← Chapters

အခန်း (၅၉၃-၅၉၆)

Vol. 38 Ch. 593-596

အခန်း (၅၉၃-၅၉၆)

Vol. 38 Ch. 593-596

အခန်း ၅၉၃ ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်

ပင်လယ်ဝတုတ်က သူတော်စင်အဆင့်သို့ တက်သွားပြီ ဖြစ်သည်။ ကျွန်းပေါ်ရှိ သားရဲတိုင်းသည် ပင်လယ်ပြင်တွင် ရုတ်တရက် ပြောင်းလဲ သွားသည်ကို ခံစားသိရှိပြီး ၎င်းတို့၏ တုံ့ပြန်မှုများမှာ မတူညီကြပေ။

သူတို့အားလုံးက ကောင်းဖန်၏ သားရဲများဖြစ်သော်လည်း ၎င်းတို့ကြားတွင် ပြိုင်ဆိုင်မှုများရှိနေဆဲဖြစ်သည်။ သူတို့က အများကြီး ရှိနေပြီး သားရဲလေ့ကျင့်သူကတစ်ဦးတည်းသာ ရှိသောကြောင့် ဒါကို မျှော်လင့်ထားရမည်ဖြစ်သည်။ သူတို့အတွက် အမှန်တကယ် အရေးကြီးတာက ကောင်းဖန်ရဲ့ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။

ဒန်ဘီသည် အဆင့်တက်လာတဲ့ ပင်လယ်ဝတုတ်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

စူးစူးရဲရဲ အကြည့်က သူ့မျက်နှာကို ရုတ်တရက် ဖြတ်သွားသည်။ သူသည် မတ်တပ်ရပ်ပြီး နန်းတော်ရှေ့သို့ လျှောက်သွားကာ ညာလက်ကို ဆန့်ထုတ်လိုက်သည်။

ပင်လယ်ရေမျက်နှာပြင်သည် အငွေ့ပျံပြီး ပြင်းထန်စွာ ပွက်ပွက်ဆူလာသည်။ အရိုးများသည် ပင်လယ်ရေအောက်မှ ထွက်လာပြီး မျက်နှာပြင်ပေါ်တွင် အရိုးအလွှာတစ်ခု ဖြစ်ပေါ်လာသည်။ တစ်ခါတရံတွင် အရိုးအလွှာများအောက်မှ ကြီးမားသောအရိုးပုံစံများ ဖြတ်သန်းကူးခတ်ကာ ၎င်းတို့၏ ဝိညာဉ်မီးတောက်များသည် ရေအောက်တွင် တောက်ပနေသည်။

ဖုတ်ကောင်ယောက်သွားသည် ၎င်း၏အခွံကိုဖွင့်၍ အသားမရှိတဲ့ အတွင်းပိုင်းကို ထုတ်ဖော်ပြသနေသည်။ ၎င်း၏အခွံအတွင်းပိုင်းတွင် စီတန်းထားသော ကျောရိုးနှင့်တူသည့်အရိုးများကို ခရမ်းရောင်မီးတောက်က တောက်ပစွာ လောင်ကျွမ်းသွားသည်။ ထို့နောက်တွင် ယုနတ်ဆိုးအရိုးစုသစ်တော၏ အရိုးများသည် သူ့အလိုလို ပြန်လည်စုပုံလာသည်။ ပင်လယ်က အရိုးစုသုခဘုံသဖွယ် ဖြစ်လာသည်။

ပင်လယ်ရေအောက်မှ ရုတ်တရက် ပေါက်ကွဲသံက ကျွန်းကို လှုပ်ခတ်သွားသည်။ ခဏကြာတော့အလွန်ကြောက်စရာကောင်းတဲ့ စူးစူးရှရှအော်သံက လေထဲကို ထိုးဖောက်ဝင်ရောက်လာသည်။

လှိုင်းလုံးကြီးတွေက အပြင်းအထန်ရိုက်ခက်နေသည်။ အရိုးအလွှာတွေက ပေါက်ကွဲပြီး သူတို့ရဲ့ အပိုင်းအစတွေဟာ ပင်လယ် ရေမျက်နှာပြင် အနှံ့ ပြန့်ကျဲနေသည်။ မြေဆွေးမှပေါက်နေတဲ့ ခိုင်ခံ့သောအပင်ကဲ့သို့ ရေထဲမှ နက်မှောင်သောပုံသဏ္ဍာန် တစ်ခု ထွက်ပေါ်လာသည်။

အဆုံးမရှိသော အနက်ရောင် မြူခိုးများက ပင်လယ်မှ တက်လာပြီး သေခြင်း၊ ကြောက်ရွံ့ခြင်း၊ ရူးသွပ်ခြင်း၊ ငြိုငြင်ခြင်း၊ အကြမ်းဖက်မှု နှင့် အခြားအရာများကို ကမ္ဘာသို့ ယူဆောင်လာသကဲ့သို့ ခြိမ်းခြောက်နေသည်။ မှောင်မိုက်တဲ့အရိပ်အယောင်ရှိတဲ့ နတ်ဆိုးသစ်ပင်သည် သမုဒ္ဒရာအလယ်တွင် အမြစ်စွဲနေပြီး ၎င်း၏အကိုင်းအခက်များသည် ကောင်းကင်၏ကြီးမားသောအပိုင်းကို ပိတ်ဆို့ထားသည်။

နတ်ဆိုးပင်၏ အမြစ်များမှ အလင်းတန်းများ ဖြာထွက်နေသည်။ အလင်းဖြင့် ထိမိသော ဖုတ်ကောင်များအားလုံးတွင် ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာသည်။

ရေထဲမှာ အလုပ်လုပ်နေတဲ့ ဆယ်ပေရှည်သော အရိုးစုငါးတစ်ကောင်ပေါ်ကို ရုတ်တရက် သစ်ပင်၏အလင်းရောင်က ဝန်းရံလိုက်သောအခါ ၎င်း၏ ခန္ဓာကိုယ်သည် မှောင်မိုက်သော မြူခိုးထဲတွင် နစ်မြုပ်နေပြီး အရိုးများ ပိုသန်မာလာပြီး သွားများကပို၍ ဆိုးသွမ်းလာသည်။

အခု သူ့မျက်လုံးထဲမှာ သွေးရောင်တွေနဲ့နီရဲနေသည်။ လှိုင်းလုံးကြီးများအောက်မှ သားကောင်များကို ရှာဖွေဖို့ရန် အတွက် ယခင်ကထက် ပိုမိုလျင်မြန်စွာ ကူးခတ်သွားသည်။

ပင်လယ်ဝတုတ်က သမုဒ္ဒရာကို ပြန်ကြည့်သည်။ ဒီအတွက် ဆိုးရွားတဲ့ ခံစားချက်တစ်ခု ရှိနေသည်။

သားရဲအများစုအတွက် ဖုတ်ကောင်အမျိုးအစားများမှ မည်သည့်ကောင်းကျိုးမှ မရနိုင်ပေ။ မသေမျိုးဖြစ်တည်မှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ၎င်းတို့၏တည်ရှိမှုသည် ဘဝသဘောတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

မည်းမှောင်နေတဲ့သစ်ပင်က ရက်စက်ကြမ်းကြုတ်သောအရိပ်တစ်ခုကဲ့သို့ သမုဒ္ဒရာ၏မျက်နှာပြင်ကို ဖြတ်သွားပုံရသည်။ ဒန်ဘီ၏ လက်ဖဝါးဆီသို့ ပျံသန်းလာစဉ် ၎င်းသည် ကျုံ့လာသည်။

ဒန်ဘီက သူ့လက်တစ်ဝက်ကို ပိတ်လိုက်သည်။ ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင် ၏ အမြစ်များသည် ဒန်ဘီ၏ လက်ချောင်းများတွင် ရစ်ပတ် ထားသည်။ ၎င်း၏အောက်ခြေကို ဒန်ဘီ၏လက်ဖဝါးပေါ်တွင် ခိုင်ခံ့စွာတွယ်ထားပြီး ယင်းမှတဆင့် သစ်ပင်၏ခန္ဓာကိုယ်မှ ဖြာထွက် နေသော အလင်းကွင်းများကိုစုပ်ယူသည်။ နတ်ဆိုး၏လက်ချောင်းများကဲ့သို့ ဆုပ်ကိုင်ထားသည့် သစ်ပင်၏ အကိုင်းအခက် ကောင်းများသည် စွဲမက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေပုံရသည်။

ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်သည် သူ့ကိုယ်တွင်း၌ မလိုလားအပ်သော စွမ်းအင်ခြောက်မျိုးလုံးကို စုစည်းထားသည်။ အကြမ်းဖက်ခြင်း၊ သွေးထွက်သံယို၊ ကြောက်ရွံ့မှု၊ သေဆုံးမှု၊ ငြိုငြင်မှုနှင့် စိတ်ပျက်အားငယ်မှု တို့ဖြစ်သည်။ အခုတော့ အရှင်သခင်အဆင့်ကို ရောက်ဖို့ နီးကပ်နေပြီ ဖြစ်သည်။ သူတော်စင်အဆင့်သို့ရောက်ရန် ဤအချက်များမှ သတ္တမမြောက် စွမ်းအင်ပုံစံကို စုပ်ယူရန်သာ လိုအပ်သည်။ ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်သည် အပျက်သဘောဆောင်သော စွမ်းအင် အမျိုးမျိုးကို စုပ်ယူခြင်းဖြင့် စဉ်ဆက်မပြတ် ပြောင်းလဲနိုင်သည်။

ဒန်ဘီသည် ငရဲသစ်ပင်ကို လက်တစ်ဖက်တည်း ကိုင်ဆောင်ကာ နန်းတော်မှ ထွက်သွားလိုက်သည်။ ၎င်းကနောက်ပိုင်းတွင် ဒန်ဘီ၏ အသုံးအဆောင်ပစ္စည်းများထဲမှ တစ်ခုဖြစ်လာခြင်းကို စိတ်ထဲထားပုံ မပေါ်ပေ။

