← Chapters

အခန်း (၆၃၇-၆၄၀)

Vol. 40 Ch. 637-640

အခန်း (၆၃၇-၆၄၀)

Vol. 40 Ch. 637-640

အခန်း ၆၃၇ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ နှင့် လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓ

ရှန်းမူ မျိုးနွယ်၏ အဖိုးအိုသည် နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူက ယုဟွမ်းမင် ရဲ့ မျက်နှာကို စိုက်ကြည့်ပြီး “စိန်ခေါ်မှုတွေပြီးရင် လက်ထပ်ဖို့ အိမ်ပြန်မယ်လို့တော့ မပြောခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်သည်။

“ဘာအကြောင်းကို ပြောနေတာလဲ” ယုဟွမ်းမင်သည် တခဏလောက် အံ့အားသင့်သွားသည်။ “ကျွန်တော် အိမ်ထောင်ကျတာ ကြာပြီ... ကိုယ်လုပ်တော်နဲ့ လက်ထပ်ဖို့ကို ဆိုလိုတာလား” ယုဟွမ်းမင်သည် ချင်ရှန်းယွမ် ကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။ ဒီလူက သူနဲ့ အချိန်အတော်ကြာ နေထိုင်ပေမယ့် ဘယ်တော့မှ လေးစားမှု မရှိပေ။

ယုဟွမ်းမင်သည် ထိုကဲ့သို့သော ကောလာဟလအားလုံးကို အဓိပ္ပါယ်မဲ့အဖြစ် မှတ်ယူခဲ့သော်လည်း ယနေ့၌ သူသည် ၎င်းတို့ကို စတင်ယုံကြည်လာမိသည်။

“ကိုယ်လုပ်တော်နဲ့လက်ထပ်ဖို့ မဆိုလိုပါဘူး” အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

“ငါပြောရင်တာကို မင်းနားမလည်ဘူး” ထိပ်ပြောင်နေတဲ့အဖိုးအိုသည် သူ့အိတ်ကပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ စာအုပ်အဖုံးတွင် ကမ္ဘာပျက်ကပ်မဖြစ်ပွားမီ ဟွာရှားဒေသ၏ရုပ်ပုံရှိသည်။

“ဒါက အလံပဲ.. ဒီနေ့ တိုက်ရိုက်လွှင့်တာကိုလည်း ငါတွေ့တယ်” ထိပ်ပြောင်သော အဘိုးအိုသည် သူ့လက်ချောင်း များကို လျှာဖျားဖြင့် လျက်လိုက်ပြီး စာမျက်နှာများကို လှန်လိုက်သည်။

…

နံနက်ခင်းတွင် နေရောင်သည် မိုးကုပ်စက်ဝိုင်းပေါ်တွင် ဖြည်းညှင်းစွာကျလာသည်။ မျှော်လင်ခြင်းမြို့မှလူများသည် ထွန်ယက်စိုက်ပျိုးရန် ကြိုးစားနေကြသည်။ ထွန်ယက်သူများနှင့် စိုက်ပျိုးသူများသည် လွင်ပြင်များတစ်လျှောက် ပြေးလွှားနေကြပြီး လွင်ပြင်၏အဆုံးတွင် မြင့်မားသောတံတိုင်းတစ်ခု တည်ဆောက်လျက်ရှိသည်။

စုစုပေါင်း တံတိုင်းသုံးခုရှိသည်။ နံရံတစ်ခုစီတွင် သတိပေးချက်သံများကို ထိန်းကျောင်းပေးသည့် ဘုရင်အဆင့် သားရဲ လေ့ကျင့်သူ တစ်ယောက်ရှိသည်။ အကယ်၍ ဘုရင်အဆင့် သားရဲကျူးကျော်မှုတစ်ခု ဖြစ်ပွားခဲ့ပါက မျှော်လင့်ခြင်းမြို့၏ ရုံးချုပ်ကို အကြောင်း ကြားမည်ဖြစ်သည်။ အဲဒီနောက်မှာတော့ ဧကရာဇ်အဆင့်သားရဲကို ရန်သူဘုရင်အဆင့်သားရဲအား ကိုင်တွယ်နိုင်ဖို့ စေလွှတ်မည်ဖြစ်သည်။

ကောင်းဖန်က အစင်းလေးကို ဆင့်ခေါ်လိုက်သည်။ ၎င်း၏ကြီးမားသောကိုယ်ထည်သည် လွင်ပြင်ပေါ်ရှိ တောင်ကြီးတစ်ခုလိုဖြစ်နေပြီး ၎င်း၏ခန္ဓာကိုယ်ကို မိုင်ရာနှင့်ချီအကွာအဝေးမှပင် မြင်တွေ့နိုင်သည်။

ကောင်းဖန်၊ ကျီဟန့်ဝူနှင့် အထက်အရာရှိအချို့က အစင်းလေး၏ ခေါင်းပေါ်တွင် ထိုင်နေကြသည်။ ကောင်းဖန်သည် ထိုနေရာတွင် လေဟာပြင်တစ်ခုအပြင် စံအိမ်အသေးတစ်လုံးကိုလည်း တည်ဆောက်ထားသည်။ ထိုသို့ပြုလုပ်ရန် နှစ်ထပ်အလွှာ ပိတ်ဆို့ခြင်းတည်ဆောက်ပုံကို အသုံးပြုထားသည်။

ဖိုစဉ် ကောင်းကင်ကြီးသည် ရုတ်တရက် တောက်ပသော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ တောက်ပသော ရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်း မြင့်တက်လာပြီး မြေပြင်ပေါ်တွင် ကြီးမားသော အရိပ်များ ကျရောက်လာသည်။

“အဲဒါက…” တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ခေါင်းမော့လိုက်သည်။

ကောင်းကင်၌ သတ္တုကြေးမှိုကဲ့သို့ တစ်စုံတစ်ရာက ပေါ်လာသည်။ လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ၏ ကြီးမားသော ထုထည်သည် တောင်ငယ်လေးတစ်ခုကဲ့သို့ ကောင်းကင်တွင် လွင့်မျောနေသည်။ လက်ပေါင်းတစ်ထောင်သည် ပွင့်နေသော ပန်ကာကဲ့သို့ ကျောနောက်ဘက်တွင် စက်ဝိုင်းပုံအတိုင်း ငြိမ်သက်စွာ ဖြန့်ကြက်ထားသည်။

“ဒါက ပထမကမ္ဘာစစ်နဲ့တောင် ယှဉ်လို့ရတယ်။” ဟုန်ကျုံးတာ့လု၏အသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်နေသည်။

“ဒီမှာ နတ်ဘုရားတစ်ပိုင်းရှိတယ်ဆိုတာ ငါကြားမိတယ်.. ဒါကြောင့် စိန်ခေါ်မှုတစ်ခုကို ကမ်းလှမ်းဖို့ ဒီကို အထူးလာခဲ့တာ.. ဒါပေမဲ့ ဘယ် နတ်ဘုရားက ဒီနေရာမှာ ငါ့ကို တိုက်ခိုက်ဝံ့သလဲ... လက်ပေါင်းတစထောင်မျက်နှာမဲ့ ဗုဒ္ဓ၏ အသံသည် ပိုပိုကျယ်လောင်လာသည်။

“မင်းတို့မှာက အမှိုက်တွေနဲ့ ပြည့်နေတာ” ဒေါသတကြီးဟောက်သံသည် ကောင်းကင်၌ ပြင်းထန်စွာ အော်ဟစ်သံနှင့်အတူ လိုက်ပါလာသည်။

လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓ၏ ပတ်ပတ်လည်သည် ရုတ်တရက် လှိုင်းလုံးများဖြင့် ပြည့်နှက်လာသည်။ ကြည်လင်သော လှိုင်းတံပိုးများသည် လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓပတ်လည်တွင် ဖြစ်ပေါ်လာပြီး ဖောက်ထွင်း မြင်နိုင်ကာ ရှောင်လွှဲမရနိုင်သော ပိုက်ကွန်တစ်ခုဖြစ်လာသည်။

ရုတ်တရတ် ကောင်းကင်တစ်ခုလုံး ပြည့်အောင် ပြန့်ကျဲနေသော ပင့်ကူမျှင်ကြီးနဲ့အတူ ကြီးမားသော အရုပ်ကြီးတစ်ခု ခုန်ထွက်လာသည်။ လက်ပေါင်း တစ်ထောင် မျက်နှာမဲ့ဗုဒ္ဓ မတုံ့ပြန်နိုင်မီ ပြိုင်ဘက်သည် ပင့်ကူခြေသည်းနှစ်ဖက်ကို ဆန့်ထုတ်ကာ လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ၏ မျက်နှာပြင်ကို ဓားဖြင့်ထိုးလိုက်သည်။

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် အခွင့်ကောင်းယူကာ ပထမဆုံး လှုပ်ရှားမှုကို ပြုလုပ်လိုက်သော်လည်း လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓ၏ တုံ့ပြန်မှုကလည်း နှောင့်နှေးခြင်းမရှိပေ။ သူသည် တိုက်ခိုက်မှု ရောက်လာခါနီးတွင် ခေါင်းကို နောက်သို့ စောင်းလိုက်ကာ တစ်ချိန်တည်းတွင် ၎င်း၏ မရေတွက်နိုင်သော လက်ဖဝါးများက လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူကို ဆွဲတင်လိုက် ကြသည်။

လက်ဖဝါးများကြားမှ အဖြူရောင်မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော လေလှိုင်းများ ရောယှက်ပြီးနောက် ကြီးမားသော အဖြူရောင် မြူခိုးများ ဖြစ်ပေါ်လာသည်။ လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓသည် အဖြူရောင် မြူခိုးထဲတွင် တိတ်တိတ်ဆိတ်ဆိတ် အေးချမ်းစွာ ပုန်းကွယ်နေသည်။

