← Chapters

အခန်း (၆၃၃-၆၃၆)

Vol. 40 Ch. 633-636

အခန်း (၆၃၃-၆၃၆)

Vol. 40 Ch. 633-636

အခန်း ၆၃၃ လူမျိုးစုများ တွေ့ဆုံခြင်း

မျှော်လင့်ချက်မြို့တော်ရှိ အထီးကျန် ဝင်္ကပါ၏ အလယ်ဗဟိုတွင် အစည်းအဝေးခန်းတစ်ခုရှိသည်။

“ကျုပ်တို့ ဒီမှာ ခြောက်ရက်ရှိပြီ.. မင်းရဲ့အတည်ပြုချက်ကို ဘယ်တော့ရနိုင်မလဲ..” အမျိုးသားတစ်ဦးသည် ဆံပင်ကို အဖြူရောင်အရိုးတန်ဆာဖြင့် စည်းထားသည်။ သူသည် ဒေါသကြီးသည့် ဝက်ဝံကဲ့သို့ ထွားကျိုင်းသော အသွင်ရှိပြီး ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ့နောက်တွင် ဆိုးဆိုးရွားရွား စုတ်ပြတ်နေသည့်ပုံပေါ်သော လူငယ်နှစ်ဦးရှိသည်။ သူတို့သည် ဆိုဖာပေါ်ရှိလူနှင့် အနီးစပ်ဆုံးတူသည်။

လူငယ်က သူ့တံတွေးကို မျိုချလိုက်ပြီး သူ့စိတ်ထဲက တိတ်တိတ်လေးပဲ ပြောလိုက်သည်။ တကယ်တော့ သူတို့က ဒီဟာကို ရက်အနည်းငယ်ကြာအောင် အချိန်ဆွဲနေတာလေ..

သူသည် လွန်ခဲ့တဲ့ရက်အနည်းငယ်က အရမ်းပျော်ခဲ့သည်။ ဖြူစင်သောအသားအရေရှိသော မိန်းကလေးများကို ပထမဆုံးအကြိမ်အဖြစ် သူမြင်ဖူးခဲ့ရသည်။ သူတို့သည် အလွန်နူးညံ့သိမ်မွေ့သောကြောင့် သူ၏မျိုးနွယ်စုရှိ လူမိုက်အုပ်စုသည် ၎င်းတို့နှင့် လုံးဝမယှဉ်နိုင်ပေ။

ဝံပုလွေနှင့်တူသော သန်မာသောလူ၏ မျက်လုံးများတွင် မကျေနပ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူသည် ဘိုးဘွားပိုင်မြေမှ ကမ္ဘာမြေကြယ်သို့သွားရောက်အခြေချနေထိုင်သူများနှင့် မဟာမိတ်ဖွဲ့ရန် အမိန့်ပေးခံရသော အကြီးအကဲများ၏ ကောင်စီအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သည်။

ဒါပေမယ့် ဘိုးဘွားပိုင်မြေက သူတွေက သူ့ကို ပုံမှန် အတိုင်း ပြန်ဖြေပေးဖို့ ကောက်ကျစ်လွန်းနေသည်။ သူ ဒေါသထွက်လာတိုင်း အဲဒီလူတွေက အရေထူကာ ပြုံးပြီး သူပြောသမျှကိုသာ ခေါင်းညိတ်ပြနေကြသည်။ သူတို့က “ဟုတ်တယ်.. ဟုတ်တယ်..မင်းပြောတာ မှန်တယ်.. အဲဒါက အဓိပ္ပာယ်ရှိတယ်” ဒါတွေကနေ မတတ်ပေ။ သူတို့သည် ဘုရင်ခုနစ်ပါး၏ အဆိပ်စိမ့်မျိုးနွယ်မှ ကောက်ကျစ်ပြီး လိမ္မာပါးနပ်သူများနှင့် တူသည်။

သူသည် သူ့သားနှင့် အခြားမျိုးနွယ်စုများစွာ၏ ကိုယ်စားလှယ်များကို ခေါ်ဆောင်သွားခဲ့သည်။ သူ့ဘယ်ညာကို ကြည့်လိုက်တော့ သူ့ဘေးနားက ထိုင်ခုံတွေက လွတ်နေသည်။ အဲဒီကောင်တွေက စားသောက်ဆိုင်မှာ အရက်သောက်တာပဲဖြစ်ဖြစ် အမျိုးသမီးအုပ်စုနဲ့ အိပ်ရာထဲမှာ လဲလျောင်းနေတာမျိုးပဲဖြစ်ဖြစ်... ပျော်ပျော်ကြီး နေပြီး တာဝန်များကို မေ့လျော့နေကြတာ ဖြစ်နိုင်သည်

“စစ်ပွဲက အချိန်မရွေး ဖြစ်ပျက်သွားနိုင်တယ်.. ကမ္ဘာမြေကြယ်ကို စောင့်ကြပ်နေတဲ့ ဂုံးကောင်နတ်ဘုရားကလည်း အချိန်မရွေး ထွက်သွားနိုင်တယ်.. သန္ဓေပြောင်းမျိုးနွယ်စုကလူတွေက အားမနေကြဘူး.. မင်းကိုကူညီဖို့ ကျုပ်တို့ရှေးလူမျိုးက ဒီမှာရှိနေရတာ.. ကျုပ်တို့က တူညီတဲ့ မူလရင်းမြစ်ဖြစ်ပြီး တူညီတဲ့ဘိုးဘေးများကို မျှဝေထားတာကြောင့် ကွဲပြားတဲ့မျိုးနွယ်စုကို အတူတကွ တွန်းလှန်နိုင်မယ်လို့ မျှော်လင့်ထားတယ်.. ကျုပ်တို့ကို ကူညီဖို့ မင်းတို့ရွေးချယ်ခဲ့မယ်ဆိုရင် မင်းတို့ရဲ့ဘိုးဘေးတွေ သက်သာရာရလိမ့်မယ်လို့ ယုံကြည်တယ်”

သံတမန်က လေးနက်တဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း “ခင်ဗျားတို့ ပြောတာ မှန်ပါတယ်” ဟုရိုးသားစွာ ပြန်ဖြေပြန်သည်။ ထို့နောက် ဆက်ပြောလိုက်သည်။ “တကယ်တော့ ခင်ဗျားပြောခဲ့တာကို ကျုပ်တို့ အလေးအနက်ထားပြီး စဉ်းစားနေပေမယ့် ကျုပ်တို့ရဲ့ သဘောထားတွေက ညီညွတ်မှု မရှိကြသေးလို့ပါ.. ဒါပေမဲ့ အများစုကတော့ မဟာမိတ်ဖွဲ့ဖို့ မျှော်လင့်နေကြဆဲပါပဲ.. ဒီကာလအတွင်း ကျုပ်တို့ရဲ့ အယူအဆကို ဆန့်ကျင်သူများကို ဆွဲဆောင်နေပါတယ်.. နောက်ဆုံးတော့ ဒါက ကျုပ်တို့ရဲ့ သန်းရာနဲ့ချီတဲ့ လူတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်တဲ့ ကိစ္စဆိုတော့ ကြန့်ကြာနေတာပါ.. ခင်ဗျား နည်းနည်းနားလည်မယ်လို့ မျှော်လင့်ပါတယ်”

ပီကွမ် က ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ စိတ်မရှည်မှုတို့သည် အနည်းငယ် ငြိမ်သက်သွားသည်။ ဒီကိစ္စ လူပေါင်း သန်းရာနဲ့ချီပြီး ပါဝင်ပတ်သက်နေပြီး သူ့မျိုးနွယ်စုက ရှစ်သန်းကျော်သာ ရှိသည်။ လူများစွာ ပါဝင်နေသောကြောင့် ထိုဒုက္ခသည် နားလည်နိုင်သည်။

တစ်ချိန်တည်းမှာပင် ပီကွမ်က အနည်းငယ် မနာလိုဖြစ်မိသည်။ ထိပ်တန်း မျိုးနွယ်စု (၃) မျိုးမှာတောင် ဒီလောက်များတဲ့ လူမရှိတဲ့ အချိန် သူတို့မှာလူအရေအတွက် သန်း ၃၀၀ ကျော် ရှိသည်။ ဒါ့အပြင် ကမ္ဘာမြေကြယ်မှာရှိတဲ့ လူတိုင်းက အရည်အချင်းရှိသည်။

၎င်းတို့၏ မျိုးနွယ်စုများတွင် ကလေးဦးရေကို ကန့်သတ်ထားခြင်း မရှိသော်လည်း ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ သားရဲများနှင့် ရောဂါများသည် လူဦးရေ တိုးမပေါက်အောင် တားဆီးထားသည်။ တစ်ခါတစ်ရံတွင် ကြောက်မက်ဖွယ်ကောင်းသော ပလိပ်ရောဂါသည် မျိုးနွယ်စု၏လူဦးရေကို များစွာလျော့ကျစေနိုင်သည်။ ဆယ်ယောက်မှာ တစ်ယောက်သာ အသက်ရှင်ကြသည်။

အဲဒီ ပလိပ်ရောဂါက သာမန်ပလိပ်ရောဂါမဟုတ်ပေ။ တခါတရံမှာ အစွမ်းထက် အဆိပ်အမျိုးအစား နတ်ဆိုးတစ်ကောင်က ကြိုးကိုင်ထားတတ်သည်။ အခြားအချိန်များတွင် ပလိပ်ရောဂါသည် ကိုယ်ပိုင်သားရဲများ သို့မဟုတ် သားရဲများမှ ကူးစက်သည်။

မျိုးနွယ်စုရှိ သားရဲအများစုသည် ရောဂါများ သို့မဟုတ် ပလိပ်ရောဂါများ ကူးစက်နိုင်သည်။ ထို့ကြောင့် ထိုအခြေအနေမျိုးတွင် ကူးစက်တတ်သော ပလိပ်ရောဂါသည် လျင်မြန်စွာ ပျံ့နှံ့သွားမည်ဖြစ်သည်။

တခါတရံတွင် စွမ်းအားကြီးတဲ့ နတ်ဆိုးက မျိုးနွယ်စုတစ်ခုကို ကျူးကျော်တိုက်ခိုက်ခြင်းသည် ဘေးဥပဒ်တစ်ခုဖြစ်ပြီး မရေမတွက်နိုင်သော လူများကို သေလောက်အောင် သက်ရောက်မှုရှိသည်။ ထို့ကြောင့် မျိုးနွယ်စုလူဦးရေ နည်းပါးလေ ၎င်း၏လူဦးရေ တိုးလာရန်မှာ ပိုမိုခက်ခဲလေဖြစ်သည်။ လူနည်းလေလေ သားရဲလေ့ကျင့်သူဦးရေ နည်းပါးသွားလေဖြစ်ပြီး သဘာဝ သို့မဟုတ် လူလုပ် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ခုခံကာကွယ်ရန် ပိုမိုခက်ခဲလာစေသည်။

ဒါကလည်း လူမျိုးစုလူဦးရေ နှစ်ပေါင်းများစွာ ပိုကောင်းအောင် မတက်နိုင်ခဲ့ရတဲ့ အခြေခံအကြောင်းရင်းလည်း ဖြစ်သည်။ လူဦးရေ ခုနစ်သန်း သို့မဟုတ် ရှစ်သန်းသာရှိသောအခါ သန်းနှင့်ချီသောလူများသည် စားဝတ်နေရေးပြဿနာများ ဆက်တိုက်ဖြစ်လာသည်။ ထိုပြဿနာများသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိပြီးနောက် ပိုမိုကြီးမားသော မျိုးနွယ်စုများ၏ လူဦးရေတိုးလာရန် ခက်ခဲစေသည့် ပြဿနာများဖြစ်လာသည်။

