← Chapters

တစ်ပတ်ရိုက်သွားခြင်း

Vol. 48 Ch. 712

တစ်ပတ်ရိုက်သွားခြင်း

Vol. 48 Ch. 712

*ီးပဲ*

ရဲ့လင်းချန် ဒေါသထွက်သွားသည်။

ထိုစိတ်ဝိညာဉ် ကျောက်တုံးကို စုပ်ယူလိုက်သည်နှင့် သူ၏ အင်အားက နောက်တစ်ခါ အလွန်အမင်း တိုးတက်လာလိမ့်မည်ဟု သူ ခံစားချက် ရနေသည်။ အနည်းဆုံး ယင်းက သူ၏ လေ့ကျင့်ရယူထားသော ချီစွမ်းအင် တစ်ဆယ်ရာခိုင်နှုန်းကို အပြည့်အဝ ဖိနှိပ်နိုင်စေလောက်သည်။

ရှန်းကော်ချန်က သူ၏ မူလ စိတ်ဝိညာဉ်အဆင့်ကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်သည်က မဆန်းတော့ပေ။ ကျင့်ကြံရေးက မြင့်လာလေလေ ခက်ခဲလေလေ ဖြစ်သည်။ ရဲ့လင်းချန်က ထိုအရာကို အပြည့်အဝ နားလည်သည်။ ထို့အပြင် ဟင်းလင်းပြင်နယ်မြေ၌ သိပ်သည်းသာ စိတ်ဝိညာဉ် စွမ်းအင်အပြင် စိတ်ဝိညာဉ် ကျောက်တုံးကဲ့သို့သော ရတနာများလည်း ရှိနေသည်။ ထိုသို့ဆိုပါက ဟင်းလင်းပြင်နယ်မြေမှ စိတ်ဝိညာဉ် အသီးဆိုလျှင် ဘယ်လို ဖြစ်လောက်မည်နည်း။

၎င်း၏ အရွယ်အစားက သေးငယ်သော်လည်း ပါဝင်သော စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှုက မျှော်လင့်ထားသည် ထက်ပင် ကျော်လွန်နေ၏။

အကယ်၍ ဤစိတ်ဝိညာဉ် ကျောက်တုံးများကို သုံးပြီး အစီအရင်တစ်ခုကို သူ ဖန်တီးနိုင်ပါက …

*လခွမ်း … အဲ့လိုသာဆို ရူးချင်စရာ ကောင်းလောက်တယ်*

ရဲ့လင်းချန်၏ ဒေါသက မနာလိုခြင်းသို့ ပြောင်းလဲသွားသည်။ သူ၏ ခွန်အားနည်းမှုကြောင့်သာ မဟုတ်လျှင် ရှန်းကော်ချန်ကို သူ လုယက်မိလောက်သည်။

*ဒီလိုဆိုရင် …*

ရဲ့လင်းချန်သည် သူ၏ အစီအရင် စွမ်းရည်ကို အဆင့်မြင့်အဆင့်သို့ မြှင့်တင်ဆင်က သူ တစ်ခါမှ မကြားဖူးသော ပစ္စည်း အမြောက်အများကို အမှတ်ရမိသွားသည်။

*အဲ့ဒါတွေက ဟင်းလင်းပြင်နယ်မြေမှာ ရှိနေနိုင်လောက်လား*

ဥပမာအားဖြင့် ဤစိတ်ဝိညာဉ် ကျောက်တုံးပင်။ ၎င်းသည် အစီအရင်၏ ပင်မအတွက် ပြီးပြည့်စုံသော ရွေးချယ်မှု ဖြစ်သည်။

သူ၏ စွမ်းရည်များကို အဆင့်မြှင့်ခြင်းနှင့်အတူ သူ့တွင် ရှိသော ဗဟုသုတက ကမ္ဘာဂြိုဟ်၏ ဘောင်အတွင်းမှ တဖြည်းဖြည်း ကျော်လွန်လာ၏။ သူ လိုအပ်သော ပစ္စည်းများကို ကမ္ဘာဂြိုဟ်ပေါ်၌ ရှာမတွေ့နိုင်သဖြင့် သူ ဟင်းလင်းပြင် နယ်မြေကို ဖြတ်သန်းရမည့်ပုံ ပေါ်လေသည်။

“အဟမ်း … ဒါရိုက်တာရှန်း”

