အခန်း (၅၇၇-၅၈၀)
Vol. 37 Ch. 577-580
အခန်း ၅၇၇ ကျွဲခေါင်း မြင်းမျက်နှာ
တာ့ဇီသည် အနီးနားရှိ သားရဲကို အံသြစွာ စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် တာ့ဇီက ဖော်ပြ၍မရသော တစ်ခုခုကို ခံစား ရစေသည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်သည်။ သူက ကောင်းဖန်၏အမိန့်ကိုနာခံပြီး ငွေရောင်မိုးကြိုးကိုဆင့်ခေါ်လိုက်သည်။
ငွေရောင်မိုးကြိုးသည် တောက်ပသော ငွေရောင်ရှိပြီး နတ်ဆိုး စွမ်းအားများအပေါ် တွင်သေချာပေါက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။ သို့သော်လည်း မြေအောက်ကမ္ဘာမှ သားရဲကို နတ်ဆိုးဟုယူဆခြင်း ရှိ မရှိတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပေ။
တောင်ပံများပေါ်ရှိ အလှဆင်ထားသော ဒီဇိုင်းများက ကောင်းကင်ကို ပြည့်နေစေရန် မရေမတွက်နိုင်သော ငွေရောင် လျှပ်စီးကြောင်းများကို ဖိတ်ခေါ်ပြီး ကြီးမားသည့် ပိုက်ကွန်တစ်ခုအဖြစ် ပေါ်လာသည်။ မိုးကြိုးက လှည့်ပတ်နေပြီး မြေအောက်ကမ္ဘာနှင့် ထိတွေ့သောအခါ ငွေရောင်အလင်းတန်းသည် ပြင်းထန်သောအလင်းရောင်များ ထုတ်လွှတ်နေသည်။
အနက်ရောင် တိမ်တိုက်ထဲက သားရဲက တုန်လှုပ်သွားပုံပင်။ သူ့ ညာခြေက ထွက်လာပြီး မြေပြင်က လှုပ်သွားသည်။ မှိုင်းရင့်ရောင် တိုက်ပွဲသံချပ်ကာသည် ၎င်း၏ပေါင်များကို ရစ်ပတ်ထားပြီး လေပြင်းတိုက်ခတ်လာပြီးနောက်တွင် အနက်ရောင်မျဉ်းကြောင်းသည် အနက်ရောင်မြူမှ ဖြတ်သွားသည်။ သွေးနံ့ ပြင်းပြင်းနှင့် လေတိုက်သံများ တဟုန်ထိုး ထွက်လာသည် ။
ကြီးမားလှသော တောခုတ်ဓားသည် ငွေရောင်အလင်းတန်းပိုက်ကွန်နှင့် ထိတွေ့ပြီး ရုတ်တရက် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ငွေရောင်မိုးကြိုးပိုက်ကွန်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး တောက်ပသော အလင်းတန်းများအဖြစ်သို့ ပေါက်ကွဲသွားသည်။
ထို့နောက်တွင် ကောင်းဖန်သည် ပိုးချည်များ ကွဲသွားသည်ကို ကြားလိုက်ရသည်။ ငွေရောင်မိုးကြိုးပိုက်ကွန်ကို ဓားတစ်ချောင်းက ထက်ဝက်ခန့် ဖြတ်တောက်သွားလိုက်သည်။ ဓါး၏အစွန်းသည် မြေပြင်သို့ ဆက်လက်ရွေ့လျားသွားပြီး မြေကြီးလည်း တုန်ခါသွားသည်။
ထိုအချိန်တွင် တောင်တန်းများ တုန်ခါနေပြီး မြေပြင်က လှုပ်ယမ်းသွားသည်။ ဓားသွားဖြတ်သွားသော မြေပြင်တစ်ခုလုံး ပြိုကျသွားသည်။ ဓားသွားကိုလှည်းသိမ်းလိုက်သောအခါ ပေ ၁၀၀ အချင်းဝက်အတွင်း ကျွဲများကိုမဆင်မခြင် နှစ်ကြိမ်ပြန် ထွန်ယက် လိုက်သကဲ့သို့ ဖြစ်နေသည်။
အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်၏ ငိုရှိုက်သံသည် အနက်ရောင် မြူခိုးကို ကျော်ဖြတ်သွားသည်။ သူ့မျက်လုံးတွေက လူတွေကတစ်ဆင့် မြင်နိုင်စွမ်းရှိပုံရသည်။
နက်မှောင်ပြီး ထက်မြက်သော ချိုနှစ်ချောင်းက ကောင်းကင်ကို ထိုးဖောက်သွားသည်။ သားရဲ၏ စိမ်းပြာရောင် ချပ်ဝတ်တန်ဆာသည် လေးနက်သည်။ ၎င်း၏ညာဖက်လက်တွင် အနက်ရောင်ဓားရှည်ကြီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံစံများဖြင့် ဖုံးအုပ်ထားသည်။ အမြင့်ပေ ၁၀၀ ရှည်ပြီး ဝန်းကျင်မှာ ရပ်နေတဲ့ တောင်ကုန်းတစ်ခုလိုပါပင်။
ထူထဲသော အနက်ရောင် အခိုးအငွေ့များကို ၎င်း၏ နွားထီးနှာခေါင်းမှတဆင့် ရှူထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ပတ်လည်တွင်ဝိုင်းနေတဲ့ အနက်ရောင် မြူခိုးတွေက နှာခေါင်းပေါက်တွေကနေ ထွက်လာတာကို တွေ့လိုက်ရသည်။
[သားရဲ အမည်] - ငရဲ နွားထိခေါင်း
[သားရဲ အဆင့်] - အဆင့် ၈၂ ( သူတော်စင် အဆင့်)
[သားရဲ စွမ်းရည်ဆင့်] - မော်ကွန်းတင်
[သားရဲ အမျိုးအစား]- သေခြင်း/အမှောင်
[သားရဲ စွမ်းရည်] - စွမ်းအင်ချဲ့ထွင်မှုအဆင့် ၆ ၊ ကြွက်သားခန္ဓာကိုယ်အဆင့် ၅ ၊ ထူးခြားသော ပြန်လည်ကောင်မွန်မှု အဆင့် ၆ ၊ ဝိညာဉ် ထိခိုက်မှုအဆင့် ၇
[ထူးခြားသော သွင်ပြင်လက္ခဏာ] - သေခြင်းတရားကို ကြောက်ရွံ့ခြင်း (၎င်းတို့၏မွေးစအချိန်မှစ၍ ၎င်း၏ သားကောင်များဖြစ်သော သေဆုံးသွားသူအပေါ် အလွန်ကြောက်ရွံ့သည်။)
အကျိုးသက်ရောက်မှူ ၁ - ဖုတ်ကောင်၏ ထိခိုက်မှုကို မြှင့်တင်ထားသည်။
အကျိုးသက်ရောက်မှူ ၂ - အဆင့်နိမ့် ဖုတ်ကောင်များသည် အလွန်ကြောက်လန့်သွားမည်ဖြစ်ပြီး ၎င်းသည် ထိပ်တိုက် တွေ့ဆုံမှုများ အတွင်း ၎င်းတို့၏စွမ်းအားကို အားနည်းသွားစေမည်ဖြစ်သည်။
အရိပ်အမြွက် - အကျိုးသက်ရောက်မှူ ၂ သည် အဆင့်မြင့် ဖုတ်ကောင်များအပေါ် သက်ရောက်မှုမရှိပေ။
[သားရဲ အားနည်းချက်] - မြေအောက်ကမ္ဘာမှထွက်လာသောရေသည် ၎င်းအပေါ် အားနည်းသွားစေသည်။
[သားရဲ ဖော်ပြချက်] - ဤသားရဲများသည် ငရဲ၌ မွေးဖွားကြသည်။ သူတို့သည် ရဲရင့်ပြီး ရက်စက်ကြသည်။ သူတို့သည် ငရဲ၏ ထိန်းသိမ်းသူများဖြစ်သည်။
သူတော်စင် အဆင့်.. ကောင်းဖန်သည် ချွေးစေးများ ထွက်လာပြီး သူ့ဖနောင့်ကို မကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ သူတော်စင် အဆင့် သားရဲ တစ်ကောင်ကို အနိုင်ယူနိုင်တဲ့ နည်းလမ်းငါ့မှာ မရှိဘူး.. မပြေးလို့ ငါ ဘာလုပ်ရမလဲ။
ငရဲနွားထီးခေါင်းက သူညာလက်ကို အသုံးပြုက။ အနက်ရောင် ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ၎င်း၏ နောက်ကျောတွင် လွယ်ထားသော အစွပ်ထဲသို့ ထည့်လိုက်ပက။ ရှေ့သို့ နှစ်လှမ်း လှမ်းလိုက်သည်။ ကောင်းဖန်သည် သူ့ထံမှ ပြင်းထန်သော ကြောက်ရွံ့မှု ခံစားချက်ကို ခံစားနိုင်သည်။
ဒါက ပထမဆုံးအကြိမ် ကောင်းဖန် ခံစားရခြင်းဖြစ်သည်။ အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မခံစားဖူးပေ။
ကောင်းဖန်သည် သူတော်စင်အဆင့် သားရဲတစ်ကောင်ကို ပထမဆုံးအကြိမ်တွေ့ခြင်းမဟုတ်သော်လည်း ယခင်က သူမြင်ဖူးခဲ့သော သူတော်စင်အဆင့် သားရဲ တစ်ကောင်မှ သူ့အား အစာလို မကြည့်ခဲ့ဖူးပေ။ သူတို့က သူ့ကို ရိုးရိုးလေးပဲ လျစ်လျူရှုထားသည်။ သို့သော်လည်း ဒီ သူတော်စင် အဆင့် သားရဲ က ကောင်းဖန်ကို မျက်လုံးထဲတွင် ပထမဆုံးအကြိမ် လှမ်းကြည့်ခြင်းဖြစ်သည်။
“အသက်ရှင်နေတဲ့လူသားလား” ငရဲနွားထီးခေါင်းက စူးစူးဝါးဝါး အသံနဲ့ မေးလိုက်သည်။ တသိမ့်သိမ့်တုန်နေသည့်အသံကြောင့် မြေပြင်ပေါ်ရှိ ကျောက်စရစ်ခဲလေးများ တုန်လှုပ်ခြောက်ခြားစွာ ခုန်တက်သွားသည်။
ကောင်းဖန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူကို ချက်ခြင်း မတိုက်ခိုက်တာက ညှိနှိုင်းရန် နေရာရှိနေပြီဟု ဆိုလိုခြင်းဖြစ်သည်။ သူသည်ဘာမှ မပြောခင် ချက်ချင်း တိုက်ခိုက်လာတဲ့ သားရဲတွေကို သူ အကြောက်ဆုံးပင်။
“ဟယ်လို.. မင်းကို မတော်တဆ စိတ်အနှောင့်အယှက်ဖြစ်မိလို့ မေးလို့ရမလား.. ငါတို့က လမ်းကြောင်းတစ်ခုကို မရည်ရွယ်ဘဲ တွေ့ပြီး ဖြတ်သွားမိရုံတင်ပါ” ဟု ကောင်းဖန်က တုန်လှုပ်ချောက်ချားနေတဲ့ အမူအရာကို ဖုံးကယ ဟန်ဆောင်ပြောလိုက်သည်။
“ဖြတ်လမ်းတစ်ခု” ငရဲနွားထီးခေါင်းက သူ့ဘာသာသူ အသံတိုးတိုးနဲ့ ရေရွတ်လိုက်ပြီး ခေါင်းကိုတောင်ကုတ်နေသည်။
