← Chapters

အခန်း (၆၂၁-၆၂၄)

Vol. 39 Ch. 621-624

အခန်း (၆၂၁-၆၂၄)

Vol. 39 Ch. 621-624

အခန်း ၆၂၁ လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓ

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော မျက်မှောက်တော်သုံးပါးသည် လေထဲတွင် ပေါ်လာပြီး ကောင်းဖန်ကိုယ်တိုင်ပင် ဖော်မပြနိုင်သော ဖိအားကို သက်ရောက်မိသည်။ နတ်ဘုရားတစ်ပိုင်းသုံးပါးသည် ဖေးလျန်ကို စက်ဝိုင်းပုံဖြင့် ဝိုင်းထားသည်။ ဖေးလျန်သည် ၎င်း၏ ကြိုဆိုရေး အဖွဲ့ကို တိတ်တဆိတ် ကြည့်နေသည်။

ကောင်းဖန်သည် နတ်ဘုရားတစ်ပိုင်း သုံးယောက်ကို ည့်ပြီး အနည်းငယ် ငြိမ်သက်သွားသည်။ တကယ်တော့ ထိပ်တန်းမျိုးနွယ်စုများသည် ၎င်းတို့၏ နတ်ဘုရားတစ်ပိုင်းများကို မခေါ်ဆောင်ရန် သဘောတူထားပြီးဖြစ်သော်လည်း အခုထိ မျိုးနွယ်စု အစည်းအဝေးသို့ ခေါ်ဆောင်နေဆဲ ဖြစ်နေသည်။

နေရာလွတ် အက်ကွဲကြောင်းမှ ရုန်းထွက်ရန် အနည်းငယ်ကုတ်ခြစ်ပြီးနောက် ယခုအခါ ဖေးလျန်သည် နတ်ဘုရားတစ်ပိုင်း သုံးပါးဖြင့် ဝန်းရံထားသည်ကို တွေ့ရှိရသည်။ ၎င်း၏ အခြေအနေမှာ ပြတင်းပေါက်မှ အိမ်ထဲသို့ သူခိုးတစ်ယောက် ခိုးဝင်ကာ မကျေမနပ်ဖြစ်နေသော အိမိပိုင်ရှင် သုံးယောက်က ရုတ်တရက် ဝိုင်းရံထားသည်သကဲ့သို့ပင် ဖြစ်နေသည်။

နတ်ဘုရားတစ်ပိုင်းသုံးပါးနှင့် ယှဉ်ပြိုင်ရန် အခွင့်အလမ်းကို စဉ်းစားပြီးနောက် ဖေးလျန်သည် တိတ်တဆိတ် ထွက်ခွာပြီး နေရာလွတ်အက်ကြောင်းထဲကို ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ငါဒီမှာ မရှိခဲ့ဘူးလို့ သဘောထားလိုက်....

ကောင်းကင်လမ်းသစ်ပင်သည် ၎င်း၏အကိုင်းအခက်များကို လှုပ်ယမ်းလိုက်ပြီး ၎င်း၏အရွက်များကို အလင်းရောင်အဖြစ်သို့ ပြောင်းလဲစေလိုက်သည်။ အရွက်တစ်ရွက်စီသည် ချွန်ထက်သော ဓားသွားများကဲ့သို့ နေရာလွန်အက်ကွဲကြောင်းများကို ဆုတ်ဖြဲကာ မရေမတွက်နိုင်သော ကျဉ်းမြောင်းသည့် ဖြတ်တောက်မှုများ ကျန်ရစ်သွားသည်။

နေရာလွတ်အက်ကွဲကြောင်းသည် ရုတ်တရက် ပြတ်တောက်သွားသဖြင့် ၎င်း၏ အာကာသစွမ်းအင်သည် နေရာလွတ်အတွင်း အေးခဲသွားသည်။ ထိုအချိန်တွင် ဖေးလျန်သည် သစ်ပင်၏အရွက်များကြောင့် သွေးထွက်သွားသည်။

၎င်း၏ဘယ်ဘက်မှ လက်သည်းငါးချောင်း အဖြူရောင်နဂါးသည် ဖေးလျန်၏ ရှေ့ခြေတစ်ဖက်ကို နဂါးခြေသည်းနှင့် ဆွဲကိုင်လိုက်ကာ ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ ဖေးလျန်၏ ရှေ့ခြေတွင် ကြီးမားသော အဖြူရောင် ခြေသည်းရာတစ်ခု ကျန်ခဲ့သည်။ ထို့နောက် နေရာလွတ် အက်ကွဲကြောင်းသို့ ပြန်လည်ကျုံ့သွားတဲ့ သူ့ကို နောက်တစ်ကြိမ် ပြန်ဆွဲထုတ်လိုက်သည်။

ဟိန်းဟောက်သံနှင့်အတူ ဖေးလျန်သည် ၎င်း၏ သွေးထွက်သံယိုနေရောင်ခြည်ကို လက်သည်းငါးချောင်း အဖြူရောင်နဂါးထံ ပစ်ပေါက်လိုက်သည်။ နီညိုရောင် သွေးထွက်သံယိုနေရောင်ခြည်သည် ဖေးလျန်၏ အန္တရာယ်ကြီးမားသော နယ်ပယ်နှင့် တဖြည်းဖြည်း ရောနှောသွားပြီး ၎င်းမှတဆင့် သွေးနီရောင် အလင်းတန်းများ ထွက်လာသည်။

လက်သည်းငါးချောင်း အဖြူရောင်နဂါးသည် ၎င်း၏ အပြာရောင် သမုဒ္ဒရာနယ်ပယ်ကို လွှတ်ချလိုက်သည်နှင့် နောက်ထပ် အသံတစ်ခု ထွက်လာသည်။ နယ်ပယ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မိပြီး တိုက်မိသည့်အချိန်တွင် အရောင်များ ပေါင်းစပ်မှုကို ဖြစ်ပေါ်စေသည်။ နှစ်ဖက်စလုံးက တစ်ဖက်ကို ဖြည်းညှင်းစွာ ခုခံရန် ကြိုးစားနေကြသည်။

ကြောက်ရွံ့မှုက ဖေးလျန်၏နှလုံးသားထဲသို့ တိုးဝင်လာသည်။ သူက နတ်ဘုရားတစ်ပိုင်းသုံးပါးကို ဆန့်ကျင်မိခဲ့သည်။ အလေးသာမှုမှာ သူမဟုတ်တာတော့ သေချာသည်။ သူသည် လက်သည်းငါးချောင်း အဖြူရောင်နဂါး၏ မျက်လုံးများဆီသို့ လွင့်ထွက်သွားသော မှုန်ဝါးဝါး အလင်းတန်းတစ်ခု ထွက်လာစေရန် ၎င်း၏ ရှေ့ခြေတစ်ဖက်ကို ရှေ့သို့ တွန်းပို့လိုက်သည်။

တိုက်ခိုက်မှုကို သူက အချိန်မီ သတ္တုလက်ဖြင့် တားဆီးလိုက်သည်။ ထိုအခါ လက်နှင့် ချိတ်ဆက်ထားတဲ့ အကြောပြတ်နေတဲ့ လက်မောင်းတစ်ခု ဖြစ်လာပြီး ထိုလက်မောင်း၏အထက်တွင် ချောမွတ်သော မျက်နှာထားရှိပြီး အလင်းဝိုင်းဝိုင်းတစ်ခုကို ထွန်းလင်းတောက်ပစေသည့် လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓရုပ် ဖြစ်လာသည်။

နတ်ဘုရားတစ်ပိုင်း၏ နောက်ကွယ်တွင် ကြာပန်းပုံစံဖြင့် လက်ပေါင်းတစ်ထောင် သို့မဟုတ် ထို့ထက်သွယ်သော ရှည်လျားသော လက်နှစ်ဖက်ကို မျှောထားသည်။

သူ့လက်တစ်ဖက်စီတွင် မွန်မြတ်သော ဓမ္မတံဆိပ်တစ်ခုကို ကိုင်ဆောင်ထားသည်။ ပေ ၃၀၀၀ မြင့်သော ကြေးရုပ်တု၏ “မျက်နှာ” တွင် စိတ်ခံစားမှုလက္ခဏာ မဖော်ပြပေ။ ယင်းအစား ၎င်း၏ လုပ်ဆောင်ချက်များဖြင့် သူ့ကိုယ်သူ ဖော်ပြနေသည်။

၎င်း၏ တရားဓမ္မ တံဆိပ်များသည် လေထဲတွင် လွင့်စဉ်ကာ ကောင်းကင်တစ်ခုလုံး ပျံ့နှံ့ ပုံဖော်လိုက်သည်။ ထို့နောက် ဆူညံသံတစ်ခုထွက်ပေါ်လာသည်။

ဖေးလျန်သည် ရုပ်တု၏တိုက်ခိုက်မှုကို တားဆီးရန် ကြိုးပမ်းဖို့ ၎င်း၏ရှေ့ခြေသည်းများကို ဆုပ်ကိုင်ထားသည်။ ဖေးလျန်ရဲ့ ခြေသည်း တွေကို ထိလိုက်တာနဲ့ ပထမတံဆိပ်ပေါ်မှာ အက်ကြောင်းတွေ ပေါ်လာသည်။ နောက်တော့ နောက်ထပ် နှစ်ခုက နောက်ကလိုက်လာသည်။ သုံး၊ လေး၊... မကြာခင်မှာပဲ ဖေးလျန်ရဲ့ ခြေသည်းတွေပေါ်မှာ တံဆိပ်ပေါင်း ၇၃၆ ခု ရိုက်ခံလိုက်ရသည်။

စည်းတစ်ခုစီသည် ဖေးလျန်၏ခြေသည်းများကို တူညီသောထောင့်မှ တစ်နေရာတည်းတွင် ရိုက်ခတ်နေချိန်တွင် ၎င်းတို့ ၇၃၆ လုံးသည် ချောမွေ့မှုမရှိသော ရွှေရောင်အကွေးတစ်ခုအဖြစ် ပုံဖော်ထားသည်။

ဖေးလျန်က ဒါကို မခံနိုင်တော့ပေ။ ရုပ်တု၏ ဆက်တိုက်တိုက်ခိုက်မှုကြောင့် နောက်ဆုံးတွင် ၎င်း၏ညာဘက်ခြေသည်း ကျိုးသွားသည်။ ထို့နောက် အခြားသော ဓမ္မတံဆိပ် ၂၆၄ ခုသည် ဖေးလျန်၏ မျက်နှာဆီသို့ ပျံသန်းသွားသည်။

