← Chapters

ပုလင်းအပြည့်

Vol. 20 Ch. 276

ပုလင်းအပြည့်

Vol. 20 Ch. 276

လုံမင်၏ မျက်လုံးများ ချက်ချင်း စူးရှသွား၏။

သူ့အရောင်အဝါကလည်း ပိုပို၍ အစွမ်းထက်လာသည်။

သူ့ဘေးတွင် ရပ်နေသည့် ယွမ်လင်မှာလည်း တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားဟန်ဖြင့် တအံ့တသြ ပြောလာသည်။

" ညီလေး လုံမင် .. မင်းက .. "

သို့သော် .. သူ့စကား မဆုံးခင်မှာပင် ..

ဝှစ် ..

လောထျန်းက လုံမင်ရှေ့သို့ တည်နေရာ ရွှေ့ပြောင်းသွားကာ သူ့အား ဓားဖြင့် ခုတ်ချလိုက်တော့သည်။

" ဟင် .. "

လုံမင်တစ်ယောက် အလွန်ထိတ်လန့် တုန်လှုပ်သွားကာ ချက်ချင်း ခုခံရန် ပြင်လိုက်၏။

ဇွပ် ..

လောထျန်း၏ ဓားချက်က လုံမင်၏ ပခုံးပေါ်သိူ့ ကျသွားပြီး သူ့လက်မောင်းတစ်ဖက် ပြတ်သွားတော့သည်။

သို့သော် လုံမင်က သူ့ဒဏ်ရာအား လုံးဝ ဂရုစိုက်ဟန် မပြဘဲ သူ့အစွမ်းများ အားလုံးကို လက်တစ်ဖက်တည်းတွင်သာ စုစည်း၍ ကောင်းကင်ယံသို့ ထိုးလိုက်သည်။

ဘုန်း ..

သူ့လက်သီးမှ ထွက်လာသော ကြောက်မက်ဖွယ် အစွမ်းက လေထဲသို့ ထိုးတက်သွားကာ ချုပ်နှောင်ထားသော လေထု၏ အကာအရံနှင့် တိုက်မိသွား၏။ လင်းလုံမျှော်စင် ရတနာခုနစ်သွယ် တစ်ခုလုံးမှာ ထိုအစွမ်းကြောင့် အကြိမ်အနည်းငယ်ပင် တုန်ခါသွားသည်။

" ဟင် .. ခင်ဗျားကြီးက ဘာတွေ လုပ်နေတာလဲ "

လောထျန်း အံ့အားသင့်သွား၏။

ထိုလူက ဟိတ်ကြီးဟန်ကြီးဖြင့် အစွမ်းကို စုစည်းပြီးမှ သူ့အား တိုက်ခိုက်မလာဘဲ ဟင်းလင်းပြင် လေထုကိုသာ တိုက်ခိုက်လိုက်သဖြင့် သူ အံ့အားသင့်သွားရခြင်းပင်။

" မဖြစ်နိုင်ဘူး ၊ လုံးဝ မဖြစ်နိုင်ဘူး ။ ငါ အရင်က တစ်ခါ ကြိုးစားဖူးတယ်လေ ။ ငါ့ရဲ့ အစွမ်းအပြည့်ကိုသာ သုံးရင် ကောင်းကင်ဘုံ တံခါးဝကို ဖွင့်နိုင်တဲ့ အခွင့်အရေးရှိတယ် "

လုံမင်က အသံတုန်တုန်ဖြင့် ပြောလာသည်။

သူ ဤနေရာတွင်သာ ဆက်နေပါက အသက်ဆုံးရမည်မှာ သေချာနေသည့်အတွက် ကောင်းကင်ဘုံ တံခါးကို အင်အားသုံး ဖွင့်ကာ ပိုမြင့်သည့် အဆင့်သို့ တက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပါသည်။