ကောင်းဖန်က သူ့ သားရဲတွေအားလုံးကို ဆင့်ခေါ်လိုက်သည်။ သူ့ပတ်ဝန်းကျင်မှာ အားလုံးစုဝေးနေကြချိန်မှာ ကောင်းဖန်က ပြောလိုက်သည်။ "ငါတို့ ထွက်ဖို့ အချိန်ရောက်ပြီထင်တယ်.. မင်းတို့အားလုံး ဒီနေရာကနေ အများကြီး ရခဲ့ကြတယ်ဆိုတာ သေချာပေမယ့် အချိန်အကြာကြီး လေ့ကျင့်တာတောင် အမှတ်အများကြီးမရခဲ့ကြဘူး ပြီးတော့ တခြားလူတွေကိုတော့ မင်းရဲ့ လေ့ကျင့်မှုရဲ့ အသီးအပွင့်တွေကို ထုတ်မပြတာ ကောင်းမယ်.. မင်းတို့သဘောတူမလား... စကားမစပ် ဒီလမ်းမှာတွေ့ခဲ့တဲ့ ဝင်္ကပါတွေကို မင်းတို့အားလုံး မှတ်မိကြသေးလား"

“မှတ်မိတယ်”

အဲဒီက သတ္တဝါတွေအကြောင်း အိပ်မက်ဆိုးတွေ မက်နေတုန်းပဲ” ဟု ဆီလီက ဝန်ခံလိုက်သည်။

“ဝင်္ကပါတွေရဲ့ ရတနာတွေက အစကတည်းက ငါတို့ရဲ့ ဥစ္စာပဲ.. ဒါပေမယ့် အဲဒီ အရှက်မဲ့တဲ့ အကောင်တွေက ငါတို့ရှေ့မှာတင် ယူသွားတယ်” ဟု ခြင်္သေ့ဖြူက ပြောလိုက်သည် ။

အဲဒီတုန်းက သူတို့နဲ့ မရှိခဲ့တဲ့အတွက် တာ့ဇီက သူတို့ဘာတွေပြောနေမှန်းကို မသိပေ။ "မင်းတို့ ဘာဝင်္ကပါတွေပြောနေတာလဲ” ဟု မေးလိုက်သည်။

“တကယ့်ကို အကြီးကြီးတွေပဲ.. ဝင်္ကဘာတစ်ခုစီက မြို့တစ်ခုလို ကြီးမားပြီး အားလုံးက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ” ဟု ဖလိန်မီက ရှင်းပြသည်။

"စားလို့ရလား" တာ့ဇီက မေးလိုက်သည်။ အဲဒီတုန်းက ကောင်းဖန်နဲ့ တခြားသူတွေနဲ့ အတူမရှိခဲ့တာ ရှက်စရာပဲ..

“ဒါပေမဲ့ ဝင်္ကပါတိုင်းကို အစွမ်းထက်တဲ့ သားရဲတစ်ကောင်က ကာကွယ်ထားတယ်.. ငါတို့ထဲက တစ်ယောက်ကမှ သူတို့အတွက် ပြိုင်ဘက်မဟုတ်ခဲ့ဘူး” ဟု ဖလိန်မီက ထပ်လောင်းပြောလိုက်သည်။

တာ့ဇီက ၎င်း၏ တင်းကျပ်မှုများကို စိတ်ချလက်ချ လျှော့ချလိုက်သည်။ "စိတ်မပူပါနဲ့.. ငါတို့မှာ ဒန်ဘီနဲ့ ပင်လယ်ဝတုတ်ရှိတယ်"

သားရဲအဖွဲ့သည် လာမည့်ခရီးစဉ်အတွက် အစားအစာရိက္ခာကို မည်သို့ခွဲတမ်းချရမည်ကို စတင်ဆွေးနွေးလိုက်ကြသည်။

အခြားသားရဲများနှင့်မတူဘဲ နဂါးသတ်ခြင်းအခန်းသည် အာဟာရဖြည့်တင်းရန်မလိုအပ်သောကြောင့် စကားဝိုင်းတွင်ပါဝင်ရန် အကြောင်း မရှိသောကြောင့် ဆက်လက်ပြောဆိုနေသည့်စကားများကို နားထောင်ရင်း ထောင့်တစ်နေရာမှ စာမျက်နှာများကို လှည့်ကြည့်လိုက်သည်။

…

နောက်ဆုံးတွင် ကမ်းရိုးတန်းသည် မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာသည်။ စတုတ္ထကလေးသည် ၎င်းဆီသို့ သက်တောင့်သက်သာ ပျံသန်းနေပြီး နိုးလာချိန်တွင် ၎င်း၏ ငွေရောင်အတောင်ပံများသည် အလင်းတန်းတစ်ခု ထွက်လာသည်။

ဒီလမ်းကြောင်းအတိုင်း ပျံသန်းနေတာ တစ်လလုံးလုံးဖြစ်သည်။ ၎င်း၏ မွေးရာပါ သားရဲစရိုက်များကြောင့် စတုတ္ထကလေးသည် ပုံသေလမ်းကြောင်းအတိုင်း ပျံသန်းနေသဖြင့် ၎င်း၏အရှိန်ကို ဖြည်းဖြည်းချင်း မြှင့်တင်နိုင်သည်။ တစ်လကြာ ပျံသန်းပြီးနောက် ယခုအခါ အန္တရာယ်ဖြစ်လောက်သော အရှိန်ဖြင့် ပျံသန်းနိုင်ပြီ ဖြစ်သောကြောင့် တာ့ဇီထက် နှစ်ဆပိုမြန်သည်။

နောက်တစ်စက္ကန့်အကြာတွင် ကမ်းရိုးတန်းအထက်တွင် တိုက်ရိုက်ပေါ်လာသည်။ ကောင်းဖန်က ဘာတွေဖြစ်နေမှန်း မသိခင်မှာ စတုတ္ထကလေးက ကမ်းရိုးတန်းကို သူတို့ နောက် အဝေးဆုံးမှာချန်ခဲ့လိုက်သည်။

ကောင်းဖန်က ရပ်တန့်ဖို့ မတောင်းဆိုပေ။ ဤသည်မှာ ကမ်းရိုးတန်းတစ်ခုသာ ဖြစ်သည်။

ဝင်္ကပါများသည် ပြည်မကြီး၏ တောင်ဘက်တွင် နက်ရှိုင်းစွာ တည်ရှိသည်။ သူသည် သူ့အောက်က ကျယ်ပြောလှသော မြေကြီးကို စူးစူးစိုက်စိုက် ငုံ့ကြည့်နေသည်။ ရုတ်တရက် တစ်စုံတစ်ခုကို လှမ်းမြင်လိုက်ရသည်။

"ရပ်လိုက်.. စတုတ္ထကလေး"

သူတို့နှင့် သိပ်မဝေးလှသောနေရာတွင် သာမန်ပုံသဏ္ဍာန်ရှိ ဝင်္ကပါကြီးတစ်ခုရှိသည်။ ထိုအရွယ်အစားရှိသော ဝင်္ကပါတစ်ခုကို ဧကရာဇ်အဆင့် သို့မဟုတ် အောက်နိမ့်သော သားရဲများကိုသာ ကိုင်တွယ်နိုင်သည်။ ထိုအချိန်တွင် တစ်စုံတစ်ခုက ၎င်း၏ဘွဲ့အတွက် ဝင်္ကပါသခင်အား စိန်ခေါ်နေပုံရသည်။

စတုတ္ထကလေး နီးကပ်လာသောအခါတွင် ဧကရာဇ်အဆင့် သားရဲနှစ်ကောင်သည် ၎င်းတို့၏တိုက်ပွဲကို ရပ်တန့်ကာ နောက်က ရောက်လာ သူကို သတိကြီးကြီးထားကာ ကြည့်နေလေသည်။ အသစ်ရောက်လာသူသည် သူတို့ကိုယ်သူတို့ကဲ့သို့ ဧကရာဇ်အဆင့် သားရဲတစ်ကောင်ဖြစ်ကြောင်း ခံစားသိရှိနိုင်ပြီး စတုတ္ထကလေးက ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးတည်းဖြင့် သတ်နိုင်သည့် အခွင့်အရေးကို ပေးစွမ်းနိုင်သောကြောင့် အချင်းချင်း ဆက်လက်တိုက်ခိုက်ခြင်းထက် ပိုမိုကောင်းမွန်ကြောင်း သိရှိနိုင်ကြသည်။

တောင်ဘီလူးသည် ဒေါသတကြီးဖြင့် မြေကြီးတစ်တုံးကို မြေကြီးပေါ်မှ မကာ စတုတ္ထကလေးထံ ပစ်လိုက်ပြီး ၎င်း၏ရောက်ရှိနေခြင်းကို ဤနေရာမှ မကြိုဆိုကြောင်း အသိပေးလိုက်သည်။ အလင်းရောင်အလျင်နှင့်အတူ စတုတ္ထကလေး၏အတောင်ပံများသည် ဝင်လာသောမြေကြီးများကို သပ်သပ်ရပ်ရပ်နဲ့အပိုင်းလေးပိုင်းဖြစ်အောင် ပိုင်းဖြတ်လိုက်ကြသည်။

တောင်ဘီလူးနှင့် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသော မယ်ဒူဆာသည် နောက်ရောက်လာသူကို မျှော်ကြည့်လိုက်သည်။ စတုတ္ထကလေးကို မသိသော်လည်း အကြောင်းတစ်ခုခုကြောင့် ၎င်းထုတ်လိုက်သော ရောင်ဝါနှင့် ပတ်သက်၍ ရင်းနှီးတဲ့ အရာတစ်ခု ရှိနေသည်။

