အခန်း (၆၀၉-၆၁၂)
Vol. 39 Ch. 609-612
အခန်း ၆၀၉ ဝတဲ့ မင်း
“အာ့ကိုဇစ် ဒီ သွေးမြွေနဂါးအသားကို သွားဆေးကြောပြီး အတွင်းမှာရှိတဲ့ ကပ်ပါးကောင်တွေကို ရှင်းပစ်လိုက်.. တာ့ဇန် မင်းရဲ့ ငှက်ကုလားအုတ်ဥဖြူက ပြာကျဖို့ အဆင်သင့်ဖြစ်ပြီလား.. ဟုတ်တယ်လေ လာကိုင်၊ အဲဒါကို ဆီနဲ့အရင်ကြော်…” ခေါင်းဆောင် စားဖိုမှူးက နောက်ဖေးမီးဖိုချောင်မှာ အပြန်ပြန်အလှန်လှန် အလုပ်ရှုပ်နေသည်။
အာ့ကိုဇစ် က အော်လိုက်သည်။ ဆားရေစိမ်ထားတဲ့ သွေးမြွေနဂါးထဲက လက်မနဲ့တူတဲ့ တိပ်ပိုးတစ်ကောင် ရုတ်တရက် ပေါက်ထွက်လာသည်။ ပိုးကောင်က အာ့ကိုဇစ်၏ ညာဘက်လက်အိတ်ကို ကိုက်ရန် အပြင်းအထန် ကြိုးစားနေသည်။
ငှက်ကြီးတစ်ကောင်က အတောင်ပံတွေ တဖျပ်ဖျပ်ခတ်ပြီး ဒေါင်းကလေးက တုတ်ပိုးကောင်ကို အတိအကျဖမ်းပြီး မျိုချလိုက်သည်။ ၎င်းကိုစားပြီးနောက် ဒေါင်းကလေးသည် မီးဖိုချောင်ထိပ်တွင် ဆောက်ထားသည့် ၎င်း၏အိမ်သို့ ပြန်သွားပြီး ၎င်း၏အမွေးများကို ညင်သာစွာ နမ်းလိုက်သည်။
ဥဒေါင်းက ထောင့်တစ်နေရာတွင် ထိုင်ချလိုက်ပြီး ဒီမြင်ကွင်းကို အားကိုးရာမဲ့ ကြည့်နေမိသည်။ မကျေမနပ်ဖြစ်သော်လည်း ဒါက အသက်ဆုံးရှုံးခြင်းထက် အနည်းငယ်သာလွန်နေသေးသည်။ လက်နက်ချပြီးနောက် လူနှင့်သူသားရဲများ ၎င်းအား အရှက်ခွဲမယ်လို့ ထင်သောကြောင့် ယင်းအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထား သော်လည်း သူ့ကို မီးဖိုချောင်သို့ ပို့မယ်လို့တော့ မထင်ခဲ့ပေ။
ဒါက ဥဒေါင်းအတွက် စားသောက်ဆိုင်တွင် ခုနစ်ရက်မြောက်နေ့ဖြစ်သည်။ ဤခုနှစ်ရက်လုံးလုံး ၎င်းနှင့် အခြားဒေါင်းငယ်လေးတို့သည် နောက်ဖေးမီးဖိုချောင်တွင် ရှိနေသည်။ အဲဒီငှက်ကလေးက စားဖိုမှူးနဲ့လည်း သွေးစာချုပ်ကို ချုပ်ဆိုလိုက်သည်… စားဖိုမှူးချုပ်က တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက အဘိုးကြီး တစ်ယောက်ပင်။ သူက အဖွဲ့အစည်းရဲ့ ကော်ဖီဆိုင်တွင် စားဖိုမှူးအဖြစ် အနှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ သစ္စာစောင့်သိမှုကို စိတ်ချနိုင်သည်။
ဧကရာဇ်အဆင့်နှင့် အရှင်သခင်အဆင့် သားရဲအသားများတွင် ကပ်ပါးကောင်များ အမျိုးမျိုး ပါနေတက်သည်။
အတွင်းရေးမှူးက တံခါးခေါက်ပြီး ဝင်လာပြီး စားဖိုမှူးကို “စားဖိုမှူး၊ ကြီးကြပ်ရေးမှူးက ဒါကို ထုတ်ပေးဖို့ တောင်းဆိုထားတယ်” ဟု ပြောလိုက်သည်။
“အိုး အဆင်ပြေပါတယ်.. ဒီလိုအသေးအမွှားကိစ္စတွေကို မင်းငါ့ကိုပြောစရာမလိုပါဘူး” စားဖိုမှူးက ပြုံးပြလိုက်သည်။
ဥဒေါင်းသည် မတ်တပ်ထရပ်ကာ ထုတ်ဖော်မပြောဘဲ ထွက်လာလိုက်သည်။ သေဒဏ်ပေးရမယ့် အချိန်ရောက်ပြီဖြစ်သည်။ အနည်းဆုံးတော့ ကလေးတွေ အိမ်တစ်လုံးရသွားပြီဖြစ်သည်။ သို့ပေမယ့်လည်း သူတို့ထဲက တစ်ယောက်မှ လူသားတွေရဲ့ သားရဲ မဖြစ်ခဲ့တာ သနားစရာပေ။ ဒီအတွေးက ဥဒေါင်း ရဲ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာသည်။
အခန်းထဲမှာ ကောင်းဖန်ကိုတွေ့လိုက်ရသည်။ ထိုလူက ဆိုဖာကြီးတစ်ခုပေါ်တွင် ခြေထောက်များကို တင်ကာ မဂ္ဂဇင်းတစ်စောင်ကို လှန်လှောကာ အေးအေးလူလူ ထိုင်နေသည်။ ဥဒေါင်းသည် ကောင်းဖန်ကို စိုက်ကြည့်ကာ စကားမပြောနိုင်ပေ။ ခဏအကြာတွင် ကောင်းဖန်က ဆောင်းပါးကို ဖတ်ပြီးသွားသည်။ သူက စိုက်ကြည့်လိုက်ပြီး ဥဒေါင်းအား “မင်းထွက်သွားနိုင်ပြီ.. မင်းကိုရှာဖို့နဲ့ ငါတို့ရဲ့ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်တွေကို ဆွေးနွေးဖို့ မီးတောင်ကိုလာတဲ့လူတွေရှိလိမ့်မယ်” ဟုပြောလိုက်သည်။
ဥဒေါင်းက အံ့အားသင့်သွားသည်။ သူ နားလည်မှုလွဲသွားသည်ဟု ထင်လိုက်သည်။ “မင်း... မင်း ငါ့ကို လွှတ်ပေးလိုက်မလို့လား”
ကောင်းဖန်က မျက်မှောင်ကြုတ်ပြီး တစ်ဝက်လောက် ပြုံးလိုက်သည်။ “ဘာလို့လဲ.. မင်းနေချင်လည်းနေလို့မရပါဘူး.. မင်းကို ထိန်းထားဖို့ ငါမတတ်နိုင်လောက်အောင် မင်းက ကြီးကြီးမားမား စားချင်စိတ် ရှိတယ်လေ”
ဥဒေါင်းသည် ခဏမျှ ငြိမ်သက်သွားပြီးနောက် ခေါင်းညိတ်ကာ ပျံသန်းသွားတော့သည်။ သူသည် နောက်ဆုံးစက္ကန့်မှာ လှည့်ကြည့်လိုက်သည်။ “သူတို့သုံးယောက်ကို ကောင်းပေးပါ.. သူတို့က နည်းနည်းမိုက်မဲပြီး ဥာဏ်ရည်မမီပေမယ့် ချစ်စရာကောင်းနေတုန်းပါပဲ.. ငါယုံတယ်... မင်းသူတို့ကို သဘောကျပါလိမ့်မယ်” ဟု ပြောလိုက်သည်။ အဲဒီနောက်တော့ သူထွက်သွားသည်။
ဒေါင်းလေး ၃ ကောင်အနက် နှစ်ကောင်ကို စာဖိုမှုးခေါင်းဆောင် လောင်ချန်း နှင့် ရှုချင်းကျီတို့အား အသီးသီး ပေးအပ်ခဲ့ပြီး တတိယမြောက် ဒေါင်းလေးကို ကောင်းဖန်က တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းသို့ ပြန်လည်ပို့ဆောင်လိုက်ပြီး သူ့အဖိုးထံ တာဝန်ပေးဖို့ ထားလိုက်သည်။
မဂ္ဂဇင်းကို ချလိုက်ပြီး ကောင်းဖန်က စိတ်လှုပ်ရှားလာသည်။ “ဒီနှစ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိတယ်.. အခုဆို နာမည်ကြီး သားရဲလေ့ကျင့်သူတွေရှိတယ်… ရုပ်ရည်ကောင်းကောင်းနဲ့ ရင်းနှီးတဲ့သူတွေက အားသာချက်ရှိတယ်”
ကောင်းဖန်က သူ့ဝန်ထမ်းတွေကို စာအုပ်တွေနဲ့ မဂ္ဂဇင်းတွေ ယူလာပေးဖို့ တောင်းဆိုလိုက်သည်။ လူ့အဖွဲ့အစည်းတွင် မလိုအပ်တော့တဲ့ လူတစ်ယောက် မဖြစ်အောင်လို့ အချိန်များစွာ စာဖတ်ရန် လိုအပ်သည်ပင်။
ဆီလီ ရဲ့ သိုလှောင်ခန်းထဲမှာ စာအုပ်တွေအားလုံးကို ထားထားပြီးတဲ့နောက် ကောင်းဖန်က အပြင်ထွက်ပြီး ဝင်္ကပါထဲက လူတွေကို ကြည့်လိုက်သည်။ ကောင်းဖန်က အေးဆေးတည်ငြိမ်စွာပြောပြီး “ပြင်ဆင်ထားလိုက်ပါ.. နောင်အခိုက်အတန့်မှာ မင်းအရမ်း တုန်လှုပ်နေမှာ မဟုတ်ဘူးလို့ ငါမျှော်လင့်ပါတယ်” ဟု ပြောလ်ြုသည်။
ရှုချင်းကျီသည် ကောင်းဖန်ဘေးမှ သိုလှောင်ခန်းကို မြင်လိုက်ရပြီး နောက်အခိုက်အတန့်တွင် သားရဲတစ်ဦးကို ဆင့်ခေါ်လိုက်သည်။ သူက အလွန်ကြီးသောငါးဖြစ်သည်။ ကြီးကြီးမားမားမဟုတ်ပေမယ့် အန္တရာယ်ရှိနေတယ်လို့ သူမခံစားမိလိုက်သည်။
