အခန်း (၅၅၃-၅၅၆)
Vol. 35 Ch. 553-556
အခန်း ၅၅၃ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သော ကစားသမားများ
ကျောင်းသားများသည် ကျောင်းအုပ်ကြီး၏ စကားကို ကြားသောအခါ မျက်ခုံးများ မြင့်တက်သွားကြသည်။ ယမန်နေ့က ကျောင်းအုပ်ကြီး၏ စွမ်းဆောင်ချက်များကြောင့် သူတို့သည် အားတက်နေကြပြီး ဖြစ်ရာ ယခုတော့ ပို၍ပင် ကြိုးစားချင်စိတ် ပေါက်သွားကြသည်။
ကျောင်းခန်းထဲတွင် ကြီးမားသော နံရံကန်ချက် အရာကြီးတစ်ခု ရှိနေသည်။ ထိုကန်ချက်သည် ကျောင်းအုပ်ကြီးရဲ့ ကန်ချက်ဖြစ်ပြီး တိုက်ပွဲအတွင်း ကြီးမားသော သက်ရောက်မှုရှိခဲ့သည်ဟု ကြားခဲ့ရသည်။ ကျောင်းသားများသည် ကျောင်းအုပ်ကြီးရဲ့ နေရာတွင်သာ ရှိနေပါက ချက်ချင်းပင် သေသွားနိုင်သည်ဟူသော အတွေးဖြင့် ကြက်သီးများ ထနေကြသည်။
“ငါမင်းတို့ကြားချင်မှာ မဟုတ်တဲ့ စကားတစ်ခု ပြောစရာရှိတယ်.. မင်းတို့ အခုလက်ရှိ ရှိထားတဲ့ ကိုယ်ပိုင်သားရဲတွေနဲ့တော့ ပြိုင်ပွဲမှာ အနိုင်ရအောင် တိုက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ကောင်းဖန်က အညှာအတာကင်းမဲ့စွာ ပြောလိုက်သည်။
ကောင်းဖန်သည် အရင်ရက်များကတော့ ကျောင်းသားများကို ပြိုင်ပွဲတွင် နိုင်စေလိုစိတ် သိပ်မပြင်းပြသည့်အတွက် ပျင်းပျင်းရှိနေသေးသည်။ ယခုတော့ ပြိုင်ပွဲတွင် ပထမချိတ်ဖို့ ရည်ရွယ်ထားပြီဖြစ်သောကြောင့် အိပ်မက်နှင့် လက်တွေ့တို့ရဲ့ ကွာခြားချက်ကို သေချာ မြင်အောင် ပြမှ ဖြစ်တော့မည်ပင်။
ရည်ရွယ်ချက်ပန်းတိုင် ရှိတာက ကောင်းသည်။ သို့သော် မဖြစ်နိုင်တာကို စိတ်ကူးလို့တော့ မရပေ။ အထူးသဖြင့် ပြိုင်ပွဲတစ်ခုဝင်တော့မည်ဆိုလျှင် အခြားသော ပြိုင်ပွဲဝင်များနှင့် ကိုယ့်ကိုယ်ကိုယ်တို့ရဲ့ ကွာခြားချက်ကိုတော့ မဖြစ်မနေ သိထားရမည် ဖြစ်သည်။
“ဘယ်လိုလဲ.. စိတ်ဓာတ်ကျသွားကြတာလား” ကောင်းဖန်က ကျောင်းသားများကို ကြည့်ပြီး ပြောလိုက်သည်။ “ဒီလိုလုပ်ရအောင်.. ငါလည်း ငါ့ရဲ့ ကိုယ်ပိုင်သားရဲတွေကို မသုံးဘူး.. မင်းနဲ့ မင်းတို့နဲ့ တိုက်ခိုက်ဖို့ ငါ့ရဲ့ ကိုယ်ပိုင်သားရဲတွေထဲက တစ်ကောင်ရဲ့ လက်အောက်ခံ သားရဲတစ်ကောင်ကို သုံးပေးမယ်.. ဘယ်လိုလဲ”
ကျောင်းအုပ်ကြီးရဲ့ ကိုယ်ပိုင်သားရဲတွေထဲက တစ်ကောင်ရဲ့ လက်အောက်ခံ သားရဲတစ်ကောင်.. ဒီလောက်ဆိုရင်တော့ သိပ်ပြီး စွမ်းအားမကြီးလောက်ဘူးထင်တယ်..
“ကောင်းပါပြီ” ကောဟွမ်က စိန်ခေါ်မှုကို လက်ခံလိုက်သည်။ ကောဟွမ်သည် သူတို့အုပ်စုထဲတွင် အနည်းငယ် နားလည်ရခက်သောသူတစ်ယော် ဖြစ်သော်လည်း သူမ ကိုယ်ပိုင်သားရဲရဲ့ အစွမ်းကတော့ လျစ်လျူရှုလို့ မရဘူးဟု ဆိုရပေမည်။
ကောဟွမ်က စိန်ခေါ်မှုကို လက်ခံလိုက်ပြီဆိုမှတော့ ကျန်သူများလည်း ဆက်လက်ခံဖို့သာ ရှိတော့သည်။ သူတို့ ၅ ယောက်သည် စိန်ခေါ်မှုကို လက်ခံလိုက်ပြီးနောက် ကြိုးစားကြည့်ချင်စိတ်များလည်း ထက်သန်လာကြသည်။ ယခုတိုက်ပွဲသည် သင်ယူဖို့အတွက်သာဖြစ်ရာ သေခြင်း ရှင်ခြင်းလောက် ပြင်းထန်ခြင်းမျိုးလည်း မဟုတ်ပေ။ သူတို့သည် ထိုအတွေးဖြင့် အနည်းငယ်တော့ စိတ်သက်သာရာ ရနေကြသည်။
“ငါတို့တွေ ကျောင်းအုပ်ကြီးကိုသာ နိုင်ခဲ့ရင် တစ်သက်လုံး ထိုင်ကြွားနေမိတော့မှာ” ဝေကုန်းဖန်က မျက်ခုံးများပင့်ကာ အော်ပြောလိုက်သည်။
“ဝင်ခဲ့ကြ” ကောင်းဖန်က သူတို့ကို အထူးပြုလုပ်ထားသော အခန်းတစ်ခန်းထဲ ခေါ်သွားလိုက်သည်။
ထိုအခန်းကို အထူးပစ္စည်းများနှင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဘုရင်အဆင့် သားရဲလောက်မှသာ ထိုအခန်းတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးနိုင်ပြီး ထိုအဆင့်ထက်နည်းသော သားရဲများဆိုလျှင်တော့ အက်ရာလေးတောင် ဖြစ်သွားမည် မဟုတ်ပေ။
အခန်းထဲကို ကောဟွမ်ရဲ့ ကိုယ်ပိုင်သားရဲအပါအဝင် ကိုယ်ပိုင်သားရဲ ၇ ကောင် ဝင်ရောက်လာသည်။ ပဲ့ကျီလည်း အခန်းထဲတွင် ရှိနေသည်။ ပိန်ပိန်ရှည်ရှည် ပဲ့ကျီသည် အသွင်အားဖြင့် အလွန်ထိခိုက်မခံနိုင်သော ပုံစံမျိုးဖြစ်နေပြီး လေတိုက်တာနှင့်ပင် လဲကျသွားမည့်ပုံ ဖြစ်နေသည်။
“ဒါက ကျောင်းအုပ်ကြီးပြောတဲ့ လက်အောက်ငယ်သား သားရဲလား” မို့ယင်းမင်က ခေါင်းကုတ်ကာ ပြောလိုက်သည်။ သူသည် တစ်ခုခုမှားနေပြီဟု ခံစားနေရသည်။
“ဒီကောင် နည်းနည်းမကြီးလွန်းဘူးလား.. ဘယ်လိုတောင် ဆယ်ပေလောက် ရှည်နေရတာလဲ” ဝမ်ကျူးကျူးက ပြောလိုက်သည်။ “ငါက သူတို့အတွက် အကြီးဆုံးဖြစ်နိုင်မယ့် အနေအထားက တစ်ပေခွဲလောက်ပဲ ရှိတယ်ထင်ထားတာ.. ပြီးတော့ သူ့ကို ကြည့်ရတာ အပင်သားရဲလိုပဲ.. ဒီကောင်က ကပ်ပါးအပင်သားရဲများလား”
ကျောင်းသား ၅ ယောက်သည် နားမလည်နိုင် ဖြစ်နေကြသည်။ အပင်ကပ်ပါးသားရဲက ဘာကြီးလဲ.. ဒီအပင်တွေက တောင်ထိပ်မှာ ပေါက်တာဆိုတော့ ကျောင်းအုပ်ကြီးရဲ့ သားရဲက တောင်ကြီးလောက်များကြီးနေတာလား.. သူတို့သည် အသည်းတယားယား ဖြစ်နေကြသည်။
“ဒီသားရဲရဲ့ အဆင့်က အရမ်းနိမ့်တယ်.. အဆင့် ၅၀ လောက်ပဲ ရှိတယ်” ကောင်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “နောက်ပြီး ဒီသားရဲက တိုက်ခိုက်တာ သိပ်တော်တဲ့ သားရဲမျိုးလည်း မဟုတ်ဘူး.. ဒီတော့ မင်းတို့တွေ ဒီကောင့်ကို အနိုင်တိုက်နိုင်ရင် ပြိုင်ပွဲမှာ ဝင်ဖို့အဆင့်မှီမယ်”
အဆင့်က အရမ်းနိမ့်တာတောင် ၅၀ ရှိတယ်ဟုတ်လား.. ငါတို့သားရဲတွေအဆင့်သာဆို ဘယ်လိုနေမလဲ..
