ်ခုစလုံးက အပူကြောင့်တဒုတ်ဒုတ်မြည်နေသည်။
ထို့နောက် ၎င်း၏ နီရဲနေသော လက်မများကို ခြင်္သေ့ဖြူ ဆီသို့ လှည့်လိုက်သည်။ ကဏန်းလက်မများ နီးကပ်လာသည်နှင့်အမျှ ၎င်းအပေါ် ဖိအားများသက်ရောက်နေသည့် ဖိအားများကို ခံစားရသည်။ ကဏန်းလက်မများကို ပိတ်ဆို့ရန် ၎င်း၏ရှေ့တွင် ရေခဲနံရံများစွာပေါ်လာစေရန် ခြင်္သေ့ဖြူသည် ဟိန်းဟောက်လိုက်သည်။
သို့သော်လည်း လက်မများသည် ရေခဲနံရံများကို လွယ်ကူစွာ ဖြတ်ကျော်နိုင်သည်။ ခြင်္သေ့ဖြူရှေ့တွင်ရှိသော ရေခဲနံရံသည် ၎င်းဖြတ်လာသောအခါ စက္ကူတစ်ရွက်ကဲ့သို့ပင်ဖြစ်နေသည်။
ရုတ်တရတ် လေပြင်းတိုက်ခတ်မှုကြောင့် ခြင်္သေ့ဖြူတဝိုက်တွင်၎င်းကို လက်မများရှေ့သို့ ဆွဲထုတ်ရန် ခြိမ်းခြောက်နေသည်။
ခြင်္သေ့ဖြူ အန္တရာယ်ရှိနေသည်ကို မြင်လိုက်ရသဖြင့် အလင်းလှိုင်းသည် ခြင်္သေ့ဖြူကို အကူအညီအတွက် သဲကန္တာရကိုဖြတ်၍ သူ့ကိုယ်သူလွှတ်တင်လိုက်သည်။
ဂဏန်း၏ကိုယ်ခန္ဓာတွင် မရေမတွက်နိုင်သော ကြက်သွေးရောင်မျဉ်းကြောင်းများ ဖြတ်လျက် ခြေထောက်တစ်ဖက်ကို ၎င်း၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသော အဆစ်အနီးတွင် နေရာယူထားသည်။
ကဏန်းကို ဆုပ်ကိုင်လိုက်ပြီး ဓါးသွားတွေ ထွက်လာသည်။ အပူပေးထားသောဓားဖြင့်ထောပတ်ကိုလှီးလိုက်သကဲ့သို ကဏန်း၏ အခွံကို ၎င်း၏ဓားဖျားဖြင့် ဖောက်ထွက်လာသည်။
မီးနီတဖျပ်ဖျပ်တောက်နေသည်။ မမြင်ရသော စွမ်းအားတစ်ခုက ကဏန်း၏ဒဏ်ရာထဲသို့ စိမ့်ဝင်သွားသည်။ တောင်ကဲ့သို့ မြေပြင်ပေါ်တွင် ခိုင်မြဲစွာ ရပ်နေသော ဂဏန်းသည် ရုတ်တရက် ဘယ်ဘက်သို့ ခုန်တက်သွားသည်။
ကဏန်း၏ ကိုယ်ဟန်အနေအထားအနည်းငယ်စောင်းသွားခြင်းသည် ၎င်းလက်မ၏လမ်းကြောင်းကို အနည်းငယ်သွေဖည်သွားစေရန် လုံလောက်သည်။လက်မများသည် ခြင်္သေ့ဖြူကို ဖြတ်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ရိုက်ခတ်မှုကြောင့် အနီးနားရှိ သဲခုံတစ်ခုအား မြင့်တက်သွားသည်။
ဂဏန်း၏ လက်မများကို သဲထဲတွင် နက်နက်နဲနဲ ထိုးထည့်ကာ ကဏန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြေအောက်သို့ ဆွဲချသွားရန် ခြိမ်းခြောက်နေသည်။
၎င်းသည် လက်မများကို သဲထဲမှ ဆွဲထုတ်နိုင်ခဲ့သော်လည်း အနည်းငယ်မျှ ရုန်းကန်ခြင်းမပြုမီ ထူထပ်သော သဲများက ၎င်း၏ခေါင်းပေါ်မှာ နောက်တစ်ကြိမ် စီးဆင်းလာသည်။
အလင်းလှိုင်းသည် ၎င်း၏ ဓားသွားအမှတ်အသားကို တွေ့ရှိသည်နှင့် ချက်ချင်းဆိုသလို ပြေးထွက်သွားကာ ဂဏန်းဆီမှ ဘေးကင်းစွာ သဲထဲတွင် ပုန်းအောင်းကာ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေသည်။
ခြင်္သေ့ဖြူသည် သူ့ကိုယ်သူ နောက်ပြန်ဆုတ်လိုက်သည်။ ကဏန်း၏ ကိုက်ခဲတိုက်ခိုက်မှုသည် လက်မတင်မျှသာ လွတ်မြောက်သွား သော်လည်း ခြင်္သေ့၏ နဖူးနှင့် ရင်ဘတ်ရှိ အမွေးများကို လောင်ကျွမ်းသွားစေသည့် အပူသည် အနက်ရောင်တောက်လောင်သွားသည်။
၎င်း၏သားမွေးကို ၎င်းဂရုမစိုက်နိုင်ခင် ဒေါသအမျက်ထွက်နေသည့် ဂဏန်းသည် ၎င်း၏လက်မများကို ဒိုင်းတစ်စုံကဲ့သို့ ပြင်းထန်စွာ ဆုပ်ကိုင်ထားကာ လေထဲတွင် ရုတ်တရက် တစ်ဟုန်ထိုးတိုက်ခိုက်နေပြီဖြစ်သည်။ ၎င်းတို့သည် ၎င်း၏ အပြင်းထန်ဆုံး လက်နက်များဖြစ်သည်။
ရုတ်တရက် လေတိုက်ခတ်လာသည်။ ဖလိန်မီ၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကြောင့် ခန္ဓာကိုယ် သိသိသာသာ ကြီးထွားလာခဲ့သည့် ဂိုဒီသည် ဂဏန်း၏ တိုက်ခိုက်လာမှုကို ကြားဖြတ်ရန် ရှေ့သို့ ပြေးသွားလိုက်သည်။
ယခုအခါ ဂိုဒီသည် ၎င်း၏ပြိုင်ဘက်အသစ်၏အသွင်အပြင်ကို တွေးတောရန်ပင် အချိန်မရှိတော့ဘဲ ဂဏန်းပေါ်တွင် သာလွန်နေပြီဖြစ်သည်။ ဘဲကြီးသည် ကဏန်းလက်မများကို လက်ဗလာဖြင့် ဖမ်းနိုင်ခဲ့သည်။
ဂဏန်း၏ မျက်စိသူငယ်အိမ်များနောက်တွန့်သွားသည်။ ၎င်း၏ လက်မများသည် ရုတ်တရက် တစ်စုံတစ်ခုကို ပြင်းထန်စွာ ထိမိသွားသလို ခံစားလိုက်ရသည်။
ယခုအခါ ဂိုဒီ၏လက်ထဲတွင် ကဏန်းလက်မများကို ကိုင်ထားသည်။ လက်မ၏ မျက်နှာပြင်ပေါ်ရှိ ဆူးသေးသေးလေးများသည် ၎င်း၏အရေပြားမှတဆင့် ထိုးဖောက်ဝင်ရောက်ကာ ၎င်း၏လက်ဖဝါးမှ သွေးထွက်နေသည်။ ဂိုဒီ၏ မျက်နှာပေါ်တွင် စူးရှသော အပြုံးတစ်ခု ရှိနေသည်။ “မင်းကို သားရဲတစ်ကောင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးမယ်” ဟု အံကြိတ်ထားပြီး ပြောလိုက်သည်။
ဂိုဒီသည် ဂဏန်း၏ နောက်ကျောပေါ်မှ ခုန်တက်သွားသည်။ ကဏန်း၏အခွံကို ထိလိုက်သည်နှင့် တပြိုင်နက် စူးရှသော နာကျင်မှု များသည် ၎င်း၏ တင်ပါးများကခံစားလိုက်ရသည်။
သေးငယ်သောချိတ်ပုံသဏ္ဍာန်ရှိသော ဆူးပင်များသည် ဂဏန်း၏အခွံတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ အခြားနည်းလမ်းမရှိသောကြောင့် ဂိုဒီသည် ကဏန်း၏ဦးခေါင်းကို လက်သီးနှင့်အကြိမ်ကြိမ်ထိုးနေသဖြင့် နာကျင်မှုကို ခံနိုင်ရည်ရှိရန်အပြင် ရွေးချယ်စရာမရှိပေ။
ကဏန်း၏အဆင့်နိမ့်မီးတောက်များသည် ဂိုဒီ၏ သက်ရောက်မှုကို နှစ်ဆထပ်မံအသက်သွင်းခြင်းမှလွဲ၍ ဂိုဒီအပေါ် အကျိုးသက်ရောက်ပုံမရပေ။ ဂိုဒီနှင့်ဂဏန်းတို့သည် အချင်းချင်း နပန်းလုံးနေတော့သည်။
မကြာခင် ဂဏန်းသည် ဂိုဒီနဲ့ ပြိုင်ပွဲကို ပြောင်းပြန်လှန်လိုက်သည်။ ၎င်းသည် ဘဲ၏တံတောင်ဆစ်အတွင်းသို့ လက်တံတစ်ချောင်း ထိုးထွင်းဖောက်ထွင်းဝင်ရောက်လာပြီး မြေကြီးပေါ်တွင် ချိတ်ဆွဲထားသည်။
ဂိုဒီသည် ၎င်း၏လက်မောင်းကို ပြတ်တော့မည်ကို ခံစားလိုက်ရသည်။ ကဏန်း၏ လက်မသည် ၎င်း၏ ကြွက်သားများမှတဆင့် မဆုတ်မနစ် ဆုတ်ဖြဲသွားသည်။
ဂိုဒီသည် ကဏန်း၏ လက်မကို ဆွဲထုတ်ရန် ကြိုးစားသည်။ သို့သော် ကဏန်းသည် ဘဲ၏လက်မောင်းတစ်ဝိုက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
“ဘာဒီ” ဖလိန်မီက အော်လိုက်သည်။ စူးရှသော အော်ဟစ်သံသည် ၎င်း၏နှုတ်သီးမှ လွတ်သွားသည်။ ၎င်းသည် အနီးနားရှိ သက်ရှိသတ္တဝါတိုင်း၏ ဝိညာဉ်များကို ပဲ့တင်ထပ်နေပုံရသည်။
ပိဖန် ဝိဉာဉ်ဖြန့်ခွဲခြင်းနည်းပညာ….. သက်ရှိသတ္တဝါတိုင်းက အဲဒါကို ကြားနိုင်ပေမယ့် ကြားတဲ့သူတိုင်းကို ထိခိုက်နစ်နာစေတယ်လို့တော့ မဆိုနိင်ပေ။
ကောင်းဖန်အတွက်ဖလိန်မီ၏ အော်ဟစ်သံသည် သူ့နားကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သို့သော် ဂဏန်း အတွက်တော့ စူးရှသောဆူးပင်ကို ၎င်း၏စိတ်ဝိညာဉ်တွင် နက်ရှိုင်းစွာ မြှုပ်နှံလိုက်သလို ပြင်းထန်သော ဝေဒနာတစ်ခုက သူ့ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားသည်။
ဂိုဒီသည် ကဏန်း၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် အခွင့်အရေးကို ချက်ချင်းရယူနိုင်ခဲ့သည်။ ဂဏန်းနှင့် တိုက်ခိုက်ရာတွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်ေနသည်။ ဒီကဏန်းက သန်မာတယ်.. ငါလုံးဝကို အဆင့်အတန်းမမီဘူး..
