အခန်း (၅၆၅-၅၆၈)
Vol. 36 Ch. 565=568
အခန်း ၅၆၅ တိမ်တိုက် ဘီလူး ဘုရင်
ချွန်ထက်သော ဦးချိုနှစ်ချောင်းနှင့် သွေးနီရောင်သမင်ပုံသားရဲတစ်ကောင်သည် တောင်ထိပ်ပေါ်တွင် ရပ်နေပြီး ကောင်းဖန်နှင့် သူ့သားရဲကို ငုံ့ကြည့်နေသည်။ သမင်ပုံစုသားရဲ သည် စွဲမက်ဖွယ်ကောင်းပြီး ၎င်း၏ ဦးခေါင်းထက်တွင် ကြည်လင်သော သွေးနီရောင် ကွင်းတစ်ခု ပါရှိသည်။ ၎င်းသည် မော်ကွန်းတင်စွမ်းရည်ဆင့် သားရဲဖြစ်သည်။
အဆင့်မှာ ကွာဟချက်ကြီးကြီးမားမားရှိတာ သနားစရာပင်။ စတုတ္ထကလေးက အဲဒါကို လှမ်းကြည့်လိုက်သည်။
တောင်ထိပ်မှ ချောမောလှပသော ပုံသဏ္ဍာန်က ရုတ်တရတ် သနားဖွယ်ဖြစ်လာပြီး ၎င်း၏ခြေသလုံးများသည် အားနည်းလာကာ တောင်ထိပ်ပေါ်မှ ပြုတ်ကျသွားသည်။
စတုတ္ထကလေးကတောင်ပံကို လှိမ့်လိုက်ပြီး အလျားအဆများစွာ တိုးလာသည်။ ငွေရောင်အလင်းတန်း တစ်ခုဖြစ်လာပြီး တောင်ခြေရင်းသို့ ကျသွားသော သွေးသမင်သည် ဦးခေါင်းပျောက်နေသည်။
ဒေါသပုံထွက်နေပုံရတဲ့ သမင်ဦးခေါင်းနှင့်အတူ လေထဲတွင် သွေးများ ပေါ်လာသည်။
ကောင်းဖန်ကပြုံးလိုက်သည်။ “အခုထွက်သွား.. ငါ မင်းကို မသတ်ချင်ဘူး.. ဒီနေ့ ငါက ယိုဟူလူမျိုးစုကို ဒုက္ခပေးဖို့ပဲရှိနေတာ"
စက္ကန့်ပိုင်းအတွင်း တစ်ချက်ထဲနှင့် ဘုရင်အဆင့် သားရဲကိုသတ်လိုက်သည့် အခင်းဖြစ်ရာကို မြင်သူတိုင်း သွေးဆုပ်သွားသည်။ လေးစားမှုကို ခွန်အားပြသမှုဖြင့် အကောင်းဆုံးရရှိလိုက်သည်။
သူတို့တွေက အရူးတွေမဟုတ်ကြပေမဲ့ ထိုကဲ့သို့သော ပြင်းထန်သော ပြိုင်ဘက်ဆိုရင်တော့ သူတို့ သေဖို့သာရှိကြောင်း သတိပြုမိကြသည်။
“လူတိုင်း နောက်ပြန်ဆုတ်ကြ” ဟု တပ်ရင်းမှူးက ပြောလိုက်သည်။
ကောင်းဖန်ကိုကြည့်လိုက်ပြီး တပ်မှူးက တစ်ခုခု ပြောချင်နေပုံရပေမယ့် သူမပြောနိုင်ပေ။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် တပ်ရင်းမှူးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ဘေးမြေပြင်မှာ ထိုင်နေတဲ့ သံနောက်ကျောဝံပုလွေအမဲလိုက်ခွေးတစ်ကောင် ရုတ်တရက် ထလာပြီး တောင်ကြီးတစ်ခုလို သူ့ကျောကို ခုံးလိုက်သည်။
နောက်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ဖောက်ခွဲရေးစွမ်းအားက သံနောက်ကျောဝံပုလွေအမဲလိုက်ခွေးကို ယင်စီ၏ ဦးခေါင်းကို ကိုက်ဖို့ရန်နှင့် မျိုချဖို့ရန် အထောက်အကူဖြစ်စေသည်။
အမိန့်ပေးပြီးနောက် တပ်ရင်းမှူးက သူ့ခွန်အားတွေ ကုန်ဆုံးသွားပုံရသည်။ တပ်ရင်းမှူးက သူ့နောက်က တပ်သားတွေကို လှည့်ကြည့်လိုက်ပြီး “ဒါကို မှတ်ထား.. ဒီနေ့အမိန့်က ငါ့ကိုယ်ပိုင်ပဲ.... တာဝန်တွေအကုန်လုံကို ငါခံမယ်.."
တပ်ရင်းမှူးက ကောင်းဖန်ဆီကို တက်သွားလိုက်သည်။ “သူရဲကောင်း.. ထားခဲ့လိုက်ပါ.. ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး မင်းနဲ့ မဆိုင်ပါဘူး... မင်းက ဒီလောက်ငယ်ငယ်လေးနဲ့ ခွန်အားတွေ ရှိနေတယ်ဆိုပေမယ့် ဒီလောက်စောပြီး မဖော်ပြသင့်ဘူး.. စောနေသေးတယ်”
ကောင်းဖန်က "မင်းဘာတွေပြောနေတာလဲ" ဟုပြန်မေးလိုက်သည်။
တပ်ရင်းမှူးက အံ့သြသွားသည်။ "မင်းမသိဘူးလား…ဒါဆို မင်းဘာလို့ ယိုဟူမျိုးနွယ်ကို ပြဿနာရှာနေတာလဲ"
တပ်ရင်းမှူးက ရုတ်တရက် ခေါင်းကိုက်လာသည်။ ဒီကောင်... ဘာတွေဖြစ်နေတာလဲ.. "ယိုဟူမျိုးနွယ်စုက သူတို့အတွက် မျိုးပွားပေးဖို့ တစ်ကမ္ဘာလုံးက မိန်းကလေးတွေကို မျိုးနွယ်စုဆီ ခေါ်ခိုင်းထားတယ်ဆိုတာ မင်းမသိဘူးလား"
ပြန်ပေးဆွဲခံရတဲ့ သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတွေရှိတာကြောင့် ကောင်းဖန်လာတယ်လို့ မူလက တပ်မှူးက ထင်ခဲ့တာဖြစ်သည်။ ကောင်းဖန်ကို ပထမဆုံးတွေ့တုန်းက သူ့ကို ထွက်သွားစေချင်ခဲ့သည်။ သူသည် ကောင်းဖန်၏ သတ္တိရှိမှုကို တန်ဖိုးထားသော်လည်း သူ့အမိန့်ကို လိုက်နာရန် အကြောင်းပြချက်တော့မရှိပေ။
"မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး သူတို့အတွကိ မျိုးပွားပေးဖို့ မျိုးနွယ်စုဆီ ခေါ်လာတာလား" ကောင်းဖန် မှင်တက်သွားသည်။ ယိုဟူ မျိုးနွယ်စုက ဒီလိုလူမဆန်တဲ့ကောင်တွေလား.. ကောင်းဖန်၏မျက်နှာသည်ပူပန်နေသည်။ သူတို့ရဲ့ ဗီဇကို မြှင့်တင်ဖို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို သူ လျှော့တွက်ခဲ့မိသည်။
“မင်း မရပ်ဘူးလား…” ကောင်းဖန်သည် သူတို့၏ ခွန်အားနှင့် ကွာခြားချက် အလွန်ကြီးမားသည်ကို သဘောပေါက်ထားသည့်အတွက် ၎င်းတို့ကို တားရန် မဖြစ်နိုင်ပေ။
"ဒါက ယိုဟူမျိုးနွယ်စုကို သုတ်သင်ဖို့ နောက်ထပ်အကြောင်းပြချက်တစ်ခု ဖြစ်စေတယ်" ကောင်းဖန်က သူ့ကိုယ်သူ ပြောလိုက်သည်။
"မင်း အသက်ရှင်ဖို့ တခြားနေရာလိုရင် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကို သွားလို့ရတယ်...အနည်းဆုံး မင်းအဲဒီမှာ အခြေချနိုင်တယ်” ဟုကောင်းဖန်က တပ်မှူးကို ပြောလိုက်သည်။
ထို့နောက် သူက စတုတ္ထကလေး ခေါင်းကို ပုတ်လိုက်သည်။ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် သူက ထူးခြားတဲ့ အက်ကွဲကြောင်းထဲကို ဝင်သွားသည်။
"စိတ်ချ.. ယိုဟူမျိုးနွယ်စုက ဒီနေ့ပြီးရင် ရှိတော့မှာ မဟုတ်ဘူး" ကောင်းဖန်၏ နောက်ဆုံးစကားက ပဲ့တင်ထပ်သွားသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က "သူရူးသွားပြီလား" ဟုမေးလိုက်သည်။
ရေကန့်လန့်ကာကို ဖြတ်သွားသကဲ့သို့ နေရာလွတ်က လှိုင်းထနေပုံရသည်။ နောက်အခိုက်အတန့်မှာတော့ ကောင်းဖန်ရှေ့မှ ပတ်ဝန်းကျင်များ ပြောင်းလဲလာသည်။ ပတ်ပတ်လည်ရှိ တောအုပ်သည်ထူထပ်လှသည်။ အထူးအက်ကွဲကြောင်း၏ဗဟိုမှ စတုရန်း တစ်မိုင်အတွင်း သစ်ပင်များကို ညှိထားသည်။ တောအုပ်ထဲမှာ ချောမွေ့တဲ့လမ်းတစ်ခုရှိနေသည်။
ကောင်းကင်သည် နီလာပြာရောင်ဖြစ်ပြီး အနက်ရောင်မြူခိုးကမ္ဘာရှိ အနီရောင်ကောင်းကင်နှင့် အတော်လေးကွာခြားသည်။ ဒီနေရာရှိ ကောင်းကင်နှင့် ပတ်ဝန်းကျင်သည် ကမ္ဘာကြယ်နှင့် ဆင်တူသည်။ ယိုဟူမျိုးနွယ်စုသည် ကျို့လီတောရိုင်း၌ နေထိုင်သည်ဟု ပြောသည် မဆိုသော်လည်း ဒီပတ်ဝန်းကျင်က တောရိုင်းနဲ့ မတူပေ။