“မင်းက ပြဿနာအနည်းငယ်ကို မရည်ရွယ်ဘဲ တိုးမိသွားပုံရတယ် ဒါပေမယ့် ကံကောင်းပြီး ပြဿနာက သိပ်မပြင်းထန်ပါဘူး” ငရဲနွားခေါင်းသည် လှည့်လိုက်ပြီး ကောင်းဖန်ကို ငုံ့ကြည့်သည်။ ထို့နောက် “သက်ရှိလူသားတွေကို ဒီနေရာကို ဝင်ခွင့်မပြုဘူး.. မင်းတို့က ဒါကို ချိုးဖောက်ပြီးဖြစ်တာကြောင့် မင်းလည်း ဒီနေရာမှာ ထာဝရ နေရမယ်”
ခေါင်းလောင်းမြည်သံသည် အဝေးမှ လွင့်ပျံလာသည်။ ခေါင်းလောင်းတီးသံက ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်နေသည်။
အနက်ရောင် မြူခိုးများက သူတို့ဆီသို့ နီးကပ်လာပြီးနောက် အိမ်မည်းထဲမှ ငရဲနွားခေါင်းထက် အရပ်ရှည်သော ဧရာမ သားရဲ တစ်ကောင်၏ ပုံသဏ္ဍာန်သည် နီးကပ်လာသည်။
နွားခေါင်နဲ့ မတူတဲ့အချက်က အနီရောင်အစား မြူခိုးတွေ ထိုးဖောက်ဝင်ရောက်လာတဲ့ အပြာရောင်အလင်းတန်းနှစ်ခုက သူ့ရဲ့ မျက်လုံးတွေဖြစ်သည်။
“နွားခေါင်း.. မင်း နေရာမှားသွားတာလား” အဝေးမှ စူးစူးရှရှ အသံတစ်သံကို ကြားလိုက်ရသည်။
ကောင်းဖန်က တချက်ကြည့်လိုက်သည်။ ငရဲနွားထီးခေါင်းနှင့် ဆင်တူတဲ့ တိုက်ခိုက်နိုင်သည့်သားရဲတစ်ကောင်ကို ဖော်ထုတ်ရန် အနက်ရောင် မြူခိုများက တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ ၎င်းက တစ္ဆေအရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်။
သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်သော နွားခေါင်းပုံစံမဟုတ်ပေ။ ယင်းအစား ၎င်းသည် ခပ်ဖျော့ဖျော့နှင့်အန္တရာယ်ပြုနိုင်သည့် မြင်းတစ်ကောင် ဖြစ်သည်။ မြင်းမျက်နှာ၏ ဘယ်ဘက်လက်တွင် မီးအိမ် တစ်လုံးရှိသည်။ မီးအိမ် နောက်တွင် မြင်းမျက်နှာ၏ အကြေးခွံဖုံထားသောလက်သည်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် ကြေးလက်ကိုင်တစ်ခုရှိသည်။ ၎င်း၏ ဆုပ်ကိုင်ထားသော အစိတ်အပိုင်းကို အနက်ရောင်ချည်ကဲ့သို့ မီးအိမ်နှင့် ချိတ်ဆက်ထားသည်။ မီးအိမ်၏ အပြင်ဘက်အစွန်းကို အဖြူရောင်အရိုးနံရံဖြင့် ကာရံထားပြီး အတွင်းဘက်တွင် အစိမ်းရောင်မီးများ တောက်လောင်နေသည်။
မြင်းမျက်နှာသည် မီးအိမ်တစ်ခုနှင့် ဖြည်းညှင်းစွာ ဖြတ်လျှောက်လာပုံမှာ သုသာန်၏ အစောင့်နှင့်တူသည်။ ၎င်းက ကောင်းဖန်ကို ငြိမ်သက်စွာ ကြည့်လိုက်သည်။ ယင်းကြောင့် ကောင်းဖန်သည် သူ၏ဝိညာဉ်ကို ခိုးယူသွားသလို ခံစားလိုက်ရသည်။ မြင်းမျက်နှာ၏ ဘေးနှစ်ဖက်ရှိ ခရမ်းရောင် အတောင်ပံကြီးများသည် လျှပ်စီးများနှင့် အလင်းတန်းများ အစီအရီ ထုတ်လွှတ်သည်။ ကောင်းဖန်က ခေါင်းခါလိုက်ပြီးနောက် စိတ်မသက်မသာ ခံစားချက်တွေ ပျောက်သွားသည်။
ဒါက မြင်းမျက်နှာလား.. ဒါက ကောင်းဖန်ကို ပို၍ပင် အန္တရာယ်ရှိသော ခံစားချက်ကို ပေးနေသည်။
မြင်းမျက်နှာ၏ အထူးအင်္ဂါများကို စစ်ဆေးလိုက်ပြီးနောက် ၎င်း၏စွမ်းရည်များသည် နွားခေါင်းနှင့် အလွန် ကွာခြားကြောင်း တွေ့လိုက်ရသည်။ နွားခေါင်းကို တောရိုင်းစစ်သည်တော်လို့ သတ်မှတ်ရင် မြင်းမျက်နှာက ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ မှော်ဆရာ ဖြစ်သည်။ ယင်းက ၎င်း၏ ထူးခြားသော သွင်ပြင်လက္ခဏာများ မှတစ်ဆင့် ထင်ဟက်နေသည်။
[ထူးခြားသော သွင်ပြင်လက္ခဏာများ] - သံတမန်၏စိတ်ဝိညာဉ်ကို ချုပ်တည်းခြင်း (မြင်းမျက်နှာများအားလုံးသည် သဘာဝဝိညာဉ်ကစားသူများဖြစ်သည်။)
အကျိုးသက်ရောက်မှု ၁ - စိတ်ဝိညာဉ်အမျိုးအစား၏ အဆင့် + ၁ ကို မြှင့်တင်ပေးသည်။
အကျိုးသက်ရောက်မှု ၂ - မြင်းမျက်နှာသည် ၎င်းခြယ်လှယ်ထားသော ဝိညာဉ်များအားလုံး၏ နယ်ပယ်များကို ရယူနိုင်သည်။
အဲဒါက မြင်းမျက်နှာရဲ့ တိုက်ခိုက်ရေးစွမ်းရည်ပင်။ နွားဦးခေါင်းနှင့် မြင်းမျက်နှာ.. တစ်ဉီးက စိတ်ဝိဉာဉ်များကို လွှမ်းမိုးထားပြီး အခြားတစ်ခုမှာ ပြင်းထန်တဲ့ တိုက်ခိုက်ရေးသမားဖြစ်သည်။ ၎င်းတို့သည် ပြီးပြည့်စုံသော ပေါင်းစပ်မှုဖြစ်သည်။
ထို့အပြင် မြင်းမျက်နှာ တစ်ခုချင်းစီသည် နွားထီးခေါင်း အဖော်ရှိပါက ဒဏ္ဍာရီပုံပြင်များတွင်ပါရှိသည့်အတိုင်း ငရဲကို သိမ်းပိုက်နိုင်သည်ဟု နိဒါန်းတွင်ဖော်ပြထားသည်။
“မဟုတ်သေးပါဘူး.. ဒါပေမယ့် လူသားတွေရဲ့ အနံ့အသက်ကို ငါရလိုက်ပါတယ်” ငရဲနွားထီးခေါင်းသည် ခေါင်းယမ်းလိုက်သည်။ “လူ့လောကရဲ့ အနံ့က တကယ်ကို ကြောက်စရာကောင်းတယ်.. သေချာတာကတော့ ငရဲလောက် အနံ့မမွှေးဘူး”
ငရဲမြင်းမျက်နှာသည် တုံ့ဆိုင်းသွားကာ တာ့ဇီနှင့် ကောင်းဖန်ကို ဂရုတစိုက်စစ်ဆေးရန် ငုံ့ကြည့်လိုက်သည်။ ဤမျှနီးကပ်သော အကွာအဝေးတွင် ကောင်းဖန်သည်
အနက်ရောင်လေကိုရှူရှိုက်နေတဲ့ မြင်းမျက်နှာရဲ့ကျယ်နေသော နှာခေါင်းနှစ်ခုကိုတွေ့နိုင်သည်။
“လူတွေကို ပြန်ခိုင်းလိုက်ပါ.. သူတို့က လွဲမှားစွာ ဝင်ရောက်လာတာဖြစ်နိုင်တယ်” ဟု ငရဲမြင်းမျက်နှာမှ တည်ငြိမ်စွာပြောလိုက်သည်။
နွားခေါင်းက “မင်းက အမြဲတမ်း ကြင်နာတတ်တာပဲ” ဟု ညည်းတွားလိုက်သည်။
မြင်းမျက်နှာက ရယ်မောလိုက်ပြီး ညာဘက်ခွာနဲ့ မြေပြင်ပေါ် ဆောင့်နင်းလိုက်သည်။ ကြောက်မက်ဖွယ်ငလျင်တစ်ခု လှုပ်ခတ်သွားသလိုပါပင်။ ခြေဖဝါးအောက်ရှိ မြေပြင်တွင် ရှည်လျားသောအက်ကွဲကြောင်းများ ပေါ်လာသည်။ သူတို့အထဲမှ အစိမ်းရောင်အလင်းရောင်ကို မြင်နိုင်သည်။ အဲဒီနောက် ချက်ခြင်းပဲ အက်ကွဲကြောင်းတွေကနေ ထင်ရှားတဲ့ ဖုတ်ကောင် အများအပြား ထွက်ပေါ်လာပြီး နေရာအနှံ့ ပြန့်ကျဲသွားသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၇၈ ကျို့ထျန်းရှစ်တိ (နဝမမြောက် ကောင်းကင်ဘုံ)
တစ္ဆေများသည် ကောင်းကင်ကို လွှမ်းခြုံကာ အရပ်ရပ်သို့ ပျံသန်းသွားကြသည်။ ကောင်းဖန်နဲ့ သူ့အဖော်တွေက မြင်းမျက်နှာ ရဲ့ခြေရင်းမှာရှိနေပြီး အဝေးကိုမလှည့်ဝံ့ပေ။
မြင်းမျက်နှာ၏ ခိုင်ခံ့ပြီး ကြမ်းတမ်းသော ခွာသည် ကောင်းဖန်၏ မျက်လုံးများရှေ့တွင် ရှိနေသည်။ မီးခိုးရောင်ချပ်ဝတ်တန်ဆာသည် ၎င်း၏ခြေထောက်များကို ရစ်ပတ်ထားပြီး အနက်ရောင်ခွာများကိုသာ ထင်ရှားစေသည်။ ၎င်း၏ သန်မာသော ခန္ဓာကိုယ်သည် ၎င်း၏ သန်မာသော ကြွက်သားများ အသက်ရှူနိုင်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားပမာဏကို ပိုင်ဆိုင်ထားသည်။
ခေါင်းကိုမော့လိုက်သောအခါ ကောင်းဖန်သည် မြင်းမျက်နှာ၏နောက်ကျောကိုမြင်လိုက်ရသည်။ ၎င်း၏ လည်ဆံနက်သည် ရေတံခွန်ကဲ့သို့ ခေါင်းနောက်တွင် ဆံပင်များကဲ့သို့ကျနေသည်။ သူက ကောင်းဖန်၏အကြည့်ကို ခံစားမိပုံရပြီး ကောင်းဖန်ကိုအပေါ်မှ ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ ၎င်း၏ အပြာရောင် မျက်လုံးများသည် ကောင်းဖန်ကို မြင်နိုင်ပြီး သူ့အတွေးများကို ဖတ်နိုင်ပုံရသည်။
ကောင်းဖန်က စကားမပြောပေ။ တခြားသူတွေကလည်း မပြောရဲကြပေ။ တာ့ဇီက မြင်းမျက်နှာကို သတိထားပြီး စိုက်ကြည့် လိုက်သည်။ ၎င်းသည် မြေပြင်ကို ခြေဖဝါးဖြင့် ပွတ်သပ်လိုက်ပြီး ရှေ့နှစ်လှမ်းတိုးကာ ကောင်းဖန်ကို သိမ်မွေ့စွာ အကာအကွယ်ပေးနေသည်။
ကောင်းဖန်ရဲ့ နှလုံးသားက နွေးထွေးသွားသည်။ ဒီလူမိုက်က အရေးကြီးတဲ့အချိန်တွေမှာ အရမ်းအားကိုးရတာပဲ..
