← Chapters

လက်ချောင်းအရိုး အကြောင်း ထပ်ကြားရခြင်း

Vol. 20 Ch. 280

လက်ချောင်းအရိုး အကြောင်း ထပ်ကြားရခြင်း

Vol. 20 Ch. 280

" မင်းရဲ့ မသေမျိုး လျှို့ဝှက်ချက် ဟုတ်လား "

မျှော်လင့်မထားသည့် စကားကြောင့် လောထျန်း အံ့အားသင့်သွားသည်။

" ဟုတ်တယ် ၊ ငါက တကယ်လဲ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် မဟုတ်ပါဘူး။ ငါ့ကိုယ်ထဲကို မသေမျိုးအစွမ်းတွေ စုပ်ယူပြီးမှ မသေမျိုးတစ်ယောက် ဖြစ်လာတာပါ "

မိုးကြိုးဘုရင်မှာ သူ့အသက်ချမ်းသာရာ ရလိုရငြား လျှို့ဝှက်ချက်များကို ထုတ်ပြောလိုက်ရသည်။

" ကမ္ဘာပေါ်က မသေမျိုး .. ? "

လောထျန်းသည် အစောက အစိမ်းရောင်ဝတ် ဘိုးဘေး ရှင်းပြခဲ့သည့် စကားများကို မကြားခဲ့ရသဖြင့် နာမလည်နိုင် ဖြစ်နေ၏။

ထိုစဥ် ရှန့်လင်ကျိုးက လောထျန်းအနားသို့ ချက်ချင်း ရောက်လာကာ ရှင်းပြသည်။

သူ့စကားဆုံးသည့် အချိန်မှသာ  လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

" အဲ့လိုကိုး .. "

၎င်းကို မြင်သည့် မိုးကြိုးဘုရင်က ချက်ချင်း ဝင်ပြော၏။

" ငါ့ကို လွှတ်ပေးရင် ဒီ မသေမျိုးအစွမ်း ရှိတဲ့နေရာကို ပြောပြပါ့မယ် "

သူ့စကားကြောင့် မြို့စားကြီး သုံးယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

သူတို့ ကောင်းကင်ဘုံအဆင့်တွင်သာ ပိတ်မိနေသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ ဖြစ်ပါသည်။

ထို့အပြင် သူတို့၏ အတွေ့အကြုံအရ ပြောရလျှင်လည်း သူတို့ တစ်သက်လုံး ကြိုးစားလျှင်ပင် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာနိုင်မည့် အခွင့်အရေး မရှိပါချေ။

သို့ဖြစ်ရာ .. ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီး ပိုမြင့်သည့်အဆင့်သို့ မတက်လိုပါက  ဤကမ္ဘာပေါ်မှ မသေမျိုးအစွမ်းကို စုပ်ယူခြင်းကသာ အကောင်းဆုံး ဖြစ်ပါ၏။

မည်သို့ပင်ဆိုစေ .. ထိုနေရာအား သိခွင့် ရှိ ၊ မရှိမှာ လောထျန်း၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေပါသည်။

လောထျန်းက မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ပြောလိုက်သည်။

" ဘယ်နေရာလဲဆိုတာ ငါ့ကို အရင်ပြော "

မိုကြိုးဘုရင်က အသံတုန်တုန်ဖြင့် ပြန်မေး၏။

" ငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးနိုင်လား "

လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။

" အဲ့ဒါက ငါ့ရဲ့ စိတ်အခြေအနေ ပေါ်မှာပဲ မူတည်တယ် "

မိုးကြိုးဘုရင်သည် ထိုစကားကို ကြားသည်နှင့် လောထျန်းဆီမှ ကတိစကား မရမချင်း စကားမဆက်လိုဟန်ဖြင့် ခပ်ဆိတ်ဆိတ် နေ၏။

သို့သော် .. ထိုစဥ်မှာပင် လောထျန်းက ပြောလာသည်။

" မင်းက မပြောချင်ဘူးပေါ့ ။ ရတယ်လေ ၊ အဲ့လိုဆိုရင်လဲ  မင်းရဲ့ စိတ်ဝိဥာဥ်ထဲကို ရှာလိုက်ရုံပဲ ။  ရလဒ်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် တူနေမှာ "

