← Chapters

ဒေသသစ်

Vol. 48 Ch. 710

ဒေသသစ်

Vol. 48 Ch. 710

ဒေသသစ်။

ဘေးပတ်ဝန်းကျင် ဧရိယာကိုလည်း ပိတ်ဆို့ထားသည်။ သာမန်လူများ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ ပတ်ပတ်လည်ကိုတောင်မှ ပိတ်ဆို့ထားကာ လူအများအား ထိုနေရာ၌ လမ်းလျှောက်ခြင်းအား တားမြစ်ထား လေသည်။

ဤဒေသ၏ တိုးတက်ဖွံ့ဖြိုးရေးကို ကြေညာပြီးကတည်းက ၎င်းကို ထိပင်မထိသဖြင့် လူအများစုက ဤဒေသ ရှိနေသည်ကိုပင် မေ့နေကြသည်။ တကယ်တမ်းတွင် ဒေသသစ်၌ အဆောက်အဦးတချို့ ရှိပြီး ထိုအဆောက်အဦး ပုံစံက သာမန် အဆောက်အဦးများနှင့် လုံးဝ ကွာခြားလေသည်။

လက်ရှိအချိန်၌ ဒေသသစ်၏ အလယ်ဗဟိုတွင် စစ်ပွဲတစ်ပွဲ ဖြစ်ပွားလျှက် ရှိသည်။ ကျည်ဆံမုန်တိုင်းများကြားမှ လူသားများနှင့် သိသိသာသာ မတူကွဲပြားနေသော သတ္တဝါများက ပြေးထွက်လာနေသည်။

“ီးပဲကွာ၊ သူတို့ကို သတ်ပစ်”

“ဒီတိရစ္ဆာန်ကောင်တွေကို သတ်ကြ၊ သေပေတော့”

“ဟားဟားဟား … ဒါက စိတ်လှုပ်ရှားဖို့ကောင်းတယ်ကွာ၊ သူတို့ကို သတ်ပစ်ရတဲ့ ခံစားချက်က မိုက်တယ်”

စစ်သည်တော်တစ်ယောက်သည် မာန်အပြည့်နှင့် အော်ဟစ်နေသည်။ သူသည် အမည်မသိ သတ္တဝါတစ်ကောင်၏ ခေါင်းကို ပစ်ခွင်းလိုက်သော်လည်း သူ၏ ဦးခေါင်းအား အခြား အမည်မသိ သတ္တဝါတစ်ကောင်၏ ကိုက်ဖြတ်ခြင်း ခံလိုက်ရလေသည်။

“လောင်ချန်”

နောက်ထပ် စစ်သည်တော် တစ်ယောက်သည် အော်ဟစ်၍ မီးကိုတိုးသော ပိုးဖလံကောင်သဖွယ် အမည်မသိ သတ္တဝါများ ရှိရာအရပ်သို့ ပြေးဝင်သွားသည်။

ချက်ချင်းဆိုသလိုပင် သူ၏ လက်များ ပြတ်တောက်သွားပြီး သူ၏ ခန္ဓာကိုယ်တွင် သွေးများဖြင့် ဖုံးလွှမ်းလာ၏။

“ဟားဟားဟား … ဒါ အပေးအယူကောင်းပဲ”

ထို့နောက်တွင် …

“ဝုန်း”

သူ၏ ခန္ဓာကိုယ်ပေါ်၌ အနီရောင် အလင်း ထွက်ပေါ်လာပြီးနောက် ကျယ်လောင်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ ဗုံးက ပတ်ဝန်းကျင်ရှိ အမည်မသိ သတ္တဝါများအားလုံးကို သေဆုံးစေသည်။

စစ်သည်တော် တစ်ယောက်၏ သေဆုံးသွားလျှင် အခြားတစ်ယောက်က သူ့အစား နေရာယူပေလိမ့်မည်။ စစ်မြေပြင် တစ်ခုလုံး၌ ကိုယ်လက်အင်္ဂါ အပိုင်းအစများ ပျံ့ကြဲနေသည်။ ကြောက်စရာ အကောင်းဆုံး ရုပ်ရှင်တောင်မှ ဤမြင်ကွင်းကို မယှဉ်နိုင်ပါ။

