← Chapters

အခန်း (၅၂၉-၅၃၂)

Vol. 34 Ch. 529-532

အခန်း (၅၂၉-၅၃၂)

Vol. 34 Ch. 529-532

အခန်း ၅၂၉ ပုရွက်ဆိတ်ကို အဖေအဖြစ် အသိအမှတ်ပြုခြင်း

ထိုနေ့သည် နေသာပြီး တိမ်ကင်းစင်သောနေ့ဖြစ်သည်။ နဂါးမရဏ ချိုင့်ဝှမ်းတွင်ပင် မီးခိုးငွေ့များ လျော့နည်းလာပြီး ချိုင့်ဝှမ်းပေါ်တွင် နေရောင်ခြည်များ မထင်မှတ်ပဲ ထွန်းတောက်လာသည်။

အရွယ်ရောက်ပြီးသော နဂါးပုရွက်ဆိတ်တစ်ကောင်သည် အိမ်အဝင်ဝ မြက်ခင်းပြင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေသည်။ နေရောင်အောက်မှာ နေပူဆာလှုံရတာ အရမ်းအဆင်ပြေတာပဲ... ဘယ်လောက်လှတဲ့ နေ့လေးတစ်နေ့လဲ...

နဂါးပုရွက်ဆိတ်သည် ကောင်းကင်ယံသို့ မျှော်ကြည့်ကာ အပေါ်မှ စိမ်းလန်းသော သစ်ရွက်များကို ငေးကြည့်နေသည်။ လေပြေများတိုက်ခက်နေပြီး ၎င်း၏ဦးခေါင်းအထက်ရှိ အစိမ်းရောင်သစ်ရွက်များသည် နေရောင်ခြည်ကြောင့် တောက်ပနေသည်။ ဒီနေ့ ရာသီဥတုက အမဲလိုက်ဖို့ သာယာလွန်းနေသည်။

ဟိုနေ့ကတည်းက အမဲလိုက်ပြီးသား သားကောင်တွေ အိမ်မှာ ရှိနေသေးတယ်ဆိုတော့ တစ်ရက်တော့ အနားယူလိုက်တာပေါ့...

ထိုစဉ် တစ်စုံတစ်ခု ချဉ်းကပ်လာသလို ပွတ်တိုက်သံတွေ ကြားလိုက်ရသည်။

နဂါးပုရွက်ဆိတ်က အဲဒါကို ဂရုမစိုက်ပေ။ ၎င်းသည် အရှင်သခင်အဆင့်သို့ တိုးမြှင့်ထားသောကြောင့် ၎င်း၏ သဘာဝ ရန်သူများကို ဘယ်သောအခါမှ မစိုးရိမ်တော့ပေ။

ဤချိုင့်၀ှမ်းတွင် နတ်ဘုရားအဆင့်အထက်ရှိ သားရဲအားလုံးကို ဖယ်ထုတ်ခဲ့ပြီး အများဆုံးမှာ အရှင်သခင်အဆင့် ဖြစ်ပြီး နဂါးပုရွက်ဆိတ်များသည် ချိုင့်ဝှမ်းရှိ သားရဲများအားလုံးတွင် အစွမ်းထက်ဆုံးဖြစ်သည်။ ဘယ်သူက ရန်စဝံ့မှာလဲ.... သူသည် ပျင်းရိငြီးငွေ့စွာ သမ်းဝေလိုက်ပြီး မျက်လုံးနဲ့ တစ်ချက်ကြည့်လိုက်သည်။

နဂါးပုရွက်ဆိတ်လေး လေးကောင်သည် တညီတညွတ်တည်း နီးသထက်နီးအောင်တိုး တိုးလာကြသည်။ နဂါးပုရွက်ဆိတ်သည် ထိတ်လန့်သွားသည်။

ဘာတွေဖြစ်နေတာလဲ.....

ခဏလောက်တော့ နဂါးပုရွက်ဆိတ်က ဒီကိစ္စကို နားမလည်နိုင် ဖြစ်သွားသည်။ နဂါးပုရွက်ဆိတ်လေးကောင်သည် သူ့ထံသို့ ပြေးလာကာ သူတို့၏ လည်ချောင်းများက တစ်ဆို့ကာ ငိုယိုသံများ ထွက်လာသည်။ အသံကို နှိမ့်ချထားပြီး ချိုမြိန်သော အသံကြောင့် ကြားရသူတိုင်း ဝမ်းနည်းကြေကွဲရလေသည်။

အခြားသော နဂါးပုရွက်ဆိတ်လေး နှစ်ကောင်သည် ခြေဖဝါးနောက်ဘက်သို့ ဦးခေါင်းများကို ပွတ်သပ်လာကြသည်။ ၎င်းသည် စိတ်စေတနာကောင်းကို ဖော်ပြသည့် လက္ခဏာတစ်ခုဖြစ်သည်။ အထူးသဖြင့် နဂါးပုရွက်ဆိတ်ကလေးများသည် ၎င်းတို့၏ မိဘများကို ထိုနည်းအတိုင်း ဆက်ဆံလေ့ရှိသည်။

“ကောင်လေးတွေ မင်းတို့ ငါ့ကို အဖေလို့ အထင်မှားနေတာ ငါက မင်းတို့အဖေမဟုတ်ဘူး....” နဂါးပုရွက်ဆိတ်သည် ခေါင်းကိုယမ်းရင်း ရယ်မောလိုက်သည်။ သူတို့သည် မိုက်မဲသော်လည်း ချစ်စရာကောင်းသော ကောင်လေး လေးယောက်ဖြစ်သည်။ ငါ့အိမ်မှာရှိတဲ့ သားလေးနှစ်ယောက်ကလည်း ငယ်ငယ်တုန်းက အရမ်းချစ်စရာကောင်းတယ်...

ဒါပေမယ့် အခု သူတို့ ကြီးပြင်းလာပြီး ပိုလွတ်လပ်လာတဲ့အတွက် ခွဲခွာပြီး သီးခြာဆီနေဖို့ အချိန်ကျလာပြီ ဖြစ်သည်။ အရွယ်ရောက်ပြီးသော နဂါးပုရွက်ဆိတ်သည် ခံစားချက်များနှင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင် အရွယ်ရောက်ပြီးသူနှစ်ဦး ခွဲခွာသွားပြီးနောက် အိမ်တွင် ပုရွက်ဆိတ်ကလေးငယ်လေးများအတွက် အသိုက်အသစ်ပြုလုပ်ရင် ကောင်းမည်ဟု တွေးထင်နေသည်။

ချစ်စရာ နဂါးပုရွက်ဆိတ်လေး လေးကောင်က နဂါးပုရွက်ဆိတ်က သူတို့အဖေမဟုတ်ကြောင်း ပြောတာကို ကြားလိုက်တာကြောင့် အဲဒီခဏမှာပဲ သူတို့ စိတ်တွေရှုပ်သွားပြီး အသံပိုထွက်လာသည်။

အရွယ်ရောက်ပြီးသော နဂါးပုရွက်ဆိတ်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ အိမ်က သူ့ အသဲတစ်ခြမ်းကသာ ဒါကို ကြားခဲ့ရင်…

“ကျေးဇူးပြုပြီး ငါ့ကိုဒီလိုမခေါ်ပါနဲ့...... ငါမင်းတို့ရဲ့အဖေမဟုတ်ဘူး....”

အရွယ်ရောက်ပြီးသော နဂါးပုရွက်ဆိတ်အမသည် အပြင်ဘက်မှ အသံကြားသောကြောင့် ဂူထဲမှ ထွက်လာသည်။ နဂါးပုရွက်ဆိတ်အထီးက နဂါးပုရွက်ဆိတ်လေးတွေကို “ငါ့ကိုအဖေလို့မခေါ်နဲ့.....ငါမင်းတို့ရဲ့ အဖေမဟုတ်ဘူး...” ဟုအော်နေတာကို ၎င်းက မြင်လိုက်ရသည်။

“ဖေဖေ ကျွန်တော်တို့ကို မလိုချင်တော့ဘူးလား.... ဖေဖေ”

“မေမေ မသွားခင် ကျွန်တော်တို့ကို ဖေဖေ့ဆီလာခိုင်းထားတာ..”

“ဖေဖေ... ကျွန်တော်တို့က အရမ်းနာခံတက်ပါတယ်...... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို နှင်မထုတ်လိုက်ပါနဲ့....”

နဂါးပုရွက်ဆိတ်အထီး၏ မျက်လုံးအစုံက နဂါးပုရွက်ဆိတ်အမ ထွက်လာသည်ကို မြင်လိုက်ရသေားအခါ ၎င်း၏ခန္ဓာကိုယ်သည် တောင့်တင်းလာသည်။ “မင်း ငါရှင်းပြတာကို နားထောင်ရမယ်...”

နဂါးပုရွက်ဆိတ်လေး လေးကောင်သည် နဂါးပုရွက်ဆိတ်အမဆီသို့ ခေါင်းကိုလှည့်လိုက်သည်။ ထို့နောက် သူတို့သည် သူမထံသို့ ချက်ချင်းပြေးလာပြီး ခြေထောက်ကို ပွေ့ဖက်ကာ “အမေ..... အမေ” ဟု သနားကရုဏာသက်စွာ အော်ဟစ်နေကြပြန်သည်။

နဂါးပုရွက်ဆိတ်အမသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ၎င်း၏မျက်လုံးများတွင် နူးညံ့မှုအရိပ်အယောင်ကို ဖြစ်လာသည်။ ချစ်စရာကောင်းတဲ့ ကလေးလေးတွေနဲ့ ဆက်ဆံတဲ့အခါ မိခင်တစ်ယောက်ဟာ အမြဲတမ်း စိတ်ရှည်သည်းခံပြီး နူးညံ့သိမ်မွေ့မှု အားကောင်း‌လေ့ရှိသည်ပင်။

“ကလေးတွေ.... မင်းတို့မိဘတွေ ဘယ်မှာလဲ..” နဂါးပုရွက်ဆိတ်အမက မေးလိုက်သည်။

နဂါးပုရွက်ဆိတ်နှစ်ကောင်၏ တုံ့ပြန်မှုကို မြင်သောအခါတွင် ပုရွက်ဆိတ်လေးများသည် ၎င်းတို့သခင်က ၎င်းတို့အား ပေးခဲ့သော အစီအစဉ် ဘီ ကို တွေးတောလိုက်ကြသည်။

