← Chapters

ကြက်သွန်မိတ်များကို ရိတ်သိမ်းခြင်း

Vol. 20 Ch. 275

ကြက်သွန်မိတ်များကို ရိတ်သိမ်းခြင်း

Vol. 20 Ch. 275

လောထျန်းက လေထဲမှ လူများအား ခေါင်းမော့၍ စူစူးရှရှ စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ထိုလူများအား အစိမ်းရောင် အလင်းတန်းများ ထွက်နေသည့် ကြက်သွန်မိတ်များဟုသာ ခံစားနေရ၏။

အားလုံးမှာ လောထျန်း၏ စူးရှရှအကြည့်ကြောင့် စိတ်ထဲ မသိုးမသန့်ပင် ခံစားလိုက်ကြရသည်။

နောက်ဆုံးတွင်မူ တစ်ယောက်က မခံနိုင်တော့ဘဲ အော်လိုက်သည်။

" လူငယ်လေး ၊ သေဖို့သာ ပြင်တော့ "

စကားသံ ဆုံးသည်နှင့် လူတစ်ယောက် ကောင်းကင်ယံမှ ဆင်းသက်လာကာ လောထျန်းဆီသို့ တည့်တည့်ကြီး တိုးဝင်သွားသည်။

သို့သော် ..

လက်တစ်ဖက်က သူ့လက်ပေါ်သို့ ရုတ်တရက် ရောက်လာ၏။

ထို့နောက်တွင်မူ ..

ဘုန်း ..

ထိုလူ မြေကြီးထဲသို့ ဖိနှိပ် ခံလိုက်ရတော့သည်။

" ခင်ဗျားက ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ ။ ဒါဆိုလဲ ခင်ဗျားနဲ့ပဲ စလိုက်ကြတာပေါ့ "

လောထျန်းက ပြောကာ ထိုလူ၏ ရင်ဘတ်ပေါ် တက်နင်းလိုက်သည်။ ထို့နောက် သူ့ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်၏။

ဝီ ..

သူ့လက်ထဲတွင် စိတ်ဝိဥာဥ်ပုလဲလုံး တစ်ခု ပေါ်လာကာ ထိုလူ နေရာတွင်ပင် သေဆုံးသွားတော့သည်။

" ဘာတွေဖြစ် ... "

၎င်းကို မြင်လိုက်ရသည့် လူများအားလုံး အံ့သြမှင်သက်ကုန်ကြ၏။

အစောက တိုက်ခိုက်လိုက်သည့် လူမှာ အဆုံးအစမဲ့ အဆင့် ၂ ကျင့်ကြံခြင်းရှိသူ ဖြစ်ပါသည်။

သို့သော် .. သူက လောထျန်း၏ သိုင်းကွက်တစ်ကွက်တည်းဖြင့် ချက်ချင်း အသတ်ခံလိုက်ရသည်လား။

" ညီလေး လုံမင် "

ယွမ်လင်က လုံမင်အား အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။

လုံမင်မှာလည်း မျက်နှာပျက်နေ၏။

" ဒီကောင်လေးက ထူးဆန်းတယ် ၊ အားလုံး သေချာ သတိထားကြပါ "

သူ ကျယ်လောင်စွာ အော်၍ သတိပေးလိုက်သည်။

အမှန်တွင်မူ သူ အော်ပြောနေစရာပင် မလိုပါ။ အားလုံးမှာ အစောက မြင်ကွင်းကြောင့် သတိလက်လွတ် မခံဝံ့ဘဲ နိုးနိုးကြားကြား ရှိနေကြ၏။

ဝှစ် ..

ထို့နောက် တခဏအတွင်းမှာပင် လူများ လှုပ်ရှားသွားပြီး လောထျန်းအား ပတ်ပတ်လည် ဝန်းရံလိုက်ကြသည်။

လောထျန်းက သူ့အား ပတ်လည်ဝိုင်းထားသည့် လူများကို ကြည့်ကာ သက်ပြင်းချ၏။

" ခင်ဗျားတို့ရော .. က ချင်ကြတာလား "

(Uchiha Madara Vibe from Naruto)

" ဟင် .. "

ကြားလိုက်ရသည့် စကားကြောင့် အားလုံး အံ့အားသင့်ကာ နားမလည်နိုင် ဖြစ်သွားကြသည်။

ထိုစဥ်မှာပင် လောထျန်းက လှုပ်ရှားသွား၏။

ထို့နောက်တွင်မူ သူ တည်နေရာရွှေ့ပြောင်းသွားကာ အဆုံးအစမဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ရှေ့တွင် ပေါ်လာသည်။

" ဟင် .. အဲ့လောက်ကို မြန်တာလား "

တဖက်လူ အလွန်အံ့သြမှင်သက်သွားကာ ခုခံရန် ကြိုးစားလိုက်သည်။

သို့သော် ..

