← Chapters

အခန်း (၆၁၃-၆၁၆)

Vol. 39 Ch. 613-616

အခန်း (၆၁၃-၆၁၆)

Vol. 39 Ch. 613-616

အခန်း ၆၁၃ ပိုင်ယင်

“ဒါက သူတော်စင်မရဲ့ ကျွန်းမဟုတ်လား.. ကမ်းခြေမှာ ရှိနေတာ ဘယ်သူလဲ.. သူက.. ကောင်းဖန်လား” တစ်စုံတစ်ယောက်က ကမ်းခြေကို ညွှန်ပြရင်း မေးလိုက်သည်။

“ငါလည်း မသိဘူး.. ငါလည်း သူ့ကို တစ်ခါမှ မမြင်ဖူးဘူး.. ဒါပေမယ့် ဒီကလူမဟုတ်တာတော့ သေချာတယ်” နောက်တစ်ယောက်က ခေါင်းကို ခါပြီး ပြောလိုက်သည်။

“အဲဒါကောင်းဖန်ပဲ သေချာတယ်” ပိုင်ဖဲ့က ပြောလိုက်သည်။ သူသည် ကောင်းဖန်ကို ချက်ချင်း မှတ်မိလိုက်သည်။

ဆယ်ကျော်သက်အုပ်စုသည် သူတို့၏ ကိုယ်ပိုင်သားရဲများကို ရပ်ခိုင်းလိုက်သည်။ သူတို့သည် အချင်းချင်း နားလည်ရခက်သော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။ သူတို့သည် မကြာသေးခင်ကမှ ကောင်းဖန်အကြောင်းများ ပြောထားကြသည် မဟုတ်ပါလား။ ထို့ကြောင့် အခုလို မြန်မြန်ဆန်ဆန်ကြီး တွေ့လိုက်လိမ့်မည်ဟု မထင်မိကြပေ။

“အစ်ကိုကြီး သူဘယ်လောက် ဉာဏ်ကောင်းတယ်ဆိုတာ ကြည့်လိုက်ကြရအောင်” ပိုင်ကျဲ့က ပြောလိုက်သည်

“ဘာမှမလုပ်နဲ့” ပိုင်တုက ခပ်တိမ်တိမ် ပြန်ပြောလိုက်သည်။

သူသည် အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူ ဖြစ်သောကြောင့် အရှင်သခင်အဆင့် သားရဲသည် ဘယ်လောက် အန္တရာယ်များကြောင်းကို အားလုံးထက် ပိုသိသူဖြစ်သည်။ အကယ်၍ သူ၏ ခပ်တုံးတုံး ညီဖြစ်သူသာ တစ်ခုခု ဖြစ်သွားပါက သူ့အနေနှင့် သူတော်စင်အဆင့် လေ့ကျင့်သူ မဖြစ်ရသေးခင်မှာပင် သူ့အဖေ၏ အရေခွံနွှာတာကို ခံရနိုင်ပေမည်။

“စိတ်မပူပါနဲ့.. ငါဘာမှ မိုက်ရူးရဲဆန်ပြီး မလုပ်ပါဘူး” ပိုင်ကျဲ့က ပြောလိုက်သည်။ သူသည် တစ်ချက်ပြုံးလိုက်ပြီး သူ့အောက်က ရေများကို အကြိမ်အနည်းငယ် ခတ်လိုက်သည်။

သေးသွယ်သောလည်ပင်း၊ တောက်ပသော အပြာရောင် ကြေးခွံများနှင့် ချွန်ထက်သော လက်သည်းများရှိသည့် ပင်လယ်သားရဲ တစ်ကောင်သည် ပင်လယ်အောက်ခြေတွင် ကူးခတ်နေသည်။ သူသည် ရေမျက်နှာပြင်ပေါ်မှ စည်းချက်ညီညီ ရေသံတစ်ခုကို ကြားလိုက်ရသောအခါ ထိုအသံကို ပြုလုပ်သူအား စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်ရန် အပေါ်ကို ကူးတက်လာသည်။

သူ၏ ကြီးမားသော ခေါင်းကြီးသည် ပင်လယ်ရေမျက်နှာပြင်တွင် ပေါ်လာသည်။ သူ့အကြေးခွံများသည် နေရောင်အောက်တွင် တောက်ပနေသည်။

ပိုင်တုသည် ပိုင်ကျဲ့ကို တားဖို့ ပြင်လိုက်သော်လည်း အဝေးမှာရှိနေသော ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ကောင်းဖန်၏ အဆင့်ကိုလည်း သေချာသိချင်နေပြန်သည်။

ထိုရေသားရဲသည် သူတို့မိသားစုက မွေးထားသော သားရဲဖြစ်သည်။ နဂါးဖြူမျိုးနွယ်တွင် ထိုကဲ့သို့ ကြီးမားသော သားရဲများကို အပျော်မွေးမြူထားလေ့ ရှိကြသည်။

ပိုင်တု၏ မိသားစုမှ မွေးမြူထားသော သားရဲများတွင် ထိုရေသားရဲလည်း အပါအ၀င်ဖြစ်သည်။

ထို့ကြောင့်လည်း ပိုင်ကျဲ့သည် ထိုသားရဲများ၏ အမူအကျင့်များနှင့် ရင်းနှီးကျွမ်း၀င်နေလေ့ရှိသည်။ ထိုရေသားရဲသည် သူတို့သားရဲ အုပ်စုထဲတွင် ဘုရင်ဖြစ်ပြီး သူ့ခွန်အားသည် အရှင်သခင်အဆင့်သားရဲ တစ်ကောင်လောက်နှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။

ပိုင်ကျဲ့သည် ငယ်ငယ်ကတည်းက ထိုရေသားရဲ၏ ကျောပေါ်တွင် စီးနင်းဆော့ကစားလေ့ ရှိသည်။

“အောက်ရှန်းရေ.. အဲဒီက သူကို သွားပြီး ကြည့်ကြည့်စမ်း” ပိုင်တုက အောက်ရှန်းအမည်ရ ထိုရေသားရဲကို ခပ်တိုးတိုး ပြောလိုက်သည်။

အောက်ရှန်းက နာခံစွာ ခေါင်းငြိမ့်ပြလိုက်ပြီး ပိုင်တုဘာလုပ်ချင်လဲ သေချာသိစွာဖြင့် ထွက်သွားလိုက်သည်။ သူသည် ရေထဲသို့ ပြန်ဆင်းသွားသောအခါ သူ့အကြေးခွံများသည် ခဏမျှ အရောင်များတောက်ကာ ပျောက်ကွယ်သွားသည်။ ထို့နောက် ပတ်ပတ်လည်မှ ရေများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

သူသည် ကောင်းဖန်ရှိရာသို့ ဦးတည်သွားသည်ဆိုတာ အားလုံးသဘောပေါက်ကြသည်။

ကမ်းခြေတွင်တော့ ကောင်းဖန်သည် ဂိုဒီအား ညစာအတွက် ငါး ၂ ကောင်လောက် ဖမ်းခိုင်းနေသည်။ “မင်းဖမ်းပြီးရင် ဆုချမယ်” ကောင်းဖန်က ပြောလိုက်သည်။

“ဟုတ်ပြီလေ” ဂိုဒီက ခေါင်းတဆတ်ဆိတ်ညိတ်ကာ သဘောတူလိုက်သည်။ သူသည် ငါးဖမ်းဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ဂိုဒီသည် ပင်လယ်ရေမျက်နှာပြင်ကို တစ်ချက် စစ်ဆေးလိုက်သည်။ ထို့နောက် အဝေးမှ တစ်စုံတစ်ခုကို သတိထားမိလိုက်သောအခါ သူ့မျက်လုံးများသည် မှေးကျဉ်းသွားသည်။ ထို့နောက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ရေထဲသို့ ခုန်ချသွားသည်။

ရေပြင်သည် ဆူပွက်လာပြီး ကြီးမားသော လှိုင်းလုံးကြီးများက ကမ်းခြေကို ရိုက်ခတ်လာသည်။

[မှော်စွမ်းအင် ကန့်သတ်နယ်မြေ]

သို့သော် တစ်စုံတစ်ခုက ဖြန့်ကျက်လာပြီး ရေများကို ပြန်ကန်ထုတ်နေသည်။ ပင်လယ်ရေများသည် မမြင်ရသော တစ်စုံတစ်ရာဖြင့် တိုက်မိနေကြသည်။ ကျွနတစ်ခုလုံးကတော့ တုန်ခါနေသည်။

ရုတ်တရတ် ပေ ၃၀ ရှည်သော ကျောက်တိုင်ကြီးသည် ပင်လယ်ထဲမှ ထိုးထွက်လာသည်။ ကောင်းဖန်သည် စိတ်လှုပ်ရှားစွာဖြင့် နောက်လှည့်ကြည့်လိုက်သည်။ အဲဒီဘဲ ဘာများလုပ်နေတာလဲ..

အဝေးမှ ကြည့်နေသော ပိုင်ကျဲ့ကတော့ သွေးပျက်စပြုလာသည်။ ဘာတွေ ဖြစ်နေတာလဲ.. အခြေအနေ မကောင်းဘူး..

