← Chapters

အခန်း (၅၄၅-၅၄၈)

Vol. 35 Ch. 545-548

အခန်း (၅၄၅-၅၄၈)

Vol. 35 Ch. 545-548

အခန်း ၅၄၅ ကြီးထွားလာသောဦးနှောက်

ကောင်းဖန်က သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ အမှန်တော့ အဘိုးက လိမ္မာပါးနပ်ပြီး သတိကြီးသည်။

အဘိုးသည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ဥက္ကဌ၊ စူးစမ်းလေ့လာရေး သမဂ္ဂ၏ဒါရိုက်တာနှင့် ထျန်းကျဲကျောင်း၏ကျောင်းအုပ်ဖြစ်သောကြောင့် နေ့တိုင်းအလွန်အလုပ်များနေခဲ့သည်။

အလုပ်မှထွက်ဖို့ ပြင်ဆင်နေတုန်း အဖိုးက ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်။ သူက ရပ်လိုက်ပြီး ကောင်းဖန်ကိုပြောလိုက်သည်။ “ဒါနဲ့...ကျောင်းက ဆရာကွမ်က ကျောင်းသားတစ်ယောက်နဲ့ သွေးစာချုပ်ချုပ်ထားတယ်”

ကောင်းဖန်အံ့အားသင့်သွားသည်။ ကျောင်းသားတစ်ဦးက ဆရာကွမ်နဲ့ အမှန်တကယ် စာချုပ်ချုပ်တယ်..

အတွေးပေါင်းများစွာက သူ့နှလုံးသားကို လွှမ်းခြုံသွားသည်။ ကောင်းဖန်က ခဏလောက်စဉ်းစားလိုက်ပြီး “ဘယ်ကျောင်းသားလဲ” ဟု မေးလိုက်သည်။

အဘိုးသည် ကျောင်းသားအများစု၏အမည်များကို သေချာစွာမမှတ်မိသော်လည်း ဒဏ္ဍာရီဖြစ်သော ဆရာကွမ်းနှင့် စာချုပ်ချုပ်နိုင်ခဲ့သောကျောင်းသားကိုတော့ အနည်းငယ်အသိအမှတ်ပြုခဲ့သည်။ ထိုကျောင်းသားက လက်ရှိတွင် သူ့အတွက် အလုပ်လုပ်နေသည်။ “လီကျွင်းကျုံး”

လီကျွင်းကျုံး…ကောင်းဖန်စိတ်ထဲတွင် မှုန်ဝါးသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ ပိုင်ယဲ့ခရိုင် တောင်ပိုင်ကောင်းကင်ဌာနခွဲရှိ လေ့ကျင့်ရေးကွင်းအစွန်းတွင် သေးငယ် ညစ်ပတ်ပြီးဖိုသီဖတ်သီ ရုပ်ပုံလွှာတစ်ခုက လျှို့ဝှက်စွာ လေ့ကျင့်ဖို့ရန် နံရံထောင့်တစ်ခုကို ပေါက်ထွက်ပြီးနောက် သူ့ လေ့ကျင့်ရေးပြီးတိုင်း လေ့ကျင့်ရေးကွင်းကို သန့်ရှင်းရေးလုပ်သည်ကို မှတ်မိသွားသည်။

ကောင်းဖန် ခေါင်းညိတ်လိုက်သည်။ “ပထမအကြိမ်ကြိုးစားမှုမှာ ဆရာကွမ်နဲ့ သွေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာလား..” ဆရာကွမ်နှင့် စာချုပ်ချုပ်ဆိုရန် စိတ်ဝိဉာဉ်စွမ်းအား အများအပြားလိုအပ်သောကြောင့် ကောင်းဖန်သည် အနည်းငယ် သိချင်နေသည်။ နောက်ပြီးတော့ ဒါက စွမ်းအားကြီးသော နတ်ဘုရားအဆင့် သားရဲတစ်ကောင်ဖြစ်သည်။

“သာမန်အခြေအနေအရ ဒီလိုလုပ်ဖို့ဆိုတာ သေချာပေါက်မဖြစ်နိုင်ပေမယ့် ဆရာကွမ်က သူနဲ့ စာချုပ်ချူပ်ထားတဲ့ ပထမဆုံးသားရဲပဲ..” ဟု အဖိုးက ပြောလိုက်သည်။ “ဒါက ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုတွေမှာ ငါတို့ရဲ့ အရှိန်ကို မြှင့်တင်ပေးလိမ့်မယ်..နတ်ဘုရားအဆင့်သားရဲနဲ့ စာချုပ်ချုပ်နိုင်တာ လူနည်းစုပဲ.. အများစုက ပထမအကြိမ်မှာ ကွန်မန်ဒါအဆင့်သားရဲနှင့်သာ စာချုပ်ချုပ်နိုင်တာ.. လီကျွင်းကျုံးက ပင်ကိုပါရမီရှိတယ်..”

“ဒါဆို အဖွဲ့ထဲမှာ သူ့က ဘာရာထူး ယူထားလဲ” ကောင်းဖန်က မေးလိုက်သည်။

“သူက တရားဥပဒေစိုးမိုးရေးဌာနမှာ ခေါင်းဆောင်ရာထူးကို ယူထားတယ်...”

ကောင်းဖန်ခေါင်းညိတ်လိုက်သည်။ ဆရာကွမ်သည် မှန်ကန်ဖြောင့်မတ်သည့်အတွက် ဤရာထူးမှာ အသင့်တော်ဆုံးဖြစ်သည်။

“ကျွန်တော်အချိန်ရရင် သူ့ဆီသွားလည်လိုက်မယ်” ကောင်းဖန်က အဘိုးဘာပြောချင်တာလဲကို နားလည်သည်။ အဖိုးက သူ့ကို တပည့်တွေ မွေးမြူစေချင်သည်။

အဘိုးသည် အဖွဲ့၏မျှော်စင်သို့သွားပြီးနောက် ကောင်းဖန်သည် ရှောင်ဟွာနှင့် အခြားသူများနှင့်အတူ တောင်ခြေရင်းသို့ လျှောက်သွားလိုက်သည်။

ငွေရှာသူကြွက်၏ ခန္ဓာကိုယ်သည် လွန်ခဲ့သည့် သုံးနှစ်က ၎င်းကို ပထမဆုံးခေါ်လာစဉ်ကထက် များစွာကြီးမားလာသည်။ အမြီးကိုထည့်မတွက်ဘဲတောင် ၎င်း၏ကိုယ်ထည်အရှည်မှာ သုံးပေနီးပါးရှိပြီး အမြီးကို ထည့်ထွက်ပါက စုစုပေါင်း ခြောက်ပေရှိမည်ဖြစ်သည်။ ၎င်း၏ တစ်ကိုယ်လုံးတွင် ရွှေရောင်အကြေးခွံများရှိပြီး ၎င်း၏မျက်လုံးများသည် အဝါရောင်သန်းတဲ့လိမ္မော်ရောင်ပယင်းဖြစ်သည်။ သူ့နောက်ကျောမှာ ငွေရောင်ကျားအစင်းကြောင်းရှိသည်။ သုံးနှစ်ကြာ ကြိုးစားပြီးနောက်၊ ရတနာအနံ့ခံကြွက်သည် ယခင်ကဲ့သို့ မကြောက်တော့ဘဲ အမြီးကို လှန်ပြီး လမ်းလျှောက်နေစဉ် ဘယ်ညာ ကြည့်လိုက်သည့်အခါတွင် တစ်ခါတစ်ရံလူများက သူ့ကို ကြောင်ဟု ထင်သွားစေသည်။

လမ်းတလျှောက်မှာ သားရဲလေ့ကျင့်သူတွေနဲ့ သူတို့ရဲ့သားရဲတွေကိုတွေ့ရသည်။ ကြွက်၏ မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ရှိနေသည်။ တကယ်တော့ အနက်ရောင်မြူခိုးကမ္ဘာမှာ လှိုင်းလေထန်မှုကနေ ရှင်သန်ခဲ့ပြီးဖြစ်လို့ ကမ္ဘာမြေကြယ်ပေါ်မှ သားရဲတွေကို ကြည့်တဲ့အခါ သူကသာလွန်နေတယ်လို့ခံစားရခြင်းဖြစ်သည်။

ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသော မိန်းကလေး နှစ်ယောက်သည် ညာဘက်မှ ဖြတ်လျှောက်သွားကာ တစ်ယောက်က အနီရောင် ၀တ်စုံ ဝတ်ဆင်ထားပြီး ကျန်တစ်ဦးမှာ လက်တိုနှင့် အပြာနုရောင် ဂျင်းဘောင်းဘီ အဖြူရောင် ၀တ်ထားသည်။ ၎င်းတို့နောက်တွင် ကျားသစ်အရွယ် အနက်ရောင်နှင့် အဖြူရောင် ကြောင်ကြီးနှစ်ကောင်တို့ ပါဝင်သည်။ သူတို့၏ မျက်လုံးစိမ်းများသည် အလွန် အေးစက်နေသည်။ ဘယ်ဘက်ရှိ အဖြူရောင်မီးစုန်း ကျားသစ်ကြောင် သည် ကြွက်ကို လှောင်ပြောင်လိုက်ပြီး ကြွက်သည် သူ့ကိုယ်သူ ရူးသွပ်သွားစေရန် စိတ်အားထက်သန်စွာ မျှော်လင့်နေသည်။

သို့သော် ကြွက်က တည်ငြိမ်ပြီး ရိုးရိုးရှင်းရှင်းသာ သမ်းဝေနေသည်။ ကြောင်၏ ခံ့ညားသောအမူအရာသည် စက္ကန့်ပိုင်းမျှ ချော်ထွက်သွားသည်။

အဖြူရောင်မီးတောက်ကျားသစ်ကျောင်သည် ကြောက်လန့်တကြား ညည်းတွားပြီး ၎င်း၏အမြီးသည် လေထဲမှာထောင်သွားသည်။

ညာဘက်ရှိ အနက်ရောင်မီးတောက်ကျားသစ်သည် ပိုပြီးတောင် ရူးသွပ်သွားသည်။ ၎င်းသည် ချက်ခြင်းထိုင်ချလိုက်ပြီး ခြေဖဝါးတွေကို ဆန့်လိုက်ကာ ကြမ်းပြင်ပေါ်မှာ လှိမ့်ချလိုက်ပြီး ပိုပိုဝေးဝေးကို ရွေ့လျားသွားတော့သည်။

“တာ့ပိုင်” အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးက အော်လိုက်သည်။

အင်္ကျီအဖြူဝတ်ထားတဲ့မိန်းကလေးက အရုပ်ပြိုင်ကားလို ချော်လဲသွားတဲ့ သားရဲများကို လှည့်ကြည့်ပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ကောင်းဖန်ကို စိုက်ကြည့်လိုက်သည်။

မိန်းကလေးများကို ထွက်သွားပြီးနောက် ကောင်းဖန်က ကြွက်ကို ငုံ့ကြည့်လိုက်ပြီး ကြိမ်းမောင်းလိုက်သည်။ “မင်းဟာ ဘုရင်အဆင့် ဖြစ်ပြီး ကွန်မန်ဒါအဆင့် ကြောင်နှစ်ကောင်ကို သွားပြီးတော့ ခြိမ်းခြောက်နေတယ်... ရှက်ပြီးလဲသေဖို့တောင်ကောင်းတယ်..”