"မတွေ့တာတောင်ကြာပြီ" ကောင်းဖန်က စတုတ္ထကလေး၏ နောက်ကျောမှ ခေါင်းကို ထုတ်ကာ မြေပြင်ပေါ်ရှိ သားရဲနှစ်ကောင်ကို လက်ဝှေ့ယမ်းကာ ရွှင်မြူးစွာပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၉၄ တောင်ဘီလူး ထွက်ပြေးခြင်း

စတုတ္ထကလေးနောက်ကနေ ခေါင်းညိတ်ပြနေတဲ့ ကောင်းဖန်ကို မြင်တာနဲ့ မယ်ဒူဆာက ချက်ချင်း မှတ်မိလိုက်သည်။ သုံးနှစ်ကြာခဲ့သော်လည်း ဝင်္ကပါတစ်ခုတွင် အချိန်အများစုကို ကုန်ဆုံးခဲ့သူတစ်ဦးအတွက် ကောင်းဖန်သည် မှတ်သားထိုက်သူဖြစ်သည်။

"ဒီကောင်ကို မင်းအတွက် ဂရုစိုက်ပေးလိုက်စေချင်လား" ကောင်းဖန်က တောင်ဘီလူးကို ညွှန်ပြလိုက်သည်။

တောင်ဘီလူးသည် ကျောက်တုံးအမျိုးအစား သားရဲတစ်ကောင်ဖြစ်သည်။ ကျောက်ဖြစ်သွားမှုကို ခံနိုင်ရည်ရှိမှုသည် ၎င်း၏ အကျိုးသက်ရောက်မှု စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ကိုယ်ထည်ကို ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီးဖြစ်သောကြောင့် ကျောက်ဖြစ်သွားမှုသည် ၎င်းအပေါ်တွင် အနည်းငယ်မျှ အကျိုးသက်ရောက်မှုမရှိပေ။

ကျောက်တုံးအဖြစ်ပြောင်းဖို့ ကြိုးစားတာက ငါးကို ရေနစ်ဖို့ ကြိုးစားတာနဲ့ အတူတူပင်။

မယ်ဒူဆာက ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ ဤအချိန်တွင် အကူအညီအချို့ကို ငြင်ဆန်စရာမလိုပေ။ တောင်ဘီလူးနဲ့ မယှဉ်နိုင်ဘူးဆိုတာ သိပေမယ့် နောက်တော့ သူက အဲဒါကို အသာရအောင်ကြိုးစာနိုင်မှန်းလဲသိသည်။ မဟုတ်ပါက ဝင်္ကပါသခင် ဘွဲ့ကို သိမ်းပိုက်ရန် ကြိုးစားနေမည် မဟုတ်ပေ။

ဧကရာဇ်အဆင့် ရောင်စဉ်တန်း၏ အားနည်းသောဘက်တွင် ရှိနေတဲ့ တောင်ဘီလူးသည် အခြားသော ဝင်္ကပါများကို ထိန်းချုပ်ရန် ကြိုးစားရာတွင် အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်။ ၎င်းမှာ ကာယဗလ ရှိပြီး ၎င်း၏ အရေပြားသည် ပိတ်ဆီးလုနီးပါး နည်းပါးပြီး အထူးသဖြင့် ကမ္ဘာမြေနှင့် ကျောက်တုံး အမျိုးအစား တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိသည်။ သို့သော် ၎င်း၏ကြီးမားပြီး နှေးကွေးသော ကိုယ်ထည်ကြောင့် အလုံးစုံ သွက်လက်မှု မရှိခြင်းမှာ ထင်ရှားသော အားနည်းချက်တစ်ခုဖြစ်သည်။

မယ်ဒူဆာ၏ကျောက်ဖြစ်စေအောင်တိုက်ခိုက်မှုသည် ၎င်းအပေါ် သက်ရောက်မှုမရှိပေ။ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများသည် ၎င်း၏ထူးခြားမှုမဟုတ်သောကြောင့် တောင်ဘီလူးသည် စက်ဝိုင်းပတ်သွားသကဲ့သို့ ၎င်း၏ပင်ကိုယ်တက်ကြွမှုအပေါ်တွင်သာ အားကိုးနိုင်သည်။

မယ်ဒူဆာသည် တောင်ဘီလူးအား ဤနေရာ၌ထားရန် စိတ်ကူးမိလိုက်သောအခါ စိတ်လှုပ်ရှားသွားသည်။

"စတုတ္ထကလေး.. အဲဒါကို ဒီကနေ ယူသွား” ဟု ကောင်းဖန်က ပြောလိုက်သည်။ တောင်ဘီလူးကို တိုက်ခိုက်ရန် အခြားသားရဲများကို ဆင့်ခေါ်ရန်မလိုအပ်ပေ။

စတုတ္ထကလေးသည် အဓိကအားဖြင့် ကောင်းဖန်၏ ဂုဏ်ကျက်သရေရှိလှသော စီးနင်းစရာဖြစ်သည်။ အခြားသားရဲများနှင့်မတူဘဲ ၎င်းသည် အသင်းတွင် ခိုင်မာသော တည်ရှိမှု မရှိပေ။ ကောင်းဖန်က အချိန်အများစုတွင် ၎င်းကို တိုက်ပွဲများမှာ တိုက်ခိုက်ခိုင်းရန် အကြောင်းပြချက်မရှိပေ။

စတုတ္ထကလေး၏ မျက်လုံးများ တောက်ပလာသည်။ ၎င်း၏သခင်သည် တာ့ဇီနှင့် အခြားသူများကိုသာ ရန်သူများနှင့် တိုက်ခိုက်ခွင့်ပေးခဲ့သည်။ ဒါဟာ စစ်မြေပြင်ထဲကို ပထမဦးဆုံးအကြိမ် ဝင်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ အခု ကောင်းဖန်ကို စိတ်ပျက်အောင် မလုပ်နိုင်ပေ။

စတုတ္ထကလေး၏ အာရုံဦးတောင်ပံမှ ငွေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ယခုအခါတွင် လေထဲသို့ ဓားရှည်ကြီး နှစ်ချောင်းဖြင့် လှီးဖြတ်လိုက်ပုံရသည်။

ထိုအချိန်တွင် တောင်ဘီလူးကို ၎င်း၏ အာရုံဦးတောင်ပံများဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ချွန်ထက်တဲ့ အရာတစ်ခုဖြင့် အကြိမ်ကြိမ် ခုတ်ထစ်ခြင်းခံနေရသည်။

ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး တောင်ဘီလူးသည် စတုတ္ထကလေးငယ်ထံ ပြေးသွားပြီး ပျော့ဖက်နေအောင် ရိုက်ဖို့ အဆင်သင့်ဖြစ်နေသည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းလက်လှမ်းမီသော လမ်းကြောင်းမှ ထွက်သွားသည်။ တောင်ဘီလူးသည် ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါစေ သူ့ရဲ့ လက်သီးတွေက စတုတ္ထကလေးဆီကို မရောက်နိုင်တော့ပေ။

စတုတ္ထကလေး၏ အာရုံဦးတောင်ပံသည် ၎င်း၏ပြိုင်ဘက်ကို ကြာပွတ်တစ်စုံကဲ့သို့ ပြင်းထန်စွာ ရိုက်နှက်နေသည်။ နောက်ဆုံးတွင် တောင်ဘီလူးသည် ၎င်းကို မခံနိုင်တော့ဘဲ ခေါင်းနောက်ကိုလက်ဖြင့်အုပ်ကာ ပြေးထွက်သွားသည်။

တောင်ဘီလူး ထွက်ပြေးသည့်ပုံစံကို မြင်သောအခါ မယ်ဒူဆာသည် သက်ပြင်းတစ်ချက်ချလိုက်သည်။

ကောင်းဖန်က စတုတ္ထမြောက်ကလေးကို မြေပြင်ပေါ်သို့ ဆင်းခိုင်းလိုက်သည်။ ထို့နောက် သူ့နောက်ကျောမှ ခုန်ဆင်းကာ “မတွေ့တာကြာပြီ.. နိုင်ငံရပ်ခြားမှာ နေတာကြာပေမယ့် အခုပြန်လာတာပါ.. လွန်ခဲ့တဲ့ သုံးနှစ်လောက်က တွေ့ဖူးသလိုပဲ မင်းက စွဲလန်းစရာကောင်းနေတုန်းပဲ" ဟု ပြောလိုက်သည်။

မယ်ဒူဆာကရှက်သွားသည်။ ကောင်းဖန်သည် မယ်ဒူဆာ၏အကြည့်မှ မိမိကိုယ်ကို ကာကွယ်ရန်အတွက် အစင်းလေးကို သူ့ထံသို့ ဆင့်ခေါ်လိုက်ပြီး သူ့လက်ချောင်းများကို ဆွဲယူလိုက်သည်။

ကောင်းဖန်နှင့် အခြားသူများသည် ယခုအခါတွင် မယ်ဒူဆာနှင့် အလွန်နီးကပ်စွာ ရပ်တည်နေကြပြီး ၎င်းတို့နှင့် မျက်လုံးချင်း ဆုံနိုင်ကြသည်။ စတုတ္ထမြောက်ကလေးသည် မယ်ဒူဆာ၏ ကြောက်စရာကောင်းသော အကြည့်ကို မခံနိုင်သော တစ်ဦးတည်းသော သူဖြစ်သည်။ သူ့မျက်လုံးတွေကို မကြည့်ဝံ့ဘဲ ကမန်းကတန်း လှည့်ထွက်သွားသည်။

မယ်ဒူဆာသည် အစင်းလေးကို စူးစူးစိုက်စိုက် ကြည့်နေသည်။ မယ်ဒူဆာ နောက်ဆုံးမြင်လိုက်ရတာထက် အများကြီး ကြီးထွားလာပုံရသည်။ ထို့နောက် ကောင်းဖန်ဘက်သို့ လှည့်ကာ ခဏလောက်အနားယူရန် ၎င်း၏ ဝင်္ကပါသို့ ဖိတ်ခေါ်လိုက်သည်။

