အခန်း (၅၆၁-၅၆၄)
Vol. 36 Ch. 561-564
အခန်း ၅၆၁ ရေပေါ်အလင်း
ကောင်းဖန်က စိတ်ခံစားချက်ကို မဖော်ပြပေ။ " မင်းက ငါ့ကို ခေါ်ယူချင်တယ်ဆိုပြီး မင်း ငါ့ရဲ့ သိချင်စိတ်ကို ကျေနပ်အောင် မလုပ်နိုင်ဘူးလား... ဘာလို့ ထျန့်ကျဲကျောင်းကို အမြဲတိုက်ခိုက်နေတာလဲ”
“ဒီလို အပြုအမူမျိုးက ငါ့အတွက်တော့ အထင်ကြီးစရာ မကောင်းဘူး.. ငါ့ကို ယိုဟူလူမျိုးစုထဲရောက်အောင်လုပ်ဖို့ အစီအစဉ်မှာ အဲဒါက ဘယ်လိုကူညီပေးလို့လဲ"
“ဒါကိုတော့ ငါ ကူညီရှင်းပြပေးနိုင်ပါတယ်.. ငါတို့လာတဲ့ နေရာမှာ မျိုးနွယ်စုကို သိမ်းပိုက်တာက ပုံမှန်ပဲ.. မျိုးနွယ်စုတစ်ခုကို ပေါင်းစည်းဖို့ အရိုးရှင်းဆုံးနဲ့ အပြင်းထန်ဆုံးနည်းလမ်းက အဲဒါကို အားပျော့စေဖို့ပဲလေ.. ခုခံဖို့ အင်အားမရှိတဲ့အခါနဲ့ အားနည်းဆုံးအချိန်မှာ အရာအားလုံးကို သိမ်းပိုက်ရတာ လွယ်ကူလို့ပေါ့”
ကောင်းဖန်က သူ့ကို အသိအကျွမ်းအဖြစ် အသိအမှတ်ပြုလိုက်သည်။
"တုံရှန်း… ကြည့်ရတာ စံတုံမျိုးနွယ်စုက ဒီလက်ထဲမှာ ရှိနေပုံပဲ” ကောင်းဖန်က စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
တုံရှန်းကအနည်းငယ် စိတ်ရှုပ်သွားပုံရသည်။ သူက ကောင်းဖန်ကို ခဏကြည့်ပြီးနောက် နှာမှုတ်လိုက်သည်။ “ဒါ…ဒါက စံတုံ မျိုးနွယ်စုနဲ့ ဘာမှမဆိုင်ဘူံ.. အဲဒါက မင်းကို မကျေနပ်တာ သက်သက်ပဲ.. မင်းရဲ့အဆုံးသတ်ကိုကြည့်ဖို့ ငါကဒီကိုဖိတ်လိုက်တာ.. ဒီ တစ်ခြားကိစ္စတွေမှာ မပါဝင်ဘူး..
“ဘာပဲဖြစ်ဖြစ် နဂါးဖြူမျိုးနွယ်စုက မင်းကို ကာကွယ်ဖို့ လူတွေ လွှတ်ပေးမယ်လို့ မထင်လိုက်နဲ့.. အမှန်က မင်းရဲ့ တောင်ပိုင်း ကောင်ကင်အဖွဲ့အစည်း ဖျက်ဆီးခံရရင်တောင်မှ နဂါးဖြူမျိုးနွယ်စုက စကားတစ်ခွန်းမှ ပြောမှာမဟုတ်ဘူး..
“မင်းအဘိုးက နဂါးဖြူမျိုးနွယ်နဲ့ ပေါင်းစည်းဖို့ သဘောတူခဲ့တယ်ဆိုရင်တော့ ဒီနေ့အထိ အခြေအနေတွေ ရောက်မှာမဟုတ်ဘူး.. ဒါပေမယ့် မင်းအဘိုးက နဂါးဖြူမျိုးနွယ်စုကို ခေါ်ယူဖို့ ငြင်းခဲ့တယ်..
“ကျေးဇူးတွေ အကြွေးတင်တာက… နဂါးဖြူမျိုးနွယ်စုခေါင်းဆောင်ရဲ့သားအတွက်ပဲ... ဒါပေမယ့် သူ့မှာ ဒီလောက်ကြီးကျယ်တဲ့ သြဇာမရှိဘူး” ဟု တုံရှန်း ကပြောလိုက်သည်။ သူက ဒါတွေကို ကောင်းဖန်နှင့် မျှဝေလိုခြင်းမရှိသော်လည်း တုံလင်း၏သတိပေးချက်အရ သူ့နာမည်ကောင်းကို ချဲ့ထွင်ဖို့ ဆုံးဖြတ်ထားသည်။ ကောင်းဖန်အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူ့အတွက်တော့ စိုးရိမ်စရာမရှိပေ။
ယင်ယိုကတော့ အနည်းငယ် စိတ်ရှုပ်သွားသည်။ အစတုန်းက မင်းပြောခဲ့တာ ဒီလိုမဟုတ်ဘူးလေ.. သို့သော် ထုံရှန်းသည် စံတုံမျိုးနွယ်စု၏ ပုရောဟိတ်ကြီးရဲ့ တစ်ဦးတည်းသောသားဖြစ်သောကြောင့် အသုံးမဝင်သလို မဆက်ဆံသင့်ပေ။ ထားပါတော့.. ငါက ပွဲကြည့် ပရိသတ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ထူးထူးခြားခြား ပြောင်းလဲသွားမှာ ဘာမှလည်း ရှိတာမဟုတ်ဘူး..
ရှောင်ဟွာသည် လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရပြီး ထရပ်ကားဘေးရှိ သံလက်ရန်းများကို လက်နှစ်ဘက်ဖြင့် ဆွဲလိမ်လိုက်သည်။ ထို့နောက် လက်ရန်းများကို ထုံးဖွဲ့ထားလိုက်သည်။ ထို့နောက် ထရပ်ကားပေါ်မှ စိတ်အားထက်သန်စွာ ခုန်ဆင်းပြီး ကောင်းဖန်၏ နောက်ကျောဆီသို့ လျှောက်သွားလိုက်သည်။ ကြွက်နှင့် ရှောင်ကောတို့ကလည်း အနောက်မှ ပြေးလိုက်လာသည်။
“တစ်၊ နှစ်၊ သုံး၊ လေး…” ယင်ယို ပြုံးလိုက်သည်။ “ဒီသားရဲငါးကောင်ကို ငါနဲ့အတူ ခေါ်စေချင်တဲ့သဘောပါလား..
ကောင်းဖန်ကရယ်မောလိုက်သည်။ “ကမ္ဘာမြေကြယ်ရဲ့ ကန့်သတ်ချက်တွေကို မဖယ်ရှားသေးသရွေ့ ဘုရင်အဆင့် သားရဲတွေကိုပဲ မွေးဖွားနိုင်တာပါ... ဒါတောင် မလုံလောက်သေးဘူးလား"
ယင်ယိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ " မင်းရဲ့ကိုးကားချက်တွေထဲက တစ်ခုက မင်းအတွက် အရမ်းသင့်တော်ပုံရတယ်.. မင်းက ရေတွင်းထဲက ဖားသူငယ်ပါလား..
"ဒီနေ့က ဘယ်လောက်ထူးခြားလဲဆိုတာ မင်းမသိဘူးလား.. ဒီနေ့က ထူးခြားတဲ့အချိန်မဟုတ်ရင် ငါဒီကိုရောက်မယ်လို့ထင်လား..
“မင်းမှာ ကြီးကျယ်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ငါသဘောတူပေမဲ့ မင်းရဲ့နောက်ဘဝမှာတော့ အရည်အချင်းဆိုတာ လက်ဆောင်တစ်ခုပဲလို့သာ သတိရထား.. မင်းရဲ့အရည်အချင်းတွေကို စစ်မှန်တဲ့ခွန်အားအဖြစ် မပြောင်းလဲနိုင်ရင်တော့ ရေဒါအောက်မှာနေတာ အကောင်းဆုံးပဲ... ငါတို့ရဲ့ အမွေအနှစ်တွေက မင်းစိတ်ကူးထက် ကျော်လွန်တယ် မှတ်ထား”
ဟင်းလင်းပြင်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ ရေလှိုင်းများသည် မှန်တစ်ချပ်၏မျက်နှာပြင်ကို ရိုက်ခတ်ပြီး အပြင်ဘက်သို့ တဟုန်ထိုး ထွက်လာသကဲ့သို့ပင် ဖြစ်သည်။
ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်သည်။ "ဒီမှာ ထူးခြားတဲ့အက်ကွဲကြောင်း အသစ်တစ်ခုရှိနေတာပဲ.." အကယ်၍ ကမ္ဘာမြေကြယ်ကို အိမ်ဟု ခေါ်ပါက လူသားများ အပါအဝင် သားရဲများနှင့် ကိုယ်ပိုင်သားရဲများ အားလုံးသည် ထိုအိမ်တွင် နေထိုင်သူများ ဖြစ်သည်။
ထူးခြားတဲ့အက်ကွဲကြောင်းများသည် အခြားအိမ်များနှင့် ချိတ်ဆက်ထားသော တံခါးများနှင့် ပြတင်းပေါက်များဖြစ်သည်။
ဒီကမ္ဘာမြေကြယ်အိမ်သည် ကိုက်ရာဂဏန်းမျှ မြင့်သည်ဟု သတ်မှတ်မည်ဆိုရင် အချို့သော အကြောင်းပြချက်များကြောင့် ဆယ်ပေသာမြင့်သော အရာခပ်သိမ်းကို ပိတ်ဆို့နိုင်သည့် မျက်နှာကျက်တစ်ခု ရှိနေသည်။ ဆယ်ပေအမြင့် အထက်ရှိ တံခါးများနှင့် ပြတင်းပေါက်များကိုလည်း ပိတ်ဆို့ထားသည်။
ယခုတွင်မှု ဆယ်ပေအထက် ဧရိယာရှိ တံခါးများနှင့် ပြတင်းပေါက်များ ပြန်ပွင့်သွားပုံရသည်။ ဒါက ဘာကို ဆိုလိုတာလဲဆိုလျှင် မျက်နှာကျက် အမြင့်တိုးလာမည်ဖြစ်ပြီး ကမ္ဘာမြေကြယ်တွင် ထားရှိနိုင်သည့် အမြင့်ကန့်သတ်ချက်များ တိုးလာမည်ဖြစ်သည်။ကမ္ဘာမြေကြယ်ရဲ့ ကန့်သတ်ချက်တွေ တိုးလာတော့မယ်...
