အခန်း (၆၄၅-၆၄၈)
Vol. 41 Ch. 645-648
အခန်း ၆၄၅ အိပ်မက်နတ်ဘုရားအတွဲများ
“ယန့်ကျဲမြစ် ရေနတ်ဘုရား ဆန်ချန်း.. သူဘာလုပ်နေတာလဲဟ..” အနက်ရောင် မြူခိုးကမ္ဘာတွင် ရှိနေသော ကောင်းဖန်လည်း ထိုသတင်းကို ကြားလိုက်မိသည်။ ထိုဗီဒီယိုသည် မျှော်လင့်ချက် မြို့တော်တွင် တောမီးလို ပျံ့နှံ့သွားခဲ့သည်။
လူတိုင်း ကိုယ့်အားကိုယ်ကိုးနေကြသော ဘာသာတရား မကိုင်းရှိုင်းတော့သည့် ခေတ်တွင် ယခုလို နတ်ဘုရား ရုတ်တရတ် ပေါ်လာခြင်းကြောင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
“တော်တော် အရှက်မရှိတဲ့ ဦးနှောက်ကြီးပါလား.. သူ့ကိုယ်သူများ ယန့်ကျဲမြစ် ရေနတ်ဘုရားလို့ ပြောရဲသေးတယ်.. ပြီးတော့ လူတွေကို နှစ် ၁၇၀၀ လောက် စောင့်ရှောက်တယ်တဲ့လား.. ဘယ်လိုတောင် အရှက်မဲ့တဲ့ ကောင်လဲ” ဂိုဒီက မကျေမချမ်း ပြောလိုက်သည်။ ဒီလို ရှားပါးအခွင့်အရေးက ငါ့ဆီကို လာသင့်တာကိုကွာ..
“နင့်လို ဘဲကတုံးက နတ်ဘုရားလို့ ပြောရင်တော့ ဘူတွေက မယုံကြမှာ သေချာတယ်” ဖလိန်မီက ဂိုဒီ၏ အတွေးကို သိသည့်အလား ခနဲ့ကာ ပြောလိုက်သည်။
“မဟုတ်တာမပြောနဲ့” ဂိုဒီက ဒေါသတကြီး အော်ပြောလိုက်သည်။ “ဘာလို့ ငါ့ကို ဒီလို လှောင်ရတာလဲ”
“ငါက လှောင်တယ်တဲ့လား.. နင်ဘယ်တုန်းက ငါ့ကို ဒီလို အော်ပြောတတ်သွားတာလဲ ကတုံးကောင်လေး” ဖလိန်မီက ညင်သာစွာ ပြောလိုက်သည်။
ဂိုဒီသည် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကတုံးခေါင်းပေါ်က ချွေးစေးတွေ ကျလာသည်။
“သူက ယုံကြည်တဲ့ နတ်ဘုရား လမ်းစဉ်ကို လိုက်ချင်နေပုံရတယ်” ပင်လယ်၀တုတ်က ပြောလိုက်သည်။ သူသည် ဖြတ်သန်းလာခဲ့သော အတွေ့အကြုံအရ ဦးနှောက်ကြီး၏ အကြံအစည်ကို ရိပ်စားမိနေသည်။
“ယုံကြည်ခြင်းနတ်ဘုရားရဲ့ လမ်းစဉ်သည် နတ်ဘုရား ဖြစ်လာဖို့ အမြန်ဆုံး လမ်းစဉ်ဆိုပေမယ့် ဆိုးကျိုးတွေတော့ အများကြီးရှိတယ်” ပင်လယ်ဝတုတ်က ပြောလိုက်သည်။
“ဘယ်လိုဆိုးကျိုးတွေလဲ” ကောင်းဖန်က သိချင်စွာ မေးလိုက်သည်။
ပင်လယ်ဝတုတ်သည် သူ့ရေယက်ကို သုံးကာ မေးစေ့ကို ပွတ်ပြီး ခေါင်းကို ဖြေးညှင်းစွာ ညိတ်လိုက်သည်။ “မင်းကို ဖြစ်ရပ်တစ်ခု ပြောပြမယ်.. အရင်က ဝေ့မျန်ပင်လယ်မှာ လွှမ်းမိုးမှု တစ်ခုရှိခဲ့တယ်.. အဲဒီလွှမ်းမိုးမှုကို အိပ်မက်နတ်ဘုရားအတွဲများလို့ ခေါ်ပြီး ကြီးမားတဲ့ စွမ်းအင်ရှိတယ်.. အဲဒီတုန်းက နတ်ဘုရားတွေမှာ အတော်လေး အထောက်အပံ့ပြည့်စုံတယ်.. မှော်ဝိဉာဉ်တွေ၊ စိတ်စွမ်းအင်တွေ၊ အိပ်မက် ပညတ်ချက်တွေပေါ့.. သူတို့က အဲဒီတုန်းက အတော်လေး လွှမ်းမိုးခဲ့တဲ့ နတ်ဘုရားတွေပေါ့.. နတ်ဘုရားအရေအတွက်ကလည်း ၁၀၀ ဝန်းကျင်လောက်ရှိတယ်”
“၁၀၀ လောက်ကို ရှိတယ်လား” အရေအတွက် များသောကြောင့် ကောင်းဖန်သည် ယုံတောင် မယုံနိုင်ပေ။
“ဟုတ်တယ် အိပ်မက်နတ်ဘုရားအတွဲများက အရမ်းများတယ်.. အဲဒါကြောင့် သူတို့ရဲ့ စွမ်းအင်တွေရဲ့ မြင့်မားမှုနဲ့အတူ အရှိန်အဝါကလည်း ပိုကောင်းလာခဲ့တယ်.. အိပ်မက်နတ်ဘုရားအတွဲများထဲမှာ အဓိက နတ်ဘုရားခေါင်းဆောင် ၄ ပါးရှိတယ်.. မှော်နတ်ဘုရားခေါင်းဆောင်၊ နှလုံးသားနတ်ဘုရားခေါင်းဆောင်၊ အတွေးနတ်ဘုရားခေါင်းဆောင်၊ အိပ်မက်နတ်ဘုရားခေါင်းဆောင်တဲ့.. သူတို့တွေရဲ့ တန်ခိုးစွမ်းအင်တစ်ခုချင်းစီကလည်း အရမ်းကို ကျယ်ပြန့်ကြီးမားတယ်..
“ဝေ့မျန်ပင်လယ်ကို လိုချင်တဲ့သူတွေကလည်း အများကြီးပေါ့.. သူတို့ရဲ့ စွမ်းအင်တွေက ကြီးမားတော့ ပိုပြီး လိုချင်ကြတာပေါ့..ဒီလိုနဲ့ တစ်ရက်ကျတော့ အိပ်မက်နတ်ဘုရားအတွဲများက ့.. တစ်ရက်တော့ သူတို့က သူတို့ဆောင်ပုဒ်တစ်ခုကို ကြေညာခဲ့တယ်.. “ဝေ့မျန်ပင်လယ်ကို သိမ်းပိုက်ခြင်း” တဲ့..”
ပင်လယ်၀တုတ်က သက်ပြင်းချလိုက်သည်။ “သူတို့ရဲ့ အရှိန်အဝါကြီးမားလာမှုက တခြား နတ်ဘုရားတွေကိုတောင် မနာလို ဖြစ်စေခဲ့ပြီး သူတို့ရဲ့ ဆောင်ပုဒ်ကို ကြေညာပြီးနောက်မှာတော့ မီးလောင်ရာ လေပင့်သလိုတောင် ဖြစ်သွားတာပေါ့..
“ဒီလိုနဲ့ တိုက်ပွဲလည်းစရော ဝေ့မျန်ပင်လယ် ကနတ်ဘုရားတွေက အိပ်မက်နတ်ဘုရားအတွဲများကို တိုက်ခိုက်ဖို့ တိုင်ပင်စရာမလိုပဲကို ညီညွတ်ခဲ့တယ်.. အဲဒီတိုက်ပွဲက အနှစ် ၃၀ တိတိကြာခဲ့တယ်.. ငါလည်း အဲဒီအချိန်တုန်းက တိုက်ပွဲကို အခွင့်ကောင်းယူပြီး နတ်ဘုရားအဆင့်ထိ တက်နိုက်အောင် ကြိုးစားခဲ့တယ်.. ဒါပေမယ့် ငါနတ်ဘုရား ဖြစ်လာတဲ့အချိန်မှာ တိုက်ပွဲက ပြီးသွားခဲ့တယ်.. နတ်ဘုရားခေါင်းဆောင် ၄ ပါးက တိုက်ပွဲမှာ အသတ်ခံခဲ့ရတယ်လို့ရော၊ ၃ ပါးက သေပြီး အိပ်မက်နတ်ဘုရားခေါင်းဆောင်ကတော့ ပျောက်သွားတယ်လို့ရော ပြောကြတယ်..
“ဘာပဲဖြစ်ဖြစ် အိပ်မက်နတ်ဘုရားအတွဲများကတော့ တော်တော်လေးအထိနာခဲ့ပြီး သူတို့ထဲကဘနတ်ဘုရားတွေ အားလုံးနီးပါး အသတ်ခံလိုက်ရတယ်” ပင်လယ်၀တုတ်က ပြောလိုက်သည်။
“မင်းပြောသလိုဆိုရင် ယုံကြည်ခြင်း နတ်ဘုရား လမ်းစဉ်က အတော်လေးတော့ စွမ်းအားကြီးမှာပဲ.. နတ်ဘုရားတွေ တော်တော်များများကို အဆင့်မြှင့်နိုင်ခဲ့တာ ဆိုတော့လေ..” ကောင်းဖန်က ရေရွတ်လိုက်သည်။
“အဲဒါက ယုံကြည်ခြင်း နတ်ဘုရားလမ်းစဉ်ရဲ့ အားသာချက်ပေါ့.. ဒါပေမယ့် အရင်ဆုံး သူတို့ဘာလို့ နတ်ဘုရားတွေ အများကြီးကို မွေးထုတ်ခဲ့ပြီး ကိုးကွယ်ယုံကြည်သူတွေ အများကြီး ရှိခဲ့လဲ ဆိုတာကိုတော့ မင်းသိဖို့ လိုလိမ့်မယ်.. သူတို့တွေက အဆင့်နိမ့်ပြီး ဉာဏ်ရည်ဉာဏ်သွေးကောင်းတဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို ပြည့်၀သွားအောင် စွမ်းဆောင်ပေးခဲ့လို့ပဲ.. ဒါကြောင့်လည်း သူတို့ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ကိုးကွယ်လာကြတာပေါ့..