မရေမတွက်နိုင်သော တစ္ဆေများ၏ လမ်းညွှန်မှုအောက်တွင် ကောင်းဖန်နှင့်အတူ ဝင်ရောက်လာသူအားလုံးကို တွေ့ရှိလိုက်ရသည်။ တစ္ဆေတစ်ကောင်၏ ခန္ဓာကိုယ်သည် ကျောက်တုံးများနှင့် သစ်ပင်အကိုင်းအခက်များ အပါအဝင် စွမ်းအင်မြင့် ဒြပ်စင်ထိန်းချုပ်မှု မရှိသော အရာဝတ္ထုများကို ထိုးဖောက်ဝင်ရောက်နိုင်သည်။ ထို့အပြင် ၎င်းတို့သည် အသက်ရှင်နေထိုင်မှုအပေါ်တွင် အလွန် အကဲဆတ်ကြသည်။
“ဒီမှာ တခြားသူတွေ ရှိလား” မြင်းမျက်နှာက ခပ်တိုးတိုး မေးလိုက်သည်။
လီအန်းက ထွက်လာကာ စာရင်းကောက်ယူလိုက်သည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်မျှ မပျောက်ဆုံးပေ။
“ဒါဆို သွားရအောင်” မြင်းမျက်နှာက အဖွဲ့ကို နွားထီးခေါင်းနှင့်အတူ လမ်းကြောင်းအတိုင်း ဦးဆောင်သွားသည်။ မည်သူ့ကိုမှ ခိုးထွက်မည်ကို မကြောက်သကဲ့သို့ ခရီးတစ်လျှောက်လုံး တစ်ကြိမ်မှ နောက်ပြန်မလှည့်ကြည့်ပေ။ ကောင်းဖန်နှင့် သူ့အဖော်များသည် လူကြီးများ၏ အဖမ်းခံရတဲ့ ကလေးဆိုးများအုပ်စုနှင့်တူသည်။ သူတို့နောက်ကို တိတ်တဆိတ် လိုက်နေကြသည်။
“ဒီသားရဲနှစ်ကောင်က ဘယ်အဆင့်လဲ” တစ်စုံတစ်ယောက်က အသံတိုးတိုးဖြင့် မေးသည်။
“မသိဘူး ဒါပေမယ့် သူတို့ကို ကြည့်နေတာ… သူတို့က အနည်းဆုံး သူတော်စင်အဆင့်ဖြစ်ရမယ်” ဟု တစ်စုံတစ်ဦးက ပြောလိုက်သည်။
“အဲဒီထက်မြင့်မှာကိုတော့ ငါကြောက်တယ်” လိမ္မာပါးနပ်တဲ့လူတစ်ဦးက ခေါင်းခါလိုက်သည်။ သို့သော် သူတော်စင်အဆင့်သားရဲများကို ကောင်းဖန်လို တစ်ခါမှ မမြင်ဖူးသောကြောင့် “ဣန္ဒြေရ” နေသည်။
“ ဒီမှာ ငါတို့မှာ သူတော်စင်အဆင့် သားရဲတွေမရှိလို့ မဟုတ်ပါဘူး...”
“ကဲ... ဒီအကြောင်းတွေ မပြောနဲ့တော့” သူ့ဘေးနားကလူကို တံတောင်နဲ့ထိုးလိုက်ပြီး ဒီလူရဲ့မျက်နှာမှာ ထူးဆန်းတဲ့အကြည့်တစ်ခုရှိနေသည်။ “သူတို့က ငါတို့ကို မကြည့်နေဘူး.. ငါတို့ တိတ်တိတ်လေး အခွင့်အရေးရှာသင့်လား…”
မြင်းမျက်နှာသည် လှည့်မကြည့်ဘဲ ကမ္ဘာပေါ်မှာဘာကိုမှ ဂရုမစိုက်သလို ဆက်လျှောက်နေသည်။ သို့သော်လည်း ၎င်း၏ကြီးမားသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် ၎င်း၏အသံက လူတိုင်းနားသို့ အလွယ်တကူ ရောက်ရှိစေသည်။ “ငရဲမှာနေချင်သူတိုင်းကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်”
“ငရဲက ကြိုဆိုပါတယ်... မင်းက ငကြောက်လို ဒီမှာစောင့်နေဖို့ သတ္တိရှိရင် ငါတို့နဲ့အတူ ငရဲမှာနေလိုက်ပါ” ငရဲနွားခေါင်းက ရူးသွပ်စွာ ရယ်မောလိုက်သည်။
“နွားခေါင်း” ငရဲမြင်းမျက်နှာက တင်းမာစွာပြောလိုက်သည်။
နွားခေါင်း၏ ရယ်သံသည် တစ်စုံတစ်ခုကို သတိရသွားသလို ရုတ်ခြည်း ရပ်တန့်သွားသည်။ ထို့နောက် ပါးစပ်ပိတ်ပြီး စိတ်ဓာတ်ကျကာ ခရီးကို ခပ်မြန်မြန်လျှောက်နေသည်။
သုံးနာရီကြာ လမ်းလျှောက်ပြီးနောက် မြင်းမျက်နှာနှင့် နွားခေါင်းသည် အဖွဲ့ကို နေရာလွတ်အက်ကွဲကြောင်းသို့ ဦးဆောင်နေသည်။ “ငရဲကို ထားလိုက်ပါ” ဟု လှည့်ကြည့်ပြီးနောက် မှုန်တေတေ မျက်နှာထားဖြင့် ပြောလိုက်သည်။ နွားခေါင်း၏ ဒေါသထွက်နေသော အမူအရာကြောင့် သူတို့အချင်းချင်း သဘောထားကွဲလွဲမှုများ ရှိနေပုံပေါ်သည်။
ထို့နောက် သူတို့သည် နေရာလွတ် အက်ကွဲကြောင်း မှတဆင့် ချက်ချင်းထွက်ခွာသွားကြသည်။ နောက်ဆုံးအခိုက်အတန့်တွင် ကောင်းဖန်သည် လှည့်၍ နွားထီးကို ဝှေ့ယမ်းပြလိုက်သည်။ “ငါတို့ရဲ့နောက်ထပ်တွေ့ဆုံမှုကို မျှော်လင့်နေပါတယ်”
ငရဲနွားခေါင်းက အော်လိုက်သည်။ “ကောင်ဆိုးလေး”
မြင်းမျက်နှာသည် နွားခေါင်းပေါ်မှ မျက်လုံးများကို အေးဆေးစွာ စိုက်ကြည့်ကာ လက်ထဲမှ မီးအိမ်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အလယ်ရှိ မြင်းမျက်နှာပါရှိသည့် အစိမ်းရင့်ရောင် နယ်ပယ်သည် အပြင်ဘက်သို့ ကျယ်ပြန့်လာပြီး နေရာလွတ် အက်ကွဲကြောင်း၏ ဥမင်လိုဏ်ခေါင်းကိုလည်း ဖုံးအုပ်သွားသည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေသော ဧရာမသံမဏိသားရဲနှစ်ကောင်၏ ဂီယာများကဲ့သို့ နယ်ပယ်နှင့် ဥမင်လိုဏ်ခေါင်း ကြားတွင် ပြင်းထန်သော ပွတ်တိုက်မှုများ ဖြစ်ပေါ်လာသည်။ ယင်းကြောင့် မီးပွားများ ပေါက်ဖွားလာသည်။
မထင်မှတ်ဘဲ ပွင့်သွားတဲ့ တံခါးကို တခြားတွန်းအားတစ်ခုက ပိတ်လိုက်သလိုပင်။ အလင်းရောင် ဖျော့ဖျော့လေးသာ မြင်ရသည်အထိ ဥမင်လိုဏ်ခေါင်းသည် ကျဉ်းမြောင်းလာသည်။ တကျွိကျွိမြည်သံနှင့်အတူ ဥမင်လိုဏ်ခေါင်းသည် လုံးဝပိတ်သွားသည်။
