← Chapters

သဘာဝ စိတ်ဝိဥာဥ်က ဘယ်တော့မှ မလိမ်ဘူး

Vol. 20 Ch. 273

သဘာဝ စိတ်ဝိဥာဥ်က ဘယ်တော့မှ မလိမ်ဘူး

Vol. 20 Ch. 273

" ဘာကွ "

သူ့စကားကို ကြားသောအခါ ချူကျင်းထောင် ဒေါသထွက်သွားသလို စိတ်လည်း ပူသွား၏။

အကယ်၍ လောထျန်းသာ အထဲတွင် သေသွားခဲ့ရပါက အခြေအနေ ဆိုးသွားပေမည်။

ထို့နောက် သူက အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေးဘက် ချက်ချင်း လှည့်ကြည့်ကာ ပြောလိုက်သည်။

" ဘိုးဘေး ၊ ကျုပ်တို့ကို အထဲဝင်လို့ရအောင် ကူညီပေးပါဦးဗျာ "

သို့သော် ဘိုးဘေး ချင်းရှန်က သူ့ကို နားမလည်သည့် မျက်လုံးများဖြင့် ပြန်ကြည့်ကာ ပြော၏။

" ငါက ဘာဖြစ်လို့ မင်းတို့ကို ပေးဝင်ရမှာလဲ "

" လောထျန်းကို ကယ်ဖို့လေဗျာ "

ချူကျင်းထောင်က ပြန်ပြောသည်။

" သူ့ကို ကယ်ဖို့ .. ဟုတ်လား ၊ သူက မင်းတို့ရဲ့ အကူအညီကို လိုမယ် ထင်လို့လား "

ဘိုးဘေးက တအံ့တသြ ပြန်မေး၏။

စီမာထျန်းချန်ကလည်း ဝင်ပြောသည်။

" ဘိုးဘေး ၊ လောထျန်းက အင်မတန် အစွမ်းထက်တယ် ဆိုပေမယ့် အထဲမှာ အဆုံးအစမဲ့ ကျင့်ကြံသူတွေ အများကြီးပဲဗျ ။ ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူလဲ ပါသေးတယ် ။ အဲ့လောက်များတဲ့သူတွေကို သူ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး "

ဘိုးဘေး ချင်းရှန်က မြို့စားကြီး သုံးယောက်ကို ကြည့်ကာ မေးလိုက်သည်။

" လောထျန်းရဲ့ အစွမ်းက ဘယ်လောက်ရှိတယ်လို့ မင်းတို့ ထင်ကြလဲ "

" ကောင်းကင်ဘုံတံခါးဝရဲ့ အထက် ၊ မသေမျိုးရဲ့ အောက် ပါ "

သူတို့ သုံးယောက်သား ပြိုင်တူပင် ပြန်ဖြေလိုက်ကြ၏။

သို့သော် .. ဘိုးဘေး ချင်းရှန်က ခေါင်းယမ်း၍ ပြောလာသည်။

" ငါ့အမြင်ကတော့ မင်းတို့နဲ့ မတူဘူး။ ငါထင်တာတော့ သူက အခုတောင် မသေမျိုးထက် အစွမ်းမနိမ့်နိုင်ဘူးကွ "

' ဘယ်လို .. "

မြို့စားကြီး သုံးယောက် အံ့သြမှင်သက်သွားကုန်သည်။

ထိုမတိုင်ခင်က လောထျန်း၏ အစွမ်းကို သူတို့ကိုယ်တိုင် စမ်းသပ်ကြည့်ခဲ့ကြပါသည်။

စမ်းသပ်မှုကိုလည်း သူတို့သုံးယောက်လုံး တစ်ချိန်တည်း လုပ်ခဲ့ခြင်းဖြစ်၏။

သို့သော် .. သူတို့၏ ဆုံးဖြတ်ချက်ကမူ ယခု သူတို့ ဘိုးဘေး၏ အမြင်နှင့် လုံးဝ ကွဲပြားနေခဲ့သည်။

သို့သော် .. သူတို့၏ ဘိုးဘေးမှာ အစွမ်းအရာတွင်သာမက အသိပညာပိုင်းဆိုင်ရာတွင်ပါ သူတို့ထက် များစွာ သာလှပေရာ တစ်ယောက်ယောက်က မှားနေသည်ဆိုလျှင် သူတို့၏ အမှားသာ ဖြစ်ပါသည်။