ယိုဟူမျိုးနွယ်စုတည်ရှိရာကမ္ဘာက ဒီလိုပုံလား.. ဒါက သူလည်ပတ်ဖူးသော တတိယကမ္ဘာဖြစ်ပြီး ယခင်က သူမြင်ဖူးသည့်အရာများနှင့် လုံးဝမတူပေ။
ထိုနေရာတွင် ခံစစ်အစီအမံများ မရှိပေ။ အထူးအက်ကွဲကြောင်း တစ်ဖက်ခြမ်းတွင် တပ်စွဲထားသော မျိုးနွယ်စုများကြောင့် ဖြစ်နိုင်သည်။ ကောင်းကင်ယံ၌ စတုတ္ထကလေးငယ်ကို စီးလျှက် အနီးနားရှိ ရှုခင်းအားလုံးသည် ကောင်းဖန်၏ မြင်ကွင်းထဲမှာ ရှိနေသည်။
သူ့အောက်က သစ်တောက သိပ်မကြီးဘဲ အက်ကွဲကြောင်းက သစ်တောရဲ့ အစွန်းမှာ ရှိနေသည်။ သူ့ရှေ့မှ နယ်ပယ်တွင် ကောင်းဖန်သည် ဆောက်လုပ်ရေး အရိပ်အယောင်များကို တွေ့လိုက်ရသည်။ ဒါက ယိုဟူလူမျိုးစုနေရာဖြစ်သည်။
စတုတ္ထကလေးကို အပေါ်မှ ပျံဖို့ အမိန့်ပေးလိုက်သည်။ သူသည် ယိုဟူလူမျိုးစုနှင့်ဝေးကွာသွားသည်နှင့်တစ်ပြိုင်နက် သူ့ရှေ့ရှိ တိမ်များသည် ပြောင်းလဲလာသည်။
တိမ်ဖြူများထဲမှ တစ်ခုသည် လူ့မျက်နှာအသွင်သို့ ပြောင်းသွားသည်။ "မင်းက ဘယ်သူလဲ.. မင်းက ငါတို့ မျိုးနွယ်ဝင် မဟုတ်ဘူး" ၎င်းသည် ရှေးခေတ်မျိုးနွယ်ဘာသာစကားကို ပြောဆိုသော်လည်း ကံကောင်းစွာဖြင့် ကောင်းဖန် ၎င်းတို့၏ဘာသာစကားကို သင်ယူခဲ့သည်။
ကောင်းဖန်သည် အဆင့် ၆၄ တိမ်တိုက်ဘီလူးဘုရင်အမျိုးအစားကို မြင်လိုက်သည်။
"ငါဘယ်သူလဲဆိုတော့... ငါက စံတုံမျိုးနွယ်စုကပါ" ကောင်းဖန်က ဝမ်းသာအားရနဲ့ ပြန်ဖြေလိုက်သည်။
“စံတုံမျိုးနွယ်စု…” တိမ်တိုက်ဘီလူးဘုရင်က လေးလေးနက်နက် စဉ်းစားနေသည်။ " ဟော့ထန်တောင်ကြားမှာရှိတဲ့ စံတုံမျိုးနွယ်စုက ငါတို့နဲ့ နယ်ပယ် ၃၀၀ကွာဝေးတယ်လေ ...
သူတွေးနေတုန်းမှာ ရေပေါ်အလင်းက ကောင်းဖန်နောက်ကနေ ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရေပေါ်အလင်းက သူ့ရှေ့ကိုရောက်လာသည်။ ထိုအချိန်အထိ တိမ်တိုက်ဘီလူးဘုရင်က မတုံ့ပြန်သေးပေ။
ရေပေါ်အလင်းက၎င်း၏ နောက်ကျောကို နိမ့်ချလိုက်ပြီး တောင်ပံများကို ဖြန့်ဖွင့်ကာ ၁၈၀ ဒီဂရီ လှည့်လိုက်ပြီး နှစ်ထပ်ဓားသွားများ၏ သေမင်းတမန် အလင်းတန်းများကို ဖော်ထုတ်လိုက်သည်ံ
ရေပေါ်အလင်းအတွက် တိမ်တိုက်ဘီလူးဘုရင်သည် အပြစ်အနာအဆာများနှင့် ပြည့်နေသည်။ ရှည်လျားသော သွေးနီရောင် မျဉ်းများသည် တိမ်တိုက်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဒေါင်လိုက်နှင့် အလျားလိုက်ဖြတ်ကာ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ပြည့်သွားစေသည်။
“အားနည်းချက်တွေ အများကြီးပဲ… ဒါပေမယ့် မင်း မသေနိုင်ဘူးလား” ရေပေါ်အလင်းသည် ပရမ်းပတာဖြင့် နှစ်ထပ်ဓားသွား လှုပ်ရှားမှုကို လုပ်နေသည်။ ၎င်း၏အရိပ်ကို မှုန်ဝါးဝါးအဖြစ်သာ မြင်နိုင်သည်။
"အမှန်တရား၊ သေခြင်း၊ သုတ်သင်ပယ်ရှင်းခြင်း၊ အဆုံးစွန်သော ခုတ်ဖြတ်ခြင်း"
မိုင်အနည်းငယ်အကွာအဝေးအတွင်း တိမ်တိုက်များအားလုံး ပျောက်ကွယ်သွားသော်လည်း တိမ်တိုက်ဘီလူးဘုရင်၏ ခန္ဓာကိုယ်သည် မပျက်မစီးကျန်ရှိနေသည်။
တိမ်တိုက်ဘီလူးဘုရင်သည် ၎င်း၏ခန္ဓာကိုယ်ကို သံသယရှိစွာ ကြည့်နေလေသည်။ ဒါ လှည့်ကွက်တစ်ခုလား...
နောက်ဆုံးတွင်တော့ တိမ်တိုက်ဘီလူးဘုရင်သည် သေးငယ်သော အပိုင်းအစများအဖြစ် ချက်ချင်း ပေါက်ကွဲသွားပြီး အငွေ့အဖြစ် လေထဲသို့ အငွေ့ပျံ သွားသည်။
အဖြူရောင်အူတိုင်သလင်းကျောက်သည် လေထဲတွင် လွင့်မျောပြီး ကျန်နေသည်။
စတုတ္ထကလေးငယ်သည် ၎င်း၏တောင်ပံများကို ကျွမ်းကျင်စွာ မြှောက်ကာ အူတိုင်ကျောက်တုံးကို ထိပ်တွင်တင်လိုက်ပြီး တစ်ချက်တည်း မျိုချလိုက်သည်။
ရေပေါ်အလင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ “အစားအသောက် ခိုးပြန်ပြီ” ဒါကသူ့ကို ဒေါသအရမ်းထွက်စေပြီး စတုတ္ထကလေးရဲ့ ခေါင်းကို နင်းလိုက်သည်။ "အဲဒါကို ထွေးထုတ်လိုက် မင်းက အစားကြီးလွန်းတယ်"
စတုတ္ထကလေးက ဘာမှမကြားရတဲ့ အ,နေတဲ့လူလို ဟန်ဆောင်နေသည်။
“တော်ပါတော့.. ဒါက တခြား သလင်းကျောင်အူတိုင်လေးပဲ.. အဲဒါက တစ်နေ့တာအတွက် လုံလောက်ပါတယ်”ကောင်းဖန် က သူ့အောက်မှာ စည်ကားနေတဲ့ မျိုးနွယ်စုကို ကြည့်ပြီး ပြုံးလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၆၆ ထိုက်ရှန်းတောင်
တိမ်ဘုရင်ဘီလူး သေသွားသည်နှင့် ရေဒီယိုကို ကိုင်ထားသော မုတ်ဆိတ်ဖြူနှင့် လူသည် တစ်ခုခုကို ကြိုသိလိုက်သလို သူ၏ မုတ်ဆိတ်ကို မှုတ်လိုက်သည်။ ချက်ချင်းပင် သေဆုံးသွားသော ကိုယ်ပိုင်သားရဲသည် သူ၏ နောက်ဆုံး တိုက်ခိုက်မှုကို စတင်လိုက်သည်။ သွေးများသည် ရေဒီယိုကို ထိသွားပြီး လတ်ဆတ်သော သွေးများသည် ရဲရဲနီနေသည်။
"တိမ်ဘုရင် သေသွားပြီ" မုတ်ဆိတ်ဖြူလူသည် ထိတ်လန့်စွာဖြင့် ရေဒီယိုကို စားပွဲပေါ်တင်လိုက်ပြီး သတင်းစကားဖြန့်ရန် အခန်းထဲမှ ပြေးထွက်သွားသည်။ ရုတ်တရတ် ကောင်းကင်သည် မှောင်မဲလာသည်။ သူသည် ခေါင်းကို မော့လိုက်ပြီး မျက်လုံးထဲတွင် ပူဆွေးရိပ်များဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်တွင် ကောင်းဖန်သည် သူ့လက်ကို ညင်သာစွာ တစ်ချက်ခေါက်လိုက်သည်။ ထိုအခါ ထိုမြည်သံသည် ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားကာ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ဖော်ဆောင်သော အချက်ပေးခေါင်းလောင်းကြီးတစ်ခုလို မြည်ဟည်းသွားသည်။
သူ့မျက်စိရှေ့မှ လေဟာပြင်သည် ပုံစံပျက်လာပြီးနောက် လေသာပြင်တစ်ဖက်ခြမ်းမှ အသက်ရှူသံကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုလေဟာပြင်ကြီးကိုပင် ပုံစံပျက်ယွင်းအောင် လုပ်နိုင်သော သားရဲသည် အလွန်ကြီးမားသည်ဟု ထင်ရသည်။
