အခန်း (၅၄၉-၅၅၂)
Vol. 35 Ch. 549-552
အခန်း ၅၄၉ မိုးကြိုးတိမ်တိုက် စာကလေး
ကောင်းဖန်ခန့်မှန်းထားသည့်အတိုင်း ထျန့်ကျဲကျောင်း သည် ၎င်း၏နောက်ဆုံးပွဲစဉ်တွင် အနိုင်ရရှိလိုက်သည်။ တကယ်တော့ လူတိုင်းက ထျန့်ကျဲကျောင်းကို အနိုင်ရဖို့မျှော်လင့်ထားသည်။ အကယ်၍ သူ့ကျောင်းက ထိုပွဲကို အမှန်တကယ် ရှုံးနိမ့်ခဲ့ပါက ကောင်းဖန်သည် ညစ်သည့် အရိပ်အယောင်များကို ရှာဖွေရန်အတွက် အားလုံးကို ပြန်လည်ကြည့်ရှုနေပေလိမ့်မည်။
ပါကျုံးအထက်တန်းကျောင်းက နံပါတ် ၂၇ နေရာတွင် ရှိနေစဉ် ရှေ့နှစ်က နံပါတ် ၈ နေရာကို နိုင်ခဲ့ကတည်းက ထျန့်ကျဲကျောင်း ၏အောင်ပွဲသည် အံ့အားသင့်စရာမဟုတ်ခဲ့ပေ။
အနက်ရောင်မြူခိုးကမ္ဘာမှ ပြန်ရောက်လာထဲက ပြိုင်ပွဲကို မည်သို့ ကျင်းပသည်ကို မရှင်းလင်းသေးပေ။ “ဒါဆို ဒီငါးယောက်က ဒီနှစ်ပွဲမှာ ငါတို့ကျောင်းရဲ့ ကိုယ်စားပြုတွေလား...” ဟု သူ ဒုကျောင်းအုပ်ကို မေးလိုက်သည်။
ကောင်းဖန်သည် မနှစ်က အဖြစ်အပျက်ကို ကြည့်ဖူးသည်။ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည့် အသင်းများအားလုံးတွင် အနည်းဆုံး နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ တစ်ဦးရှိသည်။ ထျန့်ကျဲကျောင်းမှာလည်း နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ တစ်ယောက်ရှိသည်။ ကောင်းဖန်ကလွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကို ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့သည်။ သူ့နာမည်က လီကျွင်ကျုံဖြစ်သည်။
ပြီးခဲ့သည့်နှစ်ကပင် ကျောင်းသည် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဆရာကွမ်သည် အထူးကြောက်စရာကောင်းပြီး ခန္ဓာကိုယ်တစ်ခုလုံး သံမဏိကဲ့သို့ မာကျောသည်။ သူသည် ၎င်း၏လခြမ်းဓားကို လွှဲ၍ မည်သည့်အရာမဆို နီးပါးကို ဖြတ်တောက်နိုင်သည်။ အကယ်၍ ထျန့်ကျဲကျေင်းသည် နောက်ဆုံးချန်ပီယံများဖြစ်သည့် ဟွားဝူ အထက်တန်းကျောင်းနှင့် မယှဉ်ပြိုင်နိုင်ခဲ့ပါက ဆီမီးဖိုင်နယ်တွင် နေရာတစ်နေရာရရှိမည်ဖြစ်သည်။
သို့သော် ဟွာဝူမှ စကာတင်ပါဝင်သူ ချန်ကျန့်ထန်နှင့် သူ့သားရဲ ဆန်းကြယ်မျက်လုံးကောင်ကို ဆရာကွမ်းက ရှုံးနိမ့်ရုံသာမက နောက်ပိုင်းတွင် ၎င်း၏ ခြေလက်များ ရက်စက်စွာ စုတ်ပြဲသွားခဲ့သည်။
ရှုံးသွားပြီးနောက် ကုသသူအမျိုးအစားသားရဲထံမှ ဆေးကုသမှု ခံယူခဲ့သော်လည်း ဆရာကွမ်သည် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများမှ လုံးဝ ပြန်လည်ကောင်းမွန်လာခြင်းမရှိခဲ့ပေ။ ယင်းကြောင့် လက်ကျန်ပွဲစဉ်များအတွက် ၎င်း၏ စွမ်းဆောင်ရည်ကို ကျဆင်းခဲ့သည်။
ကောင်းဖန်သည် ဤအရာအားလုံးကို သဘောကျသွားသည်။ ဤလူများထဲမှ အချို့သည် သူတို့၏နတ်ဘုရားအဆင့် သားရဲများ ရှိပြီးသားဖြစ်သည်။ ယင်းသည် ထိုခေတ်က သူနှင့်နှိုင်းယှဉ်လျှင် ကြီးမားသောတိုးတက်မှုတစ်ခုဖြစ်သည်။
အရင်တုန်းက ဟွာရှားဒေသတွင် နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ တစ်ယောက်မှ မရှိပေ။ ယခုအခါ နတ်ဘုရားအဆင့် သားရဲ လေ့ကျင့်သူများသည် နေရာတိုင်းတွင် ပေါ်လာပုံရသည်။ ယမန်နှစ်တွင် နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ အရေအတွက်သည် ဂဏန်းနှစ်ထပ်သို့ ချဉ်းကပ်လာသည်ကို တွေ့ခဲ့ရပြီး နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ အရေအတွက်မှာ စုစုပေါင်း ကိုးဂဏန်း အထိ ဖြစ်လာသည်။ ဒီနှစ်ထဲမှာ သူတို့ ထပ်ရှိဦးမလားဆိုတာ ဘယ်သူကမှ ခန့်မှန်းလို့ မရပေ။
ကောင်းဖန်သည် ယခင်အချိန်က အခြားကျောင်းများအားလုံးသည် ၎င်းတို့၏ ကျောင်းသားတစ်ဦးမှ နတ်ဘုရားအဆင့် သားရဲ တစ်ကောင်ကို ပြုစုပျိုးထောင်နိုင်သည်အထိ အချိန်ဆွဲနေသလားဟု အံ့ဩမိခဲ့သည်။ ၎င်းတို့အဖွဲ့တွင် အနည်းဆုံး နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ တစ်ဦး ရှိသောကြောင့်သာ ပြိုင်ဆိုင်မှုတွင် ပိုမိုကောင်းမွန်သော အနေအထားရှိနေပြီး ၎င်းတို့ဘက်မှ သင့်လျော်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာသည်ဖြစ်သည်။
ပွဲ၏နောက်ဆုံးတစ်ဝက်တွင် ကျောင်းသားများ၏ နတ်ဘုရားအဆင့် သားရဲ များကို သက်ဆိုင်ရာအသင်းများ၏ ဝှက်ဖဲများအဖြစ် ထုတ်၍ တိုက်ခိုက်လိမ့်မည်။ အစပိုင်းမှာတော့ အခြားပါဝင်သူများကို ၎င်းတို့နှင့် ဆန့်ကျင်ဘက်ဆိုင်ရာ ဗျူဟာများ ရေးဆွဲရန် အချိန်အလုံအလောက် ပေးနိုင်သောကြောင့် ပွဲ၏ အစောပိုင်းတွင် ၎င်းတို့အား ထုတ်ပြခြင်းသည် ပညာရှိရာမရောက်ပေ။ ကျောင်းသားများသည် ၎င်းတို့၏ အတော်ဆုံးသားရဲများကို ကြာကြာလျှိုဝှက် ထိန်းထားနိုင်လေလေ အံ့သြစရာဒြပ်စင်ကို ကြာရှည်ထိန်းသိမ်းထားနိုင်လေဖြစ်သည်။
“ဒီနှစ်မှာ အရမ်းထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်... ကျောင်းအုပ်ကြီးကောင်း... သူ့နာမည်က ကောဟွမ်ဖြစ်ပါတယ်။ သူမက ကျွန်တော်တို့ကျောင်းရဲ့ နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ ဖြစ်ရုံသာမက နေကြာပန်းသားရဲက သူမသားရဲဖြစ်ပါတယ်”
ဌာနမှူးက သူ့ကို ဘာမှပြန်မပြောရင် သူ့ကိုယ်ပိုင်ကျောင်းမှာ ဒီလောက် ပြဿနာရှိတဲ့ကျောင်းသားတစ်ယောက်ရှိတယ်ဆိုတာကို ကောင်းဖန် သိမှာ မဟုတ်ပေ။