ငရဲမြင်းမျက်နှာသည် အရာဝတ္ထုများ ပုံမှန်ပြန်ဖြစ်သွားပြီး မြေပြင်သည် ကွက်လပ်ဖြစ်နေကြောင်းကို မြင်လိုက်အခါ ၎င်း၏ ခန္ဓာကိုယ်ကို ပျင်းရိစွာ ဆန့်ထုတ်လိုက်သည်။ “အရူး.. မင်းကို ငါ့အဖော်လုပ်ဖို့ ဘာကြောင့် စီစဉ်ခဲ့တာလဲဆိုတာ ငါတကယ်မသိဘူး” ဟု မြင်းမျက်နှာက ၎င်း၏ကိုယ်ပိုင်အခြေအနေကို တွေးတောရင်းပြောလိုက်သည်။
“နောက်ကြောင်းပြန်ရရင် ကြီးမြတ်သူက ငရဲကို ကြီးကြပ်ဖို့ မျိုးစိတ် တစ်ဆယ့်နှစ်ပါးမှ အမျိုးနှစ်မျိုးကို ရွေးတဲ့အခါ နွားနဲ့ မြင်းမျိုးစိတ်တို့ကို ရွေးချယ်ခဲ့လို့ပဲ.. ဒါပေမယ့် မင်းနဲ့ အချိန်အကြာကြီး လက်တွဲပြီးနောက်မှာတော့ မင်းရဲ့ဉာဏ်ရည်ဉာဏ်သွေးက ဝက်မျိုးစိတ်တွေနဲ့တောင် မကွာဘူးလို့ ငါထင်မိတယ်.. ဝက်များက မိုက်မဲပုံပေါက်ပေမယ့် ဉာဏ်ကောင်းကြတယ် ဒါပေမဲ့ မင်းကတော့ အမှန်တကယ်ကို မိုက်မဲတဲ့ နွားတစ်ကောင်ဖြစ်နေတယ်”
နွားခေါင်းက သူ့ခြေထောက်ကို စိုက်ကြည့်ကာ ပြုံးပြသော်လည်း ပြန်မဖြေရဲပေ။
“လူသားတွေက အခုမှ တစ်ခုခုကို သဘောပေါက်သွားပုံရတယ်” ဟု မြင်းမျက်နှာက ညွှန်ပြလိုက်သည်။
နွားခေါင်းက ဂရုမစိုက်ပေ။ “ဒါဆို သူတို့ အမှန်တရားကို သိသွားရင် ဘယ်လိုလုပ်မလဲ.. ကြီးမြတ်သူက အဲဒါကို ထုတ်ဖော်ပြောလို့ မရဘူးဆိုပြီး အမိန့်မပေးခဲ့ဘူး…”
မြင်းမျက်နှာက မသိဘာသာနဲ့ ခေါင်းညိတ်ပြပြီး ဧရိယာထဲကနေ လှည့်ထွက်သွားသည်။
ပဲ့ကျင်းယန်သည် ကောင်းဖန် အနားတွင်ရပ်နေသော်လည်း သူမ၏အမူအရာတွင် ကြီးကြီးမားမား ပြောင်းလဲမှုမရှိပေ။ စောစောက နွားခေါင်းနှင့် မြင်းမျက်နှာရှေ့တွင်ပင် သူမသည် ဤကဲ့သို့ပင် ပြုမူခဲ့သည်။
ကောင်းဖန်သည် ဒီနေရာက စကားပြောရန်နေရာမဟုတ်ကြောင်း သိသည်။ သူက ဤခရီးစဉ်တွင် အများအပြားရရှိခဲ့သောကြောင့် အလွန်ကျေနပ်ပုံရနေသည့် လီအန်းနှင့် အခြားသော သုတေသီများကို နှုတ်ဆက်လိုက်သည်။
သူတို့အဖွဲ့က အဝေးသို့ ထွက်ခွာသွားပြီးနောက် ကောင်းဖန်က သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ပေါက်ဖွားလာသည့် မေးခွန်းကို မေးရန် အသံထွက်လာသည်။ “ဘယ်နေရာလဲ သိလား”
သိပါတယ်” ပဲ့ကျင်းယန်က ခေါင်းညိတ်လိုက်သည်။
“နွားခေါင်းနဲ့မြင်းမျက်နှာကိုမြင်ရတဲ့အခါ မင်းအရမ်းအံ့သြပုံမပေါ်ဘူး...” ကောင်းဖန်က သူ့နားထင်ကို ပွတ်သပ်လိုက်သည်။
ပဲ့ကျင်းယန်က ကောင်းဖန်ကို ဒီအခြေအနေမှာတွေ့လိုက်တဲ့အခါ “သူတို့ရဲ့ အထောက်အထားတွေကို ကျွန်မသိတယ်... သူတို့က ပုံမှန်အားဖြင့် ကျွန်မတို့ကို စတင်မတိုက်ခိုက်တာ များတယ်” ဟုပြောလိုက်သည်။
“သူတို့ကဘယ်သူတွေလဲ” ရှောင်းယန်က စိတ်ဝင်တစား မေးလိုက်သည်။ နွားခေါင်းနှင့် မြင်းမျက်နှာက သူမအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုလို ခံစားခဲ့ရသည်။
“သူတို့က ငရဲရဲ့ တရားဥပဒေ ပြဋ္ဌာန်းသူတွေ..” ပဲ့ကျင်းယန်က တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ “ဒါပေမယ့် ကျွန်မတို့က ငရဲနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်... ရိုးရိုးသားသားပြောရရင် အစက ဒါက ငရဲကို ဖြတ်သန်းဖို့ လမ်းကြောင်းမှန်း ကျွန်မမသိခဲ့ဘူး”
“ငရဲအပြင် တခြားဘယ်နေရာတွေရှိလဲ” ကောင်းဖန်က အံ့အားသင့်စွာ မေးလိုက်သည်။
ပဲ့ကျင်းယန်က သူမ၏ မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ လေပြင်းတိုက်ခတ်မှုကြောင့် သူမ၏ဆံပင်များကို နားရွက်နောက်သို့ ထည့်လိုက်သည်။ “တကယ်တော့ ရှင်တို့ရှိတဲ့ ကမ္ဘာမြေကြယ်က ဒီစကြဝဠာရဲ့ အလွန်သေးငယ်တဲ့အပိုင်းလေးပဲလေ.. တစ်ဖက်မှာ ပုန်းကွယ်နေတဲ့ တခြားကမ္ဘာတွေ အများကြီးရှိတယ်” ဟု ပဲ့ကျငယန်က ငြိမ်သက်သော အသံဖြင့် ပြောသည်။
ကောင်းဖန်က သူမစကားကို စူးစူးစိုက်စိုက် နားထောင်နေသည်။
သူမက ဆက်ပြောသည် “ ကမ္ဘာမြေကြယ်က တစ်ခုတည်းသော နယ်မြေဖြစ်ခဲ့ရင် ရှေးဟောင်း မျိုးနွယ်စုတွေ အများကြီးကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ “
ကောင်းဖန်ကခေါင်းညိတ်လိုက်သည်။ ဒါက ယုတ္တိရှိသည်။ ကပ်ဘေးပြီးနောက် ကမ္ဘာကြယ်သည် ပိုကြီးလာပြီး ရှေးဟောင်းမျိုးနွယ်စုများစွာရှိလာသည်။ ဧကရာဇ်အဆင့်၊ အရှင်သခင်အဆင့်၊ သူတော်စင်အဆင့်နှင့် အထက် သားရဲများစွာရှိလာသည်။ သို့သော် သူတို့အတွက်တော့ ကမ္ဘာမြေကြယ်က သေးငယ်လွန်းတယ်လို့ ယူဆနေတုန်းပါပဲ။
“ဒီကမ္ဘာကြီးကို နဝမမြောက်ကောင်းကင်ဘုံလို့ခေါ်ခဲ့တယ်” ပဲ့ကျင်းယန်ကကောင်းကင်ကို မော့ကြည့်ကာ သူမ၏ မျက်တောင်များ အနည်းငယ် တုန်ယင်နေသည်။ “ကောင်းကင်က ယန်၊ မြေကြီးက ယင်ပဲ.. ဟွမ်းချွမ်း(အဝါရောင်နွေဦး) ငရဲက ဆယ်ခုမြောက် ဒဏ္ဍာရီ နယ်မြေဖြစ်တယ်.. ဥမင်လိုဏ်ခေါင်းက နဝမမြောက် ကောင်းကင်ဘုံနဲ့ ဆက်စပ်နေတယ်လို့ ကျွန်မထင်မိတာ... ဆယ်ခုမြောက်နယ်မြေနဲ့ ဆက်စပ်မယ်လို့ မမျှော်လင့်ခဲ့ဘူး..