ခြေသည်းများလောက် မမာသော ဖေးလျန်၏ဦးခေါင်းသည် ချက်ချင်းပင် ပျော့ပြောင်းသွားသည်။

ကောင်းဖန်က လေးပင်စွာ အသက်ရှုသွင်းလိုက်သည်။ ဤလက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓမြတ်စွာဘုရားသည် ကြမ်းတမ်းသော အသွင်အပြင်ရှိပုံရသည်။

[သားရဲ အမည်] - လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓ

[သားရဲ အဆင့်] - အဆင့် ၉၅ (နတ်ဘုရားတစ်ပိုင်း)

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီ/ ဒဏ္ဍာရီ

[သားရဲ အမျိုးအစား] - သတ္တု/ စိတ်ပညာ

[သားရဲ စွမ်းရည်] - သတ္ထု၊ မပျက်ဆီးနိုင်သောရင်ပိုင်ရုပ်ထု အဆင့် ၉၊ သံမဏိ စိတ်ဝိဉာဉ် အဆင့် ၉ ၊ ပေါက်ကွဲမှု စွမ်းအားအဆင့် ၈

[ကိုးကွယ်မှု အပိုင်း] - ၎င်း၏လက်တစ်ထောင်

[သားရဲ နယ်ပယ်] - ၎င်း၏ နယ်ပယ်အတွင်းရှိ ၎င်း၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့်အထိ စိတ်ကို တည်ငြိမ်စေသည်။

[အထူး အမျိုးအစားများ] - ပြင်းထန်သောလက်သီး (၎င်း၏လက်များတွင် တစ်မူထူးခြားသော မှော်အစွမ်းများပါရှိသည်။)

အကျိုးသက်ရောက်မှု ၁ - ၎င်း၏လက်တစ်ဖက်မှ ပြိုင်ဘက်ကို ထိမိသည့်အခါတိုင်း နောက်ပိုင်းတွင် ပြင်းထန်သောလက်သီး သက်ရောက်မှုကို သက်ရောက်သည်။ တစ်စက္ကန့်အတွင်း ပြိုင်ဘက်ကို လက်တစ်ထောင်ဖြင့် တူညီသောနေရာကို ရိုက်နှိပ်ခြင်းဖြင့် အကျိုးသက်ရောက်မှုကို မြှင့်တင်နိုင်သည်။ ဤအကျိုးသက်ရောက်မှုသည် ၎င်း၏ပြိုင်ဘက်အပေါ် အကြိမ်များလေလေ လက်ပေါင်းတစ်ထောင်လက် မျက်နှာမဲ့ဗုဒ္ဓသည် ၎င်း၏နောက်ထပ်တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်လေဖြစ်သည်။

သာမန် လူတို့ မမီနိုင်သော စိတ်ဆန္ဒ (၎င်းသည် ဘုရားရေးရာနှင့်စပ်လျဉ်းသော ထူးကဲသော စွမ်းအားများ ပိုင်ဆိုင်သည်။)

အကျိုးသက်ရောက်မှု ၁ - ၎င်းသည် စိတ်ဝိဉာဉ်၊ သိမ်မွေ့နူးညံ့မှုနှင့် ဒြပ်စင်အမျိုးအစားကခန္ဓာကိုယ်များကို တိုက်ရိုက်တိုက်ခိုက်ပြီး အကျိုးသက်ရောက်နိုင်သည်။

အကျိုးသက်ရောက်မှု ၂ - ၎င်း၏ ပြင်းထန်သောလက်သီး သက်ရောက်မှုကို အထက်ဖော်ပြပါ ကိုယ်ထည် အမျိုးအစား သုံးခုစလုံးတွင် သက်ရောက်နိုင်သည်။

[သားရဲ ဖော်ပြချက်] - လက်ပေါင်းတစ်ထောင်လက် မျက်နှာမဲ့ဗုဒ္ဓသည် နေနှင့်လ၏ အနှစ်သာရအပြင် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရပေါ်တွင် မွေးမြူထားသော သတ္တဝါဖြစ်သည်။ တခြားသတ္တဝါတွေနဲ့ မတူဘဲ သူ့ဟာသူ ရပ်တည်ဖို့ စားသောက်ဖို့ မလိုအပ်ပေ။ သို့သော် ၎င်းတွင် ပျင်းစရာကောင်းသော ကိုယ်ရည်ကိုယ်သွေးရှိသည်။

သန့်စင်သော အကြမ်းဖက်မှု - ၎င်းသည် ရန်သူများ၏ ခန္ဓာကိုယ် အမျိုးအစားမခွဲခြားဘဲ အမျိုးမျိုးသော ရန်သူများကို သတ်ဖြတ်နိုင်စွမ်းရှိသည်။

ရုပ်တု၏ အင်္ဂါရပ်များသည် ရိုးရှင်းပြီး ရက်စက်ကြမ်းကြုတ်သည်။ လက်တစ်ထောင်လက်ဖြင့် မျက်နှာမဲ့ရုပ်တုသည် ဒဏ္ဍာရီ စွမ်းရည်ဆင့်ရှိသည့် သားရဲရုပ်တုဖြစ်နေမလားဟု ကောင်းဖန်သံသယ ရှိမိသည်။

ဖေးလျန်၏ခေါင်းပေါက်ကွဲသွားသောအခါ လမ်းမပေါ်ရှိလူတိုင်းသည် သက်ပြင်းချလိုက်ကြသည်။ အချို့က နတ်ဘုရားတစ်ပိုင်း၏အောင်ပွဲအတွက်ပင် အားရပါးရ အားပေးကြသည်။

သို့သော်လည်း ဖေးလျန်၏ ပိုးမွှားကဲ့သို့ ခန္ဓာကိုယ် အကွဲအပြဲမှ တွဲလောင်းကျနေသည့် ခန္ဓာကိုယ်ကို ကြည့်ပြီး ကောင်းဖန်သည် မသေသေးကြောင်း သိလိုက်ရသည်။

[သားရဲ အခြေအနေ] - ပေါ့ပေါ့ပါးပါး ဒဏ်ရာရ (ခေါင်းပြတ်)

လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ၏ လက်တစ်ထောင်ဖြင့် ၎င်း၏ဦးခေါင်းကို မမှတ်မိနိုင်လောက်အောင် ပျော့ဖတ်အဖြစ်သို့ လျှော့ချလိုက်သည့်တိုင် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း ၎င်း၏အခြေအနေက ဖော်ပြနေသည်။

“ဖေးလျန်က ခေါင်းမာတဲ့ သတ္တဝါတစ်ကောင်ပဲ.. သူ့ကိုယ်သူ ကုစားဖို့ အခွင့်အလမ်း မပေးနဲ့” ဟု လက်ပေါင်းတစ် ထောင်လက် မျက်နှာမဲ့ ဗုဒ္ဓက ၎င်း၏ ရဲဘော်နှစ်ဦးအား စိတ်ဖြင့် ပြောလိုက်သည်။

“နားလည်သဘောပေါက်ပါတယ်.. ဒုတိယအခွင့်အရေးတော့ ရှိလာမှာ မဟုတ်ပါဘူး” ဟု ခြေသည်းငါးချောင်း အဖြူရောင်နဂါးက သူ့ရဲ့ သမုဒ္ဒရာ နယ်ပယ်ကို ဖေးလျန်ပေါ်မှာ လွှတ်တင်ရင်း ပြုံးပြီး ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်လမ်းခရီး သစ်ပင်သည် ၎င်း၏အတွင်းပိုင်းအက်ကွဲကြောင်းနှင့် တင်းကျပ်စွာပိတ်မိနေသေးသည့် နေရာလွတ်အက်ကွဲကြောင်းနှစ်ခုလုံးကို ဖုံးအုပ်ထားသည့် ဖေးလျန်ကို ၎င်း၏အရွက်များဖြင့် လှုပ်ခါလိုက်သည်။

နောက်တစ်စက္ကန့်တွင် သစ်ရွက်ဘောလုံးသည် ဖေးလျန်ပေါ်သို့ ကျသွားသည်။ ၎င်းသည် နေရာလွတ်အက်ကွဲကြောင်းအတွင်း အသက်မဲ့စွာ တည်ရှိနေသည်။

လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓသည် ဖေးလျန်၏ အမြီးအဖျားကို စစ်ဆေးရန် ထွက်လာလိုက်သည်။ အဲဒီအထဲမှာ လက်ဖဝါးအရွယ် အပေါက်တစ်ခုရှိနေသည်။

၎င်းသည် အခြားသော နတ်ဘုရားတစ်ပိုင်းနှစ်ပါးအား စိတ်ပိုင်းဆိုင်ရာအရ “သူက လွတ်မြောက်ခဲ့ပြီးသူ့ခန္ဓာကိုယ်နှင့် စွမ်းအားအများစုကိုပဲ ချန်ထားခဲ့တယ်.. ဒါပေမယ့် နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်နေဆဲဖြစ်ပြီး သူတော်စင်အဆင့်ကို ပြန်မတက်နိုင်ဘူးလို့ ပြောဖို့တော့ စိတ်ချရပါတယ်” ဟု ပြောလိုက်သည်။

“စစ်ပွဲကြီးမတိုင်မှီမှာ သူတို့ရဲ့ ဗိုလ်ချုပ်တစ်ယောက်ကို နစ်နာအောင် စွမ်းဆောင်နိုင်လို့ … ဒါကို ငါတို့အတွက် အောင်ပွဲလို့ ခေါ်မယ်” ဟု ခြေသည်းငါးချောင်း အဖြူရောင်နဂါးက အေးအေးဆေးဆေး ပြောလိုက်သည်။

“ဒါကို ကြီးကြီးမားမား ပျက်စီးအောင် မဖြေရှင်းနိုင်တာကတော့ ရှက်စရာပါပဲ” ဟု သူ့ရဲ့ အရွက်တွေက အသံမြည်နေတဲ့ ကောင်းကင်လမ်း သစ်ပင်ကပြောလိုက်သည်။

“ဖေးလျန်က ခက်ထန်တဲ့ အဖွဲ့ဝင်ပဲ.. ဖြုတ်ချဖို့ လွယ်မယ်မထင်ဘူး.. ဒါ့အပြင် ငါတို့လဲ သူ့ကို အရှင်မထားနိုင်ဘူး.. အားပျော့တဲ့ အခြေအနေမှာတောင်မှ ရိုင်းစိုင်းဖို့ ဆုံးဖြတ်ထားရင် တခြားမျိုးနွယ်စုတွေကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်မှာသေချာတယ်”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၂၂ ရှဲ့ကျိ

နတ်ဘုရားတစ်ပိုင်းသုံးပါး ရောက်ရှိလာခြင်းကြောင့် အပြာရောင်မြစ်မျိုးနွယ်စုသည် လုံးဝတိတ်ဆိတ်သွားသည်။

အဓိကဘုရင်မျိုးနွယ်စု ခုနစ်မျိုးက ပိုလို့တောင် တိတ်ဆိတ်နေသည်။ ငါတို့က မင်းတို့ကို ဖိတ်ခေါ်ခဲ့တယ်.. ဒါကို မင်းတို့က နူကလီးယားလက်နက်တွေ ယူလာတယ်.. အခုတော့ ဘာပြောနိုင်တော့မလဲ..