သို့ဆိုလျှင် သူ ယာယီ အသက်ဆက်ရှင်နိုင်သေးသည် မဟုတ်ပါလား။

သို့သော် .. သူ အားကုန်သုံး၍ ထိုးလိုက်သည့်တိုင် ကောင်းကင်ဘုံ တံခါးက ပေါ်မလာခဲ့ပေ။

တဖက်မှ ယွမ်လင်က အိုးတို့အမ်းတမ်း ပြော၏။

" ညီလေး လုံမင် ၊ ဒီ လင်းလုံ မျှော်စင် ရတနာခုနစ်သွယ်က ... ကောင်းကင်နဲ့ မြေကြီးကနေ သီးသန့် ခွဲထွက်ထားနိုင်တဲ့ စွမ်းရည်ရှိတယ်။ ဒါ့ကြောင့်မို့ ဒီ လေထုထဲကို ရောက်နေတဲ့အချိန် ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီး ပိုမြင့်တဲ့အဆင့်ကို တက်လို့မရဘူး "

ကြားလိုက်ရသည့် စကားကြောင့် လုံမင် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

ထို့နောက် သူ ယွမ်လင်ဘက် ချာခနဲ လှည့်ကြည့်ကာ ဒေါသတကြီး အော်၏။

" ခွေးမသား ယွမ်လင် ၊ မျိုးမစစ်ကောင် ၊ မင်း အသေဆိုးနဲ့ သေပါစေလို့ ငါ ကျိန်တယ် "

ယခု လက်ရှိတွင် ယွမ်လင်အပေါ် မုန်းသည့် အမုန်းက လောထျန်းအပေါ် ရှိသည့် အမုန်းထက် ကျော်လွန်သွားခဲ့လေပြီ။

အကယ်၍ ယွမ်လင်ကသာ ထို လင်းလုံမျှော်စင် ရတနာခုနစ်သွယ် အစီအမံကို မသုံးခဲ့ပါက အနည်းဆုံး သူ အသက်ဘေးမှ လွတ်အောင် ထွက်ပြေးနိုင်သေးသည် မဟုတ်ပါလား။

သို့သော် .. ယခုတွင်မူ ယွမ်လင် သုံးခဲ့သည့် အကွက်က လောထျန်းအပေါ် မည်သို့မှ မသက်ရောက်ဘဲ သူတို့အား သေတွင်းထဲသို့ တွန်းပို့လိုက်သလိုသာ ဖြစ်ခဲ့ရ၏။

သူ ယွမ်လင်အား ဆဲရေးနေစဥ်မှာပင် လောထျန်းက သူ့နောက်သို့ တည်နေရာရွှေ့ပြောင်းပြီး ရောက်လာသည်။

ထို့နောက် ..

ဇွပ် ..

ဓားတစ်လက်က လုံမင်၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားတော့၏။

ထို့နောက် လောထျန်းက လက်ယမ်း၍ သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် လုံမင်၏ ခန္ဓာကိုယ်အား ချုပ်နှောင်လိုက်သည်။

ဆယ်စက္ကန့်ကျော် အကြာတွင်မူ လောထျန်း၏ လက်ထဲတွင် စိတ်ဝိဥာဥ်ပုလဲလုံးတစ်ခု ပေါ်လာသည်။

" ကောင်းကင်ဘုံ တံခါးဝအဆင့်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ပီသပါပေတယ်။ စိတ်ဝိဥာဥ်ပုလဲလုံး ထုတ်ယူဖို့တောင် တော်တော်ခက်တာပဲ "

လောထျန်း မနေနိုင်ဘဲ သက်ပြင်း ချမိသွား၏။

ပြီးနောက်တွင်မူ သု့အကြည့်က ယွမ်လင်ဆီသို့ ရောက်သွားသည်။

" အိုး .. သေချာစဥ်းစားကြည့်မှ ခင်ဗျားကို ကျေးဇူးတင်ရမှာပဲ။ ခင်ဗျားရဲ့ မျှော်စင်ကြောင့်သာ မဟုတ်ရင် ကျုပ် ဒီလောက် သေသေချာချာ ရိတ်သိမ်းနိုင်မှာ မဟုတ်ဘူး "

သူ အပြုံးဖြင့် ဆိုလိုက်သည်။

သူ့စကားကြောင့် ယွမ်လင် သွေးများပင် အန်သွား၏။

" လောထျန်း ၊ မင်း နိုင်ပါတယ်ကွာ ။ ဒါပေမယ့် မင်း ငါ့ကို သတ်လိုက်ရင်တောင် အဆုံးသတ်က မကောင်းနိုင်ဘူးကွ ။ မိုးကြိုးဘုရင်က မင်းကို ဒီတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး "

ယွမ်လင်က ထိုသို့ ပြောပြီးသည်နှင့် သူ့ခေါင်းသူ လက်ဖြင့် ပြန်ရိုက်လိုက်သည်။

သို့သော် ...