တိုက်ပွဲအစပ်နား၌ အဘိုးအိုတစ်ချို့သည် နီရဲသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့က လက်သီးကို ကျစ်နေအောင် ဆုပ်ထားကြလေသည်။

“သူတို့ ဒီကို ရောက်နေကြပြီ”

ချန်ချီက တီးတိုးရေရွတ်ပြီး သူ့မျက်လုံးများက အလွန်အမင်း အာရုံစိုက်နေသည်။

သူတို့၏ အကြည့်များက အလယ်ဗဟိုသို့ ပြိုင်တူ ကျရောက်နေပြီး ထိုနေရာ၌ တုန်ခါမှုများက အလွန်အမင်း ပြင်းထန်သည်။ တစ်ချိန်တည်းမှာပင် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုက ထိုနေရာ၌ ပျံ့လွင့်နေ။ ထိုအရှိန်အဝါ တစ်ခုတည်းကတင် စစ်သည်တော်များအား တန့်သွားစေပြီး သေကြေပျက်စီးမှု များစေသည်။

“ဟမ့်”

ချန်ချီနှင့်အဖွဲ့သည် ခုန်လွှား၍ စစ်မြေပြင်ထဲသို့ လျှင်မြန်စွာ ပြေးဝင်သွားကြသည်။ သူတို့သည် ရန်သူနှင့် ယှဉ်နိုင်သော အရှိန်အဝါအား ခန္ဓာကိုယ်မှ ထုတ်လွှတ်နေကြသည်။

သူတို့သည် စစ်မြေပြင်၏ အမြင့်ပိုင်း တိုက်ပွဲဝင်သူများ ဖြစ်ကြသည်။ သူတို့သည် တိုက်ပွဲဇုံမှ ပြိုင်တူ ဆုတ်ခွာ၍ အနီးအနားမှ ကွင်းပြင်သို့ ဦးတည်လိုက်ကြသည်။ မကြာခင်မှာပင် ထိုနေရာ၏ စိတ်ဝိညာဉ်စွမ်းအင်က အားကောင်း၍ ပြင်းထန်သော စီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။

…

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်သည် ဒေသသစ်၏ အနီးအနားသို့ ရောက်ရှိလာသည်။ ဤနေရာ၏ ထူးခြားမှုကို သူ ခံစားမိနေသည်။

၎င်းသည် အလွန်အမင်း အစောင့်အကြပ် များသည်။ အစောင့်များ၏ မျက်နှာက ခက်ထန်ပြီး လူသတ်လိုသော အငွေ့အသက် ထုတ်ဖော်နေ၏။ အထူးခြားဆုံးမှာ သူတို့အားလုံး၌ လက်နက် ရှိနေခြင်းပင်။

ဧရိယာ၏ တင်းကြပ်သော လုံခြုံရေးက ရဲ့လင်းချန်ကို အံ့အားသင့်သွားစေခဲ့သည်။ သာမန်လူ တစ်ယောက် မဆိုထားနှင့်၊ စစ်သည်တော် တစ်ယောက်ပင် ခိုးဝင်ရန် ခက်ခဲပေသည်။

သူ၏ အရှိန်အဝါ ဟောကိန်းမှနေ၍ အစောင့်များနားမှ သိပ်သည်းသော ချီစွမ်းအင်ကို သူ မြင်နေရသည်။ ၎င်းက သူတို့၏ ခွန်အားက သာမန်လူများထက် သာလွန်ပြီး စစ်သည်တော်များ ဖြစ်ကြောင်း ပြသနေ၏။

ထို့အပြင် သူတို့၏ အရှိန်အဝါတွင် သွေးစွန်းသော ချီအငွေ့အသက် ပါဝင်နေသည်။ ယင်းက သူတို့သည် ယခင်က သူတပါး အသက်ကို နုတ်ယူဖူးကြောင်း ဆိုလိုနေလေသည်။

မတူညီသော စစ်သည်တော်များ၏ အရှိန်အဝါကို နှိုင်းယှဉ်ကြည့်ပြီးနောက် ရဲ့လင်းချန်သည် သူတို့၏ အရှိန်အဝါကို အခြေခံ၍ လူတစ်ယောက်၏ အခြေအနေနှင့် ခွန်အားကို အကြမးဖျင်း ခန့်မှန်းနိုင်သွားသည်။