၎င်းသည် ကမ္ဘာမြေကြယ်မှ ထွက်ခွာသွားကြောင်း သိရှိပြီးနောက် ဘိုးဘွားပိုင်မြေမှ ၎င်းတို့ကို ရှာဖွေရန် လာရောက်ကြသော ရှေးလူမျိုးစုများ၏ အကြောင်းပြချက်လည်း ဖြစ်သည်။ ကမ္ဘာမြေကြယ်မှအခြေချနေထိုင်သူများ၏ ပင်ကိုယ်စွမ်းရည်များသည် အလွန်ကြောက်မက်ဖွယ် ကောင်းပြီး ၎င်းတို့ကိုပင် အနည်းငယ်ကြောက်လန့်သွားစေသည်။

ထို့အပြင် ၎င်းတို့၏လူဦးရေသည် များပြားပြီး ဖွံ့ဖြိုးတိုးတက်ရန် အချိန်လုံလောက်ပါက ကမ္ဘာမြေကြယ်မှအခြေချနေထိုင်သူသည် ပီကွမ်၏အနွယ်အပါအဝင် အခြားသူများအထက်တွင် အဆင့်သတ်မှတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေကြယ်မှ အခြေချ နေထိုင်သူများသည် ကမ္ဘာမြေကြယ်မှထွက်ခွာပြီး အနက်ရောင်မြူခိုးကမ္ဘာသို့လွတ်မြောက်သွားလျှင်တောင် ရှေးမျိုးနွယ်စုများသည် ကမ္ဘာမြေကြယ်မှအခြေချနေထိုင်သူများ မထွန်းကားသေးသောကာလတွင် ၎င်းတို့အား စစ်မြေပြင်မှာ အသုံးချရန် အခွင့်ကောင်းယူချင်ကြခြင်းဖြစ်သည်။ သူတို့သည် ကမ္ဘာမြေကြယ်မှအခြေချနေထိုင်သူများကို စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော မငြိမ်မသက်မှုများကို ကြုံစေလိုကြသည်။ အကယ်၍ ကမ္ဘာမြေကြယ်မှအခြေချနေထိုင်သူများ၏ မျိုးနွယ်စု ဖျက်ဆီးခံရပြီး ရှေးခေတ် မျိုးနွယ်စုသည် အိုးမဲ့အိမ်မဲ့ လူဦးရေကို လိုက်လျောညီထွေ ထားရှိနိုင်ပါက အကောင်းဆုံးဖြစ်မည်ဟု တွေးနေကြသည်။

ပီကွမ်က “မြန်နိုင်သမျှ မြန်မြန်လုပ်ပါ.. မနက်ဖြန်မှာ ရလဒ်ကို မြင်ချင်တယ်.. မနက်ဖြန်မပြီးနိုင်ရင် မင်းကိုငါကူပြီး ဖြေရှင်းပေးပါ့မယ်” ပီကွမ်က စကားတစ်ခွန်းတည်း ပြောလိုက်သည်။

“ငါ မင်းကို ကူညီဖြေရှင်းပေးပါ့မယ်” ဟူသော စကားသည် အဓိပ္ပါယ်အများကြီးရှိသည်။ ဒီကိစ္စကိုဖြေရှင်းဖို့ သူဘယ်လို အစီအမံတွေ သုံးမယ်ဆိုတာ လူတိုင်းသိသည်။

မနေ့က ပီကွမ်သည် ကမ္ဘာမြေကြယ်မှအခြေချနေထိုင်သူများဆီသို့ မျိုးနွယ်စုမှ စေလွှတ်လိုက်သော အကြီးအကဲများဆီမှ ၎င်းတို့၏ တာဝန်များကို အခြေခံအားဖြင့် ပြီးမြောက်ကြောင်း သတင်းကို ရရှိခဲ့သည်။ ကြီးမားသော အခြေချနေထိုင်သူများက သူ့မျိုးနွယ်နှင့် စစ်ပဋိညဉ်များ ရေးထိုးခဲ့သည်။ အခုတော့ ဟွာရှားမျိုးနွယ်စုနဲ့ အပေးအယူလုပ်ဖို့ပဲကျန်တော့သည်။

မျိုးနွယ်စုက သူ့တာဝန်ကို သုံးရက်အတွင်း ပြီးအောင်လုပ်ပြီး ပြန်ရမည် ဖြစ်သည်။ အချိန်ကြာလာပါက ထူးထူးခြားခြားနဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်နိုင်သည်။ သူသည် ဟွာရှားမျိုးနွယ်အား လွတ်လမ်းများစွာ ပေးခဲ့ပြီးဖြစ်သည်။

တကယ်တော့ သူသည် သူတော်စင်အဆင့် အဆင့်မြင့်သားရဲ လေ့ကျင့်သူဖြစ်သည်။ အရေးမပါသော သူများကို သူတစ်ခါမှ ယဉ်ကျေးစွာ မပြောဖူးခဲ့ရပေ။ ကောင်းဖန်သည် နဂါးဖြူမျိုးနွယ်၏ သူတော်စင်မနှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း မကြားခဲ့ရပါက သူသည် ကြမ်းတမ်းသောနည်းလမ်းကို အသုံးပြုလိမ့်မည်ဖြစ်သည်။

ထို့နောက် ပီကွမ်သည် ထကာ ထွက်ခွာသွားသည်။ သူ့နောက်မှာ ရပ်နေတဲ့ သူ့သားက သူ့အဖေကို နာခံစွာ လိုက်လာသည်။ ဝေးဝေးကို လျှောက်သွားပြီးမှ ပီကွမ်က လူငယ်ကို ခေါင်းကို ခေါက်လိုက်သည်။ သူက “မိန်းမ.. မိန်းမ.. မိန်းမဆိုတာပဲ မင်းခေါင်းထဲမှာပဲ ရှိနေတာ.. မင်းက မျိုးနွယ်ထဲက အိမ်ထောင်ရေးကို ငြင်းပယ်ပြီး လှည့်စားဖို့ ဒီကိုလိုက်လာခဲ့တာမလား.. မင်းပြန်သွားရင် မြန်မြန်လက်ထပ်လိုက်တော့.. ငါ့မြေးကို နောက်နှစ်မှာတွေ့ချင်တယ်”

ပီကွမ်နှင့် သားဖြစ်သူ ထွက်ခွာသွားသည်ကို ကြည့်ပြီး ၎င်းတို့၏ အသံများ မှိန်ဖျော့သွားသောအခါ သံတမန်များနှင့် အစိုးရ အကြီးတန်း အရာရှိ အများအပြားသည် ဆိုဖာပေါ်တွင် ကူကယ်ရာမဲ့ ခံစားချက်ဖြင့် ထိုင်နေကြသည်။ ထိုခံစားချက်သည် ချင်းမင်းဆက်တွင် ရှစ်နိုင်ငံ တပ်ပေါင်းစု၏ ကျူးကျော်မှုကို ရင်ဆိုင်ရခြင်းကဲ့သို့ဖြစ်သည်။ သူတို့သည် ရန်သူများကို သတ်ရန် ကြံရွယ်ထားသော်လည်း အခုတော့ သူတို့ကိုယ်သူတို့ကိုပင် ဆိုးရွားသောအခြေအနေမှ မကယ်တင်နိုင်ပေ။

သူတို့သည် ဒေါသတွေ ပြည့်နှက်နေခဲ့ပေမယ့် အခုတော့ အားမလိုအားမရ စိတ်ပျက်စရာအဖြစ် ပြောင်းလဲသွားသည်။ ဒါပေမယ့် သူတို့ရဲ့ဒေါသတွေက အေးစက်တဲ့ အဖြစ်မှန်ထဲကို ကူးပြောင်းသွားတဲ့အခါမှာတော့ ရေခဲတောင်အောက်က သေးငယ်ပြီး အရေးမပါတဲ့ မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အင်အားကွာဟမှုသည် အလွန်ကြီးမားသည်။ ရန်သူကို အပြင်းအထန်တိုက်နေရင်တောင် မဖြစ်နိုင်ပေ။

“အဲဒီလို ရည်မှန်းချက်ကြီးပြီး လောဘကြီးတဲ့ အစုအဖွဲ့နဲ့ တကယ် ပူးပေါင်းချင်သလား” အကြီးတန်း အရာရှိတစ်ဦးက စာရွက်ပေါ်တွင် ရေးလိုက်သည်။

“စောင့်ရအောင်” ဟု နောက်တစ်ယောက်က ဆက်ရေးသည်။

“ကောင်းဖန်” နောက်ဆုံးတစ်ယောက်ကတော့ ကောင်းဖန်ရဲ့ နာမည်ကို ရိုးရိုးရှင်းရှင်းပဲ ရေးလိုက်သည်။

နောက်ဆုံးတော့ အစည်းအဝေးခန်းထဲမှာ သက်ပြင်းတိုတိုလေးပဲ့တင်ထပ်နေသည်။

အဲဒီလူက သူတို့ကို တကယ်မျှော်လင့်ချက် ယူပေးနိုင်မလား.. သူတို့သည် ရန်သူများနှင့် ထိတွေ့လာလေလေ စိတ်ဓာတ် ကျလေလေဖြစ်သည်။ ကောင်းဖန်သည် အရှင်သခင်အဆင့်သားရဲလေ့ကျင့်သူသာဖြစ်သည်။ အချိန်တိုအတွင်း သူတော်စင်အဆင့်သို့ အောင်မြင်မှုရရှိခဲ့ရင်တောင် ရန်သူ၏မျိုးနွယ်တွင် နတ်ဘုရားတစ်ပိုင်းက ရှိနေဆဲဖြစ်သည်။

သူတို့သည် တခြားနည်းလမ်းမရှိတော့ပေ။

နှစ်ထပ်ကမ္ဘာတွင်တော့....

“ပီကွမ် ပြန်မလာသေးဘူးလား” မျိုးနွယ်စုမဟာမိတ်မှ အကြီးအကဲများသည် ဗီဇပြောင်းသွားခြင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးနေသည်။ သို့သော်လည်း လူတိုင်း မပြန်ကြသေးသောကြောင့် စောစောက ပြန်လာသူများမှာ အသံတိုးတိုးဖြင့် ပြောနေကြသည်။

ရုတ်တရက် နိမိတ်ဆိုးမိုးကြိုးမျိုးနွယ်စု မှ သူတော်စင်အဆင့် သားရဲလေ့ကျင့်သူ လဲ့ဝူသည် အခြားသူများ၏ ကံဆိုးမှုကို ရယ်မောကာ မေးခွန်းထုတ်လိုက်သည်။

သူသည် ကမ္ဘာမြေကြယ် မှ တပ်ဖွဲ့များနှင့် ပူးပေါင်းရန် စေလွှတ်ခြင်း ခံခဲ့ရသော်လည်း သူ၏ နည်းလမ်းမှာ ပိုမိုရိုးရှင်းပြီး ကြမ်းတမ်းသည်။ သူသည် သူ့သားရဲ သူတော်စင်အဆင့်ကို ဆင့်ခေါ်ခဲ့ပြီး ၎င်း၏ မိုးကြိုးပစ်ချဧရိယာသည် ကောင်းကင်တွင် ပွင့်လန်းခဲ့သည်။ ခရမ်းရောင်မိုးကြိုးပစ်သည့်ဧရိယာသည် တောရိုင်းမိုးခြိမ်းသံများဖြင့် ပြည့်နှက်နေပြီး အလယ်တွင် သူနှင့်သူတော်စင်အဆင့်သားရဲ ရှိနေသည်။ မိုးကြိုးနတ်ဘုရား ဆင်းသက်လာပုံရသည်။

သူတော်စင်အဆင့်သားရဲ့ရောင်ဝါသည် ထိုမျိုးနွယ်ရှိ သားရဲအားလုံးကို မြေပြင်ပေါ်တွင် ဒူးထောက်စေသည်။ လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ မျိုးနွယ်စုရှိ အခြားသူများထက်သာလွန်သော သူ၏ခွန်အားသည် သူ့တာဝန်ကို လွယ်ကူစွာ ပြီးမြောက်ရန် သော့ချက်ဖြစ်သည်။