ဝုန်း ..

ရွှေရောင် လက်ကြီးတစ်ဖက် ပေါ်လာကာ သူ့အား ချုပ်နှောင်ထားလိုက်၏။

" စိတ်မရှိပါနဲ့ ၊ ခင်ဗျားအသက်ကို ကျုပ်ကိုယ်တိုင်ယူမှ ဖြစ်မှာမို့ပါ "

လောထျန်းက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ယွမ်လင်၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များဖြင့် ပြည့်သွား၏။

ဆယ်စက္ကန့်ကျော် အကြာတွင်မူ ...

" ကဲ .. နောက်ဆုံး စိတ်ဝိဥာဥ်ပုလဲလုံးကို ရပြီ ။ ဒီတစ်ခေါက်တော့ တကယ်ကို .... "

လောထျန်းက သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ စိတ်ဝိဥာဥ်ပုလဲလုံးများ အားလုံးကို ထုတ်ကြည့်လိုက်ကြသည်။ သူ့မျက်နှာမှာလည်း ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ဘဲ ပြုံးဖြီးနေ၏။

ထို စိတ်ဝိဥာဥ်ပုလဲလုံး တစ်လုံးစီတိုင်းက အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်စီကို ကိုယ်စားပြုသည် မဟုတ်ပါလား။

ထို့အပြင် ကောင်းကင်ဘုံ တံခါးဝ အဆင့်မှ ပုလဲလုံး နှစ်ခုလည်း ပါနေပါသေးသည်။

သူ့စိတ်ကူးထဲတွင်လည်း အဆုံးအစမဲ့အဆင့် ကျင့်ကြံသုများက ခွေးများ ကြောင်များကဲ့သို့ ပေါများကာ နေရာတိုင်းတွင် ရှိနေသည့် ပျောင်ပိုင်မြို့ ပုံရိပ်ကို မြင်ယောင်မိသွား၏။

" ဒါပေမယ့် ဒီ တစ်ခေါက် ရခဲ့သမျှထဲမှာ အကြီးဆုံးကတော့ ဒါပဲ "

လောထျန်းက ပြောပြောဆိုဆိုပင် နှစ်တစ်ထောင်မသေမျိုး ကြာပွင့်အား ထုတ်လိုက်သည်။

ယခုတစ်ကြိမ် သူ နတ်ဘုရားမြို့တော်သို့ လာခဲ့ရသည့် အကြောင်းရင်းမှာလည်း ထိုအရာတစ်ခုတည်းကြောင့်သာ ဖြစ်ပါသည်။

" ကဲ .. ပစ္စည်းတွေလဲ အားလုံး စုံနေပြီဆိုတော့ ကျင့်ကြံခြင်း နောက်တစ်ဆင့် တက်ဖို့ပဲ ရှိတော့တယ် "

လောထျန်း ရေရွတ်လိုက်သည်။ သူ့မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုက အထင်းသား ပေါ်နေ၏။

သူ ကျင့်ကြံခြင်း အဆင့်တက်မည်ကို ဤတစ်ကြိမ်လောက် ဘယ်တုန်းကမှ စိတ်မလှုပ်ရှားခဲ့ဖူးပါချေ။

အဘယ့်ကြောင့်ဆိုသော် .. ဤတစ်ကြိမ် ကျင့်ကြံခြင်းအဆင့် တက်ပြီးသွားသည်နှင့် သူ ပျံသန်းနိုင်တော့မည် ဖြစ်သောကြောင့်ပင် ။