“ကျွန်တော်တို့မှာ မိဘတွေ မရှိပါဘူး.....” တုံးအပြီး ရှုပ်ထွေးချင်ယောင်ဆောင်ကာ တတိယကလေးက ကျယ်လောင်စွာ အော်လိုက်သည်။

“သူတို့ ကျွန်တော်တို့ကို စွန့်ပစ်လိုက်တယ်.....” စတုတ္ထကလေးက ညည်းညူလိုက်သည်။

ပဉ္စမကလေးသည် ဝမ်းနည်းပူဆွေးစွာဖြင့် ဘာဒီကို ပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုလိုက်ပြန်သည်။

နဂါးပုရွက်ဆိတ်အထီးနှင့် နဂါးပုရွက်ဆိတ်အမတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ ပုရွက်ဆိတ် အမျိုးသမီး၏ မျက်လုံးများသည် တမ်းတနေသည့် ခံစားချက်ကို ပြသနေသည်။ ယခု သူတို့ အသိုက်ထဲတွင် အရွယ်ရောက်ပြီးသော အမျိုးအနွယ် နှစ်ဦးသာ ရှိနေပြီး ထိုကဲ့သို့သော နဂါးပုရွက်ဆိတ်ကလေး မရှိပေ။

သူတို့သည် ဤနဂါးပုရွက်ဆိတ်လေးများကို မွေးစားရတာ ကိစ္စမရှိသော်လည်း ဤနဂါးပုရွက်ဆိတ်လေးကောင်မှာ မိဘများ ရှိနေသေးလျှင် မိဘများ၏ ခွင့်ပြုချက်မရဘဲ ခိုးယူသလိုဖြစ်မှာ ကြောက်ရွံ့နေကြသည်။

ကလေးများသည် နာခံမှုမရှိနိုင်သော်လည်း လူကြီးများက လစ်လျှူမရှုနိုင်ပေ။ သူတို့မိဘတွေ လာရှာတဲ့အခါ ဒုက္ခအရမ်း ရောက်လိမ့်မည်။ သူတို့ဟာ တခြားမိသားစုတွေရဲ့ သားသမီးတွေဖြစ်နိုင်သည်။

“မင်းတို့မှာ မိဘတွေမရှိဘူးလား..” နဂါးပုရွက်ဆိတ်အမသည် တစ်စုံတစ်ခု၏ နှိုးဆော်မှုကို ခံစားလိုက်ရသည်။

“မရှိဘူး” တတိယကလေးက ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေလိုက်သည်။

အဝေးမှာ ပုန်းနေသော ကောင်းဖန်က သူ့လက်မကို တိတ်တဆိတ် မြှောက်လိုက်သည်။

နဂါးပုရွက်ဆိတ်အမသည် အချိန်အတော်ကြာ စဉ်းစားပြီး နောက်ဆုံးတွင် ညီအစ်ကိုလေးယောက်ကိုမွေးစားရန် ဆုံးဖြတ်လိုက်သည်။

ညီအကိုလေးယောက် မွေးစားသည်ကိုမြင်ပြီးနောက် ကောင်းဖန်သည် လေးလံသောဝန်ထုပ်ဝန်ပိုးကို လွှတ်လိုက်ရသကဲ့သို့ စိတ်သက်သာရာရသွားသည်။ အရွယ်ရောက်ပြီးသော နဂါးပုရွက်ဆိတ်များသည် ၎င်း၏ နဂါးပုရွက်ဆိတ်လေးကောင်ကို မွေးစားရန် ဆုံးဖြတ်ခဲ့သော်လည်း ကျေးဇူးဆပ်ခြင်းမှာ အကြွေးတစ်ခုဖြစ်သည်။ ထို့ကြောင့် အရွယ်ရောက်သောအခါတွင် ဤလူကြီးနှစ်ယောက်ကို ကျေးဇူးဆပ်ရန် သေချာပေလိမ့်မည်။

ကောင်းဖန်သည် နဂါးမရဏချိုင်ဝှမ်းမှ ထွက်ခွာသွားသောအခါတွင် သူ၏သားရဲအားလုံးကို လွှတ်ပေးလိုက်သည်။ ကောင်းဖန်၏ သားရဲပေါင်းများစွာသည် တောင်ပိုင်းဒေသ၏ ပွင့်လင်းသောမြေ၌ ပေါ်လွင်ထင်ရှားခြင်းမရှိနိုင်ပေ။

သားရဲအရေအတွက်တိုးလာသောအခါတွင် ပြဿနာတစ်ခုရှိလာသည်။ ကောင်းဖန်သည် မည်သူကို ဦးစွာ အဆင့်မြှင့်တင်ရမည်ကို မသိသောကြောင့် သက်ပြင်းချလိုက်သည်။

၎င်းတို့၏အစမှတ်တိုင်ဆီသို့ ရွေ့လျားကာ ကောင်းဖန်သည် ကျယ်ပြန့်သောလွင်ပြင်များဝန်းရံနေသော မြောက်ဘက်သို့ ခြောက်မိုင်ခန့် လမ်းလျှောက်လာသည်။ အစင်းလေးသည် သွေးစာချုပ်မှတစ်ဆင့် ကောင်းဖန်ထံသို့ သတိပေးချက်တစ်ခု ပေးပို့လိုက်သည်။ “ညာဘက်မြေကြီးထဲမှာ သားရဲတွေရှိတယ် သခင်...”

ကောင်းဖန်က ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။ သူထွက်သွားပြီးနောက် သူ့သားရဲတွေအားလုံးဟာ အစားကြီးသူတွေဖြစ်မှန်း သူသိလိုက်သည် ။ တစ်ယောက်ထက်နောက်တစ်ယောက်က စားချင်စိတ်က ပိုကြီးနေသည်။

ကံကောင်းထောက်မစွာ ခန္ဓာကိုယ်အကြီးဆုံးဖြစ်သည့် အစင်းလေးသည် မြေကြီး၏နက်နဲသောအကြောများမှ ဆွဲထုတ်ခြင်းဖြင့် ၎င်း၏ဆာလောင်မှုပြဿနာကို ကျော်လွှားနိုင်ခဲ့သည်။

မြေကြီးသွေးပြန်ကြောများတွင် အလွန်ကြွယ်ဝသော မြေဆီလွှာဒြပ်စင်များပါရှိသည်။ ကောင်းဖန်သည် မြေဆီလွှာတွင် ပေါက်နေသော သွေးကြောများကဲ့သို့ပင် အကြောများ ပွင့်သွားသည်ကို မြင်ဖူးသော်လည်း အခြားသွေးကြောများနှင့်မတူဘဲ အကြောများတွင် သွေးကြောနံရံများမရှိဘဲ ကြမ်းတမ်းသော ကောက်ကြောင်းသာ ဖြစ်သည်ကို တွေ့ရသည်။ ကြွယ်ဝသော အဝါရောင် မြူခိုးများသည် မြေပြင် တစ်ခုလုံးကို ဒဏ်ရာဖြစ်စေသော အရည်အဖြစ်သို့ ပေါင်းစပ်လုနီးပါး ဖြစ်သွားသည်။

မြေဆီလွှာတွင် မြေဆီလွှာဒြပ်စင်များစွာရှိနေပြီး မြေကြီး၏ထောင့်အားလုံးကို သိမ်းပိုက်ထားသည်။ မြေကြီးအကြောများသည် သဘာဝအတိုင်း ဖြစ်ပေါ်လာပြီး မြေကြီးဒြပ်စင်များသည် မြစ်များအဖြစ်သို့ ပေါင်းစပ်သွားမည်ဖြစ်သည်။ ၎င်းတို့မပျက်စီးသရွေ့ မြေကြီးအကြောများသည် နှစ်များအတွင်း ပိုမိုနက်ရှိုင်းလာသည်။

မာကြောများ ကြွယ်ဝသော နေရာများတွင် ၎င်းတို့ အရေအတွက် ပိုတိုးများလာမည်ဖြစ်သည်။ အကြောများ များပြားလာခြင်းသည် ကောင်းသောစက်ဝန်းဟု ယူဆထားသည့် သဘာဝရှိ မြေဆီလွှာဒြပ်စင်များကို သဘာဝအတိုင်း ဆွဲဆောင်နိုင်မည်ဖြစ်သည်။

အစင်းလေး၏ အစားအစာသည် ဤအကြောများ သို့မဟုတ် အကြောများမှ ကြွယ်ဝသော မြေဆီလွှာဒြပ်စင်များဖြစ်သည်။

အခြားသူ၏မြေဆီလွှာဒြပ်စင်အား ဖမ်းစားနိုင်မှုက ၎င်းထက်ပိုမရှိပါက မြေကြီး၏အကူအညီဖြင့် အစင်းလေးသည် ၎င်း၏ပတ်ဝန်းကျင်ရှိ မြေဆီလွှာတွင် ဝှက်ထားသောရှိပြီးသားဒြပ်စင်အားလုံးကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်မည်ဖြစ်သည်။

အစင်းလေး၏ ခြေထောက်တစ်ဖက်သည် မြေဆီလွှာပေါ်သို့ လှမ်းလိုက်သည်။

မြေပြင်သည် မီးရှူးမီးပန်းကဲ့သို့ ပေါက်ကွဲထွက်သွားသည်။ မီးအမှီးမြွေပါဖားသည် မီးရှူးမီးပန်းများမှ လှိမ့်ထွက်လာသည်။

၎င်းသည် တင်ပါးနောက်တွင် မြေခွေးအမြီးပါသည့် ဖားနှင့်တူသော ထူးဆန်းသည့်သတ္တဝါဖြစ်သည်။ ၎င်းတွင် မီးအမျိုးအစား နှင့် မြေဆီအမျိုးအစား ဖြစ်စေသော အရည်အချင်းနှစ်ခုရှိသည်။

ငလျင်လှုပ်ချိန်မှာ ပေါ်လာတဲ့ မီးအမှီးမြွေပါဖားသည် လန့်သွားသည်။ ငါ့ကိုဘယ်လိုလုပ်ရှာတွေ့နိုင်တာလဲ...... ငါကမြေကြီးထဲမှာ ပုန်းနေတာမဟုတ်ဘူးလား.....

