← Chapters

အခန်း (၅၄၁-၅၄၄)

Vol. 34 Ch. 541-544

အခန်း (၅၄၁-၅၄၄)

Vol. 34 Ch. 541-544

အခန်း ၅၄၁ မျှတသော စာချုပ်

“အဆင့်မြင့်ဆုံး သမုဒ္ဒရာထဲက သားရဲတွေ ဘယ်မှာ ရှိတယ် ဆိုတာ ငါ သိတယ်... ဘာလို့ ငါနဲ့ စာချုပ် ချုပ်တာလဲ.. မင်း ကျေနပ်မှုမရှိရင် နောက်တစ်ကောင်ထပ်ရှာပြီး ကျေနပ်မှသာ စာချုပ်ချုပ်ရင် မကောင်းဘူးလား” ကောင်းဖန်သည် မယုံနိုင်လောက်အောင် မျက်နှာပြောင်တိုက်နေသာကြောင့် ကောင်းဖန်နှင့် ငြင်းခုံရန် ငါးဝတုတ်က အလွန် ပင်ပန်းလွန်းနေသည်။

ငါးဝတုတ်ကို ကိုင်ထားတဲ့ ကောင်းဖန်က သန္တာကျောက်တန်းတစ်ခုကို တွေ့ပြီး အဲဒီပေါ်မှာ အနားယူနေသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် မင်း ဘာကြောင့် ငါနဲ့ သွေးစာချုပ်ကို ချုပ်ဖို့ ငြင်းဆန်လဲဆိုတာ ငါနားလည်နိုင်ပါတယ်...မင်းလို ထူးခြားတဲ့ ငါးဝတုတ်တစ်ကောင်က တစ်စုံတစ်ယောက်ရဲ့ သားရဲမဖြစ်ချင်ဘူး...ငါပြောတာမှန်တယ်မလား... “ ကောင်းဖန်က ရိုးသားသော လေသံဖြင့် မေးလိုက်သည်။

ငါးဝတုတ်ကမျက်လုံးပြူးသွားသော်လည်း ကောင်းဖန်၏ မေးခွန်းကို မဖြေပေ။

“မင်းရဲ့စွမ်းရည်ကို ပြန်မလိုချင်ဘူးလား” ကောင်းဖန်က သူ့ခေါင်းဝိုင်းကြီးကို ကိုင်လိုက်သည်။ “မင်းရဲ့အရည်အသွေးကို ပြန်ရဖို့ဆိုတာ မလွယ်ဘူးဟုတ်လား...ဒီလိုမှမဟုတ်ရင် မင်းရဲ့ အလွန်ကောင်း စွမ်းရည်ဆင့်ကို အချိန်အကြာကြီးထဲက ရောက်နေပြီ...”

ဒီလိုဆို ဘယ်လိုလဲ... ငါ မင်းကို ဖမ်းမိထဲက မင်းပြန်လွတ်ဖို့ အခွင့်အရေးလုံးဝ မရှိတော့ဘူး.. ဒါပေမယ့် မင်းရဲ့အဆင့်ကို ပြန်ရဖို့ ပိုလွယ်တဲ့နည်းလမ်းကို ငါပေးနိုင်တယ်... ဒီစည်းမျဥ်းတွေကို သဘောမတူရင်တောင် ငါ မင်းကို သတ်မှာမဟုတ်ဘူး... မင်းကို ငါ့ဘေးမှာထားပြီး တွင်းထဲမှာမြှုပ်ထားမယ်... အဲဒီတွင်းထဲမှာ နောက်ထပ် ရှစ်နှစ်ကနေ ဆယ်နှစ်အထိ အသက်ရှင်နေထိုင်နိုင်မယ်လို့ ငါသေချာပါတယ်” ဟု ကောင်းဖန်က ရိုးသားစွာ ပြောလိုက်ပြန်သည်။

ကောင်းဖန်၏ စကားများကို ကြားပြီး ငါးဝတုတ်က စွံအနေသည်။ ကောင်းဖန်ကို တိတ်တဆိတ် စိုက်ကြည့်ရင်း သူ့လိုလူကို ငါ တစ်ခါမှ မမြင်ဖူးဘူး လို့ တွေးလိုက်သည်။

ကောင်းဖန်သည် သူ့လက်ဖဝါးကို ငါးဝတုတ်၏ နဖူးပေါ်တင်ပြီး စိတ်ဝိဉာဉ်ကို ဆက်သွယ်ကာ သွေးစာချုပ်ချုပ်ဆိုရန် ဆွဲဆောင်လိုက်သည်။

သူသည် ငါးဝတုတ်၏ အသိစိတ်ထဲဝင်ရန် စိတ်ဝိဉာဉ် ထိုးထွင်းသိမြင်စိတ်ကို အသုံးပြုကာ မှောင်မိုက်နေသော မြူခိုးများကြားထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏စိတ်ဝိညာဉ်ကို ဖြေလျှော့လိုက်သောအခါတွင် နယ်နိမိတ်မရှိသော အသိစိတ်ကမ္ဘာတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။

သူသည် အဆုံးမရှိသော သမုဒ္ဒရာကြီးကို မြင်ယောင်လာသည်။ ထိုအချိန်တွင်၎င်းက အလွန်ငြိမ်သက်နေသည်။ ပင်လယ်မျက်နှာပြင်ပေါ်တွင် လုံးဝ လှုပ်ရှားမှုမရှိသဖြင့် အလွန်ကြီးမားသော မှန်တစ်ချပ်နှင့်တူသည်။ အသိစိတ် သိုလှောင်ခန်းထဲရှိ ပင်လယ်သည် သေနေပြီး စွမ်းအင် လုံးဝမရှိသကဲ့သို့ ဖြစ်နေသည်။

ကောင်းဖန်သည် သူ့ခြေဖဝါးအောက်မှ သေးငယ်သော ရေ၏နေရာကိုကြည့်ရန် ခေါင်းကိုငုံလိုက်သည်။ ရံဖန်ရံခါတွင် မျက်နှာပြင်သည် ဗလုံစီပြီး လှိုင်းထလာသည်။

အပြာရောင်လျှပ်စီးကြောင်းသည် ပင်လယ်ပြင်ကို နှစ်ခြမ်းခွဲရန် ကြိုးပမ်းနေသကဲ့သို့ ကောင်းကင်မှ သမုဒ္ဒရာမျက်နှာပြင်ဆီသို့ ပစ်လွှတ်လိုက်သည်။ ရုတ်တရက် သေနေသော သမုဒ္ဒရာက နိုးထလာသည်။

ဒေါသလှိုင်းများသည် ပင်လယ်ပြင်ကို ဖြတ်ကျော်သွားသည်။ မှိုင်းညို့နေသော ကောင်းကင်ကြီးအား ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာမှ အလင်းရောင်မှိန်ဝါးဝါး အဝါရောင် တိမ်နှစ်လွှာ၏ အလင်းရောင်များဖြင့် ဖုံးအုပ်ထားသည်။ အလင်းတိမ်များ၏ အရွယ်အစားသည် ကျွန်းတစ်ကျွန်းထက်အတိုင်းအတာအထိ ကြီးမားသည်။

မျက်နှာကိုတည့်တည့်ကြည့်ကာ ကောင်းဖန်က “မင်း ဘာလုပ်နေတာလဲ...ငါးဝတုတ်... မင်းရဲ့ ကလေးဆန်တဲ့လှည့်ကွက်တွေက စိတ်ပျက်စရာကောင်းတယ်....” ဟု တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

“မင်းလိုသာမန်လူတစ်ယောက်က...ဘယ်လိုတောင် လုပ်ရဲတာလဲ... “

“မင်းက ငါ့ကို လျှပ်စီးနဲ့ ရိုက်ချနေတာလား” ဟု ကောင်းဖန်က ကြားဖြတ်ပြောလိုက်သည်။

ကောင်းဖန်က ငါးဝတုတ်သည် အဆင့် ၅၀ သာဖြစ်ပြီး ဘုရင်အဆင့်တောင်မရောက်သေးကြောင်း သိသည်။ အခုအချိန်တွင် ၎င်းသည် အလွန်ကောင်း စွမ်းရည်ဆင့်ကို ရောက်နေပြီဖြစ်သည်။ တကယ်တော့ ကောင်းဖန်က သူတို့ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပိုမိုအားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားရှိကောင်းရှိနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဒဏ္ဍာရီစွမ်းရည်ဆင့်နှင့်အထက် အောင်မြင်ထားသော ဧကရာဇ်အဆင့် သားရဲနှစ်ကောင်နှင့် စာချုပ်ချုပ်ဆိုထားသည်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ဧကရာဇ်အဆင့်နှင့် နီးကပ်နေသည်။ ထို့ကြောင့် သူ့တွင် ကြောက်စရာ ဘာမှမရှိပေ။

မလှုပ်မယှက်ဘဲ သမုဒ္ဒရာထဲမှာ နစ်မြုပ်နေတဲ့ အဝါရောင် တိမ်တိုက်နှစ်ခုက ကောင်းဖန်၏ ရှေ့မှာတောက်ပနေသည်။ ရုတ်တရက်ကောင်းဖန်သည် အမြင်အာရုံရှိလာသည်။ သူ့ကိုအသက်ရှင်လျက် မျိုချတော့မည့် ကြီးမားတဲ့ လှိုင်းလုံးကြီးနှင့်အတူ တစ်ကမ္ဘာလုံးကို ဖြတ်သွားမည့် မုန်တိုင်းက သူကြည့်နေသလို ခံစားနေရသည်။

သို့သော် ကြီးမားတဲ့လှိုင်းလုံးကြီးနှင့် မုန်တိုင်းသည် သူ့ကို ဖြတ်ကျော်သွားကာ မထိခိုက်စေခဲ့ပေ။ ဒါက ထင်ယောင်ထင်မှား တစ်ခုသာ ဖြစ်သည်။

“စဉ်းစားပြီးပြီလား...မင်းရဲ့ ဆုံးဖြတ်ချက်က ဘာလဲ... သွေးစာချုပ်က အာမခံတစ်ခုလိုပါပဲ... ငါက ငါ့သားရဲတွေကို အမြဲသက်ညှာပေးပြီး သူတို့အားလုံးကို အဆင့်တူအနေနဲ့ အလုပ်လုပ်တာပါ...နောက်ပြီး မင်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း ငါလေးစားမှာပါ”

“ဒါဆို မင်းကငါ့ရဲ့စွမ်းရည်ကို ပြန်ကောင်းအောင် ကူညီပေးနိုင်တယ်လို့ ပြောနေတာလား...” ငါးဝတုတ်က ရုတ်တရက် မေးလိုက်သည်။

