← Chapters

မိုးကြိုးဘုရင် ရောက်လာခြင်း

Vol. 20 Ch. 271

မိုးကြိုးဘုရင် ရောက်လာခြင်း

Vol. 20 Ch. 271

" ဟင် .. "

ဝူယန်ကျင့် အံ့သြမှင်သက်သွားသည်။

တဖက်မှ ဟန်မင်ကလည်း အလန့်တကြား မေးလာသည်။

" ဒုတိယ မြို့စားကြီးလား "

ထို့နောက်တွင်မူ စီမာထျန်းချန်က သူတို့ရှေ့သို့ ဖြည်းညင်းစွာ ပျံသန်းရောက်ရှိလာ၏။

သူနှင့်အတူ ဟောင်းနွမ်းနေသည့် စစ်တုရင်ဘုတ်တစ်ခုလည်း ပါလာသည်။

၎င်းမှာ ဟောင်းနွမ်းနေသော်လည်း အစွမ်းထက်သည့် အရောင်အဝါတစ်ခု ထုတ်လွှတ်နေဆဲပင်။

ထိုစစ်တုရင်ဘုတ်မှာ မသေမျိုးလက်နက်တစ်ခု မဟုတ်သည့်တိုင် အစွမ်းထက်သော မသေမျိုးအစွမ်း ပါဝင်နေသည်ကို ဝူယန်ကျင့် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

ထို့​ကြောင့်လည်း ၎င်းက မသေမျိုး စာရွက်လိပ်မှ အစွမ်းကို  တန်ပြန်တိုက်ခိုက်နိုင်ခြင်းပင်။

" မဖြစ်နိုင်တာ .. နတ်ဘုရားမြို့တော်မှာ ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုး ရှိနေရသေးတာလဲ "

ဝူယန်ကျင့် တအံ့တသြ ပြောလိုက်သည်။

သူ ရထားသည့် သတင်းအရ ဆိုလျှင် နတ်ဘုရားမြို့တော်ရှိ မသေမျိုးအစွမ်း ပါသော အရာများအားလုံးက မသေမျိုး အစွမ်းများ ကုန်သွားပြီဟုသာ သိထားပါသည်။

ထို့ကြောင့်လည်း မသေမျိုး စာရွက်လိပ် အားကိုးဖြင့် သူ နတ်ဘုရားမြို့တော်သို့ လာရဲခြင်း ဖြစ်၏။

သို့သော် .. မြို့စားကြီးများက ထိုပစ္စည်းမျိုးကို ဖွက်ထားကြလိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ။

သို့ဆိုပါက .. သူ ဒုက္ခရောက်လေပြီ။

တဖက်မှ စီမာထျန်းချန်က လှောင်ပြုံးဖြင့် ပြောလာသည်။

" အကိုကြီး နဲ့ ညီလေး ၃ ၊ ဘိုးဘေးရဲ့ စစ်တုရင်ဘုတ်က ကျုပ်တို့တွေကို ကာကွယ်ပေးလိမ့်မယ်။ ကျုပ်တို့တွေ အရင်ဆုံး ဒီ ဝူယန်ကျင့်ကို သတ်လိုက်ကြတာပေါ့ "

ချူကျင်းထောင်ကလည်း အသံကျယ်ကြီးဖြင့် ရယ်၏။

" ကောင်းတယ်ဗျာ၊ သိပ်ကောင်းတယ်။ ကျုပ် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဒီကောင်တွေရဲ့ အနိုင်ကျင့်တာကို ဆက်တိုက် ခံလာရတာ။ ဒီနေ့တော့ အားလုံးကို ပြန်လက်တုန့်ပြန်နိုင်ပြီပေါ့ "

သူက ပြောပြောဆိုဆိုပင် ဝူယန်ကျင့်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

တဖက်မှ ရှန့်လင်ကျိုးနှင့် စီမာထျန်းချန်တို့ကလည်း မည်သည့်စကားမှ မ​ဆိုဘဲ ဝူယန်ကျင့်အား တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