*ဒီက စိတ်ဝိညာဉ် စွမ်းအင်က တကယ် သိပ်သည်းတာပဲ*

ရဲ့လင်းချန် တစ်ကိုယ်တည်း တွေးတော၍ ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်သည်။

အနီးအနား ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှုသည် သူ၏ ဆန်းကြယ်ကျွန်းနှင့် ဆင်တူသည်။ သူ၏ နဂါး အမဲလိုက်ခြင်း ပညာမှနေ၍ စိတ်ဝိညာဉ်စွမ်းအင်က သိပ်သည်းပြီး အနည်းဆုံး ငါးဆ ပိုသည်ကို ရဲ့လင်းချန် မြင်နေရသည်။

သို့သော် … ဤနေရာမှ စိတ်ဝိညာဉ် စွမ်းအင် တုန်ခါမှုသည် ပြင်းထန်၍ မတည်ငြိမ်ပုံရသည်။

*တိုက်ပွဲများ ရှိနေတာများလား*

ထိုစဉ် စစ်သည်တော်တစ်ယောက် လျှောက်လာပြီး ရဲ့လင်းချန်ကို အလေးပြုသည်။

“ကြီးကြပ်သူရဲ့”

ထို့နောက် သူသည် တံခါးကို စောင့်နေသော စစ်သည်တော်အား ခေါင်းညိတ်ပြလိုက်သည်။

“အတည်ပြုခြင်း ပြီးသွားပြီ၊ သူ့ကို ဝင်ခွင့်ပေးလိုက်”

“ကျေးဇူးပဲ”

ထို့နောက် ရဲ့လင်းချန်သည် ထိုစစ်သည်တော်အနောက်မှ လိုက်င ဒေသသစ်ထဲသို့ တရားဝင် ဝင်ရောက်လိုက်သည်။

သူ့ကို လာကြိုသည့် စစ်သည်တော်သည် အတော်လေး ငယ်ရွယ်သည်။ သူသည် အသက် နှစ်ဆယ့်တစ်၊ နှစ်ဆယ့်နှစ် ဝန်းကျင်သာ ရှိပုံရပြီး အတွင်းအား မဖွံ့ဖြိုးသေးသည့် သာမန် စစ်သည်တော် တစ်ယောက်သာ ဖြစ်သည်။

“နည်းပြချုပ်ရဲ့၊ ကျွန်တော့်ကို ရှောင်လီလို့ပဲ ခေါ်လို့ရပါတယ်၊ ကျွန်တော် အခု ခင်ဗျားကို သိုင်းပညာ စံအိမ်ကို ခေါ်သွားပါ့မယ်”

ရှောင်လီက ပြောလာသည်။

ရဲ့လင်းချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မင်း ဘယ်တုန်းက ဒီမှာ တာဝန်ကျတာလဲ”

“ကျွန်တော် ဒီကို လွန်ခဲ့တဲ့ သုံးနှစ်က ရောက်တာပါ”

ရှောင်လီက ပြန်ဖြေသည်။

“လွန်ခဲ့တဲ့ သုံးနှစ်ကလား၊ စောလွန်းမနေဘူးလား”

ရဲ့လင်းချန် အံ့ဩသွားသည်။

အဘိုးချင် ပြောစကားအရ ဤနေရာ၌ တာဝန်ကျသည့် စစ်သည်တော်များ အထူး ရွေးချယ်ခံထားရသည့်သူများ ဖြစ်ကြောင်း ရဲ့လင်းချန် သိထားသည်။ ပထမဆုံးအနေဖြင့် သူတို့သည် စစ်သည်တော်ဌာနသို့ စစ်သည်တော်များ အဖြစ် ဝင်ရောက်ရမည် ဖြစ်ကာ အထူး လေ့ကျင့်ရေးစခန်းသို့ ဝင်နိုင်အောင် ကြိုးစားရမည် ဖြစ်ပြီး နောက်ဆုံးတွင်မှ အထူးအဖွဲ့အဖြစ် ငရဲတံခါးကို စောင့်ကြပ်ရန် ဆန္ဒရှိသလားဟု အမေးခံရမည် ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်ကဆိုလျင် ရှောင်လီသည် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်သာ ရှိပေဦးမည်။