ထိုအချိန်တွင် သံမဏိအရိုးသွား ကျားကြီးသည် အရှေ့ကို ခုန်အုပ်လိုက်ကာ ပဲ့ကျီရဲ့ လက်တစ်ဖက်ကို ကိုက်ဖို့ လုပ်လိုက်သည်။
ပဲ့ကျီက ဘယ်ဘက်လက်ကို တစ်ချက်မြှောက်လိုက်ပြီး ညင်သာစွာပင် တစ်ချက်ပုတ်ထုတ်လိုက်သည်။
ထိုအခါ ကျားကြီးသည် လေထဲတွင် ပျံသန်းသွားသည်။ ထိုကဲ့သို့ ပုတ်ထုတ်လိုက်မှုလေးသည် ကျားကြီးကို ပေ ၄၀ လောက် ပျံသန်းသွားစေပြီး နံရံနှင့် ဝင်ဆောင့်သွားကာ သတိလစ်သွားစေလေသည်။
တစ်ဖက်တွင် သံမဏိတောင်ပံတပ် သူရဲကောင်းသားရဲသည် ပဲ့ကျီက ညာလက်ကို မြှောက်လိုက်သည်နှင့် ထောင့်တစ်ခုကို ပြေးကပ်လိုက်သည်။ ပဲ့ကျီသည် လက်သီးဆုပ်ထားပြီး ထိုလက်သီးနှင့်အတူ မရေတွက်နိုင်သော သေးသွယ်ရှည်လျားသည့် အကိုင်းများ ထွက်ပေါ်လာကာ သူရဲကောင်းသားရဲဆီ ဆန့်ထုတ်လိုက်သည်။
သူရဲကောင်းသားရဲသည် အနောက်ကို လှိမ့်ကာ ဆုတ်ခွာလိုက်သည်။ ထို့နောက် သူ့ရဲ့ သံမဏိဓားဖြင့် အနီးအနားမှ သစ်ကိုင်းအနည်းငယ်ကို ဖြတ်တောက်လိုက်သည်။
သို့သော် သံမဏိဓားသည် သစ်ကိုင်းများကို ထိလိုက်ချိန်တွင် အသံတိမ်တိမ်တစ်ခုသာ ထွက်ပေါ်လာသည်။ ဓားသွားသည် သစ်ကိုင်းတွင် ညပ်နေပြီး ကျန်သောသစ်ကိုင်းများက မြွေကြီးများလို သူရဲကောင်းသားရဲကို ဝန်းရံလိုက်သည်။ အချို့သော သစ်ကိုင်းလေးများက သံချပ်ကာရဲ့ လွတ်နေသော နေရာလပ်များကြားထဲဝင်ကာ ရစ်ပတ်ထားသည်။
တစ်ဖက်တွင် နတ်ဆိုးနွယ်ပင်တောင်တက်သားရဲရဲ့ စွမ်းအင်သည် ပဲ့ကျီနှင့် အနည်းငယ်ဆင်တူသည်။ သို့သော် သူတို့သည် အဆင့် ၁၀ ဆင့်တောင် ကွာခြားနေသည်။ ထို့အပြင် သူတို့အဖွဲ့ရဲ့ အဓိက တိုက်ခိုက်သူသားရဲများအားလုံး ကျရှူံးထားပြီဖြစ်ရာ ထိုသားရဲသည် အရှေ့ကို မတိုးရဲတော့ပေ။
ကောင်းဖန်သည် ကောဟွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့တိုက်ပွဲတွင် တစ်ခုတည်းသော အားကိုးလို့ရသည့် သားရဲမှာသူမရဲ့ ကောင်းကင်စာကလေးသာ ရှိတော့သည်။
ကောဟွမ်က ခဏတိတ်ဆိတ်သွားသည်။ ထို့နောက် “အရှူံးပေးတယ်” ဟု ပြောလိုက်သည်။
“ဟာ ဘာလို့ မတိုက်ခိုက်တာလဲ”
“ဘာမှတောင် မကြိုးစားကြည့်ရသေးပဲနဲ့ ဘာလို့ အရှူံးပေးလိုက်တာလဲ” ကျန် ၄ ယောက်သည် အလွန်အံ့ဩနေကြသည်။
ကောင်းဖန်သည်လည်း ကောဟွမ်ရဲ့ ဆုံးဖြတ်ချက်ကို အံ့ဩသွားသည်။ “မင်းရဲ့ ကောင်းကင်စာကလေးက ငါ့သားရဲထက် နည်းနည်းအဆင့်နိမ့်တာတော့ မဟုတ်ပေမယ့် သူ့စွမ်းရည်က အရမ်းမနိမ့်ပါဘူး.. အနိုင်ရဖို့ လုံးဝမဖြစ်နိုင်တာလည်း မဟုတ်ပဲနဲ့ ဘာလို့ အရှူံးပေးလိုက်တာလဲ”
“ကျွန်မသားရဲရဲ့ စွမ်းရည်ကို ကျောင်းအုပ်ကြီး မြှင့်ပေးထားတာပါ.. ဒါကြောင့် ကျွန်မအတွက် တိုက်ခိုက်ခြင်း မတိုက်ခိုက်ခြင်းက အရေးမကြီးတော့ပါဘူး” ကောဟွမ်က ခေါင်းကို ရမ်းကာ ပြောလိုက်သည်။
ကောင်းဖန်က သူမကို ကြည့်လိုက်ပြီး ကျန်သူများဘက်ကို လှည့်ကာ ပြောလိုက်သည်။ “ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး မင်းတို့ကို အဆင့်တွေရဲ့ အရေးကြီးပုံကို ပြောပြချင်တယ်.. မင်းတို့အနေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဗျူဟာတွေအားလုံးကို ဖန်တီးနိုင်တယ်.. ဒါပေမယ့် မင်းတို့မှာ ပြိုင်ဖက်တွေလည်း ရှိနေတယ်.. အမြဲတမ်း ခွန်အားကိုပဲ သုံးပြီး အနိုင်ရအောင် လုပ်ဖို့က အရေးကြီးတာ မဟုတ်ဘူး..
ဒါကြောင့် ဒီနေရာမှာ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို လုပ်ဖို့ အချိန် ၆ ရက် ပြင်ဆင်ထားတယ်.. ငါမင်းတို့ကို ဖြစ်စေချင်တာကတော့ မို့တုကို မရောက်ခင် နတ်ဘုရားအဆင့်ထိ မင်းတို့ ရောက်သွားဖို့ကိုပဲ”
ကျောင်းသားများ၏ မျက်နှာများသည် တည်ငြိမ်လေးနက်သွားကြသည်။
ကောင်းဖန်သည် ထိုသို့ပြောပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားသည်။ ထို့နောက် မကြာမီ ပြန်၀င်လာပြီး သူ့လက်ထဲတွင် အလင်းဖောက်နေသော ပလတ်စတစ်အိတ် ၅ အိတ်ဖြင့် ပြန်၀င်လာသည်။ သူသည် ထိုအိတ်များကို တစ်ယောက်ချင်းစီ အစဉ်လိုက်ပေးလိုက်သည်။
သူတို့သည် လက်ထဲရောက်လာသော အရာများကို မကြည့်ရခင်မှာပင် ကိုယ်ပိုင်သားရဲများသည် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ သတိမေ့နေသော ကျားကြီးသည်ပင် ဘယ်တုန်းက သတိပြန်လည်လာလဲ မသိပေ။
၀မ်ကျူးကျူးက ပစ္စည်းကို ထုတ်လိုက်သောအခါ ၁၅ ပေရှည်သော ကျားကြီးသည် ချက်ချင်း ကြောက်ပေါက်စလေးလို ဖြစ်ပြီး ပွတ်သပ်တောင်းယူနေတော့သည်။
“ဒါက သားရဲအမြုတေလား” ဝေကုန်းဖန်သည် သူ့လက်ထဲမှ အိတ်အကြည်လေးကို မြှောက်ကြည့်လိုက်သည်။ အိတ်ထဲတွင် ကြက်ဥတစ်လုံးအရွယ်ရှိသော ကျောက်အကြည်လေးတစ်ခု ရှိနေသည်။ ထိုပုံစံသည် အလွန်ရင်းနှီးစွာ မြင်ဖူးကြသည်။ သူတို့သည် အကြိမ်ပေါင်းများစွာ မြင်ဖူးသော သားရဲအမြုတေနှင့် တူသည်ဟု တွေးနေကြသည်။
သို့သော် ဘာလို့ ဒီလောက်ကြီးလဲဆိုတာတော့ စိတ်၀င်စားနေကြသည်။
“ဟုတ်တယ်.. ဒါက ဘုရင်အဆင့်သားရဲ အမြုတေတွေပဲ.. မင်းတို့သားရဲတွေကို စားခိုင်းလိုက်” ကောင်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကျောင်းသားများကတော့ ဘာပြန်ပြောရမှန်း မသိတော့အောင်ပင် ဆွံ့အသွားကြသည်။
“ကျောင်းအုပ်ကြီး.. ဒါကတကယ် ကျွန်တော်တို့အတွက်လား”
“မင်းတို့တွေ ဒီလိုပဲ ဖြစ်နေကြမယ်ဆိုရင် ငါ့ကို ကျောက်တွေ ပြန်ပေးလိုက်တော့”