“ဟုတ်တယ်…ဒါဆိုဘယ်လိုလဲ...မင်းငါ့ကိုယုံပေးမယ်ဆိုရင် မင်းရဲ့ ပြီးပြည့်စုံစွမ်းရည်ဆင့် အခြေအနေကို အခုပြန်ရောက်ဖို့ ငါကူညီပေးနိုင်ပေမယ့် အဲဒါပြီးရင်တော့ မင်းငါ့ကို ဈေးထက်ဆစ်လို့မရတော့ဘူးနော်”

“မလိုပါဘူး...မင်းငါ့ကိုလိမ်ညာလို့ကတော့ မင်းကိုဒုက္ခဖြစ်စေမယ့် ငါ့ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်ဆိုတာ သိထားလိုက်” ဟု ငါးဝတုတ်က အေးစက်တဲ့ လေသံနဲ့ ပြောလိုက်သည်။

သွေးများစိုစွတ်နေပုံပေါ်သော အနီရောင်ထုတ်လွှင့်နေသောစာချုပ်သည် လေထုထဲတွင် ပေါ်လာသည်။ သူတို့မျက်လုံးတွေကို ဖမ်းစားလိုက်တဲ့အရာတွေက စာချုပ်ရဲ့အလယ်မှာရှိတဲ့ အပြာရောင်အစင်းကြောင်းတွေဖြစ်ပြီး ပတ်၀န်းကျင်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အပြာရောင်အလင်းတန်းတွေနဲ့ တောက်ပနေသည်။

“လက်မှတ်ထိုးဖို့ သတ္တိရှိလား” ငါးဝတုတ်က မေးသည်။

ကောင်းဖန်က မျက်မှောင်ကြုတ်ရင်း သူ့ရှေ့က စာချုပ်ကို ကြည့်လိုက်သည်။

၎င်း၏အသွင်အပြင်နှင့် ပုံစံအရ သွေးစာချုပ်တစ်ခုနှင့် သိသိသာသာ ဆင်တူနေသည်။ သို့သော် လက်မှတ်ထိုးသူများသည် ၎င်းတို့၏လက်ချောင်းများမှ သွေးထွက်ရန် လိုအပ်သောကြောင့် ၎င်းကို သွေးစာချုပ်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ သားရဲလေ့ကျင့်သူသည် လုံလောက်သော စွမ်းအားအလုံအလောက် မရှိသောအခါမှသာ ၎င်းကိုလုပ်ဆောင်သည်။ သားရဲလေ့ကျင့်သူသည် လုံလောက်သောဝိညာဉ်စွမ်းအားရရှိသောအခါ သူ သို့မဟုတ်သူမသည် သွေးစာချုပ်ကိုတံဆိပ်ခတ်ရန် သားရဲနှင့်တိုက်ရိုက်ဆက်သွယ်နိုင်သည်။

အဓိကအားဖြင့် ၎င်း၏ အနီရောင်တောက်တောက်အရောင်ကြောင့် သွေးစာချုပ်ဟု အမည်ပေးခြင်းဖြစ်သည်။ လပေါင်းများစွာကြာအောင် သွေးအိုင်ထဲမှာ စိမ်ထားတဲ့ စာလိပ်နဲ့ ဆင်တူပေမယ့် ငါးဝတုတ် ဆင့်ခေါ်ထားတဲ့ သွေးစာချုပ်မှာ အပြာရောင် သင်္ကေတတွေရှိနေသည်။ သင်္ကေတများကို ကောင်းဖန်မြင်သောအခါ သမုဒ္ဒရာနှင့် မုန်တိုင်းများကို အမှတ်ရစေသည်။ သင့်တော်သော စာချုပ်တစ်ခုဟု မထင်မိချေ။

“ဒါက စည်းကမ်းချက်တချို့ကို အနည်းငယ်ပြင်ဆင်ထားတဲ့ သွေးစာချုပ်တစ်ခုပါ” ဟု ငါးဝတုတ်က ခပ်တည်တည် ပြောလိုက်သည်။

ကောင်းဖန်သည် သိပ်မကြာခင်မှာပဲ စာချုပ်ပါ အကြောင်းအရာတွေကို သိမြင်လာသည်။ သူ့မျက်စေ့မှိတ်ထားလိုက်ပြီး စာချုပ်ကို သေသေချာချာ စစ်ဆေးနေလိုက်သည်။

ငါးဝတုတ်သည် ကောင်းဖန်၏တိုက်ပွဲများတွင် သူ့စွမ်းရည်ဖြင့် တတ်နိုင်သမျှ အကောင်းဆုံးကူညီပေးမည်ဟု ဖော်ပြထားသည်မှာ တရားမျှတသော စာချုပ်ဖြစ်သည်။ ထို့ကြောင့် ထိုအတောအတွင်း ကောင်းဖန်သည် ငါးဝတုတ်၏ အဆင့်မြင့်တင်အောင်မြင်နိုင်ရန်အတတ်နိုင်ဆုံး ကူညီလုပ်ဆောင်ရန် လိုအပ်သည်။

ထို့အပြင် စာချုပ်ထဲတွင် အချိန်ကန့်သတ်ချက်များ ပါ၀င်သည်။ အကယ်၍ ကောင်းဖန်သည် ဆယ်နှစ်၊ အနှစ်တစ်ရာ၊ အနှစ်သုံးရာ၊ အနှစ်ငါးရာနှင့် အနှစ်တစ်ထောင် အသီးသီးတို့တွင် ၎င်း၏အဆင့်ပြန်လည်ကောင်းမွန်လာစေဖို့ကူညီရန် အချိန်အတိုင်းအတာအတွင်း ကျရှုံးခဲ့ပါက သွေးစာချုပ်သည် အလိုအလျောက် ပယ်ဖျက်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင်ကောင်းဖန်သည် စိတ်ဝိဉာဉ် ဖိနှိပ်မှုကို ခံစားရမည် ဖြစ်သည်။

ငါးဝတုတ်သည် ကောင်းဖန်ကိုစိန်ခေါ်ရန်ကြိုးစားရင်း ကောင်းဖန်ကိုတစ်ချက်ကြည့်လိုက်သည်။ “မင်း ဒီသွေးစာချုပ်ကို လက်မှတ်ထိုးရဲလား... “

ကောင်းဖန်က သူ့ညာဖက်လက်ကို အေးအေးဆေးဆေး ဖြန့်လိုက်ပြီး သွေးစာချုပ်ကို ဖိနှိပ်လိုက်သည်။ ချက်ချင်းပင် သွေးဥာဉ်သည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပေါက်ကွဲသွားပြီး ကောင်းဖန်နှင့် ငါးဝတုတ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

စာချုပ်ကို တံဆိပ်ခတ်ပြီးနောက် ကောင်းဖန်သည် ငါးဝတုတ်၏ အသိစိတ်ထဲမှ လွတ်မြောက်သွားသည်။ သူမျက်လုံးဖွင့်လိုက်ပြီးနောက် ငါးဝတုတ်၏ခေါင်းဝိုင်းအား လက်ဖြင့်ပုတ်လိုက်ကာ “စွမ်းရည်ဆင့်အမြင့်ဆုံး ပင်လယ်သားရဲတွေရဲ့ တည်နေရာကို သိတယ်လို့မင်းပြောတယ်မလား... မင်းက ငါရဲ့သားရဲဖြစ်သွားပြီဆိုတော့ ငါတို့က ရဲဘော်ရဲဘက်တွေပဲ.. လာ.. ငါ့ကို လမ်းပြပေး..”

ကောင်းဖန်သည် ငါးဝတုတ်၏အမျိုးအစားများကို ပြန်လည်ကြည့်ရှုသောအခါတွင် စောစောက ဝှက်ထားခဲ့တဲ့ အရည်အချင်းအချို့ကို သတိပြုမိသွားသည်။ ထိုအချက်သည် သွေးစာချုပ်ကို တံဆိပ်ခတ်ပြီးနောက် ၎င်းတို့ သားရဲနှောင်ကြိုး၏ သက်သေဖြစ်သည်။

[ပြီးပြည့်စုံသောအဆင့်သို့ မြှင့်တင်ရန် လိုအပ်ချက်များ] - မြွေနဂါးသားရဲ၏ နှလုံးသားငါးခု၊ တန်ချိန် ၁၀၀ လေးသော ရေနက်ပိုင်း ပင်လယ်ရေမှော်၊ ကင်းကောင်လက်သည်းငါးမန်း၏ ကျောရိုး ၁၀ တန် စသည်ဖြင့်...

ကောင်းဖန်သည် လိုအပ်သော ပစ္စည်းမျိုးစုံကြောင့် အံ့အားသင့်သွားသည်။ အသေးစိတ် တွက်ချက်ပြီးနောက် စုစုပေါင်း ပစ္စည်းများ၏ အလေးချိန် တန်ချိန် ရာဂဏန်း ရှိသော်လည်း ငါးဝတုတ်ကို ထုပ်ပြီးသည့်တိုင် အလေးချိန် မှာ ၃၃ ကီလိုဂရမ်မျှသာ ရှိသည်။

ငါးဝတုတ်ရဲ့ ဗီဇက ကောင်းဖန်က လှည့်စားခဲ့တာလို့ ပြောပြနေသည်။ သို့သော် မတတ်နိုင်ပေ။ “ကောင်းပြီ ငါမင်းနောက်ကနေလိုက်ခဲ့မယ်...”

“ဪ ဟုတ်သား... မြွေနဂါးသားရဲ၊ ရေနက်ပိုင်း ပင်လယ်ရေမှော်နဲ့ ကင်းကောင်လက်သည်းငါးမန်းတို့ကို ဘယ်မှာ ရှာတွေ့နိုင်မလဲသိလား..”

ငါးဝတုတ်သည် တည်နေရာအနည်းငယ်ကို မဖော်ပြမီ စဉ်းစားနေစဉ်တွင် မျက်လုံးကိုမှိတ်ထားသည်။ “ဒါကို ရှင်းအောင်ပြောရမှာပေါ့... မြေကြီးပေါ်က သားရဲတွေ အကြောင်း မသိပေမယ့် သမုဒ္ဒရာထဲမှာ နေထိုင်တဲ့ သားရဲတိုင်းကိုတော့ သိပါတယ်..”