ကောဟွမ်သည် အတိတ်တွင် ပြဿနာရှိသော ကျောင်းသားတစ်ဦးဖြစ်သည်။ သူမသည် တိဗက်ဒေသမှ ကျောင်းဝင်ခွင့်အရာရှိက ခေါ်ဆောင်လာခဲ့သော မိဘမဲ့ကလေးတစ်ဦးဖြစ်သည်။ သားရဲတွေ ဖျက်ဆီးနေတဲ့ မြို့လယ်မှာ သူမကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဝင်ခွင့် အရာရှိသည် မြို့ထဲရှိ အသက်ရှင်ကျန်ရစ်သူများကို သူနှင့်အတူ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး အရွယ်ရောက်သူများသည် မြို့တော်ရှိ စုဆောင်းရေးဌာနသို့ ခေါ်ဆောင်သွားကာ ကလေးငယ်များကို ထျန့်ကျဲကျောင်းသို့ ဝင်ခွင့်ပေးခဲ့သည်။
ကောဟွမ်သည် တိဘက်လူမျိုးအများ၏မွေးရာပါ ရိုးသားမှုကို အမွေဆက်ခံခဲ့သည်။ သူမသည် သူမအပေါ် ပြုသမျှသော အပြု အမူတိုင်းကို ကြင်နာစွာ တုံ့ပြန်သည်။ သူမကို တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက ခေါ်ယူပေးတဲ့အတွက် အကြွေးတင်နေသလို ခံစားလာရတဲ့အတွက် ကျောင်းက ဆရာ၊ဆရာမတွေကို ပုတ်ခတ်တာမျိုး လုပ်ခဲသည်။ ကောဟွမ်သည် သူမ၏ လေ့လာမှုတွင် အလွန် လုံ့လဝီရိယ ရှိပြီး သားရဲ လေ့ကျင့်ရေး သင်ခန်းစာသို့ ရောက်သောအခါတွင် ပို၍ ကြိုးစားသည်။ သူမသည် သားရဲများက သူမတို့အိမ်များကို ဖျက်စီးနေတာကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။
သို့သော် ကောဟွမ်သည် တစ်ဦးတည်းသောဝံပုလွေလိုဖြစ်သည်။ သူမရဲ့ တိတ်ဆိတ်သော သဘာဝက သူမအတွက် သူငယ်ချင်းများစွာကို မရရှိနိုင်ပေ။ သူမကိုယ်တိုင် ကျောင်းလာတက်ပြီး ပြန်တာကိုသာ အမြဲတွေ့ဖူးသည်။
တစ်နေ့တွင် ကောင်းဖန်သည် အတန်း ၆ မှာ “ပြဿနာ” ကျောင်းသူ ကောဟွမ်ကို ပထမဆုံးအကြိမ် တွေ့ဆုံရန် ရုံးသို့ ခေါ်လိုက်သည်။ သူမသည် အရပ်အမောင်း ခပ်ပုပုဖြစ်ပြီး အနက်ရောင်ဆံပင်များက သူမ၏ပခုံးပေါ်သို့ ကျနေသည်။ သူမ၏ နီရဲနေသော မျက်နှာသည် ကောင်းဖန်ကို ခရမ်းချဉ်သီးတစ်လုံးကဲ့သို ထင်မြင်စေသည်။
ဝတ်စားဆင်ယင်မှုပုံစံနှင့် လိုက်ဖက်သော ယူနီဖောင်းကို ၀တ်ဆင်ကာ ကျောင်းအုပ်ကြီးရှေ့တွင် ရပ်နေအချိန်တွင် မည်သူနှင့်မျှ စကားပြောရန် ရည်ရွယ်ချက်မရှိသလို ခေါင်းငုံံ့ထားသည်။
“ကောဟွမ်..မင်းရဲ့သားရဲတွေကို ငါကြည့်လို့ရမလား” ကောဟွမ်ကို လူချင်းမတွေ့ဆုံမီက ကောင်းဖန်သည် သူမက မိန်းကလေးဖြစ်ကြောင်း မသိပေ။ သူမ၏အမည်သည် သူမ၏ လိင်အမျိုးအစားကို ဖော်ပြထားခြင်းမရှိပေ။
ကောဟွမ်သည် မဝံ့မရဲ ခေါင်းကို မြှောက်လိုက်ပြီး နောက်တဖန် အောက်ပြန်ချလိုက်သည်။
သူမထံမှ အသံတိုးတိုးလေး ထွက်လာသည်။ ကောင်းဖန်ကသာ သူမကို ဂရုမစိုက်ဘူးဆိုရင် သူ လုံးဝ ကြားမှာမဟုတ်ပေ။
ထို့နောက် သူတို့သည် ကျောင်းအနောက်ဘက် တောင်ပေါ်သို့ လျှောက်သွားကြသည်။ ဤသည်မှာ ကျောင်းသားများ၏သားရဲများ သိမ်းဆည်း ထားရာ နေရာဖြစ်သည်။ ကောဟွမ်သည် ကျောင်းဘက်ခြမ်းနှင့် အတော်လေးရင်းနှီးပုံရသည်။
တောင်ထွတ်တွင် ကောင်းဖန်သည် ကောဟွမ်၏ နတ်ဘုရားအဆင့် သားရဲဖြစ်သော မုန်တိုင်းတိမ်တိုက်ကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။
သူသည် အမြင့် ၁၆ ပေ ရှိပြီး တောင်ပံများအနှံ့တွင် အဖြူရောင် တိမ်ပုံသဏ္ဍာန် အစင်းရာများရှိပြီး အဝိုင်းပုံ ခန္ဓာကိုယ် ရှိသည်။
[သားရဲ အမည်] - မိုးကြိုးတိမ်တိုက် စာကလေး
[သားရဲ အဆင့်] - အဆင့်၄၂
[သားရဲ စွမ်းရည်] - ကောင်းမွန်/ပြီးပြည့်စုံ
[သားရဲ အမျိုးအစား] - တိမ်တိုက်
[သားရဲ စွမ်းအင်] - တိမ်တိုက်ထိန်းချုပ်မှု အဆင့် ၁၊ သံမဏိသားမွှေးအဆင့် ၁
[သားရဲ အားနည်းချက်]- မီး/ လေ
[သားရဲ ဖော်ပြချက်] - အေးသောကုန်းမြင့်များတွင် အများအားဖြင့် တွေ့ရှိနိုင်သော သားရဲဖြစ်သည်။ ကြမ်းတမ်းသော သတ္တဝါဖြစ်ပြီး ၎င်း၏သားကောင်ကို အရှင်လတ်လတ် စားသုံးခြင်းကို နှစ်သက်သည်။ ၎င်း၏အကြိုက်ဆုံးအစားအစာမှာ ရေခဲပြင်မြွေပါးဖြစ်သည်။ မြင့်မားသောအပူချိန်ကိုမုန်းသည်။
[မော်ကွန်းတင် အဆင့်သို့ တိုးမြှင့်ခြင်း] - ၁။ ကောင်းကင် စာကလေး၊ ၂။ ခေါင်းကိုးလုံး ငရဲစာကလေး၊ ၃။ ခြင်္သေ့နှလုံးသား ငွေရောင်စာငှက်
ကောင်းဖန်သည် မိုးကြိုးမုန်တိုင်းစာကလေးကို အနီးကပ်ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခုဖြင့် အပေါ်သို့ ကွေးညွတ်သွားသည်။ ထိတွေ့ရတာ ကြည်နူးစရာ ကောင်းသလိုပဲ။ ၎င်း၏ လုံးပတ်ကိုယ်ထည်က အတောင်ပံများပါသော ဖောင်းပွတိမ်တိုက်ကို ကောင်းဖန်အား သတိရစေသည်။ သူ့လက်ချောင်းတွေက ငှက်ဆီမရောက်ခင် ကောဟွမ်က သူ့ကို တိုးတိုးပြောလာသည် “ကျောင်းအုပ်ကြီး... သူကထိတွေ့တာကို မကြိုက်ဘူး... ဒေါသနည်းနည်း ကြီးတယ်…”
ကောင်းဖန်က မိုးကြိုးမုန်တိုင်းစာကလေး၏ကိုယ်ပေါ်တွင် သူ့လက်ကို တင်ထားသည်ကို ကြည့်ရှုရင်း သူမ၏အသံသည် ပြတ်တောက်သွားသည်။
မိုးကြိုးမုန်တိုင်းစာကလေးသည် မည်မျှပင် ကြိုးစားသော်လည်း တောင်ကဲ့သို့ လေးလံနေသည့် ကောင်းဖန်၏လက်အောက်မှ ရုန်းမထွက်နိုင်ပေ။
သူ့မျက်နှာဆီသို့ အာရုံမရောက်သွားမီ ကောဟွမ်သည် ကောင်ဖန်၏လက်ကို ခဏလောက် စိုက်ကြည့်နေမိသည်။
သူမက ကောင်းဖန်လက်တစ်ဖက်တည်းနဲ့ ထိန်းထားနိုင်ပုံကို မေးချင်နေသည်။ သူမရဲ့ ဆိတ်ငြိမ်တဲ့ သဘာဝက မေးခွန်းတွေ အများကြီး မမေးဖို့ တားမြစ်ထားတာကြောင့် သူ့ဘေးမှာ ကြွက်တစ်ကောင်လို တိတ်ဆိတ်နေနေသည်။
ကောင်းဖန်သည် သူ့အတွက် ကောဟွမ်၏ မေးခွန်းများကို စောင့်ရင်း သူ့လက်ကို ငှက်ပေါ်သို့ ဖိထားလိုက်သည်။ သူဘာမှ အမေးမခံရတဲ့အခါမှာတော့ စိတ်ပျက်လက်ပျက်နဲ့ သူ့လက်ကို ပြန်ရုတ်လိုက်သည်။
“မင်းရဲ့ သားရဲကို လက်တစ်ဖက်တည်းနဲ့ ငါ ဘယ်လို ထိန်းထားနိုင်လဲဆိုတာ သိချင်နေတာမလား... ဒါက အတော်လေးရိုးရှင်းပါတယ်... ငါ့သားရဲအချို့က ပွေ့ဖက်ခိုင်းရတာကို ကြိုက်ကြတယ်.... ဒီနေရာမှာ ငါပြောချင်တာက ရင်းနှီးတဲ့ ဆက်ဆံရေးဟာ မင်းရဲ့ သားရဲရဲ့ နှလုံးသားထဲကိုသွားတဲ့ နည်းလမ်းတစ်ခုပါပဲ..”