“ကြည့်ရတာ ပီကွမ် က အသက်ကြီးသွားသလိုပဲ..ဒီလိုရိုးရှင်းတဲ့အလုပ်အတွက် အချိန်အများကြီးယူနေရတယ်” ဟု လဲ့ဝူ က အော်ဟစ်ရယ်မောနေသည်။

“ဒါဆို တစ်ရက်နှစ်ရက် ကြိုပြီး ပြီးအောင်လုပ်ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ.. သူတော်စင်အဆင့်ရှိတဲ့ သားရဲလေ့ကျင့်သူတိုင်း လုပ်နိုင်တဲ့ အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်ရတာလေးကို ဘာကြောင့် ဂုဏ်ယူနေတာလဲ..” နတ်ဘုရားဝက်ဝံမျိုးနွယ်၏ဘိုးဘေးသည် လဲ့ဝူကို လှောင်ပြောင်လိုက်သည်။

လဲ့ဝူသည် အေးစက်စွာ ပြုံးလိုက်ပြီး ယခုတစ်ကြိမ်တွင် နတ်ဝက်ဝံမျိုးနွယ်မှ လူအား ပြန်မဖြေတော့ပေ။

အခြားမျိုးနွယ်စုများမှ လူများသည် စကားများရန်ဖြစ်နေသည်ကို နံဘေးတွင် စောင့်ဆိုင်းကြည့်နေကြသည်။ နတ်ဘုရားဝက်ဝံနှင့် နိမိတ်ဆိုးမိုးကြိုးမျိုးနွယ်စု အကြား ပဋိပက္ခသည် အသစ်အဆန်းမဟုတ်ပေ။ မျိုးနွယ်စုနှစ်စုသည် ဘိုးဘွားပိုင်မြေတွင် ရှိစဉ်ကတည်းက ပဋိပက္ခဖြစ်ခဲ့သည်။

သူတို့ရဲ့ အစဉ်အလာကို နှစ်ထပ်ကမ္ဘာမှာတောင် ထိန်းသိမ်းထားခဲ့သည်။

မျိုးနွယ်စုနှစ်ခု ထိပ်တိုက်တွေ့ပြီးသည်နှင့် မျိုးနွယ်စုနှစ်ခုမှ ပြည်သူများ ရန်ဖြစ်မည်မှာ သေချာသည်။ သူတို့ရဲ့ အသေးအမွှား ရန်ဖြစ်မှုတွေသည် “ငါ့မျိုးနွယ်က သူတော်စင်အဆင့်သားရဲတစ်ကောင်ကို သတ်ပစ်ခဲ့တယ်” မှစ၍ “ငါ့မိန်းမက ကလေးသုံးယောက် မွေးတယ်” အထိ ဖြစ်နိုင်သည်။

“ကောင်းပြီ.. မင်းရဲ့ အဓိပ္ပါယ်မရှိတာတွေကို ရပ်လိုက်တော့.. ကမ္ဘာမြေကြယ်က ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတစ်ခု ပြုလုပ်ခဲ့ကြောင်းနဲ့ ဂုံးကောင်နတ်ဘုရား ပြန်လည်ရှင်သန်လာတော့မယ်လို့ ငါတို့ သတင်းရထားတယ်..” ခန်းမအပြင်ဘက်မှနေ၍ လူသုံးယောက် ဘေးချင်းကပ် လျှောက်လာကာ အလယ်တွင် ရပ်နေသော မုတ်ဆိတ်ဖြူနှင့် မျက်ခုံးမွှေးနှင့် အဖိုးအိုတစ်ဦးက စကားပြောပြီး ရပ်လိုက်သည်။ သူသည် နဂါးဖြူမျိုးနွယ်စု၏ ဘိုးဘေးဖြစ်သည်။

ကျန်နှစ်ဦးမှာ နတ်ဘုရားတစ်ပိုင်းသားရဲ လေ့ကျင့်သူများဖြစ်သော်လည်း ၎င်းတို့သည် သက်ဆိုင်ရာမျိုးနွယ်စုများ၏ အကြီးအကဲများမဟုတ်ကြပဲ တစ်နည်းအားဖြင့် ၎င်းတို့၏အဆင့်အတန်းသည် နဂါးဖြူမျိုးနွယ်၏ဘိုးဘေးထက် နိမ့်ကျသည်။ ထို့ကြောင့် ယခုအချိန်တွင် နဂါးဖြူမျိုးနွယ်စု၏ ဘိုးဘေးက တာဝန်ခံတာဝန်ကို ထမ်းဆောင်နေသည်။

“ပီကွမ်ရဲ့ကိစ္စကို ခဏလောက် ဘေးဖယ်ထားလိုက်ဦး... ဂုံးနတ်ဘုရားရဲ့ ပြန်လည်နိုးထမှုက ငါတို့ထင်တာထက် ပိုမိုမြန်ဆန်တယ်.. အရင်တုန်းကတော့ တစ်လလောက်ကြာမယ်လို့ ငါတို့ ခန့်မှန်းထားပေမယ့် ဂုံးနတ်ဘုရား ရဲ့ ပြန်လည်ကောင်းမွန်လာမှုကနေ အများဆုံးငါးရက်အတွင်း လုံးဝနိုးထလာမှာသေချာတယ်”

ခန်းမထဲတွင် လေအေးများ အေးခဲနေပြီး မကြာမီ စစ်ဖြစ်မည်ကို ကြောက်ရွံ့မှုတို့က ၎င်းတို့ကို ဖုံးလွှမ်းထားသည်။ လူတိုင်းက လေးနက်သော အသွင်အပြင်များ ဖြစ်လာသည်။ သန္ဓေပြောင်းမျိုးနွယ်စု ၏ အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက ပီကွမ်း နှင့် ဟွာရှားမျိုးနွယ်စု တို့၏ ပြဿနာမှာ အရေးမပါပေ။

ဘိုးဘွားပိုင်မြေတွင် လူဦးရေ တစ်ဘီလီယံကျော်ရှိပြီး ဟွာရှားမျိုးနွယ်မှလွဲ၍ ကျန်မျိုးနွယ်စုအားလုံးသည် ၎င်းတို့နှင့် စစ်ပဋိညာဉ်များ ချုပ်ဆိုခဲ့သည်။ ဟွာရှားမျိုးနွယ်စုမှ လူသုံးသန်း သို့မဟုတ် လေးသန်းကို ဖယ်ရှားလိုက်လျှင်တောင် ၎င်းတို့တွင် လူဦးရေ တစ်ဘီလီယံကျော် ရှိနေသေးသည်။

“ဒီစစ်ပွဲက ငါတို့နောက်ကျောထိ ပြန့်နှံ့သွားအောင် ခွင့်မပြုနိုင်ဘူး.. စစ်မြေပြင်က ကမ္ဘာမြေကြယ်ပဲ ဖြစ်ရမယ်” နဂါးဖြူမျိုးနွယ်၏ ဘိုးဘေးအိုကြီးက အလေးထားပြီး ပြောလိုက်သည်။

“နားလည်ပါပြီ” ပြဿနာက လူမျိုးတစ်မျိုးကိုပဲ ထိခိုက်တာမဟုတ်ပေ။ မျိုးနွယ်စုအားလုံးသည် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ဆက်စပ်နေသည်။ မျိုးနွယ်စုတစ်ခုသည် အန္တရာယ်ရှိသောအခါ အခြားလူများလည်း အန္တရာယ်ရှိလိမ့်မည်။ ဒါကြောင့် လူတိုင်းက ဒါကို အလေးအနက်ထားသည်။

“ ဂုံးနတ်ဘုရား မရှင်သန်ခင်မှာ ငါတို့ရဲ့ ရှေ့တန်းကို ပြင်ဆင်ဖို့လိုတယ်... ဒါကြောင့် ဘိုးဘွားပိုင်မြေက ထွက်သွားတာ ကောင်းတယ်.. ငါတို့က သန္ဓေပြောင်းကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရမယ်.. ကျဲယွမ် မင်းရဲ့ အဆိပ်စိမ့်တောမျိုးနွယ်စု က အဆိပ်အမျိုးအစား သားရဲကို မွေးမြူရာမှာ အကောင်းဆုံးပဲ.. သူတို့ကို အကြီးကြီးတစ်ခုပေးထားလိုက်”

“စိတ်ချပါ.. လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က မျိုးနွယ်စုထဲက လူငယ်လေးတွေကို အဆိပ်ရှိတဲ့ သတ္တဝါတွေကို ဖမ်းခိုင်းထားလိုက်တယ်” ကျဲယွမ်သည် ခေါင်းလယ်တွင် ပြောင်နေပြီး ဝါးတိုင်ကဲ့သို့ ပိန်လှီသော အဘိုးအိုဖြစ်သည်။ သူ့လက်ဖဝါးမှာ မြွေဖြူတစ်ကောင်ကို ညင်သာစွာ ပွတ်သပ်ပေးလျက်ရှိသည်။ မြွေဖြူ၏ မျက်လုံး၊ သွားများနှင့် လျှာသည် လုံးဝဖြူစင်နေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၃၄ ထိုးဖောက်ဝင်ရောက်ခြင်း

မနေ့ က နိမိတ်ဆိုးမိုးကြိုးမျိုးနွယ်စု၏ အရှက်ကင်းမဲ့သော လူအိုကြီးက သူ့ကို လှောင်ပြောင်သည်ကို ကြားပြီးနောက် ပီကွမ်း ၏ မျက်နှာသည် နောက်တစ်နေ့မနက် နိုးထလာပြီးနောက် ထိုအဖြစ်အပျက်ကို သတိရသွားဟန်ဖြင့် သံပုရာသီးကဲ့သို့ ချဉ်သွားသည်။

သူ့အဖေ၏ မိုးကြိုးကဲ့သို့ မျက်နှာကို သတိပြုမိသောအခါ ပီကွမ်းရဲ့သားက ဆူညံသံအနည်းကိုတောင် မလုပ်ရဲပဲ အစားအစာများကို သေးသေးလေးတွေကိုက်ပြီး သူတို့ကို ညင်သာစွာ မျိုချလိုက်သည်။ တစ်ချိန်တည်းမှာပင် ဖခင်ဖြစ်သူ၏ အပြုအမူကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

ခဏကြာတော့ သားဖြစ်သူက မတ်တပ်ထရပ်လိုက်သည်။ “အဖေ.. ကျွန်တော် လမ်းလျှောက်ထွက်တော့မယ်”

“ဟွားရှားမျိုးနွယ်စုကို သွားရောက်လည်ပတ်ဖို့က ကျွန်တော်နဲ့ နောက်မှ အတူသွားကြရအောင်... သူတို့ပြည်တွင်းရေးကိစ္စကို ဒီနေ့ မဖြေရှင်းရသေးရင် ကျွန်တော် အဖေ့ကို ကူညီပါ့မယ်” ပီကွမ်းသည် သူ့ပန်းကန်လုံးနှင့် တူကို အေးအေးဆေးဆေး ချလိုက်သည်။

“သေချာတာပေါ့” ပီယွင်းက ခေါင်းညိတ်လိုက်သည်။

မနက်စာစားပြီးနောက် ပီကွမ်းသည် သူ့အိပ်ခန်းထဲသို့ ပြန်ဝင်လာသည်။ သူက တံခါးနောက်မှာဆွဲထားတဲ့ မြေခွေးတု သားရေအင်္ကျီကိုဆွဲယူပြီး သူ့ပခုံးပေါ်တင်လိုက်သည်။