***

သားရဲလေ့ကျင့်သူ

အခန်း(၅၄၂ သုံးနှစ်

ယွိကျိုး ၊ ကမ္ဘာမြေကြယ်

ကောင်းဖန်သည် ကမ္ဘာမြေကြယ်မှ ထွက်ခွာသွားသည်မှာ သုံးနှစ်ပြည့်ပြီဖြစ်သည်။ ဘယ်သူမဆို ကမ္ဘာကို လွှမ်းမိုးနိုင်သူအထိ သူရဲ့နာမည်ကျော်ကြားမှု ကြီးထွားဖို့ကို အချိန်အကြာကြီး လိုအပ်သည်။ ဒါပေမယ့် ကောင်းဖန်က သုံးလသာ လိုခဲ့သည်ကို လူအများစုက မေ့နေကြသည်။

သုံးနှစ်ကုန်ဆုံးသွားသောအခါ ကမ္ဘာမြေကြယ် အသွင်ပြောင်းသွားသည်မှာ ရှစ်နှစ်ရှိပြီဖြစ်သည်။ ဟိုတုန်းကတော့ လူတိုင်းက တစ်ခါပြောဖူးတဲ့ ဒီလူကို သတိရကြပေမယ့် အခုချိန်မှာတော့ ဘယ်သူမှ သူ့အကြောင်းကို မဆွေးနွေးတော့ပေ။

ဤသည်မှာ ကပ်ဆိုးကြီးမတိုင်မီက ကောင်းရိ နိုင်ငံမှ နာမည်ကြီးများသည် ဟွာရှား ဒေသရှိ ပရိသတ် အများအပြားကို ဆွဲဆောင် နိုင်ခဲ့သည့် အခြေအနေနှင့် ဆင်တူသည်။ သို့သော် ၎င်းတို့၏ထူးခြားသော စစ်ရေးစည်းမျဉ်းများကြောင့် နာမည်ကြီးကြယ်ပွင့်အများစုသည် စစ်မှုထမ်းခြင်းမှ မလွတ်မြောက်ခဲ့ကြဘဲ အခြေစိုက်စခန်းတွင် စာရင်းသွင်းခဲ့ကြသည်။ ပရိသတ်အများစုကတော့ သူတို့၏ အသည်းစွဲ အနုပညာရှင်တွေ အပေါ် သစ္စာရှိရှိ ကတိသစ္စာပြုခဲ့ကြသည်။ “ငါတို့မင်းကို စောင့်နေမယ် အိုပါး…!” ဆိုတာမျိုးလို ဖြစ်သည်။ ဒါပေမယ့် နောက်ဆုံး အနုပညာရှင်တွေ စစ်မှုထမ်းပြီးချိန်မှာတော့ ပရိသတ်တွေက သူတို့ရဲ့ စိတ်ဝင်စားမှုကို တခြားသူဆီ ပြောင်းလဲသွားတက်သည်။

အာမေးနီးယန်းလမ်းသည် ယွိကျိုးရှိ နာမည်ကြီး အရက်ဆိုင်လမ်းဖြစ်သည်။

ကပ်ဆိုးကြီ၏အစတွင် သားရဲလေ့ကျင့်သူ အများအပြားသည် သားရဲများကိုလိုက်လံရှာဖွေရန် မြို့မှထွက်ခွာခဲ့ကြသည်။ သူတို့သည် တစ်ချိန်လုံး အသက်ကို စွန့်စားနေရသဖြင့် ၎င်းတို့၏ ပြည့်လျှံနေသော စွမ်းအင်နှင့်စိတ်အားထက်သန်မှုတို့ကို စွန့်ထုတ်ရန် နေရာတစ်ခု လိုအပ်လေသည်။

တိုက်ဆိုင်စွာပင် ဤဒေသတွင် နယ်မြေအက်ကွဲကြောင်းပေါ်လာသည်။ နယ်မြေအက်ကွဲကြောင်းအသွင်အပြင်သည် ယွိကျိုးမြို့ ၏ ပိုင်ယဲ့ ခရိုင်ရှိအာမေးနီးယန်းလမ်း၏ရေပန်းစားမှုကို အထွတ်အထိပ်သို့ရောက်ရှိစေခဲ့သည်။

“ဟေး... အခု ကမ္ဘာပေါ်မှာ အကောင်းဆုံး သားရဲလေ့ကျင့်သူက ဘယ်သူလို့ ထင်လဲ..”

“ငါထင်တာတာ့ ဗြိတိန်ဒေသက နေဘုရင်ဖြစ်မယ်”...

“နေဘုရင်... သူက ဟွားလွင်က မှောင်မိုက်အသူရာရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ် မဟုတ်ဘူးလား...“ သူ့ဘေးတွင် ရပ်နေသော အပြာရောင် တီရှပ်အင်္ကျီဝတ်ထားသည့် ဝတုတ်ကောင်လေးက မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။

“အဲဒီတုန်းက နေဘုရင်က သူ့ကို ချုံခိုတိုက်ခိုက်ခဲ့တာ.. ဒါကြောင့် ဟွားလွင်က အခုချက်ချင်းလိုက်ဖမ်းနေတာ..” စောစောကပြောခဲ့တဲ့ အိတ်ပုံတက်တူးနဲ့ အင်္ကျီအဖြူရောင်ဝတ်ထားတဲ့ ကောင်လေးက သူ့ဘီယာခွက်ကို အကုန်မော့သောက်လိုက်ပြီး “ကျုပ်အမြင် အရတော့ နေဘုရင်က အစွမ်းအထက်ဆုံးလို့ ထင်တယ်” ဟု ဆက်ပြောသည်။

သူ့ဘေးနားက လူတချို့ ရှုပ်ထွေးသွားကြသည်။ “မင်းဘာလို့ နေဘုရင်လို့ထင်တာလဲ...ဗြိတိန်မှာသူက ကျော်ကြားပေမယ့် သူ့ကျော်ကြားမှုက အနောက်ဘက်တိုင်းပြည်တွေမှာပဲ ရှိတာလေ.. အရှေ့ဘက်မှာက လူငယ်သခင် ချင်းလွမ်နဲ့ မြောက်ပိုင်း ရေခဲပြင်ဘုရင်တို့ ရှိတာ.. သူတို့ နှစ်ယောက်လုံးက ထိပ်တန်း သားရဲလေ့ကျင့်သူတွေပဲ”

“နေဘုရင်က အရမ်းစွဲဆောင်မှုရှိတယ်လို့ မင်းမထင်ဘူးလား “ အင်္ကျီလက်အပြည့် တက်တူးထိုးထားတဲ့ အမျိုးသားက သူ့ရဲ့အိပ်မက်ထဲကချစ်သူကို တစ်ယောက်ယောက်က စော်ကားလိုက်တဲ့အခါ ဒေါသအရမ်းထွက်သွားသည်။

“နေဘုရင်က ယောင်္ကျားတစ်ယောက်လို့ ငါကြားတယ်…” အမည်မသိအသံတစ်ခုက တိုးတိုးလေးပြေလိုက်သည်။

အချို့သောသူတို့သည် ဤစကားကိုကြားသောအခါတွင် သူတို့၏အမူအရာများ ချက်ချင်းပြောင်းသွားကြသည်။ နောက်တော့ သူတို့ရဲ့ ငြင်းခုံမှုတွေ မသိမသာပြောင်းသွားသည်။

“ဒါပေမယ့် အဲဒါကိုစဉ်းစားကြည့်… ထိပ်တန်း သားရဲလေ့ကျင့်သူ အားလုံးနီးပါးဟာ ရှေးမျိုးနွယ်စုကနေ ဆင်းသက်လာကြတာ.. ငါတို့အတွက် အနာဂတ်မှာ ရပ်တည်ဖို့ နေရာတစ်ခုတောင် ရှိပါမလား.. ငါတို့က အဆင့်နိမ့်ဖြစ်ဖို့ ကံဇာတာပါလာတာလား.. ကောလဟာလတွေအရ ကမ္ဘာ့မဟာမိတ်အစိုးရက အစီအစဉ်သစ်တစ်ခုကို အဆိုပြုဖို့ အဆင်သင့်ဖြစ်နေပြီး အဲဒီနေရာမှာ ရှေးမျိုးနွယ်စုတွေ ပါဝင်တယ်လို့ ငါကြားထားတယ်” ဟု အဆိုပါ အမျိုးသားက စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း ပြောသည်။ ဝမ်းနည်းခြင်းအရိပ်အမြွက်သည် လေထုထဲတွင် ပျံ့လွင့်နေသည်။

“မင်းဘာဖြစ်နေတာလဲ.. မင်းက ငါတို့ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး ပြိုင်ဘက်ရဲ့ ယုံကြည်ချက်ကို မြှင့်တင်နေတာပဲ... မင်းရဲ့စကားတွေကို ငါနားထောင်ရတာ အဆင်မပြေဘူး”

သူတို့ဘေးက စားပွဲမှာထိုင်နေသော ကြွက်သားတောင့်တင်းတဲ့ အမျိုးသားတစ်ယောက်က ဒေါသတကြီး ထရပ်လိုက်သည် “ကမ္ဘာမြေကြယ်မှာ အထက်တန်းစား သားရဲလေ့ကျင့်သူ မရှိဘူးလို့ ပြောတာက မတရားဘူး... ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတဲ့ ကျန်သူတွေကို ဖော်ပြထားတာ မရှိရင်တောင် ယွိကျိုးမှာ အရမ်းတော်တဲ့ သားရဲလေ့ကျင့်သူ နှစ်ဦးရှိနေပြီ.... ငါတို့ဆိုတာ မဖွံ့ဖြိုးသေးဘဲ လွန်ခဲ့သော နှစ်အနည်းငယ်က စတင်ခဲ့တာ... နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာမြေကြယ်က သန်းပေါင်းများစွာသောလူတွေက ရန်သူတွေကို သုတ်သင်ပစ်မှာ...”

