← Chapters

အခန်း (၅၆၉-၅၇၂)

Vol. 36 Ch. 569-572

အခန်း (၅၆၉-၅၇၂)

Vol. 36 Ch. 569-572

အခန်း ၅၆၉ အံ့ဩထိတ်လန့်ခြင်း

"ရခဲ့ခြင်း (Got) ဂိုဒီလား" အစင်းလေးက အတန်ကြာမှ မေးလိုက်သည်။

ဂိုဒီက ကြောင်သွားသည်။ "နတ်ဘုရား (God) ဂိုဒီဟဲ့ ရခဲ့ခြင်း ဂိုဒီမဟုတ်ဘူ" သူသည် ဒေါသတကြီး ပြန်ပြောလိုက်သည်။

"ဪ.. အေးပါကွာ" အစင်းလေးက တင်ပါးကြီးကို ကုတ်လိုက်သည်။

သူ့တင်ပါးကြီးအောက်မှ မြွေနဂါးကြီးသည် အပွတ်ခံရတာများသောကြောင့် မူးနောက်လာသည်။ အစင်းလေးသည် အသက်ကို ၀၀ရှူသွင်းလိုက်သည်။ ထိုအခါ သူ့ခေါင်းပေါ်မှ အဖျက်တိမ်မည်းကြီးများသည် ရုတ်တရတ် ပြောင်းပြန်လည်လာကာ အစင်းလေး၏ ကျောဘက်သို့ နိမ့်ဆင်းလာပြီး တစ်ခုခုကို ဆေးချတော့မည့် ရေတံခွန်ကြီးလို ကျဆင်းလာသည်။

သို့သော် ထိုရေတံခွန်ကြီးသည် ရေဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ကြီးမားသော ကျောက်ရည်ပူကြီးများကို ဖြစ်ပေါ်စေနိုင်သော တိမ်မည်းထုကြီးများသာ ဖြစ်သည်။

အစင်းလေး၏ ကိုယ်ပေါ်တွင် အတွင်းမှ အလွန်ပူပြင်းလှသော အရှိန်ကြောင့် တစ်ချက် တစ်ချက် အလင်းရောင်များ ဖြတ်ခနဲ လင်းလာနေသည်။ သူ့ကိုယ်အပူချိန်သည် အလွန်မြင့်မားနေပြီ ဖြစ်သည်။

အစင်းလေးကို ဗဟိုပြုထားသော နေရာမှစ၍ ထိုနေရာတစ်ဝိုက်မှ မြေကြီးသည် ခြောက်သွေ့အက်ကွဲစပြုလာသည်။ အမည်းရောင် မြေကြီးသည် တဖြည်းဖြည်း အရောင်ဖျော့လာပြီး ကွဲထွက်သွားတော့မလို ဖြစ်နေသည်။ မြေကြီးသည် အစင်းလေးကို ဗဟိုပြုကာ ပင့်ကူလက်ချောင်းများလို အက်ရာကြီးများ ဖြစ်လာသည်။ ကောင်းကင်တွင် ရေငွေ့များဖြင့် ပြည့်နေပြီး အဖြူရောင်မြူခိုးများလည်း ဖြစ်နေရာ ရုတ်တရတ် ကြည့်လျှင် နတ်ဘုံတစ်ခုလိုပင် ဖြစ်နေသည်။

ကောင်းဖန်သည် ထိုမြင်ကွင်းကို ကောင်းကင်မှ ကြည့်နေသည်။ မြွေကြီးသည် ရေနွေးပုလင်းကြီး တစ်လုံးလို ဖြစ်နေပြီး သူ့ကိုယ်တွင်းမှ ရေများသည် ကြောက်မက်ဖွယ် အပူချိန်ကို မြင့်တက်နေပြီ ဖြစ်သည်။ အစင်းလေးကတော့ အရည်အသွေးကောင်းသော ရေပူပေးစက်ကြီးလို ဖြစ်နေပြီး သားရဲများကို စိတ်ကြိုက် ပြုတ်နေတော့သည်။ အစင်းလေး၏ အောက်တွင် သားရဲအသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး မြွေနဂါးကြီး၏ သနားစဖွယ် ရုန်းကန်အော်နေသံကိုလည်း ကြားနေရသည်။

ထိုအော်သံများသည် စိတ်နှလုံး မချမ်းမြေ့ဖွယ် ကောင်းလှသော်လည်း ကောင်းဖန်ကတော့ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။ အရာအားလုံးသည် အကျိုးသင့်အကြောင်းသင့်ပင် ဖြစ်လာတာ ဖြစ်သောကြောင့် သူသည် ရန်သူများနှင့် ပတ်သက်လျှင် ပျော့ညံ့သော စိတ်နှလုံးကို မထားတတ်ပေ။

မြွေကြီးသည် အစင်းလေး၏ အပြုတ်ခံရသော ပထမဆုံးသားရဲ မဟုတ်ပေ။ လွန်ခဲ့သော ၆ လကပင် အနက်ရောင် မြူခိုးကမ္ဘာမှ အရှင်သခင်အဆင့် နှလုံးပြာ နတ်ဆိုးငါးလိပ်ကျောက်ကြီး အစင်းလေး လက်ချက်ဖြင့် အရှင်လတ်လတ် အပြုတ်ခံရပြီး ဖြစ်သည်။ ထိုအသားသည် အလွန်နူးညံ့ပြီး စားလို့ကောင်းလှသည်။

နာရီ၀က်ခန့်ကြာပြီးနောက် မြွေနဂါးကြီး၏ ခွန်အားများသည် ကုန်ဆုံးစပြုလာသည်။ အကယ်၍ သူသည် အခြားသော အဆင့်ရှိသည့် သားရဲဆိုပါက သေသွားတာ ကြာပြီဖြစ်သည်။ သို့သော် မြွေနဂါးကြီးသည် ထိုမျှလောက် နာကျင်ခံစားရပြီး ၉၀ ရာခိုင်နှုန်းလောက် ကျွတ်ကျွတ်ဆူနေပြီ ဖြစ်သော်လည်း အသက်ရှင်ဖို့ ဆန္ဒကို မစွန့်လွှတ်သေးပေ။

သို့သော် ပြဿနာက သူ့ခွန်အားသည် နည်းလာပြီဖြစ်ပြီး သူကိုယ်တိုင်ကလည်း တရုတ်ဟင်းလျာဖြစ်လာနေပြီ ဖြစ်သည်။

တာ့ဇီရောက်လာသောအခါ ကောင်းကင်တစ်ခုလုံးသည် မိုးကြိုးလျှပ်စီးသံများနှင့် ပြည့်နှက်သွားသည်။ သူ၏ အတောင်ပံ ၁၈ စုံသည် လှပစွာ ဖြန့်ကျက်ထားသည်။ ထိုတောင်ပံကြီးများက ကောင်းကင်တစ်ခွင်တွင် လျှပ်စီးကြောင်းများဖြင့် ပြည့်နှက်အောင် ပြုလုပ်နေသည်။

သိပ်သည်းလှသော လျှပ်စီးကြောင်းများသည် တာ့ဇီပေါ်လာသောအခါ သူ့ခေါင်းဆီမှစုပ်ယူခြင်းကို ခံလိုက်ရသည်။ ရုတ်တရတ် ကောင်းကင်သည် မိုးကြိးမုန်တိုင်း တိုက်သလို ဖြစ်နေပြီး ရာသီဥတုသည် ချက်ချင်းပြောင်းလဲသွားသည်။

ကျူးလိကျားဆီမှ ထွက်လာသော လျှပ်စီးကြောင်းများကို ရေအိုင်တစ်ခုဟု သတ်မှတ်မည်ဆိုလျှင် တာ့ဇီထံမှ ထွက်လာသော လျှပ်စီးကြောင်းများသည် ရေကန်သဖွယ်ဖြစ်သည်။

တာ့ဇီသည် လက်ရှိ အဆင့် ၇၅ ဖြစ်ပြီး ကျူးလိကျားထက် ၂ ဆင့်နိမ့်သည်။ သို့သော် တာ့ဇီ၏ လျှပ်စီးထိန်းချုပ်နိုင်စွမ်းသည် ကျူးလိကျားထက် ပိုမြင့်သည်။ စွမ်းရည်ချင်းယှဉ်လျှင်တော့ တာ့ဇီက ပို၍သာလေသည်။

တာ့ဇီသည် လေထုထဲမှ အနံ့တစ်ခုကို သတိပြုမိလိုက်သည်။ "ကောင်းဖန်.. နင်က အရသာရှိတဲ့ အစားအစာရှိလို့ ငါ့ကို ခေါ်လိုက်တာပါလား"

"အစင်းလေး.. နင့်တင်ပါးကြီးကို ဘေးနည်းနည်း ဖယ်လိုက်စမ်းပါ" တာ့ဇီက အစင်းလေးကို ပြောလိုက်သည်။

"တီကောင်လေးက မသေသေးဘူးဟ" အစင်းလေးက ပြန်ပြောလိုက်သည်။

“သူမသေသေးတာသိတယ်.. ဒါပေမယ့်နင်က အရမ်းနှေးလို့ ငါကူညီပေးမယ်" တာ့ဇီက ပြောလိုက်သည်။

အစင်းလေးက တင်ပါးကြီးကို ရွှေပေးလိုက်သည်။ အရှူံးမပေးပဲ ရုန်းကန်နေသော မြွေကြီးသည် ရုတ်တရတ် သူ့ခေါင်းပေါ်မှ လေအဝှေ့တစ်ချက်ကို ခံစားလိုက်ရသည်။ သူသည် မျက်လုံးဖွင့်ကြည့်လိုက်ကာ ငါအကယ်ခံလိုက်ရလားဟု တွေးလိုက်သည်။ ဟုတ်တယ်..