အဖြုရောင်မြူများ ပျောက်ကွယ်သွားသောအခါ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ သို့သော်လည်း လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ၏မျက်ခုံးတော်ကြားတွင် အပေါက်ငယ်တစ်ခုရှိလာသည်။ အပေါက်က မနက်ပေမယ့် အတွင်းကနေ ရွှေရောင်အမှုန်အမွှားလေးတွေ ထွက်လာသည်။

အချိန်အတော်ကြာပြီးနောက် လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓသည် အသံနိမ့်ဖြင့် “အံ့ဩဖွယ်ပဲ” ဟု ဆိုလိုက်သည်။ ထိုသို့ပြောပြီး နောက်တွင် ၎င်း၏ပခုံးများ နိမ့်ကျကာ ခန္ဓာကိုယ်ကြီး နစ်မြုပ်သွားသည်။ သူ့နောက်ကျောနောက်က လက်တစ်ထောင်က ကောင်းကင်ကို မျက်နှာမူထားတဲ့ ကြာပန်းပွင့်လိုပင်။

လက်မောင်းတိုင်းကြား အကွာအဝေးသည် အတိအကျတူသည်။ ၎င်း၏ကြွက်သားများသည် ဆန့်ထုတ်ထားသောစပရိန်ကဲ့သို့ တင်းမာနေသည်။ လက်တထောင်ကိုလှည့်လိုက်ပြီး လက်ချောင်းတိုင်းကို ခေါက်ထားသည်။

ထို့နောက် လက်တစ်ထောင် ချက်ခြင်း ပျောက်ကွယ်သွားသည်။ ကောင်းကင်ယံတွင် ပြည့်လျှံနေသော ရွှေရောင်ဖျော့ဖျော့အလင်းရောင်မှလွဲ၍ ၎င်းတို့ကို အရိပ်အယောင်မျှ မမြင်နိုင်တော့ချေ။ နောက်ဆုံးတွင် ရွှေကြာပန်းတစ်ပွင့် ရုတ်တရက် ပွင့်လာသည်။ ပန်းက လှပပြီး လက်ရာမြောက် သည်။ ပန်းပွင့်သည် အချိန်အတော်ကြာပြီးမှသာ ပျောက်ဆုံးသွားသည်။

ကောင်းကင်ရှိ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ ယက်လုပ်ထားသည့် ကွန်ယက်သည် ကျိုးပဲ့သွားသည်။

“မင်းရဲ့ပင့်ကူမျှင်မရှိရင် မင်းငါ့ကိုတိုက်ဖို့ဘာသုံးနိုင်မှာလဲ” လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓက ဂုဏ်ယူစွာ မေးလိုက်သည်။

“အဲဒါက တစ်ညလုံး ယက်လုပ်ပြီးမှ ငါဖန်တီးနိုင်ခဲ့တဲ့ ကွန်ယက်တစ်ခုပဲ... မင်းက ဒီအတိုင်း ဖြဲလိုက်တာဆိုတော့ ဘယ်လောက်တောင် သတ္တိ ကောင်းနေတာလဲ” ဒေါ်သထွက်နေသော အမျိုးသမီး၏ အသံသည် ကောင်းကင်ယံ၌ ပျံ့လွင့်လာသည်။

နောက်အခိုက်အတန့်မှာ လေပြင်မုန်တိုင်းရေမှော်ပင့်ကူသည် အတွင်းမှ တွားသွားထွက်လာပြီး ခြေလှမ်းတိုင်းတွင် ၎င်း၏ ရောင်ဝါသည် ပို၍ ကြောက်စရာကောင်းလာသည်။

ကောင်းကင်က မှောင်နေပြီး အလင်းရောင်တွေ ရောယှက်နေသည်။

လေပြင်းမုန်တိုင်းရေမှော်ပင့်ကူ၏အရောင်သည်လည်း လျင်မြန်စွာပြောင်းလဲနေပြီး အပြာရင့်ရောင်မှ မီးခိုးရောင်သို့ ပြောင်းလဲသွားသည်။

မိုးကြိုးမုန်တိုင်းတစ်ခု ကျဆင်းလာပြီး လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ၏အရှိန်သည် သုံးဆတိုးလာသည်။

…

“သူ့အမြန်နှုန်းက အရမ်းမြန်တယ်” ကောင်းဖန်နဲ့ ဒန်ဘီတို့သည် တစ်ကိုယ်တည်း ပေါင်းစပ်ပြီးနောက် ကောင်းကင်တွင် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲကို မျှော်ကြည့်နေကြသည်။ ဒန်ဘီ၏စိတ်ဝိညာဉ်သည် လေပြင်းမုန်တိုင်းရေမှော်ပင့်ကူ၏ အရိပ်များကိုပင် မဖမ်းဆုပ်နိုင်ပေ။ တိုက်ခိုက်ခံရတိုင်း ၎င်း၏ပုံရိပ်ကို ထုတ်ဖော်ပြသရန် လုံလောက်အောင်သာ ရပ်တန့်သွားမည်ဖြစ်သည်။

ကောင်းဖန်က “ဒါက မင်းဆီက အမွေရထားတဲ့ လက်ဆောင်တစ်ခု မဟုတ်ဘူးဆိုတာတော့ သေချာတယ်” ဟုဆိုလိုက်သည်။

“ဒါက ငါ့အမျိုးဖြစ်နေတုန်းပါပဲ” ပင်လယ်ဝတုတ်သည် ဒေါသထွက်သွားသည်။

“...အဲဒါ မင်းအမျိုးမဟုတ်ဘူးလို့လည်း ငါမပြောပါဘူး” ကောင်းဖန်သည် ပြောစရာစကားမဲ့သွားသည်။ “သူ့ရဲ့ အရှိန်အဟုန် လက်ဆောင်က မင်းဆီက အမွေဆက်ခံတာမဟုတ်ဘူးလို့ ငါပြောတာ.. သူ့အမေရဲ့ အရှိန်က အရမ်းမြန်ခဲ့မယ်လို့ ငါယုံကြည်တယ်”

ပင်လယ်ဝတုတ်သည် ဤစကားကိုကြားသောအခါမှ ခေါင်းညိတ်လ်ိုက်သည်။ “သိပ်မဆိုးပါဘူး.... သူ့အမေရဲ့အရှိန်က တော်တော်မြန်တယ်.. ဒါပေမဲ့ အရှိန်က သူ့အမေရဲ့ ကျွမ်းကျင်မှုနယ်ပယ်တော့ မဟုတ်ဘူး.. တကယ်တော့ ဒါဟာ အလွန်ထူးဆန်းတဲ့ စွမ်းအားတစ်ခုပါပဲ” ပင်လယ်ဝတုတ်က ပြောလိုက်သည်။ ဒါပေမယ့် ဘာကြောင့် သူ့အသံမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂုဏ်ယူမှုမျိုး ရှိနေရတာလဲတော့ သူလည်း မသိပေ။

လွန်ခဲ့သည့်ရက်အနည်းငယ်ကတော့ ပင်လယ်ဝတုတ်သည် ပြောမပြတတ်အောင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်ပုံပေါက်ခဲ့ပြီး ယခုအခါမှာတော့ ၎င်း၏ဇနီးနှင့်သမီး၏ အရည်အချင်းများကို ဂုဏ်ယူစပြုလာသည်။

အရှိန်ပြင်းသော အရာဝတ္ထုတစ်ခုသည် ဒလိမ့်တုံးပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး သားရဲတစ်ကောင် သည် အခြားတစ်ဖက်ကို ထိန်းရန် နည်းလမ်းမရှိပါက ရိုက်နှက်ခြင်းခံရတော့မည်ဖြစ်သည်။

လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓ၏ စွမ်းရည်တွင် ချုပ်နှောင်မှုနည်းလမ်းများ မပါဝင်ပေ။ ထို့ကြောင့် ၎င်းသည် အကာအကွယ် ဥခွံကဲ့သို့ ၎င်း၏အကာကို မထိမိအောင် ၎င်း၏လက်တစ်ထောင်ကိုသာ အသုံးပြုနိုင်သည်။

လေပြင်းမုန်တိုင်းရေမှော်ပင့်ကူ၏ မှုန်ဝါးမှုသည် ရံဖန်ရံခါ ပေါ်လာသည်။ အကြိမ်တိုင်းတွင် လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ၏ ဒိုင်းလွှားကို ချိုးဖျက်နေသော်လည်း ၎င်း၏ ခန္ဓာကိုယ်က ဒဏ်ရာများ ရလာသည်။

ဆယ်မိနစ်လောက် ကြာသွားသောအခါ လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓသည် သည်းမခံနိုင်တော့ပေ။ သူသည် လှည့်ပြီး အသံတိုးတိုးဖြင့် ထွက်ပြေးသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၃၈ ဂုံးကောင်နတ်ဘုရား

လက်ပေါင်တစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ အဝေးသို့ လွတ်မြောက်သွားပြီးနောက် ကောင်းကင်တွင် တိမ်မည်းများ လွင့်ပျံသွားသည်။ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ၎င်း၏ပင့်ကူခြေသည်းများကို လှန်ပစ်လိုက်သည်။ “သူတို့က နည်းနည်းတော့ ကြမ်းတမ်းတယ်”

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ၏အောင်ပွဲသည် ကောင်းဖန်၏မျှော်လင့်ချက်အတိုင်းဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်း၏ စွမ်းရည်များကို ကြိုမြင်မိခဲ့သောကြောင့်ဖြစ်သည်။ လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ဗုဒ္ဓသည် အလွန်အားကောင်းသော်လည်း လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူနှင့် နှိုင်းယှဉ်လျှင် အားနည်းနေသေးသည်။

[သားရဲ အမည်] - လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ

[သားရဲ အဆင့်] - အဆင့် ၉၂ (နတ်ဘုရားတစ်ပိုင်း)