ထိတ်လန့်စွာဖြင့် မီးအမှီးမြွေပါဖားသည် သည် မြေအောက်အဝါရောင်မီးတောက်ကို ၎င်း၏ ကိုယ်ထည်အပြင်ဘက်တွင် မှုတ်ထုတ်ပြီး အတွင်းတွင်ရစ်ပတ်ထားသည်။

“ဖလိန်မီ မီးတောက်ကို မျိုချလိုက်..” မီးအမှီးမြွေပါဖား၏ ကမ္ဘာမီးလျှံအဆင့် ၄ စွမ်းရည်ကို ကြည့်ရှုလိုက်ပြီး ကောင်းဖန်က ဖလိန်မီကို အမိန့်ပေးလိုက်သည်။

ဖလိန်မီသည် အသက်ရှုကာ အဝါရောင်မီးတောက်ကို ပါးစပ်ထဲသို့ စုပ်ယူလိုက်သည်။ မီးတောက်သည်ဖလိန်မီ၏ အစာအိမ်ထဲသို့ ဝင်သွားပြီး တစ်ကြိမ်သာ လှည့်ပြီးနောက် ရေခဲမုန့် ပန်းကန်လုံးနှစ်လုံးကို စားလိုက်သလို ခံစားလိုက်ရပြီး နှလုံးသားထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၃၀ ရုတ်တရက် စေ့ဆော်မှုတစ်ခု

မသက်မသာဖြစ်နေပုံရပြီး ဖလိန်မီထံမှ ပေါက်ကွဲသံကြီးထွက်လာသည်။ လုပ်ရပ်ရဲ့အစက အရမ်းကျေနပ်စရာကောင်းပေမဲ့ နည်းနည်းကြာတော့ နာကျင်နေတုန်းပဲ…

မည်သို့ပင်ဆိုစေကာမူ မီးကိုမျိုချခြင်းသည် အဆင့်မြင့်ကျွမ်းကျင်မှုလိုအပ်သော တပြိုင်လုပ်ရပ်တစ်ခုဖြစ်သည်။ မီးဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ဖလိန်မီသည် မီးတောက်များကို အစာအိမ်ထဲသို့ မျိုချစဉ်တွင် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။

ဖလိန်မီ၏ တင်ပါးမှ ထူးထူးခြားခြား အသံထွက်လာသည်။

တုန်လှုပ်သွားသော ဂိုဒီသည် ခေါင်းကို လှည့်ကာ ဖလိန်မီကို မယုံနိုင်စွာ ကြည့်လိုက်သည်။ မင်းဘာဖြစ်နေတာလဲ..

ဖလိန်မီ၏ ပါးပြင်ဖောင်းဖောင်းများက နီမြန်းလာပြီး ဂိုဒီကို စိုက်ကြည့်နေသည်။ “ဘာဒီအဟောင်းကောင်..”

ဂိုဒီက မကျေမနပ်ဖြစ်သွားပြီး “ငါငဘာဒီမဟုတ်ဘူး....မင်းကြိုက်သလို ငါ့ကိုပြောလို့ မရဘူး.......ဘာဒီကတခြားသားရဲရဲ့ နာမည်” ဟု ပြောလိုက်သည်။

“ဟုတ်ပါတယ် မင်းက ဘာဒီ မဟုတ်ဘူးဆိုတာ ငါသိပါတယ်.......မင်းက ဘာဒီ အဟောင်းပါ….” ဖလိန်မီက မထီမဲ့မြင် ပြုံးပြရင်း ပြောပြန်သည်။

“ဘာဒီ အဟောင်း..” ဂိုဒီသည် စကားမပြောနိုင်တော့ပေ။

“ဟုတ်တယ်...... ဘာဒီ အငယ်လေးရှိနေပြီး မင်းက ဘာဒီအဟောင်းပဲ”

ဂိုဒီက ငြိမ်သွားသည်။

“မြွေပါဖားကောင်တွေကိုတော့ မသတ်နဲ့‌နော်” ကောင်းဖန်က စိတ်ဆိုးနေတဲ့ ဂိုဒီကို နှစ်သိမ့်ပေးလိုက်သည်။ “မြွေပါဖားတွေက အသုံးဝင်သေးတယ်”

ဖလိန်မီ၏ စွမ်းရည်သည် အခြားမီးတောက်များကို စုပ်ယူနိုင်သည်။ မီးတောက်များကို စုပ်ယူခြင်းသည် မျိုးရိုးဗီဇကိုစုပ်ယူမှုနှင့် မတူဘဲ စုပ်ယူမှုထိရောက်စေရန်အတွက် ပမာဏ အနည်းငယ်မျှသာ လိုအပ်သည်။ သို့သော်လည်း မီးတောက်များကို စုပ်ယူခြင်းသည် ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

၎င်း၏ကိုယ်ပိုင်မီးတောက်များအပြင် အခြားသော သားရဲများထံမှရလာသော မီးတောက်များကိုလည်း ဖလိန်မီက ပစ်မှတ်ထားလိုက်သည်။

ဂိုဒီက မီးအမှီးမြွေပါဖား ကို တစ်ချက်ကြည့်လိုက်သည်။ တောက်လောင်နေတဲ့ ပါးစပ်ကို ကျယ်ကျယ်ဖွင့် လိုက်သည်။ သိပ်မကြာခင်မှာပဲ သမုဒ္ဒရာမီးတောက်က ဂိုဒီကို ဝန်းရံလိုက်သည်။ နေရာတစ်ခုလုံး မီးလောင်သွားသလိုပဲဖြစ်သွားသည်။

ပါးစပ်ပိတ်ထားပြီးဂိုဒီသည်၎င်း၏ညာဖက်လက်ကို ပြန်ရုတ်လိုက်သည်။ “မင်းပါးစပ်ကိုပိတ်လိုက်..... မင်းရဲ့ ပါးစပ်က အပုပ်နံထွက်နေတယ်......”

ဂိုဒီက မီးအမှီးမြွေပါဖားကို နောက်ဆုံးတွင် အရှင်လတ်လတ် ဖမ်းမိပြီး ကောင်းဖန်က အသိအမှတ်ပြုခံရတဲ့ စွမ်းအင်ဘဏ်တိုက်အဖြစ် ပြောင်းလဲလိုက်သည်။

၎င်း၏စွမ်းအင်များပြန်လည်ရရှိပြီးသည်နှင့် ချက်ချင်းပင် မီးအသွင်ဖြင့် ထုတ်ယူသွားလိုက်ပြီး ပြန်ခုခံဖို့ရန်အင်အားပင် မကျန်တော့ပေ။ သူသည် နေ့တိုင်းမီးကိုထုတ်လုပ်နေရပြီး စက္ကန့်ပိုင်းအတွင်း လုံးဝကုန်ဆုံးသွားသည်။ လုံလောက်တဲ့ မီးတောက်တွေ မထုတ်နိုင်ခဲ့ရင် ပြစ်ဒဏ်ပေးတာကို ခံရမည်ဖြစ်သည်။

ဂိုဒီက မီးအမှီးမြွေပါဖား၏အခြေအနေကို တွေးမိတိုင်း မျက်ရည်ကျနေရသည်။ အဲဒီနေ့မှာ ငါ ဘာကြောင့် အိပ်ဖို့ရွေးချယ်ခဲ့တာပါလိမ့်....

“အိုး....ဟုတ်သားပဲ.....သူမီးကိုမထုတ်နိုင်တဲ့နေ့ကျရင် သူ့ကို သတ်ပြီး ငါ့ဝိုင်နဲ့တွဲစားဖို့ သရေစာလုပ်ပစ်မှာ.....” ဟု ကုလားရှည်ပေါ်တွင် လဲလျောင်းနေသော ကောင်းဖန်က အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။

ဂိုဒီက မီးအမှီးမြွေပါဖား နောက်ဘက်သို့ပြန်သွားလိုက်သည်။ မင်းဘာတွေပြောနေတာလဲ....မင်းက နတ်ဆိုးပဲ.....

ဘာမှမရှိသောသိုလှောင်ခန်း အတွင်း၌ သေးငယ်ပြီး ပူပန်းမှုမဲ့သော ကင်းခြေများတစ်ကောင် လူးလိမ့်နေသည်။ ၎င်းတွင် ရှည်လျားပြီး ချောမွေ့သောကိုယ်ထည်ရှိပြီး နောက်ကျောတွင် အတောင်တစ်ဆယ့်နှစ်သွယ်ပါရှိသည်။

၎င်း၏ကိုယ်ထည်ကို ရွှေခရမ်းရောင်ဖြင့် ဖုံးအုပ်ထားပြီး အပြာရောင်ပုံစံများဖြင့် အလှဆင်ထားသည်။

“ဘာလို့ စားစရာတွေ မတွေ့ရတော့တာလဲ” တာ့ဇီက အော်ဟစ်ပြောဆိုလိုက်သည်။ အထဲမှာ အစားအသောက်တွေ လျော့နည်းလာတာ အချိန်တစ်ခုရှိနေပြီဖြစ်သည်။ ခံနိုင်ရည်ရှိရန်မလွယ်ကူလွန်းလှချေ။

တာ့ဇီ သတိပြန်ဝင်လာတဲ့ လွန်ခဲ့သော နှစ်လလောက်က ထိုအရာက စတင်နေခြင်းဖြစ်သည်။ သူသည် အလွန်ဆာလောင်နေသည့်အတွက် မြင်မြင်သမျှကို ပွဲတော်တည် သလိုစားပစ်လိုက်သည်။ ဤအတောအတွင်း ၎င်း၏စားချင်စိတ်သည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်တိုးလာခဲ့ပြီး အရာအားလုံး၎င်းအတွက် အရသာရှိနေသည်။ ၎င်းသည် အတွင်းရှိ အရာအားလုံးကို စားသုံးနေသည်။

သို့ရာတွင် တာ့ဇီသည် ဤနေရာ၌ မည်သည့်ရန်သူကိုမှ မကြုံရသောကြောင့် ၎င်း၏ ခွန်အားများ တိုးပွားစေရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ၎င်းသည် ၎င်း၏ တစ်နေ့တာလုံး စားပြီး အိပ်နေခဲ့သည်။

အစပိုင်းတုန်းက ကောင်းဖန်ကို ရံဖန်ရံခါ တွေးခဲ့ပေမယ့် နောက်မှာတော့ ကောင်းဖန်ကို လုံးဝ မေ့သွားလုနီးပါးပါပဲ...