ပိုင်ကျဲ့သည် ထိုနေရာသို့သွားပြီး ဘာဖြစ်နေနေ ရပ်တန့်ဖို့ စဉ်းစားကာ သွားလိုက်သော်လည်း ပိုင်တုက သူ့ကို တားလိုက်သည်။ “မသွားနဲ့ အောက်ရှန်းကို ပြန်ခေါ်ဖို့ မင်းကိုယ်ပိုင်သားရဲကိုသာ လွှတ်လိုက်”

အသိစိတ်ပြန်ကပ်လာသော ပိုင်ကျဲ့သည် သူ့အစ်ကို ပြောသည့်အတိုင်း သူစီးနေသော ကိုယ်ပိုင်သားရဲကို အောက်ရှန်းအား ပြန်ခေါ်ရန် အမိန့်ပေးလိုက်သည်။ ခဏကြာပြီးနောက် သူတို့အုပ်စုသည် ထိုနေရာမှ မြန်မြန် ထွက်သွားလိုက်ကြသည်။

ကမ်းခြေတွင်တော့ ကောင်းဖန်သည် အသံကြားရာနေရာသို့ လှည့်ကြည့်လိုက်ရင်း ကိုယ်ပိုင်သားရဲများနှင့် ထွက်ပြေးသွားကြသော အုပ်စုတစ်စုကို တွေ့လိုက်ရသည်။ ထို့နောက် အသက်မဲ့နေသော ရေသားရဲတစ်ကောင်ကို ဆွဲကာ ကမ်းခြေသို့ ပြန်တက်လာသော ဂိုဒီကို တွေ့လိုက်ရလေသည်။

…

ညရောက်သောအခါ ရင်းနှီးနေသော မျက်နှာတစ်ခုက ကောင်းဖန်ဆီသို့ ရောက်လာသည်။

“ပိုင်ယင်” ကောင်းဖန်သည် သူ့ရှေ့မှ လူငယ်ကို ချက်ချင်း မှတ်မိလိုက်သည်။ သူသည် နောက်ဆုံးအကြိမ်က တွေ့ခဲ့ရသည့် ပုံစံအတိုင်း မပြောင်းမလဲ ရှိနေခဲ့သည်။

“မနေ့က ကျုပ်တို့ နဂါးဖြူမျိုးနွယ်စုဆို့ ယွိကျိုးက ဧည့်သည် လာမယ်လို့ကြားမိတော့ ခင်ဗျားလို့ပဲ ထင်ခဲ့သေးတယ်” ပိုင်ယင်က ပြောလိုက်သည်။ “ဒါနဲ့ ခဏလောက် အနားယူသင့်တယ်ထင်တယ်.. ကျုပ်လာတာ စောများ စောသွားသလား”

“ကိစ္စမရှိပါဘူး.. လာလည်ပေးတာပဲ ၀မ်းသာပါတယ်. အခုတော့ကျုပ်ကို မိတ်ဆွေအနေနဲ့ တွေးပေးနိုင်ပြီလို့ မျှော်လင့်ပါတယ်” ကောင်းဖန်က ထိုသို့ပြောပြီး ပိုင်ယင်ကို လက်ဆွဲနှုတ်ဆက်မည့်ဟန်ဖြင့် ရှေ့တိုးသွားလိုက်သည်။

ပိုင်ယင်၏ မျက်နှာတွင် မနှစ်မြို့ဟန်တစ်ခု ခပ်ရေးရေး ပေါ်လာသော်လည်း ချက်ချင်းပင် ပြုံးပြလိုက်သည်။ “ဒါပေါ့ မိတ်ဆွေတွေ ဖြစ်သွားပါပြီ”

“သိပ်ကောင်းပါတယ်” ကောင်းဖန်က ပိုင်ယင်၏ လက်ကို ဆွဲလိုက်သည်။ “ကျုပ်ကိုယ်ပိုင်သားရဲက အခုပဲ ငါးတစ်ကောင်ကို ဖမ်းမိထားတယ်.. အခုဆိုကျက်လောက်ပြီ ထင်တယ်.. တစ်ခါတည်း ညစာ၀င်စားသွားပါလား.. ခင်မင်မှုအတွက်ပေါ့”

ပိုင်ယင်သည် ကောင်းဖန်၏ ဖော်ရွေမှုအပေါ် အနည်းငယ်ပင် တွန့်ခနဲ ဖြစ်သွားသည်။ “ရပါတယ်.. အလုပ်ရှုပ်နေပါဦးမယ်..”

သဲသောင်ပြင်ပေါ်တွင် ကြီးမားသော အိုးကြီးတစ်လုံး ရှိနေသည်။ အထဲတွင် ခပ်ဖြူဖြူ အသားလွှာများ ဆူပွက်နေကြသည်။ အနံ့ကတော့ အတော်လေး ကောင်းသည်။ စွပ်ပြုတ်ရည်တွင် ဆီအရောင်လေးများ ဝေ့နေသည်။

ပိုင်ယင်က မျက်မှောင်ကြုတ်လိုက်သည်။ ဒီသားရဲက အနည်းဆုံး ဧကရာဇ်အဆင့်လောက်တော့ ရှိမှာပဲ.. ဒီလောက်အဆင့်မြင့်သားရဲကို ကောင်းဖန် ဘယ်က ရှာတွေ့ခဲ့ပါလိမ့်..

“လာပြီး နည်းနည်းစားသွားပါ” ကောင်းဖန်က ပြောလိုက်သည်။

သူသည် ပိုင်ယင်ကို စွပ်ပြုတ်တစ်ခွက် ကမ်းပေးလိုက်သည်။ ထို့နောက် ဆီလီ၏ သိုလှောင်ခန်းမှနေ၍ ကြက်သွန်မြိတ်အနည်းငယ်ကို ထုတ်လိုက်ပြီး ပိုင်ယင်၏ စွပ်ပြုတ်ထဲကို ထည့်ပေးလိုက်သည်။ ထိုအခါ အလွန်ပင် အရသာရှိသော စွပ်ပြုတ်တစ်ခွက်ဖြစ်လာတော့သည်။

ပိုင်ယင်သည် ကောင်းဖန်က အနည်းငယ် ထူးဆန်းသည်ဟုခံစားနေမိသည်။ သို့သော် သူလည်း သူ့အကြောင်းနှင့်သူ လာတာ ဖြစ်သည်။ သို့သော် သူသည် အတွေးများကို ဘေးချလိုက်ပြီး စွပ်ပြုတ်က်ု တစ်ဇွန်းမြည်းလိုက်သည်။

“စားလို့ကောင်းလား” ကောင်းဖန်က မေးလိုက်သည်။

“စားလို့ကောင်းပါတယ်” ပိုင်ယင်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ အဆိပ်များ ခတ်ထားတာလား..

“စိတ်မပူပါနဲ့ အဆိပ်မခတ်ထားပါဘူး” ကောင်းဖန်က ပိုင်ယင်၏ အတွေးကို သိနေသကဲ့သို့ ပြောလိုက်သည်။ ထို့နောက် သူ့ခွက်ထဲကိုလည်း စွပ်ပြုတ်ထည့်လိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။

ပိုင်ယင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ကျုပ် အစ်ကိုတော်ကို အထင်လွဲသွားမိသွားပုံပဲ..

“ဪ ဟုတ်သားပဲ.. ပိုင်ယင်ရေ.. မင်းရေသားရဲဆိုတာ ကြားဖူးလား” ကောင်းဖန်က ရုတ်တရတ် ထမေးလိုက်သည်။

“ရေသားရဲလား” ပိုင်ယင်က ကောင်းဖန်မေးတာကို ထပ်ပြီး ရေရွတ်လိုက်သည်။ “ကြားဖူးတာပေါ့.. နဂါးဖြူမျိုးနွယ်စုက သူတို့ကို အပျော်မွေးမြူကြတယ်လေ.. ‌ဒီမှာ အများကြီးပဲ ရှိတယ်.. ဘာလို့ မေးတာလဲ”

“ဪ.. ဒါနဲ့ သူတို့က လူတွေကို မကြာခဏ တိုက်ခိုက်တတ်ကြလား” ကောင်းဖန်က မေးလိုက်သည်။

ပိုင်ယင်က ခေါင်းခါလိုက်သည်။ “မတိုက်ခိုက်တတ်ပါဘူး.. သူတို့က ဉာဏ်ကောင်းပြီး လူယဉ်တဲ့ မျိုးစိတ်တွေပါ.. သူတို့ကို သွားရန်မစရင် ဘာမှ မလုပ်ကြပါဘူး”

သူသည် သူ့ကို ရိုးသားစွာ ကြည့်နေသော ကောင်းဖန်ကို ကြည့်ရင်း အသံက ပြောနေရင်း တိမ်၀င်သွားသည်။

“ကျုပ်သူ့ကို သွားလည်း ရန်မစပါဘူး.. ဒါပေမယ့် ဒီရေသားရဲက ဒီမနက်ပဲ ကျုပ်ကိုယ်ပိုင်သားရဲကို ရုတ်တရတ်ကြီး ထတိုက်ခိုက်တယ်လေ” ကောင်းဖန်က ပြောလိုက်သည်။

ပိုင်ယင်သည် သူ့စွပ်ပြုတ်ပန်းကန်ထဲမှ အသားများကို ကြည့်လိုက်သည်။ သူသည် ထို့နောက် အသက်ကို ၀၀ရှူလိုက်ကာ စွပ်ပြုတ်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး ကောင်းဖန်ကို စိုက်ကြည့်လိုက်သည်။ “လူယုတ်မာ”

ပိုင်ယင်သည် ကောင်းဖန်၏ စွပ်ပြုတ်အသားကို ဘာမှန်း သံသယရှိနေပြီး ဖြစ်သော်လည်း စားချင်စိတ်ကတော့ ထိန်းမရပေ။ သူသည် သူ့ကိုယ်ပိုင်သားရဲကိုပင် ညစာ၀င်စားဖို့ ခေါ်လိုက်သေးသည်။