ဇွပ် ...

လောထျန်းက သူ့ရင်ဘတ်အား ဓားဖြင့် ထိုးကာ စိတ်ဝိဥာဥ် ပုလဲလုံး ထုတ်ယူလိုက်သည်။

ထိုအရာများ အားလုံးမှာ တစက္ကန့်မျှပင် မရှိသော အချိန်အတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်ပြီး နောက်ထပ် အဆုံအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ဦး နေရာတွင်ပင် သေဆုံးသွားရပြန်၏။

ထို့နောက် လောထျန်းက တဖက်လှည့်ပြီး နောက်တစ်ယောက်ဆီသို့ သွားလိုက်ပြန်သည်။ ထိုလူမှာလည်း ရှေ့လူကဲ့သို့ပင် ထပ်ကြုံလိုက်ရပြန်သည်။

ဤသို့ဖြင့် လောထျန်းက လူ အယောက် ၂၀ ကျော်အား တစ်ဆက်တည်း သတ်သွားလိုက်သည်။  သူတို့ထဲတွင် တစ်စက္ကန့်ထက် ပိုတောင့်ခံနိုင်သူပင် တစ်ယောက်မှ မရှိပါချေ။

ကျန်လူများ အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်နေကြ၏။

၎င်းမှာ နှစ်ဖက်ကြားမှ တိုက်ပွဲတစ်ခုဟုပင် ပြောမရတော့ပါ ။

တစ်ဖတ်သတ် လူသတ်ပွဲဟုသာ ပြောရပါမည်။

မဟုတ်သေးပါ ... ရိတ်သိမ်းခြင်း ကသာ အကောင်းဆုံး စကားလုံးပင် ။

" အားလုံး အစီအမံ ဖော်ဆောင်ကြဟေ့ "

ထိုစဥ် လူတစ်ယောက်က အော်ပြောလာသည်။

ထိုစကားကို ကြားမှသာ အားလုံး အသိပြန်ဝင်သွားကြ၏။ ထို့နောက် လူများစွာစုသွားပြီး  လက်ကွက်များသုံး၍ အကာအကွယ် အစီအမံတစ်ခု ဖန်တီးလိုက်ကြသည်။

ဝီ ..

သူတို့ကို ကာကွယ်ပေးသည့် အကာအကွယ်အစီအမံ ပေါ်လာမှသာ အားလုံး သက်ပြင်းများ ချနိုင်သွားကြ၏။

အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူများစွာ ပေါင်း၍ ဖန်တီးသည့် အကာအကွယ် အစီအမံ၏ အစွမ်းမှာ ပေါ့သေးသေး မဟုတ်ပေ ။

သို့သော် .

ဝှစ် ...

ထိုအချိန်မှာပင် လောထျန်းက အားလုံးရှေ့သို့ တည်နေရာရွှေ့ပြောင်း ရောက်လာသည်။

" ဟင် .. မင်းက ဘယ်လိုလုပ်ပြီး အထဲဝင်နိုင်တာလဲ "

" မင်း .. "

ထိုလူများ အံ့သြတုန်လှုပ်သွားကြ၏။

လောထျန်းက သူတို့၏ အကာအကွယ် အစီအမံကို လုံးဝ လျစ်လျူရှုထားနိုင်သတဲ့လား။

လောထျန်းကမူ ထိုစကားကို ကြားမှသာ နောက်လှည့်ကြည့်၍ ​ပြန်ပြောသည်။

" အိုး .. ခင်ဗျားတို့က အကာအကွယ် အစီအမံတစ်ခု လုပ်ထားကြတာလား "

သူက ပြောပြောဆိုဆိုပင် အစီအမံ အပြင်ဘက်သို့ တည်နေရာ ပြန်ရွှေ့ပြောင်းသွား၏။

" ဟင် .. သူက ဘာလုပ်မလို့လဲ "

အားလုံးက သူ့အား နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။

ထိုအချိန်မှာပင် လောထျန်းက သူ့လက်ထဲမှ ဓားကို မြှောက်ပြီး  ချွင်ခနဲ ခုတ်ချလိုက်တော့သည်။

ကြောက်မက်ဖွယ် ဓားစွမ်းအင်က အစီအမံအား ချက်ချင်းပင် ဖြိုခွဲပစ်လိုက်တော့၏။

အု .. အွတ် ...

