← Chapters

အခန်း (၅၈၉-၅၉၂)

Vol. 37 Ch. 589-592

အခန်း (၅၈၉-၅၉၂)

Vol. 37 Ch. 589-592

အခန်း ၅၈၉ ပင်လယ်ဝတုတ်၏ ဇာတ်လမ်း

“ငါ့အတိတ်ကအကြောင်းပြောစရာက သိပ်မရှိဘူး.. ဘာပဲဖြစ်ဖြစ် ငါ့ အချိန်တွေကုန်သွားပြီး မတော်တဆ နတ်ဘုရားဖြစ်သွားတယ်က စလိုက်တာပေါ့” ပင်လယ်ဝတုတ်နှင့် ကောင်းဖန်တို့သည် ကျွန်း၏နန်းတော်ခေါင်မိုးပေါ်တွင် ဘေးချင်းကပ်ထိုင်နေကြသည်။

ကောင်းဖန်က "မတော်တဆ နတ်ဘုရား ဖြစ်သွားတာတော့ ဖြစ်နိုင်တယ်.. ဒါပေမယ့် မင်းနတ်ဘုရားဖြစ်လာပြီး ဘာလို့ ဒီလောက်ကြီးတဲ့ ဦးခေါင်းကို ရခဲ့တာလဲ.. မိုးခဏခဏရွာအောင် ကူညီဖို့လား”

ပင်လယ်ဝတုတ်သည် ဟာသကို နားမလည်ဘဲ ပြုံးလိုက်သည်။ “တကယ်တော့ အရင်တုန်းက ငါ့ခေါင်းက ဒီလောက်မကြီးပါဘူး..”

“ငါ့ရဲ့ မှတ်ဉာဏ်က အရမ်းအားနည်းတယ်.. ငါးတစ်ကောင်ရဲ့မှတ်ဉာဏ်က ခုနစ်စက္ကန့်ပဲရှိတယ်လို့ လူတွေက အမြဲပြောတယ်မလား.. ဒါက ပုံကြီးချဲ့ပြောတာ ဖြစ်ပေမယ့် အတော်လေးနီးစပ်ပါတယ်.. ငါးရဲ့ဦးနှောက်က သေးငယ်တာကြောင့် မှတ်ဉာဏ်အားနည်းခြင်းကလည်း ပုံမှန်ပါပဲ.. အဲဒီတုန်းက ငါက အတော့်ကို တုံးတာ.. ကျန်တဲ့ ငါ့အမျိုးတွေနဲ့ နှိုင်းယှဥ်ကြည့်တော့လည်း တုံးဆဲပဲ.. ငါ့မှတ်ဉာဏ်က ပိုဆိုးလာခဲ့တယ်” ဟု ပင်လယ်ဝတုတ်က ပြောသည်။

“ငါ့အဖေက ဘယ်သူလဲဆိုတာမျိုးလို ငါမမှတ်မိနိုင်တဲ့ အရာတွေ အများကြီးရှိတယ်.. ငါ့အမေက ဘယ်သူလဲဆိုတာလည်း ငါမသိဘူး..”

“အတိတ်မှာတုန်းကတော့ မြစ်ထဲက ရွှံ့နွံထဲမှာ ပုဇွန်လေးတွေကို ဘယ်လိုစားရလဲ လောက်ပဲ သိတယ်.. ပြီးတော့ ပင်လယ်ရေမှော်နဲ့ ဘဲစေ့တွေကို စားဖို့ သွားရှာတယ်... အဲဒါတွေက ပျော်ရွှင်စရာနေ့ရက်တွေပါပဲ” ဟု ပင်လယ်ဝတုတ်က လက်ဟန်ခြေဟန်နဲ့ ပြောသည်။

"ပြီးတော့ရော" ကောင်းဖန်က မေးခွန်းထုတ်လိုက်သည်။

“နောက်တော့ ငါနည်းနည်းကြီးလာတယ်.. အဲဒီတုန်းကတော့ ငါက ချောမောလို့ အစားအသောက်အတွက် ဘယ်တော့မှ စိတ်ပူစရာမလိုဘူး” ဟု ပင်လယ်ဝတုတ်က သက်ပြင်းချကာ ပြောလိုက်သည်။

“မြစ်ထဲမှာရှိတဲ့ ငါးတွေအကုန်လုံးက ငါ့ပတ်ဝန်းကျင်မှာ ရှိနေရတာကို သဘောကျတယ်.. သားကောင်ကို ဖမ်းဖို့ မလိုဘူး.. သူတို့က ငါ့ကိုကျွေးဖို့ နေ့တိုင်း ငါ့အသိုက်ကို အစာလာပို့ကြတယ်..” ပင်လယ်ဝတုတ်သည် စိတ်ခံစားမှုဖြစ်လာသည်။ “ဒါကြောင့် ငါက ဝတုတ်လာတဲ့ အထိ စားနေခဲတယ် ပြီးတော့ မျှတပါတယ် ငါမှ အမဲလိုက်စရာ မလိုတာ... နေ့တိုင်း ငါ့အသိုက်ထဲမှာ စားပြီးအိပ် အိပ်ပြီးစား လုပ်နေခဲ့တယ်..”

“နေ့တစ်နေ့မတိုင်ခင်အထိပဲ အဆိပ်ပြင်းတဲ့ ဖုတ်ကောင်ရေခူတစ်ကောင်က ငါ့ငါးတွင်းနားက ဖြတ်သွားတယ်.. အစားအသောက် ယူလာတဲ့ သူတစ်ယောက်လို့ပဲ ထင်လိုက်ပြီး ခေါင်းကို မော့လိုက်ကြည့်လိုက်တော့ အထိုးခံလိုက်ရတယ်.. ငါမသေပေမယ့် ကပ်ဆိုး တစ်ခုလိုပဲ.. ငါ့မျက်နှာက နီရဲနေပြီး ငါ့ခန္ဓာကိုယ်ကလည်း အဆိပ်တွေကြောင့် အကြောသေသွားတယ်”

ပင်လယ်ဝတုတ်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး တစ်ခုခုကို တွေးနေပုံရသည်။ “အဲဒီနေ့ကစပြီး ငါ့အတွက် အရင်က အစာကျွေးဖူးတဲ့ ငါးတွေ ဘယ်တော့မှ ပြန်မရောက်လာတော့ဘူး ဒါပေမယ့် ဒါကမျှော်လင့်ထားသလိုပါပဲ… ပုပ်နေတဲ့ ငါဝကြီးတစ်ကောင်ကို ဘယ်သူကမြင်ချင်မှာလဲ”

“ခုနစ်ရက်လုံးလုံး အစာငတ်နေပြီး ဗိုက်က မူလအရွယ်အစားရဲ့ သုံးပုံတစ်ပုံအထိ ကျုံ့သွားခဲ့တယ်... ငတ်သေတော့မယ်လို့ထင်နေတဲ့ အချိန်မှာ သူမက ဂူထဲကို ဝင်လာခဲ့တယ်.. ငါသူမကို မှတ်မိတယ်... သူမက ငါ့ဘေးမှာ နေထိုင်ခဲ့တဲ့ ငါးငယ်လေးပဲ.. ငါသူ့ကို သနားလွန်းလို့ စားစရာနည်းနည်း ပေးဖူးတယ်”

“သူမက သေးသေးလေးနဲ့ သူ့မရဲ့ အုပ်စုမှာအားအနည်းဆုံးပဲ.. သူ့ဖမ်းမိတာက သူစားဖို့တောင် မလုံလောက်ပေမယ့် ငါ မလှုပ်ရှားနိုင်တော့တဲ့ အချိန်မှာ နေ့တိုင်း ဖမ်းမိတဲ့ အစာအများစုကို ငါ့ကိုပေးတယ်”

ပင်လယ်ဝတုတ်က သူမအကြောင်းကိုပြောတဲ့အခါ သူ့အသံက နူးညံ့နေသည်။ "သူမက ငါ့ရဲ့ တစ်ဝက်လောက်ပဲရှိပြီး နေ့တိုင်း သူဖမ်းတဲ့ အစားအစာက ငါတို့ နှစ်ယောက်လုံးအတွက် မလုံလောက်ခဲ့ဘူး"

"ပြီးတော့ရော” ကောင်းဖန်က မေးလိုက်သည်။

“တစ်နေ့တော့ သူ မလာတော့ဘူး.. အဲဒီအချိန်မှာ အချိန်အတော်ကြာခဲ့ပြီမို့ ငါ့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေက သိသိသာသာ လျော့ကျသွားပြီ.. ဂူထဲမှာ သုံးရက်ကြာ ဗိုက်ဆာပြီးနောက်မှာ ငါ့အဆိပ်တွေ ပျောက်သွားတယ်.. နောက်တော့ သူမကိုရှာဖို့ ဂူထဲကနေ ရေကူးထွက်ခဲ့တယ်.. ဒါပေမယ့် အချိန်အတော်ကြာအောင်ရှာတဲ့အထိ သူမကို ရှာမတွေ့ခဲ့ဘူး..

“နောက်တော့ ငါးတစ်ကောင်က ငါ့ကိုပြောတယ်.. အဲဒီအချိန်တုန်းက သူမက နေ့တိုင်း အစာစုဆောင်းဖို့ အန္တရာယ်အရှိဆုံး ပင်လယ်လမ်းဆုံကို သွားခဲ့တယ်.. အစာရေစာ ပေါများသလို အန္တရာယ်လည်း ပိုများတယ်... ပြန်မလာတော့တဲ့နေ့မှာ ငါးက သူမက အဲဒီလမ်းကြောင်းအတိုင်း ဦးတည်သွားတာကိုမြင်လိုက်တယ်တဲ့..”