သူတို့ ၂ ယောက်သည် ညသန်းခေါင်ထိ ဟိုဟိုသည်သည် စကားများ ပြောနေကြသည်။ နောက်ဆုံးတော့ စွပ်ပြုတ်အိုး ပြောင်သွားပြီး သူတို့လည်း တင်းကားနေသော ဗိုက်များဖြင့် မြေပြင်ပေါ်တွင် လှဲချလိုက်ကြသည်။

ပိုင်ယင်က စိတ်ချမ်းသာစွာဖြင့် လေချဉ်တက်လိုက်သည်။ “အရသာရှိလိုက်တာ..”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၁၄ ကုန်စည်ပြပွဲ

“ခင်ဗျား ဘယ်လိုများ ပိုင်တုကို စိတ်ဒုက္ခရောက်အောင် လုပ်နိုင်တာလဲ” ပိုင်ယင်က မေးလိုက်သည်။

သူသည် ပိုင်တုအတွက် အရမ်းတော့ စိတ်မပူပေ။ ပိုင်တုသည် မကြာသေးခင်ကမှ အရှင်သခင်အဆင့်ကို ရောက်ထားသူ ဖြစ်ပြီး မျိုးနွယ်စုထဲတွင် သူ့လောက်နီးပါး ထက်မြက်သူတွေ အများကြီး ရှိသည်။ ကောင်းဖန်က ပိုင်တုထက် အပုံကြီးသာတာကိုလည်း သူသိထားပြီး ဖြစ်သည်။

ပိုင်ယင်စိတ်ပူသည်က ပိုင်တု၏ ဖခင် ပိုင်ကျိယွမ် ဖြစ်သည်။ သူသည် နဂါးဖြူမျိုးနွယ်စုမှ အကြီးအကဲ မုဆိုးများထဲမှ တစ်ယောက် ဖြစ်သည်။ ထိုဂုဏ်ပုဒ်သည် မျိုးနွယ်စုအတွက် အလွန်ကြီးမားသော ဂုဏ်ပုဒ်ဖြစ်သည်။ သူကြားဖူးသည်မှာ ပိုင်ကျိယွမ်၏ ကိုယ်ပိုင်သားရဲသည် ရေနဂါးလိပ်ကြီး ဖြစ်ပြီး အရှင်သခင်အဆင့်၏ ထိပ်ဆုံးကိုပင် ရောက်နေပြီ ဖြစ်သည်။ မကြာခင်အချိန်အတွင်း သူတောင်စင်အဆင့်သို့ ရောက်သွားတော့မည် ဖြစ်သည်။ ထို့အပြင် ပိုင်ကျိယွမ်၏ အရှိန်အဝါကလည်း မျိုးနွယ်စုကို အတော်လေး လွှမ်းမိုးနိုင်သည်။ သူ့သည် သွားရှုပ်လို့ မရသော သူမျိူး ဖြစ်သည်။

“ငါလည်း မသိဘူး” ကောင်းဖန်က ပြောလိုက်သည်။ သူသည် ပိုင်ယင်ကို မနက်က ကမ်းခြေတွငါ သူမြင်ခဲ့ကြားခဲ့ရသော အရာများကို ပြောပြလိုက်ခြင်း ဖြစ်သည်။

ပိုင်ယင်က ခဏတိတ်ဆိတ်သွားသည်။ “ခင်ဗျားကို တိုက်ခိုက်တဲ့ နောက်ကွယ်က လူက ပိုင်ကျဲ့ဖြစ်နိုင်တယ်”

“ပိုင်ကျဲ့လား” ကောင်းဖန်က မေးလိုက်သည်။

“ဟုတ်တယ်.. သူက ပိုင်တုရဲ့ ညီပဲ” ပိုင်ယင်က ပြောလိုက်သည်။ “သူက သူတို့မိသားစုထဲက ခပ်ဆိုးဆိုးသားပေါ့.. သူက သူ့အစ်ကို အသာစီးရဖို့ဆိုရင် ဘာမဆို လုပ်မယ့်သူမျိုးပဲ.. ပိုင်တုကတော့ သူနဲ့ ဆန့်ကျင်ဘက်ပဲ.. သူကအမြဲဂရုစိုက်နေတတ်တဲ့ သူမျိုးပေါ့.. သူနဲ့ ပတ်သက်ပြီး ဘာမကောင်းကြောင်းမှ ရှိမနေဘူး”

သူက ကောင်းဖန်ကို သွားကြားထိုးတံပေးလိုက်ပြီး ဆက်ပြောလိုက်သည်။ “စိတ်လည်း သိပ်မပူပါနဲ့.. ကျုပ်ကလည်း ဒီနေရာမှာ အရှိန်အဝါတစ်ခု ရှိတဲ့သူပါ.. သူတို့တွေထပ်ပြီး ခင်ဗျားကို ပြဿနာထပ်ရှာရင် ကျုပ်ခင်ဗျားကို ကူညီပေးမယ်.. ကျုပ်ကို အရသာရှိတဲ့ ညစာကို တည်ခင်ပေးတဲ့ ကျေးဇူးကို ဆပ်တဲ့ အနေနဲ့ပေါ့”

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ သူသည် ပိုင်ယင်က သူ့ကို ဘာလို့ ကူညီချင်လဲ မမေးတော့ပေ။

အခြေအနေတိုင်းတွင် အားသာချက် အားနည်းချက် ဆိုတာ ရှိသည်။ ပိုင်ယင်သည် ပိုင်ကျဲ့တို့ မိသားစုထက်စာလျှင် ကောင်းဖန်က သူ့အတွက် ကောင်းကျိုး ပိုရနိုင်တယ်ဆိုတာကို ကောင်းကောင်းသိထားသည်။

ထို့ကြောင့်လည်း ကောင်းဖန်အနေဖြင့် ပိုင်ယင်ကိုတော့ ရန်သူလို သဘောထား၍ မရတော့ပေ။ သူသည် ပိုင်ယင်ကို လျှော့တွက်ခဲ့မိတာကိုတော့ ၀န်ခံရပေမည်။

“ဪ ဟုတ်သားပဲ.. မနက်ဖြန်ကျရင် ရွာမှာ ကုန်စည်ပြပွဲရှိတယ်.. ခင်ဗျားသွားမှာလား” ပိုင်ယဲ့က မေးလိုက်သည်။ သူသည် ကောင်းဖန်ဆီကို လာရသည့် အကြောင်းပြချက်ကို အခုမှ ရုတ်တရတ် မှတ်မိသွားခြင်း ဖြစ်သည်။

“ကုန်စည်ပြပွဲလား” ကောင်းဖန် အနည်းငယ် တိတ်ဆိတ်သွားသည်။ “ကျုပ်က မျိုးနွယ်စုထဲကမဟုတ်တော့ သူတို့င ကျုပ်ကိုသွားဖို့ ခွင့်ပြုကြပါ့မလား”

“ခွင့်ပြုတာပေါ့ ကုန်စည်ပြပွဲက တစ်လမှာ တစ်ခါပဲ လုပ်တာ” ပိုင်ယင်က ပြောလိုက်သည်။ “အဲဒီမှာ နဂါးဖြူမျိုးနွယ်စုပဲ ပါမှာ မဟုတ်ဘူး.. တခြားမျိုးနွယ်စုက သူတွေလည်း လာကြမှာ”

“အင်း.. သွားကြည့်တာကတော့ အရှူံးမရှိနိုင်ဘူးလို့ ထင်ပါတယ်” ကောင်းဖန်က ပြုံး၍ပြောလိုက်သည်။

ပိုင်ယင်က ထိုအပြုံးကို မြင်ပြီး ကြက်သီးအနည်းငယ် ထသွားသည်။ “အဲလိုကြီး ပြုံးမပြပါနဲ့.. ကြက်သီးတောင်ထမိတယ်”

နောက်တစ်နေ့တွင်တော့ ကောင်းဖန်သည် ကုန်စည်ပြပွဲကိုသွားချင်ကြောင်း သူတော်စင်မကို ပြောလိုက်သည်။ သူမကလည်း မကန့်ကွက်ပါချေ။ သို့သော် သူတော်စင်မ၏ ဖိတ်ခေါ်မှုဖြင့် ရောက်လာခြင်း ဖြစ်သောကြောင့် အရင်ဆုံးတော့ အသိပေးသင့်ပေသည်။

သူတော်စင်မကတော့ ကြက်လေးများကို အစာကျွေးရင်း ခေါင်းညိတ်သဘောတူလိုက်ခြင်း ဖြစ်သည်။

“သွားလေ.. ယင်လေးကတော့ တကယ်ကို အမြော်အမြင်ရှိတဲ့ ကလေးပဲ.. ဒါနဲ့ လူများလို့ လမ်းတော့ ပျောက်မသွားစေနဲ့ဦးနော်” သူမက ရယ်မော၍ ပြောလိုက်သည်။

ကောင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။ “စိတ်မပူပါနဲ့ သူတော်စင်မ.. ကျုပ်သတိထားပါ့မယ်”

လတစ်လ၏ အစပိုင်းများတွင် နဂါးဖြူမျိုးနွယ်စုသည် ကျွန်းစု၏ ထောင့်နားတွင်ရှိသော ကျွန်းငယ်လေးတစ်ခုတွင် ကုန်စည်ပြပွဲကို ကျင်းပလေ့ရှိသည်။

“ကုန်စည်ပြပွဲက အရင်ကတော့ နဂါးဖြူမျိုးနွယ်စုအတွက်ပဲ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ” ပိုင်ယင်က ရှင်းပြလိုက်သည်။ “ဒီကျွန်းစုကြီးတစ်ခုလုံးမှာ လူပေါင်း ၄ သိန်း၀န်းကျင်လောက် ရှိတယ်.. အဲဒါကြောင့် စွမ်းအင်ရင်းမြစ်တွေ၊ သားရဲပစ္စည်းတွေကို အမြဲရောင်းချနေဖို့က မလွယ်ခဲ့ဘူး.. ဒါကြောင့်လည်း ကူးသန်းရောင်း၀ယ်ရေး လွယ်ကူသွားအောင် ဒီလို ကုန်စည်ပြပွဲတွေစလုပ်ခဲ့တာပါ..