အချိန်အတော်ကြာ ပျံသန်းပြီးနောက် လေထုအတွင်း၌ သူ့မျက်စိရှေ့တွင်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ မထူးခြားသော်လည်း ရင်းနှီးသောရနံ့တစ်ခုက အက်ကွဲကြောင်းတစ်လျှောက် ပျံ့လွင့်လာသည်။

ခေတ္တမျှ လန့်ဖျပ်သွားပြီး တာ့ဇီသည် သူ့ကိုယ်သူ ပြန်လည်ဖွဲ့စည်းကာ အက်ကွဲရာဆီသို့ ပျံသန်းသွားခဲ့သည်။ ကမ္ဘာမြေကြယ်လား....

တာ့ဇီသည် အက်ကွဲကြောင်းကို ညှစ်ရန် ရည်ရွယ်လိုက်သည်။ သို့သော် အကာအကွယ်အလွှာမရှိဟုထင်ရသည့် အက်ကွဲကြောင်းသည် ထူထဲသောမမြင်နိုင်သောနံရံတစ်ခုဖြင့် ဖုံးလွှမ်းထားသောကြောင့် တာ့ဇီ၏ဦးခေါင်း ကျိုးသွားလျှင်ပင် ဖြတ်မသွားနိုင်ပေ။

“အဲဒီကမ္ဘာမှာ တွန်းကန်မှုတွေရှိတယ်.... သူ့ရဲ့ စွမ်းရည်က တဟုန်ထိုး တက်နေတာကြောင့် အခုချိန်မှာ ဖြတ်ကျော်ဖို့ မဖြစ်နိုင်သေးဘူး” စကားသံများက လေထုထဲတွင် ပြည့်နေသည်။

“အခု ငါတို့ ဘာလုပ်သင့်လဲ.. ဒီမှာပဲ ဆက်နေမယ်ဆိုရင် ကမ္ဘာကြီးရဲ့ ဖိနှိပ်မှုတွေကို သက်သာရာရစေမယ့် သူ့ရဲ့ စွမ်းရည်တိုးတက်မှုကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး” စကားသံက အနည်းငယ် စိတ်ပျက်နေသော အသံပေါက်နေသည်။

“ဒီကလေးက အရမ်းစားချင်စိတ်ရှိပေမယ့် ဒီမှာ ဆက်နေမှာလား...... ဒီမှာနေတာ တော်တော်ကြာနေပြီ”

“ဒါဆို တခြားကမ္ဘာကို ပို့ပေးပါ”

“အဲဒါက စည်းမျဥ်းကိုဆန့်ကျင်နေတယ်…”

“စည်းမျဥ်းတွေက တင်းကျပ်တယ် ဒါပေမယ့် ငါတို့ဆွဲထားတာ မဟုတ်ဘူး”

ကြိုးစားမှုအနည်းငယ်ကျရှုံးပြီးနောက် တာ့ဇီသည် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော အက်ကွဲကြောင်းကိုစိုက်ကြည့်နေသည်။ သူသည် မျက်နှာကို အုပ်ထားပြီး ပုခုံးတွေ တုန်ခါကာ မျက်ရည်တွေ ဝဲလာသည်။ အက်ကွဲကြောင်းပျောက်ကွယ်သွားပြီးနောက် မကြာမီတွင် နောက်ထက်အက်ကွဲကြောင်းတစ်ခုက ယခင်အပ်ကွဲကြောင်းတည်ရှိရာ ဘေးတွင် နောက်တစ်ကြိမ် ထပ်မံပေါ်လာသည်။

စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကို ဖုံးကွယ်ထားဆဲဖြစ်သော တာ့ဇီသည် တုန်လှုပ်ချောက်ချားစွာဖြင့် အက်ကွဲကြောင်းအသစ်ကို ခေါင်းထောင်မကြည့်မီ ၎င်း၏လုပ်ရပ်များကို ရပ်တန့်လိုက်သည်။ ခဏလောက် ဆင်ခြင်ပြီးမှ အက်ကွဲကြောင်းဆီသို့ ပျံဝဲကာ စေ့စေ့စပ်စပ် လေ့လာလိုက်သည်။

၎င်း၏ နဂါးလက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး အက်ကွဲကြောင်းကို ညင်သာစွာထိလိုက်သည်။ ဤတစ်ကြိမ်တွင်၎င်း၏ လက်ချောင်းသည် အက်ကွဲကြောင်းကို အတားအဆီးမရှိ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်ကာ အခြားတစ်ဖက်သို့ ရောက်ရှိသွားခဲ့သည်။

တာ့ဇီသည် ရွှင်မြူးစွာဖြင့် မျက်လုံးပြူးသွားသည်။ ဘယ်ကိုလိုဖြတ်သန်းသွားတာလဲ.. ဒါက အရင်လို အက်ကွဲကြောင်း မဟုတ်ဘူးလား...

အတန်ကြာ တုံ့ဆိုင်းသွားပြီးနောက် တာ့ဇီသည် အက်ကွဲကြောင်းများကို သတိထားပြီး ချောင်းကြည့်လိုက်သည်။ တစ်ဖက်တွင် လှိုင်းတစ်ခုပြီးတစ်ခု လာနေတဲ့ အဆုံးရှိပုံမရတဲ့ ကြည်လင်နေသောပင်လယ်ပြာကြီးရှိသည်။

“ဒီပင်လယ်ကြီးထဲ ငါနစ်သွားရင် ဘာဖြစ်မလဲ.. ငါဒီမှာပဲနေပြီး ငါလာခဲ့တဲ့ နေရာကိုပြန်နိုင်တဲ့နေ့ကို စောင့်နေတာ ပိုကောင်းပါတယ်” တာ့ဇီက သူ့ဘာသာသူ အကြောင်းပြချက် ပေးလိုက်သည်။ ၎င်း၏ဦးခေါင်းကို အက်ကွဲကြောင်းမှ ဖယ်ရှားရန် ရည်ရွယ်ထားသော်လည်း ရုတ်ခြည်းပင် မသိရသော အင်အားပြင်းသည့် အင်အားတစ်ခုက ၎င်း၏ တင်ပါးပေါ်သို့ ကျရောက်လာသည်။

“ဟေး” တာ့ဇီသည် အက်ကွဲကြောင်းမှတဆင့် ကန်ထုတ်ခံလိုက်ရသည်။ တာ့ဇီက အက်ကွဲကြောင်းကိုလှည့်ကြည့်လိုက်သည့်အခါ မျက်လုံးတစ်မှိတ်အတွင်းမှာပင် အက်ကွဲကြောင်းများ လုံးဝပျောက်ကွယ်သွားသည်။

တာ့ဇီသည် ဒေါသတကြီး ဖြစ်နေသည်။

ပြင်းထန်သောလှိုင်းလုံးများသည် ၎င်း၏ခြေထောက်အောက်တွင် အဆက်မပြတ် လှိမ့်ဆင်းလာသည်။ နက်ရှိုင်းသောပင်လယ်သည် ကြီးမားသောအရိပ်မဲသဏ္ဌန်တစ်ခုကို မြင်လိုက်ရသောကြောင့် အန္တရာယ်များအပြည့်နှင့် ချဉ်းကပ်လာပုံရသည်။

သမုဒ္ဒရာထဲမှ ကြီးမားသော အရိပ်မဲပုံသဏ္ဌန် ထွက်ပေါ်လာသည်နှင့်အမျှ မီးတောင်ကဲ့သို့ လှိုင်းလုံးကြီးများ ပေါက်ကွဲလာသည်။

တာ့ဇီက ချက်ချင်းတုံ့ပြန်လိုက်သည်။ သိုလှောင်ခန်းတွင် လျင်မြန်စွာ ပြေးလွှားခဲ့သောကြောင့် မိုးကြိုးသားရဲများကို လိုက်ဖမ်းရာ ၎င်း၏ တုံ့ပြန်မှုသည် သိသိသာသာ တိုးတက်လာသည်။ ယခုအခါ ၎င်းသည် အလင်းအမြန်နှုန်းဖြင့်တုံ့ပြန်မှုများ ရှိလာသည်။

သမုဒ္ဒရာထဲမှ ထွက်လာသော ငါးမန်းနှင့်တူသော သားရဲတစ်ကောင်ကို ၎င်းသည် ခရမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်ရှားလိုက်သည်။

ချုံခိုတိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်ရှားပြီးနောက် တာ့ဇီသည် ၎င်း၏ အတောင်ဆယ့်နှစ်တွဲကို မဖွင့်မီ လှောင်ပြောင်လိုက်သည်။ နောက်တစ်စက္ကန့်အကြာတွင် ရေတံခွန်ကဲ့သို့ ကောင်းကင်မှ လျှပ်စီးများလက်လာသည်။

ခရမ်းရောင်သဏ္ဌာန် လျှပ်စီးကြောင်းများအားလုံးကို ပေါင်းစပ်ကာ မိုးသည်းထန်စွာရွာသွန်းနေသည့် ဖဲကြိုးတစ်ချောင်းသဏ္ဌာန်ပုံဖော် ထားပြီး လျှပ်စီးရေတံခွန်တစ်ခုဖြစ်လာစေသည်။ ကျယ်လောင်သော မိုးခြိမ်းသံသည် လေထုတစ်ဝိုက်တွင် ပဲ့တင်ထပ်သွားသည်။

လျှပ်စီးကြောင်းများဖြင့် ဝန်းရံထားသောကြောင့် သမုဒ္ဒရာထဲမှ ထွက်လာသော ဧရာမသားရဲကြီးသည် ပြေးစရာနေရာမရှိတော့ပေ။ မိုးကြိုးက ၎င်းကိုတိုက်ရိုက်ထိသွားသည်။

သားရဲကအော်လိုက်သည်။ လျှပ်စီးမိုးကြိုးများဖြင့်တိုက်ခိုက်လိုက်သောကြောင့် ၎င်း၏အရေပြားသည်လျှပ်စစ်များကြောင့် လောင်ကျွမ်းသွားပြီး အရိုးများနှင့် ကြွက်သားများ အပိုင်းပိုင်းကွဲထွက်သွားသည်။

သားရဲ၏ခန္ဓာကိုယ်သည် သမုဒ္ဒရာထဲသို့ကျသွားပြီး ပေ ၃၀ ထက်မြင့်သော ရေများလွင့်စဉ်ထွက်လာသည်။ တာ့ဇီက မထီမဲ့မြင် ရယ်မောလိုက်သည်။ သားရဲငါးကြီးသည် အသက်ခံရဖို့ ဒုက္ခခံမနေတော့ဘဲ ဒီနေရာကနေ ထွက်ခွာဖို့မျှော်လင့်ချက်နဲ့ ဦးတည်ချက်တစ်ခုဆီ ပျံသန်းဖို့ ဆုံးဖြတ်လိုက်သည်။