ပင်လယ်ဝတုတ်၏ မျက်လုံးများသည် ကျဉ်းမြောင်သွားသည်။ "ငါက မြစ်ငါးတစ်ကောင်ဆိုတာ မင်းသိလား... ပင်လယ်က ငါ့အတွက် တွင်းနက်ကြီးဖြစ်ပြီး တစ်နေ့နေ့မှာ ပင်လယ်ကို တကယ်ရောက်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး"

“အဲဒါက သိပ်ကို လှပတဲ့ အခိုက်အတန့်ဘဲ.. ဒါဆို မင်းသူ့ကိုရှာတွေ့ပြီလား" ကောင်းဖန်က ပြုံးပြီး ပင်လယ်ဝတုတ်ရဲ့ ခေါင်းဝိုင်းကို ထိလိုက်သည်။

ပင်လယ်ဝတုတ်က ခေါင်းယမ်းလိုက်သည်။ “အနည်းဆုံးတော့ ငါသူမရဲ့ အသွင်အပြင်ကို မမှတ်မိတော့ဘူးဆိုတာ သိလိုက်ရတယ်.. ငါ့ရဲ့ ညံ့ဖျင်းတဲ့ မှတ်ဉာဏ်ကို ငါ ဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး.. နောက်ပိုင်းမှာငါ့ ဦးနှောက်သာပိုကြီးရင် သူ့အသွင်အပြင်ကို ပြန်မှတ်မိနိုင်မယ်လို့ ငါထင်တယ်” ဟု ပင်လယ်ဝတုတ်က တိုးတိုးလေးပြောလိုက်သည်။

ကြေကွဲဖွယ်ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း သူသိသော်လည်း ကောင်းဖန်သည် ရယ်ချင်စိတ်ရှိနေဆဲဖြစ်သည်။

“တကယ်တော့ ပိုကြီးတဲ့ ဦးနှောက်က ကောင်းလိမ့်မယ်” ပင်လယ်ဝတုတ်က သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။ “ ပိုကြီးတဲ့ ဦးနှောက် နဲ့ ပိုကြီးတဲ့ ပါးစပ်.. အဲဒါက တစ်ယောက်ယောက်ကို ကိုက်လိုက်ရင် သူတို့အတွက် ပိုနာကျင်စေမှာ”

"အဲဒါအမှန်ပဲ" ကောင်းဖန်က ခေါင်းညိတ်လိုက်ပြီး အဲဒါကို စဉ်းစားပြီးနောက်မှာ ငါးခေါင်းပေါရှိ လက်ကို ပြန်ရုတ်လိုက်သည်။

"နတ်ဘုရားဖြစ်ဖို့ ငါ့ရဲ့ တွန်းအားက ဘာလဲသိလား.. အဲဒီအချိန်တုန်းက ငါတို့မြစ်ထဲက အသက်အကြီးဆုံးငါးက နတ်ဘုရားက အနန္တ တန်ခိုးရှင်ဖြစ်တယ်လို့ ငါ့ကိုပြောခဲ့လို့ပဲ" ပင်လယ်ဝတုတ်က ရယ်လိုက်သည်။ “သောက် အနန္တတန်ခိုးရှင်... ကိုယ့်ကိုယ်ကိုတောင် မကယ်တင်နိုင်ခဲ့ဘူး တခြားသူတွေကို ကယ်တင်ဖို့တော့ ပြောမနေနဲ့” ဟု ပင်လယ်ဝတုတ်က ခါးသီးစွာပြောလိုက်သည်။

“အရည်အချင်းရှိတဲ့နတ်ဘုရားကတောင် သေဆုံးခြင်းတွေကို မကယ်တင်နိုင်ဘူးလား" ကောင်းဖန်က အနည်းငယ် အံ့သြသွားသည်။ အသက်စွမ်းရည်ကို ကျွမ်းကျင်နေတဲ့နတ်ဘုရားက သေပြီးသားသူတို့ကို အသက်ပြန်ရှင်စေနိုင်ကြောင်းကို သူကြားဖူးသည်။

"အလောင်းတစ်လောင်းရှိရမယ် ပြီးတော့ သေဆုံးထားတာ မကြာသေးတာ ဖြစ်ရမယ်လေ"

ပင်လယ်ဝတုန်က ခေါင်းခါပြီး “ဒီကမ္ဘာမှာ ရယ်စရာ အကောင်းဆုံး သဘောတရားက တရားမျှတမှုဆိုတာ မင်းသိပါတယ်... အချို့သော သားရဲတွေက မွေးထဲက သူတို့ရဲ့ အထွတ်အထိပ် မှာ ရပ်နေကြတယ်.. သူတို့က

ခြေလှမ်းလေးလှမ်းလိုက်ရုံနဲ့တင်ရတယ်..နောက်တော့သူတို့က နတ်ဘုရားတွေ ဖြစ်လာကြတယ်”

“သားရဲအများစုက အလွန့် အလွန်ကြိုးစားပြီး သူတို့ရဲ့ဘဝကို စွန့်စားရလိမ့်မယ်.. နတ်ဘုရားတစ်ပါးဖြစ်လာဖို့ အတွက် အသက် နဲ့ သေခြင်းတိုက်ပွဲများစွား၊ ရှားပါးတဲ့ကံကောင်းမှုပေါင်း အကြိမ်ရေ သန်းပေါင်းများစွာ လိုအပ်တယ်... ဒါတောင်မှ အသက်၊ ကုသခြင်းနဲ့ မြင့်မြတ်မှုတွေက ငါတို့လို နိမ့်ကျတဲ့ သားရဲတွေနဲ့ ဘာမှမဆိုင်ဘူး..”

“ဒီစွမ်းရည်တွေက အရည်အချင်းရှိတဲ့ ဒါမှမဟုတ် အရည်အချင်းပြည့်မီသူတွေသာ နားလည်နိုင်မှာပါ… သူတို့က ရှင်သန်ဖို့ စိတ်ပူစရာမလိုတာကြောင့် သူတို့မှာ ဒီစွမ်းရည်တွေကို စူးစမ်းရှာဖွေနိုင်တဲ့ အရင်းအမြစ်တွေရှိတယ်.. ငါ့လို နိမ့်ကျတဲ့ဘဝ… ငါဘဝရဲ့ အရည်အချင်းကိုပဲ အားကိုးခဲ့မယ်ဆိုရင် ဒီနေ့ ငါဖြစ်လာနိုင်ပါ့မလား.." ပင်လယ်ဝတုတ်သည် ဤအချိန်၌ အလွန်စိတ်လှုပ်ရှားလာသည်။

"မင်းက နတ်ဘုရားရဲ့ ဒုတိယမျိုးဆက်ဖြစ်လာတာမဟုတ်ပေမယ့် အနည်းဆုံးတော့ မင်းက မင်းအမုန်းဆုံး သတ္တဝါမျိုးဖြစ်သွားပြီ" ဟု ကောင်းဖန်က ဆိုလိုက်သည်။

ပင်လယ်ဝတုတ်က ခေါင်းညိတ်ပြကာ အနည်းငယ် ကျေနပ်နေလေသည်။ "ဟုတ်တယ်.. ငါ အမုန်းဆုံးသူ ဖြစ်လာခဲ့တယ်"

***

သားရဲလေ့ကျင့်သူ

အခန်း ၅၉၀ တစ်လက်လက်တောက်ပနေသော ငွေရောင်ဝိဉာဉ်

“ဒါပေမယ့် နောက်ဆုံးမှာ မင်း နတ်ဘုရားပစ္စည်းတွေကို မရရှိနိုင်ဘူးဆိုရင် ငါ့ကို အပြစ်မတင်ပါနဲ့” ပင်လယ်ဝတုတ်က သူ့ကို သတိပေးလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ၎င်းသည် ၎င်း၏ကိုယ်ပိုင်နတ်ဘုရားပစ္စည်းကို ပြုလုပ်ခဲ့ခြင်း ကြောင့်မဟုတ်ပါက လက်တွေ့တွင် ရရှိရန်အခွင့်အရေး ရှိမည်မဟုတ်ပါ။

"အနက်ရောင်မြူခိုးကမ္ဘာရဲ့ မူလနာမည်ကို မင်းသိထားသင့်တယ်" ပင်လယ်ဝတုတ်သည် ရုတ်တရက် ခံစားချက် ပြင်းထန်လာသည်။

“ဒီကမ္ဘာမှာ သေသွားတဲ့ နတ်ဘုရားတစ်ပါးရှိတယ်ဆိုတာ ငါသိတယ်... အဲဒီအချိန်ကစပြီး တစ်နှစ်ပတ်လုံး ထာဝရ မြူများ ဖုံးလွှမ်းသွားခဲ့တယ်" ကောင်းဖန်သည် ပင်လယ်ဝတုတ်ကို ရုတ်တရက်ကြည့်လိုက်သည်။ “ပင်လယ်ဝတုတ်… မင်းတို့နှစ်ယောက်လုံး သေပြီဆို ဒါပေမယ့် အဲဒီနတ်ဘုရားတွေမှာ သြဇာအာဏာတွေ အများကြီးရှိနေသေးတာလား”

ပင်လယ်ဝတုတ်က ခေါင်းယမ်းလိုက်သည်။ “ငါက အဲဒါနဲ့ မတူဘူး ငါ လုံးဝ မကျဆုံးသေးဘူး.. ငါရှင်သန်နိုင်ခဲ့တယ်.. ဒါပေမယ့် သူကတော့ လုံးဝပြုတ်ကျသွားပြီမို့ ခြားနားချက်တစ်ခုရှိပါသေးတယ်"

“အနက်ရောင်မြူခိုးကမ္ဘာရဲ့နတ်ဘုရားကို မြူခိုးနတ်ဘုရားလို့ ခေါ်ကြပြီး အချို့က အနက်ရောင်မြူခိုးကြီးစိုးသူလို့ ခေါ်ကြတယ်.. အဲဒီတုန်းက သူက ပထမဆုံး နှိုးဆော်ခဲ့တာ.. သူက စစ်ပွဲတစ်ခု စတင်ခဲ့ပြီး ပထမဆုံး အသတ်ခံခဲ့ရသူလည်း ဖြစ်တယ်" ပင်လယ်ဝတုတ်က ပစ်ပစ်ခါခါ ရယ်မောလိုက်သည်။

“ဒါက သေခြင်းတစ်မျိုးဆိုတာ သေချာပါတယ်.. သူသေသွားတဲ့အခါ နတ်ဘုရားပစ္စည်းလည်း ပျောက်ဆုံးသွားခဲ့တယ်.. အဲဒါကို ဘယ်သူကမှ လိုက်မရှာဖူးတာ မဟုတ်ပေမယ့် ကံမကောင်းစွာနဲ့ ရှာမတွေ့ခဲ့ဘူး.. ဒါပေမဲ့ ယေဘုယျအားဖြင့် အဲဒီနေရာမှာ မြူပိုထူလာလေလေ နတ်ဘုရားပစ္စည်းကို ဖုံးကွယ်ရန် ပိုမိုလွယ်ကူလေပဲ"

ကောင်းဖန်က ခဏတာ ငြိမ်သက်ပြီးနောက် “ပင်လယ်ဝတုတ်.. ငါ့ကို ရိုးရိုးသားသားပြောစမ်းပါ.. မင်းရဲ့ နတ်ဘုရားပစ္စည်းတွေကို အပြည့်အ၀သုံးရင် ဘယ်လောက်တောင် သေစေမှာလဲ”

ချီတုံချတုံဖြစ်ပြီးနောက် ပင်လယ်ဝတုတ်က ပြောလိုက်သည်။

"တိကျတဲ့ကန့်သတ်ချက်တော့ရှိတယ်.. ပထမအချက်က နတ်ဘုရားပစ္စည်းကို အသုံးပြုဖို့ အတွက် အုပ်ချုပ်နိုင်စွမ်းရှိဖို့ရန် လိုအပ်တယ်.. နတ်ဘုရားတစ်ဆူတည်းကသာ ဒီစွမ်းရည်ရှိတယ်.. ဒါ့ကြောင့် မင်းမှာ အုပ်ချုပ်နိုင်စွမ်းမရှိရင် မင်းနတ်ဘုရားပစ္စည်းကိုသုံးဖို့ ငါ့ရဲ့သွေးကို ထိဖို့ လိုလိမ့်မယ်..