သူသည် ကျယ်လောင်စွာ ပြောလိုက်သည်။ သူ့စားပွဲမှာ နောက်ထပ် လူ ဆယ်ယောက်လောက် ထိုင်နေသည်။ တစ်ဖက်မှ လူအနည်းငယ်သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဒေါသတကြီးနဲ့ အိတ်ပုံတက်တူးနဲ့လူက “ဒါဆို မင်းပြောနေတဲ့ အံသြစရာကောင်းတဲ့ လေ့ကျင့်ရေးဆရာနှစ်ယောက်က ဘယ်သူတွေလဲ” ဟုမေးလိုက်သည်။

“တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက ကျီဟန့်ဝူနဲ့ ကောင်းဖန်ပဲ” သန်မာသောလူက တက်တူးထိုးထားသောလူကို စိုက်ကြည့်ကာ “သူတို့ကကမ္ဘာမြေကြယ်ရဲ့ အလွန်ကျွမ်းကျင်တဲ့ ဘုရင်အဆင့် သားရဲလေ့ကျင့်သူတွေပဲ... လွန်ခဲ့သည့်သုံးနှစ်က ကောင်းဖန်ကို ‘အသန်မာဆုံးလူ’ လို့ နာမည်ပေးထားတာ...” ဟု ပြောလိုက်သည်။

တက်တူးထိုးထားသော အမျိုးသားသည် နှုတ်ခမ်းထောင့်စွန်းကို မြှောက်လိုက်ကာ ရယ်မောလိုက်သည်။ ဒီထုတ်ပြန်ချက်ကို ထုတ်ဖော်ဖို့ သူက စောင့်နေတာဖြစ်သည်။ သူက “ကျီဟန့်ဝူနဲ့ပတ်သတ်ပြီး မင်းရဲ့ထင်မြင်ချက်ကို ငါထောက်ခံပါတယ်.. ဒါပေမယ့် ကောင်းဖန်အကြောင်း မင်းပြောတာကိုတော့ ငါအသိအမှတ်ပြုမှာမဟုတ်ဘူး.. သူက ရှေးမျိုးနွယ်စုကလူတွေလာနေပြီလို့ ကြားတာနဲ့ လူတွေကို ချန်ထားခဲ့ပြီး အနက်ရောင်မြူခိုးကမ္ဘာကိုထွက်ပြေးသွားတာ...သူ အသက်ရှင်သည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့ဘယ်မှာရှိတယ်ဆိုတာ ဘယ်သူမှမကြားရသေးပါဘူး.. သူလို သူရဲဘောကြောင်သူဟာ အသန်မာဆုံးလူလို့ မခေါ်ထိုက်ဘူး..” ဟု ပြောလိုက်သည်။

ကြွက်သားများနဲ့လူက တိတ်ဆိတ်နေသည်။ တက်တူးထိုးထားသော အမျိုးသား၏ သူငယ်ချင်းများက သူ့ကို တံတောင်ဆစ်များဖြင့် တွတ်ကာ သတိပေးလိုက်သည်။

ဤအကြောင်းအရာတွေကို အခြားနေရာ သို့မဟုတ် သီးသန့်နေရာမှာပြောပါက ကောင်းသော်လည်း လူအများရှေ့တွင်ပြောခြင်းက မကောင်းပေ။ ပိုဆိုးသည်မှာ သူတို့က ယခု ယွိကျိုးတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။

တောင်ပိုင်းကောင်းကင် လုံခြုံရေးအဖွဲ့၏ စောင့်ကြည့်မှုအောက်တွင် အာမေးနီးယန်းလမ်းအကြောင်းကို မြို့တွင်းရှိလူတိုင်းသိသည်။ တာဝန်ကျနေသော အစောင့်များသည် ၎င်းတို့၏ ဆွေးနွေးမှု ဆက်လက်ပြုလုပ်နေစဉ်တွင် အဖွဲ့ဆီသို့ လှည့်ကြည့်လိုက်သည်။

အရက်အလွန်အကျွံသောက်ခြင်းကြောင့် အနည်းငယ်မူးနေသော်လည်း တက်တူးထိုးထားသည့် အမျိုးသားသည် လုံးဝ ထုံထိုင်းမနေပေ။ သို့သော် အစောင့်များထံမှ ဖော်ရွေမှုမရှိသော၊ ရန်လိုသော အကြည့်များကို မြင်လိုက်ရသည်နှင့် တုန်လှုပ်သွားပြီး အမူးမှ လန့်နိုးလာသည်။ ထို့နောက် သူ့အဖွဲ့နှင် တိတ်တဆိတ် အရက်ဆိုင်မှ ထွက်လာလိုက်သည်။

“အဲဒါ ကျုပ်မကောင်းလို့ပါ သခင်လေး... သူတို့ကို ကျားလင်းမြစ်ထဲ ပစ်ချဖို့ ကျုပ်လူတွေကို လွှတ်လိုက်မယ်” ရှက်ရွံ့နေသည့် ဝမ်ကျောက်က သူ့ဘေးနားရှိ အားကစားဝတ်စုံဝတ်ထားသည့် လူငယ်အား ဦးညွှတ်ကာ စကားပြောလိုက်သည်

“ထားလိုက်ပါတော့... အခြားသူတွေရဲ့ စကားတွေကို ငါတို့မထိန်းချုပ်နိုင်ပါဘူး...သူတို့မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်.. ဒါကြောင့် ခွင့်လွတ်လိုက်ပါ...” ကောင်းဖန်က သူ့လက်ကို ဝှေ့ယမ်းကာ စိတ်မ၀င်စားပဲ နေလိုက်သည်။

“သခင်လေးက သိပ်နားလည်ပေးတာပဲ” ဝမ်ကျောက် က ချက်ချင်းပြန်ဖြေသိမ့်လိုက်သည်။

“မင်းက အရမ်းငယ်ပြီး စိတ်မြန်လွန်းတယ်... စိတ်ရှည်သည်းခံမှုကို သင်ယူရဦးမယ်...” ကောင်းဖန်က အပြုံးလေးနဲ့ ပြန်ဖြေလိုက်သည်။

“နားလည်ပါပြီ ခေါင်းဆောင် ...သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဝမ်ကျောက်က ခေါင်းကို ညှိမ့်လိုက်သည်။

ဝမ်ကျောက်သည် ထျန့်ကျဲကျောင်း ပထမအသုတ်မှ ဘွဲ့ရခဲ့ခြင်းဖြစ်သည်။ သူဘွဲ့ရပြီးနောက်တွင် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း သို့ဝင်ရောက်ခဲ့ပြီး အာမေးနီးယန်းလမ်းကို စီမံခန့်ခွဲရန် တာဝန်ပေးအပ်ခံရသည်။ သူသည် အာမေးနီးယန်းလမ်း၏ စီမံခန့်ခွဲမှုကို လုံးဝတာဝန်ယူသည်။

နောက်တွင် ကောင်းဖန်က ရှောင်ကောကို သွေးစာချုပ်ဖြင့် သတိရှိရှိ အမိန့်ပေးလိုက်သည်။ “ အဲဒီလူတွေကို ရက်အနည်းငယ်ကြာအောင် နေမကောင်းဖြစ်ပါစေလို့ ကျိန်စာတိုက်လိုက်...”

ကောင်းဖန်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ငါ့နောက်ကွယ်မှာ မင်းတို့ ငါ့ မကောင်းကြောင်းပြောနေတာ အဆင်ပြေပေမဲ့ အခုလို မင်းငါ့ရှေ့မှာ လုပ်လိုက်ရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ရလိမ့်မယ်။

ရှောင်ကောက ခေါင်းတစ်ချက်ခါလိုက်သည်။ သူသည် အနက်ရောင်အမှုန်အချို့ကို လေထဲသို့မှုတ်လိုက်ပြီး လူအုပ်စုနောက်သို့ လိုက်သွားရင်း အမှောင်ထဲသို့ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။

ကောင်းဖန်က သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။ “ကောင်းပြီ...မင်း သွားနှင့်ပြီး ငါ့အတွက် သယ်ယူပို့ဆောင်ရေး စီစဉ်ပေး...ကားအကြီး မလိုဘူး... အကြမ်းခံတဲ့ယာဉ်ငယ်တစ်စီးဆို ရပြီ”

အနက်ရောင်မြူခိုးကမ္ဘာတွင် သုံးနှစ်ကြာနေထိုင်ပြီးနောက် သူ၏အပိုအဝတ်အစားအားလုံး ဟောင်းနွမ်းသွားခဲ့သည်။ ကောင်းဖန်သည် ကမ္ဘာမြေကြယ်သို့ ပြန်ရောက်ပြီးနောက် အိမ်သို့ တိုက်ရိုက်မပြန်ခဲ့ပေ။ ယင်းအစား အိမ်၏ လက်ရှိအခြေအနေကို စူးစမ်းလေ့လာရန် သူ၏လူများကို စေလွှတ်လိုက်သည်။

အဘိုးက ကောင်းကောင်းနေနေသည်။ နေ့တိုင်း အစားအသောက်ကောင်းတွေစားနေပြီး အရမ်းကျန်းမာသည်။ သို့သော် အဘိုးသည် ကောင်းဖန် ကမ္ဘာမြေကြယ်မှ ထွက်ခွာသွားကတည်းက အလုပ်မရှိသလောက်ဖြစ်‌နေခဲ့သည်။ ပြဿနာတစ်စုံတစ်ရာရှိခဲ့ပါက အဘိုးသည် နဂါးဖြူမျိုးနွယ်စု၏ ‘အလုပ်သမား’ များကို စေလွှတ်မည်ဖြစ်သည်။ ဒါကသူ၏ ကြိုးပမ်းအားထုတ်မှုကို လုံခြုံဖို့ ဖြစ်ပြီး အဖိုးက ကျော်ကြားမှုကို လိုချင်သောကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်တစ်ခုဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးနှစ်ကကြာသွားခဲ့သည်။ အဘိုးက အလုပ်မလုပ်တော့ဘဲ ကောင်းဖန် ကလည်း ကမ္ဘာမြေကြယ်မှထွက်သွားတော့ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက အရင်ကလို မကျော်ကြားတော့ပေ။

ဝေဖန်မှုများနှင့်အတူ ရေပန်းစားလာခဲ့ပြီး သုံးနှစ်ကြာ ရပ်နားထားပြီးနောက်တွင် တောင်ပိုင်းကောင်းကင်းအဖွဲ့အစည်းသည် မီးရောင်အောက်မှ ထွက်ခွာသွားသည်။ ကမ္ဘာမြေကြယ်မှ ထွက်ခွာရန် ကြံစည်စဉ်တွင် ၎င်းသည် ကောင်းဖန်၏ မျှော်မှန်းချက် အတိုင်းဖြစ်လာခဲ့သည်။

“ကမ္ဘာမြေကြယ်ကို ဖြိုခွင်းပစ်ဖို့ ငါမမျှော်လင့်ထားဘူး.. အခု ကမ္ဘာမြေကြယ်မှာ ရှင်သန်နိုင်တဲ့ အသန်မာဆုံးသော သားရဲက အဆင့်အမြင့်ဆုံး ဘုရင်အဆင့် သားရဲများ ဖြစ်နေဆဲပဲ.. ဒါပေမယ့် သတင်းကောင်းတစ်ခုတော့ ရှိတယ်.. အခု ငါတို့ရဲ့ သားရဲတွေကိုသားရဲသိုလှောင်ခန်းထဲထည့်ပြီး အိမ်ပြန်နိုင်ပြီ…”

