အခန်း (၆၅၇-၆၆၀)
Vol. 42 Ch. 657-660
အခန်း ၆၅၇ စစ်မှန်သော နဂါးမောက်သီး
အစင်းလေးသည် ရွှေနီရောင် ကျောက်များကို ချော်ရည်ဆီမှ စုပ်ယူလိုက်သောအခါ အပူချိန် မြင့်တက်သွားပြီး သူ့အရေပြားသည်ပင် အနီရင့်ရောင် ပြောင်းလာသည်။ သူအသက်ရှူထုတ်လိုက်လျှင် တိမ်များပင် ပြိုကွဲသွားသည်။ အစင်းလေး၏ အပေါ်တွင် ရှိနေသော အနီရင့်ရောင် တိမ်တိုက်များသည် ပိုမိုထူထဲလာကာ အစင်းလေး၏ ကိုယ်တွင်းတွင် ရှိနေသော စွမ်းအင်သည် ကြောက်မက်ဖွယ် ကြီးမားလာသည်။ အစင်းလေး၏ ကိုယ်တွင်းမှ စွမ်းအင်များသည် ပေါက်ကွဲထွက်တော့မလို ဖြစ်နေသည်။
အစင်းလေး၏ အောက်တွင် အဖိခံထားရသော အရာသည် အစင်းလေးက တင်ပါးကြီးကို ခဏမြှောက်လိုက်တိုင်း ထွက်လာဖို့ ကြိုးစားနေသော်လည်း မအောင်မြင်နိုင်ဖြစ်နေသည်။
“သူ့အောက်က ဘာကြီးလဲ” ကောင်းဖန်က မေးလိုက်သည်။
“ဒီကောင်တွေရဲ့ ခေါင်းဆောင်နေမှာပေါ့” ပင်လယ်၀တုတ်က ပြန်ဖြေလိုက်သည်။
ကောင်းဖန်သည် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အဝေးတွင် မီးတောက်ဘီလူးများသည် မီးတောင်များမှ ထွက်လာနေကြပြီး ကူကယ်ရာမဲ့ ပြေးလွှားနေကြသည်ကို မြင်နေရသည်။ သူတို့သည် မီးတောင်ကြီး အောက်တွင် ရှိနေသော သူတို့၏ မီးတောင် ဘီလူး ခေါင်းဆောင်၏ အမိန့်ကို နာခံကြသကဲ့သို့ အနီးသို့ ကပ်လာနေကြသည်။ သို့သော် ၀င်္ကပါ၏ နံရံများက သူတို့ကို လာရောက်ခွင့် မပြုပဲ သူတို့သည် ၀င်္ကပါ၏ ပညတ်ချက်ထဲတွင် လည်ပတ်ကာ အလယ်သို့သာ ပြန်ပြန်ရောက်သွားနေကြသည်။
ထို့ကြောင့် မီးတောက်ဘီလူးများသည် ၀င်္ကပါထဲတွင် အဆုံးမရှိ ပြေးလွှားနေကြသလို ဖြစ်နေသည်။
ကောင်းဖန်သည် ၀င်္ကပါ၏ တင်းကြပ်သော ပညတ်ချက်များကို လေ့လာကြည့်နေမိသည်။
“အစင်းလေး.. မင်းအဲဒီကျောက်တွေကို စားလို့ပြီးဖို့ ဘယ်လောက်ကြာဦးမလဲ” ကောင်းဖန်က မေးလိုက်သည်။
အလုပ်ကြိုးစားနေပုံရသော အစင်းလေးက လက်ချောင်းများကို သုံးပြီး ရေတွက်လိုက်သည်။ “၃ လလောက်ပေါ့” အစင်းလေးက ဂုဏ်ယူစွာ ပြောလိုက်သည်။
၃ လ .. ကောင်းဖန်သည် ခေါင်းကို တိတ်တဆိတ် ရမ်းလိုက်သည်။ အချိန်သည် အလွန်ကြာလွန်းပြီး သူတို့သည် ဒီလောက်ကြာပါက ထိုအပျက်အစီးများကြားတွင် သေသွားမှာ သေချာသည်။ တစ်ခုရှိတာက ကောင်းဖန်သည် အစင်းလေးကို ဆက်စားနေဖို့ ထားခဲ့လိုက်ပြီး စားလို့ပြီးရင် သားရဲသိုလှောင်ခန်းထဲ ပြန်ထည့်လိုက်လို့ ရသည်။ အဓိကက သူတို့တွေ နတ်ဘုရားနယ်နိမိတ်ကို ရှာဖွေလေ့လာဖို့ ဖြစ်သည်။
ထိုနေရာတစ်ခုလုံးသည် မီးတောင်များဖြင့် ပြည့်နေပြီး မီးတောင်တစ်ခုချင်းစီတိုင်းတွင် မီးတောက်ဘီလူးများ ရှိနေကြသည်။ ထိုမီးတောက်ဘီလူးများသည် အနည်းဆုံး အရှင်သခင် အဆင့်လောက်မှာ ရှိကြသည်။ ထို့နောက် အစင်းလေး တင်ပါးအောက်တွင် အဖိခံထားရသောအရာသည် အရှင်သခင်အဆင့်၏ ထိပ်ဆုံးလောက်တွင် ရှ်ိနေနိုင်သည်။
ကောင်းဖန်တို့ ထွက်သွားသောအခါ မီးတောက်ထဲတွင် ပုန်းနေသော မီးတောက်ဘီလူးသည် သတိကြီးစွာဖြင့် ထွက်လာကာ သူတို့ထွက်သွားရာနေရာသို့ ဦးတည်ဟိန်းဟောက်လိုက်သည်။ ထို့နောက် ပင်လယ်၀တုတ်သည် ကောင်းဖန်တို့ကို နတ်ဘုရားနယ်နိမိတ်ဆီ ဆက်လက်ဦးဆောင်သွားလိုက်သည်။ ထိုနေရာသည် ထင်ထားတာထက်ကြီးမားပြီး စုံလင်များပြားသည့် အပင်များ သားရဲများ များစွာရှိသည်။
တစ်နေရာတွင်တော့ သံသတ္တုဖြင့် လုပ်ထားသည့် တောင်များဖြင့် ပြည့်နှက်နေပြီး များပြားလှသည့် နတ်ဘုရားလက်နက်များက တောင်ထွတ်များတွင် ထိုးထွက်နေကြသည်။ သို့သော် ထိုလက်နက်များသည် အားလုံး သံကြေးထပ်ကာ ဟောင်းနွမ်းနေပြီ ဖြစ်သည်။ သူတို့နေရာသို့ ခြေတစ်လှမ်း၀င်လိုက်တာနှင့် သံကြေးနံ့ကြီးက ထောင်းခနဲ ထလာသည်။ ထိုလက်နက်များ၏ လှပသည့် အရောင်အဝါများသည် အချိန်၏ တိုက်စားမှုကြောင့် မှေးမှိန်ပျောက်ကွယ်သွားပုံရသည်။
“ပညတ်ချက်တွေရဲ့ ကာကွယ်မှုသာ မရှိရင် အကောင်းဆုံး ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အရာတွေတောင် အချိန်ရဲ့ တိုက်စားမှုကို မလွန်ဆန်နိုင်ဘူး” ပင်လယ်၀တုတ်က ကဗျာလိုလို စာလိုလို ရွတ်နေသည်။
လေးလံသော အမှောင်ပြာမှုန့်ရေများနှင့် ပြည့်နှက်နေသော ပင်လယ်တစ်ခုလည်း ထိုနေရာတွင် ရှိသည်။ထိုရေများသည် လေးလံခြင်းနှင့် ပေါ့ပါးခြင်းတို့ ရောထွေးနေသော ထူးခြားသည့် အရည်တစ်မျိုးဖြစ်သည်။ ကုန်းပေါ်တွင် ထိုရေသည် အလွန်ပေါ့ပြီး ငှက်မွေးလေးလို ပေါ့သွားသည်အထိ သူ့အလေးချိန်က လျော့ကျသွားသည်။ သို့သော် ရေထဲတွင် ဆိုရင်တော့ အလေးချိန်က တဖြည်းဖြည်း တိုးသွားကာ ပုံမှန် ပင်လယ်ရေထက် အဆ ၁၀၀ လောက်ကို ပိုလေးသွားသည်။
ကောင်းဖန်သည် ထိုရေကို မည်သည့်နေရာတွင် အသုံးပြုရမလဲ မသိသော်လည်း ရေကို တန်ရာချီလောက် စုဆောင်းပြီး ဆီလီ၏ သိုလှောင်ခန်းထဲတွင် ထည့်လိုက်သည်။ ထိုပမာဏသည် ရေကန်အသေးလေးတစ်ခုစာလောက်တော့ ဖြည့်နိုင်လောက်မည် ဖြစ်သည်။