“ဒုတိယအချက်က မင်းမှာ အုပ်ချုပ်နိုင်စွမ်းမရှိတာကြောင့် သေခြင်းတရားက အားနည်းသွားလိမ့်မယ်.. အကြောင်းရင်းများစွာကြောင့် ပင်လယ်သားရဲကို ဝါးမြိုသွားခဲ့တာ မင်းမှတ်မိတယ်မလား.. စွမ်းအင်ကို အလွန်အကျွံ သုံးပြီး ရေနက်ပိုင်း ဖုံးလွှမ်းထားတဲ့ တောင်ဘီလူးကြီးနဲ့ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပေမယ့် နတ်ဘုရားပစ္စည်းကို အတင်းအဓမ္မသုံးတာကြောင့် သူ့ဒဏ်ရာကို ပိုမိုဆိုးရွားစေလို့ ကာကွယ်ရေး ပစ္စည်းမရှိတဲ့အတွက် မျိုချဖို့ အခွင့်အရေးရှိလာတာပဲ”

အခြားသားရဲများ ကြည့်နေတာကိုမြင်တဲ့အခါ ပင်လယ်ဝတုတ်က သူ့ခေါင်းကို အကြိမ်ကြိမ်ခါယမ်းလိုက်သည်။ “တိုက်ပွဲအတွက် မင်းတို့က ပုံမှန်အတိုင်းပဲ ဆက်နေနိုင်တယ်.. ငါ့ရဲ့ နတ်ဘုရားပစ္စည်းကိုတော့ သုံးဖို့ မစဉ်းစားနဲ့... တခြားရွေးချယ်စရာရှိရင် ငါလုပ်မှာ မဟုတ်ဘူး.. ငါသုံးလိုက်တိုင်း ရက်ပေါင်း ၁၀၀ လောက် ငါ့ကို ထိခိုက်စေလို့ပဲ”

“အနက်ရောင်မြူခိုး ကမ္ဘာရဲ့ အနက်ရောင်မြူအထူထပ်ဆုံးနေရာကတော့ သဘာဝအတိုင်း တစ်နှစ်ပတ်လုံး အနက်ရောင်မြူတွေနဲ့ ပြည့်နေတဲ့ အနောက်ဘက်ခြမ်းပဲ.. ထူးခြားတာက ဝင်လာသော သားရဲတွေအများကြီးရှိပေမဲ့ ဘယ်တော့မှ ပြန်မထွက်လာတာပဲ..

လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

"ဟုတ်ပါပြီ အနက်ရောင်မြူခိုကမ္ဘာရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ဝင်္ကပါကို ဘယ်သူဆောက်ခဲ့တာလဲဆိုတာ သိလား" ကောင်းဖန်က မေးသည်။

“ဝင်္ကဘာ… အဲဒီကောင်…” ပင်လယ်ဝတုတ် က ရေရွတ်လိုက်သည်။ "ဘာလို့ ဒီအကြောင်းကို ရုတ်တရတ် မေးတာလဲ"

"မင်းမသိဘူးလား" ကောင်းဖန်က အမှန်တကယ် မျက်မှောင်ကြုတ်လာသည်။

“အနက်ရောင်မြူခိုးကမ္ဘာရဲ့ တောင်ဘက်ပိုင်းမှာ ဝင်္ကပါတွေ အများကြီးရှိတယ်... ဒီဝင်္ကဘာတွေမှာ အတုလုပ်ထားတဲ့ပုံမပေါ်ပေမယ့် သဘာဝအတိုင်း ဝင်္ကပါတွေအများကြီးရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ကောင်းဖန်က ပြောလိုက်သည်။

"နေပါဦး.. တောင်ပိုင်းဒေသမှာ ဝင်္ကပါတွေ အများကြီးရှိတယ်လို့ မင်းဆိုလိုတာလား" ပင်လယ်ဝတုတ် အံ့သြသွားသည်။ “ အဲဒါက မဖြစ်သင့်ဘူး…” ပင်လယ်ဝတုတ်က အံ့သြသွားပြီး သိသိသာသာ စိတ်လှုပ်ရှားနေပုံပေါ်သည်။

“အဲဒီ ဝင်္ကပါတွေအကြောင်း ပြောပြပါဦး” ပင်လယ်ဝတုတ်က လေးနက်စွာ မေးလိုက်သည်။

“အမျိုးအစား အမျိုးမျိုးရှိတယ်.. အရေအတွက်အများဆုံးကတော့ ကျောက်တုံးဝင်္ကဘာတွေပဲ.. ကျောက်တုံးများအပြင် အချို့သော အရေအသွေးကောင်းတဲ့ ဝင်္ကပါတွေလည်း ရှိသေးတယ်.. ဒီ အရည်အသွေးကောင်းတဲ့ ဝင်္ကပါတွေက နည်းပေမယ့် အဲဒီမှာ သားရဲတွေရဲ့ ဆင့်ကဲဖြစ်စဉ်အတွက် ကောင်းတဲ့အရာတွေကို ရှာရတာ ပိုလွယ်တယ်..” ကောင်းဖန်က သူ့ခရီးတစ်လျှောက် ဝင်္ကပါများတွင် သူမြင်တွေ့ခဲ့ရသမျှကို ပင်လယ်ဝတုတ်ကို မျှဝေလိုက်သည်။ ရံဖန်ရံခါတွင် ဖလိန်မီက အချက်အလက်များကို ထပ်ဖြည့်ပေးသည်။

ဒီစကားတွေကို နားထောင်ပြီးနောက်မှာ ပင်လယ်ဝတုတ်ရဲ့ အမူအရာကို ဖတ်လို့မရနိုင်တော့ပေ။ "ဒီဝင်္ကပါက တည်ရှိနေမှု တစ်ခုကို သတိရစေတယ်"

"ဘယ်သူဟာလဲ"

"ဝတုတ် ရွှံလူကြီး " ပင်လယ်ဝတုတ်က ဖြည်းညှင်းစွာ မျှဝေလိုက်သည်။ “ဒါပေမယ့် ငါ့မှတ်ဥာဏ်ထဲမှာတော့ သူက မသေဘူး... စစ်ပွဲက လွတ်မြောက်ခဲ့တဲ့ ကံကောင်းသူတွေထဲက တစ်ယောက်ပဲ.” ခေတ္တနားပြီးနောက် ပင်လယ်ဝတုတ်က “အနည်းဆုံးတော့ ငါ နတ်သက်မကြွေခင်အထိတော့ အသက်ရှင်နေသေးတာ” ဟု ဆက်ပြောလိုက်သည်။

"ဝတုတ် ရွှံလူကြီး သခင်" ကောင်းဖန်က ထပ်ခါတလဲလဲ ပြောနေသည်။ နာမည်က သန်မာတဲ့ ပုံရိပ်ကို ဖန်တီးနေသည်။

“အင်း.. အဲဒါက နာမည်ပဲ.. အဲဒီအမည်ကလွဲလို့ သူ့နတ်ဘုရားဘွဲ့အမည်က ဝင်္ကဘာနတ်ဘုရားပဲ.. ပြီးတော့ ငါ့ရန်သူ” ဟု ပင်လယ်ဝတုတ်က တံတွေးထွေးကာ ပြောလိုက်သည်။ “ငါ နတ်သက်ကြွေတာက အဲဒီ ခွေးသားနဲ့ တစ်ခုခုဖြစ်ခဲ့လို့ပဲ... ငါ သူသေမယ်လို့ မမျှော်လင့်ထားဘဲ အနာဂတ်မှာ ကလဲ့စားချေဖို့ အခွင့်အရေးကို ရှာချင်ခဲ့တာ... သူ့ကိုသူကံကောင်းတယ်လို့ပဲ တွက်သင့်တယ်”

“ဒါဆို သူ့မှာ နတ်ဘုရား ပစ္စည်းတွေ ရှိသင့်တယ် မဟုတ်လား” ကောင်းဖန်ရဲ့ ပါးစပ်က စိန်ခေါ်စကား ထွက်လာသည်။ "ပင်လယ်ကြီး..ဒါကို စိတ်ဝင်စားလား"

ပင်လယ်ဝတုတ်က ပြုံးလိုက်သည်။ “အဲဒါကို ငါမသိရင် ချန်ထားခွင့်ပြုလိုက်မယ်.. အခုမှသိတော့ လက်လွတ်မခံနိုင်တော့ဘူး.. သူ့သင်္ချိုင်းမှာ ကလိုက်ချင်တယ်"

“ဒီကောင်က ငါနဲ့ ရန်ဖြစ်နေတာကြာပြီဆိုတော့ သူ့ရဲ့လှည့်ကွက်လေးတွေကို ကောင်းကောင်းသိတယ်.. အခု မင်းဆီက ဒီစကားကြားတော့ ငါမစောင့်နိုင်တော့ဘူး"

ကောင်းဖန်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ “ဒါပေမယ့် အခု ငါတို့မှာ သူတော်စင်အဆင့် တစ်ကောင်ပဲ ရှိတယ်... မင်းက အရှင်သခင်အဆင့် အထွတ်အထိပ်မှာဘဲရှိသေးတယ်... မင်း သူတော်စင်အဆင့်ကို ရောက်ပြီးတဲ့အထိ စောင့်ကြရအောင်"