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာ/ ဒဏ္ဍာရီလာ

[သားရဲ အမျိုးအစား]- ရေ/ အာကာသ

[ကိုးကွယ်ခြင်းလုပ်ငန်းစဉ်] - ပင့်ကူခြေသည်းများ၊ မျက်လုံးများ၊ အတွင်းအင်္ဂါများ

[သားရဲ နယ်ပယ်] - ညှိုယူသောရေဟာကွက်

[သားရဲ အရည်အချင်း] - ဓားဖြင့် ချပ်ဝတ်တန်ဆာကို ဖြတ်ကျော်ခြင်း အဆင့် ၉၊ ပင့်ကူခြေသည်းမုန်တိုင်း အဆင့် ၁၀၊ ခန္ဓာကိုယ် တုံ့ပြန်လွယ်ခြင်း အဆင့် ၉၊ ရေဒြပ်စင်ထိန်ချုပ်ခြင်းအဆင့် ၁၀၊ အာကာသ စွဲလမ်းမှု အဆင့် ၇၊ ထိပ်တန်းဘက်မလိုက်ရောက်ပြန် အဆင့် ၉

မမြင်နိုင်သောပိုက်ကွန် (မည်သည့်မြေမျက်နှာသွင်ပြင်တွင်မဆို သားကောင်ဖမ်းရန်သုံးနိုင်သည်။ တစ်ချိန်တည်းတွင် ၎င်းကို ပိုင်ရှင်ကို ဖုံးကွယ်ရန် အသုံးပြုနိုင်သည်။)

အကျိုးသက်ရောက်မှု ၁ - ဒြပ်စင်၏ စွမ်းအားကို စားသုံးလိုက်ခြင်းဖြင့် လိုချင်သော နေရာတိုင်းတွင် မမြင်နိုင်သော ပိုက်ကွန်တစ်ခုကို ဖန်တီးနိုင်သည်။

အကျိုးသက်ရောက်မှု ၂ - ပိုင်ရှင်သည် မမြင်ရသောပိုက်အတွင်း အရှိန်တိုးမြင့်ပြီး ရွေ့လျားနိုင်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် အတွင်းပိုင်း၌ နေထိုင်နိုင်ပြီး မမြင်နိုင်သောပိုက်ကွန်၏ အတွင်းပိုင်းအတွင်း၌ လွတ်လပ်စွာ သွားလာနိုင်သည်။

အရိပ်အမြွက် - ရေပတ်ဝန်းကျင်တွင် ဖွဲ့စည်းထားသော မမြင်နိုင်သောပိုက်ကွန်များသည် မိမိကိုယ်ကို ပြန်လည်ရယူနိုင်စွမ်းရှိသည်။

အစုလိုက်အပြုံလိုက်သက်ဖြတ်ခြင်း အခါသမယ (မိခင်၏ထူးခြားသောစွမ်းရည်မှ အမွေဆက်ခံသည်။)

အကျိုးသက်ရောက်မှု ၁ - အစုလိုက်အပြုံလိုက်သက်ဖြတ်ခြင်းအခါသမယ ကို အသက်သွင်းပြီးနောက် ပိုင်ရှင်၏ အမြန်နှုန်းသည် အချိန်တိုအတွင်း မြင့်တက်လာနိုင်သည်။ ရရှိသောအမြန်နှုန်းတိုးမြှင့်မှုအတိုင်းအတာသည် ပိုင်ရှင်၏အမြင်၊ တုံ့ပြန်မှုအချိန်နှင့် ရန်လိုမှုတို့နှင့် ဆင်တူသည်။

အရိပ်အမြွက် - အစုလိုက်အပြုံလိုက်သက်ဖြတ်ခြင်းအခါသမယကို အများဆုံး တစ်နာရီအထိ ထိန်းသိမ်းထားနိုင်သည်။ ပြီးသွားပါက ပိုင်ရှင်၏ တုံ့ပြန်နိုင်စွမ်း အနည်းငယ် အားနည်းသွားမည်။

နတ်ဆိုးဓားသွား (၎င်း၏ အပြင်းထန်ဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနည်းလမ်းဖြစ်သည်။ ၎င်း၏ ဆင့်ကဲဖြစ်စဉ်တွင် တည်ရှိသည်။ မည်သည့်လက်နက်မဆို ၎င်း၏သေစေမှုအရှိဆုံးအရာ ဖြစ်လာနိုင်သည်။

အကျိုးသက်ရောက်မှု ၁ - လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ၏ပင့်ကူခြေသည်းများသည် အထူးသံချပ်ကာများကို ပျက်စီးစေနိုင်သည့် ပြိုင်ဘက်ကင်း ထူးဆန်းသောစွမ်းရည်ကို ပိုင်ဆိုင်လာမည်ဖြစ်သည်။

အကျိုးသက်ရောက်မှု ၂ - လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ၏ခြေသည်းများသည် ထူးထူးခြားခြား မာကျောပြီး ထက်မြက်လာမည် ဖြစ်သည်။

[သားရဲ ဖော်ပြချက်] - ၎င်းသည် နတ်ဘုရားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဖခင်၏မေတ္တာ ကာလရှည်ကြာစွာ ကင်းမဲ့ခဲ့ခြင်းကြောင့် ၎င်း၏ ပင်ကိုယ်စရိုက်ပ စိတ်ဓာတ်ကျခဲ့ရသည်။ ဖြည်းညှင်းစွာ မမျိုချမီ ၎င်း၏သားကောင်ကို အပိုင်းပိုင်းဖြတ်ခြင်းကို နှစ်သက်သည်။ ဆူညံသံများနှင့် အသက်ဝင်သောလေထုကို မုန်းတီးသည်။

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် အလွန်မြင့်မားသောအဆင့်သို့ တက်သွားသော ကြမ်းတမ်းသည့် လုပ်ကြံသတ်ဖြတ်သူဖြစ်သည်။ ၎င်း၏သတ်ခြင်းနည်းလမ်းများသည် အလွန်ရိုးရှင်းသည်။ ၎င်းတို့အားလုံးသည် ၎င်း၏ပင့်ကူခြေသည်းများအပေါ်တွင် မှီခိုကြပြီး အသီးအရွက်လှီးဖြတ်ခြင်းများနှင့်တော့ မတူပေ။ ၎င်း၏ခြေသည်းများကို မြှောက်ထားရန်သာ လိုအပ်ပြီး ၎င်း၏သားကောင်က ပင့်ကူ၏ အနှစ်သက်ဆုံး အသားတုံးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓဘုရားနှင့် တိုက်ခိုက်ပြီးနောက် လေမုန်တိုင်း ရေမှော်ပင့်ကူသည် ဖောက်ထွင်းမြင်ရသော ချည်မျှင် များစွာကို လွှင့်ထုတ်လိုက်သည်။ ချည်မျှင်များသည် ကောင်းကင်တွင် မြုပ်သွားကာ နောက်ဆုံးတွင် မမြင်နိုင်သော ပိုက်ကွန်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ချည်မျှင်တိုင်းသည် ရှည်လျားပြီး တစ်ခုစီ၏အဆုံးတွင် အဆုံးမဲ့ဖြစ်သည်။ သို့သော် ခဏအကြာတွင် ကောင်းကင်တစ်ခုလုံး ပြည့်လျှံသွားပြီး နောက်ဆုံးတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပျောက်ကွယ်သွားသည်။

လေမုန်တိုင်း ရေမှော်ပင့်ကူသည် ၎င်း၏ ပိုက်ကွန်ထဲသို့ ပျောက်ကွယ်မသွားမီ ၎င်း၏ခြေသည်းများကို အသုံးပြုလိုက်သည်။

ကောင်းကင်ကမ္ဘာတွင် လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓသည် ၎င်းပိုင်ဆိုင်သော ကမ္ဘာသို့ ပြန်ရောက်ပြီးနောက် လုံခြုံရေးအသွင် သဏ္ဍာန်အချို့ကို ပြန်လည်ရရှိလိုက်သည်။ သားရဲလေ့ကျင့်သူနှင့် သားရဲတို့၏ မျှဝေထားသော ခန္ဓာကိုယ်မှ မခွဲထွက်မီ ၎င်းနောက်ကို လိုက်မလာကြောင်း အတည်ပြုရန် ၎င်း၏ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ယုဟွမ်းမင်၏ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ ရှိနေသေးသည်။ သူသည် နဖူးပေါ်ရှိချွေးများကိုသုတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် မထွက်ခွာမီတွင် သူပြောခဲ့သော မာနထောင်လွှားပြီး ဟိတ်ဟန်ကြီးသည့် အပြောအဆိုနှင့် ထိုအချိန်က သူမည်မျှ ကြွားလုံးထုတ်ခဲ့သည်ကို တွေးတောနေမိလိုက်သည်။ အခု သူတော်တော်ရှက်မိသည်။

ယုဟွမ်းမင်သည် အကြီးအကဲများ၏ ကောင်စီသို့ ပြန်သွားရန် မဝံ့မရဲဖြစ်မိပြီး သူ့ကို လှောင်ပြောင်နေမည်လား မသိဟု တွေးနေမိသည်။ နောက်ဆုံးတွင် သေချာ တွေးတော ဆင်ခြင်ပြီးနောက် ယုဟွမ်းမင်သည် လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ဗုဒ္ဓကိုရွှမ်းဟူ မျိုးနွယ်စုထံ ပြန်ပို့ရန် ဆုံးဖြတ်လိုက်သည်။

“ဟွမ်မင်း ဘာလို့ ပြန်လာတာလဲ” ရွှမ်းဟူမျိုးနွယ်စုမှ ထက်မြက်သော သားရဲလေ့ကျင့်သူအချို့သည် လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ ဗုဒ္ဓ၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။

လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓသည် မျိုးနွယ်စုအတွင်းရှိ ချိုင့်ငယ်တစ်ခုတွင် ဆင်းသက်လာသည်။ ဤချိုင့်ဝှမ်းသည် တောင်များဖြင့် ဝန်းရံထားပြီး တောင်ထိပ်များသည် လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ဗုဒ္ဓကို လုံးဝမမြင်ရအောင် ဖုံးကွယ်ထားရန် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်သည်။

လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ၏လက်တစ်ထောင် တစ်ဖန်ပြန်လည်ကျန်းမာလာစေရန် ဦးခေါင်းကိုငုံ့ထားပြီး အသစ်တစ်ဖန် ပြန်လည်ဖြစ်လာသည်။ ဟာရီကိန်းမုန်တိုင်း၏ လေသည် ၎င်း၏ခန္ဓာကိုယ်ကို တိုက်ခတ်လာကာ ရွှေရောင်အရိပ်သည် ပို၍ပင် တောက်ပလာသည်။

ယုဟွမ်းမင်သည် ချိုင့်ဝှမ်းအတွင်းရှိ လိုဏ်ဂူတစ်ခုသို့ ရောက်ရှိလာသည်။ တံခါးနားတွင် ပေနှစ်ဆယ်ရှည်သော ပန်းပွင့်လေဟုန် သစ်ပင်သည် ဟာရီကိန်းမုန်တိုင်းမှ လေကိုပိတ်ဆို့ထားသည်။ ဂူအတွင်း၌ အလွန်ကျယ်ဝန်းသည်။ ယုဟွမ်းမင်သည် ရေအေး တစ်ခွက်ကို သူ့ကိုယ်ပေါ်သို့ လောင်းချလိုက်ပြီး ဖန်ခွက်ကို စားပွဲပေါ် မချမီ ခွက်နှစ်ခွက် ဆင့်သောက်လိုက်သည်။

သူ့အသက်ရှုသံက ပိုလေးလံနေသည်။ ယုဟွမ်းမင်သည် ထိုနေ့တိုက်ပွဲ၏ အမှတ်ရစရာများကို ပြန်လည်အသက်မသွင်းလိုတော့ပေ။ သူအရင်က တစ်ခါမှ မရှုံးဖူးပေ ဒါမှမဟုတ် ရှုံးနိမ့်တာကို သူလက်မခံနိုင်ပေ။ ယုဟွမ်းမင်က စိတ်မသက်မသာ ခံစားနေရသည်။

ကျောက်ဂူအပြင်ဘက်မှ ခြေသံများကို ကြားနေရသည်။ မကြာမီတွင် ယုဟွမ်းမင်နှင့် အလွန်ဆင်တူသော အမျိုးသားတစ်ဦးသည် ၎င်း၏ နားထင်မှဆံပင်ဖြူများကိုသိမ်ထားပြီး ထက်မြက်သော လင်းယုန်မျက်လုံးများနှင့် ခြေလှမ်းကျယ်များဖြင့် အထဲကို ဝင်လာသည်။ “ဟွမ်မင်.. ဘာဖြစ်နေတာလဲ.. မင်းပြန်လာတာကို ငါကြားတယ်... ဒါပေမယ့် မင်းငါ့ကို လာလည်ဖို့တောင် ခွင့်မပေးဘဲ ချိုင့်ထဲမှာ ပုန်းနေတာပဲ.. မင်းဦးလေးကို အပြင်လူတစ်ယောက်လို ဆက်ဆံနေတာလား”

“ဦးလေး” ယုဟွမ်းမင်က အသက်ရှုသွင်းလိုက်ပြီး သူ့ဦးလေးကို နှုတ်ဆက်ဖို့ ထလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး.. အပြင်မှာနေရတာ ငြီးငွေ့သလို ခံစားရလို့ပြန်လာတာပါ” ယုဟွမ်းမင်က ခေါင်းခါပြီး ဘာမှ ထပ်မပြောတော့ပေ။

“မင်းရဲ့ ပင်ကိုယ်စရိုက်ကို ငါကောင်းကောင်းနားလည်တယ်.. ငါ့ကိုပြောပါ.. မင်း တစ်စုံတစ်ယောက်ကို စိန်ခေါ်ဖို့ကြိုးစားပြီး ရှုံးခဲ့တာလား.. မင်းက ငယ်ငယ်လေးကတည်းက အမြဲတမ်း ဒေါသကြီးပြီး နတ်ဘုရားတစ်ပိုင်း ဖြစ်လာတာတောင်မှ မင်းက ဒီအတိုင်းပဲ နေနေတာ ငါသိပါတယ်”

ယုဟွမ်းမင်အကြောင်းကို ဒီလိုမျိုးပြောနိုင်တဲ့ တစ်ဦးတည်းသောလူက သူ့ဦးလေးဟာ ရှိသည်။ ယုဟွမ်းမင်က ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ “ဦးလေး…”

နောက်ဆုံးတွင် ယုဟွမ်းမင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို သူ့ဦးလေးထံ ရင်ဖွင့်လိုက် သည်။ “ဒါဆို ဒီလိုဖြစ်ခဲ့တာပဲ… တခြားလူတွေကို စိန်ခေါ်ခြင်းကနေ သင်ခန်းစာသာယူလိုက်ပါကွာ” ဟု ယုကုလန် က ပြုံးပြရင်း ပြောလိုက်သည်။

“မဟုတ်ဘူး... ကျွန်တော်က လက်ပေါင်းတစ်ထောင် မျက်နှာမဲ့ဗုဒ္ဓက ဘယ်တော့မှ မရှုံးစေရဘူးလို့ ပြောပြီးတာနဲ့ ကျွန်တော်ရှုံးသွားခဲ့တာ” ယုဟွမ်းမင်က ဝမ်းနည်းနေသည်။

ယုကုလန်က ခေါင်းခါလိုက်သည်။ သူ့တူလေးက သူ့ရဲ့အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို ဂရုစိုက်လွန်းသည်။ ယုကုလန်က “အခြားအဖွဲ့တွေကတောင် ဒါကို မေ့နေတာကြာပါပြီ” ဟု အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ “မင်းပြန်ရောက်တုန်း ဦးလေးလုပ်ထားတဲ့ ဝက်ပေါင်ခြောက်ကို စားကြည့်.. မပြန်ခင် အိမ်မှာ နှစ်ရက်လောက် အနားယူလိုက်ဦး”

…

ရက်တွေကြာလာပြီး ကြယ်တွေနေရာ ပြောင်းသွားသည်။ အခုက ညအချိန်ဖြစ်နေပြီ ဖြစ်သည်။ ဇောက်ထိုးတွဲလောင်းကျနေသော ကြယ်စင်မြစ်ကဲ့သို့ ကမ္ဘာကြယ်ကြီး၏အထက်တွင် တောက်ပသောကြယ်များပြည့်နေသော ကောင်းကင်ကြီးတစ်ခုရှိသည်။

ကောင်းကင်ယံ၌ အက်ကွဲကြောင်းတစ်ခုပေါ်လာသည်။ နဂါးငွေ့တန်းဂလက်ဆီသည် ရေတံခွန်ကဲ့သို့ စီးဆင်းလာပြီး ကြီးမားလှသော စွမ်းအားများ စီးဆင်းနေသကဲ့သို့ ကောင်းကင်တစ်ခုလုံးကို ပြည့်လျှံစေသည်။

ကမ္ဘာမြေကြယ်ပေါ်က အပင်တွေက အရူးအမူး ကြီးထွားလာသည်။ မြို့၏အပျက်အစီးများတွင် နစ်မြုပ်နေသော အပင်များ၏အသွင်အပြင်သည် မိနစ်တိုင်း ပြောင်းလဲနေသည်။ ကမ္ဘာမြေကြယ် အပြင်ဘက်ရှိ ကြီးမားသော စကြဝဠာကြီးသည် လျှို့ဝှက်သေတ္တာတစ်ခု၏ ထောင့်ကို ဖွင့်လိုက်သကဲ့သို့ ရုတ်တရက် ရွေ့လျားသွားသည်။

“မျက်စိတစ်မှိတ်အတွင်းမှာ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အပြောင်းအလဲတွေဖြစ်လာတာ… ဒါက နတ်ဘုရားရဲ့လုပ်ဆောင်ချက်လား…” ခွန်းလွန်တောင်ထိပ်တွင် နဂါးဖြူမျိုးနွယ်စု၏ အကြီးအကဲက ခေါင်းကို မော့ကာ ကြယ်မြစ်ကို စိုက်ကြည့်နေသည်။ သားရဲ အများအပြားက သူ့နောက်တွင် ရပ်နေကြသည်။ ကောင်းကင်မှာ သိသိသာသာ အပြောင်းအလဲတွေ ဖြစ်ပျက်နေတာကို မြင်လိုက်ရတော့ သူတို့ ထိတ်လန့်သွားသည်။

“ဟိုးရှေးရှေးတုန်းက ဂုံးကောင်နတ်ဘုရားက ကြယ်တွေအဖြစ် ပြောင်းလဲခဲ့ပြီး အနှစ် နှစ်သောင်း ကြာမြင့်တဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖုံးကွယ်ထားတဲ့ ကမ္ဘာမြေကြယ်ရဲ့ထောင့်တစ်ခုကို သိမ်းဆည်းထားခဲ့တယ်.. ဂုံးကောင် နတ်ဘုရားက အချိန်အတော်ကြာအောင် အိပ်ရင်း နစ်မြုပ်သွားခဲ့တယ်… အခုတော့ အချိန်ကျလာပြီ.. ဂုံးကောင်းနတ်ဘုရားက နောက်ဆုံးတော့ နိုးထလာပြီ..”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၃၉ ကျိုးနေသော လက်ချောင်း

တောက်ပသောအရောင်အဆင်းရှိသည့် တံလျှပ်တို့သည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် ရောင်စုံမြူမှုန်များသည် ကြယ်မြစ်များနှင့်အတူ ပျောက်ကွယ်သွားသည်။ အိမ်တစ်အိမ် အရွယ်အစားရှိသည့်မီးဘောလုံးသည် လေထဲတွင် လွင့်မျောနေပြီး ဘောလုံး၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော တွင်းများကို ညွှန်ပြနေသည့် အမှုန်အမွှားများ ရှိနေသည်။ ရောင်စုံအခိုးအငွေ့များကို ဤတွင်းများမှတဆင့် ထုတ်လွှတ်နေသည်။