ရဲ့လင်းချန်က နှာခေါင်းပွတ်နေပြီးမှ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

“ကျွန်တော် စစ်သည်တော်ဌာနအတွက် အများကြီး ဆောင်ရွက်ပေးခဲ့ပါတယ်၊ အဲ့ဒါက ကျွန်တော့်ကို အမှတ် တော်တော်လေး ရစေလောက်တယ်တယ်၊ ကျွန်တော် … အဲ့ဒါတွေကို ခုနက စိတ်ဝိညာဉ် ကျောက်တုံးအတွက် လဲလှယ်လို့ ရနိုင်မလား”

“အိုး … ပြောပြပါဦး”

ရှန်းကော်ချန်က ထိုသို့ပြောပြီး ပြုံးနေသည်။

“ကျွန်တော် လင်းထျန်းရှုံးရဲ့ ဒဏ်ရာကို ကုပေးခဲ့တယ်”

“အင်း … ဒါပေမဲ့ မင်း ဆေးကုသခ ဆယ်သန်း တောင်းခဲ့တယ်လေ”

“ကျွန်တော် ကမ္ဘာမြေရဲ့ ဂိတ်တံခါးနဲ့ တိုက်ခိုက်ပြီး သူတို့ရဲ့ အတွင်းအားသုံး သိုင်းပညာရှင်ကို သတ်ခဲ့တယ်”

“ဒါကို တစ်ခုလို့ သတ်မှတ်လို့ရတယ်”

“ကျွန်တော် အမာတဲရာစု မျိုးရိုးဗီဇကို တိုက်ခိုက်ပြီး သန္ဓေပြောင်း သတ္တဝါတွေကို သတ်ခဲ့တယ်”

ဒါလဲ တစ်မှတ်”

“ကျွန်တော် … လေပူလက္ခဏာ တုပ်ကွေးရောဂါအတွက် အဖြေရှာပြီး လူပေါင်းများစွာကို ဘာမှမတောင်းဆိုဘဲ ကုသပေးခဲ့တယ်”

“ဒါလဲ ကောင်းပါတယ်၊ တခြား ဘာရှိသေးလဲ”

ရှန်းကော်ချန်က ပြုံးမြဲပြုံး၍ ရဲ့လင်းချန်ကို ကြည့်နေသည်။

ရဲ့လင်းချန် အစွမ်းကုန် ကြိုးစားကြည့်သည်။

“ကျွန်တော့်မှာ … ဘာမှ ထပ်မရှိတော့ပါဘူး”

“သိုင်းပညာစံအိမ်က ဟင်းလင်းပြင်နယ်မြေထဲက သတ္တဝါတွေရဲ့ ခြိမ်းခြောက်မှုအဆင့်ကို အေ၊ ဘီ၊ စီ ဆိုပြီး အဆင့်သုံးဆင့်နဲ့ ခွဲခြားထားတယ်၊ စီအဆင့်က အတွင်းအားသုံး သိုင်းပညာရှင်နဲ့ ညီမျှပြီး ဘီအဆင့်က အထွတ်အထိပ်အဆင့် အတွင်းအားလုံး သိုင်းပညာရှင်နဲ့ ညီမျှတယ်၊ အေအဆင့်ကတော့ မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်နဲ့ ညီမျှတယ်၊ အေအဆင့်ထက် ပိုတဲ့ တခြားအရာတွေလဲ ရှိသေးတာပေါ့”

“အမှတ်လိုအပ်မှုအရ စီအဆင့် အန္တရာယ်ကို သတ်နိုင်တာကို တစ်မှတ်လို့ သတ်မှတ်လို့ရတယ်၊ ဘီအဆင့်က ဆယ့်ငါးမှတ်နဲ့ အေအဆင့်က အမှတ် သုံးရာ၊ မင်း ခုနက မြင်ခဲ့တဲ့ စိတ်ဝိညာဉ် ကျောက်တုံးက တစ်ဂရမ်ကို အမှတ် တစ်ရာ လိုအပ်တယ်”

ရှန်းကော်ချန်က ရဲ့လင်းချန်ကို အပြုံးနှင့် ကြည့်နေသည်။ ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