ပင်လယ်ဝတုတ်က ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "အဆင်ပြေပါတယ်.. ငါ့ရဲပင်လယ်ဧကရာဇ်၏ ဖျက်ဆီး ဝါးမျိုတက်သော သွားများက တိုးတက်မှုကို အရှိန်မြှင့်ပေးလိမ့်မယ်... စိတ်မပူနဲ့ သုံးလအတွင်း သူတော်စင်အဆင့်ကို ချိုးဖောက် သွားလိမ့်မယ်"

ကျွန်းပေါ်တွင် လေပြင်းများ တိုက်ခတ်နေသည်။

"ချိုးဖောက်ဖြတ်ကျော်မှု" ကောင်းဖန်ပြုံးလိုက်သည်။ ဆီလီက ဧကရာဇ်အဆင့်သို့ ရောက်ရှိလာပြီးနောက်တွင် အချိန်အတန်ကြာ နှစ်ချိုက်စွာအိပ်မောကျသွားခဲ့ပြီး ယခုအခါ နောက်ဆုံးတွင်ချိုးဖောက်ဖြတ်ကျော်သွားသည်။

ဤနေရာ၌ တိုးတက်မှုသည် အလွန်နှေးကွေးလွန်းသည်။ ဂိုဒီ၊ တာ့ဇီ၊ အစင်းလေးနှင့် ခြင်္သေ့ဖြူတို့သည် အရှင်သခင်အဆင့်တွင် ရှိနှင့်ပြီးဖြစ်သည်။ ဖလိန်မီသည် ဧကရာဇ်အဆင့် ဖြစ်နေဆဲ ဖြစ်သော်လည်း အရှင်သခင်အဆင့်နှင့် ခြေတစ်လှမ်းသာဝေးသော အဆင့် ၇၀ အမြင့်ဆုံး ဧကရာဇ်အဆင့် ဖြစ်သည်။ သို့သော် ဆီလီ၏ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မှုက နဂါးပုရွက်ဆိတ်လေး ခုနစ်ကောင်လောက်ပင် မမြန်ဆန်ချေ။

လေပြေဖြတ်သွားတော့ သူ့ရှေ့က နေရာတွေ ဝေဝါးလာသည်။ နောက်အခိုက်အတန့်မှာတော့ ကောင်းဖန်ရဲ့ရှေ့မှာ ကြည်လင်နေတဲ့ ငွေရောင် ရေခူ တစ်ကောင်ပေါ်လာသည်။ ၎င်းက ကောင်းဖန်ကိုမြင်သောအခါ ကောင်းဖန်၏ဆံပင်များပေါ်တွင် ၎င်း၏ လက်တံများကို ကျပန်းချထားပြီး ဖွနေသည်။

“အဲဒါကို ဆွဲ... ကောင်းဖန်က ထိပ်ပြောင်နေတယ်” ဟု ဆီလီကပြောလိုက်သည်။

ကောင်းဖန်၏ ဦးရေပြား အနည်းငယ် နာကျင်လာသည်။ ဆီလီလက်တံပေါ်က ဆံပင်တွေကို မြင်လိုက်တော့ သူ အသက်ရှုမှားသွားသည် “အရူး.. မင်းတကယ်ကို နှုတ်လိုက်တာပဲ”

ဆီလီက အပြစ်ရှိသလို ခံစားလိုက်ရသည်။ အခုက ကစားရုံကစားနေတာလေ ဆံပင်တွေက ဘယ်လိုလုပ်ကျွတ်ကုန်တာလဲ.. ကောင်းဖန်ကို အပြစ်ရှိတဲ့အကြည့်ဖြင့် စိုက်ကြည့်ပြီးနောက် ကောင်းဖန်ခေါင်းပေါ်ကို ဆံပင်တွေ ဂရုတစိုက် ပြန်ထားလိုက်ပြီး “ပြန်စိုက်ပြီ… ငါပြန်ချထားလိုက်ပြီ... ငါ့ ကိစ္စမဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် နေရာမှ လျှပ်တပြက် ထွက်သွားပြီး မည်သည့်နေရာသို့ သွားသည်ကို မည်သူမှ မသိတော့ပေ။

[သားရဲ အမည်] - တလက်လက်တောက်ပနေသော ငွေရောင်ဝိညာဉ်

[သားရဲ အဆင့်] - အဆင့် ၆၁

[သားရဲ စွမ်းရည်ဆင့်] - မော်ကွန်းတင်/ ဒဏ္ဍာရီဆင့်

[သားရဲ အမျိုးအစား] - အာကာသ

[သားရဲ အခြေအနေ] - ကျန်းမာ (ပျော်ရွှင်)

[သားရဲ အားနည်းချက်] - ခန္ဓာကိုယ်အားနည်းခြင်း၊ ကြံ့ခိုင်မှုအားနည်းခြင်း။

[သားရဲ ကျွမ်းကျင်မှု]- အာကာသစွမ်းအင်အဆင့် ၆ ၊ ပျော့ပြောင်းနိုင်သောကိုယ်ထည်အဆင့် ၃ ၊ ပေါ့ပါးသော ကိုယ်ထည်အဆင့် ၄

[ထူးခြားသော လက္ခဏာများ] - အလင်း၏ စိတ်ဝိဉာဉ် (တိုးတက်မှုအတွင်း အာကာသဂုဏ်ရည်များဖြင့် သားရဲများနှင့် တွဲနိုင်စေမည့် ထူးခြားသောအာကာသစွမ်းအားတစ်ခု)

အကျိုးသက်ရောက်မှု ၁ - ၎င်း၏ နေရာလွတ်စွမ်းရည် အာရုံခံနိုင်စွမ်းကို တိုးမြှင့်ပေးသောကြောင့် နေရာလွတ်အလင်းကို အချိန်တိုအတွင်း အကြိမ်များစွာ အသက်သွင်းနိုင်သည်။

အကျိုးသက်ရောက်မှု ၂ - ဤစွမ်းအင်ကို အသက်သွင်းခြင်းဖြင့် ပိုင်ရှင်၏ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးလာပြီး အစွမ်းထက်သော ရှောင်တိမ်းနိုင်စွမ်းကို အချိန်တိုအတွင်း ရရှိစေမည်ဖြစ်သည်။

ပေါင်းစပ်အာကာသ (၎င်း၏ နေရာလွတ်အလင်း စွမ်းရည်ကို ပိုမိုသဟဇာတဖြစ်စေပြီး ပိုမိုနီးကပ်စွာ တည်ရှိနေစေရန် ခွင့်ပြုသည်။)

အကျိုးသက်ရောက်မှု ၁ - လက်ခံသူ၏ သိုလှောင်ခန်း အရွယ်အစားသည် အလွန်ကြီးလာသည်။

အကျိုးသက်ရောက်မှု ၂ - နေရာလွတ်အုံကြွမှုကို အသက်သွင်းခြင်းသည် ပတ်ဝန်းကျင်နေရာအား ဖရိုဖရဲဖြစ်စေနိုင်သည်။

ဤအခြေအနေတွင် နေရာလွတ်စွမ်းရည်အားလုံး၏သုံးစွဲမှုတိုးလာလိမ့်မည်။ နေရာလွတ်စွမ်းရည်ကို အသုံးပြုခြင်းသည် ကျရှုံးနိုင်ခြေရှိသည်။ ဤကာလအတွင်း မအောင်မြင်သော အာကာသစနစ်စွမ်းရည်ကို အသက်သွင်းခြင်းသည် နေရာလွတ်အုံကြွမှု၏ကြာချိန်ကို ပိုမိုတိုးမြင့်လာစေပြီး ၎င်းကို ပိုမိုထိန်းချုပ်မရနိုင်ဖြစ်စေသည်။

အကြံပြုချက်- နေရာလွတ်အုံကြွမှု၏ အနီးတစ်ဝိုက်ရှိ ပိုင်ရှင်များကိုလည်း အပျက်သဘောဆောင်သည်။

[သားရဲ ဖော်ပြချက်]- ၎င်းသည် အာကာသအတွင်း နီးကပ်မှုအဆင့်ရှိပြီး အလွန်အကောင်းမြင်သည်။ အလင်း၏ စိတ်ဝိဉာဉ်သည် မကြာခဏဆိုသလို ဘေးဥပါဒ်ဖြစ်စေသော အာကာသအတွင်း မငြိမ်မသက်ဖြစ်စေသောကြောင့် နေရာလွတ် အမျိုးအစားကို များသောအားဖြင့် အခြားသားရဲများက ကြိုဆိုလေ့မရှိပေ။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၉၁ ပေါင်းစပ်ခြင်း

ဆီလီသည် အဆင့်အသစ်သို့ တိုးမြှင့်လိုက်ခြင်းကြောင့် ရတနာအနံခံကြွက်မှလွဲ၍ ကောင်းဖန်၏ သားရဲ အားလုံးနီပါးသည် အနည်းဆုံး ဧကရာဇ်အဆင့်သို့ ရောက်ရှိလာသည်။

ခဏအကြာတွင် ကောင်းဖန်သည် တာ့ဇီကိုသူ့ဘေးသို့ လှမ်းခေါ်လိုက်သည်။ ထို့နောက် သူက သိသာထင်ရှားစွာ စိုးရိမ်ရတဲ့ ဆီလီကို ခေါ်လိုက်သည်။ ဆီလီက ၎င်း၏ လက်တံများကို အဖုထဲသို့လိမ်ထာပြီး သိသိသာသာ စိတ်ဆင်းရဲနေသည်။

“ကောင်းဖန် မင်းက ငါ့ကို အပြစ်ပေးတော့မှာလား... မင်းသာအပြစ်ပေးမယ်ဆိုရင် အခုချက်ချင်း ငါပြေးတော့မယ်” ဟု ဆီလီက တုန်တုန်ယင်ယင်နဲ့ ပြောသည်။ ထို့နောက် ဒုက္ခအရိပ်အမွတ် နည်းနည်းရတော့မှ ထွက်ပြေးမယ်လို့ ဆုံးဖြတ်လိုက်သည်။ ကောင်းဖန်နဲ့ သူ့အဖော်တွေကို လက်စားချေရန် အခွင့်အရေးမပေးဘဲ ဉာဏ်ကောင်းတဲ့ ဆီလီက ထွက်ပြေးသွားမည်ဖြစ်သည်။

