← Chapters

အခန်း (၅၃၃-၅၃၆)

Vol. 34 Ch. 533-536

အခန်း (၅၃၃-၅၃၆)

Vol. 34 Ch. 533-536

အခန်း ၅၃၃ ပြန်လည်ဆုံစည်းခြင်း

တာ့ဇီသည် ကောင်းဖန်နှင့် အချိန်အတော်ကြာ ခွဲခွာခဲ့ရပြီးနောက် လွတ်လွတ်လပ်လပ် ပြောလေ့ရှိပြီး မည်သူမျှ မကြည့်ဘဲ ဝုန်းဒိုင်းကြဲနေသည့် ကလေးတစ်ယောက်လိုပင်။

သူ့အကြောင်း ကောင်းဖန်နားမှာ ကြားရဖို့ ပြောနေတာ မဟုတ်ချေ။

သခင်များနှင့် သားရဲ နှစ်ဦးစလုံးသည် သွေးစာချုပ်တစ်ခုမှတစ်ဆင့် အချင်းချင်း ဆက်သွယ်နိုင်သည်။ ၎င်းအတွက် တစ်ခုတည်းသော အားနည်းချက်မှာ အကန့်အသတ်ရှိသော ဆက်သွယ်မှုအကွာအဝေးဖြစ်သည်။ နှစ်ဖက်စလုံးသည် ၎င်းတို့၏ သွေးစာချုပ်မှတစ်ဆင့် ဆက်သွယ်ရန်အတွက် သတ်မှတ်ထားသော အကွာအဝေးအတွင်း ရှိနေရန် လိုအပ်သည်။

ကောင်းဖန်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ယခု သူ့ခေါင်းထဲတွင် တာ့ဇီ၏ အသံကို ကြားနေရသည်။ ဒါကနီးနေပုံပဲ.. စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက်တွင် မတူညီသောသားရဲအမျိုးအစားများသည် ကွဲပြားသော ဆက်သွယ်မှုအပိုင်းများရှိကြောင်း သူတွေ့ရှိခဲ့သည်။

အစပိုင်းတွင် သားရဲ၏ စွမ်းအား အဆင့်ဖြင့်ဆုံးဖြတ်သည်ဟု သူယူဆခဲ့သော်လည်း ဤအရာသည် သေချာပေါက်မဟုတ်ကြောင်း နောက်ပိုင်းတွင် သူသဘောပေါက်လာသည်။

တစ်ကြိမ်မှာတော့ စမ်းသပ်မှုတစ်ခုအတွင်း သူ၏သားရဲမှ အဆင့်အသစ်သို့ တိုးမြှင့်ခံရပြီး ဝိညာဉ်ရေးရာတုံ့ပြန်ချက်ရရှိစေခဲ့သည်။ နောက်ပိုင်းတွင် ကောင်းဖန်သည် သူနှင့် အဆင့်မမြင့်သေးတဲ့ သားရဲတွေကြားက ဆက်သွယ်ရေးအကွာအဝေး တိုးလာသည်ကို တွေ့ရှိခဲ့ရသည်။

သခင်နှင့်သားရဲ နှစ်ဦးစလုံး၏ ဝိညာဉ်ခွန်အားသည် ဆက်သွယ်ရေးအကွာ အဝေးတိုးလာမှု၏ နောက်ကွယ်မှ အဆုံးအဖြတ် ပေးသည့် အချက်ဖြစ်သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ကိုယ်ပိုင်စမ်းသပ်မှုများကို ပြုလုပ်ပြီးနောက် ကောင်းဖန်သည် သခင်နှင့်သားရဲများ၏ ဝိညာဉ်များကြားမှ သွေးစာချုပ်တစ်ခုမှတစ်ဆင့် ဆက်သွယ်ခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်လိုက်သည်။ နှစ်ဖက်စလုံး၏ ဝိညာဉ်ရေးအရ အားကောင်းလေလေ ၎င်းတို့၏ စိတ်လှိုင်းအလျားများကို ကျယ်ပြန့်လေလေ ဖြစ်သည်။

နှစ်ဖက်စလုံး၏ ဝိညာဉ်များသည် အချင်းချင်း ထပ်နေမှသာလျှင် သွေးစာချုပ် ဆက်သွယ်ရေးကို ထူထောင်နိုင်မည်ဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် သူသည် ယခု သူ့ခေါင်းထဲတွင် တာ့ဇီ၏အသံကို ကြားနိုင်သည်ဆိုသောအချက်မှာ ၎င်းတို့၏ ဝိဉာဉ်အစွမ်းများသည် ထိုအချိန်တွင် ထပ်နေသောကြောင့်ဖြစ်သည်။

ကောင်းဖန်က သက်ပြင်းချလိုက်သည်။ အသက်ရှင်နေသေးတာကို ကျေးဇူးတင်ပါတယ်...

တာ့ဇီ သည် ၎င်း၏သွေးစာချုပ်မှတဆင့် ဆဲဆိုနေခြင်းဖြစ်သည်။ ကြောက်စရာကောင်းတဲ့ သခင် ကောင်းဖန်အကြောင်းကို ပြောနေစဉ်မှာပဲ နောက်ပရုတ်တရက် ခေါင်းထဲမှာ ပြောလာသည်။ “မင်းဘယ်မှာလဲ....”

တာ့ဇီက လန့်ပြီး အော်လိုက်သည်။

စက္ကန့်များ တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီးနောက် တာ့ဇီသည် ဘဲတစ်ကောင်က ၎င်း၏လည်ပင်းကို ဖမ်းဆုပ်ထားသကဲ့သို့ ကောင်းဖန်၏ ဦးခေါင်းတွင် ထူးဆန်းသော အော်ဟစ်သံများကို စတင်ပြုလုပ်လိုက်သည်။

“ကောင်း....ကောင်း...ကောင်း...ကောင်းဖန်...မင်းဘယ်မှာလဲ....ကောင်းဖန်....ငါနင့်ကိုအရမ်းလွမ်းတာပဲ.....”

“ငါ့ကို လာကယ်ပါ ကောင်းဖန်....လွန်ခဲ့တဲ့ လေးရက်လောက်ထဲက ဒီသန်ကောင်ကြီးက ငါ့ကို လိုက်ဖမ်းနေတာပဲ...” ဟု ၎င်းက ငိုရှိုက်ရင်းပြောနေသည် ။

ကောင်းဖန်က ဒါကို ဘယ်လိုတုံ့ပြန်ရမလဲ မသိပေ။ “မင်း အခု ပင်လယ်ထဲက ထွက်နေတာလား” သူကမေးလိုက်သည်။ ချို့ယွင်းချက်များစွာရှိသော်လည်း ကောင်းဖန်သည် တာ့ဇီကို အန္တရာယ်ပြုစေမည့် နည်းလမ်းကိုတော့ ခွင့်ပြုမည်မဟုတ်ပေ။

“ဟုတ်တယ်… မင်းလည်း ငါ့လို သမုဒ္ဒရာထဲမှာ သောင်တင်နေတယ်လို့ ငါထင်နေတယ်” ဟု ကလန်ကဆန်နဲ့ ပြန်ပြောလိုက်သည်။ “ဒီမှာ ကုန်းမြေဘယ်နားမှာရှိမှန်းတောင် ငါမသိဘူး..ဘယ်လမ်းကြောင်းကို ပျံရမှာလဲ”

ကောင်းဖန်က ခဏလောက် စဉ်းစားနေသည်။ ရေထဲတွင် သိသာထင်ရှားသော အထင်ကရနေရာများမရှိသလို ကမ်းခြေနားတွင် တောင်များလည်းမရှိပေ။ တာ့ဇီကို သူ မမြင်နိုင်သေးသောကြောင့် ကမ်းနှင့်ဝေးနေသေးသည်ဟု သူထင်လိုက်သည်။

သို့သော် သူ့တွင် ရွေးချယ်ခွင့် လုံးဝမရှိဟု မဆိုလိုပေ။

“မင်းကို တစ်ခုလောက်မေးပါရစေ... အခုလေးတင် မင်းငါ့ကို အပုပ်ချနေတာ ဘယ်လောက်ကြာနေပြီလဲ” ဟု ကောင်းဖန်က မေးလိုက်သည်။

တာ့ဇီသည် မေးခွန်းကြောင့် စိတ်ရှုပ်သွားပြီး မူပိုစွာပြောလာသည်။ “ဘာလဲ… နင့်ရဲ့နောက်ကွယ်မှာ ငါ ဘာမှမပြောပါဘူး..... ငါဘယ်လို လုပ်နိုင်မှာလဲ... နင်နားကြားမှားတာဖြစ်မယ်….. နင့်ခေါင်းထဲမှာ ကြားနေရတာ ဂိုဒီဖြစ်နိုင်တယ်..... ငါသွားတုန်းက သူ ငါ့အကြောင်း ဘာပြောသေးလဲ....”

“ငါ မင်းကို ထပ်မေးမှာ မဟုတ်ဘူး..... လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ထဲက ငါ့ကို အပုပ်ချနေတာမလား.....” ဟု ကောင်းဖန်က အေးအေးဆေးဆေး မေးလိုက်သည်။

တာ့ဇီထံတွင် နားမလည်နိုင်သော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထို့နောက်တွက် ကွတ်ကီးဘူးထဲမှာ လက်နဲ့အတူဖမ်းမိခံရသည့် ကလေးတစ်ယောက်ကဲ့သို့ပင် “ကောင်းပါပြီ ငါမင်းကို အမြဲတမ်းတော့ အပုပ်မချပါဘူး... တခါတစ်လေ ငါနားချိန်ယူသေးတာ... မင်းသိပါတယ်” ဟု ပြောလိုက်သည်။

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “ဒါဆို ရှေ့ကို ဆက်ပြီး ပျံသန်းလာလိုက်..... မကြာခင် ကုန်းမြေကိုတွေ့ရလိမ့်မယ် .... မင်းနောက်ကလိုက်နေတာ ဘယ်လိုသားရဲအမျိုးအစားလဲ.... ပျံသန်းတဲ့အမျိုးအစားလား... ရေအမျိုးအစားလား”

“ရေအမျိုးအစားပါ.. ဧရာမ ငွေရောင်သန်ကောင်ကြီး...”