မြေခွေးတုသည် တိုက်ဂရစ်မျိုးစိတ်သားရဲများနှင့် နီးကပ်စွာ နေထိုင်လေ့ရှိသည်ကို တွေ့ရှိရသည်။ တိုက်ဂရစ်မျိုးစိတ်များ နှစ်သက်စေရန်အတွက် သူတို့တွင် စွမ်းရည်အားလုံးရှိသောကြောင့် ၎င်းတို့အား ရင်းနှီးဖော်ရွေသူများအဖြစ် သတ်မှတ်ခြင်းခံရသည်။ တိုက်ဂရစ် သားရဲ၏မျက်နှာသာကို ရရှိပြီးနောက် တစ်စုံတစ်ယောက်သည် ၎င်းကို အခွင့်ကောင်းယူကာ အခြားသားရဲများကို အနိုင်ကျင့်ခြင်းအားဖြင့် ထိုစွမ်းအားကို ချီးမြှောက်နိုင်ကြသည်။

ရလဒ်အနေဖြင့် မြေခွေးတု၏သားရေနှင့် သားမွေးဖြင့်ပြုလုပ်ထားသော ၀တ်စားဆင်ယင်မှုသည် တိုက်ဂရစ်သားရဲများ၏ အသွင်အပြင်ကို သတိရစေသည့် လွှမ်းမိုးမှုရှိသော ရောင်ဝါကို ပေါ်လွင်စေသည်။ မြေခွေးတုသည် ရှားပါးသောကြောင့် ၎င်းတို့နှင့်ပြုလုပ်သော ၀တ်ရုံများသည်လည်း အလွန်ရှားပါးသည်။

ပီကွမ်သည် ညီလာခံခန်းမသို့ ရောက်သောအခါ ဧည့်ကြိုက ကြိုဆိုလိုက်သည်။

“ဆရာ” တရုတ်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားသည့် ဧည့်ခံက ကပျာကယာ ဦးညွှတ်လိုက်သည်။

“ဖားနေတာကို ရပ်လိုက်...ငါသိချင်တာက မင်းတို့ဘက်က ပြေလည်အောင်ဖြေရှင်းပြီးသွားပြီလား.. မဟုတ်ရင် အဲဒါတွေကို မင်းအတွက် ငါ ကိုင်တွယ်ပေးရတော့မယ်” ပီကွမ်၏ မျက်လုံးများသည် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် တောက်ပနေသည်။

ဧည့်ကြိုက ဖြူဖက်ဖြူရော်ဖြစ်သွားသည်။ သူမမှာ ဘာမှဖြေပိုင်ခွင့်မရှိပေ။

“မနေ့က ငါနဲ့ပြောနေတဲ့သူတွေကို အခုခေါ်သွားပေး” ပီကွမ် က အော်လိုက်သည်။

ဧည့်ကြိုဝန်ထမ်းသည် ထိပ်တန်းအရာရှိများကို ခေါ်ရန် အမြန်ဖုန်းခေါ်လိုက်သည်။ ငါးမိနစ်အကြာတွင် ဟွာရှားခရိုင်မှ ထိပ်တန်းအရာရှိများ အမြန်ရောက်လာသည်။

ပီကွမ်သည် သားရေစာလိပ်တစ်လိပ်ကို ထုတ်ယူပြီး မည်သူက ဖမ်းမည်ကို မစိုးရိမ်ပုံဖြင့် ၎င်းတို့ထံ လွှင့်ပစ်လိုက်သည်။ “ကိစ္စရပ်တွေကို ပြေလည်အောင် မဖြေရှင်းနိုင်ဘူးလား.. ဖြေရှင်းနိုင်လား ငါ ဂရုမစိုက်တော့ဘူး.. မင်းတို့ ငါ့ကို မစွက်ဖက်ချင်ရင်တော့ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်တော့.. မင်းတို့ ကိစ္စမင်းတို့ ရှင်းကြ” ဟု ပီကွမ်းက အော်ဟစ်ပြောဆိုလိုက်သည်။ မနက်စာစားနေစဉ်မှာပဲ ပီကွမ်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက လှည့်စားခံနေရတာဖြစ်ကြောင်း သိခဲ့ရသည်။ တကယ်တော့ သူတို့ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ ပြည်တွင်းရေးကိစ္စက သူနဲ့ မဆိုင်ပေ။

သူ၏တာဝန်မှာ ၎င်းတို့ကို ပဋိညာဉ်လက်မှတ်ထိုးခိုင်းရန်သာဖြစ်သည်။ သူတို့အဖို့ ငြင်းဆိုဖို့ အခွင့် မရှိသောကြောင့် ကန့်ကွက်မှုများရှိမရှိဆိုတာက အရေးမကြီပေ။ ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ပဋိညာဉ်ကို လက်မှတ်ရေးထိုးရမည်ဖြစ်သည်။

သဘောထားကွဲလွဲမှုတွေရှိရင် သူတို့ကို သုတ်သင်လိုက်ရုံပင်။ မျိုးနွယ်စုမှ အကြီးအကဲများသည် သူတို့ကို တာ၀န်ယူလိုက်ဖို့ ကျွမ်းကျင်သူအချို့ကို စီစဉ်ပေးလိမ့်မည်။

ရှေ့တိုးလာသော ဟွားရှားမှ ထိပ်တန်းအရာရှိများ ရုပ်က မအီမလည်နှင့် ဝမ်းချုပ်နေကြပုံရသည်။ တကယ်တော့ သူတို့ ပြန်မရောက်လာခင် နေ့တုန်းက မျှော်လင့်ခြင်းမြို့တော်မှာ အရေးပါသူတိုင်း ပါဝင်ရမယ့် အစည်းအဝေးတစ်ခုကို ခေါ်ခဲ့သည်။ စေ့စေ့စပ်စပ် ဆွေးနွေးပြီးနောက် ၎င်းတို့၏နောက်ဆုံးဆုံးဖြတ်ချက်မှာ အခြားရွေးချယ်စရာများ အမှန်တကယ်မရှိပါက ပဋိညာဉ်ကို လက်မှတ်ရေးထိုးရန်ဖြစ်ပြီး ယင်း၏ဂယက်ရိုက်ခတ်မှုများ ဖြစ်လာရင်တော့ နောင်တရကြရုံအပြင် မရှိချေ။

ဟွာရှားမှလူများသည် သူတို့၏မြေအတွက် မကာကွယ်နိုင်တော့ကြောင်း သိသောအခါ သူများကို ဦးညွှတ်နိုင်လောက်တဲ့ထိ ပညာရှိကြသည်။ အနာဂတ်မှာ အခွင့်အရေးကို စောင့်ဆိုင်းရင်း ဒုက္ခတွေကို ခံနိုင်ရည်ရှိအောင်နေခြင်းဟာ သူတို့ရဲ့ဘိုးဘေးတွေ ကမ္ဘာမြေကြီးဆီကို လျှောက်လှမ်းလာကတည်းက မျိုးဆက်တွေ ဖြတ်သန်းခဲ့ရတဲ့ သင်ခန်းစာတစ်ခုပါပင်။

“ခဏစောင့်ပါ” ဟု အရာရှိခေါင်းဆောင်က ပြောလိုက်သည်။

သူတို့ မည်မျှ ဉာဏ်ကောင်းသည်ကို မြင်ပြီးနောက် ပီကွမ်၏ လူသတ်ချင်စိတ်သည် အနည်းငယ် မှိန်ဖျော့သွားသည်။ ထို့နောက်ဆက်ပြီး သူတို့အပေါ် ဖိအားအနည်းငယ်ပေးနိုင်ရန် ညာလက်ဖဝါးကို ကောင်းကင်သို့ ဖြန့်ကာ လက်ချောင်းများကို ဖြန့်လိုက်သည်။

ဝင်္ကဘာ၏အစွန်းတွင်တည်ဆောက်ထားသည့် မျှော်လင့်ခြင်းမြို့ရှိလူများအပါအဝင် အထီးကျန်ဝင်္ကပါရှိ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသောလေထုသည် လူတိုင်းကို လွှမ်းခြုံလာသည်။

ဒေါသတကြီးဟိန်းဟောက်သံသည် ကောင်းကင်ကို တုန်လှုပ်စေပြီး မြေကြီးကို ကွဲကြေစေကာ အထက်ကောင်းကင်၌ တိမ်တိုက်များကို လွင့်သွားစေသည်။ ဧရာမသားရဲတစ်ကောင်သည် နေရောင်ခြည်ကြောင့် သွေးနီရောင်ထင်းနေသော ကြက်သွေးရောင်ရွှေရောင်အမွေးများထဲမှ ထွက်လာသည်။

၎င်း၏ခန္ဓာကိုယ်သည် မြေကြီးနှင့်ထိလိုက်သည့်အခိုက်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး မြေပြင်တွင် ပျံ့နှံ့သွားသည်။ နတ်ဘုရားအုတ်ချပ်မှ ဖန်တီးထားသည့် အထီးကျန်ဝင်္ကပါပတ်ပတ်လည်ရှိ ခံစစ်အတားအဆီးသည် ပြိုကွဲသွားသည်။

နှစ်ဖက်စလုံးရှိ နေရာများသည် ကြေမွသွားကာ မီးခိုးများနှင့် ဖုန်မှုန့်များ လေထဲတွင် လွင့်ပျံနေသည်။ ကံကောင်းထောက်မစွာ ဤဧရိယာတွင်နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်သည်။ အနီးနားတွင် နေထိုင်သူများသည်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

အက်ကြောင်း ပင့်ကူအိမ်များ ကမ္ဘာမြေအနှံ့ ပြန့်ကျဲနေသည်။ အက်ကွဲကြောင်းတွေက နက်မှောင်ပြီး အကြောတွေကြားထဲ ပြုတ်ကျလို့ ကျောက်တုံးတွေ တဖျပ်ဖျပ်ခတ်သွားသည်။ နေဝက်ဝံ၏ခြေရင်းမှ ရွှေစက်ဝိုင်းသည် ပြန့်ကျဲကာ အပျက်အစီးများနှင့် ပြိုကျနေသော အဆောက်အအုံများ အနီးတစ်ဝိုက်တွင် ရွှေရောင်များ ပြန့်ကျဲနေသည်။

ဝက်ဝံ၏အောက်နှုတ်ခမ်းမှ နှင်းဖြူသွားနှစ်ချောင်း ပေါက်နေသည်။ မျက်ခုံးမွှေးများကြားတွင် နေရောင်တောက်နေသည့် အရိပ်အယောင်တစ်ခုရှိသည်။ ၎င်း၏အသက်ရှူသံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် အမြင့်ပေ ၁၈၀ ခန့်ရှိသော တောင်ကုန်းအရွယ်အစားခန့်ရှိသည်။

အမျိုးမျိုးသောသားရဲများသည် ကြောက်ရွံ့ ထိတ်လန့်စွာ အော်ဟစ်နေကြသည်။ သူတော်စင်အဆင့်ရှိသားရဲ၏ ရောင်ဝါသည် ၎င်းတို့၏ဒူးများကို အားပျော့သွားစေသည်။

ပီကွမ်သည် သူ့သားရဲရဲ့ အကျိုးသက်ရောက်မှုကို ကျေနပ်နေသည်။ ဒါက အင်အားပဲ..