လောထျန်းက ထိုသို့ ပြောကာ လှုပ်ရှားမည့်ဟန် ပြင်လိုက်သည်။

မိုးကြိုးဘုရင်သည် မသေမျိုးတစ်ယောက်ဖြစ်ပြီး စိတ်ဝိဥာဥ်သခင်ကြီးတစ်ယောက်လည်း ဖြစ်ရာ သူ့ဆီမှ စိတ်ဝိဥာဥ်ပုလဲလုံးကို ထုတ်ယူရခြင်းက ယခင် သူ ကြုံခဲ့ရသည်ထက် ပိုခက်ခဲမည်မှာ သေချာပါ၏။

သို့သော် ၎င်းက တဖက်လူ၏ ခြိမ်းခြောက်မှုကို ခံရခြင်းထက် ပိုကာင်းသည် မဟုတ်ပါလား။

လောထျန်းက အမှန်တကယ် ပြောသည့်အတိုင်း လုပ်မည့်ဟန် ပေါက်နေသဖြင့် မိုးကြိုးဘုရင် အလွန် ထိတ်လန့်တုန်လှုပ်သွားရသည်။

" ခဏနေပါဦး .. ငါ ပြောပါ့မယ် "

လောထျန်းက သူ့အား သတ်ပစ်နိုင်သည်မှန်း သိနေသည့်တိုင် လောလောဆယ် မသေရဖို့ကသာ အရေးကြီးဆုံး ဖြစ်နေပေရာ မိုးကြိုးဘုရင်မှာ မည်သို့မှ မတတ်နိုင်ဘဲ ပြောလိုက်ရတော့၏။

" ငါ့ရဲ့ မသေမျိုးအစွမ်းကို လက်ချောင်းအရိုးတစ်ခုဆီကနေ ရခဲ့တာပါ "

မိုးကြိုးဘုရင်က ဆိုလိုက်သည်။

" လက်ချောင်းအရိုး တဲ့ .. "

အားလုံး အံ့သြမှင်သက်သွားကြ၏။

မိုးကြိုးဘုရင်က စကားဆက်သည်။

" ဟုတ်ပါတယ် ၊ မသေမျိုးအစွမ်းတွေ အများကြီး ပါနေတဲ့ အေးခဲနေတဲ့ လက်ချောင်းရိုးတစ်ခုပါ ။ ငါ အဲ့ဒါကို မတော်တဆ တွေ့သွားခဲ့တာ ။ အဲ့နောက်တော့ လက်ချောင်းရိုးထဲက မသေမျိုးစွမ်းအင်ကို စုပ်ယူပြီး ငါကိုယ်ထဲက စိတ်စွမ်းအင်တွေနဲ့ ပေါင်းစပ်ဖို့ နည်းလမ်း ရှာတွေ့ခဲ့တာပဲ "

စီမာထျန်းချန်က မျက်မှောင်ကြုံ့ပြီး မေး၏။

" ဒါပေမယ့် .. လက်ချောင်းရိုးလေး တစ်ခုမှာ မသေမျိုးစွမ်းအင်က ဘယ်လောက် ပါနိုင်လို့လဲ။ မင်းတောင် မသေမျိုးတစ်ယောက် ဖြစ်လာပြီဆိုတော့ အဲ့လက်ချောင်းထဲက မသေမျိုးအစွမ်းတွေလဲ ကုန်နေလောက်ရောပေါ့ "

မိုးကြိုးဘုရင်က ချက်ချင်း ခေါင်းယမ်းကာ ပြန်ပြောသည်။

" မဟုတ်ဘူး ၊ အဲ့လက်ချောင်းထဲမှာ ပါတဲ့ မသေမျိုးအစွမ်းတွေက ပင်လယ်ပြင်ကြီးတစ်ခုလို အဆုံးအစမဲ့ ကျယ်ပြောတယ်။ ငါ မသေမျိုးတစ်ယောက် ဖြစ်လာအောင် စုပ်ယူခဲ့တဲ့ အစွမ်းက နဂိုရှိတာရဲ့ အပုံ တစ်သောင်းပုံ တစ်ပုံတောင် မရှိဘူး "

" ဘယ်လို .... "