ဝူယန်ကျင့်တစ်ယောက် အလွန်ဒုက္ခများသွားတော့သည်။

တစ်ယောက်ချင်းစီ တိုက်ခိုက်လျှင်ပင် ထိုသုံးယောက်လုံးက သူ့ထက် ပိုအစွမ်းထက်ကြပါ၏။

ယခု သုံးယောက်လုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသည်လား ။

ထို့အပြင် .. သူ ဒဏ်ရာလည်း ရထားပါသေးသည်။

မည်သို့ ဆက်လုပ်ရပါတော့မည်နည်း။

သူ မည်သို့မှ မပြောဘဲ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးရန်သာ ကြိုစားလိုက်တော့သည်။

" ဟား ဟား .. ထွက်ပြေးမယ်ပေါ့လေ ။ ပြေးနိုင်ရင် ပြေးစမ်းကွာ "

စီမာထျန်းချန်က လှောင်ပြုံးဖြင့် ပြောကာ လက်တစ်ဖက်ကို ဝေ့ယမ်း၏။

ဝီ ..

စစ်တုရင်ဘုတ်ပေါ်မှ အမည်းရောင် မျဥ်းများက လေထုအား ချက်ချင်း ခွဲပစ်ကာ အကာအရံတစ်ခု ဖန်တီးလိုက်သည်။

" ဘာကြီးလဲဟ .. ချိုးဖျက်စေ "

ဝူယန်ကျင့်က ထိုလေထု အကာအရံအား ဓားတစ်လက်ဖြင့် ခုတ်ဖြတ်၏။

သို့သော် ...

ခွမ်း ...

ကျွတ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ သူ့လက်ထဲမှ ဓားက နှစ်ပိုင်း ကျိုးသွားတော့သည်။

" ဘယ်လိုဖြစ်ပြီး ... "

ဝူယန်ကျင့် အလွန်အံ့သြ တုန်လှုပ်သွား၏။

ဝှစ် ....

ထိုအချိန် သူ့နောက်တွင်လည်း မြို့စားကြီး သုံးယောက် ရောက်နေကြလေပြီ

ဝူယန်ကျင့်မှာ ချက်ချင်းဆိုသလိုပင် အစွမ်းထက်သာ အရောင်အဝါသုံးခု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး အရိုးထဲထိတိုင် အေးစက်သွား၏။

" မြို့စားကြီးတို့ ..  အားလုံးက နားလည်မှု လွဲသွားတာပါဗျာ ၊ နားလည်မှု လွဲတာပါ "

သူ အပြုံးဖြင့် ဆိုလိုက်သည်။

သို့သော် ..

" ကိုယ့်အမေကိုယ်ပဲ နားလည်မှု သွားလွဲနေလိုက် '

ချုကျင်းထောင်က ဦးစွာ ပြေးဝင်လာသည်။

ဘုန်း ... ဘုန်း ... ဘုန်း ...

ချက်ချင်း ဆိုသလိုပင် ကြောက်မက်ဖွယ် အားတစ်ခုက သူ့ပေါ်သို့ အဆက်မပြတ် ကျလာ၏။

ဝူယန်ကျင့်မှာ သိုင်းကွက် အနည်းငယ်မျှကိုသာ ခုခံလိုက်နိုင်ပြီး ခဏ အကြာမှာပင် .. ချူကျင်းထောင်၏ လက်သီးက သူ့ရင်ဘတ်ပေါ်သို့ ကျလာတော့သည်။

ဘုန်း ...

သူ့ကိုယ်ထဲတွင် ရှိသမျှသော နံရိုးများ၏ တစ်ဝက်ခန့် ချက်ချင်း ကျိုးသွား၏။

" ခွေးမ %$# မျိုးမစစ် .. "

သို့သော် .. သူ့စကား မဆုံးခင်မှာပင် .. ရှန့်လင်ကျိုးက လေထဲမှ ဆင်းလာပြီး သူ့ပုခုံးပေါ် နင်းလိုက်သည်။

ခွပ် ...