ကောင်းဖန်သည် လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ၏ လွှမ်းခြုံထားတဲ့ လက်ပေါင်းတစ်ထောင်အကြောင်း ကိုတွေးနေမိသည်။ ဂိုဒီသည် သူ၏ ကြွေးကြော်သံအနည်းငယ်ကိုမျှပင် ခံနိုင်ရည်ရှိမည်မဟုတ်သည့်အပြင် ဒန်ဘီကတော့ မည်မျှခံနိုင်သည်ကို ပြောရန် ခက်ခဲသည်။

ကောင်းဖန်သည် နတ်ဘုရားတစ်ပိုင်းနှင့် တစ်ခါမျှ မတိုက်ခိုက်ဖးးပေ။ ဝတုတ်ရွှံ့လူကြီးသခင်၏ဦးခေါင်းခွံသည်ပင် သူတော်စင်အထွတ် အထိပ်အဆင့်၌သာရှိသေးသည်။

သူတော်စင်အထွတ်အထိပ်အဆင့်သည် နတ်ဘုရားတစ်ပိုင်းဖြစ်ခြင်းမှ တစ်ထစ်သာ ကွာဝေးသည်ဟု ထင်ရသော်လည်း ၎င်းတို့ နှစ်ခုကြားရှိ အင်အားကွာဟမှုသည် တိုင်းတာ၍မရပေ။ အရှင်သခင်အထွတ်အထိပ်အဆင့်နှင့် သူတော်စင်အဆင့် ကွာခြားချက် ထက်ပင် ကြီးမားသည်။

“အခုမှတွေ့လိုက်ရတဲ့ ဖေးလျန်က တခြားမျိုးနွယ်စုရဲ့ နတ်ဘုရားတစ်ပိုင်းပဲ” ဟု ကောင်းဖန်က ပြောလိုက်သည်။ “အစည်းဝေး ကျင်းပမယ့်နေရာကို တခြားမျိုးနွယ်စုက သိနေတယ်…”

လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ၏ မျက်ခုံးတွင် ရေလှိုင်းကဲ့သို့ တောက်ပြောင်နေသည့် အဆင်းရှိသည်။ လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓ၏ လက်ဖဝါးပေါ်၌ လူတစ်ယောက် ပျံတက်သွားသည်။ အနက်ရောင် ၀တ်စုံ ၀တ်ထားတဲ့ လူတစ်ယောက်ဖြစ်သည်။ သူ၏အနက်ရောင်ဆံပင်ကို အနီရောင်ကြိုးများဖြင့် ရစ်ပတ်ထားသည်။

သူက နဂါးဖြူနဲ့ ကောင်းကင်သစ်ပင်တို့ နှစ်ဦးကို ကြည့်လိုက်သည်။ “သစ္စာဖောက်တစ်ယောက်က ငါတို့ကို ဖော်ထုတ်လိုက်ပြီ” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါက ငါတို့ အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စုက တစ်စုံတစ်ယောက် မဟုတ်ဘူး” ဟု ကောင်းကင်ဘုံလမ်း သစ်ပင်နှင့် ပေါင်းစည်းခြင်းကို ဖျက်သိမ်းလိုက်သော ထိပ်ပြောင် အဘိုးအိုက ပြောလိုက်သည်။ “ဒီတစ်ခါတော့ ကျုပ်တို့အမျိုးက ငါ့မြေးလေးကိုပဲ လွှတ်လိုက်တာ”

“နဂါးဖြူအိုကြီး.. ကမ္ဘာမြေကြယ်ကလူတစ်ယောက် မင်းရဲ့မျိုးနွယ်ဆီသွားတယ်လို့ ငါကြားတယ်” ဟု အနက်ရောင်ဝတ်ရုံ ဝတ်ထားသူက လက်သည်းမရှိတဲ့ နဂါးဖြူနှင့် ပေါင်းစပ်ထားတဲ့ အမျိုးသားကို ရုတ်တရက် ပြောလိုက်သည်။

လက်သည်းမရှိတဲ့ နဂါးဖြူနှင့် ၎င်း၏ ပေါင်းစပ်မှုကို ဖျက်သိမ်းလိုက်သည့် အမျိုးသားသည် ၎င်း၏ ခြေထောက်များကို ပတ်ထားသည့် ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူ့ပုခုံးပေါ်မှ ငွေရောင်ဆံပင်များ ကျသွားသည်။ ကောင်းဖန်က သူ့ကို သိသည်။ သူ တစ်ချိန်က တွေ့ဆုံခဲ့ဖူးတဲ့ နဂါးဖြူမျိုးနွယ်၏ ခေါင်းဆောင်ဟောင်းဖြစ်သည်။

နဂါးဖြူမျိုးနွယ်ခေါင်းဆောင်ဟောင်းက “ဒီလူက သစ္စာဖောက်မဟုတ်ကြောင်း ငါအာမခံနိုင်တယ်” ဟု အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

သူ့စကားကြားတော့ ကျန်တဲ့နှစ်ယောက်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ.. မင်း အာမခံပြီးပြီဆိုတော့ ငါတို့ သူ့ကို ဖယ်ထားလို့ ရတယ်”

“ငါတို့ မျိုးနွယ်စုထဲက လူတွေ အားလုံးက တိုက်ရိုက် မျိုးရိုးကနေ ဆင်းသက်လာကြတာ” ဟု နဂါးဖြူ မျိုးနွယ်ဟောင်း ခေါင်းဆောင် က ဆိုသည်။

“ဒါဆို အဲဒါက အဓိက ဘုရင်ခုနစ်ပါး ဖြစ်ရမယ်.. အဲဒီမျိုးနွယ်စုလေးတွေကို အပြည့်အဝအသိမပေးဘဲ တခြားမျိုးနွယ်စုတွေက အဲဒီမျိုးနွယ်စုလေးတွေကို ယုံမှာမဟုတ်ဘူး” ဟု အနက်ရောင်ဝတ်ရုံဝတ်ထားသူက အေးစက်စွာပြောလိုက်သည်။

“ဒါပေမယ့် ငါတို့ မျိုးနွယ်စုက ကျန်တာကို မအုပ်ချုပ်နိုင်ဘူး” ဟု နဂါးဖြူ မျိုးနွယ် ခေါင်းဆောင်ဟောင်းက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“ထားလိုက်တော့.. ငါ ဒီကိစ္စကို အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စုမှာ ထားလိုက်မယ်” အနက်ရောင်ဝတ်ရုံ ဝတ်လူက ခေါင်းပြောင်နေတဲ့လူကြီးကို ခေါင်းညိတ်ပြလိုက်သည်။ “စုံစမ်းမှုပြီးရင် တရားခံကို အကြောင်းပြချက်မရှိဘဲ ကွပ်မျက်ပါ”

နေ့လည်ပိုင်းတွင် နတ်ဘုရားတစ်ပိုင်း သုံးပါး၊ အဓိက ဘုရင်ခုနစ်ပါးမျိုနွယ်စုနှင့် အခြားထိပ်တန်းအနွယ်သုံးစုမှ အပြာရောင် မြစ်မျိုးနွယ်စုမှ လူများ ထွက်ခွါခြင်းအတွက် ကြီးကြပ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် တင်းကြပ်စွာ တားမြစ်ခြင်းခံထားရသည်။ သုံးနာရီကြာပြီးနောက် အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စုမှ သူတော်စင်အဆင့်သားရဲကို စေလွှတ်လိုက်သည်။

သူတော်စင်အဆင့်သားရဲသည် နွားတစ်ကောင်ကဲ့သို့ ကြီးမားသည်။ ၎င်း၏လည်ပင်းနှင့် နောက်ကျောကို နက်မှောင် ထူထပ်သော သားမွေးများဖြင့် ပေါက်နေပြီး ၎င်း၏အကြေးခွံများကို ရှည်လျားသော သားမွေးများဖြင့် ဖုံးအုပ်ထားသည်။ တောက်ပတဲ့ မျက်လုံးများနှင့် ၎င်း၏ခေါင်းပေါ်တွင် ဦးချိုတစ်ခုရှိသည်။

[သားရဲ အမည်] - အနက်ရောင် အကြေးခွံ ရှဲ့ကျိ

[သားရဲ အဆင့်] - အဆင့် ၈၅ (သူတော်စင်အဆင့်)

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီစွမ်းရည်ဆင့်/ ဒဏ္ဍာရီစွမ်းရည်ဆင့်

[သားရဲ အမျိုးအစား] - လျှိုဝှက်နက်နဲ

[သားရဲ နယ်ပယ်] - ပြစ်ဒဏ်နယ်ပယ်

[သားရဲ ကျွမ်းကျင်မှု] - အကောင်းနှင့်အဆိုးကို ပိုင်းခြားခြင်း အဆင့် ၇ ၊ နတ်ဆိုးချိုးဖျက်ဦးချို အဆင့် ၇ ၊ မော်ကွန်းတင် ခန္ဓာကိုယ် အဆင့် ၆

[အထူးသွင်ပြင်လက္ခဏာများ] - မကောင်းမှုကို အပြစ်ပေးခြင်း (ရှဲ့ကျိ ၏ သဘာဝစွမ်းရည်)

[အကျိုးသက်ရောက်မှု ၁] - စစ်ပွဲ၊ ပရမ်းပတာတိုက်ပွဲများကို တက်ကြွစွာ လှုံ့ဆော်ပေးသည့် ပစ်မှတ်များအတွက် နောက်ထပ် တိုက်ခိုက်မှုအပိုဆုတစ်ခု။

[အကျိုးသက်ရောက်မှု ၂] - ရှဲ့ကျိသည် လုံးဝမျှတမှုနှင့် တရားမျှတမှုကို အလေးပေးသည်။ မကောင်းမှု မပြုသော်လည်း မကောင်းသော ရည်ရွယ်ချက်ရှိသူများ နှင့် မကောင်းသော အကြံအစည် အားလုံးကို ရိပ်မိနိုင်သည်။