ငါးက သူမကို ပြုံးပြလိုက်သည်။ သူ့ပါးစပ်က ရွှေသွားတွေနဲ့ ပြည့်နေသည်။
ရှုချင်းကျီ က အဆင်မပြေသော်လည်း ယဉ်ကျေးစွာ ပြုံးလိုက်သည်။ ဒီထူးဆန်းတဲ့ငါးက သခင်လေးရဲ့ သားရဲအသစ်လား..ဒါပေမယ့် ငါတစ်ခါမှ မမြင်ဖူးဘူး…
“ဒါကိုကြည့်ပါဦး” ဒီလိုပြောပြီးနောက်မှာ ထူးဆန်းတဲ့ငါးကနေ မှော်ရွှေတုံးတစ်တုံး ထွက်လာသည်။
အိုး... အဲဒါက ကုဗတုံး မဟုတ်ဘူးလား.. အဲဒါက ဝင်္ကပါပုံစံတစ်ခုလား.. ရှုချင်းကျီသည် သားရဲ၏ပါးစပ်ရှေ့တွင် မျောနေသော ဝင်္ကပါပုံစံကြောင့် လုံးလုံးစိတ်ရှုပ်သွားသည်။ ပုံစံထဲမှ ရွှေရောင်အစက်လေးတစ်စက် ထွန်းတောက်သွားသည်။ အကွက်ငယ်လေးသည် လျင်မြန်စွာ ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ပေရှည်လျားတဲ့ ရွှေအုတ်ခဲအဖြစ် ပြောင်းလဲသွားသည်။
ရွှေရောင်အလင်းကို ထုတ်လွှတ်နေတဲ့ အုတ်ခဲသည် မြေကြီးအောက်သို့ နစ်မြုပ်သွားသည်။
နောက်အခိုက်အတန့်မှာတော့ အထီးကျန်ဝင်္ကပါတစ်ခုလုံး တုန်ခါသွားသည်။ ဈေးသည်တွေနဲ့ လမ်းသွား လမ်းလာတွေ လမ်းလျှောက်တာ ရပ်သွားသည်။ အချို့မှာ မြေပြင်ပေါ်တွင် ထိုင်နေပြီး အချို့မှာ လမ်းဘေးရှိ ဈေးဆိုင်များသို့ ပြေးသွားကြသည်။ ဆိုင်ခန်းများကိုလည်း ရွှေရောင်လွှမ်းထားသည်။
သားရဲများသည် ထိတ်လန့်တကြား အော်ဟစ်ကြသည်။
အထီးကျန်ဝင်္ကဘာအနီးရှိ သားရဲများအားလုံး ကြောက်လန့်တကြား ဟိန်းဟောက်နေကြသည်။ ကြောက်ရွံ့မှု သည် သူတို့၏ နှလုံးသား အတွင်းနက်နက်နဲ့ တက်လာသည် ။
အခုမှ ပျံသွားတဲ့ ဥဒေါင်းမှာတောင် အမွေးတွေ နီရဲလာသည်။ အထီးကျန်ဝင်္ကပါကို ပြန်ကြည့်သောအခါ ထူးဆန်းတဲ့ အော်ဟစ်သံကို ကြားလိုက်ပြီး ကောင်းကင်သို့ လွင့်နေသော ရွှေရောင် တိုင်များကို တွေ့လိုက်ရသည်။
အထီးကျန်ဝင်္ကပါမှ မိုင်သုံးထောင်ကွာဝေးသော စိမ့်စမ်းတစ်ခုတွင် ငြိမ်သက်နေသော စိမ့်တွင်းနက်နက်ကြီးမှ ပူဖောင်းများ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် ရေညှိများဖုံးလွှမ်းနေသော ကြီးမားတဲ့ခေါင်းတစ်လုံးသည် စိမ့်ထွက်လာသည်။
“ထပ်ဖြစ်ပြန်ပြီ… ဒါက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဖြစ်ခဲ့တာ” ဟု ၎င်းက ရေရွတ်လိုက်သည်။ “အဲဒီကောင် အသက်ပြန်ရှင်လာပြီလား” အတိတ်ကို ပြန်သတိရသလိုမျိုး ဧရာမသတ္တဝါကြီးသည် ရွှံ့နွံအနည်းငယ်ကို မျိုချလိုက်ပြီး တဖြည်းဖြည်း အောက်သို့ နစ်မြုပ်သွားသည်...
အထီးကျန်ဝင်္ကပါအတွင်းမှ ထူးဆန်းသော အဖြစ်အပျက်များ မပြီးဆုံးမီ ဆယ်မိနစ်ခန့် ကြာသွားသည်။ ထူးခြားတာတွေ ပြီးဆုံးသွားသောအခါ ဝင်္ကပါသည် ယခင်အတိုင်းပင်ဖြစ်သွားသည်။
“သခင်လေး ပြီးပြီလား”
“စမ်းကြည့်လိုက်ရင် မင်းသိလာလိမ့်မယ်” ဟုကောင်းဖန်က ပြောလိုက်သည်။
ရှုချင်းကျီ၏ခြေရင်းတွင်ရပ်နေတဲ့ ထွားကြိုင်းသောဒေါင်းကလေးသည် ၎င်း၏အတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ နံရံဆီသို့ ဦးတည်သွားပြီးနောက် ၎င်းအား အတင်းကိုက်လိုက်သည်။ ၎င်းသည် ကွန်မန်ဒါအဆင့်တွင်သာရှိသော်လည်း ၎င်း၏နှုတ်သီးသည် သံမဏိထက်ပိုမိုမာကျောသောကြောင့် နံရံထောင့်ကို တွင်းပေါက်ကြီးတစ်ခု အလွယ်တကူဖြစ်သွားနိုင်သည်။ ဒါပေမယ့် ဒီတစ်ခါတော့ နံရံရဲ့ ထောင့်ကို ကိုက်လိုက်တဲ့အခါ မမြင်ရတဲ့ နံရံကို ထိသွားသလိုပဲ ဖြစ်နေသည်။
ပကတိမျက်စိဖြင့် မြင်နိုင်တဲ့ ရွှေရောင်လှိုင်းလုံးသေးသေးလေးများသည် ဒေါင်းပုတ်ခတ်သည့်နေရာမှ အပြင်သို့ ပျံ့နှံ့သွားသည်။
“အိုး-” ငှက်ကလေးက ကြောက်လန့်တကြားအော်ပြီး နောက်သို့ ပျံသန်းသွားသည်။ သူသည် ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ် မြေပြင်ပေါ်သို့ လှိမ့်သွားပြီး ရှုချင်းဇီ၏ဖနောင့်ကို ထိမိသောအခါမှ ရပ်သွားသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဒေါင်းကလေးက ညည်းသံ ထွက်လာသည်။ ၎င်း၏ အတောင်များသည် ရှုချင်း၏ ခြေသလုံးကြွက်သားများကို ဆုပ်ကိုင်ထားကာ မလွှတ်ဘဲ နေလိုက်သည်။
ဂိုဒီက ဝမ်းသာအားရ ရယ်လိုက်သည်။ မကြာသေးမီက ဖလိန်မီက စိတ်ဆိုးနေသည်။ ဂိုဒီက ဖလိန်မီကို ချော့ဖို့ နည်းလမ်းကို စဉ်းစားရန်လိုအပ်သည်။
“ဖလိန်မီ.. ဒီငှက်မည်းလေး ဘယ်လောက်ချစ်ဖို့ကောင်းလဲ ကြည့်စမ်း” ဂိုဒီက အရှက်မရှိသော အမူအရာဖြင့် ပြောလိုက်သည်။
မိန်းကလေးတွေကို လိုက်တဲ့အခါ အရည်ထူရမယ်လို့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခုမှာ သူကြည့်ဖူးသည်။
ဖလိန်မီသည် ငှက်မ ဖြစ်သော်လည်း အလားတူဖြစ်နိုင်သည်။
ဖလိန်မီ၏ မျက်နှာသည် ပျော့ပြောင်းသွားသည်။ သူမသည် ကိုယ်အလေးချိန် လျှော့ချချင်ပေမယ့် နေ့တိုင်း မိုင်ရာနဲ့ချီ ပျံသန်းတာတောင် မကြာခဏ လေ့ကျင့်ခန်းလုပ်တာတောင် မပိန်နိုင်ပေ။
ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ပြီးတိုင်း ဗိုက်ဆာလာမည်.. ဗိုက်ဆာတဲ့အခါ စားချင်လာမည်.. အစာစားမှသာ လေ့ကျင့်ခန်း လုပ်ရန် လုံလောက်တဲ့ စွမ်းအင်ရှိမည် ဖြစ်သည်။
“ဒီငှက်နက်ကလေးက ချစ်ဖို့ကောင်းပေမယ့် မင်းလောက်တော့ ချစ်ဖို့မကောင်းဘူး” ဂိုဒီက စိတ်အားထက်သန်စွာပြောလိုက်သည်။
ဖလိန်မီသည် ၎င်း၏အတောင်ပံများကို အသုံးပြု၍ ၎င်း၏ဗိုက်ပေါ်ရှိ အသားများကို ပွတ်သပ်ကာ သက်သာရာရသွားသည်။ “တကယ်လား”
“ဟုတ်ပါတယ် ဒါအမှန်ပဲ.. ဘယ်တုန်းက လိမ်ဖူးလို့လဲ” ဂိုဒီက ရိုးရိုးသားသားပြောလိုက်သည်။
ကောင်းပြီ.. ဖလိန်မီသည် ဂိုဒီနှင့် အတူနေရသည့် အကြောင်းရင်းတစ်ခုက အဝါရောင်ဘဲသည် အလွန်ရိုးသားသော ဘဲဖြစ်သောကြောင့်ဖြစ်သည်။
“အိုး.. ငယ်ငယ်တုန်းကတော့ ဒီ့ထက် နည်းနည်းပိုချောတာဖြစ်နိုင်ပါတယ်.. ဒါပေမယ့် အခုက အသက်ကြီးလာလို့ ဝလာတယ်” ဖလိန်မီ သက်ပြင်းချလိုက်သည်။
ဂိုဒီက တအံ့တသြနဲ့ “မင်းက ငယ်ငယ်တုန်းကဒီထက် ပိုဝတာလား” ဟု မေးလိုက်သည်။
ဖလိန်မီသည် ခဏမျှ တိတ်ဆိတ်သွားသည်။ “ငါ ငယ်ငယ်က ဦးလေးလျူက ကျွေးမွေးခဲ့တယ်...”