တဖက်မှ မိုးကြိုးဘုရင်မှာလည်း သူတို့စကားကို နားထောင်ကာ မျက်ခုံးပင့်သွား၏။

" လောထျန်းက မသေမျိုးထက် အစွမ်းမနိမ့်ဘူး .. ဟုတ်လား ၊ အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောမနေနဲ့ " 

မိုးကြိုးဘုရင်က ဒေါသတကြီး အော်လိုက်သည်။

ဘိုးဘေး ချင်းရှန်က သူ့ကို ကြည့်ကာ အပြုံးဖြင့် ပြန်ပြော၏။

" ငါပြောတဲ့ စကားက အဓိပ္ပါယ်ရှိလား ၊ မရှိလား ဆိုတာ အချိန်ကျရင် မင်း သိရပါလိမ့်မယ်။ အာ .. ဟုတ်သားပဲ ၊ မင်း အဲ့ဒါကို သိဖို့ အခွင့်အရေးတောင် ရမယ်မထင်ဘူး ၊ ဘာလို့လဲဆိုတော့ မင်းက ငါ့လက်ထဲမှာပဲ သေချာပေါက် သေရမှာ မို့လို့လေ  "

စကား ဆုံးသည်နှင့် သူ့ကိုယ်မှ အရောင်အဝါက ရုတ်ချည်း တိုးလာသည်။

ထိုစဥ် မြောက်ပိုင်းနန်းတော် အတွင်း၌ ..

မရေမတွက်နိုင်အောင် များသော အစွမ်းထက် ကျင့်ကြံသူများ ဝင်ပေါက်မှတဆင့် တိုးဝင်လာကြ၏။

ထိုအဖွဲ့တွင် ရာပေါင်းများစွာသော အဆုံးအစမဲ့အဆင့် ကျင့်ကြံသူများ ပါနေသည့်အတွက် သူတို့ ဘေးပတ်လည်ရှိ လေထုတစ်ခုလုံးမှာလည်း အလွန်ပင် ကြောက်စရာ ကောင်းနေသည်။

" အကိုကြီး ယွမ်လင် ၊ လောထျန်းဆိုတာ ဘယ်သူလဲဗျ ။ သူ့အကြောင်းကို ဘာတွေ သိထားလဲ ။ ကျုပ်တို့ မိုးကြိုးဘုရင်ကြီးက သူ့ကို ဘာဖြစ်လို့ အဲ့လောက် အသည်းအသန် သတ်ချင်နေရတာလဲ "

လူအုပ်၏ ရှေ့ဆုံးတွင် ရှိနေသော ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက်က မေးလာသည်။

တဖက်မှ ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူက ပြန်ဖြေ၏။

" ညီလေး လုံမင်  ၊ ဒီ လောထျန်းဆိုတဲ့ သူအကြောင်းကို ငါ စုံစမ်းဖူးတယ်ကွ ။ငါ ကြားတာတော့ သူက စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက်တဲ့ ။ တစ်ခါကဆို သူက မိုးကြိုးဘုရင်ရဲ့ စိတ်ဝိဥာဥ် ကိုယ်ပွားပုံရိပ်ကိုတောင် အနိုင်ယူပြီး မိုးကြိုးဘုရင်ကြီးကို ဒုက္ခပေးလိုက်နိုင်တယ်လို့ ကြားတယ် "

လုံမင် ဆိုသည့်လူ အလွန်အံ့သြတုန်လှုပ်သွားသည်။

" မိုးကြိုးဘုရင်ကြီးကလဲ စိတ်ဝိဥာဥ်သခင်ကြီး တစ်ယောက်ပဲလေ ။ သူ့ရဲ့ စိတ်ဝိဥာဥ် ကိုယ်ပွားပုံရိပ်ကို အနိုင်ယူဖို့ မပြောနဲ့ ၊ တစ်ခုခု ထိခိုက်အောင် လုပ်ဖို့တောင် လွယ်တာ မဟုတ်ဘူး "

ယွမ်လင်က ခေါင်းညိတ်၏။

" ဟုတ်တယ်ကွ ။ဒါတင် ဘယ်ကဦးမလဲ ၊ ငါ ထပ်ကြားတာတော့ ဒီ လောထျန်းဆိုတဲ့ သူရဲ့ ခန္ဓာကိုယ် ရွှေ့ကွက်ကလဲ အင်မတန် ထူးဆန်းတယ်တဲ့။ တည်နေရာရွှေ့ပြောင်းသလိုပဲလို့တောင် ပြောတယ် "