“မြင်းမျက်နှာနဲ့ နွားခေါင်းတို့က ငရဲရဲ့ ထိန်းကျောင်းသူများပဲ.. နွားခေါင်းရဲ့ရာထူးက အနည်းဆုံး သူတော်စင် အဆင့် ဖြစ်ရမယ်”
“ရှေးဟောင်းလူမျိုးစုတွေနေထိုင်တဲ့ကမ္ဘာတွေက နဝမမြောက်ကောင်းကင်ဘုံ နဲ့မသက်ဆိုင်ဘူးလား” ကောင်းဖန်အံ့ဩသွားသည်။
“မဟုတ်ဘူး.. အဲဒီကမ္ဘာတွေက နဝမမြောက်ကောင်းကင်ဘုံ နဲ့ သီးခြားဖြစ်နေတာ.. အမှီအခိုကင်းတဲ့ကမ္ဘာတွေ ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် ဖြစ်တည်မှုပင်လယ်ပြင် လို့ ရည်ညွှန်းခေါ်ဝေါ်ခြင်းခံခဲ့ရတယ်... အဲဒီက အရာတွေ အကြောင်း ကျွန်မ အရင်က သိပ်မရှင်းခဲ့ဘူး.. အရင်တုန်းက ကျွန်မအဖေဆီက ‘ဖြစ်တည်မှုပင်လယ်ပြင်’ ဆိုတဲ့ အသုံးအနှုန်းကိုကြားခဲ့ရပြီး ကျွန်မသိတာတစ်ခုက အဲဒါက ကြီးမားတယ် နဝမမြောက်ကောင်းကင်ဘုံ လည်း အလားတူပဲ” ပဲ့ကျင်းယန်က ခေါင်းခါပြီး ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၇၉ အနက်ရောင်မြူခိုးကမ္ဘာသို့ ပြန်ခြင်း
“ဘာလို့ကျွန်မကိုကြည့်နေတာလဲ” ပဲ့ကျင်းယန်သည် ကောင်းဖန်က သူ့ကို ထူးထူးဆန်းဆန်းစိုက်ကြည့်နေတာ တွေ့ပြီး မေးလိုက်သည်။
“စွယ်စုံကျမ်း ပေရေ..မင်းသိသမျှကို ဆက်ပြောပြပါ” ကောင်းဖန်က မျက်ခုံးပင့်လိုက်ပြီး သူဒီလိုလုပ်တဲ့အခါ အရမ်းချစ်စရာ ကောင်းတယ်လို့ တွေးလိုက်သည်။
ပဲ့ကျင်းယန်သည် သူမအကြည့်ကို တိတ်တဆိတ်ပြောင်းလိုက်ပြီး အချိန်အတော်ကြာပြီးနောက် “ရှင်ဘာသိချင်သေးလဲ” ဟုမေးလိုက်သည်။
“မင်းက နဝမမြောက်ကောင်းကင်ဘုံအကြောင်းကို တော်တော်သိပုံရတယ်”
“အဲဒါက ကျွန်မတို့မျိုးနွယ်စုက နဝမမြောက်ကောင်းကင်ဘုံမှာနေခဲ့တာကြောင့်ပါ” ပဲ့ကျင်းယန်က ပြုံးမပြတော့ပေ။ “အဲဒီတုန်းက ဘယ်သူမှ အဲဒါကို ကမ္ဘာမြေကြယ်လို့ မခေါ်ဘူး.. နဝမမြောက်ကောင်းကင်ဘုံ လို့ပဲခေါ်တယ်.. ကမ္ဘာမြေကြယ်က စည်းတံဆိပ် ခတ် ပြီးနောက်မှ အခုလိုဖြစ်လာတာလို့ ကျွန်မထင်တယ်”
“နဝမမြောက်ကောင်းကင်ဘုံမှာ ကောင်းကင်ကိုးခုနဲ့ ငရဲဆယ်ဆင့် ရှိတာလား” ဟု ကောင်းဖန်က မေးသည်။
ပဲ့ကျင်းယန်က ကောင်းဖန်ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ “မဟုတ်ပါဘူး နဝမမြောက်ကောင်းကင်ဘုံ က ယေဘူယျဖော်ပြချက်တစ်ခုပဲ.. ကောင်းကင်ဘုံတစ်ခုသာ ရှိတာကြောင့် ဒီအသုံးအနှုန်းကို ပေးခဲ့ကြတာ”
“ဒါဆိုရင်.. နှစ်ခုလုံးက ညီတူညီမျှ ရှိရင် နဝမမြောက်ကောင်းကင်ဘုံ လို့ မခေါ်လောက်ဘူးလား” ကောင်းဖန်က ထိုစကားကို ပြောရင်း ရယ်မောလိုက်သည်။
“နဝမမြောက်ကောင်းကင်ဘုံက ကျယ်ပြောလှတဲ့ ကမ္ဘာတစ်ခုပါပဲ.. ရှင်တို့က အဲဒါကို တိုက်ကြီးတစ်ခုလုံးအဖြစ် ပုံဖော်နိုင်တယ်”ဟု ပဲ့ကျင်းယန်ကပြောလိုက်သည်။
“ကျွန်မတို့မြောက်ပိုင်းရေခဲမျိုးနွယ်စုက ကျို့ထျန်းက နှင်းခဲကျွန်းစုမှာ နေထိုင်ခဲ့ဖူးတယ်.. အဲဒီအချိန်တုန်းက ကျို့ထျန်းနဲ့ ရှစ်တိ က တစ်ခုနဲ့ တစ်ခု သီးခြားလွတ်လပ်နေပြီး ကျို့ထျန်းက ရှစ်တိ ကိုသွားချင်ရင် အထူးဥမင်လိုဏ်ခေါင်းကို အသုံးပြုရတယ်.. ရိုးရိုးသားသားပြောရရင် ခုနက ငရဲကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါ.. အရင်တုန်းက ကျွန်မမျိုးနွယ်စုက အကြီးတွေက အဲဒီနေရာအကြောင်း ပြောတာကိုပဲကြားဖူးခဲ့တာ” သူမ၏ ဆွေမျိုးများအကြောင်းတွေးမိလျှင် ပဲ့ကျင်းယန်၏ အမူအရာသည် ခဏတာ မှိုင်းလာသည်။ သို့သော်လည်း သူမသည် အလွန်လျှင်မြန်စွာ ပြန်ဖုံးလိုက်သည်။
“ဒါဆို ရှစ်တိမှာ ထိန်းညှိသူတွေရှိတာပေါ့ ဒါပေမယ့် ကျို့ထျန်းမှာတော့ တစ်ယောက်မှမရှိဘူး”
“ကျို့ထျန်းမှာ တစ်ယောက်မှမရှိဘူး” ပဲ့ကျင်းယန်က ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ ကျို့ထျန်မှာ အလွန်အားကောင်းတဲ့ သားရဲ အသိုင်းအဝိုင်းအချို့ရှိတယ်..သူတို့က ကျွန်မတို့မျိုးနွယ်စုများထက်တောင် အားကောင်းပြီး ကျို့ထျန်းမှာ ရှေးခေတ်ကတည်းက နေထိုင်လာခဲ့ကြတာ.. တကယ်တော့ အစကတည်းက သူတို့က နက်ရှိုင်းစွာ အိပ်နေကြတာ.. ကမ္ဘာကြီး ကမောက်ကမ ဖြစ်သွားရင်တော့ သူတို့နိုးလာလိမ့်မယ်”
ကောင်းဖန်က သူမကို ဆက်လက်မေးခွန်းထုတ်ရင်း နှင်းခဲကျွန်းစုအနီးမှာရှိတဲ့အရသာရှိတဲ့ အရာတွေ၊ မြောက်ပိုင်း ရေခဲမျိုးနွယ်စု အကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေ၊ အဲဒီမှာ ဘယ်လို သားရဲအသိုင်းအဝိုင်းတွေရှိလဲ၊ မျိုးနွယ်စုတွေ စားသုံးလေ့ရှိတဲ့အရာတွေလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတချို့ကို သူကြားခဲ့ရသည်။
ကောင်းဖန်က ရုတ်တရက် “မင်းက ဒီလောက်တောင် ထူးခြားနေမယ်လို့ ငါ မမျှော်လင့်ထားဘူး” ဟု ပြောလိုက်သည်။
ပဲ့ကျင်းယန်က ကောင်းဖန်ကို ကြည့်လိုက်သည်။ အဲဒီတုန်းက မျိုးနွယ်စုထဲမှာ မကျန်ခဲ့ဘူးဆိုရင် သူမ ဘာမှ သိနိုင်မှာမဟုတ်ပေ။
“အဲဒီမှာ ထိန်းသိမ်းသူတွေမရှိလို့ဆိုပြီး ကျို့ထျန်းကို နှိမ့်ချမနေပါနဲ့.. ကျို့ထျန်းက ရှစ်တိ ထက် သေးငယ်တာလေးပဲ ရှိတာပါ.. ပြီးတော့ ကျို့ထျန်းမှာ စည်းကမ်းထိန်းသူ မရှိေတာ့ အဲဒီက သားရဲတွေက ပိုတောင် ရက်စက်ကြမ်းကြုတ်သေးတယ်”
“ဒါပေမယ့် ငါနည်းနည်းတော့ သိချင်တယ်.. မင်းတို့ဘာလို့ ဟိုတုန်းက ကမ္ဘာမြေကြယ်ကို ထားခဲ့တာလဲ.. ပြီးတြော မင်းတို့မျိုးနွယ်စု တစ်ခုလုံးက ခွဲခွာသွားတာ.. မင်းမှာ ရန်သူတွေရှိရင်တောင် သူတို့က လူသားမျိုးစိတ်တစ်ခုလုံးကို ဆန့်ကျင်နေမှာပဲ.. ငါလည်း လူသားပါပဲ.. အချိန်ရောက်လာတဲ့ အခါမှာတော့ ငါတို့အားလုံး ရှေးဟောင်းးမျိုးနွယ်စုတွေနဲ့အတူ ဒီထဲမှာ ရှိနေမယ်လို့ ယုံကြည်ပါတယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။
ဒါကလည်း သူအစိုးရိမ်ဆုံး ရှုထောင့်တစ်ခုပါပင်။ အဲဒီရှေးဟောင်းမျိုးနွယ်စုတွေ ထွက်ခွာသွားရတဲ့ အကြောင်းအရင်းတွေ ရှိကိုရှိမှာပဲ.. အဲဒါက ပတ်ဝန်းကျင်က သူတို့ ရှင်သန်ဖို့ မသင့်တော်တာ ဒါမှမဟုတ် သူတို့ မရှင်သန်နိုင်တာ.. တစ်ခုခုပဲ..
ယခင်ကဖြစ်ခဲ့လျှင်တော့ ဒီလောက် ဆိုးမည်မဟုတ်ပေ။ သို့သော် နောက်ပိုင်းဖြစ်မည်ဆိုလျှင် လူသားမျိုးနွယ်တွေ နဝမမြောက်ကောင်းကင်ဘုံတွင် မရှင်သန်နိုင်သည့် အကြောင်းရင်းရှိပါက ကောင်းဖန် ဆင်ခြင်ရမည်။ ထိုသို့ဆိုလျှင် လူသားမျိုးနွယ်ကို အခြားကမ္ဘာတစ်ခုသို့ နှင်ထုတ်ရန် တွန်းအားပေးခြင်းက ဖြစ်နိုင်ခြေရှိသည်။
“ဘယ်သူမှ မကျန်တော့ဘူး.. အဲဒီအချိန်မှာ မျိုးနွယ်စုအသီးသီးမှာရှိတဲ့ သက်ကြီးရွယ်အိုများနဲ့ အားနည်းသူများသာ နဝမမြောက် ကောင်းကင်ဘုံမှာ ကျန်ရစ်ခဲ့တာ .. ကျွန်မအဖေက နောက်မှာကျန်ခဲ့တယ်” ပဲ့ကျင်းယန်က ခဏရပ်ပြီး ခေါင်းကို ခါလိုက်သည်။ “ကျွန်မသိတာအားလုံးက အဖေက မျိုးနွယ်စုမှာရှိတဲ့ လူကြီးတွေနဲ့အတူ အထက်တန်းစားတွေနဲ့ သူတို့ရဲ့ သားရဲတွေကို ခေါ်သွားပြီး မြောက်ပိုင်းရေခဲမျိုးနွယ်စုကို စစ်တိုက်ဖို့ ထွက်ခွာသွားတယ်ဆိုတာပဲ”
“ကောင်းပါပြီ” ပဲ့ကျင်းယန်ကို သူမေးနိုင်တဲ့ အကြောင်းအရာမရှိတော့တာကို ကောင်းဖန်သိလိုက်သည်။ “တာ့ဇီက မြန်တယ်..သူ့ကို ခရီးမှာသုံးလိုက်ပြ ငါတို့ စောစောပြန်ရောက်ပြီး ဟော့ပေါ့သောက်ကြရအောင်”
တာ့ဇီက အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ ကောင်းဖန်မင်းက တခြားမိန်းမတစ်ယောက်နဲ့ ငါ့နောက်ကျောမှာ စီးချင်နေတာလား..