မျှော်လင့်ချက်ဆိုတာ ဘယ်တော့မှ လက်လွှတ်ခံလို့ မဖြစ်ဘူး... အခက်အခဲတွေကြားမှာ အစွမ်းကုန်ရုန်းကန်ရင် မျှော်လင့်ချက်ရောင်ခြည်ဆိုတာ ရှိလာမှာပဲ..

သို့သော် လျှပ်စီးရေတံခွန်သည် မြွေနဂါးကြီးပေါ်ကို ပြင်းထန်စွာ ကျရောက်လာသည်။

"တော်တော် ပျော့တဲ့ကောင်ပဲ.. နောက်ဆုံးတစ်ခေါက်က ငါးထက်တောင် နူးညံ့သေးတယ်"

ကိုယ်ပိုင်သားရဲများသည် မြွေနဂါးကြီးကို မြိန်ရေရှက်ရေ စားသောက်လိုက်ကြသည်။

…

လွန်ခဲ့သော ၃ နာရီက စခန်းကို စောင့်ကြပ်သည့် လူတစ်စုသည် တိတ်တဆိတ်ဖြင့် ကောင်းဖန်တို့ ဝိဉာဉ်ဖောင်ထဲ ၀င်ရောက်သွားကွယ်သွားသည်ကို စောင့်ကြည့်နေကြသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင်၏ အမိန့်အောက်တွင် တိုက်ပွဲမြေပြင်ကို ရှင်းလင်းလိုက်ကြသည်။

"သူက ယောင်္ကျားဆန်ပေမယ့် စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်" အဖွဲ့ခေါင်းဆောင် ချန်းမင်းက ခေါင်းကိုယမ်း၍ ပြောလိုက်သည်။ သို့သော် သူသည် ကောင်းဖန်ကို လှိုက်လှဲစွာ လေးစားသည့်စိတ်တော့ ဖြစ်ပေါ်နေသည်။

၂ နာရီကြာပြီးနောက် တောင်လမ်းများမှနေ၍ ကြီးမားသော ထရပ်ကားကြီးများ ဖြေးညှင်းစွာ ဆင်းလာကြသည်။ စစ်စိမ်းရောင်ထရပ်ကားကြီးများ၏ အနောက်ခန်းများကို အစိမ်းရင့်ရောင် အ၀တ်စကြှးဖြင့် ပတ်ထားသည်။ အပြင်ဖက်ကကြည့်လျှင် ဘာတွေပါလဲဆိုတာ ဘယ်သူမှ မသိနိုင်ချေ။

စစ်တပ်သုံးကားကြီးများသည် ဝိဉာဉ်ဖောင်ရှေ့တွင် ပါကင်ထိုးလိုက်သည်။ အမည်းရောင်ကုတ်၀တ်ထားသော လူကြီးတစ်ယောက်သည် စီးကရက်ကို ခပ်ကြာကြာ ရှိုက်လိုက်ပြီး အားပါးတရ ရှူသွင်းလိုက်သည်။

"မင်းတို့ကြည့်လုပ်ထားလိုက်ကြ.. ဆေးလိပ်သောက်လိုက်ဦးမယ်" ထိုလူသည် အနီးအနားမှ ချုံပုတ်တစ်ခုနားသို့ သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် သူသည် မြေပြင်မှ ပုံစံပျက်ယွင်း ရှုပ်ထွေးနေသော မြက်များကို စိုက်ကြည့်လိုက်သည်။ သူသည် ပထမဆုံးမြင်ဖူးခြင်း မဟုတ်သော်လည်း ထိုသို့မြင်ရတိုင်း ထိတ်လန့်မိသည်။

တစ်စုံတစ်ယောက်က သူ့ပုခုံးကို ပုတ်လိုက်သည်။ သူက အနောက်ကို လှည့်ကြည့်လိုက်သောအခါ ထိုနေရာတွင် တာ၀န်ကျနေသော အဖွဲ့ခေါင်းဆောင်ချန်းမင်ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် အလျင်အမြန်ထလိုက်ပြီး သူ့စီးကရက်ကို ကမ်းပေးလိုက်သည်။

"မလိုဘူး.. အဲဒီမိန်းကလေးတွေကိုသာ သူတို့ကို ခေါ်လာတဲ့နေရာတွေဆီ ပြန်ပို့ပေးလိုက်"

သူသည် ကောင်းဖန်၏ အပြုအမူကို စိတ်ထိခိုက်ခံစားလိုက်ရသောကြောင့် ဖြစ်နိုင်သလို သူ၏ အသိစိတ်ဖြင့် လူကြီးလူကောင်းဆန်ဆန် ဖြေရှင်းခြင်းလည်း ဖြစ်နိုင်သည်။ ချန်းမင်သည် ကားတံခါးကို ဖွင့်လိုက်ပြီး အထဲမှ မိန်းကလေးများကို ကြည့်လိုက်ပြီးနောက် တံခါးကို တိတ်တဆိတ် ပြန်ပိတ်လိုက်သည်။

ကျန်းတောင်သည် အံ့ဩသွားသော်လည်း သူ့ခေါင်းကို ယမ်းလိုက်သည်။ "အဲဒီလိုလုပ်လို့ မရဘူး.. လုပ်ရင် ကျုပ်တို့ သေသွားမှာပေါ့"

ချန်းမင်က မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူသည် ကျန်းတောင်ကြောက်နေသည့် အရာကိုလည်း ကောင်းကောင်းနားလည်ထားသည်။ "စိတ်မပုပါနဲ့.. ငါမင်းကို ကာပြောပေးမယ်.. လမ်းမှာ သားရဲအတိုက်ခိုက်ခံလိုက်ရတယ်လို့ ပြောလိုက်ပေါ့"

"မဖြစ်နိုင်ဘူး" ကျန်းတောင်ကလည်း ပြတ်သားစွာ ငြင်းဆန်နေသည်။ သူသည် အသံပင်ပိုကျယ်လာသည်။ မင်းကငါ့ကို သေတွင်းထဲ အရောက်ပို့နေတာလား..

သူသည် အစကတော့ မိန်းကလေးများကို ဒီနေရာသို့ ပို့ဆောင်ရသည့်အတွက် အပြစ်မကင်းစိတ် ဖြစ်နေသေးသည်။ သို့သော် အခုတော့ ထိုစိတ်များလည်း မရှိတော့ချေ။ "သူတို့မှာ အရွေးခံရတဲ့ ပြဿနာတစ်ခုခု ရှိနေတာဆိုရင်တောင် ကျုပ်က ဘာလို့ အစား၀င်ခံပေူရမှာလဲ" ကျန်းတောင်က လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်သည်။

သူသည် အစကတော့ ဘေးလူအနေဖြင့် ကြည့်သောကြောင့် သနားကရုဏာသက်မိခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ကိုယ်တိုင်အတွင်းကျကျ ပါ၀င်လိုက်ရသောအခါတွင် သူ့ကိုယ်သူထက် ဘယ်သူ့ကိုမှ မကြည့်နိုင်တော့ပေ။ အခုတော့ သူသည် ဒေါသပင် ထွက်နေပြီ ဖြစ်သည်။

ချန်းမင်ကတော့ မတုန်မလှုပ်ပင် ရှိနေသည်။ သူသည် သူ့ဘောင်းဘီထဲမှ ပစ်စတိုကို ထုတ်လိုက်ပြီး လက်ကို မြှောက်လိုက်ကာ ကျန်းတောင်ကို ပစ်သတ်လိုက်သည်။

"စိတ်မပူပါနဲ့.. မင်းတာ၀န်ထမ်းဆောင်ရင်း သေသွားတယ်လို့ အားလုံးကို ပြောပေးထားလိုက်မယ်" ချန်းမင်က ပြောလိုက်သည်။

အနီရောင်ဖျော့ဖျော့ အတားအဆီးတစ်ခုက ကျန်းတောင်ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သတ္တုကျည်ဆန်တစ်ခုသည် ထိုအတားအဆီးထဲတွင် ညပ်သွားသည်။ ကျန်းတောင်သည် ချန်းမင်ကို ကြည့်လိုက်ပြီး အနောက်ဘက်မှ တောအုပ်ထဲ အမြန်ပြေး၀င်သွားလိုက်သည်။

သူတို့အသံသည် ထရပ်ကားများ ရှိရာဆီသို့ ပဲ့တင်ထပ်ရောက်ရှိသွားသည်။ ထိုအချိန်တွင် သူတို့ မြင်လိုက်ရသည်က အနီရောင်ဖျော့ဖျော့ မျောက်ဝံက သေဆုံးသွားပြီး ထိုမျောက်ဝံသည် ချန်းမင်က ပစ်လိုက်သည့် အချိန်တွင် ချက်ချင်းပျောက်ကွယ်သွားခြင်း ဖြစ်သည်။

သွေးများသည် ဖြာခနဲပန်းထွက်သွားခဲ့သည်။

"ခေါင်းဆောင်.. တစ်ယောက်ယောက်က ဝိဉာဉ်ဖောင်ကနေ ထွက်လာနေပါတယ်" စစ်သားတစ်ယောက်က အော်လိုက်သည်။

ချန်းမင်သည် နည်းနည်းပျာသွားသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ သူသည် သူ၏ ကိုယ်ပိုင်သားရဲကို အလောင်းများကို မျိုချစားသောက်လိုက်ဖို့ အမိန့်ပေးလိုက်သည်။