ကောင်းဖန်ကဆူပူကြိမ်းမောင်းပြီးနောက် ကြွက်သည်ကြမ်းပြင်ပေါ်တွင် သိမ်မွေ့စွာ လှဲချလိုက်သည်။ သူသည် လက်ဖဝါးနှစ်ချောင်းဖြင့် ခေါင်းကို ပွေ့ဖက်ထားကာ မျက်စောင်းထိုးပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။

“စိတ်လျော့ပါ သခင်.. စိတ်အေးသွားဖို့ လိမ္မော်သီးကိုစားပါ” အရပ်ခြောက်ပေနှင့် ပဲပင်ကဲ့သို့ ပိန်လှီသော ပေကျိသည် လိမ္မော်သီးတစ်လုံးကို အလျင်အမြန် အခွံခွာပြီး ကောင်းဖန်ကို ပေးလိုက်သည်။

ကောင်းဖန်က သူ့ထံပေးထားသည့် လိမ္မော်သီးကို တားလိုက်ပြီး “လိမ္မော်သီးတွေက အတွင်းပိုင်းကို အပူလွန်ကဲစေနိုင်တယ်...မင်းတို့ နှစ်ယောက် ထွက်သွားပြီး ဆော့နေကြ” ဟု ပြောလိုက်သည်။

ပေကျိက ပြုံးပြီး လိမ္မော်သီးကို ပြန်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူသည်အရပ်ရှည်ပြီး ကြံ့ခိုင်တဲ့ နန်ကျူးဘေးမှာ ရပ်နေတာတောင် ပိုပိန်ပါးနေပုံရသည်။

“ထ.. သေချင်ယောင်ဆောင်နေတာရပ်လိုက်...” ကောင်းဖန်သည် ကြွက်၏ တင်ပါးကို ကန်ထုတ်လိုက်ပြီး သူတို့နောက်သို့ လိုက်သွားသည်။

သူတို့သည် သင်္ဘောကျင်းတစ်ခု ဆောက်လုပ်ထားသည့် မြစ်ကမ်းစပ်သို့ ရောက်ရှိလာကြသည်။ သင်္ဘောများကို ကမ်းပေါမှ သံလမ်းများဖြင့် မြစ်ထဲသို့ ချထားသည်။ သင်္ဘောကျင်းတွင် မီးအပြည့်ပေါက်ကွဲနေပြီး မီးခိုးခေါင်းတိုင်မှတစ်ဆင့် အနက်ရောင် အငွေ့များ ထွက်နေသည်။ ခိုင်ခံ့ပြီးမဲနက်နေသော သားရဲကြီးများသည် တန်ပေါင်းများစွာအလေးချိန်ရှိသော သံမဏိများကို အရှေ့စက်ရုံမှ အနောက်သို့ သယ်ဆောင်သွားကြသည်။

ကောင်းဖန်သည် ခဏမျှ စောင့်ကြည့်ပြီးနောက် ရေစီးကြောင်းအတိုင်း ခရီးဆက်ကာ လမ်းတစ်လျှောက်တွင် လူအရေအတွက် နည်းပါးလာသည်ကို သတိထားမိလိုက်သည်။

မြစ်ကမ်းနံဘေးတွင် ထူထပ်သော ရေပင်များဖြင့် ပြည့်နေပြီး ရေအပင်များအောက်ရှိ သားရဲများ၏ လှုပ်ရှားမှုများကို အခါအားလျော်စွာ မြင်တွေ့နိုင်သည်။

လူသားဦးရေ အဆက်မပြတ် တိုးပွားလာသည်နှင့်အမျှ သားရဲများသည်လည်း ရူးသွပ်စွာ မျိုးပွားလာကြသည်။ ၎င်းတို့ထဲမှ အချို့သည် အထူးနည်းလမ်းဖြင့် လူ့လောကထဲသို့ ပေါင်းစည်းဝင်ရောက်ကြသည်။ ဥပမာအားဖြင့် ကောင်းဖန်သည် မီနိုတောသားရဲများကို ကြီးကြပ်သည့် သားရဲလေ့ကျင့်သူများ ရှိနေသည်ကို မြင်လိုက်ရသည်။

ကောင်းဖန်သည် မြစ်ဘေးတွင် ခဏရပ်လိုက်သည်။ သူ့ရှေ့က ရေတွေက တဖြည်းဖြည်း ပွက်ထလာပြီး ရေထဲက သားရဲတွေ ထွက်လာက ကောင်းဖန်ကို “အဘိုး” လို့ စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။

သူ့ရှေ့က ရေတွေက တက်လာပြီး တစ်ကိုယ်လုံးကို ရေတွေနဲ့ ပေါင်းစပ်ထားတဲ့ လူတစ်ယောက်အဖြစ် ခဲသွားသည်။ “သခင်” ရေလူသားက ကောင်းဖန်ရဲ့ စိတ်ထဲမှ စိတ်ဝိဉာဉ်တုံ့ပြန်မှုကတဆင့် ထုတ်လွှင့်လိုက်သည်။

“သခင်.. သူက သခင့်ကိုတွေ့ဖို့ သူ့ရဲ့ရုပ်အစစ်ကိုတောင် မသုံးဘူး သူ့ရဲ့ တစ္ဆေ မျိုးကွဲပဲ” ကြွက်က ဆဲဆိုလိုက်သည်။

ရေလူသားသည် ကြွက်အား လှည့်ကြည့်ပြီးနောက် ၎င်း၏အကြည့်ကို ရုပ်သိမ်းလိုက်သည်။ “သခင်.. ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အစစ်အမှန်က အနီးအနားမှာ မရှိဘူး... ရေစုန်မျောနေတယ်… အခု တဟုန်ထိုး ပြေးလာနေပါတယ်.. ဒါပေမယ့် အခုအချိန်မှာတော့ သခင့်ကိုတွေ့ဖို့ ဒီနည်းလမ်းကိုပဲ သုံးလို့ရတယ်.. ခွင့်လွှတ်ပါ သခင်..”

“အဆင်ပြေပါတယ်။ မင်းရဲ့ ခန္ဓာကိုယ်အစစ်က လာစရာ မလိုဘူး။ မြစ်ကို သိမ်းပိုက်ရာမှာ မင်းရဲ့ တိုးတက်မှုကို မြင်ရဖို့ ဒီနေရာကို ငါ ရောက်လာတာ”

[သားရဲ အမည်] - ကြီးထွားလာသော ဦးနှောက် (တစ္ဆေမျိုးကွဲ)

[သားရဲ စွမ်းရည်] - ပြီးပြည့်စုံစွမ်းရည်ဆင့်

[သားရဲ အမျိုးအစား] - စိတ်ဝိဉာဉ်

[အထူးသွင်ပြင်လက္ခဏာ] - အတွေးကြိုး

(အကျိုးသက်ရောက်မှု ၁ - တွေးခေါ်မှုလုပ်ငန်းစဉ်များကို လွှမ်းမိုးဆောင်ရွက်သည်။

အကျိုးသက်ရောက်မှု ၂- ထူးကဲသော အသက်ဝင်မှု။

အရိပ်အမြွက် - လက်ရှိမြစ်ကို ၆၅ ရာခိုင်နှုန်းကို သိမ်းပိုက်ပြီးပြီဖြစ်သည်)

၎င်းသည် တစ္ဆေမျိုးကွဲမျှသာဖြစ်သောကြောင့် ၎င်း၏အမျိုးအစားအများအပြားကို မမြင်နိုင်ပေ။ သို့သော် မြစ်ကို သိမ်းပိုက်ခြင်း၏ တိုးတက်မှုသည်ကောင်းဖန်၏မျှော်လင့်ချက်ထက် ကျော်လွန်၍ ၆၅ ရာခိုင်နှုန်းအထိ ရောက်ရှိနေသည်။ ကြီးထွားလာသော ဦးနှောက်သည် အောင်မြင်တိုးတက်မှုရှိကြောင်း သရုပ်ဖော်ထားပြီး ၎င်း၏အဆင့်သည် အလွန်တိုးမြင့်လာသည်ကို သိလိုက်ရသည်။ မဟုတ်ပါက ၎င်း၏တိုးတက်မှုသည် ဤမျှမြန်ဆန်မည်မဟုတ်ပေ။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၄၆ တံခါးနတ်ဘုရား ပေါင်းစပ်ခြင်း

“သခင်.. ကျွန်တော် ယန်ဇီမြစ်ရဲ့ တစ်ဝက်လောက်ကို ထိန်းချုပ်နိုင်ခဲ့တယ်.. သခင် ကျွန်တော့ကိုယုံကြည်တဲ့ ဆောင်ရွက်ချက်ကို ပြီးမြောက်ဖို့ အနည်းဆုံး တစ်နှစ်ထပ်လိုလိမ့်မယ်” ဟု ကြီးထွားလာသော ဦးနှောက်က လေးနက်စွာ ပြောလိုက်သည်။