"အမှန်တကယ်ကို ကမ္ဘာမြေကြယ်ရဲ့ အဆင့်ကန့်သတ်ချက်တွေကို ဖွင့်တော့မှာမို့လို့ ဒီနေ့ မင်းကို တွေ့ဖို့ လာခဲ့တာ"
သာမန်မျက်စိနဲ့တောင် လှိုင်းထနေတဲ့ လှိုင်းလုံးတွေကို မြင်နိုင်သည်။ အက်ကွဲကြောင်းအစအနများ ပျံ့နှံ့သွားသည်။
ရှောင်ဟွာက ယင်ယိုကို ဖမ်းချင်ပေမယ့် သူနဲ့ ခပ်ဝေးဝေးမှာ ရပ်မနေရဲပေ။ ယင်ယို အဆင်သင့်ဖြစ်နေနိုင်တာဖြစ်နိုင်သည်။
ယင်ယိုက လှည့်ပြီး နောက်ပြန်ဆုတ်လိုက်ကာ သူ့ခန္ဓာကိုယ်မှ ငွေရောင်ရောင်လျှံစက်ဝန်း ထွက်ပေါ်လာသည်။ လွင့်မျောနေသော ငွေရောင်သတ္တုဘောလုံးသည် သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသဖြင့် သူ၏လှုပ်ရှားမှုများကို ပိုမိုသွက်လက်စေပုံပေါ်သည်။ သူ့ခန္ဓာကိုယ်ကို ငွေရောင်ခြုံထည်ဝတ်ထားပုံရသည်။
ကောင်းဖန်က တိုးတိုးလေး ညည်းတွားရင်း ဒီလိုမျိုး သားရဲတစ်ကောင်ကို သူပထမဆုံးမြင်ဖူးတာပဲဟု တွေးလိုက်သည်။
[သားရဲ အမည်] - ဥက္ကာခဲ မှော်ဘောလုံး
[သားရဲ အဆင့်] - အဆင့် ၆၀
[သားရဲ စွမ်းရည်ဆင့်]- ပြီးပြည့်စုံ
[သားရဲ အမျိုးအစား] - နဂါးငွေ့တန်း
[သားရဲ စွမ်းအင်] - အဆင့် ၅ ကြယ်တစ်လုံးနှင့် တွဲသောအခါ ကြယ်စွမ်းအင်ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စွမ်း အဆင့် ၅ ၊ ကြယ်အလင်းရောင် ဒီရေ အဆင့် ၅
[သားရဲ အားနည်းချက်] - အမှောင်
[သားရဲ ဖော်ပြချက်] - ကြယ်များရဲ့ နယ်ပယ်မှာ မွေးဖွားလာတဲ့ သားရဲတစ်ကောင်ကို ထူးခြားတဲ့အက်ကွဲကြောင်းကြောင့် တခြားကမ္ဘာတွေမှာ တွေ့ရတတ်သည်။ ၎င်းတို့သည် ကြယ်များ၏ စွမ်းအားကို ထိန်းကျောင်းနိုင်စွမ်းဖြင့် မွေးဖွားလာကြသည်။ ၎င်းတို့၏ ထူးခြားသော ဝိညာဉ်များနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းများကြောင့် မည်သည့်သက်ရှိများနှင့်မဆို ချိတ်ဆက်နိုင်ပြီး ထိုသက်ရှိများကို အားကောင်းစေရန် ကြယ်များကို ထိန်းချုပ်နိုင်သည်။ သူတို့သည် ကြယ်စွမ်းအင်ကြွယ်ဝသော သက်ရှိများကို နှစ်သက်ကြသည်။
ငွေရောင်ဝတ်ရုံဖြင့် ယင်ယို၏ လှုပ်ရှားမှုများသည် အလွန်သွက်လက်လာသည်။ အနည်းငယ်ခုန်လိုက်လျှင်ပင် ပေရာနှင့်ချီခုန်နိုင် သည်။ သူ့လက်ဖဝါးကို ဖြန့်ဖွင့်လိုက်သောအခါ ရှောင်ဟွာပေါ်သို့ ငွေရောင်အလင်းတန်းတစ်ခု ဖြာကျသွားသည်။ ရှောင်ဟွာသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ လှိမ့်ထွက်သွားပြီး ၎င်း၏ ရင်ဘတ်သည် အပြင်းအထန်လောင်ကျွမ်းသွားသည်။
ရှောင်ကောသည် ပေါ့ပေါ့ပါးပါး လှုပ်ယမ်းလိုက်သည်။ ထို့နောက် ရှောင်ဟွားပေါ်သို့ အဖြူရောင် အလင်းတန်းတစ်ခု ကျရောက်လာပြီး သူမသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
ယင်ယိုသည် အဝေးက သစ်ပင်တစ်ပင်ပေါ်တွင် ရပ်နေသည်။ ငွေရောင်အလင်းရောင်က သူ့ခြေဖဝါးတွေကို ဖုံးအုပ်ထားပြီး သစ်ပင်ရဲ့အရွက်တွေပေါ်မှာ သက်တောင့်သက်သာ ရပ်တည်နိုင်စေသည်။
“မင်း လွတ်မြောက်ဖို့ အချိန်ဆယ်မိနစ် ရှိသေးတယ်.. မင်း အဝေးကို ပြေးလေလေ မင်းအတွက် ပိုကောင်းလေပဲ” ဟု ယင်ယို က ပြတ်ပြတ်သားသားပြောလိုက်သည်။
ကောင်းဖန်က အော်လိုက်သည်။ "ကမ္ဘာမြေကြယ်မှာ သင်ယူစရာတွေ အများကြီးရှိပေမယ့် မင်းကတော့ ဟန်ဆောင်တတ်ဖို့ပဲ သင်ယူခဲ့တာလား.."
ယင်ယိုက ကောင်းဖန်နှင့်တန်ဖိုးမရှိသော စကားဝိုင်းကို ဆက်ရန် စိတ်မ၀င်စားပေ။
သူ့အမြင်အရတော့ ဒီကလေးက သူ့အသင်းနဲ့ လုံးဝကင်းကွာသွားပြီဖြစ်သည်။ သူ့လိုပဲ အောင်မြင်မှုအနည်းငယ်ရလာတာနဲ့ မလေးမစားလုပ်လာတဲ့ လူငယ်များစွာကို သူမြင်ဖူးသည်။
ဒီလိုလူမျိုးတွေက သားရဲရဲ့အစာအိမ်ထဲမှာ သေဆုံးခြင်း သို့မဟုတ် မျိုးနွယ်စုတိုက်ပွဲများများမှာ သေဆုံးသွားခြင်းဖြင့်သာ အဆုံးသတ်တတ်ကြသည်။
တုံရှန်းသည် ကောင်ဖန်၏ အေးဆေးတည်ငြိမ်သောအမူအရာကိုကြည့်ကာ တုံလင်း၏စကားများကို ရုတ်တရက်သတိရသွားသည်။
ဒီလူရဲ့သားရဲ အများကြီး မပေါ်သေးဘူးလို့ ညွှန်ပြနေတဲ့ အတွေးရှည်ကြီးကို သူ မတွေးဘဲမနေနိုင်ချေ။ ၎င်းတို့က ဧကရာဇ်အဆင့်သို့ တက်လာနိုင်ချေရှိသည်။ ဒီလိုသာဖြစ်ခဲ့ရင် ယင်ယိုအတွက် ခက်ခဲတဲ့တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မည်။
ယင်ယိုရဲ့ ယိုဟူမျိုးနွယ်စု၏ ခွန်အားသည် စံတုံမျိုးနွယ်စုနှင့် ဆင်တူပေသည်။ မဟုတ်ပါက ၎င်းတို့သည် ကမ္ဘာမြေကြယ်သို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေမည်မဟုတ်ပေ။ အမှန်က ထိပ်ဆုံးမှာရှိကြတဲ့ မျိုးနွယ်စုတွေက ကမ္ဘာမြေကြယ်ဆီကို အလျင်စလို မရောက်ခဲ့ကြပေ။
တုံရှန်းသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းကို ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်ကာ စဉ်းစားပြီး နောက်ထပ် နှစ်လှမ်း ထပ်ပြန်ဆုတ်သွားသည်ံ
ကောင်းဖန်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တိမ်ကင်းစင်သောနေ့ တစ်နေ့ဖြစ်သည်။ ဤအခိုက်အတန့်တွင် တစ်စုံတစ်ခု ပွင့်ထွက် လာသည်ကို ခံစားရလိုက်သည်။ သူ့ရဲ့ သားရဲ သိုလှောင်ခန်းထဲရှိ သားရဲအချို့အပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်သည်ဟုလည်း ခံစားနေမိသည်။
အသံတိုးတိုး တစ်သံ ဟင်းလင်းပြင်မှ ထွက်ပေါ်လာသည်။
သိုလှောင်ခန်းသည် ကြေမွနေသော ဖန်ကဲ့သို့ လိမ်သွားသည်။ ဟင်းလင်းပြင်အတွင်းမှ အစိမ်းရင့်ရောင် အရိုးကြီးနှစ်ချောင်း ထွက်လာသည်။ ထိုအရိုးများသည် ရွှေရောင်မျက်ဝန်းအိမ်နှင့် သန်မာသောကိုယ်ခန္ဓာမှ ပေါက်ဖွားလာသော ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြာထွက်နေသော နွားထီးထံမှ ဦးချိုတစ်ခုနှင့်တူသည်။
ရိုင်းစိုင်းသော ဧကရာဇ်တောင် သားရဲတစ်ကောင်ဖြစ်သည်။
“ဧကရာဇ်အဆင့် သားရဲတစ်ကောင်ကို မင်းမြင်ဖူးမှာမဟုတ်ဘူး…” ယင်ယိုက လှောင်လိုက်သည်။