ထိုဓားချက်ကို ခံလိုက်ရသည်နှင့် အစီအမံထဲတွင် ရှိနေသော လူများအားလုံးလည်း သွေးများ အန်ကုန်ကြကာ နောက်သို့ လွင့်ထွက်သွားတော့သည်။

" ကျွတ်စ် .. အစီအမံက တအားအစွမ်းထက်မယ်လို့ ထင်နေတာ ၊ အခုတော့လဲ ဘာမှ မဟုတ်ပါလား "

လောထျန်းက ပြောကာ စိတ်ဝိဥာဥ် ပုလဲလုံးများ ဆက်စုဆောင်းလိုက်သည်။

လောထျန်း၏ လှုပ်ရှားပုံကို ကြည့်ကာ လုံမင်တစ်ယောက် ပါးစပ်ကြီး အဟောင်းသား ဖြစ်နေသည်။

" အကို ယွမ်လင် ၊ အကိုပြောတော့ လေထုကို ချုပ်နှောင်ပြီး သူ တည်နေရာရွှေ့ပြောင်းလို့ မရအောင် လုပ်ထားတယ်ဆို "

လုံမင်၏ အသံတွင် မကျေနပ်ဟန် အထင်းသား ပေါ်နေ၏။

ထိုအချိန်တွင် ယွမ်လင်မှာလည်း သွေးဆုတ် ဖြူရော်နေသည့် မျက်နှာဖြင့် ဖြစ်နေလေပြီ ။

" ငါ သူ့ကို တကယ်ကြီး ချုပ်နှောင်ထားတာကွ။ သဘောတရားအတိုင်း ဆိုရင် သူ တည်နေရာရွှေ့ပြောင်းလို့ မရသင့်ဘူး ။ ဒါပေမယ့် .. ဘာဖြစ်လို့ ဆက်​ရွှေ့နေနိုင်တာလဲ ဆိုတာကိုတော့ ငါ တကယ် မသိဘူး "

လုံမင်က အေးစက်စက် ပြန်ပြောသည်။

" ဒါဆို ကျုပ်တို့တွေ ဘာဆက်လုပ်ကြရမှာလဲ "

ယွမ်လင်က သက်ပြင်းရှည်ကြီး ချသည်။

" ငါလဲ မသိဘူးကွ "

ဤအခြေအနေမှာ သူ လုံးဝ မျှော်လင့်မထားသည့် အခြေအနေတစ်ခု  ဖြစ်ပါသည်။

သူ ယခင်က စုဆောင်းထားခဲ့သည့် သတင်းများအရ ဆိုလျှင်လည်း လောထျန်းက ယခုလောက် အစွမ်းထက် မနေသင့်ပါချေ။

လုံမင်မှာ ယွမ်လင် ဖြစ်သွားသည့် ပုံကို ကြည့်ကာ သက်ပြင်းချ၏။

" ဒီတိုင်းဆို ကျုပ်တို့တွေ အရင်ဆုံး နောက်ဆုတ်ကြတာပဲ ကောင်းမယ်ထင်တယ်ဗျာ။  ဒီကောင့်အစွမ်းက ကျုပ်တို့ ခန့်မှန်းထားတာထက်ကို အများကြီး ပိုနေတယ် ။ သူ့ကို မိုးကြိုးဘုရင် ကိုယ်တိုင်ပဲ သတ်လို့ရမယ်ထင်တယ် "

ထိုစကားကို ကြားသောအခါ ယွမ်လင်၏ မျက်နှာထား ချက်ချင်း ပြောင်းသွားပြီး ထူးထူးဆန်းဆန်းပုံ ဖြစ်သွားသည်။

" ညီလေး လုံမင် ၊ အခုက ဒီ လေထုတစ်ခုလုံးကို ချုပ်နှောင်ထားတာလေ ။လင်းလုံမျှော်စင် ရတနာ ခုနစ်သွယ်ရဲ့ စိတ်စွမ်းအင်တွေ မကုန်မချင်း ငါ ကိုယ်တိုင်တောင် မထွက်နိုင်ဘူး "