သမုဒ္ဒရာအတွင်းရှိ အခြားသော သားရဲများသည် တာ့ဇီ၏ အစွမ်းကြောင့် ထိတ်လန့်သွားကာ ပေါ်မလာတော့ချေ။

ထိုအချိန်တွင် ကောင်းဖန်သည် ထူးဆန်းသော ခံစားမှုတစ်ခုခံစားလိုက်ရသည်။ ဒီခံစားချက်က ရုတ်ချည်း တွန်းအားတစ်ခုလိုပါပင်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၃၁ အတောင်ပံပါသော တောင်မျောက်ဝံများ

ကောင်းဖန်က ဘာကြောင့် သူဒီလိုခံစားရတယ်ဆိုတာ မသိပေမယ့် နောက်ကွယ်မှာ အကြောင်းပြချက်ကောင်းတစ်ခုရှိရမယ်လို့ သူထင်နေသည်။

“အစင်းလေး…ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး မင်းရဲ့အောက်ခြေမှာ သားရဲတွေ ပုန်းနေသေးလားဆိုတာ ကြည့်လိုက်ပါ..... ဖလိန်မီ အမြင့်ကိုတက်ပြီး အနီးနားက တခြားသားရဲးတွေကို သတိထား စောင့်ကြည့်နေ.... ငါတို့သွားရာလမ်းမှာ အန္တရာယ်ရှိတဲ့ အရာတစ်ခုကို တွေ့တာနဲ့ ငါ့ကို အကြောင်းကြား....” ဟု ကောင်းဖန်က အမိန့်ပေးလိုက်သည်။

သူ့အမိန့်ကိုလက်ခံရရှိပြီးနောက် ဖလိန်မီသည် ကောင်းကင်သို့ပျံတက်ကာ အောက်ဘက်မြေပြင်ကို စတင်စူးစမ်းလေ့လာနေပြီး အစင်းလေးသည် ၎င်း၏စွမ်းအားကို မြေပြင်မှတစ်ဆင့် ဖြန့်ကျက်ကာ ၎င်း၏ခြေထောက်အောက်ရှိ တုန်ခါမှုအနည်းငယ်ကို သတိထားနေသည်။ သို့သော် မည်သူကမှ ဘာမှမတွေ့ကြပေ။

ကောင်းဖန်က ပိုစိုးရိမ်လာသည်။ “ဒီခေါင်းသုံးလုံးခွေးက နောက်ဆုံးတော့ ငါတို့ကို ဖမ်းမိသွားပြီလား”

သူ့မျက်ခုံးတွေ မြင့်တက်သွားသည်။ တစ်ခုခု မူမမှန်ဘူးလို့ ခံစားရတော့ သူ့သားရဲတွေကို ပြန်ခေါ်လိုက်သည်။ ဖလိန်မီပြန်လာတာနဲ့ သူ့ကျောပေါ်တက်လိုက်ပြီး သူတို့ နဂါးမရဏချိုင့်ဝှမ်းနှင့် တတ်နိုင်သမျှ ဝေးသွားစေဖို့ အမိန့်ပေးလိုက်သည်။

ရုတ်တရက် တိမ်တိုက်များမှ ကြက်သွေးရောင် ငှက်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ကောင်းဖန်နှင့် အခြားသူများသည် တိမ်ထဲတွင် နာရီဝက်ကြာအောင် ပုန်းနေလိုက်ကြသည်။ သို့သော် သူတို့နောက်ကို လိုက်နေပုံရသည်။ ဖလိန်မီရဲ့နောက်ကျောမှာထိုင်နေတုန်း ကောင်းဖန်က မရှိတဲ့ သားရဲတွေကိုမြင်နေသလားလို့ တွေးနေမိသည်။ သူကိုယ်တိုင်က ဝေဟင်နဲ့ ဉာဏ်ပညာတိုက်ပွဲမှာ ပါဝင်နေတာကြောင့် ဖြစ်နိုင်သည်။

“ငါ အခု ဘာတွေ တွေးနေတာပါလိမ့်” ကောင်းဖန်တွေးလိုက်မိသည်။

“ငါတို့နောက်မှာ ဘာမှလိုက်လာပုံမပေါ်ပါဘူး ကောင်းဖန်” ဟု ဖလိန်မီကပြောသည်။ သူတို့သည် တိမ်တိုက်ထဲတွင် အချိန်အတော်ကြာအောင် ပုန်းအောင်းနေကြသော်လည်း မည်သည့်လမ်းကြောင်းမှ သူတို့နောက်သို့ လိုက်လာသည့် အရိပ်အယောင် မတွေ့ရပေ။

“ငါ့ရဲ့ ပြောင်မြောက်တဲ့ အစီအစဥ်က အလုပ်ဖြစ်မယ်ထင်တယ်..... ငါတို့လိုက်ရှာသူကို တွန်းလှန်နိုင်လိုက်တယ်” ဟု ကောင်းဖန်က ရေရွတ်လိုက်သည်။

“ကောင်းဖန် မင်းက အရမ်းတော်တာပဲ.... အဲဒါကြောင့် မင်း ငါ့လို ညီမျှတဲ့ သားရဲကို ပြုစုပျိုးထောင်နိုင်တာ ဖြစ်နိုင်တယ်” ဟု ဖလိန်မီ ကသူ့ကိုသူ ချီးကျူးရင်း‌ ကောင်းဖန်ကို ချီးကျူးလိုက်သည်။

ကောင်းဖန်က ဒါကို မရယ်ဘဲ မနေနိုင်ပေ။

ခဏအကြာတွင် ကောင်းဖန်သည် ဆင်းသက်ရန်နေရာတစ်ခုကို ရှာဖွေပြီး အခြားသူများကိုလည်း သူရဲ့ သားရဲသိုလှောင်ခန်းမှ ထွက်ခွာခွင့်ပေးလိုက်သည်။

ပင်လယ်သည် အရှေ့ဘက်မှာရှိပြီး ကောင်းဖန်သည် ပထမတော့ ထိုလမ်းကြောင်းကို သွားရန် တွန့်ဆုတ်နေသည်။ သို့သော် သူတို့ရောက်ခဲ့သောလမ်းကို ပြန်သွားခြင်းသည် အချိန်ဖြုန်းခြင်းဖြစ်လိမ့်မည်ဟု သူထင်နေသည်။ သူသည် ထိုလမ်းကြောင်းနှင့် ရင်းနှီးနေပြီး ထိုနေရာ၌ ပုန်းနေသည့် သားရဲများအားလုံးကို သိနေသည်။ သူ့အတွက် အံ့အားသင့်စရာတွေ ထပ်မရှိတော့ပေ။

ကောင်းဖန်သည် အနက်ရောင်မြူခိုးကမ္ဘာရဲ့ ပင်လယ်ကို မရောက်ဖူးသေးသောကြောင့် ကမ္ဘာပေါ်ရှိ ပင်လယ်နှင့်မည်သို့ ကွာခြားသည်ကို သူ မသိရပေ။

“အရှေ့ဘက်ကိုသွားရအောင်..” သူ့လက်ထဲတွင် ပျဉ်ပြားတစ်ချပ်ကို ကိုင်ထားပြီး အနက်ရောင်မြူခိုးကမ္ဘာ၏ မြေပုံအကြမ်းဖျဉ်းကို ထွင်းထုထားသည်။ ဝင်္ကပါများသည် တောင်ဘက်တွင်သာ မှတ်သားထားသည်။ အဲဒီလမ်းကြောင်းကို စူးစမ်းဖို့ သူ့အတွက် ဘာမှ မကျန်တော့ပေ။ အရှေ့ဘက်ကို စွန့်စားပြီး ပင်လယ်ကို သွားလည်ရတာလည်း ကောင်းပါတယ်..

အနက်ရောင်မြူခိုးကမ္ဘာ၏ရေပြင်မှာ နေထိုင်တဲ့ ရေအမျိုးအစား သားရဲးတစ်ကောင်ကို နှိမ်နင်းဖို့ သူ့လက်တည့် စမ်းချင်နေသည်။ ကောင်းဖန်သည် ရေအမျိုးအစားသားရဲးတစ်ကောင်ကို အမြဲလိုချင်နေခဲ့သည်။

ယခုတွင် သူသည် သူ၏ သားရဲ သိုလှောင်ခန်း စွမ်းရည် နိုးကြားလာသောကြောင့် သူ့ထံတွင် သားရဲများစွာရှိနေခြင်းအတွက် စိတ်ပူနေစရာ မလိုတော့ပေ။ သားရဲဖြစ်နိုင်သော သွေးစာချုပ်တစ်ခုကို သူချုပ်ဆိုလိုက်သည်နှင့် သူလုပ်ရမည့်အရာမှာ ၎င်းကို သူ၏သားရဲနေရာလွတ်ထဲ့သို့ ထည့်လိုက်ခြင်းဖြစ်သည်။

လက်ရှိ အခြေအနေနှင့်အညီ သားရဲမှန်သမျှကို သူထုတ်ယူနိုင်သည်။ သူကိုယ်တိုင်တွေ့နိုင်တဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် မတူကွဲပြားတဲ့ သားရဲအဖွဲ့တစ်ဖွဲ့ရှိဖို့ အရင်ဆုံးလိုပါလိမ့်မည်။ အခုမှသာလျှင် ကောင်းဖန်သည် သားရဲနေရာလွတ် ရှိခြင်းရဲ့ အဆင်ပြေမှုကို သဘောပေါက်နိုင်လာသည်။ အားနည်းချက်များရှိသော်လည်း အားသာချက်များသည် အားနည်းချက်များထက် သာလွန်သည်ဟု ပြောနိုင်သည်။

အတိတ်မှာတုန်းကတော့ ကောင်းဖန်သည် ခြောက်သွေ့တဲ့မြေပေါ်မှာ သယ်ဆောင်ရတာ အဆင်မပြေတာကြောင့် ရေအမျိုးအစား သားရဲကို ထိန်းကျောင်းဖို့ စိတ်ထင့်နေသည်။ ရေအမျိုးအစား သားရဲများသည် ရေနေပတ်ဝန်းကျင်တွင်သာ ရှင်သန်နိုင်ကြသည်။ သို့သော်လည်း ခြောက်သွေ့သောမြေများတွင် ၎င်းတို့၏ စွမ်းဆောင်ရည်များမှာ ပြင်းထန်စွာ အကန့်အသတ်ရှိသည်။