“သန်ကောင်လား?.... ပင်လယ်ထဲမှာလေ...” ကောင်းဖန်က ရေရွတ်လိုက်သည်။

“ဒါဆို မင်း တတ်နိုင်သလောက် မြန်မြန် ပျံသန်းတာ ပိုကောင်းလိမ့်မယ်....မင်းနောက်လိုက်တဲ့သူရဲ့ စွမ်းအားအဆင့်က ခြောက်သွေ့နေတဲ့ ကုန်းမြေမှာ သိသိသာသာကို အကန့်အသတ်ရှိလိမ့်မယ်.... ကုန်းမြေပေါ်အထိ လိုက်ရှာရအောင် မတုံးလောက်ဘူးလို့ ငါထင်တယ်” ဟု တာ့ဇီကို နှစ်သိမ့်ရန် ပြောလိုက်သည်။

တာ့ဇီသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း အနားယူစရာ နေရာမရှိဘဲ ရေမှလွဲ၍ ဘာမှမရှိသောကြောင့် စိုးရိမ်စပြုလာသည်။ သူသည် အတောင်ပံများ စတင် နာကျင်လာသည်။ အခုတော့ နောက်ဆုံးတွင် ရပ်တန့်သွားရတော့မည်။

ဤနေရာ သမုဒ္ဒရာထဲ၌ သူ့နောက်က လိုက်နေသူကို နိုင်ရန် အခွင့်အရေးမရှိပေ။ သို့သော်လည်း ခြောက်သွေ့သောကုန်းမြေသို့ ရောက်သည့်အခါ စားပွဲများလှန်သကဲ့သို့ အနိုင်ရနိုင်သည်။ တာ့ဇီသည် အရင်လို မစိုးရိမ်တော့ပေ။ ၎င်း၏ကိုယ်ပိုင်အမြန်နှုန်းကို ယုံကြည်မှုရှိပြီး ၎င်းနောက်မှ ငွေရောင်ပင်လယ်မြွေနဂါးကို ကဲ့ရဲ့စပြုလာသည်။

၎င်းသည် ၎င်း၏အမြန်နှုန်းကို ကြိုက်သလိုပြောင်းလဲနိုင်သည်၊ တစ်ခါတစ်ရံတွင် ရေနှင့်နီးကပ်စွာ နှိမ့်ချကာ ပုစဉ်းတစ်ကောင်ကဲ့သို့ ၎င်း၏ခြေထောက်များကို ရေထဲတွင်နှစ်ထားလိုက်သည်။ ဒါက ငွေရောင်မြွေနဂါးကို ပိုပြီးဒေါသထွက်လာစေသည်။

ကောင်းဖန်က သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။ သူ့အနားတွင်ရှိသော အစင်းလေးက “တာ့ဇီလား သခင်” ဟု အသံတိုးတိုးဖြင့်မေးသည်။

“ဟုတ်တယ် တာ့ဇီ.... နောက်ဆုံးတော့ ငါတို့တွေ့ပြီ...”

“ဒါအရမ်းကောင်းတယ်” အစင်းလေးသည် သခင်အတွက် စိတ်ရင်းအမှန်ဖြင့် ပျော်ရွှင်နေသည်။ “ဒါဆို တာ့ဇီဆီ သွားရအောင်” ဟု စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“တာ့ဇီက သမုဒ္ဒရာထဲမှာ ရှိနေသေးတယ်..... အခု သူဘယ်ရောက်နေမှန်း ငါမသိသေးဘူး.. ဒါကြောင့် တချိန်လုံး ပျံသန်းနေတာ ဘယ်လမ်းကြောင်းမှန်း မသိပေမဲ့ ငါ့ရဲ့ ဆက်သွယ်မှုအကွာအဝေးထဲကို ဝင်နိုင်တဲ့အတွက် တည့်တည့် ပျံသန်းလာဖို့ ပြောလိုက်တယ်... ဒါက ကမ်းခြေဘက်ကိုဦးတည်လာတာဖြစ်နိုင်တယ်....မင်းတို့အားလုံး အားပေးကြဦး....တာ့ဇီကို ဒီနည်းနဲ့ အမြန်ရှာတွေ့မှာပါ”

“ဒုတိယကလေး မင်းမျက်လုံးတွေကိုဖွင့်ထားဦး... မင်းက ငါတို့အားလုံးထဲမှာ မျက်လုံးအကောင်းဆုံးပဲ…” ကောင်းဖန်က ခေါင်းကိုကုတ်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့်သူ့ဆီက ဒီစကားထွက်လာသည်။ “ဘာပဲဖြစ်ဖြစ် သတိထားကြည့်လိုက်ပါ။ မင်းအရင်က တာ့ဇီကို မမြင်ဖူးပေမယ့် မင်းချက်ချင်းမှတ်သိနိုင်မယ်ဆိုတာ ငါသေချာတယ်....နောက်ကျောမှာ အတောင်နှစ်စုံရှိတဲ့ မကြီးမငယ်ကင်းခြေများကြီးကို မြင်ယောင်ကြည့်လိုက်...”

ဒုတိယကလေးက ခေါင်းညိတ်လိုက်သည်။ “သူ့မှာ အတောင်ဘယ်နှစ်စုံလောက်ရှိလဲ”

“အဲ… သုံးစုံ ဖြစ်နိုင်တယ်” ကောင်းဖန်က မသေချာမရေရာ ဖြေသည်။ “ဝေးနေချိန်မှာ ဒီထက်လည်းပိုများလာနိုင်တယ်”

တာ့ဇီရဲ့ခန္ဓာကိုယ်က ဘာကို စွမ်းဆောင်နိုင်တယ်ဆိုတာ ကောင်းဖန်သိသည်။ ဒီအတောအတွင်း အတောင်ပံအနည်းငယ် ထပ်ပေါက်ခဲ့မယ်ဆိုရင်တောင် မထူးဆန်းပေ။

နောက်နာရီဝက်လောက်ကြာတော့ ကောင်းဖန်က တာ့ဇီကိုလမ်းကြောင်းမှန်ပေါ်ရောက်အောင် အဆက်အသွယ်လုပ်နိုင်လိုက်သည်။

“ကောင်းဖန်.. ငါကမ်းခြေကိုမြင်ရတယ်” ဟု တာ့ဇီက ဝမ်းသာအားရပြောသည်။

“ဒါဆို ဒီကို မြန်မြန်လာ” ကောင်းဖန်က ပြောလိုက်သည်။ တာ့ဇီရဲ့ အရိပ်အယောင်ကို ရှာဖွေဖို့ သူ၏သားရဲများကို အထူးသဖြင့် ဒုတိယကလေးကို အမိန့်ပေးထားသည်။

ဒုတိယကလေးသည် တာ့ဇီကိုရှာဖွေဖို့ ဖလိန်မီ၏နောက်ကျောပေါ်၌ ချိတ်ထားပြီး လေထဲသို့ပျံတက်သွားသည်။ ၎င်း၏ ရှေ့ခြေသည်းများက ဖလိန်မီ၏အတောင်ပံများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ၎င်း၏မျက်လုံးများက ကားရှေ့မီးများကဲ့သို့ ပြူးကျယ်နေသည်။

“သခင် ကျွန်တော်မြင်ရတယ်....ညာဘက်မှာ… မြွေကြီးတစ်ကောင်က လေထဲမှာပျံနေတယ်” ဟု ဒုတိယကလေးက ပြောသည်။ သူ့နောက်ကျောမှာ တောင်ပံတွေ ဘာကြောင့် အများကြီးရှိနေတာလဲ.... သူ့နောက်ကျောကနေ အတောင်ပံတွေ ဘယ်လောက်တောင် ပေါက်နေမှန်းမသိဘူး..

ဖလိန်မီက မီးလုံးကြီးကို လေထဲသို့ ထွေးလိုက်သည်။ တာ့ဇီသည် မီးလောင်ကျွမ်းမှု၏နောက်ကွယ်မှ ဖလိန်မီကို တွေ့ရန် အချိန်မီ လှည့်လာသည်။ ထို့နောက် ဖလိန်မီဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။

ယအရှေ့ဘက်မှကမ်းခြေကိုမြင်သောအခါ ငွေရောင်မြွေသည် အရှိန်လျော့သွားသည်။ သွေ့ခြောက်သောကုန်းမြေတွင် တိုက်ခိုက်ဖို့ ၎င်းသည် အသုံးမ၀င်ပေ။ သမုဒ္ဒရာထဲမှာ ဆက်လိုက်နိုင်ပေမယ့် ကမ်းခြေမှာဆိုတော့...

ငွေရောင်မြွေသည် ကုန်းမြေသို့ ဆက်လက်လိုက်ဖမ်းရန် ဒုတိယအကြိမ် တွေးတောနေချိန်တွင် တာ့ဇီသည် ၎င်း၏သခင်ကို ကမ်းခြေအနီးတွင် တွေ့လိုက်ရသည်။ ကောင်းဖန်ကို မြင်လိုက်ရသဖြင့် အားတက်သရော အတောင်ပံများဖြင့် ပင်လယ်ထဲသို့ လျှပ်စီးကြောင်းများ လွှတ်ချလိုက်ပြီး ပေတစ်ထောင်ပတ်လည်တွင် လျှပ်စစ်ဓာတ်အားများ ထုတ်လွှတ်လိုက်သည်။

တာ့ဇီ၏ မာနကြီးပြီး အင်အားပြမှုသည် ငွေရောင်မြွေကို ဒေါသနှင့် တာ့ဇီတစ်ကိုယ်လုံးကို မျိုချလိုသောဆန္ဒကို ပြန်လည် နိုးထလာစေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၃၄ လျှပ်စီး၏ အမိန့်

ကောင်းဖန်သည် တာ့ဇီကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ တာ့ဇီ၏ မိုက်မဲမှုသာမရှိရင် ဒီမြွေက သူ့ရဲ့လိုက်ဖမ်းနေတာကို စွန့်လွှတ်မှာသေချာသည်။

သူသည် တာ့ဇီကို မော့ကြည့်လိုက်ပြီး သူမြင်လိုက်ရတာကို အံ့သြသွားသည်။ ခြောက်လအတွင်း သူ့နောက်ကျောမှာ အတောင်များစွာ ပေါက်လာတာလား.. ကောင်းဖန်သည် ၎င်းတို့ကို နံပါတ်အတိအကျသိအောင် အကြိမ်အနည်းငယ် ရေတွက်လိုက်ရသည်။ တစ်ဆယ့်နှစ်စုံ...