ကောင်းဖန်က သူ့လက်ချောင်းများကို ချိုးလိုက်သည်။ သူ့ပတ်ဝန်းကျင်မှ သိုလှောင်ခန်းများ ကွဲအက်သွားသည်။ နက်မှောင်သော ကိုယ်ထည် အနုစိတ်သော ချပ်ဝတ်တန်ဆာတို့နှင့် ငါးပေမြင့်သော သားရဲသည် ကောင်းဖန်၏ ခြေရင်းအောက်တွင် ပေါ်လာသည်။ ပြောင်လက်တောက်ပနေသော လက်မောင်းဓားများကို ၎င်း၏ ရင်ဘတ်ပေါ်တွင် ယှက်တင်ထားသည်။
"ရေပေါ်အလင်း ..အဲဒါကို သတ်ပစ်လိုက်"
“ဟုတ်ကဲ့ပါ.. သခင်”
ရေပေါ်အလင်းသည် ဦးခေါင်းကို မော့လိုက်သောအခါ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် တောက်ပနေပြီး သွေးဆာနေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၆၂ စွမ်းအင် ကင်းကောင်ပုရွက်ဆိတ်
"ဧကရာဇ်အဆင့် သားရဲလား.." ယင်ယိုအံ့ဩသွားသည်။ ရေပေါ်အလင်းသည် ဧကရာဇ်အဆင့် ရောင်ဝါကို ဖုံးကွယ်မထားသောကြောင့် အထူးသိသာထင်ရှားနေသည်။
ဒါပေမယ့် အနက်ရောင်မြူခိုးကမ္ဘာမှာ သုံးနှစ်လောက်နဲ့ ဧကရာဇ်အဆင့်ရှိတဲ့ သားရဲတစ်ကောင်ကို ပျိုးထောင်ဖို့က.. ယင်ယို အနည်းငယ် စိတ်ရှုပ်သွားသည်။ ဒီသားရဲ ကြီးထွားလာတဲ့ အရှိန်နှုန်းက မြန်လွန်းသည်။
သူသည် ဧကရာဇ်အဆင့်ကို သုံးနှစ်မျှသာ ပျိုးထောင်သည်ကို တွေးလိုက်မိသည်။ တစ်ဦးတစ်ယောက်သည် သားရဲအဆင့် တိုးမြှင့်ဖို့က ဒီလောက် လွယ်ကူနေပါက လူတိုင်းဘာကြောင့် ဒီလောက် ကြိုးစားအားထုတ်ရသနည်း။ ကောင်းဖန်၏ သားရဲကိုအဆင့်မြှင့်တင်နှုန်းသည် အမှန်တကယ်ပင် သူ့ကို အနည်းငယ် တုန်လှုပ်သွားစေသည်။
ရေပေါ်အလင်းက ခေါင်းကို လှည့်လိုက်သည်။ သွေးနီလိုင်းသည် ရိုင်းစိုင်းသော ဧကရာဇ်တောင်တန်းသားရဲ၏ ဘယ်ဘက် ခြေထောက်နှင့် ၎င်း၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသည့် နေရာတွင် ၎င်း၏မျက်လုံးများတွင် ရောင်ပြန်ဟပ်နေသည်။ ယင်ယို၏ မြင်ကွင်းတွင် အနီရောင်မျဉ်းသည် ဘာမှမရှိရာမှ ပေါ်လာပြီး တဖြည်းဖြည်း နက်လာသည်။ အနီရောင်ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အရိပ်တစ်ခုပင်။
ရေပေါ်အလင်း၏ အတောင်ပံများသည် မြင့်တက်လာချိန်တွင် ဖြည်းညှင်းစွာ လှုပ်ယမ်းနေသည်။ သတိပေးခြင်းမရှိဘဲ လေတိုက်ခတ်မှုသည် လှိုင်းလုံးကြောင့် တိတ်တဆိတ် ဝင်တိုက်မိသွားသည်။ ထိုမြင်ကွင်းသည် မြန်လွန်းသောကြောင့် ယင်ယိုက အရိပ်ကိုတောင် မမြင်လိုက်ပေ။ ဖော်မပြနိုင်သော နူးညံတဲ့အက်ကွဲသံကိုသာ သူကြားလိုက်ရသည်။
ရိုင်းစိုင်းသော ဧကရာဇ်တောင်သားရဲသည် မြေပြင်ပေါ်သို့ ကျယ်လောင်စွာ ပြုတ်ကျလာသည်။ တိုင်များကဲ့သို့ ထူထဲသော ခြေထောက်များသည် မြေပြင်မှ ကြွလာသည်။
ထို့နောက်လေထဲတွင် လှည့်ပတ်နေပြီး အကြိမ်ပေါင်းများစွာ လှိမ့်ဆင်းသွားသည်။
ရေပေါ်အလင်းသည် ကျောက်တုံးပေါ်သို့ တက်လိုက်သည်။ သူသည် ခဏတာပေါ်လာပြီး ခုန်လိုက်သည် ထို့နောက် လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
“ဘာလဲဟ…” ယင်ယိုပေါ်ရှိ ငွေရောင် ထွန်းတောက်နေသည့် ကြယ်အလင်းရောင်အတားအဆီးသည် ချက်ချင်းပွင့်ထွက်သွားသည်။ ထက်မြက်သော ဓားတစ်ချောင်းက သူ့ရင်ဘတ်ကို တစ်မီလီစက္ကန့်အတွင်း ထိသွားသည်။ သူ့မျက်လုံးများက ပြူးကျယ်လာသည်။
ယင်ယိုသည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားပြီး ရိုင်းစိုင်းသော ဧကရာဇ်တောင်သားရဲကောင်၏ ခန္ဓာကိုယ်ဖြင့် ပြန်ပေါ် လာသည်။ သူ့ခန္ဓာကိုယ်ရဲ့ အနီရောင် ရောင်ရမ်းမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ငါသေတော့မလို့.. ယင်ယို၏နှလုံးသားသည် တဆတ်ဆတ်ခုန်နေသည်။
ကံကောင်းထောက်မစွာ သူရဲ့သားရဲလေ့ကျင့်သူ၏ အသက်ကို ကယ်တင်နိုင်သော စွမ်းရည်တွင် အသက်ကယ် သယ်ယူပို့ဆောင်ရေးလည်းပါဝင်သည်။
အသက်ဆုံးရှုံးနိုင်ချေရှိသော ဒဏ်ရာများနှင့် ရင်ဆိုင်ရသောအခါတွင် သူ၏ အနီးဆုံးနှင့် အစွမ်းထက်ဆုံး သားရဲထံ ချက်ချင်း ပို့ဆောင်ခံရမည်ဖြစ်သည်။
ယင်ယို တစ်ချိန်က ရပ်တည်ခဲ့သော နေရာတွင် ယခု ရေပေါ်အလင်းထိုင်နေသည်။
သစ်ပင်ထိပ်တွင် ရပ်နေသော ရေပေါ်အလင်းသည် ၎င်း၏ ဓါးနှင့်တူသော လက်နှစ်ဖက်ကို ပွတ်တိုက်နေပြီး တရွှမ်းရွှမ်း အသံကို ထုတ်လွှတ်နေသည်။ သူသည် သူ့လည်ပင်းကိုလှည့်ကာ ယင်ယိုနှင့် ရိုင်းစိုင်းသော ဧကရာဇ်တောင်သားရဲတို့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
“ငါ့ကို မသတ်ပါနဲ့ သွားခွင့်ပြုပါ...ငါတို့ပြန်လာတဲ့အခါ ယိုဟူမျိုးနွယ်စုက မင်းကို ဘယ်တော့မှ ဒုက္ခမပေးတော့ပါဘူး" ယင်ယိုက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူသည် ဖြေးဖြေးပြောနေလျှင် ချက်ချင်းသေသွားမှာကို စိုးရိမ်သောကြောင့် မြန်မြန်ပြောလိုက်သည်။
သူ့စွမ်းရည်မှာ အချိန်ကန့်သတ်ချက်ရှိပြီး ၎င်းကို နောက် ၂၄ နာရီအကြာတွင်သာ ထပ်မံအသုံးပြုနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်းဖန်က ပါးလွှာသော လေထုထဲမှ သားရဲကို ဆင့်ခေါ်နိုင်ကြောင်း ယင်ယိုသတိပြုမိသည်။ ဒီစွမ်းရည်က.. သားရဲသိုလှောင်ခန်းဆိုတာကို သူသိသည်။
သူရဲ့သားရဲလေ့ကျင့်သူ၏အသက်ကို ကယ်တင်နိုင်သော စွမ်းရည်က အလွန်ရှားပါးသော စွမ်းရည်တစ်ခုဟု သတ်မှတ်ခံထားရသည်။ ဒီစွမ်းရည်က သားရဲ့လေ့ကျင့်သူ အဆင့်နှင့် မသက်ဆိုင်ဘဲ အမျိုးမျိုးသော အသက်ကယ် စောင့်ရှောက်ခြင်း စွမ်းရည်များ ကျပန်းနိုးထလာတာဖြစ်သော်လည်း ယိုဟူမျိုးနွယ်စုရှိ လူအနည်းငယ်မျှသာ သားရဲသိုလှောင်ခန်းစွမ်းရည်ကို ရရှိကြသည်။
ပြီးတော့ သူတို့ရဲ့ မျိုးနွယ်စုထဲမှာ သန်းနဲ့ချီတဲ့လူတွေရှိတယ်ဆိုတာ သူသိသည်။
ကောင်းဖန်က ထိုမှတ်ချက်ကိုကြားသောအခါ ပြုံးလိုက်သည်။ သူ့ကို နန်ကျူးက သူ့ဘာသာသူ လိမ္မော်သီးကို ထုတ်ပေးလာသည်။
"စိတ်မပူပါနဲ့..နောင်လာမယ့်အချိန်မှာ ယိုဟူမျိုးနွယ်စုဆိုတာ ရှိတော့မှာ မဟုတ်ဘူး"
စကားပြောပြီးနောက် ကောင်းဖန်က လှည့်လိုက်ပြီး တောင့်တင်းနေသော တုံရှန်းဆီသို့ လျှောက်သွားသည်။ တုံရှန်က ပေကျိပေးသော လိမ္မော်သီးကို ကိုင်ထားသည်။ “ယိုဟူလူမျိုးစုအကြောင်း ပိုသိချင်တယ်.. အသေးစိတ်ပြောရအောင်.."