“ငါတို့ပြန်ရောက်ရင် မင်းစားဖို့ ကောင်းတာတစ်ခုခုလုပ်ပေးမယ်” ကောင်းဖန်က ပြောလိုက်သည် ။
“မြန်မြန်သွား” တာ့ဇီက သူတို့ကို အလျင်စလို တွန်းလိုက်သည်။
နာရီဝက်အကြာတွင် ကောင်းဖန်သည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိသည်။
ပဲ့ကျင်းယန်က သက်ပြင်းချလိုက်သည်။ “တာ့ဇီက အရမ်းမြန်တာပဲ.. ကျွန်မတို့မျိုးနွယ်စုထဲမှာ သူ့ထက် ပိုမြန်အောင် ပျံသန်းနိုင်တဲ့ သားရဲ တစ်ယောက်မှ မတွေ့ဖူးဘူး”
တာ့ဇီက နှာမှုတ်လိုက်သည်။ မှန်ကန်ကြောင်းသိသာခြင်းပင်။ ငါ့နာမည်ပြောင် “တာ့ဇီ အနက်ရောင်မြူခိုးကျွမ်းကျင်သူ” ဆိုတာ အကြောင်းပြချက်မရှိဘဲ မရဘူး..အနက်ရောင်မြူခိုးပင်လယ်မှာ ငါနဲ့လိုက်ဖက်နိုင်တဲ့ ပုစွန်တစ်ကောင်မှ မရှိဘူး.. ငါ တာ့ဇီက ဆန္ဒရှိနေသရွေ့ ငါအပျော်ဆုံးပဲ… မဟုတ်ဘူး .. ငါက ပင်လယ်မျက်နှာပြင်ပေါ်မှာ အမြန်ဆုံးကင်းခြေများပဲ..
ကောင်းဖန်က သူ့ သားရဲတွေအနားမှာ နေရထိုင်ရတာ သက်တောင့်သက်သာရှိပေမဲ့ ဘေးကင်းတဲ့ အချိန်တွေမှာတောင် အန္တရာယ်ကို တွေးနေရသည်။ ကမ္ဘာမြေကြယ်သည် လက်ရှိတွင် လုံခြုံနေသော်လည်း ၎င်းတို့၏ လုံခြုံရေးသည် သူ၏ အစွမ်းအစအပေါ်တွင်သာ အခြေခံထားသည်။
ထို့အပြင် ကမ္ဘာမြေကြယ်၏ ကန့်သတ်ချက်များကို ဖယ်ထုတ်သည့်နှုန်းသည် ကောင်းဖန်စိတ်ကူးထက် ပိုမိုမြန်ဆန်သည်။ အရှင်သခင် အဆင့် တာ့ဇီပင်လျှင် ယခု ကမ္ဘာမြေကြယ်တွင် ပေါ်လာနိုင်သည်။ ဒီနှုန်းကိုအခြေခံပြီး ကောင်းဖန်သည် သူတော်စင်အဆင့် သားရဲများ ဤနေရာတွင် ဘယ်အချိန် ပေါ်လာနိုင်သည်ကို မသိနိုင်ပေ။
လူတိုင်းရဲ့ရှေ့မှာ ပြေးနေတဲ့အခါ အေးအေးဆေးဆေး မနေနိုင်ပေ။ ရှုံးဖို့တောင် မတတ်နိုင်ဘဲ ပထမ နေရာကို ဆုပ်ကိုင်ထားရသည်။
ကောင်းဖန်သည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းတွင် တစ်ပတ်ခန့်နေထိုင်ပြီး သူ့အဖိုးနှင့် စကားစမြည်ပြောရင်း လက်ဖက်ရည် သောက်သည်။ သူသည် အဖိုး၏တောင်းဆိုမှုကို လိုက်လျောပြီး တစ်ခါတစ်ရံတွင် ပဲ့ကျင်းယန်နှင့် ဈေးဝယ်ထွက်ရန် လိုက်ပါခဲ့သည်။
နောက်ဆုံးတွင်တော့ “အဘိုး.. ကျွန်တော် အခုသွားတော့မယ်” ကောင်းဖန်က သူ့အဘိုးကို ကျေကျေနပ်နပ်ကြီး နှုတ်ဆက်လိုက်သည်။
“ကလေးတစ်ယောက်လို ဆက်ဆံတာကို ရပ်လိုက်တာ့.. ကမ္ဘာမြေကြယ်က သေးလွန်းတယ်.. မင်းသွားသင့်တဲ့နေရာတွေသွားပြီး ငါ့လိုလူအိုကြီးတစ်ယောက်အတွက် စိတ်ပူမနေနဲ့” ဟု သူ့အဘိုးကပြောသည်။
ကောင်းဖန်က လှည့်မသွားမီ ခေါင်းညိတ်ပြပြီး တာ့ဇီ၏ နောက်ကျောပေါ်သို့ ခုန်တက်သွားသည်။ တာ့ဇီသည် တောင်ပံကိုတစ်ဝက် မြှောက်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် တာ့ဇီသည် ကောင်းကင်သို့ တက်ကာ ပျောက်ကွယ်သွားပြီး ခရမ်းရောင်သက်တံကို ဖြစ်ပေါ်စေသည်။
…
အနက်ရောင်မြူခိုးကမ္ဘာ ပင်လယ်ပြင်ပေါ်တွင် လွင့်မျောနေသော သီးခြားကျွန်းတစ်ခုရှိသည်။
အဲဒီကျွန်းရဲ့ မိုင်တစ်ရာအတွင်းမှာ ငါး၊ ပုစွန်တွေ မရှိပေ။ ကျွန်းပတ်ပတ်လည်ရှိ ပင်လယ်ရေသည် ပုံမှန်ထက် များစွာနက်မှောင်နေပြီး လှိုင်းလုံးကြီးများက အဆက်မပြတ် ရိုက်ခတ်နေသည်။
ကျွန်းလယ်ခေါင်တွင် နန်းတော်တစ်ခု တည်ထားသည်။ နန်းတော်၏ ပင်မတံခါးဆီသို့ ခေါ်ဆောင်သွားသော ရှည်လျားသည့် အဖြူရောင်လှေကားသည် တောင်ထိပ်မှအောက်ခြေအထိ ရှည်သည်။ လက်ဆွဲတစ်ခုစီကို အဖြူရောင်အရိုးထူကြီးများဖြင့် ပြုလုပ်ထားသည်။
ကျွန်းပတ်ပတ်လည်ရှိ ပင်လယ်ရေသည် ရုတ်တရက် အောက်ဘက်သို့ ရွေ့လျားကာ ရေပိုက်ခေါင်းတစ်ခုလို ရှိသည်။ ဧရာမ ငါးဦးခေါင်းကြီးသည် ရေလှိုင်းထဲမှ ထွက်ပေါ်လာသည်။ ဦးခေါင်းပေါ်ရှိ အကြေးခွံများသည် မှန်ကဲ့သို့ ချောမွေ့ပြီး အလွန်ဖမ်းစားနိုင်သော မျက်လုံးများနှင့် ပါးစပ်များရှိသည်။
ငါးကြီး၏ခေါင်းပေါ်ရှိ အစိမ်းရောင်ပဲစေ့သေးသေးနှစ်ခုသည် ထူးထူးခြားခြား ရယ်စရာကောင်းနေသည်။ ၎င်း၏ပါးစပ်ကို ဘယ်မှ ညာသို့ ဆန့်ထုတ်လိုက်ပြီး ၎င်း၏အပေါ်နှင့် အောက်နှုတ်ခမ်းများ ကွဲသွားသောအခါတွင် ၎င်း၏ခေါင်းတစ်ခုလုံး ကွဲသွားပုံရသည်။ ၎င်း၏ကြီးမားသော ပါးစပ်အတွင်းတွင် ဒါဇင်နှင့်ချီသော ချွန်ထက်နေသည့် သွားများ တန်းစီနေသည်။ ပါးစပ်နဲ့ မတူပဲ အရွယ်အစား ကြီးတဲ့ အသားကြိတ်စက်နဲ့တူသည်။
“ဒန်ဘီ.. နောက်ဆုံးတော့ ငါ့ရတနာတွေကို ရှာတွေ့ခဲ့ပြီ” ပင်လယ်၀တုတ်က လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သည်။ “ငါအဲဒါကို အကြာကြီးရှာနေတာ နောက်ဆုံးတွေ့ရပြီ..ငါရတနာတွေ ယူပြီးပြန်လာတဲ့ထိစောင့်ပါ.. ငါ မင်းကို စားသောက်ပွဲကို ခေါ်သွားမယ်”
နန်းတော်မှ သွယ်လျသော အသွင်အပြင် တစ်ခု ထွက်ပေါ်လာသည်။ ပေါ်လာသည့်အချိန်မှစ၍ ပြင်းထန်တဲ့ မှော်စွမ်းအားတစ်ခုက ဗလာကောင်းကင်တွင် လေသေများက ၎င်းအတွက် အားတက်စေသကဲ့သို့ သိုလှောင်းခန်းထဲမှာ ပြည့်လျှံသွားသည်။ “ဒါဆို မင်းရဲ့ ရတနာတွေကို ပြန်ယူသွားပါ” ဟု ဒန်ဘီက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
ဦးခေါင်း၏နောက်ဘက်တွင် သရဖူကဲ့သို့ အရိုးများရှိသည်။ ၎င်း၏ ရွှေအိုရောင် ရွှေအရိုးစုသည် အနက်ရောင် မြူခိုးများ ဖုံးလွှမ်းသွားပြီး သေမင်းလက်စွပ်က ၎င်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။
“အိုး…” ပင်လယ်၀တုတ်က နားမလည်သလို ပြန်ဖြေလိုက်သည်။ ဟုတ်ပါတယ်.. ငါတတ်နိုင်ရင် ပြန်သိမ်းတယ်.. ပြဿနာက ငါမလုပ်နိုင်ဘူး”
***
သားရဲလေ့ကျင့်သူ
အခန်း ၅၈၀ ငတုံးငါး လက်နက်
“မင်းဘာလို့ လိုက်မလာတာလဲ..ပြီးတော့ ငါ့ကလေးကို ပြန်မပေးတာလဲ” ပင်လယ်၀တုတ်က ဒန်ဘီကို ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။
ဒန်ဘီသည် ထုတ်ဖော်ပြသခြင်းမရှိပေ။ အမှန်ပင် ဒန်ဘီအတွက် မည်သည့်အသုံးအနှုန်းကိုမဆို ဖော်ပြရန် ခက်ခဲသည်။ “သခင်ပြန်ရောက်မှ ဒီအကြောင်းကိုနောက်တကြိမ် ပြန်ပြောရအောင်”
“ဒါပေမယ့် သခင်က ဘယ်တော့ပြန်လာမယ်ဆိုတာ မပြောတတ်ဘူး.. ဒီသားရဲက ထိတ်လန့်ပြီး ထွက်ပြေးရင် ဘယ်လိုလုပ်မလဲ.. ငါ ဒါကို နောက်တစ်ခါ ဘယ်တော့မှတွေ့မလဲ မသိတော့ဘူး” ပင်လယ်၀တုတ်သည် အဆုံးမရှိ တုန်လှုပ်သွားသည်။ သူသည် အဲဒီအကြောင်းကို တွေးနေရင်းနဲ့ ခေါင်းတွေ ဖောင်းလာသည်။
“သခင် ပြန်လာပြီ” ဒန်ဘီ က အဝေးကို လှမ်းကြည့်လိုက်သည်။
ပင်လယ်၀တုတ်ကခေါင်းယမ်းလိုက်သည်။ ကောင်းဖန်ရဲ့ အသက်ရှုသံကို ဘယ်လို့ အာရုံမခံစားမိတာလဲ.. စက္ကန့်အနည်းငယ် ကြာပြီးနောက် ပင်လယ်၀တုတ်၏မျက်လုံးများတွင် မယုံကြည်နိုင်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ကောင်းဖန်၏ အသက်ရှုသံသည် အဝေးမှ ချဉ်းကပ်လာသည်ကို တွေ့လိုက်သည်။ အမှန်တကယ် ဒန်ဘီမှာ ဒီလို ထက်မြက်တဲ့ အသိဥာဏ် ရှိတာလား..