“ကောင်းတယ်.. ဆက်လုပ်ထားပါ” ကောင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကြီးထွားလာသော ဦးနှောက်က ဤကမ္ဘာမြေကြီးပေါ်တွင် တစ်ချိန်လုံးရှိနေခဲ့သောကြောင့် သူဝေးသွားစဉ် ဖြစ်ပျက်ခဲ့သမျှကို မေးမြန်းနေသည်။ ၎င်း၏ ဝိဉာဉ်ကို ဖမ်းဆုပ်နိုင်သော စွမ်းရည်ကြောင့် ရေနစ်သေဆုံးသွားသူများရဲ့ အမှတ်တရများကို စုပ်ယူနိုင်ခဲ့သည်။

အသံတိတ်ရုပ်ရှင်တစ်ခုလို သူ့ရှေ့မှာ လွန်ခဲ့တဲ့သုံးနှစ် ကမ္ဘာမြေပေါ်မှာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ကြည့်ရှုနေတဲ့ ကောင်းဖန်အား သူ့ရဲ့မှတ်ဉာဏ်တွေကို စတင်မျှဝေလိုက်သည်။

သူ မရှိချိန်မှာ ကမ္ဘာကြီးက အများကြီးပြောင်းလဲသွားခဲ့သည်။ ပထမနှစ်တွင် ရှေးဟောင်းမျိုးနွယ်စုသည် ကမ္ဘာမြေ ဖွံ့ဖြိုး တိုးတက်မှုဖြစ်သည့် ဂြိုဟ်ဆီသို့ အုပ်စုလိုက် ထွက်ခွာမှုများကို စတင်ခဲ့သည်။ သူတို့သည် ၎င်းတို့၏အိမ်သစ်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာသောအခါတွင် ရှေးမျိုးနွယ်စုနှင့် မူရင်းကမ္ဘာမြေလူသားများကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရှေးလူသား များသည် နောက်ဆုံးတွင် အောင်ပွဲခံခဲ့သည်။ ယခုအခါ ‘ရှေးဟောင်းမျိုးနွယ်’ဟူသောအမည်သည် ကြီးမားသောတောင်ကြီး တစ်ခုကဲ့သို့ လူတိုင်း၏ခေါင်းပေါ်တွင် ရှိနေသည်။

နောက်နှစ်နှစ်အကြာတွင် ကမ္ဘာမြေလူသားများနှင့်ရှေးဟောင်းမျိုးနွယ်စုကြား ပဋိပက္ခများ ဖြစ်ပြီးနောက် ယခင်နှစ်များထက် တဖြည်းဖြည်း ရောနှောသွားသည်ကို မြင်တွေ့ခဲ့ရသည်။ကမ္ဘာမြေလူသားများ၏တစ်စိတ်တစ်ပိုင်းသည် ရှေးမျိုးနွယ်စု၏ ကိုယ်စားလှယ်များ ဖြစ်လာပြီး ပဋိပက္ခတွင် အခြားသောစွမ်းအားများကို ချေမှုန်းလိုက်ခဲ့သည်။

၎င်းသည် ရှေးခေတ် တရုတ်နိုင်ငံရှိ ခေါင်းဆောင်ငါးခုအတွင်း ဖြစ်ပွားခဲ့သော အာဏာလွန်ဆွဲပွဲနှင့် မတူဘဲ နိုင်ငံရေးအဖွဲ့အများအပြားက အာဏာရရှိရေး ယှဉ်ပြိုင်လာကြသည်။

မျိုးနွယ်စုအသီးသီးသည် ၎င်းတို့၏ ကိုယ်စားလှယ်များကို စေလွှတ်ကာ ကမ္ဘာမြေကြီးပေါ်တွင် သြဇာလွှမ်းမိုးရန် ပြိုင်ဆိုင်နေကြသည်။ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ သြဇာကတော့ သိသိသာသာ ကျဆင်းသွားသည်။ ဟွားရှားဒေသရဲ့ ထိပ်မှာ မရှိတော့ပေ။

အချို့သောလူများအတွက် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသည် ကြီးမားသောအဖွဲ့အဖြစ်တိုးတက်လာသော်လည်း ဒေသ၏ အနောက်တောင်ဘက်ခြမ်းတွင်သာ သြဇာသက်ရောက်မှုရှိပုံရသည်။ ၎င်း၏သြဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်း ထားနိုင် သော်လည်း တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ ဂုဏ်သတင်းနှင့်အပြိုင်ရှိသည့် အဖွဲ့အစည်းအချို့သည် လွန်ခဲ့သောသုံးနှစ်အတွင်း ဟွားရှားဒေသတွင် ပေါ်လာသည်။

ကောင်းဖန်၏ မျက်လုံးများသည် အတွေးဖြင့် တောက်ပသွားသည်။ ပြိုင်ဆိုင်မှုက အဖွဲ့အစည်းအတွက် အမြဲတမ်းကောင်းတယ်လို့ ထင်သည်။ အမျိုးသား အထက်တန်းကျောင်း ပြိုင်ပွဲအကြောင်းကိုလည်း သူနားလည်သည်။ ဒါက ဟွာရှားအစိုးရနှင့် အခြားသော အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ စီစဉ်ကျင်းပသော ဟွားရှားဒေသတွင် ကြီးမားသော ပွဲဖြစ်သည်။ ပုံမှန်အားဖြင့် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသည် ပွဲဖြစ်မြောက်ရေးကော်မတီ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

ဟွာရှားကျွင်းဝူ အထက်တန်းကျောင်းက ထိပ်ဆုံးသို့ တက်လာတဲ့အခါ အထက်တန်းကျောင်း ပြိုင်ပွဲကို အရင်နှစ်တုန်းက ပထမဆုံး အကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဟွာရှားကျွင်းဝူ အထက်တန်းကျောင်းကို ဟွားဝူအထက်တန်းကျောင်းဟုလည်းသိကြပြီး ဟွာရှား ဒေသ၏စစ်တပ်နှင့် မြောက်ပိုင်းတောင်ရိုးဟူးရှန်အဖွဲ့အစည်းမှ ကျောထောက်နောက်ခံပြုထားသည်။

ကောင်းဖန်သည် မြောက်ပိုင်းတောင်ရိုးဟူးရှန်အဖွဲ့အစည်းကို တစ်ခါမျှ မကြားဖူးပေ။ အများသိထားပြီးသား အချက်အလက်များကိုသာ သူသိသည်။

မြောက်ပိုင်းတောင်ရိုးဟူးရှန်အဖွဲ့အစည်းကို မည်သူမျှ မသိခဲ့ကြဘဲ ၎င်းသည် နေ့ချင်းညချင်း ဒေသတွင်းရှိ ကြယ်ပွင့်များထဲမှ တစ်ခုဖြစ်လာသည်။ စစ်တပ်နှင့်လည်း နီးကပ်သော ဆက်ဆံရေးရှိပုံရသည်။

ကောင်းဖန်သည် မနှစ်က ဒုတိယနှင့် တတိယနေရာရခဲ့သည့် ကျောင်းများကို ဒီနေ့အထိ မကြားဖူးပေ။ ၎င်းတို့သည် ဒေသတွင်းရှိ သြဇာကြီးမားသော အဖွဲ့အစည်းအများအပြား၏ ကျောထောက်နောက်ခံပြုထားသော ပုဂ္ဂလိကကျောင်းများဖြစ်သည်။

ဒါကို သူ မကူညီနိုင်ပေမယ့် တစ်ခုခုတော့ လွဲနေသလို ခံစားရသည်။

တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကောင်းဖန်သည် လီကျွင်းကျုံကို ၎င်း၏ရုံးခန်းသို့ ခေါ်လိုက် သည်။ အရင်သုံးနှစ်လောက်ကလို နုံချာတဲ့ကောင်လေးမဟုတ်တော့ဘဲ အခု လီကျွင်းကျုံသည် ရင့်ကျက်သော လူငယ်တစ်ယောက် အနေနဲ့ သူ့ရှေ့မှာရပ်တည်နေသည်။

သူ့ခန္ဓာကိုယ်က ပိုထွားလာပြီး အခု ဆံပင်ကို မြင့်မြင့်စီးထားသည်။ သူ့မျက်လုံးတွေက စွမ်းအင်တွေနဲ့ ပြည့်နေသည်။

သူ့နောက်တွင် ဆရာကွမ်က ရပ်နေသည်။ ယခုအခါ သူ့ အရပ်သည်ပေ ၃၀ မြင့်ပြီး ကောင်းဖန် နောက်ဆုံးတွေ့ဖူးသည့် အချိန်မှစ၍ အနည်းငယ် ပုသွားသည်။ သူ့မျက်လုံးများသည် အနည်းငယ်မှိတ်သွားပြီး သူ့မျက်နှာ၊ ဝတ်ရုံနှင့် ဓားတို့တွင် အရေးအကြောင်းများသည် ပို၍ပင် ထင်ရှားလာပုံရသည်။

“သခင်လေး..” လီကျွင်းကျုံက ကောင်းဖန်ကိုမြင်ရတာ စိတ်လှုပ်ရှားနေပုံပင်။

ကောင်းဖန်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ “မတွေ့ရတာကြာပြီ...မင်းက အများကြီး ကြီးလာတာပဲ..”