ကြားလိုက်ရသည့် စကားကြောင့် လုံမင် မျက်မှောင်ကြုံ့သွားသည်။

" ဟုတ်လား .. အဲ့လိုသာဆိုရင် .. ပြဿနာပဲဗျာ။ တကယ်လို့ သူက အဲ့ ထူးဆန်းတဲ့ ခန္ဓာကိုယ် ရွှေ့ကွက်ကို သုံးပြီး ထွက်ပြေးသွားရင် ကျုပ်တို့ မိုးကြိုးဘုရင်ကြီးကို ဘယ်လိုရှင်းပြရပါ့ "

မိုးကြိုးဘုရင်ကြီးက သူတို့အား လောထျန်းကို ဖမ်းခေါ်လာရန် အမိန့်ပေးထားခဲ့ပြီး ဖြစ်ပါသည်။

ဤမျှ လူအင်အား များသည့် ကြားထဲမှသာ လောထျန်း ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါက သူတို့အားလုံး အပြစ်ပေးခံကြရမည် မလွဲပေ။

အထူးသဖြင့် ကောင်းကင်ဘုံ တံခါးဝအဆင့်မှ အစွမ်းထက် ကျင့်ကြံသူ နှစ်ယောက်ဖြစ်သည့် သူတို့က ပိုမဲခံရမည်ဖြစ်သည်။

ဟွမ်လင်က အပြုံးဖြင့် ပြန်ပြော၏။

" စိတ်မပူပါနဲ့ ညီလေး လုံမင်ရာ ၊ ငါ နည်းလမ်းတစ်ခု ကြိုပြင်ဆင်လာခဲ့ပြီးသားပါကွ ။ သူ့ကို ရှာ တွေ့ဖို့ပဲ လိုတာ ။ တွေ့တာနဲ့ သူ လုံးဝ ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး "

သူ့စကားကို ကြားမှသာ လုံမင်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ထိုအချိန်မှာပင် ..သူတို့ အားလုံး မသေမျိုးနန်းတော်ရှေ့သို့ ရောက်လာကြသည်။

" ဝိုး .. ဒါ . . မသေမျိုးနန်းတော် ဆိုတာလား ... ၊ ခမ်းနားလိုက်တာ "

လုံမင်က သူ့ရှေ့မှ မသေမျိုးနန်းတော်ကြီးကို ကြည့်ကာ တအံ့တသြ ရေရွတ်၏။

" ဒါဆို .. လောထျန်းကလဲ ဒီထဲမှာပဲ ရှိမယ်နဲ့တူတယ်။ အားလုံး အထဲဝင်ပြီး သူ့ကို မျှားခေါ်ထုတ်လာခဲ့ကြ "

ယွမ်လင်က အပြုံးဖြင့် ပြောလိုက်သည်။

" သခင်ကြီး ယွမ်လင် ၊ ကျုပ်က တခြားသူတွေလို လုံလောက်တဲ့ ပါရမီ မရှိတာမို့ ဒီကိစ္စကို ကျုပ်ကို လုပ်ခွင့်ပြုပါ "

လူအုပ်ထဲမှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယာက်က ရှေ့ထွက်လာကာ ပြောလိုက်သည်။

သူက ထိုသို့ ပြောပြီးသည်နှင့် မသေမျိုးနန်းတော်ထဲသို့ တဟုန်ထိုး ပြေးဝင်သွား၏။

သို့သော် .

ဘုန်း ...

သူ မသေမျိုးနန်းတော်၏ တံခါးဝ သို့ ရောက်သည့်အချိန်မှာပင် အစွမ်းထက်သော အားတစ်ခုကြောင့် နောက်ပြန်လွင့်လာရသည်။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်သွားကုန်၏။

ထိုအချိန်မှာပင် မသေမျိုးနန်းတော် ဝင်ပေါက်ရှေ့၌ လူရိပ်များစွာ ထွက်ပေါ်လာသည်။

ထိုလူများမှာ ဟွမ်ယင် နှင့် နတ်ဘုရားမြို့တော်မှ နတ်ဘုရားသားတော် သုံးယောက်တို့ပင် ။

သူတို့ရှေ့တွင်မူ အရပ် တစ်ပေပင် မပြည့်သည့် သဘာဝ စိတ်ဝိဥာဥ်တစ်ယောက် ရှိနေ၏။

" ဘာလို့ လူတွေ အဲ့လောက် များနေရတာလဲ "

ဟွမ်ယင်မှာ အပြင်မှ လူအုပ်ကို ကြည့်ရင်း ချက်ချင်း မျက်နှာထား ပြောင်းသွားသည်။

သူမရှေ့မှ လူများ၏ ကျင့်ကြံခြင်းအဆင့် အတိအကျကို သေချာ မပြောနိုင်သည့်တိုင် အားလုံးက သူမထက် အစွမ်းထက်​ကြသည်မှာ သေချာပါ၏။