အသံတစ်သံနှင့်အတူ ဝူယန်ကျင့်၏ ပုခုံး ကျိုးသွားရပြန်၏။

စီမာထျန်းချန်ကလည်း လက်တုန့်ပြန်ရမည့် အခွင့်အရေးကို လက်မလွတ်လိုဟန်ဖြင့် လက်ကို ဝေ့ယမ်းလိုက်သည်။ တခဏအတွင်း စွမ်းအင်အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ဝူယန်ကျင့်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်သွားကြတော့၏။

ဝူယန်ကျင့်မှာ မြို့စားကြီး သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ဆက် တောင့်မခံနိုင်တော့ပါချေ ။

" မင်းတို့ကောင်တွေ .. "

သူ မြို့စားကြီးသုံးယောက်အား ဒေါသတကြီး ကြည့်နေရင်းဖြင့်ပင် လေထဲမှ ပြုတ်ကျသွားတော့သည်။

ဘုန်း ..

မြေပြင်ရှိ သူ ကျသွားသည့် နေရာတွင် တွင်းနက်ကြီးတစ်ခု ဖြစ်သွား၏။

နတ်ဘုရားမြို့တော်တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ထို့နောက်တွင်မူ နတ်ဘုရားမြို့တော်၏ တပည့်များထံမှ အော်ဟစ်အားပေးသံကြီး တခဲနက် ထွက်ပေါ်လာ၏။

" ဟေး ... ဒါမှ ငါတို့ မြို့စားကြီးကွ "

" မြို့စားကြီး အသက် ရှည်ပါစေ "

ဟန်မင်ကမူ အားလုံးကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်နေသည်။

ထိုအချိန်မှာပင် ချူကျင်းထောင်က သူ့အား လှည့်ကြည့်လာ၏။

" ကောင်လေး ၊ မင်း နောက်ဆုံးပြောချင်တဲ့ စကား ရှိသေးလား "

ဟန်မင်က တံတွေးကို ခက်ခက်ခဲခဲ မြိုချ၍ ပြောလိုက်သည်။

" မြို့စားကြီးတို့က ဟန်ဝူကျင့်ကို အနိုင်ယူလိုက်နိုင်ပေမယ့် သူ့နောက်မှာ မိုးကြိုးဘုရင် ရှိတယ်ဆိုတာ မမေ့နဲ့ဦးနော် "

" တကယ်လို့ မိုးကြိုးဘုရင်ကြီးသာ ရောက်လာရင် နတ်ဘုရားမြို့တော်က ဘာဖြစ်သွားမလဲ။ ခင်ဗျားတို့တွေက မိုးကြိုးဘုရင်ရဲ့ လက်ချက်နဲ့ သေရဖို့ ကံပါလာတဲ့သူတွေ။ မိုးကြိုးဘုရင်က ခင်ဗျားတို့တွေကို သတ်ပြီးတာနဲ့ ကျုပ်ကို မြို့စားအသစ်အဖြစ် ခန့်အပ်မှာ။  အဲ့တော့ ခင်ဗျားတို့ ကျုပ်ကို သတ်လို့မရဘူး "

သူ့စကားကို ကြားသောအခါ ချူကျင်းထောင် ဒေါသထွက်သွားပြီး ရယ်လိုက်သည်။

" မင်းက ခုထိ နတ်ဘုရားမြို့တော်ရဲ့ မြို့စားကြီး ဖြစ်ချင်နေသေးတယ်ပေါ့လေ ။ ငါတို့ရဲ့ ဘိုးဘေး ဒီမြို့ကို စပြီး တည်ထောင်ခဲ့တဲ့ အချိန်ကတည်းက ဘယ်မြို့စားက အပြင်ရန်သူရဲ့ ဖိနပ်ကို သွားနမ်းဖူးလို့လဲ ပြောစမ်းပါဦး "

" ဒါနဲ့များတောင် မင်းက နတ်ဘုရားမြို့တော်ရဲ့ မြို့စားတစ်ယောက် ဖြစ်ချင်နေသေးတယ်။ ဆက်ပြီး အိမ်မက် မက်လိုက်ပါဦးကွာ "

ချူကျင်းထောင်က ထိုသို့ ပြောပြီး လက်မြှောက်၍ ဟန်မင်အား အသေသတ်ရန် ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ..