“အရေးကြီးဆုံး တစ်ခုက ယုံကြည်ခြင်း နတ်ဘုရားလမ်းစဉ်ကို လိုက်တဲ့ နတ်ဘုရားတွေရဲ့ တိုက်ခိုက်ရေး စွမ်းအင်က တခြား သူနဲ့ အဆင့်တူတဲ့ နတ်ဘုရားတွေနဲ့ ယှဉ်ရင်တော့ အပျော့ညံ့ဆုံး ဖြစ်သွားတယ်” ပင်လယ်၀တုတ်က ရှင်းပြလိုက်သည်။
ကောင်းဖန်က အနည်းငယ် အံ့ဩသွားသည်။ “ယုံကြည်ခြင်း နတ်ဘုရားလမ်းစဉ်က အားနည်းတဲ့ နတ်ဘုရားတွေကို ဖန်တီးတာလား.. ငါအဲဒီလိုတော့ မထင်မိခဲ့ဘူး..” ကောင်းဖန်သည် ပင်လယ်ဝတုတ်ကို ဘာမှမပြောပဲ ကြည့်လိုက်သည်။
“သေစမ်း” ပင်လယ်ဝတုတ်သည် တစ်ချက်ကြောင်သွားပြီး ကိုယ်နေဟန်ထားကို ပြင်လိုက်သည်။
“ထားလိုက်တော့.. မေ့လိုက်တော့” ပင်လယ်ဝတုတ်သည် ဝတုတ်ဖောင်းကားနေသော ငါးကြီး တစ်ကောင်အသွင်ပြောင်းသွားကာ လင်းပိုင်နှင့်တောင် တူနေသည်။ သူသည် ဘာမေးမေး မဖြေရဲတော့ပေ။
“ငါမင်းကို အဲလိုအကြောင်းတွေကို ထပ်ပြောမိရင် ခွေးပဲ လုပ်လိုက်တော့မယ်.. ခွေးခေါင်းဝတုတ်” ပင်လယ်ဝတုတ်က ပြောလိုက်သည်။
…
ဂိုဒီသည် အိပ်မက်နတ်ဘုရားအတွဲများရဲ့ တိုက်ခိုက်မှုစွမ်းရည်သည် အနည်းဆုံး ဖြစ်သည်ဟု သိလိုက်ရသောအခါ စိတ်၀င်စားမှု နည်းသွားသည်။ ကောင်းဖန်၏ ကိုယ်ပိုင်သားရဲများအားလုံးသည် အစကတော့ ယုံကြည်ခြင်း နတ်ဘုရားနှင့် ပတ်သက်ပြီး စိတ်၀င်စားနေကြသော်လည်း အခုတော့ စိတ်၀င်စားမှု လျော့သွားကြသည်။
အားနည်းသူများ စုဝေး၍ အားကောင်းသူ ဖြစ်လာမည် မဟုတ်ပေ။ ဒန်ဘီ၊ တာ့ဇီ၊ ဂိုဒီ၊ နတ်ဘုရားဟောင်း ပင်လယ်၀တုတ် သူတို့အားလုံးသည် အလွန်ပင် စွမ်းအားမြင့်မားကြသူများ ဖြစ်နေပြီး ဖြစ်သောကြောင့် ယုံကြည်ခြင်း နတ်ဘုရားလမ်းစဉ်ကို လိုက်ဖို့ စိတ်မ၀င်စားကြတော့ပေ။
သို့သော် အချို့သော ကိုယ်ပိုင်သားရဲများကတော့ စိတ်အားထက်သန်နေကြသည်။ ရတနာအနံ့ခံကြွက်က စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်။ “ဘာကိုပြောတာလဲ.. ယုံကြည်ခြင်း နတ်ဘုရားဆိုတာဘာလဲ.. ဘာလို့ ဒီလောက်တောင် အထင်ကြီးစရာ ကောင်းတာလဲ..”
ကြွက်သည် တိုက်ခိုက်ရေး ကိုယ်ပိုင်သားရဲ မဟုတ်သောကြောင့် တိုက်ပွဲတွင် မပါ၀င်ရပဲ သူ့ကိုယ်သူ စစ်သားဟုလည်း မသတ်မှတ်ပေ။ သူသည် သူ့အဖွဲ့ကို ဘဏ္ဍာရ ထောက်ပံ့ဖို့အတွက် တာ၀န်ယူထားသော သားရဲတစ်ကောင်အဖြစ်သာ တွေးမှတ်ထားခြင်း ဖြစ်သည်။
“အဆင်ပြေရဲ့လား ညီလေး” ဂိုဒီက ဆောင့်ကြောင့်ထိုင်ကာ ကြွက်၏ ခေါင်းကို ရိုက်လိုက်သည်။ “ဘာလို့ ဒီလောက်တောင် ရည်မှန်းချက် မကြီးရတာလဲ.. ယုံကြည်ခြင်း နတ်ဘုရားဆိုတဲ့ နာမည်က ဒီလောက်တောင် ဆိုးတာကို.. အဲဒါတောင် စိတ်၀င်စားတုန်းပဲလား”
ကြွက်က “ဟို.. ယုံကြည်ခြင်း နတ်ဘုရားက နည်းနည်းတော့ မဆိုးဘူးလားလို့ပါ” ဟု ပြောလိုက်သည်။
ဂိုဒီက ဒေါသထွက်သွားသည်။ “ဘာကောင်းလို့လဲ.. ငါနတ်ဘုရား မဖြစ်ခင်ထိ ခဏစောင့်လိုက်.. အဲဒီအခါကျရင် ယုံကြည်ခြင်း နတ်ဘုရားကို ကိုးကွယ်တဲ့ ဟာတွေအကုန်လိုက်သတ်ပစ်မယ်”
“မိုက်မဲတဲ့ ကတုံးကောင် ဒီကို ပြန်လာခဲ့စမ်း” ဖလိန်မီကို ဆက်ကြည့်မနေနိုင်တော့ချေ။ နင့်ဟာနင် မယုံကြည်တာ နင့်ကိစ္စ.. ကြွက်လေးကို သွားခြောက်မနေနဲ့.. ကြွက်လေးက ဒီလောက် ချစ်စရာ ကောင်းတာ.. သူ့ခင်မျာ သူ့စွမ်းအင်လေးသုံးပြီး အစားကောင်းတွေရှာလိုက် လက်ဆောင်တွေပေးလိုက်နဲ့.. ဒီလောက်ကောင်းတဲ့ ကြွက်ကလေးကို..
ဖလိန်မီသည် လည်ပင်းကို ဆန့်ကာ ဂိုဒီ၏ လည်ပင်းကို နှုတ်သီးဖြင့် ညှပ်လိုက်ပြီး နောက်ကို ဆုတ်လိုက်သည်။ ကြွက်သည် ထိုမြင်ကွင်းကို တစ်ချက်ခိုးကြည့်လိုက်ပြီး စိတ်တွင်းက ကြိတ်ပြုံးလိုက်သည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ မပြောတော့ပါဘူး.. ဖလိန်မီရယ် နင်သားလျှောထားတဲ့ လက္ခဏာတွေကိုသာ မဖြစ်မိအောင်နေပါ” ဂိုဒီက ခပ်ပြုံးပြုံးပြောလိုက်သည်။
ဘာပြောတယ်.. သားလျှောတဲ့ လက္ခဏာ..
ကိုယ်ပိုင်သားရဲအုပ်စုသည် ထိုစကားကို ကြားပြီး ချက်ချင်းပင် အာရုံပြောင်းသွားသည်။ သူတို့သည် ဖလိန်မီကို စိုက်ကြည့်နေကြသောကြောင့် ဖလိန်မီသည် အလွန်ပင် ရှက်ရွံ့လာသည်။
“ငါ.. ငါကိုယ်၀န်မရှိနေပါဘူး..” ဖလိန်မီသည် ဒေါသအလွန်ထွက်နေသည်။ “ငါ့ဘာသာငါ စားတာများသွားလို့ ဝိတ်တက်နေတာပါ”
ကောင်းဖန်နှင့် ကိုယ်ပိုင်သားရဲများသည် တစ်ခုခုကို သဘောပေါက်နေဟန်ဖြင့် ပြုံးတုံ့တုံ့ ဖြစ်နေကြသည်။
ကြီးမားသော မီးတောက်များသည် ဂိုဒီကို ဖုံးလွှမ်းသွားသည်။
“ယုံကြည်ခြင်း နတ်ဘုရားရဲ့ တိုက်ခိုက်မှု စွမ်းအင်က အရမ်း မမြင့်ဘူးဆိုပေမယ့် သူလည်း နတ်ဘုရားတော့ ဖြစ်နေသေးတာပဲ.. ဘယ်လောက်ပဲ အားနည်းပါစေ ကွားစီနတ်ဘုရားထက်တော့ သာဦးမှာပဲ..” ကောင်းဖန်က ဥပမာဖြင့် ပြောလိုက်သည်။ “အားနည်းတဲ့ နတ်ဘုရားတစ်ပါးက ကွားစီနတ်ဘုရားတွေထက်တော့ သာမှာ သေချာတယ်..
“ပြီးတော့ ကိုယ်ပိုင်သားရဲတိုင်းရဲ့ လမ်းစဉ်တွေကလည်း ကွာခြားကြတယ်.. ဦးနှောက်ကြီးက သူနဲ့ သင့်တော်တဲ့ လမ်းစဉ်ကို ရှာတွေ့နိုင်တာလည်း ကောင်းတဲ့ အချက်ပဲ.. ပင်လယ်၀တုတ်ပြောတဲ့ အိပ်မက်နတ်ဘုရားအတွဲများနဲ့ ဦးနှောက်ကြီးတို့ရဲ့ စွမ်းအင်က ဆင်တူတယ်လို့ ထင်ရတယ်.. တခြားသူတွေလည်း ဒီလမ်းကို ရှည်ကြာစွာ လျှောက်ခဲ့ပြီး အောင်မြင်ခဲ့တာပဲဆိုတော့ အတော်လေး တောက်ပမယ့် အနာဂတ်ဖြစ်မှာတော့ သေချာလို့ ဖြစ်မယ်”
ကောင်းဖန်က ဆက်ပြောလိုက်သည်။ “အဲဒီလိုသာဆိုရင် ငါတို့ အာရုံစိုက်ထားရမှာက ဦးနှောက်ကြီးကို သူ့လမ်းစဉ်အတိုင်း ဆက်သွားနိုင်ဖို့ကို ကူညီပေးဖို့ပဲ.. မင်းတို့မှာ အကြံကောင်းတွေရှိရင်လည်း မင်းတို့ အမြင်တွေကို ပြောပေးကြပါ..”