ဆယ်မိနစ်လောက်ကြာတော့ ပင်လယ်၀တုတ်က တာ့ဇီပျံသန်းနေတာကို တွေ့လိုက်ရသည်။ တာ့ဇီ၏ နောက်ကျောပေါ်မှ ရင်းနှီးတဲ့အသက်ရှုသံကို ခံစားရနိုင်သည်။ မတ်ပဲစေ့အရွယ်ရှိ ၎င်း၏မျက်လုံးများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
သူသည် တခြားသားရဲတွေကိုမကြောက်ပေ။ သို့သော် ကောင်းဖန်ကို ရင်ဆိုင်လိုက်ရသောအခါ အနည်းငယ် ထိတ်လန့် သွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးတော့ ဒီလူက ငါ့အသက်သွေးကို ထိန်းသိမ်းထားတာပဲ.. ထို့အပြင် သူ့ရဲ နောက်ဆက်တွဲ အဆင့်တိုးတက်မှုက ကောင်းဖန်ပေါ်တွင်မူတည်နေသည်။
“ဟေ့.. မင်းတို့တွေ ငါ့ကိုစောင့်နေတာလား” ကောင်းဖန်က သူ့သားရဲနှစ်ကောင်မှာ တစ်ယောက်က ရေထဲတွင်မျောပါနေပြီး နောက်တစ်ယောက်က နန်းတော်ရှေ့တွင် ရပ်နေသည်ကို မြင်သောအခါတွင် ၎င်းတို့က သူ့ကို စောင့်နေကြသည်ဟု ထင်လိုက်သည်။
ဒန်ဘီက ရိုးရိုးသားသားဖြေချိန်တွင် ပင်လယ်၀တုတ်က ပြုံးနေသည်။ “သခင်.. ပင်လယ်၀တုတ်က ပင်လယ်နက်မှာ ထားရစ်ခဲ့တဲ့ ရတနာကို ရှာတွေ့တယ်လို့ ပြောတယ်”
ရတနာ.. ကောင်းဖန်၏ မျက်လုံးများ တောက်ပလာသည်။ ဒီ ပင်လယ်၀တုတ်က တကယ်ကို တစ်ခုခုပဲ.. သူက တကယ်ကို ခိုးကြောင်ခိုးဝှက် လုပ်ရပ်တစ်ခုကို လုပ်နေတာပဲ.. ငါအနားမှာရှိတုန်းက ဘာမှမပြောဘူး.. ငါ့နောက်ကွယ်မှာ သူ့ရဲ့ ရတနာတွေကို ခိုးယူဖို့ ငါမထွက်ခွာခင်အထိ စောင့်နေခဲ့တာပဲ။
“ပင်လယ်၀တုတ်..ငါတော်တော် စိတ်ပျက်သွားတယ်..မင်းရဲ့ရတနာတွေကိုရှာတွေ့တဲ့တော့ မင်းရဲ့ပိုင်ရှင်ကို မင်းမေ့သွားပြီပေါ့” ကောင်းဖန်က သက်ပြင်းချလိုက်သည်။
ပင်လယ်၀တုတ်က ရယ်မောလိုက်သည် ။ “ဒီအကြောင်းပဲ တွေးနေတာ.. နောက်ပြီး ရတနာတွေကိုတောင် မရသေးပါဘူး”
စကားအတိုင်းပင်လယ်၀တုတ်က ရေထဲမှ ခုန်ထွက်လာသည်။ နောက်ဆုံးတွင် ၎င်း၏ခန္ဓာကိုယ်သည် တံတောင်ဆစ် အရွယ်အစားရှိသော ငါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းဖန်အနားသို့ ရောက်သွားသည်အထိ ၎င်း၏ ခန္ဓာကိုယ်ကို လေထဲတွင် ကျုံ့လိုက်သည်။
သူ့ခန္ဓာကိုယ်တွင် တွယ်ကပ်နေသော ရေစက်များကို ဖယ်ထုတ်ပြီးနောက် ပင်လယ်၀တုတ်က “သခင်.. ငါက ဒီရတနာကို အသုံးချနိုင်တဲ့ တစ်ဦးတည်းသောသူပဲ...” ကောင်းဖန်ရဲ့ မျက်လုံးတွေက မယုံကြည်နိုင်လောက်တဲ့ အကြည့်ကို ဖမ်းမိသွားပုံရသည်။ ပင်လယ်၀တုတ်သည် ကမန်းကတန်းထကာ “တကယ်.. ငါက ဒီရတနာရဲ့ အစွမ်းအစကို မြှင့်တင်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ” ဟု ပြောလိုက်သည်။
“ဒီလိုမျိုးကြားရတာ ဒါပထမဆုံးအကြိမ်ပဲ.. အစပိုင်းမှာတော့ ဒီရတနာကို ဘယ်သူရလဲဆိုတာ ငါ့အတွက်မထူးခြားပေမဲ့ မင်းရဲ့ သဘောထားကြောင့် ငါ့ကို အဲဒါကို စမ်းကြည့်ချင်တဲ့စိတ် ဖြစ်စေတယ်” ဟု ကောင်းဖန်က ရယ်မောရင်းပြောလိုက်သည်။
ပင်လယ်၀တုတ်သည် ၎င်း၏မျက်လုံးများကို ပြူးကျယ်ရန် ကြိုးစားလိုက်သည်။ မတ်ပဲအရွယ် မျက်လုံးသေးသေးလေးတွေက အခုတော့ ပဲပိစပ်အရွယ်အစားလောက်အထိ တွန်းဖွင့်နိုင်လိုက်သည်။ အနက်ရောင် မျက်လုံးများတွင် မျက်ရည်များ ရစ်ဝဲလာသည်။
ကောင်းဖန်က ချစ်စရာကောင်းတဲ့ ပင်လယ်၀တုတ်ကို မခုခံနိုင်တာ ကြာပြီပင်။ သို့သော် လှည့်စားပြီး အစားအစာရဖို့ ကြိုးစားတဲ့အခါတွင်တော့ ၎င်း၏သရုပ်ဆောင်မှုစွမ်းရည်သည် တာ့ဇီကဲ့သို့ မကောင်းပေ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ကောင်းဖန်က ဒီငါးက ဘယ်အရာကိုမှ စိတ်မပူခဲ့ရ.. ဒါမှမဟုတ် သူ့ဘဝမှာ အခက်အခဲတွေကို မဖြတ်သန်းခဲ့ဖူးကြောင်း ပြောပြနိုင်သည်။
“ကောင်းပြီ.. တခြားအရာတွေရှိရင် နောက်မှပြောကြရအောင်.. ပျံသန်းလာပြီး ငါ ဗိုက်ဆာပြီ.. တစ်ခုခုစားချင်တယ်” ဟု ကောင်းဖန် ကပြောလိုက်သည်။
တာ့ဇီက ခေါင်းကုတ်လိုက်သည်။ “ တစ်ချိန်လုံး ပျံသန်းနေတဲ့သူက ငါလို့ထင်တာပဲ...”