ကောင်းကင်ကြီးသည် တုန်လှုပ်သွားပုံရပြီး ရုတ်တရက် ကမ္ဘာမြေကြယ်တစ်ခုလုံး တိမ်မြုပ်သွားသလို ဖြစ်သွားသည်။ နဂါးများဟိန်းဟောက်ခြင်း၊ ဖီးနစ်များ ခုန်ပျံတက်ခြင်း၊ ရာနှင့်ချီသော တောင်တန်းအရွယ် ဘီလူး ကြီးများ ကောင်းကင်ယံတွင် အော်ဟစ်နေကြခြင်းများ ဖြစ်လာပြီး ဒေါသကြီးသည့် တိုက်တန်များသည်လည်း နတ်ဘုရားများနှင့် တိုက်ခိုက်လာကြသည်။

အမြင်များသည် စွဲမက်ဖွယ်ကောင်းသော်လည်း နောက်ဆုံးတွင် ကောင်းကင်မှ နံနက်ခင်း မြူမှုန်များကဲ့သို့ ပျောက်ကွယ်သွားကြသည်။ မြူခိုးများ ပြန့်ကျဲသွားပြီးနောက် ကောင်းကင်သည် ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ဂုံးကောင်နတ်ဘုရာ၏ ခြေရာလက်ရာများ မကျန်တော့ပေ။

ခွန်လွန်တောင်တန်းရှိ တောင်ထိပ်တစ်ခု ရုတ်တရက်ပြိုကျသွားသည်။ အခိုးအငွေ့များနှင့် ဖုန်မှုန့်များ ပျောက်သွားပြီးနောက် ပြိုကျ သွားသောတောင်ထွတ်၏နောက်တွင် ကျန်ခဲ့သည် နေရာလွတ်အက်ကွဲကြောင်းတစ်ခုပေါ်လာသည်။

ထိုနေရာသည် စုတ်ပြဲနေတဲ့ အထည်နဲ့တူသည်။ လိုဏ်ခေါင်း၏ မျက်နှာပြင်ထက်တွင် ပြင်းထန်သော လှုပ်ရှားမှုများ ရှိသည်။ တောင်ထွတ်ကို ဗဟိုပြု၍ ဥမင်လိုဏ်ခေါင်းသည် အဆုံးမရှိ အလျားလိုက် ချဲ့ထွင်နေသည်။

“သွားကြရအောင်” နဂါးဖြူမျိုးနွယ်စု၏ အကြီးအကဲအိုကြီးသည် အံသြသွားသည်။ နေရာလွတ်ဥမင်လိုဏ်ခေါင်းတစ်ခု ပေါ်လာမည်ကို သူသိခဲ့သော်လည်း ဤမျှရှည်မည်ဟု မမျှော်လင့်ထားပေ။ ငါ့ဘိုးဘေးတွေက ငါတို့ကို ဒီအကြောင်းကို မပြောခဲ့ဘူးပဲ..

သူ့နောက်ကျောတွင်ရှိသော သားရဲလေ့ကျင့်သူများ အားလုံးသည် ကောင်းကင်ပြင်၌ ရှိနေကြသည်။ သူတို့သည် သူတို့အောက်က မြေပြင်ကြီးက တုန်လှုပ်နေတာကို တွေ့လိုက်ရသည်။ ကမ္ဘာမြေကြယ်ကြီးတစ်ခုလုံးသည် သိသိသာသာပြောင်းလဲမှုများကို ကြုံတွေ့နေရသည်။

ကျိုးပဲ့နေသော ဥမင်လိုဏ်ခေါင်းမှတဆင့် ကမ္ဘာမြေပေါ်သို့ ဒြပ်စင်များ အကန့်အသတ်မရှိ အများအပြား စီးဆင်းသွားသည်။ ဥမင် လိုဏ်ခေါင်း၏ ပါးစပ်၀တွင် ဒြပ်စင်များ ရောထွေးနေပြီး အရောင်တောက်တောက်များကို ခွဲခြားသိမြင်နိုင်သည်။ ဘေးပတ်ဝန်းကျင် ရှုခင်းများနှင့် ကြယ်တာရာများ အားလုံး ပြောင်းလဲသွားသည်။

“အကြီးအကဲ.. အာကာသဥမင်လိုဏ်ခေါင်းက အရမ်းကြီးပါတယ်… ကျုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံးက အချည်းနှီးပဲ” ပိုင်ဟန် အသက်ရှူသွင်းလိုက်သည်။ သူသည် ဒီမြင်ကွင်းကြောင့် နာကျင်ခံစားနေရသည်။

“သေချာပြောလို့တော့ မရဘူး.. ငါတို့က ကမ္ဘာမြေကြယ်ရဲ့တချို့နေရာတွေမှာလည်း အသုံးချအပင်တွေကို စိုက်ပျိုးထားတာပဲ.. အခုကတော့ ပထမဆုံး လုပ်ကြံဖို့ အခွင့်အရေးကို ဆုံးရှုံးသွားရုံပါပဲ” ဟု အကြီးအကဲအိုကြီးက ခေါင်းယမ်းကာ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သမုဒ္ဒရာကြီးလေးစင်း၏ ရေသည် ကမ်းခြေအနီးရှိ ကုန်းမြေများကို မလွှမ်းမိုးမီ ဒေါသတကြီး ဟိန်းဟောက်လာသည်။ ဤအခိုက်အတန့်တွင်လည်း ကမ္ဘာမြေကြယ်သည် ၎င်း၏ဆွဲငင်အားနှင့် ကွဲကွာနေသော သံလိုက်တစ်ခုကဲ့သို့ ပြုမူနေသည်။

ဆွဲငင်အားနှင့် ထိတွေ့သောဘက်သည် နဝမမြောက်ကောင်းကင်ဘုံ၏ ဝင်ပေါက် ဖြစ်လာသည်။ ဤဝင်ပေါက်သည် ခွန်လွန်တောင်နှင့် ဟိမဝန္တာတောင်တန်းနှစ်ခုကြားတွင် တည်ရှိသည်။ အားလုံးသည် နဝမမြောက်ကောင်းကင်ဘုံနှင့် ထပ်နေသည်။

ပြောင်းလဲမှုများသည် မပြီးဆုံးမီ နှစ်နာရီကြာထိ ဆက်လက်တည်ရှိနေသည်။ ထို့နောက်တွင် ခွန်းလွန်တောင်များနှင့် ဟိမဝန္တာ တောင်တန်းများကို ကျယ်ပြန့်သော တောင်တန်းများအဖြစ် ပေါင်းစည်းသွားပြီး အဆုံးကို မမြင်နိုင်တော့ပေ။

တောင်တန်းများကြားတွင် အလျားလိုက် ကျိုးနေသော လက်ချောင်းတစ်ချောင်း ထွက်ပေါ်လာသည်။ လက်ချောင်း၏ အချင်းကို အတိအကျ မသိရသေးသော်လည်း အနည်းဆုံး မိုင်ဝက်ခန့် ရှည်လျားသည်။ ကျိုးသွားသော လက်ချောင်းသည် ချောမွတ်နေသည်။ အသား၊ အသွေး၊ လက်သည်း၊ အရိုး အားလုံးကို သန့်ရှင်းစွာ ဖြတ်တောက်ထားသည်။

အထူးခြားဆုံးမှာ ဤလက်ချောင်း၏ အရေပြားသည် အညိုရောင်ဖြစ်ပြီး သစ်ပင်တစ်ပင်နှင့်တူနေသည်။ ချိုမြိန်သောရနံ့များဖြင့် ကွဲနေသောနေရာ၏မျက်နှာပြင်ပေါ်တွင် သွေးပူဖောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။

ဒဏ္ဍာရီလာ နဂါးဖြူ သားရဲတစ်ကောင်သည် မွှေးပျံ့သောရနံ့ကို ရှုရှိုက်လိုက်သည်။ မျက်လုံးများ ချက်ချင်းနီရဲလာပြီး နောက်အခိုက် အတန့်တွင် လည်ချောင်းမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ်သည် စတင်ရောင်ကိုင်းလာပြီး ၎င်း၏ နောက်ကျောတွင် အဖုနှစ်ခု လျင်မြန်စွာကြီးထွားလာပြီး အရွယ်အစားကြီးလာသည်။ သူတို့ရဲ့မျက်နှာပြင်တွေက အဝါရောင်အဖုတွေ ထွက်လာသည်။

“ဒါက မကောင်းဘူး.. ထိန်းချုပ်လို့မရတော့ဘူး” သားရဲ၏မျက်နှာသည် လျင်မြန်စွာ မည်းမှောင်သွားသည်။

ဒဏ္ဍာရီလာ နဂါးဖြူ၏ အဖြူရောင်အကြေးခွံများပေါ်ရှိ အက်ကွဲကြောင်းများမှ သွေးနီဥအများအပြား ထွက်ကျလာပြီး ဒဏ္ဍာရီလာ အဖြူရောင်နဂါးကြီးကို အနီရောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲပစ်လိုက်သည်။ သူ့နောက်ကျောမှာ ပေါက်နေတဲ့ အဖုသေး သေးလေးနှစ်ခုက အရိုးအတောင်ပံနှစ်ခု ထွက်လာဖို့ ပွင့်ထွက်သွားသည်။

အသွင်ပြောင်း ဒဏ္ဍာရီလာ နဂါးဖြူသည် ပြင်းထန်စွာ လှည့်ပတ်သွားသည်။ သူသည် ပိုင်ရှင်ကို ကိုက်ဖို့ကြိုးစားရင်း သူ့ပါးစပ်က တံတွေးတွေ ပြည့်လျှံနေသည်။

ထိုအချိန်တွင် ရေဖြင့်ဖွဲ့စည်းထားသော ဧရာမလက်ကြီးသည် ကြက်သေးသေးလေးကို ကိုင်ထားသကဲ့သို့ ဒဏ္ဍာရီ နဂါးဖြူကို ဖမ်းဆုပ်လိုက်သည်။