***
သားရဲလေ့ကျင့်သူ
အခန်း ၆၄၆ သာမန်ယုံကြည်သူများ
“ယုံကြည်မှုတစ်ခုအတွက် အရေးကြီးဆုံးအချက်က သစ္စာရှိမှုအတိုင်းအတာပဲ... ယုံကြည်သူတွေက ပိုပြီး သစ္စာရှိလေ ယုံကြည်ချက် ပိုပေးနိုင်လေပဲ.. နောက်ပြီး ယုံကြည်ချက်အပြင် ယုံကြည်သူအရေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားထားသင့်တယ်” ဟု လေပြင်မုန်တိုင်း ရေမှော်ပင့်ကူမှ ပြောလိုက်သည်။ သူက စကား ပြောပြီး တာနဲ့ အေးအေးဆေးဆေး ထွက်သွားသည်။
ကောင်းဖန်က “ဒါကို ငါတို့ ကောင်းကောင်း စီစဉ်ဖို့ လိုနေတယ် .. ငါတို့ရဲ့ ဦးနှောက်ကြီးအတွက် ဘုရားကျောင်းတစ်ခုလို အသင်းတော်တစ်ခုကို မွေးထုတ်ပေးနိုင်ရင် ကောင်းမယ်” ဟု ပြောလိုက်သည်။
နောက်ပိုင်းတွင် ကောင်းဖန်သည် သူ၏သားရဲများနှင့် ဆွေးနွေးသော်လည်း အရာတော့ သိပ်မထင်ပေ။ သူတို့ရဲ့ အတွေ့အကြုံတွေက လုံလောက်တဲ့ ကွဲပြားမှုမရှိတဲ့အတွက် သူတို့ပေးတဲ့ အကြံဉာဏ်တွေက အတူတူပင် ဖြစ်သည်။ ဦးနှောက်ကြီးကို ယုံကြည်ဖို့ လူတစ်စုကို ဖမ်း၊ အခြားသူတွေကို ယုံကြည်လာစေဖို့ သားရဲတွေကို သတ်ပြီး ဆံပင်မရှိတဲ့ နတ်ဘုရားတစ်ပါးဖြစ်လာဖို့လောက်သာ အံ့မခန်းအကြံများ ပေးနိုင်ကြသည်။
ကောင်းဖန်သည် သူတို့၏ အတွေးအမြင်များကြောင့်ဘာမှမပြောနိုင်တော့ဘဲ ဉာဏ်ကောင်းသူနှင့် ဆွေးနွေးရန် သူ့အဖိုးထံ သွားလိုက်သည်။ သူထွက်မသွားခင်မှာ ရှောင်ကောကို သွားကြည့်လိုက်သည်။
ယခုဆိုလျှင်ရှောင်ကော၏ ကိုင်းဆက်မှုသည် မှန်ကန်သောလမ်းကြောင်းကို စတင်နေပြီဖြစ်သည်။ ရှောင်ကောသည် မှော်၀င်မိုးမခပင်တွင် အခြေချနေထိုင်နေစဉ်တွင် မြေကြီးတွင် အမြစ်တွယ်နေသည့် မှော်မိုးမခပင်သည် မြေကြီးမှ အာဟာရများကို အရူးအမူးစုပ်ယူနေပြီး ၎င်း၏ခန္ဓာကိုယ်မှ အာဟာရများကိုလည်း အစွမ်းကုန်စုပ်ယူနေသည်။
ကျူးကျော်ဝင်ရောက်ခြင်းအား တားမြစ်ရန်အတွက် ဤဒေသတစ်ဝိုက်တွင် လျှပ်စစ်ခြံစည်းရိုးများ ဆောက်လုပ်ထားသည်။ မှော်၀င်မိုးမခပင်၏ ထူထဲသော အမြစ်များသည် မြေကြီးကို စိမ့်ဝင်သွားသော သွေးပြန်ကြောများကဲ့သို့ ပေါ်လာပြီး မြေမျက်နှာပြင်သည် ကျိုးပဲ့ပျက်စီးနေသော မြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်လာသည်။
ပြန့်ပြုးသော မြေကြီးထဲသို့ အဆက်မပြတ် နက်ရှိုင်းစွာ စိမ့်ဝင်နေခြင်းသည် ခန္ဓာကိုယ်တွင် အပ်ပြွန်များဖြင့် ပြည့်နေသည့် ဒဏ်ရာပြင်းထန်စွာ ရရှိနေသည့် လူနာတစ်ဦးနှင့် ဆင်တူနေသည်။
ရှောင်ကော၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အလင်းတန်းများသည် ပိုမိုဆန်းကြယ်လာပြီး အနီရောင်အလင်းတန်းများ တဖျပ်ဖျပ် လင်းလက်လာသည်။ အဝေးမှ လေပြင်းတိုက်ခတ်လာပြီး ရှောင်ကောသည် လေနှင့်အတူ ယိမ်းယိုင်သွားသည်။
“ရှောင်ကောက လမ်းကြောင်းမှန်ကို ရောက်သွားပြီ” ကောင်းဖန်က ခေါင်းညိတ်လိုက်ပြီး ကျေနပ်သွားကာ လက်ထပ်ထိမ်းမြားထားတဲ့ ငှက်များဖြစ်ကြတဲ့ ဂိုဒီနှင့် ဖလိန်မီကို ရှောင်ကောကို သူ့အား ကောင်းမွန်စွာ စောင့်ရှောက်ရန် တောင်းဆိုလိုက်သည်။ ထိုအချိန်တွင် သူသည် မျှော်လင့်ခြင်းမြို့ရှိ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း၏ ဌာနချုပ်အသစ်သို့ ထွက်ခွာဖို့ သားရဲများကို ခေါ်ဆောင်သွားသည်။
“ယုံကြည်ခြင်း နတ်ဘုရားတဲ့လား” ကျီဟန့်ဝူက ညည်းညူလိုက်သည်။ “ဒီအကြောင်း ငါသိတယ်.. ဒီအကြောင်းကို သမိုင်းမှတ်တမ်းတွေကနေ ကြားသိခဲ့ရပေမယ့် နတ်ဘုရားကို ယုံကြည်တဲ့နည်းလမ်းက အဲဒီလောက်မရိုးရှင်းဘူး” ဟု ကျီဟန့်ဝူက အလေးအနက် ပြောလိုက်သည်။
ကောင်းဖန်က “မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမယ့် ကျွန်တော်တို့မှာ အဖိုးရှိတယ်လေ” ဟု ပြောလိုက်သည်။
ကျီဟန့်ဝူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “အောင်မြင်မယ်လို့ ငါ အာမမခံနိုင်ပေမယ့် အစွမ်းကုန် ကြိုးစားပေးပါမယ်”
“နတ်ဘုရားကို ယုံကြည်ဖို့က ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ဘူး.. ဘာကြောင့်လဲဆိုတော့ အခုခေတ်လို ပတ်ဝန်းကျင်မှာ လူတော်တော်များများက ဝိညာဉ်ရေးဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေတာကြောင့်ပဲ.. သူတို့တော်တော်များများ ရှာဖွေနေတဲ့ ဝိညာဉ်ရေးဆိုင်ရာ အထောက်အပံ့က ယုံကြည်ချက်အပေါ် အခြေခံတယ်” ဟု ကျီဟန့်ဝူက ပြောလိုက်သည်။ “ဒါပေမယ့် အခုလူတွေရဲ့ အသိပညာနဲ့ နားလည်မှုအပေါ်အခြေခံပြီး သူတို့ကို သစ္စာရှိယုံကြည်သူတွေအဖြစ် ပြောင်းလဲဖို့ကတော့ ခက်ခဲလွန်းလိမ့်မယ်”
“အထူးသဖြင့် ဟွာရှားဒေသက လူတွေနဲ့ပတ်သက်နေတဲ့အခါမှာပေါ့” ဟု ကောင်းဖန်မှ ပြောလိုက်သည်။
“ဟုတ်တယ်… ရှေးခေတ်က ဆည်းကပ်ယုံကြည်သူ မြောက်မြားစွာရှိခဲ့ပေမယ့် ဒါက သူတို့ရဲ့ မိုက်မဲမှုကြောင့်လည်း ဖြစ်တယ်.. အခု သိပ္ပံပညာကို သိပ် မပြောကြတော့ပေမဲ့လည်း… သူတို့ကို သစ္စာရှိသူများအဖြစ် ပြောင်းလဲဖို့က အောင်မြင်ဖို့ အတော်လေးတော့ ခက်ခဲနေသေးမယ်.. သာမာန်ယုံကြည်သူများဖြစ်စေဖို့ကတော့ ရိုးရှင်းပါတယ်”
သာမန်ယုံကြည်သူများသည် နတ်ဘုရားကို ထဲထဲ၀င်၀င် အမှန်တကယ်ယုံကြည်ရန် မလိုအပ်သောကြောင့် အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး ဖြစ်သည်။ မုန်းတီးခြင်း သို့မဟုတ် ရွံရှာခြင်း မရှိကြောင်း သေချာစေရန်သာ လိုအပ်သည်။ အမှန်မှာ လူများစွာသည် တစ်ကြိမ် တစ်ခါမျှသာ ဆုတောင်းခြင်း သို့မဟုတ် တစ်နှစ်လျှင် တစ်ကြိမ်သာ ၎င်းတို့၏နတ်ဘုရားကို ကိုးကွယ်ကြသောကြောင့် သာမန် ယုံကြည်သူများဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏လည်ပင်းတွင် ဘုရားကိုကိုယ်စားပြုသော ဆွဲသီးအမျိုးမျိုးကို ဝတ်ဆင်ကြသည် သို့မဟုတ် ၎င်းတို့၏အိမ် သို့မဟုတ် အများသူငှာနေရာများအနီးတွင် နတ်ဘုရားရုပ်တုကို ထားရှိကြသည်။ တစ်ခါတစ်ရံမှသာ စာမေးပွဲမဖြေခင် တစ်ရက်အလိုမှာ ထဲထဲ၀င်၀င် ဆုတောင်းတက်ကြသည်။ ဤအရာအားလုံးသည် သာမန်ယုံကြည်သူ အမျိုးအစားဖြစ်သည်။
“သာမန်ယုံကြည်သူတွေက ယုံကြည်မှုအနည်းဆုံးကိုသာ ပေးစွမ်းနိုင်ပေမဲ့ သာမာန်ယုံကြည်သူအရေအတွက်က အမြင့်ဆုံးဖြစ်တယ်” ကျီဟန့်ဝူက ဆက်လက်ပြီး ပြောလိုက်သည်။ “ဒါကြောင့် ဒီလူတွေကို ဦးနှောက်ကြီးဆီမှာ သစ္စာရှိဖို့ အတင်းအကျပ် တွန်းအားပေးနေဖို့ မလိုဘူး.. ဆုတောင်းနေချိန်မှာ တီးတိုးပြောလေ့ရှိတဲ့ နာမည်ကို အသစ်တစ်ခုအဖြစ် ပြောင်းလဲခိုင်းဖို့ပဲ လိုအပ်တယ်”
ကောင်းဖန်သည် အတွေးနက်နေပုံရသည်။ နတ်ဘုရားအတွက် အရိုးရှင်းဆုံး နည်းဗျူဟာမှာ လက်ရှိ တော်ဝင်နန်းတွင်းနှင့် ပူးပေါင်းရန် ဖြစ်သည်။ မင်းဆက်များစွာသည် နတ်ဘုရားများကို ဖန်ဆင်းရန် နှစ်သက်ကြပြီး အခြားနတ်များကို မကောင်းဆိုးဝါးဟု တံဆိပ်ကပ်ကာ အချို့သောနတ်ဘုရားကိုသာ ယုံကြည်စေရန် နိုင်ငံသားများအား တင်းကြပ်စွာ တွန်းအားပေးခဲ့ဖူးကြသည်။ ဒါတွေအားလုံးက တကယ်တော့ အဓိပ္ပာယ်ရှိသည်။