ကျောင်းသား ၅ ယောက်သည် ဘာမှထပ်မပြောရဲကြတော့ပဲ သူတို့ကိုယ်ပိုင်သားရဲများကို အမြုတေများ ကျွေးလိုက်ကြသည်။ ကွန်မန်ဒါအဆင့် သားရဲ ၅ ကောင်သည် သားရဲအမြုတေများကို စားလိုက်ကြပြီး ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလာကြသည်။ သူတို့၏ ပြောင်းလဲသွားပုံများကို ကြည့်ပြီး ကျောင်းသားများသည် ညတောင် အိပ်ရပါတော့မလားဟု တွေးလိုက်မိကြသည်။
နောက်နေ့များတွင်တော့ ကျောင်းသားများသည် လေ့ကျင့်မှု၏ ကြောက်မက်ဖွယ် အနှစ်သာရများကို နဖူးတွေ ဒူးတွေ့ခံစားသွားကြရသည်။ ကျောင်းအုပ်ကြီးက ကိုယ်ပိုင်သားရဲများကို လေ့ကျင့်ပေးသည့် နည်းစနစ်များသည် အလွန်ပြင်းထန်သော တိုက်ပွဲများ၏ တိုက်ခိုက်ပုံများ ဖြစ်ကြသည်။ သူတို့သည် တိုက်ခိုက်ရေး လေ့ကျင့်မှုသာမက အလွန် ဈေးကြီးပုံရသော အာဟာရဆေးလုံးများကိုလည်း စားကြရသည်။ ကျောင်းသားများသည် ထိုပုလင်းများကို ကြည့်ရင်း ယုံကြည်မှုအပြည့် ဖြစ်လာကြသည်။
ထိုသို့ဖြင့် များပြားလှစွာသော ဆေးလုံးများ၊ ဘုရင်အဆင့် သားရဲ အမြုတေများ အစွမ်းဖြင့် ကိုယ်ပိုင်သားရဲ ၅ ကောင်သည် အချိန်တိုအတွင်းမှာ အလွန်ပင် တိုးတက်ပြောင်းလဲလာကြသည်။ အစတည်းက အဆင့် ၃၅ သာ ရှိပြီး အဆင့်နိမ့်နေပြီး ဖြစ်သော နေကြာသားရဲသည် အဆင့် ၄၀ သို့ ရောက်သွားခြင်းမှ လွဲ၍ ကျန်သားရဲ ၄ ကောင်လုံးသည် နတ်ဘုရားအဆင့်သို့ တက်သွားကြသည်။
သို့သော် နေကြာသားရဲသည် ဘာမှ မရလိုက်ခြင်းတော့မဟုတ်ချေယ သူသည် အာဟာရ ဆေးလုံးများစွာကို စားသုံးထားပြီး ဖြစ်သောကြောင့် အဓိက ပြောင်းလဲမှုများ ရှိထားပြီး ဖြစ်သည်။ သူသည် ယခင်နေကြာသားရဲထက် အဆင့်မြင့်သော အစွယ်ပါပန်းသားရဲအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၅၄ အစွယ်ပန်းသားရဲ
ကောဟွမ်သည် သူတို့အားလုံး လေယာဉ်ပေါ်တက်သည့်အချိန်ထိတိုင်အောင် သူမ၏ ကိုယ်ပိုင်သားရဲအမည်ကို မကျေမနပ် ဖြစ်နေခဲ့သည်။ “ကျောင်းအုပ်ကြီး.. ကျွန်မရဲ့ ကိုယ်ပိုင်သားရဲက နေကြာသားရဲကနေ အဆင့်တက်သွားပြီးတာတောင် ဘာလို့ အစွယ်ပန်းသားရဲလို့ ခေါ်နေတာလဲ.. နာမည်ကြီးကဆိုးလိုက်တာ” စကားနည်းသော ကောဟွမ်သည်ထိုနေ့က ပထမဆုံးအနေဖြင့် ကောင်းဖန်ဆီကို အရင် ချဉ်းကပ်ကာ ဂျီကျနေလေသည်။
“အခုအဆင့်မြင့်သွားတဲ့ အစွယ်ပန်းသားရဲက အရင်နေကြာသားရဲထက်ပိုပြီး စွမ်းအားမြင့်တာ ဟုတ်လား မဟုတ်ဘူးလား” ကောင်းဖန်က မေးလိုက်သည်။
“ဟုတ်.. ဟုတ်ပါတယ်” ကောဟွမ်က ပြန်ဖြေလိုက်သည်။
“ဒါဆိုထပ်မေးမယ်.. အစွယ်ဆိုတဲ့ အသုံးအနှုန်းကပိုပြီး မထူးခြားဘူးလား” ကောင်းဖန်က မေးလိုက်သည်။
“ဒါဆိုလည်း ဒီတိုင်းနေကြာပန်းလို့ပဲ ခေါ်ပါတော့လား” ကောဟွမ်က အနည်းငယ်ဒေါသထွက်နေသည်။
“ညီမလေးကော.. ကျောင်းအုပ်ကြီးက မင်းကိုယ်ပိုင်သားရဲရဲ့ နာမည်ကို အစွယ်ပန်းသားရဲလို့ ပေးတာလည်း အကျိုးသင့်အကြောင်းသင့်ပေးတာပဲ ဖြစ်မှာပါ…” ဝေကုန်းဖန်က သတိထားပြီး ပြောလိုက်သည်။
ကောဟွမ်က သူ့ကို အေးစက်စွာပြန်ကြည့်လိုက်သည်။ “ဒါဆိုလည်း အဲဒီအကျိုးအကြောင်းကဘာလဲဆိုတာကို ပြောကြည့်လေ”
“မင်းဘာသာပဲ ကြည့်လိုက်လေ” ဝေကုန်းဖန်က ဘေးတွင်ရပ်နေသော အစွယ်ပန်းသားရဲကို ညွှန်ပြကာ ပြောလိုက်သည်။
ရွှေရောင်ပန်းလေးသည် မှန်ရှေ့တွင်ရပ်နေရင်း သူ့ကိုယ်သူ ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။ သူသည် သူ၏ အရွက်လေးများဖြင့် မှန်ကို ညင်သာစွာ ပွတ်နေသည်။ ပန်းပင်၏ ညာဘက်ခြမ်း အပေါ်ဖက်နားတွင် ပန်းသေးသေးလေး တစ်ပွင့်က ပွင့်နေသည်။ ထူးခြားသည်က နေကြာပန်းလေးတစ်ပွင့် ထပ်ပွင့်နေခြင်း ဖြစ်သည်။
အရွယ်အစား မတူသော ပန်း ၂ ပွင့်သည် တစ်ခုနှင့်တစ်ခုထပ်ကာ ပွင့်နေသည်။ ညာဘက်အပေါ်ထောင့်မှာ ပွင့်နေသော နေကြာပန်းလေးက ထိုကဲ့သို့ အစွယ်ပန်းသားရဲ ဖြစ်လာစေသည့် အကြောင်းရင်း ဖြစ်သည်။
ကောဟွမ်သည် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ သူမသည် အစကတည်းက စကားများရတာမကြိုက်သောကြောင့် ပါးစပ်သာပိတ်နေလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ “ဒါဆိုလည်း အစွယ်ပန်းသားရဲလို့ပဲ ခေါ်ကြတာပေါ့”
“တကယ်တော့ မင်းကိုယ်ပိုင်သားရဲရဲ့ စွမ်းအင်က တော်တော်လေး အစွမ်းကြီးပါတယ်.. အရင် နေကြာသားရဲ ထက်တောင် ပိုသန်မာသွားသေးတယ်” ကောင်းဖန်က ကောဟွမ်ကို ပြောလိုက်သည်။ ကောဟွမ်ကတော့ ခေါင်းလေးသာ တစ်ချက်စောင်းပြလိုက်သည်။
ကောင်းဖန်က တစ်ချက်ရယ်သွမ်းသွေးကာ အစွယ်ပန်းသားရဲကို ခေါင်းငဲ့စောင်းပြီး ပြောလိုက်သည်။ “အစွယ်ပန်းသားရဲ.. မင်းဒီနေ့ လှနေတာပဲ”
အစွယ်ပန်းသားရဲက ကောင်းဖန်ခေါ်ပြီး ပြောလိုက်သည်ကို ကြားသောအခါ ခေါင်းကို လှည့်ကာ ကြည့်လိုက်သည်။ သူ၏ ပန်းနှင့် အရွယ်လေးများက အနည်းငယ် တုန်ယင်နေသည်။
“မင်းဒီနေ့ အရမ်းလှနေတယ်လို့ ပြောတာပါ” ကောင်းဖန်က ထပ်ပြောလိုက်သည်။
အစွယ်ပန်းသားရဲသည် ကောင်းဖန်၏ ချီးကျူးစကားကို ကြားသောအခါ အလွန်ပင် ပျော်ရွှင်သွားသည်။ ညာဘက်အပေါ်ထောင့်မှ ပန်းသေးသေးလေးကတော့ အနည်းငယ်ပင် တုန်ယင်နေသည်။ ပြတင်းပေါက်မှ ဖြာကျလာသော နေရောင်သည် ပန်းသေးသေးလေးပေါ်သို့ ကျရောက်သွားပြီး ချက်ချင်းပင် ရောင်ခြည်များ ဖြာထွက်လာသည်။ ထို့နောက် ပွင့်ဖတ်များဆီမှ ရွှေရောင်အလင်းလေးများ အဆက်မပြတ် ထွက်ပေါ်လာကာ ရွှေရောင်အလုံးလေးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။
ကောဟွမ်အပါအဝင် ကျန်ကျောင်းသား ၄ ယောက်ကလည်း ထိုမြင်ကွင်းကို ကြက်သေသေကာ ကြည့်နေကြသည်။ သူ့မှာဒီလိုအစွမ်းရှိတာလားဟ.. ချီးကျူးခံလိုက်ရတာနဲ့ပဲ အလင်းလုံးတောင် ထွက်သွားရတဲ့အထိပဲလား.. ဒီလောက်တောင် ပျော်နေတာလား..