တုံရှန်းသည် ချွေးအေးများ ထွက်လာသည်။ ကောင်းဖန်တွင် သားရဲသိုလှောင်ခန်းစွမ်းရည်ပါရှိနေသောကြောင့် ထိုနေရာတွင် သူဝှက်ထားသော သားရဲမျှရှိသည်ကို မည်သူမျှမသိနိုင်ပေ... ဘယ်လို မကောင်းဆိုးဝါးလဲ..
စောစောထဲက သူ့အစွမ်းအစကို ထုတ်ပြခဲ့ရင် ဘယ်သူမှ သူ့ကို ချဉ်းကပ်ဝံ့မည်မဟုတ်ပေ။ ဒါက လှည့်ကွက်တစ်ခုပဲ.. ထိုစကားများက တုံရှန်း၏ စိတ်ထဲတွင်သာတွေးမိသော စကားများဖြစ်သည်။
ကောင်းဖန်ရဲ့ နောက်ကျောကို ကြည့်ပြီးတော့ ယင်ယိုက သူ့သွားတွေကို ကြိတ်လိုက်ပြီး ခြေလက်တွေကျိုးနေတဲ့ ရိုင်းစိုင်းတဲ့ ဧကရာဇ်အဆင့် သားရဲတစ်ကောင်လို အော်ဟစ်လိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်လုံးကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ မြေပြင်မှ အားပြင်းသော လှိုင်းလုံးများ လှုပ်ခတ်သွားပြီး မြေငလျင်အသေးစား လှုပ်သွားသည်။ ရူးသွပ်သော စွမ်းအားဖြင့် သားရဲသည် ကောင်းဖန်ဆီသို့ ပြေးသွားလိုက်သည်။
ဥက္ကာခဲမှော်ဘောလုံးက ဒီအခွင့်အရေးကိုယူကာ ယင်ယိုကို ကောင်းကင်သို့ချီပြေးရန် ၎င်း၏စွမ်းအားများကို အသုံးပြုလိုက်သည်။
တုံရှန်သည် တခဏ တုံ့ဆိုင်းသွားပြီး ကောင်းဖန်ကို "သူ ထွက်ပြေးသွားပြီ" ဟု သတိပေးလိုက်သည်။
“သူ ပြေးလို့မရပါဘူး” ကောင်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီး သူ့လက်ချောင်းတွေကို ထပ်ချိုးလိုက်သည်။
ကောင်းဖန်နှင့် တောင်သားရဲကြားတွင် သေးငယ်သော သတ္တဝါတစ်ကောင် ပေါ်လာသည်။ သူက မြေကြီးပေါ်တွင် အမြစ်တွယ်နေပြီး ထူထဲ တိုတောင်းတဲ့ ခြေနှစ်ချောင်းရှိသည့် သားရဲနှင့် နှိုင်းယှဥ်ကြည့်လျှင် သတ္တဝါ၏အရွယ်အစားမှာ လက်တွေ့အားဖြင့် သေးငယ်လှသည်။
တောင်သားရဲ၏ ခန္ဓာကိုယ်မှာ ဘူဒိုဇာကဲ့သို့ ဖြတ်သွားလိုက်သော်လည်း သေးငယ်သော သတ္တဝါကို ထိလိုက်သည့်အခိုက်အတန့်တွင် ရပ်တန့်သွားသည်။
ရင်ဘတ်ပေါ်ရှိကြမ်းတမ်းသော ရိုးရိုးအဝါရောင်အခွံမှလွဲ၍ ပုရွက်ဆိတ်ငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြွက်သားများနှင့် အသားရောင်ဖြစ်သည်။ ၎င်းသည် ရိုင်းစိုင်းသော ဧကရာဇ်တောင်တန်းသားရဲ၏ ခန္ဓာကိုယ်ကို ၎င်း၏ခြေသည်း သေးသေးနှစ်ချောင်းဖြင့် ဖမ်းဆွဲကာ ထိန်းထားနိုင်သည်။
ရိုင်းစိုင်းသော ဧကရာဇ်တောင်သားရဲသည် မကျေမနပ်ဖြစ်ကာ အသံထွက်လာသည်။ သေးငယ်တဲ့ သတ္တဝါ တစ်ကောင်လေးက ဘာကြောင့် ဒီလို ဖြစ်တာလဲ..
"တတိယကလေး... ငြိမ်ငြိမ်နေ" ကောင်းဖန်က နဂါးပုရွက်ဆိတ်ကို ပြောလိုက်သည်။
“ကောင်းပါပြီ” တတိယကလေးက ငြိမ်သက်စွာ ခေါင်းညိတ်သည်။ ၎င်း၏ ရှေ့ခြေသည်းနှစ်ချောင်းကို တောင်သားရဲကြီး၏ လက်တံများကို နက်ရှိုင်းစွာ ချိတ်ထားသည်။
ကျိုးပဲ့နေတဲ့ တောင်သားရဲက အော်လိုက်သည်။ ငါ့ကို မခန့်တာလား..
“ဟင့်အင်း.. ဟင့်အင်း-” တတိယကလေး၏ ငိုသံက ပိုပြင်းလာပြီး အော်သံ ကျယ်လောင်စွာ ထွက်လာသည်။
တောင်သားရဲကြီးက အပေါ်မြှောက်လိုက် မြေပြင်ပေါ်သို့ ပစ်ချလိုက် ဘယ်ဘက်ကိုပို့လိုက် ညာဘက်ကို ပို့လိုက်နဲ့ ရိုက်နှက်ခံရသည်။ သက်ရောက်မှုအားလုံက ဆိုးရွားလှသည်။
နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာသည်။
တုံရှန်းက ဒီမြင်ကွင်းကို ကြည့်ပြီး သူ့နဖူးမှ ချွေးများကို တိတ်တဆိတ် သုတ်လိုက်သည်ံ
မြေပြင်မှ ပေထောင်ပေါင်းများစွာကွာသွားသောအခါ ယင်ယို စိတ်အနည်းငယ် ပြေလျော့သွားသည်။ သူ့ကို ဒီလောက်အကွာအဝေး အထိတော့ မတိုက်ခိုက်နိုင်လောက်ဘူးမလား... သူ့မျက်လုံးများ ချက်ချင်းပင် အေးခဲသွားသည်။ သစ်ပင်ကိုင်းဖျားရှိ သားရဲက ရုတ်တရက် ပျံတက်လာသည်။ ၎င်း၏ ဓါးနှင့်တူသော စိမ်းရင့်ရောင်လက်မောင်းများသည် လေလှိုင်းများစွာကို ပစ်လွှတ်လိုက်ပြီး လေလှိုင်းများသည် ကောင်းကင်ကို လှည့်ပတ်ကာ ဖြတ်တိုက်လာသော လေဆင်နှာမောင်းကဲ့သို့ လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
ထို့နောက် နက်ပြာရောင်လေဆင်နှာမောင်းကြားတွင် ပန်းပွင့်တစ်ပွင့်ကဲ့သို့ သွေးကွက်များပေါ်လာပြီး ပျောက်ကွယ်သွားသည်။ လေထုသည် တိတ်ဆိတ်နေပြီး လှိုင်းသံများသာ ကျန်တော့သည်...