လီကျွင်းကျုံက အပြင်အထန် ခေါင်းညိတ်လိုက်သည်။ သူသည် ကွမ်ယုနှင့် သွေးစာချုပ်ချုပ်ဆိုပြီးကတည်းက အခြား အဖွဲ့အစည်းများ၊ စစ်တပ်နှင့် အခြားနိုင်ငံမှ လူများ၏ ကမ်းလှမ်းမှုများကို လက်ခံရရှိခဲ့သည်။ သို့သော် သူသည် ၎င်းတို့အားလုံးကို ငြင်းပယ်ခဲ့သည်။ တစ်စုံတစ်ယောက်အတွက်သာ မဟုတ်ရင် ဒီလောက်ထိ လုပ်နိုင်မှာ မဟုတ်ပေ။ ဤကမ္ဘာပေါ်တွင် သူ၏ သစ္စာစောင့်သိမှုနှင့် ထိုက်တန်သူ တစ်ဦးတည်းသာ ရှိသည်။

“မင်းဘယ်လိုနေလဲ.. ဒီမှာ အလုပ်လုပ်နေတာလား.. အဆင်မပြေတာရှိရင် ငါ့ကိုပြောပါ...”

လီကျွင်းကျုံသည် ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းယမ်းလိုက်သည်။ “မဟုတ်ပါဘူး သခင်လေး.. အားလုံးအဆင်ပြေပါတယ်.. စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေး..”

“ကောင်းတယ်.. အလုပ်ကိုကောင်းကောင်း ဆက်လုပ်နေသရွေ့ ရာထူးတိုးပေးမယ်... ငါ့ရဲ့ အကောင်းဆုံး အလုပ်သမားတွေကို ကောင်းကောင်း ဆက်ဆံဖို့ အမြဲတမ်း အမှတ်ရနေမှာပါ”

လီကျွင်းကျုံးက ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ပြောရန်ကြိုးစားနေသကဲ့သို့ သူ့ပါးစပ်ကို အနည်းငယ်ဖွင့်ပြီး ပိတ်လိုက်သည်။

“ဘာလဲ” ကောင်းဖန်ကမေးလိုက်သည်။

လီကျွင်းကျုံက ရှက်ကိုးရှက်ကန်းနဲ့ “သခင်လေး.. ကျွန်တော်က အဆိပ်သွေးကြွက်ရယ် ဆရာကွမ်ရယ်နဲ့ သွေးစာချုပ်တွေ ချုပ်ဆိုထား ပြီးသားပါ... ဒါကို ဘယ်လိုပြောရမှန်းကို မသိပေမယ့် ဆရာချင်ကိုလည်း ကျွန်တော့်သားရဲဖြစ်လာစေဖို့ ဆုံးဖြတ်ထားတယ်..” ဟု ပြောလိုက်သည်။

ကောင်းဖန်က လီကျွင်းကျုံရဲ့ မျက်လုံးကို ကြည့်လိုက်သည်။ လီကျွင်းကျုံးက ကန့်ကွက်မယ်လို့ တွေးလိုက်ချိန်မှာ ကောင်းဖန်က ပြုံးပြီး “သေချာလား... ဒါဆိုလည်း ဘာဖြစ်လို့ မလုပ်ရတာလဲ... အခု မင်းရဲ့အဖွဲ့မှာ အစောင့်အရှောက် နတ်ဘုရားနှစ်ယောက်ရှိသွားတာပေါ့” ဟု ပြောလိုက်သည်။

လီကျွင်းကျုံက သူ့ကို အီလည်လည် ပြုံးပြလိုက်သည်။

“အားလုံးအဆင်ပြေပါတယ်..သူတို့ မင်းနောက်ကိုလိုက်ဖို့ သဘောတူလိုက်ကြပြီဆိုရင် ငါတကယ်ဘာမှ မပြောတော့ဘူး... ကျောင်းရဲ့ အခြေအနေကို ငါကောင်းကောင်းနားလည်တယ်.. ကျောင်းရဲ့လုံခြုံရေးအတွက် စိတ်မပူပါနဲ့.. ဒါကို ဂရုစိုက်ဖို့ နတ်ဘုရားအဆင့်သားရဲ နှစ်ယောက်ကို ငါ အမြဲ ပို့ပေးနိုင်ပါတယ်”

“ကျေးဇူးတင်ပါတယ် သခင်လေး...လီကျွင်းကျုံက ကောင်းဖန်ကို ကြိမ်ဖန်များစွာ ဦးညွှတ်ပြီးပြောလိုက်သည်။

မွန်းတည့်ချိန်ရောက်သောအခါ ကောင်းဖန်သည် လီကျွင်းကျုံးကို နေ့လည်စာစားရန် ဖိတ်ကြားလိုက်သည်။ ထို့နောက် နေ့ခင်းဘက်မှာ တီဗီကိုဖွင့်လိုက်သည်။

ပထမဆုံးထွက်ပေါ်လာသည့်အရာမှာယွိကျိုးအခြေစိုက်မြို့၏အထက်တန်းကျောင်းပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့်ခြင်းဖြစ်သည်။

အစီအစဉ်မှူးသည် လူအုပ်၏စိတ်လှုပ်ရှားမှုကြောင့် ကွင်းအတွင်းဖြစ်ပျက်နေသည့်အရာများကို ရှင်းပြနေသည်။ “ကျွန်တော်တို့ သည် ယခုအခါတွင် ဆီမီးဖိုင်နယ်၏ ဒုတိယအကျော့သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ယွိကျိုး၏ ပါးကျုံး အထက်တန်းကျောင်းနှင့် ယွိကျိုး၏ ပြည်သူ့စစ်ကျောင်းတို့ယှဉ်ပြိုင်ရမည်ဖြစ်သည်.. ဖိုင်နယ်သို့ တက်ရောက်မည့်အသင်းသည် မနှစ်က ဆီမီးဖိုင်နယ်ကို စိန်ခေါ်သည့် ပြိုင်ဖက်များကြားတွင် နိုင်ငံတွင်း အသန်မာဆုံးကျောင်း ရှစ်ကျောင်းထဲမှ တစ်ခုဖြစ်သည့် ထျန်းကျဲ့ကျောင်းနဲ့တွေ့မှာ ဖြစ်ပါသည်” အစီအစဉ်မှူးသည် ကျောင်း၏အမည်ကို တတ်နိုင်သမျှ ကျယ်လောင်စွာသေချာအော်လိုက်သည်။

ထိုင်ခုံနေရာလွတ်မကျန် ကင်မရာက ခန်းမတစ်ခုလုံးကို ဖြတ်ကျော်သွားချိန်မှာ နောက်ခံတေးဂီတကို ဖွင့်လိုက်သည်။ ပရိသတ်ထံမှ စူးစူးဝါးဝါး အော်သံ ထွက်ပေါ်လာသည်။

သူတို့က ဆီမီးဖိုင်နယ်ကို ရောက်နေပြီး ထျန့်ကျဲကျောင်းသည် ဖိုင်နယ်သို့ ဘေးကင်းစွာ တက်လှမ်းသွားပုံရသည်။

ကောင်းဖန်ကတော့ ဒါကို သိပ်ပြီး မအံ့သြချေ။ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းသည် ကျောင်း၏ကျောင်းသားများကို သားရဲ တစ်စုံတစ်ရာကိုမပေးခဲ့သော်လည်း ကျောင်းသည်အဖွဲ့အောက်တွင်ရှိနေဆဲဖြစ်သည်။ ကျောင်းသားများသည် ကျောင်းအပေါ် သစ္စာစောင့်သိသည့် အခြေအနေအောက်တွင် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းကဲ့သို့သော အကြီးစားအဖွဲ့အစည်းတစ်ခုမှ ကျောထောက်နောက်ခံပြုထားသော ပုဂ္ဂလိကကျောင်းကို အစိုးရကျောင်းမှ ရိုက်ချခြင်းမျိုး ဘယ်တော့မှ ခံရနိုင်မည်မဟုတ်ပေ။

ဒါက အစိုးရကျောင်းများသည် ပုဂ္ဂလိကကျောင်းများထက် နိမ့်ကျသည်ဟု မဆိုလိုပေ။ သို့သော် ၎င်း၏အရင်းအမြစ်များကို ကျောင်းတစ်ခုတည်းသို့ ဖြန့်ဝေရန်သာ လိုအပ်သည့် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းနှင့်မတူဘဲ အစိုးရသည် ဒေသတွင်းရှိ အစိုးရကျောင်းများအတွက် ရန်ပုံငွေနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးရမည်ဖြစ်သည်။

သူ့ကျောင်းမှ သူလိုချင်တာက အရည်အသွေးဖြစ်ပြီး မဟာမိတ်အစိုးရ လိုချင်တာက အရေအတွက်ပင်။ ပညာရေးနဲ့ပတ်သက်လာရင် ဒါကအမြဲတမ်းဖြစ်နေသည်။ အချို့သော ထိပ်တန်းကျောင်းများသည် ကြီးမားသော အဖွဲ့အစည်းများနှင့် ရှေးမျိုးနွယ်စုများမှ လူများက ကျောထောက်နောက်ခံပြုထားပုံရသည်။

ကောင်းဖန်သည် ဆိုဖာပေါ်တွင် လှဲလျောင်းပြီး မျက်လုံးများကို မှိတ်ထားသည်။

နန်ကျူးသည် ကောင်းဖန်၏ ဆိုဖာဆီသို့ လျှောက်လာပြီး ခြေထောက်များကို နှိပ်နယ်ရန် မြေပြင်ပေါ်တွင် ဒူးထောက် လိုက်ပြီး သူ့ပခုံးများကို စတင် နှိပ်နယ်လိုက်သည်။

ခဏလောက်စဉ်းစားပြီးမှ ကောင်းဖန်က သူ့ဖုန်းကိုထုတ်ပြီး အဖိုးကိုဖုန်းဆက်လိုက်သည်။ “အဘိုး.. ကျွန်တော် ဒီနှစ် ကျောင်းရဲ့ ပြိုင်ပွဲဝင်အသင်းကို ဦးဆောင်မယ်”

***

သားရဲလေ့ကျင့်သူ

အခန်း ၅၄၇ တစ်စုတွင် ငါးယောက်

နောက်ဆုံးတွင် ယွိကျိုးပြည်သူ့စစ်ကျောင်းနှင့် ထျန့်ကျဲကျောင်းတို့သည် ဖိုင်နယ်သို့တက်ရောက်လာသည့် နောက်ဆုံး နှစ်ကျောင်းဖြစ်လာခဲ့သည်။