"တစ်ခါတလေ ကံကြမ္မာတစ်ခုကို ဖန်တီးဖို့က အရမ်းလွယ်ပါတယ်.. လက်ဖျောက်တစ်ချက် တီးလိုက်ရုံပဲ" ကောင်းဖန်က သက်ပြင်းသာသာချ၍ ပြောလိုက်သည်။ သူသည် ဘာမှမတတ်နိုင်ပဲ စကြ၀ဠာ၏ အခြေအနေကို ၀မ်းနည်းစရာကောင်းမှန်းသာသိပြီး လူသားများ၏ ကံကြမ္မာကိုသာ သနားနေမိတော့သည်။
လေသာပြင်ကို ပုံစံပျက်ယွင်းအောင် လုပ်ခြင်းသည် အချိန်သိပ်မကြာလိုက်ပေ။
ပုံစံပျက်ယွင်းပြီးသွားသည့်နောက်တွင်တော့ နက်ရှိုင်းသော အမှောင်ထုကြီးက ပေါ်ထွက်လာကာ ကောင်းကင်ကြီး ပြုတ်ကျလာသလို ခံစားရသောကြောင့် လူများသည် ပုန်းကျ ကွယ်ကြနှင့် သွေးပျက်ခြောက်ချားနေကြသည်။
တကယ်လည်း ကောင်းကင်ပြိုကျလာသည်နှင့် ဆင်တူသည်။ လေသည်ပြင်းထန်စွာ တိုက်ခတ်နေပြီး လေချွန်သံများပင် ထွက်ပေါ်နေကာ ၅ မိုင်လောက်ရှိသောတောင်ကြီးက ဥက္ကာခဲတစ်ခုလို ပြုတ်ကျလာသည်။
ယိုဟူမျိုးနွယ်စု အပါအ၀င် အားလုံးသည် ထိတ်လန့်စွာ အော်ဟစ်နေကြသည်။
"ဂရုစိုက်ကြ"
"မြန်မြန် အကာအကွယ်ယူကြ"
“ဘာကြီးလဲ.. ကောင်းကင်ပေါ်ကနေ တောင်ကြီး ပြုတ်ကျလာတာလား"
လူများသည် အရှင်လတ်လတ် အရည်ကြိုခံရတော့မလို ခံစားချက်မျိုး ဖြစ်နေကြသည်။ သူတို့ဆီသို့ ရေနွေးဆူဆူများ ဖိတ်ကျလာသလိုပင်။ ကောင်းဖန်၏ ရုတ်တရတ် တိုက်ခိုက်မှုသည် သူတို့အပေါ် အလွန်ပင် အကျိုးသက်ရောက် သွားခဲ့သည်။ ထိုအဖြစ် အပျက်သည် ကြာညောင်းရက်စက်လှသည့် ကမ္ဘာတွင် နေရသည့် အတောအတွင်း ကြုံတွေ့ရသည့် ပထမဆုံး အဖြစ်အပျက် ဖြစ်သည်။
ကြီးမားသော ဘုရားကျောင်းကြီးသည် ယိုဟူမျိုးနွယ်စုတို့ နေထိုင်ရာ ဗဟိုချက်တွင် တည်ရှိသည်။ ယင်မုကို မြှုပ်နှံထားသော သစ်သားအပိုင်းအစကြီးသည် အက်ကွဲလာသည်။ ထိုအက်ကွဲကြောင်းကို ဖြစ်စေခဲ့သော ဓားသည် ကျားတစ်ကောင်ပုံစံ ထွင်းထုထားသည်။
ယင်မုသည် သူ့လက်ထဲမှ သစ်သားအပိုင်းအစများကို ကြောင်ငေးကြည့်နေသည်။
ဘုန်းတော်ကြီးခန်းမအောက်မှ မြေကြီးသည် ကွဲထွက်လာသည်။ ရွှံ့စေးများနှင့် ရောထွေးနေသော ဆောက်လုပ်ရေးသုံး ပစ္စည်းကြီးများသည် ကွဲထွက်လွင့်စင်သွားကြသည်။ ဘုန်းတော်ကြီးခန်းမကြီးလည်း ရွံ့စေးများနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားသည်။
ထိုထွက်ပေါ်လာသော အက်ကွဲကြောင်းကြီးထဲတွင် ကြီးမားသော ငွေရောင်မြွေကြီးတစ်ကောင်ထွက်ပေါ်လာခြင်းကြောင့် ထိုကဲ့သို့ ပွင့်ထွက်သွားခြင်း ဖြစ်သည်။ သူ့ရင်ဘတ်ပိုင်းတွင် လှပသော ရောင်ပြေးကြီးများ ဖြစ်ပေါ်နေသည်။ သူသည် မြေကြီးထဲမှ ထွက်လာခါစ ဖြစ်သောကြောင့် အဝါဖျော့ဖျော့ရောင်များ ဖြစ်နေသည်။ မြွေကြီးသည် မြေကြီးထဲမှ ထွက်လာပြီးသည်နှင့် ပြုတ်ကျလာသော တောင်ကြီးကို ဒေါသတကြီး နှာမှုတ်ဟိန်းဟောက်လိုက်သည်။
"ဘုန်းတော်ကြီးရဲ့ မြွေနဂါးပဲ.. ငါတို့အတွက် မျှော်လင့်ချက် ရှိတယ်" တစ်ယောက်ယောက်က ပြောလိုက်သည်။
မြွေကြီးအပြင် အခြားသော ၁၀ ကောင်ထက်မနည်းသည့် စွမ်းအင်အငွေ့အသက်များလည်း မကြာမီ အလျှိုလျှိုထွက်ပေါ်လာကြသည်။ ထို့နောက် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများသည် ကျလာသော တောင်ကြီးဆီသို့ ဦးတည်လိုက်ကြသည်။
မရေတွက်နိုင်အောင်များပြားလှသော တိုက်ခိုက်မှုများသည် ပြုတ်ကျနေသော တောင်ကြီး၏ အောက်ခြေကို ထိမှန်နေကြသည်။ ထိုအချိန်တွင် ထူထဲလေးလဲသော အဝါရောင် ဒိုင်းကြီးတစ်ခုသည် တောင်ထိပ်တွင် ပေါ်ပေါက်လာသည်။ ထို့နောက် အောက်မှ တိုက်ခိုက်နေသော တိုက်ခိုက်မှုများကို ထိုအလွှာကြီးက ကာရံပိတ်ဆို့ ထားသလို ဖြစ်နေသောကြောင့် ကောင်းကင်တွင် မီးရှူးမီးပန်းများ ဖောက်နေသလို ဖြစ်နေသည်။
သို့သော် ထိုတိုက်ခိုက်မှုများသည် အသေးအဖွဲ သားရဲများ၏ တိုက်ခိုက်မှုများသာ ဖြစ်သည်။ ယိုဟူမျိုးနွယ်စု၏ တကယ်ပြင်းထန်သော တိုက်ခိုက်မှုမှာ မိုင်၀က်ခန့် ရှည်လျားသော အရှင်သခင်အဆင့် မြွေနဂါးကြီးဖြစ်သည်။ ထိုမြွေနဂါးကြီးသည် ယိုဟူမျိုးနွယ်စု၏ ဝှက်ဖဲလည်း ဖြစ်သည်။
မြွေကြီး၏ ခေါင်းသည် အစင်းလေး၏ တင်ပါးကြီးနှင့် တဖြည်းဖြည်း နီးလာပြီ ဖြစ်သည်။
သူတို့ ၂ ဦး ထိသွားသောအခါ မြေကြီးသည် ကြီးမားသော မြွေကြီးကို ဗဟိုပြု၍ အရပ်လေးမျက်နှာသို့ နိမ့်ဆင်းသွားသည်။ မြေကြီးသည် ကြီးမားလေးလံသော အလေးချိန်ကို မခံနိုင်ပဲ ပြိုကျကုန်သည်။ ထိုနေရာကြီးတစ်ခုလုံးတွင် မီးခိုးများ ဖုန်မှုန့်များဖြင့် ပြည့်နေပြီး ကမ္ဘာပျက်သလို ဖြစ်နေသည်။
မြွေနဂါးကြီး၏ ဦးခေါင်းခွံသည် ကွဲကြေတော့မတတ် ဖြစ်သွားသည်။ သူ့ခေါင်းကို ကြီးမားလေးလံသော အရာကြီးက ဖိထားပြီး သူ့တစ်ကိုယ်လုံးကလည်း တောင်ခြေတွင် ပိတ်မိနေသည်။ သူသည် အစင်းလေး၏ တက်ဖိခြင်းကို ခံထားရလေသည်။
မြေကြီးသည် တော်လဲသံကြီးဖြင့် သိမ့်သိမ့်တုန်နေသည်။ မိုင်တစ်ထောင် အကွာအဝေးလောက်မှာ ရှိသော သားရဲများသည်ပင် ထိုရိုက်ခတ်မှုများကို ခံစားသိရှိကြသည်။
ကောင်းဖန်က လက်ဖျောက်တစ်ချက် တီးလိုက်ပြန်သည်။ ထိုအခါ အခုမှ အိပ်ရာက နိုးထလာသော အစင်းလေးသည် လေထဲမှ ချက်ချင်းပျောက်ကွယ်သွားကာ ကောင်းဖန်၏ သားရဲသိုလှောင်ခန်းထဲသို့ ရောက်သွားပြန်သည်။
သူ့ခြေထောက်အောက်တွင် ရှိနေသော အရာအားလုံးကတော့ ပြားပြား၀ပ်နေပြီ ဖြစ်သည်။ ယခင်က မျိုးနွယ်စု၏ ဗဟိုချက်ခရိုင်တစ်ခုလုံးလည်း ပျက်စီးသွားပြီဖြစ်ပြီး ဘာတစ်ခုမှ အကောင်းအတိုင်း မကျန်တော့ချေ။ မြေကြီးသည် လမ်းကြိတ်စက်အစီး ၁၀၀ လောက်နှင့် ကြိတ်ခံထားရသလို ဖြစ်နေသည်။ ထိုမြေကြီးသည် ကွန်ကရစ်ထက်ပင် မာကျောခဲ့သော်လည်း အခုတော့ တစ်စစီ ဖြစ်နေပြီ ဖြစ်သည်။ ထိုအထဲတွင် သားရဲများ၏ သွေးအပိုင်းအစများလည်း ရောထွေးနေသည်။
တိတ်ဆိတ်မှုသည် ကြောက်မက်ဖွယ် ဖြစ်သည်။
ကံကောင်း၍ အသက်ရှင်သော အစွန်အဖျားရှိ အဆောက်အအုံလေးတချို့မှ အပ ဗဟိုခရိုင်တစ်ခုလုံး ပျက်စီးသွားပြီ ဖြစ်သည်။ ကောင်းဖန် အဆင့်မြှင့်ထားသော သားရဲသိုလှောင်ခန်းကိုသာ အသုံးပြုဖို့ ရှိတော့သည်။ သိုလှောင်ခန်းကို အစင်းလေး၏ အလေးချိန်နှင့် အရွယ်အစားကို ချိန်ဆအသုံးပြု၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