[သားရဲအမည်] - အစွယ်ပန်းသားရဲ
[သားရဲအဆင့်] - အဆင့် ၄၀
[သားရဲစွမ်းရည်] - ပြီးပြည့်စုံ
[သားရဲစွမ်းအင်] - နေရောင်ခြည်ကုသမှု အဆင့် ၁၊ အလင်းစုပ်ယူခြင်း အဆင့် ၁
[အထူးဝိသေသ လက္ခဏာများ] - ပန်း ၂ ထပ် (အဓိကပန်းနှင့် သူ့အပေါ်တွင်ပေါက်သော အပိုပန်း) သူသည် ချီးကျူးခံရသည့်အခါနှင့် ပျော်ရွှင်သည့်အခါ ခေါင်းပေါ်ရှိ အပိုပန်းလေးသည် ကုမှုနေလုံးလေးကို ထုတ်လွှတ်သည်။
သက်ရောက်မှု ၁ - ထိုကုသမှုနေလုံးလေးများသည် အချိန်တစ်ခုထိ ရှိနေမည်ဖြစ်သည်။ ကုသခြင်း၏ သက်ရောက်မှုသည် နေရောင်ခြည်ကုသမှု၏ အဆင့် ၁ နှင့် ညီမျှပြီး တစ်ချိန်တည်းတွင် ကုသမှုနေလုံးများ ထွက်လာမည် ဖြစ်သည်။
[သားရဲအမျိုးအစား] - အလင်း
[သားရဲအားနည်းချက်] - မီး
[သားရဲဖော်ပြချက်] - နေကြာသားရဲမှ အဆင့်မြင့်သွားသော အစွယ်ပန်းသားရဲသည် မူလပုံစံထက်ပိုပြီး သန်မာလာသည်။ တစ်ပါးသူထံမှ ချီးကျူးမှုခံရတာကို နှစ်ခြိုက်သည်။ သူ့နောက်ကွယ်တွင် အတင်းပြောကြတာကိုတော့ အလွန်မုန်းတီးသည်။
သူ့စွမ်းရည်သည် ပြီးပြည့်စုံအဆင့်သာ ဖြစ်နေတာတောင် သားရဲလက္ခဏာများကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ထိုသားရဲသည် အလားအလာကောင်းသော အလွန်ရှားပါးသည့် သားရဲဖြစ်သည်။ သူ၏ စွမ်းရည်သည် သိပ်ပြီး ဆွဲဆောင်မှုမရှိသော်လည်း သားရဲလက္ခဏာများနှင့်တော့ ပြီးပြည့်စုံသည်ပင်။
လေယာဉ်ပေါ်တွင် ကျန်ရှိသည့်အချိန်များသည် ကလေးဆန်ဆန် ကစားပွဲများအတွက် အချိန်ဖြစ်သွားခဲ့သည်။ ကျောင်းများ ၅ ယောက်သည် ဆော့လို့ကောင်းသည် ကစားစရာ အရုပ်တစ်ခု ရထားသကဲ့သို့ အစွယ်ပန်းသားရဲကို တစ်ယောက်တစ်လှည့် မမောနိုင် မပန်းနိုင် ချီးမွှမ်းခန်း ဖွင့်နေကြတော့သည်။ ထို့ကြောင့် အစွယ်ပန်းသားရဲကလည်း အလွန်ပင် ပျော်ရွှင်နေပြီး ကုသမှုနေလုံးများသည် သူ့ခေါင်းမှ အဆက်မပြတ် ထွက်နေကြတော့သည်။
ကျောင်းသားများသည် သိပ်မငယ်ကြတော့သောလည်း ကလေးများပင် ဖြစ်ကြလေသည်။ ကောင်းဖန်သည် သူတို့ကို ကြည့်ပြီး ခေါင်းသာ ရမ်းနေမိတော့သည်။
…
လေယာဉ်သည် ကိုယ်ပိုင်လေဆိပ်တစ်ခု၏ ပြေးလမ်းပေါ်တွင် ဖြေးညင်းစွာ ဆင်းသက်လိုက်သည်။ လေယာဉ်တံခါးဖွင့်လိုက်သောအခါ ကောင်းဖန်က ရှေ့ဆုံးမှ ဆင်းလာပြီး ပြိုင်ပွဲဝင်မည့် ကျောင်းသား ၅ ယောက်က သူ့နောက်က လိုက်လာကြသည်။ နောက်ဆုံးတွင်တော့ ရှောင်ဟွာက ကိုယ်ပိုင်သားရဲများကို ဦးဆောင်ပြီး လိုက်ပါလာသည်။
တကယ်တော့ ကောင်းဖန်ပြန်လာသည့်သတင်းသည် လျှို့ဝှက်ထားလို့ မရသော သတင်းဖြစ်သည်။ ထို့ကြောင့် သူသည်လည်း ပုန်းလျှိုးကွယ်လျှိုးမနေနေတော့ပါချေ။ တကယ်တော့ လူများသည် ကောင်းဖန်ထက် သူ၏ ကိုယ်ပိုင်သားရဲများကို ပိုပြီး စိတ်ဝင်စားကြခြင်း ဖြစ်သည်။ ကောင်းဖန်သည် သာမာန်သားရဲလေ့ကျင့်သူတစ်ယောက်သာ ဖြစ်သောကြောင့် သူ့ကိုယ်ပိုင်သားရဲများက မည်သို့မည်ပုံ ဖြစ်လာကြသည်ကို စိတ်ဝင်စားကြခြင်းဖြစ်သည်။
သို့သော် ဒီတစ်ခေါက် ကောင်းဖန်တစ်ယောက် ပြန်လာသည့်အခါတွင်တော့ ကိုယ်ပိုင်သားရဲများကို သိပ်မတွေ့ရခြင်းအပေါ် လူအများက နားမလည်နိုင် ဖြစ်နေကြသည်။
ဘာလို့ တစ်ကောင်မှတောင် မတွေ့မိရတာလဲ.. အရိုးစုကြီးကရော ဘယ်ရောက်နေတာလဲ.. တောင်ဝိဉာဉ်နဲ့တူတဲ့ ဂဏန်းလို ကောင်ကြီးကရော.. ဟို ဘဲကတုံးလည်း မတွေ့မိဘူး.. ခြင်္သေ့ဖြူလေးရော ဘယ်မှာလဲ မသိ..
သူတို့သည် သူတို့မှတ်ထား သိထားသော အရေးကြီး သားရဲများကို မတွေ့မိကြချေ။ အခုတော့ ကင်းခြေများကိုပင် မတွေ့မိကြချေ။ သူတို့သည် ပိုင်ယဲ့ခရိုင်နှင့် ယွိကျိုးမြို့ကိုပင် လူများလွှတ်ကြပြီး ကောင်းဖန်တစ်ယောက် ဝိဉာဉ်ဖောင်မှ ထွက်လာစဉ်က ကိုယ်ပိုင်သားရဲများကို ကြည့်ခိုင်းကြသေးသည်။
မိုတု ဟော်တယ်တွင် တုံရှန်းသည် ပြတင်းပေါက်နားတွင် ရပ်နေပြီး သူ့ဘေးမှ တုံလင်းကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “ကောင်းဖန်ရဲ့ ကိုယ်ပိုင်သားရဲတွေ အားလုံးသေသွားကြတာများလား.. သူ့ဘေးမှာ ကျန်ခဲ့တာ အဲဒီ ပုစွန်လေးတွေပဲများလား”
တုံလင်းကတော့ မျက်နှာသေဖြင့် ရှိနေသည်။ သူသည် ပြတင်းပေါက်ဆီကို လျှောက်လာလိုက်ရင်း သူမအောက်မှ မြို့ကို ငုံ့ကြည့်လိုက်သည်။ “သူ့ကို မစော်ကားတော့တာတော့ ကောင်းမယ်လို့ အကြံပြုချင်တယ်”
တုံရှန်း၏ မျက်နှာတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ “သူ့နားမှာ ဘာကိုယ်ပိုင်သားရဲမှ မရှိတော့ဘူး.. အခုတော့ ဒီကောင်က အမှိုက်သာသာပဲ.. ငါတို့ကို ဒီကောင်ဘယ်လို ဆက်ဆံခဲ့လဲ မေ့သွားကြပြီးလား.. ဟိုအခန်းထဲမှ သော့ခတ်ပြီး ငါတို့ကို ဟိုလူ ၁၀ ယောက်လောက်နဲ့ အဆက်မပြတ် စကားတွေ ပြောခိုင်းတာလေ..
ငါတို့ဘာသာစကားကို သင်ဖို့ အသားကုန် နှိပ်စပ်ထားတာ.. ငါအဲဒီအချိန်တွေကို ဘယ်လိုစိတ်နဲ့ ဖြတ်သန်းခဲ့ရလဲသိလား.. ငါတို့ကို ကောင်းသောမနက်ခင်းပါ ဆိုတဲ့စကားကိုပဲ အကြိမ် ၁၀၀၀ လောက် ပြောခိုင်းခဲ့တာ” တုံရှန်းသည် ပြောနေရင်းနှင့်ပင် လွန်ခဲ့သော ၃ နှစ်က သည်းမခံနိုင်စရာ အဖြစ်အပျက်များကို ပြန်မြင်ယောင်လာပြီး ကောင်းဖန်ကို ပိုပင် မုန်းတီးလာသည်။ “ငါ့ကိုလာမတားနဲ့..ငါကောင်းဖန်ကို လက်စားချေမှ ဖြစ်မယ်”
တုံလင်းကတော့ တည်ငြိမ်စွာပင် ပြောလိုက်သည်။ “သူ့ကိုယ်ပိုင်သားရဲတွေ သေပြီဆိုတာ ဘယ်လို သေချာသိလို့လဲ.. သူတို့ရဲ့ စွမ်းရည်တွေမှာ တစ်ခုခု ပြဿနာရှိနေလို့ အနက်ရောင် မြူခိုးကမ္ဘာထဲမှာ ခဏထားခဲ့ရတာရော မဖြစ်နိုင်ဘူးလား”
တုံရှန်းက ခဏရပ်သွားပြီးနောက် ရေရွတ်လိုက်သည်။ “ဒါဆိုရင်လည်း သူတို့က အနက်ရောင်မြူခိုးကမ္ဘာထဲမှာ အပိတ်ခံထားရပြီး ဆင့်ခေါ်လို့ မရဘူးဆိုတဲ့ သဘောပဲလေ.. အနည်းဆုံးငါသူ့ကို မသတ်နိုင်ရင်တောင် ပြန်နှိပ်စက်လို့တော့ ရသေးတာပဲ..ငါကတော့ သူ့ကို တစ်ခုခု ပြန်မလုပ်ရမချင်း မကျေနပ်နိုင်ဘူး”
“အေးဆေးနေစမ်းပါ.. အဲဒါနင့်ကိစ္စလေ.. တစ်ခုခု ဖြစ်လာတော့မှ ငါ့ကို ဆွဲမထည့်နဲ့” တုံလင်းက ပြောလိုက်သည်။