ကောင်းဖန်သည် အတောင်ဆယ့်နှစ်တောင်ရှိသော တမန်တော်ကို ချက်ချင်းသတိရလိုက်သည်။ သို့သော် သူ့အတွက်တော့ တာ့ဇီ၏ နဂါးအတောင်များသည် တမန်တော်၏ “ခိုတောင်ပံများ” ထက် ပို၍အေးစက်နေပုံရသည်။

“တာ့ဇီ.... ဒီတောင်ပံတွေအားလုံးကို မင်းဘယ်ကရခဲ့တာလဲ” ဂိုဒီက သဘောကျနေသည် ။

တာ့ဇီက ၎င်းကိုလက်သီးတစ်ချက်ထိုးလိုက်ပြီး ပြောလိုက်သည်။ “ငါကောင်းဖန်ကို လိုက်ရှာနေတာ တစ်နှစ်ခွဲရှိပြီ... နောက်ဆုံးထွက်လမ်းကို ရှာတွေ့တော့ သမုဒ္ဒရာအလယ်မှာ အဆုံးသတ်သွားတယ်....အပြင်ကိုထွက်လာထဲက ထမင်းတစ်နပ်မှ မစားခဲ့ရသေးဘူး” ဟု ကောင်းဖန်ရှေ့မှာ အတတ်နိုင်ဆုံး သနားစရာကောင်းအောင်ကြိုးစာပြီး တာ့ဇီပြောလိုက်သည်။ “သမုဒ္ဒရာထဲက အစာရှာဖို့ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ မင်းသိလား”...

“သတိထား တာ့ဇီ” တာ့ဇီကို အကာအကွယ်ပေးရန်အတွက် အစင်းလေးသည် ခြေထောက်အပေါ်တင်လိုက်သောအခါ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။ ယခုအခါတွင် ၎င်းသည် ကောင်းဖန်နှင့် အခြားသူများရှေ့တွင် ငွေရောင်မြွေ၏ တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ တောင်ကြီးတစ်ခုကဲ့သို့ပင် ရပ်နေသည်။

လေးလံသော အသက်ရှုသံက လေထဲတွင်ပြည့်နေသည်။ ၎င်းတောင်ကဲ့သို့ခန္ဓာကိုယ်မှ ကမ်းခြေပေါ်သို့ မီးတောက်များ ရွာချလာသည်နှင့်အမျှ ၎င်း၏ ဦးခေါင်းထက်တွင် တိမ်မဲများ ဝေ့ဝဲနေသည်။

[သားရဲ အမည်] - ဘေးအန္တရာယ် တောင်ပင့်ကူ

[သားရဲ ဖော်ပြချက်] - အနည်းငယ် ထိခိုက်ထား

ကောင်းဖန်က မျက်ခုံးပင့်လိုက်သည်။ ၎င်း တစ်ကြိမ်တည်း တိုက်ခိုက်ခြင်းဖြင့် အစင်းလေးကို ထိခိုက်နိုင်သည်။ ဒီမြွေက ဘယ်လောက် တောင် သန်မာတာလဲ...

အစင်းလေး၏ကိုယ်ခန္ဓာသည် စတင်ကြီးထွားလာသည်။ ၎င်း၏ အလေးချိန်ကို မခံနိုင်တော့ဘဲ ခြေဖဝါးအောက်ရှိ မြေကြီး အက်ကွဲသွားသည်။ ပင်လယ်ရေသည် အနီးတစ်ဝိုက်သို့လွှမ်းမိုးသွားသည်။ တခဏချင်း အစင်းလေး၏ ခန္ဓာကိုယ်သည် ကမ်းခြေ တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ့အောက်ရှိ ငွေရောင်မြွေကို ချက်ခြင်း ကိုက်ပစ်လိုက်သည်။

မြွေ၏တောင်ကဲ့သို့ ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားသောအက်ကွဲကြောင်းကို မြင်တွေ့နိုင်သည်။ အနည်းဆုံး ပေ ၁၀၀ နက်ပြီး ပေ ၃၀၀ ကျော် ကျယ်သည်။ ဤကဲ့သို့သော ဒဏ်ရာမျိုးသည်မည်သည့်သားရဲမှ မရှင်သန်နိုင်ပေ။ သာမာန်အရွယ် အစင်းလေးသည်ပင် ဤသို့ပြင်းအား၏ဒဏ်ရာကို လျစ်လျူရှုနိုင်မည်မဟုတ်ပေ။

ငွေရောင်မြွေသည် နောက်တွင် တုန်လှုပ်မှုကို မထိန်းချုပ်နိုင်သောကြောင့် ၎င်းအပေါ် ရုတ်တရက် ပြိုကျလာသောတောင်အောက်တွင် ရူးသွပ်စွာ လှုပ်ရမ်းလာသည်။ ငွေရောင်မြွေ၏ လှုပ်ရမ်းမှုကြောင့် ရေမျက်နှာပြင်မှ လေထဲသို့ ပေပေါင်း ၂၀၀၀ ကျော် မြင့်သော လှိုင်းလုံးများသည် ချိတ်ကဲ့သို့ ဆက်သွယ်ထားပြီး မြင့်တက်လာကာ ညနေခင်းနေကိုပင် မြွေအနားတွင်ပတ်နေသောလှိုင်လုံးများက အနီရောင်အုံ့ ဆိုင်းသွားစေသည်။

ကောင်းဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။ ဒီမြွေက တော်တော်လေး ဒေါသကြီးသည်။ ဤလှိုင်းလုံးများတွင် ရေများ မယုံနိုင်လောက်အောင် ထူထပ်စွာ တည်ရှိနေသည်ကို သူ ခံစားသိရှိနိုင်သည်။ ဒြပ်စင်ကျွမ်းကျင်မှုစွမ်းအင် ရှိသောသားရဲသည် အချို့သော ဒြပ်စင်တစ်ခုသာမက ၎င်းနှင့် ဆက်စပ်သော သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် အရာများအပေါ် တွင်လည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

“ကောင်းဖန်.. ဒီကောင်က တကယ်ကို သန်မာတယ်... ဒီထက်ပိုကြာကြာထိန်းထားနိုင်မယ်လို့ မထင်ဘူး” ဟုအံကြိတ်ထားပြီး အစင်းလေးက ဆိုသည်။ “မင်းတို့ ငါ့နောက်မှာ ပုန်းနေကြ..... ငါ မင်းကို ကာထားမယ်....”

သားရဲသိုလှောင်ခန်းနှင့်မကိုက်ညီသော သားရဲအချို့ကို ဖလိန်မီ၏ကျောပေါ်တင်ပြီးအဝေးသို့ မပျံသန်းမှီ ကောင်းဖန်သည် သူ့သားရဲ အချို့ကို သားရဲသိုလှောင်ခန်း သို့ထည့်လိုက်သည်။ ငရဲသစ်ပင်အနီးတွင်ရပ်နေသော ဒန်ဘီနှင့် အစင်းလေးတို့သည် မြွေနှင့်တိုက်ရန် ရှေ့တိုးလာသည်။ နောက်ပိုင်းတွင်သားရဲနှစ်ယောက်အတွက် အထောက်အပံ့ပေးသည့် ၎င်းတို့၏အရောင်အဝါကိုစွန့်လွှတ်လိုက်သည်။

မြွေ၏ရေချိတ်များသည် သူတို့၏ဦးခေါင်းထက် ကောင်းကင်ကို ဖြတ်ကျော်ကာ သူတို့ဆီသို့ ဝင်လာသည်။

ကောင်းဖန်သည် သူ့သားရဲများထံသို့ ဦးတည်လာသောထွန်ခြစ်ကဲ့သို့ ချိတ်များကို စောင့်ကြည့်နေသည်။ သူတို့က အစင်းလေးကို တစ်ဝက်ခွဲလိုက်ဖို့နီးပါပင်။ သူ့နားထင်ကနေ သွေးပြန်ကြောတွေ ပေါက်ထွက်လာတာကို ခံစားလိုက်ရသည်။

“အစင်းလေး မြွေကို ဖိနှိပ်နေတာ ရပ်လိုက်.....သွားခွင့်ပေးလိုက်” ဟု ကောင်းဖန်ကပြောလိုက်သည်။

အစင်းလေးသည်မြွေနှင့် ဆက်လက်လုံးထွေးနေပါက နောက်တွင် ၎င်းက သတ်ပြစ်လိုက်မှာကို သူစိုးရိမ်နေသည်။ မြွေသည် အစင်းလေး၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ဒန်ဘီနှင့် တာ့ဇီတို့၏ တိုက်ခိုက်မှုများမှ မိမိကိုယ်ကို ကာကွယ်ရန်ပင် ကြိုးစားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ လုပ်ဆောင်ချက်တစ်ခုအပေါ် မဆုံးဖြတ်မီ မြွေ၏အချက်အလက်များကို ဦးစွာစစ်ဆေးခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု သူထင်သည်။

အစင်းလေးသည် သဲထဲမှ လေထဲသို့ ပေါက်ထွက်နေသော မြွေထံမှ သူ့ကိုသူ တဖြည်းဖြည်း ဆွဲထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ငွေရောင်အလင်းတန်းများနှင့် တောက်ပနေသည်။ ၎င်း၏နောက်ကျောတွင် ငါးမန်းနှင့်တူသော ဆူးတောင်သုံးခုရှိပြီး ၎င်း၏ မျက်နှာတွင် မျက်လုံးသုံးလုံးရှိသည်။