အစင်းလေးကို ကောင်းကင်မှ ပစ်ချခြင်းသည် အောက်မှရန်သူများအား တစ်ချက်တည်းနှင့် ကျယ်ပြန့်စွာ ရှင်းလင်းနိုင်ခဲ့သည်။
ကောင်းဖန်သည် တိတ်ဆိတ်နေသော ယူဟိုလူမျိုးစုကို တစ်ချက်ကြည့်လိုက်သည်။ "သန်မာတဲ့ သားရဲတွေပါ သေသွားတာတော့ မဟုတ်ပါဘူးနော်"
"မဟုတ်လောက်ပါဘူး.. ဒီလောက်တော့ အားမနည်းလောက်ဘူး ထင်ပါတယ်" သူ့မိတ်ဆွေက ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ပြိုလဲနေသော မြေကြသည် သိမ့်သိမ့်တုန်လာသည်။ ထို့နောက် အက်ရာများ ထိန်းချုပ်မရစွာ ပေါ်ပေါက်လာပြီး ကြီးမားသော အရာကြီးတစ်ခု ထွက်ပေါ်လာသည်။
မြွေနဂါးကြီးသည် ကောင်းကင်ကို မော့ကြည့်ကာ ကျယ်လောင်စွာ မြည်တမ်းလိုက်ပြီး သူ့ပတ်ပတ်လည်မှ အပျက်အစီးများကို တွေ့သောအခါ သူ့မျက်လုံးထဲတွင် လူသားတစ်ယောက်လို နာကျဉ်းမုန်းတီးမှုများဖြင့် ပြည့်နှက်လာသည်။ ထို့နောက် သူသည် စတုတ္ထမြောက်ကလေးကို စီးထားသော ကောင်းဖန်ကို မုန်းဆီးစွာ စိုက်ကြည့်လိုက်သည်။
သူသည် တဖြည်းဖြည်း ထွက်ပေါ်လာရာ သူ့ဘေးမှ မြေကြီးများသည် တောင့်ခဲသွားသည်။ သူသည် ဖြောင့်တန်းစွာ ရပ်လိုက်ပြီး ပါးစပ်ကြီးကို ဟလိုက်ကာ အနိုင်ရတော့မလို တစ်ချက်ကြွေးကြော်လိုက်သည်။
သူ၏ မခံမရပ်နိုင်အောင် ကြီးမားသည့် စွမ်းအင် အငွေ့အသက်ကြောင့် စတုတ္ထမြောက်ကလေးသည် အလွန်ပင် တုန်လှုပ်နေသည်။ ကောင်းဖန်ကတော့ မြွေကြီးကို မတုန်မလှုပ်စိုက်ကြည့်လိုက်သည်။ "အမုန်းတရားကြောင့် အသိစိတ်ကိုတောင် မထိန်းချုပ်နိုင်တော့ပါလား.. ခုထိ သင်ခန်းစာမရသေးဘူးထင်တယ်"
ကောင်းဖန်၏ အတွေးဆုံးသွားသည်နှင့် ကောင်းဖန်ရှေ့တွင် တစ်စုံတစ်ခု ပေါ်လာသည်။
မြွေကြီးသည် မျက်လုံးများ ပြူးကျယ်သွားကာ တစ်ခုခုကို ချက်ချင်း သတိရသွားသည်။
မြွေကြီးသည် ဒုတိယအကြိမ် အဖိခံလိုက်ရပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ သူသည် မတ်မတ်ရပ်နေသည့်အတွက် လည်ပင်းရိုးပင် ကျိုးမတတ် ဖြစ်သွားသည်။
ဒီတစ်ကြိမ်တွင်တော့ ကောင်းဖန်သည် အစင်းလေးကို ပြန်မထည့်တော့ပေ။ ထိုအစား အစင်းလေးကို မြွေကြီးအား သူ့တင်ပါးအောက်တွင် ဖိသတ်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် မြေကြီးအောက်တွင် အခြား အရှင်သခင်အဆင့်သားရဲများ ရှိလိုရှိငြား ရှာခိုင်းလိုက်သည်။
"ကောင်းဖန်.. မြေကြီးထဲမှာ ဘုရင်အဆင့်နဲ့ ဧကရာဇ်အဆင့်သားရဲတွေတော့ ရှိတယ်.. အရှင်သခင်အဆင့်တော့ မပါဘူး" အစင်းလေးက ကောင်းဖန်ကို သတင်းပို့လိုက်သည်။
"အဲဒီကောင်တွေ အားလုံးကို သတ်ပစ်လိုက်" ကောင်းဖန်က ပေါ့ပါးစွာပင် အမိန့်ပေးလိုက်သည်။
အစင်းလေး၏ ထိန်းချုပ်မှုအောက်တွင် သူ့အောက်မှ မြေကြီးသည် အကြားအလပ်မရှိ တုန်ခါနေသည်။
မမြင်နိုင်သည့် လက်ကြီးတစ်စုံသည် ဘုရင်အဆင့်နှင့် ဧကရာဇ်အဆင့်သားရဲများကို အင်းဆက်များလို ချေမှုန်းနေသလိုပင်။
"ဘာလို့ အရှင်သခင်အဆင့်သားရဲ ၁ ကောင်ပဲ ရှိတာလဲ.. ၂ ကောင်ရှိတယ်လို့ ပြောထားတာ မဟုတ်ဘူးလား" ကောင်းဖန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သူတို့သည် ဘေးပတ်ပတ်လည်ကို စစ်ဆေးကြည့်သော်လည်း ဒုတိယမြောက် အရှင်သခင်အဆင့်သားရဲကို မတွေ့ချေ။ ကောင်းဖန်သည် စိတ်မသက်မသာ ဖြစ်နေမိသည်။ သူသည် အမြစ်ဖြုတ် ချေမှုန်းရမှ စိတ်ကျေနပ်သူ ဖြစ်သည်။ သူ့တွင် စောင့်ရှောက်ရမည့် ကျောင်းသားများနှင့် တန်ဖိုးကြီးသော တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက နောက်ကွယ်မှာ ရှိနေကြခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတန်ဖိုးထားရသူများကို တချိန်ချိန် လက်စားပြန်ချေလာနိုင်သော ရန်သူများကို အခုကတည်းကမှ ကျူပင်ခုတ် ကျူငုတ်မကျန် မရှင်းထားလျှင် ဘယ်သူကရှင်းမည်နည်း။
ကောင်းဖန်သည် သူတန်ဖိုးထားရသူများ အန္တရာယ် ကျရောက်လာတော့မှ နောင်တမရချင်ပါချေ။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၆၇ ပဉ္စမမြောက်ကလေး
"ထားလိုက်တော့.. ဟိုမိန်းကလေးတွေကိုပဲ အရင်ကယ်ရအောင်" ကောင်းဖန်သည် ထိုမိန်းကလေးများ တွေ့ကြုံခံစားခဲ့ရသည့် ရက်စက်သည့်ကံကြမ္မာကို တွေးမိကာ သက်ပြင်းချလိုက်မိသည်။
ထိုမိန်းကလေးများသည် ယိုဟူမျိုးနွယ်စုမှ မဟုတ်ကြချေ။ ယိုဟူမျိုးနွယ်စု၀င်များ၏ မျက်လုံးထဲတွင် သူမတို့သည် မျိုးနွယ်စု၀င်ဖြစ်ဖို့ အရည်အချင်း မပြည့်မှီကြချေ။ သူတို့သည် မျိုးဆက်ပြန့်ပွားရေးအတွက် အသုံးချခံများသာ ဖြစ်ကြသည်။ သူတို့သည် မသမာသော နည်းလမ်းများဖြင့် ပြန်ပေးဆွဲခံထားရသူများ ဖြစ်ကြရာ ယိုဟူမျိုးနွယ်စုသည် သူမတို့ကို အင်အားကြီးမားလာအောင် ဘာအခွင့်အလမ်းမှ မပေးခဲ့ကြချေ။
အချို့သော မိန်းကလေးများဆိုလျှင် ကလေးမွေးပြီးတာနှင့်ပင် အသတ်ခံလိုက်ကြရသည်။
သူတို့ကို ယိုဟူမျိုးနွယ်စုအတွင်း ထားထားမည်ဆိုလျှင်တောင် ကောင်းဖန်သည် ထိုကဲ့သို့ အမြစ်ဖြတ်သုတ်သင်ဖို့ တုံ့ဆိုင်းနေဦးမည် ဖြစ်သည်။ အခုတော့ စိတ်အေးလက်အေးပင် သုတ်သင်နိုင်ခဲ့သည်။
ကောင်းဖန်သည် ကောင်းကင်တွင် ရှိနေကတည်းက ယိုဟူမျိုးနွယ်စုနှင့် အဝေးတစ်နေရာတွင် ရှိသော လူမှုအဖွဲ့အစည်းလေးတစ်ခုကို သတိထားမိခဲ့သည်။ သူသည် ဒုတိယကလေး၏ အမြင်အာရုံကို သုံးကာ ကြည့်လိုက်သောအခါ ကမ္ဘာမြေ၏ ယူနီဖောင်းများကို ၀တ်ဆင်ထားသည့် မိန်းကလေးများကို တွေ့လိုက်ရသည်။ သူတို့ကို ကြီးကြပ်နေသော ယိုဟူမျိုးနွယ်စုမှ လူအမြောက်အများလည်း ထိုနေရာတွင် ရှိနေသည်။
သူသည် လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ သူ့ရှေ့မှ မြင်ကွင်းပျောက်ကွယ်သွားသည်။ "မိန်းကလေးတွေကို သွားကယ်လိုက်.. အဲဒီမှာ ယိုဟူမျိုးနွယ်စုက လူတွေကို တွေ့ရင် ချက်ချင်း သတ်ပစ်လိုက်" ကောင်းဖန်က ပြောလိုက်သည်။
လေထဲတွင် လေပွေတစ်ခု ဖြစ်ပေါ်လည်ပတ်နေသည်။
....