[သားရဲ အမည်] - စွမ်းအင်ကင်းကောင်ပုရွက်ဆိတ် (တတိယကလေး)
[သားရဲ အဆင့်] - အဆင့် ၆၈ (ဧကရာဇ်အဆင့်)
[သားရဲ စွမ်းရည်]- မော်ကွန်းတင်
[သားရဲ အမျိုးအစား] - ကမ္ဘာမြေ
[သားရဲ အားနည်းချက်] - ရေ
[သားရဲ စွမ်းအင်] - စွမ်းအင်ချဲ့ထွင်မှုအဆင့် ၆၊ စွမ်းအားပေါက်ကွဲမှုအဆင့် ၅၊ ကြမ်းတမ်းသောအရေပြားအဆင့် ၅
[သားရဲ အားနည်းချက်] - အမှောင်
[ထူးခြားသော လက္ခဏာ] - မော်ကွန်းတင် ထူးခြားသော စွမ်းအား (တောင်ကြားရှိ နဂါးသားရဲကို စားပြီးနောက် နိုးထလာသော စွမ်းရည်)
အကျိုးသက်ရောက်မှု - စွမ်းအားကင်းကောင်ပုရွက်ဆိတ်သည် ဒေါသပိုထွက်လေ၊၎င်း၏စွမ်းအား မြင့်မားလေဖြစ်သည်။ ဤစွမ်းအားသည် ဆယ်ဆအထိတိုးနိုင်သည်။ လုပ်ငန်းစဉ်အတွင်းတွင် ၎င်း၏အရွယ်အစားကတော့ တိုးလာမည်မဟုတ်ပေ။
အကြံပြုချက် - ခန္ဓာကိုယ်၏ သဘာဝအတိုင်း ကြီးထွားမှုမှလွဲ၍ စွမ်းအားကင်းကောင်ပုရွက်ဆိတ်များသည် ၎င်း၏အရွယ်အစားကို တိုးလာစေရန်အတွက် အခြားပြင်ပစွမ်းအားကို မလက်ခံနိုင်ပေ။
[သားရဲ ဖော်ပြချက်] - တောင်ကြားထဲက ဧရာမနဂါးကြီးရဲ့ အသားကိုစားထားတဲ့ နဂါးပုရွက်ဆိတ်တစ်ကောင်ဖြစ်ပြီး ဒီနဂါးပုရွက်ဆိတ်က ရိုးသားပြီး ယုံကြည်စိတ်ချရသည်။ သခင်ရဲ့အမိန့်ကို နာခံလိမ့်မည်။ ၎င်း၏ ဉာဏ်ရည်သည် အနည်းငယ် အားနည်းသွားသောကြောင့် ၎င်း၏ တစ်ခုတည်းသော အားနည်းချက်မှာ ဉာဏ်ရည်ဉာဏ်သွေး မှုန်ဝါးသွားခြင်း ဖြစ်သည်။
လေဒြပ်စင်ကို အသုံးပြု၍ ရေပေါ်အလင်းသည် ဆင်းသက်လာပြီး ၎င်းနှင့် တစ်ပေခွဲမြင့်ပြီး သုံးပေခွဲကျယ်တဲ့ စွမ်းအင် ကင်းကောင် ပုရွက်ဆိတ် ညီလေးကို ပွတ်သပ်ရန် ပျော်ရွှင်စွာ ပြေးသွားသည်။
နဂါးပုရွက်ဆိတ်တွေအားလုံးထဲမှာ သူက စွမ်းအင် ကင်းကောင် ပုရွက်ဆိတ်နဲ့ ဆက်ဆံရေးအကောင်းဆုံးပင်။ ဆက်ဆံရတာ လွယ်ကူပြီး ရင်းနှီးတဲ့ သူတိုင်းနဲ့လည်း အဆင်ပြေသည်။ ရေပေါ်အလင်း ဖြတ်လာတာကို မြင်လိုက်တာနဲ့ ပုရွက်ဆိတ်လေးက ရေပေါ်အလင်းရဲ့ ခြေသလုံးလေးတွေကိုလည်း အားရပါးရ ပုတ်လိုက်သည် ။
ရေပေါ်အလင်းသည် စွမ်းအင် ကင်းကောင် ပုရွက်ဆိတ်ပုတ်၏ စွမ်းအားကြောင့် ပုတ်လိုက်တဲ့အခါဝေးကွာလုနီးပါးဖြစ်သွားသည်။
သူသည် သက်ပြင်းချလိုက်သည်။ သူက ညီအစ်ကိုကောင်းတစ်ယောက်ဖြစ်ပေမဲ့ သူရဲ့ခွန်အားက သူ့ကို ဗိုက်ဆာစေသောကြောင့် ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၆၃ အာရုံဦး နဂါးပုရွက်ဆိတ်
ဧကရာဇ်အဆင့်သားရဲတစ်ကောင်သည် ကြောက်မက်ဖွယ် ပေါ်လာသည်။ တုံရှန်းက ပြောစရာတွေ အများကြီးရှိနေသည်။
ဒါပေမယ့် သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် ထိုစကားလုံးများကို မျိုချလိုက်သည်။ "အဲဒါပဲကောင်းပါတယ်"
"သခင်.. ကျွန်တော် ဒါကို တွေ့တယ်" ရေပေါ်အလင်းက ၎င်း၏ ဘယ်ဘက်လက်တွင် ငွေသတ္တုဘောလုံးကို ကိုင်ဆောင်ထားသည်။
"ကြည့်စမ်း.. အသက်ရှင်နေသေးတာပဲ" ရေပေါ်အလင်းက ဆုတံဆိပ်ရရှိပြီး ဖခင်အားပြသရန် အိမ်သို့ပြန်သွားသည့် ကလေးတစ်ဦးကဲ့သို့ ကောင်းဖန်ကို ကြွားလိုက်သည်။
"လိမ္မာတဲ့ကောင်လေး... ရေပေါ်အလင်း” ဟု ကောင်းဖန်က ၎င်း၏ခေါင်းတုံးလေးကို ပုတ်ကာ အားပေးပြီးနောက် ဥက္ကာခဲမှော်ဘောလုံးကို လှည့်ကြည့်လိုက်သည်။
[သားရဲ အခြေအနေ] - အလယ်အလတ် ထိခိုက်ဒဏ်ရာရထား
"ဒါကဘာလဲ မင်းသိလား" ကောင်းဖန်ကဥက္ကာခဲမှော်ဘောလုံးကို ညွှန်ပြပြီး တုံရှန်းကို မေးလိုက်သည်။ သူက မှော်ဘောလုံးကို ကြည့်နေတဲ့ ထုံရှန်းရဲ့ ထူးဆန်းသောအကြည့်ကို သတိပြုမိပြီး သူမသိသေးတာကို သိနိုင်မည်ဟု ထင်လိုက်သည်။
"ငါမမှားဘူးဆိုရင် ဒါက ကြယ်စင်မှော်ဘောလုံးပဲ ဖြစ်လိမ့်တယ်" တုံရှန်းက မနာလိုစွာ အော်လိုက်သည်ံ
ကြယ်စင်မှော်ဘောလုံး… သူမြင်ရတဲ့ ဥက္ကာခဲမှော်ဘောလုံးနာမည်နဲ့ အနည်းငယ် ကွဲပြားသည်။
“အခုလေးတင် ဒီပစ္စည်းကို သူဘယ်လိုသုံးလဲဆိုတာ မင်းတွေ့သင့်တယ်… အဲဒါကို ပစ္စည်းတစ်ခုအနေနဲ့ မကြည့်နဲ့.. ဒါက သားရဲ တစ်ကောင်ပဲ.. သားရဲလေ့ကျင့်သူတွေက သားရဲတစ်ကောင်နဲ့ပဲ စာချုပ်ချူပ်နိုင်တာကို မင်းသိထားသင့်တယ်…” ထို့နောက် တုံရှန်းက ကောင်းဖန်ရဲ့ ကိုယ်ပိုင်လက္ခဏာကို ရုတ်တရက်သတိရသွားပြီး သူ့နှလုံးသားက ပို၍ပင် နာကျင်လာသည်။
“ငါတို့တွေက သားရဲတစ်ကောင်နဲ့ပဲ စာချုပ်ချုပ်နိုင်ပြီး ငါတို့ရဲ့ကိုယ်ပိုင် ခွန်အားက အရမ်းအကန့်အသတ်တွေနဲ့ ဖြစ်နေတယ်.. သားရဲလေ့ကျင့်သူတွေရဲ့ စွမ်းအားက အားနည်းနေနဲ့အခါ ဒီ ကြယ်စင်မှော်ဘောလုံးကို ကိုယ်ပေါ်မှာ ချိတ်ထားရင် ငါတို့တစ်ဦးချင်းစီရဲ့ တိုက်ခိုက်ရေးစွမ်းအားအတွက် ကြီးမားတဲ့ အတိုင်းအတာ တစ်ခုအထိ အစားထိုးပေးနိုင်ပြီး အသက်ကိုလည်း ကာကွယ်ပေးနိုင်တယ်..
“ဒါပေမယ့် ဒီလိုသားရဲတွေက အဖိုးတန်ပြီး ပိုအရေးကြီးတာက အရမ်းရှားပါးတာပဲ.. သားရဲလေ့ကျင့်သူ လက်တစ်ဆုပ်စာလောက်ကပဲ ဒီသားရဲမျိုးကို ပိုင်ဆိုင်ထားနိုင်တယ်” တုံရှန်းက သက်ပြင်းချလိုက်သည်။
ကောင်းဖန်က ထုံရှန်းကို အစုံအဆန်ကြည့်လိုက်သည်။ "မင်း ဒါကို လိုချင်လား" ဟု ကောင်းဖန်က ရုတ်တရက် မေးလိုက်သည်။
တုံရှန်း၏နှလုံးက တုန်လှုပ်သွားသည်။ “ဒါပေမဲ့ ဒီသားရဲက အရမ်းတန်ဖိုးရှိတယ်...တကယ်လို့ စနစ်တကျ သပ်သပ်ရပ်ရပ်လေး မွေးထားလိုက်ရင် နောက်ထက် အစွမ်းထက် သားရဲတစ်ကောင်ရှိသလိုဖြစ်သွားမှာ...မင်းက သူ့ဆီက စွမ်းအင်ကို တိုက်ရိုက်ယူနိုင်ပြီး သူက ခွင့်ပြုရင်သားရဲစွမ်းအားကို မင်း ရနိုင်တယ်...ကာယခွန်အားထက်ပိုပြီး သူ့မှာ ဒြပ်စင်စွမ်းအင်ရှိတယ်” ဟု သူက တုံဆိုင်းစွာပြောလိုက်သည်။
ကောင်းဖန်က ရယ်မောလိုက်သည်။ "မင်းတို့ မျိုးနွယ်စုမှာ ဒီလိုမျိုး သားရဲမျိုး ရှိလား"
“အင်း” ထုံရှန်းက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ယိုဟူလူမျိုးစုကို သုတ်သင်ပြီးရင် နောက်တစ်ယောက်ရှာမယ်... ယင်ယိုမှာတောင် တစ်ခုရှိရင် သူတို့မျိုးနွယ်ထဲမှာ ဒုတိယတစ်ခုကိုလည်း ရှာတွေ့နိုင်မှာပဲလေ"
တုံရှန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ယိုဟူမျိုးနွယ်စုကို သုတ်သင်မယ်... သူတကယ်ကို ရက်စက်မှာလား..
စိတ်အားထက်သန်နေတဲ့ တုံရှန်းက လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။ "သူတို့မျိုးနွယ်စုမှာ အရှင်သခင်အဆင့် သားရဲရှိတဲ့အတွက် မင်းလက်စားချေချင်ရင်တောင် ဖြစ်နိုင်မှယ မဟုတ်ဘူး"
ကောင်းဖန်က တုံရှန်းနဲ့ သူ့ရဲ့မျက်ခုံးထူထူတွေကို တစ်ချက်ကြည့်လိုက်သည်။ “ငါ့မှာ ငါ့အစီအစဉ်ရှိတယ်.. မင်းလုပ်ရမှာက မင်းသိတာအားလုံးကို ပြောပြဖို့ပဲ... မင်းကို ဒီ ဥက္ကာခဲမှော်ဘောလုံးပေးတာက အခြေအနေအရဖြစ်ပြီး အခြေအနေက ယိုဟူ မျိုးနွယ်စုအကြောင်း မင်းသိသမျှကို ပြောပြဖို့ပဲ..