မူရင်းတရားမျှတမှု (ရှဲ့ကျိ၏ သဘာဝစွမ်းရည်)

[အကျိုးသက်ရောက်မှု ၁] - အသက်သွင်းပြီးနောက် ရှဲ့ကျိ၏ကာကွယ်ရေးစွမ်းရည်သည် အမျိုးမျိုးသော ကျိန်စာများကို ခံနိုင်ရည်ရှိပြီး အချိန်တိုအတွင်းတွင် အလွန်တိုးတက်လာမည်ဖြစ်သည်။

[သားရဲ ဖော်ပြချက်] - ဒဏ္ဍာရီထဲက ဥပဒေတွေကို ကိုယ်စားပြုတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သားရဲ ရှဲ့ကျိက အမှားအမှန်ကို ပိုင်းခြားနိုင်ပြီး အကောင်းနဲ့အဆိုးကို သိနိုင်သည်။

တကယ်တော့ရှဲ့ကျိမှာ အလွန်ထူးခြားတဲ့ တည်ရှိမှုရှိပြီး အလွန်ခေါင်းမာတဲ့ စရိုက်ရှိတဲ့ သားရဲတစ်ကောင်ဖြစ်သည်။ စိတ်ထဲတွင် အကောင်းအဆိုးနှင့် တရားမျှတမှုတို့၏ အခြေခံအစီအစဥ်များ ပျက်ပြားသွားသည်ကို သိလိုက်သည်နှင့် ဒေါသဖြစ်တတ်သည်။ သို့ရာတွင် ၎င်းသည် အလွန်စူးစမ်းလိုသော သားရဲတစ်ကောင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှဲ့ကျိသည် အတုယူလေ့လာသင်ယူနိုင်စွမ်း ပြင်းထန်သည်။ ၎င်း၏စိတ်ထဲတွင် တရားမျှတမှုစံနှုန်းသည် မြင့်မားသည်။

ကောင်းဖန်သည် အနက်ရောင်အကြေးခွံ ရှဲ့ကျိ၏ ဂုဏ်ရည်များကို စေ့စေ့တွေးကြည့်လိုက်သည်။ ၎င်းကို တရုတ်ဒဏ္ဍာရီများတွင် ကောင်းသော သားရဲဟုလည်း ခေါ်တွင်သည်။

အမှားအမှန်ကို ပိုင်းခြားနိုင်သော အခွင့်အာဏာရှိသည်ဟု လူအများက ယူဆသောကြောင့် တရားရေးရုံး၊ တရားရုံးဝတ်စုံစသည်ဖြင့် တရားဥပဒေအမိန့်ကို ကိုယ်စားပြုသည့် နေရာများတွင် မကြာခဏ ပေါ်လာတတ်သည်။

သို့သော် သားရဲ၏ အကြောင်းကို ဖတ်ရသည်မှာ စိတ်ဝင်စားစရာပင်။ ၎င်း၏တရားမျှတမှုနှင့် ရှဲ့ကျိအတွက် အကောင်းနှင့်အဆိုး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် အံ့ဩဖွယ်ဖြစ်သည်။

အနက်ရောင် အကြေးခွံ ရှဲ့ကျိ ရောက်ရှိလာခြင်းသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။ သားရဲက အထင်အမြင်သေးသော မျက်လုံး များဖြင့် လူအုပ်ကြားတွင် ရပ်နေသည်။ ၎င်းသည် ၎င်း၏ကိုယ်ပိုင်အိမ်များကို လှည့်ပတ်ကြည့်ရှုနေသည့် မာနကြီးသော အိမ်ရှင် တစ်ဦးဖြစ်နေသကဲ့သို့ ဘယ်ညာ ရှူရှိုက်လိုက်သည်။

သို့သော် မကောင်းမှုအချို့ကို မလုပ်ဖူးသူ တစ်ယောက်မှ မရှိပေ။ သူတို့ဘဝမှာ ဘယ်တုန်းကမှ အမှားအယွင်းမရှိခဲ့ဘူးလို့ ဘယ်သူကမှ အာမမခံနိုင်ပါပေ။

ခဏမျှ ရှူရှိုက်ပြီးနောက် အနက်ရောင်အကြေးခွံ ရှဲ့ကျိသည် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။ သူ့အသံက ကျယ်လောင်တဲ့ ခေါင်းလောင်းသံလိုဖြစ်သည်။ “မင်းတို့ လူသားတွေ အပေါ်မှာအနံ့အသက်တွေ ရှိနေတုန်းပဲ... အပုပ်နံ့မရှိတဲ့ လူကို မတွေ့ဖူးသေးဘူး”

အနက်ရောင်အကြေးခွံ ရှဲ့ကျိ၏စကားများသည် လူတိုင်းကို အနည်းငယ် လန့်သွားစေသည်။

“အခု စမ်းသပ်တဲ့နည်းလမ်းက အရမ်းရိုးရှင်းပါတယ်” ဟု အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက ကျောနောက်မှာ လက်နှစ်ဖက်ကို ပစ်ထားပြီး အေးစက်စွာပြောလိုက်သည်။ “လူတိုင်းက သစ္စာဖောက်မဟုတ်သလို အမျိုးကို သစ္စာဖောက်ဖို့ ဘာမှ မလုပ်ခဲ့ဘူးလို့ အနက်ရောင်အကြေးခွံ ရှဲ့ကျိ ရှေ့မှာအလှည့်ကျလာ ပြောကြရမယ်.. အဲဒါကို ကြေငြာပြီးမှ ထွက်သွားရမယ်.. ဒါဆိုရင်ရှဲ့ကျိက မင်းတို့လိမ်ခဲ့တာ ဟုတ်မဟုတ်ကို သဘာဝကျကျ ဆုံးဖြတ်ပါလိမ့်မယ်”

ဒီလိုပြောပြီးတဲ့အခါမှာတော့ သူ့ကို ကန့်ကွက်ဖို့ ဘယ်သူမှ ငြင်းဆန်ဖို့ သတ္တိမရှိကြပေ။

ကောင်းဖန်က အသံကို လျှော့ပြီး ပိုင်ယင်ကို “သူက ဘယ်သူလဲ” ဟု မေးလိုက်သည်။

ပိုင်ယင်းက သူ့ပါးစပ်ကို လက်နဲ့အုပ်ပြီး တိုးတိုးလေးပြန်ပြောသည် “သူက လိပ်နက်မျိုးနွယ်ထဲက နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူ မော့ဖော်ပဲ”

နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူ.. ဒီလူတွေက သူ့ကို အရမ်းကြောက်ရတဲ့ အကြောင်းရင်းကို ကောင်းဖန်နားလည်သွားသည်။

စုံစမ်းစစ်ဆေးမှုသည် ခုနစ်နာရီကြာပြီးလူတိုင်းကို စစ်ဆေးသည်။ ဒီလိုနှင့် အခြားမျိုးနွယ်စုများနှင့် ပူးပေါင်းကြံစည်ခဲ့သော သစ္စာဖောက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ တကယ်တော့ လူခုနစ်ယောက်ရှိသည်။ သူတို့အားလုံးက မီးချိုမျိုးနွယ်စု၏ ခေါင်းဆောင်များ ဖြစ်သည်။ သူတို့ရဲ့ အကျိုးဆက်ကတော့ ရိုးရှင်းသည်။ ၎င်းတို့သည် အနက်ရောင်အကြေးခွံ ရှဲ့ကျိ၏ ညစာဖြစ်လာမည်ဖြစ်သည်။

ကောင်းဖန်သည် ထိပ်တန်း မျိုးနွယ်စု သုံးခုကို မြင်ဖူးသည်။ တစ်ကယ်တော့ နတ်ဘုရားတစ်ပိုင်းသားရဲတွေအပြင် သူတို့အတွင်းမှာ စိတ်ဝင်စားစရာကိစ္စတွေ အများကြီးရှိသည်။

စုံစမ်းစစ်ဆေးမှုအပြီးတွင်တော့ ညနေပိုင်းတွင် ဆွေးနွေးမှုများ ပြုလုပ်ကြသည်။ ဆွေးနွေးမှုများသည် တိုက်ရိုက်ဖြစ်ပြီး လုံး၀ ပွင့်လင်းမြင်သာသည်။

“အခြားမျိုးနွယ်စုတွေရဲ့ သားရဲတွေက ဘိုးဘွားပိုင်မြေရဲ့ တံဆိပ်ကို ဖြိုဖျက်တော့မယ့်အကြောင်း ညွှန်ပြရင်း ဒီကို လာတိုက်ခိုက်ခဲ့ကြတယ်.. ငါတို့ ဘိုးဘွားပိုင်မြေကို ပြန်ရမယ့်အချိန်ရောက်လာပြီ”

“ငါတို့ရဲ့ ဘိုးဘေးတွေက အခြားမျိုးနွယ်စုများနဲ့ စစ်ပွဲမဖြစ်ပွားမီအထိ အမြင့်ဆုံးကောင်းကင်ဘုံမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြတယ်.. ဒါပေမယ့် ငါတို့ရှုံးခဲ့တယ်.. အချို့သော ဘိုးဘေးတွေက အခြားမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်ဖို့ နေခဲ့တယ်.. တခြားသူတွေက ပင်လယ်ပြင်ကို လာဖို့ အမြင့်ဆုံးကောင်းကင်ဘုံကို ထားခဲ့တယ်... သူတို့က မင်းရဲ့ ဘိုးဘေးတွေပါပဲ”

“စစ်ပွဲဖြစ်ပွားပြီးနောက် အသက် ၃၀ နှစ်အထက် အရွယ်ရောက်ပြီးသူအားလုံးရဲ့ ထက်ဝက်ခန့်ကို စစ်ထဲသို့ ပို့ကြတယ်..ဒါကို လိပ်နက် မျိုးနွယ်စု၊ နဂါးဖြူမျိုးနွယ်စု နဲ့ အစိမ်းရောင် နတ်ဘုရားမျိုးနွယ်စု တို့ဖြစ်ကြတဲ့ အဓိက မျိုးနွယ်စု သုံးခုက ဦးဆောင်ပြီး မျိုးနွယ်စုကြီး အဖွဲ့အစည်းကို တည်ထောင်ဖို့ ဘုရင်ခုနစ်ပါးမျိုးနွယ်စုနဲ့ ပူးပေါင်းမှာ ဖြစ်တယ်”