ကောင်းဖန်၏စကားများကို စဉ်းစားဆင်ခြင်ပြီးနောက် ကောဟွမ်က “ဒါဆို ပြောချင်တာက တတ်နိုင်သလောက် သားရဲတွေကို ပွေ့ဖက်ဖို့ကြိုးစားရမှာလား” ဟု မေးလိုက်သည်။
“မဟုတ်ဘူး... မင်းရဲ့သားရဲတွေ လုံလောက်အောင် အဆင့်မြင့်လာတဲ့အခါ မင်း ဒါမျိုးလုပ်နိုင်မယ်လို့ ငါပြောနေတာ”
ကောဟွမ် မျက်ခုံးပင့်လိုက်သည်။
ကောင်းဖန်၏ ဆိုလိုရင်းကို သူမ နောက်ဆုံး နားလည်လိုက်သောအခါတွင် သူမ ခေါင်းကို မော့ပြီး “ ကျောင်းအုပ်ကြီး… ကျောင်းအုပ်ကြီးက အဲဒီတုန်းက ကမ္ဘာမှာ နံပါတ်တစ်သားရဲလေ့ကျင့်သူလို့ ကြားဖူးတယ်” ဟု နူးညံစွာပြောလိုက်သည်။
ကောင်းဖန်က သူမကို ထူးဆန်းစွာ ကြည့်နေသည်။ “ဘာကိုပြောချင်တာလဲ”
“ကျောင်းသားတွေနဲ့ ဆရာအချို့ကလည်း ကျောင်းအုပ်ကြီးက အကောင်းဆုံးလို့ ပြောကြတယ်”
ကောင်းဖန်က “ငါ့ကိုယ်ငါ အကောင်းဆုံးလို့ မပြောပါဘူး... ငါကကိုယ့်ကန့်သတ်ချက်တွေကို ကိုယ်သိတယ်... ဒါပေမယ့် အပြင်မှာ ကိုယ့်ထက် ပိုတော်တဲ့သူတစ်ယောက် အမြဲရှိနေမယ်ဆိုတာကို ဘယ်တော့မှ မမေ့သင့်ဘူး၊ မင်းလုပ်တဲ့အရာတွေကို တက်နိုင်သမျှ မင်းကိုတိုင် အကောင်းဆုံးဖြစ်အောင် အမြဲလုပ်သင့်တယ်...” ဟုသာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထို့နောက် သူက ကောဟွမ်ကို “မင်း ဘယ်လို စာကလေးငှက်မျိုးကို ကြိုက်လဲ... ခြင်္သေ့လည်ဆံပါတဲ့ အဖြူရောင်၊ အနက်ရောင် ဒါမှမဟုတ် ငွေရောင်လား” ဟု မေးလိုက်သည်။
ကောဟွမ်က ထိုအချက်ကို ခဏလောက် စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် သူမက “အဖြူရောင်...တိမ်တွေထဲမှာ မြင်ရတဲ့ အဖြူရောင်မျိုးကို ကြိုက်တယ်..” ဟု ဖြေလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၅၀ အရိပ်ထဲမှ ချုံခိုတိုက်ခိုက်ခြင်း
“ကောင်းပြီ” ကောင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် ရှုချင်းကျီကို သူ့အတွက် ပါဝင်ပစ္စည်းအချို့ကို ပြင်ဆင်ခိုင်းစေလိုက်သည်။
တောင်ပိုင်းကောင်ကင် အဖွဲ့အစည်း၏ ဓာတ်ခွဲခန်းသို့ ပြန်ရောက်သောအခါ ရှုချင်းကျီသည် ဖုန်းကို ပိတ်လိုက်ပြီး သူမ လုပ်သမျှကို ရပ်လိုက်သည်။ ကောင်းဖန်က သိုလှောင်ခန်းမှ တောင်းဆိုထားသည့် ပါဝင်ပစ္စည်းများကို ထုတ်ယူရန် သူမ လက်ထောက်အား အမိန့်ပေးလိုက်သည်။
ကောဟွမ်သည် အသံမထွက်ဘဲ ထောင့်တွင် ရပ်နေပြီး သူမ၏ ကျောင်းအုပ်ကြီးကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေသည်။
“နေ့လည်ခင်မှာ မင်းသားရဲကို ငါ့ဓာတ်ခွဲခန်းဆီ ခေါ်လာခဲ့” ထိုစကားကိုပြောပြီးနောက် ကောင်းဖန်သည် လှည့်ထွက်သွားသောအခါ ကောဟွမ်သည် နားမလည်နိုင်ဖြစ်နေခဲ့သည်။
ကျောင်းသို့ပြန်ရောက်သောအခါ ကောဟွမ်သည် ကျောင်းအုပ်ကြီးက ကျော်ကြားသော သားရဲမွေးမြူသူတစ်ဉီး ဖြစ်ကြောင်း သူမ၏ အတန်းဖော်တစ်ဦးထံမှ သိရှိလိုက်ရသည်။ နေ့လည်ပိုင်းတွင် သူမသည် သူမ၏ မိုးကြိုးတိမ်တိုက် စာကလေးနှင့်အတူ ကောင်းဖန်၏ ဓာတ်ခွဲခန်းသို့ သွားလိုက်သည်။ သူမ၏ မိုးကြိုးတိမ်တိုက် စာကလေး၏အသွင်အပြင် သိသိသာသာ ပြောင်းလဲသွားပြီးနောက်မှာတော့ ထိုနေရာမှ ထွက်ခွာလာလိုက်သည်။
ထိပ်ဖျားမှ အမြီးအထိ ဆယ်ပေမြင့်သော အရပ်သည် ယခင်ကထက်တော့ ပိုသေးငယ်သွားသည်။ အတောင်များကတော့ ပိုရှည်လာပြီး ယခုအခါ ပို၍ ဖြူစင်သန့်ရှင်းလာသည်။
ညမိုးချုပ်သောအခါ ကောင်းဖန်သည် ယခုနှစ် အထက်တန်းကျောင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသားငါးဦးအား အတန်းပြီးချိန်တွင် နေခဲ့ရန်ပြောလိုက်သည်။ “ကိုယ့်ကိုကိုယ် ဖိအားအရမ်းမပေးနဲ့.. ကိုယ့်ကိုယ်ကို အကောင်းဆုံးလုပ်ဖို့ သတိရပါ” ဟု ကောင်းဖန်က သူတို့ငါးယောက်လုံးကို ပြုံးပြီး ပြောလိုက်သည်။
“ကျောင်းအုပ်ကြီး ဒီနှစ်မှာ အောင်ပွဲရနိုင်မယ်လို့ ထင်လား” ဟု ဝေကုန်းဖန်က ပြုံးပြီး မေးလိုက်သည်။
ကျောင်းသားအချို့သည် ကောင်းဖန်၏ရှေ့တွင် အနည်းငယ် လွတ်လွတ်လပ်လပ် ပြုမူလေ့ရှိကြပြီး ဖြစ်နိုင်သည်က သူတို့ထက် အသက် အရမ်းကြီးပုံမပေါ်သောကြောင့် ဖြစ်နိုင်သည်။
“မလောက်လေးမလောက်စား နဲ့ မင်း ပထမနေရာကို ရည်မှန်းထားတုန်းပဲလား... ဒီနေရာမှာနည်းနည်းလေး မင်းရဲ့အရည်အချင်းတွေကို ယုံကြည်မှုလွန်ကဲနေတယ်လို့ ငါထင်တယ်... ဒီနှစ်ပွဲမှာ တခြားကျောင်းတွေရဲ့ ဆောင်ရွက်မှုတွေကို မြင်ဖူးတယ်...မင်းတို့ ဆီမီးဖိုင်နယ်ကို တက်နိုင်တာကိုတောင် ကံကောင်းတယ်လို့ ယူဆထားလိုက်” ဟုကောင်းဖန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
ကောဟွမ်မှလွဲပြီး ကျန်လေးယောက်က သူ့တုံ့ပြန်မှုကြောင့် စိတ်ပျက်သွားပုံရသည်။ သူတို့သည် ကောဟွမ်ကို တညီတညွတ်တည်း လှည့်မကြည့်မီ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဖလှယ်နေလိုက်ကြသည်။ ကောဟွမ်သည် စာသင်ခန်းနောက်ဘက်တွင် ထိုင်ကာ စိတ်တိုနေသော အမူအရာဖြင့် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။
ကောင်းဖန်က ကျောင်းသားတွေကို တခြားဘာမှ မပြောတော့ပေ။ သူသည် ကျောင်းသားများ၏ ပြင်ဆင်မှုတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။ ဒီနှစ်ပြိုင်ပွဲမှာ ပထမနေရာကို ရအောင် ကူညီပေးခဲ့ရင်တောင် သူ့အတွက် ဒါမှမဟုတ် သူတို့အတွက် သိပ်ကောင်းမှာ မဟုတ်ချေ။ တစ်ခုခုဆိုပါက ထျန့်ကျဲကျောင်းကို မလိုလားအပ်သော အာရုံစိုက်မှုကိုသာ ဆွဲဆောင်နိုင်မည် ဖြစ်သည်။ ဆိုရိုးစကားအတိုင်း အမြင့်မှ ပြုတ်ကျလေ ပိုအကျနာလေပင်။
သူ့အဖိုးပြောခဲ့သလိုပဲ ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ဒီကျောင်းသားတွေကို ပိုမိုကောင်းမွန်တဲ့ သားရဲလေ့ကျင့်သူတွေဖြစ်အောင် လေ့ကျင့်ပေးဖို့ပင်ဖြစ်သည်။ အဆင့်များနှင့် ခေါင်းစဉ်များသည် ပင်ကိုယ်တန်ဖိုးမရှိပေ။
ကောင်းဖန်အတွက် အထက်တန်းကျောင်းပြိုင်ပွဲသည် ကလေးများအတွက် ဟန်ဆောင်ကစားရန် နေရာတစ်ခုမျှသာဖြစ်သည်။ တစ်ခုတည်းသော အရေးကြီးသည့်အရာမှာ ၎င်းတို့ထံမှ ရုန်းထွက်နိုင်သည့် အတွေ့အကြုံနှင့် စိတ်အားထက်သန်သော သားရဲလေ့ကျင့်သူအဖြစ် ပုဂ္ဂိုလ်ရေး တိုးတက်မှုပင်ဖြစ်သည်။
“ကျောင်းအုပ်ကြီး.. မနှစ်က ချန်ပီယံနဲ့ ယှဉ်ပြိုင်ရတာ ကံမကောင်းဘူးလို့ ကျွန်တော်တို့ထင်တယ်.. ဒီနှစ်ကံကောင်းရင် ကျွန်တော်တို့က ထိပ်ဆုံးလေးနေရာမှာ နေရာတစ်နေရာကို အလွယ်တကူရနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ကျောင်းသားတစ်ယောက်ကပြောလိုက်သည်။
“ကျန်တဲ့သူတွေလည်း ဒီလိုပဲထင်ကြလား” ကောင်းဖန်က တခြားသုံးယောက်ကို မေးလိုက်သည်။
ကျန် ၃ ယောက်က မြေပြင်ပေါ်ရှိ ဆန်စေ့များကို ကောက်စားနေသော ကြက်ကလေးများကဲ့သို့ ခေါင်းညိတ်ပြလိုက်ကြသည်။
ကောင်းဖန်က ကျယ်လောင်စွာ ရယ်မောရင်း “မင်းတို့တွေက ယုံကြည်မှုရှိနေကြမှာ သေချာပါတယ်...” ဟု ပြောလိုက်သည်။
ဒီအချိန်မှာ သူတို့ရဲ့ စိတ်ဓာတ်တွေကို နှိမ့်ချဖို့ သူစိတ်မ၀င်စားပေ။ ကိုယ့်အစွမ်းအစကို ယုံကြည်မှုရှိခြင်းက ဒီလောက်ဆိုးတဲ့ ကိစ္စမဟုတ်ဘူးလို့ သုထင်သည်။ အဲဒီမှာတော့ သူတို့က ငါ့ကို အံ့အားသင့်စေမယ်လို့ မျှော်လင့်ပါတယ်..