ယိုဟုလူမျိုးစုသည် သူတို့နှင့် သိပ်မဝေးလှသော နေရာတွင် တည်ရှိသည်။ ကောင်းကင်မှ တောင်ကြီး ပြုတ်ကျလာပြီး ယိုသူမျိုးနွယ်စုများ သုတ်သင်ခံလိုက်ရသောအခါ မိန်းကလေးများသည် ပါးစပ်အဟောင်းသားဖြင့် ဒူးများပင် ညွတ်ကျကုန်သည်။ သူတို့သည် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ သူတို့ထဲတွင် နူးညံ့ပုံရပြီး လှပချောမောသည့် ကောင်လေးများလည်း ရှိနေသည်။
သူတို့သည် ယိုဟူမျိုးနွယ်စု၏ တကယ့်အခြေအနေမှန်ကို မျက်မြင် မတွေ့ရသော်လည်း သူတို့ အောက်မှ မြေကြီး၏ တုန်လှုပ်နေမှုကြောင့် ဘာတွေ ဖြစ်နေမှန်းတော့ ခန့်မှန်းလို့ ရနိုင်သည်။
ထိုနေရာကို ကြီးကြပ်နေရသော သားရဲလေ့ကျင့်သူအချို့သည် အ၀တ်အစားများပင် ကောင်းကောင်း မ၀တ်နိုင်ကြပဲ အူယားဖားယား ပြေးထွက်လာကြသည်။ သူတို့ ထွက်လာသောအခါ ကောင်းကင်မှ တောင်ကြီး ပြုတ်ကျလာပြီး မြွေနဂါးကြီးပေါ် ကျသွားသည်ကို တွေ့လိုက်ရသည်။
ဘုန်းတော်ကြီး၏ ကိုယ်ပိုင်သားရဲကတော့ အဖိခံလိုက်ရပြီ ဖြစ်သည်ယ သူတို့သည် သူတို့၏။ ကိုယ်ပိုင်သားရဲများ ကိုယ်စီကို ခေါ်ပြီး ရှိသမျှအားလုံးကို ယူဆောင်သွားတော့သည်။ သူတို့သည် ပတ်ပတ်လည်မှ ငယ်ရွယ်လှပသော မိန်းကလေးများကို ကြည့်လိုက်ရသည်။ တချို့ကတော့ သူမတို့ကိုပင် ဂရုမစိုက်တော့ပဲ ထွက်သွားကြသည်။ အချို့ကတော့ မိန်းကလေး ၂ ယောက်လောက်ကိုပင် ဆွဲခေါ်သွားပြီး ထွက်သွားကြသည်။
အနည်းငယ် ဉာဏ်ကောင်းသော မိန်းကလေးအချို့ကတော့ တစ်ခုခု ကြီးကြီးမားမား ဖြစ်နေသည်ကို သိလိုက်ကြပြီး ဆန်သိုလှောင်ကန်များ၊ အိပ်ရာအောက်များတွင် ၀င်ပုန်းလိုက်ကြသည်။ အချို့မိန်းကလေးများကတော့ ထိုအခွင့်အရေးကို အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့ စဉ်းစားလိုက်ကြသော်လည်း အပြင်ဖက်တွင် နေထိုင်ရှင်သန်ဖို့က ပိုခက်ခဲသောကြောင့် တွေဝေနေကြသည်။
ခန့်ညားသောအသွင်နှင့် လူတစ်ယောက်သည် ခြင်္သေ့နက်ကြီးတစ်ကောင်ကို စီးလာကာ ဘေးနားမှ မိန်းကလေးတစ်ယောက်ကို ဆွဲတင်လိုက်ပြီး သူ့သားရဲကို ပြေးထွက်ခိုင်းလိုက်သည်။ အဆွဲခေါ်ခံလိုက်ရသော မိန်းကလေးသည် ရုပ်သေးရုပ်လေးတစ်ခုလို ပါသွားသည်။
ထိုအချိန်တွင် ခြင်္သေ့၏ မျက်လုံးအိမ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ပန်းထွက်လာသော သွေးများသည် အလင်းဖောက်နေသော ပဉ္စမမြောက်ကလေး၏ ကိုယ်ပေါ်ကို စွန်းထင်သွားသည်။ ထို့ကြောင့် ရုတ်တရတ် ကြည့်လိုက်လျှင် အကြည်ရောင်ကျောက်လေးတစ်ခုက သွေးရောင်စွန်းနေသလို ပုံစံမျိုး လေထဲတွင် မြင်နေရသည်။ သွေးရောင်မစွန်းသောနေရာများကတော့ ကိုယ်ပျောက်နေဆဲပင် ဖြစ်သည်။
သူသည် သူ့ကိုယ်သူသာ မြင်နိုင်ပြီး တခြားသူများက သူ့ကို မမြင်ရချေ။
ပဉ္စမြောက်ကလေးသည် ခြင်္သေ့နက်၏ မျက်လုံးကို ဖောက်ထုတ်လိုက်သောအခါ ခြင်္သေ့နက်သည် မြေပြင်ကို လဲကျသေဆုံးသွားပြီး သူ့အလောင်းမှ အပူငွေ့များ ထွက်ပေါ်လာသည်။
သူသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းမချလိုက်ရသေးခင်မှာပင် လေထုထဲတွင် အသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် သူ့လည်ပင်းကို ခြင်ကိုက်ခံလိုက်ရသလို ခံစားချက်တစ်ခု ဖြစ်ပေါ်လာသောကြောင့် ပျံသန်းလိုက်သည်။
ထိုအချိန်တွင် သူမြင်ဖူးသလို ရှိနေသော ခေါင်းပြတ်နေသည့် အလောင်းတစ်ခုကို မြင်လိုက်ရသည်။ ပဉ္ဓမမြောက်ကလေးသည် အနည်းငယ် တုန်ယင်သွားပြီး သူ့ကိုယ်ပေါ်မှ သွေးများကို ခါထုတ်လိုက်ပြီး ကိုယ်ပြန်ဖျောက်လိုက်သည်။
၁၀ မိနစ်ခန့်ကြာသောအခါ တိတ်ဆိတ်နေသော မြေပြင်ပေါ်တွင် ထူးဆန်းသော သားရဲတစ်ကောင်ပေါ်လာသည်။ ထိုသားရဲ၏ တစ်ကိုယ်လုံးသည် ကျောက်တစ်ခုလို ကြည်လင်ပြီး အလင်းဖောက်နေသည်။
သူ့ပုံစံသည် ပုရွက်ဆိတ်တစ်ကောင်နှင့် တူသော်လည်း ခေါင်းပေါ်တွင် တိုတုတ်ကြမ်းတမ်း ချွန်မြသော ဂျို ၂ ခု ရှိပြီး နောက်ကျောတွင် ကြီးမားသော အခွံမာ တောင်ပံကြီး ၂ ခုရှိသည်။
[သားရဲအမည်] - ကိုယ်ပျောက်နဂါးပုရွက်ဆိတ် (ပဉ္စမမြောက်ကလေး/ ရှောင်းဝူ)
[သားရဲအဆင့်] - အဆင့် ၆၆ (ဧကရာဇ်အဆင့်)
[သားရဲစွမ်းရည်] - မော်ကွန်းတင်
[သားရဲအမျိုးအစား] - အလင်း
[သားရဲအားနည်းချက်] - အမှောင်
[သားရဲစွမ်းအင်] - ကိုယ်ပျောက်အစွမ်း အဆင့် ၆၊ အနံ့အသွင်ယူ အဆင့် ၅၊ ချွန်ထက်သော လက်များ အဆင့် ၅
[အထူးဝိသေသ လက္ခဏာများ] - ပြီးပြည့်စုံသော သတ်ဖြတ်သူ (ကိုယ်ပျောက်ရင်းဖြင့် သားရဲ၏ အရိုးများကို တိုက်ခိုက်သတ်ဖြတ်နိုင်သည်။
သက်ရောက်မှု ၁ - သားရဲကိုယ်တွင်း ၀င်ရောက်ကာ အသံများအားလုံးကို စုပ်ယူနိုင်သည်။
သက်ရောက်မှု ၂ - အရသာမရှိသောသွေး။ သူ့သွေးတွင် ဘာအရသာမှ မရှိချေ။
ပဉ္စမမြောက်ကလေး ရှောင်းဝူသည် လက်များကို ဝှေ့ရမ်းလိုက်ပြီး သူ့နောက်သို့ လိုက်ရန် ညွှန်ပြလိုက်သည်။ သို့သော်သူသည် တစ်၀က်လောက်က ကိုယ်ပျောက်နေဆဲ ဖြစ်သောကြောင့် တချို့ကသာ သူ့ကို မြင်နေရသည်။
ရှောင်းဝူက ဒေါသထွက်သွားသည်။ ငါ့ကို လျစ်လျူရှုကြတယ်ပေါ့..