“စစ်ပွဲမှာ ကောင်းကောင်းတိုက်ခိုက်သူအားလုံးကို ဆုချမယ်.. ကောင်းကျိုး၊ ဆု ၊ ပြစ်ဒဏ် တို့ကို လျော်ညီအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်.. အမြင့်ဆုံးကောင်းကင်ဘုံမှာ ရှိတဲ့ ပစ္စည်းများက လေးထောင့် ကမ္ဘာမှာ ရှိပစ္စည်းများထက်များစွာပိုပေါပါတယ်.. နေရာတိုင်းမှာ အရင်းအမြစ်တွေရှိတယ်.. ငါတို့လမ်းမှာ ရှိတဲ့သူတွေကို သတ်နိုင်သရွေ့ ငါတို့က တခြားမျိုးနွယ်စုတွေလက်ကနေ လုယူထားတဲ့ ဥစ္စာတွေကို ငါတို့ပိုင်ရလိမ့်မယ်”

“ငါတို့ ဒီစစ်ပွဲကနေ ရုန်းထွက်ဖို့ နည်းလမ်းမရှိဘူး.. အရင်တုန်းကတော့ အမြင့်ဆုံးကောင်းကင်ဘုံကနေ ပင်လယ်ပြင်အထိ ဆုတ်ခွာခဲ့တယ်.. အခုတော့ ငါတို့ကို ချောက်ကမ်းပါးတစ်ခုဆီကို တွန်းပို့နေပြီ.. ငါတို့မအောင်မြင်ရင် ငါတို့သေလိမ့်မယ်... ကံကိုယုံပြီး ဆူးပုံမနင်းကျပါနဲ့.. ငါတို့ရဲ့ မျိုးနွယ် မဟုတ်သူတွေမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်တယ်.. ဒါဟာ ရှင်သန်ခြင်းရဲ့ စစ်ပွဲပဲ”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၂၃ အဲလက်စ်

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူအများအပြားသည် ၎င်းတို့၏ ညာလက်များကို မြှောက်ကာ “တိုက်.. တိုက်.. တိုက်ကြ” ဟု အော်လိုက်ကြသည်။

ကျယ်လောင်သော အော်ဟစ်သံများက လေထုကို တုန်လှုပ်စေသည်။ ပေါက်ကွဲသံများက မိုးခြိမ်းသံကဲ့သို့ လေထုထဲတွင် တဟုန်ထိုး တုန်ခါသွားသည်။

ကောင်းဖန်၏ အမှန်တကယ် ရည်ရွယ်ချက်မှာ ဟွာရှားဒေသမှ လူများ အတွက် အချိန်ပေးကာ အနက်ရောင်မြူခိုးကမ္ဘာသို့ လူများ ပိုမို ပြောင်းရွှေ့ရန်လာစေရန် ကြိုးပမ်းခြင်းဖြစ်သည်။ သို့သော် သူ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ စိတ်ကူးထားတာထက် ပိုခက်တယ်ဆိုတာ မကြာခင်မှာ သူသိလိုက်ရသည်။

တိုင်းတစ်ပါး၏ နတ်ဘုရားတစ်ပိုင်းမှ ရုတ်တရက် တိုက်ခိုက်ခံရသည့် အခြေအနေတွင် ထိပ်တန်း မျိုးနွယ်စု သုံးခုသည် ၎င်းတို့၏ ပြင်းထန်သော သြဇာအာဏာကို အသုံးချလိုက်သောအခါ ကန့်ကွက်ရန် မည်သူမျှ မငြင်းဆိုဝံတော့ချေ။ အကယ်၍ ထိုကဲ့သို့ ခိုးဝင် တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ပါက နတ်ဘုရားတစ်ပိုင်းကို ခေါ်ဆောင်ခြင်းအတွက် ထိပ်တန်း မျိုးနွယ်စု သုံးခု၏ လုပ်ဆောင်ချက်သည် သိမ်မွေ့သော သြဇာလွှမ်းမိုးမှုရှိတဲ့ အခြားမျိုးနွယ်များ၏ ခုခံမှုကို ရင်ဆိုင်ရနိုင်သည်။

မဟာမိတ်ဖွဲ့ဖို့က ပိုခက်နိုင်သည်။ နောက်ဆုံးတွင် ဖော်ရွေသောအသွင်အပြင်ရှိသော်လည်း စိတ်နှလုံးကွဲလွဲနေသည့် မဟာမိတ်အဖွဲ့သည် အချိန်များစွာယူရလိမ့်မည်။ အသေးအဖွဲမျှသာ ဖြစ်သော အငြင်းပွားမှုသည် မဟာမိတ်၏ လုပ်ငန်းစဉ်ကို နှောင့်နှေးစေလိမ့်မည်။

သို့သော်လည်း ပြင်ပမှ တူညီသော ရန်သူများနှင့် ကြုံတွေ့ရင်တော့ မျိုးနွယ်စု မဟာမိတ်ဖွဲ့ခြင်း အရှိန်သည် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။ ထိပ်တန်းမျိုးနွယ်စုသုံးစု၏ နတ်ဘုရားတစ်ပိုင်းနှင့် အကျွမ်းတဝင်ရှိသူသည် ၎င်းတို့၏အုပ်ထိန်းသူဖြစ်လာမည်ဖြစ်သည်။ မည်သူမျှတော့ ၎င်းတို့၏ အမြင်များကို မနှစ်သက်ကြောင်း ဖော်ပြမည်မဟုတ်ပေ။

ကောင်းဖန်သည် မတူကွဲပြားသော အငွေ့အသက်များအကြောင်း စဉ်းစားနေမိသည်။ တွေ့ဆုံမှုအတွင်း တိုင်းတစ်ပါးမှ ခိုးဝင် တိုက်ခိုက်ခြင်းတာ တိုက်ဆိုင်တာလား.. ဒီလူတွေက တိုင်းတစ်ပါးကလူတွေလား..

နတ်ဘုရားတစ်ပိုင်းသည် မသေဘဲ လွတ်မြောက်သွားခဲ့သည်။ ကောင်းဖန်သည် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည့် နတ်ဘုရားတစ်ပိုင်း၏ အခြေအနေကို ရုတ်တရက် တွေးလိုက်မိသည်။

အစည်းအဝေးပြီးဆုံးပြီးနောက် ကောင်းဖန်က သက်ပြင်းချလိုက်ကာ ပိုင်ယင် နှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။ “မင်းတို့အားလုံး ဒီအတွက် ပြင်ဆင်ထားပြီးသားဆိုတော့ ငါဒီအကြောင်းကို အများကြီး မပြောတော့ပါဘူး.. ကမ္ဘာမြေကြယ်က ငါတို့က မင်းတို့အားလုံးနဲ့ တိုင်းတစ်ပါးသားတို့ကြား တိုက်ပွဲမှာ ပါဝင်မှာ မဟုတ်ဘူး... ဒါကြောင့် အားလုံးပဲ ကံကောင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

ပိုင်ယင်က သက်ပြင်းချလိုက်ပြီး “ဒါပေမယ့် တိုင်းတစ်ပါးကလူတွေက ရှေးမျိုးနွယ်ပဲဖြစ်ဖြစ် ကမ္ဘာမြေကြယ်ကလူတွေပဲ ဖြစ်ဖြစ် ဘယ်သူကိုမှ လက်လွှတ်မှာ မဟုတ်ဘူး.. လွတ်မြောက်ဖို့ ရွေးချယ်တာက ပြဿနာတွေကို ဖြေရှင်းပေးမှာမဟုတ်ဘူး” ဟု ပြောလိုက်သည်။

သို့သော် ဤသည်မှာ ဇာတ်လမ်း၏ တစ်ဖက်သက် အမြင်သာ ဖြစ်သည်။ အစစ်အမှန် အမှန်တရားကို ထုတ်ဖော်ခြင်းနိုင်မရှိသေးပေ။

ကောင်းဖန်က ပိုင်ယင်၏ လက်နှစ်ဘက်လုံးကို ဆုပ်ကိုင်ထားလိုက်ပြီး “မင်းတို့မျိုးနွယ်ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်.. အနာဂတ်မှာ မင်းအကူအညီလိုရင် ငါမင်းကို တစ်ဦးချင်းအနေနဲ့ ကူညီပေးနိုင်ပါတယ်.. ပြန်ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်.. သွားတော့မယ်.. နောက်မှပြန်တွေ့မယ်” ဟု ပြောလိုက်သည်။

အပြာရောင်မြစ်မျိုးနွယ်စု၏အပြင်ဘက်တွင် ကမ္ဘာမြေကြယ်ကိုဝင်ရောက်ရန် နေရာလွတ် အက်ကွဲကြောင်းတစ်ခုရှိသည်။ ဤအချက်ကလည်း အပြာရောင်မြစ်မျိုးနွယ်စုကို အစည်းအဝေးတွေ့ဆုံသည့်နေရာအဖြစ် ရွေးချယ်ရခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်သည်။

ကောင်းဖန်သည် အပြာရောင်မြစ်မျိုးနွယ်စု၏ နေရာလွတ် အက်ကွဲကြောင်းကို ထွက်ခွာရန် အသုံးပြုလိုက်သည်။ သူ လမ်းလျှောက် ထွက်နေရင်း သူ့ရှေ့က မြင်ကွင်းက စာရွက်တစ်ရွက်လို ဖြူစင်နေသည်။ နှင်းများသည် မြေပြင်မှ မိုင်ထောင်ပေါင်းများစွာ ဖုံးလွှမ်းနေသည်။ မိုင်ထောင်ချီအကွာအဝေးအတွင်း မည်သူမျှ မမြင်နိုင်ပေ။

ကောင်းဖန်သည် သူ၏တက်ဘလက်ကိုဖွင့်ပြီး နေရာချထားမှုစနစ်ကို ဖွင့်ထားသည်။ လက်ရှိတည်နေရာသည် အာတိတ်ဒေသ ယိုရိုတောင်များကို ညွှန်ပြနေသည်။

ယိုရိုတောင်များသည် အနောက်အာတိတ်ဒေသတွင် တည်ရှိသည်။ ထိုတောင်တန်းသည် ဥရောပနှင့် အာရှတိုက်ကြီးကြားရှိ သမားရိုးကျနယ်နိမိတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကပ်ဆိုးမဖြစ်ပွားမီက မိုင်ပေါင်း ၁၅၀၀ ကျော်ကွာဝေးသည်။ ကပ်ဆိုးကြီးအပြီးတွင် သန်မာသော သားရဲများသည် ယိုရို တောင်များတွင် မိုင်ထောင်ပေါင်းများစွာကို ဖြတ်ကျော်ကာ အဆုံးမသတ်နိုင်အောင် ထွက်ပေါ်လာသည်။