ဘုန်း ...

အဝေးတစ်နေရာတွင် တစ်စုံတစ်ခု လာနေသည့်အလား လေထုတစ်ခုလုံး တုန်ခါလာ၏။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

အားလုံး အံ့သြမှင်သက်သွားကုန်သည်။

ထို့နောက်တွင်မူ ..

အစောက တုန်ခါနေခဲ့သည့် လေထုက နှစ်ခြမ်းကွဲသွားပြီး ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ပေါ်လာ၏။

ချက်ချင်း ဆိုသလိုပင် .. ထို ဟင်းလင်းပြင် လေထုထဲမှ ရာနှင့်ချီသော လူများ ပျံသန်းထွက်လာကြသည်။

ထိုလူမျာထဲမှ အစွမ်းအနိမ့်ဆုံး သူများ၏ အရောင်အဝါသည်ပင် အဆုံးအစမဲ့ အဆင့်ရှိပြီး သူတို့ထဲတွင် ကောင်းကင်ဘုံ တံခါးဝအဆင့် လူနှစ်ယောက်ပင် ပါဝင်၏။

ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။

မြာက်ပိုင်းဒေသတွင် .. ဂိုဏ်းတစ်ခုအတွင်း၌ .. အဆုံးအစမဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ရှိနေလျှင်ပင် ထိုဂိုဏ်းက အလွန်အင်အားကြီးနေပြီဟု ပြော၍ ရပါသည်။

ယခုတွင်မူ ...

အဆုံးအစမဲ့ ကျင့်ကြံသူ ရာပေါင်းများစွာက တစ်ပြိုင်နက်တည်း ပေါ်လာကြ၏။

ထိုလူများက မည်သည့်အဖွဲ့မှနည်း။

ချူကျင်းထောင်တို့ မြို့စားကြီး သုံးယောက်မှာလည်း ၎င်းကို ကြည့်ကာ အလွန် အံ့သြတုန်လှုပ်သွားကြသည်။

စီမာထျန်းချန်က ထိုလူအုပ်အား ဝေ့ဝဲကြည့်လိုက်ရာ ထိုအထဲတွင် သူနှင့် ရင်းနှီးသည့် မျက်နှာများကို တွေ့သွားသည်။

" လင်ရုံချန်း ၊ ဖုန့်စီဖေး ..  မင်းတို့က အဲ့မှာ ဘာလုပ်နေကြတာလဲ "

ထိုနှစ်ယောက်မှာ နတ်ဘုရားမြို့တော်မှ အဆုံးအစမဲ့ အစွမ်းထက် ကျင့်ကြံသူ နှစ်ယောက်ပင်

သို့သော် ... ထိုနှစ်ယောက်က မည်သို့မှ ပြန်မပြောဘဲ ခပ်ဆိတ်ဆိတ်သာ ရှိနေကြ၏။

ထို အစွမ်းထက် ကျင့်ကြံသူများ အားလုံးမှာ  ဟင်းလင်းပြင်လမ်းကြောင်းထဲမှ ထွက်လာပြီးသည်နှင့် လေထဲတွင်ပင် ဒူးထောက်လိုက်ကြသည်။

" မိုးကြိုးဘုရင်ကြီးကို ကြိုဆိုပါတယ် "

အားလုံးဆီမှ သံပြိုင် အော်သံကြီး ထွက်လာ၏။

မိုးကြိုးဘုရင်တဲ့လား ...

ဂျုန်း ..