ခန်းမအတွင်းရှိ ကွင်းပြင်ကို သန့်ရှင်းရေးလုပ်နေစဉ်တွင် လိပ်ပြာကဲ့သို့သော သတ္တဝါများသည် ၎င်းတို့၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ခြင်းဖြင့် ပရိသတ်နှင့် လှုပ်ရှားမှုကြားတွင် အတားအဆီးတစ်ခုကို စိုက်ထူလိုက်ကြသည်။

ထိုနေ့နံနက်တွင် ကောင်းဖန်တွေ့ဆုံခဲ့သော လူငယ်လူရွယ်များနှင့် အမျိုးသမီးလေးတို့သည် ဘယ်ဘက်တွင် ရပ်နေသည်။ သူတို့က အရင်ကထက် အများကြီး ယုံကြည်မှု ပိုရှိလာပုံရသည်။

၎င်းတို့ဘေးတွင် သံမဏိဓားသွားကျား၊ နတ်ဆိုးနွယ်တောင်တက်သားရဲ၊ နေကြာသားရဲ၊ ထန်မင်းဆက် လျှို့ဝှက်ဆန်းကြယ် ငြှိမ်းသတ်ပုလင်း နှင့် သံတောင်ပံ သံချပ်ကာရှေးသူရဲကောင်း တို့လည်း ပါရှိသည်။

စည်းမျဉ်းများအရ အသင်းတိုင်းတွင် သားရဲငါးကောင်နှင့် အများဆုံး သားရဲလေ့ကျင်သူ ငါးဦး ပါဝင်ရမည်ဟု ဖော်ပြထားသည်။ ပါဝင်သူများသည် ၎င်းတို့နှင့် သွေးစာချုပ်များချုပ်ဆိုနိုင်ခဲ့သည့် သားရဲငါးဦးစလုံး၏ အရည်အချင်းများကို ယုံကြည်နေသရွေ့ လူတစ်ဦးတည်းအဖွဲ့များကိုလည်း ပါဝင်ခွင့်ပြုထားသည်။

သို့သော် ယမန်နှစ်က အဖြစ်အပျက်မျိုးတော့ မရှိခဲ့ပေ။ အသင်းသားဦးရေ အနည်းဆုံး သုံးယောက်ရှိနေလျှင်ဖြစ်သည်။

ပါဝင်သူအားလုံးသည် အထက်တန်းကျောင်းသူကျောင်းသားများဖြစ်ကြသည်။ အသက် ၁၈ နှစ်တွင် ၎င်းတို့၏ ပထမဆုံး သွေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သောကြောင့် ဤကျောင်းသားများ၏ သားရဲများသည်အများဆုံး နှစ်နှစ်သာ ရှိသေးသည်။ ပွဲ၏အသက် ကန့်သတ်ချက်မှာ ၂၀ နှစ်ဖြစ်သည်။

၎င်းတို့အားလုံးသည် အချိန်တိုလေးအတွင်း ၎င်းတို့၏သားရဲများကို မြှင့်တင်ရန် အားလုံးကို ပေးအပ်ပုံအောခဲ့ပြီး ၎င်းတို့၏သားရဲများသည် ဖြစ်နိုင်ချေ အမြင့်ဆုံး စွမ်းအားမြှင့်တင်မှု ရရှိကြောင်း သေချာစေခဲ့သည်။ ပါဝင်သူတစ်ဦးကို သားရဲတစ်ကောင်ကို ခွင့်ပြုထား သောကြောင့် ကျောင်းအများစုသည် ပြိုင်ပွဲသို့ အသင်းငါးသင်းပါဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။

သံမဏိဓားသွားကျားသည် ကြီးမားသော သတ္တဝါဖြစ်ပြီး ၎င်းသည် လက်ရှိတွင် အဆင့် ၃၆ ဖြစ်သည်။ ၎င်း၏ထူထပ်သောကိုယ်ထည်နှင့် စွဲမက်ဖွယ်ကောင်းသော ပြန်လည်မွေးဖွားနိုင်စွမ်း ရှိသေ ကြောင့် ၎င်းသည် အသင်း၏ရှေ့တန်းနှင့် ဒိုင်းအဖြစ် လုပ်ဆောင်နိုင်သည်။

နတ်ဆိုးနွယ်တောင်တက်သားရဲသည် ပုံစံမရှိသော စပျစ်နွယ်ပင်များဖြစ်သည်။ သက်ရှိနွယ်ပင်တွေနဲ့ ပြုလုပ်ထားပြီး လူသားနီးပါးရှိတဲ့ အရာနဲ့တောင် နှိုင်းယှဉ်နိုင်ပါသည်။ ၎င်း၏စပျစ်နွယ်ပင်များ ဖုံးလွှမ်းနေသော လက်များကို မြေပြင်ပေါ်သို့ ဆွဲသွားကာ ၎င်း၏အနက်ရောင်မျက်လုံးများ ထွက်လာနိုင်သည်။ ဤသည်မှာ နတ်ဆိုးနွယ်တောင်တက်သားရဲ၏ တစ်ခုတည်းသောအားနည်းချက်ဖြစ်သည်။

နတ်ဆိုးနွယ်တောင်တက်သားရဲသည် ၎င်း၏သားကောင်များကို ၎င်း၏စပျစ်နွယ်ပင်များဖြင့် လည်ပင်းညှစ်နိုင်သည်။ ၎င်းသည် အသင်းအတွင်းရှိ လူစုလူဝေးကို ထိန်းချုပ်ရန် တာဝန်ယူထားပြီး ကျန်အသင်းများသည် ထိုးစစ်ဆင်ရန် အခွင့်အလမ်းပိုရှိကြောင်း သေချာစေကာ ၎င်း၏ပြိုင်ဘက်များ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားနိင်သည်။ ၎င်းသည် အသင်း၏ သားရဲငါးဦးတွင် အမြင့်ဆုံးဖြစ်ပြီး အဆင့် ၄၀ ဖြစ်သည်။

အဆင့် ၃၅ နေကြာသားရဲသည် ကုသရေးကို တာဝန်ယူထားသည်။ သားရဲလေ့ကျင့်သူအနည်းငယ်ကသာ ကုသရေး အမျိုးအစားသားရဲကို မွေးမြူရန် စိတ်ကူးကို နှစ်သက်ကြသည်မှာ မှတ်သားစရာဖြစ်သည်။

နေကြာသားရဲသည် အခြားသူများကို ကုသပေးနိုင်သည့် စွမ်းရည် ရှိသည်။ သူ့တွင်တောက်ပသော အဝါရောင် ပွင့်ချပ်များဖြင့် ဝန်းရံထားသည့် အလွန်ကြီးမားသော မျက်နှာတစ်ခုရှိသည်။ ဒါက သူ့မျက်နှာကို ပိုလို့တောင် ကြီးမားစေသည်။

သူ့ရဲ့ကျော်ကြားမှုက အားနည်းချက်နဲ့ မညီမျှပေ။ ၎င်းသည် သားရဲလေ့ကျင့်သူများကြားတွင် ရေပန်းစားစေသည့်အချက်မှာ ၎င်း၏ကုသနိုင်စွမ်း၏ အဆင်ပြေမှုဖြစ်သည်။ နေကြာသားရဲသည် အခြားသူများကို နည်းလမ်းနှစ်မျိုးဖြင့် ကုသနိုင်သည်။

ပထမနည်းမှာ ၎င်းသည် ပစ်မှတ်တစ်ခုတည်းကို ၎င်း၏ခန္ဓာကိုယ်မှ နေရောင်ခြည်၏ တောက်ပမှုကို ကုသပေးခြင်းဖြင့် ပစ်မှတ်ထားသော အနာကျက်ခြင်းကို ပေးစွမ်းနိုင်သည်။ ဒုတိယနည်းမှာ ၎င်းသည် ၎င်း၏ပန်းပွင့်များကိုပွင့်စေကာ သူ့ပတ်ဝန်းကျင်ကို နေရောင်ခြည် ဖြန့်ကျက်နိုင်သည်။ ထိုအခါ ထိုနေရာအတွင်းရှိမည်သူမဆို ချက်ခြင်းသက်သာရာရစေလိမ့်မည်။ သို့သော်လည်း ဤနည်းဖြင့် ရရှိနိုင်သော ကုသခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုများသည် ၎င်း၏ပစ်မှတ်တစ်ခုတည်းကို ကုသပေးသော ပမာဏထက်များစွာ အားနည်းနေမည်ဖြစ်သည်။

နေကြာသားရဲ၏ အကျိုးသက်ရောက်သော ကုသနိုင်စွမ်းသည် သူငယ်ချင်းရော ရန်သူကိုပါ ကုသပေးနိုင်သောကြောင့် တိုက်ခိုက်ရာတွင် ၎င်း၏ ကုသရေးစွမ်းရည် နှစ်ခုစလုံးကို ကောင်းစွာ လေ့ကျင့်ထားသည်ကို ရှင်းရှင်းလင်းလင်း သိသာထင်ရှားစေသည့် လက္ခဏာအဖြစ် ဖော်ပြလေ့ရှိသည်။

ထန်မင်းဆက် လျှို့ဝှက်ဆန်းကြယ် ငြှိမ်းသတ်ပုလင်းနဲ့ ပတ်သက်ရင်တော့... ကောင်းဖန်သည် ထန်မင်းဆက်တုန်းက ငြှိမ်းသတ်ပုလင်းတွေ ရှိတယ်ဆိုတာ မမှတ်မိပေ။ ထို့ကြောင့် အတုဖြစ်နိုင်သည်ဟု သူထင်သည်။ သို့သော် ဤအရာသည် အရေးမကြီး‌ပေ။ အရေးကြီးသည်မှာ ၎င်းသည် အသက်ရှင်၍ အသက်ရှုနိုင်သော သားရဲအဖြစ်သို့ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