တစ်ပတ်ကြာပြီးနောက် သူတို့သည် ရတနာအခန်းနှင့် တူသော နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။ ထိုနေရာသည် ကြီးမားသော ခန်းမကြီးနှင့် တူသည်။ သတ္တုရောင် ခန်းမနက်ကြီးကို ၀င်လိုက်လျှင် ရှေးခေတ်အရောင်အဝါများကို ခံစားရသည်။ အနက်ရောင် နံရံများတွင် လှပသော ပန်းပုများကို ထွင်းထုထားသည်။
ထိုပန်းပုများတွင် နဂါးပုံစံ သားရဲပုံများပါ၀င်ပြီး အစဉ်လိုက်ကြည့်လျှင် ဇာတ်ကြောင်း တစ်ခုခုကို ပြောပြနေသကဲ့သို့ ထင်ရသည်။
“ဒါက နတ်ဘုရားရဲ့ မော်ကွန်းကျောက်စာပဲ” ပင်လယ်၀တုတ်က အတိတ်ကို အောက်မေ့နေသကဲ့သို့ ပြောလိုက်သည်။ “အဲဒီမှာ နတ်ဘုရားရဲ့ ဇာတ်ကြောင်းတွေ၊ အောင်မြင်မှုတွေအကြောင်း ပါ၀င်တယ်”
ကောင်းဖန်ကတော့ စိတ်မ၀င်စားပော “မင်းအဲဒီဟာတွေအကြောင်း ပြောပြချင်တယ်ဆိုရင် ငါတို့ အိမ်ပြန်ရောက်တော့မှ မင်းကို အရက် ၂ ပုလင်းလောက်ပေးပြီး နားထောင်ပေးမယ်.. အခုတော့ ရတနာတွေ ရှာဖို့ပဲ အာရုံစိုက်ထားကြရအောင်” ကောင်းဖန်က ပင်လယ်၀တုတ်ကို လောလိုက်သည်။
ပင်လယ်၀တုတ်က သူ၏ ထူထဲသော ငါးနှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။
“တကယ်တော့ မင်း နတ်ဘုရားရဲ့ မော်ကွန်းကျောက်စာတွေကို သေချာအနီးကပ်ကြည့်ကြည့်ရင် အဲဒါတွေကို ဘယ်နတ်ဘုရားက ပိုင်ဆိုင်တယ်၊ ရတနာတွေ ဘယ်မှာရှိတယ်ဆိုတဲ့ အရိပ်အမြွက်တွေကို သိနိုင်တယ်ကွ.. မင်းက တော်တော်စိတ်မရှည်တဲ့ ကောင်လေးပဲ”
ခံစားချက်မဲ့နေသော မျက်နှာဖြင့် ကောင်းဖန်သည် ပေတစ်ထောင်လောက် ရှည်လျားမြင့်မားသော နံရံကြီးကို ညွှန်ပြလိုက်သည်။ နံရံကြီးသည် ဘယ်မှ ညာသို့ မျက်စိတစ်ဆုံး ရှိနေသည်။ “ငါကတော့ အဲဒါတွေကို ပြီးအောင် လိုက်ဖတ်နေရင် ၂ လလောက်ကြာမယ်ထင်တယ်.. မင်းပဲ အနောက်မှာ ချန်နေခဲ့ပြီး ဖြည်းဖြည်း ဖတ်နေပါတော့လား”
“အဟမ်း” ပင်လယ်၀တုတ်သည် အူကြောင်ကြောင် ချောင်းဟန့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ “သွားရအောင်.. မင်းရဲ့ ဟိုကြွက်လေးကို ဆင့်ခေါ်လို့ရတယ်မလား.. သူကတော့ ငါတို့ထက်ပိုပြီး ရတနာပိုရှာတတ်မှာပါ”
ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “သူ့ကို အခု ဆင့်ခေါ်ဖို့ ပြင်ဆင်နေတာပဲ.. ဒီနေရာက စိတ်ချရလောက်တယ်မလား”
“ပြောရတော့ခက်တယ်.. ဒီနတ်ဘုရားရဲ့ စရိုက်လက္ခဏာပေါ်တော့ မူတည်တယ်.. တကယ်လို့ သူက လှည့်ဖြားတတ်တယ်ဆိုရင် ငါတို့ထောက်ချောက်တောင် မိသွားနိုင်တယ်” ပင်လယ်၀တုတ်က ခေါင်းယမ်းပြီး ပြောလိုက်သည်။ “ဒါပေမယ့် ငါတို့ အတွေ့အကြုံအရ သူက လှည့်ဖြားတတ်မဲ့ပုံ မပေါက်ဘူးတော့ ထင်တာပဲ”
ကောင်းဖန်က လက်ဖျောက်တစ်ချက်တီးပြီး ကြွက်ကို ဆင့်ခေါ်လိုက်သည်။ ကြွက်သည် ဆင့်ခေါ်ခံရသည်နှင့် အမြီးက ထောင်နေပြီး ခြေထောက် ၂ ချောင်းထောက်ကာ ရပ်နေကာ ရှေ့ခြေ ၂ ချောင်းက ရင်ဘတ်ကို ပွတ်သပ်ကုတ်ဖဲ့နေသည်။
“ဘုရားရေ” ကြွက်သည် အလွန်ပင် ပျော်သွားပုံရပြီး မျက်လုံးလေးထဲတွင် မျက်ရည်များပင် ဝိုင်းလာသည်။ “အရမ်း ထိရှသွားပြီ သခင်.. ဘယ်လိုများ ဒီလို အံ့ဩစရာနေရာကို ရှာတွေ့ခဲ့တာလဲ”
“အား..” ကြွက်၏ နှလုံးသည် အပြင်ဘက်သို့ပင် ပေါက်ထွက်လာမတတ် ခုန်နေသောကြောင့် သူ့ရင်ဘတ်ကိုပင် ဖိထားနေသည်။
“အိုး.. ငြိမ်ငြိမ်နေစမ်းပါ နှလုံးရယ်” ကြွက်သည် လူတစ်ယောက်လို မတ်တပ်ရပ်နေကာ နှလုံးကို ဖိထားရင်း ပြောနေသည်။
ပင်လယ်၀တုတ်က သူ့ကို ကြည့်ပြီး ဆွံ့အနေသည်။
ကောင်းဖန်သည် တာ့ဇီကို အမြန်ဆင့်ခေါ်လိုက်ပြီး ကျောပေါ်တက်လိုက်သည်။ “တာ့ဇီ သွားရအောင်”
ရတနာအခန်း၏ အနေအထားသည် အရမ်းမရှုပ်ထွေးပေ။ ထိုအခန်းတွင် အလွန်တင်းကြပ်စွာ ပိတ်ထားသော တံခါးများက စင်္ကြံ၏ တစ်ဖက်တစ်ချက်တွင် ရှိနေသည်။ ထိုအခန်း၏ ပိုင်ရှင်သည် ရှည်ရှည်ဝေးဝေး မစဉ်းစားပဲ ရိုးရှင်းစွာသာ ဆောက်လုပ်ခဲ့ဟန် တူသည်။
ကြွက်သည် ကျယ်၀န်းသော လျှောက်လမ်းတစ်လျှောက် မာရသွန်ပြေးသလို ပြေးနေပြီး ပိတ်ထားသော တံခါးများကို လျစ်လျူရှုကာ ပါးစပ်မှလည်း တတွတ်တွတ်ရွတ်နေသည်။ “ငါမခံစားနိုင်တော့ဘူး.. ငါသေတော့မယ်.. ငါသေတော့မလိုပဲ.. ငါဒီခံစားချက်ကို ဖြေလျှော့ဖို့ ရတနာတွေကို ရှာတွေ့မှ ဖြစ်တော့မယ်”
သူသည် လေထဲတွင် ၄၅၀ ဒီဂရီလောက် ဂျွန်းပစ်လိုက်ပြီး သူ့ဘယ်ဘက်တွင် ရှိနေသော တံခါးတစ်ခုကို ဆောင့်ကန်လိုက်သည်။
ထိုတံခါးသည် ကျယ်လောင်စွာ မြည်ပြီး ပွင့်သွားသည်။
အခန်းထဲတွင် ဘာမှသိပ်မရှိပဲ ကြီးမားလှသော အပင်ကြီးတစ်ပင် ရှိနေသည်။
အပင်ဘေးတွင် ပတ်၍ တည်ဆောက်ထားသော အရာတစ်ခုရှိပြီး ထိုအပေါ်တွင် အသီးခြင်းတစ်ခုရှိကာ အနီရောင် အသီးများဖြင့် ပြည့်နေသည်။ ချို ၂ ခုပေါက်နေသော မှင်စာလေးတစ်ကောင်သည် ဒေါသထွက်နေသော ရုပ်ဖြင့် ထိုနေရာတွင် ထိုင်နေသည်။ သူ့ဘယ်ဘက်လက်နှင့် ပါးစပ်ထဲတွင် အသီးများကိုင်ထား ကိုက်ထားရင်း ရုတ်တရတ် ရောက်လာသူများကို ကြောင်ကြည့်နေသည်။