ရိုးသားတဲ့ ဂိုဒီသည် အလွန်စိတ်ပူပန်လာသည်။ “တာ့ဇီကို အန်ကယ်လျူက ကျွေးခဲ့တာ.. တာ့ဇီကို အဲဒီတုန်းက ဝက်အရွယ်အထိ ကျွေးခဲ့တယ်..ဒါပေမယ့် မင်းက မွေးကတည်းက ဝတယ်ဆိုတော့..
တာ့ဇီသည် ကြောင်သွားကာ မီးဖိုခန်းထဲမှ ပြေးထွက်လာသည်။
ဖလိန်မီသည် မည်းမှောင်သောအမူအရာဖြင့် ခုန်ဆင်းသွားသည်။
ငါတစ်ခုခုမှားပြောမိတာလား.. ဂိုဒီ စိတ်ရှုပ်သွားသည်။
မိန်းကလေးတစ်ယောက်ကို လိုက်တဲ့အခါ အရေထူဖို့သာမက ဇွဲလုံ့လလည်း လိုအပ်တယ်လို့ ဖော်ပြထားသလားမသိ..
ဟမ်… ဂိုဒီက အဲဒါကို စဉ်းစားမိလိုက်သည်။ ငါက မညှာမတာ ပြောလိုက်မိတာကြောင့်များလား..
“ဒါဆို မင်း ငယ်ငယ်က ပိုဝတယ်ပေါ့” ဂိုဒီက အမီလိုက်ဖို့ ကြိုးစားလိုက်သည်။
“ဒါပေမယ့် ငါက မင်းဝတာကို ပိုကြိုက်ပါတယ်” ဂိုဒီက သူ့ရဲ့ အပြုံးကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။
အံ့အားသင့်သွားသော ဖလိန်မီက မျက်နှာ နီရဲလာသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၁၀ စစ်မြေပြင်
“အဲလိုဖြစ်ပုံရတယ်” ရှုချင်းကျီ၏ မျက်လုံးများသည် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
“ဟုတ်တယ်.. သူတော်စင်အဆင့်အထက် သားရဲများသာ ဝင်္ကပါကို ဖျက်ဆီးနိုင်တော့မှာ.. သူတော်စင်အဆင့် အောက်ရှိ သားရဲများ အားလုံးက ဝင်္ကပါကို မထိနိုင်တော့ဘဲ အထီးကျန်ဝင်္ကပါရဲ့ လုံခြုံရေးက အလွန် မြင့်မားလာလိမ့်မယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။
“သားရဲတွေကို ကောင်းကောင်းထိန်းပါ.. ဒီမှာ ပင်ပန်းပေမယ့် အခွင့်အရေးတွေလည်း ရှိတယ်.. လက်ရှိအနက်ရောင် မြူခိုးကမ္ဘာသည်က ကမ္ဘာမြေကြယ်ထက် အရင်းအမြစ်များ ပိုများတယ်..ကံကောင်းရင် ပိုမြန်နိုင်တယ်” ဟု ကောင်းဖန်ကပြောလိုက်သည်။
“နားလည်ပါတယ်”
“ဒါဆို ငါအရင်ပြန်လိုက်မယ်” ကောင်းဖန်သည် သူ့အဖိုးထံမှ ပြန်လာဖို့ရန် မက်ဆေ့ချ်ကို လက်ခံရရှိလိုက်သည်။ လမ်းပေါ်လျှောက်လာရင်း ကောင်းဖန်က သူ့ဘေးက ကြက်တူရွေးတစ်ကောင်က ဒေါသတကြီးနဲ့ ပြောနေတာကြားလိုက်ရသည်။
လူနဲ့တူတဲ့ အရပ်ရှည်တဲ့ ကြက်တူရွေးကြီးတစ်ကောင်က ကောင်းဖန် ရှေ့မှာ မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေသည်။ “လူဆိုး.. လူဆိုး.. ငါ့ကို မထီမဲ့မြင် ပြုတယ်” ကောင်မလေးကနေ နှာချေပြီး တံတွေးနဲ့ ထွေးလိုက်သည်။
မိန်းကလေး၏ဘေးတွင် နားရွက်ဖြူယုန်သားရဲသည် နားရွက်နှစ်ဖက်ကို မြှောက်လိုက်ပြီး တံတွေးကို ရှောင်ရန် ငွေရောင်လရောင် အတားအဆီးတစ်ခုကို ဖန်တီးထားသည်။
ဧရာမကြက်တူရွေးကြီးသည် ပြုံးပြီး ၎င်း၏တံတွေကို ရှောင်ရန် အထက်သို့ သွက်လက်စွာ ရွှေ့လိုက်သည်။
တံတွေးက သူ့နောက်က တခြားလူရဲ့ မျက်နှာပေါ် တိုက်ရိုက်ကျသွားသည်။ ယဉ်ယဉ်ကျေးကျေး ပြုံးပြနေတဲ့ လူငယ်တစ်ယောက်ဖြစ်သည်။
အဖြူရောင်ဝတ်စုံဝတ် ကောင်မလေးက တောင်းပန်ခါနီးမှာ သူက လက်ကို မြှောက်လိုက်သည်။ “ကျွန်တော်က တောင်းပန်သင့်တာပါ.. ငါအဆင်ပြေပါတယ်.. အားလုံးအဆင်ပြေပါတယ်..”
ထို့နောက် သူသည် မျောနေသော ရေခူတစ်ကောင်၏ သိုလှောင်ခန်းမှ စိုစွတ်သော သုတ်တံကို ထုတ်ယူကာ သူ၏ ရှပ်အင်္ကျီ လက်ပတ်များကို အေးဆေးစွာ သုတ်လိုက်သည်။ သူက ကြက်တူရွေးကို “ကျဲတီ.. မင်းလမ်းမှာ ထပ်ပြီး တံတွေးထွေးတယ်ဆိုတော့ ဒီည အသီးခြောက်မရတော့ဘူး” ဟု ပြောလိုက်သည်။
ကျဲတိ ဟုလူသိများသော ကြက်တူရွေးသည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ “ဘာ.. မင်း ဘယ်လို အရှက်မဲ့ နိုင်ရတာလဲ.. မင်းက ဒီလှပတဲ့မိန်းမကို တံတွေးထွေးဖို့ ငါ့ကိုပြောတဲ့သူမဟုတ်ဘူးလား မင်းကဘက်တွေပြောင်းသွားပြီလား” ဟုအော်လိုက်သည်။
ဝတ်စုံဝတ်ထားသော အမျိုးသား၏ မျက်နှာသည် ပြောင်းလဲသွားသည်။ လှည့်ကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံဝတ် ကောင်မလေး၏ အသွင်အပြင်ကို မြင်လိုက်ရသည်။ အံ့သြမှု၊ ဒေါသနှင့် ရှုတ်ချသော အသွင်အပြင်ဖြစ်သည်။ သူမ အေးစက်စွာ လှည့်ထွက်သွားသည်။
“မင်းကို စိတ်ရောဂါသည် ဖြစ်ဖို့ ငါမမျှော်လင့်ထားဘူး”
သူ့ပိုင်ရှင်ရဲ့ ဒေါသမျက်လုံးတွေကို မြင်လိုက်တာနဲ့ ကြက်တူရွေးက လမ်းဘေးဈေးဆိုင်မှ နဂါးမောက်သီးကို ညင်သာစွာ ယူဆောင်သွားသည်။
ဝတ်စုံနဲ့လူသည် ရှက်ရွံ့စွာ နောက်မှလိုက်ကာ ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံကိုထုတ်ကာ ဆိုင်ပိုင်ရှင်ထံ အပ်လိုက်ရသည်။
…
တာ့ဇီကို နေရာလွတ်အက်ကွဲကြောင်း မှတဆင့် ဆင့်ခေါ်လိုက်သည်။ ကမ္ဘာမြေကြယ်၏လက်ရှိအဆင့်ကန့်သတ်ချက်ကို အရှင်သခင်အဆင့် အထိဖွင့်ထားသောကြောင့် ကောင်းဖန်၏သားရဲ အများစုကိုသားရဲသိုလှောင်ခန်းမှ ထုတ်နိုင်သည်။
“အဘိုး.. ကျွန်တော်ပြန်လာပြီ” သူရဲ့ သားရဲ ထိပ်တွင်ထိုင်နေသော ကောင်းဖန်က ညင်သာစွာ ဆင်းသက်လာသည်။
တာ့ဇီသည် ရေကန်ဘေးသို့ ဆင်းသက်လာသည်။ ကောင်းဖန်သည် စံအိမ်ကြီးမှ ပြင်းထန်ပြီး အကျွမ်းတဝင်မရှိသော လေထုကို ခံစားလိုက်ရပြီး သူ့အမူအရာ ပြောင်းလဲသွားသည်။ သူသည် ဂိုဒီ၊ အစင်းလေးနဲ့ ခြင်္သေ့ဖြူကို ဆင့်ခေါ်ရန် အဆင်သင့်ဖြစ်နေသည်။ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။
စံအိမ်ထဲသို့မဝင်မီ ကောင်းဖန်သည် စံအိမ်ထဲမှာ အသံများကြားနေရသည်။ တံခါးကို တွန်းဖွင့်လိုက်တော့ ထမင်းစားခန်းထဲမှာ လူတွေ ပြည့်နေတာ တွေ့လိုက်ရသည်။ ၀တ်စားဆင်ယင်မှုအမျိုးမျိုးဖြင့် လူများသည် ဧည့်ခန်းနှင့် ထမင်းစားခန်းများ ပတ်ပတ်လည်တွင် လမ်းလျှောက်နေကြသည်။