ယွမ်လင်က ပြောလိုက်သည်။

ဤတစ်ကြိမ် ပါးစပ်အဟောင်းသား ဖြစ်သွားရသူမှာ လုံမင်ပင် ။

ထိုအချိန်မှလည်း လောထျန်းအား ဖမ်းနိုင်ရန်အတွက် ထိုသို့ စီစဥ်ထားမှန်း ယွမ်လင်ကိုယ်တိုင် ပြောခဲ့သည်ကို သူ ပြန်မှတ်မိသွား၏။

သို့သော် .. ၎င်းက ရန်သူကို ချုပ်နှောင်ရမည့်အစား သူတို့ကိုသာ ပြန်ပိတ်လှောင်ထားသည့် ထောင်တစ်ခု ဖြစ်လာမည်မှန်း မည်သို့ သိခဲ့ပါမည်နည်း။

ထိုစဥ် တဖက်မှ လောထျန်းကမူ တစ်နေရာပြီး တစ်နေရာ တည်နေရာရွှေ့ပြောင်းကာ တစ်ယောက်ပြီးတစ်ယောက် သတ်၍ စိတ်ဝိဥာဥ်ပုလဲလုံးများ ဆက်တိုက် ထုတ်ယူနေ၏။

ဝှစ် ..

ထို တခဏတွင် သူ့ခန္ဓာကိုယ်က လင်းလုံမျှော်စင် ရတနာ ခုနစ်သွယ် ချုပ်နှောင်ထားသည့် လေထုအပြင်ဘက်သို့ ရုတ်တရက် တည်နေရာ ရွှေ့ပြောင်းသွားသည်။

" ဟင် .. ငါ အကွာအဝေး  တွက်ချက်တာများ မှားသွားလို့လား ။ ငါ အပြင်တောင် ရောက်လာတာပဲ ။ မဖြစ်သေးဘူး ၊ အထဲဝင်ပြီး ပြန်တိုက်ခိုက်ရဦးမယ် "

လောထျန်းက  ထိုသို့ ရေရွတ်ပြီး နောက်လှည့်ကာ တည်နေရာ ထပ်မံရွှေ့ပြောင်း၍ ချုပ်နှောင်ထားသော လေထုထဲ ပြန်ဝင်လိုက်သည်။

လုံမင်တစ်ယောက် နဖူးကြောကြီးများပင် ထောင်သွား၏။

" အကိုယွမ်လင် .. အကိုပြောတော့ သူ ထွက်လို့မရဘူးဆို။ အခု ဒီကောင်လေးက ဘာလို့ အပြင်ထွက်လို့ ရနေတာလဲ "

လုံမင် ဒေါသတကြီး ပြောလိုက်သည်။

၎င်းမှာ လောထျန်းအား ချုပ်နှောင်ထားနိုင်သည်ဟုသာ သူ ထင်နေခဲ့သော်လည်း ယခုတွင်မူ လောထျန်းက မည်သို့မှပင် ခံစားရဟန် မတူပါ။

ထိုအစား သူတို့ကသာ ထောင်ထဲ ရောက်သလို ဖြစ်နေ၏။

သူတို့ ချုပ်နှောင် နေသူက မည်သူပါနည်း။

" ငါ ... "

ထိုအချိန် ယွမ်လင်မှာလည်း ငိုချတော့မလို မျက်နှာကြီး ဖြစ်နေသည်။

သူ့တစ်ဘဝလုံးတွင်ပင် ယခုကဲ့သို့ ပြောစရာ စကားမဲ့သော အခြေအနေနှင့် မကြုံဖူးခဲ့ပါချေ။

ဘာတွေ ဖြစ်နေပါသနည်း။

သူ ဒုက္ခများစွာ ခံပြီး ကြိုးစားခဲ့သည့် အရာက သူ့ကိုယ်သူ ပြန်ချုပ်နှောင်သလို ဖြစ်သွားခဲ့ရသည်လား။

တဖက်မှ သူတို့ခေါ်လာသည့် အစွမ်းထက်ကျင့်ကြံသူ တစ်ဝက်ကျော်မှာလည်း ဒဏ်ရာရသူရ ၊ သေ သူသေ ဖြစ်နေကြလေပြီ ။