ရုတ်တရက်ဆိုသလိုပဲ ကောင်းဖန်က သူ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတာကို သတိထားမိပြီး ပြတင်းပေါက်ကို လှည့်ကြည့်လိုက်သည်။ ကောင်းကင်သည် မှောင်စပြုလာပြီး လကလည်းတိမ်တွေ ကြားမှထွက်စပြုနေသည်။ ကျောင်းမျက်နှာစာက အဖြူရောင်ဖျော့ဖျော့ လင်းနေတဲ့ လမ်းမီးတွေကလွဲလို့ သူထိုင်နေတဲ့နေရာကနေ သိပ်မမြင်ရပေ။
ကောင်းဖန်သည် ထိုင်ခုံမှထကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ အပြင်မှာ ဘာလှုပ်ရှားမှုမှမရှိေပ။ ကျောင်းသား အများစုက အိမ်စာနှင့်အလုပ်တာဝန်တွေ ပြီးအောင် စာကြည့်တိုက်ထဲတွင် နောက်ကျကျန်နေသော်လည်း ကျောင်းသားအများစုမှာ အိမ်ပြန်သွားကြပြီဖြစ်သည်။ သူတို့၏ စာသင်ခန်းနှင့် မျက်နှာချင်းဆိုင် ကျောင်းအဆောက်အဦးသည် လွတ်နေပြီး အမှောင်ဖုံးနေသည်။
ထို့နောက် သူက အဝေးကို လှမ်းကြည့်လိုက်သည်။ ကျောင်းနောက်ဘက်ရှိ တောင်တန်းသည် အမှောင်ထုထဲတွင် နစ်မြုပ်နေပြီး ၎င်း၏ ကောက်ကြောင်းက ညကောင်းကင်ယံနှင့် လုံး၀ ပေါင်းစပ်နေသည်။ ကောင်းဖန်က မျက်ခုံးပင့်လိုက်သည်။ သူသည် ငြီးငွေ့ဖွယ်ကောင်းတဲ့ သူကိုစောင့်ကြည့်နေသူရဲ့ မျက်လုံးများကို ခံစားနိုင်သည်။
ဒီခံစားမှုက...ငါ့ကိုစိတ်တိုလာစေတယ်...
ယခု ကျောင်းသားငါးယောက်သည် သူတို့၏ ကျောင်းအုပ်ကြီးကို ထူးထူးခြားခြားကြည့်နေကြပြီး ပြတင်းပေါက်ဆီသို့ ရုတ်တရက် ပြေးသွားသည်ကို အံ့သြနေကြသည်။ အဖွဲ့ထဲက စွန့်စားမှုအရှိဆုံး ဝေကုန်းဖန်က စာသင်ခန်း၏ဘယ်ဘက်ရှိ ပြတင်းပေါက်မှ ကြည့်ရန် သူ့စားပွဲမှထလာသည်။
“မင်းနေရာမှာဘဲနေနေ” ကောင်းဖန်က ပြတ်သားစွာပြောလိုက်သည်။
ဝေကုန်းဖန်က တစ်ခုခုမှားသွားပြီလားလို့ တွေးရင်း သူ့ ခြေလှမ်းတွေကို ရပ်လိုက်သည်။
ရုတ်တရက် အပြင်ဘက် အရိပ်ထဲမှ လေထဲသို့ အဖြူရောင် အလင်းတန်းများ ထိုးဖောက်လာသည် ။
“ပြန်သွားစမ်း” ကောင်းဖန်က အော်လိုက်သည်။ ထို့နောက် သူ့ရှေ့က နံရံကို ကန်ထုတ်လိုက်တာကြောင့် ပေါက်ကွဲထွက်သွားသည်။ အုတ်ခဲများသည် လေထဲသို့ ပျံတက်သွားပြီး လာရောက်တိုက်ခိုက်မှုကို ဆန့်ကျင်သည့် အတန်ငယ်ပါးလွှာသော အကာအကွယ် မျဉ်းတစ်ခု ဖြစ်လာသည်။
သို့သော် ၎င်းတို့သည် အလင်းတန်းတစ်ဝိုက်ရှိ လေဖိအားများကြောင့် ချက်ချင်း ဖုန်မှုန့်များဖြစ်သွားသည်။
ကောင်းဖန်သည် အမွှေးအမျှင်ဖြင့် တိုက်ခိုက်မှုကို ရှောင်နိုင်လိုက်သည်။ ထို့နောက် မကြားရလုနီးပါး တိုးသည့် လေချွန်သံကို သူကြားလိုက်ရသည်။
ယခု သူသည် မှောင်ရိပ်ထဲတွင် ငြိမ်သက်စွာ ထိုင်နေသည့် တောက်ပသော ပင့်ကူကြီးကို တည့်တည့်စိုက်ကြည့်နေသည်။ ကောင်းဖန်သည် ၎င်း၏ ရှေ့လက်ချောင်းတစ်ခုကို ဖောက်ထုတ်ခြင်းဖြင့် ၎င်း၏တိုက်ခိုက်မှုမှ လွှတ်မြောက်သွားသည်။ ပစ်မှတ်ကို လွဲချော်သွားကြောင်း သိလိုက်ရသဖြင့် ပင့်ကူသည် ၎င်း၏လက်များကို နောက်သို့ဆွဲလိုက်ကာ ကောင်းဖန်ကို နောက်ထပ်တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ကောင်းဖန်က ဒီပင့်ကူခေါင်းကို ယူဖို့ ရည်ရွယ်ချက်မရှိပေ။ သူဘယ်လောက်ပဲ သန်မာနေပါစေ သူ့ရဲ့ တိုက်ခိုက်မှုတွေက သူကို ဘယ်လိုမှ ရှင်သန်နိုင်စေမှာ မဟုတ်ပေ။
အေးစက်စက် သတ္တုသံတစ်ခု လေထဲမှာ ထွက်ပေါ်လာပြီး နောက်တစက္ကန့်တွင်မှာ အရိပ်ထဲမှ ပင့်ကူအပေါ်သို့ အနက်ရောင်ပုံစံတစ်ခု ကျလာသည်။ ပင့်ကူ၏ နောက်ကျောမှ အရည်များ ဖျန်းခနဲ ထွက်လာသည်။
ကျောင်းအဆောက်အဦး၏အပြင်ဘက်တွင် ကြီးမားသောပုံသဏ္ဍာန်ကြီးနှစ်ခု တစ်ခုကို တစ်ခု စိုက်ကြည့်နေသည်ကို မြင်တွေ့နိုင်သည်။ ဘယ်ဘက်တွင် ဝါဂွမ်းကဲ့သို့ ပျော့ပျောင်းသော ကြောင်နက်မျိုးနွယ်ဝင် သတ္တဝါတစ်ကောင် ရှိသည်။
ညာဘက်တွင် အဖြူရောင် အသွင်အပြင်ရှိသော ပင့်ကူကြီး ရပ်နေသည်။ ၎င်း၏ အတွင်းသားများသည် မျက်နှာပြင်ပေါ်တွင် ပေါ်လွင်နေပြီး ဒဏ်ရာများမှ သွေးဖြူများ လျှံထွက်နေသည်။
[သားရဲ အမည်] - လရိပ် ပင့်ကူ
[သားရဲ အဆင့်] - အဆင့် ၅၅
[သားရဲ စွမ်းရည်] - ပြီးပြည့်စုံ
[သားရဲ စွမ်းအင်] - အရိပ်ဆန်းကြယ်မှု အဆင့် ၄ ၊ လရောင်စွမ်းအင် အဆင့် ၃ ၊ ထက်မြက်သော ပင့်ကူ လက်သည်း အဆင့် ၃
[သားရဲ အမျိုးအစား] - အရိပ်
[သားရဲ အားနည်းချက်] - သန့်စင်မှု
[သားရဲ ဖော်ပြချက်] - မြေအောက်မြေတွင်းများတွင် နေထိုင်လေ့ရှိသော အေးစက်ပြီး တွက်ချက်နိုင်သော သားရဲတစ်ကောင် ဖြစ်သည်။ အခြားသားရဲမျာ၏ ဦးနှောက်ကို ဖောက်စားရတာ ကြိုက်သည်။ ပြင်းထန်သော အလင်းရောင်များကို မကြိုက်ပါ။
အရိပ်အမျိုးအစား သားရဲနှစ်ကောင်၏ပုံစံများသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ အရိပ်များထဲသို့ မပျော်ဝင်မီ အနည်းငယ် လှုပ်ယမ်းသွားကြသည်။
ကောင်းဖန်သည် အခင်းအကျင်းကို စစ်ဆေးရန်အတွက် စာသင်ခန်းမှ မထွက်မီတွင် သူ၏ တပည့်များကို ခေါ်လိုက်သည်။
အပြင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်သံကိုကြားတော့ ကြွက်က စင်္ကြံရှိ နံရံတစ်ခုမှ ထွက်လာပြီး ၎င်း၏သခင်ကို စိုက်ကြည့်လိုက်သည်။ “သခင် ဘာအမိန့်ရှိလဲ”
“ပင့်ကူရဲ့ လေ့ကျင့်သူကိုရှာ.... သူက အနီးအနားမှာ ပုန်းနေတာ ဖြစ်နိုင်တယ်” ဟု သူ့ကျောင်းသားတွေနဲ့အတူ စင်္ကြံလမ်းမှရှေ့ဆက်မသွားခင် ကောင်းဖန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်။
ကောင်းဖန်၏ စိတ်အခြေအနေမကောင်းတာကို ခံစားရသဖြင့် ကြွက်သည် လှေကားထစ်မှ အလျင်အမြန်ပြေးဆင်းကာ ပုံမှန်မဟုတ်သော အနံ့တစ်ခုခုကို လေထဲမှ ရှူရှိုက်လိုက်သည်။ သူ့အနံ့ခံအာရုံက ပြိုင်ဘက်ကင်းပင်။ ကြွက်သည် လွတ်နေသော စင်္ကြံများအတွင်း လျင်လျင်မြန်မြန် တိတ်တဆိတ် ဆုတ်သွားသည်။
“ဒီမှာလား.. မဟုတ်ဘူး…
“နီးနေပြီ… အရမ်းနီးနေပြီ…”
ထူးထူးခြားခြား ပြင်းထန်သော ရနံ့ကို ရလိုက်သောအခါတွင် ၎င်း၏ မျက်လုံးများ တောက်ပလာေတာ့သည်။ မင်းကိုတွေ့ပြီ...