“ကျုပ်တို့မှာတင် ရောင်းသူ၀ယ်သူတွေက အခိုင်အမာရှိနေခဲ့တာဆိုတော့ ကုန်စည်ပြပွဲလည်ပတ်ဖို့က အရမ်းတော့ မခက်ခဲဘူးလို့ ဆိုရမယ်.. အခုဆိုရင် သားရဲအလောင်းတွေ၊ သားရဲပေါက်စတွေ၊ သားရဲပစ္စည်းတွေ အားလုံးစုဆောင်းပြီး လာရောက်ရောင်းချလာကြတာပေါ့”

ကောင်းဖန်တွင် ရောင်းချရန် ကုန်ပစ္စည်း မရှိတာကို သိသော်လည်း သူကမေးလိုက်သည်။ “ခင်ဗျားလည်း ရောင်းချင်တာ တစ်ခုခုရှိရင် ဒီကုန်စည်ပြပွဲမှာ ရောင်းလို့ရတယ်.. ဒီမှာ သုံးတဲ့ငွေကြေးကတော့ သားရဲအမြုတေပဲ”

ကြည့်ရသလောက်တော့ ကောင်းဖန်သည် လက်ဗလာဖြင့် ရောက်လာခြင်း ဖြစ်သည်။ ထိုအချိန်တွင် ကောင်းဖန်သည် ကြေးယဇ်ပလ္လင်ထုတ်လုပ်ပေးထားသည့်ကုန်ကြမ်းများကို သတိရသွားသည်။ သူသည် ထိုပစ္စည်းများကို လူအများ စိတ်၀င်စားလိမ့်မည်ဟု တွေးလိုက်မိသည်။

ကုန်စည်ပြပွဲတွင် သားရဲအလောင်းများစွာ ရောင်းချမည်ဟု သိရသည်။ ထို့ကြောင့် သူသည် ထိုအကောင်များ အားလုံးကို ၀ယ်ပြီး ကြေးယဇ်ပလ္လင်တွင် ပြန်လည်ထုတ်လုပ်ကာ ပိုမြင့်သောဈေးဖြင့် ပြန်လည်ရောင်းချနိုင်ပေမည်။ သူသည် အချိန်ခဏလေးအတွင်းတွင် သားရဲအမြုတေများစွာကို ရရှိနိုင်ပေမည်။

သို့သော် သူသည် ထိုအကြံကို မေ့ပစ်လိုက်သည်။ သူသည် အချိန်တိုအတွင်း အမြတ်ရနိုင်သော်လည်း စွန့်စားရာကျနိုင်သည်။ ထို့အပြင် သူသည် ပိုက်ဆံလိုသူလည်း မဟုတ်ပေ။ သူ့တွင် လက်ရှိပိုင်ဆိုင်ထားသော သားရဲအလောင်းများပင် များစွာ ရှိနေပြီး ဖြစ်သည်။

ပုံမှန်သားရဲတစ်ကောင်ကိုပင် ယဇ်ပလ္လင်တွင် ပြန်လည် ထုတ်လုပ်နိုင်ဖို့ အချိန်တစ်ခု ပေးရသည်ဖြစ်သည်။ ထို့ကြောင့် အချိန်တိုအတွင်း သားရဲများများ ရောင်းရဖို့ဆိုတာ သိပ်မဖြစ်နိုင်ချေ။

“ရောက်ပြီ.. ဒါက ကုန်စည်ပြပွဲလုပ်တဲ့ ကျွန်းပဲ” ပိုင်ယင်က ပြောလိုက်သည်။

ကောင်းဖန်က သူ့အောက်က ကျွန်းကို ကြည့်လိုက်သည်။ ထိုကျွန်းပေါ်မှ အပင်များအားလုံး အဖြတ်ခံထားရသည်။ ကျွန်းပေါ်တွင် လူများ သားရဲများနှင့် အပြည့်ဖြစ်နေသည်။

ကောင်းဖန်နှင့် ပိုင်ယင်ကို သယ်ဆောင်ထားသော အတောင်ပံတပ်နဂါးသည် ကောင်းကင်မှ ဆင်းသက်လိုက်သည်။ ထိုနေရာသည် နဂါးလေဆိပ်လို ဖြစ်နေသည်။ ထိုနေရာတွင် နဂါးများဖြင့် ပြည့်နှက်နေပြီး ဆင်းသက်သူများ ပျံတက်သူများဖြင့် ရှုပ်ထွေးနေသည်။

သူတို့ နဂါးလေဆိပ်မှ ထွက်လာသောအခါ ကောင်းဖန်သည် ဈေးရောင်းသူများ၏ အပြိုင်အဆိုင် အော်ဟစ်ရောင်းချသံများကို စကြားလိုက်ရသည်။

“ရေကျားကမာတွေ ရမယ်နော်.. ယင်ယန်အဆီအနှစ်တွေလည်း ရှိတယ်.. လှပနုပျိုမှုအတွက် အာမခံပါတယ်”

“ဝေလငါးအသားလွှာတွေ ရှိမယ်.. ပင်လယ်နက်ကနေ တိုက်ရိုက်ရောင်းချတာပါ.. ရေအမျိုးအစား အပင်သားရဲတွေကို အဆင့်မြှင့်ဖို့ ကူညီနိုင်ပါတယ်”

“ရေညှိပန်းတွေ ရမယ်နော်.. ရေအမျိုးအစားသားရဲတွေ အသွင်ပြောင်းဖို့ ကူညီပေးတယ်.. လိပ်အမျိုးအစား သားရဲတွေအတွက်လည်း ကောင်းကျိုး ရှိတယ်ဗျို့”

ပတ်၀န်းကျင်သည် အော်ဟစ်ဆူညံသံများနှင့် ပြည့်နေသည်။

ကောင်းဖန်သည် ထိုဆိုင်များရှိ ပစ္စည်းများကို ဝေ့ကြည့်လိုက်သည်။

[ပစ္စည်းအမည်] - ရေညှိပန်းပင်

[ပစ္စည်းဖော်ပြချက်] - ဝေလငါးအသားလွှာ၊ ရွှေရောင်မျက်လုံး သွေးနီဖျံ၏ ဆီး၊ နှလုံးပုတ်ခရု၏ အတွင်းပိုင်းအသားနှင့် အတူတွဲပြီး အသုံးပြုနိုင်သည်။ သူတော်စင်အဆင့်အောက် သားရဲများအတွက် အလွန်အစွမ်းထက်သော အာနိသင်ရှိသည်။

ကောင်းဖန်၏ ဒေတာဖရိန်ထဲတွင် ပစ္စည်းဖော်ပြချက်များ တစ်ခုပြီး တစ်ခု ပေါ်လာနေသည်။ အချို့သော ပစ္စည်းများသည် အသုံးချဖို့ နည်းလမ်းများ နည်းပါးသော်လည်း ဆေးဖက်၀င်မှုများတော့ ကိုယ်စီရှိကြသည်။

ကောင်းဖန်သည် ကုန်စည်ပြပွဲတွင် ခင်းကျင်းထားသော ပစ္စည်းများကို လိုက်လံစေ့ငုနေသည်။ သူသည် သူ့ကိုယ်ပိုင်သားရဲများအတွက် အသုံး၀င်သော ပစ္စည်းများကိုလည်း လိုက်ရှာနေသည်။

လမ်းတစ်လျှောက်တွင် ကောင်းဖန်သည် ဈေးနှိမ့်ပြီး ရောင်းချနေသော ပစ္စည်းများကိုလည်း တွေ့ခဲ့သည်။ သို့သော် သူ့ကိုယ်ပိုင်သားရဲများအတွက် လိုအပ်သော ပစ္စည်းများကိုတော့ ရှာမတွေ့သေးပေ။ သူ့ကိုယ်ပိုင်သားရဲများ၏ အဆင့်က အရမ်းမြင့်နေသောကြောင့်လည်း ဖြစ်နိုင်သည်။

“ဆိုင်ခန်းတွေဖက် သွားကြည့်ရအောင်” ပိုင်ယင်က ကောင်းဖန်၏ စိတ်တိုင်းမကျမှုကို သတိပြုမိဟန်ဖြင့် ပြောလိုက်သည်။ “သူတို့ပစ္စည်းတွေက နည်းနည်းတော့ ဈေးကြီးတယ်.. ဒါပေမယ့် နဂါးဖြူမျိုးနွယ်စုရဲ့ အဓိက မိသားစုတွေက စုဆောင်းထားတဲ့ ‌ပစ္စည်းတွေဆိုတော့ အရည်အသွေးကတော့ ထိပ်တန်းပါပဲ”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၁၅ နတ်ဘုရား ကျောက်ပြား