“မင်းငါ့ကိုယုံရင် ဒါတွေကို ငါ့နဲ့ထားခဲ့လိုက်.. မကြာသေခင်ကပဲ ဟွားရှားဒေသက အကြီးတန်းအရာရှိတွေက သူတို့နဲ့ ပူးပေါင်းဖို့ ငါ့ကို ဖိတ်ခေါ်နေတယ်.. ဒါကို သူတို့နဲ့ အလဲအလှယ်အနေနဲ့ အသုံးချလို့ရတယ်” ကျီဟန့်ဝူက သူ့လက်ဖက်ရည်ကို မှုတ်ပြီး ဖြည်းညှင်းစွာ သောက်လိုက်သည်။
“ကူညီပေးလို့ ကျေးဇူးတင်ပါတယ် အဘိုး”
“ဒီလက်ဖက်ရွက်တွေကို စောစောကပဲ စာကလေးငှက်ငယ်က ပို့ပေးတယ်.. မီးတောင်အနီးမှာ စိုက်ပျိုးထားတဲ့ လက်ဖက်ပင်က ပေါက်တယ်လို့ ပြောတယ်... အဲဒါကို လူပြိန်းသဘောနဲ့ ပြောရင် ရှင်သန်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိတာပဲ”ကျီဟန့်ဝူက ပြောလိုက်သည်။ ထို့နောက် “ဒါက တော်တော် ချစ်ဖို့ကောင်းတာပဲ” လို့ ပြောရင်း ရယ်မောလိုက်သည်။
“ကျွန်တော် စမ်းကြည့်ပါရစေ” သိချင်နေတဲ့ ကောင်းဖန်က သူ့အတွက် လက်ဖက်ရည်ခွက်ဖြည့်ရန် လက်ဖက်ရည်အိုးကို မြှောက်လိုက်သည်။ လက်ဖက်ခြောက်အရောင်က အနီရောင်ဖြစ်ပြီး အတွင်းဘက်မှာတော့ လက်ဖက်ဖြူစစ်စစ် အရွက်အနည်းငယ်က ခွက်ရဲ့ မျက်နှာပြင်ပေါ်မှာ လွင့်ပျံနေသည်။
ကောင်ဖန်သည် နွားတစ်ကောင်က ပျိုနီပန်းကိုစားသကဲသို့ တစ်ကျိုက်တည်းသောက်လိုက်သည်။ ခါးသီးမှုနှင့် နှိုးဆွသော ခံစားချက်များကို သူ့အရသာခံလိုက်ရသည်။ ထိုပြင်းထန်သောခံစားချက်များ ပျောက်ကွယ်သွားပြီးနောက် ပြင်းထန်သော ရနံ့တစ်ခုသည် သူ့ပါးစပ်ထဲသို့ ပြည့်သွားကာ နောက်ဆုံးတွင် မွှေးကြိုင်သောအနံ့နှင့် ခါးသီးမှုတို့ကို ချန်ထားခဲ့သည်။
အနံ့က အကြာကြီး ကျန်နေခဲ့သည်။ လက်ဖက်ရည်တစ်ခွက်သည် နာရီဝက်တိတိ ကောင်းဖန်၏ပါးစပ်ထဲတွင် အရသာရနေစေရန် လုံလောက်သည်။ ကောင်းဖန်သည် လက်ဖက်အရသာကို ကျွမ်းကျင်သူမဟုတ်သော်လည်း ဤလက်ဖက်ရွက်အမျိုးအစားသည် မဆိုးဟု ခံစားမိသည်။
“ထုတ်လုပ်မှုနှုန်းက မြင့်လား” ကောင်းဖန်က စိတ်ဝင်တစား မေးလိုက်သည်။
“အဆင်ပြေပါတယ်.. တစ်နှစ်ကို ၇၅ ပေါင်ကနေ ၈၅ ပေါင်လောက်ရတယ်” ဟု ကျီဟန့်ဝူက ဖြေလိုက်သည်။ “
“အိုး ..ဟုတ်သားပဲ. မင်းရဲ့ဝမ်းကွဲအငယ်က မကြာသေးခင်ကမှ ပြန်ရောက်လာတာ.. ဘာပဲဖြစ်ဖြစ် သူမက မင်းရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး မင်း ငယ်ငယ်တုန်းကဆို သူ့ကို အမြဲ အနိုင်ကျင့်ခဲ့တာ.. သားရဲကိုရှာဖို့ မင်းကူညီနိုင်မယ်လို့ ငါထင်တယ်” ကျီဟန့်ဝူက ကောင်းဖန်နဲ့ ဒီကိစ္စကို ဆွေးနွေးနေသည်။
“ပြဿနာမရှိပါဘူး”ကောင်းဖန်က ခေါင်းညိတ်ပြပြီး အနီရောင် ၀တ်စုံဝတ်ထားသည့် ကလေးမလေး နှာခေါင်းမှ နှပ်တွေ ထွက်ကျနေသည်ကို သတိရမိသည်။
အဲဒီညက ညစာစားပြီးတော့ ခိုင်ရမ်ချန်း ရောက်လာသည်။
“ဘယ်လို သားရဲမျိုးလိုချင်လဲ” ကောင်းဖန်သည် ခိုင်ရမ်ချန်း ကို ဓာတ်ခွဲခန်းသို့ ခေါ်ဆောင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ဓာတ်ခွဲခန်းတွင် စမ်းသပ်သူ အနည်းငယ်ရှိသည်။ တချို့က အောင်မြင်ပြီး တချို့ကတော့ ပုံပန်းမကျပေ။
“ဝမ်းကွဲအစ်ကိုကြီး ကျွန်မအတွက် အစ်ကိုပဲရွေးပေးပါ.. ကျွန်မနဲ့ ဆင်တူတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူကို ရှာတွေ့တာကတော့ အကောင်းဆုံးပါပဲ” ဆံပင်ကို မြင့်မြင့်စည်းထားတဲ့ ခိုင်ရမ်ချန်း က သူ့ရှေ့မှာ ယုန်တစ်ကောင်ကဲ့သိုခုန်ပေါက်ပြီး လျှောက်လှမ်းနေသည်။
“ကိုယ်ရည်ကိုယ်တွေးတူတာလာ” ကောင်းဖန်ကအံ့ဩသွားပြီး ခေါင်းညိတ်လိုက်သည်။ “သိပြီ..” ခိုင်ရမ်ချန်း ကို ဓာတ်ခွဲခန်းသို့ ခေါ်ဆောင်လာစဉ် မြေအောက်ခန်းရှိ လှောင်အိမ်တစ်ခုစီတွင် သော့ခတ်ထားသော သားရဲများသည် ဆက်တိုက်ဆိုသလို အော်သံများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သားရဲမျိုးစုံ ကျယ်လောင်စွာ အော်ဟစ်နေသောကြောင့် ဓာတ်ခွဲခန်းအတွင်း လုံးဝ မငြိမ်မသက် ဖြစ်နေသည်။
ကောင်းဖန်က ခြင်္သေ့ဖြူကို ခေါ်လိုက်သည်။ ခြင်္သေ့ဖြူက မြေပြင်ပေါ်သို့ ခြေချလာတာနဲ့ အေးစက်ပြီး ဂုဏ်သိက္ခာရှိသော အပြာရောင်အလင်းတန်းများက ဓာတ်ခွဲခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ဓာတ်ခွဲခန်းအတွင်းရှိ သားရဲများအားလုံး ချက်ချင်း ငြိမ်သက်သွားစေသည်။
“ဒီကသားရဲအချို့ကို လာကြည့်” ကောင်းဖန်က တံခါးကိုဖွင့်လိုက်ပြီး ခိုင်ရမ်ချန်း ရှေ့မှာ လှောင်အိမ်ထဲက သားရဲတချို့ကို ထုတ်ယူလိုက်သည်။
ကောင်းဖန်သည် ဧည့်သည်များကို ကျွေးမွေးရန်အတွက် သူ၏ ကြက်ခြံမှ ကြီးမားသော ကြက်နှစ်ကောင်ကို ရွေးရန် သူ၏ အိမ်နောက်ဖေးသို့ သွားသော လယ်သမားတစ်ဦးနှင့် တူနေသည်။
“အင်း...ဝမ်းကွဲအစ်ကိုကြီး ဒီကောင်တွေနဲ့ ကျွန်မကို မိတ်ဆက်ပေးမလို့လား” ခိုင်ရမ်ချန်း သည် တစ်စုံတစ်ခု လွဲချော်နေသည်ကို ခံစားသိရှိလိုက်သည်။
“မင်းမြင်လား ဒါတွေက ပါးစပ်ကြီး ဖားပြုတ်၊ အစားကြီးတဲ့ဝက်ကြီး၊ လောဘကြီးတဲ့ နတ်ဆိုးရှဉ်နဲ့ ဆာလောင်နေတဲ့ စပါအုံးမြွေကြီးပဲ” ဟု ကောင်းဖန်က သားရဲတွေ တစ်ကောင်ပြီးတစ်ကောင်နဲ့ သူမကို မိတ်ဆက်ပေးလိုက်သည်။
ခိုင်ရမ်ချန်းသည် စကားပင်မပြောနိုင်တော့ပေ။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၄၇ ဝတုတ်ကောင်လေး
“ဒါဆို သူတို့ရဲ့ အပြုသဘောဆောင်တဲ့ တူညီမှုတွေက ဘာလဲ” ခိုင်ရမ်ချန်း သည် ဖျစ်ညှစ်ပြီးပြုံးလိုက်သည်။
“သူတို့ရဲ့ အပြုသဘောကို ပြောရရင် အဲဒါက သူတို့ရဲ့ စားနိုင်မှုပဲ ဖြစ်ရမယ်” ကောင်းဖန်သည် သူ့မေးစေ့ကို ညင်သာစွာ ပွတ်သပ်ရင်း အချိန်အတော်ကြာ စဉ်းစားနေမိသည်။ “အစားကြီးသူတွေပေါ့” ခိုင်မာသောလေသံဖြင့် သူေပြာလိုက်သည်။
ပါးစပ်ကြီးဖားသည် မတ်တတ်ရပ်ကာ ကျယ်လောင်သော အော်ဟစ်သံကို ပြုလုပ်လိုက်သည်။ အရေပြားက အဖုတွေကို ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းသော တွင်းများကဲ့သို့ပင်။
“ကဲ.. ဒီကောင်ကိုကြည့်.. သူက အများကြီးစားပြီး ကျောကုန်းမှာလည်း အဖုတွေအများကြီးပဲ ပြီးတော့ အိပ်ပျော်သွားတဲ့အခါ လေလည်ရတာ ကြိုက်တဲ့ ရွှေနှလုံးပါတဲ့ ဖားပြုတ်ကောင်းလေးပေါ့”
ခိုင်ရမ်ချန်း စိတ်ညစ်သွားသည်။
“နောက်ပြီး ဒါက အစားကြီးတဲ့ဝက်ပဲ.. သူက အများကြီးစားပြီး အသားတွေအများကြီးရှိတယ် ...အသားအများဆုံး စားတဲ့ ဝက်ကောင်းတစ်ကောင်ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် သူက အစာကို ဘယ်တော့မှ မဖြုန်းတီးဘူး” ကောင်းဖန်က အစားကြီးတဲ့ ဝက်၏ နားရွက်ကြီးအား ပုတ်လိုက်သည်။ ၀က်က အဆက်မပြတ် ခေါင်းညိတ်ရင်း သူ့ပျော်ရွှင်မှုကို ပြသရင်း အသံတစ်ခု ထွက်ပေါ်လာသည်။
ခိုင်ရမ်ချန်းက လေးလေးနက်နက် အသက်ရှူသွင်းလိုက်သည်။ ငါ့ကို အစ်ကိုကြီးက အစားကြီးတဲ့သူလို့ ထင်နေတာလား..