သူ့ရည်ရွယ်ချက်က ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် တစ်ခုခုကို ကြံစည်လိုက်သော်လည်း ဝိဉာဉ်ဖောင်ထဲမှ အမျိုးသမီးတစ်ယောက် ထွက်လာသည်ကို မြင်လိုက်သောအခါ သူ့အကြံအစည်များပျောက်သွားပြီး ထိတ်လန့်သွားတော့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၇၀ အရှင်သခင်အဆင့်၏ အထက်

ချန်းမင်၏ မျက်လံးများသည် ပြူးကျယ်နေပြီး တစ်ခုခုကို မချင့်မရဲ တွေးမိလိုက်သည်။

အစကတော့ သူသည် ပုံရိပ်ယောင် တစ်ခုခုဟု ထင်လိုက်မိသေူသည်။ သို့သော် ထပ်ခါ ထပ်ခါ ကြည့်လိုက်ပြီး အခါတွင်တော့ ပုံရိပ်ယောင် မဟုတ်ပဲ သက်ရှိထင်ရှားရှိနေသည့် လူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရသည်။

ငါအိပ်မက်မက်နေတာလား.. စစ်သားများကြားထဲတွင် အလွန်တည်ငြိမ်သူဟု ထင်ရှားသော ချန်းမင်သည် သူ့မျက်နှာကို ပွတ်နေကာ အသက်ရှူသံများ မြန်လာသည်။ ဒီမိန်းကလေးတွေကို စစ်ဆေးမေးမြန်းကြည့်မှပဲ အကြောင်းစုံကို သိရတော့မှာပဲ..

"မင်္ဂလာပါ မိန်းကလေး" ချန်း၀မ်ပ ရိုးရှင်းစွာပင် နှုတ်ဆက်လိုက်သည်။

မိန်းကလေးက ချန်း၀မ်ကို သတိထားပြီး ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် ထိတ်လန့်နေပုံရပြီး အနောက်ကို ‌တိတ်ဆိတ်စွာ ခြေ ၂ လှမ်းလောက် ဆုတ်လိုက်သည်။ သူမရှေ့တွင် မကောင်းဆိုးဝါးတစ်ယောက်ယောက်က ရှိနေသလို ဖြစ်နေသည်။

"တစ်ဖက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြပေးလို့ ရမလား.. ဒါမှမဟုတ် ဘာများ တစ်ခုခု ကူညီပေးရပါမလဲ" ချန်းမင်က မေးလိုက်သည်။

မိန်းကလေးက တိတ်ဆိတ်နေတုန်း ဖြစ်သည်။ သူမသည် လက်ကို ယှက်ထားပြီး ပုခုံးများကို ဖက်ထားကာ နှုတ်ခမ်းများကိုလည်း ကိုက်ထားသည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျွန်မ ပြောပြပြီးရင် အဲဒီကို ပြန်မပို့ပါနဲ့"

ချန်းမင်၏ ပြုံးနေသော မျက်နှာက တည်ငြိမ်သွားသည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ.. စိတ်မပူပါနဲ့.. မင်းကို ပြန်မပို့ဘူးလို့ ကျိန်ပြောရဲပါတယ်.. မင်းတို့ကို အနီးဆုံး အခြေစိုက်မြို့ကို ပြန်ပို့ပေးဖို့ ပို့ဆောင်ရေး အဖွဲ့ကိုလည်း စီစဉ်ပေးမယ်.. မင်းတို့သွားချင်တဲ့ မြို့ရှိရင်လည်း သွားလို့ရပါတယ်" ချန်းမင်သည် မိန်းကလေး၏ ထိတ်လန့်နေမှုကို မြင်နေရသောကြောင့် အလျင်အမြန်ပြောလိုက်သည်။

မိန်းကလေးက ခေါင်းညိတ်လိုက်သည်။ "ကျွန်မ ကျင်းကျိုးကိုတော့ ပြန်မသွားချင်ဘူး.. ကျွန်မကို အဲဒီကို ပြန်မပို့ရင်ပဲ ရပါပြီ" သူမသည် ကျင်းကျိုးတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး သူမကို ထိုစဉ်က ပြန်ပေးဆွဲခဲ့သော သူများက သူမအိမ်အောက်တွင် ရှိနေဦးမလား မသိနိုင်ပေ။ ထို့ကြောင့် ပြန်မသွားရဲခြင်း ဖြစ်သည်။

နောက်ဆုံးတော့ သူမသည် ချန်းမင်ကို သူမ၏ အတွေ့အကြုံများအား ပြောပြလိုက်သည်။ ချန်းမင်က နားထောက်ပြီးသောအခါ တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး တစ်ခုခုကို အလေးအနက် စဉ်းစားလိုက်ပုံ ဖမ်းနေသော်လည်း တကယ်တော့ သူသည် အလွန်အံ့ဩထိတ်လန့်နေလေသည်။

"နားလည်ပါပြီ ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်.. မင်းတို့အတွက် ပို့ဆောင်ပေးဖို့ စီစဉ်လိုက်ပါဦးမယ်" ချန်းမင်က ကြောက်လန့်တကြားဖြင့် ပြန်ထွက်သွားသည်။

ယိုဟူလူမျိုးစုပေါ်ကို တောင်ကြီးက ပြုတ်ကျလာပြီး မိန်းကလေးတွေကို ကြီးကြပ်ရတဲ့ သားရဲလေ့ကျင့်သူတွေကလည်း မမြင်ရတဲ့ သားရဲတွေလက်ချက်နဲ့ သေသွားကြတယ်တဲ့လား..

ချန်းမင်သည် သူရရှိသည့် အချက်အလက်များ မမှားစေရန် အခြား မိန်းကလေးများကိုလည်း မေးလိုက်သော်လည်း အဖြေကတော့ အတူတူပင် ဖြစ်ကြသည်။ သူမတို့သည် အဖိနှိပ်ခံခဲ့ရသည် ဆိုသော်လည်း စိတ်ကျန်းမာရေးများကတော့ ပုံမှန်ဖြစ်ကြပုံပေါ်သည်။

ချန်းမင်သည် သူတို့ထဲက တစ်ယောက်ဆီမှ တန်ဖိုးရှိသော အချက်အလက်တစ်ခုကို ရခဲ့သည်။ ယိုဟူမျိုးနွယ်စု၏ အရှင်သခင်အဆင့်သားရဲ မြွေနဂါးကြီး ပေါ်လာခဲ့သည် ဆိုသော အချက် ဖြစ်သည်။ မိန်းကလေးများ ပြန်လာချိန်တွင် ထိုမြွေနဂါးကြီးသည် တောင်ကြီးအောက်တွင် ပိနေပြီး နောက်ဘာဆက်ဖြစ်သည်ကိုတာကိုတော့ သူတို့လည်း သေချာ မသိကြပေ။

အရှင်သခင်သားရဲအဆင့် သားရဲ ၂ ကောင်ရဲ့ တိုက်ခိုက်မှု.. ချန်းမင်သည် ဝိဉာဉ်ဖောင်ထဲ ၀င်ပြီး ထိုကိစ္စကို အတည်ပြုဖို့ စိတ်ပင်ကူးမည်မဟုတ်သော်လည်း ထိုကဲ့သို့သော ကိစ္စမှာ ဖြစ်လေ့ဖြစ်ထ ရှိသည့်အရာ မဟုတ်တာကိုတော့ သူသိလေသည်။

ဒါပေမယ့်.. အရှင်သခင်သားရဲအဆင့်တောင် ဟိုဖက်မှာ ပေါ်နေပြီဆိုရင် ဒီမှာ ရှိနေ‌တဲ့ ဘုရင်အဆင့်သားရဲတွေလည်း ဒီလို အခြေအနေကို တစ်နေ့နေ့တော့ ရောက်သွားနိုင်တာပဲ..

ထို့နောက်တွင် ဝိဉာဉ်ဖောင်အတွင်းမှ နောက်ထပ် သဏ္ဍာန်တစ်ခု ထွက်ပေါ်လာပြန်သည်။ သူသည် ကောင်းဖန်မှန်း သိလိုက်ရသောအခါ ဝိဉာဉ်ဖောင်ကို စောင့်ကြပ်နေသော စစ်သားများက လက်နက်များကို ချလိုက်ကြသည်။ ကောင်းဖန်သည် ပေါ့ပါးစွာ တစ်ချက်ရယ်လိုက်ပြီး လက်ညိုးဖြင့် နှုတ်ခမ်းကို ဖိပြလိုက်သည်။

ထို့နောက်တွင် စတုတ္ထမြောက်ကလေးကို ဆင့်ခေါ်လိုက်ပြီး ကောင်းကင်ဆီသို့ ပျံသန်းတက်သွားသည်။

ယိုဟူမျိုးနွယ်စုမှ သူများအားလုံး သေသွားပြီဖြစ်သော်လည်း ကောင်းဖန်သည် ထိုကမ္ဘာတွင်နေပြီး အချိန်ဖြုန်းမနေချင်တော့ပေ။ ထိုနေရာသည် ကမ္ဘာကြယ်မှ သူများ တစ်ခါမှ ခြေမချဖူးသည့် ကမ္ဘာသစ်တစ်ခု ဖြစ်သော်လည်း ထိုကမ္ဘာသည် လူမနေသူမနေသည့် နေရာတစ်ခု မဟုတ်ပေ။ ကောင်းဖန်သည် ထိုကမ္ဘာတွင် ရှေးဟောင်းလူမျိုးများစွာ နေထိုင်ဖူးတာကို ကြားဖူးပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် ယခုလို ပြောင်းလဲတိုးတက်လာခြင်း ဖြစ်သည်။ ကောင်းဖန်သည် အခြားသော မျိုးနွယ်စုများ၏ သူ့အပေါ်ထားသည့် သဘောထားကိုလည်း သေချာမသိပေ။ ထို့ကြောင့်သူ့ရည်ရွယ်ချက် အထမြောက်သွားပြီးပြီးချင်း ယိုဟူမျိုးနွယ်စု ခရိုင်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ကောင်းဖန်သည် ဒီတစ်ခေါက်အတွက် ဘာအကျိုးအမြတ်မှတော့ သိပ်မရခဲ့ပါပေ။