ယိုရို တောင်များတစ်လျှောက် တောင်ဘက်သို့ လျှောက်သွားရင်း တောင်ခြေရင်းတွင် အခြေစိုက်စခန်းမြို့ငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။ မြို့တော်သည် လူအနည်းငယ်သာရှိပြီး ဈေးဆိုင်အများစုကိုလည်း ပိတ်ထားသည်။ ဆိုင်အရေအတွက် အချို့ကသာ ၎င်းတို့၏ လုပ်ငန်းများကို ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်သည်။

လမ်းနှစ်ဘက်ရှိ လမ်းမီးတိုင်များ၏ ထိပ်ပိုင်းတွင် နှင်းများထူထပ်စွာ ဖုံးလွှမ်းထားသည်။ သတင်းစာဟောင်းများသည် နေရာအနှံ့ ပြန့်ကျဲနေပြီး မြေပြင်တွင် ရှုပ်ပွနေသည်။

ကောင်းဖန်သည် သတင်းစာဟောင်းများကို လှမ်းကြည့်လိုက်ပြီး အပိုင်းတစ်ပိုင်းတစ်ခုကို ကောက်ယူရန် ခေါင်းညိမ့်လိုက်သည်။ စာရွက်ပေါ်တွင် ကြောက်စရာကောင်းသော ကြေငြာချက်များကို အာတိတ်ဘာသာစကားဖြင့်ရေးသားထားသည်။ “နတ်ဆိုးများ နီးလာပြီ”

ကောင်းဖန်၏ ဘာသာစကားစွမ်းရည်သည် သူ့အတွက် ထပ်လောင်းအားသာချက်တစ်ခုဖြစ်သောကြောင့် သူသည် အာတိတ်ဘာသာစကားကို အနည်းငယ်နားလည်နိုင်သည်။ ရက်အနည်းငယ်အတွင်း ဝိညာဉ်ကမ္ဘာမှ နတ်ဆိုးများ ကမ္ဘာကြယ်ကို ကျူးကျော်လာမည်ဖြစ်ကြောင်း သတင်းစာတွင် ရေးသားထားသည်။ ၎င်းတို့သည် အလွန်ရက်စက်ကြမ်းကြုတ်ကြပြီး နေရာလွတ် အက်ကွဲကြောင်းမှ ဝိညာဉ်ကမ္ဘာ၏နတ်ဆိုးများထက်ပင် ပို၍အညှာအတာကင်းမဲ့ကြသည်ဟု ပါ၀င်သည်။

အစိုးရက လူတိုင်းကို ကမ္ဘာမြေကြယ်မှ ခေတ္တထွက်ခွာပြီး အခြားကမ္ဘာသို့ ပြောင်းရွှေ့ရန် တောင်းဆိုထားသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ နှင့် အာဏာပိုင်များအားလုံးသည် နတ်ဆိုးများ ကမ္ဘာမြေကြယ်သို့ ကျူးကျော်ဝင်ရောက်ခြင်းကို ထိရောက်စွာ တားဆီးရန် ဝိညာဉ် ကမ္ဘာတွင် ပူးပေါင်းဆောင်ရွက်မည့် မဟာမိတ်အဖွဲ့ကို ထူထောင်ခဲ့ကြသည်။ ထို့အပြင် ကမ္ဘာမြေကြယ်ရှိအစိုးရသည် သားရဲ လေ့ကျင့်သူများနှင့် သားရဲမျိုးဖောက်သူမျာနှင့် ဆက်စပ်သော လုပ်ငန်းများ ဖွံဖြိုးတိုးတက်မှုအတွက် အပြည့်အဝ ပံ့ပိုးပေးရန် ဆုံးဖြတ်လိုက်သည်။ ကမ္ဘာမြေကြ‌ယ်ကို ပြန်လည်သိမ်းပိုက်ရန် တန်ပြန်တိုက်ခိုက်ခြင်း၏အစဖြစ်သည်။

လူအများစုသည် ထွက်ခွာရန် ရွေးချယ်ကြသော်လည်း တချို့က နေခဲ့ဖို့ ရွေးကြသည်။ အချို့မှာ အသက်ကြီးသောကြောင့် ခရီးဝေးသွားပြီး အိမ်မှထွက်ခွာရန် ဝန်လေးကြသည်။ အလွန်အန္တရာယ်များသော်လည်း စွန့်စားလိုသူအချို့လည်း ရှိသည်။ သူတို့က ဒါကိုအခွင့်အရေးတစ်ခုလို့ ယူဆကြသည်။

နေရောင်က လမ်းပေါ်မှာ လင်းထိန်နေသည်။ ကောင်းဖန်သည် လမ်းဘေးရှိ ကမ်းခြေကုလားထိုင်ပေါ်တွင် အနားယူပြီး ထိုင်နေသည့် ဆံပင်ဖြူနဲ့ အဘိုးအိုအား စိုက်ကြည့်နေသည်။ သူ့မျက်နှာမှာ ကျေနပ်တဲ့ အကြည့်တွေနဲ့ဖြစ်နေသည်။

ဤသည်မှာ သေမင်းတမန် အခြေစိုက်စခန်းမြို့ဖြစ်သည်။ ပိတ်ထားသော ဆိုင်အချို့မှာ မှန်ကွဲစများ မြေပြင်ပေါ်သို့ ပြန့်ကျဲနေသည်။

သူက ခေါင်းယမ်းပြီး စတုတ္ထကလေးကို လက်ဖျောက်တီးပြီး လှမ်းခေါ်လိုက်သည်။ ထို့နောက် စတုတ္ထကလေးရဲ့ နောက်ကျောကို စီးပြီး ဒီမြို့ငယ်လေးကနေ ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။

“ကူညီပါ.. ကူညီပါ..” လသာဆောင်အောက်က လမ်းပေါ်ကနေ အော်သံတွေ ကြားလိုက်ရသည်။

ကောင်းဖန်သည် ကလေးတစ်ဦးကို ဆောင်ထားသော ဆံပင်ရွှေရောင် အိမ်ထောင်ရှင် ဇနီးမောင်နှံကို လှည့်ကြည့်လိုက်သည်။ သူတို့က ကောင်းဖန်အား လက်ဝှေ့ယမ်းပြနေကြသည်။

“ဘာတွေဖြစ်နေတာလဲ” ကောင်းဖန်က သူ၏ သံချေးတက်နေသော အာတိတ်ဘာသာစကားဖြင့် ပြန်ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ငါတို့ကလေးကို ဒီနေရာကနေ ကယ်ထုတ်ဖို့ ကူညီပေးနိုင်မလား” အမေက မေးလိုက်သည်။

“ဒါ မင်းရဲ့ကလေးလား” ကောင်းဖန်စိတ်ရှုပ်သွားသည်။ “လွန်ခဲ့တဲ့ ရက်အတော်ကြာကတည်းက မင်းရဲ့ကလေးကို မင်းဘာသာဘာလို့ မခေါ်သွားတာလဲ”

“လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော့်ဇနီးသည်က မီးဖွားဖို့အချိန်နီးနေပြီဆိုတော့ ကျွန်တော် သူ့ကို ဒီကနေ မခေါ်သွားရဲလို့ပါ” ဟု ကလေး၏ဖခင်က ရှင်းပြလိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကောင်းဖန်သည် ၎င်းတို့၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို လှမ်းကြည့်လိုက်သည်။ လသာဆောင်က အနည်းငယ်အေးနေပြီး ကလေးက ငိုနေသည်။

“ကိစ္စမရှိပါဘူး” ဟု သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

စတုတ္ထကလေးငယ်သည် ၎င်း၏အတောင်ပံများကို ဖြန့်လိုက်ပြီး ကလေးငယ်အား ၎င်း၏ကျောပေါ်တွင် တင်ထားသည်။ ကလေးက ရွှေရောင်ဆံပင်နဲ့ မျက်လုံးအပြာရောင်ရှိသည်။ ပထမတော့ ငိုနေပေမဲ့ ကောင်းဖန်ကိုတွေ့ပြီးနောက် ရပ်တန့်သွားသည်။ ကလေးက အပြာရောင် မျက်လုံးဝိုင်းဝိုင်းတွေ ပြူးကျယ်ကျယ်နဲ့ သူ့ကို စိုက်ကြည့်နေသည်။ ကလေးငယ်ကို စောင်နဲ့ သေချာ ထုပ်ထားတာကြောင့် လိင်အမျိုးအစားကို ခွဲခြား၍မရပေ။

ကောင်းဖန်သည် အလှတရားနှင့် ရုပ်ဆိုးခြင်း သို့မဟုတ် ကြင်နာခြင်း နှင့် ဆိုးခြင်းတို့ကိုအခုထဲက ခွဲခြားသိနိုင်နေတဲ့ ကလေးငယ်လေးအတွက်ဝမ်းနည်းနေသည်။

“သူ့ကို အဲလက်စ် လို့ခေါ်တယ်” ဇနီးသည်က ကျယ်လောင်စွာအော်ပြောလိုက်သည်။

ကောင်းဖန် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ သူ့နာမည်ကို ခေါ်လိုက်ပါ့မယ်”

ထို့နောက် သူသည် ငွေရောင်အလင်းတန်း တစ်ခုအဖြစ်ပြောင်းလဲကာ လေထဲတွင်ပျောက်ကွယ်သွားသည်။ လင်မယားနှစ်ယောက် တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ ခင်ပွန်းသည်က သူ့မိန်းမကို ပွေ့ဖက်ထားသည်။ သူမ ခေါင်းကို သူ့ရင်ဘတ်ပေါ်တင်လိုက်သည်။ သူ့ပခုံးနည်းနည်းတုန်သွားသည်။

ခင်ပွန်းသည်က သူ့ကို နှစ်သိမ့်ပေးဖို့ ဇနီးသည်ရဲ့ ပခုံးကို ပုတ်လိုက်သည်။ “ဒါက အဆင်ပြေပါတယ်.. အဲလက်စ်ကို အစွမ်းထက်တဲ့ သားရဲလေ့ကျင့်သူနဲ့ ထားလိုက်တာက အန္တရာယ်ထဲမှာ ငါတို့နဲ့ အတူနေခွင့်ပေးတာထက် ပိုကောင်းပါတယ်”