***
သားရဲလေ့ကျင့်သူ
အခန်း ၅၅၁ အရှင်ဖမ်းခဲ့ခြင်း
“နှမြောစရာပဲ.. နည်းနည်းလောက်သယ ပိုအဆင်ပြေရင် အဲဒီကောင်ကို ငါသတ်နိုင်မှာ” တောအုပ်ထဲတွင် အမည်းရောင်ရှပ်နှင့် ဘောင်းဘီ၀တ်ထားသူ တစ်ဦးသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် မချိတင်ကဲ ပြောဆိုနေသည်။
နည်းနည်းလေးပဲ လိုတာ.. သူသာ ပထမဆုံး တိုက်ခိုက်မှုကို မရှောင်ခဲ့ရင် သူသေသွားတာကြာပြီ.. တုံချန်းက ခေါင်းကိုရမ်းကာ သက်ပြင်းချလိုက်သည်။ သူသည် နည်းနည်းလေးသာ ပိုမြန်ခဲ့လျှင် ဒဏ္ဍာရီလာ လူသားကို သတ်နိုင်မည် ဖြစ်သည်။
သို့သော် သူသည် လူမိသွားပြီ ဖြစ်သောကြောင့် အားမတန် မာန်လျှော့ရတော့မည် ဖြစ်သည်။ ထိုနေရာသည် တောင်ပိုင်းကောင်းကင်၏ နယ်နိမိတ် ဖြစ်သောကြောင့် သူကြာကြာနေလို့ မကောင်းပါချေ။
သူသည် ထိုအတွေးဖြင့် ပြန်လှည့်ရန် ပြင်လိုက်သည်။ သူသည် သူ့ဘေးမှ အရိပ်ကျားသစ်၏ ကျောကို ပုတ်လိုက်ပြီး အဝေးမှ စောင့်နေလိုက်ကာ လရိပ်ပင့်ကူကို ပြန်ခေါ်လိုက်သည်။ သူသည် လရိပ်ပင့်ကူကို ချက်ချင်း ခေါ်လိုက်ပါက လမ်းက လူများက သူ့ကို နောက်ယောင်ခံလိုက်နိုင်မည် ဖြစ်သည်။
အရိပ်ကျားသစ်သည် လှုပ်ရှားသွားသော မြက်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ပိုက်ဆံလုပ်သူ ကြွက်၏ အနံ့ကိုတော့ ကပ်သီလေး လွတ်သွားသည်။
မကြာမီပင် အမည်းရောင် အရိပ်များသည် မြက်ခင်းပြင်မှ ရုတ်ချည်းထွက်ပေါ်လာပြီး တုံချန်းကို ချုပ်ကြတော့သည်။
အရိပ်ကျားသစ်သည် သူ့ရှေ့တွင် မြင်နေရသော သားရဲများက အင်အားမနည်းသည်ကို သိသော်လည်း သူ့သခင်ကို ထားခဲ့ပြီး ထွက်မပြေးချေ။ သူသည် တစ်ချက်ဟိန်းဟောက်လိုက်ပြီး ကြွက်ဆီ ပြေးသွားလိုက်ကာ ရန်စွယ်ငေါငေါဖြင့် ခုန်အုပ်လိုက်သည်။
သို့သော် ကျားသစ်သည် သူခုန်အုပ်လိုက်သော အရှိန်ထက် ပိုမြန်သော အရှိန်ဖြင့် နောက်ပြန်လဲသွားကာ သစ်ပင်တစ်ပင်နှင့် ဆူညံစွာ တိုက်မိသွားသည်။ သူ့ခါးနားတွင် အက်ရာကြီး ဖြစ်သွားကာ အလွန်နက်လွန်းသောကြောင့် အထဲမှ အရိုးများကိုပင် မြင်နေရသည်။ သူသည် အောက်ပိုင်းသေလုနီးပါး ဖြစ်သွားသည်။
သူသည် မြေပြင်တွင် ရှိနေရာမှ ရုတ်တရတ် ထပြေးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း တုံချန်းရှေ့သို့ ရောက်လာသည်။ တုံချန်း၏ မျက်နှာသည် သွေးဆုပ် ဖြူဖျော့နေသည်။ သူ့တွင် ကိုယ်ပိုင်သားရဲ ၂ ကောင်ရှိရာ တစ်ကောင်က သူ့ဖက်တွင် မဟုတ်တော့ပဲ နောက်တစ်ကောင်ကလည်း စကတည်းက ရှုံးနိမ့်နေပြီ ဖြစ်သည်။ ငါဘာလုပ်ရမလဲ..
ခဏတွင်းချင်းတွင် မကြာခင်က ပေါ်ပေါက်ခဲ့သော အနက်ရောင် ဒြပ်စင်ဒိုင်းကာသည် ချွန်ထက်သော လက်သည်းတစ်စုံ၏ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားသည်။
ညရိပ်ကြောင်နှင့်တိုက်ခိုက်နေသော ညရိပ်ပင့်ကူသည် ရုတ်တရတ် ဒေါသထွက်သွားကာ စိတ်မရှည်ဖြစ်နေသော အသံများ လည်ချောင်းထဲမှ ထွက်ပေါ်လာသည်။ သူသည် မည်မျှပင် တိုက်ခိုက်သော်လည်း ညကြောင်သည် တစ်လှမ်းပင် မဆုတ်သွားချေ။
ရုတ်တရတ် ညရိပ်ပင့်ကူ၏ ကိုယ်သည် လှုပ်ခါသွားသည်။ လရောင်အောက်တွင် သူ၏ ကိုယ်သည် ဝေဝေဝါးဝါး ဖြစ်လာသည်။ ထို့နောက် ရုတ်တရတ် ရှည်လျားသော ငွေရောင်မျှင်များ သူ့ကိုယ်ထဲမှ ထွက်ပေါ်လာကာ ထွက်ပြေးတော့မလို အရိပ်အယောင် ဖြစ်နေသည်။ ညရိပ်ကြောင်သည် ထိုအခွင့်ကောင်းကိုယူကာ ခုန်အုပ်လိုက်သည်။
ညရိပ်ပင့်ကူ၏ ခြေလှမ်းများသည် ရှုပ်ထွေးနေသည်။ သူ့မျက်လုံးထဲတွင် အစိမ်းရောင်တစ်ခု ထွက်ပေါ်လာပြီး ၁၈၀ ဒီဂရီ လည်ပတ်နေသည်။ သူ၏ လက် ၂ ချောင်းကို ရှေ့သို့ စိုက်ထားပြီး ကြီးမားသော အဖျက်စွမ်းအင်များ ကိန်းအောင်းနေသလို ဖြစ်နေသည်။
ညရိပ်ကြောင်က လှောင်ပြောင်သရော်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် လှုပ်ရှားနေရင်းဖြင့် ရုတ်တရတ် အရိပ်တစ်ခုလို ဖြစ်သွားကာ သာမာန်လူမျက်လုံးဖြင့် မမြင်နိုင်လောက်အောင် ပျောက်သွားသည်။ ထို့နောက် လေထဲတွင် ဓားသွား ၂ ချောင်းပေါ်လာပြီး မြေကြီးတွင် စိုက်၀င်သွားသည်။
ညရိပ်ပင့်ကူ၏ တစ်ကိုယ်လုံးသည် တောင့်တင်းသွားသည်။ သူသည် ခေါင်းကို မော့လိုက်ချိန်တွင် ကြီးမားသော လေပြင်းတစ်ခုတိုက်ခတ်လာသည်ကို သိလိုက်ရပြီး ထိုအရာသည် သူနောက်ဆုံးသိလိုက်ရသော ခံစားချက် ဖြစ်သည်။
ကျောင်းအပြင်ဘက်တွင် အင်အားအဆင့် ၇ လောက်ရှိသည့် မြေငငလျင်တစ်ခု လှုပ်ခတ်သလို ဖြစ်သွားသည်။ မြေကြီးသည် ရေလှိုင်းများလို လှုပ်ခါရမ်းနေသည်။ ထိုအသံသည် ကျောင်းတစ်ခုလုံး မြည်ဟီးသွားသည်။
လုံခြုံရေးဌာနမှသူများက ကိုယ်ပိုင်သားရဲများ ကိုယ်စီနှင့်အတူ ပြေးထွက်လာကြသောကြောင့် ကောင်းဖန်က တားထားလိုက်သည်။ ကောင်းဖန်သည် ထိုသူများအား ကျောင်းသားများကို ထွက်မလာအောင် ပိတ်ဆို့ထားဖို့သာ မှာထားလိုက်သည်။
သွေးမျက်နီလင်းတကြီးသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့် ထိုင်နေရာမှ အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။ သူ၏ အတောင်ပံများကို ထူထဲပြီး ဖောက်ထွင်းမြင်နေရသော အရည်တစ်မျိုးနှင့် ဖုံးလွှမ်းထားသည်။ ပွက်ပွက်ဆူနေသော အတောင်ပံကြားမှ သွေးများကြောင့် ရေခိုးရေငွေ့များ ထွက်လာနေသည်။