သူ့အိတ်ကပ်ထဲမှာ ငွေသတ္တုလုံးလေး ၂ လုံးက ညင်သာစွာ ခုန်ပေါက်နေကြသည်။

ကောင်းဖန်က ထိုအလုံးလေးများကို ထုတ်လိုက်ပြီး လက်ဖဝါးပေါ်တွင် တင်ကာ ဆော့ကစားလိုက်သည်။ ဧကရာဇ်အဆင့် ဥက္ကာခဲ မှော်လုံးလေးများသည် ကောင်းဖန်အတွက် လက်ကောက်၀တ်အားကောင်းအောင် လေ့ကျင့်ခန်း လုပ်သည့်အခါ အသုံးပြုသည့် အဆင့်သို့ ရောက်နေသည်။

သွေးစာချုပ်ချုပ်ဖို့ကတော့.. ကောင်းဖန်သည် ထိုမှော်လုံး ၂ လုံးကို အရမ်းတော့ မနှစ်သက်ပေ။ ထိုမှော်လုံးလေးများသည် ရှေးဟောင်းမျိုးနွယ်စုများအတွက်တော့ အလွန်အဖိုးတန်ပြီး ဘိုးဘွားအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းကြသော်လည်း ကောင်းဖန်အတွက်တော့ ဘာအဓိပ္ပါယ်မှ မရှိပေ။

ထို့အပြင် ထိုမှော်လုံး ၂ လုံးတွင် ထူးခြားသော စွမ်းရည် မည်မည်ရရလည်း မရှိပေ။ ကောင်းဖန်သည် ပုရွက်ဆိတ်လေးများကိုတောင် အလားအလာရှိသောကြောင့် ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။

ကောင်းဖန်၏ နဂိုရှိသော သားရဲများတွက်လည်း အမျိုးအစားစုံနေပြီဖြစ်ရာ စွမ်းရည်အသေးစိတ်များကို ဂရုစိုက်ဖို့သာ ကျန်တော့သည်။

ပုရွက်ဆိတ်လေးများကတော့ ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး မတူညီသော စွမ်းအင်များကို ပိုင်ဆိုင်တိုးတက်လာကြသောကြောင့် သူတို့ကို ပိုပြီး စွမ်းရည်သွေးပေးဖို့သာ ရှိသည်။

အရေးကြီးဆုံးအချက်တစ်ခုကတော့ ကောင်းဖန်၏ အရှင်သခင်အဆင့်သားရဲလေ့ကျင့်သူ စွမ်းအင်တစ်ခု ထပ်ရလာခြင်း ဖြစ်သည်။ ထိုစွမ်းအင်သည်

အရှင်သခင်အဆင့်သားရဲလေ့ကျင့်သူတိုင်းတွင် ပေါ်လာစေသော စွမ်းအင်ဖြစ်သည်။ ထို့ကြောင့် ထိုစွမ်းအင်နှင့် ယှဉ်လျှင် မှော်လုံး ၂ လုံးသည် ကစားဖို့သာသာလောက်သာ ရှိတော့သည်။

ထို့ကြောင့်ကောင်းဖန်သည် အရှင်သခင်အဆင့်သားရဲလေ့ကျင့်သူ ၂ ယောက်၏ ဥက္ကာခဲ မှော်ဘောလုံးများကို ယူဖို့ ရှာမနေခဲ့ခြင်းဖြစ်သည်။ ထိုအစား ယိုဟူလူမျိုးစု၏ ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူ ၂ ယောက်ထံမှ မှော်လုံး ၂ လုံးကိုသာ ယူခဲ့သည်။ ထို့ကြောင့် အခြားသော တည်ရှိနေသေးသည့် မှော်လုံးများ ရှိနေသေးလျှင်တောင် ကောင်းဖန်သည် လိုက်ရှာဖို့ စိတ်မဝင်စားတော့ချေ။

ကြီးမြတ်သော ကိုက်ဖြတ်သူ၊ ပင်လယ်ဝတုတ်၊ ဒန်ဘီနှင့် ကျန်သားရဲများကတော့ ကောင်းဖန်နှင့်အတူ ကမ္ဘာကြယ်သို့ ပြန်မလိုက်လာခဲ့ချေ။ သူတို့သည် ကောင်းဖန်၏ နယ်မြေချဲ့ထွင်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အနက်ရောင်မြူခိုးကမ္ဘာတွင် ကျန်ခဲ့ကြသည်။

“ဒန်ဘီတောင် ဘယ်အဆင့်ရောက်သွားပြီလဲမသိဘူး.. အဆင့် ၈၀ များ ကျော်သွားပြီလား” ကောင်းဖန်သည် အနက်ရောင့်မြူခိုးကမ္ဘာတွင် ရှိနေသော ဒန်ဘီအကြောင်းကို တွေးမိလိုက်ချိန်တွင် သူ့မျက်နှာက နူးညံ့နေသည်။

တာ့ဇီနှင့် အခြားသူများနှင့် မတူအောင်ပင် ဒန်ဘီ၏ အဆင့်တက်မှုသည် အလွန်မြန်ဆန်သည်။ သူ၏ စွမ်းအင်ကြောင့်လည်း ပါမည်ထင်သည်။

ပင်လယ်ဝတုတ်သည် ပင်လယ်အောက်ခြေရှိ သေဆုံးထားသော သားရဲအလောင်းများကို အမြဲရှာပေးနိုင်သည်။ သူတို့၏ အဆင့်များသည် အသက်ရှင်စဉ်အခါက ဒန်ဘီထက် မြင့်ခဲ့လျှင်တောင် ပြန်အသက်သွင်းလို့တော့ မရပေ။

ထို့ကြောင့် ဒန်ဘီအသုံးပြုသော နည်းလမ်းသည် ရိုးရှင်းပြီး ထိရောက်သည်။ သူသည် ထို အရိုးစုများ၏ ဝိဉာဉ်စွမ်းအင်ကိုသာ တိုက်ရိုက်စုပ်ယူလိုက်သည်။

ဒန်ဘီသည် ကောင်းဖန်ထွက်သွားပြီးကတည်းက အဆင့် ၈၀ တော့ ရောက်နေပြီဖြစ်ရာ သူတော်စင်အဆင့်ဖြစ်ဖို့ တစ်ဆင့်သာ လိုတော့သည်။ သူတော်စင်အဆင့်သည် အရှင်သခင်အဆင့်၏ အထက်တွင်ရှိပြီး ထိုအဆင့်သည် အဆင့် ၈၁ မှ ၉၀ အတွင်းဆိုလျှင် ရောက်ရှိနိုင်သည်။ အဆင့် ၉၁ အထက်သို့ ရောက်သွားလျှင်တော့ ဘုရားသခင်တစ်ဝက် အဆင့်လောက် ဖြစ်သွားတော့မည် ဖြစ်သည်။

နတ်ဘုရားအဆင့် သားရဲများသည် နတ်ဘုရားအဆင့် စွမ်းအင် အငွေ့အသက်ကို ထုတ်လွှတ်နိုင်ပြီး ဘုရင်အဆင့်၊ ဧကရာဇ်အဆင့်၊ အရှင်သခင်အဆင့်တို့လည်း အတူတူပင် ဖြစ်သည်။

ပင်လာ်ဝတုတ်ပြောသည့်ပုံအရတော့ သူတော်စင်အဆင့်သည် သူ့အရှေ့က အဆင့်များနှင့် အနည်းငယ် ကွာခြားသည်ဟု ဆိုသည်။ သားရဲတစ်ကောင်သည် သူတော်စင်အဆင့်သို့ ရောက်သွားပါက သူသည် နယ်ပယ်ဟုခေါ်သော စွမ်းအင်အသစ်တစ်ခု ရလာပြီး မြင့်မြတ်သော ပိုင်နက်ဟု ခေါ်ဆိုနိုင်သည်။

သူတော်စင်အဆင့်အောက်တွင် ရှိသည့် အမျိုးအစားတူ သားရဲများအားလုံးသည် ထိုပိုင်နက်အတွင်းသို့ ရောက်နေမည်ဆိုပါက ကြီးမားသော ဖိအားကို ခံစားရမည် ဖြစ်သည်။ သားရဲအမျိုးအစားတူလေ ပိုခံရလေ ဖြစ်သည်။

တကယ်လို့ ရေအမျိုးအစား သူတော်စင်အဆင့် သားရဲတစ်ကောင်နှင့် ရေအမျိုးအစား သူတော်စင်အဆင့်အောက် သားရဲတစ်ကောင်တို့ တိုက်ခိုက်မည် ဆိုပါက ရေထိန်းချုပ်မှုစွမ်းအင်များကွာခြားသွားသောကြောင့် အဆင့်နိမ့်သားရဲက သေချာပေါက် အရေးနိမ့်မည် ဖြစ်သည်။ ကောင်းဖန် နားလည်သလို ပြောရလျှင် အဆင့်နိမ့်သားရဲ၏ ရေထိန်းချုပ်မှု စွမ်းအင်က ထုတ်သုံးမရတော့ပဲ ဖြစ်သွားနိုင်ခြင်း ဖြစ်သည်။