လွန်ခဲ့တဲ့ ၃ နှစ်နှင့် ယှဉ်လျှင် တုံလင်းသည် ပိုပြီး ရင့်ကျက်လာသည်။ သူမ၏ ကိုယ်ခန္ဓာကလည်း ကောက်ကြောင်းအလှများ ပိုပေါ်လာသည်။ သူမ၏ ဆံကေသာများကလည်း ပိုမို တောက်ပြောင်လာသည်။ သူမသည် နွားသိုးတစ်ကောင်လို ခေါင်းမာလှသော တုံရှန်းနှင့် ပေါက်တတ်ကရတွေ ထိုင်မပြောနေချင်တော့ပေ။ “ငါကတော့ ပြောသင့်တာပြောပြီးပြီ.. နင့်ဟာနင် ကိုယ့်သေတွင်း ကိုယ်တူးနေတာကိုတော့ လိုက်ပြီး အတင်းမတား နေချင်တော့ဘူး.. ငါသိသလောက်တော့ ကောင်းဖန်က သတိကြီးတဲ့ သူတစ်ယောက်ပဲ”
“ဒါဆိုပြောစမ်းပါဘူး.. သူကဒီလောက်တောင် သတိကြီးတယ်ဆိုရင် ဘာလို့ ဒီလောက်တောင် လူလုံးထွက်ပြပြီး နေနေတာလဲ.. သူကပဲ ရူးနေတာလား နင်ကပဲ ရူးနေတာလား” တုံရှန်းက မေးလိုက်သည်။
တုံလင်းကတော့ တစ်ချက်သာရယ်လိုက်ပြီး ခေါင်းခါကာ အခန်းထဲကထွက်သွားသည်။ တုံရှန်းကတော့ အတွေးများစွာဖြင့်သာ ကျန်ခဲ့တော့သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၅၅ လက်ဆောင်
လေဆိပ်ကို ၂ ပိုင်းခွဲထားသည်။ တစ်ခုက သီးသန့်ဖြစ်ပြီး တစ်ခုကတော့ အများအတွက် ဖြစ်သည်။ ထိုအချင်းအရာသည် ကပ်ဆိုးကြီး မတိုင်ခင်ကတည်းက ရှိနေခြင်းဖြစ်သည်။ ကပ်ဆိုးကြီးပြီးနောက်တွင်တော့ ကိုယ်ပိုင်လေယာဉ်များတွင် စီးနင်းသူများက ပိုပြီးပင် နည်းပါးသွားကြသည်။ လူများသည် ပိုက်ဆံရှိရုံနှင့် ကိုယ်ပိုင်လေယာဉ်များ မစီးနိုင်ကြတော့သလို အာဏာဂုဏ်ဝါများလည်း မရနိုင်ကြတော့ပေ။
လေဆိပ်တွင်းသို့ ဝင်လိုက်ပြီးနောက် ထွက်ပေါက်ရှေ့တွင် များပြားလှသော ထရပ်ကားကြီးများက အပေါက်ဝတွင် ပိတ်ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ကောင်းဖန်သည် ထိုကားများကို ကြည့်ပြီး ဦးတည်ချက်ကို ပြောင်းကာ ဆက်လျှောက်လိုက်သည်။ သူသည် လူသတိထားမိအောင် အော်ဟစ်မနေတော့ပါချေ။
ကောင်းဖန်က ရှောင်သွားလိုက်သည်ကို တွေ့သောအခါ ကားတစ်စီးရှေ့မှ လူတစ်ယောက်သည် ခွဲထွက်လာပြီး လျှောက်လာလိုက်သည်။ ကျန်သောသူများက ထိုသူနောက်သို့ ကြောင်ကြည့်နေပြီးနောက် အပြေးအလွှားလိုက်သွားလိုက်ကြသည်။
“ဟားဟားဟား ငါ့တူ.. မတွေ့တာတောင် ကြာပြီ” ထိုသူက ခြေလှမ်းမြန်မြန်လှမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“မြို့တော်ဝန်ဟဲ့” ကောင်းဖန်ကလည်း ဖော်ရွေစွာပင် ပြန်ပြောလိုက်သည်။
“မြို့တော်ဝန်ဟဲ့က အခု လွတ်လပ်ခြင်း မဟာမိတ်ရဲ့ အစိုးရဖြစ်သွားပြီ” ဟဲ့ဝေ၏ အနောက်တွင် ရပ်နေသော အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားသူတစ်ခုက ချောင်းတစ်ချက်ဟန့်ကား ပြောလိုက်သည်။ ကောင်းဖန်က သူ့ကို ကျော်ကြည့်လိုက်သည်ကို မြင်သောအခါ နက်နဲသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။ သူသည် နှုတ်ဆက်သည့်သဘောဖြင့် ခေါင်းတစ်ချက်လည်း ဆတ်ပြလိုက်သည်။
“အစိုးရပဲ ဖြစ်ဖြစ် မြို့တော်ဝန်ပဲဖြစ်ဖြစ်.. ပြည်သူလူထုအတွက် တိုင်းပြည်တာဝန်ထမ်းဆောင် ရတာချည်းပါပဲ.. အဆင်ပြေတယ်ဆိုရင် ဦးလေးဟဲ့လို့လည်း ခေါ်လို့ရပါတယ်” ဟဲ့ဝေက ကြည်လင်တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။
သူကထိုသို့ ပြောနေပြီ ဖြစ်သောကြောင့် ကောင်းဖန်ကလည်း တင်းမာမှုများ ဖြေလျှော့ကာ ဦးလေးဟဲ့ဟု ခေါ်လိုက်သည်။
ဟားဟား.. မင်းကို မတွေ့တာတောင် ကြာပြီ ငါ့တူရာ.. ငါအခု ငါ့လူတွေအတွက် စံအိမ်မှာ စားသောက်ပွဲစီစဉ်ထားတယ်.. လေဆိပ်နဲ့လည်း သိပ်မဝေးဘူး.. လေယာဉ်ပေါ်မှာတော့ ဘာမှ စားစရာရှိမယ် မထင်ဘူး.. တစ်ခုခု သွားစားရအောင်.. မတွေ့တာလည်း ကြာပြီဆိုတော့”
ထိုနေရာသည် မို့တုဖြစ်ပြီး လွတ်လပ်ခြင်း မဟာမိတ်၏ နယ်မြေဖြစ်သောကြောင့် ကောင်းဖန်သည် မငြင်းတော့ပါချေ။
“ဒါဆိုလည်း သွားရအောင်” ကောင်းဖန်က ကျောင်းသား ၅ ယောက်ကို လက်ယပ်ခေါ်လိုက်သည်။
ထရပ်ကားသည် လေဆိပ်အပြင်ကို မောင်းထွက်လိုက်ပြီး မြို့ပြင်ဖက်မှ စံအိမ်ကို နာရီဝက်လောက်နှင့် ရောက်သွားသည်။ စံအိမ်သည် တောင်ကုန်းထိပ်တွင်ရှိပြီး တောင်ကုန်းအောက်ခြေတွင် ရေကန်လေးတစ်ခု ရှိသည်။ တောင်ခြေမှ တောင်ထိပ်အထိ ကျောက်ခင်းလမ်းလေးတစ်ခု ပြုလုပ်ထားသည်။
ကောင်းဖန်က ရေကန်ကို ဖြတ်လျှောက်လိုက်သောအခါ သူ့ကို အတွင်းက တစ်စုံတစ်ရာက ကြည့်နေသလို ခံစားလိုက်ရသည်။ သူကလှည့်ကြည့်လိုက်သောအခါ ရေကန်မျက်နှာပြင်တွင် ရှိနေသည့် မျက်လုံးတစ်စုံက လူများကို စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဒါက ကိုယ်ရံတော်တွေ ထားထားတဲ့ ကန်ထဲက ကိုယ်ပိုင်သားရဲလေ.. ဒီနေရာက မြို့ပြင်ဆိုတော့ တစ်ခါတလေ သားရဲတွေက ဝင်ဝင်လာတတ်တော့ ဒုက္ခရောက်တတ်လို့” ကောင်းဖန်က ကန်ထဲက သားရဲကို ကြည့်နေတာ မြင်သောကြောင့် ဟဲ့ဝေက ရှင်းပြလိုက်သည်။
ကောင်းဖန်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အကြည့်ကို ပြန်ခွာလိုက်သည်။
စံအိမ်ကို ရောက်သောအခါ စံအိမ်ကို အရှေ့ခြမ်းနှင့် အနောက်ခြမ်းဆိုပြီး ၂ ပိုင်းခွဲထားသည်ကို တွေ့လိုက်ရသည်။ ဟဲ့ဝေနှင့် အတူပါလာသူများက အရှေ့ဘက်ခြံတွင် စားကြပြီး အနောက်ဘက်ခြံတွင်တော့ ဟဲ့ဝေ၊ ကောင်းဖန်နှင့် ကျောင်းသား ၅ ယောက်တို့ကို စားပွဲထိုးများ စားဖိုမှူးများဖြင့် တည်ခင်းဧည့်ခံထားသည်။
“လာကြပါ.. အားမနာပဲ ကိုယ့်အိမ်လိုသာ သဘောထားကြပါ” ဟဲ့ဝေက ကောင်းဖန်၏ ကျောင်းသားများကို ပြောလိုက်သည်။ သူကတော့ ထိုသို့ ပြောလိုက်သော်လည်း ကျောင်းသားများကတော့ တီဗီတွင် မကြာခဏပါလေ့ရှိသည့် သူတစ်ယောက်၏ ရှေ့တွင် စိတ်အေးသက်သာစွာ မနေနိုင်ကြပါချေ။ လွန်ခဲ့သည့် ၃ နှစ်အတွင်း လွတ်လပ်ခြင်းမဟာမိတ်သည် အလွန်နာမည်ကြီးခဲ့သည် မဟုတ်ပါလား။
“အေးအေးဆေးဆေး နေကြပါ…” ဟဲ့ဝေက ဆက်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ကျောင်းသားများက ပြန်ဖြေလိုက်သည်။
စားသောက်ပြီးသောအခါ ကျောင်းသားများသည် ခေါင်းဆောင် ၂ ယောက်၏ စကားဝိုင်းတွင် မပါရဲကြပဲ ရှိနေကြသည်။ သူတို့သည် ကောင်းဖန်နှင့် ဟဲ့ဝေတို့ အေးအေးဆေးဆေး စကားပြောနိုင်ရန် တခြားဝိုင်းသို့ ရွှေ့ပေးလိုက်ကြသည်။
ကောင်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “သမ္မတကြီး.. တစ်ခုခု ရှိရင်ပြောပါ.. မကွယ်ဝှက်ထားပါနဲ့”