ကောင်းဖန်ကတော့ အဖြစ်အပျက်များကို သိလိုက်သောကြောင့် ဉာဏ်ကောင်းသည့် ဆဌမမြောက်ကလေးကို လွှတ်လိုက်ကာ ရှောင်းဝူကို သွားကူခိုင်းလိုက်ရင်း လူများကို ဝိဉာဉ်ဖောင်ဆီ ခေါ်ခိုင်းလိုက်သည်။
မီးခိုးနဂါး၏ စွမ်းအင်ကို ရရှိထားသော ဆဌမမြောက်ကလေးသည် မီးခိုးများကို စာလုံးများအဖြစ် အသွင်ပြောင်းကာ ပုံဖော်ပြလိုက်သည်။ ထိုနည်းက ရှောင်းဝူနှင့် ဆက်သွယ်ရာတွင် ပိုမိုအဆင်ပြေနိုင်သည်။
လူများကိုတော့ ညွှန်ပြထားသော နေရာသို့ သွားခြင်း မသွားခြင်းကို ကောင်းဖန်က ဂရုမစိုက်တော့ပေ။ သူတို့တွင် ကိုယ်ပိုင်ခြေထောက်များရှိကြသောကြောင့် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး လျှောက်နိုင်ကြမည် ဖြစ်သည်။ မိုးကုတ်စက်ဝိုင်းတစ်နေရာတွင်လည်း အနက်ရောင်မျဉ်းများက တဖြည်းဖြည်း ချဉ်းကပ်လာပြီဖြစ်ရာ ထိုနေရာမှ ထွက်ခွာခြင်း မခွာခြင်းက သူတို့သာ ဆုံးဖြတ်ရပေမည်။
ကောင်းကင်တွင် လျှပ်စီးများက ကြောက်မက်ဖွယ် လက်နေပြီး အနက်ရောင် လျှပ်စီးများသည် မြွေကြီးများ သဖွယ် ဖြစ်နေသည်။
စတုတ္ထမြောက်ကလေး၏ ကျောပေါ်ကို ဒုတိယမြောက်ကလေးက တက်လာပြီး သူ၏ နှင်းလို ဖြူစွတ်နေသော မျက်လုံးများသည် မီးလုံးကြီး ၂ လုံးသဖွယ် ရှိနေသည်။
"တွေ့လိုက်လား"
“တွေ့လိုက်တယ်.. စုစုပေါင်း သားရဲ ၇ ကောင်ရှိတယ်.. အရှေ့ဆုံးမှာ ကျားနက်ကြီး တစ်ကောင်ရှိပြီး သူ့ကိုယ်ပေါ်မှာ အမည်းရောင် မိုးကြိုးတွေရှိတယ်.. ကြည့်ရတာ အရှင်သခင်အဆင့်သားရဲထင်တယခ"
အစင်းလေးတင်ပါးအောက်တွင် ပိနေသော မြွေနဂါးကြီးသည် အခြားသော အရှင်သခင်အဆင့်သားရဲ၏ အငွေ့အသက်ကို ခံစားလိုက်ရသကဲ့သို့ စတင်ပြီး လူးလွန့် ရုန်းကန်နေသည်။ သို့သော် အစင်းလေးသည် သူ့အောက်မှ မြေစွမ်းအင်ကို အသုံးပြုပြီး ချုပ်နှောင်ထားသောကြောင့် မြွေသည် လှုပ်မရဖြစ်နေသည်။
ငါဘယ်သူ့ကို လွှတ်ရပါ့.. ကောင်းဖန်သည် ခဏစဉ်းစားလိုက်သည်။ ကိုယ်ပေါ်မှာ မိုးကြိုးတွေ ရှိနေတဲ့ ကျားနက်ကြီးဆိုတော့.. အင်း.. ဒီလိုဆိုရင်တော့ မင်းကိုပဲ ရွေးရမယ်..
ကောင်းဖန်က လက်ဖျောက်တစ်ချက်တီးလိုက်သည်။
သူ့ရှေ့တွင် မြင်ကွင်းတစ်ခုပေါ်လာပြီး သားရဲတစ်ကောင်ပုံ ရုပ်လုံးပေါ်လာသည်။
ထိုသားရဲသည် ကြေးနီရောင် အသားအရေရှိပြီး ကြီးမားသော စွမ်းအင်များနှင့် ပြည့်နှက်နေကာ နက်ပြာရောင် အစင်းအကွက်များက တစ်ကိုယ်လုံးတွင် ပြည့်နေသည်။
သူ၏ သန်စွမ်းလှသောကိုယ်ကြီးနှင့်အတူ သူသည် ခံစားချက်မဲ့နေသော မျက်နှာဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။ "တကယ်ကို မှန်ကန်လှတဲ့ ရွေးချယ်မှုပဲ" သူသည် ဂိုဒီဖြစ်သည်။
ဂိုဒီသည် ဆက်လက်ပြီး ခေါင်းပြောင်ပြောင်ကို ပွတ်ကာ စိတ်မကောင်းပုံဖြင့် သက်ပြင်းချကာ ပြောလိုက်ပြန်သည်။ "တစ်ခုခုကို လိုအပ်လာပြီဆိုရင်တော့ ငါ့ကိုပဲ ထိပ်ဆုံးက ပြေးမြင်ကြတာပါပဲ.."
ကောင်းဖန် မျက်နှာပုပ်သိုးသွားသည်။ "ဒရာမာတွေချိုးနေတာတော်တော့.. မကြာခင် ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်တော့မှာ.. ကိုယ့်ကိုကိုယ်သာ အသင့်ပြင်ထား"
"စိတ်မပူပါနဲ့ သခင်" ဂိုဒီက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူသည် ထိုသို့ ပြောပြီးနောက် လှည့်ထွက်သွားကာ ကျားနက်ကြီးကို ရင်ဆိုင်လိုက်သည်။ သူသည် ခြေထောက်များကို ကွေးထားပြီး အတောင်များကို မြင့်မြင့်မြှောက်ထားကာ တိုက်လေယာဉ်ကြီးတစ်ခုလို အသင့်ပြင်ထားသည်။
ဂိုဒီသည် ရန်သူကို စိုက်ကြည့်နေရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ "ငါဧကရာဇ်အဆင့်ကို တက်လာပြီးကတည်းက ဧကရာဇ်အဆင့်သားရဲနဲ့ ရင်မဆိုင်ခဲ့ရဖူးဘူး..
ငါမင်းကို သတ်ပြီး အရှင်သခင်အဆင့်ရောက်သွားရင် ငါက ပြီးပြည့်စုံတဲ့သူ ဖြစ်လာတော့မှာ" ဂိုဒီက ကျားနက်ကို မမှိတ်မသုန်စိုက်ကြည့်နေရင်း ရေရွတ်လိုက်သည်။
ထို့နောက် နောက်ကို တစ်ချက်ဆုတ်လိုက်ကာ မြေကြီးကို ထုချလိုက်သည်။ ထိုအခါ မြေကြီးသည် ကွဲအက်များပြီး ကျောက်တုံးများသည် ပေ ၁၀၀ လောက်မြင့်တက်သွားသည်။ ထို့နောက် သူ့ကိုယ်သူ ခပ်ဝါးဝါးအသွင်ပြောင်းလိုက်ပြီး ကျားကြီးကို တိုက်ခိုက်လိုက်သည်။
"ကြောင်စုတ်လေး.. မင်းဘိုးအေရဲ့ ရွှေရောင်လက်သီးအရသာကို မြည်းစမ်းကြည့်လိုက်ပါဦး"
***
သားရဲလေ့ကျင့်သူ
အခန်း ၅၆၈ ကျူးလိကျား
ကျား၏ မျက်လုံးများသည် ဒေါသဖြင့် တစ်ချက်လက်ခနဲ ဖြစ်သွားသော်လည်း စိတ်ကို ချုပ်ထိန်းလိုက်ကာ သူ့ဆီ တဟုန်ထိုးလာနေသည့် ခပ်ဝါးဝါးအရာကတစ်ခုကို စိုက်ကြည့်လိုက်သည်။
သူသည် အစုံတွေးမိလိုက်သည်။ ငါဒီမျိုးနွယ်စုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က မွေးဖွားခဲ့တယ်.. ယိုဟူမျိုးနွယ်စုရဲ့ အရွယ်အစားက အလယ်အလတ်ကနေ တဖြည်းဖြည်း ကြီးလာခဲ့တယ်.. ဒီမျိုးနွယ်စုက တည်ရှိခဲ့တာ နှစ်ပေါင်း တစ်သောင်းလောက်ရှိခဲ့ပြီး မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြတယ်..