ကောင်းဖန်သည် ရုတ်တရက် ကလေးယူလာရသည့်အတွက် အနည်းငယ် အံ့သြသွားသည်။ အိမ်ထောင်မပြုသေးသောကြောင့် မွေးစားသားတစ်ဦးကို လက်ခံရန်တော့ သေချာပေါက် စဉ်းစားမည်မဟုတ်ပေ။ ထို့ကြောင့် သူပြန်လာသောအခါတွင် ကလေးကို ပြုစုရန် တစ်စုံတစ်ဦးအား တာဝန်ပေးကာ သားရဲလေ့ကျင့်သူဖြစ်လာစေရန် လေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ယိုရို တောင်များမှ အရှေ့တောင်ဘက်သို့ တစ်ရက်ကြာ ပျံသန်းပြီးနောက် ကောင်းဖန်သည် ယွိကျိုးသို့ ရောက်ရှိလာသည်။ လမ်းတစ်လျှောက်တွင် သူမြင်ရသော အခြေစိုက်စခန်းမြို့များ အများစုမှာ လူမရှိဘဲ ဖြစ်နေသည်။ လူအများစုသည် ထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။ ဟွာရှားနွေဦးပွဲတော်ထက် ပိုလို့တောင် အံ့သြစရာကောင်းအောင် များပြားတဲ့ ရွှေ့ပြောင်းနေထိုင်သူအဖွဲ့ကြီးကိုတော့ ပြန်လာရာ လမ်းမှာ သူတွေ့ခဲ့သည်။

ယွိကျိုးသည် အနည်းငယ် အခြေအနေကောင်းနေသည်။ ယခုအချိန် ယွီကျိုးတွင် နေရာလွတ် အက်ကွဲကြောင်း ရှိတာကြောင့် အခြားသူများထက်ယွီကျိုးတွင်တက်ကြွသောလူဦးရေသည်အနည်းငယ်ပိုသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် အနက်ရောင် မြူခိုးကမ္ဘာ သို့ အချိန်မရွေး ပြောင်းရွှေ့နိုင်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၂၄ ကလေးထိန်းမဟုတ်ဘူး

ကောင်းဖန်သည် အဲလက်စ်ကို ပွေ့ချီထားစဉ်တွင် ဇနီးမောင်နှံကို တွေးတောမိနေခဲ့သည်။ စတုတ္ထကလေးသည် နောက်ထပ် လူ နှစ်ဦး သို့မဟုတ် သုံးဦးကို ကျောပေါ်တွင် မတ်တပ်ရပ်ရန် လုံလောက်သောကြောင့် နောက်ထပ် လူနှစ်ယောက်ကို တွဲခေါ်ရန်မှာ ကိစ္စမရှိပေ။

သို့သော် ဇနီးမောင်နှံသည် သူနှင့်အတူ ထွက်ခွာရန် ဆန္ဒကို မဖော်ပြခဲ့ပေ။ ထွက်ခွာရန် ဆန္ဒရှိလျှင် တပ်ရင်းသို့ ထွက်ခွာသွားနိုင်သည်။ အာတိတ်နိုင်ငံက ကလေးမွေးခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို လပ်မခံနိုင်လောက်အောင် မမိုက်မဲဘူးလို့တော့ သူယုံကြည်သည်။ သူတို့ မထွက်သေးတာက နေချင်တယ်လို့ ဆိုလိုတာဖြစ်နိုင်သည်။

ကောင်းဖန်သည် သူတို့၏ အတွေးများကို ခန့်မှန်းမိသည်။ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ခြင်းသည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နိုင်သည်။ သူ့ရင်ခွင်ထဲက ကလေးလေးက လွန်ခဲ့တဲ့ နှစ်ရက်ကမှ မွေးဖွားခဲ့တာပင်။ ဒါကိုတော့ သူတို့က သူ့ကို မလိမ်ခဲ့ကြပေ။

သူစီးလာတဲ့ စတုတ္ထကလေးကအတော်လေးအဆင့်မြင့်တဲ့ သားရဲဖြစ်တာကြောင့် သူက သားရဲလေ့ကျင့်သူဖြစ်နိုင်သည်ဟု သူတို့က တွေးမိကြပေမည်။ ထို့ကြောင့် သူတို့သည် ကလေးအတွက် ပိုမိုကောင်းမွန်သော လူမှုအဆင့်အတန်းကို ရရှိစေမည့် မျှော်လင့်ချက်ဖြင့် ကလေးကို သူ့ထံ အပ်လိုက်ကြခြင်း ဖြစ်နိုင်သည်။

သူနဲ့အတူ လုံခြုံတဲ့ စုဝေးရာနေရာကို ထွက်သွားရင် ကလေးအတွက် ဘယ်သူက တာဝန်ယူမှာနိုင်မှာလဲ.. သေချာတာကတော့ ကလေးရဲ့ မိဘတွေဖြစ်မှာပင်။ သူ့ကို ပြုစုပျိုးထောင်ဖို့ သူ့မိဘတွေထက် ဘယ်သူမှ ပိုအရည်အချင်းရှိမှာ မဟုတ်ပေ။ ယခုတော့ သူတို့သည် ပြင်းပြင်း ထန်ထန် ဆုံးဖြတ်ချက်ချခဲ့တာပင်။

ကောင်းဖန်က ခေါင်းကို ယမ်းခါပြီး သူ့ခြေအောက်ကို ခေါင်းငုံပြီးကြည့်လိုက်တော့ ယွိကျိုးကို ရောက်နေပြီဟု ခံစားလိုက်ရသည်။ တောင်ပိုင်း ကောင်းကင်အဖွဲ့အစည်းသို့ ပြန်ရောက်သောအခါ လှုပ်ရှားမှုများဖြင့် စည်ကားနေသော မြင်ကွင်းကို သူတွေ့လိုက်ရသည်။ ရှုဟဲမင်းသည် ကုမ္ပဏီ၏ ပင်မဝင်ပေါက်ရှေ့တွင် သားရဲများကို ပစ္စည်းကိရိယာများ ရွှေ့ရန် ညွှန်ကြားရန်ရှိနေသည်။

တောင်ပိုင်ကောင်းကင် အဖွဲ့အစည်းအပြင်ဘက်တွင် ကားအများအပြား ရပ်တန့်ထားသည်။ ဒီကားတွေက ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ ပြည့်နေသည်။ ခေတ်မီ လုပ်သားအချို့ကို လက်ဖြင့် ကိုင်တွယ်ရန် တာဝန်ပေးထားသည်။

“ဂရုတစိုက်ကိုင်တွယ်ကြ.. မကျိုးစေနဲ့” ကြီးကြပ်မှူးက အော်နေသည်။

သစ်သီးရနံ့ မျောက်တစ်ကောင်သည် သံခြင်းတောင်းကို ကိုင်ဆောင်ကာ ကြီးကြပ်မှူး၏ ဘေးတွင် ရပ်နေသည်။ သူက ခြင်းတောင်းထဲက ရောင်စုံဒူးရင်းနဲ့တူတဲ့ အသီးအနှံတွေကို ထုတ်ယူပြီး ကောင်းကင်ကို မြှောက်တင်လိုက်သည်။

၃၂ ပေရှည်သော ဆံပင်နီရောင် သရဲ ဂေါ်ရီလာ သည် ကြွက်သား တောင့်တင်း သော ခန္ဓာကိုယ် ဖြင့် အသီး များကို အစာအိမ် ထဲသို့ မျိုချ လိုက် သည် ။ သူ့အမူအရာက ငိုတာထက် ပိုရုပ်ဆိုးတဲ့ မျက်နှာပေါ်လွင်နေသည်။ ရယ်မောနေတဲ့ တစ္ဆေ တစ်ကောင်လိုပင်။ ၎င်းသည်လမ်းကိုဖြတ်ပြီး လမ်းလျှောက်လာရင်း သံမဏိပစ္စည်းအမြောက်အမြား တင်ဆောင်လာသည်။ ဒါက ဆံပင်နီရောင် သရဲ ဂေါ်ရီလာ ဟူသော အမည်၏ မူလရင်းမြစ်ဖြစ်သည်။

“တတိယစက်ရုံကနေ အနက်ရောင်မြူခိုးကမ္ဘာကို စက်ပစ္စည်းအားလုံးကိုလွှဲပြောင်းဖို့ သေချာပါစေ.. မင်းတို့ဖြေးဖြေးလုပ်နိုင်တယ် ဒါပေမယ့် ကျေးဇူးပြုပြီး စက်ပစ္စည်းတွေကိုတော့ မပျက်စီးစေနဲ့..” ရှုဟဲမင်းက ကျယ်လောင်စွာအော်လိုက်သည်။

“ဦးလေး ရှု” ကောင်းဖန်သည် ကလေးငယ်ကို သယ်ဆောင်ရင်း ရှေ့သို့ လျှောက်လာသည်။

“မင်းပြန်လာပြီလား” ရှုဟဲမင်းက သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်သည်။

သူက ကောင်းဖန်ကို မျက်နှာပြုံးပြပြီး ကြည့်လိုက်သည်။ ရှုဟဲမင်းက ကောင်ဖန်၏ ရင်ခွင်ထဲတွင် ကလေးငယ်ကို မြင်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် တောင့်တင်းသွားသည်။

“မင်းမှာ ကလေးရှိနေပြီလား” ရှုဟဲမင်းက ကောင်ဖန်၏ ရင်ခွင်ထဲမှ ကလေးအား အံ့အားသင့်စွာ စိုက်ကြည့်နေသည်။

ကောင်းဖန်က ကလေးကို မြှောက်ပြလိုက်ပြီး “ဒါက မျိုးနွယ်စုကလေးနဲ့တူလား” ဟု မေးလိုက်သည်။

ရှုဟဲမင်းက ကောင်ဖန်၏ စကားကို အလေးအနက်ထားကာ ကလေးကို ဂရုတစိုက် စောင့်ကြည့်လိုက်သည်။ သူက ခေါင်းကို ငုံ့ထားပြီး “ဒါက မင်းရဲ့ကလေးနဲ့ လုံးဝမတူဘူး” ဟု ပြန်ဖြေလိုက်သည်။

ကောင်းဖန်ကခေါင်းညိတ်လိုက်သည်။ “ဒီကလေးကို ပြုစုစောင့်ရှောက်ပေးပြီး ကျွမ်းကျင်တဲ့ ကလေးထိန်းတစ်ယောက် ရှာပေးပါဦး”

ရှုဟဲမင်းက “ဒီကလေးကို ငါ့ဂရုစိုက်မှုအောက်မှာထားလိုက်ပါ.. သူ့မိဘတွေ ဘယ်မှာလဲ” ဟု မေးလိုက်သည်။

“သူ့မိဘတွေက အခြေစိုက်စခန်းမြို့မှာနေတယ်.. သူတို့က ကျွန်တော်နဲ့ လိုက်မလာဘူး” ဟု ကောင်းဖန်က ဖြေလ်ိုက်သည်။