ရှောက်ကေ။ လေထဲသို့ ထုတ်လွှတ်လိုက်သော အဖြူရောင်အလင်းတန်းများသည် ဂိုဒီ၏ ဒဏ်ရာများအပေါ်တွင် ဝင်သွားပြီး ချက်ချင်းပင် သွေးများရပ်တန့်သွားပြီး အနာကျက်လာသည်။
အရေးမကြီးဘူး... ငါ အခု မင်းအတွက် ပြိုင်ဆိုင်နိုင်မှု မရှိနိုင်ပေမယ့် မကြာခင် မင်းကို မင်းနေရာမှာထားဖို့ငါလုပ်နိုင်တော့မယ်.. ဂိုဒီကလည်ပင်းကို ချိုးလိုက်သည်.. ခဏလောက်အနားယူပြီးနောက်မှာတော့ ဂဏန်းနဲ့ တိုက်ပွဲပြန်စဖို့ ခဲယဉ်းစွာ တိုက်ပွဲဝင်လိုက်သည်။
ဒန်ဘီ၏ပံ့ပိုးမှုဖြင့် တိုက်ပွဲသည် နောက်ဆုံးတွင် နိဂုံးချုပ်သွားတော့သည်။
ဂိုဒီသည် ယခု အရပ် ၁၆၀ ပေ မြင့်နေ၍ ဖလိန်မီသည် ၎င်း၏ ဖနောင့်ကိုသာ လှမ်းမှီေတာ့သည်။ ၎င်း၏ ခန္ဓာကိုယ်တွင် ချွန်ထက်သော အရာများကြောင့် ဖြစ်ပုံရသော ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့အများစုအပေါ်တွင် အနာဖေးများ ပေါက်နေပြီး ဂိုဒီသည် စုတ်ပြတ်သတ်နေသော အသွင်အပြင်ကို ပေးစွမ်းနေသည်။
တိုက်ပွဲအတွင်း အနီးကပ်တိုက်ခိုက်မှု အနည်းငယ် ရှိခဲ့သည်။ ဂိုဒီနှင့် ဂဏန်းတို့၏တိုက်ပွဲတွင် ၎င်းဆက်လက်ရှင်သန်နေနိုင်စေရန်အတွက် ဒန်ဘီနှင့် အခြားသူများသည် နှစ်ကြိမ်တိုင်တိုင် ကြားဝင်ဆောင်ရွက်ပေးလိုက်ရသည်။
ဂဏန်းသည် သဲကန္တာရ မျက်နှာပြင်ပေါ်တွင် အသက်မဲ့စွာ လဲနေပြီး ၎င်း၏ မျက်လုံးများ မှိတ်ထားသည်။ သူ့အလောင်းက နွေးနေတုန်းပင်။ ၎င်း၏ ကြက်သွေးရောင်အခွံသည် အက်ကွဲသွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ကွဲထွက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်အောက်ခြေကို ပင့်ကူအက်ကွဲကြောင်းများဖြင့် ဖုံးအုပ်ထားသည်။ အဝါရောင်အရည်များသည် ၎င်း၏ဒဏ်ရာများမှ လျှံထွက်နေသည်။
“အလောင်းကို ခွဲထုတ်ပြီး အတွင်းထဲမှာ ကောင်းတဲ့ အရာတစ်ခုခု ရှာတွေ့နိုင်မလား...” ကောင်းဖန်က မျှော်လင့်စွာပြောလိုက်သည်။ RPG ဂိမ်းတစ်ခုတွင် ရတနာသေတ္တာကို ဖွင့်လိုက်သကဲ့သို့ပင် ကဏန်း၏အလောင်းအား ၎င်း၏အနက်ရှိုင်းဆုံး အစိတ်အပိုင်းများနှင့် စနစ်တကျ ခွဲထုတ်မပြီးမချင်း ဘာရလာမည်ကို သူမသိပေ။
“ငါမမေ့ခင်မှာ တစ်ခုလောက်မေးချင်တယ်” ကောင်းဖန်သည် ယဇ်ပလ္လင်ဘက်သို့လှည့်လိုက်သည်။ “အခြားနတ်ဆိုးတွေရဲ့ လက္ခဏာတွေကိုလည်း စစ်ထုတ်နိုင်သလား”
ယဇ်ပလ္လင်ပေါ်ရှိ လူပုလေးက “လက္ခဏာများ” ဆိုတာဘာကိုဆိုလိုတာလဲဟု မေးလိုက်သည်။
ကောင်းဖန်က မျက်ခုံးပင့်လိုက်သည်။ ဒေသန္တရဘာသာစကားတွင် “လက္ခဏာ” ဟူသော စကားလုံး မရှိဟု ထင်သည်။
ကောင်းဖန်က “ငါဆိုလိုတာကသားရဲတစ်ကောင်မှာ သူ့အလိုလို နိုးထလာတဲ့ ထူးခြားတဲ့ လက္ခဏာ တွေကို ဆိုလိုတာပါ” ဟုရှင်းပြလိုက်သည်။
လူပုလေးသည် ခဏမျှ တုံ့ဆိုင်းသွားသည်။ “ငါမသေချာဘူး...... ကံတရားပေါ်မှာပဲမူတည်တယ်....သားရဲတစ်ကောင်ရဲ့ မွေးရာပါစွမ်းရည်တွေက သူ့အသား ဝိညာဉ်နဲ့ နှိုင်းယှဉ်ရင် ပိုမခက်ခဲတယ် ဒြပ်စင်က လုပ်ငန်းစဉ်မှာ ကြီးမားတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်...... ဒါကို ငါ နှစ်ကြိမ်ပဲ လုပ်ဖူးတယ်” ဟု ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၁၈ မီးတောက်အာဟာရအသီး
ယဇ်ပလ္လင်ပေါ်တွင် တင်လိုက်သောအခါဂဏန်းသည် ချက်ပြုတ်နေသကဲ့သို့ တဖြည်းဖြည်း လျော့နည်းလာသည်။ ယဇ်ပလ္လင်သည် အမှန်တကယ် ချက်ပြုတ်နေသကဲ့သို့ ကဏန်းခွံမှ မီးခိုးများ လေထဲသို့ တိုးလာသည်။
ထူးဆန်းတယ်.. ဒီဟင်းချက်ပုံတူညီဆက်စပ်ချက်က ဘာကြောင့် ငါ့ခေါင်းထဲကို ရုတ်တရက်ဝင်လာတာလဲ.. ကောင်းဖန်က တွေးပြီး ခေါင်းယမ်းလိုက်သည်။ “ဒါက ဘယ်လောက်ကြာမှာလဲ”
လူပုလေးက ကောင်းဖန်ရဲ့မေးခွန်းကို ခဏလောက်စဉ်းစားလိုက်သည်။ “လေးရက် အချိန်ပေး.. ဒီကဏန်းအဆင့်က အရင်က ပုရွက်ဆိတ်တွေထက် ပိုမြင့်တယ်..လုံးဝ ဖြိုခွဲဖို့က ပိုခက်လိမ့်မယ်”
“မင်း ငါ့ကိုပြောတော့ အတိတ်မှာ နတ်ဘုရားတွေရဲ့ အလောင်းတွေနဲ့ အုပ်စိုးရှင်အဆင့်ရှိတဲ့ သားရဲတွေကို ရာနဲ့ချီပြီး ဖြိုခွဲခဲ့တယ်ဆို.. ဒါတွေအားလုံးက မင်းရဲ့အစိတ်အပိုင်းကို ကြွားလုံးထုတ်နေတာချည်းပဲလို့ ငါခံစားနေမိတယ်”
လူပုလေးသည် ဧကရာဇ်အဆင့် သားရဲရုပ်အလောင်းကို ဖြိုခွဲရန်ပင် အချိန်ကြာမြင့်နေသည်။ ထိုသို့ဆိုလျှင် အရှင်သခင်အဆင့် သို့မဟုတ် ပိုမြင့်တဲ့ သားရဲတစ်ကောင်ဆိုရင် လချီ သို့မဟုတ် နှစ်ချီပင် ကြာမြင့်နိုင်လိမ့်မည် မဟုတ်ပါလား.