*ဈေးကြီးလိုက်တာ*

အမှတ်တစ်ရာက အထွတ်အထိပ်အဆင့် အတွင်းအားသုံး သိုင်းပညာရှင်နှင့် ယှဉ်နိုင်သည့် အမည်မသိ သတ္တဝါ ခုနစ်ကောင်ကို သတ်ဖြတ်ခြင်း ညီမျှလေသည်။ သာမန် စစ်သည်တော်တစ်ဦးအတွက် ခက်ခဲလွန်းလှသည်။

အထွတ်အထိပ်အဆင့် အတွင်းအားသုံး သိုင်းပညာရှင်။ ထိုအဆင့်က အလွန်အမင်း ရှားပါးပေသည်။ ချင်ပိုင်ချွမ်းနှင့် အခြားနည်းပြချုပ်များတောင်မှ ထိုအဆင့်သာ ရှိသေးသည်။

“ငါ မင်းအတွက် အမှတ်တွေ ပေါင်းထည့်ပေးမယ်၊ ကမ္ဘာမြေရဲ့ ဂိတ်တံခါးကို တိုက်ခိုက်ပြီး သန္ဓေပြောင်း သတ္တဝါတွေကို သတ်ဖြတ်တာ၊ ဒါက အထွတ်အထိပ်အဆင့် အတွင်းအားသုံး သိုင်းပညာရှင်လို့ သတ်မှတ်လို့ ရတယ်၊ တခြားအရာတွေကို အတွင်းအားလုံး သိုင်းပညာရှင် လေးဆယ့်သုံးယောက်လို့ ထားလိုက်မယ်ဆိုရင် မင်း အမှတ် ငါးဆယ့်ရှစ်မယ် ရမယ်၊ လေပူလက္ခဏာ တုပ်ကွေးရောဂါအတွက်က …”

“အဲ့ဒါရဲ့ အဖျက်စွမ်းအားက အေအဆင့် ခြိမ်းခြောက်မှုနဲ့ ယှဉ်နိုင်တယ်၊ မင်းက မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် မင်းအတွက် အမှတ် တစ်ဝက်ရမယ်၊ ဆိုတော့ အမှတ် တစ်ရာ့ငါးဆယ်၊ အားလုံး ပေါင်းလိုက်ရင် အမှတ် နှစ်ရာနဲ့ ရှစ်မှတ်။ ဒါနဲ့ ပတ်သက်ပြီး မကျေနပ်တာ ရှိလား”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ စစ်သည်တော်ဌာနက သူ့အမှတ်များကို ကြိုတင်၍ စာရင်းကိုက်ထားပုံ ရသည်။

“ရော့ … ဒါ အမှတ်ကဒ်ပြား၊ စီမံခန့်ခွဲရေး စရိတ်တွေကို နုတ်လိုက်ပြီးတော့ ငါ မင်းအတွက် ကျန်တာ ထည့်ထားပေးတယ်၊ ဒီထဲမှာ အမှတ် နှစ်ရာ ပါတယ်၊ ဒါ ငါ ပြောဖို့လိုအပ်တာ အကုန်ပဲ၊ မင်း လျှောက်သွားပြီး ဒီနေရာနဲ့ ရင်းနှီးအောင် လုပ်ပေါ့၊ ဪ … မင်း စာသင်ခန်းတွေကို သွားပြီး ငါတို့မှာ ရှိတဲ့ ဟင်းလင်းပြင် နယ်မြေနဲ့ ပတ်သက်တဲ့ အခြေခံ ဗဟုသုတတွေကို သင်ယူသင့်တယ်”

ရှန်းကော်ချန်က ရွှေအိုရောင်ကဒ်ပြားတစ်ခုကို ရဲ့လင်းချန်ထံ ပစ်ပေးပြီး ခပ်သုတ်သုတ်လျှောက်သွားကာ လျှင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

*ဒီလူက ပျော်တတ်တာပဲ၊ ငါ ဝန်မခံချင်ပင်မယ့်လဲ သူ့အရှိန်က ငါ့ထက် နည်းနည်းလေး ပိုမြန်တဲ့ပုံပဲ၊ ကြည့်ရတာ … အဆင့်မြင့်အဆင့် လျင်မြန်စွာ ပြေးခြင်းစွမ်းရည်က အခု မလုံလောက်တော့တဲ့ပုံပဲ*