“မင်းရဲ့ စွမ်းအားအသစ်တွေကို စမ်းသပ်ကြည့်ရအောင်.. မကြာသေးမီကမှ အဆင့်တက်ထားတာကြောင့် သူတို့လောက်တော့ အသုံးမကျသေးဘူလို့ ငါထင်တယ်” ဟု ကောင်းဖန်က ပြောသည်။

ဆီလီက သက်ပြင်းချမိသည်။

ကောင်းဖန်သည် တာ့ဇီ၏နောက်ကျောပေါ်မှ သမုဒ္ဒရာထဲသို့ ပျံတက်သွားသည်။ သူတို့ကျွန်းနဲ့ သိပ်မဝေးတာကြောင့် သူတို့အောက်က ရေထဲမှာ သားရဲတွေ အများကြီး မရှိသေးပေ။

အချိန်တိုလေးအတွင်းမှာပင် ကျွန်းသည် နေထိုင်ရန်မသင့်တော်သော နေရာတစ်ခုအဖြစ် နာမည်ဆိုးနှင့်ကျော်ကြားလာသည်။ အရှင်သခင်နှင့် ဧကရာဇ်အဆင့်ရှိ သားရဲအုပ်စုတစ်စုက အဲဒီနေရာတွင် နေထိုင်တာကြောင့် ဖြစ်ပုံရသည်။ ကျွန်းတစ်ဝိုက်ရှိ လှိုင်းလုံးကြီးများ အောက်တွင် ရက်စက်ကြမ်းကြုတ်သော ဖုတ်ကောင်များသည်လည်း ပုန်းခိုနေသည်။

၎င်းတို့က ဝိုင်းအုံနေတက်ကြပြီး ပုံသဏ္ဍာန် မျိုးစုံနှင့် အရွယ်အစားအမျိုးမျိုးဖြင့် ရောက်ရှိလာကာ မည်သည့် သားရဲကမှ ကျူးကျော်ဝံ့ခြင်းမရှိပေ။

"မင်းရဲ့ နေရာလွတ်အလင်းစွမ်းရည်ကို အရင်စမ်းကြည့်ရအောင်" ဟု ကောင်းဖန်ကပြောလိုက်သည်။

နေရာလွတ်အလင်းသည် နေရာလွတ်သားရဲ အမျိုးအစားများတွင်တွေ့ရလေ့ရှိသော အခြေခံအကျဆုံး နေရာလွတ်အမျိုးအစား စွမ်းရည် ဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်ပိုင်းတွင် ၎င်းသည် အခြားဒြပ်စင်ဂုဏ်သတ္တိများ၏ သားရဲများနှင့် ခွဲခြားထားခြင်း ဖြစ်သည်။

နေရာလွတ်အလင်းသည် နေရာလွတ်ရွေ့ပြောင်းခြင်းအတွက် အခြားအမည်တစ်ခုဖြစ်သည်။

နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် ချက်ချင်းရွှေ့ပြောင်းခြင်းကဲ့သို့သော အခြားအမည်များဖြင့်လည်း လူသိများသည်။ နာမည်များစွာရှိသော်လည်း ၎င်းတို့ကြားတွင် ကွာခြားမှုအနည်းငယ်မျှ မရှိပေ။

သို့သော်လည်း ကောင်းဖန်သည် ၎င်းနှင့်ပတ်သက်သည့် စိတ်ဝင်စားစရာတစ်ခုကို သတိပြုမိသည်။ ဥပမာအားဖြင့်ပင်လယ်သားရဲ၏ နေရာလွတ်အလင်းစွမ်းရည်သည် ၎င်း၏အသုံးပြုမှုအပေါ်တွင် သိသာထင်ရှားသော ကန့်သတ်ချက်တစ်ခုရှိသည်။

ကောင်းဖန်သည် ပင်လယ်သားရဲ၏ အနည်းငယ်နှောင့်နှေးမှုကို သတိပြုမိခဲ့သည်။ ၎င်းသည် အချိန်တိုတိုအတွင်း ဆက်တိုက် နေရာလွတ်အလင်းနှစ်ခုကို မဆောင်ရွက်နိုင်တော့ပုံရသည်။

ကောင်းဖန်သည် ထိုသို့သောကန့်သတ်မှုနောက်ကွယ်ရှိ အဓိကအကြောင်းရင်းကို မသိခဲ့ပေ။

သို့သော် ဆီလီ၏ အကျိုးသက်ရောက်မှု စွမ်းရည်တစ်ခုက ၎င်းအား နေရာလွတ်အလင်းအများအပြားကို ၎င်းတို့ကြားတွင် အနည်းငယ်မျှ နှောင့်နှေးမှုမရှိဘဲ အသက်သွင်းနိုင်သည်ကို သတိပြုမိခဲ့သည်။

ဆီလီ၏အသက်သွင်းချိန်ကို မည်မျှအကျိုးသက်ရောက်စေမည်ကိုသူမသိပေ။ ချက်ချင်းပင် ဆီလီသည် နေရာမှ ပျောက်ကွယ် သွားသည်။ ခဏအကြာတွင် အနည်းဆုံး ပေ ၃၀၀ အကွာတွင် ပြန်ပေါ်လာသည်။

"ဒါ မင်းရဲ့ အဝေးဆုံးအကွာအဝေးလား" ကောင်းဖန်က မေးလိုက်သည်။

“မဟုတ်ဘူး မင်းက ငါ့ရဲ့ နေရာလွတ်အလင်းကို စမ်းကြည့်ချင်နေတာမဟုတ်ဘူးလား..” ခေါင်းကို လက်တံတစ်ဖက်နဲ့ ကုတ်ရင်း ဆီလီက ပြောလိုက်သည်။

"ဒါဆို ဒီတစ်ခါ မင်းလုပ်နိုင်သမျှလုပ်လိုက်.. မင်းကိုယ်မင်း ဘယ်လောက်အထိ နေရာရွှေ့ပြောင်းနိုင်တယ်ဆိုတာ ငါကြည့်ချင်တယ်"

"ကောင်းပါပြီ" ဆီလီက ၎င်း၏ စွမ်းအင်အနည်းငယ်ကို နောက်ထပ် နေရာလွတ်အလင်းထဲသို့ စုစည်းကာ မျက်လုံးများက ၎င်း၏ ဦးတည်ရာကို တည့်တည့်စိုက်ကြည့်နေသည်။

၎င်း၏ ခန္ဓာကိုယ်သည် လေထဲတွင် တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။

နောက်တစက္ကန့်အကြာမှာတော့ သုံးမိုင်အကွာမှာ ပြန်ပေါ် လာသည်။ ၎င်းသည် နေရာလွတ်အလင်းတစ်ခုတည်းဖြင့် သုံးမိုင်ဖြတ်၍ နေရာလွတ်ရွေ့ပြောင်းနိုင်သည်။

ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ ဒီလိုစွမ်းရည်မျိုးက နယ်ပယ်ထဲမှာ ဘယ်လောက်အသုံးဝင်မယ်ဆိုတာ သူ မသိပေ။ သုံးမိုင်က နှာခေါင်းရှုံစရာမဟုတ်သော်လည်း အလင်းလှိုင်းသည် အရှိန်အမြင့်ဆုံးအကွာအဝေးကို တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့် အတွင်း လိုက်နိုင်သည်။

“ဒီတစ်ကြိမ် နေရာလွတ်အလင်းအများကြီကို စမ်းကြည့်" ဟု ကောင်းဖန်က ပြောလိုက်သည်။

မှုန်ဝါးသောပုံသဏ္ဍာန်အဖြစ် အကွာအဝေးတစ်ခုတွင် ပြန်မပေါ်မီ ဆီလီသည် ထပ်မံပျောက်ကွယ်သွားပြန်သည်။ ၎င်း၏ ခန္ဓာကိုယ်ကို အာရုံမစိုက်နိုင်မီ ဆက်တိုက် ဆက်တိုက် ထွက်ပေါ်လာသော အသံများသည် နောက်တစ်ကြိမ် ပျောက်ကွယ်သွားသည်။ နောက်တော့ လုံးဝပျောက်သွားသည်။

ဆီလီက ဘယ်ကို နေရာရွှေ့ပြောင်းသွားတာလဲ.. ကောင်းဖန်က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ ဒီလူယုတ်မာလေး...

သူဘာပြောရမှန်းမသိခင်မှာ သွေးစာချုပ် ချိတ်ဆက်မှုမှတစ်ဆင့် သူက ဆီလီကို အော်လိုက်သည်။ “ပြန်လာလိုက်တော့”

“ဒါပေမယ့် ကောင်းဖန် ငါဘာပြန်ရမှာလဲ"

"ဒါဆို ချယ်ရီသီးတစ်လုံးဆိုရနိုင်မလား" ကောင်းဖန်က အနည်းငယ် ချိုသာလွန်းသည်။ ဝိညာဉ်၏အလင်းစွမ်းရည်သည် မယုံနိုင်လောက်အောင် ဖြစ်နေသောကြောင့် ဖြစ်သည်။

“ကောင်းဖန် မင်းဆီ ပြန်ဖို့ အရမ်းပင်ပန်းနေပြီ" ဆီလီရဲ့အသံက ကောင်းဖန်ရဲ့ခေါင်းထဲမှာ ရုတ်တရက်ပဲ့တင်ထပ်လာသည်။

သေချာတာတစ်ခုကတော့ ဆီလီသည် ၎င်း၏နေရာလွတ်အလင်းကို အချိန်တိုအတွင်း အကြိမ်များစွာ အသက်သွင်းနိုင်မည် ဖြစ်သည်။

"သွား အနားယူ" ကောင်းဖန်က ဆီလီကိုပြောလိုက်သည်။

ခဏအကြာတွင် ကောင်းဖန်သည် ဆီလီကို စစ်ဆေးရန် သွားကာ ၎င်း၏ သိုလှောင်ခန်း မည်မျှ ချဲ့ထွင်ထားသည်ကို ကြည့်လိုက်သည်။ ၎င်း၏ သယ်ဆောင်ရလွယ်ကူသော နေရာသည် များစွာ ကျယ်ပြန့် လာသည်ကို သူ သိလိုက်ရသည်။ လိုချင်ရင် ယွိကျိုးတက္ကသိုလ်တစ်ခုလုံးကို ထည့်ထားနိုင်လောက်သည်။