“အခုက ငါ့ရဲ့ အကောင်းဆုံး ပုံစံ မဟုတ်သေးဘူး.. ငါ့ယဇ်ပလ္လင်က ထိခိုက်ပျက်စီးနေတုန်းပဲ.. ငါ့ရဲ့ အကောင်းဆုံးအချိန်ကို ပြန်ရောက်ရင်တော့ သားရဲအလောင်းတွေကို သေချာပေါက် မြန်မြန်ဖြိုခွဲနိုင်လိမ့်မယ်” ဟု လူပုလေးက အဆင်မပြေတဲ့ ချောင်းဆိုးသံနဲ့ ပြောလိုက်သည်။
လူပုလေး၏ စွမ်းရည်များကို ယခုအချိန်အထိ ပြသထားပြီး ကောင်းဖန်ကိုကြွားဝါမှုနဲ့ တည်ဆောက်ထားတဲ့ မျှော်လင့်ချက်အားလုံးကို ခဏလေးအတွင်းလျှော့ကျသွားလေသည်။
“ဒါဆို မင်းရဲ့အရင်ဂုဏ်ကိုပြန်ရဖို့ မင်းဘာလုပ်ရမှာလဲ”
“ငါ အလောင်းတွေကို ဆက်ပြီး ဖြိုခွင်းပါရစေ” လူပုလေး၏ မျက်လုံးများ မှိတ်ထားသည်။ “ဒါကိုလေ့ကျင့်ခန်းအဖြစ် စဉ်းစားလိုက်.. နည်းနည်းလေးပဲဆိုရင်တောင်
ဒီလိုလုပ်နေတာငါ့အတွက် အကျိုးရှိတယ်.... ငါဖယ်ရှားလိုက်တဲ့ သားရဲတိုင်းက ငါ့ရဲ့ယဇ်ပလ္လင်ကို ပြန်ကောင်းဖို့ အထောက်အကူဖြစ်ပါတယ်”
“အိုး.. ဒါနဲ့ ငါ့အဖွဲ့ထဲ ဝင်ပြီးကတည်းက မင်း ဘယ်လောက်သက်သာလာပြီလဲ” ကောင်းဖန်က ပြန်မေးလိုက်သည်။
လူပုလေးသည် ကောင်းဖန်ကိုတစ်ချက်ကြည့်လိုက်ပြီးအဝေးကို လှမ်းကြည့်နေသည်။ ထို့နောက် နောက်ထပ် ချောင်းဆိုးလိုက်ပြီး “ရာဂဏန်းလောက် ဖြစ်နိုင်တယ်” ဟု ပြောလိုက်သည်။
သူပြောတာကိုကြားတော့ ကောင်းဖန်က တစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်သည်။ ဤယဇ်ပလ္လင်သည် အတော်လေး ခံတွင်းတွေ့ခဲ့ရသည်။ ကောင်းဖန်ပေးလိုက်တဲ့ ဧကရာဇ်အဆင့် သားရဲနှစ်ကောင်၏ အလောင်းများနှင့် ဘုရင်အဆင့် သားရဲများ အများအပြားရှိသော်လည်း ယဇ်ပလ္လင်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် အလှမ်းဝေးနေသေးသည်။ ဒါကအောက်ခြေမရှိသောတွင်းတစ်ခုနှင့်ပင် ခိုင်းနှိုင်းလိုရနိုင်သည်။
“ဖြည်းဖြည်းလုပ်ကြရအောင်နော်” လူပုလေးကတော့ ဒါကို စိတ်ထဲလုံး၀ထားပုံမရပေ။ အချိန်၏ ခိုင်မာသော အယူအဆ ၎င်းတွင်မရှိေပ။ ပြောရလျှင်တော့ ဒါကမသေမျိုးပင်။ ယစ်ပလ္လင်သည် သာမန်အရာမဟုတ်ပင်။ ယခင်က ခိုးယူခံခဲ့ရပြီး အကြိမ်အနည်းငယ် ပျက်စီးမှုများကြောင့် လျော့ကျသွားခဲ့ခြင်းဖြစ်သည်။ တစ်ခုတည်းသော ပြဿနာမှာ အချိန်ကုန်သော လုပ်ငန်းစဉ်ဖြစ်သည်။
ယဇ်ပလ္လင်သည် မသေမျိုး ဖြစ်သည်။ မသေဆုံးခြင်း၏ ငြီးငွေ့မှုကို မြည်းစမ်းကြည့်မှသာလျှင် ဘဝ၏အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာမည်ဖြစ်သည်။ ယဇ်ပလ္လင်သည် တစ်ခါတစ်ရံတွင် နာကျင်မှု၏ခြိမ်းခြောက်မှုကိုပင် ထာဝစဉ်ငြီးငွေ့ဖွယ်မှ ကြိုဆိုသောအာရုံပျံ့လွင့်မှုအဖြစ်ပင် သဘောထားသည်။
ညမိုးချုပ်သောအခါ ကောင်းဖန်သည် ဂိုဒီနှင့် အခြားသူများကို ဂဏန်း၏တွင်းထဲသို့ ရှာဖွေရန် အမိန့်ပေးလိုက်သည်။ ဂဏန်းထံမှ သစ်သားနှင့် မီးအမျိုးအစား ပစ္စည်းများ အမြောက်အမြား သိမ်းဆည်းရလိုက်သည်။
မီးအမျိုးအစား သားရဲသည် သစ်သားအမျိုးအစား ရှေးဟောင်းပစ္စည်းများအတွင်းပါရှိသော သစ်သားဒြပ်စင်ကို တိုက်ရိုက်မစုပ်ယူနိုင် သော်လည်း ၎င်းတို့ကို သွယ်ဝိုက်သောနည်းဖြင့် အသုံးပြုနိုင်သေးသည်။ သစ်သားအမျိုးအစား ရှေးဟောင်းပစ္စည်းများသည် များသောအားဖြင့် မီးဒြပ်စင်စွမ်းအင်များဖြင့် ကောင်းစွာလုပ်ဆောင်နိုင်ပြီး အထူးသဖြင့် မီးဒြပ်စင်များ ပေါများသော နေရာများတွင်ဖြစ်သည်။
အခြားတစ်ဖက်တွင်၊ ကဏန်းတွင်းရှိ မီးအမျိုးအစားသားရဲအများစုသည် သုံးခဲ့ပြီးဖြစ်ပြီး ကြီးထွားဆဲအဆင့်တွင် ရှိသော အနည်းငယ်အတွက်သာ အသက်ရှင်သည်။ ဂိုဒီနှင့်ဂဏန်း၏တိုက်ပွဲကိုတွေ့မြင်ပြီးနောက်တွင် နဂါးပုရွက်ဆိတ်လေး ခုနစ်ကောင်သည် ဂိုဒီ လက်အောက်ခံလုံးလုံးဖြစ်သွားသည်။
သူတို့ဟာ တဖြည်းဖြည်းနဲ့ လက်တွေ့ကျကျ ဖြစ်လာသည်။ သူတို့ အမေကို မတွေ့ရတာ တော်တော်ကြာနေပြီမို့ သူမဆီမှာတစ်ခုခုတော့ ဖြစ်နေလောက်ပြီဟုလည်း တွေးနေကြသည်။ တစ်ခါတလေ လက်တွေ့က မျိုချဖို့ခက်တဲ့ ဆေးခါးဖြစ်ပေမဲ့ သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အဲဒါကို အကောင်းဆုံးဖြစ်အောင်လုပ်ခြင်းပင်ဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဤနဂါးပုရွက်ဆိတ်လေး ခုနစ်ကောင်သည် ကောင်းဖန်ကျေနပ်စေရန် ကြိုးစားအားထုတ်ခဲ့သည်။
တစ်ခါတစ်ရံမှာ ဒီသတ္တဝါများ၏ ဉာဏ်ရည်ဉာဏ်သွေးသည် အထူးသဖြင့် ၎င်းတို့၏ ရှင်သန်မှုနှင့် ဆင့်ကဲဖြစ်စဉ်များနှင့် ပတ်သက်သောအခါများတွင်၎င်းတို့သည် လူသားတို့၏ စိတ်ကူးစိတ်သန်းထက် များစွာကျော်လွန်သွားကြသည်။ ထို့နောက်တွင် သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးသည် အမှန်တကယ် တောက်ပလာကြသည်။
ကောင်းဖန်က အဖွဲ့ထဲမှာ အားအနည်းဆုံးဆိုတာကို ပြောနိုင်ပေမယ့် နဂါးပုရွက်ဆိတ် ခုနစ်ကောင်က သူတို့ဖားရမဲ့ သူပဲဆိုတာကို သိကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကောင်းဖန် ကျွေးမွေးပြုစုပျိုးထောင်ပေး ပြီးနောက် နဂါးပုရွက်ဆိတ်လေးများသည် အရွယ်ရောက်ပြီးသော ဂိုးလ်ဒင်း ရီထရီဗာ ထက် ပိုထွားလာကြသည်။
အကြီးဆုံးကလေးသည် ယခုအချိန်တွင် ၎င်း၏နောက်ခြေထောက်များပေါ်တွင် မတ်တပ်ရပ်နေပြီး ၎င်း၏ရှေ့ခြေထောက်များဖြင့် ကောင်းဖန်ကို ပခုံးနှိပ်နယ်ပေးရန် အသုံးပြုတက်သည်။ တတိယကလေးနှင့် စတုတ္ထကလေးသည် ကောင်းဖန်၏ ခြေရင်းအနီးတွင် ခွေနေပြီး နှစ်ယောက်စလုံးက သူ့ကို ခြေဖဝါးနှိပ်နယ်ပေးကြသည်။ အခြားသော နဂါးပုရွက်ဆိတ်လေးများသည် ကောင်းဖန်၏ အလိုဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသည်။