ကောင်းဖန်သည် မှင်စာလေးကိုင်ထားသော အသီးများကို အလွန်မျက်စိကျသွားသည်။ ထိုအသီးသည် လက်သီးဆုပ်အရွယ်ရှိပြီး နဂါးမောက်သီးနှင့် အနည်းငယ်ဆင်သည်။ သို့သော် အရောင်က အနည်းငယ် ဖျော့တော့ပြီး ထိပ်ပိုင်းတွင် နဂါးဂျိုနှင့်တူသော အညှာ ၂ ခု ရှိသည်။
[ပစ္စည်းအမည်] - စစ်မှန်သော နဂါးမောက်သီး
အနီးအနားတွင်ရှိနေသော အသီးခြင်းများအားလုံးတွင် ထိုအသီးများဖြင့် ပြည့်နှက်နေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၅၈ နဂါးမှင်စာဘုရင်
“ဟာ သေစမ်း..” ခေါင်းတွင် ချွန်ထက်သည့် ချို ၂ ခု ရှိပြီး ကြွက်သားတောင့်တောင့်နှင့် မှင်စာငယ်လေးသည် နဂါးမောက်သီးများကို ပုံးထဲထည့်လိုက်ပြီး ခံစားချက်မဲ့စွာ မတ်တပ်ရပ်နေသည်။ သူ၏ စွမ်းအင်ရောင်ဝါက လျှို့ဝှက်ဆန်းကြယ်လှသည်။
ကောင်းဖန်၏ မျက်နှာ သုန်မှုန်သွားသည်။ သူ၏ ပြောနေသော အရှေ့က စကားများကို သူနားမလည်သော်လည်း နောက်ဆုံးစကားများကို နားလည်လိုက်သောကြောင့် ဖြစ်သည်။
မှင်စာလေးသည် ခံစားချက်မဲ့နေသော မျက်နှာဖြင့် လည်ပင်းကို အနည်းငယ်ခါလိုက်ကာ ထူးဆန်းသော အသံများထွက်နေသည်။ သူသည် အရှေ့တိုးလာသောအခါ သူ၏ စွမ်းအင်ရောင်ဝါသည် ကြောက်မက်ဖွယ် ထွက်လာသည်။ သို့သော် သူ၏ ပုံစံကတော့ ကြွက်သားများဖြင့် သူ့ကိုယ်သူ ဖုံးထားသည့် မှင်စာလေးတစ်ကောင်လို ချစ်စရာတော့ အနည်းငယ်ကောင်းသည်။
မှင်စာလေး၏ စွမ်းအင်ရောင်ဝါသည် တဖြည်းဖြည်းနှင့် တိုးပွားလာသောကြောင့် ဘေးနားက လေထုပင် တုန်ခါသွားသည်။ နတ်ဆိုးဘုရင်တစ်ကောင်လို ထိုရောင်ဝါက ကြီးမားလှသည်။ “မင်းတို့တွေ ကြီးမြတ်တဲ့ နဂါးမှင်စာဘုရင် သခင်ကြီး စိုင်မို့ရဲ့ အိပ်စက်မှုကို ဘယ်လိုတောင် နှောင့်ယှက်ဝံ့တာလဲ.. မင်းတို့အားလုံးကို အပြစ်ပေးမှ ဖြစ်တော့မယ်”
သူသည် ထိုသို့ပြောပြီးသည်နှင့် ထူးဆန်းစွာနှင့် ပျောက်သွားသည်။
လေထုသည် တုန်ခါနေပြီး ပေါက်ကွဲသံများ ပဲ့တင်ထပ်ကာ ပေါ်လာသည်။ ပိတ်ထားသောအခန်းထဲတွင် ပေါက်ကွဲမှုများ ဖြစ်နေသောကြောင့် အသံလှိုင်းများသည် နံရံများကို တိုက်နေပြီး အနောက်က ကြီးမားသော အပင်ကြီးမှ အကိုင်းအခက်များသည် ကြမ်းတမ်းစွာ ယိမ်းထိုးနေကြသည်။
“အံ့မခန်း ထိုးနှက်ချက်တွေပါလား” ကြွက်သည် သူ့မျက်စိရှေ့မှ မြင်ကွင်းများကို အထင်ကြီး လေးစားစွာဖြင့် ပြူးကျယ်စွာ ကြည့်နေသည်။
“ဒါ..ဒ ဒါက အကောင်းတကာ့အကောင်းဆုံး ပြိုင်ပွဲတစ်ခုများ ဖြစ်နေမလား.. လာစမ်းပါ.. မင်းရဲ့ ထိုးနှက်ချက်တွေကပဲ မြန်မလား.. ငါ့ရဲ့ အရှိန်ကပဲ မြန်မလားလို့..” ကြွက်၏ ရွှေရောင် မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သူ့နှုတ်ခမ်းမွေးများသည် အပေါ်ကို ထောင်တက်လာကာ ကောင်းကင်ကိုပင် ထိုးခွဲတော့မတတ် ချွန်ထက်နေသည်။
ကြွက်သည် လေးတစ်ခုလို ကိုယ်ကို ကွေးထားပြီး အမြီးကို ထောင်ထားကာ လက်တစ်ဖက်က ဆန့်ထုတ်ထားပြီး လက်တစ်ဖက်က သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ “တောင်ပိုင်းကောင်းကင်ရဲ့ ပိုက်ဆံလုပ်သူ ဆိုတာငါပဲကွ…”
ကြွက်၏ အပေါ်တွင် လျှပ်စီးကြောင်းတစ်ခု ဖြတ်သွားပြီး ထောင်နေသော နှုတ်ခမ်းမွှေးများသည် ဓာတ်လိုက်ခံလိုက်ရသလို တွန့်သွားသည်။ သူ့မျက်နှာသည် မီးခိုးပြာရောင် ထသွားသည်။
“ငါ့အစွမ်းကို ပြပေးမယ်“ ကြွက်သည် ပါးစပ်ကို ဖွင့်လိုက်သောအခါ ပါးစပ်ထဲမှ မီးခိုးမည်းများ ထွက်လာပြီးနောက် နောက်ပြန်ကျွမ်းပစ်ကျသွားသည်။
“မင်းစကားတော်တော်များတာပဲ” တာ့ဇီက အေးစက်စွာ ပြောလိုက်ပြီး သူ့အနောက်မှ ၇ ခုမြောက်တောင်ပံကို ဖွင့်လိုက်ကာ ထွက်ပေါက်ကို ပိတ်ထားလိုက်သည်။
ထိုအခါ ကြွက်သားတောင့် မှင်စာလေးသည် တာ့ဇီ၏ မာကျောသော အကြေးခွံများနှင့် တိုက်မိသွားကာ မျက်နှာတွင် ဒဏ်ရာများရသွားသည်။ သူသည် နံရံနှင့် ကပ်ပြီး တဖြည်းဖြည်းအောက်ကို လျှောကျလာပြီးနောက် တင်ပါးနှင့် မြေကြီးက အိခနဲ ထိသွားသည်။ သူသည် ခေါင်းနှင့် တိုက်မိထားသောကြောင့် ဝေဝေဝါးဝါး အူကြောင်ကျား ဖြစ်နေသည်။
ကောင်းဖန်သည် သိပ်မကြီးလှသော မှင်စာလေးကို ကုန်းကောက်ကာ လက်တစ်ဖက်တည်းနှင့် ကိုင်ထားလိုက်သည်။
နဂါးမှင်စာဘုရင်သည် ကောင်းဖန်က အကိုင်ခံလိုက်ရသည်ကို မြင်သောအခါ ကြောင်သွားသည်။
ကောင်းဖန်သည် မှင်စာလေးကို သေချာစေ့ငုစွာကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ “ရုပ်ဆိုးလိုက်တာ” ထိုမှင်စာသည် ဒဏ္ဍာရီများထဲတွင်ပါသလို ချစ်စရာလည်း မကောင်းချေ။ သူ့ကို ကြည့်ရတာ ၁ ပေကျော်ကျော်လောက်ပဲ ရှိပဲ ကလေးတွေဆော့သည့် ဘာဘီရုပ်လောက်သာ ရှိသည်။