ဟင်းလင်းပြင် လမ်းကြောင်းအတွင်းမှလည်း မိုးထစ်ချုန်းသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

ကောင်းကင်ယံတခွင်လည်း လျှပ်စီးများ တဖျတ်ဖျတ်လက်သွားကာ ၎င်းလျှပ်စီးများက မှော်သားရဲ တစ်ကောင်အဖြစ် စုစည်းသွား၏။ ၎င်းသားရဲကြီးက ဟင်းလင်းပြင်လမ်းကြောင်းအား စက်ဝိုင်းပုံ လှည့်ပတ်နေသည်။

ထို့နောက်တွင်မူ .. လျှပ်စီး အလင်းတန်းများကြားမှ  လူရိပ်တစ်ခု ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာ၏။

ထိုလူရိပ်မှာ အစပိုင်းတွင် မျက်လုံးများ မှိတ်နေပြီး ဟင်းလင်းပြင် လမ်းကြောင်း၏ အပြင်သို့ ရောက်မှသာ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

ကောင်းကင်ကြီးကလည်း သူ့ကို တုန့်ပြန်သည့်အလား မိုးကြိုးသံများ ထွက်ပေါ်လာ၏။

သူ့ကိုယ်မှလည်း ကြောက်မက်ဖွယ် အစွမ်းထက် အရောင်အဝါတစ်ခု တိုးထွက်နေကာ နတ်ဘုရားမြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။

" မိုးကြိုးဘုရင် .. "

ရှန့်လင်ကျိုးဆီမှ အသံတိုးတိုး ထွက်လာ၏။

ထိုအချိန်တွင် မိုးကြိုးဘုရင်က မျက်မှောင်ကြီး ကြုံ့၍ သူတို့အား လှည့်ကြည့်လာသည်။

" ငါ့လို မသေမျိုးတစ်ယောက်ရဲ့ မျက်နှာကို မြင်နေရတာတောင် ဘာဖြစ်လို့ ဒူးမထောက်ကြသေးတာလဲ "

သူ့အသံမှာ မကျယ်လှသော်လည်း  ထိုအသံထဲတွင် မသေမျိုးအစွမ်း ပါဝင်နေပါ၏။

ဘုတ် .. ဘုတ် ..

သူ့အသံကို ကြားသော နတ်ဘုရားမြို့တော်မှ လူများအားလုံး မည်သို့မှ မနေနိုင်တော့ဘဲ ဒူးထောက်လိုက်ကြရသည်။

အားလုံးမှာ မြေပြင်တွင် ဒူးထောက်လျက်သား ဖြစ်နေကြပြီး သူတို့နဖူးမှလည်း ချွေးများ တစက်စက် ကျနေ၏။

" တော်တော်ကြောက်စရာ ကောင်းတဲ့ ဖိအားပဲ။ မသေမျိုးတစ်ယောက်ရဲ့ အစွမ်းဆိုတာ ဒါလား "

" ငါ ဒီဖိအားကို ဘယ်လိုမှ ခုခံလို့ မရဘူးကွ ၊ ငါ့ကိုယ်ကိုတောင် ငါ မထိန်းချုပ်နိုင်တော့ဘူး "

ထိုအချိန် နတ်ဘုရားမြို့တော်တွင် အစွမ်းထက် ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိနေကြသော်လည်း အားလုံးမှာ မိုးကြိုးဘုရင်နှင့် ယှဥ်လိုက်ပါက ပြောပလောက်စရာ မရှိတော့ပါချေ။

ထိုစဥ် မြို့စားကြီး သုံးဦးနှင့် သူတို့ အကာအကွယ် ပေးထားသည့် တပည့်တစ်အုပ်ကသာ စစ်တုရင်ဘုတ်၏ ကျေးဇူးကြောင့် မတ်တတ် ဆက်ရပ်နေနိုင်ကြသေးတော့သည်။

သို့သော် ... ထိုအချက်​က မိုးကြိုးဘုရင်ကြီး၏ ဒေါသကို ပိုဆွပေးလိုက်သကဲ့သို့ ဖြစ်သွား၏။

သူ့အကြည့်ကလည်း စစ်တုရင်ဘုတ်ပေါ်သို့ ကျလာသည်။

" ဟင် .. မသေမျိုးအစွမ်းတွေ နည်းနည်း ကျန်နေသေးပါလား "

သူက ပြောပြောဆိုဆိုပင် ထိုနေရာသို့ လက်ညိုးညွှန်လိုက်သည်။

All Chapters