[သားရဲ အမည်] - ပင်လယ်နက် ငွေတောင်ပံ မျက်လုံးသုံးလုံးမြွေ

[သားရဲ အဆင့်] - အဆင့် ၇၄ (အရှင်သခင်အဆင့်)

[သားရဲ စွမ်းရည်] - အလွန်ကောင်းမွန်/ မော်ကွန်တင် [သားရဲ အမျိုးအစား] - ရေ

[သားရဲ စွမ်းအင်] - မာကျောသောအကြေးခွံအဆင့် ၆၊ ပေါက်ကွဲစေသောကြွက်သားကြီးထွားမှုအဆင့် ၅၊ ရေကျွမ်းကျင်မှုအဆင့် ၇၊ ချွန်ထက်သောမြွေစွယ်များအဆင့် ၅၊ တိုက်စားစေသောအစာအိမ်နံရံအဆင့် ၆

[သားရဲ လက္ခဏာ] - သံအူ (၎င်းကို စားသမျှနီးပါး အစာချေဖျက်နိုင်သည်။)

အကျိုးသက်ရောက်မှု ၁ - အစာခြေအဆင့် +၁ အကျိုးသက်ရောက်မှု ၂ - ၎င်း၏ အစာအိမ်၏ ထုထည်နှင့် ပျော့ပျောင်းမှုသည် သူ့ထက်ကြီးသော သားကောင်ကို စားသုံးရန်အတွက် တိုးလာလိမ့်မည်။

[သားရဲ အားနည်းချက်] - မြေ

[သားရဲ ဖော်ပြချက်] - ရက်စက်ကြမ်းကြုတ်သော စိတ်ထားရှိသော ပင်လယ်တွင်နေထိုင်သည့် သားရဲတစ်ကောင် ဖြစ်သည်။ သူ့၏သားကောင်ကို မျိုချရတာ ကြိုက်သည်။

မြွေ၏ ဖော်ပြချက်များကိုဖတ်နေစဉ် ကောင်းဖန်၏မျက်နှာပျက်သွားသည်။ အဆင့် ၇ ရေကျွမ်းကျင်မှု... ၎င်း၏ရေဖြင့် တိုက်ခိုက်ခံရသော အစင်းလေးသည် ထိခိုက်နိုင်သည်မှာ အံ့ဩစရာမရှိပေ။

ဒြပ်စင်ကျွမ်းကျင်မှု စွမ်းအင် ရှိသောသားရဲသည် သဘာဝ၏ အချို့သော ဒြပ်စင်တစ်ခုကို ကိုင်တွယ်နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် မီးကျွမ်းကျင်မှုစွမ်းအင်ရှိသော သားရဲတစ်ကောင်သည် ၎င်းတို့ထဲသို့ စွမ်းအားကို ပေးပို့ခြင်းဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် မီးအရင်းအမြစ်များကို ပြုစားနိုင်သည်။ ထို့နောက် ဖြစ်ပေါ်လာသော ထူးဆန်းသည်မီးဖြင့် မည်သည့်အရာကိုမဆို အလွယ်တကူ လောင်ကျွမ်းသွားနိုင်သည်။

မြွေသည် အဆင့် ၇၄ အရှင်သခင်အဆင့် သားရဲ ဖြစ်သည်ဟူသောအချက်မှာ ကောင်းဖန်၏ကျောရိုးကို တုန်လှုပ်သွားစေလောက်အောင်ပင် ဖြစ်သည်။

ထို့နောက် တာ့ဇီကို လှည့်ကြည့်လိုက်သည်။ သူနောက်ဆုံးမြင်ခဲ့ရတာကြာပြီဖြစ်သည့်အတွက် ကောင်းဖန်က သူဘယ်လောက် ကြီးထွားလာလဲဆိုတာကို သိချင်နေသည်။

[သားရဲ အမည်] - အတောင် ၂၄ ခုပါ လျှပ်စီးကောင်းကင် နဂါး

[သားရဲ အဆင့်] - အဆင့် ၆၉ (ဧကရာဇ်အဆင့်)

[သားရဲ စွမ်းရည်] - ဒဏ္ဍာရီလာ စွမ်းရည်ဆင့်

[သားရဲ စွမ်းအင်] - လျှပ်စီးကျွမ်းကျင်မှု အဆင့် ၇ ၊ မိုးကြိုးခွံ အဆင့် ၆ ၊ လျှပ်စီးခုခံနိုင်မှု အဆင့် ၆

[သားရဲ လက္ခဏာ] - မိုးကြိုးတောင်ပံ (ချန်လှပ်ထားသည်)

နှလုံးသားမျက်လုံး (ချန်လှပ်ထားသည်)

လျှပ်စီး၏အမိန့် (နတ်ဘုရားပစ္စည်းအချို့ကို စားသုံးပြီးနောက် ယခုအခါ ၎င်းသည် ပြဿနာတစ်စုံတစ်ရာမရှိဘဲ လျှပ်စီး စွမ်းအင် အမျိုးအစားအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည်။)

အကျိုးသက်ရောကမှု ၁ - ၎င်းသည် ၎င်း၏တောင်ပံများအတွင်းတွင် လျှပ်စီးကြောင်းစွမ်းအင်များစွာကို သိမ်းဆည်းထားနိုင်သည်။ ၎င်း၏နောက်ကျောတွင် နောက်ထပ်တောင်ပံငါးခုကို ရရှိသည့်အခါတိုင်း ၎င်းတို့တွင် အလင်းစွမ်းအင်အမျိုးအစားအသစ်တစ်ခုကို သိုလှောင်ထားနိုင်ရုံသာမက ၎င်းအပေါ်တွင်လည်း အပြည့်အဝကျွမ်းကျင်မှုရှိမည်ဖြစ်သည်။

မှတ်ချက် - ယခုတွင် မတူညီသော လျှပ်စစ်စွမ်းအင် အမျိုးအစားလေးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ရရှိနေပြီဖြစ်သည်။

ကျွမ်းကျင်သောလျှပ်စီးစွမ်းအင်- ငွေရောင်လျှပ်စီးကြောင်း၊ မိုးခြိမ်းသံ လျှပ်စီးကြောင်း၊ ပေါက်ကွဲလျှပ်စီးကြောင်း

[သားရဲ ဖော်ပြချက်] - တစ်ချိန်က ဒဏ္ဍာရီနယ်ပယ်တွင်သာ တည်ရှိခဲ့သော သားရဲအမျိုးအစားဖြစ်သည်။ ရှေးခေတ်ကတည်းက တီကောင် များမှ ကမ္ဘာမြေနဂါး သို့မဟုတ် ကင်းခြေများမှ ကောင်းကင်နဂါး အဖြစ်ပုံစံပြောင်းလဲသွားသော ကမ္ဘာမြေတွင် ကျင်လည်နေသော ကောင်းကင်နဂါး နှင့် ကမ္ဘာမြေနဂါးများရှိခဲ့သည်။ ကင်းခြေများ၏ နောက်ဆုံးပုံစံမှာ ကောင်းကင်နဂါးရုပ်ပုံစံဖြစ်သည်။ လျှပ်စီးကြောင်းများသည် သံမဏိကဲ့သို့ အလျှော့မပေးဘဲ နေကဲ့သို့ တောက်ပသည်ဟု အများအားဖြင့် ဖော်ပြကြသည်။ လျှပ်စီးကောင်းကင် နဂါးသည် လျှပ်စီးကြောင်း၏ တောက်ပသောဘက်ဖြင့် ပေါင်းစပ်ထားသည်ဟု ဆိုသည်။

တာ့ဇီ၏ဖော်ပြချက်များကို ဖတ်ပြီးနောက် ကောင်းဖန်သည် သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ၎င်းသည် ပင်လယ်နက် ငွေတောင်ပံ မျက်လုံးသုံးလုံးမြွေထက်ပင် ပို၍ ကြီးကျယ်ခမ်းနားသည်။ မြွေ၏ စွမ်းအားသည် သမုဒ္ဒရာထဲတွင် အလွန်အားကောင်း နေသော်လည်း တာ့ဇီတွင် ထိုကဲ့သို့ ခက်ခဲသောအချိန်မျိုး မရှိသင့်ပေ။

တာ့ဇီ၏ အတွေ့အကြုံမရှိမှု နှင့် သမုဒ္ဒရာထဲတွင် မြွေ၏စွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်းအတွက် ဤကဲ့သို့ ဝမ်းနည်းဖွယ် အခြေအနေများကိုသာ ရည်ညွှန်းနိုင်ခဲ့ပေသည်။

တာ့ဇီ၏ အတောင်ဆယ့်နှစ်စုံသည် ၎င်းကို သာမန် အဆင့် ၆၉ ဒဏ္ဍာရီလာစွမ်းရည်ဆင့် သားရဲတစ်ကောင်၏ အတွင်းပိုင်းတွင် သိုလှောင်ထားနိုင်သည့် စွမ်းအင်ပမာဏထက် သုံးဆမျှ ပို၍ သိုလှောင်နိုင်စေသည်။ အတောင်ပံနှင့် အမြောက်တပ်ဖြစ်သည်။

“မင်း သန်မာလာပါပြီ တာ့ဇီ... အခုက မင်းတောက်ပဖို့ အချိန်ရောက်ပြီ” ဟု ကောင်းဖန်က ပြောလိုက်သည်။ “မင်း ပေါက်ကွဲ လျှပ်စီးကြောင်းလို့ ခေါ်တဲ့ အရာကို မကျွမ်းကျင်ဘူးလား..... ဒီမြွေကို ဖောက်ခွဲထုတ်လိုက်...”

တာ့ဇီက တုန်လှုပ်သွားသည် ။ အစင်းလေးသည် သူသိဖူးသမျှတွင် အသန်မာဆုံးသားရဲဖြစ်သည်။ မြွေက အစင်းလေးကို နာကျင်အောင် စွမ်းဆောင်နိုင်ရင် သူ့မှာ ဘယ်လို အခွင့်အလမ်း ရှိမှာလဲ......