“ငါ့ကို မင်း ဘာမှ မသိဘူးလို့တော့လာမပြောနဲ့... မင်းဒီနေ့ဒီနေရာကိုတောင် လာနိုင်ရင် မင်းလို မျက်ခုံးထူကောင်က ယိုဟူမျိုးနွယ်စု အကြောင်း သိကိုသိရမယ်" ကောင်းဖန်ကရယ်လိုက်သည်။
ကောင်းဖန် သူငါ့ကို စကားပြောတဲ့အခါ ငါ့ရဲ့မျက်ခုံးမွှေးထူထူတွေကိုပဲ ဘာလို့အမြဲပြောတာလဲ.. တုံရှန်းတွေးလိုက်သည်။ ကြယ်စင်မှော်ဘောလုံး အပြင် တုံရှန်းသည် ကောင်းဖန်၏စွမ်းအားများကိုကြောက်ရွံ့သောကြောင့် ကောင်းဖန်ကို သူသိထားသမျှ အသေးစိတ် အချကံအလက်များကို မျှဝေလိုက်သည်။
"ယိုဟူလူမျိုးစုမှာ အရှင်သခင်အဆင့် သားရဲ နှစ်ကောင်၊ ဧကရာဇ်အဆင့် ၁၀ ကောင်နဲ့ မရေမတွက်နိုင်တဲ့ ဘုရင်အဆင့်တွေ ရှိတယ်" တုံရှန်းသက်ပြင်းချလိုက်သည်။
“ကမ္ဘာမြေကြယ်မှာ မင်းကလွဲရင် ထိပ်တန်းသားရဲအရေအတွက်က အရမ်းနည်းတယ်.. ဥပမာဆိုရင် ဘုရင်အဆင့်က မင်းကမ္ဘာမှာ ရှားပါးတယ်လို့ ယူဆလို့ရပေမဲ့ ယိုဟူလူမျိုးစုမှာ ရာနဲ့ချီပြီးရှိနေတယ်” တုံရှန်းရဲ့ မျက်လုံးများမှာ မဖတ်နိုင်တဲ့ အကြည့်တစ်ခု ရှိနေသည်ံ
"ဒါကြောင့် ယိုဟူမျိုးနွယ်စုက မင်းရဲ့ဂြိုဟ်ကို ရင်ဆိုင်ရတဲ့အခါ ဘဝင်မြင့်နေပုံရတယ်.. သူတို့ရဲ့ ခွန်အားတွေကြောင့်… ဟုတ်တာပေါ့ ဒါက ငါမင်းကိုမတွေ့ခင် အထိပါပဲ” ဟု တုံရှန်းက ကောင်းဖန်၏အမူအရာကိုသတိပြုမိပြီးနောက် လျှင်မြန်စွာထပ်ပြောလိုက်သည်။
"ယိုဟူမျိုးနွယ်စုက ဘယ်မှာလဲ"
တုံရှန်းက ငြိမ်သွားသည်။ ဒီနေ့ သူ့လုပ်ရပ်များက ရိုးသားမှု ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။ သူက မျိုးနွယ်စု တစ်ခုမှဖြစ်သော်လည်း ယခု သူက အခြားမဟာမိတ် သတင်းကိုပေးနေမိသည်။ သူ အနည်းငယ် တုံ့ဆိုင်းသွားပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။ "ယိုဟူ မျိုးနွယ်စုက ကျို့လီတောမှာရှိပြီး ကျို့လီတောရိုင်းက ငါတို့ စံတုံမျိုးနွယ်စုနဲ့ ဝေးတယ်"
"စံတုံမျိုးနွယ်စုက ဘယ်မှာလဲ" ကောင်းဖန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
တုံရှန်းက နိုးကြားနေတဲ့ ဖြူကောင်ကလေးကဲ့သို့ တင်းမာလာသည်။ "မင်း ဘာတွေလုပ်နေတာလဲ..မင်းဆန္ဒအတိုင်း မင်းကို ယိုဟူ မျိုးနွယ်စုရဲ့ တည်နေရာကို ငါပြောပြပြီးပြီ"
"စံတုံနွယ်စု ဘယ်မှာလဲလို့ ငါ သိချင်ရုံပါ" ကောင်းဖန်က ဖော်ရွေစွာ ပြုံးပြလိုက်သည်။
"ဒါပေမယ့် မင်းမပြောချင်ရင် ငါ မင်းကို အတင်းအကြပ်မလုပ်ပါဘူး..
ဘာပဲဖြစ်ဖြစ် မင်းတို့ထွက်လာတဲ့ အထူးအက်ကွဲကြောင်းထဲကို ငါဝင်မယ်ဆိုရင် မင်းဝင်လာတဲ့နေရာကိုတော့ ငါတိုက်ရိုက်ရောက်မှာပဲ" ဟု ကောင်းဖန်က ပြောလိုက်သည်။
“ဟုတ်တယ်…” တုံရှန်းကသက်ပြင်းချလိုက်သည်။ "ထားလိုက်တော့ မင်းမေးမယ်ဆိုတာ ငါသိတယ်.. ယိုဟူလူမျိုးစုအတွက် အာကာသ အက်ကြောင်းက ချင်းကျိုး အခြေစိုက်မြို့အပြင် ၁၈ မိုင်အကွာမှာရှိတယ်.. သီးခြားလိပ်စာကိုတော့ စကားလုံးတွေနဲ့ ခွဲခြားသတ်မှတ်ဖို့ ငါ့အတွက် အဆင်မပြေဘူး..ငါပြန်သွားတဲ့အခါ ပင်ကွင်းကတစ်ဆင့် မင်းဆီပို့ပေးလိုက်မယ်.. ပင်ကွင်းကို မင်းမိတ်ဆွေ အဖြစ်လည်းထည့်ပေးလိုက်မယ်"
"မင်းမှာ အလားအလာရှိတဲ့သူပဲ" ကောင်းဖန်က တုံရှန်းကို ပုခုံးပုတ်လိုက်ပြီး ချီးကျူးလိုက်သည်ံ
ဒဏ်ရာရနေသော ဥက္ကာခဲမှော်ဘောလုံးကို ဖမ်းရန် ကြိုးစားနေတဲ့ တုံရှန်းထံ သူပစ်လိုက်သည်။ သူ့ "သခင်" ကွယ်လွန်ခြင်းကြောင့် ဥက္ကာခဲသည် သူ့ကံကြမ္မာကို လက်ခံဖို့ရန် သူ့ကိုသူ အရှုံးပေးလိုက်ပုံပေါ်သည်။
"ကောင်းပြီ..ပြန်ကြရအောင်" ကောင်းဖန်က ရေပေါ်အလင်းနှင့် စွမ်းအင်ကင်းကောင်နဂါးပုရွက်ဆိတ်တို့ကို သားရဲသိုလှောင်ခန်းထဲသို့ ပို့လိုက်ပြီး အထောက်အထားအားလုံးကို ရှင်းလင်းလောင်မီးရှို့ပစ်ရန် အဆင့် ၇၀ ဖလိန်မီကို ဆင့်ခေါ်လိုက်သည်။ ဒီနေရာက တောမီးလောင်ထားပုံပေါ်နေသည်။
ထို့နောက် တုံရှန်း၏ပခုံးပေါ်ကို လက်မောင်းတင်ကာ ဘာမှမဖြစ်သလို ဆင်ခြေဖုံးရပ်ကွက်မှ မော့တူမြို့သို့ ပြန်လာလိုက်သည်ံ
ဒါက ထုံရှန်း အတွက် လုံးဝအဆင်မပြေပေ။ လမ်းကြောင်းမှာ ကင်မရာတွေ အများကြီးရှိနေသည်။ တစ်ယောက်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက်ရှိရင် သူနဲ့ ကောင်းဖန် အတူတူ ပေါ်လာတာကို သေချာပေါက် သိနိုင်သည်။ ဒီဆက်ဆံရေးကို သူ ရှောင်လွှဲလို့ မရနိုင်ပေ။
မော့တူ အခြေစိုက်စခန်းမြို့သို့ပြန်လာပြီး တုံရှန်းထွက်ခွာပြီးနောက် ကောင်းဖန်က ဟဲ့ဝေကိုခေါ်လိုက်သည်။ “ဦးလေး နောက် ရက်အနည်းငယ်လောက် ကျွန်တော့် တပည့်ငါးယောက်ကို စောင့်ရှောက်ပေးနိုင်မလား.. ကျွန်တော့်မှာ သွားစရာတစ်ခုရှိလို့ မော့တူမြို့ကနေ ခဏလောက် ထွက်ခွာဖို့ လိုလိမ့်မယ်”
ဟဲ့ဝေက အလွယ်တကူ သဘောတူလိုက်သည်။
ကောင်းဖန်က ဘာကိုမှ မထုပ်ပိုးတော့ဘဲ တောထဲမှာရှိတဲ့အချိန် စတုတ္ထမြောက်ကလေးကို ဆင့်ခေါ်လိုက်သည်။ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နဲ့ ပျံသန်းနေသော ပုရွက်ဆိတ်သားရဲတစ်ကောင် ကောင်းဖန် ရှေ့မှာ ပေါ်လာသည်။ ၎င်း၏ ငွေဖြူရောင် အတောင်ပံများသည် လေထဲတွင် လွင့်ပျံနေပြီး အတောင်ပံ ထိပ်ဖျားသည် ရောင်စုံ တောက်ပြောင်နေသည်။
အတောင်ထိပ်ကနေ အပြင်ဘက်ကို အတောင်ခတ်လိုက်တဲ့အခါ ငွေဖြူရောင်တောင်ပံတွေက ငွေရည်ကျိုထားသလိုဖြစ်နေသည်။
[သားရဲ အမည်] - အာရုံဦးနဂါးပုရွက်ဆိတ်
[သားရဲ အဆင့်] - အဆင့် ၆၉ (ဧကရာဇ်အဆင့်)
[သားရဲ စွမ်းရည်ဆင့်]- မော်ကွန်းတင်
[သားရဲ အမျိုးအစား] - အလင်း
[သားရဲ စွမ်းအင်]- အလင်းဒြပ်စင်ထိန်းချုပ်နိုင်မှု အဆင့် ၆ ၊ အရှိန်မြှင့် အဆင့် ၅ ၊ ငွေနဂါးအကြေးခွန် အဆင့် ၄ ၊ ပေါ့ပါးသော ကိုယ်ထည် အဆင့် ၅
[ထူးခြာသော သွင်ပြင်လက္ခဏာ] - အာရုံဦးတောင်ပံများ (အာရုံဦးစိတ်လှည့်စားမှု) နဂါးကိုစားပြီးနောက် အမွေဆက်ခံသည်။