“ဘယ်လိုမှမဖြစ်နိုင်ဘူး” ခိုင်ရမ်ချန်း က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ “ကျွန်မက ရုပ်ရည်သန့်သန့်နဲ့ သားရဲကိုပဲ လိုချင်တာပါ” ခိုင်ရမ်ချန်း သည် သူမ၏ အစ်ကိုဝမ်းကွဲကို သူ့အတွက် သားရဲ ရွေးချယ်ခွင့် မပြုနိုင်ကြောင်း သဘောပေါက််လိုက်သည်။
“ကြည့်ကောင်းတာလာ” ကောင်းဖန်သည် တစ်စက္ကန့်မျှ အံ့အားသင့်သွားပြီး “မင်းက စာအုပ်တစ်အုပ်ကို မျက်နှာဖုံးနဲ့ အကဲဖြတ်သူတစ်ယောက်ဆိုတာ ငါမသိဘူး” ဟု ရေရွတ်လိုက်သည်။
ကောင်းဖန်က သူ့သားရဲများ၏ အပြင်ပန်းအသွင်အပြင်နှင့် ပတ်သက်ပြီး သိပ်ဂရုမစိုက်ပေ။ အရည်အချင်းရှိပြီး ကောင်းမွန်သော အပြုအမူကို ပြသနေသရွေ့ သူ့အတွက်က ဘယ်လိုပုံ ဖြစ်နေနေ အဆင်ပြေသည်။ ဒါကို သူ့ရဲ့အစောပိုင်း သားရဲတွေဖြစ်တဲ့ အစင်းလေးနဲ့ တာ့ဇီ က ပြောပြနိုင်သည်။
“ငါစဉ်းစားပါရစေဦး” ကောင်းဖန်သည် ခဏမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် လက်ခုပ်တီးလိုက်သည်။ “တစ်ခုတော့ တွေးမိတယ်.. ဒါပေမယ့် သူ့မိဘတွေဆီက ခွင့်ပြုချက် အရင်ရဖို့လိုတယ်”
ခိုင်ရမ်ချန်း သည် သူမ၏ စိတ်မချရသော ဝမ်းကွဲအစ်ကို ကောင်းဖန်နှင့် ပတ်သက်၍ သံသယများ ပြည့်နှက်နေသော မျက်လုံးများနဲ့ အနောက်သို့ အနီးကပ် လိုက်သွားလိုက်သည်။ ကောင်းဖန်သည် ခိုင်ရမ်ချန်း ကို ဓာတ်ခွဲခန်းမှ ခေါ်ထုတ်ပြီး ဓါတ်ခွဲခန်း၏ နောက်ဖေးတံခါးမှ ထွက်ခွာကာ စောစောက လာခဲ့သည့် လမ်းကြောင်းအတိုင်း ခေါ်လာသည်။
အိမ်နောက်ဖေးသို့ရောက်သောအခါ ပန်းခြံငယ်ကိုဖြတ်သွားပြီး ဥယျာဉ်နောက်ဘက်တွင် ကြီးမားကျယ်ပြန့်သော ရေကန်တစ်ခုရှိသည်။ ရေကန်က သိပ်ပြီး မထူးခြားသလို ကမ်းနားက ရှုခင်းတွေက ပုံထဲကအတိုင်း မခမ်းနားပေ။ ဒီရေကန်ရဲ့ တစ်ခုတည်းသော အကျိုးကျေးဇူးကတော့ ဒီရေကန်ဟာ အတော်လေး ကျယ်ခြင်းဖြစ်သည်။
ကောင်းဖန််သည် ရေမျက်နှာပြင် ဘေးတွင်ထိုင်ချလိုက်သည်။ ခဏအတွင်း ငွေဖြူခေါင်းကြီးတစ်ခု ရေမျက်နှာပြင်မှ ထွက်ပေါ်လာသည်။ ချွန်ထက်သော သမင်ချိုနှစ်ခုသည် ၎င်း၏နဖူးပေါ်တွင် ပေါက်နေပြီး ၎င်း၏ကြီးမားသော မျက်လုံးများသည် ကောင်းဖန်ကိုမြင်ရတာ အလွန်ပျော်ရွှင်နေပုံရသည်။
၎င်းသည် ရေကို စုပ်လိုက်ပြီး ကောင်းဖန်၏ခြေထောက်ဆီကို ထွေးလိုက်သည်။
“မင်း ကိုယ်အလေးချိန်ကျလာပြန်ပြီ.. ဝတုတ်ကောင်လေး” ကောင်းဖန်က ချီးကျူးလိုက်သည်။
နဖူးတွင် သမင်ချိုများပါသော ဤငါးကြီးသည် နဂါးဖြူနှင့် ငွေနဂါးနှစ်ကောင်လုံး၏ကလေး ဝတုတ်ဖြစ်သည်။ ကောင်းဖန်သည် ၎င်းကိုပထမဆုံးမြင်ဖူးတုန်းက အဖြူရောင်တောက်တောက်ပိုးကောင်ကဲ့သို့ ဆူဖြိုး ဝတုတ် နေသည်။
ယခုအခါတွင် ၎င်းတွင် ရှည်လျားသော သမင်ချိုများသာမက လှပတင့်တယ်သော မျက်နှာအဖြစ်ပြောင်းလာသည်။
“အရင်တုန်းကထက်တော့ နည်းနည်းပိန်သွားတယ်.. အခု ငါ့ရဲ့ မူလပုံစံကို ပြန်ရောက်သွားပြီ..” ဝတုတ်ကောင်လေးသည် ကမ်းစပ်တွင် ပျော်ရွှင်စွာ ၎င်း၏အမြီးကို တွန့်ပြလိုက်သည်။
“ဒါက…” ခိုင်ရမ်ချန်း သည် ထိုကဲ့သို့သော ဝိညာဉ်သားရဲတစ်ကောင်ကို မြင်ဖူးခဲသောကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
“ဒါကနဂါးဖြူနဲ့ ငွေနဂါးရဲ့သား ဝတုတ်ကောင်လေးပါ.. သူ့ခန္ဓာကိုယ်ထဲမှာ နဂါးသွေးတွေနဲ့ ပြည့်နေတယ်.. ဒါက နဂါးသွေးကနေ ဆင်းသက်လာသူပဲ”
“ဒါက အဘိုးရဲ့ ဆွေစဉ်မျိုးဆက်ပဲ” ဤအဆင့်မြင့်သားရဲ၏အမျိုးအနွယ်အကြောင်း အခြားသူများပြောသည်ကို သူမ ကြားဖူးသဖြင့် ခိုင်ရမ်ချန်း ၏မျက်လုံးများ တောက်ပလာသည်။
အများအားဖြင့် ဘုရင်အဆင့် သို့မဟုတ် ဧကရာဇ်အဆင့် သားရဲများ၏ အမျိုးအနွယ်များသည် အလားအလာရှိသော သားရဲများဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် ၎င်းတို့သည် ကြီးမားသော တောင်းဆိုမှုများ ဖြစ်လိမ့်မည်။ ဘုရင်အဆင့်သားရဲ လေ့ကျင့်သူများအောက်တွင် သားရဲအချို့သည် ဘုရင်အဆင့်သားရဲဖြစ်မည်မှာ သေချာသည်။ သို့သော် ဘုရင်အဆင့် သားရဲများ၏ သားစဉ်မြေးဆက်များ၏ သဘာဝလက်ဆောင်များကတော့ သာမန်သားရဲများနှင့် မယှဉ်နိုင်ပေ။ သို့သော် ဤအဆင့်မြင့်သားရဲများ၏ အမျိုးအနွယ်များသည် သာမန်အားဖြင့် အပြင်လူများကို ရောင်းရန်မဟုတ်ပေ။
၎င်းတို့ကို ဆက်ခံသူ သို့မဟုတ် ဆွေမျိုးသားချင်းများထံသာ လွှဲပြောင်းပေးမည်ဖြစ်သည်။ ယခုအခါတွင် ဝတုတ်ကောင်လေးသည် အထက်အောက်အဆင့်သစ်၏ ဖွံ့ဖြိုးတိုးတက်မှုအစောပိုင်းအဆင့်ကို ရောက်နေသည်။
ကြီးကြီးမားမား စရိုက်လက္ခဏာများကို မျိုးဆက်အနည်းငယ်အထိ ထိန်းသိမ်းထားနိုင်သရွေ့ သတ္တဝါသည် မျိုးဆက်များအတွက် သြဇာကြီးမားသော သားရဲရှိသော မိသားစုကို ဖန်တီးပေးမည်ဖြစ်သည်။
ဝတုတ်ကောင်လေး၏ ပင်ကိုယ်စွမ်းရည်သည် မဆိုးလှပဲ အမှန်တကယ် ထက်မြက်သော်လည်း ကောင်းဖန်သည် ၎င်း၏အောက်တွင် သားရဲအသစ်များကို လက်ခံရန် အဆင်သင့်မဖြစ်သေးပေ။ သူ့သားရဲအဖွဲ့တွင် ထူးထူးခြားခြား အရည်အချင်းများ သို့မဟုတ် အရည်အချင်းများ မရှိလျှင် ၎င်းတို့ကို မလိုအပ်ပေ။
ဖလိန်မီသည် အမှန်တကယ် ကိုယ်ဝန်ရှိပြီး ဖလတ်ဒီလေးကို မွေးခဲ့ပါက ၎င်းသည် ဒဏ္ဍာရီနှင့် ဒဏ္ဍာရီလာအဆင့်များတွင်ရှိသည့် ဧကရာဇ်အဆင့်စုံတွဲမှ ဆင်းသက်လာမည်ဖြစ်သည်။
“မင်း ဝတုတ်ကောင်လေးကို နှစ်သက်ရင် နဂါးဖြူနဲ့ ငွေနဂါး တို့ရဲ့ ခွင့်ပြုချက်ရယူဖို့တော့ လိုအပ်တယ်.. သူတို့သဘောမတူရင် ငါမကူညီနိုင်ဘူး.. ဒါ့အပြင် ဝတုတ်ကောင်လေးကိုလည်း ခွင့်ပြုချက်တောင်းဖို့ လိုတယ်” ဟု ကောင်းဖန်က ရှင်းပြလ်ိုက်သည်။
“ကျွန်မကြိုက်တယ်” ခိုင်ရမ်ချန်း သည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ ဝမ်းကွဲအစ်ကိုကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။