ရဲ့လင်းချန် စိတ်ရှုပ်ထွေးသွားသည်ကို သတိပြုမိသွားဟန်ဖြင့် ရှောင်လီက ရှင်းပြသည်။

“နည်းပြချုပ်ရဲ့၊ တကယ်တော့ ဒီကို ဝင်နိုင်တဲ့ နည်းတွေက အများကြီး ရှိပါတယ်၊ ခင်ဗျား သိထားတဲ့အရာတွေက လူထုအတွက်ပါ၊ တခြား နည်းလမ်းတွေလဲ ရှိပါတယ်၊ ဥပမာပြောရရင် ဒီစစ်သည်တော်တွေရဲ့ ကလေးတွေက ဒေသသစ်ထဲမှာ တန်းမွေးဖွားနိုင်ပါတယ်”

ထိုစကားက ရဲ့လင်းချန်ကို နားလည်သွားစေပြီး ခေါင်းတညိတ်ညိတ် ဖြစ်သွားလေသည်။ ထို့နောက် သူက မေးလိုက်သည်။

“သူတို့က ငယ်ငယ်ကတည်းက ထူးချွန်သူတွေအဖြစ် လေ့ကျင့်ခံရတာလား”

ဤဧရိယာတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်သည် နှိုင်းယှဉ်ပြနိုင်သည်ထက် ပေါများလွန်းသည်။ ဤနေရာ၌ သိုင်းပညာ လေ့ကျင့်ပါက အပြင်လောကဘက်၌ လေ့ကျင့်သည်ထက် အဆပေါင်းများစွာ ပို၍ ထိရောက်ပေလိမ့်မည်။ ဤနေရာ၌ နေထိုင်တာ စောလေလေ သိုင်းပညာ လေ့ကျင့်ရေးအတွက် ပိုကောင်းလေလေပင်။

ရဲ့လင်းချန် သိထားသော လမ်းကြောင်းသည် လူအများကို ခန့်အပ်ခြင်းအတွက် ဖြစ်ပြီး ဤနေရာအတွက် အခြားနည်းများ ရှိသည်က မဆန်းပေ။

“အဲ့လိုပြောလို့ရပါတယ်”

ရှောင်လီက ခေါင်းညိတ်ပြီး ရှင်းပြသည်။

“မျိုးရိုးဗီဇအမြင်အရ အဆင့်မြင့် စစ်သည်တော်တွေကနေ မွေးလာတဲ့ကလေးတွေက သိုင်းပညာအတွက် ပင်ကိုစွမ်းရည် ပိုကောင်းတယ်၊ အဲ့ဒါကြောင့် စစ်သည်တော်ဌာနက ဒီလူတွေကို လေ့ကျင့်ပေးတာကို ပိုဦးစားပေးတယ်၊ သူတို့ကို ဒီမှာ ပါဝင်ချင်စိတ် ရှိ၊မရှိတော့ ဆုံးဖြတ်ခွင့် ပေးသေးတာပေါ့”

“ဒီနေရာကို ဝင်ဖို့အတွက် မင်း ဘယ်လို ရွေးချယ်ခံရတာလဲ”

ရဲ့လင်းချန် မေးလိုက်သည်။

ရှောင်လီက ပင့်သက်ရှိုက်သွားပြီး မေးခွန်းကို မဖြေချင်ပုံပေါ်သည်။

“ကျွန်တော်လား အာ … လူသားတွေအတွက်လို့ ပြောရင် တော်တော်ကို မစွံဘူးလို့ ပြောရမှာပဲ၊ ကလဲ့စားချေဖို့ အတွက်လို့ပဲ ပြောရမှာပေါ့ဗျာ”

“ငါ တောင်းပန်ပါတယ်”

ရဲ့လင်းချန်က ခပ်လေးလေးအသံဖြင့် တောင်းပန်လိုက်သည်။

“နည်းပြချုပ်ရဲ့၊ ကျွန်တော် ဒါကို စိတ်ထဲမထားတော့တာ ကြာပါပြီ”

ရှောင်လီက ပြုံးပြသည်။

“တကယ်တော့ အစတုန်းက ကျွန်တော့်အဖေ ဘယ်လို သေသွားသလဲဆိုတာကို ကျွန်တော် မသိခဲ့ဘူး၊ ကျွန်တော် အဖေ့ကို အချိန်တစ်ခုအထိ မုန်းနေခဲ့တာ၊ နောက်ပိုင်းကြတော့ လူတစ်ယောက်က ကျွန်တော့်ကို ရှာတွေ့ပြီး ကျွန်တော့်အဖေက သူရဲကောင်းတစ်ယောက်အနေနဲ့ သေဆုံးသွားခဲ့တာလို့ ပြောပြခဲ့တာ၊ အဲ့တော့မှ ကျွန်တော့်အမုန်းတွေ မရှိတော့တာ၊ အဲ့အစား ကျွန်တော် ဂုဏ်ယူသလို ခံစားရတယ်”