ကောင်းဖန်သည် ထိုနေရာတွင် ရောင်းသော ပစ္စည်းများက ကျွန်းအပြင်ဖက်တွင် တွေ့သော ပစ္စည်းများထက် ပိုပြီး ကောင်းသည့်ပုံပေါက်တာကိုတော့ ၀န်ခံရပေမည်။ အချို့အရာများသည် နှစ်လိုဖွယ်ပင် ကောင်းလှသည်။

“ဒီဆိုင်ခန်းတွေကတော့ ကျုပ်တို့ မျိုးနွယ်စုက အကြီးအကဲတွေ အဆင့်မြင့်သူတွေက ဖွင့်ထားတဲ့ ဆိုင်ခန်းတွေပေါ့” ပိုင်ယင်က အသံတိမ်တိမ်ဖြင့် ရှင်းပြနေသည်။

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ လူများသည် စိတ်အားတက်ကြွစွာ ရောင်း၀ယ်ဖောက်ကားမှုများ ပြုလုပ်နေကြသည်။ ‌ဆိုင်ခန်းတိုင်းတွင် ဝိုင်းစူးစမ်းနေသူများကလည်း အပြည့်ဖြစ်နေသည်။ ရောင်းသူများ၏ အသံများကလည်း မိုးထိအောင် ညံနေသည်။

“‌အဖေ.. သား အဲဒီကိုယ်ပိုင်သားရဲ လိုချင်တယ်”

“အေးပါ သား အသက် ၁၈ နှစ်ပြည့်ရင် ၀ယ်ပေးမယ်နော်”

“မင်းအခုထိ အဲဒါကို ရောင်းနေတုန်းလား.. သူအဲဒီမှာ ရှိနေတာ ၆ လလောက် ရှိနေပြီ”

“ကြည့်ရတာ အဲဒါက ပါ၀င်ပစ္စည်း မဟုတ်ဘူးထင်တယ်..တစ်ယောက်ယောက်က ထုလုပ်ထားသလို ခံစားရတယ်”

ကောင်းဖန်သည် ဆိုင်ခန်းထဲတွင် ရောင်းနေသော ပစ္စည်း အတန်းလိုက်ကို ကောင်းကောင်းမြင်ရရန် မနည်း တိုးလိုက်ရသည်။ ပစ္စည်း တစ်ခုချင်းစီအောက်တွင် ဈေးနှုန်းများကို ချိတ်ဆွဲထားသည်။

ထိုထဲတွင် ထူးထူးခြားခြား ဖြစ်နေသည့်အရာမှာ သတ္တုလှောင်အိမ်လေးထဲတွင် ရှိနေသည့် သားရဲသားပေါက်လေး ဖြစ်သည်။ ထိုသားရဲသည် ဖားပြုတ်နှင့်တူပြီး ခေါင်းပေါ်တွင် ချို ၂ ခု ရှိသည်။ ထိုအရာလေးသည် အမြောက်‌ဆံ တစ်လုံးလောက် အရွယ်ရှိပြီး နှင်းလို ဖြူစွတ်နေသည်။ ‌သူ့ခေါင်းပေါ်မှ ချို ၂ ခုကတော့ ပတ္တမြားလို နီရဲနေသည်။

[သားရဲအမည်] - နဂါးနှင်းဖားပြုတ်

[သားရဲအဆင့်] - အဆင့် ၂၆ (ကွန်မန်ဒါအဆင့်)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

ကောင်းဖန်သည် အခြားပစ္စည်းများကိုလည်း လိုက်ကြည့်လိုက်သည်။ ရုတ်တရတ် သူသည် တစ်စုံတစ်ခုကို မျက်စိကျသွားသည်။ ကောင်းဖန်၏ အာရုံကို ဖမ်းစားလိုက်သောအရာမှာ ထူးခြားသော ပစ္စည်းတစ်ခု ဖြစ်ပြီး ထိုအရာသည် အုတ်ဂူတစ်ခုနှင့် ဆင်ကာ တစ်ယောက်ယောက်က ထွင်းထုထားသည့် ပုံစံမျိုး ဖြစ်နေသည်။

[ပစ္စည်းအမည်] - နတ်ဘုရား ကျောက်ပြား

[ပစ္စည်းဖော်ပြချက်] - ကောင်းကင်နှင့် မြေပြင်တို့၏ စွမ်းအင်တို့ဖြင့် ပြုလုပ်ထားသော ကျောက်ပြားဖြစ်သည်။ သူ့ကို ဘယ်အရာကမျှ ဖျက်ဆီးလို့ မရချေ။ အချို့သော အရာများက‌သာ သူ့ကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ သူ့ကို နေရာတိုင်းတွင်လည်း အသုံးပြု၍ မရနိုင်ပေ။

‌နတ်ဘုရားကျောက်ပြား.. ကောင်းဖန်သည် မျက်လုံးများပင် ပြူးကျယ်သွားသည်။ အချို့သော အရာများသည် မထင်မှတ်ထားသော နေရာများတွင်သာ တွေ့ရတတ်သည်ပင်။

မျိုးနွယ်စုများ၏ ရောင်းချသော ပစ္စည်းများသည် စိတ်၀င်စားဖွယ် ကောင်းလှသည်။

ထိုမျိုးနွယ်စုများသည် အရည်အသွေးမြင့်သော ပစ္စည်းပေါင်းများစွာကို နှစ်ပေါင်းများစွာ သိမ်းဆည်းစုဆောင်းထားခဲ့သည်။ ကောင်းဖန်သည် ‌ကုန်စည်ပြပွဲတွင် ရောင်းချသော ပစ္စည်းများအပေါ် စိတ်၀င်စားစ ပြုလာသည်။ သူသည် သူတော်စင်မနှင့် အပေးအယူ အရောင်းအ၀ယ်လုပ်ကာ သူပိုင်ဆိုင်သော အရာများထဲမှ တူညီသော တန်ဖိုးရှိသည့် ပစ္စည်းနှင့် လဲကြည့်ဖို့ တွေးလိုက်သည်။

ထိုကျောက်ပြား၏ တန်ဖိုးသည် အရှင်သခင်အဆင့် သားရဲအမြုတေတစ်ခု သို့မဟုတ် ဧကရာဇ်အဆင့် သားရဲ အမြုတေ အခု ၂၀ လောက်နှင့် ညီမျှနေသည်။

ဈေးတော့ အနည်းငယ် ကြီးသည်ဟု ဆိုရမည်။ စည်းမျဉ်းအရ ဧကရာဇ်အဆင့် ကိုယ်ပိုင်သားရဲ တစ်ကောင်သည် နောက်ထပ် ဧကရာဇ်အဆင့်သားရဲ တစ်ကောင်ကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သို့သော် ပုံမှန်သားရဲတစ်ကောင်ကလည်း ကိုယ်ပိုင်သားရဲကို သတ်ဖြတ်နိုင်စွမ်း ရှိပြန်သည်။ အရှင်သခင်အဆင့်သားရဲတစ်ကောင်ကသာ ဧကရာဇ်အဆင့်သားရဲတစ်ကောင်ကို သံသယဖြစ်စရာမလိုပဲ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ထို့ကြောင့် သူတော်စင်အဆင့်သားရဲကသာ အရှင်သခင်အဆင့်သားရဲ၏ သားရဲအမြုတေကို အလွယ်တကူ ရရှိနိုင်စွမ်း ရှိသည်။ သို့သော် ထိုသို့အလွယ်တကူ ရရှိဖို့ကလည်း သိပ်မဖြစ်နိုင်ချေ။

ဈေးဆိုင်ခန်း ပိုင်ရှင်ကတော့ ကျောက်ပြား၏ တကယ့် ရည်ရွယ်ချက်ကို သိပုံ မပေါ်ပေ။ သူသာ သိပါက ထိုမျှလောက် ဈေးဖြင့်ပင် ရောင်းမည် မဟုတ်ချေ။

ကောင်းဖန်သည် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ သူသည် ကမ္ဘာဂြိုလ်တွင် ၀တ်သော အနက်ရောင် စစ်၀တ်စုံကို ၀တ်ဆင်ထားဆဲ ဖြစ်သည်။ သူသည် လူပုံအလယ်တွင် ထီးထီးကြီး ကွဲထွက်နေသည်။

“ပိုင်ယင်.. ကျုပ်ကို ဒီမှာ ကူညီပေးပါလား” ကောင်းဖန်က ပိုင်ယင်ကို ခပ်တိုးတိုး ပြောလိုက်သည်။ သူသည် ပိုင်ယင်ကို အရှင်သခင်အဆင့်သားရဲ အမြုတေကို တိတ်တဆိတ်ပေးလိုက်ပြီး သူမဟုတ်သလို ဆိုင်ခန်းနားမှ ခပ်ခွာခွာ ပြန်နေလိုက်သည်။

ကောင်းဖန်သည် ပိုင်ယင်ကို အပြည့်အ၀ယုံတာတော့ မဟုတ်သော်လည်း ကျောက်ပြားကို သူကိုယ်တိုင်၀ယ်ဖို့ မဖြစ်နိုင်တာတော့ သိသည်။ သူသည် မဖြစ်သင့်တာတော့ မဖြစ်အောင် နေရပေမည်။

၁၀ မိနစ်ခန့်ကြာသောအခါ ပိုင်ယင်က ဆိုင်ခန်း အပြင်ဘက်သို့ ထွက်လာပြီး ကောင်းဖန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ နတ်ဘုရားကျောက်ပြားသည် နွားတစ်ကောင်၏ ကျောပေါ်တွင် ရှိနေသည်။ ထိုနွားသည် အလွန်သန်မာပြီး အနည်းဆုံး ဘုရင်အဆင့်လောက် ရှိသည်။ သူ၏ လေ့ကျင့်သူကတော့ ဘေးမှ လမ်းလျှောက်လာနေသည်။