ကောင်းဖန်သည် ဖိတ်ခေါ်ချက်ကို ကြင်နာစွာ လက်ခံလိုက်သည်။ လမ်းတစ်လျှောက်တွင် သူသည် လက်ချောင်းတစ်ချောင်းဖြင့် ပင်လယ်ဝတုတ်ကို အဖွဲ့ထဲသို့ ဆင့်ခေါ်လိုက်သည်။ ၎င်းသည် ကျုံ့သွားတဲ့ ပုံစံဖြင့် ရှိနေသည်။ "ငါတို့က သာမန်ထက်သာလွန်တဲ့ ဝင်္ကပါတစ်ခုထဲမှာ ရှိနေတယ်.. အဲဒီအထဲမှာ တစ်ခုခုကို ခံစားမိလားဆိုတာ ကြည့်ပေးပါ"

ဝင်္ကဘာထဲကို ဆင့်ခေါ်လိုက်တာနဲ့ ပင်လယ်ဝတုတ်က လေထဲက ထူးဆန်းတဲ့ အနံ့တစ်ခုကို ချက်ခြင်း ဖမ်းဆုပ်မိလိုက်သည်။ မျက်မှောင်ကြုတ်ရင်း သူက‌ ကောင်းဖန်ကို ပြောလိုက်သည်။ “ဒီနေရာကို ဆင်တစ်ကောင်က ဆင်းသက်ခဲ့တယ်.. အရမ်းရင်းနှီးပုံပေါ်နေတာ မဆန်းပါဘူး”

ထို့နောက်တွင် ပင်လယ်ဝတုတ်က ဝင်္ကပါနံရံကို ဖိကာ မျှော့ကဲ့သို့ စုပ်နေသည်ကို ကောင်းဖန်က စောင့်ကြည့်နေသည်။

“ဘာဖြစ်တာလဲ…” မယ်ဒူဆာက ကောင်းဖန်ကို စိုးရိမ်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ ဒီလိုထူးဆန်းတဲ့ မြင်ကွင်းကို သူ့ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးပေ။

"စိတ်မပူပါနဲ့ ဘာမှမဖြစ်ပါဘူး" ကောင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူက ပင်လယ်ဝတုတ်ထံသို့ သွားကာ နံရံမှ ဆွဲထုတ်လိုက်သည်။ “ဝင်္ကပါထဲကို နက်နက်နဲနဲ သွားရအောင်.. အဲဒီမှာ အနံ့က ပိုပြင်းတယ်" ဒါကိုကြားတာနဲ့ ပင်လယ်ဝတုတ်က ရုန်းကန်မှုကို ရပ်လိုက်ပြီး ကောင်းဖန် အမြီးကနေ ဆွဲထုတ်တာကို လက်ခံလိုက်သည်။

“စင်္ကြံလမ်းတွေကို အချိန်အတော်ကြာအောင် ဘယ်သားရဲကမှ ဖြတ်ကျော်လာတာမတွေ့ပါဘူး” ဟု ၎င်းတို့ရှေ့မှ လမ်းပြနေသော မယ်ဒူဆာက ပြောသည်။

ဝင်္ကပါသည် တိတ်ဆိတ်သွားသည်။ သူတို့ကို ခစားဖို့ ကျွန်တွေယူဆောင်လာတဲ့ တခြားဝင်္ကပါသခင်တွေနဲ့ မတူဘဲ မယ်ဒူဆာက အဲဒီမှာ တစ်ယောက်တည်း နေရတာကို ပိုသဘောကျသည်။

အခြားသားရဲကို ကျွန်အဖြစ်ယူချင်သော်လည်း ၎င်း၏အကြည့်ကို ခံနိုင်ရည်ရှိသောသူကို ရှာတွေ့ရန် ခဲယဉ်းပေလိမ့်မည်။ သားရဲ အများစုသည် ဝင်္ကပါအတွက် ကျောက်တုံးများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် သူတို့က နောက်ဆုံးတော့ ဝင်္ကပါ၏ နက်ရှိုင်းသော အစိတ်အပိုင်းများသို့ ရောက်ရှိလာကြသည်။ အဲဒီမှာ ဝါးတောကြီးရှိတယ်ဆိုတာကို ကောင်းဖန် မြင်လိုက်သည်။ နေရောင်ခြည်သည် ဝါးရွက်များကိုဖြတ်၍ မြေပြင်အောက်သို့ ကျနေသည်။ ပုံသဏ္ဍာန်နှင့် အရွယ်အစားအမျိုးမျိုးရှိသော ကျောက်ရုပ်များကို နေရာ၏အလယ်ဗဟိုတွင် စုဝေးထားသည်။

“ဒါတွေက အခုထိ ငါစုဆောင်းထားတဲ့ ကျောက်ရုပ်တုတွေပဲ” ဟု မယ်ဒူဆာက ရွှင်မြူးစွာပြောသည်။

"ဒါက ရွှေဝက်ပါ.. အဲဒါက အမေ့ရဲ့ ဝင်္ကပါထဲက ထွက်လာပြီးနောက် ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ သားရဲပဲ... ငါ ပထမဆုံး ကျောက်ရုပ် လုပ်လိုက်တဲ့ သားရဲတစ်ကောင်ပဲ” ဟုဝက်ရုပ်တုကို လွမ်းဆွတ်စွာ ပွတ်သပ်ရင်း ရှင်းပြသည်။

ကောင်းဖန်သည် သူ့ပတ်ဝန်းကျင်ရှိ ရုပ်ထုများကို စိုက်ကြည့်ရင်း ခေါင်းညိတ်ပြကာ အားလုံးကို ကျွမ်းကျင်လက်ဖြင့် ထွင်းထုထားပုံရသည်ကို တွေ့လိုက်ရသည်။ ဤအရာများသည် လက်ဖြင့် ထွင်းထုထားသော ရုပ်တုများမဟုတ်ပဲ ထာဝရအေးခဲနေသော ကျောက်တုံးများ အဖြစ်သို့ရောက်နေသော သားရဲများဖြစ်ကြောင်း သူသိသည်။

“ဒီမှာ…” မယ်ဒူဆာက ကောင်းဖန်ကို ခမ်းနားတဲ့ ခရီးစဉ်ကို စီစဉ်ပေးသည်။ ကောင်းဖန်က သူ့စကားလုံးတိုင်းကို ဂရုတစိုက် နားထောင်ပြီး တစ်စုံတစ်ခုအပေါ် သူ့ကိုယ်ပိုင်ထင်မြင်ချက်ကို ရံဖန်ရံခါပင် ပြောပြသည်။

တစ်ဖက်တွင် ပင်လယ်ဝတုတ်သည် ထိုနေရာသို့ ဝင်ရောက်လာချိန်တွင် အနောက်မှာ ချန်ထားခဲ့သည်။ “ဒီမှာ ဆင်ရဲ့ရနံ့က မွှေးပျံ့နေတယ်.. ဒီနေရာက သူ့ရဲ့ဗိသုကာလက်ရာကို သေချာပေါက်ရေးထားပေမယ့် ဒီနေရာကို တစ်ခါမှ မရောက်ဖူး တာတော့ သေချာတယ်.. ဒီနေရာကို သူဆောက်ထားတာလို့တော့ မထင်ဘူး” ဟု ပင်လယ်ဝတုတ်က ရေရွတ်သည်။

“ဒါတောင် သူ့ရဲ့ရနံ့က ရှိသေးတယ်.. ဒီနေရာကို နတ်ဘုရားတွေရဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာ ဖြစ်နိုင်မလား” သိသိသာသာ စိတ်လှုပ်ရှားစွာ ပြောသည်။

"ဒီနေရာက ထွက်သွားဖို့ တွေးဖူးလား မင်းငါနဲ့လိုက်ခဲ့နိုင်တယ်.. ဝင်္ကပါမှာ လုပ်စရာ ဘာမှ စိတ်ဝင်စားစရာ မရှိဘူး.. အပြင်မှာ ပိုလှတဲ့နေရာက မင်းကိုစောင့်နေတယ်ဆိုတာကို မင်းသိပါတယ်" ဟု ကောင်းဖန်က ပြောလိုက်သည်။

မယ်ဒူဆာက ခေါင်းယမ်းလိုက်သည်။ “အပြင်လောကက နည်းနည်းဆူညံတယ်”

“ဒါပေမယ့် တောင်ဘီလူးကတော့ အပြင်မှာပဲ ရှိသေးတယ်.. မင်းအဲဒါကို ကိုယ့်ကိုကိုယ်တောင် မကာကွယ်နိုင်ဘူးလေ” ကောင်းဖန်က သက်ပြင်းချလိုက်သည်။ “ငါသွားပြီ ဆိုရင် မင်းကို နောက်တစ်ကြိမ် စိန်ခေါ်ဖို့ ပြန်လာမှာ သေချာတယ်.. အဲဒါကို ဆန့်ကျင်ဖို့ မင်းမှာ အားနည်းချက် ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု သူက ရှင်းပြသည်။

မယ်ဒူဆာသည် ဒါကို အချိန်အတော်ကြာ စဉ်းစားနေပြီး မျက်လုံးကိုမှိတ်ထားသည်။ မျက်လုံးကိုဖွင့်ပြီး “အဲဒါကြုံလာရင် ငါ့ဝင်္ကပါကို ထားလိုက်ပြီး နေစရာနေရာအသစ်တစ်ခုကို ရှာလိုက်မယ်” ဟု ပြောလိုက်သည်။

"ဒါက နည်းနည်းတော့ ဒုက္ခလို့ မထင်ဘူးလား.. မင်းပိုင်ဆိုင်မှုတွေအားလုံးကို မင်းနဲ့အတူ ယူနိုင်ပါ့မလား" ကောင်းဖန်သည် ဝင်္ကပါအလယ်ရှိ ရတနာများနှင့် အကျည်းတန် လက်ဝတ်တန်ဆာ များကို ညွှန်ပြသည်။