ဟဲ့ဝေက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မင်းရဲ့ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက ဒီလွတ်လပ်ခြင်းမဟာမိတ်ကြားမှာ စီးပွားရေးကိစ္စတွေ ပါဝင်ထားတယ်ကြားတယ်.. ဒါနဲ့ မိကျောင်းရွှံတော ဝိဉာဉ်ကို မှတ်မိတယ်မလား”
ကောင်းဖန်သည် ဟဲ့ဝေပြောမှပင် ထိုအရာကို သတိရတော့သည်။ သူသည် သတိမေ့တတ်သူတစ်ယောက်တော့ မဟုတ်ပါပေ။ လွတ်လပ်ခြင်း မဟာမိတ်တည်ထောင်ပြီးကတည်းက တောင်ပိုင်းကောင်းကင်၏ စီးပွားရေးသည် ထိုနေရာတွင် ကွယ်ပျောက်ခဲ့တာ ကြာပြီ ဖြစ်သည်။
ထိုအခြေအနေများကြောင့် ကောင်းဖန်သည် မိကျောင်းဝိဉာဉ်ကို သိပ်ပြီး ခေါင်းထဲမထည့်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ခြင်းမဟာမိတ် ဖွဲ့စည်းပြီးနောက် လူအများသည် အာဏာအရှိန်အဝါကြီးနိုင်သည့်နောက်ကိုသာ အားသာတတ်ကြသည် မဟုတ်ပါလား။
ထိုသူများသည် ဟဲ့ဝေ၏ နောက်လိုက်များအဖြစ် ရပ်တည်ခဲ့ကြသော ပထမဆုံးအသုတ်ဖြစ်သည်။ သူတို့သည် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အကူအညီများစွာ ပေးခဲ့သော်လည်း ကောင်းဖန်နှင့် မဆိုင်ခဲ့ပေ။ သူတို့သည် အသုံးဝင်သူများဖြစ်သောကြောင့်သာ ဟဲ့ဝေသည် သူ့ဖက်ပါအောင် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။
လွတ်လပ်ခြင်းမဟာမိတ်၏ နယ်နိမိတ်သည် သိပ်တော့ မကြီးလှချေ။ ဟွာရှားဒေသ တစ်ခုလုံးနှင့် ယှဉ်လျှင် ကျန်းနန်ခရိုင်တစ်ခုစာလောက်တော့ရှိသောကြောင့် အရမ်းသေးငယ်လှသည်လည်း မဟုတ်ချေ။ အပြင်ဖက်ကမ္ဘာနှင့် ယှဉ်လျှင်တော့ ကျန်းနန်သည် အခြားသော နိုင်ငံအလတ်စားများထက် ကြီးသောကြောင့် ဖြစ်သည်။
မိကျောင်းဝိဉာဉ်ရွှံ့တော့သည် ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သော နေရာဖြစ်သည်။ အမဲလိုက်ခြင်း၊ သားကောင်ဖမ်းခြင်း၊ သားဖောက်ခြင်းတို့အတွက် ပြုလုပ်ထားသောနေရာဖြစ်သည်။ အထဲတွင် သားရဲများစွာ ရှိကာ အများစုမှာ ကုန်းနေရေနေ သတ္တဝါများဖြစ်ကြပြီး များပြားလှသော ပျံသန်းနိုင်သည့် သားရဲများလည်း ရှိကြသည်။
ထို့ကြောင့် ထိုနေရာကို မျက်စိမကျသူရယ်လို့ မရှိနိုင်ကြောင်း ကောင်းဖန်က သိထားသည်။
“တစ်စုံတစ်ယောက် ရွှံ့တောကို သူ့ကိုလွှဲပေးဖို့ ကျုပ်ကိုတောင်းဆိုခဲ့တယ်” ဟဲ့ဝေက ငါးအသားစိမ်းတစ်ဖက်ကိုယူကာ ဝါဆာဘိနှင့် ပဲငံပြာရည်ထဲနှစ်ပြီး ပါးစပ်ထဲသွင်းတော့မည့်ဟန်ပြင်လိုက်သည်။ “ဒါပေမယ့် သူ့ကို ကျုပ်ငြင်းလိုက်ပါတယ်” ဟဲ့ဝေက မျက်လုံးများကို မှေးကျဉ်းထားသည်။ သူ့ပုံစံသည် ပါးစပ်ကြီးဟကာ ရယ်မောနေသည့် ကျားကြီးတစ်ကောင်နှင့် တူနေသည်။
သူသည် တူများကို စားပွဲပေါ်တွင်တင်လိုက်ပြီး ကောင်းဖန်ကို တည်တံ့စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ဒါက ငါ့တူရဲ့ လုပ်ငန်းဆိုတာ သိထားလို့လေ.. မင်းက ငါ့ကို ဦးလေးလို့ ခေါ်မှတော့ ဦးလေးတစ်ယောက်အနေနဲ့ တူလေးရဲ့ ပိုင်ဆိုင်မှုကို ထိလို့ မဖြစ်ဘူးမလား”
“ကျေးဇူးပါ ဦးလေးဟဲ့.. ခွက်ချင်းတိုက်ကြရအောင်” ကောင်းဖန်က ခွက်ကိုမြှောက်ရင်း ပြောလိုက်သည်။ သူသည် စိတ်တွင်းကတော့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ဒုက္ခတော့များပြီ.. သူသည် ဓားများသေနတ်များကို မကြောက်သော်လည်း ထိုကဲ့သို့ သတိထားကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများကိုတော့ အလွန်ပင်ကြောက်သည်။
“ဒါနဲ့ မင်းကို မို့တုမှာ သတ်ဖို့ ကြံစည်နေတဲ့သူတွေရှိတယ်ဆိုတဲ့ သတင်းကြားမိထားတယ်.. အဲဒါကလည်း တစ်ဖွဲ့တည်းတောင် မဟုတ်ဘူး” ဟဲ့ဝေက ပြောလိုက်သည်။
ကောင်းဖန်က အေးအေးလူလူပင် ခေါင်းညိတ်ပြလိုက်သည်။ ကောင်းဖန်သည် ထိုမျှလောက်နှင့်တော့ ကြောက်နေမည့်သူ မဟုတ်ပါချေ။
ဟဲ့ဝေကတော့ ကောင်းဖန်၏ အမူအရာကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သိုံသော် ကောင်းဖန်သည် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်သူ ဖြစ်သည်။
“ဒါပေမယ့် စိတ်မပူပါနဲ့.. မို့တုဆိုတာ လွတ်လပ်ခြင်းမဟာမိတ်နယ်မြေပိုင်နက်ထဲမှာ ရှိနေတာပါ.. မင်းရဲ့ ဦးလေးတစ်ယောက်အနေနဲ့ ငါ့ရဲ့ ပိုင်နက်ထဲမှာ ဘာမှမဖြစ်စေဘူး စိတ်ချ”
ကောင်းဖန်သည် ဟဲ့ဝေစကား၏ ဆိုလိုရင်းများကို စကားများကြားထဲတွင် သတိထားမိလိုက်သည်။ ထိုစကားကို ကျောင်းသားများကိုတော့ ပြန်ပြောလို့ မဖြစ်ပေ။ ကောင်းဖန်ကတော့ လူသတ်သမား အစစ်အမှန်များပါလာရင်တောင် နည်းနည်းလေးမှ ကြောက်စိတ်မဖြစ်မိပေ။
သို့သော် ကောင်းဖန်သည် ကျောင်းသား ၅ ယောက်လုံးကိုတော့ သူတစ်ယောက်တည်း ကာကွယ်ပေးလို့မရတာကိုတော့ သိသည်။ ပြောရလျှင် လူတစ်ယောက်ကို သတ်ရတာက ကာကွယ်ရတာထက် ပိုလွယ်နေသည် မဟုတ်ပါလား။
ခဏတိတ်ဆိတ်သွားပြီးနောက် ကောင်းဖန်က ဟဲ့ဝေကို ပြောလိုက်သည်။ “ဦးလေးဟဲ့.. တစ်ခုလောက် တောင်းဆိုလို့ရမလား”
“အိုး ဘာများလဲ”
“ဦးလေးဟဲ့အနေနဲ့ ကျွန်တော့်ရဲ့ ကျောင်းသား ၅ ယောက်ကိုတော့ ကာကွယ်ပေးလို့ ရမလားလို့ပါ.. ကျွန်တော့်ရဲ့ လုံခြုံရေးအတွက်ကတော့ စိတ်မပူပါနဲ့.. အခုလို အကူအညီတောင်းရတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ မိကျောင်းဝိဉာဉ်ရွှံ့တောကို ကျွန်တော်လှူပေးပါမယ်.. ဦးလေးအနေနဲ့ ရွှံ့တောကို ကျွန်တော့်အတွက် ထိန်းသိမ်းပေးရတာ အတော်လေး ဒုက္ခများခဲ့မယ်ဆိုတာသိပါတယ်.. ဒါကြောင့် အဆင်ပြေသွားအောင် လုပ်ပေးချင်လို့ပါ” ကောင်းဖန်က အရယ်တစ်ဝက်ဖြင့် ပြောလိုက်သည်။
ဟဲ့ဝေက ကောင်းဖန်ကို စိုက်ကြည့်လိုက်ပြီး ခေါင်းကို ခါရမ်းကာ ရယ်မောလိုက်သည်။
“ဘာကို ဒုက္ခများရမှာလဲ.. ကျန်းနန်ဆိုတာ သိပ်ပြီး သေးတာမျိုးလည်း မဟုတ်ပါဘူး.. သားရဲသားဖောက်ချင်တဲ့သူတွေ သူတို့ဘာသာ ကြည့်လုပ်ပါစေပေါ့”
ထို့နောက် ဟဲ့ဝေက လက်ကို ယမ်းပြပြီး ပြောလိုက်သည်။ “ဟုတ်ပြီ.. ဒီလိုပဲ လုပ်လိုက်ကြတာပေါ့.. မင်းရဲ့ ကျောင်းသားတွေ လွတ်လပ်ခြင်း မဟာမိတ်မှာ ရှိနေသရွေ့ ဘာမှ မဖြစ်စေရဘူး.. မဟုတ်ရင် ကျုပ်မျက်နှာကို အိုးမည်းသုတ်သလို ဖြစ်တော့မှာပေါ့..