ကောင်းဖန်က မတုံ့ပြန်ပေ။ ဒီလူတွေကို အရင်က တစ်ခါမှ မမြင်ဖူးပေမယ့် သူတို့ ဝတ်စားဆင်ယင်ပုံနဲ့ မျိုးနွယ်စုတွေ ဖြစ်တဲ့ သူတို့ရဲ့ အပြောအဆို အမူအရာတွေကို သေချာသိသည်။
*ဖန်ကလေး..” ဧည့်ခန်းထဲမှာထိုင်နေတဲ့ အဖိုးက ကောင်းဖန် ပြန်လာတာကို သတိထားမိသည်။ သူ့မျက်နှာမှာ အံ့အားသင့်စရာ အရိပ်အမြွက်တွေ ပါနေသည်။
ကောင်းဖန်က ကြည့်လိုက်တော့ သူ့အဖိုးဘေးမှာ ထိုင်နေတဲ့ ငွေရောင်ဆံပင် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် အဖြူရောင် ပိုးသားအင်္ကျီကို ၀တ်ထားကာ သူမ၏ နောက်ကျောက မတ်နေပြီး မျက်လုံးများက အဆက်မပြတ် ရွေ့လျားနေသည်။
အဘွားအိုကြီး ထိုင်နေတော့ ဘယ်သူမှ အနားမကပ်ရဲပေ။ ယင်းက သူမအား လေးစားမှုရှိကြောင်း ပြသနေသည်။
“ဒါ မင်းရဲ့မြေးဖြစ်ရမယ်” အဘွားအိုကြီးသည် မတ်တပ်ထရပ်ပြီး ကောင်းဖန်ကို ကြည့်လိုက်သည်။ ဂရုတစိုက်ကြည့်ရှုပြီးနောက် သူမက ကျီဟန့်ဝူ ကို “သူက မင်းနဲ့တူတယ်” ဟု ပြောလိုက်သည်။
“အဘိုး.. ဒီလူတွေက…” ကောင်းဖန်က မေးသည်။
“ငါက နဂါးဖြူမျိုးနွယ်စုကပါ” အဘွားအိုကြီးသည် သန်မာကြံ့ခိုင်ပုံပေါ်သည်။
ကောင်းဖန်သည် စကားအသုံးအနှုန်း အနည်းငယ် ပြောင်းလဲသွားသည်။ နဂါးဖြူမျိုးနွယ်စု… ထုံးစံအတိုင်း.. နဂါးဖြူအနွယ်က ထိပ်တန်းသုံးမျိုးထဲက တစ်ခုလို့ သူကြားဖူးသည်။
သို့သော်လည်း နဂါးဖြူမျိုးနွယ်ဝင်များသည် ပြင်ပကမ္ဘာတွင် ထင်ရှားခဲလှပြီး ကမ္ဘာမြေကြယ် နယ်မြေအတွက် ယှဉ်ပြိုင်ရန် စိတ်မဝင်စားကြပုံရသည်။
ကောင်းဖန်သည် ထိုအကြောင်းပြချက်ကို ခန့်မှန်းနိုင်သည်။ ကမ္ဘာမြေကြယ်သည် နဝမမြောက်ကောင်းကင်ဘုံ ၏သေးငယ်သော အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ သူတို့၏ စစ်မှန်သော ပန်းတိုင်မှာ အကန့်အသတ်မရှိသော နဝါမမြောက်ကောင်းကင်ဘုံ ဖြစ်သည်။
ယိုဟူ မျိုးနွယ်စုသည် အဓိကမျိုးနွယ်စု ခုနစ်မျိုးထက် များစွာနိမ့်ကျသည်။ ယွီဟူမျိုးနွယ်စုမှာ အရှင်သခင်အဆင့်ရှိတဲ့ သားရဲ တစ်ကောင်ရှိသည်။ ဒါကြောင့် သူ မမှားဘူးဆိုရင်.. မျိုးနွယ်ခုနစ်ခုမှာ သူတော်စင်အဆင့်သားရဲရှိပြီး ခန့်မှန်းရလောက်အောင် ရဲရင့်တယ်ဆိုရင်… နဂါးဖြူမျိုးနွယ်စုမှာ နတ်ဘုရားတစ်ပိုင်း ရှိနိုင်ပါသည်။
ဒါက ကောင်းဖန်ရဲ့ ကိုယ်ပိုင်မှန်းဆချက်ဖြစ်သည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ နဂါးဖြူမျိုးနွယ်စုမှသာလျှင် သိနိုင်မည်ဖြစ်သည်။ ဒါပေမယ့် နဂါးဖြူမျိုးနွယ်ဝင်တွေနဲ့ ပိုင်လောင်မျိုးနွယ်စုက သူ့အဖိုးကိုရှာဖို့ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းကို ဘာကြောင့် ရုတ်တရက်ရောက်လာတာလဲဟု တွေးနေမိသည်။
“သူငယ်ချင်းဟောင်းကို ရှာဖို့ လာခဲ့တာပါ” အဘွားကြီးက ပြုံးပြလိုက်သည်။
သူကိုယ်တိုင်မှလွဲ၍ ထိုနေရာတွင် နေထိုင်သူမှာ သူ့အဘိုးသာဖြစ်သည်။ ကောင်းဖန်သည် ဤအဘွားအိုကို မသိသောကြောင့် သူ့အဘိုးကို ရှာနေသည်။
“ငါက သူမဟုတ်ဘူးလို့ မင်းကိုပြောခဲ့ပါပြီ” အဖိုးက သက်ပြင်းချလိုက်သည်။ “သဘာဝဘေးအန္တရာယ် ကြုံလာတဲ့အခါ သူ့အတ္ထုပ္ပတ္တိကနေ အသိပညာကို အမွေဆက်ခံခဲ့တာပါ.. အပျက်အစီးများအနီးမှာ နဂါးဖြူကိုလည်း တွေ့ရှိခဲ့တာပါ.. မင်း လူမှားနေတယ်ထင်တယ်”
အဘွားအိုသည် စကားမပြောဘဲ အဘိုးကို တိတ်တဆိတ်ကြည့်နေသည်။ “ဒါပေမယ့် မင်းသိလား မင်းကသူ့နဲ့ တကယ်တူတယ်”
“ဒါက ဂုဏ်ယူစရာ မဟုတ်ဘူး.. ငါကငါပဲ တခြားသူမဟုတ်ဘူး.. ငါ ကျီဟန့်ဝူပါ” အဘိုး၏ ဖြူဖွေးသော မျက်ခုံးမွှေးများသည် သူ့နားထဲသို့ နှင်းငွေဓားနှစ်စင်း ထိုးထည့်လိုက်သကဲ့သို့ မြင့်တက်သွားသည်။ သူသည် ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးဖြစ်လျှင်ပင် အခြားသူအတွက် အစားထိုးရခြင်းသည် ဂုဏ်ယူစရာကိစ္စမဟုတ်ပေ။
အဘွားအိုသည် စကားမပြောသော်လည်း ကျီဟန့်ဝူကို ခဏမျှ ငြိမ်သက်စွာကြည့်ကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ မင်းက ကျီဟန့်ဝူပါ.. ငါမင်းကိုယုံတယ်”
အဘွားအိုက ပိုပြောချင်ပုံပေါက်ပေမယ့် သူ့ပတ်ဝန်းကျင်မှာ တခြားသူတွေ အများကြီးရှိလို့ နောက်ဆုံးမှာ သူပြောချင်တာကို မျိုချပစ်လိုက်သည်။
“ခြောက်ရက်အတွင်းမှာ ကမ္ဘာမြေရင်ပြင် မှာ မဟာမိတ်ဖွဲ့လိမ့်မယ်.. ဒီကမ္ဘာက မျိုးနွယ်စုအလယ်မှာ တည်ရှိနေတယ်.. အဲဒါကြောင့် အလယ်အလတ်တန်းစားနဲ့ အထက်ရှိတဲ့ မျိုးနွယ်များအားလုံး ပါဝင်လိမ်မယ်.. ဒီတွေ့ဆုံမှုက ကမ္ဘာမြေကြယ် အပေါ် သဘောထားများ အပါအဝင် အကြောင်းအရာများစွာကို ဆုံးဖြတ်လိမ့်မယ်... နဝမမြောက်ကောင်းကင်ဘုံ မှာဖြစ်ပျက်ခဲ့တာကို မင်းသိမှာသေချာပါတယ်... ကမ္ဘာမြေကြယ် ကို သူတို့ဂရုမစိုက်ပေမယ့် စစ်ပွဲတွေဖြစ်တဲ့အခါ ကမ္ဘာမြေကြယ်က ရန်သူ့နယ်မြေမှာ ရှိတဲ့တပ် ဖြစ်လာမှာ မလွဲမသွေပဲ”
ကောင်းဖန်က “ ရန်သူ့နယ်မြေမှာ ရှိတဲ့တပ်” ဟု ရေရွတ်လိုက်သည်။
“ဟုတ်တယ်.. အဲဒီမျိုးနွယ်စုတွေရဲ့ လူတွေက သူတို့ရဲ့ အခြေစိုက်စခန်းတွေရှိတဲ့ ကမ္ဘာမြေရင်ပြင်မှာ စစ်ပွဲကို ဘယ်တော့မှ ခွင့်မပြုဘူးဆိုရင်တောင် ကမ္ဘာမြေကြယ်က စစ်မြေပြင်ဖြစ်လာလိမ့်မယ်.. အဲ့ဒီအချိန်မှာ သူတို့က တန်ပြန်ထိုးစစ်ကိုဆင်နွှဲပြီး နဝမမြောက်ကောင်းကင်ဘုံကို ကျူးကျော်တိုက်ခိုက်လိမ့်မယ်”
“အကြီးအကဲ.. အဲဒီနှစ်မှာ ဘာဖြစ်သွားလဲသိချင်ပါတယ်” ကောင်းဖန်က မျက်မှောင်ကြုတ်ကာ တောင်းဆိုလိုက်သည်။ “ဒါဆို နဝမမြောက်ကောင်းကင်ဘုံက ကျွန်တော်တို့ရန်သူလား”
ဒီအတွေးက စိုးရိမ်စရာပါပင်။