ကောင်းဖန်က သူ့ကို အမိန့်ပေးလိုက်တာနဲ့ တာ့ဇီက နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ပြိုင်ဘက်ကို အနိုင်ယူဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

သူသည် အတောင်ပံကိုဖြန့်ကာ မြွေဆီသို့ ဦးတည်သွားလိုက်သည်။ အနီရောင်လျှပ်စီးကြောင်းများသည် ၎င်း၏တောင်ပံထိပ်များ ပတ်လည်တွင် စီးနေပြီး မိုးခြိမ်းသံများနှင့်အတူ လေကို လှုပ်ခတ်စေသည်။

အနီရောင်လျှပ်စစ်ဓာတ်များသည် တာ့ဇီ၏ နှစ်ဖက်စလုံးတွင် အတောင်ပံတစ်စုံကဲ့သို့ စုစည်းလာပြီး ၎င်းပတ်၀န်းကျင်ရှိ လေထုကို သိသိသာသာ ကွဲပြားသွားစေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၃၅ မြွေတစ်ကောင်ကိုသတ်ဖြတ်ခြင်း

လေထဲတွင် ကြက်သွေးရောင် လျှပ်စီးလက်၍ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

မြွေ၏ပတ်ဝန်းကျင် ကမ္ဘာကို လျှပ်စီးလက်၍ လွှမ်းခြုံသွားသည့်အခိုက်အတန့်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဤထူးဆန်းသော အသွင်အပြင်ရှိသော သားရဲသည် ဧကရာဇ်အဆင့်ရှိ သားရဲတစ်ကောင်မျှသာဖြစ်သော်လည်း မြွေသည် ၎င်း၏ ခြိမ်းခြောက်မှုကို ခံစားရဆဲဖြစ်သည်။

မြွေထက် ပိုသန်မာတဲ့ သားရဲတွေရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရဖူးသည့် မြွေသည် ငယ်ငယ်တုန်းက ဒီလိုအဖြစ်မျိုး နောက်ဆုံးအကြိမ် ကြုံရခြင်းဖြစ်သည် ။

အလိုလို ၎င်း၏ဦးခေါင်းထက်တွင် ရေအတားအဆီးတစ်ခုကို မြှောက်ထားသည်။ မြွေ၏ဦးခေါင်းအထက်ရှိ ရေအတားအဆီးသည် ပြိုင်ဘက်၏ ဝင်လာသော ကြက်သွေးရောင် စွန်းထင်းနေသော အရိပ်တစ်ခု၏ တိုက်ခိုက်မှုကို စုပ်ယူနိုင်သင့်သည်။ သို့သော် ကြက်သွေးရောင်လျှပ်စီးသည် အပိုင်းပိုင်းကွဲသွားစေရန် ၎င်းအပေါ်သို့ တူနှင့်ထုကဲ့သို့ ပြင်းထန်စွာကျလာသည်။

ရေအတားအဆီးသည် ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ မြွေသည် ၎င်း၏ မရှိသော ပခုံးပေါ်သို့ မယုံနိုင်လောက်သော အလေးချိန် အချို့ကို တင်ထားသကဲ့သို့ ညည်းတွားလိုက်သည်။ ခေါင်းပေါ်မှာကာထားတဲ့ ရေအတားအဆီးက အချိန်မရွေး ကျိုးသွားနိုင်သလိုပင်။ ဖောက်ထွင်းမြင်ရသော ရေအလွှာသည် ရုတ်တရက် အစိုင်အခဲ ဖြစ်သွားပြီးနောက် ပေါက်ကွဲသွားသည်။

ဒန်ဘီသည် သူ့ခြေတစ်ချောင်းကိုပေါ့ပေါ့ပါးပါးနေရာမချခင် ၎င်း၏ ဝိဉာဉ်ပုံစံကို တိတ်တဆိတ် ပုံစံချလိုက်သည်။

ဒန်ဘီသည် ဦးခေါင်းဘယ်ဘက်ခြမ်းကို လက်ဖဝါးဖြင့် ရိုက်ခြင်းမပြုမီ မြွေ၏ ခေါင်းတိုက်ခြင်းကို ကျင်လည်စွာ ရှောင်လိုက်သည်။

မြွေသည် ချက်ချင်းပင် မျက်လုံးမှိတ်သွားသည်။ မြွေ၏မျက်ခွံကို ဖြတ်သွားစဉ် ဒန်ဘီ၏ လက်ဖဝါးမှ မီးပွားများ ပျံထွက်လာသည်။

ဒန်ဘီသည် မြွေ၏အသည်းကို အကြွင်းမဲ့ ဖြတ်သန်းသွားတဲ့အခါ မြွေ၏အကြေးခွံများသည် ဓားကဲ့သို့ ရုတ်ချည်း မတ်သွာသည်။ ဒန်ဘီသည် လက်ကောက်ဝတ်များကို သူ့အလိုလိုရှေ့တွင် ဆုပ်ကိုင်လိုက်ပြီး အချိန်မီ ၎င်းတို့ထံမှ အကာအကွယ်ပေးလိုက်သည်။

ဒန်ဘီ၏ အနက်ရောင် ၀တ်ရုံသည် မြွေ၏ အကြေးခွံများကြောင့် ဖဲကြိုးများကဲ့သို့ စုတ်ပြဲနေပြီး ၎င်း၏ ခန္ဓာကိုယ်ကို ပေါ်လာစေသည်။ ရွှေအိုရောင်အရိုးများသည် ၎င်း၏ဝတ်ရုံအောက်တွင် သိသိသာသာ တောက်ပနေသည်။ မြွေ၏ရုတ်တရက် တိုက်ခိုက်မှု သည် ဒန်ဘီကို နောက်ပြန်ဆုတ်သွားစေသော်လည်း ခြေလှမ်းတိုင်းသည် သဲပြင်ပေါ်တွင် ကြီးမားသော ချိုင့်ခွက်များထင်ကျန်ခဲ့သည်။

သို့သော် ခြေထောက်အောက်မှ သဲက နူညံသောကြောင့် ဒန်ဘီ၏ ခြေထောက်ကိုပြန်ဆုတ်လိုက်သည်နှင့် တပြိုင်နက် ချိုင့်ခွက်က ပြန်ပြည့်သွားသည်။

ဒန်ဘီ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အနက်ရောင် မီးတောက်တစ်ခု စတင်လောင်ကျွမ်းလာသည်။ ၎င်းသည် ၎င်း၏ခန္ဓာကိုယ်တွင် မြှုပ်နှံထားသော လျှို့ဝှက်ဆန်းကြယ်သည့် အဖြူရောင်ကျောက်စိမ်းအရိုးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဒန်ဘီသည် ၎င်းကို တိုက်ပွဲတွင် အသုံးပြုရန် အခွင့်အလမ်း ရှားပါးသည်။ အချိန်အများစုတွင် ၎င်းသည် အသုံးပြုရန် ပိုမိုသင့်တော်သော အခြား စွမ်းရည်များဖြင့် မည်သည့်သားရဲကိုမဆို အပြီးသတ်နိုင်ခဲ့သည်။ တစ်ဖက်တွင် သဘာဝနည်းလမ်းဖြင့် ရရှိရန် မဖြစ်နိုင်သောကြောင့် အမှောင်မီးလျှံအပေါ်ဒန်ဘီ၏ ကျွမ်းကျင်မှုသည် အားနည်းနေသေးသည်။

ထိုအချိန်တွင် ဒန်ဘီထံ စိတ်ကူးဉာဏ်ပေါ်လာသည်။ အနက်ရောင်မီးတောက်ကို ၎င်း၏လက်ဖဝါးထဲသို့ စီးဆင်းသွားစေရန် မြွေ၏ကိုယ်ပေါ်ကို မထိမီတွင် အနက်ရောင်မီးတောက်ကို လက်ဖဝါးပေါ်တွင် ပုံနှိပ်ထားလိုက်သည်။ ၎င်း၏မီးတောက်များသည် မြွေ၏အကြေးခွံများကို ပြင်းထန်စွာလောင်ကျွမ်းလာသည်။

ပထမတော့ ကောင်းဖန်က ဒန်ဘီ၏ မီးတောက်က မြွေရဲ့ခန္ဓာကိုယ်ထဲက ရေဓာတ်စွမ်းအင်ကို လောင်ကျွမ်းစေတယ်လို့ တွေးလိုက်သည်။ သို့သော်လည်း အနီးကပ်ကြည့်လိုက်သောအခါ မြွေ၏အကြေးခွံမှာ တွယ်ကပ်နေတဲ့ ပင်လယ်ရေက တောက်လောင်နေတာကို သူမြင်လိုက်ရသည်။

မယုံနိုင်စရာပဲ.... ရေငန်ကို လောင်ကျွမ်းစေနိုင်တယ်.....ကောင်းဖန်က သဘောတကျတွေးလိုက်သည်။

မြွေသည် ၎င်း၏ ဦးခေါင်းကို မြင့်တင်ထားသည်။ အခု မီးတောက်တွေက မယုံနိုင်လောက်အောင် သူ့ကို နာကျင်စေသည်။

ကမ်းခြေအနီးရှိ ရေများ ဝေ့ဝဲလာသည်နှင့်အမျှ လေထုထဲတွင် လှိုင်းဂယက်သံတစ်ခုထွက်ပေါ်လာပြီး နောက်တွင် ဥမင်လိုဏ်ခေါင်း ပုံသဏ္ဍာန် ရေဝဲသည် ပင်လယ်မှ လေထဲသို့ တိုးထွက်လာသည်။ ရုတ်တရက် မရေမတွက်နိုင်သော ရေဓားမြှောင်များသည် သွေးနီရောင်ရေဝဲများထဲမှ လွင့်ထွက်သွားပြီး ကမ်းခြေရှိ ကျောက်ဆောင်များနှင့် သဲများကို ဖြတ်တောက်ပစ်လိုက်သည်။ ထိုအချိန်တွင်ပင် ကမ်းခြေတစ်လျှောက် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

“သူထွက်ပြေးဖို့ကြိုးစားနေတယ်....သူ့ကိုတား...ဒန်ဘီ” ကောင်းဖန်က မြွေသည် ဘာလုပ်ရန် ကြိုးစားနေသည်ကို ချက်ချင်းသိသည်။