ဤနေရာတွင် ဖော်ပြထားသော ရေအမျိုးအစား သားရဲများသည် ဖားများ၊ ဖားပြုပ်များနှင့် ရေပုတ်သင်များကဲ့သို့ ကုန်းနေရေနေ သတ္တဝါများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဝေလငါးများနှင့် ငါးမန်းများကဲ့သို့သော ရေပြင်ကျယ်ကြီးတွင် သီးသန့်နေထိုင်သည့် အမျိုးအစားများဖြစ်သည်။

သတ္တဝါနှစ်မျိုးစလုံးသည် အများအားဖြင့် ရေအမျိုးအစား သားရဲများ ဖြစ်ကြသော်လည်း သာမာန်အခြေအနေတွင် ယခင်ရေနေတိုက်ပွဲတွင် ပါဝင်ရန် သဘာဝအလျောက် ပိုမိုကောင်းမွန်ပြီး အဆင်သင့်ဖြစ်နေလိမ့်မည်။ သို့သော် မြေပြင်တိုက်ပွဲတွင် ၎င်းတို့သည် နောက်ဆုံး အဆင့်ထက် နိမ့်ကျနေလိမ့်မည်။

လူသားအများစုသည် မြေပြင်တွင်နေထိုင်သူများဖြစ်ကြပြီး ကျွန်းစုများနေထိုင်သူများအတွက်တော့ ဤစည်းမျဉ်းမှာခြွင်းချက်ဖြစ်သည်။ လုံလောက်သော ခံနိုင်ရည်ရှိသည့် ရေအမျိုးအစား သားရဲသည် ခြောက်သွေ့သောမြေတွင် ဆက်လက်ရှင်သန်နိုင်သော်လည်း ၎င်း၏စွမ်းအားများကို ကြီးမားစွာ ထိခိုက်စေမည်ဖြစ်သည်။

ဤအကြောင်းများကြောင့် ပင်လယ်ပြင်အနီးမှာ နေထိုင်ရန်လိုအပ်သော ရေအမျိုးအစားသားရဲများကို ကမ္ဘာမြေကြီးပေါ်သို့ ခေါ်ဆောင်သွားလိုသည့် သားရဲလေ့ကျင့်သူ အနည်းငယ်မျှသာရှိနေခြင်းဖြစ်သည်။ ရေအမျိုးအစားသားရဲကို သယ်ယူရာတွင် အဆင်မပြေခြင်းနှင့် ခြောက်သွေ့သောမြေများတွင် ကြုံတွေ့ရမည့် ကန့်သတ်ချက်များကြောင့် သားရဲလေ့ကျင့်သူများအကြားတွင် ရေပန်းစားမှု မရှိတော့ခြင်းဖြစ်သည်။

အစင်းလေး၏ပို့ဆောင်မှုကြောင့် ခရီးတစ်ခုလုံးကို ပိုမိုသက်တောင့်သက်သာဖြစ်စေသည်။ သူသည် သူ့သူငယ်ချင်းတွေ၊ သခင်နဲ့ အချိန်တိုင်း ရှိနေနိုင်သောကြောင့် ဒီလူတွေအားလုံး သူ့ကျောပေါ်မှာ ရှိနေရတာကို စိတ်လှုပ်ရှားပြီး ဘယ်တော့မှ မပျင်းပေ။ သူ့ဘဝရဲ့ အချိန်တွေက သူတို့အတွက်ရှိနေသောကြောင့်ဖြစ်သည်။

“မင်း ဆူးမြက်ပင်နှစ်ချောင်းကို ပြန်ယူလာတာ ငါမြင်တယ်.... ကောင်းတယ်” ဟု ကောင်းဖန်က ကြွက်ရဲ့ ခေါင်းကို လက်နဲ့ ပွတ်သပ်ရင်း ပြောလိုက်သည်။

“ရှောင်ဟွာ ဒီကိုလာ....” အဝေးမှ ရှောင်ဟွာ ကို လက်ယပ်ခေါ်လိုက်သည်။ သူ့နောက်ကျောမှာ ကျောင်းလွယ်အိတ်တစ်လုံးနဲ့ ပန်းသရဖူကို ဆောင်းထားရင်း လက်ထဲမှာ စာအုပ်တစ်အုပ်ရှိနေသည်။

ရှောင်ဟွာ က သူ့စာအုပ်ကို လွယ်အိတ်ထဲမှာ သေချာပြန်ထည့်လိုက်ပြီး ကောင်းဖန်ရပ်နေတဲ့နေရာကို ကျော်သွားလိုက်သည်။ ဤနေရာမှာ ဘယ်သူကခေါင်းဆောင်မှန်းသူသိပြီးကောင်းဖန်အနားတွင် ရှိနေစဉ်တွင် ၎င်း၏ အပြုအမူများကိုအကောင်းဆုံး အမြဲလုပ်ဆောင်နေသည်။

“ဆီလီ ငါ့ကိရိယာတွေကို ယူလာပေး” ဟု ကောင်းဖန်က ပြောလိုက်သည် ။ ဆီလီသည် ၎င်း၏ နေရာလွတ်ထဲမှ ပုလင်းအမြောက်အမြားနှင့် စမ်းသပ်ကိရိယာမျိုးစုံကို ထုတ်ယူလိုက်သည်။

ကောင်းဖန်သည် ကြွက်ထံမှ ၎င်း၏မျိုးစေ့များကို ယူဆောင်လာသော ဆူးမြက်ပင်ကို ဖယ်ထုတ်ပြီးနောက် ၎င်းတို့ကို အခွံနွှာကာ အမှုန့်ဖြစ်သွားအောင် ထောင်းလိုက်သည်။

ရှောင်ဟွာသည် လက်ရှိတွင် အဆင့် ၃၀ ရှိနေပြီး ၎င်း၏ လက်ရှိစွမ်းရည်အဆင့်မှာ လက်ရွေးစင်အဆင့်ဖြစ်သည်။ ကွန်မန်ဒါ အဆင့် သားရဲဟု ယျေဘုယ သတ်မှတ်နိုင်သည်။

ကောင်းဖန်၏ အခြားသားရဲများနှင့်နှိုင်းယှဉ်ပါက ရှောင်ဟွာသည် လူ သို့မဟုတ် သားရဲများကို ခြိမ်းခြောက်မှုမပြုနိုင်သည့် အဆင့်တွင် ရှိနေသည်။ ဂိုဒီ အထင်အမြင်သေးပုံပေါက်သည့် ကြွက်ပင်လျှင် အရည်အချင်းပြည့်မီသော နတ်ဘုရားအဆင့်ရှိသူဖြစ်သည်။ ၎င်းသည် မြှုပ်နှံထားတဲ့ ရတနာရှာဖွေရာမှာ အထူးကျွမ်းကျင်တဲ့ ဆန်းကြယ်တဲ့အမျိုးအစားသားရဲဖြစ်ပေမဲ့ စက္ကန့်ပိုင်းအတွင်း ရှောင်ဟွာကို အနိုင်ယူနိုင်သေးသည်။

ရှောင်ဟွာသည် ၎င်းအတွက် ပြင်ဆင်ပေးထားသည့် ဖျော်ရည်ကို သောက်ပြီးသွားသည့်အထိ ကောင်းဖန်က စောင့်ကြည့်နေသည်။ ပုလင်းအလွတ်ကို ကောင်းဖန်ထံပြန်ပေးကာ ကုန်းပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းဖန်ကို မျက်လုံးပြူးဖြင့် စိုက်ကြည့်နေသည်။ သူ့ကိုယ်သူ မြေကြီးပေါ် လက်နှစ်ဖက်ဖြင့် တွန်းတင်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

ရှောင်ဟွာသည် နှာခေါင်းကို လှုပ်ယမ်းလိုက်ပြီး ကျောပြင်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး အော်ဟစ်လိုက်လုနီးပါး ဖြစ်လာသည်။

ဒန်ဘီသည် တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာပြီး မြေပြင်ပေါ်တွင် ရင်တထိတ်ထိတ် ဖြစ်နေသော ရှောင်ဟွာနှင့် ခြေလှမ်းငါးလှမ်းသာ ဝေးသော နေရာသို့ ရောက်လာသည်။ နာကျင်မှုကို သက်သာစေရန် လိုအပ်ပါက သမီးဖြစ်သူအား ပွေ့ဖက်သကဲ့သို့ဖက်ရန် ရှေ့သို့ လှမ်းချင်နေသည်။ သို့သော် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ယခုလောလောဆယ် ငယ်ရွယ်သေား သားရဲများကိုသာ စောင့်ကြည့်ရန် အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ရှောင်ဟွာကို သူသည် တစ်သက်လုံး ဒုက္ခမှ အကာအကွယ် မပေးနိုင်ကြောင်း သူသိသည်။ ဒန်ဘီသည် စိတ်လှုပ်ရှားစွာ လက်သီးများကို စတင်ဆုပ်ကိုင်လိုက်သည်။

ရှောင်ဟွာသည် နာကျင်မှုကို ငါးမိနစ်ခန့်ကြာအောင်ခံစားလိုက်ရသည်။ နောက်ဆုံးတော့ ရှောင်ဟွာကို အစင်းလေးရဲ့နောက်ကျောမှာ အနားယူခိုင်းလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် ရှောင်ဟွာ၏ ပခုံးနှစ်ဖက်မှ ပန်းရောင် အတောင်ပံများ ပေါက်ထွက်လာသည်။

၎င်း၏အတောင်ပံများသည် ကြက်တောင်ပံများကဲ့သို့ ကြီးမားပြီး ကြက်ကြော်ဆိုင်များတွင် ပုံမှန်တွေ့ရလေ့ရှိသည်။ ၎င်းတို့သည် အမွေးမရှိ၍ သွေးကြောများကို ဖောက်ထွင်မြင်နိုင်လောက် နီးပါး ဖြစ်နေသည်။