သူသည် သစ်ရွက်များဖြင့် လုပ်ထားသော အစိမ်းရောင်ဝတ်စုံကို ဝတ်ထားပြီး ဖြူဝါဝါ ပန်းတစ်ပွင့်ကို ခေါင်းတွင် သရဖူလို ဆောင်းထားသည်။ ထိုဝတ်စုံသည် ပုံမှန်လူပုမှင်စာတစ်ကောင်အတွက်ဆိုရင်တော့ ဘာမှမထူးခြားသော်လည်း သူ့ကို ကြည့်ရတာတော့ တစ်မျိုးဖြစ်နေသည်။ သူ၏ လက်မောင်းသည် ကြီးမားကာ ကြွက်သားများဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။
သူသည် တောင့်တင်းသော ကြွက်သား၊ ထူထဲသော မျက်ခုံး၊ ကြီးမားသော မျက်လုံး၊ ကြီးမားသော နှာခေါင်း၊ ပါးစပ်တို့ ရှိကာ ခေါင်းတွင် ချွန်ထက်နေသော ဦးချို ၂ ခု ရှိသည်။
နတ်ဆိုးတောင် သူ့လောက် ကြောက်ဖို့ မကောင်းနိုင်ဘူးထင်တယ်.. ကောင်းဖန်က ကြိတ်ပြီး သက်ပြင်းချလိုက်သည်။
[သားရဲအမည်] - နဂါးမှင်စာဘုရင်
[သားရဲအဆင့်] - အဆင့် ၇၀ (ဧကရာဇ်အဆင့်)
[သားရဲစွမ်းရည်] - ဒဏ္ဍာရီ
[သားရဲအမျိုးအစား] - သစ်သား
[သားရဲစွမ်းအင်] - ခွန်အား အဆင့် ၆၊ သဘာ၀လွန်စွမ်းအင် အဆင့် ၆၊ ပေါက်ကွဲ ကြွက်သား အဆင့် ၆၊ ကြီးထွားမှု အဆင့် ၅၊ အပင်ချစ်စိတ် အဆင့် ၃
[သားရဲအထူးဝိသေသများ] - စစ်မှန်သောနဂါးမောက်ပင်၏ အစောင့်အရှောက် (နဂါးမှင်စာဘုရင်သည် နဂါးမောက်ပင်နားတွင် ရှိနေပါက အပင်အပေါ် အကျိုးကျေးဇူး များစွာ ပေးနိုင်သည်။ အပင်ဆီမှ စစ်မှန်သော နဂါးမောက်သီးများကို ပြန်လည် ပေးစွမ်းမည် ဖြစ်သည်။)
သက်ရောက်မှု ၁ - နဂါးမှင်စာဘုရင်သည် စစ်မှန်သော နဂါးမောက်ပင်၏ ကြီးထွားမှုနှုန်းကို ပိုမိုမြန်ဆန်အောင် အရှိန်မြှင့်ပေးနိုင်သည်။
သက်ရောက်မှု ၂ - နဂါးမှင်စာဘုရင်သည် အပင်ကို ရာသီတိုင်းတွင် အသီးများများသီးအောင် စွမ်းဆောင်နိုင်သည်။
သက်ရောက်မှု ၃ - နဂါးမှင်စာဘုရင်သည် အမျိုးမျိုးသော ရောဂါများနှင့် ကပ်ဘေးများကို ကာကွယ်နိုင်ရန် နဂါးမောက်သီးပင်ကို အသုံးပြု ထိန်းသိမ်းထားသည်။
နဂါးအစွမ်း ကင်းကောင် (စစ်မှန်သော နဂါးမောက်သီးကို များများစားလေ နဂါးမှင်စာဘုရင်၏ ကိုယ်သည် ပို၍ သန်မာလာလေဖြစ်သည်။ နဂါးမှင်စာဘုရင်သည် အခြားနဂါးမောက်ပင်များဆီမှလည်း အစွမ်းများကို ရယူနိုင်သလို ပေးလည်း ပြန်ပေးနိုင်သည်။)
သက်ရောက်မှု ၁ - နဂါးမောက်ပင် အသစ်တစ်ပင် တိုင်းသည် နဂါးမှင်စာဘုရင်ဆီသို့ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ပေးစွမ်းနိုင်သည်။
သက်ရောက်မှု ၂ - နဂါးမှင်စာဘုရင်ကို စွမ်းအင်ပေးပြီးသော အပင်များသည် နဂါးမှင်စာဘုရင်၏ ကာကွယ်စောင့်ရှောက်မှုကို ပြန်ခံရမည်ဖြစ်ပြီး ပို၍ အသီးဖြစ်ထွန်းမည်လည်း ဖြစ်သည်။ ရောဂါများ ကပ်ဘေးများမှလည်း အကာအကွယ် ရမည်ဖြစ်ပြီး ကျန်းမာစွာ ရှင်သန်လာမည် ဖြစ်သည်။
[သားရဲဖော်ပြချက်] - နဂိုက သစ်တောမှင်စာဘုရင်၏ စစ်မှန်သော မျိုးဆက်ဖြစ်သည်။ သို့သော် နဂါးမောက်သီးများကို နှစ်ပေါင်းများစွာ စားပြီးနောက် နဂါးမှင်စာဘုရင် အဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့သည်။
နဂါးမှင်စာဘုရင်သည် အမျိုးမျိုးသော နဂါးမောက်ပင်များဆီမှ စွမ်းအင်များကို ရယူပြီး သူတို့ကိုတော့ အန္တရာယ်မဖြစ်အောင် ပြန်လည် ကာကွယ်ပေးနိုင်သည်။
[ဒဏ္ဍာရီလာအဆင့်သို့ရောက်ရန် နည်းလမ်းများ] - ဒဏ္ဍာရီလာအဆင့်သို့ရောက်ရန် အမျိုးမျိုးသော နဂါးမောက်ပင်ပေါင်း ၁ သောင်းဆီမှ စွမ်းအင်များ ရယူရမည် ဖြစ်သည်။
ကောင်းဖန်က ပြောလိုက်သည်။ “ဘယ်လိုတောင် အတွဲလိုက်တွေလဲ.. ဒါက နဂါးမှင်စာဘုရင်ဆိုတာရော သေချာရဲ့လား..သေစမ်းပါတော့.. ကြွက်သားစွမ်းရည်ပဲ ရှိရသေးတယ်.. ပြီးတော့ အပင်ချစ်စိတ် အဆင့် ၃ ဆိုတာကလည်း ပါသေးတယ်.. သူက နဂိုတည်းက တောအုပ်မှင်စာပဲလေ.. အဲဒါအပင်ချစ်တယ်ဆိုတာ ဆန်းသလား” ကောင်းဖန်သည် စကားများကို ပလုံစီနေအောင် မထိန်းနိုင်စွာ ပြောလိုက်သည်။
ကံဆိုးသည်က နဂါးမှင်စာဘုရင်၏ အဆင့်မြှင့်လမ်းကြောင်းသည် အပင် ၁ သောင်းဖြစ်နေသောကြောင့် အလွန်ခက်ခဲသည်ဟု ဆိုရမည်။
၁၀ လည်း မဟုတ် ၁၀၀ လည်း မဟုတ် ၁ သောင်းတောင် ဖြစ်သည်။ နဂါးမောက်ပင်များသည် နဂိုတည်းက ရှားပါးအပင်များဖြစ်သည်။ ထို့ကြောင့် ရှာဖွေဖို့ အလွန်ခက်ခဲမှာ သေချာသည်။ သို့သော် ကောင်းဖန်သည် နဂါးမှင်စာဘုရင်၏ ဝိသေသလက္ခဏာများကိုတော့ အထင်ကြီးမိသည်။ သူသည် သဘာ၀၏ ဥယျာဉ်မှူးကြီး ဖြစ်သည်။ သူသည် အပင်များအတွက် ရောဂါဘေး ကပ်ဘေးများမှ ကာကွယ်ပေးနိုင်သည့် အပြင် အသီးထုတ်လုပ်ရေးအတွက်ပါ တိုးမြှင့်ပေးနိုင်သည်။ ထိုစွမ်းအင်ကတော့ ချီးကျူးထိုက်ပေသည်။
ကောင်းဖန်သည် အခန်းအလယ်တွင် ရှိနေသော စစ်မှန်သည့် နဂါးမောက်သီးကို ကြည့်လိုက်သည်။ ထိုအသီးနှင့်ဆိုလျှင် တောင်ပိုင်းကောင်းကင်တွင် ရှိနေသော နဂါးအမျိုးအစားသားရဲများအတွက် ကောင်းကျိုးများစွာ ရနိုင်သည်။