ကောင်းဖန်၏ နောက်ကျောကို စိုက်ကြည့်ရင်း ဆီလီက ဖျော်ရည်ဗူး နောက်ဆုံးတစ်ကျိုက် သောက်လိုက်သည်။ အလွတ်သေတ္တာကို ၎င်း၏သိုလှောင်ခန်းထဲသို့ ဂရုတစိုက်ပြန်ထည့်ပြီး ချက်ခြင်းပင် ၎င်း၏မူလအရွယ်အစားသို့ အကြိမ်အနည်းငယ်ချဲ့သွားပြီးနောက် ဆီလီ၏ခန္ဓာကိုယ်ကိုလှုပ်ယမ်းလိုက်သည်။ ၎င်း၏မျက်နှာပေါ်တွင် လေးနက်သောအကြည့်ဖြင့် ကောင်းဖန်၏နောက်တွင် လွင့်မျောနေသည်။
အရွယ်ရောက်ပြီးခြင်္သေ့တစ်ကောင်က သူ့သားပေါက်တွေရဲ့ လည်ပင်းကို ကိုက်ခဲထားသလို ကောင်းဖန်ကို ဝန်းရံထားသည့် နဂါးပုရွက်ဆိတ်လေးများ ပတ်ပတ်လည်တွင် ၎င်း၏ လက်တံများကို ဆီလီပတ်ထားသည်။ ထို့နောက်တစ်ယောက်ချင်းဆီကို အနီးနားက နေရာလွတ်တစ်ခုမှာ ထားလိုက်သည်။
“တခြားတစ်နေရာကို သွားကစားကြ.....ငါကိုယ်တိုင် သခင့်ကိုနှိပ်ပေးလိုက်မယ်...” ဟု နှိပ်တာနှင့် ပတ်သက်သည့် အရာအားလုံးကို လက်ဝါးကြီးအုပ်ထားကြောင်း ဆီလီက ကြေညာလိုက်သည်။
ထို့နောက် ကောင်းဖန်၏ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို သူ့လက်တံတွေနှင့် စတင်ဖြစ်ညှစ်နေသည်။ “ကောင်းဖန် ဒါအဆင်ပြေလား” ဆီလီကမေးလိုက်သည်။
ကောင်းဖန်သည် ဆီလီ၏ ရုတ်တရက် စိတ်အားထက်သန်မှုကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။ ဘာလို့ ရုတ်တရက်ကြီး ငါ့ကိုနှိပ်ပေးချင်ရတာလဲ.. သို့သော် မကြာမီတွင် သူသည် သူ၏သံသယများကို စိတ်ထဲမှ တွန်းထုတ်လိုက်ပြီး ဆီလီကိုသူ့ခန္ဓာကိုယ်ကို နှိပ်နယ်ခွင့်ပေးလိုက်သည်။
“ဟုတ်ပြီ မင်းရဲ့ လက်တံတွေကို ငါ့နောက်ကျောကို ပိုနက်အောင် ဖိနိုင်တယ်...အဲဒါဟုတ်တယ်.....နောက်ပြီး မနေ့ညက ငါ့လည်ပင်း တော်တော် ညောင်းသွားတယ်.... မင်း ငါ့ပခုံးတွေကိုပိုပြီး နှိပ်ပေးလို့ရမလား”
“ကောင်းပြီလေ”
လေးရက်ကြာပြီးနောက် ဂဏန်းသည် ယဇ်ပလ္လင်ပေါ်တွင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။ သူ့နေရာတွင် ပစ္စည်း ခြောက်ခု ရှိနေသည်။
“ငါဂဏန်းရဲ့အလောင်းကို အပြီးအပိုင် ဖြိုခွဲနိုင်လိုက်ပါတယ်” ဟု လူပုလေးက ဂုဏ်ယူစွာပြောလိုက်သည်။ “သူအသက်ရှိနေတုန်း သူ့မှာ အိပ်မက်ရှိတယ်ထင်တယ်”
“အိပ်မက်လား”
“ဒါကို မင်းမသိနိုင်ပေမယ့် ရာစုနှစ်များစွာကြာအောင် သားရဲရုပ်အလောင်းတွေကို ဖြိုခွဲပြီးနောက် တစ်ခုခုကို ငါသတိထားမိတယ်.. အသက်ရှင်နေစဥ်အချိန်က သားရဲတစ်ကောင်ရဲ့ အစွဲအလမ်းပြင်းထန်မှုဟာ ငါလုပ်နိုင်တဲ့ ပစ္စည်းအရေအတွက်အပေါ် သက်ရောက်မှုရှိတယ်” လူပုလေးက ရှင်းပြလိုက်သည်။ “ဘာကြောင့် ဒီလိုဖြစ်တာလဲတော့ မသိဘူး”
“ဒါဆို ဒီ ဂဏန်းရဲ့အိပ်မက်က ဘာလဲ မင်းသိလား”
“ငါဘယ်လိုသိမှာလဲ… ငါက စိတ်တန်ခိုးရှင်မဟုတ်ဘူး” လူပုလေးက သမ်းဝေလိုက်သည်။ “ဒီ ဖြိုခွဲမှုလုပ်ငန်းစဉ်က ငါ့ကို တကယ် ပင်ပန်းစေတယ်.. မင်းဘာတွေရလဲဆိုတာကို သွားကြည့်လိုက်ပါ.. မင်းရဲ့ ပစ္စည်းတွေကို မင်းကိုယ်တိုင် ဖော်ထုတ်နိုင်မယ်ဆိုတာ ငါသေချာပါတယ်”
လူပုလေးသည် တစ်သက်လုံးတွင် သားရဲပေါင်းများစွာနှင့် လူသားများစွာကိုပင် မြင်ဖူးသော်လည်း ကောင်းဖန်လောက် ထူးဆန်းသည့်လူကို တစ်ခါမျှ မကြုံဖူးပေ။ အခြေခံအားဖြင့်ပြောရလျှင် ၎င်းသည်ဖြိုခွဲမှုလုပ်ငန်းစဉ်၏ ထုတ်ကုန်များ၏ ဂုဏ်သတ္တိများကိုသာသိသည်။ သို့သော်လည်း ကောင်းဖန်သည် ၎င်းတို့အားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း မပြောဘဲ သူ့ဘာသာသူ ပုံဖော်နိုင်သည်။
“ဒါဆို အနားယူပါ” ကောင်းဖန်သည် ယဇ်ပလ္လင်ပေါ်တွင် ကျန်ခဲ့သော ပစ္စည်းခြောက်မျိုးကို စုဆောင်းလိုက်သည်။
ဘယ်ဘက်တွင် ဝိဉာဉ်အနှင်သာရနှင့် အသားအနှစ်သာရ ရှိသည်။ နောက်တစ်ခုကတော့ ဂဏန်းရဲ့ အဆင့် -၃ စွမ်းအင်ချဲ့ထွင်မှု၊ အဆင့်-၃ မီးတောက်ခံနိုင်ရည်နှင့် အဆင့်-၃ မီးတောက်ထိန်းချုပ်မှုတို့ရဲ့ ပုံဆောင်ခဲတွေ ထုတ်ကုန်တွေဖြစ်သည်။ ဆဋ္ဌမနှင့် နောက်ဆုံးပစ္စည်းမှာ အနီဖျော့ဖျော့ ဆယ့်နှစ်ဘက်သလင်းကျောက် ဖြစ်သည်။
[ပစ္စည်းအမည်] - မီးတောက်အဟာရအသီး
[အကြောင်းအရာဖော်ပြချက်]- ၎င်းကို စားသုံးသည့် မည်သည့် သားရဲမဆို မီးတောက်အဟာရစွမ်းရည်ကို ရရှိရန် သေချာသော ဖြစ်နိုင်ခြေရှိသည်။ မီးအမျိုးအစားသားရဲများအတွက်သာ အသုံးပြုရန် ကန့်သတ်ထားသည်။ ၎င်း၏လက်ခံကောင်အသစ်နှင့် ညှိရန် ပျက်ကွက်ပါက ၎င်းသည် သိသိသာသာ အားနည်းသွားမည်ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၁၉ ဝက်
မီးအမျိုးအစားသားရဲများအတွက်သာ ကန့်သတ်ထားတယ်ဆိုတော့... ဒါကဖလိန်မီအတွက်ထင်တယ်..
ကောင်းဖန်သည် ဖလိန်မီအား သစ်သီးစားသုံးခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို စတင်ရှင်းပြပြီး ၎င်း၏ခန္ဓာကိုယ်က ၎င်းကို လက်ခံရန် ပျက်ကွက်ပါက မည်သို့ဖြစ်မည်ကို ရှင်းလင်းပြောကြားကာ ၎င်း၏ခန္ဓာကိုယ်အောင်မြင်ပါက မည်သို့သောစွမ်းရည်မျိုး ရရှိမည်ကို ရှင်းရှင်းလင်းလင်းပြောလိုက်သည်။
ထုံးစံအတိုင်းဖလိန်မီသည် စွန့်စားလိုစိတ်ရှိသည်။ ငါ အဆိုးဆုံးဖြစ်လာရင် ကောင်းဖန်က ငါ့တစ်သက်လုံး ဂရုစိုက်ရဦးမှာပဲ.. အဲဒါနဲ့ငါ အဆင်ပြေနိုင်ပါတယ်..