ကောင်းဖန်က ပိုင်ယင်ထံသို့ လမ်းလျှောက်လာသောအခါ ပိုင်ယင်က ခပ်ဖျော့‌ဖျော့ ပြုံးပြလိုက်သည်။ “ကျုပ်ကိုယ်ပိုင်သားရဲကို မခေါ်လာမိလို့.. ကျောက်ပြားကလည်း တော်တော်လေးလို့ပါ”

“ကိစ္စမရှိပါဘူး” ကောင်းဖန်က ဆစ်လီကို သူ့ဘေးကို ခေါ်လိုက်သည်။ ဂျယ်လီငါးလေး တစ်ကောင်သည် နေရောင်အောက်တွင် ငွေရောင်တောက်ပနေသည်။ ပိုင်ယင်နှင့် နွား၏ လေ့ကျင့်သူက ထိုမြင်ကွင်းကို မှင်သက်ငေးမောနေသည်။

ဆစ်လီသည် လေထဲတွင် မျောနေရင်း နတ်ဘုရားကျောက်ပြားကို သူ၏ သိုလှောင်ခန်းထဲ ထည့်လိုက်သောကြောင့် နွားလည်း အတော်ပေါ့ပါးသွားသည်။

“ကျေးဇူးပါ” ကောင်းဖန်က ပိုင်ယင်နှင့်အတူ ထိုနေရာမှ ထွက်သွားရင်း နွား‌၏ လေ့ကျင့်သူကို ပြောလိုက်သည်။

နွား၏ လေ့ကျင့်သူက ကောင်းဖန်ကို မေးလိုက်သည်။ “ဒီကျောက်ပြားနဲ့ ဘာလုပ်မလို့လဲ”

ကောင်းဖန်က သူ့ကို ပြုံးပြပြီး ပြန်ပြောလိုက်သည်။ “အိမ်ပြန်လက်ဆောင်ပါ” နွား၏ လေ့ကျင့်သူကတော့ သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

ကောင်းဖန်နှင့် ပိုင်ယင်တို့ ဆိုင်ခန်းများဆီမှ ထွက်ခွာသွားပြီးနောက် နွား၏ လေ့ကျင့်သူက ဆိုင်ခန်းအနောက်ဘက်သို့ ပြန်သွားသည်။ “သူအဲဒီကျောက်ပြားနဲ့ ဘာလုပ်မယ်ဆိုတာ ပြောသွားလား” ဆိုင်ရှင်က မေးလိုက်သည်။

“အိမ်ပြန်လက်ဆောင် အနေနဲ့ ၀ယ်သွားတာတဲ့”

“ဖွီး.. လုံး၀မဖြစ်နိုင်ဘူး” ဆိုင်ရှင်သည် ဈေးများများနှင့် ရောင်းရမည့်ပစ္စည်းကို ဈေးနှိမ်ပြီး ရောင်းမိလားဆိုပြီး စိတ်ပူနေခြင်း ဖြစ်သည်။

သူသည် ထိုကျောက်ပြား၏ သရုပ်မှန်နှင့် ပတ်သက်ပြီး လူပေါင်းများစွာနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ သို့သော် ကျောက်ပြား၏ အသုံးပြုပုံကို မည်သူမျှ မသိကြချေ။ အပူ‌စမ်းသပ်ခြင်း၊ လျှပ်စစ်စမ်းသပ်ခြင်းတို့လုပ်ကြည့်ရာတွင်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ချေ။ သူသည် ထိုကျောက်ပြားကို အခြားမျိုးနွယ်စုဆီမှ ဧကရာဇ်အဆင့် သားရဲ အမြုတေ ၂ ခုနှင့် ၀ယ်ခဲ့ခြင်းဖြစ်သည်။

ထိုပစ္စည်းသည် သူ့လက်ထဲတွင် အသုံးမ၀င်ဖြစ်နေသည်။ သူသည် ထိုတုန်းက အဲဒါမ၀ယ်ပဲ ဒယ်အိုးတစ်လုံးတောင် ၀ယ်လိုက်ဖို့ တွေးမိသေးသည်။ ဒယ်အိုးကမှ အနည်းဆုံး ထမင်းချက်လို့ ရဦးမည် မဟုတ်ပါလား။

ထို့ကြောင့် သူသည် ကျောက်ပြားကို အရှင်သခင်အဆင့် သားရဲအမြုတေတစ်ခုနှင့် အမြတ်ထုတ် ရောင်းဖို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ထိုမျှလောက် အမြတ်တင်ပြီးတာတောင် ရောင်းမိတာ မှားနေလားဟု တွေးမိနေသေးခြင်း ဖြစ်သည်။

တကယ်လို့ ကောင်းဖန်သည် ဆိုင်ရှင်၏ အတွေးကိုသာ သိသွားပါက သနားသည့် အပြုံးတစ်ခုဖြင့်သာ ခေါင်းယမ်းနေတော့မှာ သေချာသည်။

ပိုင်ယင်သည် ကောင်းဖန်ဘာလို့ ထိုကျောက်ပြားကို သုံးချင်လဲဆိုတာ မမေးပေ။ သူသည် သိသွားရင်တောင် သူ့စိတ်သူ မထိန်းနိုင်မှာ စိုးသောကြောင့် မမေးတာက အကောင်း‌ဆုံး ဖြစ်သည်ဟု တွေးလိုက်သည်။ သူသည် တစ်နေကုန် ကောင်းဖန်နှင့် ကုန်စည်ပြပွဲတွင် လိုက်ပါပေးပြီး ကောင်းဖန်ကလည်း လေးထောင့်ကမ္ဘာတွင်သာ တွေ့ရသော သားရဲများကို လိုက်ကြည့်နေသည်။ ကောင်းဖန်သည် တခြား ပစ္စည်းများကိုတော့ ထပ်မ၀ယ်တော့ပေ။

သူတို့ ကျွန်းကို ပြန်ရောက်သောအခါ ကောင်းဖန်သည် သူတော်စင်မ၏ နေရာသို့သွားလိုက်သည်။ သူတော်စင်မက သူမ၏ ကိုယ်ပိုင်သားရဲတစ်ကောင်နှင့် စကားပြောနေသည်။

သူမဘေးတွင် ခြေ ၇ ခုပါ မီးခိုးရောင် အမွှေးရှိပြီး ရှည်လျားသော အမြီးရှိသည့် မျောက်ဝံတစ်ကောင် ထိုင်နေသည်။ ထိုမျောက်ဝံသည် လူတစ်ယောက်လို စကားပြောနိုင်လေသည်။

“သူတော်စင်မ.. ကျွန်တော်က တကယ်တော့ သားရဲ သားဖောက်သူတစ်ယောက်ပါ.. ကျွန်တော်က ကျွန်တော့် ကိုယ်ပိုင်သားရဲတွေ၊ တောင်ပိုင်းကောင်းကင်ရဲ့ ကိုယ်ပိုင်သားရဲတွေကို အဆင့်မြှင့်ပေးနေတဲ့ သူတစ်ယောက်ပါ” ကောင်းဖန်က ပြောလိုက်သည်။

သူတော်စင်မက ပြုံးပြလိုက်သည်။ “တခြားသူတွေဆီက ကြားမိပါတယ်.. ဒီလို အဖွားအိုကြီးဆီက ဘာများ လိုအပ်တာ ရှိလို့လဲ”

“ကျွန်တော် ဒီနေ့ ပိုင်ယင်နဲ့ ကုန်စည်ပြပွဲသွားရင်း အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကို တွေ့မိခဲ့ပါတယ်.. အဲဒါ ဒီကျွန်းမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သားရဲတွေကို အဆင့်မြှင့်ချင်လို့ပါ.. သူတော်စင်မတို့ ကျွန်း‌သားတွေအတွက်လည်း အကျိုးမယုတ်အောင် ကူညီပေးမှာပါ”

သူတော်စင်မက ရယ်သွမ်းသွေးလိုက်သည်။ “ကိစ္စမရှိပါဘူး.. မင်းလိုချင်တဲ့ ပစ္စည်းတွေ ရှိရင်လည်း ကူရှာပေးနိုင်ပါတယ်.. ဒီမှာ သိုလှောင်ရုံထဲမှာ မသုံးဖြစ်တဲ့ ပစ္စည်းတွေမှ တစ်ပုံကြီးပဲ”

သူတော်စင်မနှင့် ကောင်းဖန်တို့ ပြောနေကြသော စကားများကို တစ်ယောက်ယောက်သာ ကြားလျှင် မနာလို ဖြစ်ကြမှာ သေချာသည်။ မျိုးနွယ်စုခေါင်းဆောင်သည်ပင် နဂါးဖြူ မျိုးနွယ်စု သိုလှောင်ရုံထဲတွင် မည်သို့သော ရတနာများ ရှိနေသည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၁၆ ပြောင်းလဲခြင်း