ကြားလိုက်ရသည့် စကားကြောင့် အားလုံး အံ့သြမှင်သက်ကုန်ကြသည်။

မသေမျိုး ဖြစ်လာခဲ့သည့် မိုးကြိုးဘုရင်မှာ အလွန်အစွမ်းထက်လှပြီး သူတို့ နတ်ဘုရားမြို့တော် တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့ရပါသည်။

သို့သော် ထိုအစွမ်းက .. လက်ချောင်းရိုးထဲတွင် ပါသောအစွမ်း၏ အပုံ တစ်သောင်းပုံ တစ်ပုံပင် မရှိဘူးတဲ့လား။

ထို လက်ချောင်းရိုးထဲတွင် မသေမျိုးအစွမ်းများ မည်မျှ ပါဝင်နေပါသနည်း။

နံဘေးမှ နားထောင်နေသည့် လောထျန်းမှာလည်း မျက်မှောင်ကြုံ့နေ၏။

" လက်ချောင်းအရိုး .. ဒီဟာက သခင်ကြီး ယဲ့ထုံလင်းတို့ ပြောခဲ့တာတွေနဲ့ ဘာလို့ တူနေရတာလဲ။ ဒီ လက်ချောင်းရိုး နှစ်ခုလုံးက ကျရှုံးသွားတဲ့ မသေမျိုးဆီကများ ဖြစ်နိုင်မလား "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

သူ့စကားကို ကြားသွားသော နံဘေးမှ အစိမ်းရောင်ဝတ် ဘိုးဘေးက ချက်ချင်း ဝင်ပြော၏။

" ကျရှုံးသွားတဲ့ မသေမျိုး .. ဟုတ်လား ။ မိတ်ဆွေလေး လောထျန်း ဘာတွေ သိထားလဲ "

လောထျန်းက ယဲ့ထုံလင်းတို့အကြောင်း အတိုချုံ့ ရှင်းပြလိုက်သည်။

သူ့စကားကြောင့် အစိမ်းရောင်ဝတ် ဘိုးဘေး မျက်လုံးများ ပြူးကျယ်သွား၏။

" ဒါ ... အဲ့ဒီဟာကြီးက ထပ်ထွက်လာပြန်ပြီလား .. "

သူ တုန်လှုပ်နေဟန်ဖြင့် ပြောသည်။

သူ ဖြစ်ပျက်သွားသည့် မျက်နှာထားကို ကြည့်ကာ လောထျန်း စိတ်ဝင်တစား မေး၏။

" သခင်ကြီးက အဲ့ဒီ ကျရှုံးသွားတဲ့ မသေမျိုးကို သိတာလားဗျ "

အစိမ်းရောင်ဝတ် ဘိုဘေးက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှသာ ပြန်ဖြေသည်။

" တကယ်တော့ ကျုပ် ကိုယ်တိုင်လဲ မမြင်ဖူးဘူး ။ ကောလဟာလတွေပဲ ကြားဖူးတာ "

" အဆင်ပြေရင် ကျုပ်ကို အဲ့ဒါတွေအားလုံး ပြောပြပါလား "

လောထျန်း ပြောလိုက်သည်။

သူ ဖြစ်နိုင်လျှင် ယဲ့ထုံလင်းတို့ သုံးယောက် ကြုံနေရသည့် ပြဿနာများကို ​အမြန်ဆုံး ဖြေရှင်းပေးချင်ပါသည်။

အစိမ်းရောင်ဝတ်ဘိုးဘေးက သက်ပြင်းချကာ ပြော၏။

" တကယ်တော့ ဒီ ကျရှုံးသွားတဲ့ မသေမျိုးရဲ့ ဇစ်မြစ်ကို ကျုပ်ကိုယ်တိုင်လဲ သေချာမသိဘူး ။ ကျုပ် ဟိုးအရင်က ရှေးဟောင်းအမွေအနှစ်ကို လေ့လာနေတဲ့အချိန် ကျုပ်တို့ရဲ့ အရင်ခေတ်က တစ်ယောက်ယောက် ထားခဲ့တဲ့ စာအုပ်တစ်အုပ်ကိုပဲ တွေ့ခဲ့ရတာ "