“ယူလာခဲ့လိုက်ပါ” ငှက်က ရင်ဘတ်ကို ဖွင့်လိုက်ပြီးပြောလိုက်သည်။
“မင်းက သတ္တိရှိတဲ့ငှက်တစ်ကောင်ပဲ” ကောင်းဖန်က သဘောကျစွာပြောလိုက်သည်။
ဖလိန်မီသည် အသီးကိုဝါးရင်း မျက်လုံးမှိတ်ထားလိုက်သည်။ ထို့နောက် အတောင်နှစ်ဖက်ကိုဖြန့်ကာ မြေပြင်ပေါ်တွင် လှဲချလိုက်သည်။ ၎င်းအမွေးအမှင်များသည် နေရောင်အောက်တွင် ကြက်သွေးရောင် တောက်ပနေသည်။
မကြာခင်မှာ အသီးက သက်ရောက်မှုစလာသည်။ နာကျင်မှုလှိုင်းလုံးများသည် လှိုင်းတံပိုးများကဲ့သို့ ဖလိန်မီ၏ ဦးနှောက်ကို အဆုံးမသတ်နိုင်တော့သည့်ဟန်ဖြင့် သဲကြီးမဲကြီးစတင်တိုက်ခိုက်လာသည်။ ဖလိန်မီ၏ ခန္ဓာကိုယ်က နာကျင်မှုကို မခံစားရပေ။ အခုခံစားနေရသော နာကျင်မှုက သူ့ဝိဉာဉ်ထဲကို နက်ရှိုင်းတဲ့ ခံစားချက်တွေ ဝင်လာပုံရသည်။ မကြာမီ ပြင်းထန်လှသောဖြစ်စဉ်ကြောင့် မေ့လဲသွားသည်။
ဒါက အကောင်းဆုံးဖြစ်နိုင်သည်။ အနည်းဆုံးတော့ သတိလစ်နေချိန်မှာ နာကျင်မှုတွေ မခံစားရနိုင််ပေ။
နောက်တစ်နေ့တွင် ဖလိန်မီနိုးလာသည်။ ဖလိန်မီကို တစ်ညလုံး စောင့်ကြည့်နေတဲ့ ဂိုဒီက ကောင်းဖန်ကို ချက်ချင်း သတင်းပို့လိုက်သည်။ “ကောင်းဖန် .... ဖက်တီးနိုးလာပြီ....
ဖက်တီးနိုးလာပြီ” ကောင်းကင်နှင့်မြေကြီး၏ အခြေခံအုတ်မြစ်များသည် တုန်လှုပ်သွားလောက်အောင် ၎င်း၏အသံကမိုင်ပေါင်းများစွာသယ်ဆောင်လာသည်။
ဖလိန်မီ၏ မျက်လုံးများတွန့်သွားသည် ။
ကောင်းဖန်သည် အလျင်အမြန် ပြေးလာသည်။
ဖလိန်မီသည် အိပ်ယာပေါ်တွင် အားနည်းပြီး မူးနောက်နောက် ဖြစ်နေဆဲပင်ဖြစ်သည်။ မှိန်းနေသော မျက်နှာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
မီးတောက်အဟာရအသီးကိုစားပြီးနောက် တစ်ခုတည်းသော သိသာထင်ရှားသောပြောင်းလဲမှုမှာ အသီးသည် ပေါင်အနည်းငယ် ကျသွားစေသည်။ ဗိုက်က သိသိသာသာ ကျုံ့သွားသည်။
“ဒါဆို အဲဒါကအလုပ်ဖြစ်လားကောင်းဖန်..” ဖလိန်မီက စိုးရိမ်တဲ့လေသံနဲ့ မေးလိုက်သည်။ သူ့တစ်သက်လုံး ကောင်းဖန် ပြုစုစောင့်ရှောက်ပေးလို့ အဆင်ပြေပေမယ့် ဒါကို အရှုံးနဲ့အဆုံးမသတ်စေချင်ပေ။
ကောင်းဖန်က ခေါင်းညိတ်ပြပြီး “ဒါကအလုပ်ဖြစ်တယ်” ဟုဆိုလိုက်သည်။
ကောင်းဖန်၏ “တရားဝင်” အတည်ပြုချက်ကိုကြားသောအခါ ဖလိန်မီသည် သက်ပြင်းချလိုက်ပြီး ပျော်ရွှင်စွာ ကခုန်ရန် တွန်းအားကို ခံစားလိုက်ရသည်။ ငါက အမှန်တကယ်တည်ရှိနေသော အကြီးမြတ်ဆုံးငှက်ပဲ..
[သားရဲ အမည်] - ပိဖန် သွေးမျိုးကွဲ
[သားရဲ စွမ်းရည်] - ဒဏ္ဍာရီစွမ်းရည်အဆင့်
[သားရဲ အမျိုးအစား] - မီး
[သားရဲ အဆင့်] - အဆင့် ၅၁ (ဘုရင်အဆင့်)
[သားရဲ လက္ခဏာ] - မီးတောင်ပံများ (ချန်လှပ်ထားသည်)
စိတ်ပျံ့လွင့်ခြင်း (ချန်လှပ်ထား)
မီးတောက်အာဟာရ (မူလအားဖြင့် ဂဏန်း၏ မွေးရာပါ ပင်ကိုယ်စွမ်းရည်ဖြစ်ပြ ၎င်းကို နောက်ပိုင်းတွင် ၎င်း၏ခန္ဓာကိုယ်မှ ထုတ်ယူပြီး ပိဖန်ငှက်၏ကိုယ်ခန္ဓာတွင် ပေါင်းစပ်ထားသည်။
သက်ရောက်မှု ၁ - မီးခံနိုင်ရည်ကို တိုးစေသည်။
သက်ရောက်မှု ၂ - အသုံးပြုသူ၏ဝိညာဉ်အနှစ်သာရကို အားကောင်းစေရန်အတွက် အနှစ်သာရများကို အသုံးပြုပြီး အချို့သော မီးအမျိုးအစားများကို အလိုအလျောက်စုပ်ယူသည်။
[သားရဲ ဖော်ပြချက်] - သွေးနှော ပိဖန်ငှက်။ ဤလောက၌ မီးအမျိုးမျိုးရှိ၍ လူနှင့်နတ်ဆိုးတို့သည် ရှင်ဘုရင်ဘွဲ့ကို လိုချင်ကြသည်။ ၎င်း၏ မီးတောက်အာဟာရစွမ်းရည် နိုးကြားလာသောအခါ ပိဖန်ငှက်သည် သြူအင်အားဖြင့် အာဏာသိမ်းပိုက်ရေးလမ်းကြောင်းကို လျှောက်လှမ်းနေပြီဖြစ်သည်။ ယခု ကမ္ဘာပေါ်ရှိ မီးတောက်များအားလုံးသည် ၎င်းနှင့်သက်ဆိုင်သည်။
ကောင်းဖန် ခုနက ဖတ်ထားလိုက်တဲ့စာတွေကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ဖလိန်မီသည် ကောင်းဖန်ကို ထိတ်လန့် တကြားကြည့်ကာ တစ်ခုခုမှားနေသလားဟု တွေးနေမိသည်။
“ဒါက သိပ်တော့မလေးနက်ပါဘူး.. တကယ်တော့ ဒါက မင်းအတွက် ပိုကောင်းမယ်ထင်တယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။
ဖလိန်မီသည် ပို၍ပင် စိတ်လှုပ်ရှားလာသည်။ အမြဲတမ်းနီးပါးဆိုတာ အဓိပ္ပါယ်မရှိဘူး!..
“မင်းဆီကနေ ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်.. မင်းရဲ့စွမ်းရည်အသစ်က ပြောင်းလဲသွားပုံရတယ်” ကောင်းဖန်သည် ၎င်းကြုံတွေ့ခဲ့ရသော အပြောင်းအလဲများအကြောင်းကို ဖလိန်မီကို စတင်ပြောပြလိုက်သည်။
ဂိုဒီ၏မျက်လုံးများ တောက်ပလာသည်။ ၎င်းသည်ဖလိန်မီ၏နောက်ကျောကို လက်သီးတစ်ချက်ထိုးလိုက်ပြီး ၎င်း၏လက်မောင်းများရှိ ကြွက်သားများသည် လှိုင်းလုံးများကဲ့သို့ လူးလိမ့်နေသည်။ “မဆိုးပါဘူး ဖက်တီး....
အာဏာသိမ်းပိုက်ရေးလမ်းကြောင်း.... မိုက်သားပဲ .... တစ်နေ့ မင်းကိုယ့်ကိုကိုယ် နာမည်ပေးတဲ့အခါ ငါ့ကို မမေ့ပါနဲ့”
ဖလိန်မီသည် ဂိုဒီကို စိုက်ကြည့်နေသည်။
“အဲဒါကို သိပ်စိတ်မပူပါနဲ့.... အနာဂတ်မှာ မင်းဘာပဲလုပ်လုပ် မင်းရဲ့အနားမှာ ငါတို့အမြဲရှိနေမှာပါ” ဟု ကောင်းဖန်က နှစ်သိမ့်ပေးလိုက်သည်။
ဖလိန်မီကအနည်းငယ် ငြိမ်သက်သွားသည်။ ၎င်းသည် စည်းစိမ်ဥစ္စာ သို့မဟုတ် ဘုန်းအသရေကို ဂရုမစိုက်နိုင်ဘဲ ဂိုဒီကဲ့သို့ အမူပိုလွန်းနေခြင်းလည်းမလုပ်နိုင်ပေ။ ဖလိန်မီ၏မီးတောင်ပံသည် မီးခံနိုင်ရည်အား မြှင့်တင်ပေးထားပြီးဖြစ်သည်။ ၎င်း၏ အသစ်ရရှိထားသော မီးတောက်အဟာရစွမ်းရည်သည် ဤစွမ်းရည်ကို ပိုမိုတိုးတက်စေသည်။
ကောင်းဖန်က လူပုလေးကို အာဏာသိမ်းပိုက်ရေးလမ်းကြောင်းကိုကြားဖူးလားဟု မေးလိုက်သည်။
လူပုလေး အံ့ဩသွားသည်။ “အဲဒါကိုဘာလို့သိချင်တာလဲ”
ကောင်းဖန်သည် လူပုလေး၏အမေးအား ပေါ့ပေါ့ပါးပါး ဖြေဆိုလိုက်သည်။ သူ့အတွက် အဖြေရမည်ဟု မမျှော်လင့်ထားပေ။ “ဒါဆို ငါ့ကိုပြော.. အာဏာသိမ်းပိုက်ရေးလမ်းကြောင်းက ဘာလဲ” သူကမေးလိုက်သည်။
လူပုလေးက “ဒါဟာ တစ်စုံတစ်ခုကြောင့် အချင်းချင်း သတ်ဖြတ်နေကြတဲ့ ခေါင်းစဉ်နှစ်ခုပဲ ရှိတယ်။
“နတ်ဘုရားဘွဲ့အမည် ဒါမှမဟုတ် ကမ္ဘာပေါ်မှာ အသက်ရှင်နေတဲ့ တန်ခိုးအကြီးဆုံး သားရဲဖြစ်နိုင်တယ်..ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက အမှိုက်လို့ပဲ ငါထင်တယ်.. ငါ့ယဇ်ပလ္လင်ကို ဖြိုဖျက်လို့ မရသလိုပဲ…”
ဖလိန်မီသည် လူပုလေးဆီသို့ အမှတ်တမဲ့ လျှောက်သွားကာ ယဇ်ပလ္လင်ပေါ်မှ ကန်ချလိုက်သည်။ အဲဒီနောက် ဝေးရာကို ထွက်ခွာသွားသည်။
“ဘယ်သွားမလို့လဲ ငှက်ကလေး” လူပုလေးက ဖလိန်မီရဲ့နောက်မှာ အော်ဟစ်လိုက်ပြီး ယဇ်ပလ္လင်ကို မတ်တတ် ပြန်တွန်းလိုက်သည်။
ဂိုဒိသည် စိတ်လှုပ်ရှားစွာ ပြေးသွားပြီး လူပု၏ ယဇ်ပလ္လင်ကို နောက်တစ်ကြိမ် ကန်ကျောက်ကာ နောက်တစ်ကြိမ် ထပ်တက်လိုက်သည်။
….