ထိုအရာသည် မျက်နှာပြင်ပေါ်တွင် သုံးပေကျယ်သော ပုလင်းတစ်လုံးနှင့်တူသည်။ ၎င်းသည် ၎င်း၏ပါးစပ်မှ အဖြူရောင်မီးခိုးအမြောက်အမြားကို ထုတ်လွှတ်နိုင်ပြီး ၎င်းသည် သာမန်မီးခိုးမဟုတ်ပေ။ ပုလင်းသားရဲ သည် ပြိုင်ဘက်၏အာရုံကို ရှုပ်ထွေးစေနိုင်သည်။ ၎င်းသည် မြင်နိုင်သော စွမ်းအားများ ရှိသောသားရဲများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

နောက်ဆုံးအနေနဲ့ကတော့ မနည်းလှတဲ့ သက်ရှိသတ္တုပြားတွေနဲ့ ပြုလုပ်ထားပုံရတဲ့ အဆင့် ၃၈ သံတောင်ပံ သံချပ်ကာရှေးသူရဲကောင်း ဖြစ်သည်။ ၎င်းသည် ၎င်း၏ကိုယ်ထည်မှ သတ္တုပြားများကို ဖောက်ခွဲလိုက်ခြင်းဖြင့် လျှပ်စီးကြောင်းများဖြင့်လျှင်မြန်သော တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်သည်။ သံတောင်ပံ သံချပ်ကာရှေးသူရဲကောင်းသည် ပေါက်ကွဲပျက်စီးမှု၏ အဓိက အရင်းအမြစ်ဖြစ်သည်။

သို့သော် ၎င်း၏ အားနည်းချက်များမှာ သိသာထင်ရှားသည်။ ဥပမာအားဖြင့် နတ်ဆိုးနွယ်တောင်တက်သားရဲ သည် ၎င်းအတွက် ပြီးပြည့်စုံသော ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့အပြင် သံတောင်ပံ သံချပ်ကာရှေးသူရဲကောင်း၏ သံချပ်ကာပြားများသည် ဖောက်ထွင်းပျက်စီးမှုကို ခံနိုင်ရည်ရှိသော်လည်း အားကောင်းသော ပြိုင်ဘက်ကို ကောင်းစွာ မကိုင်တွယ်နိုင်ပေ။

ကျောင်းအများစုသည် ကျောင်းသားများကြားတွင် အားအကောင်းဆုံး ကိုယ်စားလှယ်လောင်းငါးဦးကို ရွေးချယ်မည်ဖြစ်ပြီး ထို့နောက် ၎င်းတို့သားရဲများကို ရှေ့တန်း သို့မဟုတ် နောက်တန်းသို့ တိုက်ပွဲမစတင်မီတွင် သတ်မှတ်ထားမည်ဖြစ်သည်။ ပါဝင်သူ သားရဲအများစုသည် ကွန်မန်ဒါအဆင့်ဖြစ်သည်။ သို့သော် ထန်မင်းဆက် ငြှိမ်းသတ်ပုလင်းကဲ့သို့ သားရဲသည် ၎င်း၏စွမ်းရည်များကို ကွင်းပြင်တွင် ကောင်းမွန်စွာအသုံးပြုရန် ခက်ခဲသောအချိန်ရှိမည်ဖြစ်သည်။

နေကြာသားရဲကို ထည့်မတွက်လျှင် ထျန့်ကျဲကျောင်းတွင် တွင် တိုက်ခိုက်သူ သုံးဦးသာရှိသည်။ ဤသည်မှာ သားရဲများ၏ ရဲရင့်သောပေါင်းစပ်မှု တစ်ခုဖြစ်သည်။

ယွိကျိုး၏ ပြည်သူ့စစ်ကျောင်းမှ ကျောင်းသားများသည် ၎င်းတို့ရှေ့တွင် ရပ်နေသည်။ သူတို့သည် စစ်တပ်နှင့် ဒေသအစိုးရတို့ ကျောထောက်နောက်ခံပြုထားသော အစိုးရကျောင်းကို တက်ရောက်ကြပြီး ၎င်းတို့အဖွဲ့သည် အဆင့် ၃၅ အထက် ကွန်မန်ဒါအဆင့် သားရဲများနှင့် ဖွဲ့စည်းထားသည်။

ခေါင်းလောင်းသံကြားသောအခါ ထန်မင်းဆက် ငြှိမ်းသတ်ပုလင်းသည် ၎င်း၏ပါးစပ်မှ အဖြူရောင်အခိုးအငွေ့များ ထွက်လာပြီး လယ်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“ထျန့်ကျဲရဲ့ ပွဲများအားလုံးကို ကြည့်လို့ မရကြောင်း တစ်စုံတစ်ယောက်က ကျွန်တော်တို့ရဲ့ဖိုရမ်မှာ မှတ်ချက်တစ်ခုချန်ထားပါတယ်.. အဲဒါတော့ သူနဲ့ သဘောတူရမယ်” ဟု အစီအစဥ်မှူးက ပြောလိုက်သည်။

“ဟုတ်ပါတယ် အချိန်တိုင်းကွင်းပြင်ထဲမှာ မီးခိုးဖြူတွေ ဖုံးနေတယ်.. ကျွန်တော်တို့ရဲ အနီအောက်ရောင်ခြည်ဓာတ်တောငါ မှုန်ဝါးဝါးထွက်လာတယ်.. ဒါက ကျောင်းရဲ့ နောက်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းလို့ ထင်ပါတယ်” ဟု အစီအစဥ်မှူးနေရာတွင် ထိုင်နေသည့် ဧည့်သည်ပြောကြားသူတစ်ဦးက ပြောသည်။

“မှန်ပါတယ်...ထျန့်ကျဲကျောင်းက ဒီနှစ်အတွက် သူတို့ကိုယ်သူတို့ တော်တော်လေး ပြင်ဆင်ထားတယ်လို့ ကြားပါတယ်...သူတို့က ဆီမီးဖိုင်နယ်ကို တက်သွားနိုင်တယ်”

“သူတို့က ဖိုင်နယ်ကို တန်းတန်းမတ်မတ် ကျော်သွားနိုင်မယ်လို့ ထင်ပါတယ်” အငြင်းပွားဖွယ်အကြောင်းအရာကို တင်ပြခြင်းဖြင့် ကြည့်ရှုသူများကို မြှင့်တင်ရန် ဧည့်သည်ပြောကြားသူက ပြောလိုက်သည်။

“အဲလောက် လွယ်မယ်လို့တော့ မထင်ပါဘူး.. မနှစ်က ရလဒ်တွေကို လူတော်တော်များများက မကျေနပ်ကြဘူး..မနှစ်က ပါဝင်သူအချို့က စံချိန်သစ်ကို ဆက်တိုက် တင်နိုင်ဖို့ရန် ပြန်လာကြပါတယ်.. ပါ၀င်တဲ့ကျောင်းအများစုဟာ ဒီနှစ်ပွဲအတွက် သူတို့ရဲ့ကျောင်းသားတွေကို လေ့ကျင့်သင်ကြားပေးမှုတွေ အများကြီးလုပ်ထားတယ်လို့ ပြောလို့ရပါတယ်”

“ဟုတ်ပါတယ် ကျွန်တော် သတိထားမိတယ်.. ဒီနှစ်အနိုင်ရသူက မနှစ်က ချန်ပီယံ ဟွားဝူ အထက်တန်းကျောင်း ဒါမှမဟုတ် ဒုတိယဆုရှင် ကျန်းနန် ပထမ အထက်တန်းကျောင်းပဲ ဖြစ်ဖြစ် ဖြစ်နိုင်တယ်လို့ပြောနေကြပါတယ်”

“ဟွားဝူ အထက်တန်းကျောင်းနဲ့ ကျန်းနန် ပထမအထက်တန်းကျောင်း...”

အစီအစည်မှူးနှင့် ၎င်း၏ ဧည့်သည်တော် တို့သည် ရုပ်မြင်သံကြားတွင် စကားအဆက်မပြတ် ပြောဆိုနေကြသည်။

သူ့အတွေးများကို စုစည်းလိုက်ရာ ကောာင်းဖန်သည် ရှေးမျိုးနွယ်စုများတွင် နဂါးဖြူမျိုးနွယ်စု၊ အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စုနှင့် လျှို့ဝှက်ဆန်းကြယ် ငြိမ်သက်ခြင်းမျိုးနွယ်စုဟူ၍ မျိုးနွယ်စု (၃)မျိုးရှိကြောင်း သတိရမိသည်။

သူသည် နဂါးဖြူမျိုးနွယ်စုမှ လူအချို့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဖူးသည်။ သူ့အဖိုးက သူတို့နဲ့ပေါင်းစည်းဖို့ ငြင်းဆိုခဲ့ပေမယ့် တခြား မျိုးနွယ်စုတွေရဲ့ရန်မှ အကာအကွယ်ပေးဖို့ တောင်ပိုင်းကောင်းကင်အဖွဲအစည်း၏ တောင်ပံအောက်မှာ မျိုးနွယ်စုက ရှိနေကြောင်းကို ကောင်းဖန်ကိုပြောပြခဲ့သည်။

ယခုကျန်းနန် ဒေသသည် လွတ်လပ်သောမဟာမိတ် ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ လွတ်လပ်သောမဟာမိတ်သည် ၎င်း၏လွတ်လပ်ရေးကို ကြေငြာထားသော်လည်း ၎င်းသည် တရားဝင် သီးခြားဝါဒကို ချမှတ်ထားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ပြင်ပကမ္ဘာနှင့် ၎င်း၏ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး လူများကို ဆွဲဆောင်ရန် အခွင့်ထူးများစွာကိုပင် ကမ်းလှမ်းခဲ့သည်။

ယခုအခါ မဟာမိတ်အစိုးရသည် ဒေသတိုင်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်။ ဒါကို သဘောမတူသူတွေကဝောာ့ မဟာမိတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ချေ။