“ပြဿနာမရှိပါဘူး.. စိတ်ချပါ..ဒီကလေးကို သေချာဂရုစိုက်ပေးပါ့မယ်” ရှုဟဲမင်းကခေါင်းညိတ်လိုက်သည်။

စကားစမြည်ပြောပြီးနောက် ရှုဟဲမင်းက ဖုန်းဝင်လာသည်။ ကောင်းဖန်၏ ရင်ခွင်ထဲတွင် အနားယူနေသော ကလေးအား ယူရန် သူ၏ ကားမောင်းသမားက ပြေးလာသည်။

အနက်ရောင် မြူခိုးကမ္ဘာထဲတွင် စည်းစနစ်တကျ အဖြူရောင်မျဉ်းကြောင်းများ ရေးဆွဲထားသည်။ မိသားစုအလိုက် အိမ်ဆောက်ရန် လူအုပ်စု အမျိုးမျိုး စုရုံးနေကြသည်။ တည်ဆောက်မှုအပိုင်းသည် အဖြူရောင်မျဉ်းများအတွင်း၌ ရှိနေသည်။

ဆောက်လုပ်ရေးယာဉ်များနှင့် ဧရာမသားရဲများသည် ဆောက်လုပ်ရေးပစ္စည်းများ အမျိုးအစားအားလုံးကို အဆက်မပြတ် ဖြန့်ဝေ ရန်အတွက် အဖြူရောင်မျဉ်းအပြင်ဘက် လမ်းတစ်လျှောက် လျှောက်နေကြသည်။ လုံးချင်းအိမ်များကို သစ်သားဖြင့် ပြုလုပ် ထားသောကြောင့် သက်တောင့်သက်သာရှိပြီး စွမ်းအင်နှင့် အလင်းနှစ်ရပ်စလုံးကို သက်သာစေသည်။

“ဒါက မြို့တော်နံပါတ်တစ်ပဲ” ဟု ကျီဟန့်ဝူက ပြောလိုက်သည်။ “ဒီကပြီးရင် တခြားမြို့ဧရိယာ ၉၉ ခုရှိတယ်.. မြို့ဧရိယာတစ်ခုစီက ယွိကျိုးရဲ့ဧရိယာနဲ့ ညီမျှတယ်”

ဒါက အလွန်ကြီးမားသော မြို့ပြဧရိယာဖြစ်သည်။

“လူတွေအများကြီး အတူတူနေဖို့ လူအရမ်းများနေမှာမဟုတ်ဘူးလား... အမဲလိုက်ဖို့ ဘယ်လိုသွားနေကြမလဲ” ဟု ကောင်းဖန်က မေးလ်ိုက်သည်။

“အဆင်မပြေမှုတွေ အများကြီးရှိနိုင်ပေမယ့် ဒါက အခုအချိန်အထိ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ” ကျီဟန့်ဝူက ခေါင်းယမ်း လိုက်သည်။ “အနက်ရောင်မြူခိုးကမ္ဘာရဲ့ ဧရိယာက ကမ္ဘာမြေကြယ်ရဲ့ ဧရိယာထက် အများကြီး ပိုကျယ်တယ် ဒါပေမယ့် သားရဲတွေက ပိုအန္တရာယ်များတယ်.. ဒီလိုအခြေအနေမျိုးမှာ ဒါကလူတွေကိုစုပြီး လုံခြုံစေတယ်”

ကောင်းဖန်သည် ယွိကျိုးမြိုး အပြင်ဘက်ရှိ တောင်ဝိညာဉ်များကို တွေးတောနေသည်။ “တောင်ဝိညာဉ်တွေကို ဒီနေရာကို ယူဆောင်လာဖို့ တခြားနည်းလမ်းမရှိဘူးလား”

“တောင်ဝိညာဉ်တွေရဲ့ ထုထည်က အရမ်းကြီးတာကြောင့် သူတို့ကို မခေါ်နိုင်ဘူး.. သူတို့နေရာလွတ်အက်ကွဲကြောင်းကို မဖြတ်သန်း နိုင်ဘူး.. မဟုတ်ရင် ဒီတောင်ဝိညာဉ်တွေကို အတုံးသေးသေးလေးတွေခွဲပြီး သီးခြားစီ ယူဆောင်လာပါတယ်” ဟု ကျီဟန့်ဝူက ရယ်မောရင်းပြောဆိုနေသည်။

“ဟုတ်တယ်... အနက်ရောင်မြူခိုးကမ္ဘာက ပြဿနာကြီးဖြစ်ပြီး အလွန်အန္တရာယ်များတယ်” ဟု ကောင်းဖန်က ဆိုလိုက်သည်။ “ဒီအကောင်တွေက ကျွန်တော်အတွက်တောင် ခက်ခက်ခဲခဲ ကိုင်တွယ်ရတယ်”

ကျီဟန့်ဝူ ရဲ့နောက်မှာရပ်နေတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က “မင်းက အတွေးလွန်နေတာပါ.. သခင်လေး ကောင်းဖန်.. ကျွန်မတို့လူသားတွေက ပိုကြီးတဲ့အခက်အခဲတွေကို ဖြတ်သန်းခဲ့ကြပေမယ့် အဲဒါတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်.. ဒါကြောင့် ကျွန်မတို့ အတူတူ လက်တွဲလုပ်ရင် ကျွန်မတို့ မကျော်ဖြတ်နိုင်တာမရှိဘူးဆိုတာ ကျွန်မယုံတယ်” ဟု ပြောလိုက်သည်။

ကောင်းဖန်က မျက်မှောင်ကြုတ်ပြီး သူမကို ကြည့်လိုက်သည်။ “မင်းကဘယ်သူလဲ”

“မင်္ဂလာပါ.. ကျွန်မက ဟွားရှာကမ္ဘာသစ်ဒေသရထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး လျူလင်း ဖြစ်ပါတယ်” ဟု သက်လတ်ပိုင်းအမျိုးသမီးက ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်သည်။

ကောင်းဖန်က သူမကို ခဏလောက် ကြည့်ပြီး ပြုံးပြီးပြောလိုက်သည်။ “မင်းရဲ့ အတွေးအခေါ်က တော်တော် ရှင်းပါတယ် ဒါပေမယ့် မင်းအတွက်ပဲ သိမ်းထားတာ ပိုကောင်းပါတယ်.. ကျေးဇူးပြုပြီး တခြားသူတွေကို ဦးနှောက်မဆေးပါနဲ့.. သူတို့က မင်းလို ငတုံးတွေ ဖြစ်သွားရင် ပြဿနာရှိလိမ့်မယ်..”

“မင်း…” လျူလင်း၏မျက်နှာသည် ဝက်အသည်းကဲ့သို့ နီရဲနေသည်။

“အရှင်သခင်အဆင့် သားရဲတစ်ကောင် ချဉ်းကပ်လာရင် ဒီနေရာက အရာအားလုံး ပျက်စီးသွားလိမ့်မယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။ “မင်းဆောက်ခဲ့သမျှ အကုန်ပျက်စီးလိမ့်မယ်.. မလွတ်ရင်တော့ သေမှာ သေချာတယ်.. တကယ်လို့ မင်းက ဝိညာဉ်ကမ္ဘာမှာ ရှင်သန်လိုစိတ်ရှိရင် မင်းအနေအထားကို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိဖို့ လိုအပ်တယ်.. ကျွန်တော်တို့က အနက်ရောင်မြူခိုးကမ္ဘာရဲ့ အရှင်သခင်တွေ မဟုတ်သေးတာကြောင့် ဒီနေရာက အရာအားလုံးကို ရိုသေစွာ ထိန်းသိမ်းထားသင့်တယ်”

“ငါတို့ဆီမှာ မင်းရှိတယ်မလား...” လျူလင်းက ကောင်းဖန်ကို စိုက်ကြည့်နေသည်။

ကောင်းဖန်က သူမကို အနှောင့်အယှက်ပေးလိုက်သည်။ “ငါက မင်းရဲ့ ကလေးထိန်းမဟုတ်ဘူး.. ပြီးတော့.. ငါလည်း မစွမ်းဆောင် နိုင်ဘူး.. ငါ့ကို အမြဲအားကိုးမနေနဲ့.. မင်းတို့အားလုံးက အစာအတွက် သနားစရာကောင်းအောင် ငိုကြွေးနေတဲ့ ကလေးငယ်တွေ မဟုတ်တော့ဘူး.. ငါတို့ တိုက်ပွဲဝင်တဲ့ တစ်နေ့မှာ လူသားတွေက ငါ့ခြေရာကို လိုက်နိုင်တဲ့ သူရဲကောင်းတွေအဖြစ် ချီတက်နိုင်မယ်လို့ မျှော်လင့်ပါတယ်.. စစ်ပွဲအတွင်း ကျွေးမွေးဖို့ လိုအပ်နေတဲ့ ကလေးငယ်လေးတွေလို အားလုံးကို ငါကာကွယ်ပေးမယ်လို့ ပြုမူမယ့်အစား ငါ့ခြေရာကို နင်းလျှောက်လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ် ”

ထိုစကားကို ပြောပြီးနောက် လျူလင်းကို ကြည့်လိုက်သည်။ “ဧကရာဇ်အဆင့်နဲ့ အထက်က ခြိမ်းခြောက်မှုတွေအားလုံးကို ဖြေရှင်းဖို့ ဝင်္ကပါအလယ်ကနေ မိုင်တစ်ထောင်အတွင်း ဧရိယာကို ဖြေရှင်းပြီးပြီလို့ တခြားသူတွေကိုပြောလိုက်ပါ.. ကျန်တာကတော့ မင်းရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်လိမ့်မယ်”

ကောင်းဖန်က သူစကားပြောပြီးတဲ့အခါ လက်ပြလိုက်သည်။ တာ့ဇီသည် ကောင်းကင်သို့ လွင့်ထွက်လာပြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်ကို ပြည့်လျှံစေသော လျှပ်စီးများနှင့် မိုးခြိမ်းသံများက နေရာလွတ်အက်ကွဲကြောင်းကို ဖြိုခွဲပစ်လိုက်သည်။

၎င်းသည် ကောင်းဖန်၏လက်ဖဝါးကိုဆွဲကိုင်ကာ ၎င်း၏ဗဟိုအချက်ဖြစ်သော တာ့ဇီထံမှလေများ ပျံ့လွင့်မသွားမီ ၎င်း၏တောင်ပံ ၃၆ ခုကို ဆတ်ခနဲခေါက်လိုက်သည်။

တာ့ဇီသည် ခရမ်းရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပြေးသွားသည်။

***

All Chapters