ဝတုတ်ကောင်လေး၏ အပြင်ပန်းအသွင်အပြင်သည် အရည်အသွေးမြင့်သည်ဟု မဆိုနိုင်သော်လည်း ကျန်ရှိသော သားရဲလေးကောင်ထက် များစွာသာလွန်ကောင်းမွန်ပြီး အရေးကြီးဆုံးမှာ ၎င်းသည် သူမအလေးစားဆုံး နဂါးဖြူ၏ အမျိုးအနွယ်ဖြစ်သည်။
ကန်အောက်ခြေရှိ ရှည်လျားသော အရိပ်နှစ်ခုသည် ချဉ်းကပ်လာကာ ရေမျက်နှာပြင်နှင့် ပိုမိုနီးကပ်လာသောကြောင့် ပိုမိုပြင်းထန်သော ဖိအားကို ဖြစ်စေသည်။
ရှည်လျားသော ခန္ဓကိုယ်နှစ်ခုသည် ရေမျက်နှာပြင်မှ လွတ်မြောက်သွားသည်။ ရေမြူများ ကောင်းကင်သို့ လွင့်ပျံလာသည်။ မြူခိုးများ ငြိမ်သွားသည်နှင့်အမျှ ကောင်းကင်တွင် မှုန်မှိုင်းသော သက်တံတစ်ခုကို မြင်တွေ့ရသည်။
ခိုင်ရမ်ချန်း က သားရဲတစ်ကောင်ကို ရှာနေပြီး ဝတုတ်ကောင်လေးကို သဘောကျကြောင်း ကောင်းဖန်က နဂါးဖြူနှင့် ငွေနဂါးကို ပြောပြလိုက်သည်။ နဂါးဖြူနှင့် ငွေနဂါးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ခိုင်ရမ်ချန်ကို ကြည့်လိုက်ပြီး ခေါင်းညိမ့်လိုက်ကြသည်။ နဂါးဖြူက ဟစ်အော်လိုက်သည်။
“ဝတုတ်ကောင်လေးကိုယ်တိုင်က အဲဒါကို ကျေနပ်နေသရွေ့ အဲဒါနဲ့ ပတ်သက်ပြီး ပြဿနာမရှိပါဘူး”
ငွေနဂါးသည် စကားတစ်ခွန်းမှ မပြောဘဲ ပခုံးပေါ်မှ ခေါင်းလှည့်ကာ နဂါးဖြူနောက်သို့ လျင်မြန်စွာ လိုက်လာသည်။
ကောင်းဖန်သည် အံ့အားသင့်စရာ တစ်ခုခုကို သတိပြုမိပြီး သူ့မျက်နှာပေါ်တွင် ပြုံးပြနေဟန် ပေါ်နေသည်။
“ကိုယ်ပိုင်သားရဲလုပ်မလား” ဝတုတ်ကောင်လေးသည် လုံးဝ အံသြသွားသည်။ ငါ့ကို ကိုယ်ပိုင်သားရဲ လုပ်ချင်တာလား..
“မလုပ်ဘူး... မလုပ်ဘူး.. မလုပ်ဘူး..” ဝတုတ်ကောင်လေးက ခေါင်းကို အရူးအမူး ခါယမ်းနေသည်။
အကြီးမားဆုံးအတားအဆီးဟု သူတို့ထင်မှတ်ထားသော နဂါးဖြူနှင့် ငွေနဂါးတို့က မမျှော်လင့်ဘဲ ၎င်းတို့ကို လက်ခံသော်လည်း ဝတုတ်ကောင်လေးက လက်မခံပေ။
“အဟမ်း.. ဝတုတ်.. ဝတုတ်ကောင်လေး.. မင်းကဘာလို့ ဆန္ဒမရှိတာလဲ” ကမ်းစပ်မှာ ငုတ်တုတ်ထိုင်နေတဲ့ ခိုင်ရမ်ချန်း က စိုးရိမ်တကြီးမေးလိုက်သည်။
“ရေကန်မှာက နေ့တိုင်း စားပြီး အိပ်ရတယ်.. အခု ငါ့ဘဝက အရမ်းအဆင်ပြေတယ်.. နေ့တိုင်း တိုက်ခိုက်နေရတဲ့ သားရဲတော့ မဖြစ်ချင်ပါဘူး” ဝတုတ်ကောင်လေးသည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ကောက်ကျစ်သော အရိပ်အယောင်သည် မျက်လုံးထဲတွင် နက်ရှိုင်းစွာ ထွက်ပေါ်လာသည်။ “အကို ကောင်းဖန်က ကျွန်တော့်ရဲ့ သားရဲလေ့ကျင့်သူ ဖြစ်ချင်စိတ်ရှိရင်တော့ ငါ သဘောတူမယ်”
ကောင်းဖန်သည် အနည်းငယ် ပျင်းနေသော်လည်း ဝတုတ်ကောင်လေးသည် အကောင်းကြိုက်သည် ဟူသောအချက်ကို တွေးမိကာ မရယ်ပဲနိုင်ပေ။ ၎င်းသည် မြင်မြင်ချင်းပင် အကောင်းမွန်ဆုံး လူသားသားရဲ လေ့ကျင့်သူကို ရှာဖွေတွေ့ရှိနိုင်သည်။
ကောင်းဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် မှိန်ဖျော့သွားသည်။ “ငါ့မှာ သားရဲတွေ အများကြီးရှိနေပြီးပြီ.. ဝတုတ်ကောင်လေး.. ဒါပေမယ့် ငါ့သားရဲတစ်ယောက်ယောက်ကို အနိုင်ယူနိုင်ရင်တော့ မင်းကို ငါ့သားရဲအဖြစ် လက်ခံဖို့ သဘောတူလိုက်မယ်.. မင်းအဲလိုလုပ်မလား”
ဝတုတ်ကောင်လေးက အံ့ဩသွားသည်။
“သူမက ငါ့ဝမ်းကွဲညီမဖြစ်ပြီး မင်းနဲ့တူတယ်.. နှစ်ယောက်စလုံးမှာ ဆွေးနွေးစရာအကြောင်းအရာတွေ အများကြီးရှိမယ်လို့ ယုံကြည်ပါတယ်.. နောက်ပြီး သူက စစ်တိုက်တဲ့ သားရဲ လေ့ကျင့်သူလည်း မဟုတ်ပါဘူး။” ကောင်းဖန်က ပြောရင်း ရယ်မောလိုက်သည်။
ဝတုတ်ကောင်လေးသည် ခေါင်းကို ရေထဲသို့ ခဏငုံ့ထားလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ရေမျက်နှာပြင်ပေါ်မှ ပြန်ပေါ်လာပြီး ဖြူဖွေးသောမျက်နှာဖြင့် ခိုင်ရမ်ချန်း ကို ကြည့်လိုက်သည်။ “ဒါဆို မင်းက ငါ့ကို ငါးတွေ အများကြီးကျွေးရမယ်”
ခိုင်ရမ်ချန်း ၏ မျက်လုံးများသည် လခြမ်းသဏ္ဍာန်အဖြစ်သို့ ကွေးညွတ်သွားသည်။ သူမက ကမ်းစပ်မှာ ဒူးထောက်ထိုင်ချလိုက်ပြီး ဖြူစင်သန့်ရှင်းတဲ့ လက်ဖဝါးနဲ့ ဝတုတ်ကောင်လေးရဲ့ ဦးခေါင်းကို ထိဖို့ ဂရုတစိုက် ခါးကို နိမ့်ချလိုက်သည်။ “ကောင်းတယ်... ငါ့နာမည်က ခိုင်ရမ်ချန်း ပါ... မင်းအတွက်ငါးဝယ်ဖို့ ငါ့မုန့်ဖိုးအကုန်သုံးမှာပါ”
***
သားရဲလေ့ကျင့်သူ
အခန်း ၆၄၈ ငါးဝယ်ချင်ရင် ငါ့ကိုရှာပါ
ယန့်ကျဲမြစ်ရေနတ်ဘုရား၏အမည်သည် မျှော်လင့်ခြင်းမြို့တစ်ခွင်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။
ယန့်ကျဲမြစ်ရေနတ်ဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ က မွေးဖွားခဲ့သည်ဟု ဆိုသည်။ သူသည် အသက်ရှင်စဉ်အချိန်က အခြားသူများကို ကြင်နာတတ်ပြီး ကူညီတတ်သည့် တံငါသည်တစ်ဦးဖြစ်သည်။ သူသည် ပြန်ဝင်စားတာ ဆယ်ကြိမ်တိုင်တိုင် ရှိသည့်တိုင် သူတော်ကောင်းဖြစ်နေသေးသည်။ တစ်ခါက ယန့်ကျဲမြစ်ထဲ မတော်တဆ ပြုတ်ကျခဲ့တဲ့ ကလေးငယ်ကို ကယ်တင်ဖို့ ကြိုးစားရင်း ပေါင်းပင်တွေနဲ့ ညိပြီး ရေနစ်သေဆုံးပြီးနောက် ယန့်ကျဲမြစ်ရေနတ်ဘုရားဘွဲ့ကို ချီးမြှင့်ခြင့်ခံခဲ့ရသည် ဟုဆိုသည်။
ရှန်ချမ်းသည် ယခင်က ယန်စီမြစ်ထဲတွင် နှစ်ပေါင်းတစ်ထောင်ကျော်နေထိုင်ခဲ့သည့် နတ်ဆိုးကြီးတစ်ဦး ဖြစ်ခဲ့ဖူးသည်ဟူသော စကားတစ်ခုလည်းရှိသေးသည်။ ဘုရားကျောင်းတစ်ခု တည်ဆောက်ခဲ့ပြီး နောက်ဆုံးတွင် မြစ်ထဲသို့ မတော်တဆ ပြုတ်ကျသူများကို အဆက်မပြတ် ကယ်တင်ခဲ့ပြီး မြစ်ကမ်းနှစ်ဖက်ရှိ သာမန်ပြည်သူများအတွက် ရာသီဥတုကောင်းမွန်စေရန် ၎င်း၏ စွမ်းအားများကို အသုံးပြုခဲ့ခြင်းကြောင့် နောက်ဆုံးတွင် နတ်ဘုရားဘွဲ့ ပေးအပ်ခြင်းခံခဲ့ရသည်ဟုလည်း ဆိုကြသည်။
တစ်စုံတစ်ယောက်ကလည်း တောင်ကုန်းတစ်နေရာတွင် စပျစ်နွယ်ပင်များဖြင့် ဖုံးလွှမ်းထားသော ဘုရားကျောင်းငယ်တစ်ခုကို တွေ့ရှိခဲ့သည်။ ကျောက်စာများကို မြစ်ကမ်းနွံထဲမှ တူးဖော်ခဲ့ကြသည်။