“အိုး…” ဒဏ္ဍာရီလာ နဂါးဖြူ၏ သားရဲလေ့ကျင့်သူသည် ထိုအချိန်တွင်ပင် သူ့အာရုံများ ပြန်လည်ရရှိသွားသည်။ သူ့အင်္ကျီက ချွေးတွေနဲ့ ရွှဲနေသည်။

တစ်ချိန်တည်းမှာပင် အုပ်စုတွင်းရှိ အခြားသော သားရဲနှစ်ကောင်သည် လက္ခဏာများ ကွဲပြားသော်လည်း အပြောင်းအလဲများကို ကြုံတွေ့နေရသည်။

“အရင်သွားရအောင်” အကြီးအကဲအိုကြီး၏ လေသံက လေးလံနေသည်။

နဂါးဖြူငါးကောင်သည် လူအုပ်စုနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားသည်။ အကြီးအကဲအိုကြီးနှင့် နဂါးဖြူမျိုးနွယ်မှ အခြားလူများ ထွက်ခွာသွားပြီးနောက် အာဖရိကတိုက်တစ်ခု၏ အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သော တောင်တန်းကြီးသည် သက်ဝင်လှုပ်ရှားလာကြောင်း မည်သူမျှ မသိလိုက်ကြပေ။

တောစပ်တွင် မြင့်မားသောသစ်ပင်များက ယိမ်းနွဲ့နေပြီး ထူထပ်သောအမိုးများသည် လေထဲတွင် လွင့်နေသောကြောင့် သရဲဆံပင်ပုံသဏ္ဍာန်လို ရှိနေသည်။ ရုတ်တရက် နေကြာပင်၏ ကြမ်းတမ်းသည့် ပင်စည်သည် မျက်လုံးများ ပွင့်လာသည်။

ကြမ်းတမ်းသောအခေါက်သည် အလွန်လျှင်မြန်သောနှုန်းဖြင့် စတင်ကြီးထွားလာပြီး မရေမတွက်နိုင်သော အစင်းများ ပေါ်လာသည်။ သစ်ပင်ထိပ်ရှိ အရွက်များသည် ချွန်ထက်ပြီး အနီရောင် ထိပ်ဖျားများဖြစ်သွားသည်။ မြွေနှင့်တူသော အမြစ်များကို မြေကြီးမှ ဆွဲထုတ်ပြီး ထူထဲသော ခြေချောင်းသုံးချောင်း ဖြစ်ပေါ်လာသည်အထိ ရောထွေးနေသည်။

ဤသည်မှာ အစသာရှိသေးသည်။ တောင်တန်းများတစ်လျှောက်ရှိ တောအုပ်ထဲတွင်လည်း သစ်ပင်အိုကြီးများ တစ်ပင်ပြီးတစ်ပင် အသက် ရှင်လာကြသည်။ ဖြစ်ပျက်နေသော အရာများသည် ထိုနေရာတွင် ရပ်တန့်မနေပေ။ ပန်းရနံ့များပါသော အချို့သော သားရဲများသည်လည်း ပြင်းထန်သော ဗီဇ ပြောင်းလဲမှုများကိုပင် ပြုလုပ်ခဲ့ကြပြီး မကောင်းသောလေများကို တိုက်ထုတ်သည့် သက်ကြားအို နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွား ကြသည်။

အသက်ရှင်လျက်ရှိသော သစ်ပင်နတ်ဆိုးများသည် ကမ္ဘာမြေကြယ်ဆီသို့ အပြေးအလွှား ပြေးသွားကြသည်။

ရှန်းနုံကျိုင်း အနီးတစ်ဝိုက်ရှိ မျိုးနွယ်စုများ၏ မဟာမိတ်တပ်များသည် နောက်ဆုံးတွင် ၎င်းတို့၏ စောင့်မျှော်နေသော ပြိုင်ဘက်များကို တွေ့လိုက်ရသည်။ ဒီပြိုင်ဘက်တွေရဲ့ အသွင်အပြင်က နည်းနည်းတော့ ထူးဆန်းသည်။

ဇဲ့ယွမ်သည် ထောင်သောင်းချီသော သစ်ပင်နတ်ဆိုးများ ၎င်းတို့ဆီသို့ ဦးတည်လာနေသည်ကို ပထမဆုံးတွေ့လိုက်ရသောအခါတွင် ရှားပါးသော သက်တောင့်သက်သာရှိသည့် အပြုံးတစ်ခု သူ့မျက်တွင်ပေါ်လာသည်။ “အဲဒါက သန္ဓေပြောင်း မျိုးနွယ်စုတွေပဲ.. အားလုံး လုပ်နိုင်ပါ့မလား.. ဤသစ်ပင်နတ်ဆိုးအချို့က လက်ရွေးစင်အဆင့်ပဲရှိတယ်”

“သူတို့အထဲမှာ အရှင်သခင်အဆင့်သားရဲ အနည်းစုလည်း မရှိဘူးမဟုတ်လား” သူ့ဘေးနားက တစ်ယောက်က ရယ်လ်ိုက်သည်။

အစက ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရှိသော သားရဲစစ်တပ်နှင့် သူတော်စင်အဆင့်သားရဲများ၊ နတ်ဘုရားတစ်ပိုင်းသားရဲ များပါ၀င်လာမည်ဟု မျှော်လင့်ထားခဲ့သည်။ ယင်းအစား အခုတော့ သာမန်စစ်တပ်သာ ဖြစ်နေသည်။

“အကြီးအကဲ.. ဒီကောင်တွေက အရမ်းထူးဆန်းတယ်.. သူတို့က ကျုပ်တို့ကို စမ်းသပ်ဖို့ စစ်တပ်ကို စေလွှတ်လိုက်တာပဲ ဖြစ်နိုင်တယ်…” ဇဲ့ယွမ်ဘေးတွင် ရပ်နေသော လူအိုကြီးတစ်ယောက်က သူ့ကို သတိပေးလိုက်သည်။ အားနည်းသောရန်သူရှိခြင်းသည် သူတို့အတွက် ကောင်းသောအရာဖြစ်သော်လည်း ဤမြင်ကွင်းသည် သံသယဖြစ်စရာဖြစ်စရာကောင်းနေပြီး ၎င်းတို့အတွက် သတိထားနေရန် လိုအပ်သည်။

“ဝူဖန်.. သူတို့ရဲ့ အရေအတွက်က ငါတို့ မျှော်လင့်ထားတာထက် နည်းနည်း ပိုများနေတယ်.. ဒါပေမယ့် ငါတို့ လုပ်ရမှာက သူတို့ထဲက တချို့ကို သတ်ပစ်ဖို့ပဲ.. အဆိပ်မှိုမျိုးနွယ်စုက စစ်တပ်ကြီးများနဲ့ ဆက်ဆံရာမှာ အကောင်းဆုံးဖြစ်တာကို မမေ့နဲ့” ဇဲ့ယွမ်က ဝူဖန်ကို လက်ပြလိုက်သည်။

ထိုစကားများပြီးနောက် ဇဲ့ယွမ်သည် သူ့မျိုးနွယ်မှသခင်တစ်ဦးကို နတ်ဆိုးများကို ကိုင်တွယ်ရန် စေလွှတ်လိုက်သည်။ တခြားသူတွေကတော့ အမှောင်ထဲမှာ ပုန်းနေကြသည်။

အပြာရောင်နှင့် အစိမ်းရောင် မျက်ခုံးမွှေးများကြားတွင် တစ်ခုတည်းသော ဦးချိုနီနှင့် ဖားသားရဲတစ်ကောင်သည် တောထဲမှ ခုန်ထွက်လာသည်။ ၎င်း၏ဝမ်းဗိုက်သည် အဝိုင်းအဖြစ် ဖောင်းလာပြီး ၎င်း၏ အကြေးခွံခြေသည်းများသည် မြေပြင်ကို တင်းကျပ်စွာ ကုပ်ထားသည်။ အစိမ်းရောင်ဖျော့ဖျော့ အသံလှိုင်းတစ်ခုသည် ၎င်း၏ပါးစပ်မှတစ်ဆင့် ထွက်လာပြီး ထောင်သောင်းချီသော သစ်ပင်နတ်ဆိုးများကို ဝါးမျိုဖို့ လှိမ့်လာသော အသံလှိုင်းတစ်ခု ဖြစ်လာသည်။

အချိန်တွေ ရပ်သွားသလိုပါပင်။ သစ်ပင်နတ်ဆိုးများသည် ၎င်းတို့၏ လှုပ်ရှားမှုအားလုံး ရပ်တန့်သွားကာ မြေပြင်ပေါ်သို့ တစ်ချိန်တည်း ပြုတ်ကျသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၄၀ ဇဲ့ဟေး

ကျွန်တော့်အမည်က ဇဲ့ဟေးဖြစ်ပြီး အဆိပ်မှိုမျိုးနွယ်စုမှ အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူဖြစ်ပါတယ်။ ကျွန်တော့်အဖိုးက အဆိပ်မှိုမျိုးနွယ်စုရဲ့ အကြီးအကဲ ဇဲ့ယွမ်ဖြစ်ပါတယ်။

မျိုးနွယ်စုထဲက လူအနည်းငယ်ကသာ ကျွန်တော့်ရဲ့ အထောက်အထားအကြောင်း သိကြပြီး အပြင်လူတွေကို ကျွန်တော် ဘယ်သူလဲဆိုတာ ပြောပြခဲပါတယ်... ကျွန်တော်က တရားမဝင်သားတစ်ယောက်ပါ.. ကျွန်တော့်အမေက ရန်သူမျိုးနွယ်က မင်းသမီးဖြစ်ပြီး အဖေက အဲဒီမျိုးနွယ်စုရဲ့ ကျန်အဖွဲ့ဝင်တွေကို သတ်ပစ်ခဲ့ပါတယ်.. အဘိုးကလည်း အမေ့ကို ကိုယ်တိုင်ကွပ်မျက်ခဲ့ပါတယ်..