ခဏအကြာတွင် ရှောင်ဟွာနိုးလာပြီး ၎င်း၏ အတောင်ပံများသည် တုန်ယင်နေသည်။

[သားရဲ အမည်] - တောင်ပံပါ တောင်မျောက်ဝံ

[သားရဲ အဆင့်] - အဆင့် ၃၁

[သားရဲ စွမ်းရည်] - ပြီးပြည့်စုံစွမ်းရည်အဆင့်

[သားရဲ အမျိုးအစား] - မြေ/ ရေ

[သားရဲ စွမ်းအင်] - လမ်းလျှောက်ခြင်းစွမ်းအား အဆင့် ၁

[သားရဲ အားနည်းချက်] - အမှောင်

[သားရဲ ဖော်ပြချက်] - တောင်ထူထပ်သော မြေမျက်နှာသွင်ပြင်တွင် နေထိုင်ရန် လိုက်လျောညီထွေရှိသော အတောင်ပံပါ တောင်မျောက်ဝံသည် သက်တမ်းရှည်ပြီး နူးညံ့သိမ်မွေ့သော သတ္တဝါဖြစ်သည်။ အသီးအနှံတွေကို ကြိုက်သည်။ ၎င်းသည် လျှင်မြန်သောခြေဖြင့် တောင်ထူထပ်သော စိမ့်စိမ့်ဒေသများကို လျင်မြန်စွာ ဖြတ်သန်းနိုင်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၃၂ သခင်နှင့် သားရဲ ကြားတွင်ရှိသော အနှောင်အဖွဲ့

အတောင်ပံရှိသော တောင်မျောက်ဝံများသည် အခြားအဆင့်တူ သားရဲများထက် သက်တမ်းပိုရှည်ပုံရသည်။ ကောင်းဖန်သည် တိုက်ခိုက်ရေးစွမ်းရည်နှင့်ပတ်သက်၍ ရှောင်ဟွားထံမှ များစွာမမျှော်လင့်ထားပေ။ အသက်ရှည်ခြင်းသည်လည်း ၎င်းအတွက် ကောင်းမွန်သော လက္ခဏာဖြစ်သည်ဟု သူထင်သည်။

သူတို့သည် နောက်ထပ် ဆယ်ရက်လောက် ခရီးဆက်ကြသည်။ အဝေးမှာ ပင်လယ်ရဲ့ အရိပ်အယောင်ကို မမြင်ရသေးပေမယ့် လေထဲမှာ ဆားနံ့တွေ ရနေပြီး ပင်လယ်နဲ့ ပိုနီးလာပြီ ဖြစ်သည်။

ရုတ်တရက် သူ့ရင်ထဲမှာ မသက်မသာဖြစ်နေတဲ့ခံစားချက်တွေ ပေါ်လာသည်။ ကောင်းဖန်သည် တစ်ခုခုဖြစ်နေပြီဟု ခံစားနေမိသည်။ လှည့်ပတ်ကြည့်လိုက်သော်လည်း ကောင်းကင်ပေါ်မှာ ဘာလှုပ်ရှားမှုမှ မရှိပေ။

ငါကိစ္စတွေကို စိတ်ကူးယဉ်နေတာလား.....သူ ခေါင်းကိုခါလိုက်သည်.....”လာ..... ဆက်သွားကြရအောင်”

…

“မင်းငါ့နောက်ကိုဘာလို့လိုက်နေတာလဲ.... ငါမင်းဆီက ကြက်ဥတစ်လုံးပဲယူလိုက်တာ” ဟု တာ့ဇီက အော်လိုက်သည်။ ၎င်း၏ တောင်ပံများကို လျင်မြန်စွာခတ်လိုက်သော်လည်း မြင်ကွင်းမှ အားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။

ခရမ်းရောင်ဖျော့ဖျော့ပုံစံက ကောင်းကင်ကို ဖြတ်သန်းသွားတဲ့အခါ မိုးခြိမ်းသံက လေထဲမှာ ပြည့်လျှံသွားသည်။

ရုတ်တရက် တာ့ဇီအောက်မှ သမုဒ္ဒရာထဲတွင် လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။ ငွေရောင်ဆူးတောင်သည် ဓားသွားကဲ့သို့ မျက်နှာပြင်ကို ဖြတ်ပြီး နိုးလာသောအခါတွင် ရေများကိုလှုပ်ခတ်သွားစေသည်။

ထိုအရာသည် တာ့ဇီလိုပင် ရေကူးတာမြန်သည်။ လှိုင်းလုံးများအောက်တွင် သွယ်လျသော အရိပ်တစ်ခုကို မြင်နိုင်သည်။ ပြင်းထန်သော ရေစီးကြောင်းများက ၎င်းကို လှည့်ပတ်နေသည်။ ဝေးဝေးသို့ ကူးခတ်သွားသောအခါတွင် ရေလှိုင်းများ ပေါ်လာသည်။

“ငါ့နောက်ကို လိုက်နေတာ ရပ်လိုက်ပါ...... မင်းရဲ့ဥကို ငါပြန်ပေးနေပြီမဟုတ်လား...” တာ့ဇီတောင်းပန်လိုက်သည်။

လှိုင်းလုံးများအောက်ရှိ သားရဲသည် ကြားလိုက်ရသကဲ့သိုပင် မယုံနိုင်လောက်အောင် နှေးကွေးသွားသည်။ ထိုအချိန်တွင် သမုဒ္ဒရာသည် ဒေါသအမျက်ထွက်နေပုံရသည်။ နောက်တစက္ကန့်တွင် ငွေရောင်ငါးမန်းနှင့်တူသော ဆူးတောင်မှာ ရေမျက်နှာပြင်ပေါ်တွင် ပေါက်ကွဲထွက်လာသည်။

ရေများဖွာကျလာပြီး စက္ကန့်ပိုင်းလေးအတွင်းမှာပင် လှိုင်းလုံးကြီးများ လေထဲသို့ တက်လာသည်။

ကြီးမားသောလှိုင်းလုံးကြီးများကြား ပေ ၃၀၀ ခန့်ရှည်လျားသော ငွေရောင်မြွေနဂါးတစ်ကောင်သည် ကျယ်လောင်စွာဟိန်းဟောက်နေပြီး ၎င်း၏နောက်ကျောတွင် အတောင်ပံများဖြင့် စီတန်းထားသည်။ အနှစ်တစ်ထောင်သက်တမ်းရှိ သမုဒ္ဒရာနတ်ဘုရားတစ်ဆူသည် သမုဒ္ဒရာမှ ပေါ်ထွက်လာပြီး သမုဒ္ဒရာအပေါ် နှိပ်စက်မှုကြောင့် မြေမျက်နှာပြင်ကမ္ဘာအပေါ် အပြစ်ဒဏ်ပေးမည်ဟု ခြိမ်းခြောက်နေသကဲ့သို့ပင်။

လှိုင်းလုံးကြီးများမှ အထူအပါးအမျိုးမျိုးရှိသော ရေများ ထွက်လာသည်။ ၎င်းတို့တစ်ခုစီသည် အနည်းဆုံး ၁၆ ပေရှည်ပြီး ၎င်းတို့တွင် ချိတ်တစ်ခုဖြင့် ချိတ်ထားပြီး အခြားတစ်ဖက်တွင် လူ့လက်ကဲ့သို့ ထူထပ်သော ရေကြိုးကြိုးမှတစ်ဆင့် သမုဒ္ဒရာမျက်နှာပြင်နှင့် ချိတ်ဆက်ထားသည်။

သူတို့ရဲ့ အမှတ်အသားတွေကို ထိလိုက်တာနဲ့ ဒီရေချောင်းတွေဟာ အသက်ဝင်နေသရွေ့ သူတို့ဆီကို တွယ်ကပ်နေလိမ့်မည်ဖြစ်သည်။ နဂါးတောင်မှ သူတို့ကို မဆွဲထုတ်နိုင်ပေ။ ရေဖြင့်ပြုလုပ်ထားသော်လည်း ၎င်းတို့သည် အလွန်ခိုင်မာပြီး ခံနိုင်ရည်ရှိသည်။

ရေဆူးများသည် လေထဲတွင်ရှုပ်ရှပ်ခတ်နေပြီး ရေပေါ်တွင်ပိတ်ဆီးလုနီးပါးပုံစံပေါ်နေသည်။ ငွေရောင်ဆူးမြွေနဂါးသည် သူ့ကိုယ်သူ ပြင်းထန်သောလှိုင်းလုံးများဖြင့် ဝန်းရံလိုက်ပြီး တာ့ဇီနောက်ကို ဆက်လက်လိုက်နေသည်။ ၎င်း၏ ဒေါသသည် ထင်ထင်ရှားရှား ဖြစ်နေသည်။

ယခုတော့ သူ့အသက်အတွက် ကြောက်ရွံ့ကာ တာ့ဇီသည် အတောင်ပံများကို သူ့ဘဝတွင် ရှိခဲ့ဖူးသည်ထက် မြန်မြန်ခတ်လိုက်ကာ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လျှပ်စစ်များ ပိုမိုပြင်းထန်လာသည်။ ယခုအခါတွင် ၎င်းသည် အလွန်လျင်မြန်စွာ ပျံသန်းနေပြီး အနောက်မှ ဝင်လာသော ရေချောင်းများကို ကျဉ်းမြောင်းစွာ ရှောင်တိမ်းနေသည်။

ယုန်တစ်ကောင်တောင်ခြိမ်းခြောက်ခံရရင်ပြန် ကိုက်လိမ့်မည် ကင်းခြေများ နဂါးဆိုရင် ဖော်ပြစရာမလိုပေ။

တာ့ဇီသည် ၎င်း၏ အတောင်ပံများကို တတ်နိုင်သမျှ ခက်ခက်ခဲခဲ ခတ်ရင်း‌ ၎င်း၏ နှလုံးသားမျက်လုံး စွမ်းရည်ဖြင့် အာရုံမစိုက်မီ ငွေရောင်မြွေနဂါးကို သူ လှည့်ကြည့်လိုက်သည်။

အေးစက်ပြီး သေစေတတ်သော အသံတစ်ခုက တာ့ဇီ၏ ခေါင်းထဲတွင် ကျယ်လောင်လာပြီး “အဲ့ဒါကိုစားရမှာပေါ့..... စားရမယ်!” ဟု အော်ဟစ်နေသည်။

တာ့ဇီ မျက်တောင်ခတ်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ငါကအစားအသောက် မဟုတ်ဘူး.. ဒီကမ္ဘာမှာ ငါက ကြောက်စရာ ဘာတစ်ခုမှ မရှိဘူး.... ငါ မစားနိုင်တဲ့ အရာမရှိဘူး..