ကောင်းဖန်သည် သူ့နောက်တွင် ရပ်နေသော ကောင်းစွာတည်ဆောက်ထားသည့် အဖြူရောင် ရှေးခေတ်လူသားမျိုးစိတ်ကို လှည့်ကြည့်လိုက်သည်။ ရှေးခေတ်လူသားမျိုးစိတ်တွင် ဒူးအောက်အထိ ရှည်လျားသော လက်များရှိသည်။ သူ့နောက်ကျောတွင် အတောင်ပံတစ်စုံရှိသည်။ အစိမ်းရောင်မျက်လုံးနှင့် အနီရောင်နှုတ်ခမ်းရှိသည်။ သူ့အမြီးသည် တက်ကြွစွာ လှုပ်ရှားနေသည်။ ၎င်း၏အသွင်အပြင်သည် သိသိသာသာပြောင်းလဲသွားသော်လည်း ရှောင်ဟွား၏အသွင်အပြင်မှာ မမှတ်မိနိုင်စရာမရှိပေ။

“သွားကြရအောင်... ငါတို့ အိမ်ပြန်ပြီး ပစ္စည်းတွေ စစ်မယ်။” ကောင်းဖန်သည် အရက်ဆိုင်ထဲမှ ထွက်လာလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၄၃ အချိန်အတော်ကြာပြီးနောက် ပြန်လည်ဆုံစည်းခြင်း

ကားပြတင်းပေါက်ကိုဖွင့်ထားသည်။ ကောင်းဖန်သည် အတွင်းဘက်သို့ တိုက်ခတ်လာသော အေးစက်သော လေနုအေးကို မျက်နှာချင်း ဆိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ထားသည်။ သူ့ပခုံးကို ရစ်ပတ်ထားသော ရှောင်ကောသည် ပြတင်းပေါက်အပြင်ဘက်တွင် ခေါင်းထုတ်ထားကာ လေပြင်းကြောင့် အဖြူအမည်း အစင်းကြောင်း သရဖူ ပျက်သွားသည်။

ပထမတော့ ကမ္ဘာမြေကြယ်က ထွက်လာပြီး သုံးနှစ်အတွင်းမှာ ဧကရာဇ်အဆင့်အထိ တက်နိုင်မယ်လို့ သူထင်ခဲ့ပေမယ့် ဘုရင်အဆင့်မှာ ဆက်ရှိနေမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ကောင်းဖန်သည် အနက်ရောက်မြူခိုးကမ္ဘာတွင် အချိန်အကြာကြီး ကုန်ဆုံးပြီး နောက်ဆုံးတွင် ကမ္ဘာမြေကြယ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း၏ပတ်၀န်းကျင်တွင် ခြိမ်းခြောက်မှုတစ်စုံတစ်ရာရှိမရှိကို သိရှိရန်မှာ အကြောင်းပြချက်တစ်ခုပင်ဖြစ်သော်ငြားလည်း အဓိကအားဖြင့် သူပြန်လာရခြင်းမှာ သူ့အဖိုးက အသက်ကြီးလာသောကြောင့်ဖြစ်ပြီး သူနှင့်အတူ အချိန်ဖြုန်းချင်ခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း ကောင်းဖန်သည် သူ၏ သားရဲများကို သားရဲသိုလှောင်ခန်း သို့မဟုတ် အနက်ရောင်မြူခိုးကမ္ဘာတွင် သူ၏ သားရဲအများစုကို ထားခဲ့ရန် တွန်းအားပေးခံခဲ့ရသည်။ ရှောင်ကော၊ နန်ကျူး၊ ရှောင်ဟွာနှင့် ကြွက်ကသာ သူနှင့်အတူ ကမ္ဘာမြေကြယ်သို့ပြန်လိုက်လာနိုင်ခဲ့သည်။

တိုက်ပွဲများအတွင်း “666” ဟုသာကြွေးကြော်နိုင်သည့် ဆီလီသည် မကြာသေးမီက လေပြင်းမုန်တိုင်းပင်လယ်၌ နှစ်တန်ရှိသော ဝိညာဉ်ကျောက်တုံးကို တွေ့ရှိခဲ့ပြီး ကောင်းဖန်ထွက်ခွာသွားသောအခါတွင် ၎င်းသည် ဧကရာဇ်အဆင့်သို့ ဖြတ်ကျော်ရန် ကြိုးစားနေခဲ့သည်။ အောင်မြင်သည် မအောင်မြင်သည်ကိုတော့ မသိရပေ။

ခေါင်းကြီးငါးကြီးသည် သူလျှိုအဖြစ် ဖောက်ထွင်းဝင်ရောက်ကာ စူးစမ်းရှာဖွေနေပြီး သတင်းများကို စပျစ်ပင်မှ တဆင့်အမြဲတမ်းပြန်ပို့နေသည်။ ကောင်းဖန်၏သားရဲများသည် ငါးဝတုတ်ကြောင့် အလွန်လျင်မြန်စွာ တိုးတက်လာနိုင်သည်။ ကောင်းဖန်သည် ပမာဏအတိအကျကို မမှတ်မိတော့သော်လည်း ငါးဝတုတ်သည် ယဇ်ပုလ္လင်ကို ဆယ်ရာခိုင်နှုန်းအထိ ပြန်လည် ကောင်းမွန်လာအောင် ကူညီပေးကြောင်း သူသိသည်။

“ဒါက အဖွဲ့ ဝင်ပေါက်လား...” ကောင်းဖန်သည် သူမြင်နေရသည်ကို မယုံနိုင်လောက်ပင်။ ပေ ၃၀၀ မြင့်သော တံခါးမကြီးသည် အဖြူရောင်တိုင်များနှင့် အပြာရောင်အုတ်ကြွပ်များဖြင့် ပြုလုပ်ထားသည်။ နန်းတော်ဝင်ပေါက်ကဲ့သို့ဖြစ်နေပြီး တံခါးအထက်တွင် တောက်ပသောစကားလုံးသုံးလုံးကို ထွင်းထုထားသည် ..”တောင်ပိုင်ကောင်းကင် မုဒ်ဦး”

တိုက်များတစ်ဝိုက်တွင် ရေကန်အရွယ် ကြီးမားတဲ့အဖြူရောင်စပါးအုံးမြွေကြီးတစ်ကောင် ရှိနေသည်။ ၎င်း၏အဖြူရောင် အကြေးခွံများသည် ပြေပြစ်ပြီး လက်တွေ့ဆန်နေသည်။ ပြီးတော့ ၎င်း၏လျှာကိုပင် ဖျတ်ခနဲ လှန်ထုတ်လိုက်သည်။

အလုပ်ရုံတွေကို ရွှေ့ပြီးပြီဖြစ်သည်။ ယခုအခါ ဤနေရာတွင် ရုံးချုပ်၊ အလုပ်သမားများ၏ နေထိုင်ရာနှင့် လေ့ကျင့်ရေးခန်းမတို့ ပါ၀င်သည်။ တိုက်ခိုက်ရေးဝတ်စုံဝတ်ထားသော လူများသည် ၎င်းတို့၏သားရဲများနှင့် မြန်မြန် လမ်းလျှောက်နေကြပြီး ပေါ့ပေါ့ပါးပါး ၀တ်စုံ ဝတ်ထားသူများလည်း ကလေးများနှင့် စကားစမြည်ပြောနေကြသည်။

ရေမြေခြားတွင် သုံးနှစ်ကြာနေထိုင်ခဲ့သော ကောင်းဖန် ဒီနေ့တွင် ပြန်လာမည်ကို မည်သူမျှ မသိပေ။ ကျီဟန့်ဝူကိုသာ ကြိုတင် အကြောင်းကြားထားပြီး အိမ်တွင် သူ့ကိုစောင့်နေသည်။

အဝေးက ကောင်းဖန်သည် တံခါးနားမှာ စောင့်နေတဲ့ အရပ်မြင့်မြင့် လူတစ်ယောက်ကို တွေ့လိုက်သည်။ သူ့ဆံပင်တွေ ဖြူသွားပေမယ့် တောက်ပပြီး ရွှင်လန်းနေဆဲပင်။

“မင်းပြန်လာပြီ...” ကောင်းဖန်၏ အဖိုးက ပြုံးနေသည်။ ။ မြေးဖြစ်သူ၏ လက်မောင်းကို ကိုင်ကာ သူ့ကို ကြည့်လိုက်သည်။ “မင်း ကိုယ်အလေးချိန် နည်းနည်းကျသွားတယ်...ဒါပေမယ့် အခု မင်းပိုပြီး တက်ကြွနေပုံရတယ်...”

ကျီဟန့်ဝူက ကောင်းဖန်ကို အိမ်ထဲကို ဆွဲခေါ်သွားသည်။ “မင်းအဲဒီမှာ ကောင်းကောင်းမစားရဖူးမလား မြန်မြန်လာ....မင်းအကြိုက်ဆုံး ရေမှော် နံရိုးစွပ်ပြုတ်လုပ်ထားတယ်”

အိမ်ထဲကို ရောက်တာနဲ့ ကောင်းဖန်က ခန်းမဘက်ကို လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်ဘေးရှိ ထိုင်ခုံပေါ်မှာ အဖြူရောင် ရှပ်အင်္ကျီ နှင့် အပြာနုရောင် ဂျင်းဘောင်းဘီဝတ်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ နွေးထွေးသော အလင်းရောင်သည် သူမ၏ရှည်လျား နက်မှောင်သောဆံပင်ပေါ်တွင် တောက်ပနေပြီး သူမမှာ ရွှေထီးဆောင်းထားသကဲ့သို့ ဖြူစင်သောမျက်နှာပေါ်တွင် အပြုံးအနည်းငယ်ရှိနေသည်။

ကောင်းဖန်ကိုမြင်လိုက်သောအခါတွင် ပဲ့ကျင်းယန်သည် လုံးဝ ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် သူမအကြည့် လွှဲလိုက်ပြီး မတ်တပ်ထရပ်ကာ စာအုပ်ကိုပိတ်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

အဘိုးက သူမကို နေခိုင်းလိုက်သည်။ “ဖန်လေးက ဒီနေ့မှ ပြန်ရောက်တာဆိုတော့ ညစာစားရုံပါပဲ... ပြီးတော့မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် သိကြတယ်မလား”