ရဲ့လင်းချန် တင်းနေသည်။ အသည်က ဖြစ်ကတတ်ဆန်းနိုင်သော ကြိုဆိုမှုပင်။ သူ့တွင် မေးခွန်းများစွာ ရှိနေသေး၏။

*အနည်းဆုံး သူ ငါ့ကို ဘယ်ဘက်ကို သွားသင့်တယ်လို့ ပြောသွားသင့်တယ်*

သူ လျှောက်သွားပြီး အရှေ့တည့်တည့်မှ လမ်းအတိုင်း ဆက်လျှောက်သွားလေသည်။ စိတ်ဝိညာဉ်စွမ်းအင်ကြောင့် ပတ်ဝန်းကျင်၏ စိမ်းစိုမှုက သာလွန်လှသည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်သည် ဟင်းလင်းပြင်များပြီး လမ်းပေါ်တွင် လူအနည်းငယ်သာ ရှိလေသည်။

နေရာလိုက်မေးပြီးနောက် ရဲ့လင်းချန်သည် အမှတ် အလဲအလှယ်ခန်းသို့ ရောက်သွားသည်။

၎င်းသည် ကျယ်ပြန့်သော ခန်းမတစ်ခုဖြစ်ပြီး အဘိုးအိုတစ်ဦးက ခုံ၌ ပျင်းရိပျင်းတွဲ ထိုင်နေ၏။ သူသည် ခုံ၌ အလွန် သက်တောင့်သက်သာ ရှိနေပုံ ရပြီး မျက်လုံးများ မှိတ်ထားသည်။

ရဲ့လင်းချန် ရောက်လာသည်ကိုမြင်သော် အဘိုးအိုက မျက်လုံးဖွင့်ကြည့်၍ အေးအေးလူလူ ပြောလိုက်သည်။

“လူသစ်လား၊ ဖောင်ဖြည့်ပြီး မင်းရဲ့ အမှတ်ကဒ် ယူလိုက်”

ရဲ့လင်းချန်၏ ခန္ဓာကိုယ်က မတ်ခနဲ ဖြစ်သွားသည်။ သူ့ရင်ထဲ၌ မကောင်းသော ခံစားချက် ပေါ်လာပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“အမှတ်ကဒ် ထုတ်တာအတွက် စီမံခန့်ခွဲရေးစရိတ် ပေးရသေးလား”

“အမှတ်ကဒ်က ဒီမှာ မင်းရဲ့ မှတ်ပုံတင်လိုပဲလေ၊ ဘာလို့ စီမံခန့်ခွဲရေး စရိတ် ရှိရမှာလဲ”

အဘိုးအိုက ရဲ့လင်းချန်ကို ကြည့်၍ ရယ်နေသည်။

“တကယ်လို့ မင်း ပေးချင်တယ်ဆိုရင် နှစ်ဆယ်သာ ပေးလိုက်”

*နှစ်ဆယ်*

*နှစ်ဆယ်လား*

သူ ခေါင်းကျိန်းသွားပြီး သူ့အမှတ်ကဒ်ကို ထုတ်၍ မျှော်လင့်တကြီး မေးလိုက်သည်။

“ဆရာ … ကျွန်တော့်လက်ထဲက ဒီအမှတ်ကဒ်နဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားတာရှိလားဆိုတာကို စစ်ဆေးပေးလို့ ရမလား”

“အမ် … ဒါဆို မင်းမှာ အမှတ်ကဒ် ရှိပြီးသားပေါ့”

အဘိုးအိုက အံ့ဩသွားသည်။ ထို့နောက် သူက ဆက်ပြောလေသည်။

“ကြည့်စရာ မလိုဘူး၊ လူတိုင်းရဲ့ အမှတ်ကဒ်က အတူတူပဲ၊ ဘာတွေများ ထူးခြားတာ ရှိလို့လဲ”

*ချီးပဲ၊ ရှန်းကော်ချန်က ငါ့ကို တစ်ပတ်ရိုက်ပြီး ရှစ်မှတ် နုတ်သွားပြီပဲ*

ရဲ့လင်းချန် ကြက်သေ သေသွားသည်။ သူသည် နေရာ၌ ငိုင်တွေ၍ ရပ်နေကာ သူ့ခေါင်းထဲ၌ ထိုအတွေးသာ ပဲ့တင်ထပ်နေ၏။