ကောင်းကင်ယံမှ လျှပ်တစ်ပြက် အလင်းတန်းများ လင်းထိန်သွားသည်။ ၎င်း၏မျက်နှာပေါ်တွင် တည်ကြည်သောအကြည့်ဖြင့် တာ့ဇီ၏ ကြီးမားသောပုံစံသည် လေထဲတွင် လွင့်နေသည်။ အတောင်ခြောက်ခုစလုံးသည် ၎င်း၏နောက်တွင် ဖြန့်ကြက်ထားသည်။ လျှပ်စစ်ဘောလုံးများသည် နေ၏ပတ်ဝန်းကျင်ရှိ ဂြိုလ်များကဲ့သို့ ၎င်း၏ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။ နဂါးလက်သည်းတွေက ဝမ်းဗိုက်အောက်မှာ ကပ်ထားပြီး ရှေ့သွားမယ့်လမ်းကို သတိထားပြီး ကြည့်လိုက်သည်။
တာ့ဇီသည် ၎င်း၏နောက်မှ အတောင်ပံများကို ပြင်းပြင်းထန်ထန် ခေါက်လိုက်စဉ် မိုးခြိမ်းသံက ကောင်းကင်ကို တုန်လှုပ်သွားသည်။ ၎င်း၏အရှေ့မှထွက်ပေါ်နေသောမိုးကြိုးသစ်ပင်၏ အကိုင်းအခက်များမှ တွဲလောင်းကျနေသော အသီးအနှံများ တစ်ခုထဲသို့ အစွယ်များမနစ်မြုပ်မီ ၎င်းသည် ခရမ်းရောင်အလင်းပုံစံဖြင့် လေထုကို ဆုတ်ဖြဲလိုက်သည်။
ငွေရောင်သစ်ပင်သည် ကောင်းကင်တွင် ပွင့်လန်းနေပြီး မီးရှူးတန်ဆောင်ကဲ့သို့ ကောင်းကင်ကို လင်းထိန်ေနသည်။ ၎င်း၏ အကိုင်းအခက်များသည် ဦးခေါင်းပေါ်ရှိ ဆံပင်ချည်မျှင်များကဲ့သို့ မရေမတွက်နိုင်အောင်ထူထဲသည်။
တာဇီသည် မိုးကြိုးသစ်ပင်နှင့် ယှဉ်လျှင် အရေးမပါသလောက်ပင်။
မိုးကြိုးသစ်ပင်၏ ပင်စည်သည် ၎င်း၏ ခေါင်မိုးပေါ်မှ ကောင်းကင်ကို ကိုင်ဆောင်ထားသည့် တိုင်တစ်ခုကဲ့သို့ အောက်ရှိ အဆုံးမရှိ အမှောင်ထုထဲသို့ နက်ရှိုင်းစွာ ဆန့်ထွက်နေပုံရသည်။ သစ်ပင်သည် ၎င်း၏အကိုင်းအခက်များတွင် အသီးရှစ်မျိုးစီပါရှိပြီး ၎င်းတို့တစ်ခုစီသည် ငါးထောင့်ကြယ်ပုံသဏ္ဍာန်ရှိပြီး ကြယ်ရောင်အလင်းများကို ပေးစွမ်းကာ သန့်စင်ပြီး စိတ်ကူးယဉ်ဆန်သည်။
တာ့ဇီက သူတို့ထဲက တစ်ခုေပါ် ခုန်တက်သွားသည်။ သစ်ပင်၏အသီးအနှံများသည် ထူးထူးခြားခြားကြီးမားသောကြောင့် တာ့ဇီသည် ပန်းသီးထဲသို့ဝင်သွားသော ပိုးကောင်တစ်ကောင်ကဲ့သို့ ၎င်းတို့အနက်မှ တစ်ခုကို စတင်တူးနေသည်။ အသီးအတွင်းပိုင်း၌ တခဏမျှ စိမ့်ဝင်သွားပြီး အရည်များ ထွက်လာသည်။ တာ့ဇီ၏ ခန္ဓာကိုယ်သည် မကြာမီ ပစ္စည်းများထဲတွင် နစ်မြုပ်သွားသည်။
နောက်ဆုံးတွင် အသီး၏အူတိုင်ကို တူးနိုင်သောအခါ အသီးသည် ကျုံ့သွားပြီး ၎င်း၏အရည်များသည် တာ့ဇီ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်လာသည်။
တာ့ဇီ အသက်ပင်မရှူနိုင်ပေ။ သူ့မျက်လုံးတွေက သူ့ခေါင်းထဲကို ပြန်ရောက်သွားသလို ဖြစ်နေသည်။ ထို့နောက် မိုးကြိုးသစ်ပင်မှ မသိမသာ လွှင့်ပစ်ကာ အသီးများ ကြွေကျသွားသည်။
ဆယ်မိနစ်လောက်ကြာတော့ အသီးက ပိုးအိမ်လိုမျိုး ခြောက်သွေ့နေတဲ့ အရေပြားတွေလို တာ့ဇီ ပတ်ပတ်လည်မှာ ခြောက်သွေ့ သွားသည်။ တာ့ဇီ၏ ခန္ဓာကိုယ်သည် ခြောက်သွေ့နေသော အသီးအနှံများကြားတွင် ခဏတာ တုန်လှုပ်သွားပြီး နေရာလွတ်ထဲတွင် တိတ်တဆိတ် ငြိမ်သက်စွာ အိပ်ပျော်သွားသည်။
ဆယ်စုနှစ်တစ်ခုစာလို ကြာသွားပုံပေါက်ပြီးနောက်တွင် အသံများသည် သူနားထဲတွင် ပဲ့တင်ထပ်လာသည်။
“သေချာပေါက် စားလို့ရတယ်”
“ဟုတ်တယ်....အဲဒါက အောက်ခြေမရှိတဲ့ တွင်းကြီးလိုပဲ”
“ဒါကရုပ်ဖျက်ထားတဲ့ ဝက်တစ်ကောင်လား”
“ဒီဝက်ကို ကူညီဖို့ မင်းဘာလို့ သဘောတူခဲ့တာလဲ... ငါဆိုလိုတာက ဒါကကင်းခြေများ နဂါးလား.... ထူးထူးခြားခြား အရည်အချင်း ရှိပုံမပေါ်ဘူး”
“ကမ္ဘာတွေကြားက ဝင်ပေါက်ကို မတော်တဆ ဖွင့်ထားတယ်.. ကံကြမ္မာက ငါတို့ကို ပေါင်းစည်းပေးခဲ့တာ ဖြစ်နိုင်တယ်”
“ကောင်းပါပြီ....မင်းရဲ့စကားကို ငါယူမယ်”
…
တစ်လကြာပြီးနောက် ကောင်းဖန်နှင့် အခြားသူများသည် နဂါးမရဏချိုင့်ဝှမ်းသို့ ချဉ်းကပ်လာကြသည်။
ထိုအချိန်တွင် နဂါးပုရွက်ဆိတ် ခုနစ်ကောင်သည် အလွန်ကြီးထွားလာခဲ့သည်။ ၎င်းတို့သည် ယခုအခါ ငါးပေခန့်ရှည်လျားနေပြီ ဖြစ်သည်။
ရုတ်တရက် ရှေ့ကနေ ရေတွေ တဟုန်ထိုး တက်လာတဲ့ အသံကို ကြားလိုက်ရသည်။ မိုးကုတ်စက်ဝိုင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ခဏအကြာတွင် နေရောင်ခြည်သည် မြေပြင်ပေါ်သို့ လွှမ်းသွားသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၂၀ သေအံ့ဆဲဆဲ နဂါးတစ်ကောင်
သူတို့ အလုံအလောက် နီးကပ်သောအခါကောင်းဖန်သည် သူ့ရှေ့တွင် မြင့်မားသော မြေပြင်မှ ရွှေချောင်းကဲ့သို့ ကွေ့ကောက်စီး ဆင်းနေသော စီးဆင်းနေသော မြစ်တစ်စင်းကို မြင်လိုက်ရသည်။
မရေမတွက်နိုင်သော ဖားလောင်းလေးများသည် ရေထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေသည်။ ၎င်းတို့သည် အလွန်လျင်မြန်စွာ ရွေ့လျားနေကြသည်။ သူတို့ကိုကြည့်ရုံနဲ့ ကောင်းဖန်ရဲ့မျက်လုံးတွေကို နာကျင်သွားစေလောက်အောင်ပင်။
ကောင်းဖန်က သူ့မျက်လုံးများ ရုတ်တရက် နာကျင်လာသောကြောင့် မျက်လုံးများကိုမှိတ်ထားလိုက်သည်။ ဖားလောင်းလေးများသည် ပြင်းထန်သောရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပုံရသည်။ ဖားလောင်းကလေး၏ ချောင်းရေသည် ကောင်းဖန်ကို ဆယ်မိနစ် ဆက်တိုက် ကျော်ဖြတ်သွားသည်။
[သားရဲ အမည်] - နေရောင်ခြည် ဖားသားလောင်း
[သားရဲ အဆင့်] - အဆင့် ၁၀-၂၀
[သားရဲ စွမ်းရည်]- ပုံမှန် (အကောင်းဆုံး) (ပြီးပြည့်စုံသော) (မော်ကွန်းတင်)
[သားရဲ အမျိုးအစား]။- မီး
[သားရဲ လက္ခဏာ]- နေရောင်အဟုန် (နေရောင်ခြည် ဖားသားလောင်းများသည် အစုလိုက်အပြုံလိုက် စုရုံးခြင်းဖြင့် နေထက် ပူသောအပူကို သူ့တို့ကိုယ်တိုင် ပိုမိုထုတ်ပေးနိုင်စွမ်းရှိသည်။)