သူသည် စစ်မှန်သော နဂါးမောက်သီး အပင် တစ်ပင်လုံးကို ဆီလီ၏ သိုလှောင်ခန်းထဲ စုပ်ယူခိုင်းလိုက်သည်။ အပင်၏ တည်ရှိမှု ပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်သော နဂါးမှင်စာဘုရင်သည် အစက မျက်လုံးများကို တင်းကြပ်စွာ ပိတ်ထားရာမှ ရုတ်တရတ် မျက်လုံးများ ပေါက်ထွက်တော့မတတ် ပြူးကျယ်သွားသည်။
“ငါတို့တွေ အနာဂတ်မှာ အတူတူ ပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် ဒီအပင်ကို မင်းရဲ့ လက်အောက်မှာပဲ ဆက်ထားပေးပြီး မင်းရုက္ခဗေဒဥယျာဉ်ကြီး ဆောက်လို့ရတဲ့ အထိကို နဂါးမောက်ပင်တွေ ဆုချပေးမယ်” ကောင်းဖန်သည် အတွေ့အကြုံနုပုံရသော နဂါးမှင်စာဘုရင်ကို မားကတ်တင်းဆင်းလိုက်သည်။
မျှော်မှန်းထားသလိုပင် နဂါးမှင်စာဘုရင်သည် ကောင်းဖန်၏ ဆွဲဆောင်မှု သို့မဟုတ် တာ့ဇီကို ကြောက်လန့်မှု တစ်ခုခုကြောင့် ချက်ချင်း သဘောတူလိုက်ကာ ခေါင်းကို အမြန်ညိတ်လိုက်သည်။ ထို့နောက် သူ့ရင်ဘတ်ကြီးကို လက်သီးဖြင့် ထုကာ ပြောလိုက်သည်။ “ကြီးမြတ်တဲ့ နဂါးမှင်စာဘုရင် သခင် စိုင်မို့က မပေးချင် ပေးချင် ကတိကို ပေးလိုက်ပါပြီ”
တာ့ဇီသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ သူ့မျက်နှာနားသို့ ခေါင်းကို တိုးသွားလိုက်ပြီး အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။
“နေပါဦး.. နေပါဦး.. ဘာပဲဖြစ်ဖြစ် ကတိပေးပါတယ်.. ကျေးဇူးပြုပြီး ငါ့ကိုသာ မစားပါနဲ့ ငါ့ကို လွှတ်ထားပေးပါ.. မင်းခေါင်းကြီးကို ငါနဲ့ ဝေးရာမှာထားပါကွာ” နဂါးမှင်စာဘုရင်သည် မျက်ရည်များကိုပင် မထိန်းနိုင်ပဲ ငိုကြွေးနေတော့လေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၅၉ ပြန့်ကျဲနေသော နတ်ဘုရား အသုံးအဆောင်များ
ထိုသို့ဖြင့် အရုပ်ဆိုးဆိုး နဂါးမှင်စာဘုရင်သည် စစ်မှန်သော နဂါးမောက်သီးပင်၊ စစ်မှန်သော နဂါးမောက်သီး တစ်ဗန်းတို့နှင့်အတူ ကောင်းဖန်၏ ကိုယ်ပိုင်သားရဲ ဖြစ်လာသည်။ ကောင်းဖန်သည် သူအခု လျှို့ဝှက်နယ်နိမိတ်မှ ထွက်လာလိုက်ရင်တောင် အတော်လေး အကျိုးအမြတ်ရနေပြီဟု ခံစားနေရသည်။
ကောင်းဖန်၏ ခန့်မှန်းချက်အရ စစ်မှန်သော နဂါးမောက်သီးသည် နဂါးဘိုးဘွားပိုင်မြေ၏ ရတနာတစ်ခု ဖြစ်သည် ဆိုလျှင်တောင် အရမ်းတော့ အဖိုးတန်လှသည် မဟုတ်ပဲ ဒဏ္ဍာရီ၊ ဒဏ္ဍာရီလာစွမ်းရည်ဆင့်အထက် နဂါးသားရဲများကို ဆိုလျှင် အကျိုးအာနိသင်တောင် ဖြစ်စေမည် မဟုတ်ပေ။ သို့သော် စစ်မှန်သော နဂါးမောက်သီးပင်တစ်ပင် ရရှိထားခြင်းသည် စစ်မှန်သော နဂါးမောက်သီးများကို စဉ်ဆက်မပြတ် ရရှိနိုင်မည် ဖြစ်သောကြောင့် သားရဲကောင်းများကို ပို၍ပင် အရှိန်အဟုန်ဖြင့် မွေးထုတ်နိုင်တော့မည် ဖြစ်သည်။
ထို့အပြင် ကိုယ်ပိုင်သားရဲများနှင့် သားရဲလေ့ကျင့်သူများကို အဆင့်တစ်ခေါက်မြှင့်ကြပြီးတိုင်း အသီးများကို တစ်ခါဆုချပေးခြင်းအားဖြင့် သစ္စာရှိမှုကိုလည်း ပိုမိုခိုင်မာစေနိုင်ပေမည်။
သူတို့သည် ရတနာအခန်းထဲကို ရောက်နေပြီ ဖြစ်သော်လည်း ကောင်းဖန်သည် အသက်ကို ၀၀ရှုလိုက်ကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သေချင်ယောင်ဆောင်နေသော ကြွက်ကို ကောက်ယူလိုက်သည်။ “သေချင်ယောင်ဆောင်မနေနဲ့တော့.. မြန်မြန်ထပြီး ရတနာရှာဦး”
“သခင်က တော်တော် လွန်ပါတယ်.. ကျွန်တော်တို့ ရတနာတွေ ရှာပြီးတိုင်း ကျွန်တော့်ကို ဘာမှလည်း မဝေမျှပေးပဲ ဆက်ပြီးပဲရှာခိုင်းနေတာပဲ” ကြွက်သည် ကောင်းဖန်လက်ထဲတွင် ရုန်းကန် ထွက်ပြေးရင်း အော်နေသည်။
“စိတ်မပူပါနဲ့.. တကယ်လို့ ဒီတစ်ခေါက် ရှာတွေ့တဲ့ ရတနာတွေထဲမှာ မင်းသုံးလို့ ရတာပါရင် မင်းကို သေချာပေါက် ပေးမယ်” ကောင်းဖန်က ရယ်မောရင်း ပြောလိုက်သည်။
“တကယ်လား” ကြွက်သည် သူ့ကို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လိုက်ပြီး အမြီးကိုလည်း ခွေးတစ်ကောင်လို ယမ်းခါနေတော့သည်။
“ငါက မင်းကို လိမ်မယ်ထင်နေလို့လား” ကောင်းဖန်ကပြောလိုက်သည်။
ကောင်းဖန်၏ ကတိစကားကို ကြားသောအခါ ကြွက်သည် ခြေ ၄ ချောင်းလုံးကို စုံချလိုက်ပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ကြွက်သည် နားလျင်သလို ရတနာအမဲလိုက်ရာတွင်လည်း လျင်မြန်လှသည်။
ကြွက်၏ မျက်လုံးထဲတွင် ကမ္ဘာကြီးက ပြောင်းလဲသွားသည်။ သူသည် သူ့နှာခေါင်းဖြင့် အရာအားလုံးကို အနံ့ခံနိုင်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားအနံ့အားလုံးနီးပါး ပျောက်သွားပြီး အထူထဲဆုံး အနံ့တစ်ခုသာ ကျန်တော့သည်။ ထိုအနံ့သည် ကြွပ်ရွနေသော ဘီစကစ်အပိုင်းအစလေးများ ပြန့်ကျဲနေသလို အနံ့မျိုးဖြစ်ပြီး သူ့နှာခေါင်းထဲတွင် ထိုအနံ့က ပြည့်နှက်နေသည်။
ပြင်းထန်သော ရတနာအမဲလိုက်ခြင်းသည် အချိန်တ်ုအတွင်း အနံ့ခံအာရုံကို တိုးမြှင့်စေနိုင်သည့် စွမ်းရည်ဖြစ်သည်။ ထိုစွမ်းရည်သည် လေထုထဲတွင် မြူမှုန်လောက်သာ ရှ်ိသော ရတနာကိုပင် အာရုံခံနိုင်စွမ်း ရှိသည်။ ထိုရတနာ၏ တည်နေရာသည်..