ဒီကောလဟာလတွေ အားလုံးကလည်း အမှန်ဖြစ်ပုံရလာသည်။ ထို့ကြောင့် ၎င်းတို့ကို ယုံကြည်သူများသည် ရှန်ချမ်း၏ နောက်လိုက်များ ဖြစ်လာခဲ့သည်။ ကောလဟာလများကို မယုံသူများသည်ပင် လွှမ်းမိုးသောသတင်းများအပြီးတွင် တစ်စိတ်တစ်ပိုင်း ယုံကြည်လာကြသည်။
ဒါတွေအားလုံးဟာ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းနဲ့ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို လေးစားဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ ယုံကြည်ရန် အတင်းအကျပ်မလုပ်ကြပေ။ သို့သော်လည်း ယန့်ကျဲမြစ်ရေနတ်ဘုရားကို ယုံကြည်သူများသည် အစိုးရထံမှ လစဉ်ထောက်ပံ့ကြေး အနည်းငယ်တောင်းခံနိုင်ကြသည်။
အချိန်အတော်ကြာပြီးနောက် ရေနတ်ဘုရားဘာသာရေးကို မျှော်လင့်ခြင်းမြို့တွင် တည်ထောင်နိုင်ခဲ့သည်။ တဖြည်းဖြည်း ဒေသ၏ တရားဝင်ဘာသာနီးပါးဖြစ်လာသည်။
ရေနတ်ဘုရားဘာသာရေးအတွင်းရှိ အတွင်းပိုင်းရာထူးများသည် အလွန်ရှုပ်ထွေးပြီး လူအနည်းငယ်သာ ရှိသော်လည်း ၎င်းတို့အားလုံးကို အထက်တန်းစားအဖြစ် သတ်မှတ်ခံရသည်။ လောလောဆယ်တွင် ရေနတ်ဘုရား၏ ခေါင်းဆောင်ရာထူးကို ဟွမ်းထောင်ကို ပေးအပ်ထားသည်။
ရေနတ်ဘုရားသည် အခွင့်အာဏာသည် လူကို ကျဆုံးစေနိုင်သည်ဟု နားလည်ထားသောကြောင့် တန်ခိုးအာဏာများစွာ မရှိပေ။ ထို့ကြောင့် ဘာသာရေးသည်ပင် အစိုးရ၏ ချုပ်ကိုင်မှုနှင့် အုပ်ချုပ်မှုကို လက်ခံရသည်။
ရေနတ်ဘုရားဘာသာရေး၏ အဓိကတာဝန်မှာ ယန့်ကျဲမြစ်ရေနတ်ဘုရား၏ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် တာဝန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရေနတ်ဘုရားကို တစ်ဦးချင်း ကိုးကွယ်လိုသူရှိပါက သက်ဆိုင်ရာလူများက ဝတ်ပြုနည်းကို သင်ကြားပို့ချပေးနိုင်မည်ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ယန့်ကျဲမြစ်ရေနတ်ဘုရားဘာသာရေး၏ ဂုဏ်သိက္ခာသည် ကြီးမားလာကာ သားရဲအမဲလိုက်ရန်အတွက် ကမ္ဘာမြေကြယ်သို့မသွားရောက်မီ အဖွဲ့များစွာက ရေနတ်ဘုရားအား ပူဇော်သက္ကာပြုကြသည့်အထိ ဖြစ်လာသည်။
ရေနတ်ဘုရား၏ကျေးကျွန်များ သည် တစ်ခါတစ်ရံတွင် သားရဲများနှင့်ရင်ဆိုင်ရချိန်တွင် တိုက်ခိုက်နိုင်စွမ်းမရှိသည့်အခါတွင်ပင် အားဖြည့်မှုများကို ထောက်ပံ့ပေးကြသည်။ သို့သော် ဤလူများသည် တဖြည်းဖြည်းနှင့် တစ်ခုခုမှားနေပြီဟု သတိပြုမိလာသည်။
ဥပမာအားဖြင့် ကျေးကျွန်များပေါ်ထွက်လာသည့် အကြိမ်ရေသည် ၎င်းတို့၏ ယုံကြည်ချက်များအပြင် ကိုးကွယ်မှုအကြိမ်ရေတို့နှင့် ဆက်စပ်နေသည်။
ဖယောင်းတိုင်မီးထွန်းပြီးသာ ဆုတောင်းသူများသည် ယန့်ကျဲမြစ်မှ ရေသတ္တဝါအချို့ထံမှ စစ်ကူများကိုသာ ရရှိကြမည်ဖြစ်သည်။ အခြားအခြေအနေများတွင်တော့ ၎င်းတို့သည် မြစ်အတွင်းရှိ သားရဲများ၏ တိုက်ခိုက်ခြင်းမရှိဘဲ ယန့်ကျဲမြစ်ကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
သို့သော် မကြာခဏ သို့မဟုတ် ပြင်းထန်စွာ ကိုးကွယ်သူများကတော့ အန္တရာယ်ကြုံသည့်အချိန်တွင် ပိုမိုအားကောင်းသော ရေသတ္တဝါများထံမှ အကူအညီရရှိမည်ဖြစ်သည်။ တစ်ခါတရံမှာ အလွန်ကံကောင်းခဲ့မယ်ဆိုရင် ရေနတ်ဘုရားကတောင် သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကူညီပေးသည်။ ထို့ကြောင့် ရေနတ်ဘုရားသည် ဘက်လိုက်လွန်းသည်ဟု ခံစားရသူများ ရှိသည်။
သို့သော်လည်း ယန့်ကျဲမြစ်၏ အရှည်ကို တွေးတောကာ ဘာသာ၏ နောက်လိုက် အရေအတွက် များပြားလှသော ရေဘုရားသည် အချိန်တိုင်း အချိန်တိုင်း လူတိုင်းကို မကူညီနိုင်ဟု ငြင်းခုံကြသူများလည်း ရှိသည်။ ရေနတ်ဘုရားသည် ခိုင်မာသောယုံကြည်သူများကို ဦးစွာကူညီပေးလိမ့်မည်ဆိုတာကေတာ့ သေချာသည်။ ထို့ကြောင့် ရေနတ်ဘုရားကို အပြစ်တင်ခြင်းသည် ၎င်းတို့၏ ယုံကြည်ချက်ကို လုံလုံလောက်လောက် မဆည်းကပ်သည့် နောက်လိုက်၏ အပြစ်သာ ဖြစ်လိမ့်မည်။
ရေနတ်ဘုရားဘာသာရေး လမ်းကြောင်းမှန်ပေါ်ရောက်သွားသည်နှင့် ကောင်းဖန်သည် ကမ္ဘာမြေကြယ်တွင် သူ၏အာရုံကို ခေတ္တဖယ်ရှားပြီး သားရဲများကိုလိုက်လံရှာဖွေရန်နှင့် ကိုယ်ပိုင်သားရဲအဖြစ်မွေးမြူရန် အနက်ရောင်မြူခိုးကမ္ဘာ၏နက်နဲသောနေရာများသို့ သူ့သားရဲများကို ခေါ်ဆောင်လာလိုက်သည်။
ကောင်းဖန်သည် ဂိုဒီနှင့် ဖလိန်မီတို့ကိုတော့ ရှောင်ကောကို ပြုစုစောင့်ရှောက်ရန် ချန်ထားခဲ့သည်။ ရှောင်ကောကို အဘိုး၏ အိမ်သစ်နောက်တွင် နေရာချထားသည်။ ထိုနေရာသည် ကျယ်ဝန်းသော နေရာဖြစ်ပြီး ချောင်းကြည့်နေသော မျက်လုံးများကို ပိတ်ဆို့ရန် ဘေးပတ်ပတ်လည်တွင် တောင်ကုန်းနိမ့်များ ရှိပြီး ခပ်ဝေးဝေးမှ စမ်းချောင်းငယ်တစ်ခုပင် ရှိသေးသည်။
ဂိုဒီသည် ညစာစားပြီး သူ့ ဗိုက်ဝိုင်းကို ပွတ်သပ်ကာ လမ်းလျှောက်ထွက်လာသည်။ “ဖလိန်မီ ငါစားပြီးပြီ.. ငါ လမ်းလျှောက်ထွက်တော့မယ်” ဂိုဒီက နေကာမျက်မှန်ကို နှာခေါင်းပေါ် တွန်းတင်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဖလိန်မီသည် ဂိုဒီကို ခေါင်း လှည့်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ မျက်လုံးမှိတ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ဖလိန်မီသည် ဂိုဒီထွက်သွားတာကို စောင့်နေပြီးနောက် တိတ်တဆိတ်ထကာ မြေပေါ်တွင်တွင်းတစ်တွင်းတူးရန် မြေကြီးတွေကို အမြန်ခြစ်ထုတ်လိုက်သည်။ အောက်ခြေတွင် သံသေတ္တာတစ်လုံးရှိပြီး ငါးခြောက်များအပြည့်ရှိသည်။
ဖလိန်မီသည် ၎င်း၏ဝမ်းဗိုက်ဝိုင်းဝိုင်းကို ငုံ့ကြည့်လိုက်သည်။ ဗိုက်ပြည့်နေမှ ဝိတ်ချဖို့ ခွန်အားရှိမယ်လို့ သူ့ကိုယ်သူ ယုံကြည်လာတာကြောင့် မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်သည်။