ထိုလူများ အားလုံးမှာ သူတို့လူစုအား တခဏအတွင်း သတ်ဖြတ်နိုင်စွမ်း ရှိကြပါသည်။

နတ်ဘုရားသားတော် သုံးယောက်မှာလည်း သူမ နည်းတူပင် အံ့သြမှင်သက်နေကြ၏။

" ဟင် .. ကောင်းကင်ဘုံ တံခါးဝအဆင့်က လုံမင် နဲ့  ယွမ်လင်တို့ ပါလား "

လူအုပ်ထဲမှ ခေါင်းဆောင်နှစ်ယောက်ကို လီချွမ် သတိထားမိသွားသည်။

" ကျန်တဲ့သူတွေကတော့ ကြည့်ရတာ အဆုံအစမဲ့ အဆင့်ကနဲ့ တူတယ် ။ အဆုံးအစမဲ့ အဆင့် ကျင့်ကြံသူတွေ ရာပေါင်းများစွာတောင် ရှိနေကြတာပါလား ။ ငါတို့ရဲ့ နတ်ဘုရားမြို့တော် .. ဖျက်ဆီးခံလိုက်ရပြီလား "

ဝမ်ချင်းလီတစ်ယောက် အသံအနည်းငယ် တုန်သွားသည်။

သူ့စကားကို ကြားသောအခါ ကျန်လူများလည်း မျက်နှာပျက်သွားကြ၏။

ယခု ထိုလူအုပ်က ဤနေရာသို့ပင် ရောက်နေပြီဖြစ်ရာ နတ်ဘုရားမြို့တော်၌ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ပြီဆိုသည့် အဓိပ္ပါယ်ပင် ။

" ဘယ်လိုပဲဖြစ်ဖြစ် ၊ ငါတို့တွေ ချီရှောင်ကို ကာကွယ်ပြီးတော့ ဒီလူတွေ သူ့ရဲ့ အမွေအနှစ်ကို မနှောင့်ယှက်နိုင်အောင် တားကြရမယ် "

ဟွမ်ယင်က ပြောလိုက်သည်။

ကျန်လူများကလည်း ခေါင်းညိတ်ကာ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်ကြသည်။

ထိုအချိန်တွင် လုံမင်က လေထဲမှ အောက်သို့ ဆင်းသက်လိုက်ပြီး မသေမျိုးနန်းတော် ဝင်ပေါက်အား မျက်မှောင်ကြုံ့၍ ကြည့်ကာ ပြောလိုက်သည်။

" အတားအဆီးပါလား ၊ ဒီဟာက အဆုံးအစမဲ့ အဆင့်က ကျင့်ကြံသူကိုတောင် တားနိုင်တာပဲ ။ ဒီ အတားအဆီးကို သဘာဝ စိတ်ဝိဥာဥ်ကြီးက လုပ်ထားတာလား "

တဖက်မှ သဘာဝစိတ်ဝိဥာဥ် လူပုလေးက ခေါင်းညိတ်၏။

" ဟုတ်တယ် ၊ ငါကိုယ်တိုင် လုပ်ထားတာ "

လုံမင်က သဘာဝစိတ်ဝိဥာဥ်အား မျက်မှောင်ကြုံ့၍ အချိန်အတန်ငယ်ကြာ စိုက်ကြည့်နေပြီးမှသာ ပြောလိုက်သည်။

" သဘာဝစိတ်ဝိဥာဥ်ကြီး ၊ ကျုပ် မင်းကို အရှက်ရအောင် မလုပ်ချင်ပါဘူး။ အခု ကျုပ်တို့က မိုးကြိုးဘုရင်ကြီးရဲ့ အမိန့်အရ လောထျန်းဆိုတဲ့ ကောင်လေးကို ဖမ်းဖို့ လာခဲ့ကြတာ။ သူ့ကိုသာ ထုတ်ပေးရင် ကျုပ်တို့က အားလုံးကို ဘာမှ မထိဘဲ ချက်ချင်း ထွက်သွားမှာ "

အမှန်တွင်မူ သူ ထိုသို့ ပြောလိုက်ရခြင်းမှာ မသေမျိုးနန်းတော်ထဲသို့ မဝင်လို၍ မဟုတ်ဘဲ သူ့ရှေ့မှ သဘာဝစိတ်ဝိဥာဥ်၏ အစွမ်းက သာမာန်မဟုတ်သည်ကို ခံစားမိနေသောကြောင့် ဖြစ်ပါသည်။