ကြွက်သည် ရှေ့တူရူကို လျင်မြန်စွာ ပြေးသွားနေပြီး ခန်းမ၏ အတွင်းဆုံး အပိုင်းဆီကို ဦးတည်သွားနေသည်။ နောက်ဆုံး သူသည် ခန်းမအလယ်တွင် ရုတ်တရတ် ရပ်လိုက်ပြီး ထိုနေရာတွင် ရှိနေသည့် အခန်း ၃ ခန်းရှိရာသို့ ဦးတည်သွားပြန်သည်။ သို့သော် ထောင့်ဆုံးက အခန်းကို ရွေးလိုက်သည်။
ကောင်းဖန်သည် တာ့ဇီကို စီးပြီး နောက်ကလိုက်ပါလာသည်။ သူသည် အလယ်က အကြီးဆုံး တံခါးကြီးကို ကြည့်လိုက်ပြီး ထိုတံခါးကို ဘာလို့ မရွေးလဲဟု အတွေးမဆုံးမိခင်မှာပင် ကြွက်က တံခါးကို ကန်ဖွင့်လိုက်သည်။
တံခါးက ကျယ်လောင်စွာ ပွင့်သွားသည်။ အခန်းထဲတွင် တောက်ပနေပြီး မတူညီသော အရွယ်အစားများဖြင့် ယဇ်ပလ္လင် အပိုင်းအစများလည်း ရှ်ိနေသည်။ ထိုပလ္လင်များသည် ရေတွင်းများနှင့် ဆင်တူသည်။
ပလ္လင်၏ တစ်ဖက်တွင် လော်ရယ်ပင်တစ်ပင် ပေါက်နေပြီး ထူးဆန်းသည့် ပုံစံရှိသည်။ ထိုအပင်သည် အလွန်ပုပြီး အရွက်များပေါ်တွင် တောက်ပနေသော ရေစက်လေးများ ရှိနေကာ ရေတွင်းအတွင်းသို့ တစ်စက်ပြီး တစ်စက်ကျနေသည်။ တစ်ချိန်တည်းမှာပင် ရေတွင်းထဲမှ ရေများမှ အဖြူရောင် အခိုးအငွေ့များ ထွက်နေကာ အပင်၏ အပေါ်ပိုင်းကို ထိုအငွေ့များက လွှမ်းခြုံထားပြီး ထိုရေငွေ့များကတစ်ဆင့် ငွေ့ရည်ဖွဲ့ကာ ရေစက်လေးများ ပြန်ဖြစ်သွားပြန်သည်။
[နတ်ဘုရားအသုံးအဆောင် အမည်] - အမှောင် နတ်ဘုရားရေတွင်း (ထိခိုက်ဒဏ်ရာရထား) (၁/၂)
[ပညတ်ချက်] - ရေပညတ်ချက် ၈.၈%၊ ရေပညတ်ချက် ၃.၂%
ကောင်းဖန်သည် ကြီးမားသောလက်ဆောင်တစ်ခု ရလိုက်သကဲ့သို့ ခေါင်းမွေးများပင် ထောင်သွားသည်။ သူသည် နတ်ဘုရားအသုံးအဆောင်နှင့် ပတ်သက်ပြီး အရင်က ဟာသသာ လုပ်ပြောခဲ့သော်လည်း အခုတော့ သူ့ရှေ့တွင် မြင်နေရပြီ ဖြစ်သည်။
“ဘုရားရေ” ကောင်းဖန်အနောက်တွင် ပေါ်လာသော ပင်လယ်ဝတုတ်သည်လည်း ရေတွင်းကို တွေ့သောအခါ ဘုရားတလိုက်မိသည်။ “ဒီမှာ နတ်ဘုရားအသုံးအဆောင်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး.. အတော်လေး အဖိုးတန်မှာသေချာတယ်”
ပင်လယ်ဝတုတ်၏ အသံကြောင့် ထွင်းဖောက်မြင်နေရသော ရေမြွေတစ်ကောင်သည် တည်ငြိမ်နေသော ရေတွင်းထဲမှ ဖြည်းဖြည်းချင်းထွက်လာသည်။ ထိုမြွေသည် ရေနှင့်တူသော အရည်တစ်မျိုးနှင့် ပြုလုပ်ထားပုံရပြီး သူ၏ ကြည်လင်နေသော ကိုယ်ကို လှုပ်ခါနေသည်။ သူထွက်လာသောအခါ ရေခိုးရေငွေ့များသည် ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ရေစက်များက ငွေ့ရည်ဖွဲ့သွားကြသည်။
ကောင်းဖန်သည် သူ့ဆီကို တိုက်ခတ်နေသော လေအေးများကို ခံစားမိနေပြီး ကောင်းဖန်ခံစားမိနေသော အေးစက်မှုသည် ပင်လယ်၀တုတ်ဆီသို့ ကူးပြောင်းသွားသည်။ “ပင်လယ်၀တုတ်.. ဒါက ဂေအမျိုးအစားသားရဲဖြစ်ပြီး သူတော်စင်အဆင့် ရှိတယ်” ကောင်းဖန်က ပင်လယ်၀တုတ်ကို ပြောလိုက်သည်။
ပင်လယ်၀တုတ်သည် သူ၏ တုတ်တုတ်တိုတို လည်ပင်းကို အတင်းဆန့်ထုတ်ကြည့်လိုက်သည်။ “အဲဒီကောင်က ငါ့လို ၀တုတ်ကောင်ရှေ့မှာ ရေနဲ့ ဆော့ပြနေတာပဲ”
ပင်လယ်၀တုတ်သည် စိတ်လှုပ်ရှားကာ ဒေါသထွက်သွားသည်။ “ငါ့ရှေ့မှာ ဒူးထောက်ခစားစမ်း” ပင်လယ်၀တုတ်ဆီမှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။
ထိုအရှိန်အဝါသည် မြေကြီးများကို တုန်လှုပ်စေပြီး မြစ်များ ချောင်းများ ပင်လယ်များထိ တုန်လှုပ်သွားသည်။ လေထဲတွင် ရှိနေသော ရေဒြပ်စင်များသည် ရေမြွေကို တိုက်ခိုက်ဖို့ အသင့် ရှိနေကြသည်။
ရေမြွေသည် တစ်ချက်တွန်လိုက်ပြီး ရေတွင်းထဲသို့ ပြန်၀င်ရန် ကြိုးစားလိုက်သည်။ သို့သော် ပင်လယ်၀တုတ်က ဒီအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် ပါးစပ်ကြီးကို ဟလိုက်သောအခါ ပင်လယ်ဘုရင်၏ ကိုက်ဖြတ်ဝါးမြိုတတ်သော သွားများ ထွက်လာပြီး ရွှေရောင်အလင်းတန်းနှင့်အတူ ရေမြွေကို တိုက်ခိုက်လိုက်သည်။
အမှောင်နတ်ဘုရား ရေတွင်းထဲတွင် ရေများ ဘောင်ဘင်ခတ်သံကို ဆူညံစွာ ကြားနေရသည်။
အမှောင်နတ်ဘုရားရေတွင်းတွင် သူ့ကို ထိန်းချုပ်မည့် သခင် မရှိနေသော်လည်း နတ်ဘုရားအသုံးအဆောင်များတွင် ဝိဉာဉ်များ ရှိကြသည်။ ထို့ကြောင့် နောက်ထပ် နတ်ဘုရားအသုံးအဆောင် တစ်ခု၏ တည်ရှိမှုသည် နတ်ဘုရားစွမ်းအင်ကို အလိုအလျောက် ဖြစ်ပေါ်စေနေခြင်း ဖြစ်သည်။
“တိတ်စမ်း” ပင်လယ်ဝတုတ်က အချက်ပြလိုက်သောအခါ အဆုံးမဲ့ ပြန်၀င်စား ၀င်္ကပါသည် ရွှေရောင် အလင်းတန်းတစ်ခုနှင့်အတူ အမှောင်နတ်ဘုရား ရေတွင်းဆီသို့ ပျံသန်းသွားသည်။ ၀င်္ကပါအသေးစားလေးသည် ရေတွင်းအပေါ်တွင် ရှိနေပြီး အရောင်အဝါတစ်ခု ထွက်ပေါ်နေသည်။
အခြေအနေသည် ငြိမ်းချမ်းရေးသမား တစ်ယောက်က ရန်ဖြစ်နေသူ ၂ ယောက်ကို ဖြန်ဖြေနေသည်နှင့် တူနေသည်။ “စိတ်လျှော့ပါ.. စိတ်လျှော့ပါ.. ရန်မဖြစ်ကြပါနဲ့”