အားကြီးသူက အားနည်းသူကို ဘယ်နေရာတွင် မဆို အနိုင်ယူနိုင်သည့် နိယာမ ရှိနေသည် မဟုတ်ပါလား။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၇၁ မုန်တိုင်းတစ်ခု စတင်ခြင်း

သို့သော်လည်း အရှင်သခင်အဆင့်မှ သူတော်စင်အဆင့်သို့ တက်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ မဟုတ်ပါက ထိုအချိန်တွင် သူတော်စင်အဆင့် သားရဲများ ပေါများနေပေလိမ့်မည်။ အရှင်သခင်အဆင့် သားရဲနှင့်တွေ့ဆုံရမည့် အဆင့်သတ်မှတ်ချက်ထက် သူတော်စင်အဆင့် သို့ရောက်ရန် အခြားလိုအပ်ချက်များ အနည်းငယ်ရှိသေးသည်။

၎င်းမှာ မူလဒြပ်စင်၏ မြင့်မားသော ထိမ်းချုပ်နိုင်မှုအဆင့်ကို အနည်းဆုံး ရောက်ရှိသင့်သည်။ ဤသည်မှာ ကောင်းဖန်နှင့် ပင်လယ်၀တုတ်တို့ ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ သားရဲတစ်ကောင်က သူတော်စင်အဆင့်သို့ တက်လှမ်းရန် အနိမ့်ဆုံး လိုအပ်ချက်မှာ ဒြပ်စင်အဆင့် အဆင့် ၇ ဖြစ်သည်။ အချို့သော သားရဲများ၏ ဒြပ်စင်များသည် အဆင့် ၆ အပေါ်တွင်သာရှိပြီး သူတို့၏ မူလစရိုက်များကြောင့်သာ အဆင့် ၇ သို့ တိုးမြှင့်သွားကြသည်။ ဒါကို အဆင့်၇ အဖြစ် သတ်မှတ်မလား ဆိုတာကို စောင့်ကြည့်ရဦးမှာပင်။

လူအများစုသည်ကောင်းဖန်ကဲ့သို့ ၎င်းတို့၏ သားရဲများ၏ အရည်အချင်းများနှင့် စွမ်းရည်များကို ချက်ခြင်းရေတွက်ရန် နည်းလမ်းမရှိပေ။ သူတို့အတွက် ဤအသေးစိတ်အချက်များသည် တစ်ခုနှင့်တစ်ခု ခွဲခြား၍မရနိုင်ပေ။

ဒြပ်စင်ထိန်းချုပ်မှုအဆင့် လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းသည် သားရဲတစ်ကောင် သူတော်စင်အဆင့်သို့ ကူးပြောင်းရန်အတွက် မရှိမဖြစ် လိုအပ်သည်။ သို့သော် ဒြပ်စင်များကို ထိန်းချုပ်နိုင်စွမ်းမရှိသော သားရဲများသည် ၎င်းတို့၏ အစိတ်အပိုင်းအချို့ကို အဆင့် ၇ သို့ အဆင့်မြှင့်တင်ခြင်းဖြင့် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်သေးသည်။ သို့သော် ထိုကဲ့သို့သော သားရဲများသည် ၎င်းတို့၏ အဆင့်တူဒြပ်စင်များကို အဆင့်မြှင့်တင်နိုင်သည့်သူများနှင့် နှိုင်းယှဉ်ပါက ရှားပါးသည်။

…

မော့တူကိုပြန်ရောက်သောအခါ ကောင်းဖန်ရဲ့ မလွှဲမရှောင်သာတဲ့ ယိုဟူမျိုးနွယ်စု ပျက်သုန်းသွားချိန်မတိုင်မီအထိ တစ်ရက်ပင်မကြာလိုက်ချေ။

ကောင်းကင်ကြီး မှောင်လာသည်။ ကျောင်းသားငါးယောက်လုံးကို အိပ်ရာမှမနှိုးဘဲ ကောင်းဖန်က သူ့ကိုယ်ပိုင်အခန်းထဲသို့ အိပ်ဖို့ရန် သွားလိုက်သည်။ ခဏကြာပြီးနောက် သူ အိပ်ပျော်သွားသည် ။ သို့သော် ထိုညတွင် အချို့သောသူများသည် အိပ်ရေးဝဝမအိပ်ရပေ...

တုံရှန်းသည် သူ့ကုတင်ပေါ်တွင် မငြိမ်မသက် လှုပ်ရှားနေသည်။ သူဘယ်လောက်ပဲ ခက်ခက်ခဲခဲ မျက်လုံးတွေမှိတ်ထားပေမဲ့ အိပ်မပျော်နိုင်ပေ။ နေ့ခင်းဘက်တွင် သူပြောခဲ့သော စကားများကို ပြန်တွေးနေဆဲဖြစ်သည်။ အမှန်မှာ ၎င်းတို့က ကောင်းဖန်အတွက် အကျိုးရှိမည်ကို သူမသိခဲ့ပေ။

ကောင်းဖန်က ယိုဟူမျိုးနွယ်စုကို မဖြုတ်ချနိုင်ခဲ့ပါက တုံရှန်ကိုယ်တိုင်လည်း အပြစ်ပေးခံရဖွယ်ရှိသည်။ သူသည် ပုရောဟိတ်မင်း၏ တစ်ဦးတည်းသောသားဖြစ်သော်လည်း သူ့ဆွေမျိုးများ၏ ဝေဖန်မှုကို ခံနိုင်ရည်မရှိသေးပေ။

သူ့သားရဲသေဆုံးမှုက သူ့သူငယ်ချင်းများကြားတွင် သူ၏ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။ သူသည် သူ့၏ အစွယ် ခြောက်ခုပါဆင်ကြီး သေခြင်းမှ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ရရှိခဲ့သည်။ သူ့အဖေက သူ့စိတ်ဝိညာဉ်ကို ကုသဖို့ အဖိုးတန် ပစ္စည်းတွေ အများကြီးသုံးခဲ့ရုံတင်မကဘဲ သူ့အတွက် နောက်ထပ်သားရဲတစ်ကောင် ရှာတွေ့ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရသည်။ သူ၏စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများကြောင့် သူ၏ ဒုတိယသားရဲ၏အဆင့်သည် အစွယ် ခြောက်ခုပါဆင်ထက် များစွာနိမ့်ကျခဲ့သည်။

အမြင့်မှ ပြုတ်ကျခြင်းကြောင့် ရွယ်တူချင်းများကြားတွင် သူ့ကိုမျက်နှာပျက်စေခဲ့သည်။ အကယ်၍ သူ့ဖခင်သည် မျိုးနွယ်စု၏ ပုရောဟိတ်မင်းဖြစ်သည်ဟူသောအချက်ကြောင့် မဟုတ်ပါက ပိုဆိုးပေမည်။… သို့တိုင်အောင် ဆိုးရွားသော ကောလဟာလများသည် မျိုးနွယ်စုအနှံ့ ပျံ့နှံ့လေ့ရှိသည်။

မိမိကိုယ်ကို မျိုးနွယ်စုများ၏ အတင်းအဖျင်းစကားများမှ ကင်းဝေးစေရန်အတွက် တုံရှန်းသည် နိဟွန်းဒေသမှ ထွက်ခွာကာ အပြောင်းအလဲဖြစ်စေဖို့ မော့တူဒေသသို့ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

မော့တူဒေသသို့ရောက်ပြီး သိပ်မကြာခင်မှာပဲ ကောင်းဖန်ပြန်လာတာကို သူသိလိုက်ရသည်။ တုံလင်းက ကောင်းဖန် ရဲ့နောက်ကို မလိုက်ဖို့ သတိပေးခဲ့သည်။ ထို့နောက် ယိုဟူမျိုးနွယ်ဟူမှ စေလွှတ်ထားတဲ့ ဧကရာဇ်အဆင့်သားရဲကို သတ်ဖြတ်ဖို့ရန်အတွက် ဧကရာဇ်အဆင့်သားရဲကို သူ့ရှေ့မှာဘဲ ဆင့်ခေါ်သည်ကို သူမြင်လိုက်ရသည်။

သူနှင့် ကောင်းဖန်ကြား ကွာဟမှုက ပိုပို၍ ကျယ်လာသည်ကို သူသိသည်။ သူသည် မြေမှုန့်ထဲတွင် တဖြေးဖြေး ကျန်ရစ်ခဲ့သည်... အချို့သောသူများသည် ကမ္ဘာပေါ်တွင် ကံကောင်းခြင်းများဖြင့် မွေးဖွားလာကြသည်ပင်။

ဒီအချိန်တွင် အိပ်ရန်ကြိုးစားခြင်းသည် အဓိပ္ပါယ်မရှိဟု ဆုံးဖြတ်လိုက်ရာ တုံရှန်းသည် အိပ်ရာမှထကာ ဘယ်တော့မှ မတိတ်ဆိတ်တဲ့ မော့တူမြို့ရဲ့ မီးရောင်များကို စူးစိုက်ကြည့်နေသည်။

ရုတ်တရက် သူ့ခေါင်းအုံးဘေးမှာ ဖုန်းမြည်လာသည်။

အဲဒါက သူ့အဖေပင်။ အရေးပေါ်အခြေအနေရှိမှာသာ ညလယ်ကြီး သူ့ကို ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။ တုံရှန်းက သူ့ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည်။

“မင်း အခု မော့တူမှာလား” သူ့အဖေက လေးနက်စွာမေးသည်။

“ဟုတ်ပါတယ်...အခု မော့တူမှာပါ” ဟု တုံရှန်းက မဝံ့မရဲပြောလိုက်သည်။

“မင်းကောင်းဖန်ကို စိတ်ဆိုးအောင် တစ်ခုခု လုပ်ထားသေးလား”