နေဝက်ဝံသည် ရုတ်တရက် ပြင်းထန်လာပြီး ဒေါသဖြင့် မြေပြင်ကို ရိုက်ချလိုက်သည်။ ၎င်း၏ အားကောင်းသော လက်ဖဝါး နှစ်ဖက်စလုံးသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ထွက်ပေါ်လာသော ငလျင်သည် နေရာတိုင်းတွင် ပြိုကျနေပြီး ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖယ်ရှားပစ်သည့် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

အမှောင်ထဲမှာ လည်ပတ်နေတဲ့ ထိပ်တန်း သားရဲလေ့ကျင့်သူတွေ အကာအကွယ်ပေးထားလို့ မဟုတ်ရင် အဲဒီ ထိပ်တန်းအရာရှိတွေ ဘယ်လောက်သေသွားမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

နေဝက်ဝံသည် ၎င်း၏ဦးခေါင်းကို ကောင်းကင်ဆီသို့ မော့လိုက်ပြီး အော်ဟစ်လိုက်ရာ ၎င်း၏နားကွဲလောက်သော အသံကြောင့် မှန်များသည်မြေတစ်ခွင်လုံး ကွဲအက်သွားသည်။ သို့သော် ရုတ်တရတ် ဝက်ဝံသည် ထိတ်လန့်သွားပုံပေါ်ကြောင်း လူများက သတိပြုမိလိုက်သည်။ သူတို့သည် စိတ်ကူးယဉ်သက်သက်လားဟု တွေးကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသေးသည်။

သူတို့သည် နေဝက်ဝံ၏ မြင်ကွင်းနောက် ကောင်းကင်သို့ လိုက်ကြည့်ကြသော်လည်း အဆုံးမရှိ တိမ်ကင်းစင်နေသည့် ကောင်းကင်မှလွဲ၍ အခြားမည်သည့်အရာမျှ မရှိပေ။ ပီကွမ်သည် အခြားသူများကဲ့သို့ပင် မူမမှန်မှုကိုလည်း သတိပြုမိသည်။ နေဝက်ဝံ၏ သားရဲလေ့ကျင့်သူအနေနှင့် နေဝက်ဝံသည် တုန်လှုပ်နေပြီဖြစ်ကြောင်း ၎င်းတို့၏ သွေးစာချုပ်မှတစ်ဆင့် ရိပ်မိနိုင်သည်။ ဒါက ရန်လိုပုံပေါ်သော်လည်း

မှုန်ဝါးဝါးမျှသာဖြစ်သည်။ လေ့ကျင့်သူတစ်ယောက်အနေနဲ့ သူ့ရဲ့ အပြုအမူကို ပိုသိသည်။

သို့သော် သူ့အတွက် ပို၍ပင် မယုံနိုင်စရာ ခံစားရသည်မှာ နေဝက်ဝံသည် အဆင့်မြင့် သူတော်စင်အဆင့်သားရဲဖြစ်သည်။ သူတော်စင်အဆင့်ရှိသောကြောင့် အခြားသော သားရဲများနှင့် ရင်ဆိုင်ရသောအခါတွင် ယင်းသည် တစ်ခါမှ မကြောက်ဖူးပေ။

မဖြစ်နိုင်ဘူး... ပီကွမ်ရဲ့နှလုံးသားထဲမှာ မသက်မသာခံစားချက်တွေပေါ်လာသည်။

နိမ့်ကျသော အသံတစ်ခုကဲ့သို့ သမုဒ္ဒရာလှိုင်းတံပိုးများ သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။ လှိုင်းလုံးများ နီးကပ်လာသည်နှင့်အမျှ တဖြေးဖြေး မြည်သံက အားနည်းသွားသော်လည်း အသံကျယ်လာသည်။

ပထမတော့ ပီကွမ်သာ ကြားနိုင်သည်။ ထို့နောက်တော့ မျှော်လင့်ခြင်းမြို့တစ်ခွင်လုံးရှိလူတိုင်းသည် တဟုန်းဟုန်းတောက်နေသော ဒီရေသံကိုကြားနိုင်လာကြသည်။ ကောင်းကင်မှာ အပြာရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သူတို့ဆီ လျင်မြန်စွာ ချဉ်းကပ်လာသည်။

“အဲဒါဘာလဲ” ဘေးမှ တိုးတိုးပြောသံတစ်ခု ထွက်လာသည်။

“ပင်လယ်နဲ့တူလား”

“ကောင်းကင်မှာ ပင်လယ်ဆိုတာ ဘယ်လိုရှိနိုင်မှာလဲ” သားရဲလေ့ကျင့်သူက မယုံနိုင်စွာ အော်ပြောလိုက်သည်။

အဆုံးမရှိသော အပြာရောင်ပင်လယ်ကြီးသည် ကောင်းကင်ကို ဖြတ်ကျော်သွားသည်။ ၎င်းသည် သိုးများကဲ့သို့ တိမ်ထူထပ်သော တိမ်လွှာများကို ခွဲထုတ်နေသော ခွေးရိုင်းတစ်ကောင်နှင့်တူသည်။ ရာနှင့်ချီသော တောရိုင်းနွားရိုင်းများသည် ရန်သူတို့ကို အားဖြည့်နေသော နွားရိုင်းများကဲ့သို့ ပြင်းထန်လှသော လှိုင်းလုံးကြီးများသည် အရပ်ရပ်သို့ တွန်းပို့နေသည်။

“နတ်ဘုရားတစ်ပိုင်းတစ်ပါး” ပီကွမ်သည် အသက်ပြင်းပြင်းရှူကာ အံကြိတ်ထားသော သွားများဖြင့် စကားလုံးများကို ညှစ်ထုတ်လိုက်သည်။

“ချစ်သမီးလေး.. ကျေးဇူးပြုပြီး သတ်တော့ မသတ်လိုက်ပါနဲ့.. မသန်မစွမ်းဖြစ်ရုံနဲ့ဆိုတင် လုံလောက်ပါတယ်” ဟု လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ ပတ်ပတ်လည်တွင် လှည့်ပတ်နေသည့် ပင်လယ်ဝတုတ်က တိုးတိုးလေးပြောလိုက်သည်။ အဖိုးအိုသည် ယခုအချိန်တွင် အလွန်နှိမ့်ချနေပုံရသည်။

ပင်လယ်၏ နက်နဲမှုတွင် ဖုံးကွယ်ထားသော ဝိညာဉ်တစ်စုံသည် ဤမြင်ကွင်းကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ပြီး ရယ်မောလိုက်သည်။ “အိုး.. ဒီကောင်က မင်းကိုစားမယ်လို့ မင်းပြောတာမဟုတ်ဘူးလား.. ငါသတ်တာကို မင်းဘာလို့ ဂရုစိုက်ရမှာလဲ” လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူက ဓားရှည်များကဲ့သို့ လက်သည်းများကို အချင်းချင်းပွတ်တိုက်ကာ ညင်သာစွာ မေးလိုက်သည်။

“ဘယ်ဟုတ်မလဲ.. သူ့ကို ထောက်ခံနေတဲ့ နတ်ဘုရားတစ်ပိုင်းအုပ်စုရှိလို့ စိတ်ပူတာပါ.. ငါ့သမီးက အသန်မာဆုံးဆိုတာ ငါသိပါတယ်.. ဒါပေမယ့် မင်း နာကျင်တာကိုတော့ မမြင်ချင်ဘူး” ပင်လယ်ဝတုတ်၏ လေသံသည် ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာဖြင့် နူးညံ့သိမ်မွေ့နေသည်။

“ကောင်းပါပြီ.. အဲဒီဝက်ဝံရဲ့ သနားစရာကောင်းတဲ့ အသက်ကို ထိန်းထားလိုက်မယ်” သူမသည် စူးစူးဝါးဝါးအော်ရင်း ဘယ်ဘက်ခြမ်းရှိ တတိယခြေထောက်ကို မြှောက်လိုက်ကာ ပစ်ရန်အသင့်ရှိသော သေနတ်ကဲ့သို့ ချိန်ရွယ်လိုက်သည်။

ထို့နောက် စစ်မှန်သော ရည်ရွယ်ချက်ဖြင့် ကျည်ဆန်ကို ပစ်လွှတ်လိုက်သည်။ အေးခဲပြာရေလှံသည် လှိုင်းတံပိုးများကိုဖြတ်၍ သမုဒ္ဒရာနတ်ဘုရား၏ အုပ်ချုပ်မှုကဲ့သို့ပင် ကောင်းကင်မှဆင်းသက်လာသည်။

လေထုသည် ကွဲအက်သွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါက်ကွဲသံများ ဆက်တိုက် ပဲ့တင်ထပ်လာသည်။

အဖြူနဲ့အပြာ မှုန်ဝါးမှုသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ဝင်ရောက်ကာ နေဝက်ဝံ၏ နယ်မြေကို ထိုးဖောက်ဝင်ရောက် သွားသည်။ ထိုအခါ ၎င်း၏ထူထဲသောအမွေးများမှတစ်ဆင့် ဓားထိုးခံလိုက်ရသလို ဖြစ်သွားပြီး ၎င်း၏သန်မာသောကြွက်သားများကို ဆုတ်ဖြဲကာ ၎င်း၏ခိုင်ခံ့သောအရိုးများကိုလည်း ကွဲအက်စေပြီး ၎င်း၏နောက်ကျောထိ ဖြတ်သွားသည်။

နေဝက်ဝံသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ထုရိုက်ခံလိုက်ရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၃၅ အပြန်

နေဝက်ဝံသည် ယခင်သူ့ခွန်အားကို ဆုံးရှုံးသွားသည်။ ယင်းအစား အလွန်အားနည်းလာသည်။ နေဝက်ဝံသည် ကြောက်လန့်တကြား မြေပြင်ပေါ်တွင် ရုန်းကန်နေပြီး လှံသည် ၎င်း၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ကာ မလှုပ်ရှားနိုင်တော့ပေ။ ဒဏ်ရာမှ သွေးများ စီးကျလာသည်။

၎င်း၏သွေးများသည် မြေပြင်ပေါ်ရှိ အက်ကြောင်းများထဲသို့ စီးကျသွားသည်။ နေဝက်ဝံ၏ စွမ်းအားမှာ ပြိုင်ဘက်ကင်းသော်လည်း ယခုအချိန်တွင် ၎င်း၏ နောက်ကျောရှိ လှံကိုပင် မထုတ်နိုင်တော့ပေ။

ပီကွမ်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ နေဝက်ဝံဘေးတွင် ရပ်လိုက်ပြီး ဝက်ဝံ၏လက်မောင်းကို ထိကာ ထူထဲသော အမွေးများကို ဆုပ်ကိုင်လိုက်သည်။ ချွေးများက သူ့လက်ဖဝါးကို စိုစွတ်စေသည် ။

တဟုန်းဟုန်း လှိုင်းလုံးကြီးများက တပြိုင်နက် ထပ်ခါထပ်ခါ ပြိုကျသွားသည်။ မိုးကောင်းကင်သည် မှောင်မိုက်၍ လေသည် မြေကြီးနှင့် ကောင်းကင်ကို ကွဲသွားစေသည်။

အရွယ်အစား မတူသော အနက်ရောင်အစက်နှစ်စက်သည် ပေါ်လာပြီး ကောင်းကင်မှ ဆင်းသက်လာသည်။ သူတို့ဟာ ကောင်းကင်က ကျလာတဲ့ ဥက္ကာခဲတွေလိုပင်။

လေပြင်မုန်တိုင်းရေမှော်ပင့်ကူသည် နောက်ဆုံးတွင် သူ့ကိုယ်သူ ပြသလိုက်သည်။ ဆင်းသက်ချိန်တွင် ကောင်းဖန်သည် ပင်လယ်ဝတုတ်ထံမှ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားလိုက်သည်။

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ၏ စူးရှသော မျက်လုံးများက ကောင်းဖန် ပင်လယ်ဝတုတ်၏ ခန္ဓာကိုယ်နှင့် ခွဲထွက်ခြင်းကို ဖမ်းစားနိုင်လိုက်သည်။ သူ၏ ညာဖက်မှ မျက်လုံးလေးလုံးသည် ကောင်းဖန် ကို ချုပ်ထားရန်လှည့်လိုက်သည်။ ကျန်မျက်လုံးလေးလုံးက သူတို့ပတ်ဝန်းကျင်ကို စောင့်ကြည့်နေပြီး တစ်လုံးက နေဝက်ဝံကို စိုက်ကြည့်နေသည်။

“ငါနဲ့သူက တန်းတူညီတူ စာချုပ်ချုပ်ထားတာမို့ အခုလောလောဆယ် ပူးပေါင်းဆောင်ရွက်နေတာပါ။” အစကတော့ ပင်လယ်ဝတုတ်က မရှင်းပြချင်ခဲ့ပေမယ့် အဆုံးမှာတော့ ဝန်ခံလိုက်သည်။