ဤအချိန်တွင် ၎င်း၏ သိုလှောင်ခန်းကို မဟာဗျူဟာမြောက် သိုလှောင်မှုနေရာအဖြစ် ပြန်လည် သတ်မှတ်နိုင်သည်။ မြို့တော်တစ်ခုလုံး၏ စားနပ်ရိက္ခာ သိုလှောင်ရုံတစ်ခုလုံးကို ဒီကြီးမားတဲ့ နေရာတစ်ခုတွင် အလွယ်တကူ သိမ်းဆည်းနိုင်သည်။

နောက်ဆုံးတွင် ကောင်းဖန်သည် ဆီလီ၏ တစ်ခုတည်းသော ထိုးစစ်စွမ်းရည်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ "ဆီလီ.. မင်းရဲ့ နေရာလွတ်အုံကြွမှုစွမ်းရည်ကို အသက်သွင်းလိုက်"

ဆီလီသည် သူ့လက်တံများက ပတ်ပတ်လည်တွင် လွင့်ပျံနေသဖြင့် ညည်းညူနေလေသည်။ အဲဒီပတ်ဝန်းကျင်မှာ ဘာမှ ပြောင်းလဲ သွားပုံမပေါ်ပေ။ သို့သော် ကောင်းဖန်သည် သူ့ရှေ့ရှိ နေရာလွတ်ထုထည်၌ တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကို ရုတ်တရက် ခံစား လိုက်ရသည်။ သူ့လက်ချောင်းကို အပေါ်ပင် မတင်နိုင်တော့ပေ။

သူသည် အံ့ဩသွားပြီး သူ့ရှေ့က နေရာကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ဆီလီ၏ နေရာလွတ်အုံကြွမှုစွမ်းရည် အကျိုးသက်ရောက်မှုကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။

“တာ့ဇီ.. ဘာဖြစ်နေတာလဲ မင်းမြင်လား"

တာ့ဇီသည် သူ့ရှေ့မှ တစ်စုံတစ်ခု လွတ်နေပုံရသော နေရာကို စိုက်ကြည့်ရင်း ဘေးဘက်သို့ ခေါင်းညိတ်လိုက်သည်။ ခဏအကြာတွင် "တစ်ခုခုဖြစ်နေပြီ... အကြောင်းတစ်ခုခုကြောင့် ဒီမှာလေက ရုတ်တရက်... ဖိနှိပ်ခံရတယ်လို့ ခံစားရတယ်" ဟု ဆိုသည်။

ကောင်းဖန်သည် ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်ဆီလီကို ကြည့်လိုက်သည်။ ၎င်းသည် နေရာလွတ်အုံကြွမှုစွမ်းရည်ကို အသက်သွင်းနိုင်ရင်တောင် ဖြစ်ပျက်နေသည့်အရာများကို မြင်နိုင်ရန်အတွက် နေရာလွတ်အမျိုးအစားစွမ်းရည်တစ်ခု ကို တပ်ဆင်ထားရမည်ဟု ကောင်းဖန်က တွေးနေသည်။

သဘာဝအားဖြင့် ကောင်းဖန်သည် မည်သည့် နေရာလွတ်အမျိုးအစားကိုမျှ ပြောနိုင်စွမ်းမရှိပေ။ သူက သားရဲလေ့ကျင့်သူသားဖြစ်ပြီး လူနှင့်တူတဲ့ သားရဲမဟုတ်ပေ။

သို့သော် ကောင်းဖန်မှာ သူ့သားရဲများရဲ့ စွမ်းအားမှန်သမျှကို ယာယီအသုံးပြုနိုင်တဲ့ စွမ်းရည်တစ်မျိုးရှိသည်။ အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူများသာ ထိုသို့သောစွမ်းရည်ကို ရရှိနိုင်မည်ဖြစ်သည်။ သူသည် သူ၏ညာလက်ကိုဆီလီ၏ ဦးခေါင်းပေါ်တွင် တင်လိုက်ပြီး နောက်တွင် ဝိညာဉ်နှင့် စတင်ထိတွေ့လိုက်သည်။ တခဏချင်းမှာပဲ ကောင်းဖန်ရဲ့ ခန္ဓာကိုယ်က မှုန်ဝါးလာသည်... သူနေရာကနေ လုံးဝပျောက်ကွယ်သွားတဲ့အထိပင်။

ရုတ်တရက် အေးခဲသွားသည်။ တစ်စက္ကန့်အကြာတွင် ၎င်း၏ လှုပ်ရှားမှုများသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ ကောင်းဖန်သည် ယခုအခါ ထူးခြားသော ရှုထောင့်မှ အရာဝတ္ထုများကို ကြည့်နေသည်။ သူသည် ဆီလီ၏ မျက်လုံးများဖြင့် သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို ကြည့်နေသည်။

ဂျယ်လီငါးအများစုသည် မျက်လုံးများ မပါရှိပေ။ သို့သော် ၎င်းတို့သည် ပတ်ဝန်းကျင်ကို သွားလာနိုင်ရန် ကူညီပေးရန်အတွက် ထူးခြားသော အာရုံခံအင်္ဂါအစိတ်အပိုင်းများ ပိုင်ဆိုင်ထားသည်။

ဆီလီ၏မျက်လုံးများမှတစ်ဆင့် ကောင်းဖန်သည် ၎င်းပတ်ဝန်းကျင်တစ်ဝိုက် ဆယ်မိုင်အကွာအဝေးရှိ အရာအားလုံးသည် ရွှံ့နွံအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်နိုင်သည်။ ဆီလီက ပုံပျက်နေတဲ့ ဖန်သားပြင်ကို ကမ္ဘာပေါ်မှာ တင်ထားသလိုဖြစ်နေသည်။

ဂျယ်လီငါးသည် ၎င်း၏နေရာလွတ်အုံကြွမှုစွမ်းရည်ဖြင့် ၎င်းပတ်၀န်းကျင်ရှိ အစိတ်အပိုင်းများကို ရှုပ်ထွေးနိုင်ပုံရသည်။ ထိုသို့သော အခြေအနေမျိုးတွင် အခြားသားရဲများသည် ၎င်းတို့၏ကိုယ်ပိုင် နေရာလွတ်အမျိုးအစားစွမ်းရည်များကို အသက်သွင်းရန် မည်မျှ ခက်ခဲမည်ကို တွေးကြည့်နိုင်သည်။

ကောင်းဖန်က သူ့အသိစိတ်တွေကို ဆီလီနဲ့ ပေါင်းတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ သူကဆီလီရဲ့စွမ်းရည်ကို ကိုယ်တိုင်စမ်းကြည့်ချင်သည်။ သို့သော် သူ့ခန္ဓာကိုယ်က အစပြုရန်မဟုတ်သောကြောင့် ချက်ချင်းဆွဲထုတ်ရန် မဖြစ်နိုင်ပေ။

ဒါက သူသည် သူ့သားရဲများကို ၎င်းတို့၏ အရည်အချင်းများကို အပြည့်အဝ ထိန်းချုပ် ထားနိုင်စေခြင်းထက် ပိုကောင်းပေလိမ့်မည်။

သူတို့ကိုယ်ခန္ဓာ၏အစစ်အမှန်ပိုင်ရှင်များအနေနှင့် သူ့သားရဲများက ကောင်းဖန်ထက် ၎င်းတို့၏ကိုယ်ပိုင်စွမ်းရည်များကို အသုံးပြုရာတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုပိုမိုရှိသည်။ သူတို့နှင့် ပေါင်းစပ်ခြင်းဖြင့် သူပေးစွမ်းနိုင်သည့် တစ်ခုတည်းသော အားသာချက်မှာ ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ပို၍ ထက်မြက်သော အသိစိတ်တစ်ခု ဖြစ်သည်။

ကောင်းဖန်သည် ဆီလီ၏ အာကာသစွမ်းရည်ကို အသက်သွင်းရန် ကြိုးစားလိုက်သည်။

ကံမကောင်းစွာပဲ ရေခူငါးတွေရဲ့ ခန္ဓာကိုယ်ရဲ့ အသေးအမွှားအချက်တွေကို သူ မသိသေးတာကြောင့် သူ့ရဲ့ ပန်းတိုင်က မိုင် ၁၈၀၀၀ အကွာမှာ ရှိနေသည်။

ကံကောင်းထောက်မစွာ နေရာလွတ်အုံကြွမှုစွမ်းရည်သည် ကျယ်ပြန့်သည်။

သူ၏ရည်ရွယ်ချက်မှာ မအောင်မြင်သော်လည်း အာကာသစွမ်းအင်ထုတ်လွှတ်မှုသည် နေရာလွတ်အုံကြွမှု၏အကွာအဝေးအတွင်းတွင်ရှိနေဆဲဖြစ်သည်။

စွမ်းအင်များက သိသာတဲ့ သက်ရောက်မှုရှိတဲ့ အာကာသ အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ဆူပွက်နေသော ဆီပူဒယ်အိုးထဲသို့ ကျလာသော ရေတစ်စက်ကဲ့သို့ပင် အက်ကွဲစပြုလာသည်။

အာကာသအဆောက်အအုံ ဖရိုဖရဲအခြေအနေကို ကောင်းဖန်က မဖြန့်မီ ရုတ်တရက် စိတ်လှုပ်ရှားနေမိသည်။ ခဏအကြာတွင် ပေါက်ကွဲသည့်နေရာမှ ချွန်ထက်သော ဓားသွားများ ထွက်ပေါ်လာသည်။

"ဘာဖြစ်နေတာလဲ ကောင်းဖန်" သူ့ရှေ့က လေထဲကို ဖြတ်သွားတဲ့ အာကာသ ဓါးသွားတွေကို မြင်လိုက်ရလို့ တာ့ဇီက အော်လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၉၂ သူတော်စင်အဆင့် သမုဒ္ဒရာ အာဏာရှင်

“ဒါက ဆီလီရဲ့ အာကသဓားသွားတိုက်ခိုက်မှုပဲ.. အနှောက်အယှက်ဖြစ်စေတဲ့ အာကသအဆောက်အုံဧရိယာကို ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်တစ်ခုနဲ့ ထိတွေ့လိုက်တာက ဘာဖြစ်သွားနိုင်လဲဆိုတာပဲ” ဟု ဆီလီရဲ့ အသိစိတ်နဲ့ ရောထွေးနေဆဲဖြစ်တဲ့ ကောင်းဖန်က ရှင်းပြလိုက်သည်။