ဒါပေမယ့် ဒါက ကျွန်တော်နဲ့ မဆိုင်ပဲ ကျွန်တော် မွေးဖွားလာတာကိုလည်း မပြောင်းလဲနိုင်ပါဘူး..

ကျွန်တော့်အဘိုးက အရင်က ကျွန်တော်တို့ရဲ့ ဘိုးဘွားနယ်မြေကို သွားဖို့ မျိုးနွယ်စုအတွင်းရှိ အသန်မာဆုံးအဖွဲ့ဝင်များကို စုစည်းခဲ့ပြီး ကျွန်တော်ရဲ့အမည်ကလည်း စာရင်းမှာ ပါဝင်ခဲ့ပါတယ်.. အကြောင်းပြချက်ကတော့ အလွန်ရိုးရှင်းပါတယ်.. ကျွန်တော်ရဲ့ သားရဲက ကျွန်တော်တို့ မျိုးနွယ်စုအတွင်း ပျံသန်းနိုင်စွမ်းရှိတဲ့ အရှင်သခင်အဆင့် သားရဲအနည်းငယ်ထဲမှ တစ်ကောင်ဖြစ်လို့ပါ..

ကျွန်တော်တို့၏ ပြိုင်ဘက်များကတော့ နဝမမြောက်ကောင်းကင်ဘုံမှာ ကျန်ရစ်ခဲ့တဲ့ သန္ဓေပြောင်း မျိုးနွယ်စုများဖြစ်ပါတယ်။

ကျွန်တော်တို့လိုပဲ သူတို့ဟာ သားရဲများနဲ့ သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ပါတယ်.. ဒီသန္ဓေပြောင်း မျိုးနွယ်စုတွေက ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်ကတော့ အတိအကျသိချင်ပါတယ်...

ဇဲ့ဟေးကသူ့သားရဲ ကျောပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ သူ့အောက်မှ အဆိပ်ဦးချိုပုတ်သင်ညိုသည် သူ့သားရဲဖြစ်သည်။ ဇဲ့ဟေးသည် သူ့ရှေ့ရှိအရာများကို လေ့လာရန် မျက်လုံးများကို မှိတ်ထားရင်း အဆိပ်ဦးချိုပုတ်သင်ညို၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ စိမ်းဖျော့ဖျော့ အဆိပ်အခိုးအငွေ့များသည် အဆိပ်ဦးချိုပုတ်သင်ညို၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံဝဲနေပြီး အတောင်ပံခတ်လိုက်တိုင်း အနံ့ထွက်နေသည်။

“အကြီးအကဲ.. ကျုပ်တို့အနီးမှာ သစ်ပင်နတ်ဆိုးတွေ အများကြီးရှိတယ်.. အနည်းဆုံး တစ်သန်းလောက်ရှိတယ်” ဟု ဇဲ့ဟေးမှ ဇဲ့ယွမ်းထံသို့ သတင်းပို့လိုက်သည်။

သူတို့အောက်က မြေပြင်က အနည်းငယ် တုန်ခါလာသည်။

“အရှင်သခင်အဆင့် ဒါမှမဟုတ် သူတော်စင်အဆင့်သားရဲတွေရဲ့ အသက်ရှုသံကို မင်းခံစားမိပြီလား” ဇဲ့ယွမ်းမှ ဇဲ့ဟေးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ဇဲ့ဟေးက ခေါင်းခါသည်။ “ဘာလို့လဲဆိုတာ နားမလည်ပေမယ့် သစ်ပင်နတ်ဆိုးတွေက ကျွန်တော်တို့ကို တခြားလမ်းကြောင်းကနေ ချဉ်းကပ်နေတာကိုလည်း တွေ့ရတယ်”

ခေါင်းပေါ်ကနေ လေချွန်သံတွေ ထွက်လာပြီးနောက် အဆိပ်မှိုမျိုးနွယ်စုက တခြား သားရဲလေ့ကျင့်သူ နှစ်ယောက်လည်း ပတ်ဝန်းကျင်ကို တာဝန်ယူဖို့ ပြန်လာကြသည်။

“အကြီးအကဲ.. နဝမမြောက်ကောင်းကင်ဘုံနဲ့ ချိတ်ဆက်ထားတဲ့ အာကသဥမင်မှာ နဂါးဖြူမျိုးနွယ်စုကလူတွေပြောထားတဲ့ ကျိုးနေတဲ့လက်ချောင်းကို မတွေ့မိပါဘူး.. ဒါပေမယ့် လမ်းတစ်လျှောက်မှာ သားရဲတွေတော့ အများကြီးတွေ့ခဲ့ပါတယ်” ဟု လူနှစ်ယောက်က ခေါင်းခါရင်း ပြောလိုက်သည်။

“ဘာမှမမြင်ဘူးလား” ဇဲ့ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ နဂါးဖြူမျိုးနွယ်စုက လူတွေက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ပြောခဲ့တာ မဟုတ်ဘူးလား..

ဇီယွမ်ကို ဥမင်လိုဏ်ခေါင်းနှင့် ကျိုးနေသော လက်ချောင်းများ ကောင်းကင်တွင် ပျံဝဲနေသည့် အကြောင်းတို့ကို ၎င်းတို့က ပြောပြခဲ့သည်။ သို့သော် သူ့မျိုးနွယ်မှ ကိုယ်တိုင်စေလွှတ်လိုက်သော လူများကတော့ ယခုအချိန်တွင် ကျိုးနေသော လက်ချောင်းကို မည်သည့်နေရာမှ မတွေ့ရတော့ကြောင်း ပြောပြသည်။ နဂါးဖြူနွယ်က လူတွေက သူ့ကို လိမ်ခဲ့တာ ဖြစ်နိုင်သလို ကျိုးနေတဲ့ လက်ချောင်းကို တိတ်တဆိတ် သယ်သွားခဲ့တာလည်း ဖြစ်နိုင်သည်။

သို့သော်လည်း စစ်ပွဲသည် ယခုမှစတင်ခြင်းဖြစ်သည်။ နဂါးဖြူမျိုးနွယ်စုတွင် ယုတ်မာသော ရည်ရွယ်ချက်များရှိလျှင်ပင် ယခုအချိန်သည် ပြည်တွင်းရန်ပွဲအတွက် အချိန်မဟုတ်သေးပေ။ ပိုင်ထုံမင်း သည် အမြင်ကျဉ်းသူမဟုတ်ပေ။

ထိုအချိန်အတွင်း အဆိပ်မှိုမျိုးနွယ်စုသည် ရှန်နုံကျိုင်းတစ်ဝိုက်ရှိ သစ်ပင်နတ်ဆိုးသားရဲများစွာကို သတ်ဖြတ်နေသည်။ အဆိပ်အမျိုးအစားများနှင့် သားရဲများ၏ ကျယ်ပြောလှသောတိုက်ခိုက်မှုများကြောင့် သစ်ပင်နတ်ဆိုးအလောင်းများစွာကို စုပုံထားသောအခါ ၎င်းတို့သည် တောင်ကုန်းများနှင့်ဆင်တူသည်။ မတော်တဆမှု မှန်သမျှကို တားဆီးဖို့အတွက် အလောင်းအများစုကိုလည်း မီးရှို့ပစ်လိုက်သည်။

၎င်းတို့သည် အဆင့်မြင့် သစ်ပင်နတ်ဆိုးများ၏ အလောင်းများကိုသာ ထိန်းသိမ်းထားသည်။ ဇဲ့ယွမ်၏မျက်နှာပေါ်ရှိ အပြုံးများကို မြင်တာနဲ့ သိနိုင်သည်။

“ထားလိုက်တော့.. သူတို့ မှားသွားတာလည်း ဖြစ်နိုင်ပါတယ်” ဇဲ့ယွမ်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာတော့ သစ်ပင်နတ်ဆိုးတွေ အကောင်အရေအတွက် တိုးလာခဲ့တယ်.. သူတို့ကြားထဲမှာ အရှင်သခင်အဆင့် သားရဲတွေ ပုန်းနေနိုင်တယ်.. ဒါကိုစိတ်ထဲထား.. အရမ်းသတိထားပါ.. ဒီကာလအတွင်း ငါတို့က သစ်ပင်နတ်ဆိုး ဆယ်သန်းထက်မနည်းကို သတ်ဖြတ်ခဲ့ရတယ်.. ဒါက မျိုးနွယ်အကြီးအကဲများရဲ့ စည်းဝေးပွဲမှ အဆိပ်မှိုမျိုးနွယ်စုကို အပ်နှင်းထားတဲ့ တာ၀န်ကို ပြီးမြောက်စေတယ်လို့လည်း မှတ်ယူလို့ရတယ်”

“နားလည်ပါပြီ”

အဝေးမှ သစ်ပင်နတ်ဆိုးများသည် မဆုံးနိုင်သော ဒီရေလှိုင်းကဲ့သို့ ပြေးလာနေကြသည်။ သစ်ပင်နတ်ဆိုးမျိုးစုံအပါအဝင် နတ်ဆိုးအမျိုးမျိုးရှိသည်။

သူတို့ရဲ့ မွေးရာပါလက်ဆောင်တွေကြောင့် သစ်ပင်နတ်ဆိုးအများစုက လူတွေထက် ပိုကြီးသည်။ သူတို့ရဲ့ အမြင့်တွေက ပေရာနဲ့ချီကနေ ထောင်ဂဏန်းအထိ ရှိပေမယ့် သူတို့ရဲ့ အဆင့်တွေကတော့ မမြင့်ပေ။ အများစုမှာ လက်ရွေးစင်အဆင့် သို့မဟုတ် ကွန်မန်ဒါ အဆင့်များဖြစ်သည်။

ရုတ်တရတ် မရေမတွက်နိုင်သော နဂါးများသည် ကောင်းကင်နှင့် မြေပြင်တွင် လှိုင်းလုံးများ ရိုက်ခတ်နေသကဲ့သို့ ထူထဲသော သွေးပြန်ကြောများ ဖြတ်သွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။