မယ်ဒူဆာက တိတ်ဆိတ်သွားပြန်သည်။

"တောင်ဘီလူးက ဒီကိုပြန်လာတဲ့အခါ မင်းရဲ့ချိုမြိန်တဲ့အချိန်တွေကို ထုပ်ပိုးဖို့ မင်းကို ခွင့်မပြုဘူးဆိုတာ မင်းရော ငါရော နှစ်ယောက်လုံး သိပါတယ်"

"မင်းနဲ့ အတူတူ ထွက်သွားဖို့ ငါရွေးချယ်ခဲ့ရင်တောင်မှ ဒါတွေအားလုံး ငါနဲ့အတူ ယူဆောင်သွားနိုင်တဲ့ နည်းလမ်းမရှိဘူး" ဟု ကောင်းဖန်ရဲ့ အကြံပြုချက်မှာ သိသာထင်ရှားတဲ့ ချို့ယွင်းချက်ကို ခံစားရပြီး မယ်ဒူဆာက ပြောလိုက်သည်။

ကောင်းဖန်က ပြုံးလိုက်သည်။ "အဲဒီလို မင်းထင်လား.." သူ့လက်ချောင်းများကို ချိုးလိုက်သောအခါ အံ့သြစရာ ကောင်းအောင် အဆင်ပြေသည့် သိုလှောင်ခန်းနေရာသည် သူတို့ရှေ့တွင် ပေါ်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၉၅ နတ်ဘုရားအုတ်ချပ်

ကောင်းဖန်၏ကမ်းလှမ်းမှုကြောင့် မယ်ဒူဆာ အံ့အားသင့်သွားသည်။ သို့သော် ကောင်းဖန်ကို တောင်းပန်လိုက်ပြီး "ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် တခြားသားရဲတွေနဲ့ မတူတာက တခြားသူရဲ့ သားရဲဖြစ်ဖို့ကို ငါစိတ်ကူးမယဉ်ဘူး.. ငါတကယ် တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။

ကောင်းဖန်သည် ထိုနေရာမှ ထွက်ခွာဖို့ ဆွဲဆောင်ရန် ကြိုးပမ်းသော်လည်း နောက်ဆုံးတွင် မယ်ဒူဆာသည် ဝင်္ကပါတွင် ဆက်နေရန် ဆုံးဖြတ်လိုက်သည်။

“မင်းရဲ့ ကျောက်ရုပ်တွေကိုကော…” ကောင်းဖန်က မသေချာမရေရာ မေးသည်။

“ဒီအချိန်မှာ သူတို့နဲ့ ပတ်သက်ပြီး ငါဘာမှ မလုပ်နိုင်ဘူး” မယ်ဒူဆာက ပျော့ညံ့စွာ ပြုံးပြသည်။ သူ့ခေါင်းပေါ်ရှိ အစိမ်းရောင် မြွေစိမ်းများသည် သိသိသာသာ ငြိမ်သက်သွားသည်။

ကောင်းဖန်က ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။ "မင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်"

ရုတ်တရက် ပင်လယ်ဝတုတ်သည် ကောင်းဖန်ရှေ့သို့ မဆင်းသက်မီ ကျောက်တုံးရုပ်ထုများကြားမှ လွင့်ထွက်သွားကာ မြေပြင်ပေါ်တွင် ချိုင့်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

သူသည် ရယ်မောလိုက်ရင်း “ဟာဟားဟား ငါတွေ့ပြီ ကောင်းဖန် ..မြန်မြန် ငါနဲ့လိုက်ခဲ့" ဟု ပြောလိုက်သည်။

ပင်လယ်ဝတုတ်သည် သားရဲအများစု မထိုးဖောက်နိုင်လောက်ဟု ယူဆခဲ့သည့် ဝင်္ကဘာလမ်းကိုဖြတ်၍ အလွယ်တကူ ဝါးမျို နိုင်ခဲ့သည်။ ၎င်း၏ ပင်လယ်ဧကရာဇ်၏ ဖျက်ဆီးဝါမျိုတက်သော သွားများသည် နတ်ဘုရားပစ္စည်းဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသိပ်သည်းဆဖြင့် အားဖြည့်ပေးစရာ မလိုဘဲ သွားများ၏စွမ်းအားဖြင့် ဝင်္ကပါ၏နံရံများကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

ပင်လယ်ဝတုတ်သည် မြေကြီးအတုံးအခဲများကို ၎င်း၏ပါးစပ်ဖြင့် မြေပြင်မှ ဖယ်ရှားလိုက်သည်။ သူကိုက်လိုက်တိုင်း အောက်နားရှိ အပေါက်က တဖြည်းဖြည်း ပိုနက်လာသည်။ ၎င်းသည် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး မိနစ်အနည်းငယ်အတွင်း မြေပြင်၌ ကြီးမားသော အပေါက်တစ်ခုကို တူးဖော်နိုင်လိုက်သည်။

မယ်ဒူဆာက သူ့ပါးစပ်ကို လက်နဲ့ အုပ်လိုက်သည်။ သူမြင်ရတာကို မယုံနိုင်ဖြစ်နေသည်။ ဒီလိုဝင်္ကပါအားလုံးက ဖျက်ဆီး၍မရနိုင်ကြောင်း သာမန်အသိကဲ့သို့ သားရဲများအားလုံးအသိပင်ဖြစသည်။ အလွယ်တကူ ချိုးဖောက်ခံရခြင်းဟူသောအချက်သည် သိထားသမျှနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

'မင်းနေရာ ရှုပ်သွားစေလို့ တောင်းပန်ပါတယ်' ဟု ပင်လယ်ဝတုတ်က တောင်းပန်လိုက်သည်။

"ရပါတယ်.. ဘာပဲဖြစ်ဖြစ် မကြာခင် ထွက်သွားတော့မှာပါ” ဟု မယ်ဒူဆာက ဖြေလိုက်သည်။

ရုတ်တရက် မြေပြင်သို့ ထပ်မံကိုက်လိုက်သောအခါ ပင်လယ်ဝတုတ်၏ ပါးစပ်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံက ကျယ်လောင်ပြီး ပြတ်သားသည်။ မြေကြီးထဲမှာ ပြင်းထန်တဲ့ အရာတစ်ခုကို ထိမိသွားသလိုဖြစ်သည်။ အဲဒီအခါမှာ ပင်လယ်ဝတုတ်ရဲ့ ပါးစပ်ထဲမှာရှိတဲ့ အရာမှန်သမျှကို မျိုချလိုက်ပြီး သွားတွေကြားထဲမှာ ကျိုးကြေကွဲသံတွေ ထွက်ပေါ်လာသည်။

"မင်းဘာစားနေတာလဲ” ကောင်းဖန်က မေးလိုက်သည်။ ပင်လယ်ဝတုတ်သည် သူ့ကို ကျောပေးထားတာကြောင့် ၎င်းပါးစပ်ထဲရှိ အရာများကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။

ပင်လယ်ဝတုတ် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ထို့နောက် “အညစ်အကြေးတွေကိုစားနေတာ” ဟုပြန်ဖြေလိုက်သည်။

ကောင်းဖန်သည် အပေါက်ထဲသို့ ခုန်ဆင်းပြီး ပင်လယ်ဝတုတ်ကိုဘေးသို့ ကန်ထုတ်လိုက်သည်။ အပေါက်၏အလယ်တွင် မီးခိုးရောင် စားပြီးသား တစ်ဝက်ခန့်ရှိတဲ့ အုတ်ခဲတစ်လုံးကို တွေ့ရသည်။

[ပစ္စည်း] - နတ်ဘုရားအုတ်ချပ် (လက်ကျန်)

[အကြောင်းအရာဖော်ပြချက်] - အဆုံးမဲ့ဝင်စားခြင်း ဝင်္ကဘာမှ ပြုတ်ကျသော အုတ်တစ်ချပ်ဖြစ်သည်။

ကောင်းဖန်က စကားမပြောဘဲ ကြည့်နေလိုက်သည်။

“ဒါဟာ သာမန်အုတ်ခဲတစ်ခုပါပဲ.. အခုပဲ သွားကျိုးသွားနိုင်တယ်” ဟု ပင်လယ်ဝတုတ်က ရေရွတ်သည်။

ကောင်းဖန်က ရိုးရှင်းစွာ ရယ်မောလိုက်သည်။ သူသည် မယ်ဒူဆာ၏ရှေ့တွင် ပြစ်တင် ဆုံးမခြင်း မပြုလိုပေ။

ကောင်းဖန်က "ငါတို့သွားတာ ပိုကောင်းမယ်ထင်တယ်” ဟု ပြောကာ မယ်ဒူဆာကို နှုတ်ဆက်ပြီးနောက် ပင်လယ်ဝတုတ်နှင့်အတူ ဝင်္ကပါမှ ထွက်ခွာသွားသည်။ ထို့နောက် သူ့မျက်နှာပေါ်ရှိ နွေးထွေးမှုအားလုံး ပျောက်ကွယ်သွားသည်။ ပင်လယ်ဝတုတ်၏အမြီးကို ကိုင်ထားကာ စတုထ္ထမြောက်ကလေး၏နောက်ကျောပေါ်သို့တက်ပြီး အနီးအနားရှိ နောက်ထပ်ဝင်္ကပါသို့ရောက်သည်အထိ ပျံသန်းရန် အမိန့်ပေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ ကောင်းဖန်.. ငါက အုတ်ချပ်နဲ့ အညစ်အကြေးတွေ စားနေရုံပါပဲ..သာမန်ငါးတစ်ကောင်လို ဇောက်ထိုး ချုပ်နှောင်ထားဖို့ မထိုက်တန်ပါဘူး..