“ဒုက္ခများစရာမလိုပါဘူး.. ကျွန်တော့်သားရဲတစ်ကောင်ကို အရင်ဆုံးမြှင့်တင်ဖို့သာ လုပ်ကြည့်ပါဦးမယ်” ကောင်းဖန်သည် သူတော်စင်မ၏ကမ်းလှမ်းမှုကို ချက်ချင်းလက်မခံခဲ့ပေ။ နဂါးဖြူမျိုးနွယ်စု၏ ပါဝင်ပစ္စည်းသိုလှောင်ခန်းကို ၎င်းတို့၏ဘိုးဘေးများက နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ အခုတော့ ကောင်းဖန်သည် ပိုင်ယင်တို့၏ ကျေးဇူးကြောင့် နတ်ဘုရားကျောက်ပြားကို ရယူနိုင်ခဲ့သည်။ အချို့သော မျိုးနွယ်စုများကတော့ သူ့အပေါ် ဆိုးဆိုးရွားရွား မကျေမနပ်ဖြစ်နေပုံရသည်။

ကောင်းဖန်သည် နဂါးဖြူမျိုးနွယ်စုနှင့် စာချုပ်ချုပ်ဆိုရန်၊ ဂိုဒီကို ဒဏ္ဍာရီလာစွမ်းရည်ဆင့်သို့ မြှင့်တင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ လူသားအချင်းချင်း အချိတ်အဆက်များက များများ ရှိထားလေကောင်းလေဖြစ်သည်။ ဒါက မိသားစုဆက်ဆံရေးလောက်နီးပါး အရေးကြီးသည်။

ဆီလီ၏ သိုလှောင်ခန်းမှ ပစ္စည်းအချို့ကို ထုတ်လိုက်ရင်း ကောင်းဖန်သည် ဂိုဒီ၏ အဆင့်မြှင့်တင်မှုအတွက် လိုအပ်သော ပြင်ဆင်မှုများကို စတင်ပြုလုပ်နေသည်။ “ဂိုဒီ မင်းရဲ့အဆင့်မြှင့်တင်ခြင်းအတွက် ပါဝင်ပစ္စည်းတွေကို ငါပြင်ဆင်ထားပြီးပြီ” ဟု ကောင်းဖန်ကပြောလိုက်သည်။

ဂိုဒီ၏ မျက်လုံးများသည် တောက်ပစွာ လင်းလက်နေပြီး ၎င်း၏ ပြောင်နေသောခေါင်းသည် ပို၍ပင် တောက်ပနေသည်။

“ငါ ဒီအကြောင်းကို စေ့စပ်ထားသူကို ပြောပြသင့်တယ်” ဟု ဂိုဒီက ပြောလိုက်သည်။ “ကောင်းဖန်... ဖလိန်မီကို ဒီကို အမြန်ခေါ်လိုက်ပါ... ဒီအကြောင်းကို သူမ သိဖို့လိုတယ်”

“တော်လောက်ပြီ... ဖလိန်မီကို ဒီမှာ ဆွဲထုတ်ဖို့ မလိုဘူး” ကောင်းဖန်သည် ဘဲ၏ခေါင်းကို ဆက်ခနဲ ခေါက်လိုက်သည်။

“အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်က နည်းနည်းတော့ သွေးထွက်သံယိုဖြစ်ပြီး မချိမဆံ့ဖြစ်နိုင်တာမို့ ဖြစ်လာမယ့် အရာအတွက် မင်းကိုယ်မင်း တောင့်ခံထားသင့်တယ်” ဟု ကောင်းဖန်က ပြင်းထန်တဲ့ လေသံနဲ့ပြောလိုက်သည်။

“ငါသိပါတယ်.. အနာမခံရင် အသာမစံရဘူး” ဂိုဒီက လက်သီးများကို တင်းတင်းဆုပ်ထားသည်။

ကောင်းဖန်သည် ဆီလီ၏ သိုလှောင်ခန်းထဲမှ အလုပ်ရုံတစ်ခုကို ထုတ်ယူလိုက်သည်။ ပြီးတော့ ရှုပ်ထွေးသောပုံသဏ္ဍာန်ရှိသည့် တူရိယာအတန်းတစ်ခုကို ၎င်းပေါ်တွင်တင်ထားလိုက်သည်။ ထို့နောက် သူသည် ကျောက်ပြား၏ မျက်နှာပြင်အနှံ့တွင် စပ်‌ထားသော ဆေးရည်ကို သုတ်လိုက်သည်။ ထို့နောက် ဆေးပြားကို ဆီအလွှာတစ်ခုဖြင့် ဖုံးပြီးသည်နှင့် ၎င်းကို မီးအနည်းငယ်ဖြင့် အပူပေးလိုက်သည်။

အရင်က အပူ သို့မဟုတ် လျှပ်စစ်ကြောင့် ဖျက်ဆီးမရသော ကျောက်ပြားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်။ ကျောက်ပြားသည် ယခုအခါတွင် မီးအထက်တွင် ရွှေရောင် အလင်းတန်းဖြင့် တောက်ပနေသည်။

တောက်ပနေသော ကျောက်ပြားကို မြင်သောအခါ ဂိုဒီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ကောင်းဖန်က ပူပူနွေးနွေး ရှိနေတုန်း ဒီအရာကို စားခိုင်းဖို့ စဉ်းစားလိုက်သည်။

“ဒီကိုလာ.. ဂိုဒီ” ကောင်းဖန်က လက်ခုပ်တီးပြီး ပြောလိုက်သည်။

ဂိုဒီသည် ကောင်းဖန်၏နံဘေးသို့ အမြန်လျှောက်သွားသည်။ ကျောက်တုံးတစ်တုံးကို မျိုချခြင်းသည် နာကျင်စရာအဖြစ်ဆိုးဟု သူအရင်က မထင်ခဲ့ပေ။ သာမန်ဘဲတစ်ကောင်ဖြစ်စဥ်အချိန်တုန်းကတော့ အစာချေဖျက်မှုကို များစွာအထောက်အကူဖြစ်စေတဲ့ မနက်စာအတွက် ကျောက်ခဲတွေကို အမြဲစားခဲ့သည်။

ထို့နောက် ကောင်းဖန်က အလင်းလှိုင်းကို ခေါ်ကာ ဂိုဒီ၏ရင်ဘတ်တစ်လျှောက် ဒေါင်လိုက်မျဉ်းတစ်ကြောင်းကို ဘောပင်ဖြင့် ဆွဲခိုင်းလိုက်သည်။ ဒါကို ဂိုဒီက ဘယ်လို တုံ့ပြန်ရမလဲ မသိပေ။

ဂိုဒီ၏ဗိုက်ကို အလင်းလှိုင်းက ဖွင့်လိုက်သည်။ ဂိုဒီ၏ ခန္ဓာကိုယ်သည် သိသိသာသာ ချဲ့ထွင်လာပြီး အလင်းလှိုင်းသည် ဘဲ၏ အရေခွံကို ဖြတ်သွားသည်နှင့်အမျှ ၎င်း၏ ခြေသည်းများသည် သူ့အလိုလို အားပိုပြင်းလာသည်။

“ပြီးပြည့်စုံတယ်” ဟု ကောင်းဖန်က အလင်းလှိုင်းရဲ့ အလုပ်ကို ကျေနပ်စွာ ရေရွတ်လိုက်သည်။ သူသည် ဂိုဒီ၏ဗိုက်ထဲသို့ နတ်ဘုရား ကျောက်ပြားကို ထည့်သွင်းလိုက်သည်။

ဂိုဒီသည် ထိုနေရာတွင် ရပ်နေပြီး အဝေးကို စူးစူးဝါးဝါးကြည့်ကာ သူ့မျက်နှာကို မော့ကြည့်လိုက်သည်။ အစာအိမ်ထဲသို့ ဝင်လာသည့် ရုတ်တရက် ကိုယ်အလေးချိန်ကို ၎င်းက သတိထားမိပုံမရ‌‌ေပ။

ဆယ်မိနစ်ကျော်သွားတဲ့အခါ ဂိုဒီက ဗိုက်ကို ထိလိုက်သည်။ အလင်းလှိုင်းလုပ်လိုက်သော ခွဲစိတ်မှုက ၎င်း၏မြင့်မားသော ပြန်လည်ကုသနိုင်စွမ်းကြောင့် ဂိုဒီ၏ဗိုက်တစ်ဝိုက်တွင် အနီရောင်မျဉ်းတစ်ကြောင်းသာကျန်ရှိတော့သည်။

သူတော်စင်မသည်တောင်ထိပ်မှ ကောင်းဖန်လုပ်နေတာကို ကြည့်နေသည်။

“မြေခွဲသူ.. ဘာတွေဖြစ်နေတာလဲ မင်းသိလား”

မြေခွဲးသူနဂါးမျောက်ဝံက အသံတိုးတိုးနဲ့ ပြောလိုက်သည်။ “မသိဘူး... ဘဲတစ်ကောင်က ပျော့ညံ့တဲ့ပုံပေါက်ပေမယ့် သူက ဘာပြဿနာမှမရှိဘဲ အဲဒီကျောက်တုံးကို ချေဖျက်နိုင်တဲ့ပံုပဲ”

ဂိုဒီက မျက်လုံးမှိတ်ထားလိုက်သည်။ သူသည် ပင်ပန်းစပြုလာသည်ဟုခံစားနေရသည်။

“မင်း အိပ်ငိုက်နေရင် အိပ်လိုက်.. မင်းဗိုက်ထဲက ဒဏ်ရာကို ပြန်မပွင့်အောင် မင်းဘာမှ မလုပ်မိစေနဲ့” ဟု ကောင်းဖန်က ဆိုလိုက်သည်။

ဂိုဒီကပြောတဲ့အတိုင်း မြေပြင်ပေါ်လှဲချလိုက်သည်။ ထို့နောက် “ရပြီ” ဟု ရေရွတ်လိုက်သည်။ ဗိုက်က ဖောင်းနေသလို ခံစားရသည်။ ဂိုဒီက နည်းနည်းတော့ စိတ်ရှုပ်သွားသည်။ ငါကျောက်တစ်လုံး မွေးဖွားလိုက်သလို ခံစားရနေတယ်... ငါလို ယောက်ျားရဲ့ ဂုဏ်သတင်း ပျက်သွားပြီ.. ဒီအကြောင်းကို ဖလိန်မီကြားရင်... သူမကို ငါ့အကြောင်း ဘယ်တော့မှ ကြားခွင့်မပေးနိုင်ဘူး..