" စာအုပ်ထဲမှာ ရေးထားတဲ့ မှတ်တမ်းတွေအရ ဆိုရင် ဟိုး ရှေးခေတ်တုန်းက ကျုပ်တို့ ကမ္ဘာက အကြီးအကျယ် အဖျက်ဆီး ခံခဲ့ရတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့်ပဲ ကမ္ဘာပေါ်က မသေမျိုးတွေ အများကြီး သေသွားခဲ့ကြပြီးတော့ အင်အားကြီးတဲ့ မြင့်မြတ်နယ်မြေတွေနဲ့ ဂိုဏ်းတွေလဲ ဖျက်ဆီးခံခဲ့ရတယ်တဲ့ ။ အဲ့ဒါကြောင့်မို့ အဲ့ ရှေးခေတ်မှာ ဘာတွေ ဖြစ်ပျက်သွားခဲ့တယ်ဆိုတာကို ကျုပ်တို့တွေ သေချာ မသိခဲ့ကြရဘူး "

" ပြီးတော့ .. ဒီကိစ္စကြီး တစ်ခုလုံးရဲ့ မူလအရင်းမြစ်က အဲ့ဒီ ကျရှုံးသွားတဲ့ မသေမျိုးနဲ့ လက်ချောင်းအရိုးက စတယ်လို့ ပြောတယ် "

ကြားလိုက်ရသည့် စကားကြောင့် လောထျန်း အံ့သြတုန်လှုပ်သွားသည်။

" လက်ချောင်းအရိုးက ရှေးခေတ်ကတည်းက ရှိလာခဲ့တာလား "

ယဲ့ထုံလင်းတို့ သုံးယောက်ထံမှ အကျိုးအကြောင်း ကြားရပြီးနောက် ကျရှုံးသွားသည့် မသေမျိုးမှာ ထိုအချိန်က ပိုမြင့်သည့်အဆင့်မှ ဆင်းသက်လာခဲ့သည်ဟုသာ သူ ထင်ထားခဲ့ပါသည်။

သို့သော် .. ကိစ္စများက သူ ထင်ထားသလောက် မရိုးရှင်းနေပါချေ။

အစိမ်းရောင်ဝတ် ဘိုဘေးက ဆက်ပြော၏။

" ကျုပ် ရှေးဟောင်းအမွေအနှစ်တွေ လေ့လာပြီး ပြန်ထွက်လာတော့ ဒီ ကျရှုံးသွားတဲ့ မသေမျိုးနဲ့ လက်ချောင်းအရိုး ကိစ္စကို သေချာ လေ့လာခဲ့သေးတယ်။ ဒါပေမယ့် နှစ်တွေ ကြာသွားတဲ့အထိ ဘာသဲလွန်စမှ မရခဲ့ဘူး ။ခုကျမှ ထပ်ပေါ်လာမယ်လို့လဲ ဘယ်ထင်ထားခဲ့မလဲဗျာ "

" မိတ်ဆွေလေး လောထျန်း ၊ ဒါ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူးဗျ ။ ဒီကမ္ဘာကြီးမှာ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ထက် ပိုဆိုးတဲ့ ကပ်ဆိုးကြီး ဖြစ်လာတော့မယ်နဲ့တူတယ် '

" ကျုပ် မင်းကို ဘာမှမကူညီနိုင်တာတော့ စိတ်မကောင်းစရာပဲ "

ဘိုးဘေးက ထိုသို့ပြောကာ သက်ပြင်းချလိုက်သည်။

သူသည် အကြွင်းအကျန် စိတ်ဝိဥာဥ်တစ်ခုသာ ဖြစ်ပြီး ယခုလည်း ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရထားသည်ဖြစ်ရာ ...

မကြာမီ အချိန်အတွင်းမှာပင် ပျောက်ကွယ်သွားရတော့မည် ဖြစ်ပါသည်။

လောထျန်းက သူ့ကို ကြည့်လိုက်ပြီးနောက် မိုးကြိုးဘုရင်ဘက် ထပ်လှည့်ကြည့်ကာ မေး၏။

" မင်းရဲ့ အဲ့ဒီ လက်ချောင်းအရိုးက ဘယ်မှာလဲ "

မိုးကြိုးဘုရင်က ပြန်ပြောသည်။

" လက်ချောင်းအရိုးက ..... "

သို့သော် .. သူ စကား​စလိုက်စဥ်မှာပင် သူ့ အကြွင်းအကျန် စိတ်ဝိဥာဥ်က ရုတ်တရက် စတင်ပျောက်ကွယ်လာ၏။