လူမဆန်လိုက်တာ” ပင်လယ်ဝတုတ်ရဲ့ မျက်လုံးတွေထဲ မျက်ရည်တွေ ပြည့်လျှံနေသည်။

ကောင်းဖန်သည် ပင်လယ်ဝတုတ်ထံကို အံ့ဩတကြီးကြည့်လိုက်သည်။ သူသည် ရေအမျိုးအစားသားရဲဖြစ်တဲ့အတွက် မျက်လုံးကို မှိတ်ထားရုံနဲ့ အတတ်နိုင်ဆုံး ရေစိုနေအောင် စွမ်းဆောင်နိုင်သည်။ ဤအမိုက်စား မြင်ကွင်းကို ကြည့်ရှုသူတိုင်းသည် ကောင်းဖန်က ငါးကို အမှန်တကယ် အနိုင်ကျင့်နေသည်ဟု ထင်ကောင်းထင်နိုင်သည်။

“အခုကစပြီး မင်းရှာတွေ့တဲ့ နတ်ဘုရားအုတ်တွေအားလုံးကို ငါသိမ်းထားမယ်” ကောင်းဖန်က သူ့လက်ထဲက တစ်ဝက်စားထားသော နတ်ဘုရားအုတ်ကို ချိန်ဆလိုက်သည်။

၎င်း၏ထောင့်တစ်ဖက်မှ အတုံးတစ်တုံး ပျောက်ဆုံးနေသည်။

ပင်လယ်ဝတုတ်က ၎င်းကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ ငါဘာတွေလုပ်နေလဲဆိုတာ သူဘယ်လိုသိလဲ..

“ဒါမျိုး ထပ်မဖြစ်ဖို့ သေချာပါစေ” ပင်လယ်ဝတုတ်သည် ဝင်္ကပါအတွင်း၌ နတ်ဘုရားအုတ်ကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်သောကြောင့် ကောင်းဖန်က ကျန်ကြွင်းသောအရာများကို သားရဲထံ ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်။ ပင်လယ်ဝတုတ်သည် အုတ်ခဲကို ပါးစပ်ထဲသို့ ထည့်ပြီးနောက် ဆူညံစွာ ဝါးလိုက်လေသည်။

"အမှန်အတိုင်းပြောရရင် ငါက ကိုယ့်အတွက် သိမ်းထားတာမဟုတ်ပါဘူး.. ငါ့ဗိုက်ထဲမှာတောင် ကောင်းကောင်းမချေဖျက်နိုင်ဘူး" ဟု ပင်လယ်ဝတုတ်က ကောင်းဖန်ကို ရှက်ရွံ့စွာ ပြုံးပြရင်း ပြောလိုက်သည်။

“ဒီနတ်ဘုရားအုတ်ခဲက အဆုံးမဲ့ လူဝင်စားခြင်းဝင်္ကဘာထဲက ပြုတ်ကျခဲ့တာဖြစ်မယ်.. သူ့မှာ နတ်ဘုရားအစွမ်း အနည်းငယ်ရှိတယ်.. ပင်လယ်ဧကရာဇ်ရဲ့ ဖျက်ဆီးဝါမျိုတက်သော သွားများကို ပွတ်တိုက်ပြီး ထက်မြက်အောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်တယ်..

“စိတ်မပူပါနဲ့.. ဒီအုတ်က ဝင်္ကပါရဲ့ အဆက်တစ်ခုပဲလေ.. ဝင်္ကပါက အကန့်အသတ်မရှိ ကြီးထွားနိုင်ပါတယ်.. ဝင်္ကပါသာ မပျက်စီးသေးသရွေ့တော့ အုတ်တစ်တုံး ဒါမှမဟုတ် နှစ်လုံးကို စားသုံးဖို့က တော်တော်လေး အန္တရာယ်ကင်းပါတယ်” ဟုပင်လယ် ဝတုတ်က ပြောလိုက်သည်။ “ဒါ့အပြင် ငါ ဒီအရာတွေကို စားတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး... မြူခိုးဟောင်းကြီးရဲ့ နတ်ဘုရားပစ္စည်းတွေနဲ့ တစ်ချိန်လုံး ကိုယ့်ကိုကိုယ် ပျော်အောင်နေခဲ့တာပါ..”

တစ်ပတ်အကြာတွင် ပင်လယ်ဝတုတ်သည် ဝင်္ကပါတွင်းနက်ရှိုင်းစွာ မြှုပ်နှံထားသော အခြားနတ်ဘုရားအုတ်များကိုလည်း ရှာဖွေတွေ့ရှိလိုက်သည်။ ၎င်းသည် သူ့လက်ထဲတွင် ခဏတာဆော့နေပြီး ကောင်းဖန်ကို နတ်ဘုရားအုတ်ချပ်ကို ပေးလိုက်သည်။

အရာရာတိုင်းက ရိုးရိုးအုတ်ပုံသဏ္ဍန်ရှိသည်။ အချက်အလက်တွေကသာ သူ့အတွက် အုတ်ခဲရဲ့ ထူးခြားတဲ့ သဘာဝကို မညွှန်ပြဘူးဆိုရင် ကောင်းဖန်က သိပ်စဉ်းစားမှာ မဟုတ်ပေ။ အုတ်ကို ဝင်္ကပါမြေမှ ဖယ်ရှားလိုက်သောအခါ ဝင်္ကပါကို ကာကွယ်သည့် လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားသည် ၎င်းနှင့်အတူ ပျောက်ကွယ်သွားသည်။

ကောင်းဖန်သည် ဝင်္ကပါ၏ နံရံတစ်ခုမှ နက်နဲတဲ့ အပေါက်တစ်ခုကို လက်ညိုးဖြင့် ထိုးကာ ခြေရာခံလိုက်သည်။ ၎င်းသည် သာမန်ရိုးရိုးတစ်ခုသာဖြစ်သည်။

ဝင်္ကပါကိုဖြတ်၍ စတုတ္ထကလေးငယ်သည် နံရံ၏အခြားအစိတ်အပိုင်းကိုဖြတ်၍ ၎င်း၏ဦးခေါင်းဖြင့် အလွယ်တကူ ရိုက်ချိုးပစ်လိုက်သည်။ တံတိုင်းကို မည်ကဲ့သို့ အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သည်ကို ကြည့်ပြီး အံ့အားသင့်စွာ ခေါင်းယမ်းလိုက်သည်။ ဝင်္ကဘာရဲ့ နံရံတစ်ခုထဲကို ပထမဆုံး ဝင်တိုက်မိတဲ့ နောက်ဆုံးအကြိမ်က ဘယ်လောက်ထိ နာကျင်ခဲ့ရသလဲဆိုတာကို သူမှတ်မိနေပါသေးသည်။

နတ်ဘုရားအုတ်ချပ်များ၏ အကာအကွယ်မပါဘဲ တည်ဆောက်မှုတစ်ခုလုံးက ယခုအခါတွင် သာမန်ကျောက်တုံးများထက် ဘာမှမပိုပေ။ နတ်ဘုရားအဆင့် သားရဲတစ်ကောင်ပင်လျှင် ၎င်း၏ နံရံများကို အလွယ်တကူ ဖြိုချနိုင်သည်။ ထိုအချိန်တွင် ကောင်းဖန်သည် မယ်ဒူဆာ၏ ဝင်္ကပါထဲတွင် ပင်လယ်ဝတုတ် မျိုချလိုက်သော နတ်ဘုရားအုတ်ခဲကို စဉ်းစားပြီးမျက်မှောင်ကြုတ်လိုက်သည်။

ကောင်းဖန်နှင့် အခြားသူများသည် အခြားသော ဝင်္ကပါများကို နောက်ရက်အနည်းငယ်ကြာအောင် စူးစမ်းနေကြသည်။ သူ့အတွက် ဤဝင်္ကပါများသည် လျှို့ဝှက်ဆန်းကြယ်သော ရတနာများ ပြည့်နှက်နေသော ခေါင်းတလားကဲ့သို့ပင် ဖြစ်သည်။ သူသည် ထိုရတနာများ ပြည့်နှက်နေသော ခေါင်းတလားတစ်ခုစီကို သူ့သားရဲတွေနဲ့ လိုက်ဖွင့်ရာတွင် သချိုင်းဖောက်သူတွေကဲ့သိုပင် ဖြစ်နေသည်။

“အဲဒီ သက်ကြားအိုကြီးရဲ့ အလောင်းကို ဒီသာမာန်ဝင်္ကပါတွေထဲမှာ မြှုပ်နှံလို့ မရဘူး.. အဲဒါကို သိထားတော့ အဲဒါကို အလွန်ကြီးတဲ့ နေရာမှာ မြှုပ်နှံထားရမှာပဲ” ဟု ပင်လယ်ဝတုတ်က ခေါင်းယမ်းရင်း ပြောလိုက်သည်။ “ဒီလို သာမန် ဝင်္ကပါတွေ အများကြီးပဲ.. သူတို့ထဲက တစ်ခုချင်းစီကို ရှာဖွေဖို့ဆိုရင် ဆယ်နှစ်ကျော်လောက် အချိန်ယူရလိမ့်မယ်”

သူသည် ခေတ္တရပ်ထားလိုက်ပြီးနောက် မျက်လုံးများကို မှေးထားကာ “တစ်ခုခု မှားနေပြီထင်တယ် .. ဝင်္ကပါတိုင်းမှာ နတ်ဘုရားအုတ်ချပ် တစ်ချပ်စီရှိတယ်မလား.. ဒါဆို အဲဒါကို ထုတ်ပေးတဲ့ နတ်ဘုရားရောင်ဝါက ဘယ်သားရဲအတွက်မဆို ကြီးထွားမှုနဲ့ ဆင့်ကဲဖြစ်စဉ်အတွက် အထောက်အကူဖြစ်စေမှာပဲ...ဒါ့အပြင် ဒီဝင်္ကပါတွေက ဝိညာဉ်ရေး စွမ်းအင်တွေ ကြွယ်ဝတဲ့နေရာများမှာ တည်ရှိနေတာကို ငါတွေ့ရတယ်.. ဒီနေရာတွေက နတ်ဘုရားရတနာတွေပေါများတာကြောင့် လူသိများတယ်”