ပင်လယ်ဘုရင်၏ ကိုက်ဖြတ်ဝါးမျိုတတ်သော သွားများသည် ရေမြွေ၏ ကိုယ်ကို ကိုက်ထားပြီး သူတော်စင် အဆင့်သာရှိသော ရေမြွေက မရုန်းနိုင်တော့သောအခါ တစ်ကိုက်တည်းနှင့် မျိုချလိုက်တော့သည်။
ကောင်းဖန်သည် သူတော်စင်အဆင့် အထက် အရာများကို ၀င်ခွင့်မပြုထားသော နတ်ဘုရား နယ်နိမိတ်၏ ပညတ်ချက်ကို ကျေးဇူးတင်လိုက်မိသည်။ ထိုပညတ်ချက်သည် နတ်ဘုရားနယ်နိမိတ်ကို ဖန်တီးထားသော မူလပိုင်ရှင်က ၀င်ရောက်ကျူးကျော်သူများ ရန်မှ ကာကွယ်နိုင်ရန် သတ်မှတ်ထားခြင်း ဖြစ်နိုင်သော်လည်း ကောင်းဖန်အတွက်တော့ အကျိုးရှိတာ သေချာသည်။
ရေမြွေသည် အမှောင်နတ်ဘုရားရေတွင်းမှ ပေါက်ဖွားခဲ့ခြင်း ဖြစ်ပြီး သူ၏ ဖြစ်တည်မှုသည် ရေတွင်းအပေါ်တွင် လုံးလုံးလျားလျား မှီတည်နေသည်။ တကယ်တော့သူသည် အဆင့် ၉၀ ရှိနေပြီ ဖြစ်ပြီး သူတော်စင်အဆင့် ထိပ်ဆုံးသို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ကွားစီနတ်ဘုရား ဖြစ်ဖို့ တစ်ဆင့်သာ လိုတော့တာ ဖြစ်သည်။
နတ်ဘုရား နယ်နိမိတ်၏ သတ်မှတ်ချက်များကြောင့် ယခုလို ဖြစ်သွားရတာ နှမြောစရာတော့ ကောင်းသည်။ ပညတ်ချက်သာ မရှိလျှင် ရေမြွေသည် ကွားစီနတ်ဘုရား အဆင့်သို့ ရောက်တာ အတော်ကြာလောက်မည် ဖြစ်သည်။ ကောင်းဖန်သည် စိတ်အားထက်သန်နေသော်လည်း နတ်ဘုရားအသုံးအဆောင်ကို ထိန်းချုပ်နိုင်တာ ပင်လယ်၀တုတ်သာ ရှိသည်ဆိုတာတော့ သဘောပေါက်ထားသည်။
ပင်လယ်၀တုတ်သည် အမှောင်နတ်ဘုရားရေတွင်းဘေးတွင် ပတ်လျှောက်နေပြီး သေချာ စူးစမ်းပြီးနောက် ကောင်းဖန်ကို ပြောလိုက်သည်။ “ဒါက ရေဒြပ်စင် နတ်ဘုရားအသုံးအဆောင်ပဲ.. တခြား ဒြပ်စင်တွေလည်း ရှိတော့ ရှိနိုင်ပေမယ့် အဓိကကတော့ ကေဒြပ်စင်ပဲ”
ခဏနားပြီးနောက် ပင်လယ်၀တုတ်သည် စိတ်လှုပ်ရှားစွာ ဆက်ပြောနေပြန်သည်။ “ဒီရေဒြပ်စင် နတ်ဘုရားအသုံးအဆောင်နဲ့ ဆိုရင်တော့ ငါ့ရဲ့ စွမ်းအင်ကို အမြန်ပြန်ရလာမှာ သေချာတယ်”
ကောင်းဖန်လည်း ပင်လယ်၀တုတ်အတွက် ပီတိဖြစ်နေသည်။ “မင်းကွားစီနတ်ဘုရားအဆင့်ကို ဖြတ်ကျော်သွားရင် ငါလည်း ကွားစီနတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲတစ်ကောင် ရသွားတာပေါ့”
“ဟင်.. ဘယ်သူက ငါ့ကို ကွားစီနတ်ဘုရား အဆင့်မှာ တင် ရပ်နေမယ် ပြောလို့လဲ” ပင်လယ်၀တုတ်က ပြန်ပြောလိုက်သည်။
ထို့နောက် ပင်လယ်၀တုတ်သည် အမှောင်နတ်ဘုရား ရေတွင်းကို သူ့ပါးစပ်ထဲ၀င်ရန် တစ်နေကုန် ဆွဲဆောင်နေသည့် အလုပ်ပဲ လုပ်နေတော့သည်။
သူသည် ကောင်းဖန် မျက်လုံးနှင့် ဆုံမိတိုင်းလည်း သူ့ရင်ဘတ်ကို သူပုတ်ပြကာ ထိုနတ်ဘုရား အသုံးအဆောင်ကို ခဏယူထားမှာဖြစ်ကြောင်း၊ ကောင်းဖန်တွင် ကွားစီနတ်ဘုရား အဆင့် ကိုယ်ပိုင်သားရဲများ ထပ်ရှိလာပါက ပြန်ပေးမည် ဖြစ်ကြောင်း ပြောနေတော့သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၆၀ ပျက်စီးခြင်းများ ရောက်ရှိလာခြင်း
နောက်နေ့များတွင် ကောင်းဖန်သည် ကြွက်ကို တောက်လျှောက် ခေါ်ထားပြီး ရတနာအခန်းထဲရှိ ရတနာများအားလုံးကို ရှင်းလင်း သိမ်းဆည်းရေး လုပ်နေတော့သည်။ နောက်ဆုံး တံခါးချပ်ကို ပိတ်ပြီးနောက် ကောင်းဖန်သည် အခန်းမှ ထွက်လျှင် တံခါးပိတ်ရမည့် အကျင့်ကောင်းတစ်ခုကို ရသွားတော့သည်။
ကောင်းဖန်တစ်ယောက် ရတနာအခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် ရရှိခဲ့သော အရာများသည် အရမ်း မများသလို နည်းတော့လည်း မနည်းပေ။ အခန်းအတော်များများကတော့ အလွတ်များ ဖြစ်ကြပြီး ဘာမှကို မရှိပေ။ အချို့အခန်းများတွင်တော့ ရတနာများသည် နှစ်ပေါင်းများစွာ ကြာအောင် စွန့်ပစ်ခံထားရသည် ဖြစ်ရာ သံချေးများပင် အထပ်ထပ် တက်နေလေသည်။
“ဒီလောက်အနေအထားဆိုရင်တော့ ငါက ထိပ်တန်းမျိူးနွယ်စုတွေနဲ့ ယှဉ်လို့ ရလောက်ပြီ ထင်ပါတယ်” ကောင်းဖန်သည် ဆီလီကို ချီထားကာ သူ၏ ချောမွတ်နေသော ၀မ်းဗိုက်ကို ပွတ်ရင်း ပြောလိုက်သည်။ ဆီလီသည် ကောင်းဖန်လက်ထဲတွင် အကြီးအကျယ် ဇိမ်ကျနေပြီး ထူးဆန်းသော အသံများပင် ထွက်ပေါ်နေသည်။
သူတို့၏ ဒီတစ်ခေါက် အခြေအနေသည် အကောင်းဆုံး သိမ်းပိုက်မှုဖြစ်ကြောင်း ကောင်းဖန်သာ သိနိုင်လေသည်။ အစကတော့ မျိုးနွယ်စုကြီးများထံတွင် သယံဇာတ ပေါကြွယ်၀သောကြောင့် သူနှင့် မျိုးနွယ်စုကြီးများကြားတွင် အတော်လေး အခြေအနေ ကွာဟနေခဲ့သည်။ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့သော ရတနာများသည် တကယ်တမ်းယှဉ်လာလျှင် အဆင့်အတန်းကို ဖော်ပြသွားသည်။
တချို့ ရတနာများကတော့ အမြဲတမ်းအသုံးမဝင်ရင်တောင် အချိန်တစ်ခု ကျလာပါက ကြီးကြီးမားမား အသုံး၀င်နိုင်မည် ဖြစ်သည်။ ကောင်းဖန်သည် ဒီတစ်ခေါက်တွင် အချီကြီးပွသွားခြင်း ဖြစ်သည်။
ကောင်းဖန်တို့ အုပ်စု၀င်ပေါက်ကို ပြန်ထွက်လာချိန်တွင် ၀င်ပေါက်အနီးရှိ လူအမြောက်အများက သူတို့ကို စိုက်ကြည့်နေကြသည်။
ကောင်းဖန်က မနေတတ်ဖြစ်နေသည်။ ငါ့မျက်နှာမှာ တစ်ခုခု ရှိနေလို့လား..