“အရှင်သခင်အဆင့် သားရဲတစ်ကောင်” ဇဲ့ယွမ်းက တည်ငြိမ်စွာပြောလိုက်သည်။ အရှင်သခင်အဆင့်သားရဲတစ်ကောင်၏ အသွင်အပြင်သည် သူ့မျှော်လင့်ချက်အတိုင်း ရှိနေသည်။ ဇဲ့ယွမ်၏ လက်ဖဝါးကို လှည့်ပတ်နေသော မြွေဖြူလေးသည် ရုတ်တရက် တုန်လှုပ်သွားပြီး မြေပြင်သို့ ပျောက်ကွယ်မသွားမီ အဖြူရောင်လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။

မြွေအစွယ်များသည် သွေးပြန်ကြောများနှင့် အလင်းကို ထိတွေ့စေသည်။ အစွယ်များသည် သွေးပြန်ကြောများ၏ မျက်နှာပြင်တစ်လျှောက် ဆုတ်သွားကာ ဒဏ်ရာများမှ တစ်ဆင့် ဖောက်ထွင်းမြင်ရသည့် အဆိပ်အစက်အနည်းငယ်သည် ၎င်းတို့၏ အတွင်းပိုင်းထဲသို့ စိမ့်ဝင်သွားသည်။

အဖြူရောင်အလင်းသည် တစ်ဖန်ပြန်လင်းလာပြီး မြွေဖြူလေးသည် ဇဲ့ယွမ်၏လက်ကောက်ဝတ်တစ်ဝိုက်တွင် တစ်ဖန်ပေါ်လာသည်။ ဇဲ့ယွမ်သည် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်ပြီး မြွေဖြူလေး၏ ခေါင်းကို လှမ်းရိုက်လိုက်သည်။ သူ့မျက်နှာမှာ ထိတ်လန့်တကြား အရိပ်အယောင်ကို မမြင်နိုင်ပေ။

စက္ကန့်ဝက်လောက်ကြာတော့ ခရမ်းသီးတွေကို ရိုက်ခွဲလိုက်သလိုမျိုး မြေပြင်ပေါ်ကို မရောက်ခင် အသက်ရှင်နေတဲ့ သွေးပြန်ကြောတွေ ပြုတ်ကျသွားသည်။ သွေးပြန်ကြောများ ညှိုးနွမ်းလာသည်နှင့်အမျှ သွေးကြောများ၏ အရောင်သည် လျင်မြန်စွာ မှိန်သွားသည်။ အရှင်သခင်အဆင့်သားရဲသည် စက္ကန့်ပိုင်းအတွင်း ထိုကဲ့သို့ အသတ်ခံလိုက်ရသည်။

သားရဲတပ်ထံမှ နှလုံးခုန်သံ ထွက်ပေါ်လာသည်။ သစ်ပင်နတ်ဆိုး အများအပြားသည် မုန်တိုင်းထဲရှိ မြက်ပင်များကဲ့သို့ပင် နေရာအနှံ့ ပျံဝဲနေသည်။

အစိမ်းရောင် မီးခိုးငွေ့များထဲမှ သားရဲအုပ်စု၏ အနက်ရှိုင်းဆုံးနေရာသို့ လေလှိုင်းများ ပျံ့နှံ့သွားသည်။ သတ္တဝါသည် အနီးသို့ မရောက်သေးသော်လည်း ပြင်းထန်ကြမ်းတမ်းသော အသက်ရှုသံများ ပျံ့လွင့်လာပြီး လျင်မြန်စွာ လွှမ်းခြုံလာသည်။

“သူတော်စင်အဆင့်” နောက်ဆုံးတွင် ဇဲ့ယွမ်၏ မျက်နှာပေါ်တွင် မတူညီသော အမူအရာတစ်ခု ပေါ်လာသည်။ “သစ်သားအမျိုးအစားတွေ ရှိရမယ်.. အပိုရိက္ခာတွေ ရမယ်ထင်တယ်” ဟု သူက ပြုံးပြီး ဆက်ပြောလိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ထဲသို့ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ၏ခါးတစ်ဝိုက်ရှိ မြွေဖြူတစ်ကောင်၏ ခန္ဓာကိုယ်သည် အလျားဆယ့်ငါးပေနှင့် အရွယ်ရောက်ပြီးသူ၏ ပေါင်ကဲ့သို့ ထူလာသည်အထိ ကြီးထွားလာသည်။

မြွေငယ်လေး၏ ခန္ဓာကိုယ်မှ စိမ်းဖျော့ဖျော့အရောင် ရောင်ဝါလည်း ထွက်ပေါ်လာသည်။

အခြား ရောင်ဝါများနှင့် မတူဘဲ မြွေဖြူလေး၏ ခန္ဓာကိုယ်ကို ဖြတ်၍ ထွက်ပေါ်လာသော တစ်ကောင်သည် အချင်း ပေ ၃၀ အကွာအဝေးသာ ရှိသည်။ ၎င်းသည် အခြားသောသူတော်စင်အဆင့်သားရဲများနှင့် ကြီးမားသော ကွာခြားချက်ဖြစ်သည်။

မြွေဖြူလေးကို လုံးလုံးလျားလျား ဖုံးကွယ်ထားနိုင်စေမယ့် မြူခိုးတွေ ထူထပ်စွာ ပျံ့နှံ့လာနေသည်။

အဖြူရောင် အလင်းတန်းတစ်ခုသည် အစိမ်းရောင်မြူခိုးထဲသို့ ပြေးဝင်သွားပြီး ၎င်းတို့သည် လက်ချင်းချိတ်ကာ တိုက်ပွဲ စတင်လိုက်သည်။ ဒီတိုက်ပွဲရဲ့ နောက်ဆက်တွဲရလဒ်က တခြား သားရဲတွေ အနားတောင်မကပ်အောင် တားဆီးနိုင်လောက်သည်။

ဇဲ့ဟေးသည် ထိုနေရာတွင် ဖြစ်ပွားနေသော တိုက်ပွဲကို ကြည့်ပြီး သားရဲခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် ပြင်ဆင်နေပြီး သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။ သို့သော် ရုတ်တရက် ခက်ခက်ခဲခဲ တစ်ခုခုကို နင်းမိသွားသလို ခံစားလိုက်ရသည်။ ဇဲ့ဟေးသည် ညာခြေကို ရွှေ့လိုက်ပြီး သူ့အောက် မြေပြင်မှ လက်ခလယ်တစ်ခုကို တွေ့လိုက်ရသည်။

ဒါဘာကြီးလဲ.. ဇဲ့ဟေးသည် ချက်ချင်းပင် အံသြသွားသည်။ ဘာကြောင့် မြေကြီးထဲမှာ လူသေကို မြှုပ်ထားရတာလဲ။

အဲဒီနောက်မှာတော့ ဇဲ့ဟေးက လက်ချောင်းထဲက ရှည်လျားတဲ့ သဏ္ဍာန်ကို ဆွဲထုတ်နေတာကို တွေ့လိုက်ရသည်။ ထို့နောက် တစ်စုံတစ်ခုက သူ့မျက်ခုံးကြား နေရာကို သူ မတုံ့ပြန်နိုင်ခင်မှာ ဝင်လာသည်။

ဇဲ့ဟေး၏ တစ်ကိုယ်လုံး အေးစက်သွားပြီး မျက်ခုံးမွှေးကြားရှိနေရာကို ထိရန် သူ့လက်ကို မြှောက်လိုက်သည်။ သို့သော် အဖုအထစ် တစ်စုံတစ်ရာ မရှိဘဲ လုံးဝ ချောမွေ့နေသည်။

ငါ့ကို သားရဲတစ်ကောင်က ဝင်ပူတယ်လို့တော့ မပြောနဲ့.. ဇဲ့ဟေးက သူသိတဲ့ တခြားသတ္တဝါတွေကို ထိန်းချုပ်တဲ့အကြောင်း တွေးနေမိသည်။ သူတို့၏ တိုက်ရိုက်တိုက်ပွဲစွမ်းရည်များသည် အလွန်ပြင်းထန်ခြင်းမရှိသော်လည်း ၎င်းတို့သည် ထူးခြားကာ သတိမထားမိချိန်တွင် သတ်လိုက်နိုင်သည်။

နောက်ဆုံးတော့ သူတော်စင်အဆင့် သားရဲကို ဇဲ့ယွမ်းက သုတ်သင်ပစ်လိုက်သည်။ သူသည် ဇဲ့ယွမ်း၏သားရဲသာ ကိုက်စားနိုင်သည့် အဆိပ်ရှိသော အလောင်းကို ပြန်လည်ယူဆောင်လာသည့်အပြင် ဇဲ့ယွမ်းတွင်လည်း လတ်ဆက်သော သူတော်စင်အဆင့် သားရဲ သလင်းကျောက်တစ်ခုရှိသည်။ ကြီးမြတ်သောဆုလာဘ်များရရှိပြီးနောက် ဇဲ့ယွမ်းသည်စိတ်ကောင်းဝင်နေသည်။

ဇဲ့ဟေးသည် သူ့အဖိုး ပြန်လာသည်ကို မြင်သောအခါ သူ့အခြေအနေအကြောင်း သတင်းပို့ရန် အသင့်ပြင်ထားသည်။ သို့သော် သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီးသည့်အခိုက်တွင် သူ့ခေါင်းသည် လုံးဝဗလာဖြစ်သွားသည်။ ထူးဆန်းသော ကြောက်ရွံ့မှုတစ်ခုက သူ့တစ်ကိုယ်လုံးကို အေးခဲသွားစေသည်။ သူ့ခန္ဓာကိုယ်ကိုတောင် မထိန်းနိုင်တော့ပေ။

နောက်ဆုံး သူ့အာရုံတွေဆီ ပြန်ရောက်သွားတော့ သူ့အင်္ကျီက ချွေးတွေရွှဲလို့နေသည်။

***

All Chapters