ကောင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး ဒန်ဘီကို နန်းတော်ဆီသို့ ဦးဆောင်ပို့ခွင့်ပြုလိုက်သည်။
ရံဖန်ရံခါတွင် ကျွန်းတစ်ဝိုက်တွင် သားရဲရိုင်းများ သွားလာနေသည်ကို မြင်တွေ့နိုင်သည်။ သို့သော် ဒီသားရဲများသည် ကောင်းဖန်၊ ဒန်ဘီ နှင့် ကျန်သူများကို မြင်သောအခါတွင် သူတို့၏ခြေလှမ်းများ ရပ်တန့်သွားပြီး ကြောက်ရွံ့မှုနှင့်ပူပန်မှုများသည် ၎င်းတို့၏ မျက်လုံးများတွင် ပေါ်လာသည်။
သူတို့အတွက် ကောင်းဖန်သည် ဤနေရာတွင် သရဖူဆောင်းထားသော ဘုရင်ဖြစ်သည်။ ဤကျွန်းသည် အနက်ရောင်မြူခိုးကမ္ဘာ တွင် သုံးနှစ်ကျော်ကြာ ကောင်းဖန်စုဆောင်းခဲ့သည့် အခြေခံအုတ်မြစ်လည်းဖြစ်သည်။ ဤကျွန်းပေါ်ရှိ သားရဲများအားလုံးသည် ကောင်းဖန်မှ ဖမ်းယူခြင်း သို့မဟုတ် ဆင့်ကဲပြောင်းလဲပေးခြင်း တို့ကို ခံခဲ့ရသည်။
ဤကျွန်း၏အစွန်အဖျားသည် အဆုံးမရှိသောပင်လယ်ဖြစ်သည်။ ပင်လယ်ထဲမှာ ပုန်းအောင်းနေတဲ့ ဒန်ဘီထံမှ လက်ခံရရှိထားတဲ့ ဖုတ်ကောင်များ၏ အရိုးများကျန်ရှိနေသည်။ ကျွန်းမှ တိတ်တဆိတ် ထွက်ခွာသွားခြင်းက မဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုပင်။ တစ်စုံတစ်ယောက်သည် ကျွန်းမှ တိတ်တဆိတ် ထွက်ခွာရန် ကြိုးပမ်းခဲ့လျှင် ၎င်းတို့ကို စောင့်မျှော်နေသည့် နောက်တစ်ခုမှာ အောက်တွင် ပုန်းခိုနေသော ဖုတ်ကောင်များမှ အပိုင်းအစများအဖြစ် စုတ်ပြဲခြင်း ကံကြမ္မာကို ရရှိလိမ့်မည်။
ညစာစားပြီးနောက် ကောင်းဖန်က သူ့ပါးစပ်ကို သုတ်လိုက်သည်။ “မင်းအရင်ကပြောတာက ဘာရတနာတွေလဲ”
ပင်လယ်၀တုတ် စိတ်ဆိုးသွားသည်။ ဒီအကြောင်းကို နောက်ဆုံးမှာ နတ်ဆိုး ကောင်းဖန်က သိသွားဖို့ သူ မမျှော်လင့်ထားပေ။ ကောင်းဖန်သည် အလွန် ပိုင်းခြားသိသာသော အကြည့်ဖြင့်ကြည့်နေသည်ကို ခံစားမိသည်။ ဘာတွေဖြစ်နေလဲဆိုတာကို သိဖို့ တစ်ချက်လောက်ကြည့်လိုက်သည်။ ပင်လယ်၀တုတ်သည် ကောင်းဖန်ကလူ့အရေပြားပတ်ထားတဲ့ ရတနာရှာဖွေသူလို့ အမြဲတွေးနေမိသည်။
“ဒါဟာ လက်နက်တစ်ခုပါပဲ” ဟု ပင်လယ်၀တုတ်က ရိုးရိုးသားသား ပြောလိုက်သည်။
“လက်နက်လား.. သားရဲတွေအတွက်လည်း လက်နက်တွေရှိလား” ကောင်းဖန်ကအံ့သြသွားကာ မေးလိုက်သည်။
“ဟုတ်တယ်.. လက်နက်တွေရှိတယ်” သူ့ဘေးမှာ လှဲနေတဲ့ ခြင်္သေ့က သူ့ကို အနှောင့်အယှက်ပေးနေသည်။ “ဒါပေမဲ့ ငါတို့က သဘာဝအတိုင်း သန်မာပြီး လက်နက်အများစုက ငါတို့ကိုယ်ခန္ဓာလောက် မကောင်းတာကြောင့် အဲဒါတွေကို သားရဲအနည်းငယ်ကသာ အသုံးပြုတယ်”
ကောင်းဖန်သည် နွားထီးခေါင်းနှင့် မြင်းမျက်နှာကို အမှတ်ရနေမိသည်။ ယေဘူယျအားဖြင့် လူသားနှင့်တူသော သားရဲများသည် လက်နက်များအသုံးပြုရန်အတွက် ပိုမိုသင့်လျော်သည်။ ပင်လယ်၀တုတ်.. မင်းလို လက်သည်းမပါတဲ့ ဦးခေါင်းကြီးငါးတစ်ကောင်က ဘာလက်နက်ကို သုံးမှာလဲ.. ခေါင်းဆောင်းလား.. ထိုကဲ့သို့သော ဦးခေါင်းကြီးသည် အလွန်ကြီးမားသော ဦးထုပ်ဆောင်းထားသင့်သည်။
ကောင်းဖန်က အလိုအလျောက် ရယ်မောလိုက်သည်။ “ကောင်းပြီ ဒါဆို ဦးထုပ်ဘယ်မှာရှိလဲ ပြော”
ပင်လယ်၀တုတ်က သူ၏ ငြင်းဆိုချက်ကို ရေရွတ်လိုက်သည်။ “အဲဒါက ခေါင်းဆောင်း မဟုတ်ဘူး.. ငါက ဒီလောက်နိမ့်ကျတဲ့ ရတနာတွေကို သုံးမယ်လို့ မင်းတကယ်ထင်နေတာလား”
ဒါတောင်မှ ကောင်းဖန်က ပင်လယ်၀တုတ် ပြောနေတဲ့ ရတနာကို စိတ်ဝင်စားနေတုန်းပင်။ အခြားအရာများထက် ပင်လယ်၀တုတ် ၏အကြိုက်သည် အလွန်ထူးခြားပြီး ၎င်း၏ရတနာကို တန်ဖိုးထားလေးမြတ်နိုင်မှုသည် ကြွက်ထက်တော့ များစွာသာလွန်နေသည်။
ပင်လယ်၀တုတ်သည် သာမာန်ရတနာများကို ဂရုမစိုက်ပေ။ ထို့အပြင် ကောင်းဖန်သည် ပင်လယ်၀တုတ်၏ အလွန်လေးနက်သော ပုံစံကို ပထမအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
“မင်းမှာ အဆင့် ၇၉ ရောက်နေပြီဖြစ်ပေမဲ့ တိုက်ခိုက်ဖို့ သတ္တိမရှိဘူး.. အဲဒီအစား မင်းက ဒန်ဘီကို စည်းရုံးတယ်... မင်းရဲ့လက်နက်က သူတော်စင်အဆင့်သားရဲရဲ့လက်ထဲမှာလား” ကောင်းဖန်က မေးလိုက်သည်။
ပင်လယ်၀တုတ်က မျက်တောင်ခတ်လိုက်ပြီး “ဒါဟာ သူတော်စင်အဆင့် သားရဲတောင် မဟုတ်ဘူး... ဒါဟာ နတ်ဘုရားတစ်ပိုင်းပဲ” ဟု ပြောလိုက်သည်။
ကောင်းဖန်သည် သူမျိုချလိုက်သော လက်ဖက်ရွက်ကို ထွေးထုတ်လိုက်သည်။ သူက ပင်လယ်၀တုတ်၏ ချောမွေ့သော နဖူးကို လက်နောက်ပြန် ခေါက်လိုက်သည်။ “မင်းသေချင်ရင်တောင် ငါတို့ကို ဆွဲမထည့်နဲ့.. ငါတို့ရန်သူက သူတော်စင်အဆင့် သားရဲ တစ်ကောင်ဖြစ်ခဲ့ရင်တောင် မင်းကို မေ့ပစ်လိုက်ဖို့ ငါတောင်းဆိုချင်တာ.. ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းတဲ့.. နတ်ဘုရားတစ်ပိုင်း အကြောင်း မင်းသိလို့လား”
ပင်လယ်၀တုတ်၏ မျက်နှာသည် တင်းမာနေသည်။ “နတ်ဘုရားတစ်ပိုင်ရဲ့ အားနည်းချက်က ဘာလဲဆိုတာ ငါသိရင် မင်းဘာလုပ်မလဲ”
“အားနည်းချက်ရှိရင်တောင် အလုပ်မဖြစ်ပါဘူး.. အစာငတ်သေတဲ့ကုလားအုတ်က မြင်းထက်တောင် ပိုကြီးသေးတယ်..ဒါ့အပြင် မင်းက သွားရန်စရင် သေခြင်းတရားက ပိုတောင် နီးကပ်လာဦးမယ်..” ကောင်းဖန်သည် အားနည်းချက်ကို မသိရသေးသော်လည်း အားနည်းချက်ကဲ့သို့ အရာတစ်ခုကို စွမ်းရည်ကွာဟချက်ကြီးကြီးမားမား မရှိမှသာ အသုံးချနိုင်မည်ဖြစ်သည်။
ပင်လယ်၀တုတ်သည် ၎င်းကို လှည့်ကြည့်ကာ “သေချာတာပေါ့.. နတ်ဘုရားတစ်ပိုင်က ဘယ်လောက်တောင် အားကောင်းတယ်ဆိုတာ ငါသိပါတယ်.. ဒါပေမယ့် ငါက လုံးဝအားနည်းနေတာမျိုးတော့ မဟုတ်ဘူး” ဟု ပြောလိုက်သည်။
“မင်းကိစ္စကို လုပ်ဖို့ ကြိုးစားတာကို ရပ်လိုက်” ဂိုဒီက စားပွဲကိုအပိုင်းပိုင်းကွဲသွားအောင် သူ့လက်ကို စားပွဲပေါ်ပစ်တင်လိုက်သည်။
ပင်လယ်၀တုတ်သည် ၎င်း၏မျက်လုံးများကို ကျဉ်းလိုက်သည်။ “အဲဒီလက်နက်က အရင်တုန်းက ငါပိုင်တာဖြစ်ပြီး အရေးကြီးတဲ့အခိုက်အတန့်မှာ ငါက အဲဒါကို ပြောင်းပြန်တိုက်ခိုက်နိုင်တယ်” ဟု ပြောလိုက်သည်။
“မင်းက အဆီခေါင်းငါးပဲ.. မင်းက တူပဲသုံးသင့်တယ်” ဂိုဒီက ရှုတ်ချမှု အပြည့်ဖြင့် ပြောနေသည်။
ပင်လယ်၀တုတ်သည် ဂိုဒီနှင့် ငြင်းခုံခြင်းမပြုသည်က ရှားပါးသည်။ သူသည် “ဒါဟာ ဘုရားရဲ့ ပစ္စည်းတစ်ခုပဲ” လို့ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။