“ဘာလို့ စိုက်ကြည့်နေကြတာတုန်း” ကောင်းဖန်က ရယ်မောရင်း ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး” အနီးအနားမှ သူများက ခေါင်းများကို ခါရမ်းလိုက်ကြပြီး အချို့က အနောက်ပင် ပြန်ဆုတ်သွားကြသည်။
နှာခေါင်းကြီးကြီး မျက်လုံးကြီးကြီးနှင့် လူငယ်တစ်ယောက်က ကျင်ယုနမ်ကို စောဒက တက်လိုက်သည်။ “ဆရာ အဲဒါသူပဲ.. ကျုပ်တို့ မြေပုံတွေကို လျှို့ဝှက် နယ်နိမိတ်ထဲမှာ ဓားပြတိုက်သွားတာ”
“ခဏငှားတာပါ.. ပြီးတော့ အလကား ကြည့်ခဲ့တာလည်း မဟုတ်ဘူး.. ဒီမှာ စခန်းအလကား ဆောက်ဖို့ ကူညီပေးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား” ကောင်းဖန်က သက်ပြင်းချကာ ပြောလိုက်သည်။
“လူငယ်လေးဖြစ်ပြီး ပလီပလာ ပြောတတ်လိုက်တာ.. မြေပုံကို ကြည့်တယ်ဆိုရုံလေး ယူကြည့်တာလေ.. ဘာလို့ အဓိပ္ပါယ်မရှိ စောဒက တက်နေတာလဲ ကောင်စုတ်လေးရဲ့” ကောင်းဖန်ပိတ်ပြောလိုက်သည်။ ထို့နောက် သူသည် ပြဿနာတက်တော့မည်ဟု ထင်မိလိုက်သည်။
ကောင်းဖန်က သူ့ကို ကောင်စုတ်လေးဟု ခေါ်လိုက်သောကြောင့် လူငယ်လေးသည် ရှုံ့မဲ့ဒေါသထွက်သွားသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကောင်းဖန်ကို စိုက်ကြည့်လိုက်သည်။
“တော်ပါပြီ ဆင်းရဲချို့တဲ့တဲ့ လူငယ်လေးကို အနိုင်မကျင့်တော့ပါဘူး” ကောင်းဖန်က ရယ်သွမ်းသွေးရင်း ပြောလိုက်သည်။
“ငါ.. ငါက မဆင်းရဲပါဘူး.. ငါ့အဖိုးက အကြီးအကဲကွ” လူငယ်လေးက ပြန်ပြောလိုက်သည်။
ကျင်ယုနမ်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ “ကဲ.. ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြတော့” ကျင်ယုနမ်သည် အရှိန်အဝါကြီးမားသောကြောင့် သူတစ်ခွန်းပြောလိုက်ချိန်တွင် အားလုံးငြိမ်သွားကြသည်။
ကောင်းဖန်ကတော့ မျိုးနွယ်စု၀င် မဟုတ်သောကြောင့် ကျင်ယုနမ်က သူ့ကို ဘာမှမပြောပဲ တစ်ချက်သာကြည့်လိုက်ပြီး တွန့်ဆုတ်နေသည်။
“ကဲ.. မျိုးနွယ်စုဆီ ပြန်သွားရအောင်” ကျင်ယုနမ်က ဘာမှ ထပ်မပြောတော့ပဲ လှည့်ထွက်သွားလိုက်သည်။
ကျင်ယုနမ်က အရှေ့က လျှောက်သွားသောကြောင့် ကျန်သူများက အနောက်ကလိုက်သွားကြသည်။ သားရဲလေ့ကျင့်သူများသည် စိတ်လှုပ်ရှားစွာ စုဝေးနေကြပြီး သူတို့အသီးသီးရခဲ့သော ရတနာများအကြောင်း၊ လျှို့ဝှက်နယ်နိမိတ်တွင် တွေ့ခဲ့သော သားရဲများအကြောင်း၊ ဟိုဟိုသည်သည် ဆွေးနွေးနေကြသည်။
အချို့ကတော့ ၀မ်းနည်းနေကြပုံပေါ်ပြီး မျက်ရည်များပင် ကျနေကြသည်။ သူတို့၏ မိတ်ဖက်များက သူတို့ဆီပြန်မလိုက်လာနိုင်ပဲ လျှို့ဝှက်နယ်နိမိတ်တွင် ထာ၀ရကျန်နေခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပျော်ရွှင်မှုနှင့် ၀မ်းနည်းမှုတို့ ရောထွေးနေကြသည်။
ထိုအချိန်တွင် လေထုထဲတွင် ကြီးမားသော မြည်ဟိန်းသံကြီးတစ်ခု ပဲ့တင်ထပ်လာသည်။
သူတို့ရှေ့ရှိ အက်ကွဲကြောင်းကြီးသည် ရုတ်တရတ် ၂ ခြမ်းကွဲသွားသည်။ တစ်ချိန်က တင်းကြပ်ခိုင်ခံ့လှသော နေရာကြီးသည် ကြီးမားစွာ ပွင့်ဟကျိုးပဲ့သွားတော့သည်။ ကြည့်ရတာတော့ အလွန်ပင် ကြောက်စရာ ကောင်းလှသည်။
ကျင်ယုနမ်၏ မျက်နှာ အနေအထားပြောင်းသွားသည်။ “နောက်ဆုတ်ကြ”
ရှည်လျားသော အူသံကြီးသည် ကွဲအက်သွားသော နေရာ၏ အနက်ပိုင်းမှ ထွက်ပေါ်လာသည်။ အသံကို နားထောင်ခြင်းဖြင့်ပင် ကြီးမားသော အဖျက်စွမ်းအင်ကြီးကို အရိုးထဲစိမ့်အောင် ခံစားလိုက်ကြရသည်။
ကောင်းဖန်သည် ကြီးမားလှသော အဖျက်ကောင်ကြီးကို ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်လိုက်ရသည်။ အဆုံးမဲ့ ပင်လယ်ထဲမှ ကြီးမားသော ဝေလငါးကြီး ထွက်ပေါ်လာသလို သူ၏ တောက်ပလှသော ငွေရောင်မေးရိုးကြီးသည် အထဲမှစ၍ ထွက်ပေါ်လာသည်။ ထိုမေးရိုးမှ တဆင့် နားရွက်ကြီး ဆက်ထွက်လာပြီး အရောင်သည် တဖြည်းဖြည်း ရင့်လာကာ ခရမ်းရင့်ရောင် အရေပြားကြီးသည် ခြောက်သွေ့သန့်ရှင်းလှသည်။ လိမ္မော်ရောင် မျက်လုံးများက ၈ လုံးတိတိ ရှိပြီး ရေငုပ်သင်္ဘောကြီးဘေးမှ လိမ္မော်ရောင် မီးလုံးကြီးများနှင့် တူနေသည်။
သူ့ကို မြင်ရတာ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးသော်လည်း ယခုပင် အလွန်ကြည့်လို့ ကောင်းလှသည်။
အဖျက်သားရဲကြီးသည် ကြီးမားသော မေးရိုးကြီးကို ဟလိုက်ကာ သူ့ရှေ့မှ သစ်ပင်ကြီးကို ကိုက်ချလိုက်သည်။
သစ်ပင်သည် ကြွပ်ရွနေသော ဆန်မုန့်လို ကျိုးပဲ့သွားကာ သူ၏ အနီရောင် လျှာကြီးကို တစ်ချက်လှည့်လိုက်ချိန်တွင် တစ်ပင်လုံး ပါသွားတော့သည်။
သူ့နှာခေါင်းသည် လေထုနှင့် ထိတွေ့တာ ကြာသွားပုံဖြင့် တဖြည်းဖြည်း အနက်ရောင် အစက်လေးများပေါ်လာသည်။ အဖျက်သားရဲကြီးသည် အနောက်ကို လျင်မြန်စွာ ဆုတ်လိုက်ပြီး ကုန်းပေါ်တွင် ရှိနေသော သူ၏ သားရဲများကို ပြန်ချောင်းကြည့်နေသည်။
[သားရဲအမည်] - ကြီးမားသော သတ်ဖြတ်သူ ဝေလငါးကြီး
[သားရဲအဆင့်] - အလယ်အလတ် နတ်ဘုရား
ကောင်းဖန်သည် သူထွက်လာချိန်ခဏတွင် ထို ၂ ချက်ကိုသာ ကြည့်လိုက်ရသည်။ သူသည် နတ်ဘုရားအဆင့် ရှိသည့် သားရဲကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ကောင်းဖန်သည် ပထမဆုံး မြင်တွေ့မှုမှာတင် အလွန်စိတ်၀င်စားသွားသည်။
ထို့နောက် သားရဲကြီး၏ ဒုတိယအကြိမ် အော်သံကြီးကို ကြားလိုက်ရပြန်သည်။
ဒီတစ်ခေါက်အော်လိုက်ချိန်တွင် မျက်လုံးများက ပိုတောက်ပလာပြီး နှာခေါင်းမှလည်း လေပြင်းများ မှုတ်ထုတ်ကာ ပါးစပ်ကြီးက ထပ်ပြီး ပွင့်ဟလာသည်။
သူ့ပါးစပ်ကြီးသည် ကြီးမားသည့် အနက်ရောက် အပေါက်ကြီးလိုပင် တောင်တန်းများ၊ မြစ်ချောင်းများ၊ ကုန်းမြေများ၊ တိုက်ကြီးများ ရှိရှိသမျှ အရာအားလုံးကို အထဲကို ဆွဲသွင်းသွားသည်။
ဒီတစ်ကြိမ်တော့ သူသည် ဗိုက်ပြည့်သွားဟန်ဖြင့် အနောက်ကို လှည့်ထွက်သွားကာ အနက်ရှိုင်းဆုံးနေရာဆီ ပြန်လည် ကူးခတ်သွားတော့သည်။ ကောင်းဖန်အပါအ၀င် ထိုနေရာတွင် ရှိနေသူများအားလုံးကိုတော့ အဖက်ပင် မလုပ်သွားချေ။
“ငါတို့လာရာလမ်းက ပျက်စီးသွားပြီဆိုတော့ နောက်တစ်လမ်းက သွားကြတာပေါ့” ကျင်ယုနမ်သည် ပျက်စီးနေသော ကမ္ဘာကြီးကို ကြည့်ကာ ပြောလိုက်သည်။
ထို့အပြင် ယခုနေရာသည် အလွန်အန္တရာယ်များသည်။ ကမ္ဘာတစ်ခုလုံး ပြိုလဲနေချိန်တွင် အခြားသော အဖျက်သားရဲကြီးများ ထပ်ရောက်လာနိုင်ချေ ရှိသောကြောင့် ဖြစ်သည်။
“နောက်နှစ် ၁၀၀ လောက်နေရင် လျှို့ဝှက်နယ်နိမိတ်လည်း ရှိတော့မှာ မဟုတ်ဘူး.. မင်းတို့က လျှို့ဝှက်နယ်နိမိတ်မှာ စွန့်စား ရှာဖွေခဲ့ကြတဲ့ နောက်ဆုံး လူသားတွေတောင် ဖြစ်ချင်ဖြစ်မှာ” ကျင်ယုနမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“နှမြောစရာပဲ.. လျှို့ဝှက်နယ်နယ်နိမိတ်ထဲမှာ နတ်ဘုရား ရတနာတွေမှ အများကြီးပဲ”
“ဟုတ်တယ်.. ငါတို့ လက်၀ယ်မပိုင်ဆိုင်လိုက်ရတာတွေလည်း အများကြီးပေါ့” နောက်တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။
***