မြွေ၏ ဝဲဂယက် တိုက်ခိုက်မှုသည် ပထမတစ်ချက်နှင့် အထင်ကြီးစရာဟု ထင်ရသည်။ အမှန်တော့ အားလုံးက အယောင်ပြ တိုက်ခိုက်မှုသာဖြစ်ပြီး ကြောက်စရာကောင်းတာက ဒန်ဘီနှင့် တာ့ဇီဆီမှ လွတ်မြောက်ဖို့အတွက် မြွေက မီးခိုးပြင်အဖြစ် သုံးဖို့ ရည်ရွယ်ထားတဲ့အချက်ပင်။

ကောင်းဖန်က ဂိုဒီကို သူ့အနားသို့ အေးအေးဆေးဆေး ဆင့်ခေါ်လိုက်သည်။ ဆင့်ခေါ်ခံရပြီးနောက် ဂိုဒီသည် ၎င်း၏ ကြွက်သားခန္ဓာကိုယ်က သခင့်ရှေတွင် မြွေ၏ရေဝဲမှ ဓားမြှောင်များကို ကာကွယ်ထားလိုက်သည်။

ရေဓားမြှောင်နှစ်စင်းသည် ဂိုဒီဆီသို့ ပျံသန်းသွားသည်။ ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် တပြိုင်နက် ၎င်းတို့သည် ပေါက်ကွဲကာ ၎င်း၏မျက်နှာအနှံ့ ရေများဖြင့်ပက်ဖြန်းလိုက်သည်။ ဓားမြှောင်များသည် ရေပူဖောင်းများကဲ့သို့ ပေါက်ထွက်ကာ ဂိုဒီ၏ ခန္ဓာကိုယ်သည် ခေါင်းမှ ခြေဖျားအထိ ရွှဲရွှဲစိုနေသည်။

ဂိုဒီ၏ ရေဒြပ်စင်ခံနိုင်ရည်သည် ရေတိုက်ခိုက်မှု၏ ပြင်းအား လုံးလုံးလျားလျား မပယ်ဖျက်နိုင်ပေ ၈၀ နှင့် ၉၀ ရာခိုင်နှုန်းကိုသာ တာဆီးနိုင်သည်။

ဂိုဒီသည် မြွေ၏ “တိုက်ခိုက်ခြင်း” ကို ခံလိုက်ရသောအခါ ဒေါသထွက်သွားပြီး တိုက်ပွဲတွင်ပါဝင်ရန် အပြင်းအထန်ကြိုးစားကာ ဥာဏ်မဲ့သော မြွေကို ရိုက်နှက်ရန် ၎င်း၏လက်သီးများကို ဆုပ်ထားသည်။ ကောင်းဖန်က ၎င်းအား ငြိမ်သက်ဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။

ကမ်းခြေမှာရှိတဲ့လူတိုင်းကို ရေဓားမြှောင်တွေနဲ့ ပက်ဖြန်းပြီးတဲ့အခါ မြွေကြီးက ရေထဲပြန်ဝင်ဖို့ အမြန်လှည့်ပြန်သွားသည်။ သို့သော်၎င်းကို ဒန်ဘီမှရပ်တန့်လိုက်သည်။ လေထဲတွင် တာ့ဇီသည် ပေါက်ကွဲစေတတ်သော လျှပ်စီးကြောင်းကို ထုတ်လွှတ်လိုက်ပြီး မြွေကို အဆက်မပြတ် ရိုက်နှက်နေလေသည်။ ထိုးနှက်ချက်တိုင်းသည် ပြင်းထန်သော အသံနှင့်အတူ မြွေ၏အကြေးခွံပေါ်သို့ ကျသွားသည်။

တာ့ဇီ၏ ဖောက်ခွဲရေး လျှပ်စီးကြောင်း တိုက်ခိုက်မှုမှာ ပြင်းထန်လှပြီး ၎င်း၏ပစ်မှတ်ကို ထိန်းထားနိုင်သည်။

တာ့ဇီ၏ လျှပ်စီးဖြင့် အကြိမ်အနည်းငယ် ထပ်မံ ထိုးနှက်ခံရပြီးနောက် မြွေသည် သွေးများ စီးကျလာသည်။ ပေအနည်းငယ်အကွာမှာ လွတ်လပ်သောတောင်ကြီးတစ်ခုက မြွေရှေ့မှာ ရုတ်တရက် နေရာယူလိုက်တဲ့အခါ… အစင်းလေးက အခု မြွေနှင့် ပင်လယ်ကြားမှာ ရပ်နေပြီး ကမ်းခြေပေါ်မှာ ထောင်ချောက်ဆင်နေသည်။

အစင်းလေး၏ မျက်နှာသည် သွေးအေးနေသည်။ နင်ထွက်သွားနိုင်တယ်လို့ ငါဘယ်တုန်းကမှ မပြောခဲ့ဘူး ...ကောင်စုတ်.....

မြွေသည် တောင်ခြေရင်းတွင် သူ့ကိုယ်သူ ရစ်ပတ်ထားသည်။ ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်နေသောကြောင့် ၎င်း၏ မျက်လုံးသုံးလုံးသည် မှေးကျဉ်းသွားပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။ ဒန်ဘီ၏ တိုက်ခိုက်မှုကြောင့် ၎င်း၏ အတွင်းအင်္ဂါများ ပျက်စီးသွားသည်။

ဤအချိန်၌ အခြားမည်သည့် သားရဲမဆို သေသွားပေလိမ့်မည်။ သို့သော် မြွေသည် မာကျောသော သတ္တဝါဖြစ်သည်။ ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သော်လည်း အသက် ပြင်းဆဲ ဖြစ်သည်။

သို့သော် ဒန်ဘီနှင်အစင်းလေးတို့သည် ဒီထိရှမှုမှ ထွက်မလာချေ။ ဒန်ဘီ၏ ဖော်ပြချက်သည် ‘တော်ရုံတန်ရုံ ဒဏ်ရာ’ သို့ ကျဆင်းသွားသော်လည်း အစင်းလေးသည် ‘ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်’ သို့ ကျဆင်းသွားသည်။ ဤအချိန်တစ်လျှောက်လုံး သူ့ကိုယ်သူနှင့် မြေပြင်ကြား ဝေးကွာသော အကွာအဝေးကို ထားခဲ့သည့် တာ့ဇီသာလျှင် ထိခိုက်မှု မရှိပုံရသည်။

တာ့ဇီသည် ထိုအချိန်က မည်မျှ ထူးကဲနေသည်ကို အံ့သြမိသည်။ သူ့ကိုလိုက်ဖမ်းနေတဲ့သူကို အနိုင်ယူနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ငါက ဒီလိုထူးကဲ နေမယ်ဆိုတာ ဘယ်သူသိမှာလဲ.... သက်ပြင်းတစ်ချက်ချလိုက်သည်။

အင်း… မျက်လုံးသုံးလုံး မြွေက သူ့ကံကြမ္မာအတွက် သူ့ဘာသာသူ လုံးဝလက်မလျှော့သေးပေ။ လွတ်မြောက်ရန် အခွင့်အလမ်းကို ရှာဖွေနေဆဲဖြစ်သည်။

သို့သော်လည်း ၎င်း၏ ထိပ်တန်းပုံစံတွင် ရှိနေသည့်အချိန်၌ပင် လွတ်မြောက်နိုင်ခြင်း မရှိခဲ့လျှင် အခု လွတ်မြောက်ဖို့ ဘယ်အခွင့်အရေး မည်သို့ ရှိမည်နည်း။

ဒန်ဘီသည် မြွေ၏ မီးခိုးမျက်နှာပြင် နည်းဗျူဟာဖြင့် မြင်နိုင်သည်။ သမုဒ္ဒရာအတွက် ဖန်တီးရန် ကြိုးစားသောအခါတွင် ပြိုင်ဘက်၏ မျက်နှာကို လက်ဖဝါးဖြင့် တစ်ချက်ရိုက်လိုက်သည်။

မြွေကြီးသည် ကမ်းခြေပေါ်တွင် မသေမီ ဒေါသနှင့် မကျေနပ်မှုများ ပြည့်နှက်နေသော ဟောက်သံကို ထုတ်လွှတ်လိုက်သည်။

မြွေ၏ အသက်မဲ့ အလောင်းကို တွေ့သောအခါ ကောင်းဖန်သည် သူ့သားရဲများ အကူအညီဖြင့် အရှင်သခင်အဆင့် သားရဲ တစ်ကောင်ကို သတ်ခဲ့ကြောင်း သဘောပေါက်သွားသည်။ ဤဖွင့်ဟချက်ကြောင့် အံ့အားသင့်သွားပြီး‌ ကောင်းဖန်သည် ခဏအကြာတွင် သူ၏ အာရုံများ ပြန်လည်ရရှိသွားသည်။ သူ့ရင်ခုန်သံတွေ နှေးကွေးလာသည်။

တာ့ဇီဟာ မြွေကို နှိမ်နင်းရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သည်။ အကယ်၍ တာ့ဇီသာမရှိခဲ့ပါက ဒန်ဘီနှင့် အခြားသူများသည် အရှင်သခင် အဆင့် သားရဲကို သတ်နိုင်မည်မဟုတ်ပေ။ သူတို့ အသက်အတွက် အတင်းအကြပ် ပြေးခိုင်းတာပဲ ဖြစ်ရလိမ့်မည်။

တာ့ဇီသည် ဤမျှကြီးမားသော ကြီးထွားမှု အရှိန်အဟုန်ကို မည်သို့ဖြတ်သန်းခဲ့ရသည်မှန်း ကောင်းဖန် မသိပေ။ ခြောက်လအတွင်းတွင် ၎င်းသည် သူ၏ အစွမ်းထက်ဆုံး သားရဲ ဖြစ်လာသည်။ ထိုအချိန်တွင် ဒဏ္ဍာရီလားစွမ်ရည်ဆင့်သို့လည်း ရောက်ခဲ့သည်။