သူသည် အတောင်ပံများကို ခတ်လိုက်ကာ ရေများကို ခါထုတ်လိုက်သည်။
ကောင်းဖန်သည် လျှောက်လာလိုက်သောအခါ မြေကြီးတွင်းပေါက်တစ်နေရာထဲတွင် ပုံပျက်ပန်းပျက် လဲကျနေသော ညရိပ်ပင့်ကူကို တွေ့လိုက်ရသည်။ ပင့်ကူသည် သေစေလောက်သော ဒဏ်ရာများ ရထားပြီ ဖြစ်သည်။ မည်သူမျှ ကုသပေးမည့်သူ မရှိပါက ပင့်ကူကြီးသည် မကြာမီ သေရတော့မည် ဖြစ်သည်။
ကောင်းဖန်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အနီးနားမှ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်သည်။ ထို့နောက် လက်ထဲတွင် တစ်ချက် ပစ်မြှောက်ကးားလိုက်ကာ ပင့်ကူဆီ ပစ်လိုက်သည်။ ပင့်ကူသည် ကောင်းဖန်ကို နာကြည်းစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် အသက်ထွက်သွားတော့သည်။
“ကောင်းဖန်.. ငါဖမ်းမိပြီ” ကြွက်သည် လူတစ်ယောက်ကို ပါးစပ်ဖြင့် ကိုက်ချီကာ အဝေးတစ်နေရာမှ ပြေးလာသည်။ သူသည် ခြေထောက် တိုတိုလေးများဖြင့် ပြေးလာနေသောကြောင့် သူ့ပါးစပ်ထဲတွင် ကိုက်ချီလာသော သူသည် မြေကြီးနှင့် တရွတ်ဆွဲပါနေပြီး ပွန်းပဲ့နေသည်။
ထိုသူ၏ အရေပြားများသည် တစ်ကိုယ်လုံးရစရာ မရှိအောင် ပွန်းပဲ့နေသည်မှာ သနားစရာပင် ကောင်းလှသည်။
ကောင်းဖန်သည် မြေပြင်တွင် မှောက်လျက်လဲနေသောသူ၏ တင်ပါးကို ခြေထောက်တင်ကာ လှန်လိုက်သောအခါ ထိုသူ၏ သွေးအလိမ်းလိမ်း ဖြစ်နေသော မျက်နှာ ပေါ်လာသည်။ သူ့မျက်နှာသည်လည်း ရစရာမရှိအောင် အရေခွံများလန်နေလေသည်။ သို့သော် အပြင်ပိုင်းဒဏ်ရာများသာ ကြီးမားပြီး အတွင်းဒဏ်ရာ ကြီးကြီးမားမားတော့ မရှိချေ။
ကောင်းဖန်သည် ထိုသူ၏ ဘောင်းဘီအိတ်ကပ်ထဲမှ သစ်သားသေတ္တာ တစ်ခုကို ရလိုက်သည်။ ထိုသေတ္တာထဲတွင် အဖြူရောင်အမွှေးနုများနှင့် ပြည့်နှက်နေသည်။ ကောင်းဖန်သည် ထိုအမွှေးအနည်းငယ်ကို ယူလိုက်ပြီး ထိုသူပေါ်တွင် တင်ပေးလိုက်သည်။ ထိုအခါ ဒဏ်ရများသည် မျက်စိရှေ့တွင်ပင် ချက်ချင်း ကောင်းမွန်လာသည်။
“အစ်ကိုကြီး နိုးပြီလား” ကောင်းဖန်က အပြုံး မျက်လုံးဖြင့် မေးလိုက်သည်။
မြေပြင်ပေါ်တွင် နိုးလာသော တုံချန်းသည် ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ မပြောချေ။
“နိုးလာရင် ပြီးတာပါပဲ.. ဒါဆိုရင် ကျုပ်ကို သတ်ဖို့ ဘယ်သူက ခိုင်းလိုက်တာလဲဆိုတာ ပြောပါဦး.. ကျုပ်ပြန်လာတာကို သိတဲ့သူ တစ်ယောက်မှ မရှိထားသေးဘူး.. အဲဒီတော့ ကျုပ်ကျောင်းမှာ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် သိနေတာလဲ” ကောင်းဖန်က မေးလိုက်သည်။
မြေပြင်မှလူသည် ဘာမှမပြောပဲ အံကြိတ်ကာနေနေသည်ကို တွေ့သောအခါ ကောင်းဖန်သည် ပျင်းလာသည်။ “ရှောင်ကောရေ.. သူ့နောက်ကို လိုက်ပြီး သူ့ကိုယ်သူ သတ်ဖို့ကြိုးစားနေရင် ပြန်ရှင်လာအောင် လုပ်ပေးလိုက်ပါဦး..”
ကိုယ်ပိုင်သားရဲများ ထွက်သွားသောအခါ ကျောင်း၏ လုံခြုံရေးခေါင်းဆောင်သည် သူ့ဆီ ပြေးလာသည်။ “ကျောင်းအုပ်ကြီး.. ဒါက ကျုပ်တို့ တာ၀န်ပါ.. ကျုပ်တို့ ကျောင်းလုံခြုံရေးအတွက် တာ၀န်မကျေခဲ့သလို ဖြစ်သွားတယ်”
အသက် ၄၀ အရွယ်ခန့်ရှိ ထိုသူ၏ မျက်နှာတွင် စိတ်ပူပန်မှု၊ နောင်တတရားတို့က အတိုင်းသား ပေါ်လွင်နေသည်။ သူသည် ထိုအလုပ်ကို ရဖို့ မလွယ်ကူခဲ့ချေ။ သူ့တွင် ကလေး ၂ ယောက်လည်း ရှိပြီး သူ့လုပ်အားကိုသာ မှီခိုနေရခြင်း ဖြစ်သည်။
ကောင်းဖန်က လက်ကာပြလိုက်သည်။ “ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး.. ဒါက ဘုရင်အဆင့်သားရဲပဲ.. ခင်ဗျားတို့လည်း ရင်ဆိုင်လို့ ရမှာ မဟုတ်ဘူး”
လုံခြုံရေးခေါင်းဆောင်သည် ကောင်းဖန်စကားကြားမှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ကောင်းဖန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
“ဪ ဟုတ်သားပဲ.. ကျောင်းသားတွေရဲ့ လုံခြူံရေးနဲ့ သက်ဆိုင်ရင်တော့ အကောင်းဆုံး ကြိုးစားပေးပါ.. ဘာတွေပဲ ဖြစ်နေနေ ကျောင်းရဲ့ သင်ကြားရေးတွေကိုတော့ မထိခိုက်စေချင်ဘူး.. နံရံတွေပြိုသွားတာကိုတော့ တစ်ချက်လောက် လူခေါ်ပြီး စစ်ဆေးလိုက်ပါ.. ဘာမှ အန္တရာယ် မကျန်ခဲ့အောင် သေချာစစ်ဆေးပေးပါ” ကောင်းဖန်က ပြောလိုက်သည်။
“ကောင်းပါပြီ ကျောင်းအုပ်” လုံခြုံရေး ခေါင်းဆောင်က ခေါင်းတဆတ်ဆတ် ညိတ်ကာ ပြောလိုက်သည်။
လုံခြုံရေးခေါင်းဆောင်၏ ခေါင်းပေါ်တွင် ဆံပင်ဖြူများစွာ ပေါက်နေသည်ကို မြင်သောအခါ ကောင်းဖန်က ထပ်ပြောလိုက်သည်။ “အရမ်းလည်း အလုပ် အလွန်အကျွံ လုပ်မနေနဲ့ဦး.. မိသားစုကိုလည်း အချိန်ပေးဦး”
“စိတ်ပူပေးလို့ ကျေးဇူးပါ ကျောင်းအုပ်” လုံခြုံရေး ခေါင်းဆောင်က ရယ်ပြုံးကာ ပြောလိုက်သည်။
ကောင်းဖန်ကတော့ ဘာမှထပ်မပြောတော့ပေ။ သူသည် အလုပ်နှင့် ခံစားချက်ကို ခွဲခြားထားသူ ဖြစ်သည်။