သက်ရောက်မှု ၁ - ခြိမ်းခြောက်ခြင်း သို့မဟုတ် လိုအပ်လာသောအခါ လွှမ်းမိုးချုပ်ကိုင်ရန် ဤဖားသားလောင်းများသည် လေဖိအားနည်းရပ်ဝန်းမှ နေရောင်ခြည်မီးတောက် ဘောလုံးကြီးကို အလိုလို ဆင့်ခေါ်လိမ့်မည်။ ပျမ်းမျှအားဖြင့် အုပ်စုတစ်စုတွင် ဖားသားလောင်းတစ်သောင်းခန့်ရှိတတ်သည်။ သူတို့ရဲ့ အရေအတွက် ဆယ်ဆတိုးလာတိုင်း သူတို့၏ နေရောင်ခြည်မီးတောက် တိုက်ခိုက်မှုသည် အဆင့်တစ်ခု တိုးလာလိမ့်မည်။ ၎င်း၏ အမြင့်ဆုံးအဆင့်မှာ အဆင့် ၁၀ဖြစ်သည်။
သက်ရောက်မှု ၂- ၎င်းတို့၏ အရေအတွက်သည် ထရီလီယံတစ်သောင်းသို့ ရောက်ရှိသောအခါ ၎င်းတို့သည် နေရောင်ခြည် မီးတောက်များ ဖြစ်ပေါ်စေနိုင်သည်။)
[သားရဲဖော်ပြချက်] - ရုပ်ပိုင်းဆိုင်ရာ အားနည်းသော်လည်း မယုံနိုင်လောက်အောင် ကြမ်းတမ်းသော သတ္တဝါများဖြစ်သည်။ ခြိမ်းခြောက်ခံရသောအခါတွင် ၎င်းတို့၏ နေရောင်ခြည်မှ မီးတောက်များ တိုက်ခိုက်ခြင်းကို တွန်းထုတ်ရန်အတွက် ၎င်းတို့၏ ခန္ဓာကိုယ် စွမ်းအင်အားလုံးကို စုဆောင်းကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြာအဖြစ် လောင်ကျွမ်းစေသည်။
ကောင်းဖန်သည် ထိုအချက်ကို ခဏတာ စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ နေရောင်ခြည် ဖားသားလောင်းထရီလီယံတစ်သောင်းသည် အဆင့် ၁၀ နေရောင်ခြည်မီးတောက်များကို ထုတ်ပေးနိုင်သည်။
ထရီလီယံတစ်သောင်းသည် တစ်ထရီလီယံနှင့် တစ်သောင်းနှင့် မြှောက်ခြင်းနှင့် ညီမျှသည်။ မြစ်ထဲမှာ နေရောင်ခြည် ဖားသားလောင်း ထရီလီယံတစ်သောင်း အမှန်တကယ် ရှိသလား။
ကောင်းဖန်က သူတို့ကို တစ်ကောင်ချင်းစီ ရေတွက်ဖို့ သူ့အချိန်တွေကို ကောင်းကောင်းအသုံးချရမယ်လို့ မထင်ထားပေ။ သို့သော် သူ၏လက်ရှိအဆင့်တွင် ၎င်းတို့ထဲမှ တစ်ထရီလီယံကိုပင် ကိုင်တွယ်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ အဆင့် ၁၀ နေရောင်ခြည် မီးတောက်က တိုက်ခိုက်မှု အစွမ်းထက်မည်မျှထက်မည်ကို သူ စိတ်ကူးမယဉ်နိုင်ပေ။
ကောင်းဖန်သည် တောင်ဖက်သို့ ခရီးသွားပြီး ဒီမှာရှိတဲ့မြေအမျိုးအစားတိုင်းမှာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ သတ္တဝါတွေရှိကြောင်းကို သူ့ကိုယ်ပိုင် အတွေ့အကြုံများအဖြစ်မှတ်ယူလိုက်သည်။
အနက်ရောင်မြူခိုးကမ္ဘာ၏ မြောက်ဘက် ဧရိယာသည် အဓိကအားဖြင့် မြေပြန့်များ ပါဝင်ပုံရသည်။ ယေဘုယျအားဖြင့် အနိမ့်နှင့် မြင့်သောမြေပြင်များသည် ပို၍ထင်ရှားပြီး ၎င်းတို့တွင် သားရဲအမျိုးမျိုးကို ရေးဆွဲထားသည်။ လုံလောက်သော စွမ်းအားအဆင့် မရှိလျှင် ဤနေရာများတွင် ၎င်းတို့တည်ရှိနေမှုကို အကြာကြီး ထိန်းသိမ်းထားနိုင်သည့် သားရဲတစ်ကောင်မျှရှိတော့မည်မဟုတ်ပေ။
မြစ်သည် သဘာဝအတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကောင်းဖန်သည် သူ၏သားရဲများနှင့်အတူ ရေထဲလမ်းလျှောက်လာရင်း မြစ်တွင်းနေထိုင်သူများသည် ၎င်းတို့ကို မည်သည့်နေရာမှများ ချောင်းမြောင်းတိုက်ခိုက်ရန်ထွက်လာမလဲလို့ တစ်ဝက်တစ်ပျက် မျှော်လင့်နေသည်။ သို့သော် ဘာမှမဖြစ်ခဲ့ပေ။ ကောင်းဖန်သည် နေရောင်ခြည် ဖားသားလောင်းအစုအဝေးများနှင့် သက်ဆိုင်သည်ဟု သံသယရှိနေသည်။
မြစ်လယ်တွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲများ ထွက်ပေါ်လာသည်ကို မျှော်မှန်းရင်း သူ့အာရုံများ တင်းမာသွားသည်။ မြစ်ကို နဂါးပုရွက်ဆိတ်၏ မြေပုံပေါ်တွင် ၎င်း၏နောက်ကျောမှ ဓားသုံးချောင်းထွက်ပေါ်နေသော ထူးဆန်းသည့် ငါးတစ်ကောင်ပုံပြထားသည်။ ဤငါး၏ကိုယ်ပေါ်တွင် ‘X’ အမှတ်အသားကို ပြုလုပ်ထားသည်။
ကောင်းဖန်က သူတို့အတွက် မကောင်းမှုတစ်ခုခု ဖြစ်လာနိုင်သည်ဟု တွေးလိုက်မိသည်။ သူသည် ရေကူးသကဲ့သို့ ဖြစ်မည်ဟု မမျှော်လင့်ထားပေ။ နောက်တဖန် မူရင်းသတ္တဝါများနှင့် ထိပ်တိုက်တွေ့ခြင်းများကို ရှောင်ရှားနိုင်ခြင်းသည် အမြဲတန်းအကောင်းဆုံး ဖြစ်သည်။
လွန်ခဲ့သည့်လတွင် ကောင်းဖန်သည် နဂါးပုရွက်ဆိတ်လေးခုနစ်ကောင်နှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ သူတို့နှင့် ခင်မင်ရင်းနှီးစွာ ညှိနှိုင်းပြီးနောက် သူတို့ ခုနစ်ဦးစလုံးသည် နောက်ဆုံးတွင် သူ၏သားရဲများဖြစ်လာရန် သဘောတူကြသည်။
သာမန်အခြေအနေတွင် သားရဲခုနှစ်ကောင်နှင့်တစ်ပြိုင်တည်းတွင် သွေးစာချုပ်များ ချုပ်ဆိုခြင်းသည် သူ့အတွက် ကိုင်တွယ်ရန် အနည်းငယ် ခက်ခဲနေပေလိမ့်မည်။ ကံကောင်းထောက်မစွာ နဂါးပုရွက်ဆိတ်လေးတွေက အဆင့် ၁၀ လောက်သာရှိသောကြောင့် သူ့သားရဲအဖြစ်စာချုပ်ချုပ်ရန်လိုအပ်သော စိတ်စွမ်းအားမှာအသေးအဖွဲသာဖြစ်သည်။
မြစ်ကိုဖြတ်ပြီးသည်နှင့် နဂါးမရဏချိုင့်ဝှမ်းသို့ ရောက်ရန် ခုနစ်ရက်သာ လိုတော့သည်။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားကာ လမ်းသည် မယုံနိုင်လောက်အောင် မတ်စောက်သော ချောက်ကမ်းပါးတစ်ခုရှေ့တွင် ဆုံးသွားသည်။ ထူထဲသော အဖြူရောင် မြူခိုးများက သူတို့ရှေ့တွင် မတည်မငြိမ်ဖြစ်နေသည်။ ချောက်ကမ်းပါးသည် အောက်ခြေ မရှိသော ချောက်နက်ထဲသို့ ဆင်းသွားပုံရသည်။
ချောက်ကမ်းပါးစွန်းတွင် ရပ်နေသော ကောင်းဖန်သည် အောက်ရှိရှုခင်းကို ငေးကြည့်နေသည်။ တွင်း၏အောက်ခြေသည် သူနှင့် ပေ ၃၀၀၀ ကျော်ကွာဝေးသည်။ ထိုနေရာ၌ ထူးဆန်းသော ကျောက်တုံးများ မြေပြင်ပေါ်တွင် ထွက်ပေါ်နေသည်ကို မြင်နိုင်သည်။ တစ်ဖန် ၎င်းတို့ကို အကြောပြတ်နေသော အပင်များဖြင့် ဖုံးလွှမ်းထားသည်။