၎င်း၏ ဆင့်ကဲဖြစ်စဉ်ကို ဒဏ္ဍာရီဆန်ဆန် ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းများတွင် စာရင်းမသွင်းခဲ့ဘဲ တာ့ဇီ ဟူသောအမည်ကို ရရှိခဲ့သည်။ ကောင်းဖန်သည် တာ့ဇီအတွက် အခွင့်အလမ်းသစ်တစ်ခုသို့ လျှောက်လှမ်းနေပြီဟုသဘောပေါက်လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၃၆ လူမည်း‌ကလေး

တိုက်ခိုက်မှုများ စဖြစ်လာခဲ့သောအခါ အဆင့်ကွာခြားမှုကြောင့် ကောင်းဖန်သည် စိတ်ပူခဲ့သည်။

တာ့ဇီက ဒဏ္ဍာရီလာ စွမ်းရည်အဆင့်ဖြစ်သည်။ မြွေကြီးကတော့ မော်ကွန်းတင် စွမ်းရည်အဆင့်ရှိသော်လည်း အလွန်ကောင်းစွမ်းရည် ကျော်လွန်စသာရှိသေးသည်။

အလွန်ကောင်းနှင့် ဒဏ္ဍာရီလာစွမ်းရည်အဆင့်ကြားတွင် အဆင့် ၃ ဆင့် ရှိနေသည်။ ပြီးပြည့်စုံ၊ မော်ကွန်းတင်နှင့် ဒဏ္ဍာရီအဆင့်တို့ဖြစ်သည်။ ဒဏ္ဍာရီလာအဆင့်သည် ပြီးပြည့်စုံအဆင့်၏ အပေါ် ၄ ဆင့်တွင် ရှိနေသည်။

ထို့ကြောင့် မြွေကြီးကို ဒန်ဘီနှင့် အစင်းလေးတို့ အကူအညီဖြင့်ပင် သတ်ပစ်၍ ရနိုင်သည်။ တာ့ဇီသည် ထိုတိုက်ပွဲအတွက် အတွေ့အကြုံ သိပ်မရှိသော်လည်း ကောင်းဖန်သည် စွမ်းရည်အဆင့်ကွာခြားမှုက ဘာဖြစ်နိုင်သည် ဆိုသော ပြဿနာကိုတော့ သတိပြုမိလိုက်သည်။

ထိုစွမ်းရည်အဆင့်များကို မြှင့်တင်ဖို့ လိုအပ်သည့် ပစ္စည်းများကို ရှာဖွေရာတွင် ခက်ခဲမှု ရှိနိုင်သည်။ သို့သော် စုစည်းမှုကို အာရုံထားပြီး ဂရုစိုက်တိုးမြှင့်လျှင်တော့ သိသာသည့် အကျိုးရလဒ်ကို ရရှိနိုင်ပေသည်။

ကောင်းဖန်သည် အလျင်လိုနေသော ခံစားချက်ဖြစ်နေသည်။ ရှေးဟောင်းလူသားများ ပြန်သွားသည့်အခါက စံတုံလူမျိုးစုတို့က ချယ်ရီကောင်းကင်သစ်ပင်ကို သတ်လိုက်သည့်အခါတုန်းက ရှေးဟောင်းလူမျိုးများသည် သူတို့ကိုယ်သူတို့ ကမ္ဘာသားများနှင့် အတူတူပဲဆိုသည့်စိတ် မရှိနေတာ သိသာလှသည်။

ကမ္ဘာသစ်ကို ရှာတွေ့ခဲ့တုန်းက ဥရောပသားများက အမေရိကန်များကို ဆက်ဆံခဲ့တုန်းကပုံနှင့်ပင် တူသေးသည်။ မည်သူမဆို ကိုယ့်ကိုကိုယ် မကာကွယ်နိုင်ပါက ဘာမှ မျှော်လင့်၍ မရနိုင်ပေ။ သူတို့၏ အဆင့်မြင့်သားရဲများကိုပင် အခန့်မသင့်ပါက ဆုံးရှူံးရနိုင်သည်။

တစ်ဖက်ကကြည့်လျှင် ကမ္ဘာမြေတွင် သားရဲအဆင့် ကန့်သတ်ချက်များ ရှိသောကြောင့် ကောင်းဖန်သည် သားရဲအဆင့်များကို တိုးချင်တိုင်း တိုးမရနေခြင်း ဖြစ်သည်။ တိုးလို့ရပါက သူ့အတွက် အားသာချက်များစွာ ရရှိနိုင်မည်ဖြစ်သည်။

သို့သော် သားရဲအဆင့်ကွာခြားမှုက များနေပါက အဆင့်တူသော သားရဲများရှိ‌ထားဖို့တော့ အရေးကြီးသည်။ ထိုသို့ဆိုလျှင် သားရဲစွမ်းရည်ထက် သားရဲအဆင့်ကို မြှင့်ရတာက ပိုမိုလွယ်ကူနိုင်သည်။

အဖြေမထုတ်နိုင်သေးတာ တစ်ခုတော့ရှိသည်။ ကန့်သတ်ခံထားရသော ကမ္ဘာပေါ်ရှိသားရဲ တစ်ကောင်သည် အာကာသထဲရောက်ပါက မည်သို့ဖြစ်နိုင်မည် ဆိုသော အချက်ဖြစ်သည်။ စိတ်၀င်စားစရာတော့ ကောင်းသည်။

ကောင်းဖန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် အိမ်နှင့်ခွဲခွာလာတာ နှစ်၀က်လောက်ရှိပြီ ဖြစ်သည်။ သူသည် အိမ်လွမ်းစပြုလာပြီပင်။ သို့သော် အခုလှည့်ပြန်လို့လည်း မရသေးပေ။

သူသည် ဘာမှမအောင်မြင်သေးသောကြောင့် အိမ်ပြန်လည်း ဘာမှမထူးပါပေ။

ကောင်းဖန်၏ အတွေးအရ သူ့အတွက် အနည်းဆုံး အရှင်သခင်အဆင့် ကိုယ်ပိုင်သားရဲတစ်ကောင်၊ များပြားလှသော ဧကရာဇ်အဆင့်သားရဲများ ရှိထားမှ အနည်းငယ် အောင်မြင်သည်ဟု ဆိုနိုင်မည် ဖြစ်သည်။

စံတုံမျိုးနွယ်စုတွင် အရှင်သခင်အဆင့် ကိုယ်ပိုင်သားရဲ တစ်ကောင်ရှိသော်လည်း ဒုတိယအဆင့်လောက်သာ ရှိလောက်မည်ဟု ယူဆရသည်။ သို့သော် သူ့တွင် အရှင်သခင်အဆင့်သားရဲ တစ်ကောင် ရှိမနေသရွေ့ ထိုဒုတိယအဆင့်ကိုတောင် ယှဉ်လို့ရမည် မဟုတ်ပေ။ ထိုအတွေးကြောင့်လည်း ကောင်းဖန်၏ အိမ်ပြန်ချင်စိတ်က ပိုမိုလျော့ကျခဲ့ရသည်။

ကောင်းဖန်သည် အစင်းလေး၏ ကျောပေါ်မှ ယဇ်ပလ္လင်ကို ယူလိုက်ပြီး လူမည်းလေးကို ပြောလိုက်သည်။ “‌ဒီအရှင်သခင်အဆင့်သားရဲကို ဖြိုခွဲထားလိုက်.. တစ်ခုခု ကောင်းတာတွေ့တော့လည်း ကောင်းတာပဲ”

ကောင်းဖန်သည် သူ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ထားသော်လည်းသူသည် စိတ်ပျော်ရွှင်နေကြောင်း သိသာသည်။

လူမည်းလေးကတော့ ဘာမှပြန်ပြောမနေတော့ပဲ မြွေကြီးကို ယဇ်ပလ္လင်ပေါ် တင်လိုက်သည်။ သူသည် သာမာန် လုပ်ရိုးလုပ်စဉ်တစ်ခုလိုပင် ဘာခံစားချက်မှ မပြပဲ အရှင်သခင်အဆင့်သားရဲကို ဓာတ်ဖြိုခွဲနေသည်။

“ငါမင်းအတွက် အကောင်းဆုံး ကြိုးစားပြီး ဖြိုခွဲပေးပါမယ်” လူမည်းလေးက ခေါင်းညိတ်ပြောလိုက်ကာ လက်ဖဝါးများကို ပွတ်လိုက်သည်။ “စဉ်းစားကြည့်တော့မှ ငါတောင် အရှင်သခင်အဆင့်သားရဲကိုတောင် မဖြိုခွဲရတာ ကြာပြီ.. ငါ့အစွမ်းတွေ သံချေးမတက်လောက်သေးဘူးလို့တော့ မျှော်လင့်ပါတယ်”

ကောင်းဖန်က တစ်ခုခုကို တွေးမိသွားသည်။ “ငါမင်းကို နာမည်မပေးရသေးဘူးပဲ”

“ငါ့မှာနာမည်ရှိပါတယ်.. ကြီးမြတ်သော ယဇ်ပလ္လင် ဖြိုခွဲသူတဲ့.. ငါမင်းကို တစ်ခါပြောဖူးပါတယ်” လူမည်းလေးက စိတ်ပူသွားပုံဖြင့် ပြောလိုက်သည်။

ကောင်းဖန်သည် တအံ့တဩ ခေါင်းညိတ်လိုက်သည်။ “‌ဒါပေမယ့် အဲဒါက ယဇ်ပလ္လင်ရဲ့နာမည်လေ.. မင်းကတော့ ‌ဒီယဇ်ပလ္လင်ရဲ့ဝိဉာဉ်တစ်ကောင်ဆိုတော့ အဲလိုကြီး လိုက်ခေါ်ရတာ သိပ်အဆင်မပြေဘူး.. ဒီယဇ်ပလ္လင်ကိုပဲ ခေါ်နေရသလို ခံစားရတယ်”

လူမည်းလေးက နားမလည်နိုင်ဖြစ်သွားသည်။ “ငါနဲ့ ယဇ်ပလ္လင်နဲ့က တစ်သားတည်းပဲလေ.. ဒီတိုင်းငါ့ကို အဲလိုပဲခေါ်--“

“မင်းကို လူမည်းကလေးလို့ ခေါ်မယ်”

လူမည်းကလေးသည် ပြောစရာစကားမဲ့သွားသည်။ “မဟုတ်သေးပါဘူး.. ဘယ်သူက အဲလိုနာမည်ရှိ--“

“နာမည်ကောင်းပဲ” ဂိုဒီက ယဇ်ပလ္လင်ကို ပုတ်ကာ ပြောလိုက်သည်။ “ငါကမင်းကို ဒက်ကီလို့ ‌ခေါ်မယ်ထင်နေတာ.. ဒီလိုနားထောင်လို့ ကောင်းတဲ့ နာမည်ပေးလိမ့်မယ်လို့တောင် မထင်မိဘူး” ဂိုဒီသည် ပလ္လင်ကို ပုတ်ပုတ်ပြီး ပြောနေရာ ပလ္လင်သည် အနည်းငယ်ပင် အက်စပြုလာသည်။

လူမည်းကလေးသည် ကြောင်စီစီပင် ဖြစ်နေသည်။ “နင်ပျော်ရင် ပြီးတာပါပဲ” လူမည်းကလေးသည် ရန်တောင် မဖြစ်ချင်တော့ပေ။ နာမည်က ဘာမှ မထူးပါဘူး.. တစ်ချိန်က ငါ့မှာ နာမည်အများကြီးလည်း ရှိခဲ့ဖူးတာပဲ.. အခုထပ်တိုးသွားတော့လည်း ဘာမှမထူးပါဘူး..