“ကောင်းဖန်.. ဖလိန်မီကို ဒီကို မခေါ်နဲ့” ဂိုဒီက ပျော့ညံ့စွာပြောလိုက်သည်။ ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲ သူ အခုမှသိတော့သည်။

ညဘက်တွင် ကမ်းခြေအနီး၌ အပူချိန်ကျဆင်းနေသည်။ ကောင်းဖန်သည် တောထဲရှိ သစ်ပင်များမှ စုဆောင်းထားသော အရွက်နှစ်ရွက်ဖြင့် ဂိုဒီ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်ပြီး ဘဲနှင့် သိပ်မဝေးတဲ့နေရာမှာ မီးမွှေးလိုက်သည်။ ရံဖန်ရံခါ ဂိုဒီကို ကြည့်ရင်း လက်နှစ်ဖက်ကို ပွတ်သပ်နေသည်။

ဂိုဒီ၏ တည်ငြိမ်သော အသက်ရှုသံကို သစ်ရွက်များအောက်မှ ကြားနေရသည်။ ထို့နောက် သူသည် အသက်ရှူကြပ်လာသည်… ၎င်း၏အသက်ရှူသံသည် ယခုအခါ မညီမညာဖြစ်နေသည်။

သန်းခေါင်ယံတွင် မှိန်းနေသော ကောင်းဖန်သည် ဂိုဒီကြောင့် ရုတ်တရက် နိုးလာသည်။

ဂိုဒီသည် ဟောက်သံတိုးတိုး ထုတ်လွှတ်လိုက်သည်။ မြေကြီးကို လက်ထဲမှာ ဆုပ်ကိုင်ထားပြီး ပခုံးတွေက မြေကြီးထဲမှာ နစ်မြုပ်နေသည်။ နဖူးတစ်လျှောက် သွေးပြန်ကြောများ ပေါက်ထွက်နေသည်။ သူ့လည်ချောင်းမှ စူးစူးရှရှ အသံတစ်သံထွက်လာသည်။ ကောင်းဖန်ကို မနှိုးမိရန် အလွန်ကြိုးစားနေပုံရသည်။

ကောင်းဖန်သည် ဂိုဒီ၏ အခြေအနေကို လျင်မြန်စွာ ကြည့်လိုက်သည်။

[သားရဲ အမည်] - ဖျက်ဆီးမရသော တားမြစ်ဘဲ (ပြောင်းလဲနေသည်)

[သားရဲ အခြေအနေ] - အနည်းငယ်ဒဏ်ရာရ

ဂိုဒီရဲ့ အနေအထားက ကောင်းနေသည်။ ကောင်းဖန်က သက်ပြင်းတစ်ချက်ချလိုက်သည်။

ဂိုဒီသည် တုန်လှုပ်ချောက်ချားသော ဟောက်သံများကို ဆက်လက် ထုတ်ဖော်နေသည်။ ကောင်းဖန် နိုးနေပြီဆိုတာကို သတိပြုမိလိုက်တဲ့အခါ ခြေဖဝါးနဲ့ မြေပြင်ပေါ် နင်းဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအခါ တစ်ကျွန်းလုံး တုန်လှုပ်သွားသည်။ ကောင်းဖန်ကတော့ ဂိုဒီ ကျွန်းကို အပေါက်ဖောက်လိုက်ပြီဟု ကောက်တွေးလိုက်သည်။

“အသွင်ပြောင်းတော့မယ်” ဟု မြေခွဲသူနဂါးမျောက်ဝံက ကမ်းခြေမှာ ဂိုဒီ ဝေဒနာကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။

သူသည် ဒီဘဲလေးက ဘယ်အဆင့်ရောက်နေပြီလဲ သိချင်နေသည်။ ဒီနေ့ခေတ် လူငယ်များက ဒဏ္ဍာရီအဆင့်ကို ရောက်ခါနီး‌ဆိုရင် ကျွန်းတစ်ခုလုံးကို လှုပ်ခတ်စေနိုင်တာလား..

သူ့အလိုလို နာကျင်မှုကို မထိန်းနိုင်တော့ဘဲ ဂိုဒီက တိုးညှင်းစွာ ဟောက်လိုက်သည်။

ဂိုဒီသည် လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။ ၎င်း၏နောက်ကျောရှိ အတောင်များသည် ပြင်းထန်စွာ တုန်ခါနေပြီး ဂိုဒိ၏အရေပြားကို ဆုတ်သွားသည်အထိ အရိုးများ ပိုထူလာသည်။ ယခုအခါ အနီရောင်စွန်းထင်းနေသော ၎င်း၏ တောင်ပံများသည် သတ္တုအလင်းရောင်ဖြင့် တောက်ပနေသည်။

အချိန်တိုလေးအတွင်းမှာပဲ ဂိုဒီရဲ့တောင်ပံတွေက နှစ်ဆတိုးလာသည်။

ကောင်းဖန်သည် ဂိုဒီနှင့် အနီးကပ်ဆုံးဖြစ်သည်။ ကျောက်ပြားမှ အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေတာကြောင့် ၎င်း၏ အစာအိမ် တောက်ပနေသည်ကို သူမြင်နေရသည်။ ဂိုဒီက နေတစ်ခုလုံးကို မျိုချလိုက်သလိုဖြစ်နေသည် ရွှေရောင်သဏ္ဌန်ကို ၎င်း၏အရေပြားမှတဆင့် မြင်တွေ့နိုင်သည်။

ရွှေရောင်ကျောက်ပြားသည် ပုံသဏ္ဍာန်ပြောင်းနေပုံရသည်။ ပထမတော့ ကျောက်ပြားတစ်ခုမျှသာဖြစ်ပြီး ထို့နောက်တွင် လူပုံစံ၊ နဂါးတစ်ကောင်၊ ထို့နောက် ဖီးနစ်ငှက်...

နောက်ဆုံးတွင် ကျောက်ပြားမှ ရွှေရောင်အလင်းတန်းသည် ၎င်း၏နောက်ကျောဘက်ရှိ အတောင်ပံတစ်စုံနှင့် လက်နှစ်ဖက်လုံးကို ရွှေရောင်လူသားကဲ့သို့ သတ္တဝါအဖြစ်သို့ ခဲသွားစေသည်။ အနောက်တိုင်းဒဏ္ဍာရီမှာ ဖော်ပြထားတဲ့ နတ်သမီးလေးလိုလိုပင်။ ဂိုဒီသည် တင်ပျဉ်ခွေထိုင်နေသဖြင့် ၎င်း၏ခန္ဓာကိုယ်အနှံ့ ကြွက်သားများ တုန်ခါသွားသည်။

ထို့နောက် ရွှေရောင်အလင်းတန်းသည် ဂိုဒီ၏ကိုယ်ပေါ်သို့ ကျနေသော အလင်းရောင်တစ်ခုထဲသို့ ပျံ့နှံ့သွားသည်။

ဂိုဒီသည် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူ့ကျောသည် ရုတ်တရက် ဖြောင့်သွားသည်။ အခု သူသည် ကောင်းကင်ကို တည့်တည့် ကြည့်နေသည်။ ရုတ်တရက် မျက်လုံးများမှ အလင်းတန်းနှစ်ခု ကောင်းကင်သို့ ထွက်လာသည်။ တိမ်များကိုထိလိုက်သောအခါတွင် အလင်းတန်းများသည် ထူထပ်ပြီး လျှပ်စစ်ပုံစံအတိုင်း ကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားသည်။

၎င်းသည် နဂါးကျွန်းစုရှိ အခြားကျွန်းများမှလူတိုင်းကို အာရုံစိုက်မိစေသည်။ မကြာသေးမီက တိတ်ဆိတ်ငြိမ်သက်ခဲ့သော ကျွန်းစုတစ်ခုလုံးသည် ယခုအခါ စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်ချောက်ချားသွားသည်။

“သူတော်စင်မရဲ့ ကျွန်းကလာတာ”

“အဲဒါဘာလဲ” သူတော်စင်မရဲ့ မြေခွဲသူနဂါးမျောက်ဝံက နောက်ဆုံး သူတော်စင်အဆင့်ကို ရောက်သွားတာလား..

အလယ်တန်းနဂါးနှစ်ကောင်နှင့် နဂါးအမျိုးအစားသားရဲများသည် ၎င်းတို့၏သားရဲလေ့ကျင့်သူများနှင့်အတူ မှောင်မည်းနေသော ကောင်းကင်ကိုဖြတ်၍ ပျံသန်းနေကြသည်။ နဂါးဖြူမျိုးနွယ်စုအများအပြားသည် ယခုအခါ အဝေးက သူတော်စင်မ၏ကျွန်းကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။

ဂိုဒီအစပျိုးခဲ့သော ထူးဆန်းသောဖြစ်ရပ်သည် ထိုအချိန်တွင် နဂါးကျွန်းစုရှိ လူတိုင်း၏ အာရုံစူးစိုက်မှုကို ရနေလေသည်။

All Chapters