ပဲ့ကျင်းယန်က တစ်ချက် စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပါပြီ”

စားသောက်နေစဉ် အဘိုးသည် ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ ကောင်းဖန်နှင့် ပဲ့ကျင်းယန်၏ပန်းကန်ထဲသို့ အစားအစာကို ဆက်တိုက် ထည့်ပေးနေပြီး ကောင်းဖန်ကို လွန်ခဲ့သော သုံးနှစ် သူထွက်ခွာသွားကတည်းက အဖြစ်အပျက်အားလုံးကို ပြောပြနေသည်။

ပဲ့ကျင်းယန်ရှိနေတဲ့ အကြောင်းရင်းကိုလည်း ကောင်းဖန်ကိုပြောပြနေသည်။ ကောင်းဖန် မြောက်ဝန်ရိုးစွန်းမှ နောက်ဆုံးပြန်လာပြီးထဲက တောင်ပိုင်းကောင်းကင် အဖွဲ့သည် မြောက်ဝန်ရိုးစွန်းကို တစ်လလျှင်တစ်ကြိမ် လေကြောင်းမှ ထောက်ပံပေးခဲ့သည်။

လေကြောင်းထောက်ပံ့မှုတွင် အရသာရှိသော သရေစာများနှင့် အေးခဲထားသောပစ္စည်းများ ပါဝင်သည်။ မြောက်ပိုင်းဆီးနှင်းခဲ မျိုးနွယ်စုသည် ကမ္ဘာမြေကြယ်သို့ ပြန်မရောက်မီ ယင်းတွင် တစ်နှစ်ကြာအောင် ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူမ၏ အခြေအနေကြောင့် ပဲ့ကျင်းယန်သည် ထိုနေရာတွင်နေရန် အဆင်မပြေဖြစ်ခဲ့သည်။

လက်တွေ့တွင် သူမသည် သက်ရှိဘိုးဘေးတစ်ဦးဖြစ်သောကြောင့် သူမ၏ အဆင့်အတန်းသည် မြင့်မားသည်။ မြောက်ပိုင်းဆီးနှင်းခဲ မျိုးနွယ်စုခေါင်းဆောင်များသည် အခြားသူတစ်ဦးအား ရုတ်တရက် အောင်ကျို့ဖို့ရန် ထူးဆန်းနေပေလိမ့်မည်။

သူတို့အားလုံးအတွက် အဆင်မပြေတဲ့ အခြေအနေဖြစ်တာကြောင့် ပဲ့ကျင်းယန်က ရေခဲသူရဲကောင်းနှင့်အတူ တောင်ဘက်သို့ ထွက်ခွာဖို့ရန် ဆုံးဖြတ်လိုက်သည်။ သူမက ယွိကျိုးကို ဖြတ်သွားတဲ့အခါ သူမရင်ခွင်ထဲက သံလိုက်သားရဲ အမက အိမ်မှာ ကောင်းဖန်ထားခဲ့တဲ့ သံလိုက်သားရဲအထီးကို အာရုံခံစားလိုက်ရသည်။ သူမက အနီးအနားမှာ ရှိနေသောကြောင့် သူတို့ကို လည်ပတ်ခွင့်မပေးခြင်းသည် မလေးစားရာကျနေလိမ့်မည်။ ကောင်းဖန်မရှိဘူးဆိုတာကို သူမ သိတဲ့အခါ သူမ ထွက်သွားချင်ပေမယ့် ကျီဟန့်ဝူက သူမကို ဂရုတစိုက်ဆက်ဆံပေးပြီး တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းမှာနေဖို့ ခေါ်ထားခဲ့သည်။

ပဲ့ကျင်းယန်ကသူမရရှိခဲ့တဲ့ ကြင်နာမှုတွေကြောင့် အားနာပြီး ကျီဟန့်ဝူ၏ အလုပ်အချို့ကို ကူညီဖြေရှင်းပေးဖို့ သူမရဲ့ သားရဲကို ဖျောင်းဖျခဲ့သည်။ ထို့ကြောင့် ရေခဲသူရဲကောင်းသည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏တရားဝင် တိုက်ခိုက်ရေးသမားဖြစ်လာသည်။

ကျီဟန့်ဝူက သူမကို သူ့မြေးမလေးလို ဆက်ဆံပြီး မကြာခဏဆိုသလို သူနှင့် အတူထမင်းစားဖို့ ဖိတ်ခေါ်ပြီး ရေကန်ဘေးမှာ သူမအတွက် အိမ်ကိုလည်း ဆောက်ပေးသည်။

ခဏအကြာတွင် ကျီဟန့်ဝူက သူဗိုက်ပြည့်နေပြီးဖြစ်ပြီး အပေါ်ထပ်သို့တက်ရန် ဖြည်းညှင်းစွာထကာ “ငါမပါဘဲဆက်စားကြပါ... ငါသွားအိပ်တော့မယ်... ငါ့လို အဘိုးကြီးတစ်ယောက်က လှပတဲ့ အိပ်စက်မှုကို လိုအပ်တယ်လေ”

ကောင်းဖန်နှင့် ပဲ့ကျင်းယန်က ထမင်းစား စားပွဲမှာ ကျန်နေခဲ့သည်။ သို့သော်လေထုက ထူးဆန်းနေပြီး အဆင်မပြေပေ။ “မင်း ယွိကျိုးမှာနေတာ အဆင်ပြေလား... ငါတို့အစားအစာက နည်းနည်းစပ်တယ်” ကောင်းဖန်က အဆင်မပြေသော အငွေ့အသက်ကို ချိုးဖျက်လိုက်သည်။

“ဒီက အစားအသောက်တွေကို ကြိုက်ပါတယ်... ကျွန်မတို့နောက်ဆုံးအကြိမ်တုန်းကထက် ပိုကောင်းတယ်” ဟု ပဲ့ကျင််းယန်က ဖြေလိုက်သည်။

ထို့နောက် သူတို့ ထပ်မံ ငြိမ်သက်သွားပြန်သည်။

“မင်းဒီက အစားအသောက်ကြိုက်တာ ငါတွေ့ရတယ်... မင်းမျက်နှာက ဝိုင်းနေပြီ” ဟု ကောင်းဖန်က အလျင်စလိုပြောပြီး သူတို့ကြားက အဆင်မပြေမှုတွေကို သက်သာစေဖို့ ကြိုးစားနေသည်။

ပဲ့ကျင်းယန်က စွံ့အသွားသည်။ သူမသည် စားပွဲပေါ်မှ လက်သုတ်ပဝါဖြင့် ပါးစပ်စွန်းများကို သုတ်လိုက်ပြီး သူမ၏ တူကို ချပြီးနောက် “ကျွန်မဗိုက်ပြည့်နေပါပြီ.... အစားအစာတွေကို ဖြေးဖြေးသုံးဆောင်နေပါ...” ထို့နောက် သူမသည် အိမ်ထဲမှ ထွက်လာလိုက်သည်။

ကောင်းဖန်က တစ်ခုခုမှားနေတယ်လို့ ခံစားရပေမယ့်... သူမရဲ့မျက်နှာကလည်း တကယ်ကို ဝိုင်းနေသည်ပင်။

နောက်တစ်နေ့တွင် ပြတင်းပေါက်အပြင်ဘက်မှ အသံကြောင့် ကောင်းဖန်နိုးလာသည်။ သူသည် အိပ်ယာမှထကာ ဖိနပ်တစ်ရံ ဝတ်ထားပြီး ဒုတိယထပ်လသာဆောင်ဆီသို့ လျှောက်သွားကာ လူများပြည့်ကျပ်နေသော ကွင်းပြင်ဆီသို့ ငုံ့ကြည့်လိုက်သည်။

ကောင်းဖန်သည် လူအများကြားမှ ရင်းနှီးနေသောမျက်နှာများကို ထည့်သွင်းစဉ်းစားပြီးနောက်ဆုံးတွင် မှတ်မိသွားသည်။ နောက်ဆုံးနေရာမှ သူသည် သူ့ကျောင်းမှ ဆရာဖြစ်သည်။ သူသည် လူစုလူဝေးဆီသို့ နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်ရာ နောက်ဆုံးတွင် ထိုလူငယ်များသည်ကျောင်း၏ ကျောင်းသားများဖြစ်သည်ကို သိလိုက်ရသည်။

သူ ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားပြီး အပြင်မထွက်ခင် အင်္ကျီလဲလိုက်သည်။ “မတွေ့တာ တော်တော်ကြာပြီ ဆရာလျူ” ကောင်းဖန်က အပြုံးဖြင့် မျက်မှန်တတ်ထားသော ဆရာကို လက်ပြနှုတ်ဆက်လိုက်သည်။

ဆရာလျူဆိုတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားက ကောင်းဖန်ကိုတွေ့တော့ အံ့အားသင့်သွားပေမယ့် မကြာခင်မှာပဲ သူ့နှုတ်ခမ်းတွေက တောက်ပတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“အိုး... ကျောင်းအုပ်ကြီး... ပြန်လာပြီလား... ဘယ်တုန်းက ပြန်လာတာလဲ” ဆရာလျူက ကောင်းဖန်ကို နှုတ်ဆက်ရန် သူ့ကျောင်းသား များကို စုရုံးလိုက်သည်။

ဒီကျောင်းသားတွေက ကောင်းဖန်က ဘယ်သူလဲဆိုတာ မသိခဲ့ကြပေ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သုံးနှစ်ရှိပြီ ဖြစ်ပြီး အရင် ကျောင်းသားတွေက ဘွဲ့ရပြီးသွားပြီဖြစ်သည်။ ဒါတွေအားလုံးက ကျောင်းသားသစ်တွေပင်။

“ဒါဘယ်သူလဲ... သူက ကျွန်တော်တို့ထက် နည်းနည်းအသက်ကြီးပုံပေါ်တယ်”

“ဆရာလျူက သူ့ကို ကျောင်းအုပ်လို့ ခေါ်လိုက်တာ မကြားဘူးလား.. သင်ပုန်းအထက်မှာ ဆွဲထားတဲ့ ဓာတ်ပုံကို မေ့သွားပြီလား”

“အို...သူပဲထင်တယ်...”