“ဒါဟာ ချဲ့ကားမှုတစ်ခုပဲ.. ဒါပေမယ့် အခုက နဝမမြောက်ကောင်းကင်ဘုံရဲ့ ထိပ်တန်းကစားသမားတွေက ငါတို့ကို မပြန်စေချင်ဘူး ဒါကြောင့် သူတို့ ‘အိမ်’ ကို ပြင်ပစစ်မြေပြင်မှာ ခုခံကာကွယ်လိမ့်မယ်” အဘွားအိုက ခပ်တိုးတိုး ပြုံးလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၁၁ အဆင့်မြင့် သူတော်စင်မ
ညစာစားပြီးသောအခါ နဂါးဖြူမျိုးနွယ်စုမှ ဧည့်သည်ပြန်သွားပြီး ရေကန်မျက်နှာပြင်တွင် အေးစက်သော လေထုက ဖြတ်သန်းသွားသည်။ ကောင်းဖန်ကတော့ အမျိုးသမီးအိုကြီးပြောခဲ့သည့် စကားအပေါ် မှင်သက်နေတုန်း ဖြစ်သည်။
“ဘာဖြစ်လို့လဲ” ကျီဟန့်ဝူက ကောင်းဖန်နောက်မှ ရုတ်တရတ် ပေါ်လာပြီး မေးလိုက်သည်။
“ကမ္ဘာမြေက မကြာခင် စစ်ပွဲနယ်မြေဖြစ်လာတော့မယ်ဆိုတဲ့ စကားကိုပါ.. ဘာတွေ ဖြစ်လာမလဲဆိုတာ တွေးတောင် မတွေးရဲဘူး” ကောင်းဖန်က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြောလိုက်သည်။
သူသည် ကမ္ဘာမြေကို ကယ်တင်မည့် သူရဲကောင်းတစ်ယောက် မဟုတ်ပေ။ သူသည် မလိုအပ်သော ပဋိပက္ခများကိုသာ မဖြစ်စေလိုခြင်း ဖြစ်သည်။ သူသည် အနက်ရောင်မြူခိုးကမ္ဘာသို့ သွားလျှင်လည်း ဒုက္ခများကြားထဲမှ ကိုယ်လွတ်ရုန်းပြေးသူ ဖြစ်ဦးမည်။ ထို့ကြောင့် ဒီတစ်ခါတော့ ထွက်ပြေးပုန်းရှောင်တော့မည် မဟုတ်ပေ။
တစ်ဖက်တွင်တော့ ရှေးဟောင်းမျိုးနွယ်စုရှိပြီး တစ်ဖက်တွင်တော့ ကျူရှန်းရှိတီဆိုသော ကောင်းဖန်တစ်ခါမှ မကြားဖူးသည့် မျိုးနွယ်စုများ ရှိနေသည်။ သေချာတာကတော့ ၂ ဖက်စလုံးသည် တစ်ကမ္ဘာလုံးကို စစ်ပွဲနယ်မြေတစ်ခု ဖြစ်လာစေနိုင်ပြီး လူမျိုးတုံးသွားနိုင်ခြင်း ဖြစ်သည်။
ဟုတ်တယ်.. ကမ္ဘာသားတွေက သူတို့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး.. ငါတို့ ဘယ်သူ့ကိုမှ နိုင်အောင် မတိုက်နိုင်ဘူးဆိုရင် ဒီနေရာကို လက်လွှဲပေးရင် ပေးထားခဲ့ရမှာ.. စကြာဝဠာကြီးက အကျယ်ကြီးဆိုတော့ ငါတို့ ပြန်နေစရာ နေရာတစ်ခု ရှိရင် ရှိမှာပါ။
ဒါပေမယ့် ကမ္ဘာပေါ်မှာ လူတွေက နည်းတာမှ မဟုတ်တာ.. ဘီလီယံနဲ့ ချီပြီး ရှိတာလေ..
“ဒါဆိုလည်း သွားကြရအောင်” ကောင်းဖန် အဖိုးက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဘယ်ကိုသွားရမှာလဲ”
“ငါတို့မှာ အနက်ရောင် မြူခိုးကမ္ဘာရှိတယ်လေ.. ရှေးဟောင်းမျိုးနွယ်စုက သူတွေတောင် လိုအပ်ရင် အရေးပေါ် ခိုလှုံဖို့ နေရာတွေမှာ နေကြရသေးတာပဲ.. ငါတို့လည်း အဲဒီလိုပဲ လုပ်ရမှာပေါ့” အဖိုးက ပြောလိုက်သည်။
“အဖိုးပြောတာ မှန်ပါတယ်.. အနက်ရောင် မြူခိုးကမ္ဘာက ကမ္ဘာပေါ်မှာရှိတဲ့ ဘီလီယံနဲ့ ချီတဲ့သူတွေအားလုံးကို ဆန့်မှာတော့ သေချာပါတယ်.. နေရာတွေက ပိုတောင် ပိုနေဦးမှာ” ကောင်းဖန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒါပေမယ့်လည်း ကျွန်တော်တို့က တာဝန်ယူပြီး ဘယ်လိုခေါ်သွားနိုင်မှာလဲ.. ဘီလီယံဆိုတာ နည်းတဲ့ ပိုက်ဆံမှ မဟုတ်တာ”
“အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ရမှာပေါ့”
“ဟုတ်ပြီလေ.. အဲဒါဆိုလည်း အဖိုးနဲ့ပဲ လွှဲထားလိုက်တော့မယ်.. အဖိုးက အစိုးရနဲ့ ပူးပေါင်းပြီး အသေးစိတ်လုပ်ပေါ့... ကျွန်တော်ကတော့ လေးထောင့် ကမ္ဘာကိုသွားပြီး သူတို့ရဲ့ မျိုးနွယ်စု အစည်းအဝေးကို တက်ပြီး ဘာတွေလုပ်ကြမလဲ သိအောင်လုပ်ခဲ့မယ်”
“အဖိုးကတော့ မင်းကို ဒီမှာနေပြီး အစိုးရပိုင်းနဲ့ အလုပ်လုပ်စေချင်တယ်.. လေးထောင့်ကမ္ဘာကို အဖိုးသွားလိုက်မယ်” ကောင်းဖန်အဖိုးက ပြောလိုက်သည်။
“မဟုတ်ဘူး.. အဖိုးက နေခဲ့လိုက်ပါ.. အစိုးရပိုင်းတွေကျတော့ ကျွန်တော့်ထက် အဖိုးရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါက ပိုပြီး အကျိုးသက်ရောက်လိမ့်မယ်.. ပြီးတော့ ကျွန်တော့်မျက်နှာမှာ မုတ်ဆိတ်တောင် အပြည့်မပေါက်သေးဘူးလေ” ကောင်းဖန်က ရယ်သွမ်းသွေးရင်း ပြောလိုက်သည်။ သူသည် နေရာတိုင်းတွင် မမြင်ရသည့် အန္တရာယ်များရှိနေသော လေးထောင့်ကမ္ဘာသို့ အဖိုးကို မလွှတ်ရက်ပါချေ။
ကျီဟန့်ဝူကလည်း ဒါကိုကောင်းကောင်းသိထားသော်လည်း ကောင်းဖန်ကို နားချချင်နေတုန်း ဖြစ်သည်။ သို့သော် သူဘာမှ ထပ်မပြောရသေးခင်တွင် ကောင်းဖန်က စပြောလိုက်သည်။ “ကျွန်တော့်မှာ သူတော်စင်အဆင့် သားရဲ ၂ ကောင်နဲ့ နတ်ဘုရားအသုံးအဆောင်တောင် ရှိတယ်.. အဲဒီတော့ ကွားစီနတ်ဘုရားနဲ့ ရင်ဆိုင်တွေ့ရင်တောင် အဆင်ပြေမှာ သေချာပါတယ်”
ကျီဟန့်ဝူသည် ဘာမှ မပြောရသေးခင်မှာပင် စကားဖြတ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ “အေးပါ မင်းပဲ သွားလိုက်ပါတော့” အဖိုးသည် ထိုသို့ ပြောလိုက်ချိန်တွင် အမှန်တကယ်ပင် လူအိုကြီးတစ်ယောက်လို ခံစားလိုက်ရသည်။ ကောင်းဖန်သည် သူအရင်က ကာကွယ်ပေးခဲ့ရသည့် ကောင်လေးတစ်ယောက် မဟုတ်တော့ပါပေ။
ထို့နောက် အဖိုးက လှည့်ထွက်လိုက်ပြီး “အသက်ရှင်လျက် ပြန်လာပါ” ဟု ရေရွတ်လိုက်သည်။
“ဟုတ်ကဲ့ပါအဖိုး” ကောင်းဖန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ အမျိုးသမီးအိုကြီးက သူမ ထွက်မသွားခင်က သူမကို ရှာရမည့် နေရာအား ကောင်းဖန်ကို ပြောပြခဲ့သည်။ သူမသည် ဟွာရှားဒေသတွင် နောက်တစ်ရက် ထပ်နေတော့မည် မဟုတ်ပဲ ကောင်းကင်ကမ္ဘာကို နောက်နေ့ သွားရတော့မည် ဖြစ်သည်။
ကောင်းဖန်သည် သူပြန်လာတုန်းက ပဲ့ကျင်းယန်ကို မတွေ့ခဲ့ပေ။ အဖိုးပြောပုံအရတော့ ပဲ့ကျင်းယန်သည် တစ်ယောက်ယောက်၏ ဖိတ်ခေါ်မှုဖြင့် ယွိကျိုးမှ ထွက်သွားသည်ဟု ဆိုသည်။ သူမသည် ကောင်းကင်ကမ္ဘာကို ပြန်တောင်ရောက်သွားလောက်ပြီ ထင်သည်။