“ဒါပေမဲ့ ကျွန်တော့် အရည်အချင်းက မလုံလောက်ဘူး၊ ကျွန်တော် ဒီကို ရောက်နေတာ သုံးနှစ်တောင် ရှိနေပြီး အတွင်းအားကိုတောင့် မလေ့ကျင့်နိုင်သေးဘူး၊ ကျွန်တော့်မှာ စစ်မြေပြင်ကို ဝင်ရောက်ဖို့လို့တဲ့ အရာတောင် မရှိဘူး”

ဤနေရာမှ စိတ်ဝိညာဉ်စွမ်းအင်သည် အပြင်လောကထက် ပို၍ သိပ်သည်းသည်။ ကွာခြားမှုက သိသာလေလေ မအောင်မြင်မှုက ပိုသိသာလေလေ ဖြစ်သည်။ သုံးနှစ်ကြာပြီးသည့်တိုင်အောင် သူ့အတွင်းအားကို မစုစည်းနိုင်သဖြင့် ရှောင်လီ၏ ပါရမီက အတော်လေး ဆိုးပေသည်။

“စစ်မြေပြင် မသွားခင် အတွင်းအားကို စုစည်းနိုင်ဖို့ လိုတာလား”

ရဲ့လင်းချန်၏ မျက်လုံးများက ဖျပ်ခနဲ လက်သွားပြီး သိချင်စိတ်တို့ ပြည့်နှက်လာသည်။ ထိုအချက်မှနေ၍ သူတို့ ရင်ဆိုင်ရသည့် ပြိုင်ဘက်များက သန်မာကြောင်း သူ ပြောနိုင်သွားသည်။

အပြင်လောက၌ အတွင်းအားသုံး သိုင်းပညာရှင်များသည် အထူး သက်တော်စောင့်များအဖြစ် သတ်မှတ် နိုင်ပေသည်။ အလီကို ဥပမာထား၍ ပြောရပေမည်။ သူ လက်ဝှေ့ဘုရင် ဖြစ်ခဲ့စဉ်က လူအများ၏ အမြင်တွင် ဆရာသခင် အဖြစ် သတ်မှတ်ထားသော်လည်း သူ၏ ခွန်အားက အတွင်းအားသုံး သိုင်းပညာရှင်ကို မယှဉ်နိုင်ပေ။

လက်ရှိတွင် အတွင်းအားသည် စစ်မြေပြင်ကို ဝင်ရောက်ရန် အနည်းဆုံး လိုအပ်ချက် ဖြစ်နေလေသည်။

သို့သော် ၎င်းအား နားလည်နိုင်ပေသည်။ ဟင်းလင်းပြင်နယ်မြေသည် စိတ်ဝိညာဉ်စွမ်းအင် ပေါများသည်။ အမျိုးအမည် မသိသော သတ္တဝါများသည်လည်း အတော်လေး သန်မာနေလောက်သည်။ သူတို့သည် အနည်းဆုံး သာမန် လူသားများထက် ပို၍ သန်မာပေသည်။

“ဒီလိုအပ်ချက်က လုံးဝ သေချာပေါက်ကြီးတော့ မဟုတ်ဘူး၊ တကယ်လို့ လူတစ်ယောက်က သင့်တော်တဲ့ အသက်ကို ကျော်သွားပြီး အတွင်းအား လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို သိနေရင် တိုက်ခိုက်ဖို့အတွက် စစ်မြေပြင်ကို ဝင်ခွင့်ပေးတဲ့ စတေးခံအဖွဲ့လဲ ရှိသေးတယ်”

ရှောင်လီ၏ အသံက တိမ်ဝင်ကာ နာကျင်မှုတို့နှင့် ပြည့်နေသည်။

“ဒါပေမဲ့ အဲ့ဒါက များသောအားဖြင့် တစ်လမ်းသွားပဲ”

All Chapters