တာ့ဇီသည် ၎င်း၏ နှလုံးသားမျက်လုံးစွမ်းရည်ကတစ်ဆင့် ငွေရောင်မြွေနဂါး လက်ရှိခံစားနေရသော ဒေါသကိုကိုယ်စားပြုနေသည့် ကြက်သွေးရောင်မီးလျှံများဖြင့် လွှမ်းခြုံထားသည်ကို တွေ့မြင်လိုက်ရသည်။ တာ့ဇီအတွက် အခြားသားရဲများ၏ ခံစားချက်ကို ဖယ်ထုတ်ခြင်းသည် ကလေးထံမှ သကြားလုံးယူခြင်းကဲ့သို့ လွယ်ကူသည်။

သူသည် မြွေနဂါးကို အာရုံစူးစိုက်မှုပြုလိုက်သည်။

မြွေနဂါး၏ပတ်ပတ်လည်တွင် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။ ၎င်းကိုဝန်းရံထားသည့် ကြီးမားလှသော လှိုင်းလုံးကြီးများနှင့် အတူ သမုဒ္ဒရာထဲသို့ ပြန်လည်နစ်မြုပ်မသွားခင် ၎င်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ လှုပ်ခါသွားပြီး အကြိမ်အနည်းငယ် လှည့်ပတ်လိုက်သည်။

သူသည် အတန်ကြာအောင် ငြိမ်သက်နေသော ရေပြင်ပေါ်သို့ ကျဆင်းသွားသည်။ ထို့နောက် သတိမမူဘဲ မြွေနဂါးသည် နက်နဲရာအရပ်မှ ထွက်ပေါ်လာပြီး အသစ်တဖန် အားမာန်ဖြင့် ဆက်လက် ကြိုးပမ်းနေသည်။

တာ့ဇီသည် ၎င်းနောက်မှ လိုက်လံတိုက်ခိုက်နေသူ ဆင်းသက်သွားသောအခါ အနည်းငယ်နှေးကွေးသွားသည်။ အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ပျံသန်းရာတွင် အခက်အခဲမရှိပေ။ တစ်ခုတည်းသောပြဿနာမှာ ၎င်းမှာ အလွန်ပင်ပန်းနေခြင်း ဖြစ်သည်။ နောက်ဆုံးတော့ အနားယူနိုင်မယ်လို့ တွေးလိုက်ချိန်မှာ သူ့ရဲ့အမြီးက ရုတ်တရက် ရပ်သွားသည်။ လှည့်ကြည့်လိုက်တော့ ငွေရောင်မြွေနဂါးက နောက်တစ်ကြိမ် လိုက်လာနေတာကို တွေ့လိုက်ရသည်။

တာ့ဇီသည် အရှိန်အဟုန်ဖြင့် နောက်သို့လှည့်ကာ အရှိန်အဟုန်ဖြင့် ရှေ့သို့ တွန်းထွက်လိုက်သည်။ ဘာကြောင့် ပိုနီးလာပြန်တာလဲ...

ယခု တာ့ဇီသည် ထိတ်လန့်သွားသည်။ သူသည် ငွေရောင်မြွေနဂါး၏ အမဲလိုက်ခြင်းကိုခံနေရပြီး လေထဲသို့ အရှိန်ပြင်းပြင်းဖြင့် အော်ဟစ်လိုက်သည်။ တာ့ဇီသည် ၎င်း၏နောက်လိုက်ခံရရန် ရည်ရွယ်ချက်မရှိပေ။ နောက်ဆုံးစွမ်းအားသည် ၎င်း၏မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားပြီဖြစ်သည်။ ဒီလောက်ဆိုးဆိုးရွားရွား တစ်ခါမှ မကြုံဖူးဘူး..သေစေလောက်တယ်..

နောက်သုံးရက်အတွက် ငါ့အစာတွေနဲ့ ကျိန်ဆိုပါတယ်.... ဒီမြွေကြီးဟာ ငါတွေ့ဖူးသမျှထဲမှာ အစွမ်းထက်ဆုံး သတ္တဝါဆိုတာ သေချာပါတယ်...... တာ့ဇီတွေးမိသည်။

နောက်သုံးရက်ကြာအောင်ငွေရောင်မြွေနဂါးက တခဏတာမျှ ရပ်နားခြင်းမရှိဘဲ လိုက်လာသည်။ ဒီအချိန်အားလုံးအတွက် သူသည် အစားအသောက် စားဖို့တွေအားလုံးကို စွန့်လွှတ်လိုက်ရသည်။

……

“အနက်ရောင်မြူခိုးကမ္ဘာနဲ့ ငါတို့ကမ္ဘာကြားက တကယ့်ကို ကွာခြားမှုမရှိဘူးထင်တယ်” ကမ်းခြေမှာရပ်နေတဲ့ ကောင်းဖန်က ခေါင်းခါလိုက်သည်။ ပင်လယ်ပြင်ကနေ တောင်နှစ်လုံးလောက်တော့ အနည်းဆုံးရှိမည်ဟု သူထင်ခဲ့သည်။ ရေသည် ကမ္ဘာမြေပေါ်ရှိ ပင်လယ်ကဲ့သို့ ကြည်လင်နေမည်ဟု သူ မမျှော်လင့်ထားပေ။

သို့သော်လည်း သူ့ရှေ့က ပင်လယ်သည် အုံ့မှိုင်းနေသော အနီရောင်နေရောင်အောက်တွင် အနီရောင်ဖျော့ဖျော့ တောက်ပနေပုံမှာ ကမ္ဘာမြေပေါ်ရှိ ပင်လယ်နှင့် အနည်းငယ်ကွာခြားသွားသည်။

ရေတွေ လျှံတက်လာပြီး ပြန်လျှောကျသွားသည်။ ကဏန်းနှစ်ကောင်သည် သဲထဲမှ တွားသွားကာ ၎င်းတို့၏ လက်မများကို လေထဲတွင် အန္တရာယ်ပြုမည့်ဟန် ချိုးထားသည်။ ၎င်းတို့၏ အပြာနုရောင် အခွံများကို အဖြူရောင် အစင်းကြောင်းများဖြင့် ထွင်းထုထားသည်။ အနီးဆုံးကဏန်းတစ်ကောင်က သူ့ရဲ့ဘယ်ဘက်လက်မနဲ့ သဲလက်တစ်ဆုပ်စာလောက်ကို တူး ပြန်ဆွဲထုတ်လိုက် ပြီး ဂိုဒီကို သဲတွေနဲ့ ပစ်ပေါက်သည်။

ဂိုဒီက ကဏန်းကို စိုက်ကြည့်နေသည်။

ဂိုဒီ၏ စူးစူးရဲရဲ တောက်လောင်နေသော အကြည့်ကြောင့် ကဏန် သည် ဘဲ၏ခြေထောက်များပေါ် သို့ ပြေးတက် သွားပြီး ၎င်း၏ လက်မဖြင့် ဖမ်းဆီးလိုက်သည်။

ဂိုဒီသည်ဒေါသထွက်သွားသည်။ အခုမင်းတော့ သွားပြီ..... ကဏန်း၏လက်မကို ဆုပ်ကိုင်လိုက်ကာ ဂိုဒီသည် ၎င်းကို လက်ထဲတွင် ညှစ်လိုက်သောအခါ ပျော့အိအိလေး ဖြစ်သွားသည်။

သူ့ရှေ့မှရှုခင်းကို ကြည့်နေရင်း ကောင်းဖန်၏ ခေါင်းထဲတွင် သနားစရာ ညည်းညူသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“ဗိုက်ဆာတယ်…ဗိုက်ဆာတယ်…”

ကောင်းဖန်သည် ခဏတုံ့ဆိုင်းသွားသည်။ သူ့အောက်မေးရိုးကို ဖုံးထားတဲ့ မုတ်ဆိတ်မွေးငုတ်တိုကို ပွတ်နေပြီး တာ့ဇီကို ငါအရမ်း လွမ်းနေလို့ အခုဘယ်သွားသွား သူ့ရဲ့အသံကိုကြားနေရတာလား ဟု တွေးနေမိသည်။

“အိုး...သနားစရာ တာ့ဇီလေး....မင်းဘယ်ရောက်နေတာလဲ....” ကောင်းဖန်က ခေါင်းယမ်းပြီး သက်ပြင်းချရင်း ပြောလိုက်သည်။

“ဝမ်းမနည်းပါနဲ့ ကောင်းဖန်.....တာ့ဇီက ကံကောင်းတဲ့ကင်းခြေများပဲ သူအားလုံးအဆင်ပြေနေမှာပါ..” ဟု ဖလိန်မီက ကောင်းဖန်ကို သူ့ရဲ့ နောက်ကျောကို တောင်ပံတစ်ဖက်နဲ့ ပုတ်ပြီး နှစ်သိမ့်ပေးနေသည်။

“မှန်တယ်....တာ့ဇီက အရမ်းတုံး.... ထက်မြက်တယ်.... အခုအချိန်မှာ သူ့ဘဝရဲ့အချိန်ကောင်းကို ပိုင်ဆိုင်ရမှာပါ” ဟု ဂိုဒီက ကြွေးကြော်နေသည်။

သူ့သားရဲတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲကြသည်။ သူတို့အားလုံး ကောင်းဖန်ကို သစ္စာစောင့်သိသော်လည်း တာ့ဇီအတွက် တူညီသည်ဟု မပြောနိုင်ပေ။ နောက်ပြီး သူတို့ဆက်နွယ်မှုမှာ ကောင်းဖန်သည် သူတို့၏သခင်ဖြစ်နေစဉ် ကောင်းဖန်နှင့် တာ့ဇီမှာ ကောင်းမွန်သော ဆက်ဆံရေးသာရှိသောကြောင့်လည်း ဖြစ်နိုင်သည်။

တာ့ဇီနဲ့ ရင်းနှီးတဲ့ တခြားသားရဲတွေကတော့ အစင်းလေးနှင့် ဆီလီတို့ ဖြစ်သည်။ သို့သော် ကျောရိုးမဲ့ဖြစ်သော ဆီလီသည် ၎င်း၏ဖျော်ရည်ပုံးများမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။

“အဲဒါက ကောင်းဖန်ကြောင့်ပဲ.....သူဘာလို့ငါ့ကိုဘာလို့လာမရှာတာလဲ..... ငါ့ဘာသာငါ ဒီနေရာကနေထွက်သွားဖို့ သူ့မျော်လင့်တာလား..” ကောင်းဖန်၏ ခေါင်းထဲတွင် အသံထွက်လာပြန်သည်။

ကောင်းဖန်က မျက်မှောင်ကြုတ်ပြီး ဒါကိုဘယ်လုပ်ရမှန်းမသိဘူးဖြစ်နေသည်။

All Chapters