နောက်တစ်နေ့ နေ့လည်တွင်တော့ နေရောင်သည် ကောင်းကင်တွင် တောက်ပနေသည်။ ယွိကျိုးမြို့၏ အပြင်ဖက်တွင် တောင်စံအိမ်တစ်ခုရှိပြီး လူအများအပြား အ၀င်အထွက် ပြုနေကြသည်။ လူများသည် အုပ်စုများဖွဲ့လျက် မြက်ခင်းပြင်ပေါ်မှ စားပွဲများတွင် ကိုယ်စီထိုင်နေကြသည်။ စားပွဲပေါ်တွင် စားစရာ များစွာ ရှိနေသည်။
“ကမ္ဘာသားတွေက အစားကောင်းကောင်း လုပ်တတ်သားပဲ”
“ဒီကစားဖိုမှူး တစ်ချို့ကို ခေါ်သွားဖို့ သူတော်စင်ကို ခွင့်တောင်းကြည့်ရင် ကောင်းမလား”
“နဂါးဖြူမျိုးနွယ်ထဲကို ၀င်ဖို့ဆိုတာ ဒီကသူတွေရဲ့ အိပ်မက်ဖြစ်မှာပဲ.. ဒီတော့ စားဖိုမှူးကိုတောင် သေချာရွေးခေါ်ရမယ်” နောက်တစ်ယောက်က ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်သည်။
ငွေရောင်ဆံပင်များနှင့် အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်က ဆန်ပြုတ်စားရင်း ထောင့်တစ်ခုတွင် ငြိမ်သက်စွာ ထိုင်နေသည်။
“သူတော်စင်.. သူလာမှာပါလား” သူမဘေးတွင် ထိုင်နေသော အမျိုးသမီးငယ်လေးက မေးလိုက်သည်။ သူမ၏ ကျောဘက်တွင် နက်မှောင်သော ဆံပင်များကို ဖြန့်ချထားသည်။
အဝါရောင်လက်တို အင်္ကျီလေးကို ၀တ်ထားပြီး ဒီဇိုင်းကတော့ ကမ္ဘာမြေ၏ လက်ရာ မဟုတ်တာ သေချာလှသည်။ သူမသည် သေးသွယ်သော လက်မောင်းလေးများ ခြေထောက်လေးများနှင့် လှပကျော့ရှင်းလှသည်။
“သူလာမှာပါ” သူတော်စင်မက ပြောလိုက်သည်။ သူမသည် လက်ထဲမှ ပန်းကန်လုံးကို ပြန်ချလိုက်ပြီးနောက် နှုတ်ခမ်းထောင့်များကို လက်သုတ်ပုဝါဖြင့် သုတ်လိုက်သည်။
မိန်းကလေးကတော့ နာခံစွာ ခေါင်းငြိမ့်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ သူမအတွက် သူတော်စင်မ၏ စကားသည် အရာရာ ဖြစ်သည်။
“သူတော်စင်မ.. ကောင်းဖန်ရောက်ပါပြီ” အဝေးတွင် ရပ်နေသော နဂါးဖြူ မျိုးနွယ်စုမှ လူငယ်တစ်ယောက်က အော်ပြောလိုက်သည်။
တောင်ဗီလာထဲကို ၀င်လာပြိးနောက် ကောင်းဖန်သည် ပတ်၀န်းကျင်ကို တစ်ချက်စေ့ငုလိုက်ပြီး သစ်ပင်အောက်တွင် ထိုင်နေသော သူတော်စင်မဆီသို့ တည့်တည့်လျှောက်လာသည်။
“ရောက်ပြီလား” သူတော်စင်မက ခေါင်းတစ်ချက်ဆတ်၍ ပြောလိုက်သည်။
“အရှင်မရဲ့လမ်းပြမှုကြောင့် လာလမ်းဖြောင်ခဲ့ရပါတယ်” ကောင်းဖန်က ပြောလိုက်ကာ ဦးညွတ်အရိုအသေပေးလိုက်သည်။
သူတော်စင်မက ကောင်းဖန်၏ အရိုအသေပြုမှုကို လက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “ဒါဆိုလည်း စလိုက်ရအောင်” သူမသည် မတ်တပ်ရပ်ရင်း ထိုသို့ပြောလိုက်ကာ သူမအသံသည် တောင်စံအိမ်တစ်ခုလုံးကို လွှမ်းသွားသည်။
ထိုအခိုက်တွင် ချက်ချင်း တိတ်ဆိတ်သွားသည်။ လူငယ်ပိုင်းအရွယ်လေးများကတော့ သူတို့ကို တည်ခင်းပေးထားသော ဟင်းလျာများထံမှ ထွက်မသွားချင်ပုံ ဖြစ်နေကြသည်။ သို့သော် သူတော်စင်မ၏ အမိန့်က သူတို့အတွက် ပထမဦးစားပေးဖြစ်လေသည်။
ခဏကြာသောအခါ တောင်ပံပါသော ကိုယ်ပိုင်သားရဲ ၂ ကောင်သည် တောင်ဗီလာမှ ပျံသန်းသွားကြသည်။ သူတို့တစ်ကောင်စီတွင် လူအုပ်စုများ ကိုယ်စီပါနေကြသည်။
ကောင်းဖန်ကတော့ သူတော်စင်မနှင့်အတူ နဂါးဖြူကြီး၏ ကျောတွင်ပါလာသည်။ ထို့အပြင် သူတော်စင်မနှင့် စားပွဲတစ်ခုတည်း အတူထိုင်နေသည့် မိန်းကလေးလည်း ပါလာသည်။
သူတို့အောက်တွင်တော့ သန့်စင်သော နဂါးသွေးရှိသည့် နဂါးဖြူကြီးရှိနေသည်။ ကောင်းဖန်သည် အသက် ၂၀ ပင် မကျော်လောက်သေးသော မိန်းငလေးတစ်ဦးတွင် ဧကရာဇ်အဆင့်ထိပ်ဆုံးသို့ ရောက်နေပြီ ဖြစ်သော ကိုယ်ပိုင်သားရဲတစ်ကောင် ပိုင်ဆိုင်ထားခြင်း အပေါ် အလွန်ပင် အံ့ဩနေသည်။ ကောင်းဖန်သည် သူမအရွယ်တုန်းက ဘုရင်အဆင့် သားရဲများသာ ပိုင်ဆိုင်သေးသည်ကို အမှတ်ရနေမိသည်။
“ငါတို့ မျိုးနွယ်စုက မင်းကို သေချာ မသိကြသေးတော့ လိုအပ်တဲ့ အချိန်မှပဲ စကားသွားပြောတာ ကောင်းလိမ့်မယ်.. အခုချိန်မှာ ကမ္ဘာသားတွေကို မုန်းတီးတဲ့သူတွေ မရှိတော့ပေမယ့် တချို့ကတော့ ကောင်းကောင်းဆက်ဆံနိုင်ကြဦးမယ် မထင်ဘူး” သူတော်စင်မက ရှင်းပြလိုက်သည်။
ကောင်းဖန်က နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။ သူတော်စင်မသည် သူ့အပေါ် ဂရုစိုက်ပေးသည်ဟု ခံစားနေရသည်။ “သူတို့ဘာလို့ ကမ္ဘာသားတွေကို မုန်းတီးတယ်ဆိုတာ သိခွင့်ရှိမလား” ကောင်းဖန်က မေးလိုက်သည်။ သူသည် ခွဲခြားဆက်ဆံခံရခြင်းကို မကြိုက်လှပါချေ။
“ဘာလို့လဲဆိုတော့ ကမ္ဘာသားတွေက ကိုယ်ပိုင်သားရဲတွေ အများကြီးနဲ့ သွေးစာချုပ်ချုပ်နိုင်ပြီး ရှေးဟောင်းမျိုးနွယ်စုကတော့ အတုမရှိ တန်ခိုးရှင်မှသာ အဲဒီလိုလုပ်နိုင်တာ မို့လို့ပါ” သူတော်စင်မက ပြောလိုက်သည်။
ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။
“ပြီးတော့ ကမ္ဘာသားတွေထဲမှာ တခြားမျိုးနွယ်စုတွေနဲ့ တော်ရုံယှဉ်နိုင်တဲ့ သူလည်း မရှိဘူး.. ရှိမယ်ဆိုရင်တောင် အတော်လေး စွမ်းအားအဆင့်တူမှ ရမယ်.. ပြောရရင် ရှေးဟောင်းမျိုးနွယ်စုတွေက အရင်ကလည်း ကမ္ဘာသားတွေနဲ့ ဆက်နွယ်မှုတွေ ရှိခဲ့ဖူးတယ်” သူတော်စင်မက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။
“စိတ်တော့ သိပ်မပူပါနဲ့.. ဒီလူတွေက မင်းကို အရမ်းခွဲခြား ဆက်ဆံကြမှာ မဟုတ်ပါဘူး.. အခု မျိုးနွယ်စု အစည်းအဝေးမှာက ကျူးရှန်းကသူတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ အဓိကထားပြီး ဆွေးနွေးကြမှာ.. ငါတို့တွက်ချက်မှုအရတော့ ကမ္ဘာကို ကာကွယ်ပေးထားတဲ့ အကာအရံက သိပ်မခံတော့ဘူး.. မကြာခင် ပျက်စီးတော့မှာ..