ယိုဟူမျိုးနွယ်စု၀င်များထဲမှ အများစုအတွက် ထိုမြေသည် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်နေထိုင်ခဲ့သော မြေဖြစ်သည်။
ကျားသည် ယိုဟူမျိုးနွယ်စု၏ အကြီးအကဲ သားရဲ ဖြစ်လာခဲ့ပြီးနောက် သူ့အရှေ့မှ အကြီးအကဲ ယင်စွမ်းအင်ကျား၏ စွမ်းအင်အမွေကို ဆက်ခံခဲ့သည်။ ထိုအကြီးအကဲကျားက သူ့ကို သူတို့သားရဲမျိုးနွယ်အတွက် ထိုမြေက ဇာတိမဟုတ်ကြောင်း၊ သူတို့သည် အလွန်ဝေးကွာသော ထူးခြားသည့်နေရာတစ်ခုမှ လာခြင်း ဖြစ်ကြောင်း၊ သူတို့ ဒီမြေသို့ ရောက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ကြောင်း၊ သူတို့အိမ် အစစ်အမှန်ကတော့ ထိုဝေးလံသည့်နေရာဖြစ်ကြောင်း ပြောပြဖူးသည်။
တစ်ချိန်တည်းမှာပင် ထိုအကြီးအကဲက သူတို့၏ အဓိကတာ၀န်မှာ အိမ်ပြန်ရောက်အောင် ပြန်ဖို့ ဖြစ်ကြောင်း ပြောပြလိုက်သည်။ မြွေနဂါးကြသည်ပင် သူတို့၏ ဘိုးဘွားပိုင်မြေအကြောင်းကို သေချာမသိသော်လည်း ထိုနေ့က အကြီးအကဲက ရှိနေခဲ့သည့် အကြောင်းရင်းကို မှတ်မိနေသေးသည်။ ထို့ကြောင့် သူသည် ကမ္ဘာကြယ်၏ တည်ရှိမှုကို သိခဲ့ပြီးနောက် ဘိုးဘွားပိုင်မြေသို့ မျိုးနွယ်စု၀င်အချို့ကို စေလွှတ်ခဲ့သည်။
သူသည် ထိုဘိုးဘွားပိုင်မြေကို သိပ်ပြီးကောင်းသောနေရာဟု မထင်ခဲ့ပေ။ ထိုနေရာတွင် ကန့်သတ်ချက်အမျိုးမျိုး ရှိပြီး ဘုရင်အဆင့်သားရဲသာ နေလို့ရသည် ဆိုသော်လည်း ထိုနေရာတွင် လူသားမျိုးနွယ် တည်ရှိခဲ့တာတော့ ကြာပြီ ဖြစ်သည်။ ထို့အပြင် ထိုလူသားများသည် ဒဏ္ဍာရီထဲတွင် ပါ၀င်လေ့ရှိသော အတုမရှိ တန်ခိုးရှင်များ ဖြစ်ကြသည်။
ထို့အပြင် ကလေးများလည်း များစွာ မွေးနိုင်သည်။ ထို့ကြောင့်လည်း လူသားမိန်းမများကို ခေါ်ဆောင်ပြီး ယိုဟူမျိုးနွယ်စု၏ မျိုးဆက်သစ်များကို ပြောင်းလဲဖို့ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ယိုဟူမျိုးနွယ်စုများလည်း အတုမရှိ တန်ခိုးရှင်များလို ဖြစ်လာပါက သူတို့တွင်လည်း လုံလောက်သော ဝိဉာဉ်စွမ်းအင်များ ရရှိပြီး ကိုယ်ပိုင်သားရဲများစွာကို စုဆောင်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ယိုဟူမျိုးနွယ်စုလည်း အားလုံးထဲတွင် သာလွန်သော မျိုးနွယ်စု ဖြစ်လာနိုင်သည်။
ကျူးလိကျားသည် လွန်ခဲ့သည့် ၂ ရက်လောက်က မြောက်ပိုင်းတစ်နေရာတွင် တန်ခိုးဝိဉာဉ်သွေးသန္တာတစ်ခု ဖြစ်ပေါ်သည့် သတင်းကို ကြားမိခဲ့သေးသည်။ ထိုအရာသည် အနာဂတ်မျိုးဆက်များအတွက် ကောင်းသော နိမိတ်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုသန္တာများကို သွားယူရန် မျိုးနွယ်စု၀င်အချို့ကိုပင် ပျော်ရွှင်စွာ ခိုင်းလိုက်သေးသည်။
သို့သော် ထိုမျိုးနွယ်စုများမှာ လုပ်ဆောင်နေစဉ်အတွင်း ရုတ်တရတ် တိုက်ခိုက်ခံလိုက်ရသည်ဆိုသော သတင်းကို ကြားခဲ့ရသည်။ ထို့ကြောင့် ကျူးလိကျားလည်း စစ်ကူအဖြစ် မျိုးနွယ်စု၀င်များဆီ အမြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။.
…
အစကတော့ မျိုးနွယ်စု၏ တည်နေရာတွင် ကြီးမားသော တောင်ကြီးတစ်တောင် ပေါ်လာသည်ဟု ထင်လိုက်မိသည်။ ကျူးလိကျားသည် အမှတ်မှားပြီး သတင်းရမိသည် အထင်ဖြင့် မျက်လုံးကို ပွတ်ကြည့်လိုက်သေးသည်။
မျိုးနွယ်စုတွေဆီမှာ တောင်ကြီး ပေါ်လာတာတော့ မှန်တယ်.. ဒါပေမယ့် မျိုးနွယ်စုတွေက ဘယ်ရောက်သွားတာတုန်း..
ထို့နောက်သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သောအခါ သူ့ကိုယ်ပေါ်တွင် ကြီးမားပြင်းထန်သော လျှပ်စီးကြောင်းများ ပေါ်လာသည်။ ထိုလျှပ်စီးကြောင်းများသည် ရေစီးကြောင်းများလို ထွက်ပေါ်လာပြီး ဂိုဒီပေါ်သို့ တဝုန်းဝုန်း ကျရောက်သွားသည်။
သို့သော် ဂိုဒီသည် ထိုလျှပ်စီးကြောင်းများကို ဘုန်းတော်ကြီး တစ်ပါးလို သူ့ကိုယ်ပေါ်တွင်ပင် စလွယ်သိုင်းလိုက်သေးသည်။ သူသည် လျှပ်စီးပင်လယ်ကြီးကို နင်းလိုက်ပြီး ညာလက်ကို မြောက်ပြီး ဖြန့်လိုက်ကာ ကောင်းကင်မှ တစ်စုံတစ်ရာကို ဆုပ်ယူဟန်ပြင်လိုက်သည်။
ခဏတွင်းချင်းမှာပင် သူ့လက်ချောင်းတွင်းမှ ကြွက်သားများသည် လျှင်မြန်စွာ တုန်ခါလာသည်။ လေနှင့် ရွှေဒြပ်စင်များသည် သူ့လက်ဖဝါးတွင် ပေါင်းစည်းလာကာ လည်ပတ်နေသော မုန်တိုင်းအသေးစားလေးများလို ဖြစ်ပေါ်လာသည်။
ဂိုဒီသည် နတ်ဆိုးဘုရင်တစ်ပါးလို ရှေ့သို့ တိုးလာသည်။ ရွှေရောင်အလင်းတန်းများသညါ သူ့လက်ဖဝါးတွင်းမှ အဆက်မပြတ် ပေါ်ထွက်နေကြသည်။
ထို့နောက် သူ့လက်ဖဝါးသည် ကျူးလိကျား၏ လက်သည်းပေါ်သို့ ရိုက်ချလိုက်သည်။ လေလှိုင်းများသည် ပြင်းထန်လှသော အင်အားတစ်ခုအရှိန်ဖြင့် လည်ပတ်သွားပြီး အက်ကွဲတော့မလိုပင် ဖြစ်နေသည်။
ကျူးလိကျားသည် သနားစဖွယ် ဟစ်ကြွေးလိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။ လက်သီးနှင့် လက်သည်းတို့တွေ့ကြသည်ဖြစ်သော်လည်း ဂိုဒီ၏ တန်ပြန်သက်ရောက်အစွမ်းက တစ်ပန်းသာနေခြင်း ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းသည် အဆင့်မြင့်သွားပြီး ခွန်အားကလည်း အဆမတန် တိုးလာလေသည်။
သူ့ခွန်အားကြောင့် ကျားလက်သည်းကို တူကြီးတစ်ချောင်းနှင့် ရိုက်ချလိုက်သလို ဖြစ်သွားသည်။ ကျူးလိကျား၏ လက်သည်းများသည် တွန့်လိမ်သွားပြီး ဂျွတ်ခနဲအသံပင်မြည်ကာ ကျိုးသွားသည်။
ထို့နောက် အဖြူရောင်မီးခိုးများက လေထုထဲတွင် ပျံ့နှံ့ထွက်ပေါ်လာသည်။
တစ်ချက်တည်းနှင့်ပင် ထိုကဲ့သို့ ဖြစ်သွားသည် ဆိုသော်လည်း ဂိုဒီက ကျူးလိကျားကို အပြီးပိုင် အနိုင်ရသွားသည်ဟု ဆိုလို့ မရသေးပေ။
သူသည် လက်သီးများကို တင်းတင်းဆုပ်ကာ တစ်ကိုယ်လုံးရှိကြွက်သားများကို တင်းထားပြီး ကျားကြီးထံ ခုန်အုပ်လိုက်သည်မှာ ကမ္ဘာကြီးပင် ၂ ခြမ်းကွဲလုမတတ် အင်အားကြီးမားလှသည်။
ကျူးလိကျားကတော့ သူ၏ ပျော့ပြောင်းသော ကြွက်သားဖြင့် ထိုတိုက်ခိုက်မှုကို ရှောင်လိုက်သည်။ သို့သော် ဂိုဒီက ထိုအကွက်ကို ကြိုမြင်သောကြောင့် တစ်ချက်လှိမ့်လိုက်ကာ ကျား၏ ခါးကို တက်နင်းလိုက်သောကြောင့် ကျိုးလုမတတ်ဖြစ်သွားသည်။
ကျားသည် ပြင်းထန်သောနာကျင်မှုကြောင့် ချက်ချင်း ပြန်မတိုက်ခိုက်နိုင်ပေ။ သို့သော် သူသည်။ သူ့ခန္ဓာကိုယ်ကို ချက်ချင်းပြန်ပြီး ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်လိုက်သည်။
ကျားလိကျားသည် တိုက်ပွဲနေရာတွင် သူ့ကိုယ်ကို သူပြန်ထိန်းချုပ်ခြင်းက ပိုလွယ်သည်။ သူသည် အသိဉာဏ်တော့ မြင့်မားလှသည်။
သူသည် သူ့ကိုယ်ကို ထိန်းချုပ်ပြီးသည်နှင့် တိုက်ပွဲနယ်မြေအတွင်း လိုသလို ပေါ့ပါးစွက်လက်စွာ လှုပ်ရှားနိုင်သော ကြောင်ကြီးတစ်ကောင်လို ဖြစ်သွားသည်။ သူသည် သားကောင်ကို နောက်က တိတ်တဆိတ်ချောင်းမြောင်းတတ်သော သားရဲမျိုး ဖြစ်သောကြောင့် မျက်နှာချင်းဆိုင် မတိုက်ခိုက်ပေ။ ထိုအစား ခုန်အုပ်နိုင်မည့် အခွင့်အရေးကိုသာ စောင့်ဆိုင်းသည်။
ဂိုဒီ၏ ကိုယ်ကလည်း ကုတ်ကာ ခြစ်ရာများဖြင့် တဖြည်းဖြည်း ပြည့်နှက်လာသည်။ တစ်ဖက်မှာလည်း သူ၏တန်ပြန်သက်ရောက်မှုစွမ်းရည်ကတိုးလာသည်။
ကျူးလိကျားနှင့် ဂိုဒီတို့ကြား တိုက်ပွဲသည် ဂိုဒီ၏ တဖြည်းဖြည်း တက်လာသော တန်ပြန်စွမ်းအင်ကြောင့် ခက်ခဲကြမ်းတမ်းလာသည်။ သူတို့ ၂ ကောင်သည် လက်ရည်တူနေသည်ဟု ထင်ရသော်လည်း တဖြည်းဖြည်းနှင့် သိသာစွာ ကွာခြားလာသည်။
နောက်ဆုံးတွင်တော့ ကျူးလိကျားသည် အမှန်တရားကို ကြောက်လန့်တကြား သဘောပေါက်လာသည်။
တစ်ချိန်တွင်တော့ ကျူးလိကျားသည် ဂိုဒီထံ ခုန်အုပ်ပြ ရင်ဘတ်ကို ကုတ်ခြစ်နိုင်မည့် အခွင့်အရေးကို ရှာတွေ့သွားသည်။
ဂိုဒီက မျက်မှောင်ကြုတ်လိုက်သည်။ သန်မာသော ရင်ဘတ်ကြီးပေါ်မှ အဖြူရောင် အမှတ်အသားများသည် အမြင်တွင် သိသာထင်ရှားလွန်းလှသည်။
ကျူးလိကျားသည် အလွန်ထိတ်လန့်နေသည်။ ဘာလို့ သူက ဒီလောက်တောင် သန်မာရတာလဲ...