အကျိုးသက်ရောက်မှု ၁ - အာရုံဦးနဂါးပုရွက်ဆိတ်သည် သတ်မှတ်ထားသော ဦးတည်ရာသို့ ပျံသန်းသောအခါ ၎င်း၏အမြန်နှုန်းသည် အနည်းငယ်တိုးလာမည်ဖြစ်သည်။
အကျိုးသက်ရောက်မှု ၂ - အာရုံဦးစိတ်လှည့်စားမှု၏ ပျစ်ခဲခြင်းဖြင့် ဖွဲ့စည်းထားသော အတောင်ပံများသည် မြင့်မားသောဇွဲလုံ့လနှင့် အသေခံနိုင်စွမ်းရှိသည်။ ၎င်းသည် ပြင်းထန်သောသေစေမှုနှင့် အချို့သောဂုဏ်ရည်များကို ခံနိုင်ရည်ရှိသော နောက်ထပ်အင်္ဂါများနှင့် ညီမျှသည်။
အကျိုးသက်ရောက်မှု ၃ - အာရုံဦးတောင်ပံများကို အသက်သွင်းပြီးနောက် ၎င်း၏ အမြန်နှုန်းသည် လျင်မြန်စွာ တိုးလာပါမည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၆၄ ရောက်ရှိခြင်း
စတုတ္ထကလေး နိုးလာပြီးကတည်းက ကောင်းဖန်၏ သီးသန့်စီးတော်ယာဉ် ဖြစ်လာခဲ့သည်။
တာ့ဇီနှင့် ဖလိန်မီ နှစ်ဦးစလုံးက ပျံသန်းနိုင်သော်လည်း ကြံ့ခိုင်မှုမှာ အဆင်မပြေလှပေ။ တိုက်လေယာဉ် တစ်စီးကို စီးရသလိုဖြစ်နေသည်။ အရမ်းမြန်ပေမယ့် တိုက်လေယာဉ်နဲ့ ခရီးသည်တင် လေယာဉ်ကွာသလိုဖြစ်သွားသည်။
ကောင်းဖန်သည် စတုတ္ထကလေး၏ ကျောပြင်ပေါ်တွင် လှဲလျောင်းပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လေကို ပိတ်ဆို့နေသော နူးညံ့သည့် အလင်းရောင်တစ်ခု ရှိနေသည်။
တောက်ပမှုအောက်တွင် ကောင်းဖန်သည် အနည်းငယ်မျှ မသက်မသာမခံစားရဘဲ သူ့အသက်ရှူမှုမှာ သက်တောင့်သက်သာရှိပြီး အပူချိန်သည် သင့်လျော်နေသည်။
ကောင်းဖန်က နောက်ကို လှဲချလိုက်သည်။ စတုတ္ထကလေး၏ သဘာဝအတိုင်း ကျဆင်းနေသော ငွေရောင်အတောင်ပံများကို အတွင်းပိုင်းသို့ ခေါက်ထားပြီး ကောင်းဖန်၏ ခန္ဓာကိုယ်ကို ကောင်းစွာ ထုပ်ပိုးထားပြီး ကာကွယ်ထားသည်။
ကောင်းဖန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး တွေးနေမိသည်။ သူသည်ပြန်ရောက်ပြီးမှသာ ဒီသတင်းကို သိလိုက်ရခြင်းဖြစ်သည်။ ရှေးဟောင်းမျိုးနွယ်စုများက တစ်ဦးထက်ပိုသော သားရဲများကို စာချုပ်ချုပ်ဆိုနိုင်တဲ့ သူများကို 'အတုမရှိ တန်ခိုးရှင်များ' အဖြစ် မှတ်ယူကြပြီး မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များဟု ယူဆကြသည်။
ကောင်းဖန်သည် သတင်းကို ပထမဆုံးကြားရသောအခါ မပြုံးနိုင်ဘဲ မနေနိုင်ပေ။ ထိုသို့ဆိုလျှင် ကမ္ဘာမြေကြယ်တွင် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်နှစ်ဘီလီယံ ရှိနေတော့မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤမြင့်မြတ်တဲ့ ပုဂ္ဂိုလ်က လုံးဝတန်ဖိုး ရှိတော့မည်မဟုတ်ပေ။
မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များကို ယုံကြည်မည့်အစား ကောင်းဖန်သည် အခြားယူဆချက်တစ်ခုကို ယုံကြည်ရန် လိုလားနေသည်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များရှားပါးခြင်းသည် အကြောင်းမဟုတ်သော်လည်း လူတိုင်းက သားရဲများစွာကို တစ်ပြိုင်နက် စာချုပ်ချုပ်ဆိုနိုင်သင့်သည်ဟု သူထင်သည်။ သို့သော် စံနှုန်းများသည် သူတို့၏ စိတ်ဝိညာဉ် ခွန်အားများဖြစ်လိမ့်မည်။ ဒါက ရှားပါးသော ရုပ်ပိုင်းဆိုင်ရာစွမ်းရည် မဟုတ်သော်လည်း သားရဲလေ့ကျင့်သူ အများစုပိုင်ဆိုင်သည့် အခြေခံလက်ဆောင်တစ်ခုဖြစ်သည်။
ရှေးယခင်က ရှေးဟောင်းမျိုးနွယ်စုများမှ လူများသည် ဤစွမ်းရည်မျိုးရှိခဲ့သော်လည်း ကမ္ဘာမြေကြယ်မှ ထွက်ခွာသွားပြီးနောက် ဤစွမ်းရည်ကို တဖြည်းဖြည်း ဆုံးရှုံးသွားသည်။ ၎င်းတို့သည် ကျိန်စာတစ်ခုကြောင့် သို့မဟုတ် ကမ္ဘာမြေကြယ်၏ထူးခြားသော ပတ်ဝန်းကျင် ပြင်ပတွင် ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။
ရှေးဟောင်းမျိုးနွယ်စုတွေကတော့ ဒီယူဆချက်ကို ဘယ်တော့မှ လက်ခံမှာမဟုတ်ပေ။ ထိုသို့ဆိုလျှင်… ဘိုးဘေးများ စွန့်ပစ်ထားသော အပြစ်သားများဖြစ်ကြောင်း သူတို့ကိုယ်သူတို့ ဝန်ခံရမည်ဖြစ်သောကြောင့်ပင်။
ဒါမှန်တယ်ဆိုရင်တောင် ဒါကို ဘယ်တော့မှ ဝန်ခံမှာမဟုတ်ပေ။ အချို့သောဖိအားများကြောင့် ကမ္ဘာမြေကြယ်၏ တရားဝင် မဟာမိတ်အစိုးရသည် ယင်းဖြစ်နိုင်ချေကို ငြင်းဆိုခဲ့သည်။ ဒီအချက်အလက်ကို သူ့အဖိုးကသူ့ကို ပြောပြခဲ့ပြီး သာမန်လူတွေက ဒီအတွင်းရေးအချက်အလက်ကို မသိကြပေ။
ယခုအခါ ရှေးဟောင်းမျိုးနွယ်စုများမှ လူများသည် သားရဲတစ်ကောင်တည်းကိုသာ စာချုပ်ချုပ်နိုင်ပုံရသည်။ ဒါပေမယ့် ဆန္ဒရှိရင် နည်းလမ်းရှိစမြဲပင်။ ဗုဒ္ဓ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ရင်းနှီးသော ဥက္ကာခဲမှော်ဘောလုံးကဲ့သို့ ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန် အခြား နည်းလမ်းများကို ရှာဖွေတွေ့ရှိနိုင်ပေသည်။
အကယ်၍ ဥက္ကာခဲမှော်ဘောလုံးသည် ၎င်း၏အင်အားအားလုံးကို အသုံးချပါက တိုက်ပွဲတွင် အလွန် အကျိုးသက်ရောမှုရှိမည် ဖြစ်သည်။ သို့သော် ဥက္ကာခဲမှော်ဘောလုံးမှာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတာကြောင့် ခြိမ်းခြောက်မှုမခံရတဲ့အခါ တခြားသူတွေကို လိုတာထက်ပိုပြီး တိုက်ခိုက်မှာ မဟုတ်ပေ။
ဥက္ကာခဲမှော်ဘောလုံးနဲ့ ရေရှည်စာချုပ်ချုပ်ဆိုနိုင်ရင် သဟဇာတရှိသော ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ အထူး နည်းလမ်းများအားဖြင့် ဥက္ကာခဲမှော်ဘောလုံးများကို သားရဲများအတွက် တိုက်ပွဲဝင်ရန် အသုံးပြုနိုင်ပြီး ဒါက ပုံမှန်မဟုတ်သော သားရဲလည်းဖြစ်သည်။
ဥက္ကာခဲမှော်ဘောလုံးအပြင် ရှေးခေတ်က အိမ်တွေကို စောင့်ရှောက်ဖို့ လေ့ကျင့်ထားတဲ့ အမဲလိုက်ခွေးတွေလိုမျိုး တခြား သားရဲတွေ ရှိသေးသည်။
“ဒါကြောင့် ယိုဟူမျိုးနွယ်စုက ကမ္ဘာမြေကြယ်ရဲ့ ဉာဏ်ကြီးရှင်တွေကို စုဆောင်းချင်နေတာပဲ.. သူတို့အတွက် သားရဲတစ်ကောင်တည်းနဲ့သာ စာချုပ်ချုပ်နိုင်ပေမဲ့ ငါတို့အတွက်တော့ အကန့်အသတ်မရှိဘူး.. သူတို့က နောက်မျိုးဆက်တွေရဲ့ မျိုးရိုးဗီဇတွေကို မြှင့်တင်ချင်ကြတာပဲ…” ကောင်းဖန်က ဒါကို စဉ်းစားရင်း ခေါင်းယမ်းလိုက်သည်။