“မင်းလည်း လေးထောင့်ကမ္ဘာက ဉာဏ်အကောင်းဆုံး မျိုးနွယ်သားတွေနဲ့ တွေ့ရမှာပါ.. မင်းလည်း လူငယ်ဆိုတော့ အတော်ပါပဲ.. သူငယ်ချင်းတွေတောင် ဖြစ်သွားနိုင်ပါသေးတယ်” သူတော်စင်မက ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၁၂ နဂါးကျွန်းစု
သူတို့သည် ချွမ်းဖူ အခြေစိုက်မြို့မှ တဆင့် ယွိကျိုးမြို့၏ အနောက်ဖက်မှ ပျံထွက်လိုက်ကြပြီး ကျင်ထျန်း ကုန်းပြင်မြင့်၏ အထက် ဝေဟင်သို့ ရောက်သွားကြသည်။ ကောင်းဖန်သည် အောက်ကို ငုံ့ကြည့်လိုက်သောအခါ အဆုံးမရှိသော အစိမ်းရောင် မြေပြင်ကြီးကို တွေ့လိုက်ရသည်။ သူသည် အောက်၌ တစ်စုံတစ်ခု အိပ်စက်နေသလို ခံစားမှုမျိုး ရမိနေသည်။
သူသည် နောက်ဆုံးတစ်ခေါက်ကျင်ထျန်း ကုန်းပြင်မြင့်ပေါ်မှ ဖြတ်ပျံစဉ်က ဒေတာဖရိန်တစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ ထို့ကြောင့် ကုန်းပြင်မြင့် အခြေတွင် ထျန်းကျင် အသူရာနဂါးရှိနေခဲ့ကြောင်းကို သိလိုက်ရသည်။
နဂါးသည် အိပ်စက်နေတုန်း ဖြစ်သည်။ သူသည် မြေပြင်၏ အသက်သွေးကြော စွမ်းအင်များကို စုပ်ယူထားနေသည်။
သူတို့သည် ကုန်းပြင်မြင့်ကို အတော်လေးဖြတ်သန်းပြီးနောက် တောင်ဘက်သို့ အနည်းငယ် ဆက်ပျံသန်းလိုက်သည်။ ထိုနေရာတွင် “ဟိမ၀န္တာ” ရှိပြီး ရေခဲဗိမာန်ဟု အဓိပ္ပါယ်ရလေသည်။
ဟိမ၀န္တာတောင်တန်းတစ်ခု၏ ထိပ်တွင် နဂါးသည် မမြင်ရသော အကာအရံတစ်ခုကို ခေါင်းဖြင့် ၀င်တိုးလိုက်သည်။ ထိုအခါ ချက်ချင်းပင် အေးစက်သော လေနှင့် နှင်းများ ပျောက်ကွယ်သွားတော့သည်။
ကောင်းဖန်အောက်တွင် တည်ငြိမ်သော ပင်လယ်ပြင်ကို မြင်လိုက်ရသည်။ တစ်နာရီခန့် ပျံသန်းပြီးနောက် သူသည် မိုးကုတ်စက်ဝိုင်းနားတွင် ကျွန်းစုတစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ကျွန်းများစွာ စုဝေးနေပြီး မည်မျှရှိနေသည်ကို တွက်ဆ၍ပင် မရနိုင်ချေ။
“ဒါက နဂါးကျွန်းစုပါ” သူတော်စင်မက ပြောလိုက်သည်
“နဂါးကျွန်းစု..” ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ ဒါဆို ဒါက နဂါးဖြူမျိုးနွယ်စုတွေ နေတဲ့ နေရာပေါ့..
သူတို့သည် ကျွန်းစု၏ အလယ်ဗဟိုနှင့် အနီးဆုံးတွင်ရှိသော ကျွန်းတစ်ခုဆီ ပျံသန်းလိုက်ကြသည်။ ထိုနေရာ၏ မြေမျက်နှာ သွင်ပြင်သည် အခြားနေရာများထက် မြင့်လေသည်။ လေထဲတွင် အတောင်ပံပါသော နဂါးများက လှည့်ပတ်ပျံသန်းနေကြပြီး ရေနဂါးများကတော့ ကျွန်းများကြားတွင် လှည့်ပတ်သွားလာ နေကြသည်။
နဂါးအမျိုးအစား သားရဲများသည် ထိုကျွန်းစု၏ အဓိကနေထိုင်သော သားရိုင်းများဖြစ်ကြောင်း သိသာလှသည်။ တချို့သော နဂါးများသည် နဂါးမရဏတောင်ကြားမှ နဂါးများနှင့်ပင် တူသေးသည်။ သို့သော် မတူတာက ယခုနဂါးများသည် ကိုယ်ပိုင်သားရဲများ ဖြစ်ကြကာ အမျိုးအစား စုံလင်လှခြင်း ဖြစ်သည်။ ထိုနဂါးများ၏ ပျမ်းမျှအဆင့်သည် နဂါးမရဏတောင်ကြားမှ နဂါးများထက် ပိုမြင့်နိုင်သည်။
“ဒီနေရာမှာ လမ်းခွဲရတော့မယ် ထင်ပါတယ်” မိန်းမငယ်လေးက သူတော်စင်မနှင့် ကောင်းဖန်ကို ပြောလိုက်သည်။
“ကောင်းပါပြီ.. သေချာလေ့ကျင့်ထားပါ.. နောက်တစ်ခေါက် မျိုးနွယ်စု တွေ့ဆုံပွဲကျရင် မင်းအစ်ကို ဖြစ်သူက ဂုဏ်ယူရတဲ့ သူဖြစ်လာအောင် ကြိုးစားပါ” သူတော်စင်မက ပြောလိုက်သည်။
“ကောင်းပါပြီ” မိန်းမငယ်လေးက နာခံစွာ ပြောလိုက်ပြီး နဂါးဖြူကြီးကို ပြန်ဖို့ အချက်ပြလိုက်သည်။
သူတော်စင်မကလည်း လက်တစ်ချက်ဝှေ့ရမ်းလိုက်ချိန်တွင် ကောင်းကင်မှ နဂါး ၂ ကောင်ရောက်လာသည်။ ထိုနဂါးများတွင် ခပ်ညိုညို အဆင်များ ရှိကြသည်။ သူတို့တောင်ပံများသည် လင်းနို့တောင်ပံများနှင့် ဆင်တူပြီး အမြီးများက ကျာပွတ်များနှင့် တူသည်။
ထိုနဂါး ၂ ကောင်သည် သူတော်စင်မကို အတော်လေး ရိုသေနာခံကြပုံပေါ်သည်။ သူတို့သည် သူမ၏ နောက်ထပ် အမိန့်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
“ဒီနဂါးတွေကို နဂါးဖြူမျိုးနွယ်စုက သူတွေက လေ့ကျင့်ပေးထားတာ” သူတော်စင်မက ရှင်းပြလိုက်သည်။ “သူတို့က အစကတော့ မျိုးနွယ်စုရဲ့ ကိုယ်ပိုင်သားရဲတွေပေါ့.. သူတို့က ဒီမှာပဲ မွေးလာခဲ့ပြီး ဘ၀တစ်လျှောက်လုံး နဂါးကျွန်းစုမှာပဲ နေခဲ့ရတာပေါ့.. တခြား အဆင့်အမြင့်ဆုံး မျိုးနွယ်စု ၂ ခုနဲ့ ဘုရင်အဆင့် မျိုးနွယ်စု ၇ ခုမှာလည်း ဒီလို အထူးလေ့ကျင့်ထားတဲ့ သားရဲတွေ ရှိမှာပါပဲ.. သူတို့က ဘယ်အချိန်မဆို တိုက်ပွဲ၀င်ဖို့ အဆင်သင့် ရှိကြတယ်”
သူမသည် ရှည်ရှည်ဝေးဝေးရှင်းပြနေရင်း ကောင်းဖန်အား ဘာမဆို စိတ်လိုက်မာန်ပါ မလုပ်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။ ကောင်းဖန်သည် တဇွတ်ထိုးလုပ်တတ်သည့် ရာဇ၀င်ရှိခြင်းကြောင့် ထိုသို့ ပြောထားခြင်းမှာ သဘာ၀ကျပေသည်။ ယိုဟူမျိုးနွယ်စု၏ ချေမှုန်းခံရခြင်းသည် အားလုံးစိတ်ထဲတွင် ရှိနေကြဆဲ ဖြစ်သည်။
ကောင်းဖန်သည် အနည်းငယ်မျှ ပဋိပက္ခဖြစ်ရုံနှင့် ဝုန်းဒိုင်းကြဲတတ်သော သူမျိုး ဖြစ်သည်။ သို့သော် သူကျွန်းစုတွင် ရောက်နေခြင်း အပေါ်တွင်တော့ ဘယ်သူမှ စိတ်အနှောင့်အယှက် ဖြစ်နေကြပုံ မရပါချေ။ သူ့ကို သူတော်စင်မကိုယ်တိုင် ဖိတ်ခေါ်ထားခြင်း ဖြစ်ရာ ဘယ်သူမှ သူမဆုံးဖြတ်ချက်ကို မတွန်းလှန်ဝံ့ပါပေ။
သူတော်စင်မတွင် ကိုယ်ပိုင်ကျွန်းတစ်ခု ရှိသည်။ ထိုနေရာတွင် ကောင်းဖန်တစ်ယောက် ကျွန်းစုတွင်ရှိမည့် အတောအတွင်း နေရမည် ဖြစ်သည်။ ထိုကျွန်းတွင် တောင်တန်းများ၊ မြေပြန့်များ၊ ရေကန်များ များစွာ ရှိသည်။