တာ့ဇီသည် ဆီလီကို ဘေးတိုက်ကြည့်ပေးလိုက်သည်။ သူကဖြစ်ညှစ်ပြီးရယ်မောနေပုံရသည်။

ကောင်းဖန် တစ်ပိုင်း ဆီလီက တာ့ဇီကို မကျေမနပ် ကြည့်နေသည်။ "ရယ်စရာတစ်ခုရှိလား"

“မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. ဘာမှမဟုတ်ပါဘူး…” တာ့ဇီက ရယ်မောခြင်းကို အောင့်လိုက်ပြီး အသက်ပြင်းပြင်းရှူပြီးနောက် ပြောလိုက်သည်။

ဆီလီ၏နေရာလွတ်အုံကြွမှုသည် နောက်ထပ် လှုံ့ဆော်မှုတစ်စုံတစ်ရာ မရရှိပါက နေရာလွတ်အမျိုးအစားမဟုတ်သော သားရဲများကို သက်ရောက်မှုရှိပုံမပေါ်ပေ။ သို့သော် ရောနှောမှုထဲသို့ အာကသစွမ်းရည်များကို ထပ်လောင်းထည့်လိုက်ခြင်းက ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေသည်... အနည်းငယ်တော့ ရနိုင်သည်ဟု ကောင်းဖန်က တွေးလိုက်သည်။

ဆီလီ၏ အာကာသဓားသွားတိုက်ခိုက်မှုသည် ၎င်း၏အခြားစွမ်းရည်များထက် ပို၍အန္တရာယ်ရှိသည်။ ကောင်းဖန်သည် သာမန်သားရဲ တစ်ကောင်က ၎င်း၏ထိခိုက်မှုကို လုံးလုံးလျားလျား တားဆီးနိုင်မည်ဟု မထင်ပေ။ ယေဘူယျအားဖြင့် ပြောရလျှင် နေရာလွတ် အမျိုးအစား တိုက်ခိုက်မှုများသည် အခြားသော ဒြပ်စင်အမျိုးအစားများထက် ပျက်စီးဆုံးရှုံးမှုများကို ပိုမိုဖျက်ဆီးနိုင်စွမ်း ရှိသည်။

ကောင်းဖန်သည် ဆီလီ၏ နေရာလွတ်အုံကြွမှုစွမ်းရည်ကြောင့် သက်ရောက်မှုရှိပြီးသား နေရာလွတ်အုံကြွမှုစွမ်းရည်ကို ဆက်လက်လှုံ့ဆော်ပေးမည်ဆိုပါက မည်သို့ဖြစ်လာမည်ကို ရှုမြင်ရန် ဝန်လေးနေသည်။ နောက်ဆက်တွဲအကျိုးဆက်တွေက သူကိုင်တွယ်နိုင်တာထက် ပိုတယ်လို့ ခံစားနေရသည်။

အနည်းဆုံးတော့ ကောင်းဖန်၏ ထင်မြင်ချက်တွင် နေရာလွတ်အုံကြွမှု၏ အရေးအကြီးဆုံး သက်ရောက်မှုမှာ ၎င်း၏ အာကာသကို ထိခိုက်စေနိုင်သော စွမ်းရည်ဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ ဆီလီသည် ပင်လယ်သားရဲနှင့် ထိပ်တိုက်တွေ့စဉ် ၎င်း၏ နေရာလွတ်အုံကြွမှုစွမ်းရည်ကို အသက်သွင်းခဲ့မည်ဆိုလျှင် ၎င်းတို့သည် နောက်ဆုံးတွင် လွတ်မြောက်ဖို့ရန်အတွက် ပို့ဆောင်ခြင်းကို အသုံးပြုရန်အတွက် စိုးရိမ်နေစရာ မလိုတော့ပေ။

ကောင်းဖန်သည် သူ၏စမ်းသပ်မှုများ ပြီးသောအခါတွင် ဆီလီထံကနေ သူ့ကိုယ်သူ ရှင်းထုတ်ပြီး ၎င်း၏ စွမ်းရည်အသစ်များကို ဆက်လက်လေ့ကျင့်ရန် ပြောလိုက်သည်။

ကျွန်းအနီးရှိမှာ သူ့ရဲ့ နေရာလွတ်အုံကြွမှုစွမ်းရည်ကို အသုံးမပြုရန်လည်း သတိပေးထားသည်။

နောက်ရက်အနည်းငယ်ကြာတော့ ကောင်းဖန်သည် ကျွန်းပေါ်တွင် အနားယူရန် ဆုံးဖြတ်ခဲ့ပြီး သူ၏သားရဲအားလုံးက လေ့ကျင့်ရေး အစီအစဉ်များတွင် ပါဝင်နေကြသည်။ သူတို့အားလုံး ကျွန်းပေါ်မှာ နေ့တိုင်း လေ့ကျင့်ပြီး ပြင်းပြင်းထန်ထန် စားသောက်ကြသည်။

ကောင်းဖန်သည် ကမ်းခြေအနီးရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ထိုင်နေပြီး ရုတ်တရက် ပင်လယ်ရေသည် သူ့ရှေ့မှ ဖောင်းလာသည်။ အပြာရောင်သလင်းကျောက်ပါရှိသော ပင်လယ်နဂါးတစ်ကောင်သည် ရေထဲမှ ထွက်လာပြီး ၎င်း၏ပါးစပ်ကို ဖွင့်လိုက်သည်။

ကောင်းဖန်သည် ၎င်း၏ပါးစပ်မှ ပူနွေးနေဆဲဖြစ်သော သလင်းကျောက်ကို ဖယ်ရှားလိုက်သည်။ ကောင်းဖန်ဘေးမှာ ထိုင်နေတဲ့ ဂိုဒီက သူ့ခြေဖဝါးအောက်ကနေ စူးစူးရှရှ အသံတစ်ခု ရုတ်တရက် ကြားလိုက်ရသည်။ မြေပြင်ပေါ်တွင် မီးလောင်ဒဏ်ရာများ ကျန်ရစ်ခဲ့သည်။

"ကောင်းဖန်.. ဒါက ဖလိန်မီအတွက်လား” ဂိုဒီက စိတ်ဝင်တစား မေးသည်။

ဂိုဒီကို ငုံ့ကြည့်ရင်း ကောင်းဖန်က "ဟုတ်တယ်.. မင်းမိန်းကလေးအတွက်ပဲ" ဟုပြောလိုက်သည်။

ဂိုဒီက သူ့ကို မျက်လုံးပြူးကျယ်နဲ့ ကြည့်နေသည်။ ထို့နောက် သိသိသာသာ ခေါင်းယမ်းလိုက်သည်။ "ဘာအကြောင်းပြောနေတာလဲ.. မင်းပြောတဲ့ စကားကို ငါနားမလည်ဘူး"

ကောင်းဖန်က ရယ်မောလိုက်သည်။ ငြင်းစရာအကြောင်းမရှိပေ။ ငါးစားဖို့ မင်း ဖလိန်မီကို ပင်လယ်ပြင်ကို ခေါ်သွားတာတောင် မြင်ဖူးတယ်.. ဖလိန်မီက ငါးရှာရင်း မင်းက ရေထဲမှာ ကူးနေတယ်လေ.. အဲဒါကို အချစ်နေ့စွဲလို့ ခေါ်တယ်..

ဒါကို ကောင်းဖန်ထံ သတင်းပို့တာက ပဉ္စမမြောက် ကလေးဖြစ်သည်။

ဖြစ်ပျက်နေတာကိုမြင်တဲ့ အချိန်မှာ ကိုယ်ပျောက်ပုံစံနဲ့ ဖြတ်သွားခဲ့တာဖြစ်သည်။ အကယ်၍ ပဉ္စမမြောက် ကလေးကြောင့်သာ မဟုတ်ပါက ဂိုဒီနှင့် ဖလိန်မီတို့ရဲ့ ချိန်းတွေ့မှု အကြောင်းကို မည်သူမျှ သိမည်မဟုတ်ပေ။

သို့သော်လည်း ကောင်းဖန်သည် ဤအချက်ကြောင့် အလွန်အံ့အားသင့်သွားခဲ့သည်။

ဖလိန်မီသည် အမြဲတမ်း ဂုဏ်ယူစရာ ကောင်းသော ငှက်တစ်ကောင်ဖြစ်သော်လည်း ဂိုဒီသည် အုပ်စုရဲ့ အတောက်ပဆုံးမဟုတ်ပေ။ သူတို့ နှစ်ယောက် ဘယ်အချိန်က စပြီး တွဲနေလဲ မသိပေ။ ငှက်နှစ်ကောင်သည် အချိန်တိုင်း ပင်လယ်ပြင်တွင် အတူတကွ အချိန်ဖြုန်းနေခဲ့သည်။

“ကောင်းပြီ မင်းတို့နှစ်ယောက်ကြားက ဘာတွေဖြစ်နေလဲ ငါ ဂရုမစိုက်ဘူး.. မင်းတို့နှစ်ကောင်က ဘဲ-ကြိုးကြာကလေးတစ်အုပ်ကိုသာ အိမ်ကိုယူမလာဖြစ်အောင် သေချာလုပ်” ဟု ကောင်းဖန်က ပြောလိုက်သည်။ ထို့နောက် သူသည် အပြာရောင်သလင်းကျောက်ကို ဂိုဒီ ထံသို့ ပစ်ချလိုက်သည်။ “ဒါက ပင်လယ်တောင်မီးကျောက်သလင်းပဲ.. ပင်လယ်တောင် ချော်ရည် အနှစ်သာရပါရှိတယ်.. ဖလိန်မီက ဒါနဲ့အတူ သူ့ရဲ့မီးတောက်စွမ်းအားကို တိုးမြှင့်နိုင်သင့်တယ်”

ဂိုဒီသည် သူ့လက်ထဲတွင်ရှိသော သလင်းကျောက်ကို ခံစားလိုက်ရသည်။ "ငါနားလည်ပါတယ်.. အဲဒါက ပိုကောင်းမယ် ထင်တယ်" ၎င်းသည်ကောင်းဖန်ထံမှ လစဉ်လုပ်ခလစာ ရရှိထားသကဲ့သို့ဖလိန်မီကို ရှာဖွေရန် ပျော်ရွှင်စွာ ထွက်ခွာသွားသည်။