" အား ..လောထျန်း ၊ မင်းက ကိုယ့်စကားကိုယ်လဲ မတည်ဘူး ။ မင်း... ဘာလုပ်နေတာလဲ "

မိုးကြိုးဘုရင် အော်လိုက်သည်။

ထိုအချိန်တွင် လောထျန်းမှာလည်း သူ ဘာမှ မလုပ်ရဘဲ ထိုသို့ ဖြစ်နေသဖြင့် အလွန်အံ့သြမှင်သက်နေ၏။

သို့သော် ..ပျက်စီးပျောက်ကွယ်သည့် နှုန်းက အလွန်လျင်မြန်နေသောကြောင့် မိုးကြိုးဘုရင်၏ အကြွင်းအကျန် ဝိဥာဥ်မှာ စက္ကန့်ပိုင်းလေး အတွင်းတွင်ပင် ပြာမှုန်များအဖြစ် ပြောင်းသွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။

" ဒါ ... "

လောထျန်းမှာ အံ့သြမှင်သက်နေပြီးနောက် ရုတ်တရက် ဒေါသထွက်သွား၏။

" ဒါ ဘာလုပ်တာလဲ ၊ ငါ့သားကောင်ကို ဖမ်းဖို့ ကြိုးစားတာလား "

သို့သော် .. သူ မည်သို့ပင် စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး ရှာဖွေစေကာမူ မည်သည့်အစအနကိုမှ ရှာမတွေ့တော့ပါချေ။

၎င်းကို မြင်သောအခါ အစိမ်းရောင်ဝတ် ဘိုးဘေးက ပြောသည်။

" ဆက် ရှာမနေပါနဲ့တော့ မိတ်ဆွေလေး ၊ ဒါ .. ကျိန်စာတစ်ခု ဖြစ်နိုင်တယ် "

" ကျိန်စာ ... "

လောထျန်း အံ့သြမှင်သက်သွားရပြန်သည်။

အစိမ်းရောင်ဝတ်ဘိုးဘေးက ခေါင်းညိတ်ကာ ပြော၏။

" ကြည့်ရတာ .. လက်ချောင်းအရိုးနဲ့ ဆက်စပ်နေတယ်နဲ့တူတယ် "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" လက်ချောင်းအရိုးပဲ ထပ်လာပြန်ပြီ ။ အဲ့ဒီ ကျရှုံးသွားတဲ့ မသေမျိုး​က ဘယ်သူလဲ ... ငါ သိအောင် ရှာမှကို ဖြစ်မယ် "

သူ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ထိုစဥ် တဖက်မှ အစိမ်းရောင်ဝတ် ဘိုးဘေးက ရုတ်တရက် ပြောလာ၏။

" အားလုံး .. ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါ အားလုံးကို သတိပေးချင်တာလေးတွေ ရှိတယ် "

ထိုစကားကို ကြားသည်နှင့် အားလုံးက သူ့ကို ကြည့်ပြီး  သေချာ နားစွင့်လိုက်ကြသည်။

ယခု သူတို့ဘိုးဘေး ပြောလာမည့်စကားက အလွန်အရေးကြီးသည့် ကိစ္စပင် ဖြစ်ရမည်ကိုလည်း အားလုံး နားလည်ကြပါ၏။

အစိမ်းရောင်ဝတ်ဘိုးဘေးက လောထျန်းကို ကြည့်ကာ ပြောသည်။

" မိတ်ဆွေလေး လောထျန်း ၊ အရင်ဆုံး ကျုပ် မင်းကို သတိပေးချင်တာက မင်းဟာ မသေမျိုးတစ်ယောက် မဖြစ်လာသေးပေမယ့် မသေမျိုးတစ်ယောက်ရဲ့ အစွမ်းမျိုး ရှိနေပြီ။ ဒီ သတင်းက သိပ်မကြာခင် နေရာအနှံ့ပျံ့သွားမယ်ဆိုတာလဲ ကျုပ် ယုံတယ်။ အဲ့ကျရင် ဒီကမ္ဘာပေါ်မှာ ရှိကြတဲ့ တခြားမသေမျိုးတွေရဲ့ အာရုံစိုက်တာကို ခံရမှာမို့ မိတ်ဆွေလေးအတွက် ပြဿနာတွေ များလာလိမ့်မယ် .. "

စာစဉ်ပြီး၏

All Chapters