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ကောင်းဖန်နဲ့ ပင်လယ်ဝတုတ်ကို နက်နက်နဲနဲ စိုက်ကြည့်နေသော်လည်း ဘာမှတော့ မပြောပေ။

ထိုအချိန်တွင် ပီကွမ်သည် ကောင်းဖန်ကို မဆုတ်မနစ် စိုက်ကြည့်နေသည်။ ဤ နတ်ဘုရားတစ်ပိုင်းသည် ဤလူ၏ သားရဲဖြစ်ကြောင်းကို အတည်မပြုနိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားတစ်ပိုင်းအဆင့်သားရဲ ရောက်ရှိလာခြင်းသည် ဤထူးဆန်းသောလူနှင့် တစ်နည်းနည်းဖြင့် သက်ဆိုင်နေနိုင်သည်ပင်။

ဒီ နတ်ဘုရားတစ်ပိုင်းက သူ့သားရဲကို မြေပြင်မှာ သံမှိုစွဲအောင်ကပ်ထားနိုင်သူဖြစ်သည်။ ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ပီကွမ်၏မျက်နှာသည် ဒေါသနှင့် အရှက်တရားများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူက စိတ်ကိုလျှော့၍ ပြောလိုက်သည်။ “ငါက မျိုးနွယ်စုမဟာမိတ်ရဲ့ အကြီးအကဲတစ်ယောက်ပါ.. ဒီ အဖြစ်အပျက်ကို သက်သေခံပြီးနောက်မှာ မင်းရဲ့ခွန်အားကို ငါ သဘောကျမိပါတယ်.. မျိုးနွယ်စုမဟာမိတ်အဖွဲ့မှာတော့ နတ်ဘုရားအဆင့် သားရဲ လေ့ကျင့်သူက ဆယ်ယောက်ထက်နည်းပေမဲ့ ငါတို့အားလုံးက မိတ်ဆွေအသစ်များကို နှစ်သက်ကြပါတယ်... မင်းတစ်ယောက်တည်းနဲ့ ဆိုရင် ရဖို့ ခက်ခဲတဲ့ အရင်းအမြစ်တွေ လိုအပ်လိမ့်မယ်လို့ ထင်တယ်.. ဒါကြောင့် ငါတို့မဟာမိတ်တွေဆီကနေ သူတို့နဲ့ ကုန်သွယ်မှုလုပ်ဖို့ မင်းကို ဖိတ်ခေါ်ချင်ပါတယ်”

“မလိုအပ်ပါဘူး... ကျုပ်တို့ မျိုုးနွယ်စုမဟာမိတ်အဖွဲ့တွေဆီက ခုခံကာကွယ်ဖို့အတွက် ဟွာားရှားမျိုးနွယ်စုအပေါ်မှာ ကျုပ်တို့တာ၀န်ရှိတယ်... ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုကနေ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး” ထို စကားလုံးအသုံးအနှုန်းတို့ကို ကောင်းဖန်က ၎င်းကို သွေးစာချုပ်မှတဆင့် ပြောပြပြီး ပင်လယ်ဝတုတ်က စကားပြောခြင်း ဖြစ်သည်။

“မင်းက ဟွာရှားမျိုးနွယ်ကလား” ပီကွမ်က မှင်သက်သွားသည်။ သူ့နှလုံးသားအောက်ခြေကနေ ခံစားလိုက်ရတဲ့ ထိတ်လန့်တုန်လှုပ်မှုက ပြောပြလို့‌ေတာင်မရနိုင်ပေ။

ဟွာရှားမျိုုးနွယ်စုမှာ နတ်ဘုရားတစ်ပိုင်းသားရဲ လေ့ကျင့်သူရှိတယ်…. ပီကွမ်သည် ရူးလုမတတ် ဖြစ်သွားသည်။ ကမ္ဘာမြေကြယ်သည် လွန်ခဲ့သော နှစ်အနည်းငယ်ကပင် ပြန်လည်ရရှိလာခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုထက်ပင် နည်းပါးခဲ့သည်မှာ သေချာပါသည်။

ဆယ်စုနှစ်တစ်ခုအတွင်း နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲလေ့ကျင့်သူရရှိနိင်လား... ပီကွမ်သည် သူ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု အားလုံး မြောင်းထဲ ကျသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။

အထူးသဖြင့် သားရဲလေ့ကျင့်သူအနေနဲ့ ဘာမှမလုပ်ဘဲနဲ့ စတင်ခဲ့မယ်ဆိုရင် ဆယ်စုနှစ်တစ်ခုအတွင်း နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲကို ပိုင်ဆိုင်နိုင်တဲ့ သားရဲ လေ့ကျင့်သူတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း သူ တစ်ခါမှ မကြားဖူးပေ။ ဒါက လုံးဝ ဒဏ္ဍာရီမဟုတ်ပဲ ထိတ်လန့်စရာ ဇာတ်လမ်း တစ်ပုဒ်ပင်။ ပီကွမ်က သူ့ကြောင့် ထိတ်လန့်သွားသောကြောင့် ဟွာရှားရဲ့ ထိပ်တန်းအရာရှိတွေက အံ့ဩ ဝမ်းသာသွားကြသည်။

ပီကွမ်က နတ်ဘုရားတစ်ပိုင်းလို့ ပြောလိုက်တာလား…

ထိပ်တန်းအရာရှိများသည် ယင်းမတိုင်မီက ဘာကိုဆိုလိုသည်ကို နားမလည်နိုင်သော်လည်း ပီကွမ်၏ပြောပြချက်နှင့် လေပြင်မုန်တိုင်း ရေမှော်ပင်ကူက နေဝက်ဝံကို မည်သို့စွမ်းဆောင်နိုင်သည်ကို သက်သေခံပြီးနောက် ၎င်းတို့သည် ဘာကိုဆိုလိုသည်ကို ခန့်မှန်းသွားနိုင်ကြသည်။ ထို့ကြောင့် သူတို့သည် နတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းဖန်ကို လုံးဝရိုသေသွားကြသည်။

လူစုလူဝေးနဲ့ ရပ်နေတဲ့ ဦးလေး လျူကတော့ သူ့လက်တွေ တုန်ခါနေပြီး မုတ်ဆိတ်မွေးတွေကို ဆွဲနှုတ်ကြည့်လိုက်သည်။ နာကျင်မှုကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ “တစ်ပိုင်း... နတ်ဘုရားတစ်ပိုင်း” ဖန်လေးက အင်အားကြီးမားလာလိုက်တာ..

ရှုချင်းကျီ ၏အမူအရာကတော့ ဗလာဖြစ်နေသည်။ သခင်လေးသည် နတ်ဘုရားကို ချုပ်ကိုင်ထားသည်ဟု တစ်စုံတစ်ဦးမှ ပြောပြလျှင်ပင် သူမသည် ၎င်းတို့ကို ယုံကြည်မည့်သူဖြစ်သည်။ သူမအတွက် သခင်လေး မလုပ်နိုင်ဘူးဆိုတာ မရှိပေ။

ကောင်းဖန်၏ နောက်ကျောကို စိုက်ကြည့်ရင်း ရှုချင်းကျီက နူးညံ့စွာ ပြုံးလိုက်သည်။ သခင်လေးက အမြဲတမ်း အထူးချွန်ဆုံးပဲ..

နဂါးဖြူက ခေါင်းကို စောင်းပြီး လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူကို မျက်စောင်းထိုးလိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားသည်။ ပင့်ကူသည် အလွန်အန္တရာယ်များသောကြောင့် အနီးတစ်ဝိုက်မှ အမြန်ဆုံးထွက်ခွာရန် ၎င်း၏ဝိညာဉ်၏ အာရုံခံနိုင်စွမ်းက သတိပေးနေသည်။

တခြားသူတွေအပြင် လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူကို အာရုံစိုက်ထားတဲ့ ကျီဟန့်ဝူကတော့ ကောင်းဖန်ရဲ့ နောက်ကျောကို အာရုံ စိုက်နေပြီး သူ့မျက်လုံးတွေက စိတ်ခံစားချက်တွေ ပြည့်နှက်နေသည်။ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ကောင်းဖန်၏ သားရဲ မဟုတ်ကြောင်း သူသိသည်။ သူ့မြေး၏ စိတ်ဝိဉာဉ်စွမ်းအား အဆင့်သည် အချိန်တိုအတွင်း နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲနှင့် စာချုပ်ချုပ်ရန် မလုံလောက်ပေ။

သို့သော် ဘေးတွင်ရပ်နေသော ပင်လယ်ဝတုတ်ကိုတော့ သူမှတ်မိသည်။ ပင့်ကူနှင့် မည်မျှရင်းနှီးသည်ကို သတိပြုမိလိုက်ပြီးနောက် ကျီဟန့်ဝူသည် ငါးသည် ပင့်ကူ၏အမျိုးအနွယ်ဖြစ်နိုင်သည်ဟု မှန်းဆလိုက်သည်။

ဖန်လေးသည် ပင့်ကူ၏အကူအညီတောင်းခံခြင်းလုပ်ငန်းစဉ်တွင် အခက်အခဲတစ်စုံတစ်ရာ ရှိမရှိကိုတော့ သူသေချာမသိပေ။ ကောင်းဖန်၏ အရှိန်အဝါကို အခြားလူတိုင်းက မြင်ကြသော်လည်း ကောင်းဖန်၏ ကြိုးစားအားထုတ်မှုနှင့် သူခံနိုင်ရည်ရှိရမည့် အခက်အခဲများကိုတော့ သူ့အဘိုးသာ သတိပြုမိသည်။

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် နေဝက်ဝံရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ ၎င်း၏ ချွန်ထက်သော ပင့်ကူခြေသည်း များသည် အရေပြားကို ကိုက်ဖြတ်ခြင်းမရှိဘဲ နေဝက်ဝံ၏ ခန္ဓာကိုယ်အနှံ့ လျှောကျသွားသည်။ နောက်ဆုံးတော့ တစ်နေရာရာမှာ ခြေသည်းတစ်ချောင်းကို ချိန်ရွယ်ပြီး မတော်တဆ ထိုးမိသွားသည်။

သူသည် ရွှေသားမွေး အရေခွံများကို စက္ကူကဲ့သို့ ဖြတ်လိုက်သည်။ အနီရောင် အရွတ်များနှင့် ကြွက်သားများက လှီးဖြတ်ထားသလို ဖြစ်နေသည်။ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ဦးခေါင်းကို ငုံ့ကာ သိမ်မွေ့စွာ ရှူရှိုက်လိုက်သည်။ “ မွှေးကြိုင်နေတဲ့ သွေးနံ့ပဲ”

နေဝက်ဝံသည် ၎င်း၏မျက်လုံးများကို မှိတ်ထားပြီး သေချင်ယောင်ဆောင်ဖို့ ပြင်ဆင်ထားလိုက်သည်။ ပင့်ကူခြေသည်းသည် ရှေ့သို့ ဖိကာ ကြီးမားပြီးထူတဲ့အရွတ်ကို ဖောက်ပြီး နေရာအနှံ့ သွေးများကို ဖြန်းလိုက်သည်။ ၎င်းသည် ၎င်း၏ခြေသည်းကို သွေးထဲသို့နှစ်ပြီး ၎င်း၏ပါးစပ်ထဲသို့ထည့်ကာ ၎င်း၏ အရသားကို မြည်းစမ်းဖို့ အရည်ကို လျှာပေါ်တင်လိုက်သည်။

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ပျော်ရွှင်သည့် အသွင်အပြင်ဖြင့် ပြုံးလိုက်သည်။ “အရမ်းအရသာရှိပြီး နွေးလိုက်တာ...သမုဒ္ဒရာထဲက သွေးအေးတွေထက် အများကြီးသာတယ်”