တောင်၏အခြားတစ်ဖက်တွင် ဖလိန်မီသည် တစ်စုံတစ်ရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို သိသိသာသာမြင်နေရသည်။ အဝေးက ဂိုဒီကို မြင်လိုက်ရတော့ ဖလိန်မီက သူ့ဆီ ပြေးသွားပြီး “ကောင်းဖန်က ဘာပြောတာလဲ.. နင်ဘာလို့ဒီလောက်ကြာတာလဲ.. ငါတို့နှစ်ယောက်ကြားက ဘာတွေဖြစ်နေတယ်ဆိုတာ သူသိနေလား" ဟု မေးလိုက်သည်။

“ကောင်းပြီ မင်းရဲ့ ကောင်းဖန်က…” ဂိုဒီက စလိုက်သည်။

"မင်းတို့ ဆိုတာ ဘာကို ဆိုလိုတာလဲ.. သူက နင့်ရဲ့သခင်လည်းမဟုတ်ဘူးလား" ဂိုဒီကို မျက်လုံးပြူးပြပြီး ဖလိန်မီက ပြောသည်။

"ဟုတ်တယ်.. ဒါကိုပဲ ပြောမလို့.. ငါတို့ ကောင်းဖန်” ဂိုဒီက တောင်းပန်ပြီး ရယ်မောလိုက်သည်။ ထိုအချိန်တွင် တစ်ကိုယ်လုံးတွင် တက်တူးထိုးထားသည့် ပေ ၂၀ ရှိသော ဘဲတစ်ကောင်သည် ရုတ်တရက် နှစ်လသား ဘဲတစ်ကောင်အဖြစ်သို့ ရုတ်တရက် လျော့ကျသွားသည်။

"ကောင်းဖန်က ငါ့ကို မင်းဆီကို ဒါပေးခိုင်းတယ်...ဒါက ပင်လယ်တောင်မီးသလင်းကျောက်ပါ" သူက နွေးထွေးတဲ့ အပြာရောင် သလင်းကျောက်ကို ဖလိန်မီထံသို့ ပေးအပ်လိုက်သည်။

ဖလိန်မီက တစ်ကျိုက်တည်း မျိုချလိုက်သည်။ အစိမ်းရောင်မီးတောက်များသည် ၎င်း၏ဝမ်းဗိုက်မှ ထွက်ပေါ်လာပြီး ကြည်လင်သော အပြာရောင် အရည်အဖြစ်သို့ အရည်ပျော်သွားသည်။ ရက်စက်ကြမ်းကြုတ်သောဝံပုလွေတစ်ကောင်ကဲ့သို့ပင် အစိမ်းရောင် မီးတောက်များက အပြာရောင်အရည်များကို အညှာအတာမဲ့ တိုက်ခိုက်နေသည်။

“ကောင်းဖန်က သိတယ်” ဟု ဂိုဒီက အသံတိုးတိုးဖြင့်ပြောသည်။

"ဘာ" အပြာရောင်သလင်းကျောက်ကို ချေဖျက်ပြီးသောအခါ ကြို့ထိုးသံများပင် ထွက်လာသည်။ နှုတ်သီးမှ အဖြူရောင်မီးခိုးများ ထွက်နေသေးသည်။ ဂိုဒီပြောတာကို ကြားတော့ သူ့လည်ချောင်းထဲက လည်ပင်းအစ်သံ ထွက်လာသည်။

"ကောင်းရော နင် သူ့ကို သတင်းတစ်ခုခုပြောခဲ့တာလား" ဖလိန်မီက ပျာယာခတ်သွားသည်။

"မဟုတ်ဘူး.. ငါကျိန်ဆိုတယ်.. ငါသူ့ကိုဘာမှမပြောဘူး.. ငါအဲလောက်မမိုက်ဘူး.. ကောင်းဖန်က သူ့ဘာသာသူ ကောက်ချက်ချနိုင်တာ" ဟု ရှင်းပြဖို့ အသည်းအသန်ကြိုးစားနေတဲ့ ဂိုဒီက ပြောလိုက်သည်။

ဖလိန်မီက ပိုစိုးရိမ်လာသည်။ ခဏအကြာတွင် သူက "ငါတို့နှစ်ယောက်ကြားက ဘာတွေဖြစ်နေလဲဆိုတာကိုကောင်းဖန်က သိပြီးသားမို့ တစ်ချိန်လုံး မတွေ့တာက ငါတို့အတွက် အကောင်းဆုံးလို့ ငါထင်တယ်" ထို့နောက် ဂိုဒီကို နောက်ပြန်မလှည့်ကြည့်ဘဲ ပျံသန်းသွားလိုက်သည်။

ဂိုဒီသည် အထီးကျန်ဆန်ပြီး ရှုပ်ထွေးနေသော မျက်နှာဖြင့် ထိုနေရာတွင် ရပ်နေလိုက်သည်။ဖလိန်မီသည် အဝေးသို့ ထွက်သွားသည်ကိုမြင်ပြီးနောက် ဂိုဒီသည် ၎င်း၏လက်ဗလာများကို ငုံ့ကြည့်လိုက်သည်။ ငါတစ်ခုခုမှားခဲ့သလား..

ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ကမ်းခြေပေါ်သို့ ကျရောက်သွားသည်။ ခဏကြာတော့ ခေါင်းကြီးတစ်ခုက ရေထဲမှ ထွက်လာသည်။ သမုဒ္ဒရာ၏ နက်နဲရာအရပ်မှ တက်လာသော နတ်ဆိုးတစ်ကောင်နှင့်တူသည်။ ၎င်း၏ ခန္ဓာကိုယ်ကို ထူးဆန်းသော အမှတ်အသားများဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏ပါးစပ်တွင် သွားဆယ်တန်းကျော်ဖြင့် စီတန်းထားသည်။

စိတ်လေးဖွယ်ရာ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။

သတ္တဝါသည် ရေထဲမှ ခုန်ထွက်ကာ ပင်လယ်ထဲသို့ ပြန်မဆင်းမီ လေထဲတွင် အနည်းငယ် လှုပ်ယမ်းသွားသည်။ ရေထဲသို့ ပြန်ကျသွားသည်နှင့် တပြိုင်နက် မမြင်နိုင်သော လှိုင်းလုံးကြီးက ၎င်း၏ ဝင်ပေါက်နေရာမှ ပျံ့နှံ့သွားသည်။ နောက်တစ်စက္ကန့်အကြာတွင် အလင်းတန်း တစ်ခုသည် အားကြီးသောအလင်းတိုင်တစ်ခုအဖြစ် ရေထဲမှ မထွက်မီ ပင်လယ်မျက်နှာပြင်ကို ဖြတ်၍ စီးဆင်းသွားသည်။

တခဏချင်းမှာပဲ အပြာနဲ့ အဖြူ အရိပ်တွေက ကမ္ဘာကြီးကို လွှမ်းသွားသည်။

အခြားအရာအားလုံးအပေါ်ကို လှိုင်းလုံးကြီးများက လွှမ်းနေချိန်တွင် လေသည် ပြင်းထန်စွာ တိုက်ခတ်နေတော့သည်။ သတ္တဝါကို ပင်လယ်နတ်ဘုရား ပိုဆိုက်ဒန်နဲ့မည်သူမဆို မှားမိနိုင်သည်။

[သားရဲ အမည်] - သမုဒ္ဒရာ အာဏာရှင်

[သားရဲ အဆင့်] - အဆင့် ၈၁ ( သူတော်စင် အဆင့်)

[သားရဲ စွမ်းရည်ဆင့်] - မော်ကွန်းတင်/ အဆုံးမဲ့

[သားရဲ အမျိုးအစား] - ရေ

[သားရဲ စွမ်းဆောင်ရည်] - ဒဏ္ဍာရီကိုယ်ထည်အဆင့် ၇ ၊ ပင်လယ်၏သားတော် အဆင့် ၇ ၊ အားဖြည့်အကိုက်အဆင့် ၆၊ မုန်တိုင်းစွမ်းအားအဆင့် ၇

[သားရဲ လက္ခဏာ] - တိုက်စားမှု (အကျိုးသက်ရောက်မှု ၁ - ၎င်းသည် မွေးရပ်မြေသြဇာလွှမ်းမိုးမှုဖြင့် ၎င်း၏အနီးတစ်ဝိုက်တွင် နေထိုင်သည့် ပင်လယ်သတ္တဝါများကို ဖောက်ပြန်ပျက်စီးစေနိုင်သည်။

အကျိုးသက်ရောက်မှု ၂ - ၎င်း၏သြဇာလွှမ်းမိုးမှုနယ်ပယ်ကြောင့် ပျက်စီးသွားသောသူများကိုလည်း ၎င်းမှကျွန်ခံစေမည်ဖြစ်သည်။

ပင်လယ်နက်အစာအိမ် (၎င်း၏အစားကြူးခြင်းနှင့် အစားအသောက်အပေါ် စွဲလမ်းမှုတို့က ၎င်း၏ခံတွင်းကို အန္တရာယ်အရှိဆုံး လက်နက်အဖြစ် ပြောင်းလဲစေသည်။

အကျိုးသက်ရောက်မှု ၁ - ၎င်းသည် ၎င်း၏ပါးစပ်ထက်သေးငယ်သော သားကောင်ကို ကိုက်ခြင်းဖြင့် ပိုမိုပျက်စီးမှုကို ခံနိုင်ရည် ရှိသည်။ ၎င်း၏ကိုက်ခံစွမ်းအားသည် အလိုအလျောက် + ၁ မြှင့်တင်မှုကို ရရှိသည်။

အကျိုးသက်ရောက်မှု ၂ - ၎င်း၏ပါးစပ်အတွင်း မည်သည့်အရာမဆို သမုဒ္ဒရာ အာဏာရှင်၏ ပင်လယ်ရေနက် အစာအိမ်၏ ကျိန်စာအောက်တွင် ရှိနေသည်။ ခုခံအားတွေ သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။

[သားရဲဖော်ပြချက်] - မကြာသေးမီကမှ ၎င်း၏ဘုရားအဆင့်အတန်းကို ရုတ်သိမ်းပြီး ၎င်း၏နတ်ခန္ဓာကို ဖျက်ဆီးပြီးနောက် နတ်ဘုရားအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသော နတ်ဘုရားတစ်ပါး ဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် များစွာဖြတ်သန်းခဲ့ရသူ ဖြစ်သည်။

All Chapters