ဂိုဒီသည် ၎င်း၏နယ်မြေအား စစ်ဆေးရန် လမ်းမကြီးပေါ်တွင် ပုန်းရှောင်ကာ လမ်းလျှောက်ရန် စိတ်မ၀င်စားပေ။ သူသည် ဘယ်ညာ ကြည့်နေပြီး လမ်းဘေးက ငှက်တစ်ကောင်ကို ခြောက်ဖို့ အခွင့်အရေးကိုတောင် လက်လွတ်မခံပေ။
“မင်းကဘာလို့ဒီကိုလာနေတာလဲ. ဒါက ငါ့နယ်မြေဆိုတာ မင်းမသိဘူးလား.. မင်းကို ဒီမှာ နေဖို့ ခွင့်မပြုခဲ့တာ သေချာတယ်. မင်းအဲဒီမှာ ရပ်နေတာပိုကောင်းမယ်..” ဂိုဒီသည်မြေပြင်မှ ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး ငှက်ကို ပစ်ကာ ငှက်ကလေး ထိတ်လန့်စွာ ပျံသွားသည်ကို ကြည့်နေပြီး အထိန်းအကွပ်မဲ့စွာ အော်ဟစ်နေလေသည်။
ဂိုဒီသည် ၎င်း၏ ယုတ်ညံ့သော ခံစားချက် ကြီးမားစွာ ပြည့်စုံသွားသောကြောင့် တစ်ချက်အော်ဟစ်လိုက်သည်။ ထို့နောက် ခေါင်းပြောင်ကိုလက်တစ်ဖက်ဖြင့် ပျော်ရွှင်စွာ ပွတ်သပ်ကာ ဂိုဒီသည် ကျီဟန့်၀ူ၏ စံအိမ်ဆီသို့ ဆက်လျှောက်သွားသည်။
ပခုံးအထိ ဆံပင်ရှည်နဲ့ အနီရောင် ၀တ်စုံကို ၀တ်ထားသော မိန်းကလေး သည် ဦးခေါင်းပေါ်တွင် ဦးချိုများ ပါသော အဖြူရောင် ငါးကြီး နှင့် ဆန့်ကျင်ဘက် ဘက်သို့ လျှောက်သွားနေသည်။ လေထုမှ ရေမှုန်များကို ငါးက စုပ်ယူနေသောကြောင့် ၎င်း၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ရေပူဖောင်းငယ်တစ်ခုအဖြစ် အဆက်မပြတ် ပေါင်းစည်းနေသည်။
ဂိုဒီသည် နောက်သို့ လှည့်ကြည့်လိုက်သည်။ ဂိုဒီသည် အများအားဖြင့် မာနကြီးသော်လည်း အထူးသဖြင့် အနီးနားတွင်နေထိုင်သော အခြား သားရဲလေ့ကျင့်သူများက ၎င်းတို့သည် သခင်၏သူငယ်ချင်းများဖြစ်ကြောင်း ပြောရင်တော့ မည်သည့်အခါမျှ အနိုင်ကျင့်မည်မဟုတ်ပေ။ ယနေ့ခေတ်တွင် လူဆိုးဂိုဏ်းများပင် ယဉ်ကျေးသော သတ္တဝါများဖြစ်လာသည်။
“ဝတုတ်ကောင်လေး ငါ့ရဲ့ထောက်ပံ့ကြေးက မင်းအတွက်ငါးဝယ်ဖို့ပဲသုံးလိုက်ရတယ်.. ငါက တစ်လကို မဟာမိတ် ဒေါ်လာတစ်သန်းပဲရတယ်.. နောက်လမှာ မင်းအတွက်ငါးထပ်ဝယ်ဖို့ ဘယ်လိုလုပ်မလဲ” ခိုင်ရမ်ချန်းသက်ပြင်းချလိုက်သည်။ ဝတုတ်ကောင်လေးသည် အစာစားရာတွင် အလွန်ဇီဇာကြောင်လေ့ရှိပြီး သာမန်ငါးကို မစားပေ။ ကွန်မန်ဒါအဆင့် သို့မဟုတ် အထက်တွင်ရှိသော ငါးများကိုသာ စားသည်။
ကွန်မန်ဒါအဆင့်ငါးတွေကို ပေါင်နဲ့ရောင်းတာမို့ ဈေးမပေါပေ။ ငါးပ ဘယ်လောက်သေးငယ်နေပါစေ မဟာမိတ်အမှတ် ဆယ်ဂဏန်းလောက် ကုန်ကျနေသေးသည်။
“တစ်သန်း” ဂိုဒီသည် နေကာမျက်မှန်အောက်မှ မျက်လုံးများ ပြူးနေပြီး လမ်းတွင် ရပ်တန့်သွားသည်။ ဒီကောင်မလေးက အရမ်းတောင်မကြီးသေးဘူး။ မယုံနိုင်လောက်အောင် ချမ်းသာတာပဲ။ သူမက ဒဏ္ဍာရီလာအဆင်ပြေသူဖြစ်မလား။
ခိုင်ရမ်ချန်းကို ကြည့်ဖို့ ခေါင်းကို လှည့်ပြီးနောက် သူက သူမဆီ စိတ်ချလက်ချ လျှောက်လာသည်။ “ဟေ့ မိန်းကလေး မင်း ငါးဝယ်နေတာလား”
“ဘာလဲ” ခိုင်ရမ်ချန်းသည် သူမရှေ့တွင် စကားပြောနေသည့် ဘဲတစ်ကောင်ကို ရုတ်တရက်မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။
ဂိုဒီ၏ ဘယ်ဘက်လက်သည် ၎င်း၏လက်ချောင်းများကြားရှိ ငွေသား၏နွေးထွေးမှုကို ခံစားရင်း ၎င်း၏အိတ်ကပ်ထဲသို့ တိတ်တဆိတ် ရွှေ့လိုက်သည်။ “မင်းတို့ကို ငါ ငါးရောင်းမယ် ဈေးမဆစ်နဲ့... ငါး.. ခြောက်…တစ်ထောင်.. ငါးတစ်ကောင်ကို တစ်ထောင် ” ဂိုဒီက ရယ်စရာကောင်းတဲ့ဈေးကို ပြောလိုက်သည်။
အစကတော့ သူသည် လောဘကြီးပြီး ငါးတစ်ကောင်ကို တစ်ထောင့်ငါးရာ တောင်းချင်ပေမယ့် အဲဒါက သူ့မကို ခြောက်လိုက်သလို ဖြစ်သွားမှာကို တွေးကြည့်တော့ တစ်ထောင်နဲ့ အဆင်ပြေသွားသည်။
“ဂိုဒီ” သူက သူမကို မမှတ်မိရင်တောင် သူမက သူ့ကို မှတ်မိနေသည်။ ကောင်းဖန်၏ ကျော်ကြားသော သားရဲများကို မသိသူမရှိပေ။
“မဟာမိတ်အမှတ်တစ်ထောင်လို့ပြောတာလား” သူမက မေးလိုက်သည် ။ သူမ၏လစဉ်ထောက်ပံ့ကြေးမှာ မဟာမိတ်ဒေါ်လာ တစ်သန်းမျှသာဖြစ်ပြီး မဟာမိတ်အမှတ်တစ်ထောင်နှင့်ညီမျှသည်။
သူ့မှာ ကိုယ်ပိုင်စုဆောင်းငွေတော့ အနည်းငယ်ရှိပေမဲ့ အများကြီး မဝယ်နိုင်တော့ပေ။
“မဟာမိတ်အဖွဲ့ရဲ့ အမှတ်.. ငါက မဟာမိတ်ဒေါ်လာကို ဆိုလိုတာပါ.. မင်းငါ့ကိုလှည့်စားနိုင်မယ်မထင်ပါနဲ့” မဟာမိတ်အမှတ်များသည် လိမ်လည်မှု တစ်ခုဖြစ်ကြောင်း ကောင်းဖန်က ပြောထားပြီးသားပင်။ “ငါက ဘဲတစ်ကောင်ဖြစ်ပေမယ့် ရုပ်ရှင်တစ်ရာကျော်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများစွာကို ကြည့်ဖူးတယ်.. ငါ့ဘဝအတွေ့အကြုံက မင်းထင်တာထက် ပိုများတယ်” ဂိုဒီက ပက်ခနဲပြန်ပြောလိုက်သည်။
ခိုင်ရမ်ချန်းရုတ်တရက် စိတ်ရှုပ်သွားသည်။ မဟာမိတ်အမှတ်ရဲ့ စျေးကွက်တန်ဖိုးအပေါ် အထင်အမြင်လွဲမှားမှုမျိုး ရှိနေတာလား..
ခိုင်ရမ်ချန်းရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ ငါ့ဝမ်းကွဲအစ်ကိုက ဒီမိုက်မဲတဲ့ ဘဲတစ်ကောင်ကို လှည့်စားနေခဲ့ပုံပဲ..
သူမက အတွေးများကို ထုတ်မပြဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ “တောင်းပန်ပါတယ် ဂိုဒီ.. ငါ စကားမှားသွားတယ်.. ငါဘယ်လောက်တောင် စိတ်မကောင်းဖြစ်သွားကြောင်းပြဖို့ မင်းကို ငါးတစ်ကောင်အတွက် မဟာမိတ် ဒေါ်လာတစ်ထောင် အပိုပေးဖို့ ဆုံးဖြတ်လိုက်ပြီ.. ငါးတစ်ကောင်ကို မဟာမိတ်ဒေါ်လာ ၂၀၀၀ နဲ့ ဝယ်မယ်.. မင်းဘယ်လိုထင်လဲ”
ထိုမှပင် ဂိုဒီ၏ ဒေါသများ မှိန်ဖျော့သွားသည် ။ ဒီမိန်းကလေးက တုံးလိုက်တာ.. ဒါဟာ ချမ်းသာတွေက တုံးတယ်ဆိုတဲ့ အဓိက ဥပမာပဲ..
“ကောင်းပြီ.. ဒါပေမယ့် အခု နောက်ကျနေပြီမို့ လောလောဆယ် ငါးဖမ်းဖို့ အချိန်မရှိဘူး.. ပိုက်ဆံကို ငါ့ဆီမှာထားခဲ့ မင်းအတွက် ငါးအနည်းငယ်ဖမ်းဖို့ မြစ်ကို ငါသွားလိုက်မယ်..ငါ့ကိုယုံလိုက်.. မင်းရဲ့ပိုက်ဆံကို ငါမလှည့်စားဘူး” ဟု ကျေနပ်စွာ ခေါင်းညိတ်ပြရင်း ဂိုဒီက ပြောလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်ပြီး လမ်းလျှောက်သွားတော့သည်။