နေဝက်ဝံသည် ပင့်ကူပြောသည်ကို ကြားသောအခါ မူးလဲလုမတတ်ဖြစ်သွားသည်။

ကောင်းဖန်သည် သူ့လက်များကို အိတ်ကပ်ထဲထည့်ကာ ပီကွမ်ဆီသို့ လျှောက်သွားသည်။ “မင်း ငါ့နာမည်ကို ကြားဖူးမယ်ထင်တယ်.. ငါက ကောင်းဖန်ပါ”

ပထမတော့ ပီကွမ် အံ့အားသင့်သွားသည်။ အဲဒီနာမည်ကို သူ့စိတ်ထဲ ရှာဖွေကြည့်တော့ သိပ်မကြာခင်မှာပဲ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူ့မျက်လုံးများသည် ထိတ်လန့်တကြားနှင့် မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။ “မင်း…မင်း…”

“မင်း စကားထစ်နေတာကို ရပ်လိုက်တော့... အခု မင်းရဲ့ အကြီးအကဲစည်းဝေးပွဲကို ပြန်သွားပြီး ဟွာရှားလူမျိုးတွေက ရှေးခေတ်ကတည်းက ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ နိုင်ငံဖြစ်ကြောင်း သူတို့ကို ပြောပြလိုက်ပါ.. ကမ္ဘာမြေကြယ်ရဲ့ မှတ်တမ်းတင်ထားတဲ့ သမိုင်း တစ်လျှောက်လုံးမှာ ဟွာရှားမျိုးနွယ်က စစ်မီးတောက်မှာ ဘယ်သောအခါမှ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ဘူး” ဟု ကောင်းဖန်က ပြောလိုက်သည်။ ထို့နောက် သူက ပြုံးပြုံးရွှင်ရွှင်နဲ့ နောက်ကလိုက်သွားပြီး ဆက်ပြောလိုက်ပြန်သည်။ “တကယ်တော့ ငါတို့က စစ်ပွဲကို ပြင်းပြင်းထန်ထန် မုန်းတီးတဲ့သူတွေပါ..”

ဟွာရှား၏ ထိပ်တန်းအရာရှိများသည် စကားမပြောဘဲ တိတ်ဆိတ်နေကြသည်။ ငါတို့ဘိုးဘေးတွေက ငြိမ်းချမ်းရေးကို နှစ်သက်ကြတာလား.. သမိုင်းအစား စိတ်ကူးယဉ်မှုကို လေ့လာခဲ့ကြတာလား...

ဘေးပတ်လည်တွင် ရပ်ပြီး ပေါက်ပေါက်မြုံပြီး ပွဲကြည့်နေကြတဲ့ ဘေးမှ ဧည့်သည်များပင် ပြောစရာစကားမဲ့နေသည်။ တကယ်တော့ ဟွားရှား၏ သမိုင်းသည် စစ်ပွဲများနှင့်ပြည့်နေခဲ့သောကြောင့် ဖြစ်သည်။

“ဒါ့အပြင် ငါ့လူတွေက မသန်မာကြဘူး.. အဲဒီကို သွားရင်တောင် အများကြီး ကူညီနိုင်မှာ မဟုတ်ပါဘူး.. အဲဒီအစား မင်းဘက်ကတောင် ငါတို့ကို သတိထား ဂရုစိုက်ရမှာမို့ ငါတို့က ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်.. ဒီလိုဖြစ်လာရင် မင်းရဲ့ သားရဲလေ့ကျင့်သူတွေအတွက် ပိုအရေးကြီးတဲ့ ကိစ္စတွေကနေ အာရုံပြောင်းသွားစေနိုင်တယ်”ဟု ကောင်းဖန်က ရှင်းပြလိုက်သည်။ ထို့နောက် ခေတ္တရပ်ပြီး “သူတို့ရဲ့ လက်ရှိအင်အားနဲ့ စစ်တိုက်ဖို့ စေလွှတ်လိုက်တာက အဖိုးတန်အသက်တွေကို ဖြုန်းတီးတာ ဖြစ်သွားမှာ စိုးလို့ပါ” ဟု ဆက်ပြောလိုက်သည်။

ပီကွမ်သည် ၎င်းတို့အား စုဆောင်းရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့အား အမြောက်စားစာအဖြစ် အသုံးပြုရခြင်းဖြစ်သည်ဟု တိုက်ရိုက်ပြော၍လည်း မရနေပေ။

“ဒါကြောင့် ငါတို့နဲ့ မဟာမိတ်ကို စွန့်လွှတ်သင့်တယ်လို့ ထင်ပါတယ်... မင်းရောဘယ်လိုထင်လဲ”

ပီကွမ်၏ မျက်နှာ ပျက်သွားသည် ။ သူသည် အကျပ်ရိုက်နေသည်။ “ငါ… ငါလည်း တွေးနေတာပါ.. ဒါပေမယ့် ငါပြောတဲ့စကားက အရာမရောက်ဘူး..

အကြီးအကဲစည်းဝေးပွဲမှာတော့ နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူကသာ ဆုံးဖြတ်နိုင်ပါတယ်”

“မင်းတို့မှာ နတ်ဘုရားတစ်ပိုင်းသားရဲလေ့ကျင့်သူတွေရှိတယ်ဆိုတာ ငါရှင်းရှင်းလင်းလင်းသိပါတယ်... တစ်ယောက်ထက်ပိုနိုင်ပါတယ်” ဟု ကောင်းဖန်က ပြုံးပြီးပြန်ပြောလိုက်သည်။ “မင်း ငါ့ကို အတင်းတိုက်တွန်းလို့ မရဘူးဆိုရင်ရော ဘာဖြစ်မလဲ” ကောင်းဖန်က ပမာမခန့် မေးလိုက်သည်။

“မင်းတို့ရဲ့ စစ်ပွဲ အရေးကြီးတဲ့ကာလမှာ…” ကောင်းဖန်၏အပြုံးသည် လျင်မြန်စွာ မှိန်ဖျော့သွားပြီး သူ့မျက်နှာက အေးစက်လာသည်။ “မင်းတို့ အခုအချိန်မှာ နတ်ဘုရားတစ်ပိုင်းအဆင့် ရန်သူကို တကယ်လိုချင်နေတာလား”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၃၆ မျိုးနွယ်စု၏ ဒုက္ခ

နောက်ဆုံးတွင် လေမုန်တိုင်းရေမှော်ပင့်ကူ၏ ကရုဏာကြောင့် ပီကွမ်နှင့် နေဝက်ဝံတို့ လွတ်မြောက်နိုင်ခဲ့သည်။ သို့သော် မထွက်ခွာမီမှာတော့ နေဝက်ဝံ ၏ရှေ့ဘယ်ဘက်ခြေထောက်ကို အမှတ်တရလက်ဆောင်တစ်ခုအဖြစ် ထားခဲ့ရသည်။

သူတော်စင်အဆင့် သားရဲ အတွက် ဖြတ်ခံထားရသော လက်တစ်ချောင်းသည် ပြန်လည်ရှင်သန်ရန် အချိန်အနည်းငယ်သာ လိုသောကြောင့် လက်ဖြတ်ခံလိုက်ရခြင်းသည် သေစေလောက်သော ဒဏ်ရာတော့ မဟုတ်ပေ။ ပီကွမ်က အရှက်ရပေမယ့် သူ့အသက်ကို ဆုံးရှုံးရတာထက် ပိုကောင်းတာမို့ သည်းခံလိုက်သည်။

နေဝက်ဝံကတော့ အစက ရရှိခဲ့သော ခမ်းနားမှုကိုဆုံးရှုံးသွားသည်။ သူသည် ခေါင်းယမ်းကာ ကွဲအက်နေသောခြေဖဝါကို လွှင့်ပစ်လိုက်သည်။ သွေးဆုံးရှုံးမှုပမာဏများသောကြောင့် ၎င်း၏အမွေးများမှာလည်း မှေးမိန်သွားသည်။ ပီကွမ်သည် ကျောကုန်းပေါ်တွင် ထိုင်နေသည်။ ထိုအချိန်တွင် သူ့သား ပီယွမ်သည် သူ့ဘယ်ဘက်တွင် ထိုင်နေသည်။

ရှေ့တည့်တည့်ကို စိုက်ကြည့်နေသော ပီကွမ်၏ မျက်နှာပေါ်ရှိ အမူအရာသည် ဖတ်၍မရပေ။

ပီယွမ်က သူ့အဖေမျက်နှာကို သေချာကြည့်လိုက်ည်။ “အဖေ.. အဆင်ပြေရဲ့လား..” ပီယွမ်က တိုးတိုးလေးမေးလိုက်သည်။

ပီကွမ်က ခေါင်းကို လှည့်ကာ သူ့သားကို ကြည့်လိုက်သည်။ ပီယွမ်သည် သူ့မျက်နှာကို မြင်လိုက်ရသဖြင့် သူ့အဖေက သူ့ကို ရိုက်တော့မည်ဟု ထင်ကာ တုန်လှုပ်သွားသည်။ အဓိကကတော့ ပီကွမ်က သူ့သားကို အမြဲတမ်း ဖိအားတွေ အရမ်းပေးတာကြောင့်ပင်။

“ကောင်းပါတယ်..” ပီကွမ်၏ အသံသည် အမြဲလိုလို အသံနိမ့်ပင်ဖြစ်သည်။ ခဏငြိမ်သက်သွားပြီးနောက် ပီယွမ် ငယ်စဉ်က ပီယွမ်၏ ခေါင်းကို ပွတ်သပ်တို့ထိသလိုမျိုး သူ့လက်ကြီးများကို မြှောက်ကာ ပီယွမ်၏ ခေါင်းကို ညင်သာစွာ တို့ထိလိုက်သည်။

ခေါင်းမော့ပြီး ရှေ့ကို စိုက်ကြည့်နေသော ပီကွမ်က “မင်းပြန်သွားရင် ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ.. စစ်ပွဲတွေဖြစ်လာတော့မှာမို့လို့ မင်းရဲ့သားရဲကို ကောင်းကောင်းလေ့ကျင့်ပေး.. အထောက်အထားနဲ့ နောက်ခံက အရေးမကြီးတော့ဘူး.. မင်းက ငါ့သားဖြစ်နေရင်တောင် ဘယ်သူမှ လိုက်လျောမှု ရှိမှာမဟုတ်ဘူး.. သန္ဓေပြောင်းမျိုးနွယ်စုကဆိုရင် မင်းကို ပိုပြီးတောင် ဖယ်ရှားပစ်ချင်နေကြတာ” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့.. ကျွန်တော်နားလည်ပါတယ်” ပီယွမ်က အမြန်ခေါင်းညိတ်လိုက်သည်။

“အဲဒီ နတ်ဘုရားတစ်ပိုင်းသားရဲက သူ့သားရဲမဟုတ်ဘူး” ပီကွမ်က ရုတ်တရက်ပြောလိုက်သည်။

“ဘာ” ပီယွမ်သည် ထိတ်လန့်သွားသည်။ “အဖေ… ဒါဆို သားတို့ အရူးလုပ်ခံရပြီ” ဟု တိုတိုတုတ်တုတ်ပြောလိုက်သည်။

“ဒါပေမယ့် နတ်ဘုရားတစ်ပိုင်းသားရဲကတော့ အစစ်အမှန်ပဲ.. သူ့ရဲ့အမိန့်ကို ဘာ့ကြောင့် နာခံတာလဲဆိုတာတော့ ငါလည်းမသိဘူး.. အဲဒါကြောင့် သူ့သားရဲ ဟုတ်တာ မဟုတ်တာက အရေးမကြီးဘူး” ပိကွမ်က ပြောလိုက်သည်။