သူသည် တိုက်ပွဲဗျူဟာကို ပြောင်းဖို့ လုပ်နေသောအခါ ဂိုဒီက အေးစက်စွာ ရယ်မောလိုက်သည်။ "မင်းဘိုးအေ ရွှေဘဲကြီးနဲ့ တိုက်ခိုက်ပြီး အခုတော့ ထွက်ပြေးချင်နေပြီပေါ့ ဟုတ်လား.. ငါမင်းတို့လို သားရဲမျိုး အများကြီး တွေ့ဖူးတယ်ကွ"
ဂိုဒီသည် တဟုန်ထိုး ပြေးသွားလိုက်ပြီး ကျူးလိကျား၏ အမြီးကို ဆွဲလိုက်သည်။ သူ၏ လှုပ်ရှားမှုများသည် တိကျမြန်ဆန်ပြီး အမှားလုံး၀မပါချေ။
ဂိုဒီက ရယ်မောလိုက်သည်။ သူသည် ညာလက်ကို လက်သီးဆုပ်လိုက်ပြီး လက်မကို လက်ညိုးနှင့် လက်ခလယ်ကြားတွင် ထောင်လိုက်သည်။ ထို့နောက် ကျူးလိကျား၏ အမြီးအောက်သို့ ထိုးချလိုက်သည်။
ကျူးလိကျားသည် ကောင်းကင်ကိုမော့ပြီး ကျယ်လောင်စွာ အော်မြည်လိုက်သည်။ ယိုဟူမျိုးနွယ်စုကို ကြီးကြပ်စောင့်ကြည့်ရသော သားရဲ၊ မျိုးနွယ်စုကို ကာကွယ်ရသော ထိပ်တန်းအရှင်သခင်သားရဲတစ်ကောင်အနေဖြင့် သူသည် အစော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ့ခြေထောက်များသည် တဆတ်ဆတ် တုန်ခါနေသည်။
ဂိုဒီသည် သူ့အနောက်မှ ကျူးလိကျား မြေကြီးပေါ်သို့ ပြန်ကျလာသည့် မြင်ကွင်းကို မျက်ခုံးမြှင့်ကာ ကြည့်လိုက်သည်။ ထို့နောက် သူသည် အကြံတစ်ခု ရသွားသည်။ သူသည် တစ်ချက်လှိမ့်လိုက်ပြီး ကျူးလိကျား၏ ကျောပေါ်တက်လိုက်သည်။ ထို့နောက် ကျူးလိကျား၏ လည်ပင်းအနောက်မှ ထူထဲလှသော အမွှေးများကို ဘယ်လက်ဖြင့် ဆုပ်ယူလိုက်ကာ ခေါင်းကို ရွှံဗွက်ထဲ ဖိချလိုက်သည်။
ကျူးလိကျားသည် အလွန်နာကျင်နေပြီ ဖြစ်သည်။ သူသည် မာန်ဖီလိုက်သည်။ ထို့နောက် ကြီးမားသော မြေတွင်းကြီးတစ်ခုက သူ့ကိုယ်အောက်မှာ ဖြစ်ပေါ်လာကာ တောင်ပို့နက်ကြီး ၂ ခုသည် ကျူးလိကျားပေါ်တွင် ပေါ်လာသည်။
ဂိုဒီက ရေအေးပေးစက်အရွယ်လောက်ရှိသော လက်သီးကြီးကို မြှောက်လိုက်ပြီး ကျားကြီးကို ထုချလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေလေသည်။
ဂိုဒီသည် ဆက်လက်၍ သူ၏ ခြေလက်များကို အသုံးပြုကာ ကျား၏ ခေါင်း၊ နားရွက်၊ မျက်လုံးများကို ကန်ကျောက်ထုနှက်နေလေသည်။ ကျားကြီးသည် ကြယ်တွေ လတွေပင် မြင်လာပြီး မေ့လဲချင်သလို ဖြစ်လာသည်။ ထို့နောက် ရုတ်တရတ် သူ့ကိုယ်ထဲမှ လျှပ်စီးများကို ထုတ်လွှတ်လိုက်သည်။
မိုင် ၆၀၀၀ အချင်း၀က်အတွင်းရှိ အရာများအားလုံးသည် လျှပ်စီးပင်လယ်ထဲသို့ ရောက်သွားကြသည်။ ထိုလျှပ်စီးကြောင်းများသည် ဂိုဒီကိုလည်း များစွာ ထိမှန်သော်လည်း သူကတော့ သိပ်ပြီး ထိခိုက်ပုံမရပဲ ပိုတောင် ကြီးမားရက်စက်လာသေးသည်။
အတန်ကြာ တက်ကြွစွာ တိုက်ခိုက်ပြီးနောက် ဂိုဒီသည် မရပ်ချင်ပဲ ရပ်တန့်လိုက်ရသည်။ သူမရပ်တန့်ခင်အထိ ကျူးလိကျားသည် အသက်ပင်ရှူချိန်မရလိုက်ချေ။ သူ့ခေါင်းကလည်း တွန့်လိမ်နေပြီး အဖြူရောင်၊ အဝါရောင်နှင့် အနီရောင်အရည်များလည်း ပါးစပ်နှင့် နှာခေါင်းမှ ထွက်ကျနေသည်။
ကောင်းဖန်ကတော့ အံ့ပင်မအံ့ဩမိတော့ချေ။ ဂိုဒီသည် အဆင့် ၇၇ ကိုလည်း တက်သွားပြီဖြစ်သည်။ သူသည် အထူးရန်ဖက်ကြီးနှင့် တိုက်ခိုက်လိုက်ရသောကြောင့် ထိုသို့ မြန်မြန်ဆန်ဆန် အဆင့်တက်သွားခြင်း ဖြစ်နိုင်သည်။
ကျူးလိကျား၏ အဆင့်သည် ဂိုဒီထက်မြင့်သော်လည်း စွမ်းရည်ကတော့ နိမ့်သည်။ ထို့အပြင် ကျူးလိကျား၏ အဓိကတိုက်ပွဲစွမ်းအင်သည် လျှပ်စီးထိန်းချုပ်နိုင်စွမ်း ဖြစ်သော်လည်း ဂိုဒီ၏ ဒြပ်စင်ခံနိုင်စွမ်းက ပိုမြင့်နေသည်။
"ငါနောက်ထပ် အောင်မြင်မှုကို ထပ်ရပြန်ပြီ" ဂိုဒီက ကျောကို ကုတ်နေရင်း အစင်းလေးကို ပြောလိုက်သည်။
အစင်းလေးက "ဘာအောင်မြင်မှုလဲ" ဟုမေးလိုက်သည်။
"အစ်ကိုကြီး ဂိုဒီက ကျားကြီးကို တိုက်နိုင်ခဲ့တယ်လေ.. အခုကစပြီး နတ်ဘုရားဂိုဒီလို့တောင် ခေါ်သင့်နေပြီ" ဂိုဒီက ဝံ့ကြွားစွာ ပြောလိုက်သည်။