ကျန်နေသေးသည့် လူများမှာလည်း တိုက်ခိုက်လိုစိတ် ရှိကြတော့ဟန် မတူပါ။

" အားလုံး ပြေးကြဟေ့ .. ငါတို့ ဒီ ဘီလူးနဲ့ ယှဥ်မတိုက်နိုင်ဘူး "

" ဟုတ်တယ် ၊ ပြေးကြမယ်ဟေ့ "

လူတစ်စုက အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးလိုက်ကြသည်။

သို့သော် .. ချုပ်နှောင်ထားသော အစီအမံ အတားအဆီးရှေ့သို့ ရောက်သည်နှင့် သူတို့အားလုံး နောက်ပြန် လွင့်လာကြ၏။

" %$##$$ .. ဘာဖြစ်လို့လဲ "

" ဟိုကောင်ကျ ထွက်လို့ရပြီး ငါတို့ကျ ဘာလို့ မရတာလဲ "

" ယွမ်လင် .. ဒါတွေအားလုံး မင်းအပြစ်ကြောင့်ပဲ ၊ သုံးစားမရတဲ့ အဘိုးကြီး "

" ယွမ်လင် .. မင်းကို အသေဆိုးနဲ့ သေအောင်ကို လုပ်ပစ်မယ် "

သူတို့လူစု ဆဲရေးနေကြစဥ်မှာပင် လောထျန်းက သူတို့နောက်သို့ ရောက်လာသည်။

" ကဲ .. စလိုက်ကြစို့ "

လောထျန်းက ပြောပြောဆိုဆိုပင် လက်ထဲမှ ဓားကို မြှောက်၍ နောက်လူတစ်စုအား ရိတ်သိမ်းလိုက်ပြန်သည်။

ဤသို့ဖြင့် အချိန် တခဏလေးအတွင်းမှာပင် ရာပေါင်းများစွာသော အဆုံးအစမဲ့ ကျင့်ကြံသူများအားလုံး လောထျန်းလက်ချက်ကြောင့် သေသွားကြပြီး ယွမ်လင် နှင့် လုံမင် တို့ နှစ်ယောက်တည်းသာ ကျန်နေခဲ့တော့၏။

" ဒီနှစ်ယောက်က ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူတွေ မဟုတ်လား "

လောထျန်းက သူတို့နှစ်ယောက်အား အရောင်လက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထိုနှစ်ယောက်မှာ ဤကြက်သွန်မိတ် ခင်းကြီးထဲ၌ အကောင်းဆုံး ကြက်သွန်မိတ် နှစ်ပင် ပင် ။

တဖက်မှ လူနှစ်ယောက်မှာမူ လောထျန်း၏ အကြည့်ကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်ယင်သွားကြ၏။

" ဟို .. သခင်လေးလောထျန်း ၊ ကျုပ်တို့ကြားမှာ နားလည်မှုလေး လွဲသွားတယ်ထင်တယ် "

လုံမင်က အပြုံးဖြင့် ဆိုလိုက်သည်။

လောထျန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်ပြော၏။

" နားလည်မှုလွဲတာ ဟုတ်လား ၊ ကျုပ်ကို အရူးလို့များ ထင်နေကြတာလား "

လုံမင်က ရှက်သွားဟန်ဖြင့် ပြန်ပြောသည်။

" သခင်လေး လောထျန်း ၊သခင်လေးသာ ကျုပ်ကို မသတ်ဘူးဆိုရင် ကျုပ်မှာ ရှိသမျှ ရတနာတွေနဲ့ သိုင်းကျမ်းတွေကို ပေးပါ့မယ်ဗျာ။ ဘယ်လိုလဲ "

လောထျန်းက သက်ပြင်းချလိုက်သည်။

" ကျုပ် ခင်ဗျားကို သတ်လိုက်ရင် အဲ့ရတနာတွေ အားလုံးကို ကျုပ်ပဲ ရမှာ မဟုတ်ဘူးလား "

" အမ် ... "

လုံမင်တစ်ယောက် စကားမဆိုနိုင် ဖြစ်သွားပြန်၏။

ထို့နောက်တွင်မူ သူ့မျက်နှာ ရုတ်ချည်း အေးစက်သွားကာ ပြောသည်။

" အဲ့ လိုဆိုမှတော့လဲ ကျုပ်ဘက်က ကြိုးစားကြည့်ရတော့မှာပေါ့ "

All Chapters