***

သားရဲလေ့ကျင့်သူ

အခန်း ၅၄၄ အမျိုးသားကောလိပ်အသင်း

“ဆရာလျူ ဒီမှာဘာလာလုပ်တာလဲ.. ကျုပ်ပြန်လာတာကို ကြိုသိတဲ့အတွက် ကျုပ်ဒီကိုလာတာလား” ကောင်းဖန်က စနောက်ပြီး ပြောလိုက်သည်။

ဆရာလျူက မျက်နှာလိုမျက်နှာရပြုံးလိုက်ပြီး “ကျောင်းအုပ်ပြန်လာတာကိုသာ သိခဲ့ရင် ကျုပ်တစ်ယောက်တည်းတင်မကဘဲ ဌာနတစ်ခုစီရဲ့ ဒုတိယကျောင်းအုပ်နဲ့ အကြီးအကဲတွေလည်း ရှိနေမှာ သေချာပါတယ်..ကျုပ်တို့က ကောလိပ်အသင်းမှာပါဝင်ဖို့ အဆင်သင့်ဖြစ်နေ ပြီ... ပဏာမအဆင့်ပြိုင်ပွဲကို ယွိကျိုးမှာကျင်းပမှာ.. ပြီးတော့ ဥက္ကဌကျီက ပါဝင်ယှဉ်ပြိုင်တဲ့ ကျောင်းသားအားလုံးကို သူတို့ရဲ့ စိတ်ဓာတ်ခွန်အားမြှင့်တင်ဖို့ ဒီကိုလာစေချင်လို့ လာခဲ့ကြတာပါ..”

“အိုး... သိပြီ” ကောင်းဖန်က ခေါင်းညိတ်ပြလိုက်သော်လည်း လက်တွေ့တွင်မူ သူသည် ကောလိပ်အသင်းအကြောင်း ဘာမှမသိပေ။

ကမ္ဘာမြေကြယ်မှ ထွက်ခွာပြီးနောက် ကျောင်းအုပ်ရာထူးကို ဆက်လက်မထမ်းဆောင်နိုင်တော့ပဲ ထျန့်ကျဲကျောင်း၏ ကျောင်းအုပ်အဖြစ် အဘိုးကို အစားထိုးပေးရန် တောင်းဆိုခဲ့ပြီး ကျောင်းကို စီမံခန့်ခွဲရန်လည်း ကူညီခဲ့သည်။ သူ့ရာထူးကို ထမ်းဆောင်ဖို့ တခြားသူတွေကို မယုံကြည်နိုင်တာကြောင့် သူ့အဘိုးကို ဒုက္ခပေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။

အဘိုးက အနောက်မှ သူ့ရှေ့ကိုလမ်းလျှောက်လာပြီး စူးစူးရဲရဲ စိုက်ကြည့်နေသည်။ မနေ့ညက ကောင်းဖန်နှင့် ပေမိန်းကလေးတို့ကြားက စကားဝိုင်းကို တွေးရင်း စိတ်တိုနေသည်။

သူဘာလို့ ဒီလောက်မိုက်မဲတာလဲ... ငါဆိုတာ သူ့အဖွားနဲ့ ချစ်သူတွေဖြစ်ပြီး ပိုသိလာခဲ့တယ်.. သူ့အဖေတုန်းကလည်း ငါ့သမီးကို ရည်းစားစကားပြောတုန်းက တော်ပါတယ်... သူကတော့ဘာလို့ ဒီလောက်တောင်မပြောတတ်ရတာလဲ... ငါမြစ်ဘယ်တော့ရမယ်ဆိုတာတောင် မသိတော့ဘူး...

ကျီဟန့်ဝူကလမ်းလျှောက်လာတဲ့အခါ တီးတိုးပြောဆိုနေတဲ့ ကျောင်းသားတွေက ချက်ချင်း စကားရပ်လိုက်ပြီး ကျောင်းအုပ်ကြီးကို နာခံစွာကြည့်နေကြသည်။

“ဒုတိယအကြိမ် အမျိုးသားကောလိပ်အသင်းကို ဒီနှစ်မှာ ကျင်းပမှာ...မင်းတို့ မနှစ်က အဆင့် (၈) နေရာမှာ ရပ်တည်ခဲ့ပြီး ကျေနပ်စရာ မရှိပေမယ့် မင်းတို့ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုပါတယ်.. မင်းတို့က ဒီနှစ်မှာ ပိုကောင်းတဲ့ နေရာတစ်ခုရဖို့ ကြိုးစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကျီဟန့်ဝူက လေးနက်စွာ ပြောကြားလိုက်သည်။

“မနှစ်ကထက် ပိုကောင်းတဲ့ ရလဒ်တစ်ခုရခဲ့မယ်ဆိုရင် ပါဝင်သူတိုင်းဟာ ပြီးပြည့်စုံတဲ့ အရည်အသွေးရှိတဲ့ ကွန်မန်ဒါအဆင့် သားရဲကို ဆုချီးမြှင့်မှာ.. အကယ်၍ မင်းတို့က ထိပ်ဆုံး ၃ နေရာကို ရောက်သွားရင် ပါဝင်သူတိုင်းက မင်းတို့ရဲ့အမြော်အမြင်ပေါ် မူတည်ပြီး မော်ကွန်းတင်စွမ်းရည်ဆင့် သားရဲ နဲ့ ကွန်မန်ဒါစွမ်းရည်ဆင့် သားရဲကို ရွေးချယ်နိုင်တယ်” ဟု ကျီဟန့်ဝူက အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် ပြောကြားလိုက်သည်။

ကျောင်းအုပ်ကြီး၏ကတိကိုကြားသောအခါ ကျောင်းသားများသည် အသက်ရှုကြပ်လာကြသည်။

မော်.. မော်ကွန်းတင်စွမ်းရည်ဆင့်!... ဒါက ဘာကိုဆိုလိုတယ်ဆိုတာ အားလုံးသိကြသည်။ တောက်ပသော အလားအလာများနှင့် အလားအလာရှိသော အနာဂတ်ကို ဆိုလိုခြင်းဖြစ်သည်။

“ကျောင်းအုပ်ကြီး.. ကျွန်တော်တို့ ပထမရရင်ရော ဘယ်လိုလုပ်မလဲ” ကျောင်းသားတစ်ယောက်က သတ္တိကို စုစည်းပြီးမေးလိုက်သည်။

ကျီဟန့်ဝူက ထိုကျောင်းသားကို ကြည့်လိုက်သည်။ စူးရှသော အကြည့်အောက်တွင် ကျောင်းသား၏ သတ္တိသည် ပြိုလဲလုနီးပါးပင်။ “မင်းတိုအနိုင်ရရင် မင်းတိုအားလုံးကို မော်ကွန်းတင်စွမ်းရည်ဆင့် သားရဲကို ငါဆုချမယ်.. ကျောင်းအုပ်ဟောင်းက သူတို့ကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ပေးမှာပေါ့” ကျီဟန့်ဝူက သူ့ဘေးတွင် ရပ်နေသော ကောင်းဖန်ကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။

ကောင်းဖန်သည် အကြောင်းအရာထဲသို့ အပြစ်ကင်းစွာ ဆွဲသွင်းခံလိုက်ရသည်။ သို့သော် သူသည် စိတ်လှုပ်ရှားနေသော ကျောင်းသားများကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ... မင်းတို့အနိုင်ရရင် ခြင်္သေ့၊ ကျား၊ ဝံပုလွေ ဒါမှမဟုတ် သမင်မင်ပဲ ဖြစ်ဖြစ် မင်းတို့လိုချင်တာ မှန်သမျှကို စိတ်ကြိုက် ငါပြင်ပေးမယ်”

“မြန်မြန် ကျောင်းအုပ်ကြီးကို ကျေးဇူးတင်လိုက်..” ဆရာ လျို က ကျောင်းသားတွေလိုပဲ စိတ်လှုပ်ရှားနေသည်။ ကျောင်းအုပ်ကြီး၏ နတ်ဘုရားနှင့်တူသော အရည်အချင်းများကို သူသိသည်။ ထို့ကြောင့် ကျောင်းသားတွေကိုတောင် မနာလိုဖြစ်ခဲ့ရသည်။ သူတို့အတွက် သားရဲတစ်ကောင်ကို စိတ်ကြိုက်ပြင်ဆင်ရန် ကျောင်းအုပ်ဟောင်းရှိနေခြင်းသည် အလွန်ကောင်းသော အခွင့်ကောင်းတစ်ခုဖြစ်သည်။ ထုံးစံအတိုင်း ပထမနေရာကို ရဖို့ကတော့ အရမ်းခက်သည်။ လွန်စွာခက်ခဲကြောင်း ပြောဆိုသည်မှာ ချဲ့ကားခြင်းမဟုတ်ပေ။

သူ သက်ပြင်းချလိုက်သည်။ ကျောင်းသားများသည် ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်လိမ့်မည်ဟုသာ သူမျှော်လင့်နိုင်သည်။

နောက်ကျနေပြီ.. ဆရာ လျိုက ကောင်းဖန်နှင့် ကျီဟန့်ဝူကို နှုတ်ဆက်လိုက်ပြီး ကျောင်းသားများနှင့် ၎င်းတို့၏သားရဲများနှင့်အတူ ထရပ်ကားကြီးဖြင့် ထွက်ခွာသွားသည်။

“အဘိုး၊ အမျိုးသားကောလိပ် အသင်း ဆိုတာ ဘာလဲ.. ဒါပထမဆုံးကြားရတာပဲ” ဟုကောင်းဖန်က သူတို့ထွက်သွားပြီးနောက် အဖိုးကိုမေးလိုက်သည်။

“ ကောလိပ်အသင်း... ကောလိပ်အသင်း ဒါက မင်းစိတ်ထဲမှာရှိနေတဲ့ တစ်ခုတည်းသောအရာပဲလား..” ကျီဟန့်ဝူသည် သူ့မြေးကို ကြည့်ရင်း ဒေါသ ထွက်လာသော်လည်း သူ၏တစ်ဦးတည်းသော မြေးဖြစ်သောကြောင့် စိတ်လျှော့လိုက်သည်။

သူက ကောင်းဖန်ကို စိုက်ကြည့်ရင်း “ပဲ့ကျင်းယန်က မိန်းမကောင်းတစ်ယောက်ပါ.. သူမက ကြင်နာတတ်ပြီး ကလေးလည်းကောင်းကောင်း မွေးနိုင်မှာပဲ.. မင်း မြန်မြန်လက်ထပ်တာ ပိုကောင်းတယ်...ဒါပေမယ့် မင်း သူ့အပေါ် တကယ် ခံစားချက်မရှိရင်တော့ သူ့အချိန်တွေကို မဖြုန်းတီးနဲ့...”