ကျောင်းတွင် စစ်ဆေးမေးမြန်းသည့် အခန်းမျိုး မရှိပေ။ ကျောင်းတစ်ခုတွင် ထိုကဲ့သို့ အခန်းမျိုးလည်း ထားစရာ မလိုချေ။ ကောင်းဖန်သည် တောအုပ်ထဲတွင် ဂိုထောင်တစ်ခု တွေ့သောကြောင့် ၀င်ရောက်ပြီး တံခါးပိတ်လိုက်သည်။ ပေ ၃၃၀ ပတ်လည်တွင် မည်သည့် ကျောင်းသားမှ မရှိချေ။
တုံချန်းသည် အသက်ကို ၀၀ရှူလိုက်ပြီး ပိတ်ထားသော တံခါးနှင့် ပြတင်းပေါက်များကို ကြည့်လိုက်သည်။ ဂိုထောင်ထဲရှိ မီးများသည် မှိန်လွန်းပြီး ချောက်ချားစရာ ကောင်းလှသည်။ “မင်းတို့ ဘာလိုချင်တာလဲ” သူက ပြောလိုက်သည်။
“မင်းလည်း အရွယ်ရောက်ပြီးသူတစ်ယောက်ပဲ.. ဘာလို့ ကလေးစကားဆန်တဲ့ စကားကို ပြောနေတာလဲ” ကောင်းဖန်က ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၅၂ မင်းတို့ နိုင်ကို နိုင်ရမယ်
“မင်း အမှန်အတိုင်းပြောရင် သက်ညှာပေးမယ်.. မဟုတ်ရင်တော့ တခြားနည်းလမ်း သုံးရလိမ့်မယ်” ကောင်းဖန်သည် သူ့ဒေါသစိတ်က အရင်တစ်ခေါက်ကလောက် မဆိုးတော့တာကို သတိထားမိလိုက်သည်။ သူသည် အရင်စိတ်နှင့်ဆိုပါက ယခုလို သက်သက်ညှာညှာပင် ပြောနေမည် မဟုတ်ပေ။
တုံချန်းက ပြောလိုက်သည်။ “မင်းကို သတ်တာက တခြားသူတွေပယောဂ မပါဘူး.. ငါ့စိတ်နဲ့ငါ လုပ်တာပဲ.. ငါဒီကို လာတာက အမှန်အမှားတွေကို ရှာဖွေစူးစမ်းဖို့လာတာပဲ”
အမှန်အမှားကို ရှာဖွေစူးစမ်းတယ်.. ကောင်းဖန်သည် စဉ်းစားလေ နားမလည်လေ ဖြစ်သွားသည်။ သူသည် မြေပြင်တွင် လဲနေသော တုံချန်းကို မလိုက်သည်။ “မင်းက ဒီကို လာပြီး အမှန် အမှားကို ရှာဖွေတယ်လည်း ပြောသေးတယ်.. ဘာလို့ ရုတ်တရတ် ငါ့ကို ဘလိုင်းကြီး လာသတ်ရတာလဲ”
တုံချန်းက ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ပြုံးနေပြီး ဘာမှ ပြန်မပြောချေ။ သူ၏ ဖြေဆိုရန် ငြင်းဆန်နေမှုကြောင့် ကောင်းဖန်သည် ကသိကအောက် ဖြစ်သွားသည်။
“သူ့ဖိနပ်တွေကို ချွတ်လိုက်” ကြွက်သည် တုံချန်း၏ ဖိနပ်များကို တစ်ကိုက်တည်းနှင့် ကိုက်ဖြတ်ဖယ်ရှားလိုက်သည်။ ချက်ချင်းပင် လေထုထဲတွင် အမည်ဖော်မရသော အနံ့မျ ပျံ့လွင့်လာသည်။
“မင်းအမြီးကို သုံးပြီး သူ့ကိုယားအောင် လုပ်စမ်း” ကြွက်၏ အမြီးထိပ်တွင် ခပ်ဖျော့ဖျော့ ရွှေရောင် အမွှေးလေးများ ရှိသည်။ ကြွက်သည် သူ့အမြီးထိပ်ဖြင့် တုံချန်း ခြေဖဝါးကို ကလိထိုးလိုက်သည်။
တုံချန်းတစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ့မျက်နှာ အနေအထားကလည်း အီလည်လည်ကြီး ဖြစ်နေသည်။
“မြန်မြန် ရယ်လိုက်စမ်းပါ.. မင်းကို ချုပ်တည်းမထားခိုင်းဘူး” ကောင်းဖန်က ပြောလိုက်သည်။
တုံချန်းမျက်နှာသည် တစ်ခုခုကို သည်းမခံနိုင် ဖြစ်နေတာ သိသာလှသည်။ သူသည် ကောင်းဖန်ကို မကျေမနပ် ကြည့်နေပြီး သူ့မျက်နှာသည် တွန့်လိမ်လာကာ တစ်ကိုယ်လုံးကလည်း ဂျယ်လီတုံးလို တုန်ယင်လာသည်။
သူသည် ကောင်းဖန်ကို ဒေါသတကြီး ကြည့်နေသည်။ “အား.. ငါမင်းကို ဘယ်တော့မှ.. အား.. ပြောမှာမဟုတ်ဘူး.. ဟားဟား.. မင်းက မကောင်းဆိုးဝါးကောင်ပဲ.. ဟားဟားဟား”
မိနစ် ၂၀ ခန့်ကြာသောအခါ တုံချန်းမျက်နှာတစ်ခုလုံး နီရဲလာပြီး ဆံပင်များက နဖူးပြင်တွင် ကော်နှင့်ကပ်ထားသလို စေးထန်းနေသည်။ သူ့ရင်ဘတ်သည် အလွန်လှုပ်ရှားနေပြီး မျက်လုံးများက မျက်နှာကြက်ကို အသေကောင်ကြီးလို စိုက်ကြည့်နေသည်။
“ဒီတော့ ရှင်းအောင် ပြောရရင်.. မင်းက ဟူရှန်းအုပ်စုထဲကတစ်ယောက်.. မင်းဒီကို လာရတဲ့ အကြောင်းရင်းက ငါတို့ကျောင်းနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ဟုတ်လား” ကောင်းဖန်သည် လက်ကို နောက်ပစ်ကာ ဂိုထောင်ထဲ ဟိုဘက်ဒီဘက် လျှောက်ရင်း ပြောနေသည်။
တုံချန်းက ဘာမှမပြောနိုင်ပေ။ သူသည် နောင်တကြီးစွာ ရနေသော်လည်း ကောင်းဖန်၏ နှိပ်စက်မှုကို ကျော်ဖြတ်နိုင်မှာ မဟုတ်ကြောင်းကိုလည်း သေချာ သိနေသည်။
“ပြီးတော့ မင်းကငါ့ကို မတော်တဆတွေ့တော့ ငါ့ကို ထိန်းချုပ်ကြိုးကိုင် ချင်ခဲ့တယ်ပေါ့” ကောင်းဖန်က ခေါင်းကို ငဲ့စောင်းကာ ပြောလိုက်သည်။ သူသည် တစ်ခုခုမှားနေကြောင်း ခံစားနေရဆဲ ဖြစ်သည်။ ဒါဆို ငါက သတ်ရတာ လွယ်တဲ့ပုံပေါက်နေတယ်ပေါ့..
“အဓိကအကြောင်းရင်းဆီကို ပြန်သွားရအောင်.. ငါတို့ကျောင်းက နောက်ဆုံးတစ်ခေါက်က အဆင့် ၈ ပဲ ရခဲ့တယ်.. ဘာဖြစ်လို့ ဟူရှန်းအုပ်စုက ငါတို့လို အားနည်းတဲ့ အုပ်စုကို လာပြီး စစ်ဆေးချင်ရတာလဲ” ကောင်းဖန်က သူ့ဘာသာသူ ရေရွတ်လိုက်ရင်း ရုတ်တရတ် တစ်ခုခုကို သတိရသွားသည်။ ဟွားဝူအထက်တန်းကျောင်းကို ထောက်ပံ့ပေးနေတဲ့ အုပ်စုတွေထဲက တစ်ခုက ဟူရှန်းအုပ်စု ဖြစ်သည်။ ဟွားဝူ အထက်တန်းကျောင်း၏ ချန်းကျန့်တန်သည် လိကျွန်းကျောင်းကို နောက်ဆုံးတစ်ခေါက် ပြိုင်ပွဲတုန်းက ရှူံးနိမ့်ခဲ့ဖူးသည်။ တကယ်တော့ ရလဒ်က ဆုံးဖြတ်ပြီးသားဆိုလျှင် ဒီလောက်ထိ ပြင်းထန်ခဲ့စရာ မလိုပေ။ ထို့အပြင် အမုန်းတရားများလည်း ရှိခဲ့ခြင်း မဟုတ်ပဲ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထျန်းကျဲ့ကျောင်းက နောက်ဆုံးတစ်ခေါက်က ရှူံးထားတာကို သူက ထပ်လာသေးတာလား.. သူတကယ်ပဲ ထျန်းကျဲ့ကျောင်းကို ရန်သူလို့ သဘောထားနေတာလား..