တုံရှန်းမျက်ခုံးပင့်လိုက်သည်။ ဒါကြောင့် ငါ့ကိုခေါ်နေတာလား။ “ကျွန်တော်တော့အဲလို မထင်ဘူး.. ကျွန်တော် သူနဲ့ ဒီနေ့ နေ့လယ်က တွေ့ပြီး သူကျွန်တော့ကို အိမ်ကိုတောင်ပြန်ခေါ်လာသေးတယ်” ဟု သူက ပြန်ဖြေလိုက်သည်။

သူ့အဖေက တစ်ဖက်မှာ ငြိမ်သွားသည်။ နောက်ဆုံးတော့ သူက “ကောင်းဖန်နဲ့ မသင့်မြတ်အောင် မနေမိစေနဲ့.. မင်းတို့ နှစ်ယောက် အတိတ်မှာ ကွဲလွဲမှုတွေရှိခဲ့ဖူးတာကို ငါသိတယ်.. ဒါပေမယ့် စံတုံမျိုးနွယ်စုထဲက လူတိုင်းက အတိတ်ကို အတိတ်မှာ ထားဖို့ဆုံးဖြတ်လိုက်ပြီဆိုတာ မင်းကို အသိပေးချင်တယ်.. အခုကိုယ့်ကိုကိုယ်ကြည့်တော့.. ဖြစ်နိုင်ရင် သူ့သူငယ်ချင်းဖြစ်အောင် ကြိုးစား”

တုံရှန်းက တစ်ခုခုဖြစ်နေပြီဆိုတာကို ခံစားလိုက်ရသည်။ “အဖေ.. တစ်ခုခုဖြစ်နေတာလား.. ဘာလို့ ဒီလို ဖြစ်နေတာလဲ…”

တုံပင်းက တခဏမျှ တိတ်ဆိတ်သွားပြီး “ယိုဟူမျိုးနွယ်စုကို ကောင်းဖန်က သုတ်သင်ပစ်လိုက်ပြီ” ဟုပြောလိုက်သည်။

“ဘာ” တုံရှန်းက အော်လိုက်သည်။ သူကြားလိုက်သမျှကို မယုံနိုင်ဖြစ်နေသည်။

“လွန်ခဲ့တဲ့ လေးနာရီလောက်က ဖြစ်ခဲ့တာ... ငါတို့ရဲ့ သူလျှိုအချို့က ငါ့ကို အဲဒီကအရာအားလုံးရဲ့မှတ်တမ်းကို ပို့ပေးလိုက်တယ်... မျိုးနွယ်စုအတွင်းမှာရှိတဲ့ လူကြီးပိုင်းတွေအားလုံးက ဒီအချက်အလက်တွေကို သိထားပြီးပြီ.. ကောင်းဖန် လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုက တွေးလို့မရအောင်ပဲ”

တုံရှန်းက ဖုန်းချသွားတာကိုပင် မသိလိုက်ချေ။ သူ့စိတ်ထဲမှ တစ်ခုတည်းသော အချက်မှာ ယိုဟူမျိုးနွယ်စု ပျက်သုဉ်းသွားခြင်း ဖြစ်သည်။ ပထမတော့ အဘိုးကြီးက သူ့ကိုစနေတယ် ထင်ပေမယ့် နောက်ပိုင်းမှာ သူ့အဖေက နောက်ပြောင်ကစားတဲ့လူ မဟုတ်ဘူးကြောင်း အထူးသဖြင့် ညကြီးမင်းကြီးဖြစ်နေတာကို သတိရသွားသည်။

စံတုံမျိုးနွယ်စုကိုတောင် အာဏာပြိုင်နိုင်တဲ့ မျိုးနွယ်စုက‌ ပျောက်ကွယ်သွားပြီ။ အဲဒါက မနက်မှာပဲ မင်းမြင်ဖူးပြီး နှုတ်ဆက်တဲ့လူက ရုတ်တရက် သေသွားတာနဲ့ တူသည်ပင်။

ယိုဟူမျိုးနွယ်စုမှ ကျန်ရစ်ခဲ့တဲ့ ကွက်လပ်က အားလုံးကို တုန်လှုပ်သွားစေမည်ကို တုံရှန်းက သိထားသည်။ ဒီနေ့ မွန်းလွဲပိုင်းမှာ ကောင်းဖန်နှင့် လမ်းခွဲခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်သည်။

ထုံရှန်းက ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောနေပြီး သစ်ရွက်တစ်ခုကဲ့သို့ တုန်ခါနေသည်။ ယနေ့ခေတ်တွင် အခြားအဖွဲ့ခွဲများတွင် သူလျှိုများ ထားရှိခြင်းက သာမာန်ဖြစ်သည်။ ယိုဟူမျိုးနွယ်စုတွင် ထားသည့် သူလျှိုများ၏ ကျေးဇူးကြောင့် စံတုံမျိုးနွယ်စုသည် အခြားသူများထက် ယိုဟူမျိုးနွယ်စုအကြောင်းကို အရင်သိနိုင်ခဲ့သည်။

ထိုစကားကို လက်ခံရရှိပြီးနောက် စံတုံမျိုးနွယ်စုကဲ့သို့သော အဓိက မျိုးနွယ်စုသည် သတင်းအတည်ပြုနိုင်ရန် အခင်းဖြစ်ပွားရာနေရာအား စစ်ဆေးရန် ၎င်းတို့၏ အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူများကို ဦးစွာစေလွှတ်ခဲ့သည်။

တစ်ညတည်းမှာပင် ရှေးခေတ်မျိုးနွယ်စု၏ လူငယ်အဖွဲ့ဝင်များသည် ဤအဖြစ်ဆိုးကို ၎င်းတို့၏ အကြီးအကဲများထံမှ သိခဲ့ကြသည်။ ဒါက လူမျိုးတုံးသတ်ဖြတ်မှုပင်။ သူတို့ထဲက တစ်ယောက်မှ ဒီလို ရက်စက် ကြမ်းကြုတ်မှုကို အချိန်အတော်ကြာအောင် မမြင်ဖူးခဲ့ပေ။

ကောင်းဖန်သည် ယိုဟူမျိုးနွယ်စုကို ဖျက်ဆီးခြင်းမှတစ်ဆင့် ၎င်းတို့ထံ သတင်းစကားများ ပေးပို့ခြင်းဖြစ်သည်။

ထိုအကြောင်းကို ပါးစပ်ဖြင့်ကြားရသည်မှာ တစ်ချက်ဖြစ်သော်လည်း ၎င်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရသည်မှာ လုံးဝခြားနားသော ကိစ္စဖြစ်သည်။ ယိုဟူမျိုးနွယ်စုသည် နှောင်းပိုင်းတွင် အတော်ပင် ရမ်းကားလာခဲ့သည်။ သူတို့ စိုက်ထားသော စပါးကို ရိုးရိုးရှင်းရှင်းပင် သူတို့ ရိတ်သိမ်းလိုက်ကြခြင်းဖြစ်သည်။

ကောင်းဖန်က ရှေးခေတ်မျိုးနွယ်စုတွေကို သတိပေးတာလား.. ကမ္ဘာပေါ်တွင် ယိုဟူမျိုးနွယ်စုထက် အားကောင်းသော မျိုးနွယ်စုများ အများကြီးမရှိပေ။ အများစုမှာ တူညီသော အဆင့် သို့မဟုတ် နိမ့်ကျကြသည်။

သို့သော် ကောင်းဖန်က ယိုဟူမျိုးနွယ်စုကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့ပြီး ၎င်းတို့၏ လူဦးရေအားလုံးကို သုညအထိ အလွယ်တကူ လျှော့ချနိုင်ခဲ့သည်။ ထို့ကြောင့် ကောင်းဖန်မည်မျှ အစွမ်းထက်မည်ကို မည်သူမျှ မသိကြသောအခါတွင် ရှေးခေတ်မျိုးနွယ်စုများက စည်းမကျော်တာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။

နောက်တစ်နေ့တွင် တုံရှန်းသည် အမျိုးသားအထက်တန်းကျောင်းပြိုင်ပွဲကျင်းပမည့် မော့တူ အားကစားကွင်းသို့ ထွက်ခွာသွားသည်။ လမ်းတစ်လျှောက်မှာ ရင်းနှီးတဲ့ မျက်နှာတွေ နဲ့ သိပ်မရင်းနှီးတဲ့သူတွေကို တွေ့လိုက်သည်။ သို့သော် သူတို့အားလုံးက သူ့မျိုးနွယ်မှ ဖြစ်ကြောင်း သူပြောနိုင်သည်။

ဒီထဲက လူတွေက ဘယ်သူကမှ ချန်ပီယံပွဲကို ကြည့်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သူသိသည်။ သူတို့အားလုံး တစ်စုံတစ်ယောက်ကို တစ်ချက်ကြည့်ဖို့ အားကစားကွင်းကို သွားနေကြခြင်း ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၇၂ ဧည့်သည်

မနေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို လူအနည်းငယ်သာ သိကြပြီး အများစုက ရှေးဟောင်းမျိုးနွယ် တွေဖြစ်ကြသည်။ ကောင်းဖန်က သူ့ရဲ့ လုပ်ရပ်တွေကို အများသိအောင် မပြောဘူးလို့ ဆုံးဖြတ်ထားဘူးဆိုရင် အခုအချိန်မှာ သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အဲဒါကို အပြည့်အ၀ ထိမ်းသိန်းထားဖို့ပင်။