သူ့ထံတွင် စီးတော်ယာဥ် ဘုရင်ကျင်းဖန် ရှိသော်လည်း ... အခြားသူတစ်ယောက်၏ ကျောပေါ်တွင် ပျံသန်းရခြင်းက မိမိကိုယ်တိုင် စူပါမန်းလို လွတ်လပ်စွာ ပျံသန်းရခြင်းနှင့် မတူပေ။

" ကဲ စလိုက်တော့မယ် "

လောထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် မသေမျိုးဆေးပင်၏ အစွမ်းကို စတင်စုပ်ယူလိုက်သည်။

တစ်ချိန်တည်းမှာပင် မြောက်ပိုင်းနန်းတော် အပြင်ဘက်၊ နတ်ဘုရားမြို့တော်၌  မိုးထစ်ချုန်းသံများ ထွက်ပေါ်နေ၏။

ကြောက်မက်ဖွယ် စစ်ပွဲကြီး တစ်ပွဲလည်း ဖြစ်နေသည်။

ဘုန်း ..

ကျယ်လောင်သော အသံတစ်သံနှင့်အတူ လူရိပ်တစ်ခုက လေထဲမှ လွင့်စင်လာကာ မြေကြီးပေါ်သို့ ကျလာသည်။

နတ်ဘုရမြို့တော်အား များစွာသော အစွမ်းထက် အစီအမံများဖြင့် ကာကွယ်ထားသည့်တိုင် ထို တိုက်ခိုက်မှုကိုမူ မခံနိုင်ဘဲ မြို့အစိတ်အပိုင်းကြီး တစ်ခုက ချက်ချင်း ပျက်စီးသွား၏။

ထိုမြင်ကွင်းကို ခပ်ဝေးဝေးမှ ကြည့်နေကြသူများ ကိုယ့်မျက်စိကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

" ဒါ ..ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ။ သူတို့ နှစ်ယောက်လုံးက မသေမျိုးတွေပဲဟာကို ။ သူတို့ကြားက အစွမ်းကွာဟချက်က ဘာလို့ အဲ့လောက် ကြီးနေရတာလဲ "

အဘိုးကြီးတစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။

သူ့အကြည့်ကလည်း လေထဲမှ လူဆီသို့ ပြန်ရောက်သွား၏။

ထိုစဥ် လေထဲတွင်မူ အစိမ်းရောင် ဝတ်စုံနှင့် လူကြီးတစ်ယောက်က မြေပြင်မှ မိုးကြိုးဘုရင်အား မာထန်ထန် မျက်နှာထားဖြင့် ငုံ့ကြည့်နေသည်။

" ကြည့်ရတာ ငါ အတွေးလွန်သွားတယ်နဲ့ တူပါတယ်။ ငါက မြောက်ပိုင်းဒေသမှာ နောက်ထပ် မသေမျိုးတစ်ယောက် ထပ်ပေါ်လာပြီတောင် ထင်နေခဲ့တာ "

အစိမ်းရောင်ဝတ်စုံနှင့် လူကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" မင်း .. ဒါ ဘာအဓိပ္ပါယ်လဲ "

မြေကြီးပေါ်မှ မိုးကြိုးဘုရင်က ဖုန်များပေကျံနေသည့် မျက်နှာဖြင့်ဒေါသတကြီး ပြောလာ၏။

" ငါ ပြောချင်တဲ့ သဘောက မင်းက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် မဟုတ်ဘူးလို့ ဆိုလိုတာ "

အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေးက ပြန်ပြောလိုက်သည်။

" ဘာလို့ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ ။ ငါက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ပဲလေ ။ ငါက မြောက်ပိုင်းဒေသ သမိုင်းတလျှောက်လုံးမှာတောင် အစွမ်းအထက်ဆုံး မသေမျိုးတစ်ယောက်ပဲ "

မိုးကြိုးဘုရင်ကြီး ဒေါသူပုန် ထသွားသည်။ သူ့အော်နေစဥ်တွင်လည်း သူ့ကိုယ်မှ အဆုံးမဲ့သော မိုးကြိုနှင့် လျှပ်စီးများ ထွက်ပေါ်လာ၏။

သို့သော် အစိမ်းရောင်ဝတ်စုံနှင့် လူကြီးက ထိုလျှပ်စီးမိုးကြိုးများအား ဓားတစ်ချက် ဝေ့ယမ်း၍သာ ဖျက်ဆီးပစ်သည်။

ဝှစ် ..

မိုးကြိုးဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးချင်းချင်း နီနေသည့် အပေါက်ကြီးတစ်ပေါက် ပေါ်လာကာ အနောက်ဘက် ပေထောင်ချီ အကွာအဝေးသို့ လွင့်စင်သွားသည်။

ဓားတစ်ချက်တည်းဖြင့် သူ့ကိုယ်တွင် ဒဏ်ရာကြီးစွာ ရသွားခဲ့လေပြီ။

အစိမ်းရောင် ဝတ်စုံနှင့် လူကြီးက မိုးကြိုးဘုရင်ကို ကြည့်ကာ အေးစက်စက် ပြော၏။

" မင်းသာ တကယ်တမ်း ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ဆိုရင် ငါ့ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်က တစ်ချက် တိုက်ခိုက်ရုံနဲ့ အဲ့လောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနိုင်ပါ့မလား "

" မင်း ... လျှာရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့ ။ ငါက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ပဲကွ "

မိုးကြိုးဘုရင်က အရူးတစ်ယောက်သဖွယ် ဒေါသတကြီး ပြန်အော်သည်။

နံဘေးမှ ကြည့်နေကြသူများမှာ ထိုမြင်ကွင်းကြောင့် အံ့သြတုန်လှုပ်သွားကုန်၏။

" မိုးကြိုးဘုရင်က .. တကယ်ကြီး ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်မဟုတ်ဘူးလား "

" လျှောက်ပြောမနေနဲ့ ၊ မိုးကြိုးဘုရင်ဆီက မသေမျိုးအစွမ်းကို မင်းလဲ ခံစားမိလိုက်တာပဲလေ ။ ဒါကို ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် မဟုတ်လို့ ဘာဖြစ်ရဦးမှာလဲ "

" ဒါဆို .. သူတို့ နှစ်ယောက်ကြားက အစွမ်းကွာဟချက်ကိုရော မင်း ဘယ်လို ပြောမလဲ ။ အစိမ်းရောင်ဝတ်စုံနဲ့ ဘိုးဘေးက အကြွင်းအကျန် စိတ်ဝိဥာဥ်ဆိုတာ မင်းလဲ သိတာပဲကွာ "

" ဒါလဲ ဟုတ်တာပဲ "

ထိုတခဏတွင် အားလုံး အခြေအနေကို နားမလည်နိုင်ဖြစ်ကာ စိတ်ရှုပ်သွားကြသည်။

တဖက်မှ မြို့စားကြီး သုံးယောက်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြတုန်လှုပ်နေကြ၏။

" အကိုကြီး ၊ ဘိုးဘေးပြောသွားတဲ့ စကားက ဘာအဓိပ္ပါယ်လဲဗျ "

ချုကျင်းထောင်က နားမလည်နိုင်စွာ မေးလိုက်သည်။

ရှန့်လင်ကျိုးက ခေါင်းယမ်း၍ ပြန်ပြော၏။

" ငါလဲ မသိဘူးကွ "

စီမာထျန်းချန်မှာလည်း သူတို့နည်းတူပင်နားမလည်နိုင်ဟန် မျက်နှာထား ရှိနေသည်။

ထိုစဥ် သူတို့နှင့် ခပ်လှမ်းလှမ်းမှ အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေးက သူတို့ သုံးယောက်ဘက် လှည့်ကြည့်လာကာ တစ်စုံတစ်ခုကို ရှင်းပြလိုဟန်ဖြင့် ပြောလာ၏။

" ဒီ ကမ္ဘာပေါ်က မသေမျိုးဆိုတာ ထူးခြားတဲ့ ဂုဏ်ပုဒ်တစ်ခုပဲကွ။ ဒီ ကမ္ဘာပေါ်မှာ ရှိတဲ့ မသေမျိုးတိုင်းကို ကမ္ဘာပေါ်က မသေမျိုးလို့ ခေါ်လို့မရဘူး "

All Chapters