တွင်းသည် ကျဉ်းမြောင်းသော အောက်ခြေအထိ အဖျားရှူးသွားပုံရပြီး မြေကြီးထဲသို့ ကြီးမာသော ကတော့ပုံနစ်မြုပ်နေသည့် လှိုဏ်ခေါင်းအဖြစ် ကောင်းဖန်ကိုထင်မြင်စေသည်။ တွင်းထဲတွင် ထူးဆန်းသောကျောက်တုံးများသည် ပိုမိုကျဲပါးလာသည်။ ထူးဆန်းသောအရိပ်များက သူတို့နောက်သို့ တိုးဝင်လာပြီး ကောင်းဖန်နှင့် အခြားသူများကို သတိထားစောင့်ကြည့်နေသည်။
သူ့အကြည့်တစ်ချက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ကောင်းဖန်သည် မှောင်ရိပ်ထဲတွင် နဂါးဦးချိုပုတ်သင်ညိုနှင့် ကျောက်နဂါးပိတုန်း ပုန်းခိုနေတာကို သတိပြုမိလိုက်သည်။ ချောက်ကမ်းပါးအောက်ခြေတွင် ရှင်သန်နေထိုင်သော ဂေဟစနစ်တစ်ခု ရှိနေပုံရသည်။
၎င်းတို့ရှေ့တွင် ရှိနေတာ နဂါးမရဏချိုင်ဝှမ်းဖြစ်ကြောင်း သေချာစေရန် မြေပုံကို ထပ်မံစစ်ဆေးလိုက်သည်။ ချိုင့်ဝှမ်းသည် နက်လိမ့်မည်ကို သူသိသော်လည်း ဤမျှ နက်ရှိုင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ချိုင့်ဝှမ်းတစ်ခုလုံး ဘယ်မှာဆုံးသွားသည်ကို မမြင်နိုင်ဘဲ ချိုင့်ဝှမ်းတစ်ခုလုံးတွင် ပျံ့နှံ့နေသော မြူပင်လယ်ကြောင့် သူ့အမြင်အာရုံကို ပိတ်ဆို့ထားသည်။
ထိုနေရာသို့ရောက်သောအခါ နဂါးပုရွက်ဆိတ်ခုနစ်ကောင်သည် အစင်းလေး၏နောက်ကျောမှ ခုန်ဆင်းကာ ချောက်ကမ်းပါးစွန်းရှေ့တွင် မှောက်လျက် အောက်ဘက်ရှိနေသော မသိသည့်အရာကိုစိတ်အားထက်သန်စွာ ကြည့်နေလေသည်။
သူတို့ရဲ့ဦးခေါင်းပေါ်က ဦးမှင်တွေက ပေါင်းပင်ထဲက ကျူပင်လေးတစ်စုံလို ဝှေ့ယမ်းပြပြီး နောက်ဆုံးတော့ အိမ်ပြန်လာရတာကို သူတို့ ဘယ်လောက် စိတ်လှုပ်ရှားနေတယ်ဆိုတာကို ပြသနေသည်။
“အရသာရှိတယ်”
“အနံ့ လေးက ကောင်းလိုက်တာ”
“ကျွန်တော် အဲဒီကို ဆင်းချင်တယ်”
နဂါးပုရွက်ဆိတ်လေး ခုနစ်ကောင်တို့သည် အချင်းချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်ေနသည်။
ရုတ်တရက် နက်နဲသော ချိုင့်ဝှမ်းမှ ကျယ်လောင်သော နဂါးဟောက်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် ကောင်းကင်ဘုံသို့ တက်သွားကာ တိမ်တိုက်များ လွင့်ပျံသွားသည်။ နဂါးဟောက်သံသည် ချိုင့်ဝှမ်းတစ်လျှောက် တစ်မိနစ်ခန့် ပဲ့တင်ထပ်နေကာ မှေးမှိန်သွားသည်။
“အစားအစာ နဂါးကသေတော့မယ်” အကြီးဆုံးကလေးကအော်လိုက်သည်။
ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သော်လည်း အရာအားလုံးသည် မည်သို့ပင်ဖြစ်စေကာမူ သေလုဆဲဆဲဖြစ်နေပြီဟု နဂါး၏ဟောက်သံကိုကြားရုံဖြင့် ချက်ချင်းပင် ပြောပြနိုင်သည်။ ယင်းသည် အစကတည်းက ၎င်းတို့၏ မျိုးရိုးဗီဇမှတ်ဉာဏ်တွင် နက်ရှိုင်းစွာ မြှုပ်နှံထားသော စွမ်းရည်တစ်ခုဖြစ်သည်။
အကြီးဆုံးကလေးက ရုတ်တရက် မက်တက်ထရပ်လိုက်သည်။
“သခင် နဂါးကြီးက သေတော့မယ်.... နဂါးအိုကြီးတွေ သေခါနီးမှာ မြည်တန်းတဲ့အသံကို ကြားလိုက်ရလား”
“ဟိန်းဟောက်သံကနေ မင်းဒါတွေအားလုံးကို ဘယ်လိုသိတာလဲ..အောက်ကိုဆင်းတဲ့လမ်းကိုသိလား” ကောင်းဖန်က စိတ်ဝင်တစား မေးသည်။
“မသိပါဘူး.... အသိစိတ်ထဲမှာ နစ်မြုပ်နေတဲ့ မှတ်ဉာဏ်တချို့ကို နိုးထစေတာဖြစ်မယ်... သေတော့မယ်ဆိုတာကိုပဲ သိတယ်” ဟု အကြီးဆုံးကလေးက ရှင်းပြသည်။ “နဂါးအသေကောင်ရဲ့ ရနံ့ကိုလည်း ရတယ်... ဘယ်လိုဆင်းရမှန်းကိုတော့ မသိသေးဘူး”
“ဖလိန်မီ၊ ရှောင်ကော၊ ဒန်ဘီ၊ အလင်းလှိုင်းနဲ့ စာရွက်ဖြူ မင်းတို့ငါးယောက်က လမ်းကိုဦးဆောင်ရမယ်.. ကျန်တဲ့သူတွေက ငါတို့ လိုအပ်လာရင် ချောက်ကမ်းပါးမှာ အဆင်သင့်နေ” ဟု ကောင်းဖန်က အမိန့်ပေးလိုက်သည်။ ဒီတစ်ခါ သူတို့ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါသည်။
ချိုင့်ဝှမ်းတစ်နေရာတွင် နဂါးတစ်ကောင် နေထိုင်သည်။ ကောင်းဖန်သည် ၎င်း၏ အဆင့်အတန်း မည်မျှရှိသည်ကို မသိသော်လည်း ၎င်း၏ဟောက်သံမှ ခံစားရသော ဖိနှိပ်မှုအရ ၎င်း၏ အဆင့်မှာ အဆင့်မြင့်မားသော သတ္တဝါဖြစ်မှာသေချာသည်။
ချိုင့်ဝှမ်းသည် ယခင်က ဧကရာဇ်အဆင့် နဂါးပုရွက်ဆိတ်၏ အိမ်ဖြစ်ခဲ့သည်။ ဒီဒေသမှာ ဘယ်လို တခြား စက်ဆုပ်ဖွယ်ရာ ရှိနေတာကို ဘယ်သူသိနိုင်မည်နည်း။
အစင်းလေးသည် အခြေခံအားဖြင့် ကြီးမားသော လမ်းလျှောက်ပစ်မှတ်ဖြစ်သောကြောင့် ကောင်းဖန်သည် ဂိုဒီနှင့် အတူ ချောက်ကမ်းပါး ထိပ်တွင် နေရန် အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဒီလိုနည်းနဲ့ သူတို့နှစ်ယောက်လုံးဟာ ကျန်တဲ့သူရဲ့ သားရဲတွေဖြစ်တဲ့ ဆီလီ၊ ရှောင်ဟွာ၊ နန်ကျူး နဲ့ ပေကျိ တို့ကို ကာကွယ်နိုင်မှာဖြစ်သည်။
လိုအပ်ပါကဖလိန်မီသည် ဝေဟင်မှ အထောက်အပံ့ ပေးနိုင်သည် ။ ဒန်ဘီသည် ၎င်းတို့တွင် အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားရှိသည်။ အလင်းလှိုင်းသည် ၎င်း၏ မထင်ရှားသော အရွယ်အစားနှင့် ပျံသန်းနိုင်မှုတို့ကြောင့် ထောက်လှမ်းနိုင်စွမ်းရှိသည်။ စက္ကူဖြူ သည် နဂါးအမျိုးအစားသားရဲများကို အားပျော့စေသော စွမ်းရည်ကြောင့် နဂါးမရဏချိုင့်ဝှမ်းလို့ခေါ်တဲ့ ဒီနေရာတွင် ရှိနေခြင်းက အဖိုးတန် ပစ္စည်းတစ်ခုပင် ဖြစ်သည်။
“မင်းလုပ်ရမဲ့အလုပ်ကို ငါတာဝန်ပေးမယ်.....ငါတို့၏တာဝန်က ဒီနဂါးပုရွက်ဆိတ်တွေကို နဂါးရုပ်အလောင်း အစာကျွေးဖို့ဖြစ်တယ်.. အားလုံး ဟိုဘက်မှာ တစ်ယောက်နောက်ကျောကိုတစ်ယောက် စောင့်ကြည့်ကြတာပေါ့” ကောင်းဖန်က ပြောလိုက်သည်။