ကောင်းဖန်က သူဘာတွေလုပ်ခဲ့တယ် ဆိုတာ တစ်ကမ္ဘာလုံးကို အသိပေးဖို့ စိတ်မ၀င်စားချေ။ သူရည်ရွယ်ထားတဲ့ ပရိသတ်က သူ့သတင်းကို လက်ခံဖို့ပဲ မျှော်လင့်ထားသည်။

ပြိုင်ပွဲမှာ ၃၂ သင်းကျန်သေးတာကြောင့် သူတို့ ၃၁ ဆင့်ကို ကစားဖို လိုအပ်‌သေးသည်။ ၎င်းတို့သည် ၃၂ ကြိမ်မတိုင်မီနေ့အထိ မော့တူအားကစားကွင်း၌ နေကြသည်။ ကျန်ပွဲများကို ထိုနေ့တွင် ကျင်းပရန် စီစဉ်ထားသည်။

ကောင်းဖန်က ခန်းမထဲတွင် သူ့ကိုယ်သူ သက်တောင့်သက်သာဖြစ်အောင် ထိုင်နေသည်။ ခဏအကြာတွင် အရာရှိတစ်ဦးသည် သူနှင့် အခြားသူတို့ကို ၎င်းတို့၏ကိုယ်ပိုင်အခန်းသို့ ဖိတ်ကြားရန် ရောက်လာသည်။ ကျောင်းသားငါးယောက်က တစ်ယောက်နဲ့တစ်ယောက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။ ကျောင်းအုပ်ကြီးရဲ့ ဂုဏ်သတင်းက သူတို့ကို သီးသန့်အခန်းတစ်ခုရရန် လုံလောက်သည်ဟု မည်သူထင်မည်နည်း။

“မလိုပါဘူး.. ဒီနေ့ ကျွန်တော့်ကျောင်းအဖွဲ့ရဲ့ သာမာန်ဆရာတစ်ယောက်အနေနဲ့ ဆောင်ရွက်ပေးနေတာပါ... ကျွန်တော့်ကို စိတ်ထဲမထားပါနဲ့... ” ဟု ကောင်းဖန်က အဲဒီလူကို လက်ဝှေ့ယမ်းပြလိုက်သည်။

“ကျွန်တော်နားလည်ပါပြီ” ကောင်းဖန်ကို နောက်ထပ် အနှောက်အယှက်မပေးချင်တော့ဘဲ အဲဒီလူက သူ့လက်အောက်ငယ်သားတွေနဲ့ ခန်းမထဲက မထွက်ခင် အလေးအနက် ဦးညွှတ်အလေးပြုလိုက်သည်။

ခဏအကြာတွင် ကောင်းဖန်က ရုတ်တရက် စိတ်မသက်မသာ ခံစားလာရသည်။ သူ၏ မြင့်မားသော အာရုံခံစားမှုကြောင့် အရိပ်များမှ သူ့ကို စောင့်ကြည့်နေသည့် မျက်လုံး ဆယ်စုံကို ခံစားရနိုင်သည်။ ဒါက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။

အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် ကောင်းဖန်ကမတ်တပ်ထရပ်လိုက်သည်။ သူဒီလိုလုပ်တဲ့အခါ အနည်းဆုံး သူလျှိုတွေရဲ့ တစ်ဝက်လောက်က သူ့တို့မျက်လုံးတွေကို သူ့ထံကနေ ဝေးဝေးကနေ ရှောင်သွားတယ်လို့ ခံစားရသည်။

“ဒီမှာ စောင့်နေ” ဟု သူ့အဖွဲ့ကို ပြောလိုက်သည်။

ကောင်းဖန်သည် သူ့ကိုယ်ပိုင် သီးသန့်အခန်းကို ကမ်းလှမ်းထားသည့် အမျိုးသားကို ယခုပင် ရှာတွေ့သွားသည်။ မကြာသေးမီက သူငြင်းခဲ့ဖူးသော တစ်စုံတစ်ယောက်ထံမှ အကူအညီ တောင်းရခြင်းကြောင့် အဆင်မပြေ ဖြစ်ရသည်ပင်။

“အထူးသီးသန့်အခန်းကို ပြင်ဆင်ထားပါတယ်.. ဆရာ.. ဆရာကနာမည်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့အာရုံစိုက်မှုတွေကို အမြဲတမ်းလိုလို ရှောင်လွှဲလို့မရနိုင်ပါဘူး” ဟု အဲဒီလူက အချိန်အတော်ကြာအောင် အောင့်ထားသလိုမျိုး စကားလုံးတွေကို ပြောလိုက်သည်။

ကောင်းဖန်က ကျောင်းသားငါးဦးကို စောင့်ဆိုင်းနေရာသို့ ခေါ်ဆောင်သွားလိုက်သည်။ “မင်းတို့က ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ လိုတုန်းပဲ.. ငါ ဒီက မထွက်သွားရင် မင်းတို့ အားလုံးကို အာရုံစူးစိုက်မှုတွေက နှောင့်ယှက်နေတာမို့ မင်းတို့နဲ့အတူ ဒီမှာနေလို့မရဘူး.. ဒါပေမယ့် စိတ်မပူပါနဲ့... ငါ့အခန်းထဲက မင်းကို အားပေးနေမယ်” ဟုကောင်းဖန်က အားပေးစကားတစ်ခုအနေနဲ့ သူတို့ရဲ့ ပုခုံးတွေကို ပုတ်ရင်း ပြောလိုက်သည်။

ညရောက်လာတဲ့အခါ ပွဲက နောက်ဆုံးတော့ ပိတ်ဖို့ ရောက်လာသည်။ ထျန့်ကျဲကျောင်က ၎င်းတို့၏ အရည်အချင်းဖြင့် ဟွားဝူ အထက်တန်းကျောင်းကို အနိုင်ယူနိုင်လိုက်သည်။

ဟွားဝူအထက်တန်းကျောင်းအဖွဲ့တွင် အဆင့် ၄၅ မော်ကွန်းတင်စွမ်းရည်ဆင့် လုပ်ကြံရေးအမျိုးအစား သားရဲတစ်ကောင်ရှိသည်။ သီအိုရီအရ ကောင်းကင် စာကလေးသည် ၎င်းကို အနိုင်ယူနိုင်သည့် နည်းလမ်းမရှိပေ။ သို့သော်လည်း လုပ်ကြံရေးအမျိုးအစား သားရဲက အဆိုးရွားဆုံးအခိုက်အတန့်တွင် အမှားတစ်ခုကို ပြုလုပ်ခဲ့ပြီး နတ်ဆိုးနွယ်တောင်တက်သားရဲ၏ စပျစ်နွယ်ပင်များမှ သူ့ကို ဖမ်းထားနိုင်ခဲ့သည်။ ကောင်းကင် စာကလေးက အခွင့်အရေးကိုမြင်ပြီး သတ်ရန်ဝင်ရောက်ကာ ၎င်း၏ တရပ်စပ်တိမ်တိုက်များကို ၎င်း၏ပြိုင်ဘက်အပေါ် လွှတ်တင်လိုက်သည်။

ကျောင်းသားငါးယောက်က ကောင်းဖန်ထံသို့ စိတ်လှုပ်ရှားစွာနဲ့ ရောက်လာကြသည်။ “ကျောင်းအုပ်ကြီး ကျွန်တော်တို့ ခုနက ဘယ်လိုမျိုး ထပ်တူကျနေလဲဆိုတာ မြင်ရလား.. ဟိုမှာ ကျွန်တော်တို့ကို ကြည့်ရတာ မိုက်တယ်မဟုတ်လား” သူတို့ထဲက တစ်ယောက်က ကျောင်းအုပ်ရဲ့ အဖြေကို နားစွင့်ရင်း ပြုံးပြပြီး မေးလိုက်သည်။

ကောင်းဖန်က စကားတစ်ခွန်းမှ မပြောဘဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ၎င်းတို့ရဲ့ ဆုဖလားကိုရရှိပြီးနောက် ကောင်းဖန်က သူ့ရဲ့ သီးသန့်ဘဝပုံစံကို ပြန်လည်စတင်ရန် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းသို့ပြန်လာခဲ့သည်။

သူသည် သူ့လက်အောက်ငယ်သားအချို့၏သားရဲအဆင့်များကို မြှင့်တင်ရန် သူရဲ့ဓာတ်ခွဲခန်းထဲတွင် နောက် ရက်အနည်းငယ် ကြာအောင် နေခဲ့သည်။ ယင်းက ၎င်းတို့၏ မွေးရာပါ စွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းအားကို တိုးတက်စေသည်။

ထိုအချိန်တွင် နဂါးဖြူ၊ ငွေနဂါးနှင့် သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတတို့က ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ ၎င်းတို့ သုံးဦးအနက်မှ နဂါးဖြူသည် တိုးတက်မှုအတွက် အလားအလာအရှိဆုံးဖြစ်ပြီး ၎င်းအား အဆင့် ၆၄ သို့ ချက်ခြင်းခုန်တက်စေခဲ့သည်။ ရလဒ်အနေဖြင့် ၎င်း၏တိုက်ခိုက်ရေးစွမ်းအားသည် ဆယ်ဆတိုးလာသည်။

အဆင့် ၆၄ မော်ကွန်းတင်စွမ်းရည်ဆင့် သားရဲ မှာ အားနည်းသည်ဟူ၍ မရှိပေ။ ယခုအခါတွင် အဆင့်ကန့်သတ်ချက်ကို ဧကရာဇ် အဆင့်သို့ တိုးမြှင့်လိုက်ရာ အထူးသဖြင့် အရှင်သခင်အဆင့် သားရဲများ မတည်ရှိနိုင်သေးသော ကမ္ဘာတွင် မော်ကွန်းတင် စွမ်းရည်ဆင့်သည် အမြင့်ဆုံး သားရဲဖြစ်လာသည်။