အမှတ် ရှစ်မှတ်က အတွင်းအားသုံး သိုင်းပညာရှင် ရှစ်ယောက်ကို သတ်ဖြတ်ခြင်းနှင့် ညီမျှလေသည်။ ၎င်းက အတော်လေး များပေသည်။ သို့သော် ရဲ့လင်းချန်သည် အမှတ်နှင့် ပတ်သက်၍ ဘာမှမသိခဲ့သလို ဒါရိုက်တာ ရှန်းကော်ချန်အနေနှင့် သူ့အား လှည့်စားစရာ အကြောင်းမရှိဟု ထင်ခဲ့မိသည်။ သူ့တွင် ရဲ့လင်းချန်၏ အမှတ်များကို လိုချင်စရာ အကြောင်းရင်း မရှိသင့်ပါ။

ကံဆိုးသည်က ရဲ့လင်းချန်၏ အတွေးက မှားနေခဲ့လေသည်။

*ဒါက သောက်ကျိုးနည်း တစ်ပတ်ရိုက်သွားတာဟ*

“ဟေ့ကောင်လေး၊ မင်းမှာ အမှတ် နှစ်ရာ ရှိနေတယ်ဆိုတော့ မင်းက တော်တော် အံ့ဩစရာ ကောင်းတာပဲ”

အဘိုးအိုက ရဲ့လင်းချန်၏ကဒ်ကို ဖြတ်ကြည့်ပြီးနောက် အလွန် အံ့ဩသွားသည်။ ထို့နောက် သူက ပို၍ အံ့ဩဟန်နှင့် ပြောလာ၏။

“ဒါဆို မင်းက ရဲ့လင်းချန်ပေါ့၊ မဟုတ်သေးပါဘူး၊ ငါ မှတ်မိသလောက်ဆို မင်းမှာ အမှတ် နှစ်ရာ နှစ်ဆယ့်ရှစ်မှတ် ရှိသင့်တာပါ၊ ဘယ်လိုလုပ် နှစ်ရာကို ကျသွားတာလဲ”

*သောက်ကျိုးနည်းပြီဟ*

ရဲ့လင်းချန် ခေါင်းပေါက်မတတ် ဖြစ်သွားလေသည်။ သူ၏ မျက်လုံးများက ပြူးကျယ်နေပြီး အဘိုးအိုအား အလန့်တကြား ကြည့်မိသွားသည်။

“ဘယ်သူက မင်းကို ဒီကဒ် ပေးတာလဲ”

အဘိုးအိုက မေးလာသည်။

“ရှန်းကော်ချန်”

ရဲ့လင်းချန် အံကြိတ်၍ နာမည်ကို ထုတ်ပြောလိုက်သည်။

“ဪ … ဒါဆို မဆန်းပါဘူး”

အဘိုးအိုက ရဲ့လင်းချန်ကို ကရုဏာသက်သည့် အကြည့်ဖြင့် ကြည့်လာသည်။

“ဒါပေမဲ့ … ဘာလို့ အမှတ်က နှစ်ရာ နှစ်ဆယ့်ရှစ်မှတ်လဲ”

ရဲ့လင်းချန်သည် အမှန်ကို လက်မခံနိုင်သဖြင့် မေးလိုက်သည်။ ထို့နောက် သူက အဘိုးအိုအား ရှန်းကော်ချန်၏ တွက်ချက်မှုကို ပြောပြလိုက်သည်။

“တကယ်တော့ အမှတ်တွေ ရဖို့ ရန်သူတွေကို သတ်တာအပြင် တခြားနည်းလမ်းတွေလဲ ရှိသေးတယ်၊ ဥပမာပြောရရင် သိုင်းကျမ်း ဒါမှမဟုတ် ရတနာတွေနဲ့ လဲလှယ်တာ၊ ဒါမှမဟုတ် တာဝန်တွေကို ပြီးမြောက်အောင် လုပ်တာမျိုးပေါ့၊ တာဝန်ခန်းမဆောင်က တာဝန်တွေထဲက တစ်ခုက အမာတဲရာစု မျိုးရိုးဗီဇ စမ်းသပ်ခန်းရဲ့ စခန်းကို ဖျက်ဆီးတာလေ၊ အဲ့ဒါက အမှတ် နှစ်ဆယ် ပေးတာ”

“သ…သ…သောက်ကျိုးနည်း”

…

All Chapters