ကောင်းဖန်သည် မနေ့ က သူ့အဖိုးပြောခဲ့သည့် စကားကို ရုတ်တရက် သတိရသွားသည်။

“ငါ လိုချင်တဲ့အချိန်တိုင်း မြို့တော်ဝန်ဖြစ်လာနိုင်တယ်.. ယွိကျိုးဒေသမှာ ကျီ မျိုးရိုးကို အခုချိန်ထိ မရွေးချယ်ကြသေးပေမယ့်၊ ငါ့အီးနံကနေ မနက်ဖြန် ငါဘာစားမလဲဆိုတာကိုတောင် မှန်းဆဖို့ ကြိုစားနေတဲ့သူတွေ ရှိပြီးသားပါ”

အထက်တန်းကျောင်း ပြိုင်ပွဲသည် ကမ္ဘာပေါ်ရှိ အင်အားမျိုးစုံတို့ကြား အာဏာပြိုင်ဆိုင်မှု၏ နောက်ထပ် ထင်ရှားမှုတစ်ခု ဖြစ်နိုင်သည်။ ကျန်းနန် ပထမအထက်တန်းကျောင်းသည် လွတ်လပ်သောမဟာမိတ်မှဖြစ်သည်။

ငါဘာတွေလုပ်မိတာလဲ...ကောင်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။

ကျောင်း၏အဖွဲ့ကို ဦးဆောင်ရန် သူသဘောတူထားကတည်းက အကျိုးဆက်အတွက် ငိုစရာအကြောင်းမရှိတော့ပေ။

ငါ အသင်းကို အနားမှာပဲ ဦးဆောင်ရတော့မယ်.. အဲဒါကလွဲလို့ ငါဘာမှလုပ်စရာမရှိဘူး...

***

သားရဲလေ့ကျင့်သူ

အခန်း ၅၄၈ ဂိတ်စောင့် ဦးလေးလျို

အဲဒီညမှာ သူ့အဖိုးပြန်လာတဲ့အခါ ပထမဆုံး သူပြောခဲ့တာက “မင်းပြန်လာကတည်းက မင်းရဲ့ ကျောင်းအုပ်နေရာကို ငါပြန်ပေးလိုက်ပြီ.. ငါဒီလိုလုပ်ဖို့ အသက်ကြီးနေပြီ” ဆိုသော စကားဖြစ်သည်။ ကောင်းဖန်၏အဖိုးသည် ထျန့်ကျဲကျောင်း၏ကျောင်းအုပ်ကြီးအဖြစ် သူ့တာဝန်ကို ကောင်းဖန်ထံသို့ ပြန်လည်အပ်နှံခဲ့ပြီး ဘာအဖြေကိုမှ သူမလက်ခံခဲ့ပေ။

“စကားမစပ်.. အဘိုး... ဒဏ်ရာကြောင့် သို့မဟုတ်ရှေ့တန်းကနေ ပြောင်းရွှေ့လိုတဲ့ တခြားအကြောင်းတစ်ခုခုကြောင့် အဖွဲ့ထဲကနေ နှုတ်ထွက်သွားတဲ့သူ ကျွန်တော်တို့မှာ ရှိလား...” ဟု ကောင်းဖန်က မေးလိုက်သည်။

အဘိုးက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ “ငါတို့မှာ ရှိတယ်... မင်းသူ့ကိုတောင်သိတယ်”

ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်။ ဒီဖော်ပြချက်နဲ့ ကိုက်ညီသူတစ်ဦးကို ငါသိတာလား.. ရုတ်တရက် သူ့စိတ်ထဲမှာ နာမည်တစ်ခု ပေါ်လာသည်။

ဦးလေးလျူ.. တစ်ချိန်က အိမ်ဘေးမှာ နေထိုင်ခဲ့တဲ့ လျူရှောင်ထန်….

“ဒီနေ့တွေမှာ လောင်လျူက ဥယျာဉ်မှူးပဲ လုပ်နေတော့တယ်.. သူ ပျင်းတဲ့အခါ ပန်းခြံထဲ ခဏခဏ လမ်းလျှောက်တတ်တယ်.. တခါက ကပွဲခန်းမမှာတောင် ကခဲ့တယ်” ကျီဟန့်ဝူက ခေါင်းယမ်းလိုက်သည်။ သူ့သူငယ်ချင်းက ဒီရက်ပိုင်း သူ့ဘဝရဲ့ အကောင်းဆုံးအလုပ်တွေကို လုပ်နေတာ သေချာသည်။

“သူ့သားရဲတွေကရော”

“သူက သူတို့ကို ဒီနေရာတဝိုက်မှာ ကျင်လည်ခွင့်ပေးထာတယ်” ကျီဟန့်ဝူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကောင်းဖန်သည် ဆွံအသွားသည်။

“တောထဲမှာ သူ့အစာသူ့ဘာသာရှာတယ်...သူ့သားရဲတွေ ထိခိုက်နာကျင်ရတိုင်း သူတို့ကို ဆေးကုဖို့ အဖွဲ့ရဲ့ ဆေးရုံကို ခေါ်သွားတယ်... သူတို့ကို လေ့ကျင့်ပေးဖို့ စိတ်ပူနေစရာ မလိုပါဘူး... သူ့သားရဲတွေအားလုံးက အတော်လေးကို ထက်မြက်ပြီး လုံ့လဝီရိယရှိကြပါတယ်...”

ကောင်းဖန်အံ့အားသင့်သွားသည်။ ငါ့သားရဲတွေကိုလည်း ထက်မြက်ပြီး လုံ့လဝီရိယရှိစေချင်တယ် ဟုသူတွေးနေမိသည်။

ညစာစားပြီးနောက် ကောင်းဖန်သည် မဝေးလှသော အန်ကယ်လျူ၏နေရာသို့ သွားလိုက်သည်။ သူ့အိမ်ရှေ့မှာ ဇီးသီးပင်တစ်ပင်နှင့် ထီးပင်တစ်ပင် သစ်ပင်နှစ်ပင်ရှိသည်။

ကောင်းဖန် ခြံထဲသို့ ဝင်သောအခါတွင် ဦးလေးလျူသည် ပန်းခြံအတွင်းရှိ လိမ္မော်ပင်ရိပ်အောက်တွင် ချထားသော ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ညနေခင်းနေရောင်၏ တောက်ပသောအလင်းရောင်နှင့်တူသော အိမ်ရှေ့ရှိ စက္ကူပြတင်းပေါက်များမှတဆင့် အဝါရောင်အလင်းတန်းတစ်ခု သူ့မျက်နှာပေါ်သို့ ကျရောက်လာသည်။

“မင်းက ကောင်းဖန်လား” ဦးလေးလျူက မေးလိုက်သည်။ ကောင်းဖန်ကိုတွေ့တော့ သူ သိပ်အံ့သြပုံမပေါ်ပေ။ ဦးလေးလျူက သူ့ကို ဝှေ့ယမ်းပြီး “မင်းစားပြီးပြီလား...မင်းမစားရသေးရင် ငါဟင်းချက်ပေးမယ်” ဟု ပြောလိုက်သည်။

“စားပြီးပြီ ကျေးဇူးပါ” ကောင်းဖန်က နီးကပ်လာသည်နှင့်အမျှ ဦးလေးလျူ အနားတွင် ကြီးမားသော အရိပ်တစ်ခုကို သူမြင်လိုက်ရသည်။ အပြာရောင်မျက်လုံးတစ်စုံက ထိုနေရာမှ မှိန်ဖျော့သွားပြီး ကောင်းဖန်ကို စေ့စေ့ကြည့်နေသည်။

“မင်္ဂလာပါ နူးညံ့လေး” ကောင်းဖန်က ကြောင်နက်ကြီးကို ပြုံးပြရင်း ပြောလိုက်သည်။

သူက အသိအမှတ်ပြုကြောင်းအသံပြုလိုက်သည်။ ဦးလေးလျူက ကောင်းဖန် ကြောင်နဲ့ ကစားနေတာကို ကြည့်ရင်း ပြုံးလိုက်သည်။ ထို့နောက် ကောင်းဖန်သည် ၎င်း၏ပျော့ပျောင်းနူးညံ့သော မျက်နှာကို ပုံစံအမျိုးမျိုးဖြစ်အောင် ဆုပ်နယ်လိုက်သည်။

ကစားစရာကဲ့သို့ ဆက်ဆံခံရခြင်းကို ငြီးငွေ့လာပြီး နူးညံ့လေးသည် ၎င်း၏မျက်နှာကို ကောင်းဖန်လက်ထဲမှ စိတ်တိုတိုနှင့် ဆွဲထုတ်လိုက်သည်။ ထို့နောက် ပေါ့ပါးသည့်ခြေလှမ်းဖြင့် အနီးနားရှိ အရိပ်များထဲသို့ ပျောက်ကွယ်သွားသည်။

“ဦးလေး တစ်ခါတလေ မပျင်းဘူးလား” ကောင်းဖန်က ပြုံးရင်း မေးလိုက်သည်။

ကောင်းဖန်ကို ဘေးတိုက်ကြည့်ရင်း ဦးလေးလျူက ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ “မင်းငါ့ကိုတစ်ခုခုပြောဖို့ကြိုးစားနေတာဆိုရင် ပြောလိုက်စမ်းပါ”

“ကျွန်တော်တို့ကျောင်းမှာ ချစ်စရာကောင်းတဲ့ ကျောင်းသားလေးတွေ အများကြီးရှိပေမယ့် စိတ်မကောင်းစရာကတော့ ပြင်ပက အင်အားစုတွေက ကျွန်တော်တို့ကျောင်းကို နေ့တိုင်းနီးပါး ခြိမ်းခြောက်နေတာပါပဲ... ဒါကြောင့် ကျောင်းတံခါးစောင့်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်... ဒါဟာ အတင်းအကြပ် တောင်းဆိုနေတာမဟုတ်ပါဘူး ဦးလေးရဲ့သားရဲတွေကို အဲဒီနေရာကို ရွှေ့ခွင့်ပေးဖို့ပါပဲ... ဦးလေးက အနားမှာနေဖို့ စိတ်ပါဝင်စားရင် ကျွန်တော် ဦးလေးအတွက် စံအိမ်အသေးတစ်ခုတောင် ဆောက်ပေးလို့ရတယ်..”