ထိုလူ၏ အစွမ်းမှာ နတ်ဘုရားနန်းတော်၏ တည်ထောင်သူ ဘိုးဘေးနှင့်ပင် ယှဥ်နိုင်မည့်ဟန် ရှိ၏။

သို့ဖြစ်ရာ ထိုသို့သော သဘာဝစိတ်ဝိဥာဥ်မျိုးနှင့် ရင်ဆိုင်ရာတွင် မတိုက်ခိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါသည်။

သို့သော် .. သူ့စကားကြောင့် ဟွမ်ယင်နှင့် ကျန်လူများ အံ့သြမှင်သက်သွားကြ၏။

" သူတို့က လောထျန်းကို ဖမ်းဖို့ လာတာတဲ့ ။ ပြီးတော့ ငါတို့ကိုတောင် လောထျန်းကို ထုတ်ပေးခိုင်းနေသေးတယ်။ အိမ်မက်ပဲ ဆက်မက်လိုက်ဦး "

လီချွမ်ကလည်း ခေါင်းညိတ်၍ ပြောသည်။

" အမှန်ပဲ ၊ သခင်လေး လောထျန်းဆိုတာ ကျုပ်တို့ ​နတ်ဘုရားမြို့တော်ရဲ့ ကျေးဇူးရှင်တစ်ယောက်ပဲ။ ကျုပ်တို့က ကျေးဇူးရှင်တစ်ယောက်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး "

" အဆိုးဆုံးမှ သေဖို့ပဲ ရှိတာပါ "

ဝမ်ချင်းလီကလည်း ထို့နည်းတူပင် မျက်နှာမာထန်စွာ ရပ်နေသည်။

" အားလုံပြောတာ မှန်တယ် ။  ကျုပ်တို့လို နတ်ဘုရားမြို့တော်က လူတွေက ခြိမ်းခြောက်မှုတွေကို ကြောက်စရာ ဘာအကြောင်းမှ မရှိဘူး။ သဘာဝစိတ်ဝိဥာဥ်ကြီးရော ဘယ်လို သဘောရလဲ "

လီချန် ကလည်း ပြော၏။

သို့သော် .. လူပုလေးက မျက်တောင်ပုတ်ပုတ်ခတ်လုပ်ပြီး လက်ညိုးညွှန်ကာ ပြောလာသည်။

" လောထျန်းက ဒီမှာ မရှိဘူး ။ သူက ဟိုးဘက်က ချောက်ကြီးထဲမှာ ဆေးပင်သွားရှာနေတယ် "

အားလုံး   :  " ......... "

ဟွမ်ယင်နှင့် ကျန်လူများမှာ အံ့သြမှင်သက်လွန်း၍ စကားပင် မဆိုနိုင်ကြတော့ချေ။

သဘာဝစိတ်ဝိဥာဥ် က တုန့်ဆိုင်းခြင်းပင် အလျဥ်းမရှိဘဲ လောထျန်းအား ထိုသို့ ရောင်းစားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပါ။

" သဘာဝ စိတ်ဝိဥာဥ် သခင်ကြီး ၊ ဒါ ဘာအဓိပ္ပါယ်လဲ "

လျီချန်က မကျေမနပ် မေးလိုက်သည်။

သို့သော် သဘာဝစိတ်ဝိဥာဥ်ကမူ သူ့အား လျစ်လျူရှုထား၏။

တဖက်မှ လုံမင်ကလည်း မျက်မှောင်ကြုံ့၍ မေးလာသည်။

" ခင်ဗျားက အမှန်အတိုင်း ပြောနေတာလား "

လူပုလေးက ခေါင်းညိတ်ကာ ပြန်ပြော၏။

" သဘာဝစိတ်ဝိဥာဥ်တွေက ဘယ်တော့မှ လိမ်မပြောဘူး "

လုံမင် ခေတ္တမျှ စဥ်းစားကြည့်လိုက်ရာ သဘာဝစိတ်ဝိဥာဥ် တစ်ယောက်က လိမ်ပြောသည်ကို သူ အမှန်တကယ်လည်း တစ်ကြိမ်မှ မတွေ့ခဲ့ဖူးကြောင်း အမှတ်ရသွားသည်။

" ဟားဟား .. ခင်ဗျားက အခြေအနေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်းကြီး သိတာပဲ။ အားလုံး .. သွားကြမယ်ဟေ့ "

လုံမင်က အပြုံးဖြင့် ပြောကာ အားလုံးနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။

All Chapters