ပြီးတော့ မင်းရဲ့ ရွှံ့တောကိုလည်း ကျုပ် စိတ်မဝင်စားပါဘူးကွာ.. အစကတည်းက မင်းအပိုင်ပါပဲ”
***
သားရဲလေ့ကျင့်သူ
အခန်း ၅၅၆ မော့တူ အားကစားရုံ
ကောင်းဖန်က ရယ်မောလိုက်သည်။ အကယ်၍ သူက ငြင်းဆန်ဖို့ မရမကတောင်းဆိုရင် ဥက္ကဌက သူ့ကို စိတ်ဆိုးတော့မည့်ပုံရသည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ" ကောင်းဖန်က သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။
စားသောက်ပြီးတာနဲ့ ဟဲ့ဝေက အစေခံတစ်ယောက်ကို ခေါ်လိုက်သည်။ “မိကျောင်းဝိဉာဉ် ရွှံ့တောကို ငါ့တူရဲ့ နာမည်အောက်မှာ ထားဖို့ စီစဉ်လိုက်ပါ”
အစေခံက ခေတ္တရပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ...ဆရာ"
…
၎င်းတို့၏ ဆင်တူမှုများကြောင့် မိကျောင်းဝိဉာဉ်စိမ့်မြေ ကို နတ်ဆိုးဝိဉာဉ်စိမ့်မြေ နှင့် မကြာခဏ မှားယွင်းကြသည်။ ထို့ကြောင့် စိမ့်မြေ အပြင်ဘက်တွင် ကျောက်တုံးကြီးတစ်ခု စိုက်ထူထားသည်။ 'မိကျောင်းဝိဉာဉ် စိမ့်မြေ' ဟူသော စကားလုံးကို ယင်းပေါ်တွင် ရေးသားထားသည်။
ဒေသခံမဟုတ်သူတွေကတော့ ဒီလိုအမှားမျိုး လုပ်မိနိုင်ပေမည်။ ဒေသခံတွေကတော့ မိကျောင်းဝိဉာဉ် စိမ့်မြေ ဆိုတဲ့ နာမည်ကို တစ်ခါမှ မပြောဖြစ်သလောက်ဖြစ်သည်။
ငွေကိုင်တစ်ဦးက ဝင်ပေါက်တွင် ရပ်နေပြီး မိကျောင်းဝိဉာဉ် စိမ့်မြေ အတွင်းသို့ ဝင်ရောက်လိုသူများက မဝင်မီ ငွေပေးချေရမည် ဖြစ်သည်။ ရွှံ့နွံတွင်းမှ ရရှိလာသောအမြတ်ငွေများကို သားရဲလေ့ကျင့်သူများက ရရှိကြသည်။
သို့သော်လည်း စိမ့်မြေ၌ ကန့်သတ်ချက်တစ်ခု ပြဋ္ဌာန်းထားသည်။ တစ်နေ့လျှင် သားရဲလေ့ကျင့်သူအယောက် ၃၀၀၀ သာ စိမ့်မြေထဲသို့ ဝင်ခွင့်ရပြီး စိမ့်မြေအတွင်း၌သာ သားရဲများကို ဖမ်းခွင့်ပြုထားခြင်းဖြစ်သည်။ ထို့အပြင် သားရဲလေ့ကျင့်သူသည် သူကိုယ်တိုင် ဖမ်းမိသော သားရဲများကိုသာ ယူဆောင်ခွင့်ပြုသည်။ ထို့အပြင် သေသည်ဖြစ်စေ အသက်ရှင်သည်ဖြစ်စေ လူတစ်ဦးစီက သားရဲတစ်ကောင်ကိုသာ ခေါ်ခွင့်ရှိသည်။ သားရဲများ ပိုမို ခေါ်ဆောင်လာပါက အပိုပေးချေမှုများ ပြုလုပ်ရမည် ဖြစ်သည်။
သားရဲများကို ဖမ်းယူခြင်းမှလွဲ၍ သားရဲများကို မကောင်းသောရည်ရွယ်ချက်ဖြင့် သတ်ဖြတ်ခြင်းကို စိမ့်မြေ၌ တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ ယင်းသို့ ပြုလုပ်ခြင်းကို ဖမ်းမိပြီး အရေးယူခြင်းခံရပါက ကြီးလေးသော ပြစ်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး ကျူးလွန်သူကို နာမည်ပျက်စာရင်းသွင်းမည်ဖြစ်သည်။
မိကျောင်းဝိဉာဉ်စိမ့်မြေကို နေ့စဉ် ညနေ ၃ နာရီခွဲတွင် ပိတ်သည်။ ထိုအချိန်ဆိုလျှင် ဝင်ပေါက်အနီးတွင် အဝါရောင် “မဝင်ရ” တိပ်ခွေဖြင့် ကာထားလိုက်သည်။
ကျူးကျော်သူများကို တားမြစ်ရန်အတွက် စိမ့်မြေ အပြင်ဘက်တွင် သားရဲများနှင့် အစောင့်အများအပြားက လှည့်ပတ်နေကြသည်။
အနက်ရောင်ယာဉ်တစ်စီးသည် စိမ့်မြေဝင်ပေါက်တွင် ရပ်လိုက်သည်။
အနောက်ဖက်တံခါးပွင့်လာသောအခါ မှိုင်းညို့သော အမူအရာဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာသည်။
ယူနီဖောင်းဝတ်ထားတဲ့ အစောင့်တစ်ယောက်က သူ့ဆီ လှမ်းလာပြီး “ပြန်လာတာကို ကြိုဆိုပါတယ် ဒါရိုက်တာ .... သားက အခန်းထဲမှာရှိနေပါတယ်" ဟု ပြောလိုက်သည်။
“လောလောဆယ် ဒီအကြောင်းကို တခြားသူတွေကို မပြောနဲ့ဦး..”
ဟုလူလတ်ပိုင်းအရွယ်အမျိုးသားက လေးနက်စွာပြောလိုက်သည်။
အတွင်းရေးမှူးနှင့်အတူ အခြားသူများက အပြင်တွင် စောင့်နေပြီး သူက အခန်းထဲကို ဝင်သွားသည်။ အသက် ၂၀ အရွယ် အမျိုးသား တစ်ဦးက သက်လတ်ပိုင်း အမျိုးသား၏ ခြေထောက်ကို ဖက်ကာ ငိုကြွေးလိုက်သည်။ "အဖေ... သူတို့အားလုံးကို ဖမ်းထားလိုက်ပါ..သူတို့ ကျွန်တော့ကို ဖမ်းဖို့ ဘယ်လိုတောင် သတ္တိရှိနေကြတာလဲ…”
သူ့ပါးကို ခပ်ပြင်းပြင်းရိုက်ခံလိုက်ရသည်။ လူငယ်လေးက စိတ်ရှုပ်သွားသည်။ သူသည်ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့မျက်နှာကို ဆုပ်ကိုင်ရင်း သူ့အဖေကို စိုက်ကြည့်လိုက်သည်။
"လူမိုက်!" လူလတ်ပိုင်းအရွယ်လူက ဒေါသတကြီး ဖြစ်နေသည်။ ငါ့သား ပျက်စီးနေတာက ငါ့အပြစ်ပါပဲ... ဒါပေမယ့် ဒီလောက်မိုက်မဲတဲ့ အရာကို လုပ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး.. "ငါ့ကိုပြောစမ်း...ဒါလုပ်ဖို့ မင်းကို ဘယ်သူကခိုင်းလို့လဲ"
ကျိုးရှောင်က သူ့မျက်နှာကို ဆုပ်ကိုင်လိုက်ပြီး “ဘယ်သူမှ မဟုတ်ဘူး... ဒါပေမယ့် ဒီကောင်ကို ကျွန်တော် သည်းမခံနိုင်ဘူး" ဟု ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်မောလိုက်သည်။ "မင်းက သူ့ကို သည်းမခံနိုင်ဘူး ဟုတ်လား... မင်းမှာ တခြားသူတွေရဲ့ အောင်မြင်မှု တစ်ဝက်လောက်ရှိနေရင်တောင် ငါလက်ခံဦးမယ်.... တခြားသူတွေကို အထင်သေးဖို့ ယုံကြည်မှုက မင်း ဘယ်ကရလာတာလဲ.... ပြောစမ်းပါဦး ကျောင်းသားကျိုး...သခင်လေး ကျိုးရဲ့.....
“ငါ့ကိုပြောစမ်း... ငါ မင်းကို ပေးခဲ့တဲ့ မုန့်ဖိုးကတော့ အဲဒီလူတွေကို ငှားဖို့အတွက် မလုံလောက်ဘူး.....ဒါ့အပြင် တစ်ဖက်ကနေ တစ်စုံတစ်ယောက်မှ မင်းကို မြှောက်မပေဘဲနဲ့ ဒီလိုမျိုးလုပ်ဖို့ မင်းမှာ သတ္တိရှိမှာ မဟုတ်ဘူးဆိုတာ ငါ ကောင်းကောင်းသိတယ်.... အဲဒီလူက ဘယ်သူလဲ"
ကျိုးရှောင်ကအသက်ပြင်းပြင်း ရှိုက်လိုက်သည်။ "ဒါက ကျွန်တော့ကိုယ်ပိုင်အကြံပါပဲ.."
လူလတ်ပိုင်းအရွယ်က ခေါင်းညိတ်လိုက်ပြီး သူ့သားကို ထိုးထားတဲ့ သူ့လက်ချောင်းတွေက တုန်ယင်နေသည်။ “ကောင်းပြီလေ....မင်း ခေါင်းမာနေတုန်းပဲပေါ့...”
“မင်းငါ့ကို အမှန်အတိုင်းပြောရင်တော့ ငါ ဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာနိုင်မယ်.. မင်းအမှန်အတိုင်းမပြောရင်တော့ ထောင်ထဲ ရောက်သွားလိမ့်မယ်"
ထောင်လို့ပြောလိုက်တဲ့အခါ ကျိုးရှောင် ထိတ်လန့်သွားသည်။ "ထောင်ထဲသွားရမှာလား"
"မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသား မဟုတ်ရင်တော့ မင်းကို သတ်ဖို့ ငါပျော်မိမှာ" လူလတ်ပိုင်းအရွယ် အမျိုးသားက အော်ဟစ်လိုက်သည်။ "မင်းက ကောင်းဖန်ကို လက်စားချေဖို့လုပ်တာလို့ မင်းထင်ပေမဲ့ မင်းရဲ့လုပ်ရပ်က ဒါရိုက်တာရဲ့မျက်နှာကို ရိုက်လိုက်တာပဲ မင်းသိလား ....
"ဒါရိုက်တာက စိမ့်မြေကို တခြားသူရဲ့နာမည်အောက်မှာထားတယ်လို့ ပြောလိုက်တာနဲ့ မင်းက မိကျောင်းဝိဥာဉ်စိမ့်မြေထဲက သားရဲတိုင်းနီးပါးကို သတ်ဖို့ လူတွေကို လွှတ်လိုက်တယ်... တခြားလူကို ပေးထားတဲ့ သူ့လက်ဆောင်ကို မင်း ဖျက်ဆီးနေတာ မဟုတ်ဘူးလား"
ကျိုးရှောင်၏ မျက်နှာ နီရဲသွားသည်။ “ဒါဆို ကျွန်တော်ဘာလုပ်ရမှာလဲ အဖေ..ကျွန်တော် ဒီလိုလုပ်ဖို့ အစကတော့ မရည်ရွယ်ခဲ့ပါဘူး....အဲဒါ စစ်ထူကွမ်းပါ... သူကကျွန်တော့ကို အဲဒီလိုလုပ်ဖို့ လှုံဆော်တာပါ... လူတွေကိုတောင် သူလွှတ်ပေးလိုက်တာပါ... အဖေ.. သူ့ကို သွားခေါ်ပြီး ထောင်ထဲပို့လိုက်ပါ... ဒါ ကျွန်တော်နဲ့မဆိုင်ပါဘူး.....”