ထိုနေရာတွင် ကောင်းဖန်သည် သူတော်စင်မ၏ ကိုယ်ပိုင်သားရဲများကို တွေ့ခဲ့ရသည်။ တကယ်တော့ သူတော်စင်မ၏ မျိုးဆက်များအားလုံးသည် အတုမရှိ တန်ခိုးရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတော်စင်မသည်လည်း ထိုအမွေကို ဆက်ခံထားသည်။
အတုမရှိတန်ခိုးရှင်များကသာလည်း နဂါးဖြုမျိုးနွယ်စု၏ သူတော်စင်ဘွဲ့ကို ရရှိနိုင်သည်။ သူတော်စင်မတွင် သူတော်စင်အဆင့်သားရဲ ၂ ကောင်ရှိသည်။ တစ်ကောင်က အဆင့် ၈၆ မော်ကွန်းတင် စွမ်းရည်ဆင့် အစိမ်းရောင်နဂါး ဖြစ်ပြီး နောက်တစ်ကောင်က အဆင့် ၈၉ ဒဏ္ဍာရီစွမ်းရည်ဆင့် မြေပြင်ထိုးခွဲ မျောက်ဝံနဂါး ဖြစ်သည်။
ကောင်းဖန်က ဂိုဒီကို ခေါ်ထုတ်လိုက်သည်။ ဂိုဒီ၏ မြင့်မားသော မှော်စွမ်းရည် ခံနိုင်စွမ်းနှင့် လူတစ်ယောက် အရွယ်အစား ရှိခြင်းက သူ့အနားမှာ ထားဖို့ သင့်တော်သည်။ ထို့အပြင် ဂိုဒီသည် ရိုးသားသူ ဖြစ်သည်။
“ကောင်းဖန်.. ဒါက ပင်လယ်လား” ဂိုဒီက သူ့ပတ်၀န်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်.. ငါတို့အခု နဂါးဖြူမျိုးနွယ်ကျွန်းစုရဲ့ အလယ်ဗဟိုမှာ ရောက်နေကြတာ.. ဒီကျွန်းပေါ်မှာ သူတော်စင်အဆင့် ကိုယ်ပိုင်သားရဲ ၂ ကောင်ရှိတယ်.. ငါနဲ့ ဝေးဝေးမှာ မနေနဲ့” ကောင်းဖန်က ပြောလိုက်သည်။
“ငါးသွားဖမ်းရအောင် ကောင်းဖန်” ဂိုဒီက ကမ်းခြေကို လက်ညှိုးညွှန်ပြရင်း တက်ကြွစွာ ပြောလိုက်သည်။
ကောင်းဖန်က တစ်ချက်စဉ်းစားလိုက်သည်။ သူတော်စင်မက သူ့ကို လျှောက်မသွားရန် မှာထားသည်။ သူမစကားထဲတွင် ဒီကျွန်းစုတစ်ခုလုံးတော့ ပါမှာ သေချာသည်။ ထို့ကြောင့် သူမ၏ ကျွန်းပေါ်တွင်သာ သွားကြည့်တာက ပိုအဆင်ပြေနိုင်သည်။
“ကောင်းပြီလေ သွားကြတာပေါ့”
…
ဆယ်ကျော်သက်လေးများသည် သူတို့၏ သားရဲများကို စီးရင် ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် သွားနေကြသည်။ တစ်ခါတစ်ရံ ရေသားရဲများက ခုန်ထွက်လာကြပြီး သူတို့ဘေးတွင် ပေါ်ပေါ်လာကြသည်။
“ဟားဟား အစ်ကိုတု.. အခုကစပြီး ငါးရက်နေရင် အစ်ကိုက ဘယ်လိုဆိုတာကို မျိုးနွယ်စု အစည်းအဝေးမှာ ပြနိုင်တော့မယ်.. အဲဒီ မျိုးနွယ်စုလေးတွေကို နဂါးဖြူမျိုးနွယ်ရဲ့ ခွန်အားကို ပြသလိုက်စမ်းပါ” ရေနဂါးတစ်ကောင်ကို စီးနေသောအသားနီနီ လူငယ်တစ်ဦးက ပြောလိုက်သည်။
“အစ်ကိုတုရဲ့ ကိုယ်ပိုင်သားရဲက အရှင်သခင်အဆင့်တောင် ရောက်ပြီးပြီ.. သူက အသက် ၂၆ နှစ်အရွယ် အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူပဲ.. အဲဒီမျိုးနွယ်စုလေးတွေက လုံး၀သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး” နောက်တစ်ယောက်က ဆက်ပြောလိုက်သည်။
သူတို့ပြောနေသော အစ်ကိုတုဆိုသည့် လူငယ်သည် လိပ်နဂါးကြီး၏ ကျောပေါ်တွင် ထိုင်နေသည်။ ထိုသားရဲ၏ ခေါင်းနှင့် ကျောပေါ်တွင် ချွန်ထက်သော ဆူးလိုင်းများ ရှိနေပြီး အထင်ကြီးစရာ ဖြစ်သည်။
သူသည် ဝိုင်းချီးကျူးတာ ခံနေရသော်လည်း မျက်နှာသေနှင့် ဖြစ်သည်။ သူသည် စိတ်ထဲတွင်တော့ ကျိတ်ပျော်နေလေသည်။ “ငါတို့တွေ အရမ်းမမော်ကြွားကြရအောင်.. ငါ့ထက် တော်တဲ့သူတွေလည်း အများကြီး ရှိနိုင်သေးတာပဲ”
“မနေ့က ပြန်လာတဲ့သူတွေထဲမှာ ဘိုးဘွားပိုင်မြေက ဉာဏ်ကြီးရှင်တစ်ယောက် ပါလာတယ်လို့ ကြားမိတယ်” တစ်ယောက်ကပြောလိုက်သည်။ “ဒါပေမယ့် အမှန်တရားကိုတော့ မသိနိုင်သေးပါဘူး.. သူကဘယ်သူပဲ ဖြစ်ဖြစ် အစ်ကိုတုကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး.. ပိုင်ဖဲ့... မင်းဟိုတစ်လောက သူတော်စင်မနဲ့ ဘိုးဘွားပိုင်မြေကို သွားသေးတယ်မလား.. သူ့ကို တွေ့ခဲ့လား.. သိပ်တော့ အထင်ကြီးစရာ မရှိဘူးမလား..”
“သူ့နာမည်က ကောင်းဖန်တယ်.. ကြည့်ရတာ သူလည်း အရှင်သခင်အဆင့် လေ့ကျင့်သူထင်တယ်.. ပြီးတော့ ငါမမှားဘူးဆိုရင် သူ့အသက်က ၂၃ လောက်ပဲ ရှိသေးတယ်” ပိုင်ဖဲ့က ပြောလိုက်သည်။
သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။ ပဲ့တု၏ မျက်နှာသည် အနည်းငယ်ပင်ပျက်ယွင်းသွားသည်။ အသက် ၂၃ နှစ်နဲ့ အရှင်သခင်အဆင့် လေ့ကျင့်သူတဲ့လား.. ဘုရားသခင် ချီးမြှောက်တာခံရတဲ့သူတောင် ဒီလောက်ကံကောင်းနိုင်ပါ့မလား..
သူတောင် သူတို့ နဂါးဖြူမျိုးနွယ်စု၏ စွမ်းအင်ရင်းမြစ်များကျေးဇူးဖြင့် ဒီအဆင့်ရောက်ခဲ့ခြင်း ဖြစ်သည်။ အဲဒီကောင်းဖန်မှာ ဘာဝှက်ဖဲများ ရှိနေတာလဲ..
ပဲ့တုသည် အနည်းငယ် မနာလိုဖြစ်နေကြောင်း ၀န်ခံရပေမည်။ သို့သော် သူသည် ကောင်းဖန်အပေါ် ညစ်ပတ်သော အကြံအစည်များတော့ မရှိပါချေ။
“သူက အဲလောက်တော်တယ်ဆိုရင်တောင် ချို့ယွင်းချက်တော့ ရှိမှာပဲ.. မင်းတို့ အရူးလုပ်မခံကြနဲ့” ပဲ့တု၏ ညီဖြစ်သူ ပိုင်ကျဲ့က ပြောလိုက်သည်။
“တော်ကြတော့.. အသက် ၂၃ နဲ့ ဒီအဆင့်ရောက်တယ်ဆိုတာ တော်ရုံ အရည်အချင်း မဟုတ်ဘူး.. ဒါပေမယ့် အရမ်းလည်း ဂရုစိုက်စရာ မလိုဘူး” ပဲ့တုက ပြောလိုက်သည်။ သူ့မျက်နှာတွင် တစ်ခုခုကို စိတ်ပိုင်းဖြတ်ထားတာ ပေါ်လွင်နေသည်။
“ကိုယ်ပိုင်သားရဲတစ်ကောင်က အရှင်သခင် အဆင့်ဖြစ်ပြီးရင် နောက်တစ်ဆင့်တက်ဖို့က လုံး၀မလွယ်ဘူး.. ငါကတော့ သူနဲ့ငါ ဘယ်သူ့သားရဲက သူတော်စင်အဆင့် အရင်ရောက်မလဲ ကြည့်ချင်တယ်.. ဒါက အရည်အချင်းကို အဆုံးအဖြတ်ပေးမှာပဲ.. သူတော်စင်အဆင့်လေ့ကျင့်သူကသာ အတော်ဆုံးသူလို့ သတ်မှတ်နိုင်မယ်”
“အစ်ကိုကြီးကို ကျုပ်ယုံတယ်.. အစ်ကိုကြီးက အားလုံးကို ကျော်ဖြတ်နိုင်မှာ သေချာတယ်” ပိုင်ကျဲ့က အားပေးနေသည်။
သူတို့အတွက် ငယ်ငယ်ကတည်းက ပိုင်တုက သူရဲကောင်းတစ်ယောက်လို ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့အစ်ကိုသည် တလောကလုံးတွင် အတော်ဆုံး လေ့ကျင့်သူဟု သူအမြဲတမ်းယုံကြည်ထားလေသည်။