"မသေသေးတာလား.. “ ကောင်းဖန်က မဝံ့မရဲ မေးလိုက်သည်။

"မဖြစ်နိုင်ဘူး" ပင်လယ်ဝတုတ်က ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။ “ဒါက ဝင်္ကပါတွေရဲ့နတ်ဘုရား.. သူ့ရဲ့ နတ်ဘုရားခန္ဓာက နတ်သက်ကြွေကျပြီး သူ့ စွမ်းအားတွေကို ကမ္ဘာကို လွှတ်လိုက်ပြီးပြီ.. ရလဒ် အနေနဲ့ နေရာတိုင်းမှာ ဝင်္ကပါတွေ ပေါက်ကွဲစေခဲ့တာလေ”

ကောင်းဖန်က ရိုးရှင်းစွာ ခေါင်းညိတ်လိုက်သည်။ "ဒါဆို တောင်ဘက်ကို ဆက်သွားရအောင်"

"ဒါက ဒီလမ်းကြောင်းအတိုင်း ဖြစ်ရမယ်" သူတို့ရဲ့ ခရီးစဉ်တစ်လျှောက်လုံး နတ်ဘုရားအုတ်ခဲများစွာကို စားသုံးပြီးနောက် ပင်လယ်ဝတုန်သည် ၎င်းတို့၏ နေရာကို ယောင်ဝါးဝါးဖြင့် နားလည်နိုင်နေပြီဖြစ်သည်။ ဤနတ်ဘုရားအုတ်များသည် တစ်ချိန်က ကျဆုံးသွားသော နတ်ဘုရား၏ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူတို့က နတ်ဘုရားရဲ့ ရောင်ဝါကို အမှန်တကယ် နှစ်သက်ကြသည်။

ပင်လယ်ဝတုတ်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုဖြင့် အပေါ်သို့ ကွေးညွတ်ကာ ၎င်း၏ပါးစပ်တွင် ရွှေရောင်တလက်လက် တောက်ပနေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၉၆ ကြီးမားသော ၀င်္ကပါ

ကောင်းဖန်သည်‌ နောက်ဆက်တွဲ ၀င်္ကပါများကို အလွယ်တကူ ရှာလို့ ရလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် ပင်လယ်၀တုတ်က သူတို့ကို လှည့်ပတ်ခေါ်ပြီး ဦးဆောင်နေသည်။

"ဒီမှာလား.. မဟုတ်ဘူးဟ.... ဒီမှာလည်း မဟုတ်ဘူး.. ကြည့်ရတာ အဲဒါက ငါတို့လာတဲ့ နေရာမှာ ကျန်ခဲ့ပြီ ထင်တယ်.. ငါတို့ လမ်းမှားပြီ..”

"ငါဆိုတဲ့ ပင်လယ်၀တုတ်က ဒီတစ်ခါတော့ ထပ်ပြီး လမ်းမမှားစေရတော့ဘူးလို့ ကျိန်ဆိုတယ်.. မဟုတ်ရင် ဘုရားသခင်က ငါ့ကို ရိုက်တော့မယ်..

“ငါတောင်းပန်ပါတယ် ကောင်းဖန်.. ငါဒီတစ်ခါတော့ မိုးကြိုးပစ်သေဆိုလည်း သေနိုင်ပါတယ်.. ငါ့ကို အခွင့်အရေး တစ်ခါပဲပေးပါ..

"ဘာလို့ ငါ့ကို အဲလို ကြည့်နေတာလဲ.. ငါတို့ နီးလာပြီဆိုတာ ငါခံစားမိနေပါပြီ"

ပင်လယ်၀တုတ်က လှည့်ကြည့် လှည့်ကြည့်နှင့် တောက်လျှောက် ပြောနေသည်။ သူ၏ လုံး၀န်းကြီးမားသေယ မျက်နှာကြီးသည် အာရုံစူးစိုက်မှု အပြည့်နှင့် ဖြစ်နေသည်။

ဂိုဒီက မကျေမနပ် တုတ်နေသည်။ "ငါတို့ရှာနေတာ ၆ လလောက် ရှိပြီကွ.. မင်းပေါက်ကရတွေ ထိုင်ပြောနေတာလည်း ၁၂၄ ခါလောက် ရှိနေပြီ"

"အိုး မင်းက အဲလိုတောင် ရေတွက်ထားတာလား ကတုံးရ" ဖလိန်မီက ပြောလိုက်သည်။ "ငါကမင်းကို အဲလိုတောင် မထင်ထားဘူး.. မင်းမှာ အဲလို နံပါတ်တွေကို ရေတွက်နိုင်မယ့် ဦးနှောက်ရှိလိမ့်မယ်လို့ကို မထင်ခဲ့တာ" အခြေအနေက တင်းမာနေကြသည်။

ဂိုဒီက သူ့ခေါင်းပြောင်ပြောင်ကြီးကို ခံစားချက်မဲ့သော မျက်နှာဖြင့် ပွတ်လိုက်သည်။ "ငါလည်း ခေါင်းထဲရှိတဲ့ နံပါတ်ကို ပြောလိုက်တာ"

ဖလိန်မီက ဂိုဒီကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။

"တော်ကြတော့.. ဆက်သွားကြရအောင်" ကောင်းဖန်က သူ့ကိုယ်ပိုင်သားရဲများကို ရန်မဖြစ်အောင် ကြားထဲက ခွဲလိုက်သည်။ ထို့နောက် ပင်လယ်၀တုတ်ကို ရှေ့က ဆက်ဦးဆောင် ခိုင်းလိုက်သည်။ သူတို့သည် တောင်တစ်ခုကို ပတ်ပြီးသောအခါ ကောင်းဖန်သည် သု့ကိုယ်ပိုင်သားရဲ၏ လမ်းပြစွမ်းရည်ကို တဖြည်းဖြည်း စိတ်ပျက်စပြုလာသည်။

သို့သော် နောက်ဆုံးတွင် သူ့ရှေ့တွင် လွင်ပြင်ကျယ်တစ်ခုကို တွေ့လိုက်ရပြီး အလယ်တွင် ကြီးမားသော ၀င်္ကပါကြီးကို တွေ့လိုက်ရသည်။ ထိုဝင်္ကပါကြီးသည် မြင့်မားခမ်းနားလှပြီး ထိပ်ပိုင်းတွင် ရွှေရောင် တောက်ပနေသည်။ အလွန်ကြီးမားလှသောကြောင့် အဆုံးသတ်ကိုပင် ကြည့်ရုံဖြင့် မမြင်ရချေ။

ထိုဝင်္ကပါထဲတွင် သားရဲများစွာ ရှိနေပုံရသည်။ သူ့အနောက်တွင် ပေ ၃၀၀ ရှည်သော နံရံကြီးရှိပြီး သားရဲမျိုးစုံ၏ အရိပ်များစွာကို မြင်နေရသည်။ ထိုနေရာသည် သီးခြားကမ္ဘာတစ်ခုလို ဖြစ်နေပြီး ထိုအထဲမှ သက်ရှိများသည် ပြင်ပကမ္ဘာသို့ ခြေတစ်လှမ်းပင် ထွက်ခဲ့ဖူးပုံ မရချေ။

ကောင်းဖန်သည် ၀င်္ကပါ၏ အပြင်ဘက်နံရံအနောက်မှ ထိုးထွက်နေသည့် ကြီးမားသည့် အပင်ကြီးများကို မြင်နေရသည်။ ထိုအပင်များပေါ်တွင် ငှက်အသိုက်များလည်း ရှိနေသည်။

အမွှေးနီငှက်သားရဲ တစ်စုံသည် အသိုက်ထဲမှ ခေါင်းပြူထွက်ကာ အချင်းချင်း ဆူညံစွာ စကားပြောနေကြသည်။ ကောင်းဖန်သည် မျက်လုံးထောင့်မှနေ၍ ကြီးမားသော မြွေကြီးတစ်ကောင် ပင်စည်တစ်ခုပေါ်မှာ ရှိနေသည်ကို မြင်လိုက်ရသည်။

သူ့‌အကြေးခွံများသည် အပင်၏ ပင်စည်နှင့် တစ်ရောင်တည်း ဖြစ်နေသည်။ မြွေကြီးသည် ငှက်အသိုက်များဆီသို့ တရွေ့ရွေ့သွားနေသည်။ ထို့နောက် မြွေကြီးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ‌အမွှေးနီ ငှက်တစ်ကောင်ကို ဖမ်းစားပစ်လိုက်သည်။

ထို့နောက် ကောင်းဖန်သည် ၀င်္ကပါ၏ အပြင်ဘက်နံရံများမှာ ဝါညိုရောင်ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

၀င်္ကပါထဲတွင် မြေမျက်နှာသွင်ပြင် မျိုးစုံရှိနေမည်ဟု ယူဆရသည်။ တောအုပ်များ၊ ရွှံ့တောများ၊ စိမ့်မြေများ အစရှိသဖြင့် ဖြစ်သည်။

တာ့ဇီက ရေရွတ်လိုက်သည်။ "ဒါကြီးက ကြီးမားလိုက်တာ"

"ငါလည်း ဒီလောက်ကြီးတဲ့ ၀င်္ကပါမျိုး မတွေ့ဖူးသေးဘူး" ခြင်္သေ့ဖြူကလည်း ခေါင်းကို ငြိမ့်ကာ ပြောလိုက်သည်။

"ရောက်ပြီ" ပင်လယ်၀တုတ်က တောက်ပသော မက်ေလုံးများဖြင့် ပြောလိုက်သည်။ "ငါပြောခဲ့တယ်မဟုတ်လား.. ဒီ၀င်္ကပါက ဒီလမ်းမှာ ရှိတာပါဆို"

"မင်းပါးစပ်ကို ပိတ်ထားလိုက် အရိုးမရှိတဲ့ကောင်.. ငါတို့ကို ၆ လလောက် ပေါက်ကရလမ်းတွေပြပြီးတာတောင် ဒီလိုစကားပြောထွက်သေးတာလား" ဂိုဒီက ပြောလိုက်သည်။