ကျိုးရှောင်သည် မာနကြီးသော်လည်း မမိုက်မဲပေ။ မိုက်မဲတဲ့အမှားတစ်ခုကို သူလုပ်မိကြောင်း သိလိုက်ရတော့ ခင်မင်ရင်းနှီးမှုနဲ့ သစ္စာစောင့်သိမှုကို ဂရုမစိုက်တော့နိုင်တော့ပေ။ သူ့အဖေကို အသေးစိတ်အကုန်လုံးပြောပြလိုက်သည်။
"မင်း မှတ်တမ်းတင်ထားလား" ကျိုးထျန်းရှုန်က မသေချာမရေရာ မေးလိုက်သည်။
ကျိုးရှောင်က အံသြသွားသည်။ မှတ်တမ်းတင်တာ.. မှတ်တမ်းတင်ဖို့ ဘယ်လိုဖြစ်နိုင်မလဲ..
"သေလိုက်တော့" ဉာဏ်နည်းတဲ့ သူ့သားကိုကြည့်ရင်း ကျိုးထျန်းရှုန် ဒေါသထွက်သွားသည်။
ငါ့မှာဘာလို့ဒီလိုသားရှိရတာလဲ... ငါပြန်သွားရင်တော့ ငါ့မိန်းမကို နောက်ထပ် ကလေးယူခိုင်းရမယ်...
“တစ်ယောက်ယောက်က မင်းကိုဒီအကြောင်းမေးရင် မင်းနဲ့လုံးဝမသက်ဆိုင်ဘူးလို့ပဲပြောလိုက်.... သူတို့ မင်းကို မေးရင် ဘာမှ မပြောနဲ့.. မင်းအလှည့်စားခံခဲ့ရပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို မင်းကိုင်တွယ်မဖြေရှင်းနိုင်ရင်တော့ မင်းက အရူးပဲ" သူ့ရဲ့ မိုက်မဲတဲ့သားရဲ့ အူတူတူ အမူအရာကို ကြည့်ရင်း ကျိုးထျန်းရှုန်က သူ့ကို ရိုက်ချင်လာသည်။ သူသည် ညာလက်ကို မြှောက်လိုက်သော်လည်း နောက်ပြန်ဆုတ်လိုက်သည်။ "အိမ်ပြန်တော့.. ပြီးတော့ မင်းတစ်လလောက် အပြင်မထွက်နဲ့တော့.."
"စစ်ထူကွမ်း..” သူသည် ဆေးပြင်းလိပ်သောက်ရင်း သူဌေးထိုင်ခုံတွင် အနားယူနေသည်။ ကျိုးထျန်းရှုန်က သူ့နာမည်ခေါ်သံကို ကြားလိုက်သောအခါတွင် မျက်လုံးဖွင့်ပြီး မီးခိုးငွေ့တွေကို ရှူထုတ်လိုက်သည်။
“စစ်ထူကြီးက မငြိမ်မသက်ဖြစ်နေတုန်းပဲလား” ဟဲ့ဝေက ပြုံးပြီး ခေါင်းခါလိုက်သည်။
"ကျိုးရှောင်ကြီးပြင်းလာတာကို ငါမြင်ခဲ့တာပဲ သူဒီလိုအရာတွေကို လုပ်ရဲမှာမဟုတ်ဘူးဆိုတာ ငါသိတယ်... မင်းပြန်သွားသင့်တယ်.... မင်းကလေးကို တကယ်သင်ခန်းစာပေးချင်ရင် သူ့ကို တစ်ချိန်လုံး ရိုက်နှက်နေလို့မရဘူး မင်း သူနဲ့အတူ အကြောင်းပြချက်ကို ရှာဖို့ လိုအပ်တယ်.... ကောင်းပြီ...အခုမင်းပြန်သွားလို့ရပြီ.... ငါ ရှောင်ဖန်နဲ့ ကိစ္စတွေကို ဖြေရှင်းလိုက်မယ်"
"ဟုတ်ကဲ့ပါ ဒါရိုက်တာ" ကျိုးထျန်းရှုန်က ဦးညွှတ်ပြီး အခန်းထဲက ထွက်သွားလိုက်သည်။
ကျိုးထျန်းရှုန် ထွက်သွားပြီးနောက် ဟဲ့ဝေ က သူ့စားပွဲကို ခေါက်လိုက်သည်။ အင်္ကျီအဖြူ၊ ခြေအိတ်အနက်နှင့် ဒေါက်ဖိနပ်စီးထားတဲ့ အတွင်းရေးမှူးတစ်ယောက်က အခန်းထဲသို့ ဝင်လာသည်။ “သားရဲတချို့ကိုဝယ်ပြီး မိချောင်းဝိဉာဉ်စိမ့်မြေမှာ ထားလိုက်ပါ... အဲဒီက ဂေဟစနစ်ကို ပြန်ကောင်းအောင် ကြိုးစားလိုက်” ဟု ဟဲဝေ့က တိုးတိုးလေးပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဒါရိုက်တာ"
နောက်တစ်နေ့ နေထွက်ချိန်တွင် ကောင်းဖန်သည် ၎င်း၏ ကျောင်းသားငါးဦးကို ခေါ်ဆောင်ကာ အထက်တန်းကျောင်း ပြိုင်ပွဲ ကျင်းပရာ နေရာဖြစ်သော မော့တူ အားကစားကွင်းသို့ ဘတ်စ်ကားဖြင့် ဦးတည်သွားလိုက်သည်။
ကမ္ဘာပျက်ကပ် ပြီးနောက်မှာ မော့တူ အားကစားကွင်းကို ၎င်း၏ မူလအရွယ်အစားထက် သုံးဆနီးပါး ပိုကြီးအောင် တိုးချဲ့လိုက်သည်။ ကွင်း၏ အရွယ်အစား ပြောင်းလဲသွားရုံသာမက အတွင်းပိုင်း ဖွဲ့စည်းပုံကိုလည်း ပိုမိုလုံခြုံစေရန် ပြန်လည်တည်ဆောက်ခဲ့ကြသည်။
အားကစားကွင်းသည် သားရဲလေ့ကျင့်သူ ပြိုင်ပွဲများနှင့် ဖလှယ်မှုများစွာအတွက် ကျင်းပရာနေရာဖြစ်လာသည်။ ဘုရင်အဆင့် သားရဲလေ့ကျင့်သူ နှစ်ဦးကတောင် လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင် အားကစားကွင်း၏ လေထဲတွင် အချင်းချင်း ပြိုင်ဆိုင်ခဲ့ကြသည်။
ယမန်နှစ်က ဟွားရှား အထက်တန်းကျောင်းပြိုင်ပွဲကိုလည်း ဤအားကစားကွင်း၌ ကျင်းပခဲ့သည်။ ထိုအဖြစ်အပျက်များသည် မော့တူ အားကစားကွင်း၏ ဂုဏ်သိက္ခာကို မြင့်တက်လာစေသည်။
မရေမတွက်နိုင်သော ဈေးရောင်းသူများနှင့် ကြည့်ရှုသူများ များပြားနေသောကြောင့် အားကစားကွင်းသည် နံနက် ရှစ်နာရီတွင် စည်ကားနေပြီဖြစ်သည်။
ပျံသန်းနိုင်သော သားရဲများသည် ကောင်းကင်ကို ဖြတ်သွားသည်ကို မြင်တွေ့ရပြီး ၎င်းတို့၏ အတောင်ပံခတ်သံများနှင့် လူအုပ်ကြီး၏ ဆူညံသံများ ရောထွေးနေသည်။
ခေတ်မီသောမြို့တစ်မြို့၌ ရက်စက်ကြမ်းကြုတ်သောသားရဲများ ရှိနေခြင်းက ရိုင်းစိုင်းပြီးခေတ်မီသည့် ခံစားချက်ကို ယူဆောင်လာပေးသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို အားကစားကွင်းအပြင်ဘက် အလွန်ကြီးမားသော ဖန်သားပြင်ပေါ်တွင် ပြသနေသည်။ အားကစားကွင်းတွင် ထိုင်ခုံအလွတ်မရှိပေ။
ပွဲကြည့်ပရိသတ်များ စောစောက နေရာယူထားပြီးဖြစ်သောကြောင့် ထိုင်ခုံအားလုံး ပြည့်နေသည်။
"CTV ကြည့်ရှုသူအားလုံး မင်္ဂလာပါ.... ဒါက ဟွားရှားအထက်တန်းကျောင်းပြိုင်ပွဲရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပါတယ်....ကျွန်တော်ကတော့ လောလောဆယ်မှာ မော့တူအားကစားကွင်းထဲမှာဖြစ်ပြီး ထိုင်ခုံအားလုံး ပြည့်နေပါပြီ....ဟွားရှာ ဒေသရှိ မတူညီသော အခြေစိုက် စခန်းမြို့များမှ အဖွဲ့များအားလုံး ကွင်းထဲသို့ ချီတက်ရန် ကျွန်တော်တို့အားလုံး စောင့်မျှော်နေကြပါတယ်.... အချိန် ငါးမိနစ်ပဲကျန်ပါတော့တယ်!"
"ဟွိကျိုးအခြေစိုက်မြို့မှ ကြည့်ရှုသူအားလုံး မင်္ဂလာပါ.... ကျွန်တော်တို့က လောလောဆယ်မှာ…”
ကင်မရာများရှေ့တွင် မိုက်ခရိုဖုန်းကိုကိုင်ထားရင်း သတင်းထောက်များစွာက ထုတ်လွှင့်နေကြသည်။
လူသားများနှင့် သားရဲများ ပြည့်နှက်နေတဲ့ ခေတ်မှာ သားရဲများနဲ့ ပတ်သက်သည့် သတင်း အားလုံးသည် လူအများ၏ အာရုံကို ဖမ်းစားနိုင်နေသည်။