အဲဒီနာမည်တွေကလည်း စီးဆင်းနေတဲ့ အချိန်မြစ်ကြီးထဲမှာ တချိန်ကျရင်တော့ ပျောက်ကွယ်သွားဦးမှာပင်။ နှစ်ပေါင်း ၁ သန်း၊ ဆယ်သန်း၊ သန်းတစ်ရာ ရာစုနှင်ပေါင်းများစွာ ထပ်ဖြစ်ပေါ်ပြီး တောင်တန်းတွေက ချိုင့်ဝှမ်းတွေဖြစ်လာကာ သံသရာကလည်နေဦးမှာပင်။

နာမည်တစ်ခု၊ ဂုဏ်ပုဒ်တစ်ခုကို ဘယ်သူက ဘာ်လောက်ထိမှတ်မိနိုင်ဦးမည်နည်း။

ကောင်းဖန်သည် လူမည်းကလေး၏ နဖူးကို လက်ညိုးနှင့် တစ်ချက်တောက်လိုက်ရာ သူသည် ပလ္လင်ပေါ်ကို ဖင်ထိုင်ကျသွားသည်။ “ဘာတွေ စိတ်ကူးယဉ်နေတာလဲ.. အလုပ်သွားလုပ်တော့လေ”

အချိန်စီးဆင်းမှု မြစ်ကြီးနှင့် ပတ်သက်‌သော ခမ်းနားသည့် အတွေးသည် ကောင်းဖန်၏ လက်ညိုးတစ်ချောင်းအောက်တွင် ပျောက်ချင်းမလှ ပျောက်သွားရသည်။ လူမည်းကလေးသည် ကောင်းဖန်ကို စိုက်ကြည့်လိုက်သည်။ သူသည် ကောင်းကောင်းပင် မတွေးရရှာချေ။ သို့သော် ကောင်းဖန်နှင့် ရန်ဖြစ်ရမှာလည်း ပျင်းလွန်းလှသည်။

လူမည်းကလေးက အလုပ်ပြန်လုပ်နေချိန်‌တွင် ကောင်းဖန်က အစင်းလေး၏ အနာကို ဆေးကြောသန့်စင်ပေးလိုက်သည်။ တိုက်ပွဲသည် ပြင်းထန်လှသောကြောင့် ကောင်းဖန်သည် အေးအေးဆေးဆေး အနာဆေးပေးချိန်ပင် မရခဲ့ချေ။

ကိုယ်ပိုင်သားရဲ သိုလှောင်ခန်းများတွင်ရှိသော သားရဲများကတော့ ဒဏ်ရာရခြင်း မရှိကြချေ။ အစင်းလေးနှင့် ဒန်ဘီသာ ဒဏ်ရာရာကြခြင်း ဖြစ်သည်။

အစင်းလေး၏ ဒဏ်ရာကတော့ ပိုပြီး ပြင်းထန်သည်။ သူ၏ နဂိုအမြင့် ပေ ၂၆၀၀ မှ အလွှာ ၂ လွှာ ပြုတ်ထားသောကြောင့် ယခု ပေ ၂၀၀၀ သာရှိတော့သည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ကြီး၏ မျက်နှာပြင်တွင် အပေါက်ကြီးငယ်များဖြင့် ပြည့်နေသည်။ ထိုအပေါက်များမှ အက်ကွဲရာများ ဖြစ်နေပြီး သူ့ကိုယ်ကြီးပင် ကွဲအက်တော့မလိုပင်။ ဘုရင်အဆင့် သားရဲတစ်ကောင်အနေဖြင့် အစင်းလေးကတော့ ထိုကဲ့သို့ ပြင်းထန်သော တိုက်ပွဲတွင် ပါ၀င်ရသည့်အတွက် ဂုဏ်ယူနေလေသည်။

တိုက်ပွဲတွင် အစင်းလေး၏ အရွယ်အစားသည် အသာစီးရခဲ့သည်။ ကြီးမားလွန်းသော ကိုယ်ကြောင့် အဆင်မပြေ သက်သောင့်သက်သာ မရှိမှုများ ဖြစ်နိုင်သော်လည်း အားသာချက်များကတော့ ပိုများသည်။ သို့သော် သူသည် တိုက်ပွဲအတွင်း ကိုယ်ကို လိုသလို ချုံ့နိုင် ချဲ့နိုင်လျှင်တော့ ပိုကောင်းပေမည်။

ရှောင်ကောတွင် ကုသနိုင်စွမ်းများရှိသော်လည်း သူ၏ အဆသ့်သည် သိပ်မမြင့်သေးသောကြောင့် အစင်းလေးကို ကုသ၍ မရပေ။ အစင်းလေးသည် ပင်လယ်မှ ဝေးရာကို သွားလိုက်ပြီး ဖင်ထိုင်ချလိုက်ကာ လက်များကို ဆန့်တန်း မျက်လုံးကို မှိတ်ထားလျက် ကမ်ူခြေပေါ်တွင် စအိပ်တော့သည်။

အစင်းလေးအိပ်နေချိန်တွင် သူ့ကိုယ်ပေါ်မှ ဒဏ်ရာများသည် တဖြည်းဖြည်း ပြန်ကောင်းလာသည်။

ကောင်းဖန်သည် သူ့ခြေထောက်အောက်မှ မြေကြီး တုန်ခါနေသည်ကို သတိပြုမိလိုက်သည်။ မြေကြီး အက်ကွဲသွားသောအခါ ထွက်လာသော ရေခိုးရေငွေ့များသည် အစင်းလေး၏ ကိုယ်ပေါ်သို့ တက်လာသည်။ ထိုရေငွေ့များသည် အစင်းလေး၏ ကိုယ်ပေါ်တွင် ကျောက်သံချပ်ကာ တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းသွားသည်။

တစ်ဖက်တွင်တော့ ဒန်ဘီ၏ အသက်သွင်းမှုဖြင့် နိုးထလာသော ငရဲသစ်ပင်နှင့် ဘုရင်အဆင့် ဖုတ်ကောင်အချို့သည် ဒန်ဘီရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကြသည်။ ထိုအချိန်တွင် သူတို့၏ အရိုးများသည် တဂျွတ်ဂျွတ်မြည်နေကြသည်။ ထို့နောက် များပြားလှသော ဝိဉာဉ်မီးတောက်များသည် စုစည်းပေါ်ထွက်လာကြကာ ဒန်ဘီ၏ ကိုယ်ထဲသို့ ၀င်သွားကြသည်။

ဒန်ဘီ၏ ကိုယ်ထဲကို ဝိဉာဉ်မီးတောက်များ ‌ဖုံးလွှမ်းသွားသောအခါ သူ့အရိုးများမှ ဒဏ်ရာများသည် ပြန်လည်ကောင်းမွန်လာကြသည်။

ဒဏ်ရာများ ပြန်လည်ကုသခြင်းသည် သားရဲတစ်ကောင်နှင့် တစ်ကောင်တော့ မတူကြပါချေ။

တစ်ဖက်တွင်တော့ အခုမှ ပြန်လည်ပေါင်းစည်းတွေ့ဆုံကြသော ကောင်းဖန်နှင့် တာ့ဇီတို့သည် အချင်းချင်း ပွေ့ဖက်ပြီး စကားပြောနေကြသည်။ ကောင်းဖန်သည် တာ့ဇီပျောက်နေသည့် ၆ လ အတောအတွင်း ဖြစ်ပျက်ခဲ့သမျှကို ‌မေးမြန်းနေသည်။

တာ့ဇီကလည်း ဘာမှ မကွယ်ဝှက်ပဲ အသေးစိတ်အကြောင်းအရာများကို ကောင်းဖန်ကို ပြောပြနေသည်။

တာ့ဇီပြောတာကြားပြီးနောက် ကောင်းဖန်သည် တာ့ဇီတစ်ကောင် ကမ္ဘာ ၂ ခုကြားသွားခဲ့ရတာ ဖြစ်ကြောင်း သိလိုက်သည်။ တာ့ဇီပြောပုံအရတော့ သူသည် နှင်ထုတ်ခဲ့ရပုံပေါ်သည်။ သို့သော် ငပေါတာ့ဇီကတော့ အဲဒါကို မသိပဲ သူ့ကို သားရဲတစ်ကောင်ကောင်က နောက်ကတိုက်ခိုက်နေခဲ့သည်ဟု ထင်နေခြင်း ဖြစ်နိုင်သည်။

တာ့ဇီ၏ အဖြစ်များသည် တိုက်ဆိုင်မှုများ ဖြစ်သွားသောကြောင့် မမြင်ရသောလက်တစ်စုံက သူ့ကို ထိန်းချုပ်နေသည်ဟု ထင်နေရခြင်း ဖြစ်သည်။

All Chapters