ကောင်းဖန်သည် နဂါးဖြူကို ဒဏ္ဍာရီစွမ်းရည်ဆင့်သို့ အဆင့်မြှင့်တင်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းအများစုမှာ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သူ့အတွက် ပျောက်ဆုံးနေသည့် တစ်ခုတည်းသောအရာမှာ နဂါးမောက်သီးအစစ်ဖြစ်သည်။ ထူးခြားဆန်းပြားသော လောကသည် နှစ်နှစ်အကြာတွင် တစ်ဖန်ပြန်ပွင့်လာမည်ဖြစ်သည်။ ကောင်းဖန် က သူ့အဆင့်ကို မွမ်းမံမှုမပြုလုပ်မီ နဂါးဖြူက နောက်ထပ် နှစ်နှစ်စောင့်ရမည်ဖြစ်သည်။

သူ့သားရဲများ၏ အဆင့်များကို မြှင့်တင်ခြင်းမှလွဲ၍ ကောင်းဖန်သည် မျှော်မှန်းနိုင်သည့် အနာဂတ်အတွက် အခြားဘာမျှ မစီစဉ်ထားပေ။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ့တံခါးကို လာခေါက်နေသည်။

“ဒီအချိန်မှာ တံခါးလာခေါက်မိလို့ တောင်းပန်ပါတယ်.. ငါ မင်းကို အနှောက်အယှက် မပေးမိဘူး လို့ မျှော်လင့်ပါတယ်” ဟု စစ်ယူနီဖောင်း ၀တ်ထားသော အဘိုးအို တစ်ဦးက ပြောလိုက်သည်။ ကောင်းဖန်က ခေါင်းခါလိုက်သည်။ “ကိစ္စမရှိပါဘူး.. ကြိုဆိုပါတယ်... ဒီကိုလာရတာ ပင်ပန်းနေပြီ” ဟု ပြောလိုက်သည်။

အဘိုးအိုက “ဟွာရှားဒေသမှာ တာဝန်ထမ်းဆောင်တာက ငါ့တာဝန်ကို ထမ်းဆောင်နေတာပဲ” ဟု ရယ်မောရင်း ပြောလိုက်သည်။ ထို့နောက် သူက ကောင်းဖန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

ကောင်းဖန်က သူ့ဧည့်သည်ကို လက်ပြလိုက်သည်။ “ကျေးဇူးပြုပြီး ကျွန်တော့်ကိုကြည့်နေတာကို ရပ်လိုက်ပါ”

‌ထို့နောက် ခြေဖျားထောက်ကာ အဘိုးအိုအတွက် လက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်သည်။ “လာ..စမ်းမြည်းကြည့်ပါ... ကျွန်တော့် အဘိုးက ဒီလက်ဖက်ရည် တံဆိပ်ကို ကြိုက်တယ်... အနီရောင်နှင်း လက်ဖက်ပင်သားရဲ မှ လက်ဖက်ရွက်များကို ဂရုတစိုက်ရွေးချယ်ထားတာ.. ဒါက သွေးလှည့်ပတ်မှုနဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးတယ်လို့ ပြောတယ်”

ဒါကို အဖိုးအိုက မကန့်ကွက်ပေ။ “ဒါဆို ငါသေချာစမ်းကြည့်သင့်တယ်”

သူ့နောက်မှ သက်တော်စောင့်က ကောင်းဖန်ရဲ့လက်ဖက်ရည်ကို သောက်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေးတော့မည်ကို အဘိုးအိုထံမှ သတိပေးသည့် အကြည့်ဖြင့် ရပ်တန့်လိုက်သည်။

ကောင်းဖန်၏ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း အဘိုးအိုက မျက်လုံးကိုမှိတ်လိုက်ပြီး “မင်းအဘိုးက လက်ဖက်ရည် အရသာကောင်းကောင်းကို သိတာပဲ” ဟုပြောလိုက်သည်။

“ငါက မင်းကို အရိုးသားဆုံး တောင်းပန်ဖို့ ဒီနေ့ ဒီကိုလာခဲ့တာပါ” အဘိုးအိုက သူ့ထိုင်ခုံမှထကာ ကောင်းဖန်ကို လေးလေးနက်နက် ဦးညွှတ်အလေးပြုလိုက်သည်။

ကောင်းဖန်က သူ့ထက်အသက်ကြီးတဲ့သူကို ဒီလိုမျိုးလုပ်ခွင့်မပေးနိုင်ပေ။ သူက အဘိုးအိုကို အမြန်ရပ်ခိုင်းလိုက်ပြီး “ပြောစရာရှိရင် ကျွန်တော့်အဘိုးကို ကိုယ့်ဘာသာပြောလို့ရပါတယ်.. သက်ကြီး ရွယ်အိုတွေနဲ့ စကားပြောရတာက ကျွန်တော့်လို လူငယ်တွေကို စိတ်ဖိစီးစေလို့ပါ” ဟု ပြောလိုက်သည်။

အဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကောင်းပြီ မင်းပြောတဲ့အတိုင်း ငါလုပ်လိုက်ပါမယ်”

“ဒါပေမယ့် မင်းကို ငါ တောင်းပန်ချင်သေးတယ်.. ဟိုတုန်းက ဘာတွေဖြစ်နေလဲ ငါသိပ်မရှင်းပြတတ်ဘူး.. သူတို့ ဘာတွေလုပ်ခဲ့လဲ ဆိုတဲ့ အချက်အလက်တွေကို ပဲ ငါရှာတွေ့တယ်” ဟု အဘိုးအိုက ပြောသည်။ “ဒါပေမယ့် စိတ်ချနေပါ.. တာဝန်ရှိတဲ့သူတွေကို ပိတ်လှောင်ထားပြီး သူတို့ရဲ့သားရဲ လုပ်ပိုင်ခွင့်တွေကို ဖြတ်တောက်ပစ်လိုက်ထားပါတယ်”

ကောင်းဖန်က ရိုးရှင်းစွာ ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်နားလည်ပါတယ်.. အခုလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အဘိုးအိုက “အခုချိန်ကစပြီး တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက အခွန်အားလုံးကနေ ကင်းလွတ်ခွင့် ရတော့မှာပါ” ဟု ပြောလိုက်သည်။

ကောင်းဖန်ရဲ့ မျက်လုံးပြူးကျယ်သွားသည်။ တောင်ပိုင်ကောင်းကင် အဖွဲ့အစည်းက အဖွဲ့အစည်းကြီးဖြစ်သော်လည်း အခွန်ပေးဆောင်မှုတွင် တစ်ကြိမ်မှ မလွတ်ခဲ့ပေ။ အခွန်ကင်းလွတ်ခွင့် မျှော်လင့်ချက်ကို ကောင်းဖန် အလွန် စိတ်လှုပ်ရှားမိသည်။

ကောင်းဖန်က “တကယ်ကို မလိုအပ်ပါဘူး.. ဒါကို ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး” ဟုပြောလိုက်သည်။

အဘိုးအိုက သက်ပြင်းတစ်ချက်ချလိုက်သည်။ “မင်းက ပညာရှိပဲ .. ဒါဆိုရင်တော့ ဒီလိုအခြေအနေမျိုးမှာ မင်းရဲ့အခွန်တွေကို တခြားသူတွေလိုပဲ ဆက်ပြီး ပေးဆောင်နိုင်ပါတယ်”

ကောင်းဖန်၏ မျက်လုံးများသည် ပို၍ပင် အံ့အားသင့်သွားကြသည်။ အဘိုးအိုသည် ကောင်းဖန်၏ တုံ့ပြန်မှုကို မခံမရပ်နိုင်ဖြစ်ပြီး ရယ်လိုက်သည်။

“ငါနောက်တာပါ.. ငါ့စကားကို ဘယ်တော့မှ ပြန်မရုတ်သိမ်းတတ်ပါဘူး” ဟု အဘိုးအိုက ဆိုသည်။

“အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတယ်ဆိုတဲ့ အရိပ်အယောင်တွေကို ငါတို့ ရှာဖွေတွေ့ရှိခဲ့တယ်.. ရှေးခေတ်ကတည်းက ငါတို့ကြားမှာ သားရဲတွေ တည်ရှိနေကြောင်း တွေ့ရှိခဲ့ရတယ်.. ဒါပေမယ့်ခေတ်သစ်ကို ရောက်လာတာနဲ့အမျှ သူတို့ရဲ့ ကိန်းဂဏန်းတွေက ကျဆင်းသွားတယ်.. လွန်ခဲ့တဲ့ ၁၈နှစ်က ရှန်းနုန်းကျားဒေသမှာ စူးစမ်းရှာဖွေသူလေးဦး ပျောက်ဆုံးသွားခဲ့တယ်.. တယောက်က ဒေသတွင်းက အဆင့်မြင့် အရာရှိတဦးရဲ့ တူပဲ..

“ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရှန်းနုန်းကျားဒေသမှာ နက်ရှိုင်းတဲ့ ခြေထောက်ကြီးတွေကို နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်” သူက အသက်ပြင်းပြင်းရှူလိုက်သည်။ “ဆယ်ပေမြင့်တဲ့ ခြေထောက်ကြီးက သာမန်လက်နက်တွေနဲ့ ထိုးဖောက်လို့မရတဲ့ အမွှေးအမျှင်တွေ ရှိတဲ့ အကောင်တစ်ကောင်ပဲ”

All Chapters