“မင်းပြန်ရောက်တဲ့အခါ မင်းပါးစပ်ကို ထိန်း.. တစ်ယောက်ယောက်က မေးရင် အဲဒါက သူ့ရဲ့နတ်ဘုရားတစ်ပိုင်းသားရဲလို့သာ ပြောလိုက်” ဟု ပီကွမ်က မျက်စောင်းထိုးရင်း ပြောလိုက်သည်။ ကြမ်းတမ်းသော အသွင်အပြင်ရှိသော ဤလူသည် သာမန်အားဖြင့် မမြင်ရသော လိမ္မာပါးနပ်မှု အခိုက်အတန့်ကို ပြသနေသည်။

“သူတို့ ယုံမှာလား” ပီယွမ်သည် သူ့ကိုယ်သူ မယုံသောကြောင့် အနည်းငယ် စိတ်ရှုပ်နေသေးသည်။ နတ်ဘုရားတစ်ပိုင်းသားရဲကို သူ့မျက်လုံးနဲ့သာ မမြင်ခဲ့ဘူးဆိုရင် အသက်နှစ်ဆယ်ကျော် သားရဲလေ့ကျင့်သူတစ်ယောက်က နတ်ဘုရားတစ်ပိုင်းသားရဲ တစ်ကောင် ပိုင်ဆိုင်တယ်လို့ သူယုံနိုင်မှာ မဟုတ်ပေ။

“ဘာကို ယုံရမယ်ဆိုတာ သူတို့အပေါ်မှာ မူတည်တယ်.. ဒါ့အပြင် သူ့မှာ နတ်ဘုရားတစ်ပိုင်းသားရဲ ရှိနေတာမို့လို့.. သူတို့ မျက်စိနဲ့ မြင်တဲ့အခါမှသာ ဆုံးဖြတ်ခွင့်ပေးလိုက်..” ပီကွမ်က မျက်လုံးမှိတ်ပြီး ပြောလိုက်သည်။

ငါတစ်ယောက်ထဲတော့ အရှုံးမခံနိုင်ဘူး.. မဟုတ်ရင် ငါက ရယ်စရာဖြစ်သွားလိမ့်မယ်.. အကုန်လုံး မဟုတ်ရင်တောင် ငါနဲ့အတူ လိုက်ပြီးခံစားဖို့ မျိုးနွယ်စုနည်းနည်းတော့ ရှိဦးမှာပဲ..

ကောင်းကင်ကမ္ဘာမှာ နာမည် နှစ်ခု ရှိသည်။ တစ်ခုက နှစ်ထပ်ကမ္ဘာဖြစ်ပြီး နောက်တစ်ခုကတော့ ကောင်းကင်ကမ္ဘာ ဖြစ်သည်။ နှစ်ခုလုံးက တရားဝင်သည်။ ရှေးလူမျိုးစုများ၏ ပထမအသုတ်သည် ဤနေရာကို ရှာဖွေတွေ့ရှိသောအခါ ကောင်းကင်ကမ္ဘာ ဟု အမည်ပေးခဲ့သည်။ နောက်ပိုင်းတွင် မျိုးနွယ်စုဝင်များ တိုးများလာသဖြင့် ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပြန့်ခဲ့ပြီး မတူညီသော လေယူလေသိမ်းများ ဆင်းသက်လာသောကြောင့် နှစ်ထပ်ကမ္ဘာဟူသော အမည်သည် ခေတ်လွန်ကာလတွင် မွေးဖွားလာခဲ့သည်။

“စစ်ဆင်ရေးက ဘယ်လိုလဲ.. မင်းရဲ့ မာနကြီးတဲ့ ပီကွမ်က ပြန်လည်းမလာဘူး.. အဲဒီလူက အမြဲလေထွားနေပြီး ဘာကြောင့် အားမသန်သလို ဖြစ်နေရတာလဲ” လဲ့ဝူ၏အမူအရာမှာ သရော်ခြင်းနှင့် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။

“စိတ်မပူပါနဲ့.. ပီကွမ်ပြန်ရောက်နေပြီ” ပီဟူက မကောင်းတဲ့အရာတစ်ခုကို မျိုချလိုက်သလိုဖြစ်‌နေသည်။ သူသည် ပီကွမ်ထံမှ လျှို့ဝှက် သတင်းကို ယခုပဲ ရရှိခဲ့ပြီး အလွန်စိတ်မကောင်းဖြစ်နေခြင်းဖြစ်သည်။ ယခုဆိုလျှင် လဲ့ဝူ၏ မျက်နှာကို ကြည့်ရသည်မှာ တကယ်ပင် လက်သီးထိုးခံထားရသလိုပင်။

“သူပြန်လာပြီ..သခင် ပီကွမ် ပြန်လာပြီ” အဝေးက မျိုးနွယ်စုငယ်လေးတွေက ရွှင်လန်းမှုတွေ ရှိနေသည်။ ပီဟူသည် တုန်လှုပ်ချောက်ချားကာ အုံကြွမှုဆီသို့ ဦးတည်သွားသည်။

“ဘာ.. စစ်ဆင်ရေးကျရှုံးတယ်” ထိုသတင်းကိုကြားပြီးနောက် လဲ့ဝူသာမက အခြားလူများပါ အံ့အားသင့်သွားကြသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ.. သခင် ပီကွမ်က သူတော်စင်အဆင့်သားရဲလေ့ကျင့်သူတစ်ဦးပဲဟာ.. သခင်.. နောက်ပြောင်နေတာ မဟုတ်လား” တစ်ယောက်က အပြုံးမပျက် ပြုံးပြရင်း မေးလိုက်သည်။

ပီကွမ်က “မဟုတ်ဘူး. ဟွာရှားမျိုးနွယ်စုမှာ နတ်ဘုရားတစ်ပိုင်းသားရဲလေ့ကျင့်သူ ရှိနေတယ်” ဟု ပြောလိုက်သည်။

“နတ်ဘုရားတပိုင်း သားရဲလေ့ကျင့်သူ တစ်ယောက်လား.. မင်းငါ့ကိုနောက်နေတာမလား” တစ်ယောက်ယောက်က အော်လိုက်သည်။

နတ်ဘုရားတစ်ပိုင်းသားရဲလေ့ကျင့်သူ ဘယ်လိုရှိနိုင်မလဲ.. ဟွာရှားမျိုးနွယ်စုက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကသာ စတင်တည်ထောင်ခဲ့တာ.. သူတို့မှာ သားရဲလေ့ကျင့်သူ ဘယ်နှစ်ယောက်ရှိလို့လဲ.. ဟမ်... သူတို့မှာ သားရဲလေ့ကျင့်သူ အများအပြားရှိနေတာလား..

ဒါပေမယ့်လည်း ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူ ဆယ်ယောက်ထက်တော့ မပိုသင့်ပေ။ ကောင်းဖန်ကတောင် တစ်ဦးတည်းသော အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူဖြစ်သည်။ သို့ဆိုလျှင် နတ်ဘုရားတစ်ပိုင်းသားရဲလေ့ကျင့်သူသည် မည်သည့်နေရာမှ မည်သို့ထွက်လာနိုင်မည်နည်း။

နတ်ဘုရားတစ်ပိုင်းသားရဲလေ့ကျင့်သူက ဘာလုပ်နိုင်သလဲဆိုရင်ရော သူ့တွင် သူ့ကိုယ်ပိုင် ထိပ်တန်းမျိုးနွယ်ကို ထူထောင်ရန် အလားအလာ ရှိသည်။ ထို့ကြောင့် ဟွာရှားမျိုးနွယ်စုသည်လည်း ထိပ်ဆုံးသို့ တက်လှမ်းရန် အလားအလာရှိသည်။

နတ်ဘုရားတစ်ပိုင်းနှင့် သူတော်စင်အဆင့်များသည် လက်တစ်ကမ်းသာ ဝေးကွာသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် အလွန်ကွာခြားသည်။ သူတော်စင်အဆင့်၏အမြင့်ဆုံးအဆင့်မှသားရဲ အများအပြားသည်လည်း ဤအဆင့်တွင်ပိတ်မိနေကြသည်။ ဘယ်လိုဖြတ်သန်းရမှန်းတောင် မသိကြပေ...

သူတော်စင်အဆင့်၏ စုစည်းမှုနယ်ပယ်ကိုဖြတ်ကျော်ခြင်းသည် အရှင်သခင်အဆင့်အတွက်နှင့် ကွဲပြားခြားနားသည်။ အရှင်သခင် အဆင့် သားရဲ၏ ခွန်အားသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်သရွေ့ စီးဆင်းမှုကို အခွင့်ကောင်းယူနိုင်သည်။ သို့သော် သူတော်စင်အဆင့်မှ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ဖြတ်ကျော်ခြင်းကိစ္စကတော့ သန့်ရှင်းစင်ကြယ်သောစွမ်းအား၏ ရိုးရှင်းသော ကိစ္စမဟုတ်တော့ပေ။ ထူးခြားသောနည်းလမ်းတစ်ခု လိုအပ်သည်။

အလားတူ မျိုးနွယ်စုငယ်များကလည်း အံ့ဩ‌နေကြသည်။

“ဒီလိုသာဆိုရင် သူ့ရဲ့အရည်အချင်းက အနည်းနဲ့အများတော့ ကြောက်စရာကောင်းတယ်...သူက နတ်ဘုရားတစ်ဆူရဲ့ လူပြန်ဝင်စားသူလို့တောင် ငါသံသယရှိမိတယ်” ဟု ယုဟွမ်းမင်က အေးစက်စွာပြောလိုက်သည်။ “အရင်က ဒီလိုဖြစ်ဖူးတယ်”

“ ဘယ်နတ်ဘုရားမှ လူဝင်စားတာမဟုတ်ဘူး.. ဒီကလေးကို အရင်က တွေ့ဖူးတယ်.. ငါတို့ မျိုးနွယ်ရဲ့ သူတော်စင်မက သူ့ကို အရမ်းချစ်တာ” ဟု နဂါးဖြူ မျိုးနွယ်၏ ဘိုးဘေးအိုကြီး တစ်ဦးက ပြောလိုက်သည်။

ယုဟွမ်းမင်းက ခဏလောက် စဉ်းစားလိုက်သည်။ “အဲဒီတုန်းက နတ်ဘုရားတစ်ပိုင်းသားရဲကတော့ သူ့သားရဲ မဟုတ်လောက်ဘူး... ဖြစ်နိုင်တာကတော့ သူခေါ်တဲ့ တပ်ကူတစ်ခုပါပဲ..”

“ကောင်းပြီလေ.. အဲဒါကို ဆွေးနွေးဖို့ အချိန်မဖြုန်းကြနဲ့တော့.. မနက်ဖြန် သူခေါ်ထားတဲ့ အရန်ကို ငါတွေ့မယ်” ဟု ယုဟွမ်းမင်က ရဲဝံ့စွာ ကြေညာလိုက်သည်။ “တကယ်လို့ ဒီသားရဲက ငါ့လက်ထဲမှာ အမှတ်မထင် ရှုံးနိမ့်သွားခဲ့ရင် နဂါးဖြူမျိုးနွယ်နဲ့ သူတော်စင်မကို လေးစားတဲ့အနေနဲ့ အဲဒီကလေးရဲ့ အသက်ကို ချမ်းသာပေမှာတော့ ဖြစ်ပေမဲ့ ဟွားရှားမျိုးနွယ်စုကတော့ စာချုပ်ချုပ်ဖို့ သဘောတူရမှာ ဖြစ်တယ်”

“မင်းသားရဲက ရှုံးရင်ရော ဘာဖြစ်မလဲ” အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စုမှ အဖိုးအို မူရွမ်းက သူ၏ မုတ်ဆိတ်မွေးကို ပွတ်ရင်း ကြည်နူးစွာ ပြောလိုက်သည်။

ယုဟွမ်းမင်သည် သတိရှိစွာ ရပ်လိုက်သည်။ ထို့နောက် ခပ်ခွာခွာနေပြီး မျက်နှာကို အမှောင်ထဲမှာအလျင်အမြန် ဖုံးကွယ်လိုက်သည်။ “ငါ့ရဲ့ လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓနဲ့ ရှုံးဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး”

***

All Chapters