မိနစ်သုံးဆယ်အကြာတွင် ကောင်းဖန်သည် ချင်းကျိုး အခြေစိုက်မြို့အထက် ကောင်းကင်ယံသို့ ရောက်ရှိလာသည်။ သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး တုံရှန်းပို့လိုက်တဲ့ မြေပုံကို ဖွင့်ကြည့်လိုက်သည်ံ
ကောင်းကင်ယံတွင် ပျံဝဲနေသော ကောင်းဖန်သည် မူလက ထူးခြာတဲ့ အက်ကွဲကြောင်း လိပ်စာအတိအကျကို ရှာရခက်မည်ဟု မျှော်လင့်ထားသော်လည်း မကြာမီတွင် တောင်စောင်းတစ်လျှောက် တည်ရှိနေသည့် တောင်တန်းများမှ နက်ရှိုင်းသော အဆောက် အအုံများကို သတိပြုမိလိုက်သည်။
ဤအဆောက်အအုံများကို ထူးခြာတဲ့ အက်ကွဲကြောင်း မှထွက်လာသောအခါတွင် ယိုဟူမျိုးနွယ်စုမှ ခေတ္တတည်းခိုရန် သို့မဟုတ် သာမန်ကျူးကျော်လာသူများကို ကာကွယ်ရန် အသုံးပြုသည်။
ကောင်းဖန်သည် စတုတ္ထကလေးကို တိုက်ရိုက်ဆင်းသက်ခွင့်ပြုလိုက်သည်။
စတုတ္ထကလေးသည် အလွန်ထူးခြားသော အသွင်အပြင် ရှိသဖြင့် အောက်ရှိ လူများ၏အာရုံကို ဆွဲဆောင်နိုင်လိုက်သည်။
အချက်ပေးသံ ထွက်ပေါ်လာပြီး စူရှတဲ့ အချက်ပေးဥဩသံသည် လေထဲတွင် ပဲ့တင်ထပ်နေသည်။
"သူဘယ်သူလဲ" တစ်ယောက်ယောက်ကပြောလိုက်သည်။ ဥဩသံသည် တောထဲရှိ ငှက်များကို ခြောက်လှန့်လောက်အောင် ကျယ်လောင်လှသည်။
ဒါက လူအချို့ကို နှိုးဆော်နိုင်သည်ဟု သူသိသော်လည်း ကောင်းဖန်အတွက် ၎င်းကို စဉ်းစားရန် အချိန်မရှိပေ။ ဆိုရိုးစကားအတိုင်း အရှိန်သည် စစ်ပွဲ၏ အနှစ်သာရဖြစ်သည်။ ယင်ယို၏ ပျောက်ဆုံးသွားခြင်းသည် ပြဿနာများကို ပို၍ပင်ဖြစ်စေသည်။
မည်သို့ပင်ဆိုစေကာမူ ဤရှေးဟောင်းမျိုးနွယ်စုများသည် အမြဲတစေ နှိမ့်ချခြင်းခံရသည်။
ယင်မင်း ပျောက်ဆုံးသွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် နှိုင်းယှဉ်ပါက ပြင်ပလူများ၏ ကျူးကျော်ဝင်ရောက်မှုသည် ဘာမှမဟုတ်ပေ။
စတုတ္ထကလေး၏ ငွေရောင်တောင်ပံများသည် ပုံသဏ္ဍာန်မရှိစွာ သွန်းလောင်းထားသော သတ္တုအသွယ်နှစ်ခုကဲ့သို့ မျက်စိကျစရာ ဖြစ်သည်။ ၎င်းတို့သည် အလိုအလျောက် တဖျတ်ဖျတ်ခတ်နေပြီး လေထဲတွင် ပျောက်ကွယ်သွားမယ့်ပုံပေါ်သည့် ရောင်စုံ တောင်ပံ ထိပ်တစ်စုံသည်အထူးအဖြင့် ထူးခြားလှသည့် သတ္တဝါနှင့်တူသည်။
နေရာအနှံ့မှ စစ်ဝတ်စုံဝတ်ထားသော အစောင့်များသည် ၎င်းတို့၏ သားရဲသူများကို ခေါ်ဆောင်ကာ ကောင်းဖန်နှင့် စတုတ္ထကလေး တို့ကို ဝိုင်းရံထားသည်။
စတုတ္ထကလေးသည် ၎င်း၏ ကြံ့ခိုင်မှုကို သက်သေပြရန် အများကြီးလုပ်ရန် မလိုအပ်ပေ။ ၎င်း၏ဧကရာဇ်အဆင့်ရောင်ဝါကို သဘာဝအတိုင်း ဖြန့်ကျက်ထားလိုက်သည်။
ချဉ်းကပ်နေသော သားရဲများသည် ကြောက်လန့်တကြား အော်ဟစ်ကာ မြေပြင်ပေါ်သို့ ဆုတ်ခွာသွားကြသည်။ အနီးကပ်ရန် အမိန့်များများကို ငြင်းဆန်နေကြသည်။
“မြန်မြန် သွားကြ” သားရဲလေ့ကျင့်သူများက သူတို့ရဲ့သားရဲများကို ကြိမ်းမောင်းနေသည်။ သူ့အမိန့်ကို ထပ်ခါတလဲလဲ မရမကပြောပြီးနောက် သူ့သားရဲက ခေါင်းကို ဒေါသတကြီးလှည့်ကာ သူ့ကို ကိုက်လိုက်သည်။
အကိုက်ခံရတာက အရမ်းမပြင်းထန်ပေ။ ဒါတောင် သားရဲ လေ့ကျင့်သူက အကိုက်ခံရလို့ မရပ်မနား သွေးထွက်နေပြီး သူ့ရဲ့ ကိုယ်ယောင်ဖျောက်ထားတဲ့ဝတ်စုံက သွေးတွေနဲ့ ဖုံးနေသည်။
တောင်စောင်းရှိ အဆောက်အအုံကို ပြုပြင်နေသူတစ်ဦးက တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။ “သခင် ယင်စီ.. ကျူးကျော်သူရှိနေပါတယ်”
ယင်စီသည် မျက်လုံးဖွင့်ကာ ကုတင်ပေါ်မှ စောင်ကို မလိုက်သည်။ စောင်အောက်မှာ လဲလျောင်းနေတဲ့ ဖြူဖျော့ဖျော့ သူ့ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။
"ဒါဆို ဒုက္ခပဲ.." ယင်စီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် "အဝတ်ဝတ်ပြီး ငါလာခဲ့မယ်"
ယင်စီသည် ခေတ္တရပ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
သူသည်မျက်မှောင်ကြုတ်လိုက်ပြန်ပြီး “မှန်တယ်.. အမျိုးသမီးတစ်စုကို ဒီနေ့ လွှတ်လိုက်သင့်တယ်.. အဲဒါတွေက မျိုးနွယ်စုရဲ့ အရှင်သခင်ကို ရည်ရွယ်ထားအတွက် မတော်တဆထိခိုက်မှု တစ်ခုခုဖြစ်ရင် မင်းမိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ရင်တောင် မလုံလောက်နိုင်လို့ ဆုံးရှုံးမှုမရှိတာ ပိုကောင်းတယ်" ဟု ပြောလိုက်သည်။
ထိုစဉ် အက်ကွဲကြောင်းဆီမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ "ဒီ ထူးခြားတဲ့ အက်ကွဲကြောင်းက ယိုဟူကို ဦးတည်နေတာ မင်းမသိဘူးလား.. ချက်ခြင်းပြန်ဆုတ်စမ်း.."
ကောင်းဖန်သည် ၎င်းတို့၏ စစ်ဝတ်စုံကို ကြည့်လိုက်သည်။
"မင်းက ဟွာရှားဒေသရဲ့ စစ်သားလား.. မင်းက ဘာလို့ ယိုဟူရဲ့ လက်ပါးစေတွေလို လုပ်နေရတာလဲ" ကောင်းဖန်က ပြောလိုက်သည်။
ထိုလူသည် တိတ်ဆိတ်သွားပြီး သူ့လက်ဆစ်များ ဖြူသွားတဲ့အထိ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး " အခု ငါတို့က ဟွာရှားဒေသရဲ့ စစ်သားတွေ မဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တံဆိပ်တွေ အားလုံးကို သူ့ပခုံးပေါ်ကနေ ဖယ်ထုတ်ပြီး သူ့ရဲ့ ဘယ်ရီကက်ဦးထုပ်ကို လေးနက်စွာ ချွတ်လိုက်ကာ တံဆိပ်တွေကို ဦးထုပ်ထဲကို ထည့်လိုက်သည်။
"တပ်မှူး" သူ့နောက်မှ စစ်သားအနည်းငယ် အံ့အားသင့်သွားကြသည်။
တပ်ရင်းမှူးက "မင်းတို့ရဲ့ တံဆိပ်တွေကို ဖယ်လိုက်" ဟု ပြောလိုက်သည်။
ကောင်းဖန်ပတ်၀န်းကျင်ရှိ စစ်သားများအားလုံးသည် ၎င်းတို့၏ တံဆိပ်များကို တိတ်တဆိတ် ချွတ်ပစ်လိုက်ကြသည်။
ထိုအမျိုးသား၏ တံဆိပ်များကို ဖယ်ရှားသည့် မြင်ကွင်းက ကောင်းဖန်ကို ထူးဆန်းသော ခံစားမှု ဖြစ်စေသည်။
“သေလိုက်ကြစမ်း...ငတုံးကောင်တွေ... ကျူးကျော်သူကိုတောင် မင်းတို့ မသတ်နိုင်ဘူး” ဟု အနောက်မှ ဆရာကြီးအသံတစ်ခု ထွက်လာသည်။