အများကြီးစဉ်းစားပြီးမှ ဦးလေးလျူက “ကောင်းပြီ... ငါ့မှာ ပိုကောင်းအောင် လုပ်စရာ ဘာတစ်ခုမှ မရှိဘူး.. ငယ်ငယ်ရွယ်ရွယ်တွေကို ကြည့်ပြီးနေရတာလဲ ကောင်းပါတယ်...” ဟုပြောလိုက်သည်။

သူက သူ့ရဲ့သားရဲ တစ်ကောင်ကို တိတ်တဆိတ် ဆင့်ခေါ်လိုက်သည်။ ခဏအကြာတွင် ကောင်းကင်မှ လေးလံသော အသက်ရှူသံကို ကြားရသည်။

ကောင်းဖန်သည် တိမ်တိုက်များကြားမှ ဖြည်းညှင်းစွာ ဆင်းသက်လာသော ကြီးမားသည့် အနက်ရောင်ပုံစံကို မြင်လိုက်ရသည်။ မြေပြင်သည် တုန်ခါသွားပြီး ကောင်းဖန်သည် သူ၏နားတွင် အမည်းရောင်ပုံစံ၏ထွက်သက်ဝင်သက်ကို ခံစားလိုက်ရသည်။

“မတွေ့တာ ကြာပြီ” ဟု သွေးမျက်လုံး မုတ်ဆိတ် လင်းတက ပြောလိုက်သည်။

ကောင်းဖန်က မျက်တောင်ခတ်လိုက်သည်။ “အိုး... မင်း မော်ကွန်းတင်စွမ်းရည်ဆင့်ကို ရောက်သွားပြီ... အဲဒါက အထင်ကြီးစရာပဲ..”

လင်းတသည် ၎င်း၏ ရင်ဘက်ကို‌ကော့ပြီး ညာတောင်ပံကို ကောင်းဖန်ထံပေးလိုက်သည်။ “အားလုံးက မင်း ကျေးဇူးပါပဲ... ငါ မင်းကို ကူညီနိုင်တာ တစ်ခုခုရှိရင် ငါ မင်းကို အမြဲတမ်း ဖြည့်ဆည်းပေးမှာပါ”

ကောင်းဖန်သည် လင်းတကို အနီးကပ် ကြည့်လိုက်သည်။ သူသည် ဝတ်စုံနဲ့ လည်စည်းကို ၀တ်ထားရင် လူကြီးလူကောင်းတစ်ယောက်လို ဖြစ်မှာ သေချာသည်။

သွေးမျက်လုံးမုတ်ဆိတ်လင်းတသည် ဆက်၍မ‌ေပြာမီ တစ်ခဏမျှ တုံ့ဆိုင်းသွားကာ “ဂိုဒီ ပြန်လာပြီလား...ငါ သူ့ကို မတွေ့တာ တော်တော်ကြာပြီ.... အနက်ရောင်မြူခိုးကမ္ဘာမှာ ကန့်သတ်ချက်တွေမရှိဘူးလို့ ကြားတယ်... ဂိုဒီက ဘယ်လောက်တောင် ထွားလာလဲလို့ တွေးနေမိတယ်..” ဟု ပြောလိုက်သည်။

၎င်း၏လေသံမှာ သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတသည်လည်း အနက်ရောင်မြူခိုးကမ္ဘာကို ကိုယ်တိုင်သွားရောက် လည်ပတ်လိုကြောင်း ဖြစ်နေသည်ကို ကောင်းဖန် သိလိုက်သည်။

လိမ္မော်ပင်အောက်က ကုလားထိုင်ပေါ်ပြန်ရောက်လာတဲ့ ဦးလေးလျူက “ငှက်စုတ်လေး....မင်းကို အနက်ရောင်မြူခိုးကမ္ဘာကို ငါမလွှတ်တာနဲ့ပဲ မင်းက အကွက်တွေ့ရင် ပြောနေတော့တာပဲ” ဟု ပြောလိုက်သည်။

ဦးလေးလျူအား အလေးအနက်ဦးမညွှတ်မှီ သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတသည် တိတ်ဆိတ်သွားသည်။

၎င်း၏လက်ရှိအဆင့်မှာ အဆင့် ၅၉ ဖြစ်ပြီး၊ ထိုအချိန်တွင် ကမ္ဘာဂြိုဟ်အတွက် အမြင့်ဆုံးအဆင့်ဖြစ်သည်။ သို့ရာတွင်ကောင်းဖန်သည် လင်းတ၏ခန္ဓာကိုယ်တွင် ပေါက်ကွဲလုနီးနီး မီးတောင်တစ်ခုပါ၀င်နေသကဲ့သို့ စွမ်းအားများ ပေါက်ကွဲထွက်နေသည်ကို သတိပြုမိလိုက်သည်။ ချော်ရည်ပူများ ပွက်ပွက်ဆူလာသကဲ့သို့ ၎င်း၏သွေးပြန်ကြောများမှတဆင့် အန္တရာယ်ရှိသော စွမ်းအားများ စီးဆင်းနေသည်။

ဤကမ္ဘာတွင် အဆင့်ကန့်သတ်ချက်ရှိသော်လည်း ၎င်းသည် ကန့်သတ်ချက်သို့ရောက်သည်နှင့် ကြီးထွားမှု ရပ်သွားမည်ဟု မဆိုလိုပါ။ ၎င်းသည် ၎င်း၏ခန္ဓာကိုယ်အတွင်း စွမ်းအားများ တစ်ဖြည်းဖြည်း စုစည်းနေဆဲဖြစ်သည်။ အဆင့်ကန့်သတ်ချက်ကို ဖယ်ရှားလိုက်သည့်နေ့တွင် ဤစွမ်းအားသည် ရေပူစမ်း တစ်လုံးကဲ့သို့ ၎င်း၏ခန္ဓာကိုယ်မှ ထွက်လာမည်ဖြစ်သည်။ ကမ္ဘာ့အဆင့်ကန့်သတ်ချက်ကို ဖယ်ရှားပါက လင်းတသည် ချက်ခြင်းတွင် အဆင့်နှစ်ဆင့် သို့မဟုတ် သုံးဆင့်အထိ တက်လာနိုင်သည်။

နောက်ဆုံးတော့ ကျောင်းတံခါးစောင့်အဖြစ် ဦးလေးလျူ၏ ခန့်အပ်မှုကို ဖြေရှင်းလိုက်သည်။ နောက်တစ်နေ့တွင် ကောင်းဖန်သည် ကျောင်းအုပ်အဖြစ် ပြန်လည်စတင်ပြီး ဦးလေးလျူကို တရားဝင်ခန့်အပ်ရန် ကျောင်းသို့ပြန်လာလိုက်သည်။

ဝန်ထမ်းအချို့သည် ဦးလေးလျူ၏အထောက်အထားကို သိရှိကြသည်။ ကောင်းဖန်က ကျောင်းကို သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေငြာပြီးတဲ့ နောက်မှာတော့ လူတချို့က တံခါးစောင့်အသစ်ကို နှုတ်ဆက်ဖို့ သွားကြသည်။

ဦးလေးလျူသည် မည်သူမည်ဝါဖြစ်သည်ကို မသိသော သူများထဲမှ အချို့သည် မကြာမီပင် သူ့အကြောင်းကို သိလိုက်ကြသည်… ဦးလေးလျူသည် ကျောင်းအုပ်ကြီး၏ ဘုန်းကျက်သရေ ထွန်းကားလာမှုကို စောင့်ကြည့်ခဲ့သူဖြစ်သည်။ သူသည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ဥက္ကဌနှင့် ရင်းနှီးသောဆက်ဆံရေးရှိရုံသာမက သူ့သားသည်လည်း အဖွဲ့၏ဌာနများထဲမှတစ်ခုကို ဦးဆောင်နေသည်။ သူကိုယ်တိုင်က အစွမ်းထက်သော ဘုရင်အဆင့် သားရဲလေ့ကျင့်သူတစ်ဦး ဖြစ်သည်ဟူသောအချက်ကိုတော့ ဖော်ပြဖို့ရန်မလို‌ေတာ့ပေ။

အဘိုးကြီးဘယ်သူလဲဆိုတာ သိလိုက်ရတော့ ကျောင်းမှာရှိတဲ့ တခြားသူတွေက ဦးလေးလျူ က အလုပ်မတက်ခဲ့ရင်တောင် သူ့လစာကို သူတို့ မယူရဲကြတော့ပေ။

နောက်တော့ ယွိကျိုး၏ အထက်တန်းကျောင်း ပြိုင်ပွဲ ရလဒ်များကို ကောင်းဖန်က အသိပေးလိုက်သည်။ တိုက်ပွဲအစတွင် ထန်မင်းဆက်၏ လျှိုဝှက်ဆန်းကြယ်သော ငြှိမ်းသတ်ပုလင်းသည် ဆန့်ကျင်ဘက်အဖွဲ့အတွင်း သဘောထားကွဲလွဲအောင် မီးခိုးများဖြင့် ကြဲချနိုင်လိုက်သည်။

စိတ်ရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး သံမဏိဓားသွားကျားသည် ဆန့်ကျင်ဘက်အသင်းဖွဲ့စည်းခြင်းကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ထို့နောက် နတ်ဆိုးနွယ်တောင်တက်သားရဲသည် ဆန့်ကျင်ဘက်သားရဲများကို ၎င်း၏စပျစ်နွယ်ပင်များဖြင့် ချုပ်ကိုင်ထားကာ သံမဏိတောင်ပံ ရှေးသူရဲကောင်း နှင့် ကျားတို့က တစ်ယောက်ပြီးတစ်ယောက်ဖြုတ်ချနိုင်သည်။

ဒီလိုနဲ့ပဲ ထျန့်ကျဲကျောင်းအဖွဲ့သည် အားစိုက်ထုတ်မှု အများဆုံးနှင့် အောင်ပွဲခံနိုင်လိုက်သည်။

All Chapters