"အဲဒီတုန်းက ငါသိပ်ပြီး အာရုံမစိုက်မိသေးလို့ပါ" ပင်လယ်၀တုတ်က ဆင်ခြေများ ပေးနေသည်။

ကောင်းဖန်သည် ၀င်္ကပါ၏ အရွယ်အစားကို မမှန်းတတ်သောကြောင့် တာ့ဇီကျောပေါ်တက်ပြီး အပေါ်က ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့သည်လေပေါ်တွင် ပျံသန်းလိုက်ပြီးသော်လည်း အတော်မြင့်မြင့် ရောက်ပြီးသည့်တိုင် ၀င်္ကပါကြီး၏ အဆုံးကို မမြင်နိုင်ပဲ ရှိနေသည်။

၀င်္ကပါ၏ အဆုံးသည် မိုးကုတ်စက်ဝိုင်းအောက်တွင် ပျောက်ဆုံးနေသလို ဖြစ်နေသည်။

"ကြီးလိုက်တာ" ကောင်းဖန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ၀င်္ကပါထဲတွင် လမ်းကြောင်းများက ကွန်ယက်လို ရှုပ်ထွေးနေသည်။ အထဲသို့ ၀င်သွားပါက သေချာပေါက် လမ်းပျောက်နိုင်မှာ သေချာသည်။

ကောင်းဖန်သည် ထိုနေရာကို ကင်မရာဖြင့် ဓာတ်ပုံရိုက်လိုက်သည်။ သူ့ဓာတ်ပုံထဲတွင် အရိပ်များစွာကို မြင်နေရပြီး မြူခိုးများဖြင့် ပြည့်နှက်နေသည်။

ကောင်းဖန်သည် ခဏစဉ်းစားလိုက်ပြီး သူ့ဖုန်းနှင့် ဓာတ်ပုံအနည်းငယ် ထပ်ရိုက်လိုက်သည်။ ထို့နောက် ခုနက ရိုက်ခဲ့သော ဓာတ်ပုံများဖြင့် ပြန်ယှဉ်ကြည့်လိုက်သည်။ ၀င်္ကပါ၏ အပေါ်စီးမြင်ကွင်းသည် အတော်ကို မရှင်းမလင်း ဖြစ်နေသည်။ သူသည် ဖုန်းနှင့်ရော ကင်မရာနှင့်ပါ ဘယ်ဟာနဲ့ရိုက်ရိုက် မြင်ကွင်းများက မပြတ်မသား ဖြစ်နေသည်။

"ဒီ၀င်္ကပါရဲ့ အနေအထားကို ခေတ်ဟောင်းနည်းလမ်းနဲ့ပဲ မှတ်ရတော့မယ် ထင်တယ်" ကောင်းဖန်သည် သူ့အောက်မှ ၀င်္ကပါကို သေချာစိုက်ကြည့်လိုက်သည်။ သို့သော် သူမည်မျှပင် မှတ်ကြည့်ပါစေ မြင်ကွင်းများက ဝိုးတဝါးသာ ဖြစ်နေသည်။ သူအာရုံစိုက်လေ ပိုပြီး မပြတ်မသား ဖြစ်လေပင်။

၁၀ မိနစ်ခန့်ကြာပြီးနောက် ကောင်းဖန် ခေါင်းငိုက်စိုက်ကျသွားသည်။

ငါဘာမှ မှတ်လို့်မရပါလား.. ဒီနေရာက ဘာလဲဟ..

ကောင်းဖန်သည် မြေပြင်သို့ ပြန်ဆင်းသက်လိုက်သောအခါ ပင်လယ်၀တုတ်က ဆီးပြောလိုက်သည်။ "ကောင်းဖန်.. နင် ၀င်္ကပါရဲ့ အနေအထားကို မှတ်ဖို့ ကြိုးစားပေမယ့် ဘာမှမှတ်လို့ မရခဲ့ဘူးမလား"

"ဘာဖြစ်လို့လဲဆိုတာ မင်းသိလား" ကောင်းဖန်က မျက်လုံးထောင့်ကပ်ကာ ပြောလိုက်သည်။

"ဒါပေါ့.. ငါဒီကောင်ကြီးနဲ့ တိုက်ခိုက်လာခဲ့တာ တော်တော်ကြာပြီ.. အဲဒီတော့ သူ့ရဲ့ တချို့အစွမ်းတွေကို ငါကောင်းကောင်း သိတာပေါ့.. အဲဒါက ၀င်္ကပါတွေရဲ့ နတ်ဘုရားပဲ.. သူ့အနေအထားကို လူတိုင်း တစ်ချက်ကြည့်လိုက်ရုံနဲ့ မှတ်လို့လွယ်လွယ်ရနေရင် ဒိလိုအဆင့် ဘယ်ဖြစ်တော့မလဲ မဟုတ်ဘူးလား" ပင်လယ်၀တုတ်က ပြောလိုက်သည်။

"မင်းက ထူးဆန်းအံ့ဩဖွယ်ကောင်းစွာနဲ့ ၀င်္ကပါရဲ့ အနေအထားကို မှတ်နိုင်ခဲ့မယ်ဆိုရင်တောင် အထဲက အနေအထားက အမြဲပြောင်းလဲနေတယ်ဆိုတာကို မင်းသိရလိမ့်မယ်"

ကောင်းဖန်သည် ကြက်သေသေသွားသည်။ "အခုတော့ ဘာမှ ပြောင်းလဲနေတာ မတွေ့မိပါဘူး"

"အဲဒီလို ပြောင်းလဲနေတာကို အပေါ်စီးက ကြည့်ရင် မမြင်ရဘူး.. စကားနဲ့ ပြောရမှာ နည်းနည်းတော့ခက်တယ်.. ၀င်္ကပါတွေက သူတို့ရဲ့ နည်းလမ်းတွေနဲ့ လည်ပတ်နေကြတာ.. မင်းရဲ့ ဆဌမအာရုံကို မင်းကိုယ်တိုင် မသိလိုက်ပဲနဲ့တောင် လှည့်စားနိုင်တာမျိုးပေါ့" ပင်လယ်၀တုတ်က သက်ပြင်းချကာ ပြောလိုက်သည်။

"ဒါပေမယ့် တစ်ခုရှိတာက သူက ၀င်္ကပါတွေရဲ့ အရှင်သခင်ဆိုပေမယ့် တိုက်ရည်ခိုက်ရည်ကတော့ အရမ်းကြီး မမြင့်လှဘူး"

အရင်က ကောင်းဖန်သည် ၀င်္ကပါတို့ရဲ့ နတ်ဘုရား၏ စွမ်းရည်များကိုသာ သိချင်ပြီး စိတ်၀င်စားခဲ့သည်။ အခုတော့ သူသည် ထို၀င်္ကပါကိုသာ အလွန်စိတ်၀င်စားနေမိသည်။

"သွားရအောင် ငါဒီလို ၀င်္ကပါတွေကို အရင်က ရောက်ခဲ့ဖူးတယ်.. ငါနည်းနည်းတော့ ကျွမ်းကျင်ပါတယ်" ပင်လယ်၀တုတ်က ထိပ်မှနေ၍ တလိမ့်လိမ့် ဦးဆောင်လိုက်သည်။ "ငါဒီကောင်ရဲ့ အစွမ်းတွေကို အနိုင်တိုက်ပြီး ချေမှုန်းနိုင်မယ်ဆိုတာ သေချာတယ်.. သေဆုံးခြင်းဆိုတာ သူ့အတွက်ပဲ ဖြစ်ရမယ်"

သူတို့ ၀င်္ကပါထဲရောက်သွားသောအခါ ကောင်းဖန်သည် ပင်လယ်၀တုတ် ပြောတာတွေ အမှန်ဖြစ်ကြောင်း သိလိုက်ရသည်။ ပင်လယ်၀တုတ်သည် အမှန်ပင် လမ်းကြောင်းတွေကို သိနေသည်။ ရုတ်တရတ် သူသည် အထီးကျန်မှုကို ခံစားမိလိုက်သည်။ ဒီ၀င်္ကပါကြီးကိုတောင် ဒီလောက်ရင်းနှီးကျွမ်း၀င်နေတဲ့အထိ သူဘယ်လောက်တောင် အကြိမ်ကြိမ် ပိတ်မိခဲ့ဖူးပါလိမ့်..

ကောင်းဖန်သည် အပြင်ဘက်နံရံတစ်ခုတွင် ရှိသော အပေါက်တစ်ခုထဲသို့ ပင်လယ်၀တုတ် ၀င်သွားသည်ကို တွေ့လိုက်ရသောအခါ မျက်လုံးများပင် ပြူးကျယ်သွားသည်။

အဲဒါရှိနေတာကိုတောင် ဘယ်လိုသိနေတာတုန်းဟ.. ဒီမှာများ နေခဲ့ဖူးတာလား..

ပင်လယ်၀တုတ်သည် ကောင်းဖန်ရပ်နေသည်ကို လှည့်ကြည့်လိုက်ပြီး အော်ခေါ်လိုက်သည်။ "ဘာရပ်ကြည့်နေတာလဲ.. လိုက်ခဲ့လေ"

ကောင်းဖန်ကလည ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ "လာပြီ လာပြီ"

ပင်လယ်၀တုတ်သည် ဥမင်တစ်လျှောက် ကောင်းဖန်ကို ဦးဆောင်သွားသည်။ လမ်းတစ်လျှောက်တွင် သူကကောင်းဖန်ကို သတိထားစရာများကို ပြောပြနေသည်။

"သဲမုန်တိုင်းနဲ့ကြုံရင် တစ်ယောက်တည်း မပြေးသွားနဲ့.. မဟုတ်ရင် ထောက်ချောက်ထဲ ကျသွားနိုင်တယ်.. နံရံတွေနားသာ ကပ်နေ.. ပြီးတော့ စိမ့်မြေတွေနားရောက်ရင်လည်း သတိထား.. အဲဒီမှာ.."

All Chapters