ကောင်းဖန် အံ့အားသင့်သွားသည်။ “ဒါက ရုတ်တရက်ကြီးပါလား…”

ကောင်းဖန်သည် ဒီမတိုင်ခင်ထိ သူတို့ဆက်ဆံရေးကို စိတ်ကူးတောင်မယဉ်ဖူးပေ။

“အဘိုး ကျွန်တော့်အတွက် သားရဲလေ့ကျင့်သူဘဝက ကြာရှည်နေတာမို့ အခု ဒီကိစ္စတွေကို စဉ်းစားဖို့ စောလွန်းနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ကောင်းဖန်က အတင်းပြုံးပြီး ပြောလိုက်သည်။ “ကျွန်တော်က သူ့အပေါ် ခံစားချက်တွေ ရှိခဲ့ရင်တောင် သူမက ကျွန်တော်နဲ့ ပတ်သတ်ပြီး ထပ်တူ ခံစားရမှာ မဟုတ်ဘူး.. သူက ကျွန်တော့်ကိုငြင်းလိုက်ရင် ကျွန်တော်တို့ကြားမှာ အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပြီး ကျွန်တော်တို့၏ ခင်မင်ရင်းနှီးမှုကို ထိခိုက်စေနိုင်တယ်..”

ကျီဟန့်ဝူက ခေတ္တရပ်လိုက်ပြီး သူ့မြေးကို လှမ်းကြည့်လိုက်သည်။ “အဲဒါက မင်းစိတ်ထဲက နေ ထင်နေတာလေ...”

“အရင်က မိန်းကလေးတွေကို တစ်ခါမှ မချစ်ဖူးဘူး.. သူမစိတ်ရှုပ်ပြီး အနှောင့်အယှက်ဖြစ်မှာကို ကျွန်တော် ကြောက်တယ်” ဘုရင်အဆင့် သားရဲများနှင့် တိုက်ပွဲတွင်ပင် ထိတ်လန့်စရာပင်မရှိခဲ့သော ကောင်းဖန်သည် ရုတ်တရက် ထိတ်လန့်သွားသည်။

ကျီဟန့်ဝူက ခဏလောက် နှုတ်ဆိတ်နေပြီး “စိတ်ရင်းသာဖြစ်ပါစေ...မင်း သူ့ကို ကောင်းကောင်း ဆက်ဆံပေးရင် သူ့နှလုံးသားက ခံစားရလာလိမ့်မယ်” ဟု ပြောလိုက်သည်။

ထို့နောက် သူက ကောင်းဖန်ရဲ့ ပခုံးကို ပုတ်လိုက်ပြီး ပြောနေတဲ့ အကြောင်းအရာကို ပြောင်းလိုက်သည်။ “မင်းအိမ်မှာ ကျန်ခဲ့တဲ့ တုံရှန်းနဲ့ တုံလင်းတို့ကို နဂါးမောက်သီးအစစ်နဲ့ပတ်သက်တဲ့သတင်းကိုလဲဖို့ သူတို့မျိုးနွယ်စုက ခေါ်သွားခဲ့တာ”

နဂါးမောက်သီးအစစ်လား...

ကောင်းဖန် အံ့အားသင့်သွားသည်။ တကယ်တော့ ကောင်းဖန်သည် အဘိုးအတွက် နဂါးမောက်သီးအစစ်ကို ပြင်ဆင်ခဲ့သည်။ တာ့ဇီ၏ ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သောပါဝင်ပစ္စည်းများမှာ နဂါးမောက်သီးပါ၀င်သော်လည်း ၎င်းအတွက် အခြား ဖြည့်စွက်ပစ္စည်း တစ်ခုသာဖြစ်ပြီး တာ့ဇီသည် ဒဏ္ဍာရီအဆင့်အထိ အဆင့်မြှင့်တင်ထားသောကြောင့် နဂါးမောက်သီးအစစ်ကို မလိုအပ်တော့ချေ။

ယင်းအစား အဘိုး၏ နဂါးဖြူ၏ အဆင့်ကို ဒဏ္ဍာရီစွမ်းရည်ဆင့် လက်သည်းငါးချောင်း နဂါးဖြူ အဆင့်သို့ မြှင့်တင်ရန် ၎င်းကို လိုအပ်သည်။

“နဂါးမောက်သီးအစစ်က ဘယ်မှာလဲ” ကောင်းဖန်က စိတ်ဝင်စားသွားသည်။ သူ၏ ပေါ့ပေါ့ပါးပါး စကားများသည် အမှန်တကယ် အဖိုးတန်သော သတင်းများကို ပြန်လည်ရရှိစေခဲ့သည်။

တကယ်တော့ ကောင်းဖန်သည် တုံရှန်းနဲ့ တုံလင်းတို့ကိုသတ်ရန်မကြံစည်ခဲ့ပေ။ အကယ်၍ သူသာ သူတို့ကို သတ်လိုက်လျှင် စံတုံမျိုးနွယ်စု၏ သေလောက်သော ရန်သူဖြစ်လာမည်မှာ သေချာသည်။ သို့သော် သူသည် နှစ်ယောက်ကို သတ်ပြီး ကျန်နှစ်ယောက်ကို လွှတ်ပေးပါကလည်း စံတုံမျိုးနွယ်စုအတွက် ဒုက္ခဖြစ်စေလိမ့်မည်။

တကယ်တော့ တုံရှန်းက အမြင်လောက် မကြမ်းတမ်းဘူးဆိုတာ ကောင်းဖန်သိသည်။ တုံရှန်း၏ ပြုစားမှုကြောင့်သာ တုံမိုက ချယ်ရီပန်းပင်ကို သတ်ပစ်ခဲ့ကြောင်းကို ကောင်းဖန် သိခဲ့သည်။

အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်ပဲ အခြားကမ္ဘာမှ ထိပ်တန်းသားရဲများကို မဆင်မခြင် သတ်ဖြတ်ခြင်းသည် မိုက်မဲသည့် လှုပ်ရှားမှုဖြစ်ပြီး အနည်းငယ်သတိရှိသူတစ်ဦးကပင် ပြုလုပ်ရမည့်အရာမဟုတ်ပေ။ ထို့ကြောင့် ချယ်ရီပန်းပင်ကိုသတ်ခဲ့သည့် တုံမိုသည် တုံရှန်း၏ လှုံဆော်မှုကြောင့် လုပ်ခဲ့ခြင်းဖြစ်သည်။ နောက်အချက်ကတော့ တုံရှန်းက ပုရောဟိတ်ကြီး၏သားဖြစ်ပြီး တုံမိုက မျိုးနွယ်ခေါင်းဆောင်၏သားဖြစ်သည်။ အဖွဲ့နှစ်ဖွဲ့စလုံးသည် မျိုးနွယ်စုတွင် အကြီးမားဆုံးအာဏာကို ဆုပ်ကိုင်ထားသောကြောင့် အဆက်မပြတ်ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။

စံတုံမျိုးနွယ်စု ခေါင်းဆောင်သည် မျိုးရိုးအ‌မွေကိုရာထူးကိုဆက်ခံခြင်းမဟုတ်ပေ။ မျိုးဆက်သစ်လူငယ်များကြားတွင် အထူးချွန်ဆုံး ပုဂ္ဂိုလ်ကမျိုးနွယ်စုခေါင်းဆောင်အဖြစ် တာဝန်ယူရခြင်းဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်၏သားက သေဆုံးသွားပြီး ပုရောဟိတ်ကြီး၏သားက ပြန်ရောက်လာလျှင် မျိုးနွယ်စုအတွင်း ပဋိပက္ခများ ဖြစ်ရလိမ့်မည်။

“နဂါးမောက်သီးအစစ်ကို အမွေအနှစ်ကမ္ဘာမှာ တွေ့နိုင်တယ်.. ဒီကမ္ဘာက အသက်မဝင်သေးဘူး.. ရာစုနှစ်တစ်စုမှာ တစ်ကြိမ်ပဲ အသက်ဝင်လာမှာဖြစ်ပြီး အသက်မဝင်ခင် နောက်ထပ် နှစ်နှစ်ကျန်သေးတယ်” ဟု ကျီဟန့်ဝူကပြောလိုက်သည်။

“ကောင်းတယ်... အဲဒီအချိန်မှာ အသီးတွေရနိုင်မယ့် နည်းလမ်းကို ကျွန်တော်သေချာပေါက် ရှာတွေ့မှာပါ” ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။

“အဘိုး... မနှစ်က အမျိုးသားကောလိပ်ဖလားမှာ ကျွန်တော်တို့ အဆင့်ရှစ်နေရာရခဲ့တာလား”

ကောင်းဖန်က ကျောင်းသားတွေရှေ့မှာ ဒါကို ထုတ်မပြောခဲ့ပေမယ့် မယုံကြည်နိုင်ခဲ့ပေ။ သူသည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက သားရဲအများအပြားကို ပြုစုပျိုးထောင်ပေးခဲ့ပြီး သူ မထွက်ခွာမီ အမိန့်များစွာကို ချန်ထားခဲ့သည်။ ထို့အပြင် ထျန့်ကျဲကျောင်းသည် ကိုယ်ပိုင်ကျောင်းဖြစ်ပြီး တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေသည်ဟု ဆိုနိုင်ပြီး ၎င်းတို့သည် အဆင့်ရှစ်နေရာတွင်သာ ရှိသေးသည်။ အဲဒီတုန်းက အထက်တန်းကျောင်းသားတွေက အထင်ကြီးလောက်စရာ မရှိခဲ့ပေ။

“မင်းဘာတွေပြောချင်နေတာလဲ ငါသိတယ်...အဖွဲ့က ကျောင်းကို အကူအညီအများကြီးမပေးခဲ့ဘူး... သူတို့ကို ပညာရေးဆိုင်ရာ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး အပြည့်အဝ ပံ့ပိုးပေးခဲ့ပေမယ့် သားရဲတွေကို သက်သက်ပေးတာမျိုးတော့ မရှိခဲ့ဘူး...”

ကျီဟန့်ဝူ က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ “ငါတို့က သူတို့ကို သားရဲတွေကို အချိန်မရွေး ပံ့ပိုးပေးနိုင်ပေမယ့် ကောင်းမွန်တဲ့ အဆင့်ကို ငါတို့မလိုချင်ဘူး... ဤနည်းလမ်းဖြင့် ငါတို့က ပိုမိုထူးချွန်သော သားရဲလေ့ကျင့်သူများကို ပြုစုပျိုးထောင်ရမယ်.... လူတွေကို လုံလောက်အောင် လေ့ကျင့်ပြီးရင်တော့ သားရဲတွေကို အချိန်မရွေး ပေးနိုင်တယ်လေ..”

***

စာစဉ် ၃၄ ပြီး၏။

All Chapters