“ဟူရှန်းအုပ်စုရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ ပြောစမ်း” ကောင်းဖန်က တုံချန်း၏ မျက်လုံးများကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ငါဘာမှ ထပ်မပြောနိုင်တော့ဘူး.. သတ်ချင်ရင် သတ်လိုက်” တုံချန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ.. ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ထိုသို့ ပြောပြီးနောက် သူသည် တုံချန်းက မလိုက်ကာ အမှောင်ထုကို အသုံးချလျက် တောင်ခြေဆီသို့ လမ်းလျှောက်သွားလိုက်သည်။ လမ်းတွင် ကောင်းဖန်သည် ကြွက်၏ နောက်ကျောပေါ် တက်လိုက်ရတာ နှေးသည်ဟု တွေးနေမိသည်။ သို့သော် ကြွက်သည် အရပ်သိပ်မမြင့်သောကြောင့် တခြားသားရဲများလို အရမ်းလှုပ်ရှားမှုတော့ မဖြစ်ချေ။
၁၀ မိနစ်ကြာပြီးနောက် သူတို့သည် ယန့်ကျဲမြစ်ဆီ ရောက်လာကြသည်။ တုံချန်းသည် သူ့ရှေ့တွင် မြစ်ရေက လူပုံသဏ္ဍာန်တစ်ခု ပေါ်လာပြီး သူ့က်ု လက်ကမ်းလိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက် သတိလစ်သွားတော့သည်။
“သခင်.. ဒါက သူ့မှတ်ဉာဏ်ဆီက ယူထားတာတွေပါ” ဦးနှောက်က မှတ်ဉာဏ်ကို ကောင်းဖန်ဆီ ပေးလိုက်သည်။ ကောင်းဖန်က မျက်လုံးများကို မှိတ်လိုက်ကာ ဦးနှောက်က ပေးသော မှတ်ဉာဏ်များကို ဖတ်ကြည့်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် ကောင်းဖန်က မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
ဒီခွေးကောင် ငါ့ကို လိမ်ခဲ့တာပဲ.. သူသည် ဟူရှန်းအုပ်စုက မှန်သော်လည်း ဒီကို စေလွှတ်ခံရသော အကြောင်းရင်းသည် သတင်းစုံစမ်းဖို့ မဟုတ်ပဲ ထျန့်ကျဲကျောင်း၏ ရွေးချယ်ထားသော ပြိုင်ပွဲ၀င် ငါးယောက်ကို သတ်ဖို့ ဖြစ်သည်။ အရေးကြီးဆုံး တာ၀န်တစ်ခုမှာ ထျန့်ကျဲကျောင်း၏ မုန်တိုင်းတိမ်စာကလေးကို သတ်ဖို့ ဖြစ်သည်။
“အတွင်းမှာ သူလျှိုရှိနေပြီ” ကောင်းဖန်၏ မျက်နှာသည် သုန်မှုန်နေသည်။
မုန်တိုင်းတိမ်စာကလေးအကြောင်း သိသူမှာ လူနည်းစုသာရှိသည်။ ထို့အပြင် သူ့အဖိုးနှင့် ကျောင်း၏ အထက်ပိုင်း အရာရှိများက ထိုအကြောင်းကို ပြင်ပသို့ မပေါက်ကြားစေရန် တားမြစ်ထားသေးသည်။ ထို့ကြောင့် ဟူရှန်းအုပ်စုဘက်မှ မုန်တိုင်းတိမ်စာကလေးအကြောင်း သိနေခြင်းမှာ သွေးရိုးသားရိုးတြော မဖြစ်နိုင်ပေ။
ထို့အပြင် တုံချန်းသည် ကျောင်းအနောက်ဖက် တောင်မှ ကိုယ်ပိုင်သားရဲ အမျိုးအစားများအကြောင်းကိုလည်း သေချာသိထားသေးသည်။ ထိုသတင်းသည်လည်း အပြင်သို့ မပေါက်ကြားစေရန် လျှို့ဝှက်ထားခြင်း ဖြစ်သည်။
တောင်ပိုင်းကောင်းကင်သည်လည်း အခြားသော နယ်ပယ်များတွင် သူလျှိုများထားတတ်သည်မို့ ကျောင်းတွင်လည်း သူလျှိုရှိနိုင်သည်ဆိုသော အချက်သည် အထူးအဆန်းတော့ မဟုတ်ပေ။ သို့သော် တကယ်တမ်း ဖြစ်လာသောအခါတွင်တော့ အခံရခက်လှသည်။
ကောင်းဖန်သည် မျက်လုံးများကို မှိတ်ကာ အသက်ကို ၀၀ရှူသွင်းလိုက်သည်။ ထို့နောက် အတန်ကြာမှ ပြန်ရှူထုတ်လိုက်သည်။ ထိုအခါ သူ့ရင်တွင်းမှ ဖြစ်နေသော အခံရခက်သည့် နာကျင်မှုများ လျော့ပါးသွားသလို ခံစားလိုက်ရသည်။ ဒီတစ်ကြိမ်မှာတော့ ငါက ငါ့ကျောင်းသားတွေကို သွားကြည့်ဖို့လောက်လေးပဲ စီစဉ်ထားခဲ့တာ.. ပြိုင်ပွှဲမှာ ပါ၀င်ဖို့ ဘာမှတောင် ပြင်ဆင်ထားတာ မဟုတ်ဘူး.. ဘာဖြစ်လို့ လိုက်ပြီး ဆွနေကြတာလဲ..
ငါတို့တွေ ရိုးသားမျှတစွာ ပြိုင်လို့ မရဘူးလား.. ငါတို့ ရှူံးတယ်ဆိုရင်တောင် ငါ့ကျောင်းသားတွေရဲ့ လိုအပ်ချက်လို့ပဲ တွေးပြီး လက်ခံပေးဦးမှာ.. အခုတော့ ငါ့ကို ဝိုင်းပြီး ညစ်နေကြသလို ခံစားရတယ်..
ဒါက ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကို မင်းတို့ မသိကြဘူးလား.. ငါ့ကို လာဆွရင် ဘာဖြစ်တတ်လဲဆိုတာ မင်းတို့ တကယ်ပဲ မသိကြတာလား..
“ထားလိုက်ပါတော့.. ငါလည်း သူတို့လို လိုက်ညစ်ရင် သူတို့နဲ့ တစ်တန်းတည်း ဖြစ်သွားလိမ့်မယ်” ကောင်းဖန်က ခေါင်းကို ရမ်းလိုက်သည်။ ငါအနိုင်ရချင်တယ်ဆိုရင်တောင် မျှတတဲ့ အနိုင်ရခြင်းပဲ ဖြစ်ရမယ်..
ဒါဆိုရင်တော့ အထက်တန်းကျောင်း ပြိုင်ပွဲမှာ ဆုရဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရတော့မယ်.. လူယုတ်မာတွေကို ရအောင် အနိုင်ယူပြရမယ်..
ဒီတစ်ကြိမ်တွင်တော့ အထက်တန်းကျောင်း ပြိုင်ပွဲကို မို့တုက ဦးစီးခြင်း မပြုတော့ပေ။ ပြိုင်ပွဲနေရာကို ဟွာရှားဒေသ အရှေ့ပိုင်းကို ရွေးချယ်ထားသည်။ ထိုနေရာသည် လွတ်လပ်ခြင်း မဟာမိတ်၏ နယ်မြေပိုင်နက်ထဲတွင် ဖြစ်သောကြောင့် ပြိုင်ပွဲကို လွတ်လပ်ခြင်းမဟာမိတ်၏ အခြေစိုက်မြို့ကြီးတွင် ကျင်းပမည် ဖြစ်သည်။
ပြိုင်ပွဲသည် နိုင်ငံတော်အဆင့် မရောက်ခင်အထိ တစ်ပတ်ကြာမြင့်မည် ဖြစ်သည်။
ကောင်းဖန်သည် ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ နောက်ကျနေပြီ ဖြစ်သောကြောင့် ကျောင်းကို ပြန်မသွားတော့ချေ။ ပြိုင်ပွဲ၀င်ကျောင်းသားများကို မနက်ဖြန်မှ ရှာတော့မည် ဖြစ်သည်။
နောက်တစ်နေ့ နေ့ခင်းတွင် ကောင်းဖန်သည် ကျောင်းသားငါးယောက်အား သူတို့၏ ကိုယ်ပိုင်သားရဲများနှင့်အတူ လာရန် ခေါ်လိုက်သည်။ မနေ့ညက အဖြစ်အပျက်ကြောင့် ကျောင်းသားငါးယောက်တို့သည် ကြောက်ရွံ့နေသော ဟန်ပန်များ ဖြစ်နေကြသည်။
သူတို့သည် ဘုရင်အဆင့်သားရဲများကို မမြင်ဖူးခြင်းတော့ မဟုတ်သော်လည်း ထိုကဲ့သို့ ပြင်းထန်သော တိုက်ပွဲကိုတော့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
သူတို့သည် မနက်နိုးပြီး ကျောင်းအဆောက်အအုံများကို ဖြတ်လျှောက်ခဲ့စဉ်က တိုက်ခိုက်မှု၏ အကြွင်းအကျန်များကို မြင်ခဲ့ရသည်။ ကြီးမားသော နံရံအုတ်ချပ်ကြီးများသည် ပျက်စီးနေပြီး ကျောင်းအပြင်ဘက်နှင့် နီးသော စာသင်ခန်းများကို ပိတ်ထားသည်ဟုလည်း သတင်းကြားခဲ့ရသည်။ နံရံတွင် အက်ရာများစွာလည်း ရှိနေကြသည်။
သူတို့သည် တောင်ပတ်လမ်းကို ကားပတ်မောင်းလိုက်ပြီး နာရီ၀က်ခန့်ကြာသောအခါ ပြင်ညီပြီး ပုံမှန်အနေအထား မဟုတ်သည့် တောင်ထိပ်တစ်ခုဆီသို့ ရောက်သွားကြသည်။
ထို့နောက် ကလစ်ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး သူတို့ရှေ့မှ တောင်ထိပ်သည် တုန်ခါသွားကာ ၂ ခြမ်းကွဲထွက်သွားသည်။ ကောင်းဖန်သည် ဓာတ်ခွဲခန်း ကုတ်ကို ၀တ်ထားပြီး မတ်စ်တပ်ထားကာ တံခါး၀တွင် ရပ်လျက် ကျောင်းသား ၅ ယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
၀မ်ကျူးကျူး၊ ကောဟွမ်နှင့် အခြားသူများသည် တောင်ထဲမှ လျှို့ဝှက်ဓာတ်ခွဲခန်းထဲသို့ လည်ပင်းများ တမော့မော့ဖြင့် ၀င်လိုက်ကြသည်။
ကောင်းဖန်က သူတို့ကို အရှေ့တွင် ဦးဆောင်ခေါ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “အစကတော့ မင်းတို့ကို ပြိုင်ပွဲမှာ အတွေ့အကြုံယူခိုင်းဖို့လောက်ပဲ လွှတ်ဖို့ပဲ.. အခုတော့ စိတ်ပြောင်းသွားပြီ.. မင်းတို့ နိုင်ကို နိုင်ရမယ်”